
အဲ့ဒီ ဆွေးနွေးပွဲမှာတော့ (၂၀၁၁)ခုနှစ်တွင် မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေ အနေတွေဖြစ်တဲ့ နိုင်ငံရေးပါတီများ တရားဝင် ရပ်တည်ခွင့် ရှိလာခြင်း ၊ လွှတ်တော်များ ပေါ်ထွက်လာခြင်းနဲ့ ပြည်သူမှ ရွေးချယ်တင်မြှောက်တဲ့ အစိုးရသစ် ပေါ်ထွက်လာခြင်း

မှုတွေဟာ နိုင်ငံရေးပြောင်းလဲမှု တွေဖြစ်သလို ယခင်က တိုးတိုးပြောတောင် နောက်လှည့် ကြည့်နေရတဲ့ စကားတွေဟာ လွှတ်တော်အတွင်းမှ တရားဝင် ပြောပိုင်ခွင့် ရရှိလာပြီ ဖြစ်တယ်လို့ သိရပါသည်။
ဒါ့အပြင် နိုင်ငံတော် အစိုးရမှလည်း ပြည်သူတွေ အကျိုးအတွက် ဆင်းရဲမွဲတေမှု လျှော့ချရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း ၊ အခွန်အခများ လျှော့ချပေးခြင်း စတဲ့အရာတွေကို ပြုလုပ်ပေးသလို အစိုးရနဲ့ ပြည်သူအကြား ပေါင်းကူးတံတားဖြစ်တဲ့ မီဒီယာ ကဏ္ဍကိုလည်း စတုတ္ထ မဏ္ဍိုင်အဖြစ် သတ်မှတ်ခြင်းများ ပြုလုပ်မှုတွေဟာ (၂၀၁၁)ခုနှစ်အတွင်း နိုင်ငံရေး ပြောင်းလဲလာမှုတွေ ဖြစ်တယ်လို့ အဆိုပါ ဟောပြောပွဲမှ သိရပါသည်။
ဒါ့အပြင် အဲ့ဒီ ဆွေးနွေးပွဲကို တက်ရောက် လာတဲ့ ပရိသတ်တွေမှ မိမိသိလိုတဲ့ မေးခွန်းတွေကို ဟောပြော ဆွေးနွေးသူတွေကို မေးမြန်းနိုင်တဲ့ အစီစဉ်များလည်း ပါဝင်ပြီး တက်ရောက်လာတဲ့ ဆရာ ဦးခင်မောင်ညို ၊ ဆရာ ဦးတင်အောင်ရွှေ သုတေသီ အပါအ၀င် တက်ရောက် လာတဲ့ ပရိသတ်တွေမှလည်း မိမိသိလိုတဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို မေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြပါသည်။
(http://www.mrtv4.net.mm/)မှကူးယူဖော်ပြသည်။