Saturday 4 October 2014

မိုးယုစံချစ်သူ ကောင်းပြည့်မဟုတ်ဟု ငြင်း

Photo: မိုးယုစံချစ်သူ ကောင်းပြည့်မဟုတ်ဟု ငြင်း
Saturday, October 4, 2014

လူမှုကွန်ရက် စာမျက်နှာများတွင် သရုပ်ဆောင် မိုးယုစံနှင့် ကောင်းပြည့်ချစ်သူဖြစ်နေသည်ဟု ရေးသားမှုများသည် မဟုတ်မှန်ကြောင်း သရုပ်ဆောင်မိုးယုစံက ငြင်းဆိုပြောကြားသည်။
သရုပ်ဆောင်နှစ်ဦးဖြစ်သော ကောင်းပြည့်နှင့် မိုးယုစံ ညပိုင်းမုန့်ထွက်စားခြင်းကို အထင်မြင်လွဲမှားပြီးရေးသားကြခြင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် သူငယ်ချင်းများသာဖြစ်ကြောင်း မိုးယုစံက ဆိုသည်။
“ အနုပညာရှင်တစ်ယောက်အနေနဲ့မဟုတ်ဘဲ အပြင်လူငယ်တစ်ယောက်လို လွတ်လပ်စွာနဲ့ ပျော်ရှင်လို့ ညဘက်မုန့်ထွက်စားတာဖြစ်တယ်။ မိုးယုနဲ့ ကိုကောင်းပြည့်က ခုထိတော့ ရည်းစားမဟုတ်သေးပါဘူး။ မိတ်ဆွေလို ခင်မင်တာလောက်ပဲဖြစ်တယ်´ ဟု သရုပ်ဆောင်မိုးယုစံက ပြောကြားသည်။
လူနှစ်ယောက် တွေ့ဆုံမှုပေါင်းဖက်မှုသည် ကံပေါ်မူတည်ပြီး ကံကိုလွန်ဆန်သည့်မရသည့်အတွက် အချစ်ရေးနှင့်ပတ်သက်လာလျှင် အနုပညာရှင်မှ အပြင်လူမှ ချစ်သူရွေးထားမည်ဟု ခွဲခြားသတ်မှတ်ထားခြင်း မရှိကြောင်း ၎င်းကဆိုသည်။
“မိုးယုနဲ့က အဲဒီနေ့က ကြော်ငြာရိုက်ပြီးလို့ ညဘက်မုန့်ထွက်စားတာ၊ အနုပညာမောင်နှမတွေဆိုတော့ ရင်းရင်းနှီးနှီး မုန့်ထွက်စာတာပါပဲ´ ဟု သရုပ်ဆောင် ကောင်းပြည့်က ပြောကြားသည်။

ဒို့တောင်သူသတင်းဂျာနယ်
People power
လူမှုကွန်ရက် စာမျက်နှာများတွင် သရုပ်ဆောင် မိုးယုစံနှင့် ကောင်းပြည့် ချစ်သူဖြစ်နေသည်ဟု ရေးသားမှုများသည် မဟုတ်မှန်ကြောင်း သရုပ်ဆောင် မိုးယုစံက ငြင်းဆိုပြောကြားသည်။
သရုပ်ဆောင်နှစ်ဦးဖြစ်သော ကောင်းပြည့်နှင့် မိုးယုစံ ညပိုင်းမုန့်ထွက်စားခြင်းကို အထင်မြင်လွဲမှားပြီး ရေးသားကြခြင်းဖြစ်ပြီး ၎င်းတို့ နှစ်ဦးသည် သူငယ်ချင်း များသာဖြစ်ကြောင်း မိုးယုစံက ဆိုသည်။
“ အနုပညာရှင်တစ်ယောက်အနေနဲ့မဟုတ်ဘဲ အပြင်လူငယ်တစ်ယောက်လို လွတ်လပ်စွာနဲ့ ပျော်ရှင်လို့ ညဘက်မုန့်ထွက်စားတာဖြစ်တယ်။ မိုးယုနဲ့ ကိုကောင်းပြည့်က ခုထိတော့ ရည်းစားမဟုတ်သေးပါဘူး။ မိတ်ဆွေလို
ခင်မင်တာလောက်ပဲဖြစ် တယ်´ ဟု သရုပ်ဆောင်မိုးယုစံက ပြောကြားသည်။

ဦးဆန်းဆင့်၏ (၂၂) ကြိမ်မြောက် ရုံးချိန်းတွင် အစိုးရကို အကြည်ညိုပျက်စေမှုအတွက် ဦးဆန်းဆင့်ဘက်မှ ဆရာတော်သုံးပါး သက်သေခံထွက်ဆို

ဦးဆန်းဆင့်၏ (၂၂) ကြိမ်မြောက်ရုံးချိန်းတွင် ပြစ်မှုပုဒ်မ ၁၂၄(က)အစိုးရအား အကြည်ညိုပျက်စေမှုအတွက် တရားခံပြ သက်သေအဖြစ် သံဃာတော်သုံးပါးအား အောက်တိုဘာ ၃ ရက်တွင် ဒက္ခိဏခရိုင် တရားရုံး၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

“ပုဒ်မ ၁၂၄ (က)မှာ ဦးပညာဇောတ၊ ဦးဝိဇာသနဲ့ ဦးအာဇိန္ဒ ဆရာတော်သုံးပါးပဲ စစ်တယ်။ အားလုံး ရေကြည်က ကိုယ်တော်တွေပဲဖြစ်တယ်။ ပုဒ်မ ၄၀၉ က စာရင်းစစ်ချုပ်က မလာဘူး။ အဲ့ဒါကြောင့် မစစ်ဖြစ်ပါဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောကြားသည်။

NLD ဗဟိုလူငယ် ဦးဆောင်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးသို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ် ဦးဆောင်အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို အောက်တိုဘာ ၄ ရက် (ယနေ့) တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်မည်ဖြစ်ရာ လူငယ်ရေးရာ တာဝန်ခံဖြစ်သည့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံအား ဇူလိုင် ၅ ရက်က ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ် အသီးသီးမှ ပါတီအဖွဲ့ဝင် လူငယ်ကိုယ်စားလှယ် ၁၅ဝ ဦး တက်ရောက်ခဲ့ကာ အဆိုပါညီလာခံမှ အဖွဲ့ဝင် ၅၇ ဦးပါဝင်သည့် ဗဟိုလူငယ် ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။