Thursday 11 October 2012

မြန်မာက ငါးဖမ်းသမား ၂၉ ဦး ကို ဘင်္ဂလားဒေ့ရှ် ကယ်ဆယ် ထား

ဘင်္ဂလာပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းကြောင့် ကမ်းကပ်လာသူ  မြန်မာနိုင်ငံသား ငါးဖမ်းသမား ၂၈၉ ဦးကို ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့မှ ထိန်းသိမ်း ထားသည်ဟု သိရသည်။
တက်ကနက် ချောင်းတွင် ဆိပ်ကပ်ထားသော စက်လှေများ။

ငွေကြေးရမ္မက်နှင့် ချောက်ကမ်းပါးထက်က ဘဝဈေးပွဲတော် သို့မဟုတ် အမှောင်ခြမ်းမှ အနွမ်းပန်းများ




  
”အစ်ကို သွားမလား”
ရုတ်တရက် ဘေးနားတိုးကပ် ပြီး မေးလိုက်သည့်  အသံကြောင့် ကြောင်တောင်တောင်ဖြစ်သွား မိ၏။ နောက်မှ ညဥ့်ငှက်တို့၏ အစာရှာ သံမှန်းခန့်မှန်းလိုက်မိသည်။  မသွား သေးပါဘူးကွယ်ဟု ရိုးရိုးပဲပြန်ပြော လိုက်မိသည်။ ဘဝရှင်သန်ရပ်တည် မှုအတွက်ဤနေရာ ဤအချိန်မျိုး တွင် ယခုကဲ့သို့ သွားမလား အစ်ကို ဟု မေးမြန်းပြီး တစ်စုံတစ်ရာအစာ ရလျှင် ခပ်ပေါပေါ တည်းခိုခန်းတစ်ခု ၌ အာသီ သဖြေဖျောက်သူတို့ လက်ထဲ သူတို့ဘဝကို မိနစ်ပိုင်းမျှ ချခင်း ကာ နောက်တစ်ဖန် အစာတစ်ခု ကို သွားဦးမလား အစ်ကိုဟုဆိုကာ သူတို့ပြန်လည်ရှာဖွေကြဦးမည်ဖြစ်သည်။ သူတို့အတွက် ထိုဘဝသည် မာယာဘုံဖြစ်သည်။ သူတို့အတွက် ထိုဘဝသည် အိမ်နိမ့်စံဖြစ် သည်။ သူတို့အတွက် ထိုဘဝသည် ဆာ လောင်မှုဖြစ်သည်။ သူတို့အတွက် ထိုဘဝသည် မျက်ရည်ဖြစ်သည်။ သူတို့အတွက်ထိုဘဝသည် မီးပြ တိုက်ဖြစ်သည်။သွားဦး မလား အစ်ကိုဟု ဆို ကာ ရန်ကုန်မြို့အချက်အချာနေရာ များစွာတွင် ကျင်လည်

အမျိုးသားဒီိမိုကရေစီအင်အားစုပါတီ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်သည့်သဘောထား

( ကြေညာချက်အမှတ် ၁၀ /၂၀၁၂ )
ရက်စွဲ။ ။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ( ၁၁ )ရက်

ကျွန်ုပ်တို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် မြန်မာနိုင်ငံဖြတ်သန်း ခဲ့သော နိုင်ငံရေးအနေ အထား အရပ်ရပ်၊ ဖြစ်ရပ်အထွေထွေနှင့် တိုင်းရင်းသားအချင်းချင်းအကြား နိုင်ငံရေးယုံကြည်မှု မရရှိနိုင်ခဲ့ သည့် ဖြစ်ရပ်အ၀၀တို့ကို သင်ခန်းစာယူ၍ ပြည်တွင်းငြိမ်းချမ်းရေး အပြီးတိုင်ရရှိရေးနှင့် စပ်လျဉ်းသည့် သဘောထား ရပ်တည်ချက်ကို အောက်ပါအတိုင်း ထုတ်ပြန်လိုက်သည်-

မုန်တိုင်းကြောင့် ရခိုင်တွင် ပျက်စီးမှု မရှိဟု ကနဦး သတင်းရ

ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ယမန်နေ့ကမုန်တိုင်းဖြတ်သန်း ဝင်ရောက်ခဲ့ မှုကြောင့် မောင်တောနှင့်ဘူး သီးတောင် တို့တွင် လေပြင်း မိုးပြင်းများ သည်းထန်စွာ ရွာသွန်းခဲ့ သော်လည်း ပျက်စီး ဆုံးရှုံးမှု မရှိခဲ့ကြောင်း ဒေသခံများကို ယနေ့ နေ့လယ်ဆက်သွယ် မေးမြန်းချက်များ အရ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဥပဒေပြင်ရန် ခက်မည်

http://burma.irrawaddy.org/wp-content/uploads/2012/10/001.jpg 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရန် ခက်ခဲကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများက ပြောဆိုကြသည်။

SSA-N နှင့် အစိုးရ ငြိမ်းအဖွဲ့တို့ တပ်မိသားစု နေရာချရေး သဘောတူ

Thursday, 11 October 2012

ချင်းမိုင်(မဇ္စျိမ) ။       ။ မိုင်းရှူးနှင့် တန့်ယန်းမြို့နယ် အကြားရှိ ဟိုနမ်းဒေသတွင် တပ်မိသားစုဝင်များနှင့် စစ်ဘေး
ရှောင် ရွာသားများအတွက် ရွာသစ်တည်ရန် ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း) SSPP/SSA-N နှင့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ ဗုဒ္ဓဟူးနေ့က သဘောတူညီခဲ့ကြသည်။

လားရှိုးတွင် ငြိမ်းချမ်းရေး စကားပြော



ရှမ်းပြည် တပ်မတော်မြောက်ပိုင်း SSA-N နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီတို့သည် လားရှိုးမြို့ရွှေလီခန်းမတွင် တွေ့ဆုံနေကြကြောင်း သတင်းရရှိသည်။

KNU ကွဲတော့ ဘာဖြစ်လဲ (ဆောင်းပါး)

Thursday, October 11, 2012
ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗဟိုတရားရေးဌာနက ပဒိုဒေးဗစ်ထောနဲ့ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်တို့ကို တာဝန်မှ ရပ်စဲလိုက်တာဟာ အကွဲအပြဲ မကြာခဏ ဖြစ်တတ်တဲ့ KNU

ရခိုင်၌ ညမထွက်ရအမိန့်အား ဒုတိယအကြိမ် ထပ်မံလျှော့ပေါ့သတ်မှတ်


Thursday, October 11, 2012


ပဋိပက္ခများကြောင့် ဇွန်လအတွင်းက ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်အား ရခိုင်ပြည်နယ်၌ ဒုတိယ အကြိမ်မြောက် ထပ်မံလျှော့ချလိုက်ပြီဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီညီလာခံကာလ သင်္ကန်းကုန်းစည်းရုံးရေးအဖွဲ့ဝင် (၈)ဦး နှုတ်ထွက်စာတင်

Thursday, October 11, 2012


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံကျင်းပမည့်ကာလ၌ ငပုတောမြို့နယ် သင်္ကန်းကုန်းကျေးရွာမှ ပါတီအခြေခံစည်းရုံးရေးအဖွဲ့ဝင်
(၈)ဦးမှာ တိုင်းဒေသကြီး ပါတီရုံးချုပ်သို့ နှုတ်ထွက်ခွင့် တင်ထားေ ကြာင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရထံ ရခိုင့်အရေး အချက်(၅)ချက်အား စစ်တွေသံဃာထု တောင်းဆို

Thursday, 11 October 2012

သံဃာထုက ရခိုင်အရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့တွင် စစ်တွေမြို့မှ သံဃာတော်များ က အချက်(၅)ချက် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စစ်တွေမြို့ လမ်းမများပေါ်တွင် ထောင်ချီသည့် ရခိုင်အမျိုးသမီးများက ငြိမ်းချမ်းစွာ စီတန်း၍ (OIC) ကို ကန့်ကွက် ဆန္ဒပြ

Thursday, 11 October 2012


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့နေ့လည်ပိုင်းက ထောင်နှင့်ချီသည့်ရခိုင်အမျိုးသမီးများက OIC (Organization of Islamic Cooperation ) ရုံးဖွင့်မည်ကို ကန့်ကွက်သည့် အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ပြသခဲ့ကြသည်။

တိုယိုတာ ကား ၂ သန်းကျော် ကုမ္ပဏီ ပြန်သိမ်း

Thursday, October 11, 2012

ဂျပန်နိုင်ငံက တိုယိုတာ ကား ကုမ္ပဏီကြီးက ကား တံခါး စနစ်တခု ချို့ယွင်းမှုကြောင့် ကမ္ဘာတ၀န်းက တိုယိုတာ ကားအစီး ရေ ပေါင်း ၇.၄၃ သန်းကို ပြန်လည် သိမ်းဖို့ ကုမ္ပဏီက ယမန်နေ့က ကြေညာချက် ထုတ်လိုက်ပါ တယ်။ 

လေဒီဂါဂါနှင့် ဂျူလီယာန် အက်ဆန်းတို့ တွေ့ဆုံ

Thursday, 11 October 2012
Photo: လေဒီဂါဂါနှင့် ဂျူလီယာန် အက်ဆန်းတို့ တွေ့ဆုံ
Thursday, 11 October 2012

လေဒီဂါဂါသည် Wikileaks ဝက်ဘ်ဆိုက် တည်ထောင်သူ ဂျူလီယန် အက်ဆန်းကို လန်ဒန်တွင် သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ အမေရိကန် အစိုးရ၏ သံတမန်ရေးရာ လျှို့ဝှက်ချက်များကို ဖွင့်ချခဲ့ခြင်း
ကြောင့် ကမ္ဘာသိ လူပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသော အက်ဆန်းသည် လန်ဒန်တွင်ရှိနေပြီး အီကွေဒေါသံရုံးတွင် ဂါဂါနှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်သို့ ရောက်ရှိနေသော နာမည်ကျော် Popဂီတ အဆိုတော်သည် အက်ဆန်းနှင့်လည်း အတူတကွ ညစာ စားခဲ့ကြောင်း သိရသည်။ လတ်တလောတွင် အက်ဆန်းသည် အီကွေဒေါ သံရုံးတွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံထားသူ ဖြစ်သည်။ ဂါဂါသည် သံရုံးသို့ ရောက်လာပြီး
နောက် ညပိုင်းတွင် အက်ဆန်းနှင့် စကားပြောခဲ့ခြင်း ဖြစ်သည်။ သူမသည် Fameရေမွှေးကို Promotion ပြုလုပ်ရန် လန်ဒန် ရောက်နေခြင်း ဖြစ်ပြီး သံရုံးတွင် နာရီ အနည်းငယ်မျှ နေထိုင်ခဲ့ကြောင်းလည်း သိရသည်။

ဂါဂါသည် အက်ဆန်းထံ တကူးတက သွားရောက် လည်ပတ်ခြင်းဖြင့် အမျိုးမျိုးသော ဝေဖန်မှု၊ ထောက်ခံမှုများနှင့် ကြုံတွေ့နေရသည့် အတွေးအမြင်သစ် သမားအား လက်ခံကြိုဆိုကြောင်း ပြသခဲ့သည်။ ဂါဂါသည် မကြာသေးမီက Pussy Riot၊ ရေချယ်လ်ကော်ရီ၊ ဂျွန်ပါကင်းစ်၊ ခရစ္စတိုဖာ ဟစ်ချတ်စ်တို့နှင့် အတူ LennonOnoဆုကို ငြိမ်းချမ်းရေး ကဏ္ဍအတွက် ရရှိထားခဲ့သည်။ 

planet
လေဒီဂါဂါသည် Wikileaks ဝက်ဘ်ဆိုက် တည်ထောင်သူ ဂျူလီယန် အက်ဆန်းကို လန်ဒန်တွင် သွားရောက် တွေ့ ဆုံခဲ့ကြောင်း သိရှိရသည်။ အမေရိကန် အစိုးရ၏ သံတမန်ရေးရာ လျှို့ဝှက်ချက်များကို ဖွင်
့ချခဲ့ခြင်း ကြောင့် ကမ္ဘာသိ လူပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသော အက်ဆန်းသည် လန်ဒန်တွင်ရှိနေပြီး အီကွေဒေါသံရုံးတွင် ဂါဂါနှင့်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ စိန်ခေါ်မှု ပြင်းထန်မည်ဟု ကြံ့ခိုင်ရေးပါတီ ပြောဆို

October 11, 2012


၂၀၁၅ ရွေးကောက်ပွဲသည် ၎င်းတို့ပါတီ အပါအဝင် ယှဉ်ပြိုင်ရွေးကောက်ခံမည့် ပါတီတိုင်းအတွက် စိန်ခေါ်မှုပြင်း ထန် လာလိမ့်မည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ) အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ထုတ်ဖော်ပြောဆို လိုက်သည်။

အမေရိကန်အတွင်းပိုင်းအထိ တိုက်ခိုက်နိုင်သည့် ဒုံးလက်နက်များ ပိုင်ဆိုင်ထားကြောင်း မြောက်ကိုရီးယားထုတ်ပြန်

Thursday, 11 October 2012

တောင်ကိုရီးယား၏ ဒုံးစနစ်ကို အဆင့်မြှင့်တင်ပေးရန် အမေရိကန်နှင့်ဆိုးလ်တို့ သဘောတူညီချက် ရရှိခဲ့ပြီးနောက် မြောက်ကိုရီးယားက အမေရိကန်ကုန်းတွင်းပိုင်းအထိ တိုက်ခိုက်နိုင်စွမ်းရှိသော မဟာဗျူ ဟာမြောက်ဒုံး လက်နက်အင်အားပိုင်ဆိုင်ထားကြောင်း၊ အမျိုးသားကာကွယ်ရေးကော်မရှင်၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့မှုကိုKorean Central New Agency (KCNA) သတင်းဌာနက  အောက်တိုဘာ ၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်နေပြီး မြန်မာနိုင်ငံဒေသအချို့၌ မုန်တိုင်း၏ သက်ရောက်မှုကြောင့် နေရာကွက်၍ မိုးသည်းထန်မှုများ ဖြစ်ပေါ်

Thursday, 11 October 2012

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စတင်ဖြတ်ကျော်နေပြီဖြစ် ပြီး မြန်မာနိုင်ငံတွင် ဒေသအချို့၌ မုန်တိုင်း၏ သက်ရောက်မှုကြောင့် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိပါသည်။

ခေါင်းရွက်ဗျက်ထိုး ဈေးသည်တစ်ဦးလျှင် ကျပ်၎သောင်းခွဲနှုန်း ထုတ်ချေးမည်

ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် အထောက်အကူ ဖြစ်စေရန် အတွက် ရန်ကုန်မြို့တော် ရှိ ခေါင်းရွက်ဗျက် ထိုး ဈေးသည်များကို တစ်ဦးလျှင် ကျပ် ၄သောင်းခွဲ နှုန်းဖြင့် ထုတ်ချေးပေးမည် ဖြစ်ကြောင်း ဗဟို သမဝါယမ အသင်း လီမိတက်၏ အကြီးတန်း မန်နေဂျာ ဦးသိန်းဇော်ထွန်းက အောက်တိုဘာလ ၁၀ ရက်နေ့က ပြောကြားသည်။

ဗဟိုကော်မတီဝင် ရဲဘော်ဦးတင် ကွယ်လွန်ခြင်းအပေါ် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ထုတ်ပြန်ကြေညာချက် (၁၀.၁၀.၂၀၁၂)



၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၃း၃၀ ခန့်တွင် အသက် (၉၃) နှစ် အရွယ်ရှိ ရဲဘော် ဦးတင် (ခေါ်) ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော ကွယ်လွန်သွားခဲ့ပါပြီ။

အန္တရာယ်ကစားပွဲများနှင့်ကစားနေရသည့် မဒေးလိင်အလုပ်သမများ

ကျောက်ဖြူမြို့နှင့် မိုင်  ၇ မိုင် အကွာရှိ သည့် မဒေးကျွန်းသည် တစ်ချိန်က  လူသူအရောက်နည်းပါး သည့်နေရာ။  တံငါသည် ၊ဥယာဉ်လုပ်ငန်း စသဖြင့် လုပ်ကိုင်နေကြသည့် တောရွာ၊  လမ်းပန်းဆက် သွယ်ရေးမှာလည်း မြစ်ချောင်းများသာ။  မြို့ပေါ်နှင့်ဆက်သွယ်ရာတွင်လည်း ရေလမ်းတစ်ခုသာရှိသည်။

ကွန်တင်နာအတွင်းက လက်နက်ကိစ္စ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာထွက်သော်လည်း မထုတ်ပြန်သေး

ရန်ကုန်၊ အောက်တိုဘာ- ၁၁
ဒိုင်းမွန်းစတားကုမ္ပဏီ ဂျုံအိတ်ကွန်တိန်နာအတွင်း လက်နက်တွေ့ရှိသည့်ကိစ္စ စစ်ဆေးသည့် စုံစမ်း စစ်ဆေးရေး အဖွဲ့ တွေ့ရှိချက် အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ သို့ ပေးပို့လိုက်ပြီဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင်သော မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဒုတိယအထွေထွေမန်နေဂျာ ဦးသက်ထွန်းက ပြောကြားသည်။

"ကျပ်နှစ်သိန်းဖုန်း လာမည့် ဧပြီတွင် ဈေးလျှော့ရောင်းမည်"

ကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများ ဈေးနှုန်းလျှော့ချ၍ လာမည့်နှစ် ဧပြီ လတွင် ရောင်းချပေးမည် ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ကန့်ကွက် ဆန္ဒပြမှုတွေရှိပေမယ့် အိုအိုင်စီ ရုံးဖွင့်ရန် ပြင်ဆင်



ဆော်ဒီအာရေဗျနိုင်ငံ အခြေစိုက် အိုအိုင်စီလို့ခေါ်တဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေး မှူးချုပ်ရဲ့ ပြီးခဲ့တဲ့ ရှေ့ပြေးခရီးစဉ်အတွင်း စက်တင်ဘာ ၁၁ ရက်က အိုအိုင်စီနဲ့ နယ်စပ်ရေး ရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးတို့ ပူးပေါင်း ဆောင်ရွက်မှု စာချွန်လွှာကို လက်မှတ် ရေးထိုး ခဲ့ကြပါတယ်။

အောက်တိုဘာ၁၀ရက် မွန်းတည့်မှ နောက် ၃၆နာရီအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးမှ ကုန်းတွင်းပိုင်းသို့ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နိုင်

အောက်တိုဘာ၁၀ရက် မွန်းတည့်မှ နောက် ၃၆နာရီအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နို င်ငံနယ်စပ်အနီးမှ ကုန်းတွင်းပိုင်းသို့ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သိရသည်။

အဆိုပါမုန်တိုင်းသည် မြောက် သို့မဟုတ် အရှေ့ဘက်သို့ရွေ့လျားပြီး အောက်တိုဘာ၁၀ရက် မွန်းတည့်မှ နောက် ၃၆နာရီအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးမှ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းလည်း Myanmar Climate Change Watch မှ ထုတ်ပြန်ချက်အရ သိရှိရသည်။

၂၀၁၃-၁၄ ဘောလုံးရာသီကြို မြန်မာနိုင်ငံသို့ ချယ်လ်ဆီးအသင်း လာရောက်ကစားမည်

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်း ချယ်လ်ဆီးသည် မြန်မာနိုင်ငံ အခြေစိုက် အဖျော်ယမကာ ကုမ္ပဏီ International Beverage Trading Company (IBTC)နှင့် အကျိုးတူ ပူးပေါင်းမှု စာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။ (၂)နှစ် သက်တမ်းရှိ စပွန်ဆာ စာချုပ်အရ IBTCနှင့် ၎င်းထုတ်လုပ်သော Grand Royal ဝီစကီတို့သည် ချယ်လ်ဆီး၏ မိတ်ဖက် စပွန်ဆာ အမှတ်တံဆိပ်များအဖြစ် အကျုံးဝင်လာမည် ဖြစ်သည်။ ချယ်လ်ဆီးသည် အဖျော်ယမကာနှင့် ဆက်စပ်သော လုပ်ငန်းများနှင့် ဒုတိယမြောက် အဓိက စပွန်ဆာ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခြင်းလည်း ဖြစ်လာသည်။



(၂၀၁၁-၂၀၁၂ ဥရောပချန်ပီယံ ချယ်လ်ဆီးဘောလုံးအသင်း)