Friday 27 November 2015

ဂျပန်သင်္ဘောနှင့်လိုက်ပါလာမည့် အရှေ့တောင်အာရှနှင့်ဂျပန်လူငယ်များ မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်လေ့လာမည်

ဓာတ်ပုံ-နစ်ကီ  
အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ် (SSEAYP)အဖြစ် လူငယ်သုံးရာကျော် လိုက်ပါ လာသည့် Nippon Maru သင်္ဘောသည် မြန်မာနိုင်ငံ တွင် နိုဝင်ဘာ ၂၆ ရက်မှစတင်၍ သုံးရက်ကြာ လှည့်လည်လေ့လာ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အရှေ့တောင်အာရှ ၁၀နိုင်ငံနှင့် ဂျပန်နိုင်ငံမှ လူငယ်များသည် မြန်မာနိုင်ငံရှိ တက္ကသိုလ်များသို့ သွား ရောက်လေ့လာခြင်း၊ မြန်မာမိသားစုနေအိမ်တွင် Ho-mestay အဖြစ် တစ်ညတာတည်းခိုနေထိုင်ခြင်း အပါ အ၀င် မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုများ၊ နေထိုင်ပုံများကို လေ့လာမည်ဖြစ်သည်။

‘‘အာဆီယံနဲ့ ဂျပန်နိုင်ငံတွေ က လူငယ်တွေစုပြီး သင်္ဘောပေါ်မှာ ဆွေးနွေးမှုတွေ လုပ်မယ်။ ယဉ်ကျေးမှု တွေလည်း ဖလှယ်ကြ တဲ့အတွက် ရင်းနှီးမှုရမယ်။ နိုင်ငံ တကာအတွေ့အကြုံလည်းရ မယ်’’ဟု ဧည့်ခံ ကြိုဆိုရေး ကော်မတီအဖွဲ့ခေါင်းဆောင် ဒေါက်တာ လွင်လွင်စိုးက ပြောသည်။

အဆိုပါသင်္ဘောသည် မြန် မာနိုင်ငံ ရန်ကုန်မြို့ရှိ ဗိုလ်အောင် ကျော်ဆိပ်ကမ်းတွင် နိုဝင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ ဆိုက် ကပ်ထားမည်ဖြစ်ပြီး မလေးရှား နိုင်ငံသို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။

 အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ် (SSEAYP)၏ အဓိကရည်ရွယ် ချက်မှာ လူငယ်အချင်းချင်းအ ပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံတကာပူးပေါင်းဆောင် ရွက်နိုင်သော စွမ်းရည်များ ပျိုးထောင်ပေးရန် ခေါင်းဆောင်မှု အရည်အသွေးရှိသည့် လူငယ်များအား ပြုစုပျိုးထောင် လေ့ကျင့်ပေးပြီး ပါဝင်လှုပ်ရှားခွင့်ရသည့် လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်တစ်ခု ဖြစ်သည်။

အဆိုပါသင်္ဘောပေါ်မှ လူ ငယ်များသည် တက္ကသိုလ်လေ့ လာရေး ခရီးစဉ်အဖြစ် ရန်ကုန် တက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁)ရန်ကုန်၊ ရန်ကုန်ပညာရေး တက္ကသိုလ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်နှင့်အခြားတက္ကသိုလ်များသို့နိုဝင်ဘာ ၂၇ ရက်တွင် သွားရောက်လေ့လာ မည်ဖြစ်သည်။

နိုဝင်ဘာ ၂၈ ရက်တွင်Homestay အဖြစ် မြန်မာမိသားစုနေအိမ်များ၌ တစ်ညတာသွားရောက်နေထိုင် မည်ဖြစ်သည်။

အဆိုပါသင်္ဘောခရီးစဉ်သို့ မြန်မာနိုင်ငံမှ လူငယ် ၂၈ ဦးပါဝင်လိုက်လာခဲ့ပြီး ဂျပန်နိုင်ငံအ ပါအ၀င် အရှေ့တောင်အာရှနိုင်ငံ များမှ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်မှ လူငယ်များ လိုက်ပါ လာခဲ့သည်။

အဆိုပါသင်္ဘောခရီးစဉ်အ ဖြစ်ဂျပန်နိုင်ငံမှ နိုဝင်ဘာ ၅ ရက် တွင် စတင်ထွက်ခွာလာခဲ့ပြီး ခရီး စဉ်ကာလ မှာ ရက်ပေါင်း ၅၀ကျော်ကြာမြင့်ကာ ဂျပန်၊ ဖိလစ်ပိုင်၊ဗီယက်နမ်၊ မြန်မာနှင့် မလေးရှားနိုင်ငံများသို့ သွားရောက်လည် ပတ်မည်ဖြစ်သည်။

7Day Daily 

No comments:

Post a Comment