Wednesday 22 April 2015

ရွေးကောက်ပွဲဝင်မည့် ကြံ့ခိုင်ရေး ပါတီဝင်စာရင်း ဇွန်တွင်ထုတ်ပြန်မည်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစီးကျင်းပသော တောင်သူ လယ်သမား၊ အလုပ်သမားနှင့် လူငယ် ဖိုရမ်ကို  ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်တွင် ပြုလုပ် ကျင်းပစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လာမည့်ဇွန်လအတွင်း ပါတီ ဗဟိုကော်မတီ အစည်းအဝေး သို့မဟုတ် ပါတီညီလာခံခေါ်ယူကာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စား လောင်းများအား အတည်ပြုပေးမည်ဟု နေပြည်တော်ရှိ အဆိုပါ ပါတီဌာနချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ အမေရိကန်သမ္မတ အဖြစ် ရွေးကောက်ခံနိုင် ရန် အတွက် လှုပ်ရှားနေတဲ့ Waka Flock Flame

အတ္တလန်တာ မြို့သား ရပ်ပါ Waka Flocka Flame ဟာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ အမေရိကန် သမ္မတအဖြစ် ရွေးကောက်ခံနိုင်ရန်အတွက် လှုပ်ရှားနေတယ်လို့ တရားဝင် ထုတ်ဖော်ကြေညာ လိုက်ပါ တယ်။

ကျောင်းစစ်စာမေးပွဲ ကျရှုံးသူများ ပြန်ဖြေခွင့်ပြုမည် မဟုတ်ဟုဆို

ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာ စာမေးပွဲများအနက် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများမှလွဲ၍ နဝမတန်း အပါအဝင် ကျောင်းတွင်းစစ် အတန်းတင် စာမေးပွဲကျရှုံးသူများကို ယခုနှစ်တွင် ပြန်လည် ဖြေဆိုခွင့် ပြုမည်မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများက The Voice သို့ပြောကြားသည်။

ဆန္ဒထုတ်ဖော်မှု အများဆုံးဖြစ်ပွားရာ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးကို ပြောင်းရွှေ့

ရန်ကုန်မြို့တော်တွင် ဆန္ဒဖော်ထုတ်မှု အများဆုံးဖြစ်ပွားသော နယ်မြေဖြစ်သည့် ရန်ကုန်အနောက်ပိုင်း ခရိုင်မှ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းကြည်ကို ဧပြီလ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ် ကျောက်ဖြူ ခရိုင်သို့ မူလရာထူးဖြင့် ပြောင်းရွှေ့ တာဝန်ပေးလိုက်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အသိုင်း အဝိုင်း ထံမှ စုံစမ်းသိရှိရသည်။

အင်းဝမြို့ဟောင်းရှိ မယ်နုအုတ်ကျောင်းကို ပြည်တွင်း၊ ပြည်ပ ခရီးသွားများ လေ့လာမှုများပြား

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်မှ ရှေးဘုရင်မင်းဆက် ၃၁ ဆက်ထီးနန်း စိုးစံခဲ့သော အင်းဝ မြို့ဟောင်းရှိ မယ် နုအုတ်ကျောင်းကို နိုင်ငံခြားသား ခရီးသွားများလာရောက်လေ့လာမှု များပြားလျက် ရှိကြောင်း သိရသည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲ ရလဒ်များ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းတွင် ထည့်သွင်းမည်

မတ်လအတွင်း ကျင်းပရန်ရှိသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည့် အခြေခံ ဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းတွင် ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲ ရလဒ်များထည့်သွင်းရန် စောင့်ဆိုင်းနေ ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

မြန်မာမီဒီယာ လွတ်လပ်မှုကင်းမဲ့ဆဲ

နယူးယောက်အခြေစိုက် CPJ ခေါ် သတင်းထောက်များ ကာကွယ်ရေး ကော်မတီအဖွဲ့က ကမ္ဘာ့သတင်း မီဒီယာ လွတ်လပ်မှု အကင်းမဲ့ဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းကို နှစ်စဉ် ထုတ်ပြန်နေရာမှာ၊ ဒီနှစ်အတွက် ထုတ်ပြန်တဲ့ စာရင်းမှာ မြန်မာနိုင်ငံလည်း အရင်ကလို ထိပ်ဆုံးကမဟုတ်တော့ပေမဲ့ ဆက်လက်ပါဝင်နေဆဲ ဖြစ်ပါတယ်။ 

ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲ ရလဒ်များ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းတွင် ထည့်သွင်းမည်

မတ်လအတွင်း ကျင်းပရန်ရှိသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးမည့် အခြေခံ ဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းတွင် ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲရလဒ်များထည့်သွင်းရန် စောင့်ဆိုင်း နေကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျရှုံးခဲ့သူများအား ပြန်လည် သင်ကြားကုစားမှု ပြုလုပ်ပြီး မေလတွင် စာမေးပွဲစစ်ဆေးမည်

အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းအတန်း တင်စာမေးပွဲတွင် ကျရှုံးခဲ့သူများအား ပြန်လည်ကုစားရန် အတွက် ယခုလ အတွင်း ရက်၂ဝခန့်လေ့ကျင့်သင် ကြားခြင်းများပြုလုပ်သွားမည်ဖြစ် ကာ ယင်းတို့ကို တစ်ဆင့်နိမ့်မေးခွန်းများဖြင့်ပြန်လည်ဖြေဆိုစေမည်ဖြစ် ကြောင်း သိရသည်။

အချုပ်တွင် လူမည်းတစ်ဦး သေဆုံးပြီးနောက်အမေရိကန်အရာရှိများအား ရာထူးမှရပ်ဆိုင်း

အမေရိကန် အမျိုး သားတစ်ဦးသည် ကျောရိုးနဗ်ကြော ဒဏ်ရာကြောင့် အချုပ်တွင် သေဆုံးသွားပြီးနောက် မြောက်မြားစွာ သော ဘယ်လ်တီမိုးရဲများ ရာထူးမှ ရပ် ဆိုင်းခံခဲ့ရကြောင်း၊ ထိုအဖြစ်အပျက် နှင့်ပတ်သက်၍ စုံးစမ်းစစ်ဆေး မှုများ စေ့စေ့စပ် စပ်ပြုလုပ်ရန် ကတိ ပြုကြောင်း ရဲက ယမန်နေ့၌ ပြောခဲ့ သည်။

ကော့ကရိတ်အထက်တန်းကျောင်း အဋ္ဌမတန်းအောင်စာရင်း မှားယွင်းမှု စတင်စစ်ဆေး

ရန်ကုန်မြို့အထက်တန်းကျောင်းတစ်ကျောင်းတွင် အောင်စာရင်းကြည့်နေ သူများ (ဓာတ်ပုံ−နစ်ကီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ် (၁) အထက်တန်းကျောင်း အဋ္ဌမတန်းစာမေးပွဲ အောင်စာရင်းတွင် မှားယွင်း ဖော်ပြခဲ့သည့်အပေါ် ဧပြီ ၂၀ ရက်က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဟု အခြေခံပညာ ဦးစီးဌာ နမှ သတင်းရရှိ သည်။

အလုပ်ရှင်၊ အလုပ်သမားများ၏အသံများကို နားထောင်ရန် လှိုင်သာယာ စက်မှုဇုန်မှ အလုပ်ရှင်၊ အလုပ်သမားများနှင့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ဒုတိယအကြိမ်တွေ့ဆုံမည်

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က အလုပ်ရှင်၊ အလုပ်သမားများ၏အသံများကို နား ထောင်ရန် လှိုင်သာယာစက်မှုဇုန်မှ အလုပ်ရှင်၊ အလုပ်သမားများနှင့်ဒုတိယအကြိမ်တွေ့ ဆုံသွားမည်ဖြစ် ကြောင်း လှိုင်သာ ယာစက်မှုဇုန်ကော်မတီမှ သိရသည်။

ထိုင်းနိုင်ငံပထုန်ဌာနီတွင် တရားမ၀င် မြန်မာအလုပ်သမားများကို စစ်ဆေးဖမ်းဆီးနေ

ထိုင်းနိုင်ငံ အလယ်ပိုင်း ပထုန်ဌာနီခရိုင်ထဲမှာ ထိုင်းအာဏာပိုင်တွေက တရားမ၀င် အလုပ်သမားတွေကို လိုက်လံစစ်ဆေး ဖမ်းဆီးနေရာမှာ ကလေးငယ်တွေ အပါအ၀င် မြန်မာ အလုပ်သမားတွေ ရာနဲ့ချီ ဖမ်းဆီးခံ ထားရပါတယ်။

သံတွဲမြို့နယ်တွင် ပျံလွန်တော်မှုသွားသော မပုပ်မသိုးဆရာတော်နှစ်ပါးမှ ဓါတ်တောက်၍ လူပေါင်းထောင်ချီ လာရောက် ဖူးမျှော်

မပုပ်မသိုး ဆရာတော် တစ်ပါးအားတွေ့ရစဉ်
ရခိုင်ပြည်နယ် သံတွဲမြို့နယ် မဲနယ်ကွင်းကျေးရွာအုပ်စု ဇလွန်ကျေးရွာရှိ ပျံလွန်တော်မူသွားခဲ့ပြီ ဖြစ်သော်လည်း မပုပ်မသိုးဘဲ ရှိနေသော ဆရာတော်နှစ်ပါး၏ န္ဓာကိုယ်မှ ဓါတ်တောက်နေကြောင်း သတင်း များ ထွက်ပေါ်လာပြီးနောက် ဒေသခံပြည်သူများ ထောင်နှင့်ချီပြီး နေ့စဉ် လာရောက် ဖူးမျှော်နေကြသည် ဟု ဒေသခံများထံမှ သတင်းရရှိသည်။

လောက်ကိုင်ဒေသတိုက်ပွဲများကြောင့် လားရှိုးမြို့တွင် လာရောက် တိမ်း ရှောင် နေသည့် ဒေသခံများ လောက်ကိုင်မြို့သို့ ပြန်လည်ထွက်ခွာ

(ပုံစာ-လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတွင် လာရောက် ခိုလှုံနေ သော လောက်ကိုင်ဒေသခံများ လောက်ကိုင်မြို့၌ ပြန်လည်အခြေချ နေထိုင်ရန် ဧပြီ ၂၁ ရက်က ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဉ်)
လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း တွင် လာရောက်ခိုလှုံနေသော လောက်ကိုင် ဒေသခံများ လောက်ကိုင်မြို့၌ ပြန်လည်အခြေချနေထိုင်ရန် ဧပြီ ၂၁ ရက်က ပြန်လည်ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း သိရသည်။ လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူ ရှမ်းကျောင်းတွင် လာရောက်ခိုလှုံ နေထိုင် နေသော အိမ်ထောင်စု ၇၄စုမှ မိသားစုဝင်ပေါင်း ၂၃၄ ဦးအား မော်တော်ယာဉ်ကြီး ငါးစီးဖြင့် လောက်ကိုင် မြို့သို့ ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

ထိုင်းငါးဖမ်းလုပ်ငန်း စည်းကမ်းတကျ ဆောင်ရွက်ဖို့ EU ရာဇသံပေး

ထိုင်းနိုင်ငံတောင်ပိုင်း ငါးလုပ်ငန်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ ရေလုပ်သားများ 
ထိုင်းနိုင်ငံအနေနဲ့ IUU ခေါ် တရားမဝင်တဲ့၊ အသိမပေးတဲ့၊ စည်းမျဉ်းအရ လိုက်နာခြင်းမရှိတဲ့ ငါးဖမ်း လုပ်ငန်း ကို သိသိသာသာ ပြောင်းလဲပစ်မလား၊ သို့တည်းမဟုတ် EU နိုင်ငံတွေကို ပင်လယ်စာတွေ တင်ပို့ နေမှု အခုနှစ်ကုန်ပိုင်းမှာ ရပ်ဆိုင်းခံမလားဆိုပြီး အဝါရောင်ကပ် ရာဇသံ ထုတ်ပြန် သတိပေးလိုက်ပါတယ်။

ရခိုင်စစ်ဘေးဒုက္ခသည်များကိုကူညီရန် ဒေသတွင်း အုပ်ချုပ်သူများ တားမြစ်နေဟု ဆို

အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်ကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် စစ်ဘေးသင့်သူ လေးရာကျော် ရှိနေပြီး ၎င်းတို့ကို ကူညီရေးအတွက် ဒေသတွင်းအုပ်ချုပ်သူများက တားမြစ်နေကြောင်းအရပ်ဘက် အဖွဲ့ အစည်းများ ထံမှ သတင်းရရှိသည်။

ကိုးကန့် စစ်ဘေးရှောင်ဒုက္ခသည်များအား လောက်ကိုင်မြို့ကို ပြန်လည်ပို့ဆောင်

လားရှိုးမြို့မှာ လာရောက်ခိုလှုံနေကြတဲ့ ကိုးကန့်ဒေသက စစ်ဘေးရှောင်ဒုက္ခသည် ၂၃၀ ကျော်ကို ဒီကနေ့ မနက်ပိုင်းက လောက်ကိုင်မြို့ကို အစိုးရအစီအစဉ်နဲ့ ပြန်လည်ပို့ ဆောင်လိုက်ပါတယ်။

ဒေသခံကျေးရွာများအားလူသစ် ၁ ယောက်၊ ငွေ ၁၅ သိန်းနှင့် စပါးတင်း ၆၀ပေးရန် RCSS/SSA အဖွဲ့မှကောက်ခံ

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA)အဖွဲ့သည် ဧပြီလ ၂၀ ရက် နေ့ တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့နယ်ခွဲ၊ ခိုအွတ်ကျေးရွာအုပ်စု၊ ဟန်လွိုင်ကျေးရွာသို့ရောက်ရှိ လာပြီးဟိုနောင်ကျေးရွာနှင့် ကုန်းလန်းကျေးရွာမှ ရပ်မိရပ်ဖများအားခေါ်ယူ၍ အစည်းအဝေးပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

မြို့ပတ်ရထားနှင့် ရထားလမ်းဖြတ်ကူးသည့် တက္ကစီ တိုက်မိ

ရထားနှင့်ကား တိုက်မိပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − waiphyolwin facebook)
မင်္ဂလာဒုံမှ ရန်ကုန်ဘူ တာကြီးသို့ ဦးတည် ခုတ်မောင်းလာသော မြို့ပတ်ရထားနှင့် ရထားလမ်း ဖြတ်မောင်း သော တက္ကစီယာဉ်တစ်စီး ဝေဘာဂီဘူတာနှင့် ဥက္ကလာဘူတာ အကြားတွင် တိုက်မိခဲ့ကြောင်း သတင်း ရရှိသည်။ 

ကော့ကရိတ်အထက်တန်းကျောင်း အဋ္ဌမတန်းအောင်စာရင်း မှားယွင်းမှု စတင်စစ်ဆေး

ရန်ကုန်မြို့ အထက်တန်းကျောင်းတစ်ကျောင်းတွင် အောင်စာရင်း ကြည့်နေသူများ (ဓာတ်ပုံ−နစ်ကီ)
ကရင်ပြည်နယ် ကော့ ကရိတ်မြို့ အမှတ်(၁)အထက်တန်းကျောင်း အဋ္ဌမတန်းစာမေးပွဲ အောင်စာရင်းတွင် မှားယွင်း ဖော်ပြခဲ့သည့်အပေါ် ဧပြီ ၂၀ ရက်က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဟု အခြေခံပညာ ဦးစီးဌာနမှ သတင်းရရှိ သည်။

အာရှ-အာဖရိက ထပ်သီးညီလာခံ ဂျကာတာမှာကျင်းပ

တောင်အာဖရိကနိုင်ငံ ဒုတိယသမ္မတ Matamela Cyril Ramaphosa က အာရှ-အာဖရိက စီးပွားရေးကဏ္ဍ ညီလာခံ အတွင်း မိန့်ခွန်းပြောကြားစဉ် 
အင်ဒိုနီးရှားနိုင်ငံ ၊ ဂျကာတာမြို့မှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စတင်မယ့် အာရှ - အာဖရိက ထိပ်သီးစည်းဝေး ပွဲကို တက်ဖို့အတွက် အာရှနဲ့ အာဖရိက နိုင်ငံတွေ က ခေါင်းဆောင်တွေ ဂျကာတာမြို့တော်ကို အင်္ဂါနေ့က စတင် ရောက်လာ နေကြပြီ ဖြစ်ပါတယ်။

ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အတွက် ပီအာရ်စနစ်ကျင့်သုံးရန် မဖြစ်နိုင်တော့


အမျိုးသားလွှတ်တော်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် (ပီအာရ်)ကျင့်သုံးခြင်းကို ဧပြီလအတွင်း လွှတ်တော်က အပြီးသတ်ဆုံးဖြတ်ရမည်ဖြစ်သော်လည်း လွှတ်တော်များ ခေတ္တနား ထားသောကြောင့် မဆုံးဖြတ်နိုင်၍ လာမည့်ရွေးကောက်ပွဲ၌ ယင်းစနစ်ကျင့်သုံးနိုင်တော့မည်မဟုတ်ကြောင်း သတင်းရရှိသည်။
အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲအတွက် ပီအာရ်စနစ် ကျင့်သုံး၊မသုံးကို ဧပြီလအတွင်း အပြီးသတ်မဆုံးဖြတ်ပေးပါက လာမည့် ရွေးကောက်ပွဲတွင် အဆိုပါစနစ်ကျင့်သုံးရန် ကော်မရှင်က ဆောင်ရွက်ပေးနိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ က အမျိုးသားလွှတ်တော်သို့ အကြောင်းကြားထားကြောင်း သတင်း ရရှိသည်။

လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံ ကိုးကန့်အဖွဲ့နှင့် ရက္ခိုင့် တပ်မတော် တက်ရန် မသေချာ

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ခေါင်းဆောင်များထိပ် သီးညီလာခံသို့ အစိုးရနှင့် တိုက်ပွဲ ဖြစ်ပွားနေသည့် ကိုးကန့်အဖွဲ့ (MNDAA)၊ ရက္ခိုင့်တပ်မတော်(AA) တာဝန်ရှိသူများတက်ရောက်ရန် မသေချာ သေး ကြောင်း ‘၀’ ပြည်သွေးစည်းညီညွတ်ရေး ပါတီ(UWSP) ပြောခွင့် ရပုဂ္ဂိုလ် ကပြောသည်။

တိုင်းရင်းသားမျိုးနွယ်စု အမည်ပြောင်းလဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး နှစ်ကုန်ပိုင်းတွင် ပြုလုပ်ဖွယ်ရှိ

တိုင်းရင်းသားမျိုးနွယ်စုများအမည် ပြောင်းလဲပြင်ဆင်ခြင်းအတွက် ပညာရှင်များနှင့် တိုင်းရင်းသား မျိုးနွယ်စု ခေါင်း ဆောင်များပါဝင်သည့် ညှိနှိုင်း အစည်းအဝေးကို ယခုနှစ်ကုန်တွင် ပြုလုပ်ရန်ရှိသည်ဟု သတင်း ရရှိသည်။

ကော့ကရိတ်အထက်တန်းကျောင်း အဋ္ဌမတန်းအောင်စာရင်း မှားယွင်းမှု စတင်စစ်ဆေး

ကရင်ပြည်နယ် ကော့ ကရိတ်မြို့ အမှတ် (၁) အထက် တန်းကျောင်း အဋ္ဌမတန်းစာမေးပွဲ အောင်စာရင်း တွင် မှားယွင်း ဖော်ပြခဲ့သည့်အပေါ် ဧပြီ ၂၀ ရက်က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဟု အခြေခံ ပညာဦးစီးဌာနမှ သတင်းရရှိ သည်။

သာယာဝတီမြို့နယ်တွင် အမျိုးသားနှစ်ဦး အချင်းများပြီး လူသတ်မှုဖြစ်ပွား


ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် ဂုံမင်းမြှောင်ကျေးရွာနှင့် ကံကလေးကျေးရွာတွင် ဧပြီ၂၁ ရက်က လူသတ်မှုဖြစ်ပွားခဲ့ပြီး တရားခံကို ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ ဆင်စခန်းကျေး ရွာနေ စိန်ဝင်းပုဆိုသူဖြစ်ပြီး ၎င်း၏ အလောင်းကို တာလမ်းတူးမြောင်းအတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
လူသတ်မှုမဖြစ်ပွားမီ နံနက်က သာယာဝတီမြို့ ဆင်စခန်းကျေးရွာနေ သေဆုံးသူ စိန်ဝင်းပု၏ ဆိုင်ကယ်ကယ်ရီကို ရန်မင်းအောင် (ခ) ရွှေအလေးက ငှားစီးရာမှ ဆိုင်ကယ်တိမ်းမှောက်ခဲ့ပြီး ၎င်းတို့ နှစ်ဦးအချင်းများခဲ့ကြောင်း ကြို့ကုန်းကျေးရွာမှ မျက်မြင်အချို့က ပြောသည်။

Cobra Gold စစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်က အကြိုဆွေးနွေးရန် ရွေ့ဆိုင်း



လာမယ့်နှစ်မှာလုပ်မယ့် ရွှေမြွေဟောက်စစ်ရေးလေ့ကျင်မှု (Cobra Gold)အတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲကို ပစ္စဖိတ်ဒေသ ဆိုင်ရာ အမေရိကန်စစ်ဌာနချုပ်(USPACOM)က ရွေ့ဆိုင်းထားကြောင်းထိုင်းစစ်ဘက် သတင်းရပ်ကွက်ကို ကိုးကားပြီး ဘန်ကောက်ပိုစ် သတင်းတွင် ဖော်ပြထားပါတယ်။