Friday 14 September 2012

တရုတ်နိုင်ငံသို့ စာသွားသင်သည့် မြန်မာ ကျောင်းသားများ စက်လှေမှောက်၍ပျောက်ဆုံးနေ



တရုတ်နိုင်ငံသို့ မဲခေါင်မြစ်ဖြတ်၍ ကျောင်းသွားတက် သည့် မြန်မာ ကလေးငယ် ၁၄ ဦးမှာ ၂-၉-၂၀၁၂ ရက်က စက်လှေ နစ်၍ သေဆုံး ခဲ့ရကြောင်း ၅-၉-၂၀၁၂ ရက်က သိရသည်။ တရုတ်-မြန်မာ နယ်စပ်အနီးရှိ မိုင်းလား ၄ နယ်မြေမှ ကလေးငယ်များဖြစ်ပြီး တရုတ်နိုင်ငံသို့ အပတ်စဉ် တနင်္ဂနွေမှ သောကြာနေ့အထိ သွားရောက်ကာ စာသင်ကြားနေသော မြန်မာကျောင်းသားများ ဖြစ်ပြီး ၎င်းတို့ စီးနင်းလာသော စက်လှေမှာ ခရီးသည် ၃၀ ကျော် ပါဝင်ပြီး ၂၂ ဦးမှာ သေဆုံးခဲ့ရသည်ဟု သိရသည်။

မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ ♥



ကျောင်းတက်တဲ့ အချိန်တုန်းက…
ကျွန်တော် “မေ ပိုက်ဆံမရှိတော့ဘူး၊ ငွေလွဲပေးပါဦး။”
အမေ “ဘယ်လောက်ယူမှာလဲ?”
ကျွန်တော် “ ၂ သောင်း”
အဖေ “ ၃သောင်းလွဲပေးလိုက်၊ ဒီကောင်ကျောင်းမှာဇယားတွေရှုပ်တယ်၊ ကျန်းမာရေးလဲဂရုစိုက်ဦး။”
ကျွန်တော် “သားအတန်းတက်တော့မယ်၊ ငွေမြန်မြန်လွဲပေးနော်။”
နောက်နေ့ ငွေ ၅သောင်းလွဲလာပေးခဲ့တယ်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖြစ်သော စက်တင်ဘာ ၂၁ ရက်တွင် စစ်ပွဲများရပ်တန့်ရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ဆန္ဒထုတ်ဖော်ပွဲများ ကျင်ပသွားမည်ဖြစ်ကြောင်း သတင်းရရှိ


"ရန်ကုန်က လူနှစ်ရာ့ငါးဆယ်လောက်နဲ့ နေပြည်တော်ကို နေ့ချင်းပြန်သွားမယ်။ သမ္မတအိမ်တော်ရယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့တွေမှာ လူထုဆန္ဒထုတ်ဖော်ပွဲလုပ်မယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေရပ်ဖို့ တောင်းဆိုမယ်" ဟုကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်အက်စတာက စက်တင်ဘာ ၁၄ ရက်တွင် မီဒီယာများအား ရှင်းလင်းပြော ကြားသည်။

နိုင်ငံတခုရဲ့ စံတန်ဘိုးတွေဟာ နယ်ကျော်သွားရင် တခြားသူအတွက် ပြသာနာတွေ တက်နိုင်သလား။



အမေရိကန်နိုင်ငံသားတဦး ရိုက်ကူးပြသနေတဲ့ " Desert Warriors" ရုပ်ရှင်ကားအပေါ် အာရပ်ကမ္ဘာက မကြေမနပ် ဖြစ်နေပြီး အရှေ.အလယ်ပိုင်းမှာ နိုင်ငံတိုင်းနည်းပါ အမေရိကန် ဆန်.ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်နေပါသည်။ ဒီအခြေအနေဟာ အမေရိကန် အစိုးရအတွက် ရတက်မအေးရတဲ့ အခြေ အနေပါ။ အမေရိကန် သံတမန်နဲ. အမေရိကန် အကျိုးစီးပွားတွေကို လုံခြုံဖို. တဖက်က ကာ ကွယ်ပေးဖို. ကြီးမားတဲ့ လုံခြုံရေး ခြိမ်းခြောက်မှုဖြစ်နေသလို တဖက်မှာလည်း အမေရီကန် အကျိုးစီးပွားတွက် အာရပ်နိုင်ငံတချို.နဲ. ဆက်ဆံရေးတွေ တင်းမာ ပျက်ဆီးမှာကိုလည်း စိုးရိမ် နေရတာပါ။

အီဂျစ် ဝန်ကြီးချုပ်ဟောင်း လာဘ်စားမှုဖြင့် ထောင် ၃ နှစ်ချခံရ



အီဂျစ် နိုင်ငံရှိ တစ်ချိန်က ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ Ahmed Nazif မှာ သမ္မတ ဟိုစနီမူဘာရက် လက်ထက်တွင် တရားမဝင်သည့် ငွေကြေး အမြတ်အစွန်းများ ရရှိအောင် လုပ်ဆောင်ခဲ့မှုဖြင့် တရားစွဲဆို ခံခဲ့ရကာ ကြာသပတေး နေ့က ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်သည်။

မြန်မာစစ်တပ်နဲ့ ညှိနှိုင်းဖို့ အမေရိကန်ကို တိုက်တွန်း

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ပိုပြီးတိုးမြှင့် ဆောင်ရွက်နိုင်ဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့   မြန်မာ့ တပ်မတော်နဲ့ ညှိနှိုင်းဆောင်ရွက် သင့်တယ်၊ တရုတ်နိုင်ငံနဲ့ ပူးတွဲဆောင်ရွက် သင့်တယ်၊ ပြီးတော့ မြန်မာနိုင်ငံ အပေါ် ချမှတ် ထားတဲ့ ဒဏ်ခတ် အရေးယူမှု တွေကိုလည်း လျှော့ချသင့်တယ်လို့ ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (Center for Strategic and International Studies – CSIS) က တိုက်တွန်းလိုက်ပါတယ်။

CSIS က တာဝန်ရှိသူတွေဟာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှု တွေကို လေ့လာစူးစမ်းဖို့ အတွက် သြဂုတ်လအတွင်းက မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီးပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ အပါအဝင်    ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်း ညှိနှိုင်းဆောင်ရွက်မှုတွေ လိုအပ်တယ်လို့ အစီရင်ခံ တင်ပြခဲ့တာပါ။

ဖားကန့်မြို့လယ်တိုက်ပွဲကြောင့် ဆန်တစ်အိတ်ကျပ်ငါးသောင်းအထိမြင့်တက်


ကချင်ပြည်နယ် ဖားကန့်မြို့၌ မြို့တွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဆန်ဈေးမှာ တစ်အိတ်လျှင် ကျပ်ငါးသောင်းအထိ မြင့်တက်လာကြောင်း ဒေသခံများထံက သိရှိရသည်။

စက်တင်ဘာလ(၁၃)ရက်နေ့ နေ့လည်ပိုင်းက ဖားကန့်မြို့လယ် မော်ဝမ်းကြီးနှင့် မော်ဝမ်းလေး ရပ်ကွက်နှင့် ဧရာဦးဆေးဆိုင်ရှေ့တွင် တပ်မ(၃၃)နှင့် KIOအဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မသွဲ့သွဲ့ဝင်းတို့ကို ယနေ့လွှတ်ပေးတော့မည်


၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီက အဖမ်းဆီးခံထားရသည့် မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက်တို့ကို ယနေ့တွင်ပြန်လွတ်ပေးဖွယ်ရှိကြောင်း ယနေ့၁နာရီခန့် တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တွေ့ဆုံအပြီး ဧရာဝတီကို ပြောကြားခဲ့သည်။ 

ခေတ်သစ် စကားထာ


ဗုဒ္ဓဘုရား ကို စော်ကားမှု အမေရိကန် လုပ်သမျှ အထင်ကြီးသည့် မြန်မာများ

မွတ်ဆလင် ဘုရားကို စော်ကားသဖြင့်  အမေရိကန် သံအမတ်ကြီး အသတ်ခံ ရသော်လည်း ဗုဒ္ဓဘုရား ကို စော်ကားမှုကို အမေရိကန် လုပ်သမျှ အထင်ကြီးသည့် ဗုဒ္ဓ မြန်မာများ အမေရိကန် သံရုံးရှေ့တောင် လူစုဖြင့် မသွားရဲကြပေ။ 

ညီကတရားခံ အကိုကတရားလိုသေသူကဇနီးဖြစ်တဲ့ဝမ်းနည်းဖွယ်ရာ လူသတ်မှု ကွင်းပေါင်းကျေးရွာတင်ဖြစ်ပွား


မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် ဆက်သွားရဲစခန်းပိုင် ရဲစခန်း အနောက်မြောက် ဘက် ၁၇ မိုင်ခန့် အကွာ ယာကြီးတောအုပ်စုကွင်းပေါင်းကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်းသတင်းရရှိခဲ့သည်။

ဗင်နက်ဆာ ပရာဒစ်၏ စံအိမ်ကြီးကို ဂျွန်နီဒိပ် ဝယ်ယူ

၎င်းနှင့် ချစ်သူများအဖြစ်မှ ပြတ်စဲခဲ့သော ဗင်နက်ဆာ ပရာဒစ်၏ စံအိမ်ကြီးကို ဟောလီးဝုဒ်မင်းသား ဂျွန်နီဒိပ်က ဝယ်ယူလိုက်ကြောင်း သိရှိရသည်။ Pirates of Caribbeanစတား ဇာတ်ဆောင် မင်းသားနှင့် ပြင်သစ် မင်းသမီးတို့သည် ဇွန်လအတွင်းက မိမိတို့၏ (၁၄)နှစ်ကြာ အချစ်ရေး အဆုံးသတ်ပြီ ဟု ကြေညာခဲ့သည်။




 

ပီကေစားရင်း မတော်တဆမျိုချပါက ထိခိုက်မှု မရှိ …….





ဆေးပညာရှင် သုတေသီများ၏ လေ့လာတွေ့ ရှိချက်အရ ပီကေအားစားရင်းဖြင့် မတော်တဆ မျိုချပါက အူတွင်းမှ အစာအိမ်အတွင်း သို့  ခုနစ်နာရီ အတွင်း ဖြတ်ကျော်ရောက်ရှိမည်ဖြစ်သည်ဟု သိရသည်။

ဂျပန်နှင့်ပိုင်နက်အငြင်းပွားရေပြင်သို့ တရုတ်စစ်သဘောင်္ ၆ စင်းဝင်ရောက်

ဂျပန်အစိုးရကဝယ်ယူရန်ကြိုးပမ်းလျက်ရှိသည့် တရုတ်နှင့်ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိသော ကျွန်းများ အနီးသို့ တရုတ်စစ်သဘောင်္ ၆ စင်းဝင်ရောက်သွားကြောင်း ဘီဘီစီ သတင်းတွင်ဖော်ပြထားသည်။

အဆိုပါ ကင်းလှည့်စစ်သဘောင်္များသည် တရုတ်အခေါ် ဒိုင်အိုယု ဂျပန်အခေါ် ဆန်ကကု ဟုခေါ်သော ကျွန်းများတွင် တရားဥပဒေစိုးမိုးမှုရှိစေရန် လှည့်လည်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖားကန့်မြို့နယ်အတွင်း စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် ကိုးတန်းကျောင်းသူ တစ်ဦး သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မော်ဝမ်းရပ်ကွက် (၁) ဆွတ်ငိုင်ယန် တွင် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် ကိုးတန်းကျောင်းသူ တစ်ဦး သေဆုံးခဲ့ပြီး အရပ်သား အချို့ ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်ဒေသခံအချို့က Eleven Media Group သို့ ပြောကြားခဲ့ပါသည်။   သေဆုံးခဲ့သော ကျောင်းသူသည် ဖားကန့်ရှိ အထက်တန်းကျောင်းမှ နေထိုင်ရာ ရပ်ကွက်သို့အပြန် လမ်းတွင် ထိမှန်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။

ထိုင်းနိုင်ငံရောက်မြန်မာဒုက္ခသည် တစ်သိန်းကျော် တစ်နှစ်အတွင်းပြန်ဖွယ်ရှိ

ဘန်ကောက်၊ စက်တင်ဘာ - ၁၄

မြန်မာနှင့်ထိုင်းအစိုးရတို့အကြားဆွေးနွေးညှိုနှိုင်းမှုများပြုလုပ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင်ရောက်ရှိနေသော မြန်မာဒုက္ခသည် တစ်သိန်းနှစ်သောင်းခန့်သည် တစ်နှစ်အတွင်းမြန်မာနိုင်ငံသို့ပြန်ဖွယ်ရှိကြောင်း ထိုင်းအမျိုးသားလုံခြုံရေးကောင်စီNSC၏ပြောကြားချက်ကို CNA သတင်းတွင်ဖော်ပြထားသည်။

GSMဖုန်းများ ကျပ်တစ်သိန်း ဝန်းကျင်ဖြင့်လာမည့်နှစ်ဦးပိုင်းတွင် ရောင်းမည်



လာမည့် ဘဏ္ဍာရေး နှစ်ဦးပိုင်းတွင် ဂျီအက်စ်အမ်ဖုန်းများကို ကျပ်တစ်သိန်း ဝန်းကျင်ဖြင့်   ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အတည်ပြု ပြောကြားလိုက်သည်။

လက်ပန်းတောင်းတောင် လက်ရှိအခြေအနေ ဒေါ်အောင်ဆန်းစုကြည် ဖုန်းဆက်မေးမြန်း



လက်ရှိ လက်ပန်းတောင်းတောင် ကိစ္စကို ဒီချုပ်ဥက္ကဋ္ဌအနေဖြင့် စိတ်ဝင်စားမှုရှိကြောင်းနှင့် အဖမ်းခံရ သူများအတွက် စိုးရိမ်နေကြောင်း ယင်းအရေးတွင် ပါဝင်ဆောင်ရွက်နေသည့် ဒီချုပ် ပုလဲမြို့နယ်   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်အား ဒေါ်အောင်ဆန်းစုကြည်က ဆက်သွယ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ဦးကျော်မောင်ချေ အသုဘတွင် လူသတ်တရားခံ အစစ်အမှန်ကို ဖေါ်ထုတ်ပေးရန် ပြည်သူများ တောင်းဆို

ယမန်နေ့က ပြုလုပ်သော ဦးကျော်မောင်ချေ အသုဘတွင် သူ့အား သတ်ဖြတ်သူ တရားခံ အစစ် အမှန်များကို ဖေါ်ထုတ်ပေးရန် အသုဘ လာသူများက ပိုစတာများ ကိုင်ဆောင်ပြီး   တောင်း ဆိုခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် တာဝန်ရှိသူ အများအပြားသည် ပြစ်မူ ကျူးလွန်သူများထံမှ လာဒ်ငွေ အမြောက်အမြား ယူပြီး လွတ်ပေးကာ ပြစ်မူ မကျူးလွန်သူများကိုသာ ဖမ်းဆီး အရေးယူလေ့ရှိနေကြောင်း သိရသည်။


ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ ကလေးမြို့ အာဏာပိုင်များက ပြန်လည်ရောင်း ချ

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ကာ ကုန်သည်များထံမှ ဖမ်းဆီးထားသည့် အိန္ဒိယ   နိုင်ငံထုတ် ဆေးလုံးများကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ အာဏာပိုင်များက ပြန်လည်ရောင်းချ ခဲ့ကြောင်း သိရသည်။




ကလေးမြို့  ရဲစခန်းမှူး ထွန်းငွေ ဦးဆောင်သည့်အဖွဲ့ က ဖမ်းဆီးရမိခဲ့သည့် ဆေးလုံးများကို မူး ယစ်ဆေးဝါးရောင်းဝယ်သူများထံ ခိုးရောင်းနေကြောင်း ကလေးမြို့  ဒေသခံတဦး ထံမှ သိရှိ ရသည်။
“မကြာသေးဘူးပေါ့နော်၊ ည ၁၂း၀၀ လောက်မှာ ကားစိမ်းနဲ့  သူတို့ သိုလှောင်ထားတဲ့ ဂိုဒေါင်က   နေသယ်သွားတာ။ ၁၂ ခေါက်လောက် ထုတ်ယူပြီး သယ်သွားတယ်။ ရဲတွေက ရောင်းတာ။ သူတို့  ကဘဲ ဒီဆေးတွေ သိမ်းတယ်ဆိုတော့ ခိုးရောင်းတာပေါ့” ဟု အဆိုပါဒေသခံက ပြောသည်။

အရှေ့အလယ်ပိုင်းနိုင်ငံများရှိ အမေရိကန်သံရုံးများအား ပြင်းထန်သောဆန္ဒပြမှုများဖြစ်ပွား။

တမန်တော်မိုဟာမက်ကိုစော်ကားသောရုပ်ရှင်ဇာတ်လမ်းတိုအား အမေရိကန်နိုင်ငံတွင်အပျော် တမ်းရိုက်  ကူးခဲ့ပြီး ယူကျူ့ဝက်ဆိုက်စာမျက်နှာတွင်ဖေါ်ပြခဲ့ခြင်းကို မကျေမနပ်ဖြစ်နေသော အစ္စလာမ်ဘာ သာဝင် အများသည် ယနေ့ကြာသပတေးနေ့တွင် အီရန်၊အီဂျစ်၊ယီမင် မြို့တော်များရှိ အမေရိကန် သံရုံးများတွင် ပြင်းထန်သော ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။

မြောက်ပိုင်းအရှုပ်တော်ပုံနှင့်တရားစွဲဆိုမှုအပေါ် မိုးသီးဇွန်လည်း တရားရင်ဆိုင်သင့်

ABSDF(မြောက်ပိုင်း) ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သော တပ်တွင်း ရှုပ်ထွေးမှုများနှင့် ပက်သက်၍ သတ်ဖြတ်ခံရသော မြောက်ပိုင်းရဲဘော်တို့၏ မိသားစုဝင်များနှင့် လွတ်မြောက်လာသူအချို့၏ တရားစွဲဆိုမှု အပေါ် ABSDF ဥက္ကဋ္ဌဟောင်း မိုးသီးဇွန်ရင်ဆိုင်သင့်သည်ဟု မြောက်ပိုင်းမှ လွတ်မြောက် လာသော ABSDF အဖွဲ့ဝင်ဟောင်း ဦးညီညီကျော် က ပြောကြားသည်။
ABSDF အဖွဲ့တွင်း ဖြစ်ပွားခဲ့ခြင်းကြောင့် တာဝန်ရှိသော ဒေါက်တာနိုင်အောင်နှင့် မိုးသီးဇွန် တို့သည် တရားစွဲဆိုခြင်းကို ရင်ဆိုင်မှသာလျှင် ဖုံးကွယ်ခြင်းခံရသော အဖြစ်မှန် ပေါ်ထွက် လာ မည်ဖြစ်ေ ကြာင်းနှင့် မြောက်ပိုင်းပြဿနာနှင့် ပက်သက်၍ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ အပြင် ပြန့်ကျဲ နေသော ရဲဘော် များနှင့်မိသားစုဝင်များ ပြန်လည်စုစည်းနိုင်ရန်အတွက် အထူးခုံရုံးတစ်ရပ်လည်း ဖွဲ့စည်း ထားကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့သည့် သမိုင်းဝင် သာသနအဆောက်အဦး ပျောက်ကွယ်တော့မည်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဖျက်ဆီးပျောက်ပျက်သွားတော့မည့် လယ်တီ ဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့သည့် သမိုင်းဝင် သာသနအဆောက်အဦး ပတ်ပတ်လည်တွင် မြေများ တူးဖော်ခြင်း မိုင်းကွဲခြင်းများ ပြုလုပ်နေပုံ
 

ရန်ကုန်ဆိပ်ကမ်းမြင်ကွင်း (၁၉၆၁ခု)



ဂိုလမ်ကုန်းမြင့်ဒေသတွင် အစ္စရေးတို့ စစ်ရေးလေ့ကျင့်





 

အစ္စရေးတပ်မတော်မှ Golan Heights ကုန်းမြင့်ဒေသတွင် စစ်ရေးလေ့ကျင့်နေမှုအား ယခုကဲ့သို့   တွေ့မြင်ရသည်။ Golan Heights ကုန်းမြင့်ဒေသသည် ယခင်က ဆီးရီးယားပိုင်ဖြစ်ပြီး ၁၉၆၇ ဇွန်လတွင် စစ်ပွဲ ဖြစ်ပွားပြီး အစ္စရေးတို့ သိမ်းပိုက်ရရှိခဲ့သည်။

၂၀၁၅ အတွက် NLD ကြိုတင်ပြင်ဆင်မှုလုပ်နေ



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှု တခုအဖြစ် တိုင်းနှင့် ပြည်နယ် ၁၃ ခုမှ အဖွဲ့ဝင်လူငယ်များကို ပထမဆုံးအကြိမ် ၁၅ ရက်ကြာ ဖွံ့ဖြိုးရေးသင်တန်းပေးရာ ယမန်နေ့က သင်တန်းပြီးဆုံးသည်။

“ ကျောက်ဖြူ-ကူမင်းရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းများတွင်တာဝန်ထမ်းဆောင်ရန်တရုတ်နိင်ငံတွင် ရေနံနှင့်သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးဘာသာရပ် မြန်မာကျောင်းသား ၅၈ဦးသင်ယူနေ”


တရုတ်နိင်ငံချန်ဒူးမြို့တွင်ဖွင်လှစ်ထားသည့်SOUTHWEST PETROLEUMတက္ကသိုလ်တွင်သင်ကြားပေးနေ သည့်ရေနံနှင့်သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးဘာသာရပ် ကို မြန်မာကျောင်းသား၅၈ဦးတက်ရောက်သင်ကြားနေကြောင်းသတင်းရရှိပါသည်။

Eleven Media Group ၏ www.elevenmyanmar.com အင်္ဂလိပ်ဘာသာဝက်ဘ်ဆိုက်သစ်ကို ထိုင်းနိုင်ငံတွင် စတင်မိတ်ဆက်ပြီး တရားဝင်လွှင့်တင်




Eleven Media Group ၏ သတင်းများကို အင်္ဂလိပ်ဘာသာဖြင့် ဖေါ်ပြမည့် www.elevenmyanmar.com ဝက်ဘ်ဆိုက်သစ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ The Nation Multimedia Group ရုံးချုပ်တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က စတင်မိတ်ဆက်ပြီး တရားဝင် လွှင့်တင်ခဲ့သည်။

“မုံရွာလက်ပံတန်းတောင် ကြေးနီစီမံကိန်း အဖမ်းခံရသူ အမျိုးသမီး၃ဦး ယနေ့ နေ့လည်တွင် ပြန်လွတ်နိင်”

စက်တင်ဘာ၁၀ရက်က မုံရွာဆုတောင်းပြည့်ဘုရားတွင် လက်ပံတန်းတောင် ကြေနီစီမံကိန်းအတွက် ဆုတောင်းရန်လာသူဒေသခံများအနက် အဖမ်းခံရသူ အမျိုးသမီး၃ဦးကို ယနေ့ နေ့လည် ၂နာရီခန့် တွင်ပြန်လွှတ်နိင်သည်ဟုပွင့်လင်းလူ့အဖွဲ့အစည်း(မုံရွာ)မှကိုသက်ဆွေအေးကပြောသည်။

ယင်းကိစ္စအတွက်ပုလဲမြို့နယ်ပြည့်သူလွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စန်းလှိုင်(NLD)နှင့် စစ်ကိုင်းတိုင်းဒေ သကြီးဝန်ကြီးချုပ်ဦးသာအေးတို့ ဆွေးနွေးလျှက်ရှိကြောင်းသိရသည်။

“ MPU ရုံးနှင့် ဒေတာစင်တာ ဗဟိုဘဏ်တွင် စတင်ဖွင့်လှစ်”

MPU ရုံးနှင့် ယင်းကဒ်စနစ်ကိုထိန်းချုပ်ပေးမည့် ဒေတာစင်တာဖွင့်ပွဲကို စက်တင်ဘာ ၁၄ရက် ယနေ့ နံနက်တွင် ဗဟိုဘဏ်ဒေတာစင်တာ အဆောက်အအုံ၌ကျင်းပခဲ့သည်။ 

MPU ကဒ်စနစ်အား ပြည်တွင်းရှိ ဘဏ် ၇ ခုမှာ ကန်ဒေါ်လာ
လေးသန်းရင်းနှီးမတည်မှုဖြင့်   ဆောင်ရွက် လျက်ရှိပြီး အဆိုပါဒေတာစင်တာအား နေပြည်တော်တွင်လည်း တည်ဆောက်သွားရန်ရှိကြောင်းသိရသည်။
ယနေ့ကျင်းပသော ဖွင့်ပွဲသို့ ဘဏ္ဍာအခွန် ပြည်ထောင်စုဝန်ကြီ ဦးဝင်းရှိန်၊သမ္မတရုံးဝန်ကြီး ဦးလှထွန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဗဟိုဘဏ်ဥက္ကဌ ဦးသန်းငြိမ်းတို့မှ တက်ရောက်ဖွင့် လှစ်ပေး ခဲ့သည်။

"ရခိုင်ဒေသပြဿနာ လူမျိုးရေးကို အခြေခံဟု OIC ပြော"

ရခိုင်ဒေသတွင် ဖြစ်ပေါ်ခဲ့သော ပြဿနာမှာ ဘာသာရေးကို အခြေခံ သည့် ပြဿနာ မဟုတ်ဘဲ လူမျိုးရေးကို အခြေခံသော ပြဿနာမျိုး ဖြစ်၍ သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်များ က ပူးပေါင်းဖြေရှင်းရန် လိုကြောင်း organization of the Islamic Cooperation (OIC) မှ Permanent Observer Ambassador H.E.Mr.Ufuk Gokcen က ပြော သည်။ စက်တင်ဘာ(၁၃)ရက် က Chatrium Hotel တွင် ကျင်းပသည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ (မြန်မာ) မိတ်ဆက်ဆွေးနွေးပွဲ  အခမ်း အနားတွင် ၄င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

NCGUB ဖျက်သိမ်းကြောင်း ကြေငြာချက်


ဒဏ်ရာများနဲ့ ဆားလင်းကြီး လက်ပံတောင်းတောင်

လတ်တလော မြန်မာပြည်ရေးရာတွေကြားထဲ အထင်ကရဖြစ်ရပ်များထဲမှာ ကြေးနီတောင်စီမံကိန်းဒေသက အကြောင်းအရာတွေလည်း ပါဝင်ပါတယ်။ ဧရာဝတီသတင်းထောက် ဂျေပိုင်က စီမံကိန်းဒေသကို သွားရောက်ပြီး မြင်ကွင်းတွေကို အခုလို မှတ်တမ်းတင်ထားပါတယ်။

ကြေးနီတောင်စီမံကိန်းရှိတဲ့ လက်ပံတောင်းတာင်ကို မုံရွာဘက်က တွေ့မြင်နေရပါတယ်။

လက်ပံတောင်းတောင်က စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲမှာ တည်ရှိတာပါ။

ကမ္ဘာတစ်လွှား ရေပန်းစားသော Toyota Pirus



မြန်မာပြည်မှာသာ Honda Insight ကို အတွေ့များတာပါ။ အမှန်တကယ် ကမ္ဘာမှာ ရောင်း အားကောင်းပြီး   အောင်မြင်နေတာက Toyota ရဲ့  Hybrid ကား -Prius ပဲ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှ ယနေ့တိုင် ထုတ်လုပ် လျက်ရှိတဲ့ ကားဖြစ်ပါတယ်။

မြန်မာပြည်မှာလည်း မော်ဒယ်မြင့် Prius အချို့ ရှိနေပါ တယ်။ မော်ဒယ်မြင့် အင်ဂျင်ပါဝါ ၁၈၀၀ စီစီ ရှိနေတဲ့အတွက် သိန်း ၁၀၀ဝ ဝန်းကျင်ရှိနိုင်မယ့်ကားပဲ ဖြစ်ပါတယ်။ ၂၀၁၂ မော်ဒယ် မူရင်းရောင်းဈေးတောင် အမေရိကန်ဒေါ်လာ ၂ သောင်းခွဲ အောက်မှာပဲ ရှိပါတယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း ၂၀၀ ဝန်းကျင်သာသာပါ။ သို့ပေမယ့် မော်ဒယ်က ၂၀၀၇ အထက်ဖြစ်ပြီး အင်ဂျင်ပါဝါများတဲ့ အတွက် ဆောင် ရမယ့် အခွန်နဲ့ တွက်လိုက်ရင် သိန်း ၆၀၀ မှသည် သိန်း ၁၀၀၀ ဝန်းကျင်အထိ   မြောက်သွားနိုင်ပါတယ။်

အာဆီယံနိုင်ငံထုတ် ကားများ တင်သွင်းပါက အကောက်ခွန် ငါးရာခိုင်နှုန်းသာ ကောက်ခံမည်



ပင်ရင်းနိုင်ငံ လက်မှတ် ATIGA Form-D ပါဝင်သော အာဆီယံနိုင်ငံထုတ် ကားများ တင်သွင်းပါက အကောက်ခွန် ငါးရာခိုင်နှုန်းသာ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။ အာဆီယံ ကုန်စည်ကုန်သွယ်ရေး သဘောတူ စာချုပ် ASEAN Trade in Goods Agreement အရ တင်သွင်းသော ကားအားလုံး အတွက် အကောက်ခွန် လျှော့ပေါ့ ပေးခြင်းဖြစ်သည်။

မိတ္ထီလာမြို့ရှိ လမ်းနယ်နိမိတ်နှင့် မလွတ်သော ဆိုင်ခန်းများအား ၁၅ရက်နေ့ နောက်ဆုံးထား ပိတ်သိမ်း ရမည်

မိထ္တီလာမြို့ရှိ လမ်းနယ်နိမိတ်နှင့် မလွတ်သော ဆိုင်ခန်းများအား စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံး ထား၍ ပိတ်သိမ်းရမည်ဟု စည်ပင်မှ ညွှန်ကြားချက် ထုတ်လိုက်သောကြောင့် ဆိုင်ခန်း ပိုင်ရှင်များမှာ အခက်အခဲ ကြုံတွေ့ နေရကြောင်း ၄င်းတို့ထံမှ သိရသည်။

Apple Wins Motorola In Germany

Apple ကနာမည်ကြီး နောက်ထပ် ပြိုင်ဘက်တစ်ခု ဖြစ်တဲ့ Motorola ကိုဂျာမန် တရားစီရင်ရုံးမှာ မူပိုင်ခွင့်နဲ့ တရားစွဲ ခဲ့ရာ အောင်မြင်မှု ထပ်မံရရှိလိုက် ပြန်ပါပြီ။
အခုလို Apple အနေနဲ့ ဥပဒေ တရားရုံး ကိစ္စတွေနဲ့ အရမ်း active ဖြစ်နေတာ လအနည်းငယ် ကြာနေပါပြီ။ San Jose-based တရားရုံးက Apple ကို Samsung နဲ့ ပတ်သက်ပြီး အသာစီး ပေးလိုက်ပေမယ့် US ဈေးကွက်ကနေ Samsung Smartphones တွေ ပိတ်ပင်စေချင်တဲ့ Apple ရဲ့ ဆန္ဒကို မဖြည့်ဆည်း ပေးခဲ့ပါဘူး။ ဂျာမနီက ထွက်လာတဲ့ စီရင်ချက်ဟာ Motorola Mobility အတွက် ပြင်းထန်တဲ့ တိုက်ခိုက်မှု တစ်ခုဖြစ်ပါတယ်။ ဒီ အမှုထဲမှာ iOS platform ရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ rubber-band type physics ပါဝင်ပါတယ်။ iOS developers တွေကတော့ rubber-band effect နဲ့ ပိုပြီး ရင်းနှီးမှု ရှိမှာပေါ့။ တခြား user တွေကို ပြောပြရမယ် ဆိုရင်တော့ rubber-banding effect ဆိုတာ table view or web view အဆုံးအထိကို အတက် အဆင်း လုပ်ပေးတဲ့ဟာကို ခေါ်တာ ဖြစ်ပါတယ်။

ညိုအုန်းမြင့်ရဲ့ မြန်မာပြည် ခရီး(၂)


မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာ ၁၃၊ ရန်ကုန်မြို့။

ကိုညိုအုန်းမြင့်နဲ့ တွေ့ဆုံခွင့်ရချိန်မှာ ကျမအနေနဲ့ ကိုညိုအုန်းမြင့်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစောပိုင်းပြောရေးဆိုခွင့်ရရှိခဲ့သူ၊ လူငယ်ဗဟိုလည်းဖြစ်တယ်၊ ပြီးတော့ တောခိုသွားခဲ့တယ်ဆိုတာ သိရပါတယ်။

အဲဒါကြောင့် ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ABSDF ပါဂျောင်စခန်း၊ ကျောင်းသား ခေါင်းဆောင် ထွန်းအောင်ကျော်အပါဝင် ၃၅ ဦးကို ထောက်လှမ်းရေးလို့စွပ်စွဲပြီး အသတ်ခံရကြောင်းကြားခဲ့ပါသလား၊ ဘယ်လိုကြားခဲ့ရပါသလဲ။ ဆိုတဲ့ မေးခွန်းတွေကို ဆက်မေးခဲ့ပါတယ်။

မေး။ အဲဒါကို ဘယ်လိုကြားခဲ့တာပါလဲရှင့်။

မြန်မာ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ အမေရိကန် အုပ်ချုပ်ပုံစနစ် လာရောက်လေ့လာ



မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ် ၈ ဦး ပါဝင်တဲ့ အဖွဲ့တဖွဲ့ဟာ အမေရိကန်ပြည်ထောင် စုမှာ လေ့လာရေးခရီးစဉ်တခုနဲ့ ရောက်နေပါတယ်။ အမေရိကန်ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်ရဲ့ လုပ်ငန်း လုပ်ဆောင်ပုံတွေ၊ အမေရိကန်အုပ်ချုပ်ရေးစနစ်အကြောင်း၊ အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ အုပ်ချုပ်ရေးစနစ်၊ ကွန်ဂရက်လွှတ်တော်တို့ အကြား ဘယ်လို ဆက်စပ် လုပ်ဆောင်ကြတယ် စတာတွေကို လေ့လာပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုမှာ ဘယ်လိုပြန်ပြီး အသုံးချနိုင်မယ်ဆိုတာကို ဆွေးနွေးဖို့ဖြစ်ပါတယ်။ ဒီခရီးစဉ် အတွင်း အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံဖို့ရှိတဲ့ထဲမှာ အထက် လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) လည်း ပါဝင်ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်ကို သူတို့ရဲ့ ခရီးစဉ်နဲ့ ပတ်သက် ပြီး ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

တရားမဝင် ဝင်ရောက်လာသည့် ကျူးကျော် ဘင်္ဂလီ သုံးဦး ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ ရေကျော်ရပ်ကွက် တောင်ပိုင်း မီးရထား သံလမ်းအနီးတွင် စက်တင်ဘာ ၄ ရက်မွန်းလွဲ ၂ နာရီခွဲက ကောလင်းမြို့ စက်ရုံလယ်ပြင် အုပ်ချုပ်ရေးမှူး၏ သတင်းပေး ချက်အရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် သတင်း တပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က သံလမ်းအနီး လမ်းလျှောက်နေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားသုံးဦးအား ဖမ်းဆီးရမိသည်။

SSA နှင့် အစိုးရတပ် ဓားစာခံချင်း ဖလှယ်သော်လည်း ရွာသားတချို့ မလွတ်သေး

ဒေသခံ ရွာသားများကို အစိုးရတပ်က ဖမ်းဆီးမှုကြောင့် အစိုးရတပ်သားများကို ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) ဟု လူသိများသည့် SSPP/SSA က အပြန်အလှန် ဖမ်းဆီးခဲ့ပြီး တနင်္လာနေ့တွင်
ပြန်လွှတ်ပေးလိုက်သော်လည်း ရွာသားများကို ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း SSA ဘက်က   ပြောသည်။

“ရမခ တိုင်းရုံးကနေ ပြန်လွှတ်ပေးဖို့ ကျနော်တို့ကို တောင်းလာတယ်။ ရွာသားတွေကို လွှတ်ပေးရင် မြန်မာစစ်ဗိုလ် ကိုလည်း ပြန်လွှတ်ပေးမယ်။ သူတို့လူကို ကျနော်တို့ လူကြီးတွေ ကိုယ်တိုင် လားရှိုးကို ပြန်ပို့ပေးလိုက်ပြီ။ အဲတာက တနင်္လာနေ့ဗျ။ ဒါပေမယ့် လူထုကိုတော့ ပြန်မလွှတ်သေးဘူး” ဟု အမည်မဖော်လိုသည့် SSPP/SSA အရာရှိ တဦးက ပြောသည်။

ဘင်္ဂလီ တို့ သတ်ဖြတ်မှုကြောင့် သေဆုံးသူ၏ နောက်ဆုံး ခရီး ညီညွတ်စွာ ပို့ဆောင်



ကျောက်တော်မြို့နယ်အတွင်းသတ်ဖြတ်ခံခဲ့ရသော သူအားမြေချစဉ် လိုက်လံပို့ဆောင်ပေးခဲ့သူများဖြင့် စည်းကားခဲ့ကြောင်းသိရသည်။ ထို့သို့လိုက်လံပို့ဆောင်သူများတွင် တရားခံအားအမြန်ဆုံးဖော်ထုတ်ပေးစေလိုကြောင်းများအားရေးသားထားသည့် စာတမ်းပါစာရွက်များကိုလည်းကိုင်ဆောင်ခဲ့ကြကြောင်း သိရသည်။

သံရုံးတိုက်ခိုက်ခံရမှု စုံစမ်းဖော်ထုတ်ရေး လစ်ဗျား အမေရိကန် ပူးပေါင်းဆောင်ရွက်မည်


အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က ဂျူးအနွယ်ဖွား ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက အပျော်တမ်းရိုက်ကူးပြီး Youtube website မှာ တင်ထားတဲ့၊ အစ္စလမ်ဘာသာရဲ့ အထွဋ် အမြတ်ဖြစ်တဲ့ တမန်တော် မိုဟာမက်ကို လှောင်ပြောင်စော်ကား ထားတယ်လို့ စွတ်စွဲခံထားရတဲ့ The Innocence of Muslims ဆိုတဲ့ ဗီဒီယိုရုပ်ရှင် ဟာ၊ စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီးတော့ တာဝန်မဲ့စွာ ရိုက်ကူး ထားတာကြောင့် အပြင်းအထန် ပြစ်တင်ရှုံ့ချတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က ရုပ်သံလွှင့်ပြီး ကြေညာနေတာကို အခုကျနော်တို့ သတင်းကြေငြာနေစဉ်မှာ တွေ့ရပါတယ်။

(၁၄-၉-၂၀၁၂) ရက် မနက်ပိုင်း သတင်းများ

- ဖမ်းထားသူများကို ပြန်လွှတ်ပေးရန် စီစဉ်မည်ဟု စစ်ကိုင်းတိုင်းအစိုးရ ကတိပြု click
- ကြေးနီတောင်စီမံကိန်း ရပ်တန့်ရန် တိုင်းဒေသအစိုးရ အဆုံးအဖြတ် မပေးနိုင် click
- အသိမ်းခံထားရသည့် လယ်မြေဧက ၈၀၀ ကျော် ပြန်ရရေး တောင်းဆို click
- ကမာရွတ်ဗုံးကွဲမှုဖြင့် ဆက်စပ်သူများ ထောင်ဒဏ်ချမှတ်ခံရ click
- နေပြည်တော် လာရန် KIO ကို သမ္မတ ဦးသိန်းစိန် ဖိတ်ကြား click
- တရုတ်ပြည်ရောက် ကချင်ဒုက္ခသည်များကို `ထောက်ပံ့ကူညီရန်´ ကုလအသင့်ရှိ click
- ရှမ်းပြည်တောင်ပိုင်း လဲချားဒေသတွင် ပအိုဝ်းပြည်သူ့စစ်က အခွန်ကောက်ခံ click
- လက်နက်ချ စိုင်းနော်ခမ်းတပည့် မြန်မာပြည် ပြန်မရောက်၊ မိသားစုဝင်များ စိတ်ပူ click
- မေးခွန်းပေါင်း ၁၀၀ ကျော်ကို ဖြေကြားမယ့် ရခိုင်လွှတ်တော် စက်တင်ဘာ ၂၄ စမည် click
- ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဆက်ဆံရေးရုံး ဖွင့်ပွဲ (ရုပ်သံ) click
- မြန်မာနိုင်ငံ လူနည်းစုများအရေး ဗြိတိန်ပါလီမန် ဆွေးနွေး click
- ဘင်္ဂလီမူဆလင်များက ကန်ဝန်ကြီး Joseph Yun နှင့်အဖွဲ့အား နိုင်ငံသစ်နှင့်နိုင်ငံသား လိုကြောင်း ဆို click
- နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးမှု အစ္စလာမ်များအပေါ် ကန့်သတ်ဟု ဆို click
- ဒုက္ခသည်များအတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ကူညီသူ တရားစွဲခံရ click
- က၀မြို့နယ်တွင် သမဂ္ဂထူထောင်ခွင့် လျှောက်ထားမှု ကြန့်ကြာနေ click
- ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ် click
- ဦးဝင်းတင် စာအုပ်များနှင့် တိပ်ခွေများ မူပိုင်ခွင့်နှင့် ဝင်ငွေအားလုံး ဖောင်ဒေးရှင်းသို့ လှူ click
- SME သည် မြန်မာ့စီးပွားရေး ‘ထွက်ပေါက်’ click
- MOGE နဲ့ ဘယ်လို ငွေရှာမလဲ click
- ဖားကန့်မြို့ ရေဘေး ထပ်မံကြုံတွေ့ရ click
- ကျိုက်မရောမြို့နယ်တွင် စပါးပင်များစွာ ပျက်စီးဆုံးရှုံး click
- တရုတ် ပိတ်ထားသည့် အမဲသား တင်ပို့ခွင့် နှစ်မကူးခင် ပြန်ဖွင့်အောင် ကြိုးစားမည် click
- အရည်သွေးကောင်း စားသုံးဆီရဖို့ စက်ပိုင်းသာမက ကုန်ကြမ်းပါ အရေးပါ (အင်တာဗျူး) click
- ပြန်မလာတဲ့ စစ်တွေတက္ကသိုလ် ဆရာတွေ လစာဖြတ် click
- သမ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ နိုဝင်ဘာလဆန်းတွင် ကျင်းပမည် click
- အာရပ်ကမ္ဘာတ၀ှမ်း ဆန္ဒပြမှုတွေ ပြန့် click
- သံရုံးတိုက်ခိုက်ခံရမှု စုံစမ်းစစ်ဆေးမည်ဟု အမေရိကန် ပြော click
- နိုင်ငံတ၀ှမ်း ရေကြီးမှုအတွက် ကြိုတင်ပြင်ဆင်ရန် ထိုင်း သတိပေး click
- အိန္ဒိယက ဓာတ်ငွေ့သင့်ခဲ့သူတွေအတွက် မျှော်လင့်ချက်အသစ် (အသံ) click

အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဖျက်သိမ်းလိုက်ပြီ

မြန်မာ့ ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း (၂၀) ကျော် ဆောင်ရွက်လာခဲ့တဲ့ အဝေးရောက်  အမျိုးသား  ညွန့်ပေါင်း အစိုးရ (NCGUB) ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ၀န်ကြီးချုပ် ဒေါက်တာ  စိန်ဝင်း   လက်မှတ်ရေး ထိုးပြီး ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ပြောင်းလဲဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခြေအနေတွေအရ အခုလို ဖျက်သိမ်းလိုက်တာ
 ဖြစ်ကြောင်း ဒေါက်တာ စိန်ဝင်းက RFA ကို ပြောကြားပါတယ်။

အီရန် ရှိ ဆွစ် သံရုံးရှေ့ တွင် ဆန္ဒပြမှု ဖြစ်



နယူးယောက်စံတော်ချိန်မနက် ၆နာရီ၂၂မိနစ်။ - အီရန်နိုင်ငံမြို့တော်တီဟီရန်မြို့တွင် အမေရိကန်သံ ရုံးဖွင့်လှစ် မထာသော်လည်း အမေရိကန်နိုင်ငံကိစ္စဖြေရှင်းပေးသည့် ဆွစ်ဇာလန်နိုင်ငံသံရုံးရှေ့တွင် တက္ကသိုလ်ကျောင်းသားများဦးဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ လုံခြုံရေးရဲများစောင့်ကြပ်မှုကြောင့် အကြမ်းဖက်ဖြစ်ပေါ်ခဲ့ခြင်းမရှိပေ။

ပြည်တွင်းပြန် နိုင်ငံခြားသား ခံယူထားသူများ၏ နိုင်ငံရေး ကစားကွက် နေရာ

ပြည်တော်ပြန် နိုင်ငံရေး/တော်လှန်ရေးသမားတွေကို ၅ နှစ် နေခွင့်ပြုဖို့ အစိုးရက စဉ်းစားနေတယ်လို့ သတင်းထဲမှာ ဖတ်လိုက်ရပါတယ်။

အဆိုပါ ပုဂ္ဂိုလ်တွေဟာ ဘယ်လိုအကြောင်းနဲ့ ပြည်တွင်းကို ပြန်ဝင်ဝင် .. အတော်များများက နိုင်ငံခြားတိုင်းပြည်ရဲ့ နိုင်ငံသားတွေအဖြစ်နဲ့ ပြည်ဝင်ခွင့် လျှောက်ပြီး နေကြရတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ မစ္စတာ နမ်ဘီယား ရခိုင်အရေး ဆွေးနွေး



ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambiar ဦးဆောင် တဲ့ ကိုယ်စားလှယ်အဖွဲ့ကို သမ္မတ ဦးသိန်းစိန်က နေပြည်တော် သမ္မတ အိမ်တော်ခမ်းမမှာ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက တွေ့ဆုံခဲ့ကြပါတယ်။

လူသတ်မှုနှင့်ပက်သက်ပြီး ကွဲလွဲမှုများကြောင့် အသတ်ခံရသူ ဒေါ်မေနှင်းဆီဟန်၏ခင်ပွန်း ရဲမှူးဦးမျိုးချစ်ထွန်း (အငြိမ်းစား)မှ နိုင်ငံတော် သမ္မတထံ စာတစ်စောင်ပေးပို

 
 
ပုဇွန်တောင်မြို့နယ်အတွင်း အငြိမ်းစားရဲမှူး၏ဇနီးသည် သတ်ဖြတ်ခံရမှုတွင် တရားခံဟု ယူဆရ သူအား နှစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့ပေမယ့် ယင်းဖမ်းဆီးရမိမှုတွင် အဖြစ်မှန်နှင့် အနည်းငယ်   ခြားနားချက်များ၊ ရဲတပ်ဖွဲ့၏ အားနည်းချက်များရှိနေသဖြင့် အသတ်ခံရသူ၏ ကာယကံရှင် မိသားစုတွင် နစ်နာမှုများရှိကြောင်း ၊ အသတ်ခံရသူ ဒေါ်မေနှင်းဆီဟန်၏ခင်ပွန်း ရဲမှူးဦးမျိုးချစ်ထွန်း (အငြိမ်းစား) က စက်တင်ဘာလ ၁၁ ရက် ရက်စွဲဖြင့် နိုင်ငံတော် သမ္မတထံ စာတစ်စောင်ပေးပို့ခဲ့ကြောင်းသိရသည်။

အားလုံးအတွက် အတွေးအမြင်အသစ်



Israel အမျိုးသမီး တစ်ယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့ လူသား သန်းပေါင်းမြောက်များစွာကို အမြင်သစ်ပေးခဲ့ပါတယ်။ ထိုမျှမက နှစ်ပေါင်းများစွာ ရန်သူလို ဆက်ဆံနေခဲ့ကြတဲ့ Israel နဲ့ Palestine ကြားမှာ ငြိမ်းချမ်းရေး ဆေးတစ်ခွက်လဲ ဖြစ်ခဲ့ပါတယ်။

ကလေးမြို့ သမ္မတ ထောက်ခံ ဆန္ဒဖော်ထုတ်မှု ဒေသခံ လူထု တစ်သောင်းကျော် ပါဝင် အင်အားဖြည့်




မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် သမ္မတ ထောက်ခံ ဆန္ဒပြမှု အပြီး ကလေးမြို့တွင်လည်း သမ္မတထောက်ခံ ဆန္ဒ ဖော်ထုတ်ပွဲကို ယနေ့ ပြုလုပ်ခဲ့ရာ ဒေသခံ လူထု တစ်သောင်းကျော် ပါဝင် အင်အား ဖြည့် ခဲ့ကြကြောင်း ဒေသခံများ ထံမှ သိရသည်။