လူတို့၏ ဤအသက်သည် နည်းငယ် တိုတောင်းလှလေစွ၊ အနှစ်တစ်ရာ အတွင်း၌ သော်လည်း သေတတ်၏၊ အနှစ်တစ်ရာကို လွန်၍ အသက်ရှင်စေကာမူ အိုမင်း ရင့်ရော်၍သော်လည်း သေတတ်၏။ (၁)
လူတို့သည် မြတ်နိုးဖွယ် ၀တ္ထုကြောင့် စိုးရိမ်ပူဆွေးကြကုန်၏၊ မှန်၏-အမြဲထာဝရ သိမ်
းဆည်းထားနိုင်သော ပစ္စည်း ၀တ္ထုတို့မည်သည် မရှိကြကုန်၊ ဤသို့ အမြဲ ထာဝရသိမ်းဆည်း မထားနိုင်ခြင်းသည် (လောက၌) ထင်ရှားဖြစ်ပေါ် နေသော ကွေကွင်း ပျက်စီးခြင်းပင်တည်းဟု မြင်၍ အိမ်ရာတည်ထောင် လူတို့ ဘောင်၌ မနေရာ။ (၂)