Thursday 28 January 2016

ကမ္ဘာ့စက်သုံးဆီဈေးကျသော်လည်း ပြည်တွင်းဈေး မကျ၍ ဈေးလျှော့ချရန် စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြား

စက်သုံးဆီဈေး ထပ်မံ ကျဆင်းစေရေး ကြီးကြပ်ဆောင် ရွက်ရန် စွမ်းအင်ဝန်ကြီးဌာနက မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း (MPTA)သို့ အကြောင်းကြားထားကြောင်း သတင်းရရှိသည်။ပြည်တွင်းစက်သုံးဆီ အရောင်းဆိုင်များ အမြင့်ဆုံး ရောင်းချရန် အခြေခံနှုန်းထား တစ်ခုကို MPTA က ဇန်နဝါရီ ၁၈ ရက်၌ အခြေခံသတ်မှတ်ပေးခဲ့ သော်လည်း လက်ရှိ ဆိပ်ကမ်း ရောက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးလျှော့ချရန် လိုအပ်ကြောင်း စိစစ်တွေ့ရှိရ၍ တစ်ပြည်လုံးရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် လက်လီရောင်းဈေးကို ထိုက်သင့်သည့် ဈေးနှုန်းအထိ ထပ်မံ ကျ ဆင်းစေရေး လိုအပ်သလို ကြီး ကြပ်ဆောင်ရွက်ရန် အကြောင်း ကြားသည်ဆိုကာ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ရက်ပိုင်းအတွင်း မြောက်ကိုရီးယား တာဝေးပစ်ဒုံးကျည် စမ်းသပ်နိုင်ဟု ဂျပန်မီဒီယာ ဖော်ပြ

မြောက်ကိုရီးယားရှိ တွန်ချယ်ရီ ဒုံးကျည်စမ်းသပ်ဧရိယာကို ဝေဟင်မှ တွေ့မြင်ရစဉ်။
ရက်ပိုင်းအတွင်း မြောက်ကိုရီးယားအနေဖြင့် တာဝေးပစ်ဒုံးကျည်တစ်စီး စမ်းသပ်ပစ်လွှတ်လာနိုင်ကြောင်း ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။
ဂျပန်၏ ကာကွယ်ရေးဌာနမှ အမည်မဖော်သည့် ထိပ်တန်းအရာရှိတစ်ဦး၏ အဆိုကို ကိုးကားပြီး မြောက်ကိုရီးယားသည် သီတင်းတစ်ပတ်မျှအတွင်း တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုကို လက်တွေ့အကောင်အထည်ဖော် စီစဉ်လာဖွယ်ရှိနေကြောင်း ကျိုဒိုက ဆိုသည်။

ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ မပေါ့ဆရန် WHOကို အမေရိကန် ပညာရှင်များ သတိပေး

ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အမြန်ဆုံး အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကို အမေရိကန် သိပ္ပံပညာရှင်များက သတိပေးလိုက်သည်။
ပညာရှင်များက ခြင်မှ ကူးစက်သည့် အဆိုပါဗိုင်းရပ်စ်သည် ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါပိုးတစ်ခုအဖြစ် ပျံ့နှံ့ရောက်ရှိနိုင်သည့် အလားအလာ ကြီးကြီးမားမားရှိနေကြောင်း ပြောကြားခဲ့သည်။ ဇီကာရောဂါပိုး ကူးစက်ခံရသည့်အခါ အပျော့စား တုပ်ကွေးဝေဒနာ လက္ခဏာများသာ ပြသလေ့ ရှိသည်။ သို့သော်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးများ ရောဂါပိုးကူးစက်ခံရပါက ဦးခေါင်းသေးပြီး ဦးနှောက်ဖွံ့ဖြိုးမှု အားနည်းသည့် ကလေးငယ်များ မွေးဖွားလာတတ်သည်ဟု ကမ္ဘာ့ကျန်းမာရေးသုတေသီများက ယူဆထားသည်။

Wednesday 27 January 2016

စင်ကာပူက မြန်မာခရီးသွားဧည့်သည်တွေကို ပိုမိုလာစေချင်ဟုဆို

မြန်မာနိုင်ငံမှ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရန် စင်ကာပူက လိုလားနေပြီး လက်ရှိအချိန်တွင် မြန်မာဈေးကွက်အတွင်း အောင်မြင်မှုရရှိစေရန် အကောင်အထည်ဖော်သွားမည်ဟု မြန်မာ့ခရီးသွား လုပ်ငန်းနှင့် တိုက်ရိုက်ချိတ်ဆက်ကာ ခရီးသွားလုပ် ငန်းတိုးမြှင့်ခြင်းများ လုပ်ဆောင်နေသည့် စင်ကာပူခရီးသွားလုပ်ငန်းအဖွဲ့- Singapore Tourism Board ၏ ထိုင်း၊ မြန်မာရုံးခွဲဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်သူ Ms.Sherleen က မဇ္ဈိမကို ပြောသည်။

လိပ်ကျွန်းမြန်မာတရားခံနှစ်ဦးကို ထောင်အတွင်း မလျော်ကန်စွာ ဆက်ဆံ နေဟု ရှေ့နေအဖွဲ့ပြော

၂၀၁၄ ခုနှစ်အတွင်းက ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်စုံတွဲသတ်မှုဖြင့် သေဒဏ်ချမှတ်ခံရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို အကျဉ်းထောင်အတွင်း မလျော်ကန်စွာ ထားရှိဆက်ဆံခံနေရကြောင်း တရားခံရှေ့နေအဖွဲ့က ဇန်န၀ါရီ ၂၆ ရက်က ပြောသည်။
သေဒဏ်ပေးခံထားရသည့် ကိုဇော်လင်းနှင့် ကိုဝေဖြိုးတို့နှစ်ဦးကို ထောင်အတွင်း အကျဉ်းတိုက်၌ ၂၄ နာရီ သံခြေကျင်းခတ် ထားကြောင်း ရှေ့နေ နက်ခွန်ချွမ်ပုချက်က ပြောသည်။ ၎င်းတို့နှစ်ဦးအတွက် တရားရုံးက အယူခံဝင်ခွင့်ကို အချိန်တိုးခွင့်ပြုပေးခဲ့ရာ ဖေဖော်ဝါရီလအတွင်း တစ်ရက်ရက်၌ အယူခံတင်သွင်းသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

လ၀က၀န်ကြီးဌာန ပြည်ထဲရေးအောက် ထားရှိဖို့အဆိုအပေါ် တုံ့ပြန်မှု

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီး ဌာနအောက် ပြောင်းရွှေ့ဖို့ သမ္မတဦးသိန်းစိန်အဆို တင်သွင်းထားတဲ့ အစီအစဉ်ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေမူကြမ်းကော်မတီက တင်သွင်းမှာ ဖြစ်ပါတယ်။
ဒါဟာ နိုင်ငံအတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ စစ်တပ်အနေနဲ့ ပိုပြီး လုပ်ပိုင်ခွင့် အာဏာ ရှိစေဖို့ အခုလို လ၀က ကို စစ်တပ်အောက်မှာ ရှိနေတဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဖို့ ကြိုးစားတဲ့လုပ်ရပ် ဖြစ်တယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
အခုလွှတ်တော်သက်တမ်းပြီးဆုံးဖို့ ၃ ရက်သာ လိုတော့တဲ့အချိန်မှာ စစ်တပ်ရဲ့လုပ်ပိုင်ခွင့် ပိုရှိစေတဲ့ သမ္မတရဲ့ အဆိုတင်သွင်းလာတဲ့အပေါ် လူအများ စိတ်ဝင်တစား ဖြစ်ခဲ့ကြတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် ပြည်ထဲရေး အပါအ၀င် နယ်စပ်ရေးရာနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ၃ ခုကို ကာကွယ်ရေးဦးစီးချုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။

Tuesday 26 January 2016

အာဖဂန် အခြေစိုက် အိုင်အက်စ်တို့ကို ချေမှုန်းသွားမည်ဟု သမ္မတဂန်နီ ကြိမ်းဝါး

၎င်း၏ နိုင်ငံတွင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်)တို့ ခြေကုပ်မြဲမြဲ မရမီ ပြတ်ပြတ်သားသား ချေမှုန်းသွားမည်ဟု အာဖဂန်နစ္စတန် သမ္မတ အက်ရှ်ရက်ဖ် ဂန်နီက ပြောကြားလိုက်သည်။
ဂန်နီက ဆီးရီးယားနှင့် အီရတ်တို့တွင် အဓိက ခြေကုပ်ယူကာ တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ကြီးထွားလာရန် တာဆူနေသည့် အိုင်အက်စ်တို့ကို အပြီးတိုင် မြေမြှုပ်ပစ်မည်ဟု ကြိမ်းဝါးခဲ့သည်။

အရှေ့အာရှ အအေးလှိုင်းကြောင့် တရုတ်ထိုင်ပေတွင် လူ ၈၅ ဦးထက်မနည်း သေဆုံး

အရှေ့အာရှဒေသ အအေးလှိုင်းဖြတ်မှုကြောင့် တရုတ်ထိုင်ပေတွင် အနည်းဆုံး လူ ၈၅ ဦးမျှ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။တရုတ်ထိုင်ပေ မီဒီယာများက ပြီးခဲ့သည့် သီိတင်းပတ်ကုန်မှစ၍ အပူချိန် ရုတ်တရက်ပြောင်းလဲသွားခြင်းကြောင့် ခန္ဓာကိုယ်အပူချိန် ကျဆင်းခြင်း၊ နှလုံးဖောက်ပြန်ခြင်းများဖြစ်ပေါ်ကာ လူအများစု သေဆုံးခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ထိုအချိန်တွင် တောင်ကိုရီးယား၌လည်း နှင်းများထူထပ်စွာ ကျဆင်းခဲ့ပြီး လေယာဉ်ခရီးစဉ်အများအပြား ဖျက်သိမ်းခဲ့ရခြင်းကြောင့် ကမ္ဘာလှည့်ခရီးသည် ၆၀၀၀၀ ကျော် သောင်တင်ပိတ်မိနေသည်။

ဘိန်းခင်းဖျက်သည့်အဖွဲ့နှင့် ဘိန်းခင်းပိုင်ရှင်များ တင်းမာမှုဖြစ်ပွားပြီးနောက် ဘိန်းခင်းဖျက်ရန်သဘောတူ

ဘိန်းခင်းဖျက်ဆီးရန် သွားရောက်သည့် အဖွဲ့များနှင့် ဘိန်းခင်းပိုင်ရှင်များ တင်းမာမှု ဖြစ်ပွားသောကြောင့် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဦး ဆောင်ညှိနှိုင်းဖြေရှင်းခဲ့ပြီး ဘိန်း ခင်းဖျက်ဆီးရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းရရှိသည်။
ကချင်ပြည်နယ် အထူးဒေသ(၁) တွင် ပါဝင်သော ဆဒုံးမြို့ နယ်နှင့် ချီဖွေမြို့နယ်ကြား ရှမ်း ကျူးကျေးရွာမှ ဘိန်းခင်းများအား တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် လူထု အခြေပြု မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဖျက် ဆီးမည့် အစီအစဉ်ကို ဒေသခံ ဘိန်းခင်းပိုင်ရှင်များက တားဆီး ရာမှ တင်းမာမှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အစိုးရဖွဲ့စည်းရေးနှင့် အရေးကြီးကိစ္စရပ်များဆွေးနွေး


ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဘုရင့်နောင်ရိပ်သာ တွင် ဇန်နဝါရီ ၂၅ ရက်က တွေ့ဆုံနှုတ်ဆက်နေကြစဉ် (ဓာတ်ပုံ − Senior General Min Aung Hlaing'S FB)
လွှတ်တော်သစ် စတင်ရန် ခြောက်ရက်အလိုတွင် ပြုံးပြုံးရွှင်ရွှင်တွေ့ ဆုံခဲ့ကြသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်တို့သည် အစိုးရ ဖွဲ့စည်းရေး၊ အကူးအပြောင်း တည်ငြိမ်ရေး တို့အပါအ၀င် အရေးကြီးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်သည်။

Monday 25 January 2016

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ပေါ်ပေါက်မည်ဆိုသော ခြိမ်းခြောက်မှုကြောင့် ဆွီဒင်တက္ကသိုလ်တစ်ခု ပိတ်ခဲ့ရ

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ပေါ်ပေါက်လာမည်ဆိုသော ခြိမ်းခြောက်မှု သတင်းစကားကြောင့် ဆွီဒင်ရှိ တက္ကသိုလ် တစ်ခုကို အရေးပေါ် ပိတ်လိုက်ရကြောင်း သိရသည်။
နိုင်ငံအလယ်ပိုင်းရှိ အော်ရီဘရို တက္ကသိုလ်ကို ဇန်နဝါရီ ၂၅ ရက်တွင် ပိတ်ထားလိုက်ရပြီး လုံခြုံရေး တပ်ဖွဲ့များက တက္ကသိုလ် ပရဝုဏ်ကို ထိန်းချုပ်ကာ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။ “Jodel Appမှာ အော်ရီဘရို တက္ကသိုလ်ကို ရည်ရွယ်ထားတဲ့ ခြိမ်းခြောက်မှုတစ်ခု တင်ထားတာ တွေ့ရလို့ပါ”ဟု တက္ကသိုလ်၏ ဝက်ဘ်ဆိုက်တွင် ဇန်နဝါရီ ၂၄ ရက်၌ ဖော်ပြထားသည်။

လေသန့်ဘူးတွေ ဝယ်ရဦးမှာလား

သဘာဝတရားကြီးက တစ် ခုနဲ့တစ်ခု ကွင်းဆက်မိမိ ချိတ်ဆက်နေတဲ့ ယန္တရားကြီးတစ်ခုပဲ ဆိုတာ လူသားတို့ သတိပြုမိချိန်က အလွန်နောက်ကျနေတဲ့အချိန်ပါ။ လူသားတို့အတွက် မရှိမဖြစ် လိုအပ်လှတဲ့လေက သဘာဝအတိုင်းဆိုရင်တော့ သန့်ရှင်းစင်ကြယ်ပြီးသားပေါ့။ ဒါပေမဲ့ လူသားတွေရဲ့ ပယောဂကြောင့် အမှုမဲ့ အမှတ်မဲ့ ဆင်ခြင်ကင်းမဲ့မှုကြောင့် သန့်စင်လှတဲ့လေတွေက ကြေးညှော်တွေ အထပ်ထပ်နဲ့ ညစ်ပတ်ပေရေကုန်ပါပြီ။

ဆည်မြောင်းတာတမံ ခံနိုင်ရည် စစ်ဆေးနိုင်မည့် စက်ကိရိယာ ၁၅၀ နယ်သာလန် လှူဒါန်း

နယ်သာလန် နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်ရေး ဌာနကဆည်မြောင်း တာတမံများ ၏ မြေသားနှင့် ခံနိုင်ရည်ကို စစ် ဆေးနိုင်သည့် စက်ကိရိယာ ၁၅၀ ကို မြန်မာနိုင်ငံရှိ ဆည်မြောင်း ဦး စီးဌာနသို့ ဇန်န၀ါရီ ၂၀ ရက်က ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။ပြီးခဲ့သည့် ၂၀၁၅ က ဖြစ် ပေါ်ခဲ့သည့် ရေကြီးနစ်မြုပ်မှုအန္တ ရာယ်များ ကြုံတွေ့ခဲ့ရသည့် တာ တမံများနှင့် ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသရှိ တမံများကိုစမ်းသပ် စစ်ဆေးနိုင်ပြီး ရေလွှမ်းမိုးမှုများ ကို တားဆီးကာကွယ်နိုင်ရန် Pri-kstok မြေသား အရည်အသွေး တိုင်းတာသည့် ကိရိယာများကို အကူအညီပေးခြင်းဖြစ်ကြောင်းနယ်သာလန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာနက ထုတ်ပြန်သည်။ အဆိုပါကိရိယာများသည် တာတမံများရှိ မြေလွှာအတွင်း ရေစိမ့်လွှာများ၊ ကြွက်တွင်းနှင့်ခြ တွင်းများကို ရှာဖွေနိုင်ပြီးမြေသား ခိုင်မာမှုရှိ၊မရှိ တိုင်းတာနိုင်သည့် ကိရိယာများဖြစ်သည်။

အခွန်ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော် အတည်ပြု

အခွန်မဆောင် ထားသော ကုန်စည်များ လက် ဝယ်ထားရှိမှုများကို သတင်းပေး သူအား ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်း ၊ရှာဖွေဖမ်းဆီးသည့်အဖွဲ့အား ဒဏ်ငွေ၏ ၂၀ ရာခိုင်နှုန်းချီးမြှင့်မည့် အခွန်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။အထက်ပါအချက်ကို ပြင် ဆင်ဖြည့်စွက်ထားသည့် ၂၀၁၆ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို ဇန်နဝါရီ ၂၂ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ အ တည်ပြုခဲ့ခြင်းဖြစ်သည်။

ခုတင် ၅၀၀ ဆံ့ဆေးရုံသစ်ကြီး ကျောက်ကပ်အစားထိုး ကုသမှု ၁၅ ခုအောင်မြင်စွာ ပြုလုပ်ပြီး

မင်းရဲကျော်စွာလမ်းရှိ ခုတင် ၅၀၀ ဆံ့အထူးကုဆေးရုံကြီး ၌ ကျောက်ကပ်အစားထိုး ခွဲစိတ် ကုသခြင်းကို လပိုင်းသာခြား၍ ဆက်တိုက်ပြုလုပ်ပေးလျက်ရှိပြီး ယခုအချိန်အထိ အစားထိုးခွဲစိတ် မှုပေါင်း ၁၅ ခုကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွဋ်က ပြောသည်။
ခုတင် ၅၀၀ ဆံ့ အထူးကုဆေးရုံကြီးကို ၂၀၁၄ သြဂုတ် အ တွင်း စတင်ဖွင့်လှစ်ပြီးနောက် အဆိုပါနှစ်အတွင်း ကျောက်ကပ် အစားထိုးကုသခြင်း လေးခု၊ ၂၀၁၅၌ အစားထိုးခွဲစိတ်ကုသခြင်း ၁၀ ခုနှင့် ယခု ၂၀၁၆ ဇန်န၀ါရီ အတွင်း ခွဲစိတ်ကုသမှုတစ်ခု ဖြစ်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။

အိန္ဒိယမှ ပင့်ဆောင်လာသည့် မြတ်စွာဘုရားအရိုးဓာတ်တော် အပူဇော်ခံရာမှရရှိသည့် အလှူငွေအချို့ ပြန်လည်လှူဒါန်းမည်

မြတ်စွာဘုရားအရိုးဓာတ်တော်များ ပင့်ဆောင်လာစဉ် (ဓာတ်ပုံ − သီတဂူသာသနာပြုအဖွဲ့ဝင်များ)
မြတ်စွာဘုရား အရိုး ဓာတ်တော်များကို အိန္ဒိယနိုင်ငံဟိ မ၀န္တာတောင်တန်းဒေသမှ ဘုန်း တော်ကြီး ၆၃ပါးက ပထမအကြိမ် ပင့်ဆောင်အပူဇော်ခံ၍ ရရှိသည့် အလှူငွေအချို့ကို ပြန်လည်လှူ ဒါန်းမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံတွင် သီတင်းသုံးနေသော သီ တဂူဓမ္မ၀ိဟာရကျောင်းတိုက်ဆ ရာတော်ဒေါက်တာအရှင်သြသဓ သာရကမိန့်ကြားသည်။

မန္တလေးခရိုင်အတွင်း ရွေးကောက်ပွဲ မသမာမှုကိုးမှုကို တရားရုံးတွင် စစ်ဆေးနေ

မန္တလေးခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် ရွေးကောက်ပွဲမသ မာမှုများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ သို့ အမှုဖွင့်တိုင်ကြားမှု ကိုးမှုရှိခဲ့ ပြီး ယင်းအမှုများအားလုံးကို တရား စွဲဆိုစစ်ဆေးနေကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိန်ထွန်းက ပြောသည်။
‘‘အမှုတွေအားလုံး တရားရုံး ရောက်နေပြီ။ တရားရုံးမှာ စစ် ဆေးနေပါတယ်။ ရဲအရေးပိုင်မှု အနေနဲ့ တိုင်ကြားတဲ့ ကိုးမှုစလုံး တရားစွဲဆိုထားပြီး ပလပ်လိုက်တဲ့ အမှုမရှိပါဘူး’’ဟု ဒုရဲမှူးကြီးစိန်ထွန်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေးနှစ်ရက်ကျင်းပမည်

ပထမအကြိမ် မန္တလေး တိုင်းဒေသကြီးလွှတ်တော်၏ အ ထူးအစည်းအဝေးကို ဇန်န၀ါရီ ၂၆ ရက်မှစတင်ကာ နှစ်ရက်ကြာ ကျင်းပမည်ဟု သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဘဏ္ဍာငွေ အရ အသုံးဘတ်ဂျက်နှင့်ဒေသန္တရ စီမံကိန်းဥပဒေများ အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ဇန်န၀ါရီ ၂၆ ရက် နှင့် ၂၇ ရက်တွင် လွှတ်တော်အ ထူးအစည်းအဝေးကျင်းပမည်ဖြစ် ပြီး ကိုယ်စားလှယ်တစ်ဦးချင်းစီကို အသိပေး အကြောင်းကြားထား ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ထိုင်းကမ်းခြေမှ သတ္တု အစိတ်အပိုင်း MH370မှ ဟုတ်မဟုတ် စစ်ဆေးနေ

MH370 ဝေဟင်ရှာဖွေရေး လုပ်ငန်း ပါဝင်ဆောင်ရွက်နေသူများ။
ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းခြေတစ်ခုတွင် လာတင်နေသည့် အပျက်အစီး အစိတ်အပိုင်း အချို့သည် ပျောက်ဆုံးနေသည့် MH370 လေယာဉ်မှ ဟုတ်မဟုတ် ကျွမ်းကျင်သူများက စစ်ဆေးနေကြောင်း သိရသည်။

မလေးရှား လေကြောင်းလိုင်းပိုင် MH370 လေယာဉ်သည် ၂၀၁၄ ခုနှစ်၊ မတ်လ ၈ ရက်က ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားပြီး လေယာဉ်၏ ကံကြမ္မာကို ယနေ့တိုင် တိတိကျကျ အဖြေမထုတ်နိုင်သေးချေ။ ယခုတွေ့ရှိသည့် အစိတ်အပိုင်းများသည် အဆိုပါ Boeing 777 လေယာဉ်မှ ဟုတ်မဟုတ်ကို ထိုင်းနှင့် မလေးရှား တာဝန်ရှိသူများ ပူးပေါင်း စစ်ဆေးနေခြင်း ဖြစ်သည်။

ရာဇာထွန်းရေယာဉ်တိမ်းမှောက်မှု သေဆုံးသူများအား လျော်ကြေးပေးရန် ကျန်ရှိနေသေး

ကလေးဝမြို့နယ်ဂဇက် ကျေးရွာအနီး ချင်းတွင်းမြစ် လောင်းဂရိတ်ဝဲတွင် နစ်မြုပ်ခဲ့ သော ရာဇာထွန်းရေယာဉ် တိမ်း မှောက်မှု၌ သေဆုံးသူများနှင့်ပတ် သက်၍ ကျန်ရစ်သူများထံသို့ မည်သူတစ်ဦးတစ်ယောက်မျှလာ ရောက်တွေ့ဆုံရှင်းလင်းခြင်းမရှိ သဖြင့် သက်ဆိုင်သူများ လာ ရောက်ရှင်းလင်းပေးရန် ကျန်ရစ် သူမိသားစုများက ဌာနဆိုင်ရာ များသို့ ဇန်န၀ါရီ ၂၄ ရက်၌ တိုင် ကြားစာပေးပို့တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။၂၀၁၅ နိုဝင်ဘာ ၁ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါရေယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ များအနက် အလောင်းတွေ့သူ များကိုသာ ရေယာဉ်အသင်းက သဂြုင်္ိဟ်စရိတ်အဖြစ် တစ်ဦးလျှင် ကျပ်သုံးသိန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကျပ် နှစ်သိန်းစီ ပေးအပ်ခဲ့ကြောင်း၊ အ လောင်းမတွေ့သူများကိုမူမည်သူ တစ်ဦးတစ်ယောက်မှ အကျိုးအ ကြောင်း လာရောက်တွေ့ဆုံပြော ကြားခြင်းမရှိသည့်အတွက် မထီမဲ့ မြင်ပြုနေသည်ဟု ခံစားရကြောင်း ယာဉ်မှောက်မှုတွင် သား၊ သမီး၊ ချွေးမမိသားစုဝင်သုံးဦး ဆုံးရှုံးခဲ့ သည့် ဦးဝင်းကျော်ကပြောသည်။

Friday 22 January 2016

မုဒိမ်းမှုများ ကျူးလွန်ခဲ့သည့် အမေရိကန်ရဲအရာရှိကို ထောင်ဒဏ် ၂၆၃ နှစ် ပြစ်ဒဏ်ချမှတ်

အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိဟောင်းတစ်ဦးကို မုဒိမ်းမှုနှင့် အခြားသောစွဲချက်များအတွက် ထောင်ဒဏ် ၂၆၃ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

အသက် ၂၉ နှစ်ရှိ ဒန်နီရယ်လ် ဟော့ဇ်ကလောသည် ကင်းလှည့်တာဝန်များ ထမ်းဆောင်နေချိန်တွင် အာဖရိကန်နွယ်ဖွား အမေရိကန်အမျိုးသမီးများကို ပစ်မှတ်ထားရှာဖွေကာ လိင်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သူ ဖြစ်သည်။ ပြီးခဲ့သည့်လက ၎င်းအနေဖြင့် စွဲချက် ၃၆ ခုအနက် ၁၈ ခုတွင် အပြစ်ရှိကြောင်း ဟော့ဇ်ကလောက မျက်ရည်လည်ရွဲဝန်ခံခဲ့ပြီးနောက် ဇန်နဝါရီ ၂၁ ရက်တွင် ဂျူရီအဖွဲ့က အဆိုပါပြစ်ဒဏ်ကို ချမှတ်ခဲ့သည်။

ဟော့ဇ်ကလော အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုသည့် စွဲချက်များတွင် မုဒိမ်းမှု ၄ မှုနှင့် ဓမ္မတာနှင့် မလျော်ညီသည့် အဓမ္မလိင်ဖျော်ဖြေစေမှု ၄ မှုတို့ ပါဝင်သည်။ အစိုးရရှေ့နေများက ဟော့ဇ်ကလောသည် အိုကလာဟိုးမားရှိ ဆင်းရဲနွမ်းပါးပြီး ပြစ်မှုမှတ်တမ်းနောက်ခံရှိသည့် အမျိုးသမီးများကို ပစ်မှတ်ထားလေ့ရှိပြီး ယင်းတို့၏အတိတ်များကို အခွင့်အရေးယူအသုံးချ အမြတ်ထုတ်လေ့ရှိကြောင်း ပြောကြားခဲ့သည်။ ဟော့ဇ်ကလောကို ရုံးတင်စစ်ဆေးချိန်တွင် အမျိုးသမီး ၁၃ ဦးက သူမတို့အပေါ် ၎င်းကျူးလွန်ခဲ့သည့် ကိစ္စများကို ဝန်ခံထွက်ဆိုလာကြသည်။

ဟော့ဇ်ကလော၏ ယုတ်မာမှုခံရသူ အမျိုးသမီးအားလုံးသည် အာဖရိကန်ဖွားလူမည်းများ ဖြစ်နေသောကြောင့် ယခုအမှုသည် လူမျိုးရေးရှုထောင့်မှ ဝေဖန်မှုများပါခံလာရသည်။ အထူးသဖြင့် ဂျူရီလူကြီးအားလုံး လူဖြူများကို ရွေးချယ်ထားခြင်းအပေါ်
ထောက်ပြကန့်ကွက်မှုများ ထွက်ပေါ်လာသည်။ သို့သော်လည်း ဂျူရီအဖွဲ့က အဆုံးသတ်ပြစ်ဒဏ်ကို အပြင်းထန်ဆုံးချမှတ်သွားခဲ့သည်။

ဟော့ဇ်ကလော၏ဖခင်မှာ လူဖြူရဲအရာရှိတစ်ဦးဖြစ်ပြီး မိခင်မှာ ဂျပန်သူတစ်ဦးဖြစ်သည်။ ၎င်းက အနည်းဆုံး အဖွားအိုတစ်ဦးနှင့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအပါအဝင် အနည်းဆုံး အမျိုးသမီး ၈ ဦးအပေါ် အနိုင်အထက် ပြုကျင့်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရှိရသည်။
Ref: Root

အလုံပိတ်တဲများကြောင့် တိုင်းရင်းသားကျေးရွာရှိ အငှားမြေနေရာ ပြန်သိမ်း

ပြည်ထောင်စုတိုင်းရင်း သားကျေးရွာအတွင်းရှိ ပုဂ္ဂလိက သို့ အငှားချထားသည့် မြေ ၁၀ ဧကနေရာတွင် အလုံပိတ်တဲငယ်များ ဖွင့်လှစ်ထားသဖြင့် ပြန်လည်သိမ်းယူလိုက်ပြီး တာဝန်ရှိသူများကို အရေးယူ ဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာရှိ အလုံပိတ်တဲငယ်များ တွင် တက္ကသိုလ်ကျောင်းသားများ နှင့် လူငယ်စုံတွဲများ ၀င်ထွက်မှုရှိ နေသဖြင့် မသင့်လျော်ကြောင်း မီဒီယာများ၌ ဖော်ပြခဲ့သဖြင့် ၀န်ကြီးဌာနက တုံ့ပြန်အရေးယူ ခြင်းဖြစ်သည်။

အိုင်အက်စ်တို့ကို တိုက်ခိုက်ရန် အမေရိကန် နာမည်ကျော် တိုက်လေယာဉ်များ အနားပေးမည့် အစီအစဉ် ရွှေ့ဆိုင်းရဖွယ်ရှိ

 
အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်နေသည့် စစ်ဆင်ရေးကြောင့် အမေရိကန်၏ နာမည်ကျော် A-10 မြေပြင်စစ်ဆင်ရေး ဗုံးကြဲတိုက်လေယာဉ်များကို အနားပေးမည့်ကာလ ရွှေ့ဆိုင်းသွားဖွယ် ရှိနေကြောင်း သိရသည်။

နှစ်ပေါင်း ၁၃၀ နီးပါး ကြာပြီးမှ ဦးခေါင်းနှင့် ခန္ဓာကိုယ် ပြန်လည်ဆက်စပ်နိုင်ခဲ့သည့် နတ်ဘုရားရုပ်တု

နတ်ဘုရားရုပ်တုကို အမွှေးနံ့သာများ ဖြန်းပက်နေသည့် ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ် ဆော့ခ်အန်း။
ကမ္ဘောဒီးယားနိုင်ငံရှိ ဦးခေါင်းနှင့်ခန္ဓာကိုယ် တခြားစီဖြတ်တောက်ခြင်းခံထားရသည့် ဟိန္ဒူနတ်ဘုရားရုပ်တုတစ်ခုကို နှစ်ပေါင်း ၁၃၀ နီးပါးအကြာတွင် ပြန်လည်ပေါင်းစပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ကမ္ဘောဒီးယားကို ပြင်သစ်တို့ ကိုလိုနီအဖြစ် အုပ်စိုးစဉ်က အဆိုပါ နတ်ဘုရားရုပ်တု၏ဦးခေါင်းကို ယူဆောင်သွားပြီး ပါရီရှိ ဂီမတ်ပြတိုက်တွင် နှစ်ပေါင်းများစွာ ပြသထားသည်။ ဂီမတ်သည် အာရှအနုပညာလက်ရာများကို ပြသသည့်ပြင်သစ်အမျိုးသားပြတိုက်လည်း ဖြစ်သည်။

ဘဏ်သို့ ချေးငွေလာသွင်းသည့်တောင်သူထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁၈ ရွက်တွေ့

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ လယ် ယာစိုက်ပျိုးရေးဘဏ်သို့ ချေးငွေ လာရောက်ပေးသွင်းသည့် တောင်သူတစ်ဦးထံမှ ကျပ်တစ်သောင်း တန်ငွေစက္ကူအတု ၁၈ ရွက်တွေ့ ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဒေသအများစုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်

တိုင်းဒေသကြီးနှင့် ပြည်နယ်သုံးခုမှ လွဲ၍ မြန်မာနိုင်ငံဒေသအနှံ့တွင် ဇန်န၀ါရီ ၂၁ ရက်မှ၍တစ်ပတ်အတွင်း အချိန်အခါမဟုတ်မိုး ရွာသွန်းနိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။

နိုင်ကျဉ်းများ လွှတ်ပေးရန် ကန်နိုင်ငံခြားရေးဒုဝန်ကြီး တိုက်တွန်းချက် ထိရောက်မည်ဟု ယုံကြည်ကြောင်း နိုင်ကျဉ်းအဖွဲ့ပြော

နိုင်ငံရေးအကျဉ်းသား များလွှတ်ပေးရန်အမေရိကန် နိုင်ငံခြားရေးဒုဝန်ကြီး၏ တိုက်တွန်းချက် ထိရောက်မှုရှိမည်ဟု ယုံကြည်ကြောင်းနိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)မှ နိုင်ငံရေးအကျဉ်းသားရေးရာကော်မတီအတွင်းရေးမှူး ဦးထွန်းကြည်ကပြောသည်။

လွမ်းမောခဲ့ဖူးသည့် နွေကြိုရက်များ

သည်လိုအချိန်မျိုးရောက်သည်နှင့် ကျောင်းဝင်းများအတွင်း သစ်ရွက်ခြောက်များ ကြွေကျနေလေ့ရှိသည် (ဓာတ်ပုံ-ညီညီဇော်)
သည်နှစ်မန္တလေးဆောင်းတွင်းကတော့ ဆောင်းတာရှည်လွန်းအား ကြီးသည်ဟုပင်ထင်မိသည်။ ဇန်နဝါရီလလယ် ရောက်နေတာတောင် ချမ်းလို့အေးလို့ အားမရသေး။ အချို့နေရာမှာ သစ်ရွက်ခြောက်တွေကြွေစပြုပြီ။ သစ်ပင်တွေလည်း အရိုးပြိုင်းပြိုင်း၊ ခါးကိုင်းကိုင်းဖြစ်စပြုပြီ။ နွေရဲ့အကြို လက်ပံတွေတောင်ဖူးချင်ချင်ဖြစ်နေသည့်အချိန်မှာ ဆောင်းကထွက်ဖို့တောင် တာမစူသေး။ အခုထိကို ခိုက်ခိုက်တုန်အောင် ချမ်းအေးနေဆဲ။

အလုံပိတ်တဲများကြောင့် တိုင်းရင်းသားကျေးရွာရှိ အငှားမြေနေရာ ပြန်သိမ်း

အလုံပိတ်တဲအချို့ကို မဖယ်ရှားရသေးမီနှင့် အလုံပိတ်တဲများကို ဖယ်ရှားနေစဉ် (ဓာတ်ပုံ − Yangon Police)
ပြည်ထောင်စုတိုင်းရင်း သားကျေးရွာအတွင်းရှိ ပုဂ္ဂလိက သို့ အငှားချထားသည့် မြေ ၁၀ ဧကနေရာတွင် အလုံပိတ်တဲငယ်များ ဖွင့်လှစ်ထားသဖြင့် ပြန်လည်သိမ်းယူလိုက်ပြီး တာဝန်ရှိသူများကို အရေးယူ ဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

ဒေသအများစုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်

တိုင်းဒေသကြီးနှင့် ပြည်နယ်သုံးခုမှ လွဲ၍ မြန်မာနိုင်ငံဒေသအနှံ့တွင် ဇန်န၀ါရီ ၂၁ ရက်မှ၍တစ်ပတ်အတွင်း အချိန်အခါမဟုတ်မိုး ရွာသွန်းနိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။

ဘဏ်သို့ ချေးငွေလာသွင်းသည့်တောင်သူထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁၈ ရွက်တွေ့

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ လယ် ယာစိုက်ပျိုးရေးဘဏ်သို့ ချေးငွေ လာရောက်ပေးသွင်းသည့် တောင်သူတစ်ဦးထံမှ ကျပ်တစ်သောင်း တန်ငွေစက္ကူအတု ၁၈ ရွက်တွေ့ ရှိခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတွင် ကျန်းမာရေးထောက်ခံချက်မရှိဘဲ ရောင်းနေသည့် ရေသန့်လုပ်ငန်း ၁၀ ခု ထပ်မံတွေ့ရှိ

မန္တလေးမြို့လယ်နှင့်နာရီစင်ကိုအပေါ်စီးကတွေ့ရစဉ်-ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
မန္တလေးတွင် သောက် ရေသန့်ထုတ်လုပ်ရောင်းချနေ သည့်လုပ်ငန်းများကို ရှောင်တခင် ၀င်ရောက်စစ်ဆေးရာမှ ကျန်းမာ ရေးထောက်ခံချက်မရှိဘဲ ရောင်း ချနေသည့် သောက်ရေသန့်လုပ် ငန်း ၁၀ခုတွေ့ခဲ့ရကြောင်း မန္တလေး တိုင်း အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ သတင်းရရှိသည်။

ရာသီပြောင်းလဲမှုကြောင့် စိုက်ခင်းများတွင် ထိုင်ဝမ်ဆီးသီး အရွယ်အစား သေးငယ်ပြီး ဈေးကျ

မုံရွာမြို့ အရှေ့ဘက်ကုန်း မြင့်ပိုင်း ဒေသများတွင် စိုက်ပျိုး သော ဆီးသီးစိုက်ခင်းများသည်ရာသီဥတုပြောင်းလဲမှုကြောင့်ဆီးသီးအရွယ်အစားသေးငယ်ပြီး ဈေးကျဆင်းခဲ့ကြောင်း ထိုင်ဝမ် ဆီးသီး စိုက်တောင်သူများက ပြောကြားသည်။

မူဆယ် ဗဟိုစီးပွားရေးဇုန် စီမံကိန်း၏ ပထမအဆင့်ဖြစ်သည့် မင်္ဂလာမူဆယ်လမ်းလျှောက်ဈေး စတင်ဖွင့်လှစ်

မင်္ဂလာမူဆယ် လမ်းလျှောက်ဈေး (ဓာတ်ပုံ − ဇင်မင်းဆွေ)
ရှမ်းပြည်နယ်မြောက် ပိုင်း မူဆယ်မြို့တွင် အကောင် အထည်ဖော် တည်ဆောက်နေ သည့် မူဆယ်ဗဟိုစီးပွားရေးဇုန် စီမံကိန်းပထမအဆင့်ဖြစ်သည့် မင်္ဂလာမူဆယ်လမ်းလျှောက်ဈေး ကို ဇန်န၀ါရီ ၁၉ ရက်က စတင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိ သည်။

Thursday 21 January 2016

မြွေကိုက်ခံရပါက စနစ်တကျရှေးဦးပြုစုခြင်း ပညာပေးနှိုးဆော်

မြွေဆိုးကိုက်သောအခါ မေးရိုးရှိကြွက်သားများက အဆိပ်အိတ်ကို ဖိနှိပ်သဖြင့် ဆေးထိုးအပ်ဖြင့်ထိုးသွင်းသကဲ့သို့ အဆိပ်များသည် ကိုက်သည့် နေရာအတွင်းသို့ ဝင်သွားပါသည်။ ကြွက်သားဖိအားဖြင့် ထိုးသွင်းခံရသော အဆိပ်ကို ပြန်ထုတ်ယူရန်မလွယ်ပါ။ မြွေဆိပ်သည် ကိုက်သောနေရာမှ ကိုယ်ခန္ခာတစ်ခုလုံးသို့ သွေးပြန်ကြောငယ်များ၊ သားငံရည်ကြောငယ်များမှ ပျံ့နှံ့ပါသည်။ ထိုအကြောများကို အနည်းငယ်ဖိရုံမျှဖြင့် သွေးစီးခြင်းကို ရပ်တန့်စေနိုင်သဖြင့် -

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ရမ်ဆာရေတိမ်ဒေသအဖြစ် အတည်ပြု

အင်းတော်ကြီးဘေးမဲ့တော(ဓာတ်ပုံ − အိဖြူမွန်)
မြန်မာနိုင်ငံ၏ ဒုတိယ မြောက်ရမ်ဆာရေတိမ်ဒေသအ ဖြစ် ကချင်ပြည်နယ်ရှိ အင်းတော် ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောကို အတည်ပြုသတ်မှတ် ကြောင်း သတင်းရရှိသည်။

Wednesday 20 January 2016

ကျူရှင်စနစ် ကြီးစိုးနေမှုပြဿနာ အဖြေရှာတွေ့နိုင်မှာလား

နေပြည်တော်တွင် သူငယ်တန်းသင်ရိုးညွှန်းတမ်းသစ်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပနေစဉ်။ (ဓာတ်ပုံ - ပညာရေးဝန်ကြီးဌာန)
‘‘ကျူရှင်စနစ်ပျောက်ဖို့ဆို ရင် အောင်ချက် အဓိကထားတဲ့ စာမေးပွဲစနစ်ကို ပြောင်းပေးရမယ်။ သင်ကြားနည်းစနစ် ပြောင်းပေးရမယ်။ အဲဒါဆိုရင် ကျုရှင်က အလိုလိုပျောက်သွားလိမ့်မယ်’’ဟု အခြေခံပညာဦးစီးဌာနမှ ဦးစီးအရာရှိတစ်ဦးက ပြောသည်။

နိုင်ငံအတွက်အရေးကြီးသည့် မြန်မာစာစံစနစ်တစ်ခု ပြဿနာ

လာမည့်တစ်နှစ်အတွင်း ကွန်ပျူတာသုံး မြန်မာစာစံစနစ်အဖြစ် ယူနီကုတ်ကို နိုင်ငံတစ်ဝန်းရှိ ကွန်ပျူတာနှင့်မိုဘိုင်းဖုန်း အသုံးပြုသူအားလုံး ပြောင်းလဲသုံးစွဲရန် မြန်မာစာအဖွဲ့နှင့် ကွန်ပျူတာအသင်းချုပ်တို့က ဦးဆောင်၍ ပြီးခဲ့သည့် ဇန်န၀ါရီ ၁၂ ရက်တွင် ဆုံးဖြတ်ခဲ့ကြသည်။

ရေရှားမယ် ကြိုပြင်ထားပါ

ယခုနှစ်သည် အယ်လ်နီညိုရာသီဥတုနှစ်ဖြစ်၍ ရာသီဖောက်ပြန်ခြင်းများ ကြုံတွေ့ရပေမည်။ (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))
ယခုနှစ်သည် အယ်လ်နီညို ရာသီဥတုကို ပြင်းထန်စွာခံစားရ မည့်နှစ်ဟု ပညာရှင်များက ခန့်မှန်းထားကြပြီး အယ်လ်နီညိုအား ကောင်းမှုကြောင့် မိုးနည်းကာအပူဒဏ်ကို ဆိုးရွားစွာခံစားရတော့မည်ဖြစ်သည်။

၂၀၁၅ ခရီးသွားအ၀င် ယခင်နှစ်ထက် ထက်ဝက်ကျော်တိုး

မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားသားများ။ (ဓာတ်ပုံ-နစ်ကီ)
၂၀၁၅အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည် ၄ဒသမ၇သန်းအထိ လာရောက်လည်ပတ်ခဲ့ပြီး ယမန်နှစ်ကထက် ၅၀ရာခိုင်နှုန်းကျော် တိုးတက်ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

လူသားအရင်းအမြစ် စိန်ခေါ်မှု ရင်ဆိုင်နေရသော အာရှဒေသ

(ဓာတ်ပုံ-THE straits times)
အာရှဒေသသည် လူသားအရင်းအမြစ်စိန်ခေါ်မှုဖြင့် ရင်ဆိုင်နေရပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်သုံးခုအတွင်း လုပ်သားအင်အားအရွယ်အစားနှင့် အရည်အသွေးတိုးတက်လာမှုများသည် အာရှဒေသကို ကမ္ဘာ့ကုန်ထုတ် ရောင်းဝယ်ဖောက်ကားမှု၏ ဗဟိုချက်ဖြစ်လာစေခဲ့သည်။ ယင်းနှင့်အတူ ဖွံ့ဖြိုးပြီး စီးပွားရေးအဆင့် အတန်းဝင်ငွေနှင့် လူနေမှုအဆင့်အတန်းဆီသို့ လျင်မြန်သော တိုးတက်မှုများကို ထိန်းသိမ်းနိုင်ခဲ့သည်။ သို့သော်အလုပ်သမားဈေး ကွက်လိုအပ်ချက်များကို လုပ်သားများ ဖြည့်ဆည်းနိုင်မှု လျော့ပါးလာနေသည်ဖြစ်ရာ အာရှဒေသက ရရှိခဲ့သည့် ထူးခြားသော ဖွံ့ဖြိုးတိုး တက်အောင်မြင်မှု လမ်းလွဲသွားနိုင်ပါသည်။

အစိုးရသစ်လက်ထက်တွင် ဝင်လာမည့် ရင်းနှီးမြှုပ်နှံမှုများက အလုပ်အကိုင်ရှားပါးမှုကို ဖြေရှင်းနိုင်

ရန်ကုန် MICT Park ၌ ဇန်န၀ါရီ ၁၆၊ ၁၇ ရက်များတွင် ပြုလုပ်ခဲ့သော အလုပ်အကိုင်ပြပွဲသို့ လာရောက်ကြသူများ။ (ဓာတ်ပုံ - ကျော်ဇင်သန်း)
ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု ဖြေရှင်းရန် အစိုးရသစ်လက်ထက်ဝင်ရောက်လာမည့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုအပေါ်မူတည်နေကြောင်း အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှု လုပ်ငန်းကျွမ်းကျင်သူများက
ပြောသည်။

ရှေးဟောင်းမင်းလှခံတပ်သို့ ရေကြောင်းခရီးစဉ်မှ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့လာ

မင်းလှခံတပ်သို့ လာရောက် လည်ပတ်နေသည့် ကမ္ဘာလှည့် ခရီးသွားများကို ဇန်န၀ါရီလလယ်က တွေ့ရစဉ်
ပွင့်လင်းရာသီကာလတွင် မကွေးတိုင်း ရှေးဟောင်းမင်းလှခံတပ်သို့ ရေကြောင်းခရီးစဉ်မှ ကမ္ဘာလှည့်ခရီးသွား လာရောက် လေ့လာကြကြောင်း၊ မကွေးတိုင်းဒေသကြီး မင်းလှမြို့ရှိ ရှေးဟောင်းမင်းလှခံတပ်သို့ ၂၀၁၅ ခုနှစ်အတွင်း ဧရာဝတီမြစ်ကြောင်း ခရီးစဉ်မှ ကမ္ဘာလှည့် ခရီးသွား ၃၀၀၀ ကျော် ၀င်ရောက်ခဲ့ကြောင်း သိရသည်။

ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ တက္ကသိုလ် တစ်ခုကို အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်

ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ တက္ကသိုလ်တစ်ခုကို အကြမ်းဖက်သမားများက ဝင်ရောက်စီးနင်းတိုက်ခိုက်နေကြောင်း သိရှိရသည်။

စီးပွားရေး အဆင်မပြေသဖြင့် စကားများ ရန်ဖြစ်ရာမှ ခင်ပွန်းက ဇနီးကို ဓားဖြင့်ထိုးသတ်မှု ဗိုလ်တထောင်မြို့နယ်တွင် ဖြစ်ပွား

ဗိုလ်တထောင်မြို့နယ်တွင် လင်မယားချင်း စကားများရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ဗိုလ်တတောင် မြို့မရဲစခန်းက ဇန်န၀ါရီ ၁၉ ရက်တွင် စုံစမ်းသိရသည်။

'တူးပို့'စာလုံးအား သုံးစွဲနေမှု ရပ်တန့်မည်ဟု ထုတ်ပြန်ကြေညာ

Tuborg Beer ၏ 'တူးပို့'ဟူသော စာလုံးပေါင်းအား ဈေးကွက်တွင်း ဆက်လက်သုံးစွဲမှုကို ရပ်တန့်မည်ဖြစ်ကြောင်း Myanmar Carlsberg ကုမ္ပဏီက ဇန်န၀ါရီ ၁၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခွန်ပယ်ဖျက်ပေးရန် ဖရဲ၊ သခွားတောင်သူများ သက်ဆိုင်ရာသို့ တင်ပြမည်

ဈေးကွက်သို့ တင်ပို့မည့် ဖရဲသီးများ။ (ဓာတ်ပုံ-မျိုးမင်းဦး)
မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် ဖရဲ၊ သခွားစိုက်တောင်သူများ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခွန်ပယ်ဖျက်ပေးရန် သက်ဆိုင်ရာသို့ တင်ပြသွားမည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ် ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောသည်။

NLD အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးအကျဉ်းသား လုံးဝမရှိရေးကို ဦးစားပေးလုပ်ဆောင်မည်ဟု ဆို

ရွေးကောက်ပွဲရလဒ်များအရ အစိုးရဖွဲ့စည်းနိုင်ရေး ကြိုးပမ်းနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ အစိုးရသစ်လက်ထက်တွင် အကျဉ်းထောင်များ အတွင်း နိုင်ငံရေးအကျဉ်းသား လုံးဝမရှိရေးကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်ကပြောကြားသည်။

အရက်နာမကျသည့် အရက်တစ်မျိုး တီထွင်အောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယား မီဒီယာဖော်ပြ

မြောက်ကိုရီးယား သိပ္ပံပညာရှင်များက အရက်နာကျမှု လုံးဝမဖြစ်စေသည့် အရက်တစ်မျိုးကို တီထွင်လိုက်ကြောင်း ပြည်တွင်း မီဒီယာများ၏ အဆိုအရ သိရှိရသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသူ ပါးကွက်သား ဂျီဟတ်ဒီဂျွန် သေဆုံးပြီဟု အိုင်အက်စ် အတည်ပြု

အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွအဖွဲ့၏ နာမည်ဆိုးဖြင့်ကျော်ကြားသူ ပါးကွက်သား ဂျီဟတ်ဒီဂျွန် သေဆုံးသွားပြီဟု အိုင်အက်စ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြ၀တီမြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ

မြ၀တီမြို့တွင် ဇန်န၀ါရီ ၁၉ ရက် နံနက် ၈ နာရီခန့်က သေ နတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးကျည်ထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း မြ၀တ်ီ ခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မြောက်ဦး ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရန် ကျပ်သိန်းငါးထောင်ကျော် ခွင့်ပြု

မြောက်ဦး ရှေးဟောင်းဒေသရှိ ပြုပြင်ထိန်းသိမ်းရမည့် နန်းသားကန် (ဓာတ်ပုံ − မောင်ကံ)
၂၀၁၅-၁၆ ဘဏ္ဍာ နှစ်တွင် မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်း သိမ်းရေးလုပ်ငန်း ရှစ်ခု ဆောင် ရွက်ရန် ရခိုင်ပြည်နယ်အစိုးရအ ဖွဲ့ ရန်ပုံငွေမှ ကျပ်သိန်း ၅,၃၀၀ ကျော် ခွင့်ပြုထားကြောင်း သတင်းရရှိသည်။

အာဆီယံစွမ်းအင် ၀န်ကြီးများ အစည်းအဝေး မြန်မာနိုင်ငံတွင် ကျင်းပမည်

မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် အာဆီယံစွမ်းအင်ဝန်ကြီး များ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ယခုနှစ် အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။

မန္တလေး-မြစ်ကြီးနား စာပို့ရထားစက်ခေါင်း မီးလောင်

မန္တလေးမှ မြစ်ကြီးနား သို့ ထွက်ခွာလာသော အဆန်စာ ပို့ရထားသည် မိုးညှင်းဘူတာသို့ မရောက်မီ ကာဒူဘူတာအနီးတွင် ရထားစက်ခေါင်းမီးလောင်ခဲ့ပြီး လောင်ကျွမ်းချိန် နာရီဝက်ကြာ မြင့်ခဲ့ကြောင်း မန္တလေးတိုင်း ဘူ တာကြီးမှ သတင်းရရှိသည်။

လာမည့် လွှတ်တော်တက်မည့် အမတ်များတွင် Ph.D ဘွဲ့ရ ကိုးဦးနှင့် မူလတန်း တစ်ဦးပါဝင်

ဖေဖေါ်ဝါရီ ၁ ရက်တွင် ပြန်လည် စတင်မည့် ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ ကိုယ်စားလှယ်များ ပညာ အရည်အချင်းတွင် Ph.D ဘွဲ့ရ ကိုးဦးပါဝင်ပြီး မူလတန်း တစ်ဦးပါဝင်သည်ကို ကိုယ်စားလှယ်များ၏ အရည်အချင်းပြ ဇယားချုပ်တွင် တွေ့ရသည်။

ယခု ဘတ်ဂျက်နှစ် ကျန်းမာရေးအသုံးစရိတ် ၃ ဒသမ ၈၉ ရာခိုင်နှုန်းသာရှိ၊ ယခင်နှစ်ထက် ၀ ဒသမ ၀၂ ရာခိုင်နှုန်းလျော့ကျ

ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာနတွင် စောင့်ဆိုင်းနေသော လူနာများအား တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ကျန်းမာရေး အသုံးစရိတ်လျာထားချက်သည် ၃ ဒသမ ၈၉ ရာခိုင်နှုန်းသာရှိပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ထက် ၀ ဒသမ ၀၂ ရာခိုင်နှုန်း လျော့ကျသွား ကြောင်း သတင်းရရှိသည်။

အစိုးရချင်း သဘောတူညီမှုဖြင့် အင်ဒိုသို့ ဆန်တန်ချိန်ငါးသောင်း ရောင်းမည်

ပြည်ပသို့ တင်ပို့မည့် ဆန်များကို သယ်ဆောင်လာသော ဆန်အိတ်တင်ကားကြီးများ(ဓာတ်ပုံ−နစ်ကီ)
အစိုးရချင်း သဘောတူ ညီမှုဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ ဆန် တန်ချိန် ငါးသောင်းရောင်းချရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်မှ သတင်းရရှိ သည်။

ကလေးမြို့တွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ ဖွင့်မည်

ကလေးမြို့တွင် သူနာပြု နှင့် သားဖွားသင်တန်းကျောင်းများ မကြာမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သ တင်းရရှိသည်။

နိုင်ငံတွင်း စိတ်လုံခြုံမှုမရှိလျှင် သိက္ခာမဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

တရားဥပဒေစိုးမိုးရေးသည်နိုင်ငံတွင်းစိတ်လုံခြုံမှု မရှိလျှင် သိက္ခာမဲ့သည့်နိုင်ငံရေးဟု ပြောရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းက (ILAM) ဖွင့်လှစ်သော အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

သတ်မှတ်နှုန်းထက် ပိုရောင်းသည့် စက်သုံးဆီဆိုင်များကို သတိပေးမည်ဖြစ်သော်လည်း အရေးယူရန် အစီအစဉ်မရှိ

စက်သုံးဆီဈေးနှုန်းသတ် မှတ်ချက်ထက် ပိုမိုရောင်းချသည့် ဆိုင်များကို သတိပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။နိုင်ငံတကာတွင် ရေနံစိမ်း ကျဆင်းနေပြီး ပြည်တွင်း စက်သုံးဆီဈေး လိုက်ပါကျဆင်းမှုမရှိသည့်အတွက် ဈေးနှုန်းလျှော့ချ ရောင်းချနိုင်ရန် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က ဇန်န၀ါရီ ၁၈ ရက်တွင် အမြင့်ဆုံး ရောင်းချသင့်သည့် နှုန်းထားကိုအခြေခံသတ်မှတ်ပေးခဲ့သည်။

မြန်မာအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံနေရမှု ဖော်ထုတ်သည့် ဗြိတိန်နိုင်ငံသားကို ထိုင်းစက်ရုံတရားစွဲ

ထိုင်းနိုင်ငံရှိ စည်သွတ် စက်ရုံတစ်ခုတွင် မြန်မာကလေး လုပ်သားများ စေခိုင်းမှုနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံ နေရမှုများရှိနေသည့်အကြောင်း အစီရင်ခံစာရေးသားသည့် ဗြိတိန် နိုင်ငံသားကို အဆိုပါ စက်ရုံက အသရေဖျက်မှုဖြင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။