Tuesday 3 February 2015

တိုင်းရင်းသား ဘာသာများကို ကျောင်းသုံး အသုံးပြုရန် တောင်းဆို

တိုင်းရင်းသား ဘာသာစကားများကို သက်ဆိုင်ရာဒေသအလိုက် ကျောင်းသုံး ဘာသာစကားအဖြစ် အသုံးပြုပေးရန် မွန်ပြည်နယ် ကျောင်းသားများ သမဂ္ဂက ပြည်ထောင်စု အစိုးရထံ ဖေဖော်ဝါရီလ ၁ ရက် တွင် တောင်းဆို လိုက်သည်။

နှလုံးသားပုံ ရိ(ဒ်) ရေကန် (သို့မဟုတ်) ချင်းတောင်တန်းပေါ်က အံ့ဖွယ်အလှတရား

ချင်းပြည်နယ်ရဲ့ လှပတဲ့ ရိ(ဒ်) ရေကန် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
အိန္ဒိယ-မြန်မာ နယ်စပ်၊ ချင်းပြည်နယ်ထဲက စိမ်းညို့ညို့တောင်တန်းကြီးတွေရဲ့ အလယ်မှာ ပြုပြင်ခြင်း မရှိဘဲ သဘာဝအတိုင်း နှလုံးသားပုံ ပုံသဏ္ဌာန် ဖြစ်တည်နေတဲ့ ရိ(ဒ်) ရေကန်ဟာ မြင်ရသူ အဖို့တော့ အံ့ဖွယ်အလှတရားလို့ စိတ်ထဲမှာ မြင်မြင်ချင်း ရေရွတ်မိပါလိမ့်မယ်။

ရာသီဥတုအပြောင်းအလဲတွင် အအေးမိခြင်း ကုသရန် အိမ်သုံးနည်းလမ်းများ

ဆောင်းရာသီမှ နွေရာသီသို့ ပြောင်းတော့မည့်အချိန်တွင် ရာသီဥတုရောနှောနေမှုကြောင့် ချောင်းဆိုးခြင်း၊ အအေးမိခြင်းကဲ့ သို့ ကျန်းမာရေးပြဿနာများ အမြဲဖြစ်လေ့ရှိသည်။ ယင်းသို့ ဖြစ် တတ်သည့်အကြိမ်တိုင်း ဆေးဝါးများဖြင့် ကုသရန်ချည်းသာ အကြံ ပြု၍မရပေ။ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများမှာ ဥပေက္ခာပြု ၍ မရနိုင်သောကြောင့်ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးများမရှိသော လွယ်ကူ ရိုးရှင်းစွာ ကုသနိုင်မည့် အိမ်သုံး နည်းလမ်းအချို့ကို ဖော်ပြပေး လိုက်ပါသည်။

ထိပ်တန်းသံတမန်တစ်ဦးလွှတ်ပေးရေး ဖိတ်ကြားသည်ကိုအမေရိကန်က ငြင်းပယ်ဟု မြောက်ကိုရီးယားကဆို

မြောက်ကိုရီးယားသို့ ထိပ်တန်း သံတမန်တစ်ဦး စေလွှတ်ပေးရန် ဖိတ်ကြားသည်ကို အမေရိကန်ပြည် ထောင်စုက ငြင်းပယ် သည်ဟုမြောက် ကိုရီးယားက ဖေဖော်ဝါရီ ၁ ရက်၌ ပြောကြားလိုက်သည်။

Super Bowl halftime ရှိုးမှာ တေးသံရှင်ကေတီပယ်ရီကထူးခြားတဲ့ တင်ဆက်မှုတွေနဲ့ ဖျော်ဖြေခဲ့

အရီဇိုးနားပြည်နယ် ဂလန်ဒယ် မှာရှိတဲ့ Univetsity of Phoenix အားကစားကွင်းမှာပြုလုပ်တဲ့ Super Bowl halftime ရှိုးပွဲမှာ တေးသံရှင် ကေတီပယ်ရီဟာ အကအလှများနဲ့ အတူ ထူးခြားတဲ့ ဖျော်ဖြေ တင်ဆက် မှုတွေ လုပ်ခဲ့ပါတယ်။

မန္တလေးခရိုင်အတွင်း ၂၀၁၄ ခုနှစ်တွင် မုဒိမ်းမှု အရေအတွက် တိုးလာဟု ဆို

မန္တလေးခရိုင်၊ ခုနစ်မြို့နယ်တွင် ၂ဝ၁၄ ခုနှစ်အတွင်း မုဒိမ်းမှုသည် ယခင်နှစ်များထက် ကျဆင်းသွားခြင်း မရှိဘဲ တိုးလာခဲ့သည်ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လေးပွင့်ဆိုင် တွေ့ဆုံမှုရွှေ့ဆိုင်းလိုက်၍ ထားဝယ် သပိတ်စစ်ကြောင်း ဖေဖော်ဝါရီ ၄ ရက်စမည်

အမျိုးသား ပညာရေး ဥပဒေအတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ စိန်ရတုခန်းမတွင် ဖေဖော်ဝါရီလ ၁ ရက် နေ့က တွေ့ဆုံနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
လေးပွင့်ဆိုင် တွေ့ဆုံပွဲကို သမ္မတက ဖေဖေါ်ဝါရီ ၁၂ရက် နောက်ပိုင်းကို ရွှေ့ဆိုင်းသည့် အတွက် ထားဝယ် ကျောင်းသားသပိတ် စစ်ကြောင်းသည် ဖေဖေါ်ဝါရီ ၄ ရက်တွင် ပြန်လည်စတင်မည်ဟု ထားဝယ် နည်းပညာ တက္ကသိုလ်မှ သပိတ်ခေါင်းဆောင် ကိုမင်းလွင်က မဇ္ဈိမကို ပြောသည်။

မွန်ပြည်နယ်၊ ခေါဇာမြို့တွင် ဒေါ်လာ ၁၂သန်းတန် အပန်းဖြေစခန်း တည်ဆောက်မည်

မွန်ပြည်နယ်၊ ခေါဇာမြို့တွင် ကန်ဒေါ်လာ ၁၂သန်းတန် အပန်းဖြေစခန်းတည် ဆောက်ရန် မွန်ပြည်နယ် အစိုးရ အဖွဲ့နှင့် စီမံကိန်းအကောင်အထည် ဖော်မည့် ကုမ္ပဏီတို့ ညှိနှိုင်းမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း မွန်ပြည် နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

လေးပွင့်ဆိုင် ဆွေးနွေးရေးကို အစိုးရက ငြင်းတာမဟုတ်ဘူးလို့ပြော


အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲကို အစိုးရက ငြင်းပယ်တာ မဟုတ်ဘဲ ရွေ့ဆိုင်းလိုက်ခြင်းသာ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်သူ ဦးဇော်ဌေးက သူရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

ဗြိတိန်တွင် ကလေးအဝလွန်မှုဖြစ်နှုန်းတန့်နေ

ကလေးမျာအဝလွန်မှုနှုန်း မြင့်တက် လျက်ရှိကြောင်း၊ ကလေးသုံးယောက်လျှင် တစ်ယောက်အဝလွန် နေကြောင်း၊ အသက် ၁၁ နှစ်မှ ၁၉နှစ်အရွယ်တွင် အဝလွန်မှုနှုန်း အတက်အကျမရှိဘဲ တန့်နေကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြနေသည်။

မန္တလေးရှိ ရေမီတာနှင့် ကျုံးရေခွန်များ ဧပြီလ ၁ ရက်နေ့မှစကာ တိုးမြှင့် ကောက်ခံမည်

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပေးဝေလျက်ရှိသည့် ရေခွန်များကို ဧပြီလ ၁ ရက်နေ့မှ စကာ တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရေခွန်ဌာနခွဲ ဌာနခွဲမှူး ဦးတင်စိုးက ပြောကြားသည်။

ပန်းပန်တဲ့သူ

ဒေါ်အောင်ဆန်းစုကြည်နှင့် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်တို့ကိုအတူတွေ့ရစဉ်
ဗိုလ်ချုပ်အောင်ဆန်းကွယ် လွန်ပြီးသည့်နောက်မှာ ဒေါ်ခင်ကြည်က သားသမီးတွေအတွက် အခြေအနေ တွေ ပုံမှန်ပြန်ဖြစ်လာရန် ကြိုးစားအားထုတ်ခဲ့သည်။

အရေးပေါ်အခြေအနေ သတိပေးချက်ကြောင့် ရန်ကုန်မြို့လယ် အထပ် ၂၀ မြင့် ဆာကူရာတာဝါမှ လူများ ဝရုန်းသုန်း ကား ဆင်းပြေးခဲ့ရ

ရန်ကုန်မြို့လယ်မှ အထပ် ၂ဝရှိ ဆာကူရာတာ ဝါ တွင် ဖေဖော်ဝါရီ ၂ ရက် နေ့လယ် ပိုင်းက အရေးပေါ် အခြေအနေ အချက်ပြကိရိယာမှ သတိပေးချက်ကြောင့် တာဝါပေါ်မှလူများ ကြောက်ရွံ့ထိတ် လန့်ပြီး ဝရုန်းသုန်းကားဆင်းပြေးခဲ့ ရသည့်ဖြစ်ရပ် တစ်ခုဖြစ်ပေါ်ခဲ့ သည်ဟု ကျောက် တံတားရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဝင်းတင်က ပြောသည်။

Father Land ငွေကြေးလိမ်လည်မှု နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေး

ကျပ်သိန်းထောင်ချီ ငွေကြေးလိမ်လည်မှု၊ စာရွက်စာတမ်းအတု ပြုလုပ်မှုဖြင့် တရားစွဲခံထားရသော ကုမ္ပဏီ ပိုင်ရှင် ဦးကျော်မြင့်ထံမှ တိုက်ခန်း ဝယ်ယူထားသူများနှင့် ရှယ်ယာထည့်ဝင်သူများ၏ နစ်နာကြေးငွေများကို ဖြေရှင်းပေးရန်မှာ ကျပ်သန်းသိန်းချီနေသောကြောင့် ကုမ္ပဏီပိုင်ရှင်နှင့် နစ်နာသူများကို ဇန်နဝါရီ လကုန်ပိုင်းက စတင်ပြီး အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးနေကြောင်း အစစ်ဆေးခံရသူများထံမှ စုံစမ်းသိရှိရသည်။

ပညာရေး ဆွေးနွေးပွဲတက် အင်န်အယ်လ်ဒီ ဗဟိုကော်မတီဝင် ပါတီကို ကိုယ်စားမပြုဟု ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်သည့် ဒေါက်တာ သိန်းလွင်ကို အဖွဲ့ချုပ်က အရေးယူရန် ဆက်လက်ဆောင်ရွက်မည့်ဟု ထုတ်ပြန်ချက်အပေါ် လေးပွင့်ဆိုင်တွေ့ဆုံရေးကို နှောင့်နှေးစေသည့်အတွက် ကန့်ကွက်ကြောင်း ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ဖေဖော်ဝါရီ ၂ ရက် ထုတ်ပြန် သတိပေးခဲ့သည်။

White card ကိုင်ဆောင်သူများ မဲပေးခွင့် သမ္မတ သဘောထားအတိုင်း လွှတ်တော် အတည်ပြု

(ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်သူများအား မဲပေးခွင့်ပြုရန် သမ္မတ၏ သဘောထားအတိုင်း ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အောင်မြင်ဖို့ရာ

လတ်တလော ပြဿနာများ ပဋိပက္ခများတွင် အဘက်ဘက်မှ တွေ့ဆုံဆွေးနွေးဖို့ရာ တောင်းဆိုနေသည်ကို မကြာခဏ ကြားသိနေကြရသည်။

ဗိုလ်ချုပ်ပုံတူ ဆီလီကွန်ရုပ်တု နတ်မောက်မြို့သို့ ပို့ဆောင်မည်

မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူ ဆီလီကွန် ရုပ်တုကို ရန်ကုန်မြို့တော်မှ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့သို့ သယ်ဆောင်မည် ဖြစ်ရာ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် နတ်မောက်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း အဆိုပါရုပ်တုကို လာရောက်သယ်ဆောင်သော နတ်မောက် မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသောင်းရွှေက The Voice သို့ ပြောကြားသည်။

အပစ်ရပ်စာချုပ် လက်မှတ်ထိုးနိုင်ရေး တိုင်းရင်းသား ခေါင်းဆောင်အချို့ ဆွေးနွေး

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ရေးနှင့် ပတ်သက်၍ ဝပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSP) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း လေးဖွဲ့တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု တက်ရောက်သူများက ပြောသည်။

မင်္ဂလာဒုံတွင် ခရီးသည်မီနီဘတ်စ်ယာဉ်တစ်စီး မီးလောင်၊ ထိခိုက်ဒဏ်ရာရသူမရှိ

မီးလောင်ကျွမ်းသွားသော မီနီဘတ်စ်ယာဉ် (ဓာတ်ပုံ − ဖိုးတုတ်(လှည်းတန်း)) 
ရန်ကုန် - တိုက်ကြီးပြေးဆွဲသော ခရီးသည်တင်မီနီဘတ်စ်တစ်စီး မင်္ဂလာဒုံမြို့နယ် စာတိုက် မှတ်တိုင်အနီး ဖေဖော်ဝါရီ ၂ ရက် ညနေ ၄ နာရီခွဲခန့်တွင် တစ်စီးလုံး နီးပါး မီးလောင်ခဲ့ကြောင်း သတင်းရရှိသည်။

မအူပင်-ဒလပြေးဆွဲသည့် ပန်းရိုးမယာဉ်ဘရိတ်ပေါက်၊ လမ်းဘေးသစ်ပင်ဝင်တိုက်၍ လေးဦးသေဆုံး

ယာဉ်ပေါ်ပါရှိသူများကို လူနာတင်ယာဉ်ဖြင့် သယ်ယူရန် စီစဉ်နေစဉ် (ဓာတ်ပုံ − မအူပင်သတင်းပုံရိပ်)
မအူပင်-ဒလပြေးဆွဲ သော ပန်းရိုးမအမြန်မော်တော် ယာဉ်သည် ဇန်န၀ါရီ ၂ရက် နေ့ လယ် ၃နာရီခွဲခန့်တွင် မအူပင်မြို့ သို့ အသွား မအူပင်တွံတေး ကား လမ်း မလက်တိုကျေးရွာသို့အ ရောက်၌ ဘရိတ်ပေါက်ကာ လမ်းဘေးသစ်ပင်နှင့်ဝင်တိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဗိုလ်ကြီးတစ်ဦးကို မူးယစ်ဆေးမှုဖြင့် ဘားအံ မြို့မရဲစခန်းတွင် ဖမ်းဆီး

ဘားအံမြို့အခြေစိုက် အစိုးရတပ်မတော်ခြေမြန်တပ် ရင်းအမှတ် (၂၀၁)မှဗိုလ်ကြီးတစ် ဦးကို မူးယစ်ဆေး အမှုဖြင့် ဘား အံမြို့မရဲစခန်းကဖမ်းဆီးလိုက် ကြောင်းသတင်းရရှိသည်။

အရှင်မဟာကဿပ နဲ့ အလောင်းတော်ကဿ ပ အတူတူပဲလား

- ဆရာတော်အရှင်သူမြတ်ဘုရား၊
အရှင်မဟာကဿပ မထေရ်ကြီး ပရိနိဗ္ဗာန်စံပုံကို သိလိုပါသည် အရှင်ဘုရား။
မဟာဗုဒ္ဓဝင်ကျမ်းမှာ အရှင်မဟာကဿ ပဟာ ပထမသင်္ဂါယနာကို ဦးဆောင်တင်တော် မူပြီးနောက် သက်တော် ၁၂ဝ မှာ ပရိနိဗ္ဗာန်စံတော်မူကြောင်းသာပါရှိပြီး ဘယ်နေရာမှာ ဘယ်လိုပရိနိဗ္ဗာန်စံသည်၊ မည်သူတွေက ဈာပနဆောင်ရွက်သည်ဟုမပြဆိုပါ။

American နိုင်ငံ Santa Monica Beach မှာ Wedding လေး စီစဉ်ထားပါတယ်တဲ့

ဥက္ကာကျော်နဲ့ ဆုပန်ထွာတို့က ဇန်နဝါရီလ ၂၉ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ်မှာ မင်္ဂလာလက်မှတ် ရေးထိုးခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာတော့ Santa Monica Beach မှာ Beach Wedding ပြုလုပ်သွားမှာ ဖြစ်ကြောင်း American နိုင်ငံမှာ ရောက်ရှိနေတဲ့ ကိုဥက္ကာကျော်က ပြောပြပါတယ်။ ” ဒီမှာ ကျွန်တော်တို့ လက်မထပ်ခင်မှာ အမေရိကန်တရားရုံးမှာရထားတဲ့ Divorce Paper ကို certified copy လုပ်ပြီး LA က လူကြီးများနဲ့ ပန်ပန်ကို ပြပါတယ်။ ဒီမှာလာပြီး လက်ထပ်ရတာက ကျွန်တော်က American Citizen ဖြစ်နေတာက တစ်ကြောင်း၊ American နိုင်ငံမှာက တစ်ယောက်ကို တရားဝင်ကွဲထားပြီးတာ သေချာမှ နောက်တစ်ယောက်ကို ထပ်ပြီး အိမ်ထောင်ပြု ခွင့်ရှိတယ်။ American နိုင်ငံမှာ ၂ဝ၁၄ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မှာ ကျွန်တော်က တရားဝင်အရင်မိန်းမနဲ့ကွာရှင်းပြတ်စဲပြီး တရားသူကြီးဆီက တရားဝင်ကွာ ရှင်း ကြောင်းရခဲ့တယ်။ Case Number FAMRS 1300889 ကိုလည်း American နိုင်ငံမှာနေတဲ့ မည်သူမဆို San Bertino Superior Court of California မှာ လာေ ရာက်ကြည့်ရှုလို့ရကြောင်း ပြောပါတယ်။ ကျွန်တော်တို့က American နိုင်ငံမှာလာပြီးလက်ထပ်တယ်။ Wedding လုပ်မယ်ဆိုတာကလည်း ကျွန်တော့်ရဲ့ဂုဏ်သိက္ခာရော၊ ပန်ပန်ရဲ့ ဂုဏ်သိက္ခာအတွက်ပါ ပါပါတယ်။ 

ပျောက်ဆုံးနေသည့် မလွန်ဘန်ခါးရွာသား လေးဦး၏ ရုပ်အလောင်းများ တွေ့ရှိ

ရှမ်းပြည်မြောက်ပိုင်း နမ့်ဖတ်ကာ – မူဆယ် လမ်းမဘေးရှိ မလွန်ဘန်ခါး ကျေးရွာမှ ပျောက်ဆုံးနေသော ကချင်အမျိုးသား ၄ ဦး၏ မီးလောင်ကျွမ်းထားသည့် ရုပ်အလောင်းများကို ဒေသခံများ ယမန်နေ့က တွေ့ ရှိခဲ့ကြောင်း သိရသည်။

နိုင်​ဂျီး​ရီးယားသမ္မတ ဟောပြော​ပွဲ​အပြီး မ​ကြာ​ခင်​မှာ​ပဲ ဗုံးကွဲ

သမ္မတ ရွေးကောက်ပွဲ နီးလာချိန်မှာ ဘိုကိုဟာရမ် တွေ ရဲ့ တိုက်ခိုက်မှု တွေ တိုးမြှင့် လာနေပါတယ်။ နိုင်ဂျီးရီးယား နိုင်ငံ မြောက်ပိုင်း ဂွန်မ်ဘေး မြို့ ရဲ့ အားကစားဝင်း အပြင်ဘက် မှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ခဲ့လို့ လူ ၃ ဦး သေဆုံး ပြီး ၁၈ ဦး ဒဏ်ရာ ရ သွားပါတယ်။ သမ္မတ ဂွဒ်လပ်ခ် ဂျော်နသန် ရဲ့ ရွေးကောက်ပွဲ မဲဆွယ် ဟောပြောမှု ပြုလုပ်အပြီး များမကြာခင် မှာပဲ အခုလို ဗုံးကွဲ ခဲ့တာ ဖြစ်ပါတယ်။

ပညာရေး ဥပဒေ ပြင်ဆင်နိုင်ဖို့ လွှတ်တော်ထဲက အများစု လက်ခံမှ ဖြစ်မယ်

ကျောင်းသားတွေ ရဲ့ တောင်းဆိုချက် ၁၁ ချက် ဟာ ပြေလည်စရာ အများကြီး ရှိနိုင်ကြောင်း ၄ ပွင့်ဆိုင်ထဲ ပါတဲ့ လွှတ်တော် အမတ်က ပြောပါတယ်။

ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက် မှတ်ရေးထိုးနိုင်မလား..?

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လာမည့်ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးလိုကြောင်း ပြီးခဲ့သည့် လွတ်လပ်ရေးနေ့၌ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များထံ ကမ်းလှမ်းမှု ပြု လုပ်ခဲ့ပါသည်။ ယခုလည်း ပြည်ထောင်စုနေ့ရောက်ရှိရန် ရက်ပိုင်းသာ လိုတော့ သည့်အချိန်တွင် အပစ်ရပ်ရေးနဲ့ ပတ်သက်ပြီး အပြုသဘောဆောင်သော စကားများ ကြားနေရသလို အပျက်သဘောသက်ရောက်သော စကားများက လည်း ထွက်ပေါ်လာပါသည်။ အပစ်ရပ် လက်မှတ်ထိုးနိုင်ရေးကို အများစုကတော့ ထိုနေ့တွင် အမှန်တကယ် ဖြစ်မြောက် စေချင်သောဆန္ဒရှိနေကြ ပါသည်။

White Card ကိုင်သူတွေကို မဲပေးခွင့်ပြုဖို့ ပြည်ထောင်စု လွှတ်တော် ဆုံးဖြတ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒခံယူပွဲတွေ ကျင်းပရာမှာ ယာယီသတ်သေခံ လက်မှတ် (White Card) ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့် ပြုဖို့ ပြည်ထောင်စု လွှတ်တော်က ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ 

ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်း ရန်ကုန်သို့ ယနေ့စတင်ချီတက်

ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်း စုရုံးနေစဉ်(ဓာတ်ပုံ - သက်ဆွေ)
အမျိုးသားပညာရေး ဥပဒေဆွေးနွေးသော ကျောင်းသားများကို အားပေးသည့်အနေဖြင့် ဧရာဝတီ ကျောင်းသားသပိတ် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၃ ရက်တွင် ပုသိမ်မှ ရန်ကုန်သို့ ခြေလျင်ချီတက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြစ်ကြီးနားတွင် ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည့်အစီအစဉ် ဆိုင်းငံ့ပေးရန် တောင်းဆို

ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဗိုလ်ချုပ် ပုံတူ ကြေးရုပ်တုထားရှိမည့် အစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားရန် ကချင်အမျိုးသားများ အတိုင်ပင်ခံ အဖွဲ့က ကချင်ပြည်နယ် ၀န်ကြီးချုပ်ထံ စာပေးပို့ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။

အစိုးရအနေဖြင့် အချို့မြို့နယ်များနှင့် ကျေးရွာများတွင် ပါတီအမည်တပ်၍ မြို့အမည်၊ ကျေးရွာအမည်များ ဆိုင်းဘုတ်တင်ထားခြင်းကို တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်း ပြည်ထဲရေးဒုဝန်ကြီးပြောကြား

ဖေဖော်ဝါရီ ၂ ရက်က ကျင်းပသော ပြည့်သူ့လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မေးခွန်းမေးမြန်းရာတွင် ပရိုဂျက်တာဖြင့်ပြသသည့် ပုံကိုတွေ့ရစဉ်
နိုင်ငံတော်အစိုးရအနေဖြင့် အချို့မြို့နယ်များနှင့် ကျေးရွာများတွင် ပါတီအမည်တပ်၍ မြို့အမည်၊ ကျေးရွာ အမည်များအား ဆိုင်းဘုတ်တင်ထားခြင်းကို တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကပြောကြားသည်။

အတားအဆီးများကို ရင်ဆိုင်ရန် ပြင်ဆင်ထားဟု သပိတ်မှောက် ကျောင်းသားများ ပြော

အစိုးရက လုံခြုံရေး တာဝန်မယူနိုင်ဟု ပြောဆိုသောကြောင့် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် ကျောင်းသားများသည် ကြုံတွေ့နိုင်သည့် အတာအဆီးများနှင့် အဆိုးဆုံးကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားကြောင်း သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များက ပြောသည်။

ကမ္ဘာ့နိုင်ငံများတွင် ကျောက်မီးသွေးသုံးစွဲမှုကို စီမံချက်ဖြင့် လျှော့ချနေချိန် မြန်မာနိုင်ငံအနေဖြင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ နောက်ထပ် ၁၀ ရုံ တိုးမြှင့်တည်ဆောက်ရန် စီစဉ်

ကျောက်မီးသွေးစက်ရုံတည်ဆောက်ရန် လျာထားသည့် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်အတွင်းရှိ ငရုတ်ကောင်းဒေသအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်မျိုး)
ကမ္ဘာ့နိုင်ငံများတွင် ကျောက်မီးသွေးမှ လောင်စာထုတ်ယူသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ရင်ဆိုင်လာရသည့်နည်းတူ ကျန်းမာရေးဆိုင်ရာ ထိခိုက်သက်ရောက်မှုများ ကြုံတွေ့ လာရ သဖြင့် ကျောက်မီးသွေးသုံးစွဲမှုအား စီမံချက်ဖြင့်  လျှော့ချနေချိန်တွင် မြန်မာနိုင်ငံအနေဖြင့်မူ  ကျောက်မီး သွေးသုံး ဓာတ်အားပေးစက်ရုံ နောက်ထပ် ၁ဝ ရုံ တိုးမြှင့်တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။