Tuesday 25 March 2014

သစ်ဆိုင်ရှေ့ ဖုန်းရပ်ပြောနေသူများနှင့် သစ်စက်အလုပ်သမားများ စကားများရန်ဖြစ်ရာမှ (၁)ဦးသေ (၅)ဦးဒဏ်ရာရ

၂၄.၃.၂၀၁၄ ရက်နေ့ ၂၁၀၀အချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုပြည့်စုံနိုင်မှ ၎င်း၏ ညီဝမ်းကွဲတော်စပ်သူများသည် (၂၁)ရပ်ကွက်၊ လှော်ကားလမ်းထိပ်ရှိ မိဘဂုဏ်ရှိန်သစ်စက်ရှေ့၌ ရပ်၍ ဖုန်းပြောနေ စဉ် သစ်ဆိုင်သို့လာသောယာဉ်နှင့်မလွတ်သဖြင့်ဖယ်ခိုင်းရာမှစတင်ကာ သစ်စက်အလုပ်သမား များနှင့် စကားများရန်ဖြစ်နေကြောင်းကြားသိရ၍ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊

မန္တလေးမြို့တွင်း ညအချိန် စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှု တစ်ညအတွင်း ဆိုင်ကယ် အစီးရေ ၂၀၀ ကျော် အရေးယူ

Photo: မန္တလေးမြို့တွင်း ညအချိန် စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှု တစ်ညအတွင်း ဆိုင်ကယ် အစီးရေ ၂၀၀ ကျော် အရေးယူ
Tuesday, March 25, 2014

မန္တလေးခရိုင်အတွင်း ညပိုင်းအချိန် ယာဉ်မတော်တဆ ဖြစ်ပွားမှု များပြားလာသောကြောင့် ယာဉ်မတော်တဆမှု လျော့ကျစေရန် မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးက မတ်လ ၂၃ ရက်နေ့ ညမှ စတင်ကာ ရှောင်တခင် စစ်ဆေးခဲ့ရာ တစ်ညအတွင်း ဆိုင်ကယ်စီးရေ ၂၀၆ စီးနှင့် ကားနှစ်စီးတို့ကို စစ်ဆေး အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဆိုင်ကယ်၊ ကား အကုန်လုံးကို စစ်ဆေးတာပါ။ ဆိုင်ကယ်ကတော့ အဓိက ဦးထုပ်နဲ့ ဆိုင်ကယ်လိုင်စင်၊ လူလိုင်စင် စစ်တယ်။ ကားကတော့ လိုင်စင်မဲ့ ကားလား၊ ယာဉ်မောင်းလိုင်စင် ဒါတွေကို စစ်ဆေးတယ်။ တစ်ညအတွင်းမှာ ဆိုင်ကယ် ၂၀၆ စီးနဲ့ ကားနှစ်စီး စစ်ဆေး အရေးယူနိုင်ခဲ့တယ်” ဟု ၎င်းက ထပ်မံဆိုသည်။

ဆိုင်ကယ် မောင်းနှင်သူ အများစုမှာ ဦးထုပ် မဆောင်းခြင်းကြောင့် အပြစ်ပေး အရေးယူခံရခြင်း များပြီး လိုင်စင်မဲ့ ဆိုင်ကယ်လေးစီး ဖမ်းဆီးရမိခဲ့ကာ ရုံးတွင် ထိန်းသိမ်းထားပြီး ယာဉ်မောင်းလိုင်စင် မပါဘဲ မောင်းနှင်သော ကားနှစ်စီးကိုလည်း အရေးယူခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“လိုင်စင်မဲ့ ဆိုင်ကယ် လေးစီးကို ဌာနက သိမ်းသွားမှာ မဟုတ်ပါဘူး။ ဆိုင်ကယ် ပိုင်ရှင်တွေကိုတော့ လိုင်စင်မဲ့ ဆိုင်ကယ် မဟုတ်ကြောင်း အထောက်အထား လာပြခိုင်းပြီး ရုံးမှာ လာရွေးခိုင်းထားတယ်။ တကယ်လို့ အထောက်အထား မပြနိုင်ရင်လည်း ဆိုင်ကယ်ကို မသိမ်းဘူး။ သူတို့ကို ဒဏ်ငွေ ရိုက်ပြီးတော့ ဆိုင်ကယ်လိုင်စင် သွားရောက် ပြုလုပ်ခိုင်းမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးရမိသည့် ဆိုင်ကယ်များကို ဒဏ်ငွေ ကျပ်တစ်သောင်းမှ ကျပ်သုံးသိန်းအထိ ဒဏ်ရိုက်နိုင်သော်လည်း ကျပ်တစ်သောင်း ကျပ်သာ ဒဏ်ငွေရိုက်ခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

တစ်ခါမှ ဒီလို အဖွဲ့လိုက်ကြီး ညပိုင်း ဖမ်းတာ မကြုံဖူးဘူးလေ။ အခုတော့ ဘာမှ သတင်းမထုတ်ပြန်ဘဲ ရှောင်တခင် အနေနဲ့ စစ်ဆေးတာ။ ကျွန်တော်တို့လည်း အရင်တိုင်းပဲ ညဆို ဆိုင်ကယ်ဦးထုပ် မဆောင်းဖြစ်ဘူး။ နောက်နေ့ ညတွေ ဆိုရင်တော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ဆိုင်ကယ်ဦးထုပ် ဆောင်းမှ ဖြစ်တော့မယ်” ဟု ယင်းနေ့ညပိုင်းက ဆိုင်ကယ်ဦးထုပ် မဆောင်းသဖြင့် အရေးယူခံရသော အသက်၂၀ ကျော် အရွယ်ရှိ ဦးအောင်လင်းက ဆိုသည်။

မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိ ယာဉ်မတော်တဆ ဖြစ်ပွားမှု ၆၁ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၈ ဦး၊ ဒဏ်ရာရသူ ၉၅ ဦး ရှိကာ ယာဉ်မတော်တဆ ဖြစ်ပွားသည့် အချိန်နှင့် အမှုများမှာ နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြစ်ပွားမှု ၁၅ မှု၊ မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအထိ ဖြစ်ပွားမှု ၁၃ မှု၊ ညနေ ၆ နာရီမှ ညသန်းခေါင် ၁၂ နာရီအထိ ဖြစ်ပွားမှု ၂၄ မှု၊ ညသန်းခေါင် ၁၂ နာရီမှ နံနက် ၆ နာရီအထိ ဖြစ်ပွားမှု ကိုးမှု ရှိကြောင်း အဆိုပါ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

The Voice Weekly
မန္တလေးခရိုင်အတွင်း ညပိုင်းအချိန် ယာဉ်မတော်တဆ ဖြစ်ပွားမှု များပြားလာသောကြောင့် ယာဉ်မတော် တဆမှု လျော့ကျစေရန် မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူး ရုံးက မတ်လ ၂၃ ရက်နေ့ ညမှ စတင်ကာ ရှောင်တခင် စစ်ဆေးခဲ့ရာ တစ်ညအတွင်း ဆိုင်ကယ်စီးရေ ၂၀၆ စီးနှင့် ကားနှစ်စီးတို့ကို စစ်ဆေး အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

ထိုင်းတွင် ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ အယောက် ၃၀ သေဆုံး

Photo: ထိုင်းတွင် ခရီးသည်တင်ယာဉ် ချောက်ထဲကျ၊ အယောက် ၃၀ သေဆုံး
Tuesday, March 25, 2014

ထိုင်းနိုင်ငံ တာ့ခရိုင်မြောက်ပိုင်းမှာ မတ် ၂၄ ရက်နေ့ ညဦးပိုင်းက ခရီးသည်တင် ဘတ်စ်ကားတစီး ချောက်ထဲ ထိုးကျလို့ အနည်းဆုံး ခရီးသည်အယောက် ၃၀ သေဆုံးပြီး ၂၀ ဒဏ်ရာရရှိခဲ့ပါတယ်။

တာ့ခရိုင်ထဲက နိုင်ငံဝန် ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ အူဘွန်ရက်ဌာသာနီခရိုင်နဲ့ လာအိုနိုင်ငံကို လေ့လာရေး ခရီးထွက်ခွာနေကြ တာကြောင့် ထိခိုက်သေဆုံးသူ အများစု ဟာ နိုင်ငံဝန် ထမ်းတွေပဲ ဖြစ်ဖို့များတယ်လို့ တာ့ခရိုင် မယ်တိုမြို့နယ်ရဲမှူးက ပြောပြီး ကလေး ၂ ဦးလည်း ဒဏ်ရာရသူတွေထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

ဘတ်စ်ကားဟာ ဘရိတ်ပေါက်ပြီး ကားလမ်းဘေးက ကွန်ကရစ်အရံအတားကိုပါ ကျော်ပြီး ၁၅၀ မီတာနက်တဲ့ ချောက်ထဲကို ကျသွားတာလို့ ရဲမှူးက ပြောပါတယ်။

မတ် ၂၅ ရက် ဒီနေ့မနက်အထိ သေဆုံးသူ အယောက် ၃၀ ရှိသွားပြီလို့ အတည်ပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံက ဟိုင်းဝေးလမ်းမတွေဟာ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး လမ်းမတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၀ ခုနှစ်က လူ ၁ သိန်းမှာ ၃၈ ဦး ကားတိုက်မှုတွေမှာ သေဆုံးခဲ့တာကြောင့် ထိုင်းနိုင်ငံရဲ့နောက်မှာ ဒိုမိုနီကန်သမ္မတနိုင်ငံနဲ့ တောင်ပစိဖိတ်က နယူဝီ (Niue) ကျွန်းနိုင်ငံတွေပဲ ကျန်ပါတော့တယ်။

အာဆီယံနိုင်ငံတွေရဲ့ ပျမ်းမျှကားတိုက်သေဆုံးနှုန်းဟာ ၁၈ ဒဿမ၊  ၅ ဦးပဲရှိတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကလည်း လေ့လာရေးခရီးထွက်လာတဲ့ ကျောင်းသားတွေရဲ့ ဘတ်စ်ကားနဲ့ ကုန်ကား ၁ စီး တိုက်မိပြီး ကျောင်းသား ၁၃ ဦး သေဆုံးခဲ့ပါတယ်။

ထိုင်းနိုင်ငံတွင်း ကားတိုက်မှုတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ ကားမောင်းသူတွေရဲ့ ပေါ့ဆမှုတွေကြောင့် ဖြစ်တယ်လို့ အစိုးရအာဏာပိုင်တွေက ဆိုပါတယ်။

ဒီဗွီဘီ
ထိုင်းနိုင်ငံ တာ့ခရိုင်မြောက်ပိုင်းမှာ မတ် ၂၄ ရက်နေ့ ညဦးပိုင်းက ခရီးသည်တင် ဘတ်စ်ကားတစီး ချောက် ထဲ ထိုးကျလို့ အနည်းဆုံး ခရီးသည်အယောက် ၃၀ သေဆုံးပြီး ၂၀ ဒဏ်ရာရရှိခဲ့ပါတယ်။

G8 အဖွဲ့ဝင် အဖြစ်က ဆိုင်းငံ့ခံရမှု ရုရှား ဝေဖန်

Photo: G8 အဖွဲ့ဝင် အဖြစ်က ဆိုင်းငံ့ခံရမှု ရုရှား ဝေဖန်
Tuesday, March 25, 2014

ရုရှားကို စက်မှုထိပ်သီး ၈ နိုင်ငံ အုပ်စုရဲ့ အဖွဲ့ဝင် အဖြစ်ကနေ ဆိုင်းငံ့လိုက်မှုဟာ ကမ္ဘာ့ ဖွံ့ဖြိုး တိုးတက်ရေးကို အဟန့်အတား ဖြစ်စေမှုပဲလို့ ရုရှား သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Dmitry Peskov က ပြောဆိုလိုက်ပါတယ်။

နယ်သာလန် နိုင်ငံမှာ ကျင်းပနေတာ ၂ ရက် ရှိနေပြီ ဖြစ်တဲ့ နယူကလီးယား လုံခြုံရေး ထိပ်သီး အစည်းအဝေးမှာ ရုရှားကို ဦးဆောင်ဆွေးနွေးသူ နေရာမှာ မထည့်ခဲ့တဲ့ ဥရောပ၊ မြောက် အမေရိကနဲ့ ဂျပန်က အစိုးရ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်မှုကို မစ္စတာ Peskov က ဝေဖန်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ ထိပ်သီး အစည်းအဝေး အတွင်း ဆွေးနွေးစရာ ကိစ္စတွေမှာ ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားထဲ ထည့်သွင်းခဲ့တဲ့ အကြောင်းကပဲ လွှမ်းမိုးနေပါတယ်။

ရုရှားရဲ့ အပြုအမူဟာ ကျန် ထိပ်သီး စက်မှုနိုင်ငံတွေ အတူတကွ မျှဝေ ယုံကြည်ထားမှုတွေနဲ့ မကိုက်ညီဘူးလို့ အမေရိကန် သမ္မတ အိုးဘားမားက ပြောခဲ့ပါတယ်။

ရုရှား သမ္မတရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ Peskov ကတော့ စက်မှုထိပ်သီး ၈ နိုင်ငံ အုပ်စုနဲ့ ဆက်ဆံရေး ပြန်လည် စတင်နိုင်ဖို့ရာ စကားပြောဆို ဆွေးနွေးကြဖို့ကို ရုရှားဘက်က အခုထက်ထိ အလိုရှိတုန်းပဲလို့ ပြောခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ရုရှားကို စက်မှုထိပ်သီး ၈ နိုင်ငံ အုပ်စုရဲ့ အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့လိုက်မှုဟာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်စေမှုပဲလို့ ရုရှားသမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ပြောဆိုလိုက်ပါတယ်။

မဲဆောက်တွင် မြန်မာအလုပ်သမား ၁၀၀၀ ခန့် ဆန္ဒပြ

Photo: မဲဆောက်တွင် မြန်မာအလုပ်သမား ၁၀၀၀ ခန့် ဆန္ဒပြ
Tuesday, March 25, 2014

မဲဆောက်မြို့၊ မယ်ကုတိုက်နယ်၊ မယ်တောင်မိုင်ရပ်ရှိ ယန်ဂျူး အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား ၁၀၀၀ နီးပါးက တရားဝင် နေ့စားခ မရရှိတဲ့အပြင် ဖိနှိပ်မှုတွေ ရှိနေလို့ အလုပ်သမားအခွင့်အရေးတွေ ရရှိရေးအတွက် ဆန္ဒပြနေကြပါတယ်။

ယန်ဂျူးအထည်ချုပ် စက်ရုံက မြန်မာအလုပ် သမားတွေဟာ စက်ရုံကို အုပ်ချုပ်နေတဲ့ မန်နေဂျာအပါအ၀င် စကားပြန်တွေရဲ့ ဖိနှိပ်မှု၊ တရားဝင် လုပ်ခလစာနဲ့ အချိန်ပိုကြေးတွေ ထက်ဝက်လောက်သာ ရရှိတဲ့အပြင် ကျန်းမာရေးအတွက် ခွင့်ယူဖို့ မလွယ်တဲ့ အချက်တွေကြောင့် ဒီနေ့ ဆန္ဒပြတောင်းဆိုနေတာပါ။

သူတို့တောင်းဆိုချက်တွေ ဖြစ်တဲ့ တရားဝင်လုပ်ခ တနေ့ဘတ် ၃၀၀ နဲ့ အချိန်ပိုကြေး တနာရီ ၅၆ ဘတ်ရရှိစေဖို့၊ အလုပ်သမားတွေ ကျန်းမာရေးနဲ့ မိသားစုရေးအရ ခွင့်ယူရာမှာ ခွင့်မရရှိဘဲ အလုပ်ပျက်တာကို အကြောင်းပြပြီး အလုပ်သမားတွေဆီက ဘတ်ငွေ ၂၀၀ ဖြတ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒါ့အပြင် နေ့စဉ် လုပ်နိုင်အားနဲ့ မမျှတဲ့ အထည်အရေအတွက်ကို အချိန်ပိုဆင်းပြီး ချုပ်နေရတာ၊ စက်ရုံအတွင်း အလုပ်လုပ်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ရင် အလုပ်သမားကိုယ်တိုင် ကိုယ့်စရိတ်နဲ့ကိုယ် ဆေးကုသရတာ စတဲ့အခက်အခဲတွေကို ဖြေရှင်းပေးဖို့ စက်ရုံမန်နေဂျာကနေတဆင့် အလုပ်ရှင်ဆီကို တောင်းဆိုခဲ့ကြပါတယ်။

အလုပ်သမားတွေဘက်က တောင်းဆိုထားတဲ့ အချက်တွေကို စက်ရုံပိုင်ရှင်နဲ့ သဘောတူညီချက်မရမချင်း အလုပ်သမားတွေဘက်က အလုပ်မဆင်းဘဲ ဆက်လက် ဆန္ဒပြသွားမှာဖြစ်ပြီး ဆ၀န်ဒီကန်ခေါ် အလုပ်သမားကာကွယ်ပေးရေးရုံးကိုလည်း တိုင်ကြားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ခင်မင်းဇော် (ဒီဗွီဘီ)
မဲဆောက်မြို့၊ မယ်ကုတိုက်နယ်၊ မယ်တောင်မိုင်ရပ်ရှိ ယန်ဂျူး အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား ၁၀၀၀ နီးပါးက တရားဝင် နေ့စားခ မရရှိတဲ့အပြင် ဖိနှိပ်မှုတွေ ရှိနေလို့ အလုပ်သမားအခွင့်အရေးတွေ ရရှိရေးအတွက် ဆန္ဒပြနေကြပါတယ်။

စစ်တကောင်းသည် မြန်မာပိုင်နယ်မြေဖြစ်သည်

Photo: စစ်တကောင်းသည် မြန်မာပိုင်နယ်မြေဖြစ်သည် 
Tuesday, March 25, 2014

ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ်နေ့စဉ်သတင်းစာပါဆောင်းပါးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သတိထောက်လွှာများပေးအပ်ခဲ့..ဟူသော သတင်း တစ်ပုဒ်ကိုဖတ်လိုက်ရတဲ့အခါ မြန်မာနိုင်ငံတစ်ဦးအနေဖြင့် ၀မ်းသာစွာထောက်ခံမိပါတယ်။ ဆောင်းပါးရှင် Zeeshan Khan ရေးသားတဲ့ A referendum in Rakhine State? နဲ့ပတ်သက်လို့ ပြည်သူလူထုအတွင်းမှာ ဒေါသတွေပေါက်ကွဲနေပါတယ်။ ဆောင်းပါးရှင် Zeeshan Khan ဟာမြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို သွေးထိုး လှုံ့ဆော်နေသလိုမြန်မာနိုင်ငံ အတွင်းမတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။
စစ်တွေနဲ့မောင်တောဒေသတွေမှာခရိုင်းမီးယားလို ဆန္ဒခံယူပွဲလုပ်ပြီး ဘင်္ဂလားဒေ့ရှ်က စစ်တကောင်းနဲ့ ပူးပေါင်းသင့်တယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် Dhaka Tribune သတင်းစာမှာ ရေးသားထားတာဖြစ်ပါ တယ်။ ရခိုင်ဒေသမှာလက်ရှိဖြစ်နေတဲ့ အနေအထားတွေကို အခြေအနေပိုမိုဆိုးရွားအောင် ထပ်ဆင့်သွေးထိုး လှုံ့ဆော်လိုက်တာဖြစ်လို့ ပြည်သူတွေဒေါသထွက်နေကြတာဖြစ်ပါတယ်။ 

သတင်းစာဆရာ ဇီးဟန်းခန်ဆိုသူက “ရခိုင်ပြည်နယ်မှာ ဆန္ဒခံယူပွဲလား” (A Referendum in Rakhine State) လို့ ခေါင်းစဉ်တပ်ပြီး ရခိုင် ပြည်နယ်မှာ နေထိုင်သူတွေရဲ့ ၄၂ ရာခိုင်နှုန်းဟာ ဘင်္ဂါလီစကား ပြောနေကြတယ်။ စစ်တွေနဲ့ မောင်တောမှာ ၉၅ ရာခိုင်နှုန်းရှိတယ်။ စစ်တွေနဲ့မောင်တောမှာ ခရိုင်းမီးယားလို ပြည်သူ့ဆန္ဒခံယူပြီး ရခိုင်ပြည်နယ်အစား ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်တကောင်းပြည်နယ်အောက်ကို အဲဒီဒေသတွေ ပူးပေါင်းသင့်တယ်ဆိုပြီး ရေးထား တာပါ။

စစ်တွေနဲ့မောင်တောမှာ ခိုးဝင်နေထိုင်ကြတဲ့ ကုလားတွေဆိုတာ မြန်မာတိုင်းရင်းသားတွေမဟုတ်သလို မြန်မာစကားနဲ့ဒေသခံတိုင်းရင်းသားစကားတွေကို ပြောတတ်သူတွေလဲမဟုတ်ပါဘူး။ အမေရိကန်လို ဒီမိုက ရေစီ နိုင်ငံကြီးမှာတောင် သူတို့ဘာသာစကား မပြောတတ်တဲ့သူ၊ မပြောနိုင်တဲ့သူကို အမေရိကန် နိုင်ငံသား အဖြစ်မသတ်မှတ်ပါဘူး။ဘဂါင်္လီတွေကိုနိုင်ငံသားဖြစ်ခွင့်ပေးဖို့တောင် ခက်ခဲနေတဲ့အချိန်မျိုးမှာ စစ်တွေနဲ့ မောင်တောဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းဖို့ဆန္ဒခံယူဖို့ ရေးသားတဲ့သူဟာ တော်တော်ကြီးကိုဦးနှောက် မကောင်းတဲ့သူ၊ ဒါမှမဟုတ် အခုချိန်ကျမှ ခရိုင်းမီးယားအရေးကို ပုံတူကူးချပြီး ဒီလိုသွေးထိုးလှုံ့ဆော်ရေးသား လိုက်တာ ရခိုင်ပြည်နယ်မှာရှိတဲ့ကုလားတွေကို ဒုက္ခရောက်သထက်ရောက်အောင် တွန်းပို့လိုက်တာပါပဲ။

ပြောရမယ်ဆိုရင် စစ်တကောင်းဒေသဟာ မြန်မာဘုရင်တွေ လက်ထက်ကဆိုရင် မြန်မာတွေ ပိုင်တဲ့နယ်မြေ ဖြစ်ပါတယ်။ ၁၈၂၄ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲမှာ စစ်ရှုံးလို့ ရခိုင်ဒေသကိုနယ်ချဲ့အင်္ဂလိပ်ဆီ ပေးလိုက်ရပြီးနောက်ပိုင်းကျမှ စစ်တကောင်းဟာ အိန္ဒိယပိုင်နက်ထဲပါသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ဖြစ်လာ ခဲ့တာပါ။ စစ်တကောင်းဆိုတာနဲ့ မြန်မာလူငယ်တိုင်းက မြန်မာပိုင်နယ်မြေလို့ပဲ ကြားသိထားပြီးတစ်ဆက်တည်း မှာပဲ စစ်သူကြီးမဟာဗန္ဓုလရဲ့ စွမ်းရည်သတ္တိတွေကို မြင်ယောင်နေကြပါတယ်။ စစ်တွေနဲ့မောင်တောဟာ ဘယ်အချိန်၊ဘယ်ကာလကမှ ဘင်္ဂလားဒေ့ရှ်ပိုင်မဖြစ်ခဲ့ပါဘူး။စစ်တကောင်းကသာမြန်မာပိုင်စစ်စစ်ဖြစ်ခဲ့တာပါ။ သမိုင်းကြောင်းအရ ထင်ထင်ရှားရှားရှိခဲ့တဲ့ဖြစ်ရပ်တွေရှိနေပါသေးတယ်။ ဒါကြောင့်မို့ တကယ်ဖြစ်ရမှာက စစ်တကောင်းကသာ မြန်မာနယ်မြေ ဖြစ်သင့်ပါတယ်။

credit : Maung Myochit Thu
ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ်နေ့စဉ်သတင်းစာပါဆောင်းပါးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန က ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သတိထောက်လွှာများပေးအပ်ခဲ့..ဟူသော သတင်း တစ်ပုဒ်ကိုဖတ်လိုက်ရတဲ့အခါ မြန်မာနိုင်ငံတစ်ဦးအနေဖြင့် ၀မ်းသာစွာထောက်ခံမိပါတယ်။ ဆောင်းပါးရှင် Zeeshan Khan ရေးသားတဲ့ A referendum in Rakhine State? နဲ့ပတ်သက်လို့ ပြည်သူလူထုအတွင်း မှာ ဒေါသတွေပေါက်ကွဲနေပါတယ်။ ဆောင်းပါးရှင် Zeeshan Khan ဟာမြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကို သွေးထိုး လှုံ့ဆော်နေသလိုမြန်မာနိုင်ငံ အတွင်းမတည်မငြိမ်ဖြစ်အောင်လုပ်ဆောင် လိုက်တာဖြစ်ပါ တယ်။

ယူရိုငွေ နှစ်သန်းဝန်းကျင် သုံးစွဲမည့် ဥရောပ သမဂ္ဂ၏ SMART-MYANMAR စီမံချက် စတင်မည်

ယူရိုငွေ နှစ်သန်းဝန်းကျင် သုံးစွဲမည့် ဥရောပသမဂ္ဂ၏ SMART-MYANMAR စီမံချက်စတင်မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့လေကြောင်း ရန်ကုန်-မန္တလေး ခရီးစဉ် လက်မှတ်ဈေးနှုန်း ထက်ဝက်ခန့်လျှော့

မြန်မာ့လေကြောင်းက ပြေးဆွဲလျက် ရှိသည့် ရန်ကုန်-မန္တလေး လေကြောင်း ခရီးစဉ်၏ လေယာဉ်လက်မှတ် ဈေးနှုန်းများကို ထက်ဝက်ခန့် လျှော့ချလိုက်ကြောင်း မြန်မာ့လေကြောင်းက လက်ထောက်မန်နေဂျာ ဦးခင်မောင်လွင်က ပြောကြားသည်။

တပ်မတော်နေ့ဂုဏ်ပြု ဇာတ်လမ်းမှတ်တမ်းပုံရိပ်များနှင့် အနုပညာရှင်တို့အမြင်

Photo: တပ်မတော်နေ့ဂုဏ်ပြု ဇာတ်လမ်းမှတ်တမ်းပုံရိပ်များနှင့် အနုပညာရှင်တို့အမြင်
Tuesday, March 25, 2014

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို ပြည်သူလူထုနှင့် လက်တွဲ၍ရယူပေးခဲ့သော တပ်မတော်၏ ဂုဏ်ကျေးဇူး အား အနုပညာဖြင့် မှတ်တမ်းတင်ကာ မြန်မာ့ရုပ်ရှင် လောကတွင် တပ်မတော် နေ့ဂုဏ်ပြုဇာတ်လမ်းများ၊ ရုပ်ရှင်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးကြပေသည်။

ထိုအထဲတွင် တပ်မတော် ဂုဏ်ပြုဇာတ်လမ်းနှင့် ရုပ်ရှင် ဗီဒီယိုဇာတ်ကားများ၌ ပါဝင်သရုပ်ဆောင်ကြသည့် အနုပညာရှင်များသည် ဇာတ်ကောင်ဇာတ်ရုပ်နာ မည်ဖြင့် ပြည်သူလူထုအကြားမှာ ပြောစမတ် တွင်အောင် နာ မည်ကျော်ကြားအောင်မြင် ခဲ့ကြ သည်ကိုတွေ့ ကြရတာ ထို့ကြောင့် အနုပညာရှင် တို့၏ တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းနှင့် ရုပ်ရှင်ဗီဒီ ယိုဇာတ်ကား ရိုက်ကူးမှုနှင့်ပတ် သက်ပြီး ပြောကြားချက် စကား သံ များကို စုစည်းဖော် ပြလိုက်ပါသည်။

ပြေတီဦး
ဟိုးအရင်ခေတ်တုန်းက တပ်မတော်ဇာတ်ကားတွေ ဂုဏ်ပြုဇာတ်လမ်းတွေက ရိုက်လို့ကောင်းတယ်။ Facilities ပိုင်းကိုလည်း အပြည့်အဝပေးတယ်။ သရုပ်ဆောင်တွေ သွားဖို့လာဖို့နေဖို့ထိုင်ဖို့ စားဖို့ သောက်ဖို့ကအစ၊ ဒီဇာတ်ကား အတွက် ဘာလိုအပ်သလဲ၊ ဘယ် လမ်းမှာ ဘယ်လိုရိုက်ချင် သလဲ၊ ဟတ် စကီး သုံး မလားဆိုတာကအစ အပြည့်အစုံ စီစဉ်ပေးတော့ အရင်တုန်းက ဂုဏ်ပြု ဇာတ်လမ်းတွေက ဇာတ်ကားတွေ လည်းကောင်းတယ်။ ကြည့်ရတာ လည်း လှတယ်။ ဂုဏ် ပြုကားတွေ မှာ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေ၊ ပရိသတ်ကြိုက်ခဲ့တဲ့ ဇာတ်ကားတွေလည်း အများ ကြီးရှိတယ်။

အခုနောက်ပိုင်းမှာ အရင်လောက် Facilities မပြည့်စုံတော့ဘူး။ စီ စဉ်ပေးတာကအစ၊အနုပညာ သမားတွေပေါ် မှာ သေချာလုပ်ပေးကိုင်ပေးတဲ့ ကိစ္စတွေကအစ နောက်ပိုင်းမှာ ကျွန်တော်တို့အမြင်ကတော့ အဆင်မပြေတာတွေ ပဲများ တယ်။ အဲဒါကြောင့် နောက်ပိုင်းထွက်တဲ့ ဂုဏ်ပြုဇာတ်လမ်းတွေက အရင်လိုမျိုး တအားပေါက်ပြီး၊ အောင်မြင် တဲ့ဇာတ်ကားတွေ ရှားလာတယ်။ကျွန်တော်တို့တွေ အား လုံးမျှော်လင့် တာတော့ပြည်သူ့အတွက် တပ်မတော် ပေါ့။ အဲဒီလိုအနေအထားမျိုး တိုင်းသူပြည်သားတွေအား လုံးက မျှော်လင့်ကြပါတယ်”

ဒါရိုက်တာတင်အောင်စိုး(ပန်းမြို့တော်)
တပ်မတော်နဲ့ပတ်သက်တဲ့ စစ်ဇာတ်လမ်းတွေရေးတဲ့အခါမှာ ကိုယ်တိုင်ကစစ်သားတစ်ယောက် ဖြစ်တဲ့အတွက် အဓိကဦးတည်တာက မိမိတပ်မတော်နဲ့ မိမိတပ်မတော် သားတွေ ဂုဏ်သိက္ခာတွက် ဦးတည်ပြီးတော့ရေးပါတယ်။ ကြယ်စင်မော်ကွန်း ဇာတ်ကားကတော့ လူကြီးတွေက တပ်မတော်နဲ့ ပတ် သက် တဲ့ ဇာတ်ကားတစ်ကား ရိုက်ချင် တယ်။ အဲဒီအတွက် ဇာတ် လမ်းရေးဖို့တာဝန်ပေးတယ်။

စာရေးဆရာ တစ်ယောက်ဖြစ်တဲ့အတွက်တာဝန်နဲ့ အနုပညာကို ပေါင်းပြီးတော့ ရေးသားခဲ့တယ်” ၆၉ နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြု ဇာတ်လမ်းသံယောဇဉ်အနားနှလုံးသား ဗဟိုဝတ္ထုကို ကိုယ်တိုင် ဇာတ် ညွှန်းရေးသားပြီး အကြောင်းအမျိုးမျိုးကြောင့် ဒီကားမှာ ကိုယ်တိုင် လိုက် ပါပြီး ဆောင်ရွက်ပေးတယ်။ ဒါရိုက် တာ မီးပွားကလည်း ကူညီပေးသလိုသရုပ်ဆောင်တွေကလည်းအားဖြည့်ခဲ့လို့ မတ်လ ၂၆နဲ့ ၂၇ ရက် ညနေမှာ မြဝတီ က နေ ထုတ်လွှင့်ပြသွားမှာပါ။ ပြီးရင် ရုံတင်ဖို့လည်း ရှိပါတယ်”

ဒါရိုက်တာညိုမင်းလွင်
၆၃နှစ်ပြည့် တပ်မတော် နေ့ဂုဏ်ပြုဇာတ်လမ်းတို သစ္စာမော် ကွန်းဆိုတဲ့ကား ကျွန်တော်ရိုက်ခဲ့ဖူးတယ်။ ပထမ ဆုံးစစ် ကားရိုက်ဖူးတာပဲ။ စိတ်ထဲမှာလည်း တအား နှစ် ထား တယ်။ စိန်ခေါ်မှုပေါင်းများစွာနဲ့ ရိုက် ရတဲ့ ဇာတ်ကား။ မနက်စာကို ညနေ ၅နာရီ မှ စားရတယ်။ ဗထူးမှာက တအားအေးတော့ ထ မင်းတွေက အေးတောင့် နေတာ။ အဲဒီ ဒဏ်တွေ နည်းနည်း ခံလိုက်ရတယ်။ ဘဝမှာ ပထမဆုံး ဆေးရုံ တက်ခဲ့ရတာပဲ။ အဓိကက ရိုက်ခဲ့ တုန်းက ကျွန်တော့်ကို ယုံကြည်တဲ့ သူတွေနဲ့ ရိုက်ခဲ့တာ။ ကျွန်တော် ရိုက်တဲ့ နှစ်တုန်းက အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ ညိုမင်းလွင်စစ်ကားရိုက်တာဘယ်လိုလဲ၊ စောင့်ကြည်မယ်ဆိုတဲ့လူမျိုး တွေလည်းရှိတယ်။ အဲဒါကြောင့် သေ ချာကြိုးစားခဲ့တာ။ ၆ လ လောက်အချိန်ပေး ရိုက်ခဲ့ရတယ်”

ဇင်ဝိုင်း
ကြယ်စင်မော်ကွန်း ဇာတ်ကားက မထင်မှတ်လောက်အောင် ပရိသတ်တွေ အားပေးတာတွေ့ရတော့ ပီတိဖြစ်တယ်။ ကျွန်တော့်ဘဝမှာ ဒီဇာတ်ကားက အမှတ် တရ တော်တော်များ များရှိခဲ့တယ်။ ပထမက ရိုက်ကူးရေးအတွက် မန္တလေး နန်းတွင်းမှာ တစ်လနီးပါးနေခဲ့ပြီး ရိုက်ကူးရေးတွေ ရိုက်ကြတယ်။ ရုံတင်ခါနီးမှ တစ်ခါ ထပ် ရိုက် ပေးပါဦး လို့ ဘောက်ထော် မြဝတီဝင်းထဲမှာ ရိုက်ကူးရင်း ရင်ဘတ်ကို ယမ်းလာကပ်တော့ အခုထိ သေရာပါ အမာရွတ်ရခဲ့ပါတယ်။ အနုပညာသည် တစ်ဦးနဲ့ တပ် မတော်သားအရာရှိများရဲ့ ကျွမ်းဝင်တဲ့ခင်မင်ရင်းနှီး ချစ်ခင်မှုပါ။ ဒါကို ဒီနိုင်ငံမှာအများ ကြီးရှိလာစေချင်တယ်။

နောက်ဆုံးတစ်ခုက အမှတ်တရလည်း ဖြစ်သလို ဝမ်း သာပီတိ လည်း ဖြစ်ခဲ့ရတဲ့ မြင်ကွင်းပါ။တပ်မတော် နေ့ ဂုဏ်ပြုပွဲ တက်ဖို့ နေပြည်တော်ကိုသွားကြတော့ ကျွန်တော့် အဖေရဲ့ ဘီအိုင်အေ၊ ဘီဒီေ အခေ တ်မှာ နိုင် ငံလွတ်လပ်ရေးရဖို့ တိုက် ယူခဲ့တဲ့အတွက် ရရှိခဲ့တဲ့ လွတ်လပ်ရေးမော်ကွန်းဝင် တံဆိပ်ကို ရင်ဘတ်မှာ တပ်ပြီးတက်ခဲ့ရတယ်။ တပ်မတော် အကြီး အကဲေ တွကအစ ဒီတံဆိပ် ကဘာလဲလို့ စိတ်ဝင်တစားမေးကြတယ်။ ကျွန်တော့်အဖေရဲ့ မော်ကွန်းဝင်တံဆိပ်ပါလို့ ပြောခွင့်ရခဲ့တယ်။ သူက တိုက်ပွဲဝင်ခဲ့တဲ့ စစ်သားတပ် မတော် သားပါလို့ ပြောခွင့်ရခဲ့တယ်။ ဒီတော့ ဘယ်သောအခါမှ အသိအမှတ် ပြုခြင်းမခံခဲ့ရတဲ့ ဗိုလ်ချုပ် အောင်ဆန်း ရဲ့သမီးဒေါ်အောင် ဆန်းစုကြည် အဲဒီနေ့မှာ သူ့အပြုံး က ကျွန်တော် ကို မျက်ရည် ကျလောက်အောင် ခံစားရပါတယ်။ ဒီကားကို ထုတ်လုပ်သူ၊ ရိုက်ကူးသူ ပါဝင်သူ အားလုံးကို ကျေးဇူးတင်တယ်။ အဖေ့ကို လည်း ကျေး ဇူးတင်ပါတယ်”

စိုးရန်အောင်
” တပ်မတော်နေ့ ဂုဏ်ပြုဇာတ်ကားဖြစ်တဲ့ အဲဒီ ကြယ်စင်မော်ကွန်းဇာတ်ကားမှာပါဝင်ပြီး ရိုက်ခွင့်ရတဲ့ အတွက် အနုပညာရှင်တစ်ယောက်မြန် မာနိုင်ငံသားတစ်ယောက် အနေနဲ့ ဂုဏ်ယူတယ်။ ဂုဏ်ပြုဇာတ် ကားက ရိုက်ပြီးပြပြီး မေ့သွားမယ့် ကားမျိုးမဟုတ်ဘူး။ အမြဲတမ်း အမှတ်ရမယ့် ကားမျိုးမှာ တပ်မတော်သား တစ်ယောက် အသွင် ကာရိုက်တာအနေနဲ့ ပါဝင်ခွင့်ရခဲ့လို့ အမြဲတမ်းဂုဏ်ယူနေမှာပါ။ အဲဒီတုန်းက အများလုံခြုံဖို့အတွက်၊ တိုင်းပြည်အတွက် အသက်ပေးပြီး တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်း အားလုံး ကို လေးစား တယ်။ ကျွန်တော်တို့က မလုပ်နိုင်တဲ့အတွက် တပ်မတော်သား အားလုံးကို အသက်စွန့်ရဲတဲ့စိတ်ရှိလို့ ချီးကျူးဂုဏ်ပြုပါတယ်”

ခန့်စည်သူ
တပ်မတော်နေ့ဆိုတာ တော်လှန်ရေးနေ့ပေါ့။ အဲဒီနေ့ မနက်ဆို ဦးဝိစာရမှာသွားပြီး သပြေပန်းတွေကမ်းကြ တယ်။ တအားပျော်ဖို့ ကောင်းတယ်။ ကိုယ်တို့အဘိုးက လွတ်လပ် ရေးမော်ကွန်းဝင် ပထမ အဆင့်ရခဲ့တယ်။ ဦးလေးက DSA အပတ်စဉ် ၁၃ က လေ။ ညဘက်ဆို ရွှေတိဂုံဘုရားက နေမီးရှူး၊ မီးပန်းဖောက်တာကို ကြည့်ကြတယ်။ ကိုယ် ၁ဝ တန်းအောင်တော့ ဗိုလ်သင်တန်း လျှောက်ဖို့ လုပ်သေး တယ်။

ကိုယ့်ဦးလေးက ရှေ့တန်းမှာ လက်နက်ကြီး မှန်ပြီးကျသွားတော့ အမေက ပေး မလုပ်တော့ ဘူး။ နောက် သရုပ် ဆောင်ဖြစ်ပြီးတော့ စစ်ကားတွေ ရိုက်ဖြစ်တယ်။ ယူနီဖောင်းဝတ်ရတာ ကြိုက်တယ်။ သူတို့တွေဆို တာလည်း ပြည် သူတွေထဲ က ပြည် သူပါပဲ။ တ ကယ်ကို ဂုဏ်ယူထိုက်တဲ့ တပ်မတော်သားတွေ ရှိတဲ့ အတွက် လည်း လေးစားပါတယ်”

ပေါ်ပြူလာအဖွဲ့

Popular Journal
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို ပြည်သူလူထုနှင့် လက်တွဲ၍ရယူပေးခဲ့သော တပ်မတော်၏ ဂုဏ်ကျေးဇူး အား အနုပညာဖြင့် မှတ်တမ်းတင်ကာ မြန်မာ့ရုပ်ရှင် လောကတွင် တပ်မတော် နေ့ဂုဏ်ပြုဇာတ်လမ်းများ၊ ရုပ်ရှင်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးကြပေသည်။

နွေရာသီအတွက် မရှိမဖြစ် အမိုက်စား Vintage မျက်မှန်ဒီဇိုင်းများ

နွေရာသီမှာ အပြင်သွားတော့မယ်ဆို မဆောင်မဖြစ် ဆောင်ထားရမယ့် အရာတွေထဲမှာ မျက်မှန်က ထပ်ဆုံးက ပါဝင်နေပါတယ်။ အမျိုးသမီးတွေအတွက် အမိုက်စား မျက်မှန်ဒီဇိုင်းတွေထဲက ခုခေတ်စားနေတဲ့ vintage မျက်မှန်ဒီဇိုင်းတွေကို ဖော်ပြပေးလိုက် တယ်နော်။

တပ်မတော်နေ့ အထူးဆောင်းပါး(ဗမာ့တပ်မတော်အပေါ် ဗြိတိသျှ ဗိုလ်ချုပ် တစ်ဦး၏အမြင်)

၂၀၁၄ ခုနှစ် မတ် ၂၇ ရက်တွင် တပ်မတော်နေ့ (တော်လှန် ရေးနေ့)ကို တစ်ဖန်ကြုံရပြန်ဦးမည်။ ယခု နှစ် မတ် ၂၇ ရက်ဆိုလျှင် ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သည်မှာ နှစ်ပေါင်း ၆၉ နှစ်ရှိပြီ။ ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်က ဖက်ဆစ်ဂျ ပန်တို့ကို တစ်ပြိုင်တည်း တော်လှန်တိုက် ခိုက်ခဲ့သည်ကို အထိမ်းအမှတ်ပြုသောအား ဖြင့် နှစ်စဉ် မတ် ၂၇ ရက်ကို တပ်မတော် နေ့ဟု သတ်မှတ်ခဲ့ကြသည်။ တပ်မတော် နေ့ နီးပြီဆိုလျှင် တပ်မတော်အကြောင်းကို ပြန်လည်စဉ်းစားသုံးသပ်မိကြသည်။

စစ်တွေတွင် သာသနာ့အလံထောင်၍ သန်းခေါင်စာရင်း သပိတ်မှောက်

Photo: စစ်တွေတွင် သာသနာ့အလံထောင်၍ သန်းခေါင်စာရင်း သပိတ်မှောက်
Tuesday, March 25, 2014

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုထားသဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နေအိမ်များနှင့် အဆောက်အအုံ အချို့၌ မတ်လ ၂၄ ရက်နေ့မှ စတင်ကာ သာသနာ့အလံ လွှင့်ထူ၍ သန်းခေါင်စာရင်းကို သပိတ်မှောက်နေကြောင်း မြို့ခံများထံမှ သိရှိရသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် ဘင်္ဂါလီများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုရန် စစ်တွေမြို့ ဒေသခံများ လမ်းလျှောက် ဆန္ဒပြမှု ပြုလုပ်ပြီး ရှစ်ရက်ခန့် အကြာတွင် ယင်းသို့ သာသနာ့အလံထောင်ကာ ဆန္ဒပြ ကန့်ကွက်ခြင်း ဖြစ်သည်။

“စစ်တွေတင် မကဘဲ ရခိုင်တစ်ပြည်လုံး သပိတ်မှောက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ကတော့ သန်းခေါင်စာရင်း ကောက်လာရင်လည်း အကောက်မခံတော့ဘူး” ဟု စစ်တွေမြို့ခံ ဦးအိုးဖောက်က ပြောကြားသည်။

စစ်တွေမြို့ တစ်မြို့လုံးနီးပါးရှိ နေအိမ်များတွင် သာသနာ့အလံ လွှင်ထူခဲ့ကြသဖြင့် အလံဈေးနှုန်း အနည်းငယ် မြင့်တက်သွားကြောင်း မြို့ခံများထံမှ သိရှိရသည်။

သန်းခေါင်စာရင်းကို ကန့်ကွက်သည့် အနေနှင့် ရမ်းဗြဲမြို့နှင့် မာန်အောင်မြို့တို့တွင်လည်း မတ်လ ၂၄ ရက်နေ့တွင် မြို့ခံများက လမ်းလျှောက် ဆန္ဒပြ ကန့်ကွက်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်သွင်းခွင့် ပေးထားမှုကို ရုပ်သိမ်းကြောင်း မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီ နောက်ဆုံးထား၍ အကြောင်း ပြန်ကြားရန် နိုင်ငံတော် သမ္မတထံသို့ စာတင် တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိကြောင်း၊ ရိုဟင်ဂျာကို ထည့်သွင်းခွင့် မပြုဟု တရားဝင် ကြေညာခြင်း မပြုလုပ်ပါက ရခိုင်တိုင်းရင်းသားများက သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုရန် မတ်လ ၁၆ ရက်နေ့နှင့် ၂၃ ရက်နေ့ တို့တွင်လည်း ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၀ ခုခန့်တွင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း ပထမဆုံး ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို လာမည့် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူမည် ဖြစ်သည်။

LC၊ ခင်မောင်အေး
The Voice Weekly
သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုထားသဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နေအိမ်များနှင့် အဆောက်အအုံ အချို့၌ မတ်လ ၂၄ ရက်နေ့မှ စတင်ကာ သာသနာ့အလံ လွှင့်ထူ၍ သန်းခေါင်စာရင်းကို သပိတ်မှောက်နေကြောင်း မြို့ခံများထံမှ သိရှိရသည်။

သိမ်းဆည်းခံ လယ်ယာမြေများ အများပြည်သူရှေ့တွင် ပြန်လည်ပေးအပ်မည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း တပ်သိမ်းလယ်မြေများကို သက်ဆိုင်ရာမှ စိစစ်မှုများဆောင် ရွက်ခဲ့ပြီး ယခုမတ်လကုန်ရက်ပိုင်းအတွင်း အများပြည်သူရှေ့တွင် စာရင်းဇယားအ ထောက်အထားဖြင့် ကလေးခရိုင်စီမံခန့်ခွဲ ရေးဥက္ကဋ္ဌ ဦးမောင်ထူးက ပြန်လည်ပေး အပ်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် ရေးဆွဲရေး ဆွေးနွေးပွဲသို့ “ဝ” နှင့် မိုင်းလားတပ်များကို အစိုးရ ဖိတ်ကြား

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် ရေးဆွဲရေး ဆွေးနွေးပွဲသို့ “ဝ” ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP/UWSA နှင့် မိုင်းလား တပ်ဖွဲ့များကို တက်ရောက်ရန် ဖိတ်ကြားထားကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး တစ်ဦးက ပြောကြားသည်။

မိကျောင်းကန်မြေ ပြန်လည်ရရှိရေး တတိယအကြိမ်မြောက် ထိုင်သပိတ်စခန်းဖွင့်

တပ်မတော်အစိုးရ လက်ထက်က သိမ်းယူခဲ့သော သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက်မြေများ ပြန်လည်ရရှိရန် မြေသိမ်းဆည်း ခံထားရသည့် ပြည်သူများက မတ်လ ၂၄ ရက်နေ့တွင် တတိယ အကြိမ်မြောက် အဖြစ် ရန်ကုန်မြို့တော်ရှိ မြို့တော်ခန်းမ အနီးတွင် ထိုင်သပိတ်စခန်း ဖွင့်လှစ်ကြောင်း အဆိုပါ သပိတ်စခန်း ဦးဆောင် လှုပ်ရှားသူများထံမှ သိရသည်။

ADSLလိုင်း ဈေးလျှော့လိုက်ခြင်းကြောင့် သုံးစွဲသူမြင့်တက်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL လိုင်းများကို ဈေးနှုန်းလျှော့တပ်ဆင်ပေးနေပြီး လက်ရှိတွင် ADSL စနစ်တပ်ဆင်ထားသည့် မြို့ပေါင်း ၇၂ မြို့ ရှိနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိ သည်။ ADSL အင်တာနက်လိုင်း ကနဦးတပ်ဆင်ခများနှင့် လစဉ် ကြေးများ လျှော့ချပေးပြီး နောက်ပိုင်းတွင်
လျှောက်ထားမှုပိုမိုများပြားလာကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူကာဘတ်က သမ္မတ အိုဘားမားကို ထိပ်တိုက်တွေ့ဖို့ စိန်ခေါ်

Photo: ဇူကာဘတ်က သမ္မတ အိုဘားမားကို ထိပ်တိုက်တွေ့ဖို့ စိန်ခေါ်
Tuesday, March 25, 2014

မတ်လ ၁၃ ရက်နေ့ကတည်းက ဖေ့စ်ဘုတ် တည်ထောင်သူ မတ်ခ်ဇူကာဘတ် ဟာ အမေရိကန် သမ္မတ အိုဘားမားကို ထိပ်တိုက်တွေ့ဖို့ အတွက် စိန်ခေါ်တဲ့ Status ကို သူ့ကိုယ်ပိုင် Facebook Wall မှာ တင်ခဲ့ ပါတယ်။ ယနေ့အထိလည်း တင်းမာမှု မပြီးဆုံး သေး ပါဘူး။ အကြောင်း အရင်းကတော့ အမေရိကန် အစိုးရရဲ့ Facebook အပေါ် တင်းမာမှု များကြောင့် ဖြစ်ပါတယ်။ ဇူကာဘတ် ရေးထားတဲ့ Status မှ ကို ဘာသာပြန်ပေးရရင် -

"ကမ္ဘာကြီး တစ်ခုလုံးက က တစ်နေ့ထက် တစ်နေ့ ပိုမို ရှုပ်ထွေးလာတယ်။ အစိုးရတွေဟာလည်း ဒီအတွပ် ပိုမို အလုပ်ရှုပ် ရုန်းကန်လာရတယ်။ ဒီလို အချိန်မှာ အင်တနက် အပေါ် ယုံကြည်မှု တည်ဆောက်ခြင်းက ပိုမို အရေးကြီး လာတယ်။

လူသားတွေ ဘဝ အခက်အခဲတွေ၊ အတွေ့အကြုံတွေကို ဝေမျှရမယ်။ သတင်းပေး ရမယ်။ အခွင့်အလမ်းတွေ ပေးရမယ်။ အဆက်အသွယ် ရှိနေရမယ်။ သင်ယူစရာတွေ ရှိနေရမယ်။ ကျနော်တို့ကို ပိုမို သန်စွမ်းစေ ပြီး ပိုလို လုံခြုံစိတ်ချ ရမှု ရှိစေရမယ်။

ဒါကြောင့်မို့ပဲ ကျနော်တို့ တတွေ့ဟာ Facebook မှာ အချိန်ကုန်ခံ၊ ငွေ အကုန်ခံ၊ အင်အား အကုန်ခံပြီးတော့ လုံခြုံရေးနဲ့ ပက်သက်ပြီးတော့ အင်တာနက် နဲ့ ပက်သက်ပြီးတော့ ပင်ပင်ပန်းပန်း ကြိုးစားနေတာ အားလုံး အသိ ပါပဲ။ ဆက်သွယ်မှု ပေါက်ကြား မသွားအောင် ထိန်းသိမ်းပေးတယ်။ ထရက်ဖစ် တိုင်းအတွက် ပရိုတိုကောတွေ သုံးတယ်။ အသုံးပြုသူတွေ ကိုလည်း လုံခြုံအောင် နည်းအမျိုးမျိုးနဲ့ ကူညီထောက်ပံ့ ဆောင်ရွက် ပေး တယ်။ ဒါကြောင့် Facebook လုပ်နေရာကနေ အင်တာနက်ရဖို့ ဆိုတဲ့ လမ်းကြောင်း အထိလည်း Mission ကိုတိုးလို့ ကျနော်တို့ ကြိုးစားတယ်။

ကျနော်တို့ ဒီလောက် ကောင်းတာတွေ လုပ်နေသလောက် အမေရိကန် အစိုးရရဲ့ ထပ်ခါထပ်ခါ ကျူးလွန်နေတဲ့ လုပ်ဆောင်ချက်တွေဟာ ဘာကြောင့်လဲ ဆိုတာကို ကျနော် နားမလည်နိုင်တော့ဘူး။ ကျနော်တို့ဟာ ရာဇဝတ်မှုတွေ မဖြစ်အောင် ကာကွယ်နေတာပါ။ အစိုးရကို ကာကွယ် နေတာ မဟုတ်ပါဘူး။ အမေရိကန် အစိုးရဟာလည်း လူတိုင်း ချစ်တဲ့ အင်တာနက် ဖခင်၊ အရှင်သခင် ဖြစ်ရမှာပါ။ အမြဲ ခြိမ်းခြောက်နေတဲ့ ကြောက်စရာ သတ္တဝါကြီး ဖြစ်နေဖို့ မဟုတ်ဘူး။

သူတို့ လုပ်ဆောင်ချက်တွေဟာ ပြည်သူ တွေ အတွက် ပိုမို ပွင့်လင်း မြင်သာ ရမယ်။ မဟုတ်ရင် အစိုးရဟာ ပြည်သူအပေါ် မသမာမှုများ ပြုလုပ်နေတယ် လို့ပဲ သတ်မှတ်ကြမယ်။ ကျနော် သမ္မတ အိုဘားမားကို တွေ့ဖို့ အတွက် ခေါ်ထား ပြီးပြီ။ ယခု နဲ့ အနာဂတ်မှာ ကျနော်တို့ရဲ့ လုံခြုံမှုကို ဖျက်ဆီး နေခြင်း အတွက်ပါ။ ကံမကောင်း စွာပဲ ဒါတွေ ပြန်လုပ်ဖို့ အတွက် အချိန် အော်ပြယူရမယ်။

ဒါတွေ အားလုံးက ကျနော်တို့ နဲ့ပဲ သက်ဆိုင်ပါတယ်။ ပိုမို ကောင်းမွန်တဲ့ အင်တာနက် ကွန်ရက် တည်ဆောက်ဖို့ အတွက်၊ ပိုမို လုံခြုံတဲ့၊ ကြောက်စရာ မရှိ ကင်းရှင်းပြီး လူတိုင်း ယုံကြည်ရတဲ့ ကွန်ရက် တစ်ခု ဖြစ်လာဖို့ အတွက် ကျနော်တို့ ဆက်ပြီး ကြိုးစားသွားမယ်။"

အထက်ပါ အတိုင်း ဖြစ်ပါတယ်။

အမေရိကန် အစိုးရဟာ Facebook, Google, Blackberry, Microsoft, Apple တို့ အပြင် အမေရိကန်အခြေဆိုက် ကမ္ဘာ့ ထိပ်သီး နည်းပညာ ကုမ္မဏီ အဖွဲ့အစည်းများဆီကနေ ပြည်သူ အချက်အလက်များကို တရားဝင် တောင်းဆိုခဲ့ ပါတယ်။ ယင်း တောင်းဆိုမှုအတွက်လည်း အများစုက ဆန့်ကျင်ကြ ပါတယ်။ ယင်း တောင်းဆိုမှုဟာ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကိုပါ ချိုးဖောက်ထားလို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အမေရိကန် အခြေဆိုက် နည်းပညာ ထိပ်သီး ခေါင်းဆောင်များနဲ့ အစိုးရ အဖွဲ့ကြား ဆက်လပ် တင်းမာဖွယ် ရှိကြောင်း သိရ ပါတယ်။

Ref: mashable
အောင်ခမ်း (ရိုးရာလေး)
မတ်လ ၁၃ ရက်နေ့ကတည်းက ဖေ့စ်ဘုတ် တည်ထောင်သူ မတ်ခ်ဇူကာဘတ် ဟာ အမေရိကန် သမ္မတ အိုဘားမားကို ထိပ်တိုက်တွေ့ဖို့ အတွက် စိန်ခေါ်တဲ့ Status ကို သူ့ကိုယ်ပိုင် Facebook Wall မှာ တင်ခဲ့ ပါတယ်။ ယနေ့အထိလည်း တင်းမာမှု မပြီးဆုံး သေး ပါဘူး။ အကြောင်း အရင်းကတော့ အမေရိကန် အစိုးရရဲ့ Facebook အပေါ် တင်းမာမှု များကြောင့် ဖြစ်ပါတယ်။ ဇူကာဘတ် ရေးထားတဲ့ Status မှ ကို ဘာသာပြန်ပေးရရင် -

သစ်အလုံးလိုက်တင်ပို့မှုပိတ်လိုက်ခြင်းက အဖြေလား ‘‘ဧပြီ ၁ ရက်မှစ၍ အလုံးလိုက်တင်ပို့မှုများ ခွင့်ပြုတော့မည်မဟုတ်’’

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်ရှိ သစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် သစ်လုံးများအား သယ်ယူရန်ပြင်ဆင်နေ စဉ် (ဓာတ်ပုံ− စိုးဇေယျာထွန်း/ရိုက်တာ)

သစ်အလုံးလိုက်တင်ပို့ သောလုပ်ငန်းများ အစိုးရအနေ ဖြင့် တရားဝင်ရပ်ဆိုင်းလိုက်သော် လည်း သစ်ကုန်ချော ထည်တင်ပို့ သည့် လုပ်ငန်းများအား စနစ်တကျ စီမံခန့်ခွဲမှုမပြုလုပ်နိုင်ပါက သစ် တောပြုန်းတီးမှုကို ထိရောက်စွာ ဟန့်တားနိုင်မည်မဟုတ်ကြောင်း သစ်တောပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများက သုံးသပ်ပြောကြား သည်။ သစ်အလုံးလိုက် တင်ပို့မှု ကို မတ်လ ၃၁ ရက် နောက်ဆုံး သတ်မှတ်ထားခြင်းဖြစ်သည်။

ပါတီ ၂ ခု ပူးပေါင်းရေး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဆွေးနွေး

Photo: ပါတီ ၂ ခု ပူးပေါင်းရေး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဆွေးနွေး
Tuesday, March 25, 2014

ရှမ်းပါတီ ၂ ခု ပူးပေါင်းရေးအပါအ၀င် နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တွေဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့ မှာ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

မတ် ၂၄ ရက်ကနေ ၂၆ ရက်နေ့ထိ ၃ ရက်တာ ကျင်းပသွားမယ့် ဒီညီလာခံမှာ၂၀၁၅ ရွေးကောက်ပွဲ ၀င်သင့် မ၀င်သင့်၊ ကျားဖြူပါတီနဲ့ ပူးပေါင်းရေးကိစ္စတွေ အဓိကထား ဆွေးနွေးသွားဖို့ ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

ဒီကိစ္စတွေ ဆွေးနွေးနိုင်ဖို့ မြို့နယ်အသီးသီးက ကြိုတင်ပြင်ဆင်လာကြတာမှာ အများစုက ၂၀၁၅ ရွေးကောက်ပွဲ ၀င်သင့်ကြောင်း ဆန္ဒပြုပြီး ကျားဖြူပါတီနဲ့ ပူးပေါင်းဖို့ကိုတော့ ဆန္ဒရှိကြပေမယ့် နည်းလမ်းရှာ မတွေ့သေးဘူးလို့ ဦးစိုင်းလိတ်က ပြောပါတယ်။

“တင်ပြချက်တွေ အများစုကို ကျနော်တို့ သုံးသပ်ရရင်တော့ ၂၀၁၅ ရွေးကောက်ပွဲဝင်ဖို့ ကိစ္စမှာ ရာခိုင်နှုန်း အတော်များများက ၀င်ဖို့ကိစ္စကို အဆိုပြုကြပါတယ်ခင်ဗျ။ နောက် ကျားဖြူပါတီနဲ့ ပူးပေါင်းရေးကိစ္စမှာ တကယ်လို့ ပူးပေါင်းနိုင်ရင်တော့ ကောင်းတာပေါ့နော်။ ဒါပေမယ့် တဘက်မှာကျတော့ ပူးပေါင်းဖို့ နေနေသာသာ ၂ ဘက် တွေ့ဆုံဆွေးနွေးဖို့မှာ တော်တော်လေးကို အခက်အခဲ ဖြစ်နေတာ။ အဲဒါကြောင့်မို့ ပူးပေါင်းဖို့က ဆန္ဒရှိပေမယ့် နည်းလမ်းက ရှာမတွေ့သေးဘူး ဖြစ်နေတယ်။”

ညီလာခံမှာ မြို့နယ်အသီးသီးက တင်ပြလာတဲ့ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားနဲ့ ပြည်တွင်း ရွာပုန်းရွာရှောင် စစ်ဘေးဒုက္ခသည်တွေအရေး၊ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းကိစ္စ၊ ရှမ်းစာပေသင်ရိုးညွှန်းတမ်းကို အစိုးရစာသင်ကျောင်းမှာ သင်ကြားနိုင်ရေးနဲ့ သတ္တုတူးဖော်မှုနဲ့ သစ်ဝါးခုတ်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့ပြသနာတွေလည်း ဆွေးနွေးခဲ့ကြ ပါတယ်။

ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကတော့ ဒီကနေ့ ဆွေးနွေးပွဲမှာ တစုံတရာ ဆုံးဖြတ်ချက် မချနိုင်သေးတဲ့အကြောင်း၊ ဆုံးဖြတ်မှုတိုင်းမှာ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ဒွန်တွဲရှိ တတ်တဲ့အတွက် ဆုံးဖြတ်ပြီးတဲ့နောက် မိမိ ဆုံးဖြတ်ချက်ပေါ်မှာ တာဝန်ယူရဲဖို့နဲ့ ရင်ဆိုင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒီညီလာခံမှာ မြို့နယ်ပေါင်း ၄၂ မြို့နယ်က ပါတီကိုယ်စားလှယ်ပေါင်း ၁၅၀ ကျော် တက်ရောက်ဆွေးနွေးနေတာ ဖြစ်ပြီး မတ် ၂၅ ရက်နေ့ ညီလာခံဒုတိယနေ့မှာတော့ ပါတီ အလုပ်အမှုဆောင်တွေ ပြန်လည်ရွေးချယ်တင်မြှောက်သွားဖို့ အစီအစဉ်ရှိပါတယ်။

ကျားခေါင်း အမှတ်တံဆိပ်ရှိ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တပြည်လုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် ဒုတိယနေရာအများဆုံးရခဲ့တဲ့ ပါတီဖြစ်ပြီး နိုင်ငံရေးပြဿနာတွေကြောင့် ပါတီဥက္ကဋ္ဌနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တချို့ နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရပါတယ်။

သမ္မတဦးသိန်းစိန် တက်လာပြီးတဲ့နောက် ပါတီဥက္ကဋ္ဌအပါအ၀င် ဗဟိုကော်မတီဝင်တွေ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပြီး ပါတီပြန်လည်မှတ်ပုံတင် လှုပ်ရှားလာခဲ့တာမှာ လက်ရှိ ရှမ်းပြည်နယ် မြို့နယ်ပေါင်း ၃၃ မြို့နယ်မှာ ပါတီရုံးခွဲတွေ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

DVB
ရှမ်းပါတီ ၂ ခု ပူးပေါင်းရေးအပါအ၀င် နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တွေဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့ မှာ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

ဖြူဖြူ ဖွေးဖွေး အသားအရေ နေလောင် မခံရ လေအောင်

Photo: ဖြူဖြူ ဖွေးဖွေး အသားအရေ နေလောင် မခံရ လေအောင်
Tuesday, March 25, 2014

အသက် ရလာတာနဲ့ အမျှ မျက်နှာ အသားအရေပေါ်မှာ ဘာကြောင့် အ စက် အပြောက်တွေ ပေါ်လာရတာလဲ လို့ တွေးတောမိဖူးပါသလား။ ပုံမှန် အားဖြင့် နေရောင်ခြည်မှ ခရမ်းလွန် ရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့မိခြင်း ကြောင့် အသားအရေထိခိုက်ပျက်စီးမှု ကို ကာကွယ်ရန်အလို့ငှာ သဘာဝ အလျောက် မယ်လနင်ခေါ် ရောင်ခြယ် ပစ္စည်းတစ်မျိုးကို ခန္ဓာကိုယ်က ထုတ် လုပ်ပေးပါတယ်။ အသက်ကြီးလာတဲ့ အခါမှာသော်လည်းကောင်း၊ နေပူထဲ သွားလာလှုပ်ရှားရတဲ့အခါမှာသော် လည်းကောင်း အရေပြားထဲမှာ ဓာတ်တိုးတုံ့ပြန်မှုလွန်ကဲတဲ့ အခြေ အနေဖြစ်ကာ ရောင်ခြယ်ပစ္စည်း မယ် လနင်တွေဟာ အစက်အပြောက်များ အဖြစ် အရေပြားပေါ်မှာ ထွက်ပေါ် လာစေပါတယ်။ ထိုသို့ မျက်နှာပေါ် မှာ ထွက်လာတဲ့ အမည်းအစက် အပြောက်များကို မှည့်ခြောက်လို့ပြော ကြပြီး အမည်းအစက်အပြောက်တွေ စုလာပြီး သိပ်ကြီးသွားရင်တော့ တင်း တိပ် ဖြစ်လာပါတယ်။

မှဲ့ခြောက်ထွက်စေတဲ့ အကြောင်း အရာများ

(၁) နေရောင်ခြည်နှင့် တိုက်ရိုက် ထိတွေ့မှုများလို့ မှဲ့ခြောက်တွေထွက် လာနိုင်တယ်။
(၂) အသက်ကြီးလာလို့ အမည်း အစက်အပြောက်တွေ ထွက်ရတယ်လို့ ချည်း ပြောလို့မရပါ။ အခြားအကြောင်းများကြောင့် လည်း မျက်နှာနှင့် အရေပြားမှာ အစက်တွေပေါ်လာနိုင်ပါသေးတယ်။ အဲဒီအချက်အလက်တွေကတော့...
(၃) သန္ဓေတားဟော်မုန်းဆေးဝါး သောက်သုံးနေတဲ့ အမျိုးသမီးများမှာ ထိုဆေးများရဲ့ ဘေးထွက်ဆိုးကျိုး အနေဖြင့် မျက်နှာမှာ တင်းတိပ်တို့၊ မှဲ့ခြောက်တို့ ထွက်တတ်ပါသေးတယ်။
(၄) ကိုယ်ဝန်ဆောင်ခြင်း အမျိုးသမီးတွေကိုယ်ဝန်ဆောင် ချိန်မှာ မဟော်မုန်းတွေ ထုတ်လုပ်မှု များလာတဲ့အတွက် တင်းတိပ်၊ မှဲ့ ခြောက်တွေ ပိုထွက်လာပါတယ်။
(၅) ဘာဆေးဝါးတွေသောက်နေရသလဲ မိမိသောက်သုံးနေရတဲ့ ဆေးဝါး အချို့ကြောင့်လည်း မယ်လနင်တွေ ထွက်ရှိမှုများပြားတတ်ပါတယ်။ ဥပမာ တချို့သော ငှက်ဖျားပျောက် ဆေး တွေမှာပါတဲ့ ဓာတုပစ္စည်းကြောင့် ထိုဆေးကို သောက်ပြီး နေပူထဲထွက် တွေ ဖြစ်လာတတ်ပါတယ်။

အမည်းအစက်အပြောက် မှဲ့ ခြောက် တင်းတိတ် ထွက်လာတဲ့ အခါ

သေချာကောင်းမွန်တဲ့ အရေပြား ထိန်းသိမ်းစောင့်ရှောက်မှုပေးနိုင်ရင် မှဲ့ ခြောက် တင်းတိပ်များကို ပျောက်ကင်း အောင် ကုသပေးနိုင်မှာဖြစ်ပါတယ်။ အစက်အပြောက် စတင်ဖြစ်ပေါ်လာ တာနဲ့ အသားအရေထိန်းသိမ်းမှုပေး တယ်ဆိုရင် မြန်မြန်ပျောက်ကင်းနိုင် သော်လည်း ဖြစ်ပေါ်တာကြာနေပြီ ဖြစ်တဲ့ အစက်အပြောက်တွေကို ကုသ တဲ့အခါမှာတော့ အချိန်ယူရလေ့ရှိ ပါတယ်။ တကယ်လို့များ အစက် အ ပြောက်လေး တစ်ကွက်နှစ်ကွက် လောက် စတင် ထွက်ပေါ်လာတာကို သတိပြုမိတာနဲ့ တပြိုင်နက် Anti- Dark Spots Perfecting Treatment ခရင်မ်ကို ဝယ်ယူပြီး ပုံမှန်လိမ်းပေးမယ်ဆိုရင် မှဲ့ ခြောက်၊ အစက်အပြောက်တွေ အမြန်ဆုံး ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ပဋိသန္ဓေတား ဟော်မုန်းဆေး ကြောင့် မျက်နှာမှာ အစက်အပြောက် ထွက်လာရင်တော့ အခြားသန္ဓေတား နည်းလမ်းတွေကို ပြောင်းလဲအသုံးပြု ပေးပါ။ ဥပမာ ကွန်ဒုံးသုံးလိုက်တာ မျိုးပါ။ လူကိုဝပြီး အလှပျက်စေတဲ့ အပြင် အမဲစက်ထွက်စေတဲ့ သန္ဓေ တားဆေးတွေသောက်ပြီး၊ ထိုးပြီး ဒုက္ခခံမယ့်အစား အခြားသန္ဓေတား နည်းလမ်းများကို ပြောင်းလဲကျင့်သုံးဖို့ ဆရာဝန်နှင့် တိုင်ပင်ပါ။

Health Digest
ကျန်းမာရေးနှင့် အလှအပ
အသက် ရလာတာနဲ့ အမျှ မျက်နှာ အသားအရေပေါ်မှာ ဘာကြောင့် အ စက် အပြောက်တွေ ပေါ်လာရတာလဲ လို့ တွေးတောမိဖူးပါသလား။ ပုံမှန် အားဖြင့် နေရောင်ခြည်မှ ခရမ်းလွန် ရောင်ခြည်နှင့် တိုက် ရိုက် ထိတွေ့မိခြင်း ကြောင့် အသားအရေထိခိုက်ပျက်စီးမှု ကို ကာကွယ်ရန်အလို့ငှာ သဘာဝ အလျောက် မယ်လနင်ခေါ် ရောင်ခြယ် ပစ္စည်းတစ်မျိုးကို ခန္ဓာကိုယ်က ထုတ် လုပ်ပေးပါတယ်။ အသက်ကြီး လာတဲ့ အခါမှာသော်လည်းကောင်း၊ နေပူထဲ သွားလာလှုပ်ရှားရတဲ့အခါမှာသော် လည်းကောင်း အရေပြား ထဲမှာ ဓာတ်တိုးတုံ့ပြန်မှုလွန်ကဲတဲ့ အခြေ အနေဖြစ်ကာ ရောင်ခြယ်ပစ္စည်း မယ် လနင်တွေဟာ အစက် အပြောက်များ အဖြစ် အရေပြားပေါ်မှာ ထွက်ပေါ် လာစေပါတယ်။ ထိုသို့ မျက်နှာပေါ် မှာ ထွက်လာတဲ့ အမည်းအစက် အပြောက်များကို မှည့်ခြောက်လို့ပြော ကြပြီး အမည်းအစက်အပြောက်တွေ စုလာပြီး သိပ်ကြီးသွားရင်တော့ တင်း တိပ် ဖြစ်လာပါတယ်။

လူ့အခွင့်အရေး တန်းတူပေးရန် အာဆီယံလူထုဖိုရမ် တောင်းဆို

Photo: လူ့အခွင့်အရေး တန်းတူပေးရန် အာဆီယံလူထုဖိုရမ် တောင်းဆို
Tuesday, March 25, 2014

လူ့အခွင့်အရေးကို ခွဲခြားမှု မရှိဘဲ အားလုံးအတွက် တန်းတူကာကွယ်ပေးဖို့ ဒေသတွင်းက လူထုအခြေပြု အဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ အာဆီယံလူထုဖိုရမ်ကနေ အာဆီယံ ခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။

အာဆီယံလူထုတွေအကြား ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီကူးပြောင်းမှု အကြောင်းအရာတွေကို မတ် ၂၁ ကနေ ၂၃ ရက်ထိ ရန်ကုန်မှာ ၃ ရက်ကြာ ဆွေးနွေးပြီးနောက် အာဆီယံလူထုဖိုရမ်က မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ကြေညာချက်မှာ ဘာသာရေး၊ မသန်စွမ်းသူ၊ လိင်တူလိင်ကွဲ၊ တိုင်းရင်းသားနဲ့ နိုင်ငံရေးခံယူချက်စတဲ့ အာဆီယံပြည်သူများကြား မတူကွဲပြားမှုတွေကို အသိအမှတ်ပြုဖို့နဲ့ ဘယ်လို ကွဲပြားမှုတွေကိုမှ ခွဲခြားမှု မရှိဘဲ အားလုံးရဲ့ လူ့အခွင့်အရေးကို တန်းတူကာကွယ်မှုပေးဖို့ တောင်းဆိုထားပါသည်။

ဒီကြေညာချက်ကို မေလ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံ တက်ရောက်မယ့် အာဆီယံခေါင်းဆောင်တွေထံ ပေးပို့သွားမယ်လို့ အာဆီယံလူထုဖိုရမ် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာမေမေပြုံးက ပြောပါတယ်။

ဒီ ဖိုရမ်ကို အာဆီယံနိုင်ငံ ၁၀ နိုင်ငံအပါအ၀င် အရှေ့တီမောနဲ့ အခြားနိုင်ငံတွေက ကိုယ်စားလှယ်ပေါင်း ၃ ထောင်ကျော်က အလုပ်ရုံဆွေးနွေးပွဲပေါင်း ၃၅ ခုမှာ တက်ရောက် ဆွေးနွေးခဲ့ကြတာပါ။

၂၀၁၅ ခုနှစ်မှာ ဒီဖိုရမ်ကို အိမ်ရှင်အဖြစ် မလေးရှားနိုင်ငံက လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

အာဆီယံလူဖိုရမ်တွေကို ၂၀၀၅ ခုနှစ် စတင်ပြီး အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့ နိုင်ငံတွေမှာ ဒေသတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက အလှည့်ကျ ကျင်းပခဲ့တာ ဖြစ်ပြီး ရန်ကုန်မှာ ဒီနှစ် ကျင်းပတဲ့ပွဲဟာ အာဆီယံပြည်သူ့ဖိုရမ်ရဲ့ ၁၀ နှစ်တာ သမိုင်းတလျှောက် အကြီးဆုံးဖိုရမ် ဖြစ်တယ်လို့လည်း တက်ရောက်လာသူတွေက ပြောပါတယ်။

DVB
လူ့အခွင့်အရေးကို ခွဲခြားမှု မရှိဘဲ အားလုံးအတွက် တန်းတူကာကွယ်ပေးဖို့ ဒေသတွင်းက လူထုအခြေပြု အဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ အာဆီယံလူထုဖိုရမ်ကနေ အာဆီယံ ခေါင်းဆောင်တွေကို တောင်းဆို လိုက်ပါ တယ်။

နိုင်ငံခြားသားများ အမြဲတမ်း နေထိုင်ခွင့် (PR) စနစ် မူကြမ်း လွှတ်တော်သို့ တင်ပြရန် သူရ ဦးရွှေမန်း တိုက်တွန်း

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ရေးဆွဲနေသော မြန်မာနိုင်ငံအတွင်း နိုင်ငံခြား သားများ အမြဲတမ်း နေထိုင်ခွင့် (Permanent Residence System- PR) စနစ် မူကြမ်းကို ပြည်သူ့ လွှတ်တော် သို့ တင်ပြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနသို့ တိုက်တွန်း ပြောကြားသည်။ 

မြန်မာနိုင်ငံသို့ အကူအညီများ တိုးမြှင့်နေခြင်းမှာ ရင်းနှီးမြှုပ်နှံရန် အလား အလာကောင်းနေခြင်းကြောင့်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူပြော

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ သို့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အ ကူအညီအထောက်အပံ့များ တိုး မြှင့်ပေးအပ်နေ ရခြင်း မှာ ဂျပန် ရင်းနှီးမြှုပ်နှံမှုများ တရုတ်နိုင်ငံ တွင် မှီခိုနေရမှုမှ ရှောင်လွှဲနိုင်ရန် ရည်ရွယ်ကြောင်း ဂျပန်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူကပြောသည်။

ခြေထောက် ကြွက်တက်ခြင်းနှင့် ဖြေရှင်းနည်းများ

Photo: ခြေထောက် ကြွက်တက်ခြင်းနှင့် ဖြေရှင်းနည်းများ
Tuesday, March 25, 2014

ခြေထောက် ကြွက်တက်ခြင်းနှင့် ဖြေရှင်းနည်းများ ခြေထောက်ကြွက် တက်ခြင်း ဆိုတာကို လူတိုင်း မကြုံဖူးပေမယ့် ကြားတော့ ကြားဖူးကြမှပါ။ ကြွက်တက်ခြင်း ဖြစ်တတ်တဲ့ အကြောင်းရင်းတွေနဲ့ ဖြေရှင်း နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြွက်တက်ခြင်းဆိုတာ ဘာလဲ
ခြေသလုံးနေရာနဲ့ ဒူးခေါင်းရဲ့ အနောက်ဘက်နေရာက ကြွက်သားတွေ တအား နာကျင်လာတတ်တဲ့ ခံစားမှုမျိုးပါ။ တစ်ခါတလေ ခြေဖဝါးနေရာက ကြွက်သားတွေမှာလည်း ဖြစ်တတ်ပါတယ်။ အချိန်အားဖြင့် စက္ကန့်ပိုင်းနဲ့ မိနစ်အနည်းငယ်လောက် ကြာတတ်ပြီး တချို့တွေမှာ ၁၀ မိနစ်လောက် ဖြစ်တတ်ပါတယ်။ တချို့တွေမှာ ကြွက်တက်တာဟာ တစ်နေ့တာ လှုပ်ရှားမှုပြီးလို့ ညအိပ်ရာဝင်ချိန်ကျမှ ဖြစ်တတ်ပါတယ်။ အိပ်စက်ချိန်ကို အနှောင့်အယှက်ပေးတတ်ပါတယ်။

ဘယ်လိုလူတွေမှာ ကြွက်တက်တတ်သလဲ
လူတိုင်းမှာ ကြွက်တက်ခြင်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးသူတွေမှာ အများဆုံး ဖြစ်တတ်ပြီး ကြွက်တက်တဲ့သူ သုံးယောက်မှာ တစ်ယောက်နှုန်း ဟာ အသက် ၆၀ ဝန်းကျင်တွေမှာ အဖြစ်များပါတယ်။ ၁၀ ယောက်မှာ လေးယောက်နှုန်းဟာ တစ်ပတ်မှာ သုံးကြိမ်လောက် ကြွက်တက်တတ် ပါတယ်။

ဘယ်လိုပြဿနာတွေက ကြွက်တက်စေတာလဲ
အခြေအနေတစ်ခုကို အခြေခံပြီး ကြွက်တက်တာမျိုးတော့ မရှိတတ်ပါဘူး။ ခြေထောက် ကြွက်သားတွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ ခက်ခဲတဲ့ အချိန်မျိုးမှာ ရုတ်တရက် ကြွက်တက်တဲ့ အခြေအနေကို ဖြစ်စေပါတယ်။ အိပ်ပျော်နေချိန်မှာ သင့်ခြေထောက်ဟာ ကွေးတာဆန့်တာကို သင်ကိုယ်တိုင် သတိမထားမိနိုင်ပါဘဲ ကြွက်တက်တာမျိုး ဖြစ်စေပါတယ်။ ဒါက ကြွက်သားတွေ ပုံစံမကျခြင်းကြောင့်ဖြစ် တဲ့ ပြဿနာမျိုး ဖြစ် တာကြောင့် ဆွဲဆန့်လေ့ကျင့်ခန်း ပြုလုပ်ပေးတာမျိုးနဲ့ သက်သာစေနိုင် ပါတယ်။ နောက်ထပ်ဖြစ်နိုင်တဲ့ ပြဿနာကတော့ တခြားကျန်းမာရေး ပြဿနာ တွေကြောင့် သောက်သုံးနေရတဲ့ ဆေးဝါး တချို့ရဲ့ ဘေးထွက် ဆိုးကျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကြွက် သားတွေကို အပြင်းအထန် ဖိအားပေးခံရတာမျိုး၊ ရေဓာတ်ခန်းခြောက်တာ မျိုး၊ သွေးထဲမှာ ဆားဓာတ် မညီမျှတာမျိုး၊ ကိုယ်ဝန်ဆောင်ချိန်၊ သိုင်းရွိုက်ပြဿနာ၊ ခြေထောက် အတွင်း သွေးလည်ပတ်မှု အားနည်းတာမျိုး၊ အရက်အလွန် အကျွံ သောက်တာမျိုး၊ အာရုံကြော အားနည်းတာ၊ ကျောက်ကပ်ရောဂါ ကု ဆေးဝါးတွေ သောက်သုံးနေရတာမျိုးတွေကြောင့် ကြွက်တက်တတ်ပါ တယ်။

ဘယ်လို ကုသမှု ပေးနိုင်မလဲ
အကြောတွေကို ဆန့်ထုတ်ပေးတဲ့ လေ့ကျင့်မှုမျိုးနဲ့ နှိပ်နယ်ပေးတာမျိုးတွေ က ခြေထောက် ကြွက်တက်တာကို အထိရောက်ဆုံးနဲ့ အမြန်ဆုံး သက်သာစေနိုင်ပါတယ်။ နာကျင်မှုကတော့ ကြွက်တတ်တာ သက်သာ သွားပေမယ့် ကျန်နေတတ်ပါတယ်။ နာကျင်မှုကို သက်သာစေဖို့ ပါရာစီ တမောလို ဆေးမျိုးတွေ သောက်ပေးနိုင်ပြီး ကြွက်တက်တာ သက်သာပြီးလို့ ၂၄ နာရီကြာမှ နာကျင်မှု သက်သာသွားနိုင်ပါတယ်။ ရေဓာတ်ခန်းခြောက် မှုကြောင့် ကြွက်တက်တာမျိုးဆိုရင်တော့ လုံလောက်တဲ့ ရေပမာဏ သောက်ပေးဖို့ လိုပါတယ်။ ဆေးဝါးကုသမှုတွေ လိုအပ်ရင်တော့ လေးပတ်ကနေ ခြောက်ပတ်အထိ သောက်သုံးပေးဖို့ လိုပါတယ်။ ကြွက် တက်တာကို သက်သာစေဖို့ မဂ္ဂနီဆီယမ်၊ ဗီတာမင်ဘီကွန်ပေါင်း၊ ဗီတာမင်အီး၊ diltiazem, naftidrofuryl, orphenadrine နဲ့ verapamil ပါဝင်တဲ့ ဆေးတွေကို မှီဝဲပေးသင့်ပါတယ်။

ဘယ်လိုကာကွယ်တားဆီးမလဲ
တစ်ခါတလေ ကြွက်တက်တာမျိုးကတော့ ဖော်ပြပါ နည်းလမ်းလေးတွေ နဲ့ ဖြေရှင်းပေးနိုင်ပြီး ကြိမ်ဖန်များစွာ ကြွက်တက်ခြင်းအတွက် ဆိုရင်တော့ ကုသနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေရမှာ ဖြစ်ပါတယ်။သင့်မှာ လက်ရှိသောက် သုံးနေရတဲ့ ဆေးဝါးတွေရှိရင် အဲ့ဒီဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုးကို သိဖို့ ဆရာဝန်ကို အမြန်ဆုံး ပြသကာ မေးမြန်းဆွေးနွေးပါ။ ဆေးဝါးသောက်နေ ရသူ မဟုတ်ဘူး ဆိုရင်လည်း တခြားကျန်းမာရေး ပြဿနာ ရှိ၊ မရှိ ဆွေးနွေး တိုင်ပင်ပါ။ ကြွက်တက်ခြင်း သက်သာစေမည့် နည်းလမ်းများ

ဆွဲဆန့်လေ့ကျင့်ခန်းတွေက ကြွက်တက်တာကို ကုသနိုင်တဲ့ နည်းလမ်း မဟုတ်ပေမယ့် သက်သာစေနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါပဲ။ လေ့လာမှုတွေအရ သတ်မှတ်မထားပေမယ့် ဆရာဝန် အများစုကတော့ လမ်းညွှန်လေ့ ရှိကြပါတယ်။ ကြွက်သားတွေကို အထောက်အကူပြုစေမယ့် ဆွဲဆန့်လေ့ကျင့်ခန်းတွေကို တစ်နေ့ ငါးမိနစ်၊ သုံးကြိမ်လောက် ပြုလုပ်ပေးပါ။ အိပ်ရာမဝင်ခင်မှာ ပြုလုပ်ပေးရင် ပိုကောင်းပါတယ်။ နံရံမှာ လက်ထောက်ထားပြီး မတ်တတ်ရပ်နေကာ ခြေထောက်တွေကိုနောက်ပြန်ဆန့်တန်းတင်တဲ့ လေ့ကျင့်မှုမျိုးကို ကြွက်တက်တာ သက်သာစေဖို့ ပြုလုပ်ပေးနိုင်ပါတယ်။

ကြွက်တက်ခြင်း သက်သာစေမည့် အိပ်စက်မှုပုံစံ
သင့်အိပ်စက်မှုပုံစံကလည်း ကြွက်တက်တာကို သက်သာစေဖို့ ကူညီနိုင်ပါတယ်။ - ခြေထောက်အောက်ထဲမှာ ခေါင်းအုံးတစ်လုံးခုထားပြီး သင့်ရင်ဘတ်နေ ရာထက် အနည်းငယ် မြင့်နေအောင် အိပ်ပါ။ - ခြေထောက်ကို ကွေးကောက်နေတာမျိုး မဖြစ်စေဘဲ သေချာ ဆန့်တန်းပြီး အိပ်ပါ။

သင့်ခြေချောင်းတွေနဲ့ ခြေထောက်တစ်ခုလုံးကို စောင်နဲ့ သေချာလုံခြုံနွေးထွေးအောင် ထားပြီး အိပ်စက်ဖို့ လိုပါတယ်။ 

Good Health
ခြေထောက် ကြွက်တက်ခြင်းနှင့် ဖြေရှင်းနည်းများ ခြေထောက်ကြွက် တက်ခြင်း ဆိုတာကို လူတိုင်း မကြုံဖူးပေမယ့် ကြားတော့ ကြားဖူးကြမှပါ။ ကြွက်တက်ခြင်း ဖြစ်တတ်တဲ့ အကြောင်းရင်းတွေနဲ့ ဖြေရှင်း နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

မိန်းကလေးတိုင်း သိထားသင့်သော ပုံမမှန် အဖြူဆင်းခြင်း

Photo: မိန်းကလေးတိုင်း သိထားသင့်သော ပုံမမှန် အဖြူဆင်းခြင်း
Tuesday, March 25, 2014

မိန်းကလေးတွေမှာ အဖြူဆင်းတာက အဖြစ်များတတ်ပြီး မစိုးရိမ်ရတဲ့ အခြေ အနေ ဖြစ်နိုင်သလို အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အခြေအနေလည်း ဖြစ်နိုင်ပါတယ်။ အဖြူဆင်းတာက အနံ့အသက် ရှိတယ်၊ အရောင်ရှိတယ် ဆိုရင် ပိုးဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။

ပုံမှန် အဖြူဆင်းခြင်း
မိန်းကလေးတွေမှာ အဖြူဆင်းရတဲ့ အကြောင်းက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ တစ်လတစ်ကြိမ်သား ဥကြွေချိန်မှာ မိန်းကလေးတွေရဲ့ အဖြူဆင်းတာက ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ပါတယ်။ သားဥကြွေချိန်နီးတဲ့ ရက်တွေမှာ သင်ရဲ့ အဖြူဆင်းတာက အရည်ကြည်ကြည်တွေ ဆင်းတတ်ပါတယ်။ ဒါက ပုံမှန် အဖြူဆင်းတာဖြစ်လို့ မစိုးရိမ်ပါနဲ့။

ပုံမမှန် အဖြူဆင်းခြင်း
မိန်းမကိုယ်ကနေ ပုံမမှန် အဖြူဆင်းနေတယ် ဆိုရင်တော့ သားဖွားမီးယပ် ဆရာဝန်နဲ့ အမြန်ဆုံး ပြသစစ်ဆေးဖို့ လိုပါတယ်။ သားအိမ်ခေါင်းကင်ဆာနဲ့ သားဥအိမ် ကင်ဆာတွေ ဖြစ်နေနိုင်တာကြောင့်ပါ။

ငါးညှီနံရခြင်း - အဖြူဆင်းတဲ့အခါ ငါးညှီနံလို ညှီစို့စို့ အနံ့မျိုး ရနေရင် ဒါဟာ ပုံမှန်မဟုတ်ပါဘူး။ ဘက်တီးရီးပိုး ဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။ အိမ်တွင်း ကုထုံးနဲ့ ဖြေရှင်းနိုင်ပါတယ်။ ပိုးသတ်အာနိသင်ရှိတဲ့ ကြက်သွန်ဖြူစားပါ၊ ဒိန်ချဉ်သောက်ပါ။ အဖြူဆင်းတဲ့အခါ ငါးညှီနံ့ရနေတာဟာ ယောနိ လမ်းကြောင်း ရောင်ရမ်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ယောနိ လမ်းကြောင်း ရောင်ရမ်းမှုကို မျိုးဆက်ပွားများနိုင်တဲ့ အသက်အရွယ် အတွင်းမှာရှိတဲ့ မိန်းကလေးတိုင်း ဖြစ်နိုင်ပါတယ်။ ဒါဟာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါကြောင့်လို့တော့ သတ်မှတ်လို့ မရပါဘူး။ ကုသမှု နည်းလမ်းတွေကတော့ မျိုးစုံရှိနိုင်ပါတယ်။ အိမ်တွင်းကုထုံးနဲ့ မသက်သာပါက ဆရာဝန်နဲ့ ပြသ တိုင်ပင်ပါ။

အဖြူဆင်းရာတွင် အရောင်ပါခြင်း - လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ အနံ့အသက် ဆိုးဆိုးရွားရွား ထွက်နေတာ၊ အဖြူဆင်း ရာမှာ အစိမ်းရောင်၊ အဝါရောင် ဒါမှမဟုတ် မီးခိုးရောင်တွေ ဖြစ်နေတတ်ပြီး အမျိုးသားနဲ့ အတူနေတဲ့အခါ နာကျင်တာ၊ ယားယံတာနဲ့ ယောနိလမ်း ကြောင်းတစ်လျှောက် နေမထိ ထိုင်မသာ ဖြစ်တတ်ပါတယ်။

ဒိန်ချဉ်လို အဖတ်များ ဆင်းခြင်း - မိန်းမကိုယ် မှိုစွဲတာကြောင့် ဖြစ်ပါတယ်။ ဒိန်ချဉ်သောက်ပေးရုံနဲ့ အလွယ်တကူ ပျောက်ကင်းနိုင်ပါတယ်။ အနံ့အသက် မရှိတတ်ပေမယ့် ပူစပ်ပူလောင်ဖြစ်တာနဲ့ ယားယံတာတွေ ခံစားရ တတ်ပါ တယ်။ ဆီးသွားတဲ့အခါ နာကျင်မှု ဖြစ်တတ်ပါတယ်။ ကလမ်မိုင်ဒီယား မှိုပိုး ကြောင့် ဖြစ်တတ်ပြီး ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

အရည်ကြည်များ ဆင်းခြင်း - လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ဟားပီးစ်ဗိုင်းရပ်စ်ပိုးကြောင့် အရည်ကြည်ကြည်တွေ ဆင်းတာနဲ့ မိန်းမကိုယ် တစ်ဝိုက်မှာ ကြွက်နို့ပေါက်တာတွေ ဖြစ်တတ်ပါတယ်။ မိန်းမကိုယ် တစ်ဝိုက်မှာ ပူစပ်ပူလောင်ဖြစ်တာ၊ ယားယံတာတွေ ဖြစ်တတ်ပြီး အရည်ကြည်ဖုတွေလည်း ပေါက်တတ်ပါတယ်။ အဖြူဖတ်များဆင်းခြင်း ဂနိုရောဂါကြောင့် မိန်းမကိုယ်က အဖြူဖတ်တွေ ဆင်းနေနိုင်ပါတယ်။ အဖြူဖတ်တွေ ဆင်းတာနဲ့အတူ ရောင်ရမ်းတာ၊ နာကျင်တာ၊ ယားယံတာတွေလည်း ဖြစ်နိုင်ပါတယ်။

မြ၀တီ
မိန်းကလေးတွေမှာ အဖြူဆင်းတာက အဖြစ်များတတ်ပြီး မစိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နိုင်သလို အသက် အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အခြေအနေလည်း ဖြစ်နိုင်ပါတယ်။ အဖြူဆင်းတာက အနံ့အသက် ရှိတယ်၊ အရောင်ရှိတယ် ဆိုရင် ပိုးဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။

လတ်တလော မန္တလေး

Photo: လတ်တလော မန္တလေး
Tuesday, March 25, 2014

ကျွန်တော် မန်းလေးစာရေးဆရာများကိုယ်စား အစ်မကြီးဒေါ်အောင်ဆန်းစုကြည်ကိုပြောဖြစ်တာက

“အခု လာရောက်ကြတဲ့ မန်းလေးစာရေးဆရာ၊ကဗျာဆရာ၊ ကာတွန်းဆရာ၊ ပန်းချီဆရာများဟာ နိုင်ငံရေးအသိစိတ်ဓာတ်ကို အခြေခံခဲ့ကြတဲ့သူတွေပါ။
၁၉၆၄ခုနှစ် ၀န်းကျင်က ထင်ရှားတဲ့ အထက် ဗမာနိုင်ငံစာရေးဆရာအသင်း မျိုးဆက်တွေဖြစ်တဲ့ ဆရာဦးကိုလေး(အင်းဝဂုဏ်ရည်)တို့ ဆရာကြီး ဦးသိန်းတန်တို့လိုကအစ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှာ ကိုယ်တတ်ကျွမ်းတဲ့အနုပညာနဲ့ တစ်ဖက်တစ်လမ်းက ပါဝင်ဆောင်ရွက်ခဲ့တဲ့သူတွေချည်းပါပဲ။

ဆိုလိုတာက ဒေါ်ဒေါ် လူထုဒေါ်အမာတို့ ယုံကြည်ခဲ့တဲ့ စာပေ သဘောထားနဲ့ နိုင်ငံရေး ခံယူချက် အလံ တစ်လက်တည်းအောက်မှာ လက်ဆင့်ကမ်း ခံယူခဲ့ကြတဲ့သူတွေပါ။

အခု၂၀၁၄ခုနှစ်နဲ့၂၀၁၅ခုနှစ်တွေဟာ စစ်မှန်တဲ့ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်ဖို့ အလွန် အရေးကြီးတဲ့ကာလတွေဖြစ်ပါတယ်။
ဒီအချိန်မှာစုစည်းညီညွတ်မှုမရှိဘဲ အရွေးချယ်မှား လမ်းကြောင်းလွဲသွားရင် ဒီကနေ့ကြုံတွေ့နေရတဲ့အခြေအနေတွေကို နမူနာယူပြီးတိုင်းပြည် အခြေအနေဟာ ပိုမိုဆိုးရွားကာ ပြည်သူလူထုမျှော်မှန်းထားတဲ့ ဒီမိုကရေစီလမ်းကြောင်းနဲ့ လွဲချော်သွေဖီသွားမှာ အသေအချာပါပဲ။်
ဒါကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို ဦးတည်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးက အစ နိုင်ငံအတွက် လတ်တလော တကယ်အရေးကြီးနေတဲ့ လုပ်ငန်းရပ်တွေနဲ့ပတ်သက်ပြီး အစ်မကြီးဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဆောင်ရွက်မှုကို ထောက်ခံပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစိနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အစ်မကြီးနဲ့အတူ ရဲရဲဝံ့ဝံ့ ပူးပေါင်းဆောင်ရွုက်ကြပါမယ်။
လတ်တလောအနေနဲ့ မန်းလေးကိုပဲကြည့်ပါ။
အမျိုးသားစီးပွားရေးတွေ ပျက်စီး ဆုံးပါးသွားပါပြီ။ အလားတူ လူမှုရေးတွေ ယဉ်ကျေးမှုတွေဆိုရင်လည်း ရစရာ မရျှိတော့ပါဘူး။
ဒီအခြေအနေဆိုးတွေကို ၂၀၁၅ခုနှစ်မှာ စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရွေးချယ်ပြီး စစ်မှန်တဲ့အစိုးရ ဖွဲ့နိုင်မှသာ နောက်ဆုံးခံတပ် မန်းလေးကို ကယ်တင်နိုင်မှာပါ။
အခုလို အရေးကြီးတဲ့ကာလမှာ အစ်မကြီးဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရတာ ၀မ်းမြောက်ပါတယ်။ ကျေူးးဇူးလဲ တင်ပါတယ်။”

(ဒီစကားတွေက ဆိုလိုရင်း အနှစ်ချုပ်ပါ။)

မန္တလေးဒေသ စာပေလောကသားများ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ခြင်းနဲ့ ပတ်သက်ပြီး စာရေးဆရာ ဆူးငှက်ရဲ့ ရေးသားချက်ကို အွန်လိုင်းကနေ မူရင်းအတိုင်း ကူးယူ ဖော်ပြပါတယ်။ ဓာတ်ပုံကတော့ တွေ့ဆုံပွဲမှာ ဧရာဝတီသတင်းထောက် တေဇလှိုင် ရိုက်ကူးထားတာပါ။

ဧရာဝတီblog
ကျွန်တော် မန်းလေးစာရေးဆရာများကိုယ်စား အစ်မကြီးဒေါ်အောင်ဆန်းစုကြည်ကိုပြောဖြစ်တာက “အခု လာရောက်ကြတဲ့ မန်းလေးစာရေးဆရာ၊ကဗျာဆရာ၊ ကာတွန်းဆရာ၊ ပန်းချီဆရာများဟာ နိုင်ငံရေး အသိစိတ်ဓာတ်ကို အခြေခံခဲ့ကြတဲ့သူတွေပါ။

စံမမီသော တရုတ် ရင်းနှီးမြှုပ်နှံမှုများ ဖြေရှင်းပေးရန် အာဆီယံ ပြည်သူ့ဖိုရမ် အစိုးရများကို တိုက်တွန်း

Photo: စံမမီသော တရုတ် ရင်းနှီးမြှုပ်နှံမှုများ ဖြေရှင်းပေးရန် အာဆီယံ ပြည်သူ့ဖိုရမ် အစိုးရများကို တိုက်တွန်း
Tuesday, March 25, 2014

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများတွင် နိုင်ငံတကာ စံချိန်စံနှုန်းနှင့် မကိုက်ညီသော စီမံကိန်းများကို အာဆီယံ ဒေသတွင်း နိုင်ငံများမှ သက်ဆိုင်ရာ အစိုးရများက တာဝန်ခံ ဖြေရှင်းပေးရန် အာဆီယံ ပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေး ဦးဆောင် ကော်မတီ တွဲဖက်ဥက္ကဋ္ဌ မစ္စဖရီမရူဒီဒေါင်ရွန်က မတ်လ ၂၄ ရက်နေ့က တိုက်တွန်း ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း သုံးရက်တာ ပြုလုပ်ခဲ့သော အာဆီယံ ပြည်သူ့ဖိုရမ်၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများမှာ နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် ညီညွတ်ခြင်း မရှိဘဲ တစ်ဖက်သတ် ချမှတ်ထားသော မူဝါဒများ ဖြစ်သောကြောင့် အာဆီယံ ဒေသအတွင်းရှိ ပြည်သူများ အကာအကွယ် ရရှိရေးအတွက် သက်ဆိုင်ရာ အစိုးရပိုင်းမှ တာဝန်ယူ ဖြေရှင်းရမည် ဖြစ်ကြောင်း မစ္စဖရီမရူဒီဒေါင်ရွန်က ပြောကြားသည်။

“မြန်မာနိုင်ငံမှာလည်း အစိုးရသစ် အနေနဲ့ တရုတ် စီမံကိန်းတွေကို ကိုင်တွယ်ရ ခက်နေပါတယ်။ ဒါဟာ ဘယ်အစိုးရတက်တက် အရေးတကြီး ဖြေရှင်းပေးရမယ့် ကိစ္စတစ်ရပ် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အရှေ့တောင်အာရှ ဒေသအတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်နေခြင်းကြောင့် ဒေသခံ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် အစိုးရ အဖွဲ့အစည်းများ အနေနှင့် ဂရုစိုက် ကိုင်တွယ်သင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းသို့ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများစုမှာ စံချိန်စံနှုန်း မမီသည်ကို ဆက်လက် လုပ်ကိုင်ရန် ခွင့်ပြုပေးနေသော အစိုးရပိုင်းကသာ အဓိက တာဝန်ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

“ကျွန်တော်တို့က တရုတ်ကို မုန်းလို့ မရဘူး။ သူက စီးပွားရေးမှာ ကျားတစ်ကောင် ဖြစ်နေပြီ။ ဒါပေမဲ့ ပြည်တွင်းမှာ လာရောက် လုပ်ကိုင် ရင်တော့ ဘယ်လို အာမခံချက်တွေကို ပေးရမယ် ဆိုတဲ့ အစိုးရရဲ့ မူဝါဒတွေ ရှိမှရမယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင်လည်း တရုတ်နိုင်ငံမှ လုပ်ဆောင်နေသော မြစ်ဆုံ ရေကာတာ စီမံကိန်းနှင့် ကျောက်ဖြူ စီမံကိန်းများမှာ ပွင့်လင်းမြင်သာမှု အားနည်းခြင်းနှင့် ဒေသခံများ ထိခိုက်နစ်နာမှု များကြောင့်ဟု ဆိုကာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျက် ရှိသည်။

The Voice Weekly
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများတွင် နိုင်ငံတကာ စံချိန်စံနှုန်းနှင့် မကိုက်ညီသော စီမံကိန်းများကို အာဆီယံ ဒေသတွင်း နိုင်ငံများမှ သက်ဆိုင်ရာ အစိုးရများက တာဝန်ခံ ဖြေရှင်းပေးရန် အာဆီယံ ပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေး ဦးဆောင် ကော်မတီ တွဲဖက်ဥက္ကဋ္ဌ မစ္စဖရီမရူဒီဒေါင်ရွန်က မတ်လ ၂၄ ရက်နေ့က တိုက်တွန်း ပြောကြားသည်။

ရန်ကုန်မြို့တော် အမှိုက်သိမ်းစနစ် ပုဂ္ဂလိကထံ လွှဲပြောင်းမည်

Photo: ရန်ကုန်မြို့တော် အမှိုက်သိမ်းစနစ် ပုဂ္ဂလိကထံ လွှဲပြောင်းမည်
Tuesday, March 25, 2014

ရန်ကုန်မြို့တော်တွင်း ထွက်ရှိသော စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်က လုပ်ကိုင်လျက် ရှိရာမှ လာမည့်နှစ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များထံ လွှဲပြောင်းမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်တွင် ရှိသော မြို့နယ် ၃၀ ကျော်ကို ခရိုင်လေးခု ခွဲခြားကာ အမှိုက်သိမ်းဆည်းခြင်း၊ သိမ်းဆည်းပြီး အမှိုက် များကို နောက်ဆုံး စွန့်ပစ် အမှိုက်ပုံများထံ သယ်ယူပို့ဆောင်ခြင်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

“နိုင်ငံတကာမှာလည်း အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းတွေကို ပုဂ္ဂလိကပဲ လုပ်နေတာ ဆိုတော့ ရန်ကုန်က အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းကိုလည်း ပုဂ္ဂလိက လွှဲပေးတာပါ” ဟု (Y.C.D.C) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောဆိုသည်။ 

အမှိုက်သိမ်းဆည်းခြင်း၊ သိမ်းဆည်းပြီး အမှိုက်များကို နောက်ဆုံး စွန့်ပစ် အမှိုက်ပုံများထံ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်း လုပ်ကိုင်လိုသည့် ကုမ္ပဏီများ အနေနှင့် အဆိုပါ ဌာနထံ ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံး ထားကာ တင်ဒါ လျှောက်ထားရမည် ဖြစ်ကြောင်း၊ အဆိုပါ ဌာနထံမှ သိရှိရသည်။

“အမှိုက်သိမ်းတဲ့ လုပ်ငန်းကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေက လုပ်ကိုင်ရင် စည်ပင်ထက် ပိုကောင်းလာမယ်လို့ ထင်တယ်။ အပြိုင်အဆိုင်နဲ့ အကောင်းဆုံးနဲ့ ပြည်သူကို ဝန်ဆောင်မှု ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ အခုလို အမှိုက်ပုံးထဲမှာ ပြည့်လျှံနေတာတို့၊ အနံ့ဆိုးတွေ ထွက်နေတာမျိုး မရှိနိုင်တော့ဘူး” ဟု အလုံမြို့နယ် ဌာနရပ်ကွက်တွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါ အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းများကို ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး လုပ်ကိုင်ခွင့် သက်တမ်း ၁၀ နှစ် ခွင့်ပြုမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနထံမှ သိရှိရသည်။

အမှိုက်သိမ်းဆည်းခြင်း လုပ်ငန်းကို ခရိုင်အလိုက်သာ လုပ်ငန်း လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး၊ မြို့နယ်တစ်ခုချင်းစီ လုပ်ကိုင်ခွင့် မပြုကြောင်း၊ တင်ဒါ လျှောက်ထားသည့် ကုမ္ပဏီများ အနေနှင့် အာမခံကြေး ကျပ်သိန်း ၅၀ ပေးသွင်းရမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရှိရသည်။

ရန်ကုန်မြို့တော်တွင် ထွက်ရှိသော အမှိုက်များမှ စွမ်းအင် ထုတ်လုပ်မည့် လုပ်ငန်းကို ၂၀၁၃ ခုနှစ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့် ပြုခဲ့သည်။ 

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့နယ် ၃၃ မြို့နယ်မှ တစ်ရက်လျှင် အမှိုက်တန်ချိန် ၁၆၀၀ ကျော် ထွက်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန၏ စာရင်းများအရ သိရှိရသည်။

The Voice Weekly
ရန်ကုန်မြို့တော်တွင်း ထွက်ရှိသော စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်က လုပ်ကိုင်လျက် ရှိရာမှ လာမည့်နှစ်တွင် ပုဂ္ဂလိက လုပ်ငန်းရှင်များထံ လွှဲပြောင်းမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

မြန်မာကို ဂျပန် အကူအညီတွေ ထပ်ပေး

Photo: မြန်မာကို ဂျပန် အကူအညီတွေ ထပ်ပေး
Tuesday, March 25, 2014

မြန်မာနိုင်ငံမှာ မဟာလျှပ်စစ် ဓါတ်အားပေးကြိုးလိုင်းတွေ တည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံက ယန်း ၂၄ ဘီလီယံ ထပ်မံ ချေးငှားမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးကပြောပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ မနေ့က တွေ့ဆုံခဲ့ရာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှိဒါ က ပြောကြားလိုက်တာပါ။

ဖူမီယို ကီရှိဒါ ဟာ တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့တွေ့ဆုံခဲ့ပါတယ်။

လျှပ်စစ်ကဏ္ဍအပြင် မြန်မာ့ ရထားပို့ဆောင်ရေးလုပ်ငန်း နဲ့ ကျန်းမာရေး ကဏ္ဍတွေမှာလည်း အဆင့်မြင့် ကိရိယာတွေ တပ်ဆင်ဖို့အတွက် ယန်းငွေ ၈ ဘီလီယံ ချေးငှားမယ် လို့ ကီရှီးဒါးက ပြောပါတယ်။ ဒါ့ပြင် နှစ်နိုင်ငံအကြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လည်း သဘောတူခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ဝန်ကြီးချုပ် ရှင်ဇို အာဘေးအစိုးရတက်လာပြီးတဲ့နောက် ဂျပန်အစိုးရဟာ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ နီးကပ်အောင်ကြိုးပမ်းခဲ့ပါတယ်။ မြန်မာ နိုင်ငံ နဲ့ အရင်ကတည်းက ဆက်ဆံမှု ရှိခဲ့တဲ့ ဂျပန်နိုင်ငံဟာ မြန်မာ့ ဘဏ္ဍာရေး စနစ် ကမ္ဘာ နဲ့ ထိတွေ့နိုင်ဖို့အတွက် ယန်းငွေ ၁၆၀ ဘီလီယံ ထောက်ပံ့ကူညီခဲ့ပါတယ်။

မြန်မာအစိုးရနဲ့တွေ့ဆုံစဉ်အတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှိဒါ က ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ ကျဆုံးသွားခဲ့ကြတဲ့ ဂျပန်စစ်သားတွေရဲ့ ရုပ်ကြွင်းတွေ ပြန်လည် ရှာဖွေရေး လုပ်ငန်းတွေမှာ ကူညီ ပံ့ပိုးပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

RFA Burmese

နိုင်ငံခြားကနေ ကားတစ်စီး သွင်းလာရင် ကာစတမ် ဂျူတီနဲ့ ကညန အခွန် ဆိုပြီး ၂ မျိုး ပေးရတာ ဖြစ်ပြီး အခု ကညန အခွန်တွေ သက်သာခွင့် ပေးမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို ကားတင်သွင်းရာမှာ ပေးဆောင်ရမယ့် ကညန အခွန်တွေကို သိသိသာသာ လျှော့ပေးတော့မှာ ဖြစ်ပါတယ်

နိုင်ငံခြားကနေ ကားတစ်စီး သွင်းလာရင် ကာစတမ် ဂျူတီနဲ့ ကညန အခွန် ဆိုပြီး ၂ မျိုး ပေးရတာ ဖြစ်ပြီး အခု ကညန အခွန်တွေ သက်သာခွင့် ပေးမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ အတွက်သာမက အာဆီယံနိုင်ငံများ အတွက်ပါ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်း အာဆီယံပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေးကော်မတီ ဒုဥက္ကဋ္ဌ ပြောကြား


(မတ် ၂၄ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော အာဆီယံပြည်သူ့ဖိုရမ် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်)
တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ တစ်နိုင်ငံတည်း အတွက်သာမက အခြားအာဆီယံ နိုင်ငံများအတွက်ပါ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်ဟု အာဆီယံ ပြည်သူ့ဖိုရမ် ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံသူ Mrs.Pre mrudee Daoroung က မတ် ၂၄ ရက်က ပြုလုပ်သော အာဆီယံပြည်သူ့ဖိုရမ် သတင်းစာရှင်းလင်းပွဲတွင် The Daily Eleven သို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဉာဏပစ္စည်း မူပိုင်ခွင့်၊ ယှဉ်ပြိုင်မှုနှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေများ အမြန်ဆုံး ပြဋ္ဌာန်းရန် WTO ထုတ်ပြန်

မြန်မာ့စီးပွားရေးကို ပိုမို ပြုပြင်ပြောင်းလဲနိုင်ရန် ဉာဏပစ္စည်း မူပိုင်ခွင့် ဥပဒေများ၊ ယှဉ်ပြိုင်မှု ဥပဒေနှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေတို့ကို အမြန်ဆုံး ပြဋ္ဌာန်းရန် လိုအပ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကုန်သွယ်မှု မူဝါဒ ဆန်းစစ်မှု ဌာနက ထုတ်ပြန် ပြောဆိုသည်။

သင်္ကြန်ရက်အတွင်း အချိန်အကန့်အသတ်ဖြင့် ရေဖြန့်ဝေမည်

Photo: သင်္ကြန်ရက်အတွင်း အချိန်အကန့်အသတ်ဖြင့် ရေဖြန့်ဝေမည်
Tuesday, March 25, 2014

မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော် အတွင်း ရေကစားခြင်းကြောင့် ပြည်သူများ ရေပြတ်လပ်မှု မရှိစေရန် အတွက် ရန်ကုန်မြို့တော်၏ မြို့နယ် ကိုးခုတွင် အချိန်အကန့်အသတ်ဖြင့် ရေဖြန့်ဝေမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

အချိန်အကန့်အသတ်ဖြင့် ရေဖြန့်ဝေမည့် မြို့နယ် ကိုးခုအနက် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်းနှင့် ဒဂုံမြို့နယ်တို့တွင် နံနက် ၇ နာရီမှ ၁၁ အထိ တစ်ကြိမ်၊ ညနေ ၃ နာရီမှ ၆ နာရီအထိ တစ်ကြိမ် ရေပေးဝေမည် ဖြစ်ပြီး အလုံ၊ ကြည့်မြင်တိုင်နှင့် စမ်းချောင်း မြို့နယ်တို့တွင် နံနက် ၇ နာရီမှ ၁၀ နာရီအထိ တစ်ကြိမ်သာ ရေပေးဝေမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အချိန်အကန့်အသတ်ဖြင့် ရေဖြန့်ဝေခြင်းကို ဧပြီလ ၁၃ ရက်နေ့မှ စတင်ကာ ဧပြီလ ၁၆ ရက်အထိ လေးရက် ဆောင်ရွက်မည် ဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့တွင် မြို့နယ်အားလုံးကို ယခင် ပုံမှန်အတိုင်း ရေပေးဝေသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ရေက အခုလည်း အချိန်နဲ့ပဲ လာတာ များတယ်။ မနက်စောစောပိုင်းနဲ့ ညပိုင်းတွေပဲ လာတာပါ။ အချိန်ပိုင်း ဖြစ်မယ် ဆိုရင်လည်း အခက်အခဲတော့ အများကြီး မရှိနိုင်ဘူး၊ ရေလာမယ့် အချိန်ကို ကြေညာပေးဖို့တော့ လိုပါတယ်” ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ ဦးအောင်ကျော်မြင့်က ပြောကြားသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ရေလှောင်ကန်များမှ တစ်ရက်လျှင် ရေဂါလန်သန်း ၁၆၀ ခန့်ကို နေ့စဉ် ဖြန့်ဝေပေးလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (ရေနှင့်သန့်ရှင်းမှု) ထံမှသိရှိသည်။

The Voice Weekly
မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော် အတွင်း ရေကစားခြင်းကြောင့် ပြည်သူများ ရေပြတ်လပ်မှု မရှိစေရန် အတွက် ရန်ကုန်မြို့တော်၏ မြို့နယ် ကိုးခုတွင် အချိန်အကန့်အသတ်ဖြင့် ရေဖြန့်ဝေမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (ရေနှင့်သန့်ရှင်းမှု) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ဂျပန် ဝင်ရောက်မြှုပ်နှံမည်

မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် ကြိုးပမ်းနေသော ဂျပန်နိုင်ငံက ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ သဘောတူ ခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြန်ကြားရေး အရာရှိ မစ္စတာ ကိုအိချီမီဇူရှီးမားက ပြောကြား သည်။

မြန်မာနိုင်ငံတွင် ဉာဏပစ္စည်း မူပိုင်ခွင့်၊ ယှဉ်ပြိုင်မှုနှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေများ အမြန်ဆုံး ပြဋ္ဌာန်းရန် WTO ထုတ်ပြန်

မြန်မာ့စီးပွားရေးကို ပိုမို ပြုပြင်ပြောင်းလဲနိုင်ရန် ဉာဏပစ္စည်း မူပိုင်ခွင့် ဥပဒေများ၊ ယှဉ်ပြိုင်မှု ဥပဒေနှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေတို့ကို အမြန်ဆုံး ပြဋ္ဌာန်းရန် လိုအပ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကုန်သွယ်မှု မူဝါဒ ဆန်းစစ်မှု ဌာနက ထုတ်ပြန် ပြောဆိုသည်။

လူ ၅၂၉ ယောက်ကို အီဂျစ် တရားရုံးက သေဒဏ်ချ

Photo: လူ ၅၂၉ ယောက်ကို အီဂျစ် တရားရုံးက သေဒဏ်ချ
Tuesday, March 25, 2014

အီဂျစ်နိုင်ငံမှာ မတရားသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ မွတ်ဆလင် ညီနောင်များအဖွဲ့ အပေါ် ထောက်ခံအားပေးသူ ၅၂၉ ယောက်ကို အီဂျစ် တရားရုံး တစ်ခုက သေဒဏ် ချမှတ် လိုက်ပါတယ်။

အဲဒီသူတွေဟာ ပြီးခဲ့တဲ့ သြဂုတ်လက အစ္စလာမ်မစ် ဘာသာရေးဝါဒီ သမ္မတဟောင်း မော်ဆီအပေါ် ထောက်ခံမှုကို ပြသတဲ့ ထိုင်သပိတ် ဆင်နွှဲခဲ့ကြသူတွေ ဖြစ်ပါတယ်။

အဲဒီ ဆန္ဒပြပွဲဟာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အင်အားသုံး ဖြိုခွင်းတာကို ခံခဲ့ရပြီးတဲ့နောက် သပိတ်သမားတွေကို ရဲတပ်ဖွဲ့ဝင် တစ်ဦးကို သတ်ဖြတ်မှု၊ အဆောက်အဦ ပစ္စည်းတွေကို ဖျက်စီးမှု စတာတွေနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီလို တရားစွဲဆို ခံရသူတွေထဲက လူ ၁၅၀ လောက်သာ ဖမ်းဆီး ခံထားရတာ ဖြစ်ပြီး ကျန်လူတွေကို မျက်ကွယ် ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

တရားခံ ရှေ့နေတွေက သူတို့မှာ ထုခြေခွင့် မရခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အယူခံခွင့် ရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အီဂျစ်နိုင်ငံမှာ ဒီလို သေဒဏ် ချမှတ်လေ့ ရှိပေမယ့် တကယ် အဆုံးစီရင်မှု ကတော့ နည်းပါးပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

သေဒဏ်ချမှတ်ခံရသူတွေရဲ့ ဆွေမျိုးအချို့
သေဒဏ်ချမှတ်ခံရသူတွေရဲ့ ဆွေမျိုးအချို့

အီဂျစ်နိုင်ငံမှာ မတရားသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ မွတ်ဆလင် ညီနောင်များအဖွဲ့ အပေါ် ထောက်ခံ အားပေးသူ ၅၂၉ ယောက်ကို အီဂျစ် တရားရုံး တစ်ခုက သေဒဏ် ချမှတ် လိုက်ပါတယ်။

မလေးရှား လေကြောင်းဌာန၏ MH 370 နောက်ဆုံး အဆုံးသတ်ပြီ

Photo: မလေးရှား လေကြောင်းဌာန၏ MH 370 နောက်ဆုံး အဆုံးသတ်ပြီ
Tuesday, March 25, 2014

မလေးရှားလေကြောင်း ပိုင် Boring 777-200 အမျိုးအစားလေယာဉ် ကြီး၏ ကွာလာလမ်ပူ - ပေကျင်း ခရီးစဉ် ဖြစ်သော ပျံသန်းအမှတ် MH370 သည် ယနေ့ ၂၄.၃.၂၀၁၄ တွင် တောင်အိန္ဒိယ သမုဒ္ဒယာတွင်း သို့ ပျက်ကျ ခဲ့ပြီး ခရီးသည် ၊ လေယာဉ် အမှုထမ်း အားလုံး အသက်ဆုံးရှုံးပြီးဖြစ်ကြောင်း ကို မလေးရှား နိုင်ငံ ၏ ရုပ်သံ လိုင်းများမှ တဆင့် မလေးရှား ဝန်ကြီးချုပ် Najib မှ ရှဖွေသူများ၏ အတည်ပြုချက်အရ ဝမ်းနည်းစွာ ကြော်ငြာကြောင်း သိရှိရသည် ။

ကမ္ဘာ့ပထမဦးဆုံး အင်ဂျုင် ၂ လုံးတပ် လေယာဉ်Model ဖြစ်သော Boeing 777-200 သည် သမိုင်းတစ်လျှောက် လုံခြုံမှု အရှိဆုံး လေယာဉ် အမျိုးအစား အဖြစ် သတ်မှတ်ခံထားရသော လေယာဉ် ဖြစ်ပြီး အရေးပေါ် ကိစ္စ အတွက် မိနစ် ၁၈၀ တိတိ လေပေါ်တွင် နေနိုင်သည့် ပထမဆုံး လေယာဉ် အမျိုးအစား ဖြစ်သည် ။ ထို့အတူ အင်ဂျင် ၁ လုံးပျက်စီးပါက ကျန် အင်ဂျင် ၁ လုံးဖြင့် လေပေါ်တွင် ၃ နာရီနေနိုင်သော ကမ္ဘာ စိတ်အချရဆုံး လေယာဉ် အမျိုးအစား လည်းဖြစ်ကြောင်းနိုင်ငံတကာ သတင်းဌာနများမှ မှတ်ချက်ပေးခဲ့ကြရသည် ။

ပထမဆုံးBoeing 777-200 လေယာဉ် မတော်တဆ မှုဖြစ်ခဲ့သော Asiana လေကြောင်းလိုင်း အပြီး ယခု မလေးရှား အဲလိုင်း ပျက်ကျမှုသည် လေယာဉ်၏ ချွတ်ယွင်းမှုဖြစ်မည်ဆိုပါက MH370 - Boeing 777-200 လေယာဉ်အမျိုးအစားတွင် ဒုတိယ မြောက် ပျက်ကျသည့် လူသေဆုံးမှုအများဆုံးသော လေယာဉ်ဖြစ်ပေလိမ့်မည် ။
လွန်ခဲ့သော မတ်လ ၈ ရက်နေ့ နံနက် ၁ နာရီ ၅၀ ခန့်တွင်မူ အဆိုပါ မလေးရှား အဲလိုင်း ပိုင် ဘိုးရင်း ၇၇၇-၂၀၀ မော်ဒယ် (ကမ္ဘာ့စိတ် အချရဆုံးလေယာဉ်အမျိုးအစားကြီး) ရုတ်တရက် ပျောက်ဆုံးနေပါသည်ဆိုသော အခါ ကမ္ဘာ့ နိုင်ငံတိုင်းသည် မေးခွန်းများစွာ ၊ အံအားသင့်မှုများစွာ ဖြင့် ကမ္ဘာဂြိုလိ၏ တတိယ အကြီးဆုံးသော သမုဒ္ဒယာ ဖြစ်သည့် အဒ္ဒိယ သမုဒ္ဒယာ အတွင်း ပိုက်စိပ်တိုက် ရှာကြရတော့သည် ။
ထိုသို့ ရှာဖွေမှု ရက်များအတွင်း နိုင်ငံတကာ အကူအညီများ (မြန်မာအပါအဝင်) အပြင် ...

သတင်းပေးမှုများ ၊ နိုင်ငံတကာ မှော်ပညာရှင်များ ၊ နိုင်ငံတကာ ဗေဒင်ပ ညာရှုင်များ ၊ နိုင်ငံတကာ ဘာသာ အလိုက် လူစွမ်းကောင်းများသည် နိုင်ရာ ဆိုင်ရာ ပညာများဖြင့် လေယာဉ်ကြီးအား ရှာဖွေ ကြရာ လေယာဉ် ရှာဖွေသည့် ဂိမ်း ဖြစ်သော Bomoh App အထိ ပင် နာမည်ကြီး ခဲ့ကြလေသည် ။
ယနေ့မူ ထိုသူများ အားလုံး ပညာစွမ်းပြ ရှာဖွေခဲ့ကြသောလေကြောင်း အမှတ် MH 370 လေယာဉ်ဖြစ်သည့် Boeing 777-200 အမျိုးအစားသည် တောင်အိဒ္ဒိယ သမုဒ္ဒယာ တွင် အပိုင်းအစ သေးသေး လေးအဖြစ်ဖြင့် မနည်းရှာဖွေ ခဲ့ရပြီး ထိုလေယာဉ်ပေါ်ပါဝင်သော ခရီသည် ၂၂၇ ဦး နှင့် လေယာဉ်ဝန်ထမ်း ၁၂ လုံး အသက်ရှင်မည် မဟုတ်ကြောင်းကို မလေးရှား ရုပ်သံ ဌာနများတွင် ယခု ကြော်ငြာပြီဖြစ်သည် ။

ထိုသို့ကြော်ငြာခဲ့ပြီးနောက် လေကြောင်း ပညာရှုင်များအားလုံး ထို MH 370 လေကြောင်းသည် အဆိုပါပျက်ကျရာ နေရာသို့ မည်မျှသော လေယာဉ်ဆီဖြင့် ပျံသန်းသည်ဆိုသည်ကို အဖြေအတိအကျရရှိကြတော့မည်ုဖြစ်ကြောင်း လည်း သတင်းဌာနများက ရေးသားသွားခဲ့သည် ။

Ref - http://www.stuff.co.nz/world/asia/9863247/Flight-MH370-crashed-in-Indian-Ocean-no-survivors

MH 370 သယ်ဆောင်သွားခဲ့သော လေယာဉ် ပေါ်တွင်ပါဝင်သည့် ခရီးသည် ၂၂၇ ဦး နှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး ပေါင်း ၂၃၉ ဦးထဲမှ တစ်ဦး (သို့) တစ်ဦး ထက်မက မှ အသက်ပေးအဆုံးစီရင်မှု (သို့) အသေခံ သေကြောင်းကြံမှု ကို ကျူးလွန်ကြောင်း လေယာဉ် ပျက်ကျရာနေရာ က သက်သေခံနေပြီဖြစ်ပေသည် ။

MH370 လေယာဉ် ပျောက်ဆုံးသော ၈.၃.၂၀၁၄ နံနက် ၁ နာရီ ၄၀ မှ ယနေ့တိုင် မီဒီယာများရေးသားခဲ့သော သတင်း အပုဒ်ရေ သောင်းပေါင်းများစွာ ကို အခြေခံသော်ငြား မည်သူ ၊ မည်သည့်အတွက် MH370 အားယခုလို အဆုံးသတ်သည်ကို မူ ယနေ့မည်သူမျှ မသိရှိနိုင်သေးပေ ။

စတင် ပျောက်ဆုံးကာစကတည်းက စိတ်ဝင်စားစရာကောင်းခဲ့သော MH370 သည် .. ယနေ့ည မျက်ရည်များစွာကြား အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း Malaysia's Prime Minister Najib နှင့် ညီဝမ်းကွဲ (ပို့ဆောင်ရးဝန်ကြီးဌာန သရုပ်ဆောင်ဝန်ကြီး) Hishammuddin Hussein တို့မှ တစ်ဦးမှ အသက်မရှင်ကြောင်း ကြော်ငြချာက်တွင် အဆုံးသတ်ပြီဖြစ်လေသည် ။

ကမ္ဘာ့စိတ်ဝင်စားစရာအကောင်းဆုံး လေယာဉ် အကြမ်းဖက်မှု အဖြစ် စံချိန်တင်သွားခဲ့သည့် Malaysia Airline MH370 (Boeing 777-200) ကွာလာလမ်ပူ - ပှကျင်းဇတ်လမ်းသည် ယနေ့မှ စတင်ကာ ပိုမိုစိတ်ဝင်စားစရာကောင်းတော့မည်ဟု မှတ်ချက်ချရတော့မည်ဖြစ်သည် ။
ယနေ့တိုင် အဖြေရှာမရသော ဇတ်လမ်းဖြင့် အဆုံးသတ်ခဲ့သည့် MH370 အကြောင်း နိုင်ငံတကာ မီဒီယာများမှ "အဖြေမရှိသေးသော မေးခွန်း ၅ ခု" ဆိုသည့် ခေါင်းစဉ်ဖြင့် ဆက်လက်ရေးသားနေမည် ကိုလည်း တွေ့ကြ ရမည်ဖြစ်လေသည် ။ ....

မည်သို့ပင်အဆုံးသတ်စေ ...
သားတစ်ယောက်အတွက် ပူဆွေးနေမည့် မိခင် ၊ ဖခင်များ ..
အဖေတစ်ယောက်အတွက် တစ်ကြော်ကြော်မေးနေဦးမည့် သား ၊ သမီးများ ...
ခင်ပွန်းတစ်ဦးအတွက် ကြေကွဲနေမည့် ဇနီးသည်များ ....
ဇနီးသည်တစ်ဦးအတွက် ယူကြုံးမရဖြစ်နေမည့် ခင်ပွန်းများ ....
ညီ တစ်ယောက်အတွက် ရင်ကွဲနေမည့် အကိုများ ...
အကိုတစ်ဦးအတွက် အစားထိုးမရတော့မည့် ညီများ..
ညီမတစ်ယောက်အတွက် မျက်ရည်ကျနေမည့် အမများ ...
အစ်မတစ်ယောက်အတွက် သောကပင်လယ်ဝေနေမည့် ညီမများ ...

ထို့အတူ
အလုပ်ရှင်တစ်ဦး အား ကြိုဆိုနေသော ဝန်ထမ်းများ ...
ခရီးသည်များအတွက် ဝန်ဆော်ငမှုပေးနေမည့် လေယာဉ်ဝန်ထမ်းများ...
ရိုးသားစွာ ဝမ်းရေးအတွက် ရှာဖွေနေသော သူများအားလုံး ..
ထိုသူများ၏ မိသားစုဝင်များအားလုံးသည် ...
ယနေ့ ဆိုးရွားစွာ ပူဆွေးနေမည်ကို နားလည်ကြေကွဲရင်..

***Pray for MH370 passenger's and Crew's Families***

Kayan Times
မလေးရှားလေကြောင်း ပိုင် Boring 777-200 အမျိုးအစားလေယာဉ် ကြီး၏ ကွာလာလမ်ပူ - ပေကျင်း ခရီးစဉ် ဖြစ်သော ပျံသန်းအမှတ် MH370 သည် ယနေ့ ၂၄.၃.၂၀၁၄ တွင် တောင်အိန္ဒိယ သမုဒ္ဒယာတွင်း သို့ ပျက်ကျ ခဲ့ပြီး ခရီးသည် ၊ လေယာဉ် အမှုထမ်း အားလုံး အသက်ဆုံးရှုံးပြီးဖြစ်ကြောင်း ကို မလေးရှား နိုင်ငံ ၏ ရုပ်သံ လိုင်းများမှ တဆင့် မလေးရှား ဝန်ကြီးချုပ် Najib မှ ရှဖွေသူများ၏ အတည်ပြုချက်အရ ဝမ်းနည်းစွာ ကြော်ငြာကြောင်း သိရှိရသည် ။

ရခိုင်မှာသန်းခေါင်စာရင်း ကောက်ခံမှုကို သံသနာ့အလံထူ ဆန္ဒပြ

Photo: ရခိုင်မှာသန်းခေါင်စာရင်း ကောက်ခံမှုကို သံသနာ့အလံထူ ဆန္ဒပြ
Tuesday, March 25, 2014

ရခိုင်ပြည်နယ်အတွင်းမှာ သန်းခေါင်စာရင်း ကောက်ယူမယ့် အစီအစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ မနေ့ကစတင်ပြီးတော့ တပြည်နယ်လုံး အတိုင်းအတာနဲ့ သာသနာ့အလံ စိုက်ထူ လိုက်ကြပါတယ်။

အဲ့ဒါအပြင် မတ်လ ၃၀ရက်နေ့ကနေ ဧပြီလ ၁၀ရက်နေ့ထိ ကောက်ခံမယ့် သန်းခေါင်စာရင်းမှာ အကောက်မခံပဲ နေကြဖို့လည်း တိုက်တွန်း ထားကြပါတယ်။

သန်းခေါင်စာရင်း ကောက်ခံမှု ကန့်ကွက်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး စစ်တွေမြို့က ဆန္ဒပြရာမှာ ဦးဆောင်သူ တဦးဖြစ်တဲ့ ဦးသန်းထွန်းက အခုလိုပြောပါတယ်။

“ကျနော်တို့က အခုကောက်မဲ့ သန်းခေါင်စာရင်းထဲမှာ သမတဆီကလည်း မရှိပါဘူးပြောထားတယ်၊ မြန်မာနိုင်ငံ မှာလည်း တကယ်လည်းမရှိတဲ့ ရိုဟင်ဂျာဆိုတဲ့လူမျိုးအမည်ကို ထည့်သွင်းမဲ့ကိစ္စအတွက် ရခိုင်တပြည်နယ်လုံး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လေ။ သမိုင်းမှာ ဘယ်တုန်းကမှမရှိခဲ့တဲ့ နာမည်လိမ် ဖြစ်တဲ့ ရိုဟင်ဂျာလို့ ထည့်သွင်းမဲ့  ကိစ္စကို ရုတ်သိမ်းပေးပါဆိုတဲ့အကြောင်းကို ၂၁ ရက်နေ့ နောက်ဆုံး ထားပြီးအကြောင်းပြန်ပေးပါလို့ တောင်းဆို ခဲ့ပါတယ်ခင်ဗျ၊ ဒါပေမဲ့ ၂၁ရက်ကျော်လာတဲ့အထိ တရားဝင် ထုတ်ပြန်ကျေညာချက်လည်း မကြားတဲ့အတွက် ကြောင့် ဆန်ကျင်ကန့်ကွက်တဲ့အနေနဲ့ ရခိုင်ပြည်နယ် မှာ ရှိတဲ့ရခိုင်တိုင်းရင်းသားအကုန်လုံးက သန်ခေါင်စာရင်း အကောက်မခံပဲနဲ့ သပိတ်မှောက်မယ်ဆိုတဲ့ အထိန်းအမှတ်အဖြစ် ဒီနေ့ကစပြီးတော့ ရခိုင်တိုင်းရင်းသားတွေရဲ့ အိမ်တိုင်းအိမ်တိုင်းမှာ သာသနာ အလံလွင့်ထူပြီးတော့ သပိတ်မှောက်ဖို့ စတင်တဲ့အဓိပါယ်ပါပဲ။” 

သန်းခေါင်စာရင်းကောက်ယူမယ့်အစီအစဉ်ကို ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသားတွေအနေနဲ့ အိမ်တိုင်းမှာ သာသနာ့အလံတွေ စိုက်ထူထားကြသလို သန်းခေါင်စာရင်းကောက်ယူဖို့ မလာကြပါရန်ဆိုတဲ့ ကြေညာစာတွေလည်း ကပ်ထားကြတယ်လို့ ဆိုပါတယ်။

သန်းခေါင်စာရင်းကောက်တဲ့အခါမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေကို ရိုဟင်ဂျာဆိုအမည်နဲ့ စာရင်းထည့်သွင်းခွင့်မပေးဖို့ ရခိုင်တိုင်းရင်းသားတွေက ကန့်ကွက် တောင်းဆိုနေကြတာဖြစ်တယ်လို့ ရေဒီယို သြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

သာသနာ့အလံကို အိမ်တွေမှာ စိုက်ထူထားကြတဲ့ပုံ (Credit: ABC)
သာသနာ့အလံကို အိမ်တွေမှာ စိုက်ထူထားကြတဲ့ပုံ (Credit: ABC) 

ရခိုင်ပြည်နယ်အတွင်းမှာ ​သန်းခေါင်စာရင်း ကောက်ယူမယ့် ​အစီအစဉ်ကို ​ကန့်ကွက်တဲ့ အနေနဲ့ ​မနေ့က စတင်ပြီးတော့ ​တပြည်နယ်လုံး အတိုင်းအတာနဲ့ ​သာသနာ့အလံ စိုက်ထူ လိုက်ကြပါတယ်။

ဆီယက်တဲလ် မြေပြိုမှု ၈ ယောက်သေ၊ ၁၀၈ ဦး ပျောက်ဆုံးဆဲ

Photo: ဆီယက်တဲလ် မြေပြိုမှု ၈ ယောက်သေ၊ ၁၀၈ ဦး ပျောက်ဆုံးဆဲ
Tuesday, March 25, 2014

လူ ၈ ယောက်ထက် မနည်းသေဆုံးပြီး ပျောက်ဆုံးသူ ၁၀၈ ယောက်အထိရှိနေတဲ့ အမေရိကန်က မြေပြိုကျတဲ့ ဖြစ်ရပ်တစ်ခုမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာတွေ့ဖို့ မျှော်လင့်ချက် မှေးမှိန်လာနေပါတယ်။

နိုင်ငံအနောက်မြောက်ပိုင်း ဝါရှင်တန်ပြည်နယ်မှာ သဲတွေလို ကျွံကျထားတဲ့ ရွှံ့နွံ့အပျက်အစီး ပုံကြီးထဲမှာ ကယ်ဆယ်ရေး လုပ်သားတွေက ရှာဖွေရေး ဆက်လုပ်နေကြပါတယ်။ တချို့နေရာတွေမှာဆိုရင် အကျယ်အဝန်းက ၁ မိုင်ကျော်ရှိပြီး ၁၉ ပေကျော်နက်ပြီးတော့ ရွှံ့နွံတွေနဲ့ သစ်ပင်တွေနဲ့ ရောထွေး ဖုံးလွှမ်းနေပါတယ်။

စနေနေ့မနက်ပိုင်းမှာ ပြင်းထန်တဲ့အင်အားနဲ့ မြေပြိုကျခဲ့ချိန်က ဆီယက်တဲလ်မြို့တော်မြောက်ဘက် ကျေးလက်ဒေသလေးမှာ နေထိုင်ခဲ့ဖွယ် ဒါမှမဟုတ် ကား ဖြတ်မောင်းသွားဖွယ်ရှိတဲ့ လူ ၁၀၈ ယောက်ရဲ့ အမည်စာရင်းကို တာဝန်ရှိသူတွေက ထုတ်ပြန် ကြေညာထားပါတယ်။ စနေနေ့မှာ အခင်းဖြစ်ခဲ့ပြီးကတည်းက အသက်ရှင်ကျန်ရစ်သူ တစ်ယောက်ကိုမှ မတွေ့ရသေးပါဘူး။

အပျက်အစီးပုံတွေကြားမှာ သက်ရှိထင်ရှားရှိနေသူ တစ်ယောက်ယောက်ရဲ့ ဘယ်လို အရိပ်လက္ခဏာမျိုးကိုမှ ကယ်ဆယ်ရေး လုပ်သားတွေ မကြားရသေးဘူးလို့ မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ပြောပါတယ်။

မြေပြိုကျတဲ့လမ်းကြောင်းတလျှောက် အိမ် အလုံး ၃၀ ထက်မနည်း ပျက်စီးပြီး ဒဏ်ရာရသူ ၈ ယောက်ရှိပါတယ်။ မကြာသေးခင်က အပြင်းအထန်မိုးရွာပြီး မြေအောက်ရေ ပြည့်လျှံလာတာကြောင့် မြေပြိုကျတာလို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

လူ ၈ ဦးသေဆုံး၊ ၁၀၀ ကျော်ပျောက်ဆုံးနေဆဲ ဝါရှင်တန်ပြည်နယ်၊ ဆီယတ်တဲလ် မြေပြိုမှု။ (မတ်လ ၂၄၊ ၂၀၁၄)
လူ ၈ ဦးသေဆုံး၊ ၁၀၀ ကျော်ပျောက်ဆုံးနေဆဲ ဝါရှင်တန်ပြည်နယ်၊ ဆီယတ်တဲလ် မြေပြိုမှု။ (မတ်လ ၂၄၊ ၂၀၁၄)
လူ ၈ ယောက်ထက် မနည်းသေဆုံးပြီး ပျောက်ဆုံးသူ ၁၀၈ ယောက်အထိရှိနေတဲ့ အမေရိကန်က မြေပြို ကျတဲ့ ဖြစ်ရပ်တစ်ခုမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာတွေ့ဖို့ မျှော်လင့်ချက် မှေးမှိန်လာနေပါတယ်။

NLD နာယက သူရဦးတင်ဦး မယ်တော်ဆေးခန်းလေ့လာ

Photo: NLD နာယက သူရဦးတင်ဦး မယ်တော်ဆေးခန်းလေ့လာ
Tuesday, March 25, 2014

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ လူမူရေး၊ ပညာရေး ကျန်းမာရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့  မယ်တော်ဆေးခန်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး လာရောက်ကြည့်ရူ အားပေးပြီး မြန်မာပြည်တွင်း မှာလည်း လူငယ်မျိုးဆက်သစ်တွေဟာ ပညာသင်ကြားရမဲ့ အချိန်မှာ  နိမ့်ကျတဲ့ အလုပ်တွေ လုပ်ကိုင်နေရတဲ့ အကြောင်း ပြောဆု သွားပါတယ် ဒါအပြင် နှစ်ပေါင်း ၆၀ ကျော်အတွင်း ဘက်ပေါင်းစုံမှာ နိမ့်ကျနေသေးတဲ့ တိုင်းပြည်ရဲ့ အရေးကိစ္စတွေ အတွက် သူတို့မှာလည်း တာဝန်ရှိတဲ့အကြောင်း ပြောသွားပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော်ကြာ လူမှုရေး၊ ပညာရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာစင်သီယာမောင် တည်ထောင်ထားတဲ့ မယ်တော်ဆေးခန်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နယကကြီး ဦးတင်ဦး လာရောက်လေ့လာခဲ့ပါတယ်။ ဦးတင်ဦးက သူ့ရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်ကတည်းက ဒီနေရာကို လာရောက်ချင်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာပြည်အတွင်းက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ နေထိုင်နေရတဲ့ တိုင်းရင်းသားတွေကို လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့တဲ့ မယ်တော်ဆေးခန်းကို လာရောက်အားပေးတာဖြစ်တယ်လို့လည်း ဦးတင်ဦးက ဆိုပါတယ်။

“လက်နက်ကိုင် ပဋိပက္ခကလည်း ရှိနေသေးတော့ ဒီအရပ်ဒေသမှာနေရတဲ့ အင်မတန် ဝေးလံခေါင်သီတွေမှာနေရပြီးတော့ မပြည့်စုံတဲ့ တိုင်းရင်းသားတွေဟာ တိုးပွားပြီး များလာတာကို တဘက်တလမ်းကနေပြီးတော့ ဒေါက်တာစင်သီယာမောင်တို့လို ပုဂ္ဂိုလ်များက ဒီကလေးတွေနဲ့ပတ်သက်ပြီးတော့ သူတို့ရှေ့ဘဝ မျှော်လင့်ချက်ရှိရအောင်ဆိုပြီး အတတ်ပညာတစ်ခု သင်ကြားပေးဖို့ဆိုပြီး စီမံခဲ့တယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့၊ ပညာရေးနဲ့ ပတ်သက်လို့၊ လူမှုရေးနဲ့ပတ်သက်လို့ စသဖြင့် လူလားမြောက်အောင် သင်ကြားပေးတဲ့အတွက် ဒီမှာ လာရောက်ပြီးတော့ အားပေးကူညီပြုတာဖြစ်တယ်ဆိုတဲ့အကြောင်း အဖိုးအနေနဲ့ ပြောချင်ပါတယ်။”

ဒေါက်တာစင်သီယာမောင်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကခေါင်းဆောင်နဲ့ ပထမဦးဆုံးအကြိမ်အဖြစ် နှစ်ဘက်ဆွေးနွေးမူတွေ တိုင်ပင်ဆွေးနွေးနိုင်ခဲ့တာဟာ ရှေ့ဆက်ရမဲ့လုပ်ငန်းတွေအတွက် တန်ဖိုးကြီးတဲ့ ခြေလှမ်းတွေ အဖြစ် ရှုမြင်တယ်လို့ ဆိုပါတယ်။

“ပထမဦးဆုံးအကြိမ် တွေ့ဆုံပြီးတော့ အချက်အလက်ဖလှယ်ရတာက ကျမတို့အတွက် အင်မတန်မှ တန်ဖိုးရှိတဲ့အချိန်လည်း ဖြစ်ပါတယ်။”
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီးတင်ဦးဟာ မြန်မာပြည်အတွင်းက မျိုးဆက်သစ်လူငယ်တွေရဲ့ နိမ့်ကျနေတဲ့ ဘဝအခြေအနေတွေကိုလည်း ပြောပြသွားခဲ့ပြီး နှစ်ပေါင်း ၆၀ ကျော်အတွင်း တိုင်းပြည်ရဲ့အခြေအနေ နာလံမထူနိုင်ဖြစ်နေရတဲ့အပေါ် သူတို့မှာလည်း တာဝန်မကင်းဘူးလို့ ပြောသွားခဲ့ပါတယ်။

“သားတို့၊ သမီးတို့ အရွယ်တွေပဲ လက်ဖက်ရည်ဆိုင်တွေမှာ လက်ဖက်ရည်ရောင်းပြီးတော့ အမှိုက်ပုံကြားထဲမှာ အမှိုက်ကောက်ပြီးတော့ ရတဲ့ဟာလေးကို ကောင်းနိုးရာရာလေးရောင်းပြီးတော့ အသက်မွေးဝမ်းကြောင်းပြုရတာ ဒီနေ့အထိ ရှိနေပါသေးတယ်။ အင်မတန် ဝမ်းနည်းစရာကောင်းတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရလာတာ နှစ်ပေါင်း ၆၀ ရှိတယ်။ သယံဇာတလည်း ပေါများပါတယ်၊ ဘာတယ်၊ စသဖြင့် ဘယ်လောက်ပဲပြောပြော၊ ဒီနေ့ခေါင်းဆောင်ကြီးများ ရှေ့ကနေယူသွားပေးတဲ့ လွတ်လပ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ တိုးတက်ရေးကိစ္စတွေမှာ အားနည်းချက်တွေ ရှိနေတာ ဖိုးဖိုးတို့လည်း အပြစ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီလို ၆၀ ကျော်၊ နှစ်ပေါင်း ၇၀ အတွင်းမှာ မွေးဖွားလာတဲ့ သားသမီးများဟာ အညွန့်တလူလူနဲ့ ကိုယ့်နိုင်ငံမှာ ပညာတွေ ပြည့်စုံပြီးတော့ အခြားအခြားသောနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ပြီး ပညာတတ်မျိုးတွေ ဖြစ်စေချင်ပါတယ်။
သို့သော် ဒီအခြေအနေကို အင်မတန်မှ နိုင်ငံရဲ့ ကံကြမ္မာကြောင့် မရောက်ခဲ့ပါဘူး။”

ထိုင်း-မြန်မာနယ်စပ်က မယ်တော်ဆေးခန်းရဲ့ ဆေးခန်းအဆောင်သစ်တွေ တိုးချဲ့ထားရာမှာ စု-ဖောင်ဒေးရှင်း အပါအဝင် နိုင်ငံတကာက ပေးတဲ့ အကူအညီတွေ ရခဲ့တယ်လို့ ဒေါက်တာစင်သီယာမောင်က ဆိုပါတယ်။

“ကျမတို့ ဒီဆေးခန်းအဆောက်အဦးအတွက်ကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေအပါအဝင် ဒီ ဖောင်ဒေးရှင်းတွေပေါ့။ ပုဂ္ဂလိက ဖောင်ဒေးရှင်းတွေ ကနေပြီးတော့လည်း ကူညီပံ့ပိုးပေးထားတာတွေ အများကြီးရှိပါတယ်။ အဲဒီမှာတော့ ဒေါ်စုဖောင်ဒေးရှင်းကနေပြီးတော့ လှူဒါန်းထားတဲ့ ရန်ပုံငွေတွေပေါ့နော်၊ ပါရှိပါတယ်။”

ပြီးခဲ့တဲ့နှစ်တွေတုန်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေကို လာရောက်ကြည့်ရှုခဲ့ချိန်မှာ မယ်တော်ဆေးခန်းကို သွားဖို့ ကြိုးစားခဲ့ပေမယ့် ခရီးစဉ်အတွက် ထိုင်းဘက်က လုံခြုံရေးတာဝန်ယူပေးဖို့ အခက်အခဲတွေ ရှိနေတဲ့အတွက် မယ်တော်ဆေးခန်းကို လေ့လာလည်ပတ်မယ့် အစီအစဉ်ကို ဖျက်ခဲ့ရပါတယ်။

မယ်တော်ဆေးခန်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံအပြီး နယ်စပ်ရောက်လာတဲ့ ကျောင်းသားတွေနဲ့အတူ ဖွဲ့စည်းတည်ထောင်ထားတဲ့ ဆေးခန်းဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်မှာ ဒေါက်တာစင်သီယာမောင်နဲ့အတူကျောင်းသားတွေဟာ မယ်တော်ဆေးခန်းကို စတင် တည်ထောင်ခဲ့ပါတယ်။   မယ်တော်ဆေးခန်း စတင်တည်ထောင်စက ကုတင် ၄ လုံးနဲ့စတင်ခဲ့ပြီး အခုအချိန်ထိဆိုရင်လူနာပေါင်း ၁ သိန်း၊ ၄သောင်းကျော်ကို ကုသပေးခဲ့တာပါ။
ကလေးငယ်ပေါင်း ၃,၀၀၀ ကျော်ကို မယ်တော်ဆေးခန်းမှာပဲ မွေးဖွားနိုင်ခဲ့ပြီး  ကျောင်းသား ၁ ထောင်ကျော် စာသင်နေတဲ့ ကလေးဖွံ့ဖြိုး တိုးတက်မှု စင်တာလို့ နာမည်ပေးထားတဲ့  ရွှေ့ပြောင်းစာသင်ကျောင်းကိုလည်း ထူထောင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဆေးဘက်ဆိုင်ရာ သင်တန်းပေါင်းများစွာကို ပို့ချနိုင်ခဲ့ပြီးဒေါက်တာစင်သီယာမောင်ကတော့ အမေရိကန်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျာမဏီနဲ့ စပိန်နိုင်ငံတွေက ပေးအပ်တဲ့ ဆုတွေအပြင် မကြာသေးခင်ကပဲ  သြစတြေးလျနိုင်ငံက ပေးတဲ့ ဆစ်ဒနီငြိမ်းချမ်းရေးဆုကိုလည်း ရရှိထားသူဖြစ်ပါတယ်။

မအေးအေးမာ (ဗွီအိုအေ)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ လူမူရေး၊ ပညာရေး ကျန်းမာရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့  မယ်တော်ဆေးခန်းကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး လာရောက်ကြည့်ရူ အားပေးပြီး မြန်မာပြည်တွင်း မှာလည်း လူငယ်မျိုးဆက်သစ်တွေဟာ ပညာသင်ကြားရမဲ့ အချိန်မှာ  နိမ့်ကျတဲ့ အလုပ်တွေ လုပ်ကိုင်နေရတဲ့ အကြောင်း ပြောဆု သွားပါတယ် ဒါအပြင် နှစ်ပေါင်း ၆၀ ကျော်အတွင်း ဘက်ပေါင်းစုံမှာ နိမ့်ကျနေသေးတဲ့ တိုင်းပြည်ရဲ့ အရေးကိစ္စတွေ အတွက် သူတို့မှာလည်း တာဝန်ရှိတဲ့အကြောင်း ပြောသွားပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကားစလစ်ဈေး ကျပ်သိန်း ၁၂၀ ၀န်းကျင်သို့ရောက်ရှိ

Photo: ကားစလစ်ဈေး ကျပ်သိန်း ၁၂၀ ၀န်းကျင်သို့ရောက်ရှိ
Tuesday, March 25, 2014

ကားဈေးကွက်အတွင်း စလစ်ဈေးနှုန်းများကျပ် သိန်း ၁၂၀ ၀န်းကျင်သို့ ရောက်ရှိနေပြီး အတက် အကျကြမ်းတမ်းမှုကြောင့် ၀ယ်ယူသူနည်းပြီး ရောင်းချသူ များလာကြောင်း ကားအရောင်းအ၀ယ်
လုပ်ကိုင်သူများထံမှသိရသည်။

"သက်ဆိုင်ရာက နောက်ထပ် အအပ်ခံမယ့် ကားတွေကို ဆက်ပြီး မကြေညာလို့ ဒီဈေးနှုန်းတွေ အဆမတန် မြင့်နေတာလို့ပြောရတယ်။ ငွေရှိတဲ့သူတွေက ဒီဈေးကို လှုပ်ကိုင်နေကြတယ်လို့ပြော
ရင်ပိုမှန်တယ်။ မနက်ဝယ်တယ် ၁၀၆ သိန်း ညနေကျတော့ ဈေးကွက်ထဲမှာပေါက်ဈေးက ၁၀၄ သိန်း တစ်နေ့တည်းနဲ့ နှစ်သိန်း ရှုံးသွားတယ်။ နောက်တစ်နေ့ ကျတော့ ဈေးကွက်ထဲမှာ ၁၀၈
သိန်းဖြစ်နေပြန်ရော " ဟု ကားအရောင်းအ၀ယ်လုပ်ကိုင်သူ ကိုစိုးထွန်းကပြောသည်။

မတ်လဆန်းပိုင်း စလစ်ဈေးနှုန်မှာကျပ် ၁၀၂ န်းဝန်းကျင်ခန့်ဈေးရှိသော်လည် ယခုအခါ ကျပ် ၁၂၀ သိန်းသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

" စလစ်ဈေးတွေ တက်လာလို့လား မသိဘူး။ ဈေးကွက်ထဲမှာ အပ် ကားဈေးတွေပါ လိုက်တက်လာတယ်။ 'လ၊သ၊အ' ကားဟောင်းတွေ သိန်း ၁၂၀ ၀န်းကျင်လောက်ရှိတယ်။ စလစ်ဈေးကတော့ သိန်း ၁၁၂ သိန်းလောက်ရှိတယ်။ အက္ခရာစဉ် လိုက်လက်ခံမယ်ဆိုရင် နောက်ထပ်အအပ်ခံမယ် '၁က' အက္ခရာကားဟောင်းဈေးက သိန်း ၁၂၀ ၀န်းကျင့်လောက် ဈေးရှိပြီးတော့ '၂က' အက္ခရာ ကားဈေးက ၉၆ သိန်းနီးပါးလောက်ဈေးရှိတယ်။ အဲဒီလိုဈေး တွေ မြင့်တက်လာတာတောင် ၀ယ် လက်ရှိတဲ့ အတွက်ကြောင့် အပ်ကားဈေးတွေ ဆက်တက်နိုင်တယ်" ဟု ၀ါရင့်ကားအရောင်းအ၀ယ် လုပ်ကိုင်သူ ဦးမင်းညွှန့်ကပြောသည်။

ဈေးကွက်အတွင်း ၁၃၀၀ စီစီကားများ အရောင်းအ၀ယ် ပုံမှန်ဖြစ်နေသော် လည်း ကားသစ်ဝယ်ယူ မည်သူများမှ စလစ်ဈေးမြင့်တက်လာခြင်းကြောင့် စလစ်ကပ်ကားများဝယ် ယူရန် ဈေးနှုန်း ကျဆင်းချိန်ကို စောင့်ဆိုင်းနေရ ကြောင်းသိရသည်။

" စလစ်ဈေးက သိန်း ၁၁၀ နဲ့ သိန်း ၁၂၀ ကြားထဲက မကျတဲ့အတွက်ကြောင့် စလစ်ဝယ်ပြီး ကားအရောင်းပြခန်းတွေက ကားတွေကို ၀ယ်ယူဖို့ကို စောင့်ဆိုင်းတဲ့သူတွေ အခက်တွေ့စေပါ တယ်။ အရင်တုန်းက ဒီစလစ်ဈေးနှုန်း တွေက သိန်း လေးဆယ် ငါးဆယ် ၀န်းကျင်ပေါက်ပေမယ့်
အခုဆိုရင် ဒီဈေးနှုန်းထက်မက စလစ်ဈေးတွေတက်လာတဲ့ အတွက်ကြောင့် စလစ်ဈေးနဲ့ ကား အရောင်းပြခန်းက ကားဈေးပေါင်းလိုက်ရင် ကားတစ်စီးကိုသိန်း ၂၀၀ လောက်ဖြစ်သွားနိုင်တယ်"
ဟု ကားအရောင်းအ၀ယ်လုပ်ကိုင်သူ ကိုဦးက ပြောသည်။

တိုးဝေအောင်
မြန်မာတိုင်း(မ်)
ကားဈေးကွက်အတွင်း စလစ်ဈေးနှုန်းများကျပ် သိန်း ၁၂၀ ၀န်းကျင်သို့ ရောက်ရှိနေပြီး အတက် အကျကြမ်းတမ်း မှုကြောင့် ၀ယ်ယူသူနည်းပြီး ရောင်းချသူ များလာကြောင်း ကားအရောင်းအ၀ယ် လုပ်ကိုင် သူ များထံမှသိရသည်။

မလေးရှား လေယာဉ် ကိစ္စ တရုတ် တောင်းဆို

Photo: မလေးရှား လေယာဉ် ကိစ္စ တရုတ် တောင်းဆို
Tuesday, March 25, 2014

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျ ပျောက်ဆုံး သွားပြီ ဆိုတဲ့ မလေးရှား လေကြောင်း ပိုင် လေယာဉ် ကိစ္စ ဂြိုဟ်တု ဓာတ်ပုံ အထောက်အထားတွေ ရလိုကြောင်း တရုတ် အစိုးရက တောင်းဆို လိုက်ပါတယ်။

ဒီကိစ္စ သက်သေ အထောက်အထား အသေးစိတ် ပေးအပ်ဖို့ တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက မလေးရှား သံအမတ်ကို တောင်းဆို လိုက်ပါတယ်။

ဂြိုဟ်တု ဓာတ်ပုံ အထောက်အထားတွေ အရ ဩစတြေးလျ အနောက်ဘက် ကမ်းမမြင် လမ်းမမြင် သမုဒ္ဒရာ ထဲမှာ လေယာဉ်ပျက်ကျ ခဲ့ကြောင်း တွေ့ရှိရ တယ်လို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်က တနင်္လ࿿ာ နေ့က ပြောကြား ခဲ့ပါတယ်။

လေယာဉ်ပျံ ကို ခုထိ ရှာမတွေ့သေးတာမို့ မလေးရှား အစိုးရ ပြောကြားချက်ကို သံသယ ဝင်ကြောင်း တရုတ် ခရီးသည် တွေရဲ့ ဆွေမျိုးတွေက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျ ပျောက်ဆုံး သွားပြီ ဆိုတဲ့ မလေးရှား လေကြောင်း ပိုင် လေယာဉ် ကိစ္စ ဂြိုဟ်တု ဓာတ်ပုံ အထောက်အထားတွေ ရလိုကြောင်း တရုတ် အစိုးရက တောင်းဆို လိုက်ပါတယ်။

လက်ပံတောင်း လုပ်ခလစာ ညှိနှိုင်းမရသေး

Photo: လက်ပံတောင်း လုပ်ခလစာ ညှိနှိုင်းမရသေး
Tuesday, March 25, 2014

လက်ပံတောင်း ကြေးနီ စီမံကိန်းမှာ ဝင်လုပ်ဖို့ ဝမ်ပေါင် ကုမ္ပဏီက စာတွေ့ လက်တွေ့ သင်တန်းပေး နေတဲ့ ဒေသခံ ၂၆ ရွာက ဘွဲ့ရ လုပ်သား တွေ ကုမ္ပဏီနဲ့ လစာ ညှိနှိုင်းမရ ဖြစ်နေပါတယ်။

မတ်လ၂၆ ရက် နေ့ သင်တန်း ပြီး ချိန်မှာ အလုပ် ဝင် မှာ မဟုတ်ဘဲ ဝမ်ပေါင် ကုမ္ပဏီ ဝန်ထမ်း တွေ နည်းတူ လစာ ရမှ အလုပ်ဝင်မယ်လို့ သူတို့က ပြောပါတယ် ။

အဲဒီ သင်တန်းသား ဝန်ထမ်း တွေက လက် ပံတောင်း ကြေးနီ စီမံကိန်း ဧရိယာမှာ နေကြတဲ့ တောင်သူတွေရဲ့ သားသမီး တွေပါ။

ဒီစီမံ ကိန်းမှာ ပထ မ ဆုံး အကြိမ် အများ ဆုံး ဝင်လုပ်ကြ မယ့် ဒေသခံ ဝန်ထမ်း တွေ ဖြစ်ပြီး ဘွဲ့ရ အမျိုးသမီး ၈ဝ နဲ့ အမျိုးသား ၁၅ဝ ကျော် ပါပါ တယ်။

မေ လ ၂၆ ရက် က စပြီး ဒီစီမံ ကိန်းမှာ လုပ် ဖို့ သင်တန်းတွေ ပေးခဲ့ ပါတယ် ။

သင်တန်း အပြီး စာချုပ် ချုပ်ဖို့ ပြင်ချိန် မှာတော့ အလုပ် အန္တရာယ် များလို့ သူတို့အရင် အလုပ် ဝင်သူတွေ ရတဲ့ နှုန်းထား အတိုင်းပေးဖို့ ညိနှိုင်း ခဲ့ပေမယ့် အဆင် မပြေ ခဲ့ပါဘူး ။

ဒေသခံ တွေ အလုပ် အကိုင် အခွင့်လမ်း တွေ ရမယ် လို့ ကော်မရှင် အစီ ရင်ခံ စာမှာ ပါပေမယ့် အလုပ် ဝင်ချိန်မှာ လက် တွေ့ သူတို့ရမယ့် လစာက သန့်ရှင်းရေး ဝန်ထမ်း တွေထက် ကျပ် တသောင်း လောက် ပဲပို တယ် လို့ သင်တန်းသား တွေ ဘက်က ပြော ပါတယ်။

ဝမ်ပေါင် တာဝန် ရှိသူတွေကို ဆက်သွယ် ပေမယ့် ဆက်သွယ် လို့ မရပါဘူး။

ဘီဘီစီ (မြန်မာပိုင်း)
လက်ပံတောင်း ကြေးနီ စီမံကိန်းမှာ ဝင်လုပ်ဖို့ ဝမ်ပေါင် ကုမ္ပဏီက စာတွေ့ လက်တွေ့ သင်တန်းပေး နေတဲ့ ဒေသခံ ၂၆ ရွာက ဘွဲ့ရ လုပ်သား တွေ ကုမ္ပဏီနဲ့ လစာ ညှိနှိုင်းမရ ဖြစ်နေပါတယ်။

ငွေဆောင်ကမ်းခြေမှာ ပိုလန်နိုင်ငံသူကို ထိုးကြိတ်၍ ပစ္စည်း လုယက်သူများအား ဖော်ထုတ်အရေးယူ

Photo: ငွေဆောင်ကမ်းခြေမှာ ပိုလန်နိုင်ငံသူကို ထိုးကြိတ်၍ ပစ္စည်း လုယက်သူများအား ဖော်ထုတ်အရေးယူ
Tuesday, March 25, 2014

၂၀၁၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ ည ၉ နာရီအချိန် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ် မြို့နယ်၊ ငွေဆောင်ကမ်းခြေ၊ ပုလဲငွေဆောင်ဟိုတယ်၌ တည်းခိုသော ပိုလန်နိုင်ငံသူ Ms.KATARZYNA JOANNA (၃၇)နှစ်သည် ရွှေဟင်္သာဟိုတယ်ဘက်မှ ကမ်းခြေအတိုင်း ပုလဲငွေဆောင်ဟိုတယ်သို့ လမ်းလျှောက်ပြန်လာစဉ် Silver Coast ဟိုတယ်ရှေ့အရောက် နောက်မှလူ ၂ ဦး လိုက်လာကာ မျက်နှာအား လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့် ကန်ခဲ့သောကြောင့် နှာတံပေါ်တွင် ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ၀ဲမျက်လုံးအောက်ညိုမဲဒဏ်ရာ (၁)ချက်တို့ရရှိခဲ့သည့်အပြင် ဘေးလွယ်အိတ်အပြာရောင်အား လုယူထွက်ပြေးသွားကြောင်းနှင့် အိတ်အတွင်း၌ မြန်မာငွေကျပ်(၅၀၀၀၀ိ/-)၊ ID Card (၁)ခု၊ Credit Card (၁)ခု၊ SAMSUNG Tab ၇လက်မ(၁)လုံးတို့ပါဆုံးသွားသဖြင့် ငွေဆောင်နယ်မြေရဲစခန်း (ပ)၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် အရေးယူထားရှိခဲ့သည်။

အမှုမှ ပြစ်မှုကျူးလွန်သူများနှင့် ပါဆုံးပစ္စည်းများ ပြန်လည်ရရှိရေးအတွက် ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်းစုံစမ်းခဲ့ရာ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် မသင်္ကာဖွယ်အမျိုးသမီးတစ်ဦးသည် SAMSUNG Tab (၁)လုံးအား ကွန်ပျူတာဆိုင်တွင် Password ဖြေခိုင်းရန် ရောက်ရှိနေကြောင်း သတင်းအရ ၎င်းအမျိုးသမီးအား သက်သေများနှင့်အတူ ခေါ်ယူစစ်ဆေးခဲ့ရာ ငွေဆောင်မြို့၊ ထန်းတောင်၊ အမှတ်(၂)ရပ်ကွက်နေ မမြင့်မြင့်ခိုင်(၂၉)နှစ်ဖြစ်ပြီး ၎င်းထံမှတွေ့ရှိသည့် SAMSUNG Tab မှာ ပိုလန်နိုင်ငံသူ၏ ပစ္စည်းဖြစ်ကြောင်း သိရှိရသည်။

စစ်ဆေးချက်အရ ၂၀၁၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် ခင်ပွန်းဖြစ်သူ ဖိုးအောင်(၃၉)နှစ်နှင့် ငွေဆောင်မြို့၊ ထန်းတောင်ကွက်သစ်၊ အမှတ်(၂)ရပ်ကွက်နေ မြင့်လွင်(ခ)ဆံရှည် (၃၆)နှစ်တို့ ၂ ဦး တဲသို့ရောက်ရှိလာပြီး ဖိုးအောင်မှ SAMSUNG Tab နှင့် ငွေကျပ်(၁၀၀၀ိ/-) တို့အားပေးခဲ့ကြောင်း၊ ၎င်းပစ္စည်းအားရောင်းချရန် ကွန်ပျူတာဆိုင်သို့ လာရောက်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ အမှုမှပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် ဖိုးအောင်နှင့် မြင့်လွင်(ခ)ဆံရှည် တို့အားစစ်မေးရာ ၂၀၁၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် အရက်သောက်စားပြီး ချစ်သူများကျွန်းဘက်မှ ကမ်းခြေအတိုင်းလမ်းလျှောက်လာစဉ် ရွှေဟင်္သာဟိုတယ်ရှေ့အရောက် နိုင်ငံခြားသူ (၁)ဦး ကမ်းခြေသို့ဆင်းလာသည်ကိုတွေ့ရှိရ၍ ပစ္စည်းများလုယူရန်တိုင်ပင်ခဲ့ကြောင်း၊ Silver Coast ဟိုတယ်အရှေ့ဘက် ကမ်းခြေအလွန်မှောင်သောနေရာအရောက်တွင် မြင့်လွင်(ခ)ဆံရှည်မှ နိုင်ငံခြားသူ၏ မျက်နှာအားခြေထောက်ဖြင့်ကန်ပြီး လဲကျချိန်တွင် လက်သီးဖြင့်ထိုးခဲ့ကြောင်း၊ ဖိုးအောင်မှ နိုင်ငံခြားသူ လွယ်ထားသောလွယ်အိတ်အား လုယူထွက်ပြေးခဲ့ကြောင်း၊ ဖိုးအောင်နေထိုင်ရာတဲသို့မရောက်မီ လယ်ကွင်းထဲ၌ လွယ်အိတ်အတွင်းသို့ကြည့်ရာ မြန်မာငွေကျပ်(၂၉၀၀ိ/-)၊ SAMSUNG Tab (၁)လုံး၊ စာအုပ်(၃)အုပ်၊ ကတ်ပြား(၁)ပြား၊ အ၀တ်ဦးထုပ်(၁)လုံးတို့အား တွေ့ရှိရ၍ ငွေကျပ်(၁၀၀၀ိ/-)နှင့် SAMSUNG Tab (၁)လုံးအား ဖိုးအောင်မှယူခဲ့ပြီး ကျန်ငွေ(၁၉၀၀ိ/-)ကို မြင့်လွင်(ခ)ဆံရှည်အား ပေးခဲ့ကြောင်းနှင့် ကျန်ပစ်္စည်းများအား လယ်ကွင်းထဲရှိချုံအတွင်းမြုပ်နှံဝှက်ထားခဲ့ကြောင်း သိရှိရသဖြင့် သက်သေခံပစ္စည်းများအားသိမ်းဆည်းခဲ့ပြီး ဖိုးအောင်နှင့် မြင့်လွင်(ခ)ဆံရှည်တို့(၂)ဦးအား ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
၂၀၁၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ ည ၉ နာရီအချိန် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ် မြို့နယ်၊ ငွေဆောင်ကမ်းခြေ၊ ပုလဲငွေဆောင်ဟိုတယ်၌ တည်းခိုသော ပိုလန်နိုင်ငံသူ Ms.KATARZYNA JOANNA (၃၇)နှစ်သည် ရွှေဟင်္သာဟိုတယ်ဘက်မှ ကမ်းခြေအတိုင်း ပုလဲငွေဆောင်ဟိုတယ်သို့ လမ်းလျှောက်ပြန်လာ စဉ် Silver Coast ဟိုတယ်ရှေ့အရောက် နောက်မှလူ ၂ ဦး လိုက်လာကာ မျက်နှာအား လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့် ကန်ခဲ့သောကြောင့် နှာတံပေါ်တွင် ပေါက်ပြဲဒဏ်ရာ (၁)ချက်၊ ၀ဲမျက်လုံးအောက်ညိုမဲ ဒဏ်ရာ (၁)ချက်တို့ရရှိခဲ့သည့်အပြင် ဘေးလွယ်အိတ်အပြာရောင်အား လုယူထွက်ပြေးသွားကြောင်းနှင့် အိတ်အတွင်း၌ မြန်မာငွေကျပ်(၅၀၀၀၀ိ/-)၊ ID Card (၁)ခု၊ Credit Card (၁)ခု၊ SAMSUNG Tab ၇လက်မ(၁)လုံးတို့ပါဆုံးသွားသဖြင့် ငွေဆောင်နယ်မြေရဲစခန်း (ပ)၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် အရေးယူထားရှိခဲ့သည်။

မယားလိုသလောက် ယူခွင့်ပြုသည့် ဥပဒေကြမ်းကင်ညာ အမျိုးသမီး အမတ်များ ကန့်ကွက်

Photo: မယားလိုသလောက် ယူခွင့်ပြုသည့် ဥပဒေကြမ်းကင်ညာ အမျိုးသမီး အမတ်များ ကန့်ကွက်
Tuesday, March 25, 2014

လက်ရှိမယားကြီးအား တိုင်ပင်ရန်မလိုဘဲ အမျိုးသားများ မယားယူချင် သလောက် ယူခွင့်ရှိသည့် ဥပဒေတစ်ရပ်ကို ကင်ညာ ပါလီမန်လွှတ်တော်က မဲခွဲအတည်ပြုခဲ့ရာ အမျိုးသမီး လွှတ်တော် အမတ်များက အပြင်းအထန် ကန့်ကွက်ခဲ့ကြကြောင်း မတ် ၂၂ ရက်သတင်းများတွင် ဖော်ပြသည်။

အဆိုပါ ဥပဒေကြမ်းသည် ကင်ညာနိုင်ငံ၌ ကျင့်သုံးဆဲ လက်ထပ်ထိမ်းမြား မှုဆိုင်ရာဥပဒေကို ပြင်ဆင်ထားသည့် ဥပဒေတစ်ရပ်ဖြစ်ပြီး ကင်ညာပါလီမန် က မတ် ၂၀ ရက် ညပိုင်းတွင် မဲခွဲအတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဥပဒေကြမ်းတွင် မူလကခင်ပွန်းသည်များ၏ ရွေးချယ်မှုကို တစ် ချက်လွှတ်ပယ်ချပိုင်ခွင့် အမျိုးသမီးများအတွက် ပေးအပ်ထားသော်လည်း နောက်ပိုင်းတွင် ယင်းပြဋ္ဌာန်းချက်ကို ကင်ညာအမျိုးသား အမတ်များက ဖြုတ်ချနိုင်ခဲ့သည်။

လက်ထပ်ထိမ်းမြားမှုဆိုင်ရာဥပဒေကြမ်းကို လွှတ်တော်၌ မဲခွဲအတည် ပြုစဉ် ကင်ညာပါလီမန်၏ အမျိုးသမီးလွှတ်တော်အမတ် ၆၉ ဦးတို့က ယင်းဥပဒေကြမ်းအား ကန့်ကွက်သည့်အနေဖြင့် လွှတ်တော်ခန်းမတွင်းမှ ထွက်ခွာသွားကြကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အခြား အာဖရိကနိုင်ငံများကဲ့သို့ပင် ကင်ညာနိုင်ငံသည် အမျိုးသားများ မယားများများယူသည့် အစဉ်အလာကိုကျင့်သုံးခွင့်ပြုထားသော်လည်း အမျိုးသမီးများမှာ ယောက်ျားတစ်ဦးထက် ပိုယူခွင့်မရှိပေ။

စံတော်ချိန် နေ့စဉ်သတင်းစာ

ကင်ညာ ပါလီမန်လွှတ်တော်
ကင်ညာ ပါလီမန်လွှတ်တော်
လက်ရှိမယားကြီးအား တိုင်ပင်ရန်မလိုဘဲ အမျိုးသားများ မယားယူချင် သလောက် ယူခွင့်ရှိသည့် ဥပဒေ တစ်ရပ်ကို ကင်ညာ ပါလီမန်လွှတ်တော်က မဲခွဲအတည်ပြုခဲ့ရာ အမျိုးသမီး လွှတ်တော် အမတ်များက အပြင်း အထန် ကန့်ကွက်ခဲ့ကြကြောင်း မတ် ၂၂ ရက်သတင်းများတွင် ဖော်ပြသည်။

ပျောက်ဆုံးလေယာဉ် ကိစ္စ တရုတ် ပါဝါ အကန့်အသတ်ကို ဖော်ပြ

မလေးရှား လေကြောင်းလိုင်းမှ သီတင်း ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေသည့် MH370 ဘိုးအင်းလေ ယာဉ်ပေါ် တွင် တရုတ်နိုင်ငံသား ၁၀၀ ကျော် ပါသွားပြီးနောက် ရှာဖွေရေးအတွက် တရုတ်နိုင်ငံက တချိန် လုံး တွန်းအားပေးခဲ့သည်။ ဖြန့်ကျက်ထားသော ဂြိုဟ်တု ၂၁ လုံး၊ စစ်သင်္ဘော အုပ်စုတစုတို့ဖြင့် အင်တိုက်အားတိုက် ရှာဖွေခဲ့သည်။

တက္ကသိုလ်များအနီး တည်းခိုခန်း ဖွင့်လှစ်မှုများအား တားဆီးပေးရန် သက်ဆိုင်ရာသို့ တင်ပြမည်

တက္ကသိုလ်များအနီးတွင် တည်းခိုခန်းများ လာ ရောက် ဖွင့်လှစ်ထားရှိမှုများနှင့်ပတ် သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ ထံတင်ပြ သွားမည်ဖြစ်ကြောင်း အဆင့် မြင့်ပညာဦးစီးဌာန (အောက်မြန်မာ ပြည်)မှ အရာရှိတစ်ဦးကပြောသည်။

အစိုးရဝန်ထမ်းတွေ လစာထပ်တိုးရေး လွှတ်တော် ဆုံးဖြတ်မည်

မြန်မာအစိုးရက အခြေခံဝန်ထမ်းလစာတွေ တလကို ၂ သောင်းစီ တိုးမြှင့်ပေးမယ့် အဆိုပြုချက်ကို အစိုးရက လွှတ်တော်ကို တင်သွင်းထားပြီ ဖြစ်ပြီး မနက်ဖြန်မှာ ဆုံးဖြတ်ချက်ကျနိုင်မယ်လို့ လွှတ်တော်ကိုယ်စား လှယ်တွေက ပြောပါတယ်။ အခုလို ဝန်ထမ်းလစာတွေ တိုးမြင့်ပေးမယ့် တချိန်တည်းမှာပဲ တခြား ဝန်ထမ်းမဟုတ်တဲ့ အပြင်အလုပ်သမားတွေရဲ့ အခြေခံလစာ တိုးမြှင့်ပေးနိုင်ဖို့အတွက်လည်း အစိုးရက ကော်မီတီဖွဲ့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ပျောက်ဆုံးနေသော မလေးရှားလေကြောင်းလိုင်း လေယာဉ်သည် အိန္ဒိယသမုဒ္ဒရာထဲသို့ ပျက်ကျခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် ပြောကြား

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က ကွာလာလမ်ပူတွင် မတ် ၂၄ ရက်က ပျောက်ဆုံးလေယာဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (Photo: AFP)
ပျောက်ဆုံးနေသည်မှာ သီတင်းပတ် နှစ်ပတ်ကျော် ရှိလာသော မလေးရှားလေကြောင်းလိုင်း၏ ခရီးသည်တင် လေယာဉ်သည် အိန္ဒိယသမုဒ္ဒရာထဲသို့ ပျက်ကျခဲ့ကြောင်း မလေးရှားက မတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် လေယာဉ်သည် ရည်ရွယ်ထားသည့် လမ်းကြောင်းမှ ပြောင်းလဲပျံသန်းခဲ့သော ထူးဆန်းသည့် အချက်ကိုမူ မရှင်းလင်းခဲ့ပေ။

ပုဂံ-ညောင်ဦးနှင့် ဒီပဲယင်းမြို့တို့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံးပြင်ဆင်ပေးရန် ဒေသခံများ ဆန္ဒပြ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံးပြင်ဆင် ပေးရန်အတွက် ပုဂံ-ညောင်ဦး ဒေသခံများ ဆန္ဒထုတ်ဖော်နေစဉ်
ပုဂံညောင်ဦးတွင် မတ် ၂၄ ရက် နံနက် ၁၀ နာရီက ရွှေစည်းခုံဘုရားတောင်ဘက်၊ အလိုတော်ပြည့် ဘုန်းတော်ကြီး ကျောင်းအနီး၊ ငြမ်းကြီးကုန်း (နန်းကြည့်ကုန်း) ကွင်းတွင်  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေး လူထုဆန္ဒ ဖော်ထုတ်ပွဲ ကျင်းပခဲ့သည်။

မြန်မာ့တပ်မတော် ပြုပြင်ပြောင်းလဲရေးအတွက် အကြံပြုချက်များ ပါဝင်သော ဟားဗတ်ဥပဒေကျောင်း၊ နိုင်ငံတကာ လူ့အခွင့်အရေး ရေးရာဌာန ထုတ်ပြန်

မြန်မာ့တပ်မတော် ပြုပြင်ပြောင်းလဲရေးအတွက် အကြံပြုချက်များ ပါဝင်သော မူဝါဒစာတမ်းကို ဟားဗတ် ဥပဒေကျောင်း၊ နိုင်ငံတကာ လူ့အခွင့်အရေး ရေးရာဌာနက ရန်ကုန်မြို့တွင် မတ် ၂၄ ရက်က ထုတ်ပြန်ခဲ့ သည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည် ထည့်ကောက်မည်ကို ကန့်ကွက်ကြောင်း ရမ်းဗြဲမြို့၌ ဆန္ဒထုတ်ဖော်

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာအမည် ထည့်သွင်းသွားမည့် ကိစ္စနှင့် ပတ်သက်၍ မတ် ၂၄ ရက်မှ စတင်ကာ သပိတ်မှောက် သည့်လုပ်ငန်းကို စတင်နေပြီဖြစ်ကြောင်းနှင့် ရခိုင်ပြည်သူ တစ်ရပ်လုံးကလည်း သာသ နာ့အလံများ အိမ်တိုင်းတွင် ချိတ်ဆွဲ၊ ကပ်ထားခြင်းများ ပြုလုပ်ထားရှိသွားရန် ထေရ် ကြီးဝါကြီး သံဃာတော်များက တိုက်တွန်း ထားကြောင်း၊ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်မည့်ကိစ္စအား ရမ်းဗြဲနှင့် မာန်အောင် မြို့များတွင်လည်း ဆက်လက် ဆန္ဒထုတ်ဖော် ကန့်ကွက်လျက်ရှိကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် အတည်ပြုချက်အတိုင်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်း စွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြုသင့်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အကြံပြု

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အတည်ပြုသင့်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက အကြံပြုခဲ့သည်။

ကမ္ဘာလှည့်ခရီးသည် ၂၇၇ ဦးပါဝင်သည့် အမေရိကန် အပျော်စီးသင်္ဘော MV Silver Whisper သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ရောက်

Photo: ကမ္ဘာလှည့်ခရီးသည် ၂၇၇ ဦးပါဝင်သည့် အမေရိကန် အပျော်စီးသင်္ဘော MV Silver Whisper သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ရောက်
Tuesday, March 25, 2014

ကမ္ဘာလှည့်ခရီးသွား ၂၇၇ ဦး ပါဝင်သည့် အမေရိကန် အပျော်စီးသင်္ဘော MV Silver Whisper သည် မတ် ၂၄ ရက် နံနက် ၉ နာရီက သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ MV Silver Whisper အပျော်စီးသင်္ဘောမှာ ဇန်န၀ါရီ ၆ ရက်မှ စတင်ကာ အမေရိကန်နိုင်ငံ၊ LA က ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီးKiri bati, US Samoa, Tonga Island၊ နယူးဇီလန်၊ သြစတြေးလျ၊ နယူးဂါနီယာ၊ Micronesia၊ ဖိလစ်ပိုင်၊ တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများသို့ သွားရောက် လည်ပတ်ခဲ့ပြီးဖြစ်ကာ ထိုင်းနိုင်ငံ ဖူးခက်မှတစ်ဆင့် ရန်ကုန်မြို့ရှိ သီလ၀ါဆိပ်ကမ်းသို့ မတ် ၂၄ ရက်၌ ရောက်ရှိခဲ့သည်။

အဆိုပါသင်္ဘောမှာ နိုင်ငံပေါင်း ၂၉ နိုင်ငံ၊ ဆိပ်ကမ်းပေါင်း ၅၄ ခုကို ကမ်းကပ်ကာ လည်ပတ်မည်ဖြစ်ပြီး အချိန်ကာလမှာ လေးလနီးပါး ကြာမြင့်မည်ဖြစ်သည်။

သင်္ဘောခရီးစဉ် တစ်လျှောက်လုံး၌ ဆိပ်ကမ်းပေါင်း ၅၄ ခုထဲတွင် ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်း၌ အချိန်အကြာဆုံး ရပ်နားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

"ခရီးစဉ်တစ်လျှောက်လုံးက ဆိပ်ကမ်းတွေမှာ တစ်ညနှစ်ညပဲ အိပ်တဲ့အထဲမှာမှ သီလ၀ါဆိပ်ကမ်းမှာ သုံးညအိပ်ရပ်နားတာပါ။ ဘာကြောင့်လဲဆိုတော့ ခရီးသွားတွေက မြန်မာနိုင်ငံကို စိတ်ဝင်စားမှုများပြီး လည်ပတ်ချင်တဲ့အတွက် ရပ်နားတာလို့ သိရပါတယ်" ဟု သင်္ဘောခရီးစဉ်ကို စီစဉ်သည့် Myanmar Voyages ခရီးသွား ကုမ္ပဏီမှ ဦးသက်လွင်တိုးက ပြောကြားသည်။

အဆိုပါ ကမ္ဘာလှည့်ခရီးသွားများမှာ ရန်ကုန်၊ သန်လျင်၊ ပဲခူး၊ ပုဂံနှင့် မန္တလေး မြို့များသို့ သွားရောက် လည်ပတ်မည်ဖြစ်ပြီး မတ် ၂၇ ရက် ညနေ ၆ နာရီတွင် သီလ၀ါဆိပ်ကမ်းမှ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုဆိပ်ကမ်းသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီး သီရိလင်္ကာ၊ အိန္ဒိယ၊ အိုမန်၊ ဂျော်ဒန်၊ အစ္စရေး၊ ဆိုက်ပရပ်၊ ဂရိ၊ တူရကီ၊ အီတလီ၊ မိုနာကိုနှင့် စပိန်နိုင်ငံများသို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကာ ဧပြီ ၃၀ ရက်တွင် စပိန်နိုင်ငံ ဘာစီလိုနာဆိပ်ကမ်း၌ အပျော်စီး သင်္ဘောခရီးစဉ် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အပျော်စီးသင်္ဘော MV Silver Whisper မှာ ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလကလည်း သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ဖူးကြောင်း သိရသည်။

Eleven Media Group

အပျော်စီးသဘောင်္ MV Silver Whisper ကို မတ် ၂၄ ရက် နံနက်ပိုင်းတွင် သီလ၀ါဆိပ်ကမ်း၌ တွေ့ရစဉ်
အပျော်စီးသဘောင်္ MV Silver Whisper ကို မတ် ၂၄ ရက် နံနက်ပိုင်းတွင် သီလ၀ါဆိပ်ကမ်း၌ တွေ့ရစဉ်
ကမ္ဘာလှည့်ခရီးသွား ၂၇၇ ဦး ပါဝင်သည့် အမေရိကန် အပျော်စီးသင်္ဘော MV Silver Whisper သည် မတ် ၂၄ ရက် နံနက် ၉ နာရီက သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

တရားစီရင်ရေးမဏ္ဍိုင်မှ တရားသူကြီးအချို့၏ အဂတိလိုက်စားမှုများ အတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရှေ့တွင် ဆန္ဒပြ

တရားသူကြီးအချို့၏ အဂတိလိုက်စားမှုများအတွက် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးရှေ့တွင် မတ် ၂၄ ရက်က ဆန္ဒ ထုတ်ဖော်နေကြစဉ်
တရားစီရင်ရေးမဏ္ဍိုင်မှ တရားသူကြီး အချို့၏ အဂတိလိုက်စားမှုများ အတွက် မတ် ၂၄ ရက် နံနက်က ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစုမှ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီး အိမ်အကူများအတွက် အနည်းဆုံးလစာ သတ်မှတ်ချက် အပါအ၀င် စည်းမျဉ်းအသစ်များပြဋ္ဌာန်း

ယခင်က တရားမ၀င် သတ်မှတ်ထားခဲ့သည့် အိမ်အကူတင်ပို့ခြင်းအား မြန်မာနိုင်ငံက တရားဝင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး နိုင်ငံခြားသို့တင်ပို့ခဲ့သည့် မြန်မာအမျိုးသမီး အိမ်အကူများအား အကာအကွယ် ပေးနို င်ရေး အတွက် စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းခဲ့ပြီး စင်ကာပူနိုင်ငံရှိ မြန်မာအမျိုးသမီး အိမ်အကူများအား သက်ရောက်မှုရှိမည့် အချက် ၃ ချက် ပါဝင်သည်ဟု The Straits Times သတင်းစာက မတ် ၂၄ ရက်တွင် ဖော်ပြခဲ့သည်။