Monday 3 August 2015

ထွေးဦးမြန်မာမှ ရုပ်သေးကျွမ်းကျင်သူ သက်သက်ထွေးဦးနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံတွင် ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ရုပ်သေးပညာကို မပျောက်ပျက်အောင် ထိန်းသိမ်းနေ သူများထဲတွင် ထွေးဦးမြန်မာလည်း အပါအ၀င်ဖြစ်သည်။  ထွေးဦးမြန်မာ အနေဖြင့် ရိုးရာ ရုပ်သေး အကများကို ကပြနေသလို ရုံပွဲများကိုလည်း စီစဉ်ပေးသည်။ ယင်းအပြင် ပြည်ပတွင်လည်း ဖိတ်ခေါ်ပါက သွားရောက် ကပြဖျော်ဖြေမှုများ လုပ်လေ့ရှိသည်။ ထွေးဦးမြန်မာ၏ လုပ်ကိုင် ဆောင်ရွက်နေမှုများ၊ ရုပ်သေးပညာ၏ ခက်ခဲမှုများ၊ လက်ရှိ ကြိုးစားနေရမှုများကို သိရှိနိုင်ရန် မဇ္ဈိမက ထွေးဦးမြန်မာမှ ရုပ်သေးကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် အသက်ကိုးနှစ်အရွယ်ကပင် ရုပ်သေးကြိုးဆွဲ ပညာကို သင်ယူခဲ့သူ သက်သက်ထွေးဦးနှင့် တွေ့ဆုံ မေးမြန်းထားပြီး ကောက်နှုတ် ဖော်ပြပေးထားပါသည်။

ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ ကိုပြင်ဆင်မယ့်အပေါ် ဘယ်လို မြင်ကြသလဲ

ဇူလိုင် ၂၂ ရက်က  အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်း ကော်မတီသို့  ၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအား ပြင်ဆင်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနက  တင်ပြခဲ့သည်။ ယင်းသို့ ၀န်ကြီးဌာနက တင်ပြခဲ့သည့် အပေါ်  ပြင်ဆင်သည့်ဥပဒေကြမ်းတွင် ပြည့်တန်ဆာများနှင့် လိင်ဆက်ဆံ သူကို အရေးယူရန် ဥပဒေကြမ်းကော်မတီက အစီရင်ခံလိုက်သည်။
ယင်းအပြင် ဥပဒေကြမ်းကော်မတီက “ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ” အစား “ပြည့်တန်ဆာ ထိန်းသိမ်းရေးဥပဒေ” ဟု အမည်ပြောင်းလဲရန်လည်း ဥပဒေကြမ် ကော်မတီက သဘောထား မှတ်ချက်ပေးခဲ့သည်။ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေကို ၁၉၄၉ခုနှစ်၊ ဧပြီ(၂၁)တွင်စတင်ပြဌာန်းခဲ့ပြီး စတင်ပြဌာန်းစဉ် ပုဒ်မ (၁၈)ခု ပါဝင်သည့် ယင်းဥပဒေသည် လက်ရှိ ခေတ်အခြေအနေနှင့် ကိုက်ညီမှုမရှိတော့ဟု လည်း ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေအား ပြင်ဆင်ပေးရန် လွှတ်တ်ာသို့ တင်ပြခဲ့သည့် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ဆိုသည်။

အောင်လံမြို့တွင် ဧရာဝတီမြစ်ရေ၀င်ရောက်မှု ဆက်လက်တိုးနေ

အောင်လံမြို့နယ်တွင် ဧရာဝတီမြစ်ရေ ၀င်ရောက်မှု ဆက်လက်တိုးလျက်ရှိပြီး ဇူလိုင်လ(၃၁)ရက်မှ သြဂုတ်လ (၂)ရက်နေ့ အထိ မြို့ပေါ်(၈)ရပ်ကွက်ရှိ အိမ်ခြေ (၃၇၉) ၊လူဦးရေ(၁၅၂၇) ဦးနှင့် ကျေးရွာ (၁၄)ရွာမှ အိမ်ခြေ(၈၈၂) ၊ လူဦးရေ(၃၃၁၉)ဦး စုစုပေါင်း အိမ်ခြေ(၁၂၆၁) ၊ လူဦးရေ(၄၈၄၆)ဦးတို့အား သက်ဆိုင်ရာ ဆွေမျိုးသားချင်း အိမ်များ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံများသို့ပြောင်းရွှေ့ နေရာချ ထားပေးလျက်ရှိသည်။

ရခိုင်အမျိုးသားရေးဆောင်ရွက်သူ ဦးထွန်းသာ ကွယ်လွန်

ရခိုင်အမျိုးသားအရေးကို ဆောင်ရွက်သူ ဦးထွန်းသာသည် ကင်ဆာရောဂါ ဝေဒနာဖြင့် အိမ်အမှတ် ၁၂၆၊ အောင်သိဒ္ဒိ(၁)လမ်း၊ ၆၈ ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန် နေအိမ်တွင် သြဂုတ်လ ၂ ရက်နေ့ နံနက် ၁၀နာရီ ၃၅ မိနစ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။ 

မြန်မာနိုင်ငံ ရေဘေးဒုက္ခအတွင်း သေဆုံးသူ ၄၇ ဦးရှိ၊ သေဆုံးသူဦးရေထပ်တိုးလာနိုင်ကြောင်း ကုလသမဂ္ဂစိုးရိမ်နေ

စစ်ကိုင်းတိုင်းကလေးမြို့ပေါ်တွင် ရေကြီးရေလျှံမှုမြင်ကွင်းအား သြဂုတ် ၁ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-အီးပီအေ)
မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်း၍ ရေကြီးမြေပြိုမှုများ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိရာ ယင်းသဘာဝဘေးအတွင်း သေဆုံးသူဦးရေထပ်တိုးလာနိုင်သည်ဟု စိုးရိမ်လျက် ကုလသမဂ္ဂက သြဂုတ် ၂ ရက်တွင် သတိပေးထားသည်။

"သမ္မဦးသိန်းစိန်ကို နောက်သက်တမ်းအတွက်တောင်းဆိုတဲ့ KNU"

ဓါတ်ပုံ- ဦးဇော်ဌေး ဖေ့စ်ဘွတ်စာမျက်နှာ
နိုင်ငံတော်သမ္မတနှင့် KNU အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချို့တို့ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် လယ်တောရိပ်သာ၌ တွေ့ဆုံဆွေးနွေး ခဲ့ပြီး သမ္မတ ဦးသိန်းစိန်အား ဒုတိယသက်တမ်း ဆက်လက်တာဝန် ထမ်းဆောင်ရန် တိုက်တွန်းခဲ့ကြောင်းသတင်းရရှိသည်။

တစ်ကျွန်းကျတရုတ်နိုင်ငံသားများလွှတ်ပေးလိုက်ခြင်းသည် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက်ဟု သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးရှင်းလင်း

သမ္မတလွတ်ငြိမ်းချမ်း သာခွင့်တွင် သစ်ခိုးထုတ်မှုဖြင့် တစ်ကျွန်းကျ တရုတ်နိုင်ငံသားများပါဝင်လာခြင်းသည် မြန်မာပြည်သူပြည်သားများ၏ အကျိုးစီး ပွားအတွက်ဖြစ်ကြောင်း သမ္မတရုံးညွှန်ကြား ရေးမှူးဦးဇော်ဌေးက သူ၏မှူးဇော်ဖေ့စ်ဘွတ်ခ် စာမျက်နှာမှ ရှင်းလင်းသည်။

ပွင့်ဖြူရှိ အရေးပေါ်လိုအပ်နေသော ဒေသများကို ကူညီမည်

ပွင့်ဖြူသို့ ရောက်ရှိနေသော The Voice သတင်းထောက်၏ ပေးပို့ထားချက်အရ အရေးပေါ်အကူအညီ လိုအပ်နေသည့် ကျေးရွာများမှာ မုန်းချောင်းအရှေ့ဘက်နှင့် ကျောင်းတော်ရာ အရှေ့ဘက်- မုန်းမြင့်၊ အင်းတောင်း၊ သမော်အင်း၊ ညောင်ပင်ရွာ၊ မင်းဇံ၊ သဖန်းတန်း၊ သမင်ခြံ၊ ကမ်းဖြူကုန်း၊ သရက်တော၊ ညောခြုံ၊ ညောလှလေး၊ ရွာသာကုန်းတို့ ဖြစ်ပါသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ ရေနစ်မြုပ်နိုင်သည့် အန္တရာယ်မြင့်မားနေပြီဟု ဒေါက်တာထွန်းလွင်သတိပေး

ဧရာဝတီမြစ်ဝ ကျွန်းပေါ်အတွင်း ရေနစ်မြုပ်နိုင်သည့် အန္တရာယ်မြင့်မားနေပြီဖြစ်ခြင်းကြောင့် အထူးသတိထားပြီးကြိုတင်ပြင်ဆင် မှုများဆောင်ရွက်ထားသင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြော ကြားလိုက်သည်။

ငမိုးရိပ် ရေလှောင်တမံ ကန်ရေပြည့်ရန် သုံးလက်မသာ လို၊ ရန်ကုန် ဆင်ခြေဖုံးဒေသအချို့ ရေကြီးနိုင်

ငမိုးရိပ် ရေလှောင်တမံသည် သြဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်း တိုင်းတာချက်အရ ကန်ရေပြည့်ရန် သုံးလက်မသာ လိုတော့ကြောင်း ရန်ကုန်တိုင်း ဆည်မြောင်းဦးစီးဌာနထံမှ သိရသည်။

မြန်မာနှင့် ကမ္ဘောဒီးယားမှ လူမှောင်ခိုကူးခံရသူများပါသည့် ကျွန်ငါးဖမ်း သင်္ဘောကို ပါပူဝါနယူးဂီနီတွင် ဖမ်းမိ

မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားတို့မှ လူမှောင်ခိုများကို တင်ဆောင်လာသည့် ထိုင်းငါးဖမ်းသင်္ဘောတစ်စီးကို တော်ရီရေလက်ကြား သြစတြေးလျရေပိုင်နက်အနီး နိုင်ငံတကာရေပိုင်နက်တွင် ပါပူဝါနယူး ဂီနီနိုင်ငံက ဖမ်းဆီးရမိခဲ့သည်။

အီဂျစ်ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ကန်ထောက်ခံ

အီဂျစ်သမ္မတ Abdel-Fattah el-Sissi (ဗဟို) အီဂျစ် နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry (ယာ) တို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ စကားပြောနေစဉ်။ (သြဂုတ် ၂၊ ၂၀၁၅)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီဟာ တနင်္ဂနွေနေ့က အီဂျစ်သမ္မတ Abdel Fattah el-Sisi နဲ့တွေ့ဆုံခဲ့ပါတယ်။ အီဂျစ်အနေနဲ့ ဆိုင်နိုင်း ကျွန်းဆွယ်က အစ္စလာမ်မစ်အစွန်းရောက်တွေကို နှိမ်နင်းနေမှုကို အမေရိကန်က ထောက်ခံအားပေးတဲ့အနေနဲ့ အခုလို သံတမန်ရေးအရ တွေ့ဆုံတာဖြစ်ပါတယ်။

ပြည်သူ့အခွင့်အရေးတောင်းဆိုသူတွေ ဝါရှင်တန်ကိုချီတက်

လူဖြူလူမည်းခွဲခြားမှုကို ဆန့်ကျင်ရေးမှာ သမိုင်းဝင်ဖြစ်ခဲ့တဲ့Edmund Pettus Bridge ပေါ်မှာချီတက်နေတဲ့ လှုပ်ရှားတက်ကြွသူများ
အမေရိကန်ပြည်ထောင်စုမှာ တန်းတူအခွင့်အရေးမရှိသေးဘူးဆိုတာကို မီးမောင်းထိုးပြဖို့အတွက်လို့ဆိုပြီး ပြည်သူ့အခွင့်အရေးလှုပ်ရှားသူတွေက ၁,၃၈၅ ကီလိုမီတာအကွာအဝေးရှိတဲ့ Alabama ပြည်နယ် Selma မြို့ကနေ ဝါရှင်တန်ဒီစီကို ချီတက်ပွဲကို တနင်္ဂနွေနေ့က စတင်ခဲ့ကြပါတယ်။ လူဖြူလူမည်းခွဲခြားမှုကို ဆန့်ကျင်ရေးမှာ သမိုင်းဝင်ဖြစ်ခဲ့တဲ့ Edmund Pettus တံတားကစပြီး ရက်ပေါင်း (၄ဝ) နဲ့ ညပေါင်း (၄ဝ) ချီတက်ပွဲကို စတင်ခဲ့ပြီး စက်တင်ဘာလ (၁၅) ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

ရေကြီးရေလျှံဖြစ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့ပေါ်တွင် မသမာသူတချို့က ညအချိန်တွင် လှေဖြင့် ဖောက်ထွင်းခိုးယူမှုများဖြစ်ပေါ်နေ

Photo Caption: ကလေးမြို့တွင် ညအချိန် လုံခြုံရေးဆောင်ရွက်နေသာ ကလေးလွင်ပြင်ပရဟိတအဖွဲ့လူငယ်များနှင့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် Photo: ငယ်ထွေး(ကလေး)
ရေကြီးရေလျှံ ဖြစ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့ပေါ်တွင် မသမာသူ တချို့က ညအချိန်လှေဖြင့် ဖောက် ထွင်းခိုးယူမှုအချို့ဖြစ်ပေါ်နေပြီး ပြည် သူများ၏ အသက်အန္တရာယ်ကိုရန်ရှာကာ လုယက်မှုများရှိနေကြောင်း ဒေသ ခံများထံမှ သိရသည်။

ဝန်ထမ်းနုတ်ထွက်စာ မကျသေး၍ ကိုယ်စားလှယ်လောင်း အမည်စာရင်းမပါဟု ဒေါက်တာအောင်သူ ပြောကြား

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်း အမည်စာရင်းတွင် မပါဝင်ခြင်းမှာ ပညာရေးဝန်ထမ်းအဖြစ် နုတ်ထွက်စာ မကျသေး၍ ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူက The Voice သို့ ပြောကြားသည်။

ဒီမိုကရတ်သမ္မတလောင်းအဖြစ် ကလင်တန်နှင့် ယှဉ်ပြိုင်၍ အရွေးခံရန် အမေ

အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒင်မှာ ဒီမိုကရတ်သမ္မတလောင်းနေရာအတွက် ထိပ်ဆုံးမှပြေးနေသူ ဟီလာရီကလင်တန်နှင့် ယှဉ်ပြိုင်အရွေးခံရန် အလေးအနက် စဉ်းစားနေ သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

ချင်းတွင်းနှင့် မုံရွာ အားပြိုင်ပွဲ

ဓာတ်ပုံ − မျိုးမင်းဦး 
ချင်းတွင်းမြစ်ရေသည် မြို့ မျက်နှာပြင်အထက် လေးပေအထိ ကျော်လွန်ရောက်ရှိနေပြီး တာရိုး ပေါ်မှ မြစ်ရေကျော်ကာ လျှံကျ လာတော့မည့် အနေအထားကို အန်တု၍ မုံရွာဒေသခံများက သြဂုတ် ၂ ရက် တစ်ရက်လုံး တာရိုးတစ်လျှောက်၌ သဲအိတ် များ အထပ်ထပ်ဆင့်ပြီး ကာ ကွယ်ခဲ့ကြသည်။

တောင်ပြုံးပွဲကျင်းပရေး လေလံကြေးနှင့် အာမခံကြေး ကျပ်သိန်း ၄,၀၀၀ ကျော် ပေးရမည်ဆို၍ လေလံပွဲပျက်

တောင်ပြုံးပွဲတော်ကြီး ပွဲကျင်းပရေးဆိုင်ရာ  အထွေထွေတင်ဒါကို လေလံခေါ်ယူရာ လေလံအောင်သူမှာ တင်ဒါကြေးအပြင် အာမခံငွေအဖြစ် တင်ဒါကြေး၏ ၅၀ ရာခိုင်နှုန်းအပါအ၀င် စုစုပေါင်း ကျပ်သိန်း ၄,၀၀၀ ကျော် ပေးသွင်းရမည်ဆိုသောကြောင့် လေလံပွဲပျက်ခဲ့ကြောင်း   သတင်း ရရှိသည်။

ရေကြီးနေသည့်ကြားက ကလေးမြို့တွင် ဆီဆိုင်မီးလောင်

ဆီဆိုင်မီးလောင်နေစဉ် (ဓာတ်ပုံ - စိုးဇေယျာထွန်း/ရိုက်တာ) 
ရေဘေးသင့်ဒေသတစ်ခု ဖြစ်သော ကလေးမြို့ရှိ စက်သုံး ဆီဆိုင်တစ်ဆိုင်တွင် သြဂုတ် ၂ ရက် ညနေက မီးလောင်ခဲ့သည်။

နိုင်ငံတကာအကူအညီများ ပိတ်ပင်ထားခြင်းမရှိကြောင်း သမ္မတရုံးညွှန်ကြားရေးမှူးဆို

ကလေးမြို့ရှိ ရေဘေးဒုက္ခသည်စခန်းတစ်ခု (ဓာတ်ပုံ - ကျော်ဇင်သန်း) 
လတ်တလောဖြစ်ပေါ် နေသော ရေဘေးသင့်ဒေသများ အတွက် နိုင်ငံတကာအကူအညီ များ လာရောက်မှုကို ပိတ်ပင်ထားခြင်းမရှိကြောင်း သမ္မတရုံးညွှန် ကြားရေးမှူးက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

ရိက္ခာပြတ်တော့မည့် ချင်းပြည်နယ်ဒေသများသို့ ပေးပို့ထောက်ပံ့ပေးရန် သမ္မတထံ တောင်းဆို

မြေပြိုမှုများ ဆိုးရွားစွာ ဖြစ်ပွားခဲ့သော ချင်းပြည်နယ်တစ်နေရာကို ဝေဟင်မှ မှတ်တမ်းတင်ထားစဉ် (ဓာတ်ပုံ − ဦးတေဇ) 
ချင်းပြည်နယ် မြို့ခြောက်မြို့တွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး ဒေသတွင်း ရိက္ခာပြတ်တောက်တော့မည်ဖြစ် ၍ ရဟတ်ယာဉ်များဖြင့် ရိက္ခာပို့ ဆောင်ပေးရန် ချင်းပါတီနှင့် အရပ်ဘက်အဖွဲ့အစည်း ၁၂ ခု က နိုင်ငံတော်သမ္မတထံ တောင်းဆိုလိုက် သည်။

မြန်မာနိုင်ငံတစ်ဝန်း ရေကြီးနစ်မြုပ်မှုများနှင့် ပြည်သူ့အသံ

နာဂစ်နောက်ပိုင်း  အဆိုးရွားဆုံးအဖြစ် မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါး ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားနေပြီး ဒေသအချို့တွင်အရေးပေါ်အခြေအနေဖြင့် ရင်ဆိုင်နေရပြီဖြစ်သည်။ လွန်ခဲ့သည့်နှစ်ပတ်ခန့်မှစ၍ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းကာ ရေကြီးနစ်မြုပ်မှုများကြောင့် ရေဘေးသင့် ပြည်သူတစ်သိန်းကျော်ရှိနေပြီး လူ ၂၇ဦးသေဆုံးခဲ့ကြောင်း အစိုးရကသတင်းထုတ်ပြန်ခဲ့သည်။

‘‘ရွေးကောက်ပွဲသဘာဝအရ ရှုံးရင်လည်းရှုံးတဲ့အလျောက် မိမိတို့လက်ခံမယ်။ ပြီးတဲ့အခါမှာ နိုင်ငံနဲ့နိုင်ငံသားအကျိုးစီးပွားအတွက် အရှုံးပါတီအနေနဲ့လည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) 
သူရဦးရွှေမန်းနှင့်တွေ့ဆုံခြင်း
ပြည်ထောင်စုလွှတ်တော်နာယ က၊  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌသူရဦးရွှေမန်း ကို ဇူလိုင် ၃၀ရက် နံနက်ပိုင်းက ၎င်း၏ လွှတ်တော်ရုံးခန်းတွင် 7Day Daily သတင်းစာက သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီတွင်း  အခြေအနေ၊ ရွေးကောက်ပွဲအလားအလာ၊ ရွေးကောက်ပွဲအလွန်ကြားကာလအတွက် စိုးရိမ်ပူပန်မှုများ၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ခြေရှိ၊ မရှိ ၊ သမ္မတရည်မှန်းချက်စသည်တို့ကို မေးမြန်းခွင့်ရခဲ့ပြီး စာဖတ်ပရိသတ်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

‘‘တိုင်းပြည်အပေါ် စေတနာမှန်မှန်နဲ့ တိုင်းပြည်အကျိုးရောက်တဲ့နရာ၊ ရှိတဲ့နေရာက ဆောင်ရွက်တဲ့သူလို့သတ်မှတ်ခြင်းခံရတာကို မြတ်နိုးပါတယ်။’’

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ) 
သူရဦးရွှေမန်းနှင့် တွေ့ဆုံခြင်း (၂)
ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ၎င်း၏ လွှတ်တော်ရုံးခန်းတွင်7Day Daily သတင်းစာက သီးသန့်တွေ့ဆုံမေးမြန်းခဲ့သည်။ သူရဦးရွှေမန်း  အားအကျဆုံးပုဂ္ဂိုလ်၊ အကြိုက်ဆုံးစာအုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဆက်ဆံရေး၊ မိသားစုအရေး၊ နိုင်ငံရေးမှ အနားယူလျှင် တိုင်းပြည်မှ ၎င်းအပေါ် အမှတ်ရစေချင်သောပုံစံ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)၏ အခန်းကဏ္ဍ စသည်တို့ကို မေးမြန်းခွင့်ရခဲ့ပြီး စာဖတ်ပရိသတ်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

ချင်းတွင်းမြစ်ရေ တိုက်စားခြင်းကြောင့် မုံရွာမြို့နယ် ပေါက်ပင်ချောင်းအတွင်း မြေသားတာရိုး ကျိုးပေါက်

ချင်းတွင်းမြစ်ရေတိုက်စားသဖြင့် ကျိုးပေါက်သွားသော မြေသားတာရိုးနေရာတွင် ကြည့်ရှုနေသော ဒေသခံများ (ဓာတ်ပုံ − မျိုးမင်းဦး) 
ချင်းတွင်းမြစ်ရေတိုက်စား ခြင်းကြောင့် မုံရွာမြို့နယ် ပေါက် ပင်ချောင်းအတွင်း ငါးပေါက်ရေ ထိန်းတံခါးရှိ မြေသားတာရိုးကျိုး ပေါက်ပျက်စီးခဲ့ကြောင်း သတင်း ရရှိသည်။

KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဆွမ်ပီယန် ကျေးရွာအနီး မိုင်တိုင်အမှတ်၊၁၇၅/၄၊ သံဘောင်ဘေလီ တံတား မီးလောင်ပျက်စီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအို ကားလမ်းပေါ်ရှိ ဆွမ်ပီယန်ကျေးရွာအနီး မိုင်တိုင်အမှတ်၊၁၇၅/၄၊ တံတားအမှတ်၊ ၁/၁၇၆ သံဘောင်ဘေလီတံတားအား သြဂုတ် ၁ ရက်နေ့ ၂ နာရီခွဲခန့်တွင် KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲမှုကြောင့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံဆွမ်ပီယန် ရွာသားတစ်ဦးထံမှ သိရှိရပါ သည်။