Friday 18 September 2015

တနင်္သာရီတိုင်းတွင် ဒုတိယအကြိမ်ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်း၌ ခုနစ်သောင်းကျော်တိုးလာ


 တနင်္သာရီတိုင်းဒေသ ကြီးအတွင်း ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းထုတ်ပြန်ရာတွင် ပထမအကြိမ်ထုတ်ပြန်သည့် မဲဆန္ဒရှင် အရေအတွက်ထက် ၇၀,၀၀၀ကျော် ထပ်မံတိုးလာကာ စုစုပေါင်းမဲဆန္ဒရှင် ကိုးသိန်းခန့်ရှိလာပြီး မဲရုံများ ထပ်မံတိုးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တနင်္သာရီ တိုင်းဒေသကြီး ရှိ အခြေခံမဲဆန္ဒရှင်စာရင်းကို ပြီးခဲ့သည့် ဇွန်လအတွင်းက ပထမ အကြိမ်ထုတ်ပြန်ခဲ့ရာ စုစုပေါင်း မဲဆန္ဒရှင် ၈၂၀,၀၀၀ ကျော်ရှိခဲ့ပြီး စက်တင်ဘာ ၁၄ ရက်က ထပ်မံထုတ်ပြန်ခဲ့သည့် မဲဆန္ဒ ရှင်စာရင်း တွင် ၈၉၂,၁၃၈ ဦးအထိ ရှိလာခဲ့ ကြောင်း တိုင်းဒေသကြီး ရွေး ကောက်ပွဲ ကော်မရှင်ထံမှ သိရ သည်။‘‘အခုထုတ်ပြန်ခဲ့တဲ့ မဲစာရင်း မှာ အခြေခံမဲဆန္ဒရှင်စာရင်းမှာ မပါသေးတဲ့ သူတွေက ပုံစံ (၃)နဲ့ လျှောက်ထားတဲ့ သူတွေ၊ ဒေသအတွင်းမှာ ရှိတဲ့ တပ်နဲ့ ရဲတွေရဲ့ စာရင်းလည်း ပါဝင်လာပါတယ်။ ပုံစံ (၃) (က)နဲ့ လျှောက်ထားရ မယ့်သူတွေက မဲရုံအလိုက် ခွဲ ပေးတဲ့ မဲဆန္ဒရှင်စာရင်းမှာ ပါလာ လိမ့်မယ်။ အဲဒီအချိန်ကျရင် လည်း မဲဆန္ဒရှင်စာရင်းထပ်တိုး လာနိုင်သေးတယ်’’ဟု တိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင် အရာရှိက ပြောကြားသည်။ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်၌ ဘုတ်ပြင်းမြို့နယ်သည် ယခင်ထုတ်ပြန်ခဲ့သည့် အခြေခံမဲဆန္ဒရှင် စာရင်းထက် လျော့နည်းခဲ့ပြီး ကျန်မြို့နယ်များ၌မူ မဲဆန္ဒရှင် အရေအတွက် တိုးလာကြောင်း သိရသည်။

ကျောက်စိမ်း ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်းရုံး မုံရွာတွင် ဖွင့်လှစ်မည်


 မုံရွာမြို့နယ် ကျောက်စိမ်း ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းရုံးခန်းကို မုံရွာမြို့ ဆူး လေကုန်းရပ်ကွက် ဈေးလမ်းနှင့် နယားပျံလမ်းထောင့်၌ စက်တင်ဘာ ၁၉ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။‘‘မုံရွာမြို့နယ် ကျောက်စိမ်း ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း တရားဝင်ဖွဲ့စည်းခဲ့တယ်။အခု အသင်းရုံးခန်း ဖွင့်ပြီးရင် ကျောက်မျက်ဈေး ဖွင့်လှစ်နိုင် အောင် သက်ဆိုင်ရာကို တင်ပြ သွားမယ်’’ဟု မုံရွာမြို့နယ် ကျောက်စိမ်းကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ရင်က ပြောသည်။
မုံရွာမြို့နယ် ကျောက်စိမ်း နှင့် ကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်းတွင် အသင်းဝင် ၁၃၀ ကျော်ရှိပြီး ယခင်က နေအိမ်များ၊ လက်ဖက်ရည်ဆိုင်များ၌ ကျောက်စိမ်းနှင့် ကျောက်မျက် ရတနာများ အရောင်းအ၀ယ်ပြု လုပ်ခဲ့ကြသည်။ ယခုအခါ မုံရွာမြို့နယ်အတွင်း ကျောက်စိမ်းနှင့် ကျောက်မျက် ပစ္စည်းများ ဈေး ကွက်ပီပြင်လာစေရန်နှင့် ကျောက်မျက်ရတနာဈေးအဖြစ် ဖွင့်လှစ် ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက် နေခြင်း ဖြစ်သည်။

အမတ်လောင်း အတည်ပြုရေး ဆုံးဖြတ်ရန် ၃ဦး ကျန်နေသေး


အမတ်လောင်းအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုဆုံးဖြတ်ပေးရန် ၃ဦးကျန်ရှိ နေသေးသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးဝင်းဦးခိုင်က စက်တင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကိုပြောသည်။
"ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၃ အရ အသနားခံစာတင်လာလို့ စိစစ်ပေးတာ မဟုတ်ဘူး။ မှားယွင်းဆုံးဖြတ်မှုရှိမရှိ ကိုကြည့်ပေးတာ။ မဲလက်မှတ်ရိုက်ရမယ့် ကိစ္စတွေလည်းရှိတဲ့အတွက် ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ဆုံဖြတ်ပေးမှာပါ။" ဟု ၎င်းကဆိုသည်။
ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၃တွင် ကော်မရှင်အဖွဲ့ခွဲ အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက် ဆုံးဖြတ်ချက်များ နှင့် ဆက်လျဉ်း၍ ပြည်ထောင်စုကော်မရှင်သည် မိမိဆန္ဒအလျောက် သက်ဆိုင်ရာအမှုတွဲ၊ စာရွက်စာတမ်းများကို တောင်းယူကြည့်ရှု၍ လိုအပ်သလို အဆုံးအဖြတ်ချမှတ်နိုင်သည်။ ယင်းဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်ဟု ပြဌာန်းထားသည်။

သန်လျင်တံတား လမ်းအသုံးပြုခ ကောက်ခံရေးလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း တစ်သိန်းကျော် သတ်မှတ်


သန်လျင်တံတား ယာဉ် အသုံးပြုခကောက်ခံခြင်းလုပ်ငန်း အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ မည်ဖြစ်ပြီး ကြမ်းခင်းဈေး ကျပ် သိန်းပေါင်း တစ်သိန်းတစ်သောင်း တစ်ထောင် သတ်မှတ်ထား ကြောင်း မြန်မာ့မီးရထားဌာနမှ သတင်းရရှိသည်။
‘‘ကျွန်တော်တို့ ဒီတစ်ခါတင် ဒါခေါ်ယူမှုမှာ သုံးနှစ်သက်တမ်း လုပ်ကိုင်ခွင့်နဲ့ ခေါ်သွားမယ်။ ပြီး ခဲ့တဲ့နှစ်တွေက တစ်နှစ်သက်တမ်း လုပ်ကိုင်ခွင့်နဲ့ပဲ ခေါ်ယူခဲ့ပါတယ်။ တခြားတံတားများနဲ့တူအောင် ဒီ နှစ်မှာ သုံးနှစ်သက်တမ်းတိုးပြီး တင်ဒါခေါ်ယူတာပါ’’ဟု မြန်မာ့မီး ရထားဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးကပြောသည်။