Wednesday 5 February 2014

ရွှေကျောင်းတော်ကို တိုက်ခိုက်ရန် အိန္ဒိယအား ဗြိတိသျှတို့မှ တိုက်တွန်းခဲ့

တရားဝင် စုံစမ်းမှုများအရ ၁၉၈၄ ခုနှစ်တွင် အမ်ရစ်ဆာရှိ ရွှေကျောင်းတော်မှ ဆစ်ခ်လူမျိုး ခွဲထွက်ရေး သမားများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် ဗြိတိန် အနေဖြင့် အိန္ဒိယကို တိုက်တွန်း ခဲ့ကြောင်း တွေ့ရှိရ သည်ဟု အင်္ဂလန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟဂူးမှ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အိမ်ခန်းရရှိထားသည့် ပညာရေးဝန်ထမ်းများ အခြား နည်းဖြင့် အသုံးပြု ထားပါက အိမ်ခန်းပြန်သိမ်းပြီး ဝန်ထမ်းကို Black List စာရင်းသွင်းမည်

Photo: အိမ်ခန်းရရှိထားသည့် ပညာရေးဝန်ထမ်းများ အခြား နည်းဖြင့် အသုံးပြု ထားပါက အိမ်ခန်းပြန်သိမ်းပြီး ဝန်ထမ်းကို Black List စာရင်းသွင်းမည်
Wednesday, February 5, 2014

အိမ်ခန်းရရှိထားသော ပညာရေး ဝန်ထမ်းများအနေဖြင့် ရရှိထားသော အိမ်ခန်းများကို အခြားနည်းဖြင့်အသုံးပြု ထားကြောင်းတွေ့ရှိပါက အိမ်ခန်းများကို ပြန်လည်သိမ်းဆည်းကာ ၄င်းဝန်ထမ်းအား Black List စာရင်းသွင်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးဦးကျော် ကျော်လင်းကပြောသည်။

မန္တလေးမြို့တော်တွင် ကိုယ်ပိုင်အိမ် ရာမရှိသည့်ဝန်ထမ်းများကိုသာဦးစားပေး ပြီး ဝန်ထမ်းအိမ်ရာချထားပေးခြင်းဖြစ်ပြီး ယခင်ကရရှိထားသော
ပညာရေးဝန်ထမ်း တချို့သည် မြို့ပေါ်တွင် ကိုယ်ပိုင်အိမ်ရာ များကို ဝယ်ယူပြီးဖြစ်သော်လည်း မူလရရှိ ထားသည့်ဝန်ထမ်းတိုက်ခန်းကို ဆက်လက် နေထိုင်ပြီး ကိုယ်ပိုင်အိမ်ရာအားငှားရမ်း ထားရှိခြင်း၊ နေထိုင်ခွင့်ရအိုးအိမ်တိုက် ခန်းအား မိသားစုစာရင်းသွင်း၍ တစ်ဆင့် အငှားချထားမှုများရှိနေသောကြောင်း ၄င်းတို့အနေဖြင့်ယခု ကဲ့သို့ပြုလုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

''အဲ့ဒီလိုလုပ်ဆောင်နေတယ်ဆိုပြီး တိုင်ကြားတာအမှန်တကယ်ဆိုရင် တိုက်ခန်း ကိုပြန်သိမ်းပြီး အမှန်တကယ်လိုအပ် နေတဲ့ဝန်ထမ်းတွေ
ကို ပြန်လည်ချထားပေး မယ်။
ပြီးရင်အဲဒီဝန်ထမ်းကိုနာမည်ပျက်စာရင်းထဲထည့်ပြီး နောက်ဘယ်တော့မှ အခန်းချထားမပေးတော့ဘူး''လို့ တိုင်းဦးစီး မှူးကဆိုသည်။

ထိုသို့ဖြစ်ပွားနေကြောင်းလာရောက် တိုင်ကြားသူ လေး၊ ငါးဦးခန့်ရှိသော်လည်း တိတိကျကျ အချက်အလက်မပါဝင်သည့် အတွက် တိတိကျကျတိုင်ကြားနိုင်ရန် အတွက်ယခုကဲ့သို့ စာကပ်ပေးထားခြင်း
ဖြစ်ကြောင်း၊ ၄င်းတို့ ဌာနမှတာဝန်ရှိသူ များက စစ်ဆေးသော်လည်း
ပေါ်ပေါက်မှု မရှိသဖြင့် လျှောက်ထားသူဝန်ထမ်များ အနေဖြင့် အခက်အခဲများပေါ်ပေါက်လာ ပြီးအိမ်ခန်းခွဲတမ်း ထပ်မံချထားပေးနိုင်
ခြင်းမရှိကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး
ဦးစီးဌာန မှ မန္တလေးမြို့တွင် လာရောက်တာဝန် ထမ်းဆောင်သည့် ပညာရေးဝန်ကြီးဌာန အတွက် ဝန်ထမ်းနေတိုက်ခန်းခွဲတမ်း ၁၂၇ ခန်းခွဲဝေပေးထားပြီး ဌာနအားလုံး၏ ၂၁ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရ သည်။

ထို့ကြောင့် အိမ်ခန်းရရှိသော ပညာရေး ဝန်ထမ်းများ၎င်းတို့၏ အိမ်ခန်းကို အခြား နည်းလမ်းဖြင့် အသုံးပြုပါက မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတိုင်းဒေသကြီး ဦးစီးမှူးရုံးဖုန်း ဝ၂-၆၁၁၇၁ သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။

The Union Daily
အိမ်ခန်းရရှိထားသော ပညာရေး ဝန်ထမ်းများအနေဖြင့် ရရှိထားသော အိမ်ခန်းများကို အခြား နည်းဖြင့် အသုံးပြုထားကြောင်းတွေ့ရှိပါက အိမ်ခန်းများကို ပြန်လည်သိမ်းဆည်းကာ ၄င်းဝန်ထမ်း အား Black List စာရင်းသွင်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီး မှူး ဦးကျော် ကျော်လင်းကပြောသည်။

တာချီလိတ်၌ အသက်(၁၆)နှစ်အရွယ် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ဓါတ်တိုင်ဝင်တိုက်မိ၍ ပွဲချင်းပြီး သေဆုံး

Photo: တာချီလိတ်၌ အသက်(၁၆)နှစ်အရွယ် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ဓါတ်တိုင်ဝင်တိုက်မိ၍ ပွဲချင်းပြီး သေဆုံး
Wednesday, February 5, 2014

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့သည် နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်သည့်အတွက် စက်တပ်ယာဉ်များဖြစ်သည့် မော်တော်ကားများ နှင့် မော်တော်ဆိုင်ကယ်များသည် အဆမတန်များပြားသည်နှင့်အညီ ယာဉ်တိုက်မှုများမှာလည်း မကြာခဏဆိုသလို ဆက်တိုက် ဖြစ်ပွားနေလျှက်ရှိရာ ယနေ့ ဖေဖော်ဝါရီလ (၅)ရက် မွန်းလွဲ(၁း၃၀)နာရီဝန်းကျင်က တာချီလိတ် - ၀မ်ပုံသွားလမ်းပေါ်၌ ကားလမ်းချော်၍ ဓါတ်တိုင်အား ၀င်တိုက်မိရာမှာ ကိုယ်ဝန်(၅)လခန့်ရှိနေသည့် အသက်(၁၆)နှစ်အရွယ် အမျိုးသမီး တစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အသက်(၁၆)နှစ်အရွယ် ကိုယ်ဝန်သည် အမျိုးသမီး မောင်းလာသည် ကားတွင် မိသားစု(၄)ဦး ပါရှိပြီး မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်နိုနမ့်လွတ်(ရွာသစ်) ဦးအိုက်ဆမ် ဥယျာဉ်ခြံရှေ့ ကားလမ်းမပေါ် အရောက်တွင် အရှိန်မထိန်းနိုင်တော့ပဲ ကားလမ်းချော်၍ လမ်းဘေးဓါတ်တိုင်အား အရှိန်ပြင်းစွာ ၀င်တိုက်မိရာမှ ကားပေါ်တွင် ပါလာသော အသက်(၆၅)နှစ်အရွယ် အဖွားအိုမှာ ဦးခေါင်းကွဲဒဏ်ရာ ရရှိပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာ အနည်းငယ်စီရခဲ့ကြပြီး အသက်(၁၆)နှစ်အရွယ် အမျိုးသမီးမှာတော့ အဆိုပါ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

Tachileik
MyanmarForward
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့သည် နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်သည့်အတွက် စက်တပ်ယာဉ်များဖြစ်သည့် မော်တော်ကားများ နှင့် မော်တော်ဆိုင်ကယ်များသည် အဆမတန်များပြား သည်နှင့် အညီ ယာဉ်တိုက်မှုများမှာလည်း မကြာခဏဆိုသလို ဆက်တိုက် ဖြစ်ပွားနေလျှက်ရှိရာ ယနေ့ ဖေဖော်ဝါရီလ (၅)ရက် မွန်းလွဲ(၁း၃၀)နာရီဝန်းကျင်က တာချီလိတ် - ၀မ်ပုံသွားလမ်းပေါ်၌ ကားလမ်းချော် ၍ ဓါတ်တိုင်အား ၀င်တိုက်မိရာမှာ ကိုယ်ဝန်(၅)လခန့်ရှိနေသည့် အသက်(၁၆)နှစ်အရွယ် အမျိုးသမီး တစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

အမျိုးသမီးများအတွက် အထက်မြက်ဆုံး သက်စောင့်ဆေး


 
 အမျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရ အကြံပေးအရာရှိ မြန်မာနိုင်ငံရောက်ရှိ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အစိုးရ၏ အကြီးတန်း အကြံပေးအရာရှိ Ms.Judith Cefkin သည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို လေ့လာရန်အတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့က ရောက်ရှိနေကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်သည်။

ပတ်စ်ပို့တ်သက်တမ်းတိုးခွင့် မရသဖြင့် စိတ်ပျက်နေသည့် ဆေးမင်ကြောင်ဘုရင်

Photo: ပတ်စ်ပို့တ်သက်တမ်းတိုးခွင့် မရသဖြင့် စိတ်ပျက်နေသည့် ဆေးမင်ကြောင်ဘုရင်
Wednesday, February 5, 2014

မျက်နှာတွင် ရုပ်ဖမ်း၍ မရလောက်အောင် ဆေးမင်ကြောင်များ ထိုးထားသလို တစ်ကိုယ်လုံးတွင်လည်း ဆေးမင်များ မွစာကြဲနေသည့် King of Ink အနေဖြင့် ယခုအခါတွင် ပတ်စ်ပို့တ်ရရှိရန် အခက်ကြုံနေရ

ဗြိတိန်နိုင်ငံ၏ ဆေးမင်ကြောင် အထူထပ်ဆုံး လူသားအနေဖြင့် မိမိ၏ အမည်သစ်ဖြင့် ပတ်စ်ပို့တ် လျှောက်ထား၍ မရခြင်းကို စိတ်ပျက်မိကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ အသက်(၃၄)နှစ်ရှိ မက်သရူးဝှီလန်သည် ၎င်း၏ အမည်ကို King of Inkဟု ပြောင်းလဲလိုက်သည်။ မျက်နှာတွင် ရုပ်ဖမ်း၍ မရလောက်အောင် ဆေးမင်ကြောင်များ ထိုးထားသလို တစ်ကိုယ်လုံးတွင်လည်း ဆေးမင်များ မွစာကြဲနေသည့် King of Ink အနေဖြင့် ယခုအခါတွင် ပတ်စ်ပို့တ်ရရှိရန် အခက်ကြုံနေရပြီ ဖြစ်သည်။ တစ်ကိုယ်လုံးတွင် ဆေးမင်ထိုးထားသည့် King of Ink အနေဖြင့် မျက်လုံးမျက်ဆန်ပေါ်တွင်ပါ မင်ကြောင်များ ရှိနေကြောင်း သိရသည်။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှ (၉၀)ရာခိုင်နှုန်းသည် အရောင်အမျိုးမျိုး ဆေးမင်များဖြင့် ဖုံးလွှမ်းလျှက်ရှိသည်။

၎င်းအနေဖြင့် ပတ်စ်ပို့တ်ကို သက်တမ်းတိုးချိန်တွင် အမည်ပြောင်းထားသည့် အခြေအနေအရ သက်ဆိုင်ရာ တာဝန်ရှိသူများက သက်တမ်းတိုးခွင့် မပေးခဲ့ချေ။ ဘာမင်ဂမ်တွင် နေထိုင်သည့် ဆေးမင်ကြောင် ဝါသနာအိုးအား လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူများက ယခင်အမည် မက်သရူး အနေဖြင့်သာ ပတ်စ်ပို့တ် သက်တမ်းတိုးခွင့် ပေးမည်ဟု ပြောဆိုထားသည်။ King of Inkကမူ ယင်းသည် မိမိအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဟု ဝေဖန်ပြစ်တင်ထားသည်။ King of Inkသည် ဘယ်ဘက်မျက်လုံး၏ မျက်ဆန်အတွင်းနေရာ အပါအဝင် ဆေးမင်ကြောင်များစွာ ရေးထိုးထားသည့်အတွက် ပေါင်စတာလင် (၂၅၀၀၀)မျှ ကုန်ကျထားပြီး ဖြစ်သည်။

ယာဉ်မောင်းလိုင်စင်တွင် King of Inkအမည်ကို ပြောင်းလဲခွင့် ရရှိထားပြီးနောက် ၎င်းက "ကျွန်တော့် ပတ်စ်ပို့တ် သက်တမ်းကုန်လို့ အသစ်ပြန်လျှောက်တော့ သက်ဆိုင်ရာက ကျွန်တော့်ဆီ ဖုန်းခေါ်လာပါတယ်။ သူတို့မှာ ပြဿနာ တစ်ခုရှိနေတယ်တဲ့။ ကျွန်တော့်နာမည်သစ်ဟာ စည်းမျဉ်းတွေအရ ပတ်စ်ပို့တ်အတွက် လက်ခံပေးဖို့ ခက်နေကြောင်းနဲ့ ဒီအတွက် နောက်ထပ် အစိုးရ အသိအမှတ်ပြု မှတ်တမ်းတွေ ထပ်လိုကြောင်း ပြောပါတယ်။ ဒီတော့ ကျွန်တော့် ယာဉ်မောင်းလိုင်စင်ကို သူတို့ဆီ ပို့ပေးလိုက်တယ်။ ကျွန်တော်တို့ဒေသ ကိုယ်စားပြု အမတ်ဆီက ထောက်ခံစာလည်း ပါတယ်။ ဒါတောင် အဆင်မပြေဘူး ဆိုတာကတော့ ကျွန်တော့်ရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တာပါပဲ။ ကျွန်တော့် မွေးစာရင်း နာမည်ကိုပဲ ပတ်စ်ပို့တ်မှာ သူတို့က သုံးစေချင်တယ်။ ဒါပေမဲ့ အဲဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်တော့တဲ့ နာမည်လေ"ဟု ပြောကြားခဲ့သည်။

ပတ်စ်ပို့တ်ရုံးမှ ပြောရေးဆိုခွင့်ရ အမျိုးသမီးကမူ မိမိတို့ အနေဖြင့် တစ်ဦးချင်း ကိစ္စများအပေါ် မှတ်ချက်မပေးလိုကြောင်း ဆိုသည်။ ပတ်စ်ပို့တ်စည်းမျဉ်း သတ်မှတ်ချက်များတွင် New Year၊ Happy Easter၊ Good Bye အစရှိသော စကားလုံးများကို ယေဘုယျအားဖြင့် လူအမည်အဖြစ် လက်ခံသတ်မှတ်မည် မဟုတ်ကြောင်း ဖော်ပြပါရှိသည်။

Planet Myanmar Network
မျက်နှာတွင် ရုပ်ဖမ်း၍ မရလောက်အောင် ဆေးမင်ကြောင်များ ထိုးထားသလို တစ်ကိုယ် လုံးတွင် လည်း ဆေးမင်များ မွစာကြဲနေသည့် King of Ink အနေဖြင့် ယခုအခါတွင် ပတ်စ်ပို့တ် ရရှိရန် အခက်ကြုံနေရ။

တပ်မတော်သားများအတွက် သက်စွန့်တာဝန်စရိတ် ငါးထောင် ပိုပေးထားဟုဆို

တပ်မတော်သားများအတွက် ပင်ပန်းကြမ်းတမ်းမှုနှင့် အသက်စွန့် တာဝန်စရိတ်အဖြစ် ကျပ်ငွေ ငါးထောင်ကို လစာအတွင်း ထည့်ပေးထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကားလေးစီးဆင့် တိုက်မှုဖြစ်ပွား ကလေးတစ်ဦးဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်း (၃၁)ကားဂိတ်ဟောင်းအနီးရှိ အညာသွေးထမင်းဆိုင်ရှေ့၌ ယနေ့ည ၉ နာရီကျော်တွင် ယာဉ်လေးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။

ရဲတပ်ဖွဲ့ကို စွပ်စွဲမှုဖြင့် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား စစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မီးရှို့မှုကို ရဲတပ်ဖွဲ့ဝင်များက ကျူးလွန်သည်ဟု ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က DVB သတင်းဌာနသို့ ပြောကြားခဲ့သည့်အတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေးကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

မူလတန်းနဲ့ အလယ်တန်း သင်ရိုးတချို့ ခပ်ပါးပါး ပြုပြင်ထား

Photo: မူလတန်းနဲ့ အလယ်တန်း သင်ရိုးတချို့ ခပ်ပါးပါး ပြုပြင်ထား
Wednesday, February 5, 2014

လာမယ့် ၂ဝ၁၄ -၁၅ ပညာသင်နှစ်က စပြီး မြန်မာ အစိုးရက မူလတန်းနဲ့ အလယ်တန်း သင်ရိုး ပြဋ္ဌဌာန်းစာ တချို့ကို ပမာဏ လျှော့ချ သွားတော့မယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲရေးမှာ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ထပ်တူ အဓိက အရေးကြီးတဲ့ ကဏ္ဍဍတွေကတော့ ပညာရေးနဲ့ ကျန်းမာရေး မြှင့်တင်မှုတွေ ဖြစ်ပါတယ်။

ကျောင်းသား ကျောင်းသူတွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှု ၊ work load အပြင် ခေတ်စံနစ်နဲ့ မညီတဲ့ သင်ရိုး ညွန်းတမ်းတွေကို နည်းနည်း ပြုပြင်ထားတယ်လို့ အမှတ်( ၁) အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။

သူတို့ အနေနဲ့ နည်းနည်းဘဲ အချိန်မှီ လုပ်နိုင်ခဲ့ပြီး လက်ရှိရဲ့ ၈၅ ကနေ ၉ဝ ရာခိုင်နှုန်း ကိုသာ ခပ်ပါးပါးပဲ ပြုပြင် ထားတယ်လို့ မြန်မာ အစိုးရ ပညာရေး ဝန်ကြီးဌာနက ပညာ သင်ကြားရေးမှာ ခေတ်မီ ပြောင်းလဲဖို့ အတွက် ကျောင်းသင်ရိုး လျှော့ချမယ့် ကိစ္စနဲ့ ပတ်သက်လို့ သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ် အတွက် ခပ်ပါးပါး ပြုပြင်ထားတဲ့ သင်ရိုးညွှန်းတမ်း စာအုပ်ရိုက်ပြီး ကျောင်းသူ ကျောင်းသားတွေကို ဖြန့်ဝေပေးနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

ဘက်စုံ လမ်းညွှန် လေ့လာသုံးသပ်ရေး လုပ်ငန်းက ၂၀၁၃ ဇွန်လ ကနေ ဒီဇင်ဘာလ အထိ အဆင့် ၂ ကို အသေးစိတ် လေ့လာ ဆန်းစစ်တာတွေ လုပ်ပြီး အစီရင်ခံစာ ပြုစု နေတယ်လို့ သူက ဆိုပါတယ်။

၂၀၁၄ ဇန္နဝါရီ ကနေ ဇွန်လ ဘတ်ဂျက် ပါတဲ့ ပညာရေး စီမံကိန်း ပြုစုဖို့ သုတေသန စီမံကိန်းတွေ လုပ်နေပြီး ပြည်တွင်း ပြည်ပနဲ့ နိုင်ငံတကာ မိတ်ဖက် အဖွဲ့တွေနဲ့ ဆောင်ရွက်နေကြောင်းလည်း သူက ပြောပါတယ်။

အရည်အသွေး ရှိတဲ့ ပညာရေး ဆောင်ရွက်ဖို့ ဆိုရင် ဆရာ ဆရာမတွေရဲ့ သင်ကြား ပို့ချမှု အပေါ် အများကြီး မူတည်နေတယ်လို့ သူက ဆိုပါတယ်။

သင်ကြားမှုကိုလည်း ကလေး ဗဟိုပြု ဖြစ်ဖို့ မြို့နယ် ၃၃၀ထဲမှာ ကျန်နေသေးတဲ့ မြို့နယ်တွေမှာ ရှိတဲ့ ကလေး ဗဟိုပြု သင်ကြား မွမ်းမံ သင်တန်းတွေ လုပ်နေတယ်လို့ သူက ဆိုပါတယ်။

သင်ရိုးပြုပြင်ရေးသာ မက သင်ကြားနည်းနဲ့ စာမေးပွဲ စနစ်တွေမှာရော ပြုပြင်ရေးတွေ လုပ်ဖို့ရှိတာနဲ့ ပတ်သက်ပြီးလည်း ဒေါက်တာ မျိုးသိမ်းကြီးက ရှင်းပြရာမှာ စာမေးပွဲ စံနစ်နဲ့ ပတ်သက်လို့ ကျောင်းသား ကျောင်းသူတွေရဲ့ တီထွင် ကြံဆမှုနဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုကို ဦးတည်တဲ့ စာမေးပွဲ စံနစ် ဖြစ်ဖို့ လေ့လာ ဆန်းစစ်နေတယ်လို့လည်း ပြောပါတယ်။

နှစ်ပေါင်း များစွာ ခေတ်နောက်ကျ ကျန်ရစ်တဲ့ မြန်မာ့ ပညာရေးမှာ ပြုပြင် ပြောင်းလဲရေးတွေ အရှိန်မြှင့် လုပ်ဖို့ အများကြီး လိုအပ်နေတယ်လို့ သုံးသပ် ပြောဆိုမှုတွေလည်း မကြာခဏ ကြားနေရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကျောင်းသင်ခန်းက သင်ရိုး ပြဠာန်းစာ လျှော့မယ်
ကျောင်းသင်ခန်းက သင်ရိုး ပြဠာန်းစာ လျှော့မယ်
လာမယ့် ၂ဝ၁၄ -၁၅ ပညာသင်နှစ်က စပြီး မြန်မာ အစိုးရက မူလတန်းနဲ့ အလယ်တန်း သင်ရိုး ပြဋ္ဌဌာန်းစာ တချို့ကို ပမာဏ လျှော့ချ သွားတော့မယ်လို့ သိရပါတယ်။

ခုချိန်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့က နံပါတ်တစ်လို့ ဆိုတဲ့ မိုးစက်ဝိုင်

Photo: ခုချိန်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့က နံပါတ်တစ်လို့ ဆိုတဲ့ မိုးစက်ဝိုင်
Wednesday, February 5, 2014

Miss Universe Myanmar 2013 ဖြစ်တဲ့ မိုးစက်ဝိုင်က လတ်တလောမှာ အနုပညာ လှုပ်ရှားမှုများစွာနဲ့ မအားမလပ် ဖြစ်နေသူပါ။ အနုပညာခြေလှမ်းတွေ စိပ်လာတဲ့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ‘အခု မိုးစက် လောလောဆယ် ဖေဖော်ဝါရီတစ်လလုံးက ခရီးသွားမှာ ဖြစ်တဲ့အတွက် မဂ္ဂဇင်းကာဗာတွေ ရိုက်ထားတယ်။ မတ်လအတွက် ထွက်မှာပေါ့။ ပြီးတဲ့အခါ ကြော်ငြာရိုက်ဖို့ရှိတယ်။ ပြီးရင် ခုနကပြောတဲ့ ယိုးဒယားနယ်စပ်ကား ရိုက်ဖို့ရှိတယ်။ ဇာတ်ညွှန်းက မထွက်သေးတဲ့အတွက် သေချာတော့ မသိသေးဘူးပေါ့နော်။ ခရီးက USနဲ့ ကိုးရီယားသွားမယ်’လို့ သူမက ပြောပါတယ်။

လာမဲ့ချစ်သူများနေ့ကို သူမဘယ်လို ဖြတ်သန်းမယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သူမက ‘ချစ်သူများ နေ့က မိုးစက်အတွက် ကျန်တဲ့နေ့တွေနဲ့အတူတူပါပဲ။ အရင်နှစ်တွေလဲ တူတူပါပဲ။ မိုးစက်ခံ ယူထားတာက ဘယ်နေ့မဆို ပျော်အောင်ဖြတ်သန်းပါတယ်။ ထူးထူးခြားခြားကြီးမရှိပါဘူး။ ချစ်သူများနေ့မှာ ဘာအမှတ်တရမှ မရှိပါဘူ။ သူများကိုပေးဖို့လဲ မရှိပါဘူး။ အချစ်ဆိုတာ နဲနဲတော့ ပြောရခက်မယ။် နားလည်ဖို့အတွက် အများကြီး လိုဦးမယ်လို့ထင်ပါတယ်။ မိုးစက်က ဘာမှမဖြစ်ပါဘူး။ ဘာမှမဖြစ်ပါဘူး။ အိမ်ထောင်ရေးက စဥ်းစားမယ်။ မစဉ်းစားဘူးဆိုတာထက် ရေစက်ရှိမရှိ ကိုယ့်ကိုကိုယ်လဲ အခွင့်အရေးပေးတယ်။ သူများကိုလဲ အခွင့်အရေးပေးတယ်။ ပြုကိုပြုရမယ်လို့တော့ မခံယူထားပါဘူး။ ခုချိန်မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့က နံပါတ်၁ပါ။ မိသားစုကလဲ တားမြစ်ထားတာမျိုးမရှိပါဘူး။ လူတစ်ယောက်က ကိုယ့်အတွေးအခေါ်နဲ့ ကိုယ်ပဲလေ။ ဘယ်သူရယ်လို့တော့ သတ်မှတ်မထားပါဘူး။ ရေစက်ရှိတဲ့သူနဲ့ပေါ့နော်။ မရှိရင်လဲ ဘယ်သူနဲ့မှမဖြစ်ဘူးပေါ့။ မိုးစက်က အချက်အလက်တွေနဲ့ သတ်မှတ်ထားတာမျိုးလဲ မရှိပါဘူး’တဲ့။

Trend Myanmar
Miss Universe Myanmar 2013 ဖြစ်တဲ့ မိုးစက်ဝိုင်က လတ်တလောမှာ အနုပညာ လှုပ်ရှားမှုများစွာနဲ့ မအားမလပ် ဖြစ်နေသူပါ။ အနုပညာခြေလှမ်းတွေ စိပ်လာတဲ့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ‘အခု မိုးစက် လောလောဆယ် ဖေဖော်ဝါရီတစ်လလုံးက ခရီးသွားမှာ ဖြစ်တဲ့အတွက် မဂ္ဂဇင်းကာဗာတွေ ရိုက်ထားတယ်။ မတ်လအတွက် ထွက်မှာပေါ့။ ပြီးတဲ့အခါ ကြော်ငြာရိုက်ဖို့ရှိတယ်။ ပြီးရင် ခုနကပြောတဲ့ ယိုးဒယားနယ်စပ်ကား ရိုက်ဖို့ရှိတယ်။ ဇာတ်ညွှန်းက မထွက်သေးတဲ့အတွက် သေချာတော့ မသိသေးဘူးပေါ့နော်။ ခရီးက USနဲ့ ကိုးရီယားသွားမယ်’လို့ သူမက ပြောပါတယ်။

ထိုင်းနိုင်ငံထုတ် ငံပြာရည်အတုများ စစ်ဆေးတွေ့ရှိ

Photo: ထိုင်းနိုင်ငံထုတ် ငံပြာရည်အတုများ စစ်ဆေးတွေ့ရှိ
Wednesday, February 5, 2014

ပြည်တွင်း စားသောက်ကုန် ဈေးကွက်တွင် ရောင်းချနေသော ထိုင်းနိုင်ငံ ထုတ်ငံပြာရည် တံဆိပ်တစ်မျိုး၏ ပုလင်းများတွင် ငံပြာရည် အတုအချို့ စစ်ဆေးတွေ့ရှိ ထားခဲ့သောကြောင့် သက်ဆိုင်ရာ တင်သွင်းသော ကုမ္ပဏီထံ အကြောင်းကြားထားကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။

အဆိုပါ ငံပြာရည်တံဆိပ်ကို ထိုင်းဘာသာစကားနှင့်သာ ရေးသားထားပြီး တံဆိပ်ရုပ်ပုံမှာ အဖြူရောင် စားဖိုမှူး တစ်ဦးက ပုစွန်ကို ထမ်းထားသည့်ဟန် ဖြစ်ကြောင်း၊ ငံပြာရည်ပုလင်း အရွယ်အစားသည် ၇၅၀ မီလီလီတာ ရှိပြီး ပုလင်းနှင့် တံဆိပ်တွင် တူသော်လည်း အရောင်နှင့် အနံ့မှာ မူလငံပြာရည် ပုလင်းနှင့် သိသိသာသာ ကွဲပြားကြောင်း ၎င်းကပြောကြားသည်။

ရန်ကုန်မြို့ မင်္ဂလာဈေးကွက်အတွင်း ရောင်းချနေသော ယင်းငံပြာရည် ပုလင်းများကို ထိုင်းနိုင်ငံမှ ဝယ်ယူဖြန့်ချိသူ ရွှေဆည်တော် ၉၉၉ ရောင်းဝယ်ရေး ကုမ္ပဏီက ယင်းသို့ တွေ့ရှိသဖြင့် စားသုံးသူ ကာကွယ်ရေးအသင်းထံ အကြောင်းကြား ခဲ့ကြောင်း ယင်းကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောဆိုသည်။
“ဝယ်ခဲ့တဲ့ အလုံးရေကိုတော့ အတိအကျ ပြောခွင့်မရှိဘူး။ ပြောလို့လည်း မရဘူး၊ အချိန်မီသိခဲ့လို့ ဈေးကွက်ထဲကိုတော့ မဖြန့်ခဲ့ဘူး။ တခြားသူတွေ ဝယ်မိမှာစိုးလို့ စားသုံးသူ ကာကွယ်ရေး အသင်းကတစ်ဆင့် အသိပေးတာပါ” ဟု ၎င်းကဆက်လက် ပြောဆိုသည်။

အဆိုပါ ငံပြာရည်သည် ကျန်းမာရေး ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က လက်မှတ် ရရှိထားသော ငံပြာရည် ဖြစ်သော်လည်း ယခုကဲ့သို့ အတုပေါ်ထွက် လာခြင်းကြောင့် ပြန်လည် ဓာတ်ခွဲစမ်းသပ်သွားမည် ဖြစ်ကြောင်း FDA ၏ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က The Voice သို့ ပြောကြားသည်။

စားသုံးသူ ကာကွယ်ရေးအသင်းနှင့် ရွှေဆည်တော် ၉၉၉ ရောင်းဝယ်ရေး ကုမ္ပဏီတို့သည် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အဆိုပါ ငံပြာရည်တံဆိပ်နှင့် ပတ်သက်ပြီး ညှိနှိုင်း ဆွေးနွေးသွားရန် ရှိကြောင်း စားသုံးသူ ကာကွယ်ရေးအသင်းထံမှ စုံစမ်းသိရှိရသည်။

၂၀၁၃ ခုနှစ်အတွင်းက ငါးပိတွင် ဓာတ်မြေသြဇာ ထည့်သွင်းထားသည်ဟု သတင်းများ ထွက်ခြင်းနှင့် ပတ်သက်ပြီး ငါးပိဈေးကွက် နိမ့်ကျသွားပြီးနောက် ယခုနှစ်ဆန်းပိုင်းတွင် ယင်းကဲ့သို့ ငံပြာရည်အတု စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်း စားသောက်ကုန် ဈေးကွက်တွင် ရောင်းချနေသော ထိုင်းနိုင်ငံ ထုတ်ငံပြာရည် တံဆိပ်တစ်မျိုး၏ ပုလင်းများတွင် ငံပြာရည် အတုအချို့ စစ်ဆေးတွေ့ရှိ ထားခဲ့သောကြောင့် သက်ဆိုင်ရာ တင်သွင်းသော ကုမ္ပဏီထံ အကြောင်းကြားထားကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။

မြေနေရာများ အခက်အခဲ ဖြစ်ပေါ်နေသည့်အတွက် ဟိုတယ်ဇုန်သစ် တည်ဆောက်ရန် အခက်အခဲရှိ

Photo: မြေနေရာများ အခက်အခဲ ဖြစ်ပေါ်နေသည့်အတွက် ဟိုတယ်ဇုန်သစ် တည်ဆောက်ရန် အခက်အခဲရှိ
Wednesday, February 5, 2014

မြန်မာနိုင်ငံတွင် ဟိုတယ်ဇုန် အသစ်များ ထပ်မံဖော်ဆောင်ရန်အတွက် ဇုန်အလိုက် ညွှန်ကြားမှုများကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှ စတင်ကာ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ခွင့်ပြု ပေးထားသော်လည်း

ဟိုတယ်ဇုန်များ အနေဖြင့် ဇုန်အသစ် ဖော်ဆောင်ရန်အတွက် မြေနေရာ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ ဇုန်အသစ်ဖော်ဆောင်ရန်မှာ လက်ရှိအချိန်တွင် မလွယ်ကူ နိုင်သေးကြောင်း တောင်ကြီး ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးကြည်လွင်က ပြောကြားခဲ့သည်။

ဟိုတယ်အသစ်များ အနေဖြင့် တည်ဆောက်ရန် မြေနေရာ ရှားပါးနေပြီး တည်ဆောက်မည် ဆိုပါက မြေနေရာ လွတ်များမှာ သစ်တောပိုင် မြေနေရာများသာရှိပြီး အဆိုပါ နေရာများ မှာ နေရာကျယ်ဝန်းပြီး ဟိုတယ်တည်ဆောက်ရန်အတွက် ရှုခင်းကောင်းမွန်သည့် နေရာဒေသများ ဖြစ်သော်လည်း သစ်တောပိုင် မြေနေရာများဖြစ်သည့် အတွက် တည်ဆောက်ရန် ခက်ခဲမှုများရှိကြောင်း သိရသည်။ ဟိုတယ်ဇုန်အလိုက် တည်ဆောက်ရန် မြေနေရာ အခက်အခဲဖြစ်ပေါ် နေသကဲ့သို့ တစ်လုံးချင်း တည်ဆောက်သည့် အပိုင်းတွင် လည်း မြေနေရာများမှာ ဝယ်ယူရန် ခက်ခဲသကဲ့သို့ တည်ဆောက်ရာတွင်လည်း အခက်အခဲများ ရှိကြောင်း သိရသည်။ ''အခုက ဟိုတယ်ဆောက်မယ် ဆိုရင်နေရာက ဟိုနေရာလည်း ဝယ်ရခက်၊ ဒီနေရာလည်း ဝယ်ရခက်ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ အခုက ဂရန်ရှိမှ ဆောက်ရမလို ဖြစ်နေတယ်။ ပုံစံကလည်း ဂရန်ရှိမှ ဆောက်လို့ရတဲ့ နေရာတွေဆိုတော့ နည်းနည်း အခက်အခဲရှိတယ်'' ဟု ဦးကြည်လွင်က ဆက်လက် ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ပြည်တွင်းလုပ်ငန်းရှင်များ အနေဖြင့် မြေယာပြဿနာများနှင့် ရင်ဆိုင်နေရသည့် အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများမှာ လက်ရှိတွင် ဟိုတယ် တည်ဆောက်မှု အပိုင်းတွင် တောင်ကြီး၊ အင်းလေးနှင့်ကလော စသည့်ဒေသများ၌ ဝင်ရောက် လုပ်ကိုင်ရန် မဖြစ်နိုင်သေးကြောင်း သိရသည်။ ''ဒီဟိုတယ်တွေ တည်ဆောက်တဲ့ ကုန်ကျစရိတ်က သိန်းကို သောင်းဂဏန်းချီတယ်လေ။ ဒီလို ရင်းနှီးမြှုပ်နှံ ပြီးတော့မှ အငှားဂရန်က နှစ်ကလေး အနည်းငယ်လောက်နဲ့ ခွင့်ပြုပေးတာဆိုတော့ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာ လုပ်ငန်းရှင်တွေအနေနဲ့ ထိခိုက်တာပေါ့။ ဒါက ပြည်တွင်း အခြေအနေပဲ ရှိသေးတယ်။ ပြည်ပ လုပ်ငန်းရှင်တွေကလည်း ဒီလိုပြဿနာတွေ ရှိနေတာကိုသိရင် ဘယ်လိုပဲ အထဲကိုထဲထဲဝင်ဝင် လာတာပဲဖြစ်ပါစေ နည်းနည်းတော့ လန့်မှာပဲ။ သူတို့ဝင်ရင်လည်း သေချာမှပဲ ဝင်လာလိမ့်မယ်။ ဒီမှာပြဿနာတွေ မရှိနိုင်တဲ့ နေရာတွေကိုပဲ ဝင်မှာ။ ပြဿနာရှိ တဲ့ ဒေသတွေမှာ လုပ်ကိုင်ချင်ပေမဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံတဲ့ သူတွေက လက်ရှိအချိန်မှာ စောင့်ကြည့်နေကြတယ်''ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။ တောင်ကြီး ဟိုတယ်ဇုန်၌ ကြယ်ငါးပွင့် အဆင့်ဟိုတယ်များ မရှိသေးသကဲ့သို့ ကြယ်လေးပွင့် အဆင့် ဟိုတယ်များမှာလည်း အင်းလေးဒေသတွင်သာ နှစ်လုံးရှိကာ ကြယ်သုံးပွင့်အဆင့် ဟိုတယ်များမှာ ကလော၊ တောင် ကြီးနှင့် အင်းလေးစသည့် နေရာများတွင်ရှိပြီး တခြားသော နေရာဒေသများတွင် ကြယ်တစ်ပွင့် နှစ်ပွင့်အဆင့် ဟိုတယ်များသာရှိကြောင်း သိရသည်။

မြ၀တီ
မြန်မာနိုင်ငံတွင် ဟိုတယ်ဇုန် အသစ်များ ထပ်မံဖော်ဆောင်ရန်အတွက် ဇုန်အလိုက် ညွှန်ကြားမှုများကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှ စတင်ကာ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ခွင့်ပြု ပေးထားသော်လည်း ဟိုတယ်ဇုန်များ အနေဖြင့် ဇုန်အသစ် ဖော်ဆောင်ရန်အတွက် မြေနေရာ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ ဇုန်အသစ်ဖော်ဆောင်ရန်မှာ လက်ရှိအချိန်တွင် မလွယ်ကူ နိုင်သေးကြောင်း တောင်ကြီး ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးကြည်လွင်က ပြောကြားခဲ့သည်။

နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာလေးဘီလျံကျော် ရရှိခဲ့ပြီး မူဆယ်နယ်စပ်စခန်းတစ်ခုတည်းမှ ကုန်သွယ်မှု ဒေါ်လာသုံးဘီလျံကျော် ရရှိ

Photo: နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ ကုန်သွယ်မှုပမာဏ ဒေါ်လာလေးဘီလျံကျော် ရရှိခဲ့ပြီး မူဆယ်နယ်စပ်စခန်းတစ်ခုတည်းမှ ကုန်သွယ်မှု ဒေါ်လာသုံးဘီလျံကျော် ရရှိ
Wednesday, February 5, 2014

နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော် ရရှိခဲ့ပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုတည်းမှ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ရရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။

မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်၊ စစ်တွေ၊ မောင်တော၊ တမူး၊ ရိဒ် စသည့် နယ်စပ်စခန်း ၁၄ ခုမှ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၄ ရက်အထိ အမေရိကန်ဒေါ်လာ ၄၀၁၁ ဒသမ ၉၄၈ သန်း ရရှိခဲ့ကြောင်း သိရသည်။

နယ်စပ်စခန်းအားလုံးပေါင်းမှ ရရှိသည့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်အနက် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်စခန်းတစ်ခုတည်းမှ အမေရိကန်ဒေါ်လာ ၃၁၁၈ ဒသမ ၇၁၈ သန်း (သုံးဘီလျံကျော်) ရရှိခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် လွယ်ဂျယ်နယ်စပ်စခန်းများမှ ကုန်သွယ်ခြင်းဖြစ်ပြီး အိန္ဒိယနှင့်ကုန်သွယ်ရာတွင် တမူး၊ ရိဒ်နယ်စပ်စခန်းများမှ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနှင့်နယ်စပ်ကုန်သွယ်ရာတွင် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်/ထီးခီး၊ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဆောင်ရွက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုကို စစ်တွေနှင့် မောင်တောနယ်စပ်စခန်းများမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။

ကုန်သွယ်မှုပမာဏ တိုးတက်ရေးအတွက် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးလုပ်ငန်းများကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်းများတွင် ပြုလုပ်နေသကဲ့သို့ ကုန်သွယ်မှုအများဆုံး ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းများတွင်ပါ ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။

နယ်စပ်ဒေသနေဒေသခံများ တစ်နိုင်တစ်ပိုင် ကုန်သွယ်မှုပြုလုပ်နိုင်ရန်နှင့် တရားမ၀င်ကုန်သွယ်မှု လျော့နည်းလာစေရန်အတွက် တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ကတ်များကို နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများအားလုံးတွင် ထုတ်ပေးနေပြီး အဆိုပါတစ်ဦးတည်းပိုင် ကုန်သွယ်မှုကတ်ဖြင့် ကုန်သွယ်မှုပမာဏမှာလည်း ကျပ်ငါးဘီလျံကျော်ပြီဖြစ်ကြောင်း သိရသည်။ 

Eleven Media Group
နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော် ရရှိခဲ့ပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုတည်းမှ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ရရှိ ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရ သည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ပြစ်မှုဆိုင်ရာ တရားစီရင်ရေး ကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

Photo: မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ပြစ်မှုဆိုင်ရာ တရားစီရင်ရေး ကဏ္ဍ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
Wednesday, February 5, 2014

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ပြစ်မှု ဆိုင်ရာ တရားစီရင်ရေး ကဏ္ဍအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ဟိုတယ်ဇုန်ရှိ အမရာဟိုတယ်၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ အတွင်းရေးမှူး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သဘာပတိ ပြည်ထောင် စု ရှေ့နေချုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းက အလုပ်ရုံ ဆွေးနွေးပွဲ၏ ရည်မှန်းချက်များကို ရှင်းလင်းတင်ပြကာ AAPTIP တာဝန်ရှိသူ တစ်ဦးက အလုပ်ရုံ ဆွေးနွေးပွဲ လုပ်ငန်းစဉ်နှင့် မျှော်မှန်း ရလဒ်များကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် လူကုန်ကူးမှု တိုက်ဖျက်ရေး ပြစ်မှုဆိုင်ရာ တရားစီရင်ရေး ကဏ္ဍနှင့် ဆက်နွှယ်သော မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး အကောင်အ ထည်ဖော် ဆောင်ရွက်မှု အခြေအနေ များကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်ထွန်းက တင်ပြသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ ၄ ရက်မှ ၅ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ အမေရိကန်သံရုံး၊ သြစတြေးလျသံရုံး၊ Asean Secretariat Office, UNICEF, IOM, UNODC, AAPTIP, World Vision Myanmar, Save the Children Myanmar, Kayin Baptist Convention, Human Rights Defenders and Promoters, The Warnath Group (Myanmar-US TIP Project) တို့မှ တာဝန်ရှိသူ ၆ဝ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြ၀တီ
လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ပြစ်မှု ဆိုင်ရာ တရားစီရင်ရေး ကဏ္ဍအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ဟိုတယ်ဇုန်ရှိ အမရာဟိုတယ်၌ ကျင်းပသည်။

ငွေဒဏ်မဆောင်နိုင်မှသာ ထောင်ဒဏ်ကျခံရမည်ဖြစ်သော အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် အတည်ပြု

အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီ ဥပဒေအမှတ် ၅/၂၀၁၄)ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များ အတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

ဗီယက်နမ်ပို့မည့် ဆင်စွယ် ၄ တန်နီးပါး တိုဂိုနိုင်ငံတွင် ဖမ်းမိ

Photo: ဗီယက်နမ်ပို့မည့် ဆင်စွယ် ၄ တန်နီးပါး တိုဂိုနိုင်ငံတွင် ဖမ်းမိ
Wednesday, February 5, 2014

ဗဟိုအာဖရိကနိုင်ငံ ဖြစ်တဲ့ တိုဂိုနိုင်ငံမှာ ဗီယက်နမ်နိုင်ငံကို တင်ပို့မယ့် ဆင်စွယ် ၄ တန်နီးပါးကို မြို့တော် လူမီမြို့မှာ ဖမ်းဆီးရမိတယ်လို့ တိုဂိုအာဏာပိုင်တွေက ဖေဖော်ဝါရီ ၃ ရက်နေ့က ဆိုပါတယ်။

ဆင်စွယ်တွေကို ဇန်န၀ါရီလကုန်ပိုင်းက ဖမ်းဆီးရမိတာ ဖြစ်ပြီး တာဝန်ရှိသူ တိုဂိုနိုင်ငံသား ၂ ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၁ ဦးကို ဖမ်းဆီးထားတယ်လို့ ကွန်တိန်နာစစ်ဆေးရေးအရာရှိက ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ဆင်စွယ်တွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၈ သန်းဖိုးရှိပြီး ဆင်အကောင် ၅၀၀ အသတ်ခံခဲ့ရမယ်လို့ ဆိုပါတယ်။

တိုဂိုနိုင်ငံမှာ ၂၀၁၃ ဇူလိုင်လ စစ်တမ်းအရ ဆင်အကောင် ၁၁၅ ကောင်ပဲ ရှိတာမို့ ဖမ်းဆီးရမိတဲ့ ဆင်စွယ်တွေဟာ တခြားအာဖရိကနိုင်ငံတွေက လာတာ ဖြစ်နိုင်တယ်လို့ တိုဂို သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနရဲ့ အရာရှိ အိုကာမာဆူက ဆိုပါတယ်။

ဆင်စွယ်တွေဟာ သိမ်းထားတဲ့ ဆင်စွယ်အဟောင်းတွေ ဖြစ်ပြီး ဘယ်နိုင်ငံက လာ တယ်ဆိုတာကို ဆက်လက်စုံစမ်းရဦးမယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ ဆင်စွယ်ရောင်းဝယ်ရေးကို တားဆီး ပိတ်ပင်ထားပေမယ့်လည်း အာဖရိက ဆင်တွေ အထူးသဖြင့် ဗဟိုအာဖရိကနိုင်ငံက ဆင်တွေ သတ်ဖြတ်ခံရမှုနှုန်းဟာ မြင့်မားနေဆဲ ဖြစ်ပါတယ်။

ဗဟိုအာဖရိကနိုင်ငံက လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အဓိက၀င်ငွေဟာ  ဆင်စွယ် ရောင်းဝယ်ရေးက ရရှိတာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့နှစ်က  သတိပေးခဲ့ပါတယ်။

By ဒီဗွီဘီ
ဗဟိုအာဖရိကနိုင်ငံ ဖြစ်တဲ့ တိုဂိုနိုင်ငံမှာ ဗီယက်နမ်နိုင်ငံကို တင်ပို့မယ့် ဆင်စွယ် ၄ တန်နီးပါးကို မြို့တော် လူမီမြို့မှာ ဖမ်းဆီးရမိတယ်လို့ တိုဂိုအာဏာပိုင်တွေက ဖေဖော်ဝါရီ ၃ ရက်နေ့က ဆိုပါတယ်။

မိုင်ခရိုဆော့ဖ် တည်ထောင်သူ Bill Gates အနားယူတော့မယ်

Photo: မိုင်ခရိုဆော့ဖ် တည်ထောင်သူ Bill Gates အနားယူတော့မယ်
Wednesday, February 5, 2014

နည်းပညာဆိုင်ရာ ကွန်ပြူတာ ကုမ္ပဏီကြီး Microsoft ကို တည်ထောင်ခဲ့သူ Bill Gates ဟာ ကုမ္ပဏီရဲ့ ဥက္ကဌ ရာထူးကနေ အနားယူတော့မယ်လို့ Microsoft ကုမ္ပဏီက ကြေညာလိုက်ပါတယ်။
မိုင်ခရိုဆော့ဖ် အကြီးအကဲ Bill Gates (Credit: Reuters)

ဘေးလ်ဂိတ်ဟာ နည်းပညာပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အဖြစ် Microsoft ကုမ္ပဏီမှာ ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပြီး သူ့ရဲ့ နေရာကိုတော့ John Thompson က ၀င်ရောက်မှာ ဖြစ်ပါတယ်။

Microsoft ကုမ္ပဏီအတွင်း တခြား အပြောင်းအလဲတွေကတော့ အရင် အလုပ်အမှုဆောင် အရာရှိချုပ် Steve Ballmer ရဲ့ နေရာကိုတော့ Satya Nadella က ၀င်ရောက်မှာ ဖြစ်ပါတယ်။

တခြား နည်းပညာ ကုမ္ပဏီကြီးတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် တီထွင်မှုအသစ်တွေ ဖန်တီးဖို့ နဲ့ အကျိုးအမြတ်တွေပိုမို ရရှိနိုင်ဖို့အတွက် ခေါင်းဆောင်မှု အသစ်တွေ ကို Microsoft ကုမ္ပဏီ ရင်းနှီးမြှပ်နှံသူတွေက လိုလားနေကြခဲ့ကြတဲ့ နောက်ပိုင်း အခုလို အပြောင်းအလဲ တွေ ဖြစ်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

ABC Radio Australia
မိုင်ခရိုဆော့ဖ် အကြီးအကဲ Bill Gates (Credit: Reuters)
နည်းပညာဆိုင်ရာ ​ကွန်ပြူတာ ​ကုမ္ပဏီကြီး ​Microsoft ​ကို ​တည်ထောင်ခဲ့သူ ​Bill ​Gates ​ဟာ ​ကုမ္ပဏီရဲ့ ​ဥက္ကဌ ​ရာထူးကနေ ​အနားယူတော့မယ်လို့ ​Microsoft ​ကုမ္ပဏီက ​ကြေညာလိုက်ပါတယ်။

အစ္စလာမ်မစ် စစ်သွေးကြွ ၅၇ ဦးကို အီရတ်အစိုးရတပ်ဖွဲ့များနှင့် မဟာမိတ်လူမျိုးစု တပ်ဖွဲ့ဝင်များပစ်သတ်

အီရတ်အစိုးရတပ်ဖွဲ့များနှင့် မဟာမိတ် လူမျိုးစုတပ်ဖွဲ့ဝင်များက အစ္စလာမ်မစ် စစ်သွေးကြွ ၅၇ ဦးကို တနင်္လာနေ့က အန်ဘာပြည်နယ်တွင် ပစ်သတ်ခဲ့ကြသည်ဟု ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ ကြောင်း ဖေဖော်ဝါရီ ၄ ရက်က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။