Wednesday 30 September 2015

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက မန္တလေးမြို့အနှံ့ အလှပြယာဉ်များဖြင့် စတင်မဲဆွယ်


အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) က မန္တ လေးမြို့တွင် ပထမဆုံးမဲဆွယ် စည်းရုံးရေးလှုပ်ရှားမှုများကို အ လှပြယာဉ်များဖြင့် စက်တင်ဘာ  ၂၉ ရက်က စတင်ခဲ့ကြောင်း သ တင်းရရှိသည်။
‘‘အမျိုးသားရေးကို ဦးထိပ် ထားမည်’’ဟူသော ဆောင်ပုဒ် ရေးဆွဲထားသည့် အလှပြယာဉ် များဖြင့် မန္တလေးမြို့အနှံ့ လှည့် လည်မဲဆွယ်စည်းရုံးခဲ့ပြီး နောက် ရက်များတွင် မန္တလေးတိုင်းဒေသ ကြီးရှိ အခြားမြို့နယ်များသို့ ဆက် လက် မဲဆွယ်စည်းရုံးမည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)၏ မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးကျော်အောင်က ပြောသည်။
‘‘ကျွန်တော်တို့ အဓိက ပြော တာကတော့ အမျိုးသားရေးကို လည်း ဦးထိပ်ထားတယ်။ ဒီမိုက ရေစီအရေးကိုလည်း အလေး ထားမယ်ဆိုပြီး မဲဆွယ်စည်းရုံးပါ တယ်။ ဒီမိုကရေစီရေးနဲ့ အမျိုး သားရေး နှစ်ခုစလုံး အတူယှဉ်တွဲ သွားနိုင်မှ မြန်မာနိုင်ငံရဲ့ အနာ ဂတ်က လှပမှာဖြစ်ပါတယ်’’ဟု ဦးကျော်အောင်ကပြောသည်။

စံချိန်တင် မူးယစ်ဆေးဝါးအမှုတွင် ဖမ်းမိထားသူများသည် သန်းနှင့်ချီသော စိတ်ကြွဆေးများ ပြည်ပသို့ နှစ်ကြိမ်တိုင် ပို့ဖူးသူများဖြစ်နေ


စံချိန်တင်ဖမ်းမိသည့်မူး ယစ်ဆေးဝါးအမှုတွင် ဖမ်းဆီးစစ် ဆေးခံနေရသည့် ကုမ္ပဏီတာဝန် ရှိသူများသည် ထိုအမှုမတိုင်မီ အရေအတွက် သန်းနှင့်ချီသည့် စိတ်ကြွဆေးပြားများကို ပြည်ပ နိုင်ငံများသို့ နှစ်ကြိမ်တိုင် ကုန် သွယ်ရောင်းဝယ်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ သတင်းရရှိသည်။
မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာ ဝင်းအတွင်း ကားတစ်စီးပေါ်မှ WY စိတ်ကြွဆေးပြား ၂၆ ဒသမ ၇ သန်းကို ပြီးခဲ့သည့် ဇူလိုင်အ တွင်းက ပိုင်ရှင်မဲ့ဖမ်းမိပြီးနောက်ယင်းအမှုနှင့်ဆက်စပ်သည့်စီးပွား ရေးလုပ်ငန်းရှင်များကို ရဲတပ်ဖွဲ့ က ဖမ်းဆီးစစ်ဆေးခဲ့သည်။
လက်ရှိအချိန်တွင် ကုလား တန်မြစ်ဝှမ်းဒေသဖွံ့ဖြိုးရေးကုမ္ပ ဏီဒါရိုက်တာအပါအဝင် ကိုးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေ ပြီး လွတ်မြောက်နေသူအချို့လည်း ရှိနေသေးသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယ ရဲမှူးကြီးတစ်ဦးက ပြောသည်။ လွတ်မြောက်နေသူ အရေအတွက်နှင့် ဖမ်းဆီးထားသူများအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို လုံခြုံရေးအခြေအနေအရ မပြောနိုင်သေးဟု ဆိုသည်။

ရွေးကောက်ပွဲမသမာမှုများကို အွန်လိုင်းမှတစ်ဆင့် ပြည်သူထံတင်ပြရန် ဒေါ်အောင်ဆန်းစုကြည်ညွှန်ကြား


 ရွေးကောက်ပွဲသတင်း များနှင့် ရွေးကောက်ပွဲမသမာမှု များကို NLD အောင်နိုင်ရေးအွန် လိုင်းလှုပ်ရှားမှုမှတစ်ဆင့် ပြည်သူ ထံသို့တင်ပြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့ကို အစည်း အဝေးတွေမှာ သေသေချာချာမှာ တာပါ’’ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုသုတေသနလမ်း ညွှန်အဖွဲ့အတွင်းရေးမှူး ကိုမျိုး ရန်နောင်သိန်းက ပြောသည်။
သို့ဖြစ်ရာ ပြည်သူများအနေ နှင့် ရွေးကောက်ပွဲဆိုင်ရာအချက် အလက်များနှင့် မသမာမှုများကို NLD အောင်နိုင်ရေး အွန်လိုင်းလှုပ် ရှားမှု၊ Myo Yan Naung Thein နှင့် Nay Moe Aung လူမှုကွန်ရက်စာမျက်နှာ (Facebook) များသို့ စာရိုက် (Message) ပေးပို့နိုင် ကြောင်း ၎င်းက ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာမိုဘိုင်းအက်ပလီကေးရှင်းနှင့် ၀က်ဘ်ဆိုက်များ ထွက်ပေါ်ရန်ရှိ


 လာမည့်ရွေးကောက်ပွဲ ကို ပြည်သူများ စိတ်ပါဝင်စားလာ စေရန်၊ အမတ်လောင်းများ၏ အ ကြောင်းများကို လွယ်ကူစွာ သိရှိ စေရန် ရည်ရွယ်၍ မိုဘိုင်းအက်ပ လီကေးရှင်းနှင့် ၀က်ဘ်ဆိုက်များကို မကြာမီမိတ် ဆက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိအချိန်တွင် ပြည်သူ အများစုသည် မိမိဒေသရှိ အမတ် လောင်းများကိုပင် မသိရှိခြင်းများ ဖြစ်ပေါ်နေ၍ ရွေးကောက်ပွဲဆိုင် ရာအချက်အလက်များကို ထည့် သွင်းထားသည့် အက်ပလီကေး ရှင်း၊ ၀က်ဘ်ဆိုက်များ ထွက်ပေါ်စေရန် မဲပေးစို့ပြိုင်ပွဲ ကျင်းပခဲ့ ခြင်းဖြစ်ကြောင်း ဖန်တီးရာမှ TechProgram Manager ကိုသီဟ အေးကျော်က ပြောသည်။
‘‘မဲပေးတဲ့သူတွေအတွက် အဆင်ပြေသွားအောင် ဘယ်သူ့ ကို မဲပေးရမလဲ၊ ဘယ်လိုမဲပေးရ မလဲဆိုတာ လေးတွေပါဝင်တာ ပေါ့’’ဟု ၎င်းက ရှင်းပြသည်။
မဲပေးစို့အမည်ရှိ အက်ပလီ ကေးရှင်းနှင့် ၀က်ဘ်ဆိုက်ရေးဆွဲ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အဖွဲ့ ၃၀ထဲ မှ ဆန်ခါတင်စာရင်းရွေးထုတ် ကာ ပထမ၊ ဒုတိယ၊ တတိယနှင့် ဂုဏ်ပြုအသိအမှတ်ပြုဆု လေးဆု ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများအား စွဲဆိုထားမှုပယ်ဖျက်ရန် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ လျှောက်ထားမည်


သပိတ်မှောက်ကျောင်း သားနှင့် ၀န်းရံပြည်သူများအား စွဲ ဆိုထားသည့်အမှုကို   ပယ်ဖျက် ပေးရန် ပဲခူးတိုင်းဒေသကြီး တရား လွှတ်တော်သို့ အောက်တို ဘာလဆန်းတွင် လျှောက်ထား မည်ဟု တရားခံရှေ့နေများထံမှ သတင်းရရှိသည်။
သပိတ်မှောက်ကျောင်းသား များနှင့် ၀န်းရံပြည်သူများကို ဖြို ခွင်းခြင်း၊ ဖမ်းဆီးခြင်း၊ အမှုဖွင့် ခြင်းနှင့် တရားစွဲဆိုခြင်းသည် ဥပဒေနှင့် မညီသောကြောင့် အမှု ကို  ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၆၁(က)အရ ပယ်ဖျက်ပေး ရန် သြဂုတ် ၁၈ ရက်တွင် သာယာ ၀တီမြို့နယ်တရားရုံး၌ လျှောက် ထားခဲ့ပြီး အဆိုပါလျှောက်ထား ချက်သည် သာယာဝတီမြို့နယ် တရားရုံးတွင် ဆုံးဖြတ်ပိုင်ခွင့်မရှိ သောကြောင့် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့  ဆက်လက် တင်ပြရန် စီစဉ်ခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးလှ မျိုးမြင့်က ပြောသည်။

Tuesday 29 September 2015

မင်းကွန်းဒေသသို့ နိုင်ငံခြားသားဧည့်ဝင်ကြေးတိုးမြှင့်ကောက်ခံမည်


 စစ်ကိုင်းမြို့နယ် မင်း ကွန်းဒေသသို့ နိုင်ငံခြားသားဧည့် ဝင်ကြေးကို အောက်တိုဘာ ၁ ရက်မှ စတင်ကာ လက်ရှိကောက်ခံနေသည့် ကျပ်သုံးထောင်မှ ကျပ်ငါးထောင်သို့ တိုးမြှင့်ကောက်ခံ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။မင်းကွန်းဒေသဖွံ့ဖြိုးရေး အတွက် တိုးမြှင့်ကောက်ခံရခြင်း ဖြစ်ပြီး ဝင်ကြေးကောက်ခံခြင်း လုပ်ငန်းများဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့က သတင်းထုတ်ပြန်ထား သည်။ယခု ကောက်ခံနေသည့် ကျပ်သုံးထောင်မှာ သင့်လျော်ပြီး ကျပ် ငါးထောင်သို့ တိုးမြှင့်ခြင်းမှာ လည်း များသည်ဟု မခေါ်နိုင် ကြောင်း၊ သို့သော် ရရှိလာသည့် ဇုန်ဝင်ကြေးများကို နိုင်ငံခြားသား ဧည့်သည်များအတွက် ဝန်ဆောင် မှုလုပ်ငန်းများ ဆောင်ရွက်ကာ ပြန်လည် အသုံးချသင့်ကြောင်း မန္တလေးမြို့အခြေစိုက် ဧည့်လမ်း ညွှန်အချို့က ပြောကြားသည်။

ဆီးရီးယားတွင် အမေရိကန်နှင့် ပူးပေါင်းပြီး အိုင်အက်စ်တို့ကို တိုက်ရန် စဉ်းစားနေဟု ပူတင် ပြောကြား


အမေရိကန် သမ္မတ ဘာရတ် အိုဘားမားနှင့် တွေ့ဆုံခဲ့သည့်နောက် ဆီးရီးယားရှိ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို လေကြောင်းမှ ပူးပေါင်းတိုက်ခိုက်ရန် အလေးအနက် စတင်စဉ်းစားနေပြီဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်သည်။
အမေရိကန်နှင့် မဟာမိတ် နိုင်ငံများသည် ဆီးရီးယားနှင့် အီရတ်ရှိ အိုင်အက်စ် ပစ်မှတ်များကို ဗုံးကြဲ တိုက်ခိုက်နေသော်လည်း ဆီးရီးယား အစိုးရနှင့် ပူးပေါင်းမှု မရှိချေ။ ယခုအခါ ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆက်ဒ်၏ အဓိက မဟာမိတ်ဖြစ်သည့် ရုရှားနိုင်ငံသည် အိုင်အက်စ်တို့ကို ချေမှုန်းရေး စစ်ပွဲတွင် ဆီးရီးယားကို လက်နက်များ စတင် ထောက်ပံ့နေပြီဖြစ်ရာ အမေရိကန်က ယင်းအခြေအနေကြောင့် အရှုပ်အထွေးများ ဖြစ်လာမည်ကို စိုးရိမ်လျက် ရှိသည်။

Monday 28 September 2015

ရေဘေးသင့်ဒေသမှလွဲ၍ ကျန်ဒေသများတွင် မဲစာရင်းကြေညာရက် ထပ်တိုးရန်မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြော


နောက်ဆုံးအကြိမ်ထုတ်ပြန်ထားသော မဲစာရင်းကို  ရေ ဘေးကြုံတွေ့ခဲ့ရသည့် တိုင်းဒေ သကြီးနှင့် ပြည်နယ်အချို့ရှိ နေ ရာများမှလွဲ၍ ကျန်နေရာများ တွင် ရက်ထပ်မံတိုးမြှင့်ပြီး ကြေ ညာပေးရန် အစီအစဉ်မရှိတော့ ကြောင်း ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ထံမှ သိရ သည်။

‘‘ကျွန်တော်တို့မှားရင်ပြင်ဖို့၊ မပါသေးရင် လျှောက်ဖို့ အချိန်လုံ လုံလောက်လောက်ပေးခဲ့ပါ တယ်။ သဘာဝဘေးသင့်ခဲ့တဲ့နေ ရာတွေကလွဲရင် ကျန်တာတွေကို တော့ ရက်တိုးပေးဖို့ မရှိတော့ပါ ဘူး’’ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦးက ပြောသည်။

မဲစာရင်းတွင် မှားယွင်းမှုများ ကို နောက်ဆုံးအကြိမ်အဖြစ် ပြင် ဆင်ခွင့်ပေးသော မဲစာရင်းကို ယခုလ ၁၄ ရက်မှ ၂၇ ရက်အထိ ၁၄ ရက်ကြာ တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပေးခဲ့သည်။

စစ်ကိုင်းတိုင်းမှ ရေဘေးသင့် ဒေသအချို့တွင် မဲစာရင်းကို အောက်တိုဘာ ၂ ရက်အထိ ကြေညာထားမည်ဟု တိုင်းကော်မရှင်ပြော


စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ရေကြီးနစ်မြုပ်ခဲ့သော ဒေသများ၌ နောက်ဆုံးအကြိမ် ထုတ်ပြန်ရမည့် မဲစာရင်းကြေညာ ချိန်နောက်ကျခဲ့၍ မဲစာရင်း ကြည့်ရှုနိုင်မည့်ရက်ကို အောက် တိုဘာ ၂ ရက်အထိ တိုးမြှင့်ပေး ထားကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင်ရုံး မှ သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း မြို့နယ် ငါးမြို့နယ်၊ ကျေး ရွာအုပ်စု ၈၀ နှင့် ကျေးရွာ ၂၆၅ ရွာတွင် ရေကြီးနစ်မြုပ်ခဲ့၍ စက်တင်ဘာ ၁၄ ရက်၌ တစ်ပြိုင်နက် တည်းမဲစာရင်းကြေညာနိုင်ခြင်း မရှိဘဲ စက်တင်ဘာ ၁၈ ရက်မှ စတင်ကြေညာနိုင်ခဲ့ခြင်း ဖြစ် သည်။
ကျန်မြို့နယ်များတွင်မူ တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် စက် တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အ ထိ မဲစာရင်းများကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်ရုံးများတွင်  ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

တောင်ကြီးမြို့ရှိ ယာဉ်ထိန်းရဲများ ကျဉ်စက်တုတ် စတင်အသုံးပြု


 တောင်ကြီးမြို့ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား စက်တင်ဘာ ၂၇ ရက်တွင် လက် ကိုင်ကျဉ်စက်တုတ်များစတင်အ သုံးပြုကိုင်ဆောင်ခွင့်ပေးခဲ့ကြောင်းအမှတ် (၁၅) ယာဉ်ထိန်းရဲဒုတပ် ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။‘‘အဓိကကတော့ တပ်ဖွဲ့ဝင် တွေရဲ့ လုံခြုံရေးအတွက် အထက် က ထုတ်ပေးတာပါ’’ဟု အမှတ် (၁၅) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး မှ တာဝန်ခံအရာရှိ ဒုရဲမှူး ထွန်းထွန်းအောင်က ပြောသည်။စက်တင်ဘာ ၂၇ ရက်မှစ တင်၍ တောင်ကြီးမြို့တွင် ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင် ၃၀ ဦးကို လက် ကိုင် ကျဉ်စက်တုတ်များ စတင် ကိုင်ဆောင်ခွင့်ပေးထားပြီး ရှမ်း ပြည်နယ်အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့တွင်လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၄၀ ဦးအား အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း အမှတ် (၁၅) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။

ဘုန်းကြီးနှင့် သီလရှင်အယောင်ဆောင် လိမ်လည်အလှူခံသည့် အမျိုးသားနှင့်အမျိုးသမီး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးအရေးယူ


 မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျူးကျော်ရပ်ကွက်ရှိ နေအိမ် တစ်အိမ်တွင်ငှားရမ်းနေထိုင်ပြီး သင်္ကန်းများ၊ သီလရှင်ဝတ်စုံများဝတ်ဆင်၍ လိမ်လည်အလှူခံနေသည့် အမျိုးသားရှစ်ဦးနှင့်အမျိုးသမီးသုံးဦးကို ဖမ်းဆီးခဲ့ကြောင်း ပြင်ဦးလွင် မြို့မရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။မိုးကုတ်ကျောင်းဆရာတော် နှင့် အခြားသံဃာတော်များက ကျူးကျော်ရပ်ကွက်တွင် ငှားရမ်း နေထိုင်သူများကို သွားရောက် ဖမ်းဆီး၍ ရဲစခန်း လာရောက်ပို့ ဆောင်ခဲ့ကြောင်း မြို့မရဲတပ်ဖွဲ့စ ခန်းမှ အကြီးတန်းရဲအရာရှိတစ်ဦး ကပြောသည်။‘‘ကျွန်တော်တို့ ဖမ်းတာမ ဟုတ်ဘူး။ မိုးကုတ်ကျောင်းဆရာ တော်ကနေ ဖမ်းဆီးပြီး စခန်းကို လာပို့တယ်။ ရဲအရေးမပိုင်မှုဖြစ် တဲ့အတွက်တရားရုံးကို ဦးတိုက် လျှောက်ထားပြီး စခန်းမှာချုပ် ထားတယ်’’ဟု ၎င်းကထပ်မံပြော ကြားသည်။

ရုရှနှင့် အက်စတိုးနီးယား နှစ်နိုင်ငံပိုင်းခြားထားသည့် တံတားပေါ်တွင် အကျဉ်းသားလဲလှယ်


ရုရှနှင့် အက်စတိုးနီးယားတို့မှာ နှစ်နိုင်ငံကို ပိုင်းခြားထားသည့် တံတားတစ်စင်းပေါ်တွင် သူလျှိုအကျဉ်းသားနှစ်ယောက်ကို အပြန်အလှန် လဲလှယ်ခဲ့ကြသည်။
ပြီးခဲ့သည့်လက အက်စတိုးနီးယား လုံခြုံရေးအရာရှိ အက်စတန် ခိုဗာကို ရုရှက ထောင်၁၅နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ၎င်းကို ၂၀၁၂ခုနှစ်က အက်စတိုးနီးယားတွင် မော်စကိုအတွက် သူလျှိုလုပ်ပေးမှုစွဲချက်များဖြင့် ထောင်ချခံခဲ့ရသည့် အလက်ဆဲ ဒရက်ဆင်နှင့် လဲလှယ်ခဲ့ခြင်းပင် ဖြစ်သည်။

ဆီးရီးယားရှိ အိုင်အက်စ်များကို ပထမဆုံးလေကြောင်းတိုက်ခိုက်မှု ပြင်သစ်စတင်ဆင်နွှဲ


ဆီးရီးယားနိုင်ငံတွင်းက အိုင်အက်စ်စစ်သွေးကြွများကို ပြင်သစ်နိုင်ငံက ပထမဆုံးလေကြောင်းတိုက်ခိုက်မှုကို စတင်ဆင်နွှဲပြီဖြစ်သည်။
ထောက်လှမ်းရေးလေယာဉ်များ ရှာဖွေထားသည့် ပစ်မှတ်များကို ပြင်သစ်လေယာဉ်များက စတင်လေကြောင်း ထိုးစစ်ဆင်ခြင်းဖြစ်ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။
ပြင်သစ်ဂျက်တိုက်လေယာဉ်များက အိုင်အက်စ်ပစ်မှတ်များကို အီရတ်နိုင်ငံတွင်း လေကြောင်းထိုးစစ် ဆင်နွှဲလျက်ရှိပြီးလည်းဖြစ်သည်။

“ဘယ်မောင်းလား၊ ညာမောင်းလား၊ စနစ်မရှိတဲ့ တိုင်းပြည် ”


အခုရက်ပိုင်း ကားတင်သွင်းသူတွေကြား၊ ကားအရောင်းအ၀ယ် လုပ်သူတွေကြား ကားပွဲစားတွေကြားမှာ အပြောဖြစ်ဆုံး အကြောင်းအရာကတော့ သိပ်မကြာသေးခင်တုန်းကမှ သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ မော်တော်ယာဉ် ဥပဒေ ပါပဲ။ တကယ်တော့ အဲဒီ ဥပဒေထဲမှာ ပါသင့်ပါထိုက်တဲ့ မူဝါဒ ဆိုင်ရာ အချက်အလက်ကြီးတွေတောင် မပါပါဘူး။ ဒါပေမယ့်လည်း ကားလုပ်ငန်းနဲ့ စီးပွားရှာနေကြသူတွေအတွက်ကတော့ ဒီ ဥပဒေနဲ့ မကြာမီ ထွက်ပေါ်လာမယ့် နည်းဥပဒေဟာ အသက်တမျှ အရေးကြီးနေပါတယ်။ အကြောင်းကတော့ ကိုယ်ကျိုးစီးပွားတွေနဲ့ ဆက်စပ်နေလို့ပါ။ အဲဒီအထဲ နောင်အခါ ဘယ်ဂိုင်းကား ပဲ သွင်းရတော့မလား၊ ပြည်တွင်းမှာ ရောက်နေပြီးသား ညာဂိုင်းကားတွေကို ဘာဆက်လုပ်ရမလဲ စတဲ့ မေးခွန်းတွေကလည်း အတော်လေးကို ကျယ်လောင်ပါတယ်။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။

Sunday 27 September 2015

ရည်းစားနှင့် အဆက်မဖြတ်သည့် မြေးမကို အိန္ဒိယအဘိုးက လည်လှီး

ပထမဆုံး ဖမ်းဆီးသူသည် နတ်ကွန်းဗုံးခွဲသည့် အဓိက တရားခံဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ကြေညာ



ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုနှင့် ပတ်သက်၍ ပထမဆုံး ဖမ်းဆီးခဲ့သည့် သံသယတရားခံသည် ပြစ်မှု ကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန် သွားခဲ့သည်။

ပြီးခဲ့သည့်လက ဘန်ကောက်ရှိ လူစည်ကားရာ ဟိန္ဒူနတ်ကွန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၀ သေဆုံးပြီး ရာနှင့်ချီ ထိခိုက် ဒဏ်ရာရခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါ အမှုနှင့် စပ်လျဉ်း၍ မသင်္ကာသူ နိုင်ငံခြားသား အချို့ကို ထိန်းသိမ်း စစ်ဆေးနေပြီးနောက် တစ်ဦးက အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်ဟု စက်တင်ဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။

အခွန်ပုံစံမပါဘဲ မော်တော်ယာဉ် အမည်ပေါက် ပြောင်းလဲနိုင်မည်

လက်ဆင့်ကမ်း ရောင်းချနေသည့် မော်တော်ယာဉ်များအတွက် အခွန်ဦးစီးဌာန၏ အခွန်ပုံစ မပါသော်လည်း ပိုင်ရှင်အမည်ပေါက် အဖြစ် ပြောင်းလဲခြင်းကို မကြာခင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ထံမှ သိရသည်။

စူပါမော်ဒယ် မင်္ဂလာပွဲ ကောင်းကင်ယံ လေယာဉ်မပျံရဇုန် သတ်မှတ်ပေးဖို့ တောင်းဆိုလို့ ပြဿနာတွေတက်

အစ္စရေးနိုင်ငံသူ နာမည်ကြီး စူပါ မော်ဒယ် ဘာရာဖေးလီက သူ့မင်္ဂလာဆောင် ကျင်းပရာ ဟိုတယ် ကောင်းကင်ယံတွင် လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ မေတ္တာရပ်ခံမှုနှင့် ပတ်သက်ပြီး အစ္စရေး ပို့ဆောင်ရေး ၀န်ကြီးနှင့် လေကြောင်းပို့ဆောင်ရေး အဖွဲ့ ညွှန်ကြားရေးမှူးတို့ အငြင်းပွား စကားများစရာ ဖြစ်ခဲ့ရကြောင်း သိရသည်။

စစ်အာဏာရှင်စနစ် ပြန်ပေါ်မလာအောင် ဘယ်သူ လုပ်နိုင်သလဲ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ ပါတယ်။ အဲဒီမှာ ယာယီ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဆရာဖေမြင့်က ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အနေနဲ့ အသက် ၆၀ ပြည့်ရင် ပင်စင်ယူမှာလား၊ မယူဘူးလား၊ တပ်မတော် စစ်အရာရှိတွေ ဟာ အသက် ၆၀ ပြည့်ရင် ပင်စင် ယူကို ယူရမှာလား၊ မယူဘဲလည်း ရသလားဆိုတဲ့ မေးခွန်းတစ်ခု မေးမြန်းခဲ့ပါတယ်။ ဆရာဦးဖေမြင့် မေးတဲ့ မေးခွန်းဟာ စိတ်ဝင်စားဖို့ အလွန်ကောင်းသလို၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ဥပဒေချုပ် ပြန်ရှင်းပြတာကလည်း အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တပ်မတော် အရာရှိတွေရဲ့ ပင်စင်ယူတဲ့ ကိစ္စ ဘယ်လိုလဲ၊ ဒါဟာ တိုင်းပြည်အ တွက် ဘယ်လို အကျိုးဆက်တွေ ရှိနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

တပ်မတော် နှင့် ရဲဝန်ထမ်း မိသားစုများ၏ မဲစာရင်း ရွေးကောက်ပွဲနီးမှ ကြေညာမည်

မဲပေးခွင့်ရှိသူ တပ်မတော်သားနဲ့ ရဲဝန်ထမ်းတွေရဲ့ မိသားစုဝင် မဲစာရင်းတွေကို ရွေးကောက်ပွဲကျင်းပကာနီးအချိန်မှ ကြေညာပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးရဲမြင့်က ဒီဗွီဘီကိုပြောပါတယ်။

နိုင်ငံရေးပါတီတွေအထက်မှာ RCSS/SSA ရှိနေသလား?


ရှမ်းပြည်နယ်တောင်ပိုင်းမြို့ရွာတွေမှာ မဲဆွယ်စည်းရုံးရေးမဆင်းဖို့ RCSS/SSA က တားမြစ်ထားတယ်လို့ ဆိုပါတယ်။ RCSS/SSA က တိုက်ပွဲတွေဖြစ် ပွားနေတဲ့ အတွက် ၎င်းတို့ရဲ့ ထိန်းချုပ်နယ်မြေ ၁၆ မြို့နယ်ထဲမှာ မဲဆွယ်စည်းရုံးခွင့်ကို ပိတ်ပင်လိုက်တာပါ။ အဲဒီလို ပိတ်ပင်ထားမှုကြောင့် SNDP၊ SNLD၊ NLD နဲ့ ပြည်ခိုင်ဖြိုး ပါတီတွေဟာ မြို့ပေါ်မှာသာ စည်းရုံး ခွင့်ရပြီး ကျေးရွာတွေထိဆင်းပြီး မဲဆွယ်ခွင့်မရဘူးလို့ သိရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမှာဖြစ်လို့ ရက်ပေါင်း ၄၀ ကျော်သာလိုပါတော့တယ်။ RCSS/SSA ရဲ့ပိတ်ပင်မှုကြောင့် ပါတီတွေဟာ ကျေးရွာတွေအထိ မဲဆွယ်ခွင့်မရခြင်းဟာ အလွန်ပဲနစ်နာလှ ပါတယ်။

မိမိနိုင်ငံ ကောင်းစားရေးကို ဦးထိပ်ထားနိုင်ကြစေဖို့

ခုတလော မဲဆွယ်နေကြသည့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများမှာ အနှောင့်အယှက်မျိုးစုံနှင့် ရင်ဆိုင်နေကြရကြောင်း သတင်းတွေ နားမ ဆန့်အောင် ကြားနေကြရသည်။

ရည်းစားဟောင်း မိန်းကလေး၏ ဓာတ်ပုံများကို ညစ်ညမ်းပုံများနှင့် ပေါင်းစပ်၍ Facebook ၌ ဖြန့်ဝေသည်ဟုဆိုသော တက္ကသိုလ်ကျောင်းသားတစ်ဦးအား အမှုဖွင့်

လွန်ခဲ့သည့် ၉ လခန့်က လမ်းခွဲခဲ့သည့် ရည်းစားဟောင်း မိန်းကလေး၏ ဓာတ်ပုံများကို ကွန်ပျူတာတွင် ညစ်ညမ်းပုံများနှင့် ပေါင်းစပ်၍ Facebook ၌ ဖြန့်ဝေသည်ဟုဆိုသော တက္ကသိုလ်ကျောင်းသားတစ်ဦးအား မရမ်းကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ စက်တင်ဘာ ၂၅ ရက်တွင် စုံစမ်းသိရှိရသည်။
 

ကွန်ပျူတာ သုံးစဉ် သင့်မျက်စိကို ဂရုစိုက်ပါ

ကွန်ပျူတာ ၊ ဖုန်းစခရင်မ်တွေကို အကြည့်များတာကြောင့် မျက်စိညောင်းညာ ဒဏ်ဖြစ်မှု လျော့ပါးစေဖို့. ၂၀-၂၀-၂၀. ဆိုတဲ့ စဉ်းမျဉ်းကို လိုက်နာပါလို့ မျက်စိအထူးကုဆရာဝန်တေက သတိပေး ထားပါတယ်
အဆင့် ( ၁ ) ၂၀

ဆေးလိပ်သောက်သူများ ထိပ်ပြောင်နိုင်

တစ်နေ့ကို ဆေးလိပ် အလိပ် ၂၀ နဲ့ အထက် သောက်တဲ့အမျိုးသားတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ပြောင်နိုင်တယ်လို့သိရပါတယ်။ ဦးရေပြားဆီကို သွေးနဲ့ ဟော်မုန်း ရောက်ရှိမှု နည်းတဲ့အတွက်

တအာင်းပလောင် ဒေသထဲ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေ

ရှမ်းပြည် မြောက်ပိုင်း တအာင်း ပလောင်ဒေသ နေရာ အနှံ့မှာ အခုလ စက်တင်ဘာ ၁၉ ရက် နေ့ ကစပြီး ဒေသခံ တအောင်းပလောင် လက်နက်ကိုင် TNLA နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပေါ် နေပါတယ်။
နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲ၊ မိုင်းတုံ၊ မူဆယ် နဲ့ ကွတ်ခိုင် မြို့နယ် တွေ မှာ အစိုးရ တပ်တွေ နဲ့ ကြား တိုက်ပွဲတွေ၊ ထိတွေ့ ပစ်ခတ်မှု တွေ ဖြစ်ပေါ် နေတယ် လို့ TNLA က ပြောပါတယ်။

အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက် ကို အလုပ်ရှင် မလိုက်နာ

ပဲခူးတိုင်း အင်းတကော် မှာရှိတဲ့ ဟုန်းကယူး Hung Kiu အထည်ချုပ် စက်ရုံမှာ ဖြစ်ပေါ်ခဲ့တဲ့ အလုပ်သမား သပိတ်ဟာ အလုပ်ရှင်ဘက်က အလုပ်ဝင်ကာစ အလုပ်သမား အသစ် တွေ ကို တစ်ရက် လုပ်ခ ၁၈၀၀ ကျပ် ပဲ ပေးနေတဲ့ အချက် အပေါ် မပြင်ဆင် နိုင်ခဲ့ပဲ ပြီးဆုံးခဲ့ ရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ က စလို့ ၃ ရက်တိုင် စက်ရုံရှေ့ ထိုင်သပိတ် မှောက်ခဲ့တဲ့ အလုပ်သမား ၂၀၀၀ ကျော် ဟာ အစိုးရ က သတ်မှတ် ပြဌာန်းထားတဲ့ အနိမ့်ဆုံး လုပ်ခ တစ်ရက် ၃၆၀၀ ကျပ် နှုန်း အတိုင်း အလုပ်သမား အားလုံး တပြေးညီ ရရှိနိုင်ရေး အပါအဝင် ၊ ရက်မှန်ကြေး နဲ့ လုပ်ငန်း ကျွမ်းကျင်ကြေး တွေ ကို ရရှိနေကျ အတိုင်း အလုပ်ရှင် ဘက်က ပေးဖို့ တောင်းဆို ခဲ့ကြတာ ဖြစ်ပါတယ်။

KIA အဖွဲ့မှ ကျေးရွာအ၀င်အထွက်လမ်းများတွင် မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိ

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မိုင်းခေါင်ကျေးရွာ အ၀င်အထွက်လမ်းများ၌ စက်တင်ဘာလ ၂၄ ရက်နေ့တွင် KIA အဖွဲ့မှ အစိုးရတပ်များ ၀င်ရောက် သွားလာလှုပ်ရှားမှု မပြုလုပ်နိုင်စေရန် မိုင်းများထောင်ထားကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။
“ရွာကို KIA အဖွဲ့တွေရောက်လာတယ်၊ ကျေးရွာအ၀င်အထွက်လမ်းတွေမှာ မိုင်းတွေလိုက်ထောင်တယ်၊ သူတို့ ကတော့ အစိုးရတပ်တွေကို ထောင်တာ လို့ပြောတယ်၊ မိုင်းထိလိုက်ရင် ဒေသခံတွေပဲလေ၊ သေလိုက်၊ ပြတ် လိုက်၊

မရမ်းကုန်းမြို့နယ်၌ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၅၄ဝဝ ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိ

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် သမိုင်း(၁)ရပ်ကွက် မြို့သစ်(၁) လမ်းထိပ် ရိုးကြီးချောင်းအတွင်း စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီ က စိတ်ကြွရူးသွပ်ဆေးပြားများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။

ဆင်းရဲတဲ့နိုင်ငံတွေကို တရုတ်က ကန်ဒေါ်လာ သန်း ၂၀၀၀ လှူမည်


တရုတ်နိုင်ငံက ဖွံဖြိုးဆဲနိုင်ငံတွေကို အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ လှူမယ်လို့ မနေ့က

လက်နက်ကိုင်အဖွဲ့များအားလုံးပါဝင်နိုင်ရေး ကျေနပ်လောက်သည့် လုပ်ဆောင်ချက်ရမှ NCA လက်မှတ်ထိုးမည်ဟု KNPP ဆုံးဖြတ်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ် (NCA) ကို လက်နက်ကိုင်အဖွဲ့အားလုံးပါဝင် နိုင်မှ (သို့မဟုတ်) အားလုံးပါဝင် ရေးအတွက် ကျေနပ်လောက် သည့် လုပ်ဆောင်မှုကို အစိုးရနှင့် တပ်မတော်က လုပ်ဆောင်ပြမှ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)အနေဖြင့် NCA ကို လက်မှတ်ရေးထိုးမည်ဟု ကေအင်န်ပီပီအရေးပေါ်အစည်း အဝေးက ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

ဆိုင်ကယ်လဲ၍ ဒဏ်ရာရသူကို ကူညီနေသော ရဲတပ်သား ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ရှိ ရန်ကုန်-မန္တ လေးလမ်းဟောင်းတွင် အမျိုးသား တစ်ဦး ဆိုင်ကယ်မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် သဖြင့် သွားရောက်ကူညီသည့်ရဲ တပ်သားကို အခြားဆိုင်ကယ်တစ် စီးက ဝင်ရောက်တိုက်မိ၍ သေဆုံး သွားကြောင်း သတင်းရရှိသည်။
ရန်ကုန်-မန္တလေးလမ်း ဟောင်းတွင် စက်တင်ဘာ ၂၅ ရက် ည ၁၁ နာရီခန့်က အမျိုးသားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်၍ ဒဏ်ရာများရရှိနေသဖြင့် အမှတ် (၂)နယ်မြေရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်သုံးဦး သွားရောက်ကူညီ နေစဉ် အခြားဆိုင်ကယ်စီးသူတစ် ဦးက ဝင်ရောက်တိုက်မိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

Breaking News: မက်ဆီအား ၂ လ ခန့် ကြာ လက်လွှတ်ရတော့မယ့် ဘာစီလိုနာ


ဘာစီလိုနာ အသင်း လက်စ်ပါးလ်မက်စ် အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သော ပွဲစဉ်တွင် အဓိက ကစားသမား မက်ဆီ ဒဏ်ရာရ ရှိ သွားခဲ့သည်၊၊

အဆိုပါ ဒဏ်ရာကြောင့် မက်ဆီသည် နှစ်လအထိ နားရတော့မည် ဖြစ်ကြောင်းသိရသည်၊၊ ဒူးဒဏ်ရာဖြစ်သောကြောင့် ခန့် မှန်းထားသည့် အချိနိထက်ပင် ပိုမိုကြာနိုင်ကြောင်း၊ သို့ သော်လည်း

တစ်ပြိုင်နက်တည်းဖြစ်ပွားမည့် စူပါမွန်းနှင့် လကြတ်မှုကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည်မဟုတ်

စူပါမွန်းဖြစ်စဉ်နှင့် လ ကြတ်ခြင်းကို ဥရောပ၊ အမေ ရိကနှင့် အာဖရိကတိုက်နိုင်ငံများ မှ မြင်တွေ့ရမည်ဖြစ်သော်လည်း အာရှနိုင်ငံများအပါအဝင် မြန်မာ နိုင်ငံမှ မြင်တွေ့ရမည်မဟုတ် ကြောင်း ပညာရှင်များကဆိုသည်။
လကို ကမ္ဘာမှ အနီးဆုံးမြင်ရ သောကြောင့် ဖြစ်လာသည့် စူပါမွန်းဖြစ်စဉ်နှင့် လနှင့် နေကြား ကမ္ဘာက တစ်တန်းတည်း ရောက်သွားသည့် လကြတ်ခြင်းဖြစ်စဉ် (Supermoon Lunar Eclipse)ကို ဥရောပ၊ အမေရိကနှင့် အာဖရိကတိုက်တို့တွင် ယနေ့ (စက်တင်ဘာ၂၇ ရက် ည)တွင် မြင်တွေ့ရမည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ မြန်မာနိုင်ငံစံတော်ချိန်အရ မူ စက်တင်ကာ ၂၈ ရက် နံနက်ပိုင်းဖြစ်သည်။ ၁၉၈၂ က နောက်ဆုံးအကြိမ်ဖြစ်ခဲ့ဖူးပြီး မြန်မာ နိုင်ငံတွင် လူပြောများနေသည့် သဘာဝဘေးအန္တရာယ်များကျ ရောက်နိုင်သည်ဟူသော ပြောစကားများမှာ ကောလာဟလသာဖြစ်သည်ဟု ဒေါက်တာထွန်းလွင် က ဆိုသည်။
Supermoon Lunar Eclipseဖြစ်စဉ်ကြောင့် ဒီရေအနည်းငယ် မြင့်တက်နိုင်သည်ဟု သိပ္ပံပညာရှင်များက ခန့်မှန်းကြသော်လည်း စိုးရိမ်ရန်မလိုဟု ၎င်းကပြောသည်။ ၂၀၁၄ သြဂုတ်လကယခုကဲ့သို့ပင် စူပါမွန်းဖြစ်စဉ်ဖြစ်ပေါ်လာပြီး မြန်မာနိုင်ငံတွင် ဆူနာမီငလျင် ရင်ဆိုင်ရနိုင်သည်ဟူ သော ကောလာဟလနှင့်အတူ အစိုးရအဖွဲ့ကလည်း သတိပေးချက်များထုတ်ပြန်ခဲ့သောကြောင့်လူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားခဲ့ဖူးသည်။
နက္ခတ်ဗေဒပညာရှင် ဦး ဇေယျာကိုက ယခုဖြစ်စဉ်ကို မြန်မာနိုင်ငံမှ လုံးဝမြင်တွေ့ရမည်မဟုတ်သောကြောင့် နက္ခတ်ပညာအရ မြန်မာနိုင်ငံအတွက် ထူးထူးခြားခြားသက်ရောက်မှုရှိမည်မဟုတ်ဟု ဆိုသည်။
ဥရောပနှင့် အာရှနိုင်ငံအချို့ တွင်မူ တစ်လအတွင်း ငလျင်လှုပ်ရှားနိုင်ခြေရှိသည်ဟု ၎င်းက ခန့်မှန်းတွက်ချက်သည်။
ထိုကဲ့သို့ ဖြစ်စဉ်သည် သမိုင်းမှတ်တမ်းများအရ ၁၉၀၀ ပြည့်နှစ်နောက်ပိုင်း၌ ငါးကြိမ်ဖြစ်ခဲ့ပြီး နောက်ဆုံးအကြိမ်မှာ ၁၉၈၂ ဒီဇင်ဘာ ၃၀ ရက်က ဖြစ်ခဲ့သည်။ ၃၃ နှစ်အကြာ ယခုနှစ်တွင်ထပ်မံဖြစ်ပွားပြီး လာမည့် ၂၀၃၃ အောက်တိုဘာလ ၉ ရက်တွင် တစ်ကြိမ်ထပ်ဖြစ်မည်ဟု နိုင်ငံတကာသိပ္ပံပညာရှင်များက သတင်းထုတ်ပြန်ထားသည်။
၂၀၃၃ တွင်မူ မြန်မာနိုင်ငံမှ မြင်တွေ့ရမည်ဟု ဦးဇေယျာကို က ပြောသည်။
7Day Daily

Friday 25 September 2015

စစ်ကိုင်းရှိ ရေကြီးနစ်မြုပ် ဒေသများတွင် အခြေခံ ငါးမွေးမြူရေး သင်တန်းဖွင့်မည်


စစ်ကိုင်းတိုင်းဒေသကြီးရှိ ရေကြီးနစ်မြုပ်ခဲ့သည့် ဒေသများ တွင် အခြေခံငါးမွေးမြူရေး သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သတင်းရရှိသည်။
‘‘ရေကြီးနစ်မြုပ်တဲ့ဒေသမှာ အသက်မွေးဝမ်းကျောင်း ပညာ ရပ်အဖြစ် အခြေခံငါးမွေးမြူရေး သင်တန်းတွေ ဖွင့်လှစ်ပို့ချနေပါ တယ်။ နောက်ထပ်ရေဦး၊ ကန့် ဘလူ၊ ကောလင်း၊ ကလေး စတဲ့ မြို့နယ်တွေမှာလည်း သင်တန်း တွေ ဆက်ဖွင့်ဖို့စီစဉ်ထားတယ်’’ ဟု စစ်ကိုင်းတိုင်းဒေသကြီး ငါး လုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးက ပြောသည်။

အီးယူနှင့် ရေးဆွဲသော ရင်းနှီးမြှုပ်နှံမှု ကာကွယ်ပေးရေး သဘောတူညီချက် ရှေ့နှစ်တွင် အပြီးသတ်နိုင်မည်


 ဥရောပရင်းနှီးမြှုပ်နှံမှု များ မြန်မာနိုင်ငံသို့ ယုံကြည်စိတ် ချစွာ ၀င်လာစေရန် ဥရောပသမဂ္ဂ အဖွဲ့နှင့် ရေးဆွဲနေသော ရင်းနှီးမြှုပ်နှံမှုကာကွယ်ပေးရေး သဘောတူညီချက်သည် လာမည့်နှစ်တွင် အပြီးသတ်နိုင်မည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အထွေ ထွေအတွင်းရေးမှူး ဦးအောင်နိုင် ဦးကပြောသည်။

လက်ရှိတွင် အီးယူရင်းနှီး မြှုပ်နှံမှုကာကွယ်ပေးရေး သဘောတူစာချုပ်၌ အခန်း ခုနစ်ခန်းပါဝင်ပြီး နှစ်ခန်းမှာ သဘောတူညီမှု ရရှိထားသည်။ ကျန်အခန်းများတွင် လေးခန်းမှာ ၉၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး တစ်ခန်းမှာ ၅၀ ရာ ခိုင်နှုန်းခန့်သာ ပြီးသေးသည်ဟုဆိုသည်။

 ‘‘ဒီသဘောတူညီချက်က မြန်မာနိုင်ငံအတွက် အရမ်းအရေး ကြီးတယ်။ အရည်အသွေးပြည့် တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံအတွက် လိုအပ်နေတယ်’’ ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

လာမည့်နှစ်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု လျော့နည်းမည်ဟုဆို


လာမည့်နှစ်တွင် မြန်မာ နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း လျော့နည်းသွားမည်ဟု အာရှဖွံ့ ဖြိုးရေးဘဏ်(အေဒီဘီ)က အာရှ ၏ ဖွံ့ဖြိုးမှုအလားအလာ ၂၀၁၅ မွမ်းမံအစီရင်ခံစာတွင် ဖော်ပြ ထားသည်။
မြန်မာနိုင်ငံ၏  ငွေကြေးဖောင်းပွမှုသည် လာမည့်နှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိမည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အစိုးရ အသုံးစရိတ် ကြီးမြင့်လာမှု၊ ဘတ်ဂျက်လိုငွေပြမှု၊ ၀န်ထမ်းများ လစာတိုးမြှင့်မှုကြောင့် ၂၀၁၅ တွင် ငွေကြေး ဖောင်းပွမှုသည် ၈ ဒသမ ၄ ရာခိုင်နှုန်းရှိနိုင်ကြောင်း ယခုနှစ်စပိုင်းတွင် အေဒီပီက ထုတ်ပြန်သည်။ ထို့ကြောင့် ခန့်မှန်းချက်မှန်လျှင် ငွေကြေးဖောင်းပွမှုမှာ ၁ ဒသမ ၈ ရာခိုင်နှုန်း လျော့နည်းမည်ဖြစ်သည်။  လာမည့် နှစ်တွင်လည်း ကြွေးမြီများပြားလာခြင်း၊ အစိုးရ အသုံးစရိတ် မြင့်တက်လာခြင်း၊ ကုန်သွယ်မှု လိုငွေ များနေခြင်းတို့က စီးပွားရေးအပေါ် တိုက်ရိုက်အကျိုးဆက်များ ဖြစ်လာနိုင် ကြောင်း အေဒီဘီက အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ရေနံနှင့် ဓာတ်ငွေ့ ဈေးကျခြင်းကြောင့် လုပ်ကွက်သစ် စီးပွားဖြစ်ထုတ်လုပ်ရန် မသေချာ


 ရေနံနှင့်ဓာတ်ငွေ့ဈေးကျဆင်းနေသောကြောင့် မုတ္တမ ကမ်းလွန်ရှိ မြန်မာနိုင်ငံ၏ လုပ် ကွက်သစ်ဖြစ်လာမည့် အောင် သိင်္ခရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် (M-3) တွင် သဘာဝ ဓာတ်ငွေ့ကို စီးပွားဖြစ်ထုတ်ယူ ရန် မသေချာသေးကြောင်း သတင်းရရှိသည်။

ယင်းလုပ်ကွက်ကို ထိုင်း ရေနံကုမ္ပဏီက လုပ်ကိုင်ခွင့် ရထားပြီး လက်ရှိလေ့လာစမ်းသပ်မှုများအရ သဘာဝ ဓာတ်ငွေ့ ခန့်မှန်းသည်ထက် လျော့နည်း နေသောကြောင့် ရေနံဈေးကျ ဆင်းချိန်တွင် ထုတ်ယူရန် နှောင့် နှေးနေရခြင်းဖြစ်ကြောင်း စွမ်း အင်ဝန်ကြီးဌာနမှ အရာရှိတစ်ဦး ကပြောသည်။

‘‘ကုမ္ပဏီဘက်က စီးပွားဖြစ် ထုတ်ဖို့အခက်အခဲဖြစ်နေတယ်။ နှစ်ဖက်ပြန်ညှိပေးရမယ်။ အချိန် လည်း ပိုပေးရမယ် ထင်တယ်။ အခု လေ့လာဆန်းစစ်မှုလုပ်နေတဲ့ အချိန်ကျန်သေးတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

ဆင်မကျေးရွာအနီးရှိ ပင်လယ်ကမ်းစပ်တွင် ပင်လယ်မှ မျောပါလာသည့် လူသုံးပစ္စည်းများ တွေ့ရ


ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဆင်မကျေးရွာ၊ ဆင်မကျွန်းအနောက်ဘက်ကမ်း ခြေတွင် စက်တင်ဘာ ၂၂ ရက် ညနေမှစ၍ လူအသုံးအဆောင်ပစ္စည်းများ၊ သင်္ဘောအပျက်အစီးအပိုင်းအစများဟု ယူဆရသည့် သစ်စများ မျောပါလာကြောင်း ဒေသခံများက ပြောသည်။

ပင်လယ်ကမ်းစပ်သို့ မျောပါလာသည့် လူသုံးကုန်ပစ္စည်းများ တွင် ဒီဇယ်ပီပါများ၊ အချိုရည် ဘူးများ၊ ဇီးထုပ်များ၊ ခေါက်ဆွဲ ခြောက်များနှင့် တစ်လီတာဆံ့ ဆီ ဘူးများပါဝင်ကြောင်း ဒေသခံများက ပြောသည်။

‘‘ပစ္စည်းတွေ မျောလာတာ ဟုတ်ပါတယ်။ မျောလာတဲ့အထဲ မှာ အစားအသောက်တွေက များ တယ်။ ပြည်တွင်းက ထုတ်တဲ့ ပစ္စည်းတွေလို့ သုံးသပ်ကြတယ်။ ဒီပစ္စည်းတွေ ရရှိထားတဲ့သူတွေ ကိုလည်း လာပြီးအပ်ဖို့ ကျေးရွာကို ပြောထားတယ်’’ဟု ဆင်မကျေး ရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်က ပြောသည်။

တရုတ်သံရုံး နေပြည်တော်သို့ ပြောင်းရွှေ့ရန် စီစဉ်


ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် တရုတ်သံရုံးကို နေပြည်တော်သို့ ရွှေ့ပြောင်းရန် ပြင်ဆင် နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံ အမတ်ကြီးက စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။နေပြည်တော်ရှိ မြန်မာအ ပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) တွင် စက်တင်ဘာ ၂၄ ရက် ညနေက ကျင်းပသည့် (၆၆) နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် နေ့အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်း အနား၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက သံရုံးကို နေပြည်တော်သို့ ရွှေ့ပြောင်းမည့်အကြောင်းပြောကြားခဲ့ခြင်းဖြစ်သည်ဟု  နိုင်ငံပိုင်သတင်းဌာနများက စက်တင်ဘာ ၂၄ ရက်တွင် ဖော်ပြခဲ့သည်။

Thursday 24 September 2015

NLD ကို မဲမပေးရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် စည်းရုံးမှုက ဆင်ခြင်ဥာဏ်မဲ့ လုပ်ရပ်ဟု NLDအမတ် တုံ့ပြန်

 ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)ပါတီသည် အစိုးရအဖွဲ့ကို အကြပ်အတည်းတွေ့အောင် လုပ်သည့်ပါတီဟုဆိုကာ မဲမပေးရန် ပြောဆိုမှုသည် ဆင်ခြင်ဥာဏ်မဲ့ စည်းရုံးမှုသာ ဖြစ်သည်ဟု အင်န်အယ်လ်ဒီ၏ ရေကြည်မြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက မဇ္ဈိမကို ပြောသည်။
"ဝန်ကြီးချုပ်ဟာ ကိုယ်စားလှယ်လောင်းဂုဏ်သိက္ခာမဲ့၊ ပညာမဲ့၊ ဆင်ခြင်ဥာဏ်မဲ့စည်းရုံး မဲဆွယ်တာ၊ ဒီလိုလူတွေ တိုင်းဒေသကြီး အမြင့်ဆုံးနေရာရခဲ့တယ်။ ၅ နှစ် ဘယ်လောက် အန္တရာယ်ကြီးလဲ" ဟု ဒေါက်တာလှမြတ်သွေးက ပြောသည်။ဝန်ကြီးချုပ်က စက်တက်ဘာလ ၁၉ရက်က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ရွေးကောက်ပွဲ လုံခြုံရေးတွေ့ဆုံပွဲတွင် အင်န်အယ်လ်ဒီကို မဲမပေးရန် တက်ရောက်လာသူများအား ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံနေရစဉ် ညှဉ်းပန်းနှိပ်စက်ခံရသည်ဟု တရုတ်ရှေ့နေပြောကြား


 တရုတ်နိုင်ငံ၏ အထင်ကရ အစိုးရကို ဝေဖန်သူနှင့် လူ့အခွင့်အရေး ရပ်ခံအရေးဆိုသူ ရှေ့နေဖြစ်သည့် ကောက်ကျီရှန်းက ၄င်းအား ဖမ်းဆီးထိန်းသိမ်းထားစဉ် တစ်ကိုယ်တည်း တိုက်ပိတ်ထားပြီး ညှဉ်းပန်း နှိပ်စက်ခံခဲ့ရကြောင်းကို ဖွင့်ဟပြောကြားလာခဲ့သည်။ အသက် ၅၁နှစ်အရွယ်ရှိ ကောက်ကို ၂၀၁၄ခုနှစ် သြဂုတ်လက အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။ဖမ်းဆီးထိန်းသိမ်းခံရစဉ်က နိုဘဲငြိမ်းချမ်းရေးဆုအတွက် လျာထားခံရသူ မစ္စတာကောက်မှာ ခံစားမှုမဲ့နေခဲ့ပြီး၊ အခြခံအားဖြင့် သိစိတ်လည်းကင်းလွတ်နေကာ အာဟာရချို့တဲ့မှုကြောင့် သွားများလည်း ကျိုးပဲ့ကုန်ခဲ့သည်ဟု ၄င်း၏ ရှေ့နေက ပြောကြားခဲ့သည်။
မစ္စတာကောက်က ၅နှစ်အတွင် ပထမဆုံးအင်တာဗျူးတွင် အေပီသတင်းဌာနအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။မျက်နှာကို လျှပ်စစ်တုတ်ဖြင့် နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရပြီး သုံးနှစ်တိုင်တိုင် တစ်ကိုယ်တည်း တိုက်ပိတ်ခံထားခဲ့ရသည်ဟု ဆိုသည်။ မစ္စတာကောက်မှာ Falun Gong လှုပ်ရှားမှု အဖွဲ့ဝင်များနှင့် တရုတ်ခရစ်ယာန်များကို ရပ်ခံကာကွယ်မှုဖြင့် လူသိများသည်။

အသတ်ခံရသည့် ဇာဘုရင် နီကိုလတ်နှင့် မိဖုရားတို့၏ အရိုးများကို ရုရှ ပြန်လည်တူးဖော်


၁၉၁၈ ခုနှစ်က ဇာဘုရင်နှင့် မိသားစုများကို သတ်ဖြတ်မှုကို ပြန်လည်စစ်ဆေးနေသောကြောင့် ရုရှ စုံစမ်းစစ်ဆေးရေးမှူးများက နောက်ဆုံးဇာဘုရင်နှင့် မိဖုရားတို့၏ ရုပ်ကလာပ်အကြွင်းအကျန်များကို ပြန်လည်တူးဖော်ခဲ့ကြသည်ဟု ဆိုသည်။
ဇာဘုရင် ဒုတိယမြောက်နီကိုလတ်နှင့် မိဖုရားတို့၏ ကြွင်းရစ်သော ရုပ်ကလာပ်များမှာ နမူနာများကို ရယူခဲ့ကြပြီး၊ ၁၈၈၁ခုနှစ်က အသတ်ခံခဲ့ရသည့် နီကိုလတ်၏ အဖိုး ဒုတိယမြောက် အလက်ဆန်းဒါး၏ သွေးစွန်းနေသော ယူနီဖောင်းမှလည်း နမူနာများ ရယူခဲ့ကြသည်ဟု ဆိုသည်။
တော်လှန်ရေးသမား ဘော်ရှီဗစ်များ၏ သတ်ဖြတ်မှုခံခဲ့ရသည့် ရိုမန်နော့မိသားစုဝင်များကို စိန့်ပီတာစဘာ့ ဘုရားကျောင်းတွင် မြှုပ်နှံထားခဲ့သည်။ အခြားအလားတူနေရာများတွင် မြှုပ်နှံထားသည့် အခြားဆွေမျိုးများနှင့် အချိတ်အဆက်ကို အတည်ပြုရန်အတွက် အော်သိုဒေါ့စ်ဘုရားကျောင်းကလည်း ကြွင်းရစ်သော ရုပ်ကလာပ်များကို ပြန်လည် စစ်ဆေးစေလိုသည်။

စက်တင်ဘာလကုန် NCA လက်ရေးထိုးလိမ့်မည်ဟု ကာချုပ်ပြော


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို စက်တင်ဘာလကုန်ပိုင်းတွင် ရေးထိုးနိုင်လိမ့်မည်ဟု တပ်မတ်ေကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ ၂၃ ရက်က လွိုင်ကော်မြို့တော် ခန်းမတွင် ပြောဆိုလိုက်သည်။“ကျနော်တို့ မကြာခင်မှာလည်း တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ထားပါတယ်။ ဒီလကုန်လောက်မှာ နိုင်ငံတော်ကို သတင်းကောင်းတစ်ခုပေးနိုင်လိမ့်မယ်။” ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကယားပြည်နယ်ခရီးစဉ်တွင် လွိုင်ကော်မြို့တော်ခန်းမ၌ ကျောင်းသုံးပစ္စည်းများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေပေးအပ်သည့် အခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။NCA လက်မှတ်ထိုးရန် ကိစ္စတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အားလုံး ပါဝင်မှသာလျှင် လက်မှတ်ရေးထိုးမည်ဟု လွိုင်ကော် KNPP ဆက်ဆံရေးရုံးတာဝန်ခံ ခူညေးရယ်က ပြောသည်။

အိုဘားမားမှာ ခရစ်ယာန်တစ်ယောက်ဖြစ်သယောင် ဟန်ဆောင်နေသည်ဟု အာကင်ဆတ်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မိုက်ဟက္ကာဘီပြောကြား


ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ပထမဆုံး အမေရိကန် အလည်အပတ်ခရီးကို သမ္မတ၏ ကိုင်တွယ်ပုံကို ဝေဖန်ထိုးနှက်ရာတွင် အာကင်ဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မိုက်ဟက္ကာဘီက သမ္မတ ဘားရက်အိုဘားမားသည် ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်သယောင် ဟန်ဆောင်နေသည်ဟု ပြောကြားလိုက်သည်။စက်တင်ဘာ ၂၂ရက်နေ့က Newsmax ရုပ်သံ၏ The Hard Line အစီအစဉ်တွင် မွတ်စလင်တစ်ယောက်မှာ အမေရိကန်ပြည်ထောင်စု၏ သမ္မတမဖြစ်သင့်ဟူသော ဘင်ကာဆန်၏ မှတ်ချက်စကားအပေါ် ထင်မြင်ချက်ကို မေးမြန်းရာတွင် မိုက် ဟက္ကာဘီက သမ္မတရာထူးအတွက် ဘာသာရေးဆိုင်ရာ စစ်ဆေးမှုမရှိကြောင်း ပြောကြားရင်း အိုဘားမားနှင့် ပတ်သက်သော မှတ်ချက်အကြောင်းသို့ ရောက်ရှိသွားခဲ့ သည်။

သာပေါင်းမြို့ ဒီချုပ်ပါတီ၏ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ် ဖျက်ဆီးခံရ


လာမည့်ရွေးကောက်ပွဲ တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဧရာ ၀တီတိုင်းဒေသကြီး သာပေါင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်းများပုံပါရှိသည့် မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်တစ်ခု စက်တင်ဘာ၂၂ ရက် ညက ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။
သာပေါင်းမြို့ အမှတ်(၁)ရပ် ကွက် ကညင်ချောင်းရပ်ရှိ ဘုန်း ကြီးကျောင်းရှေ့တွင် ဆိုင်းဘုတ် စိုက်ထူထားပြီး ယင်းနေ့ ည ၁၀နာရီခန့်က ပိုစတာအား ဆုတ်ဖြဲကာ စိုက်ထူထားသည့်တိုင်များ တစ်စစီဖြစ်သည်အထိ ဖျက်ဆီး ခဲ့သည်ဟု သာပေါင်းမြို့နယ် ဒီချုပ်ပါတီအတွင်းရေးမှူး၊     မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်အမတ်လောင်းဦးအောင်အောင်ဦးက ပြောသည်။
‘‘ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်ပါတယ်။ ကျွန်တော် တို့ ဥပဒေအတိုင်းပဲ ဆက်လုပ် သွားပါမယ်’’ဟု ဦးအောင်အောင် ဦးကပြောသည်။

နမ့်စန်မြို့နယ်တွင် ဒီချုပ်ဆိုင်းဘုတ် ၂၆ ခု ဖျက်ဆီးခဲ့သူများ နှစ်လကျော်ကြာသည့်တိုင် ဖမ်းမမိသေး


ရှမ်းပြည်နယ်တောင် ပိုင်း နမ့်စန်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေး ဆိုင်းဘုတ်များ ဖျက်ဆီးခဲ့သူလေး ဦးနှင့် ခိုင်းစေညွှန်ကြားခဲ့သူကို နှစ်လကျော်ကြာသည်အထိ ဖမ်း ဆီးရမိခြင်းမရှိသေးကြောင်း နမ့် စန်မြို့နယ် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ သတင်းရရှိသည်။
နမ့်စန်မြို့နယ် တရားရုံးတွင် နမ့်စန်မြို့နယ် ဒီချုပ်ဥက္ကဋ္ဌ ဦးနေ ဇော်နိုင်က တရားလိုပြုလုပ်ပြီး ပုဒ်မ ၄၂၇ အကျိုးဖျက်ဆီးမှုဖြင့် တရားစွဲဆိုရန် တရားရုံး၌ ဦး  တိုက်လျှောက်ထားခဲ့ပြီး ဆိုင်း ဘုတ်ဖျက်ဆီးသူလေးဦးနှင့် ခိုင်း စေညွှန်ကြားသူဟုဆိုသူ ဦး အောင်သန်းကို သြဂုတ် ၃ ရက် တွင် တရားရုံးသို့ ဆင့်ခေါ်ထားခဲ့ သည်။သို့သော် သြဂုတ် ၂၁ ရက် ရုံးချိန်းအထိ လာရောက်ခြင်းမရှိ၍ တရားရုံးက တရားခံပြေးအဖြစ် ကြေညာစာထုတ်ပေးခဲ့သော်လည်း ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ဒီချုပ်ဥက္ကဋ္ဌ ဦးနေဇော်နိုင်က ပြောသည်။‘‘စက်တင်ဘာ ၂၂ ရက်ဆို နှစ်လပြည့်ပြီ။ တရားခံတွေ ဘယ် နေရာမှာရှိတယ်ဆိုတာကိုလည်း သိနေပြီးတော့ ဖမ်းဆီးရမိတာမရှိ သေးဘူး။ တရားဥပဒေစိုးမိုးမှု ညံ့ ဖျင်းတယ်’’ဟု ၎င်းကပြောသည်။

မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်များ အချိန်ပြောင်းပြေးဆွဲမည်


မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်များကို စက်တင်ဘာ၂၆ ရက်မှစတင်၍ အချိန်ဇယား အသစ်ဖြင့် ပြောင်းလဲပြေးဆွဲမည် ဖြစ်ပြီး အိပ်စင်ပါသော ရထားတွဲ များကိုမူ တစ်ရက်ခြားတစ်ကြိမ် သာ ပြေးဆွဲတော့မည်ဟု မန္တလေး ဘူတာကြီးရုံပိုင်ရုံးမှ သတင်းရရှိ သည်။
မန္တလေး-မြစ်ကြီးနားရထား လမ်းပိုင်းအချို့ ရေကြီးနစ်မြုပ်ကာ ပျက်စီးခဲ့၍ ပြန်လည်ပြင်ဆင်ထားရပြီး လမ်း၏ခံနိုင်ဝန်အရ ရထားများ မိုင်နှုန်းအရှိန်လျှော့မောင်းရသဖြင့် လမ်းခရီးကြန့်ကြာမှုများဖြစ်နေသောကြောင့် ရထားအချိန်ဇယားအသစ်ဖြင့် ပြန်လည်ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၂၆ ရက်မှစ၍ မန္တလေး-မြစ်ကြီးနားရထားခရီး စဉ်များကို အချိန်ဇယားအသစ် ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး အမှတ် (၃၃) အဆန်ရထားနှင့် (၃၄) အစုန်ရထားဖြစ်သော အိပ်စင်ပါသည့် ရထားအတွဲများကို တစ်ရက်ခြား တစ်ကြိမ်သာ ပြေးဆွဲတော့မည် ဖြစ်သည်။

ပါတီမရွေးကြုံနေရသည့် ခြိမ်းခြောက်နှောင့်ယှက်မှု အန္တရာယ်


ရွေးကောက်ပွဲကျင်းပရန် တစ်လခွဲခန့်သာလိုတော့သည်။
ရွေးကောက်ပွဲနီးလာတိုင်း ဖြစ်လေ့ဖြစ်ထရှိသော မဲမသမာမှု များ၊ မဲပေးရမည့်စာရင်းတွင်မပါ ၀င်မှုများအကြောင်း လူအများက စိတ်ဝင်တစားဝေဖန်နေကြသော် လည်း မြန်မာ့ရွေးကောက်ပွဲ၌ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စတစ်ခု ကိုတော့ မေ့နေကြဆဲ ဖြစ်သည်။
ယင်းမှာ နိုင်ငံရေးပြိုင်ဘက်များကို လုပ်ကြံသတ်ဖြတ်မှုပင်။
နိုင်ငံရေးပြိုင်ဘက်များကို အ ပြတ်ရှင်းခြင်း (သို့မဟုတ်) အသက်မသေသည့်တိုင် နိုင်ငံရေးလောက မှ ထွက်ခွာသွားအောင် ခြိမ်းခြောက်နှောင့်ယှက်သည့် ဓလေ့က မြန်မာ နိုင်ငံ၏ ရွေးကောက်ပွဲသမိုင်းတွင် အမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့်က ကျင်းပသည့် ၁၉၅၆ ရွေး ကောက်ပွဲနှင့်  ပတ်သက်၍  ဖြစ် ပွားခဲ့သည့် မင်းလှလေးလောင်း ပြိုင်လူသတ်မှု၊ ရှမ်းပြည်နယ်မှ လွှတ်တော်အမတ်ဦးအောင်သာ သတ်ဖြတ်ခံရမှုတို့သည် လက်သည် တရားခံမပေါ်ဘဲ ပြီးပြတ်ခဲ့ရသည်။

နေပြည်တော် ကောင်စီနယ်မြေမှ ကိုယ်စားလှယ်လောင်းများ သန့်သန့်ရှင်းရှင်း မဲဆွယ်နေကြဟုဆို


 နေပြည်တော် ကောင်စီနယ်မြေရှိ မဲဆန္ဒနယ်များ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးရာ၌ ပြဿနာ တစ်စုံတစ်ရာမရှိဘဲ သန့်သန့် ရှင်းရှင်း မဲဆွယ်နေကြကြောင်း ပြည်ထောင်စုနယ်မြေ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ထံမှ သတင်းရရှိသည်။
စက်တင်ဘာ ၈ ရက်မှစတင် ကာ မဲဆွယ်စည်းရုံးခွင့်ကို တရား ဝင်ပြုထားပြီး ၂၃ ရက်အထိ မဲဆွယ်စည်းရုံးခွင့်နှင့်ပတ်သက်၍ တိုင်ကြားခြင်း လုံးဝမရှိသေးဟု ပြည်ထောင်စုနယ်မြေ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးအောင်စိုးဝင်းက အ တည်ပြုပြောကြားသည်။
‘‘အခုချိန်ထိတော့ တိုင်ကြား ထားတာလည်းမရှိသေးဘူး။ မဲ ဆွယ်တဲ့ကာလအတွင်းမှာတော့ ပစ္စည်းပေးတာတွေမရှိဘူး။ ထူး ခြားမှုလည်းမရှိဘူး’’ဟု ဦးအောင် စိုးဝင်းက ပြောသည်။
တရားဝင်မဲဆွယ်ခွင့်မရမီ ကာလများတွင် နေပြည်တော် ကောင်စီနယ်မြေရှိ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်း အချို့သည် မိမိသက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် အလှူများ ပြုလုပ်ခြင်း၊ ပစ္စည်းများပေးဝေ ခြင်းတို့ ပြုလုပ်ခဲ့သည်။

Wednesday 23 September 2015

အလုပ်အကိုင် အခွင့်အလမ်းအတွက် အမတ်လောင်းများ၏ စိတ်ကူး


 ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် အလုပ်လက်မဲ့  ဦးရေ နှင့် အခြားနိုင်ငံများသို့ ရွှေ့ပြောင်း လုပ်ကိုင်နေမှုများက မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကျဆင်းနေမှုကို ထင်ဟပ်စေပါသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် မတိုင်မီကတည်းက ဖြစ်ပေါ်နေခဲ့သည့် အဆိုပါပြဿနာသည် အစိုးရသက်တမ်းငါးနှစ်ကုန်ဆုံးရန် လပိုင်းသာလိုတော့သည့် အချိန်အထိ ဖြေရှင်းနိုင်မှု မရှိသေးပေ။ ထို့ကြောင့်ယင်းပြဿနာကို ဖြေရှင်းရန် နောက်အစိုးရသက်တမ်း ၀င်ရောက်ရွေးချယ်ခံရမည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ၎င်းတို့သက်ဆိုင်ရာပါတီ လုပ်ငန်းစဉ်မူဝါဒများ၌ အသီးသီး ရေးဆွဲထည့်သွင်းလာခဲ့ကြသည်။နှစ်ကာလတာရှည် သက်ဆိုးရှည်နေခဲ့သည့် မြန်မာနိုင်ငံ၏ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုဖြစ်စဉ်က ချက်ချင်း ဖြေရှင်းအကောင်အထည်ဖော်ရန် ခက်ခဲနိုင်မည်ဖြစ်သော်လည်း အမတ်လောင်းအချို့ကမူ ယင်းပြဿနာကို ဖြေရှင်းရန် စိတ်အားထက်သန် နေကြသည်။

တောင်သူများ လယ်မြေပိုင်ဆိုင်ခွင့်နှင့် စိတ်ကြိုက်သီးနှံစိုက်ပျိုးခွင့်ရရန် ဆောင်ရွက်ပေးမည်ဟု တစည ကိုယ်စားလှယ်လောင်းပျဉ်းမနားတွင် မဲဆွယ်


 ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက တောင်သူလယ်သ မားများ လယ်ယာမြေပိုင်ဆိုင်ခွင့် နှင့် စီးပွားဖြစ်ဒေသကိုက် စိတ် ကြိုက်သီးနှံစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးမည်ဟု ပျဉ်းမနား မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးသာအောင်က ပြောသည်။ပျဉ်းမနားမြို့နယ်ရှိ တပ်ပိုး ကျေးရွာတွင် တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးရေး ပြုလုပ်စဉ် ဦးသာအောင်ကကျေးရွာ ဒေသခံ များအား ယင်းသို့ ကတိပြုပြော ကြားခဲ့ခြင်းဖြစ်သည်။
‘‘ကိုယ့်နိုင်ငံရဲ့ ၇၀ ရာခိုင် နှုန်းက တောင်သူတွေချည်းပဲ။ တောင်သူတွေ၊ ကျေးရွာလူတန်း စားဆိုတော့ မြေယာပိုင်ဆိုင်ခွင့် ရှိရမယ်။ သူတို့ ဈေးကွက်ဝင်တဲ့ စိတ်ကြိုက်သီးနှံကို စီမံကိန်းကြီး တွေနဲ့ မထိန်းချုပ်နိုင်ဘဲနဲ့ သူတို့ လွတ်လွတ်လပ်လပ် ဈေးကွက်ကို သူတို့သိတယ်။ ရာသီကို သူတို့သိ တယ်။ နယ်မြေကို သူတို့သိ တယ်။ သူတို့ စိတ်ကြိုက်လုပ်ပါ စေ။ ဒီဟာကို အဓိက လုပ်ပေးဖို့ အတွက်ပါ’’ဟု ဦးသာအောင်က ပြောသည်။

ဒီချုပ်ကိုယ်စားလှယ်လောင်းများ ဗဟန်းမြို့နယ်အတွင်း တစ်အိမ်တက်ဆင်း မဲစာရင်းအသိပညာပေး

ဗဟန်းမြို့နယ်မှ ၀င် ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား လှယ်လောင်းများသည် စက်တင် ဘာ ၂၂ ရက်က ယင်းမြို့နယ်အ တွင်းရှိ ရပ်ကွက်အချို့၌ တစ်အိမ် တက်ဆင်း မဲစာရင်းအသိပညာ ပေးခဲ့ကြသည်။
ဒီချုပ်ကိုယ်စားလှယ်လောင်း များသည် ဗဟန်းမြို့နယ်ရှိ ဗိုလ် ချို(၁)ရပ်ကွက်နှင့် ဗိုလ်ချို(၂) ရပ် ကွက်၊ ငါးထပ်ကြီး(တောင်) ရပ် ကွက်များရှိ ပြည်သူများအား မဲစာ ရင်းကြည့်ရှုရန် တိုက်တွန်းခြင်း၊ မကြည့်ရှုရသေးသူများအား အမည် မပါလျှင်၊ အချက်အလက်မှားယွင်း လျှင် မည်သို့လျှောက်ထားရမည် ကို ရှင်းပြခြင်းများ ပြုလုပ်ခဲ့သည်။
ပြည်သူအများစုသည် မဲ စာရင်း ကြည့်ပြီးကြသော်လည်း အချို့က မကြည့်ရသေးချေ။‘‘ဗဟန်းတစ်မြို့နယ်လုံးမှာ ရပ်ကွက်နှစ်ခုလောက်ပဲ လိုက် ပြောဖို့ကျန်တယ်’’ဟု ဗဟန်း (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးအောင်မြတ် ကျော်ကပြောသည်။ဗဟန်းမြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့် ဒီချုပ်ကိုယ်စားလှယ် လောင်းများနှင့် အောင် နိုင်ရေးအ ဖွဲ့ဝင်များသည် ပြည်သူများအား လက်ကမ်းစာစောင်များ ဝေငှကာ ကိုယ်စားလှယ်လောင်းများပါ မိတ်ဆက်ခဲ့ကြသည်။ပြည်သူများကလည်း ၎င်းတို့ ကို ကြိုဆိုခဲ့ပြီး အလှူငွေလှူဒါန်း ခြင်း၊ ရေသန့်နှင့်အအေးများ လှူ ဒါန်းခြင်းတို့ ပြုလုပ်ခဲ့သည်။တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မဲဆန္ဒရှင်စာရင်းများကို စက် တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အထိ ကြေညာထားမည်ဖြစ်ရာ အမည် မပါသူများ ဖြည့်စွက်ရန်၊ အချက် အလက်မှားယွင်းသူများ ပြင်ဆင် ရန် ရက်အနည်းငယ်သာ ကျန် ရှိတော့သည်။

ပြည်ပသို့ ဆန်တင်ပို့မှု ကန့်သတ်ချက်များကို အောက်တိုဘာ ၁၅ ရက် နောက်ပိုင်း ဖယ်ရှားမည်


ပြည်ပသို့ဆန်တင်ပို့ရောင်းချမှုကန့်သတ်ချက်များကို အောက် တိုဘာ ၁၅ ရက် နောက်ပိုင်းတွင် ဖယ်ရှားပေးမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။လတ်တလော ကန့်သတ် ထားသောနယ်စပ်မှ ရောင်းချပါ က တန်ချိန် ၅၀၀ သာခွင့်ပြုသည့် ကန့်သတ်ချက်၊ နေပြည်တော်၌ သာ လိုင်စင်လျှောက်ထားရမည့် ကန့်သတ်ချက်၊ အရန်ဆန် ၂ ရာ ခိုင်နှုန်းထားရှိမည့် ကန့်သတ်ချက် များကို အောက်တိုဘာ ၁၅ ရက် နောက်ပိုင်းတွင်လုံးဝဖယ်ရှားပေး ရန် စီးပွားကူးသန်းဝန်ကြီးဌာနက သဘောတူညီခဲ့ကြောင်း မြန် မာနိုင်ငံ ဆန်စပါးအသင်းချုပ် အ ထွေထွေ အတွင်းရေးမှူး ဦးရဲ မင်းအောင်ကပြောသည်။‘‘အစိုးရက ပြည်တွင်းမှာ ဆန် ဈေးမြင့်မှာစိုးရိမ်ပြီး စားသုံး သူဘက်ကကြည့်ပြီး အတားအဆီး တွေလုပ်တာပါ။ မကြာခင်မိုးစပါး ပေါ်တော့မှာဆိုတော့ ဆက်ပြီး အ ကန့်အသတ်တွေလုပ်မယ်ဆိုရင် လယ်သမားတွေအတွက် နစ်နာ စရာဖြစ်လာမယ်။ ဒါကြောင့်စပါး အထွက်များတဲ့အချိန်မှာ အကုန် ဖွင့်ဖို့ သဘောတူပေးလိုက်တာပါ’’ ဟု ဦးရဲမင်းအောင်ကပြောသည်။ပထမဆုံး ကန့်သတ်ချက် ပြင်ဆင်မှုအနေဖြင့် ပို့ကုန်လိုင်စင် ကို မူဆယ် နယ်စပ်မှာပင် ပြန် လည်ပြုလုပ်နိုင်ရန် ၀န်ကြီးဌာနက ဦးစွာစီစဉ်နေကြောင်း သိရသည်။စက်တင်ဘာ ၂၂ ရက်တွင် ဆန်ဈေးကွက်၊ ကုန်သွယ်မှုနှင့် ပတ်သက်၍ စီးပွားကူးသန်းဝန် ကြီးဌာန ဒုတိယ၀န်ကြီး၊ နိုင်ငံ တော် သမ္မတ စီးပွားရေး အကြံ ပေးပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူများ သည် ရန်ကုန်၌ တွေ့ဆုံဆွေးနွေး ပြီးနောက် နယ်စပ်မှဆန်တင်ပို့ရန် ပို့ကုန်လိုင်စင်ထုတ်ပေးမှု၊ အရန် ဆန်ထားရှိမှုတို့ ဖြေလျှော့ပေးရန် ၀န်ကြီးဌာနက သဘောတူညီ လိုက်ကြောင်း သိရသည်။

နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေး အလေးထားဆောင်ရွက်ရန် တရုတ်ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

နှစ်နိုင်ငံနယ်နိမိတ်ဒေသတည်ငြိမ်ရေး အလေးထားဆောင် ရွက်ရန် တရုတ်ကာကွယ်ရေးဝန်ကြီး ချန်ဝမ်ကွမ်က ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တိုက်တွန်းပြော ကြားခဲ့သည်။ရွေးကောက်ပွဲကြို ကာလ တွင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တရုတ်နိုင်ငံသို့ အလည်အပတ် ခရီးစဉ် ရောက်ရှိခဲ့ပြီး ချန်နှင့် တွေ့ဆုံချိန်၌ ဝန်ကြီးက ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း ကာ ကွယ်ရေး ဝန်ကြီးဌာနက ထုတ် ပြန်သည်။
စက်တင်ဘာ ၂၁ ရက်က ဘေဂျင်းတွင် နှစ်နိုင်ငံ စစ်ရေး ကဏ္ဍနှင့် ပတ်သက်၍ အပြန်အ လှန် ဆွေးနွေးမှုများ ပြုလုပ်ရာ၌ ချန်က ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား နယ်စပ်ဒေသတည်ငြိမ်ရေး ကဏ္ဍအတွက် မြန်မာနှင့် တရုတ် တို့ အလေးအနက် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ပြော ကြားခဲ့သည်။
တရုတ်ကာကွယ်ရေး ဝန် ကြီးဌာန၏ ကြေညာချက်တွင် တရုတ် အစိုးရအနေဖြင့် မြန်မာ့ နိုင်ငံရေးတွင် ပြုပြင်ပြောင်းလဲမှု များ ဖြစ်ထွန်းနေခြင်းကို ကြိုဆို ကြောင်းနှင့် ရွေးကောက်ပွဲ အောင် မြင်စွာ ကျင်းပနိုင်ရန် မျှော်လင့် ကြောင်းလည်း ဖော်ပြပါရှိသည်။
‘‘မြန်မာ့ပြည်တွင်းနိုင်ငံရေး ကဏ္ဍနဲ့ အမျိုးသား ရင်ကြားစေ့ ရေး လုပ်ဆောင်မှုတွေ အရှိန် မြှင့် ဆောင်ရွက်နေတာကို တရုတ် အစိုးရက ထောက်ခံပါတယ်။ ပြီး တော့ ရေရှည် တည်ငြိမ်အေးချမ်း မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို မျှော် လင့်ပြီး ရွေးကောက်ပွဲကိုလည်း ကြိုတင် သတ်မှတ်ထားတဲ့ အ တိုင်း အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့ တိုက်တွန်းပါတယ်’’ ဟုလည်း ချန်၏ အဆိုကို ကိုးကား ပြီး တရုတ်ကာကွယ်ရေး ဝန်ကြီး ဌာနက ကြေညာသည်။

တက္ကသီလ ဘုန်းကြီးကျောင်းမှ ဆရာတော်ပျံလွန်တော်မူခြင်း အဖြစ်မှန်သိရန် သွေးအမျိုးအစားများ စစ်ဆေးမည်

မြောက်ဦးမြို့တက္ကသီ လဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ အခင်းဖြစ်ပွားရာနေရာမှ သွေးအမျိုးအစားများကို စစ်ဆေးပြီးမှ လူသေမှု (သို့မဟုတ်) လူသတ်မှုဟု ကောက်ချက်ချနိုင်မည် ဖြစ်ကြောင်း မြောက်ဦးမြို့မရဲစ ခန်းမှ ရဲအရာရှိက ပြောသည်။စက်တင်ဘာ ၂၁ ရက်တွင် မြောက်ဦးမြို့ ၀သဲရပ်ကွက်ရှိ တက္ကသီလ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်သည် လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် ပျံလွန်တော်မူနေခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးက စက်တင်ဘာ ၂၂ ရက်၌ လာရောက်စစ်ဆေးခဲ့သည်။
‘‘ပြည်နယ်ရဲတပ်ဖွဲ့မှူးကိုယ် တိုင်လာရောက်ပြီးတော့ စစ်ဆေး မှုတွေပြုလုပ်နေပါတယ်။ အခင်း ဖြစ်တဲ့နေရာမှာ ရှိတဲ့မတူညီတဲ့ နေရာသုံးနေရာက သွေးတွေကို ယူ ပြီးတော့ စီအိုင်ဒီကိုပို့ဖို့လုပ်နေပါ တယ်။ အဲဒီသွေးနမူနာတွေ စစ် ဆေးချက်ထွက်လာပြီးမှ မိမိကိုယ် ကိုယ် သတ်သေမှုလား၊ လူသတ်မှုလားဆိုတာကို ကောက်ချက်ချနိုင်ပါမယ်’’ဟု မြောက်ဦး မြို့မရဲစခန်းမှ ဒုရဲအုပ်ဘစံက ပြောသည်။ဆရာတော် ပျံလွန်တော်မူခြင်းနှင့် ပတ်သက်၍ မြောက်ဦးမြို့မရဲစခန်းက သေမှုသေခင်းအမှုအမှတ် ၂၂/၂၀၁၅ ဖြင့် အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း အထက်ပါရဲအရာရှိက ဆိုသည်။

လိပ်ကျွန်းလူသတ်မှုတွင် လူသတ်လက်နက်အဖြစ် အသုံးပြုသည့် ပေါက်တူးရိုး၌ အမျိုးသားဒီအင်န်အေနှစ်မျိုး တွေ့ရှိထား


လိပ်ကျွန်းလူသတ်မှု တွင် လူသတ်လက်နက်အဖြစ် အ သုံးပြုသော ပေါက်တူးရိုး၌ လူ သတ်တရားခံဟု ယူဆရမည့် အ မျိုးသားဒီအင်န်အေနှစ်မျိုး တွေ့ရှိ ထားကြောင်း ထိုင်းနိုင်ငံ တရားမျှ တရေးဝန်ကြီးဌာန၊ အမျိုးသားမှု ခင်းဆေးသိပ္ပံဌာနမှူး ဒေါက်တာ ပွန်တစ်၏ လက်ထောက်မှုခင်းဆ ရာဝန်က တရားရုံးသို့လာရောက် ထွက်ဆိုခဲ့သည်။
စက်တင်ဘာ ၂၂ ရက်တွင် လိပ်ကျွန်းတရားခံပြ သက်သေ များအား (၁၆) ကြိမ်မြောက် ရုံး ထုတ်စစ်ဆေးရာ ဒေါက်တာပွန် တစ်၏ လက်ထောက်မှုခင်းဆရာ ၀န်က ပေါက်တူးအရိုးတွင် တွေ့ရှိထားသည့် ဒီအင်န်အေနှစ်မျိုး သည် ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦး၏ ဒီအင်န်အေများ မဟုတ် ဟု အဆိုပါမှုခင်းဆရာဝန်က ထွက်ဆိုသွားကြောင်း မြန်မာသံ ရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင် မျိုးသန့်က ပြောသည်။
ယင်းမှုခင်းဆရာဝန်သည် ပေါက်တူးရှိ ဒီအင်န်အေကို ပြန် လည်စစ်ဆေးရာတွင် ဦးဆောင် စစ်ဆေးခဲ့သူဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

မြန်မာမှတရုတ်သို့ သစ်ခိုးသွင်းမှုကို တရုတ်သစ်မှောင်ခိုဂိုဏ်းတစ်ခုက ထိန်းချုပ်လုပ်ကိုင်နေဟု EIA ထုတ်ပြန်


 ပြည်ပသို့  သစ်အလုံးလိုက် တင်ပို့မှုကို    တားမြစ်ထားသော် လည်း   တရုတ်-မြန်မာနယ်စပ် တွင် တရားမ၀င်သစ်အလုံးလိုက် တင်ပို့မှုများ ရှိနေပြီး သစ်ခိုးတင်သွင်းမှုကို   တရုတ်မှောင်ခိုဂိုဏ်း တစ်ခုက ထိန်းချုပ်ထားကြောင်း  လန်ဒန်မြို့  အခြေစိုက်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီ(EIA)က သတင်းထုတ်ပြန်သည်။ရန်ကုန်မြို့တွင် စက်တင်ဘာ ၂၂ ရက်က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ၂၀၁၅ အတွင်း စုံစမ်းတွေ့ရှိချက်များ ထုတ်ပြန်ခဲ့ပြီး EIA အဖွဲ့က သစ် ကုန်သည်အယောင်ဆောင် စုံစမ်း စစ်ဆေးမှုပြုလုပ်ခဲ့သည့် အစီရင် ခံစာကို ထုတ်ပြန်ခြင်း ဖြစ်သည်။မြန်မာသော   တရားမ၀င် သစ်အများဆုံးဝင်ရောက်သည် ယူနန်ပြည်နယ်အတွင်းရှိ ဒိန် ဟောင်၊ နောင်တောင်နှင့် ရွှေလီ မြို့သုံးခုကို အဓိကထား စုံစမ်း စစ်ဆေးခဲ့ကာ   ယင်းနေရာများ တွင်  မြန်မာနိုင်ငံမှ  ၀င်ရောက် လာသည့် သစ်များကို လွတ်လပ် စွာကုန်သွယ်မှုပြုလုပ်ကြသည်ဟု EIA က ဆိုသည်။

Tuesday 22 September 2015

အစိုးရအာရုံစိုက်ရန်လိုလာသော ငွေကြေးဖောင်းပွမှု


ယခုနှစ်တွင် မြန်မာနိုင်ငံ၌ အထွေထွေကုန်ဈေးနှုန်းများ ၁၃ ရာ ခိုင်နှုန်းမြင့်တက်လာကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန် ပုံငွေအဖွဲ့ (IMF) က စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ငွေကြေးဖောင်းပွမှုသည် ယခုနှစ်တွင် ၈ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်ဟု IMF က ထုတ်ပြန်ထား ပြီး ၈ ရာခိုင်နှုန်းထက်မကျော်စေ ရန်နှင့် ၈ ရာခိုင်နှုန်းထက် ကျော် လွန်ပါက တိုင်းပြည်စီးပွားရေးအ တွက် စိုးရိမ်ရကြောင်း ကမ္ဘာ့ ဘဏ်ကလည်း သတိပေးထား သည်။
ယခုနှစ် အစိုးရအသုံးစရိတ် သည် လတ်တလောရှေ့ပြေး ဘတ်ဂျက်မှာပင် ကျပ် ၃,၇၀၀ ဘီလီယံခန့်ရှိနေပြီး ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့်ရှိနေရာ ထိုကဲ့သို့ လို ငွေများနေခြင်းကလည်း ပြည် တွင်း၌ ငွေကြေးဖောင်းပွမှုကို ဖြစ် လာနိုင်သည်ဟု စီးပွားရေးပညာ ရှင်များက ပြောထားသည်။

အမ်မီဆုပေးပွဲမှာ ဆုတွေရရှိသွားတဲ့ Game of Thrones နဲ့ Veep


HBO ရုပ်သံ လိုင်းက ထုတ်လွှင့်ပြသလျက်ရှိ သော Game of Thrones ဒရာမာ ဇာတ်လမ်းတွဲသည် လော့စ်အန်ဂျ လိစ်မြို့၌ ကျင်းပပြုလုပ်သည့်ယခုနှစ်အမ်မီဆုပေးပွဲက ချီးမြှင့် သော ဆုရရှိသူများစာရင်းတွင် ပါဝင်လာသည်။ Game of Thrones ဇာတ်လမ်းတွဲသည် ထုတ်လွှင့်ပြသသည့် ငါးနှစ်တာကာလအတွင်းအမ်မီဆုပေးပွဲကချီးမြှင့်သော အကောင်းဆုံး ဒရာ မာဇာတ်လမ်းတွဲဆုကိုရရှိခဲ့ သည်။အမ်မီဆုပေးပွဲကချီးမြှင့် သော ဒရာမာဇာတ်လမ်းတွဲကဏ္ဍ ၌ Game of Thrones ဒရာမာ ဇာတ်လမ်းတွဲဖြင့် အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ညွှန်းရေးသားသူဆုနှင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ ဆုများ ရရှိခဲ့သည်။ ဗီအိုလာဒေး ဗစ်သည် How To Get Away With Murder ဒရာမာဇာတ်လမ်း တွဲဖြင့် အမ်မီဆုပေးပွဲက ချီးမြှင့် သော အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကိုရရှိပြီး ၎င်း သည် ယင်းသို့သော အမ်မီဆုကို ရရှိသည့် ပထမဆုံးလူမည်း အမျိုး သမီးဖြစ်လာသည်။ ဂျွန်ဟမ်း သည် Mad Men ဒရာမာဇာတ် လမ်းတွဲဖြင့် အကောင်းဆုံးအမျိုး သားသရုပ်ဆောင်ဆု ရရှိခဲ့သည်။

တပ်မတော်သားများကို အရပ်ဘက်သို့ ပြောင်းရွှေ့ခန့်ထားခြင်းသည် ဥပဒေနှင့် ညီညွတ်ပြီး အမှန်တကယ်လိုအပ်မှသာ ထပ်မံစေလွှတ်မည်ဟု တပ်ချုပ်ပြောကြား


 တပ်မတော်သား များကို အရပ်ဘက်ဝန်ကြီးဌာန များသို့ ပြောင်းရွှေ့ခန့်အပ်ထား ခြင်းသည် ဥပဒေနှင့်အညီဆောင် ရွက်ခြင်းသာဖြစ်ပြီး နောင်တွင်သ တိထား၍ အမှန်တကယ်လိုအပ်မှု ရှိမှသာ ယင်းကဲ့သို့ဆောင်ရွက် မည်ဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကပြောကြား သည်။နိုင်ငံ့ဝန်ထမ်း  ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က စက်တင်ဘာ ၂၁ ရက် နေပြည်တော်တွင် ပြုလုပ်သည့် တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့နှင့် စာနယ်ဇင်း ကောင်စီ (ယာယီ)၊ မီဒီယာများတွေ့ဆုံပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။ ၀န်ကြီးဌာနများ လိုလားချက်နှင့် ကာယကံရှင်များဆန္ဒအ ရ တောင်းဆိုမှုများရှိခဲ့ပြီးတပ်မ တော်က ဆောင်ရွက်နိုင်ခြေ ရှိ၊ မ ရှိ ဦးစွာစိစစ်ပြီးနောက် ပြည်ထောင် စုရာထူးဝန်အဖွဲ့က ဆက်လက်စိ စစ်ကာ အစိုးရအဖွဲ့သို့ တင်ပြ၍ သဘောတူညီချက်ရှိမှ အပြောင်းအရွှေ့ဆောင်ရွက်ပေးနိုင်ကြောင်း တပ်မတော်ဦးစီးချုပ်က ဆက် လက်ပြောကြားသည်။

မဘသက ဒီချုပ်ကို တိုက်ခိုက်သည့် လက်ကမ်းကြော်ငြာများ လိုက်ဝေနေဟု ဒီချုပ်ခေါင်းဆောင်များပြော


အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီကို ထိခိုက်စေသည့် အကြောင်းအရာများပါဝင်သော လက်ကမ်း ကြော်ငြာများကို ပြည်နယ်နှင့်တိုင်းဒေသကြီး ငါးခုတွင် မဘသက ဦးဆောင်ကာ လိုက်လံဝေငှနေသဖြင့် ယင်းကိစ္စကိုကော်မရှင်သို့ တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်မှုမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်အချို့က  ပြောသည်။
စက်တင်ဘာ ၂၁ရက်ကရန် ကုန်မြို့တွင် ပြုလုပ်သော မဲစာ ရင်းကိစ္စအပါအ၀င် ရွေးကောက် ပွဲဆိုင်ရာကိစ္စများနှင့်ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲ၌ ပါ တီနာယက ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန်တို့က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော် ဧရာဝတီတိုင်း က မြောင်းမြ၊ ဟင်္သာတ၊ ပုသိမ် ဘက်တွေရောက်တော့ အဲဒီမှာမ ဘသက တိုက်ခိုက်တဲ့စာတွေဝေ တယ်။ အထုပ်လိုက်တွေ့တယ်’’ ဟု ပါတီနာယကဦးတင်ဦးကပြော သည်။
ယင်းကဲ့သို့ ဝေငှမှုများသည်ဧရာဝတီတိုင်းဒေသကြီးတစ်ခုတည်းမဟုတ်ဘဲစစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များပါဝင်ကြောင်း ဗဟိုကော်မတီဝင်ဦးဝင်းထိန်က ပြောကြားသည်။

Monday 21 September 2015

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နယ်မြေ မသတ်မှတ်နိုင်၍ တိုက်ပွဲဆက်ဖြစ်ဟု ဦးအောင်မင်းပြော

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား တိုက်ပွဲများ ဖြစ်ပွားနေရခြင်းမှာ နှစ်ဖက် နယ်မြေမသတ်မှတ်ရသေးသောကြောင့် တိုက်ပွဲများ ဆက်ဖြစ်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
စက်တင်ဘာ ၂၀ ရက်နေ့က ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနတွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး အခမ်းအနားအပြီးတွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မီဒီယာများကို ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူတွေ မဲရောင်းမစားကြဖို့ သတိပေး


ပြည်သူတွေအနေနဲ့ မဲကိုမဖြုန်းဖို့ ရောင်းမစားဖို့နဲ့ မဲကိုရောင်းစားတာဟာ ကိုယ့်ရဲ့အနာဂတ်ကို ရောင်းစားတာနဲ့ အတူတူပဲလို့ နေပြည်တော်မှာလုပ်တဲ့ မဲဆွယ်စည်းရုံးရေး ဟောပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်က လူထုကို ပြောကြားသွားပါတယ်။

အခုမဲဆွယ် စည်းရုံးတဲ့ နေရာတွေဟာ လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဘက်က ဗိုလ်ချုပ်ကြီးဟောင်းတွေ ပါဝင်ယှဉ်ပြိုင်မယ့် နေရာတွေဖြစ်ပါတယ်။

ကိုယ်ရောင်ဖျောက် စောင်ကို အမေရိကန်တို့ တကယ်ဖန်တီးနိုင်ပြီ

ဟယ်ရီပေါ်တာ ရုပ်ရှင်ထဲမှာသာ မြင်တွေ့ခဲ့ရတဲ့ ကိုယ်ဖျောက်စောင် ဟာ အပြင်မှာ တကယ်ဖြစ်နိုင်ကြောင်း အမေရိကန်တို့ လက်တွေ့ပြ တီထွင်ပြသခဲ့ ပါတယ်။ ယင်းစောင်ကို အင်မတန်ပါးလွှာတဲ့ သတ္တု တစ်မျိုး (Ultrathin material) နဲ့ ပြုလုပ်ပြီး 1,300 square microns ကို အလင်းရဲ့ ထိရောက်မှုကနေ မမြင်ရအောင် ဖန်တီးခဲ့ ပါတယ်။

အငှားယာဉ်ကို ဓားထောက်လုသူများ လှည့်ကင်းအဖွဲ့ကတွေ့ပြီး ဖမ်းမိ

လှိုင်မြို့နယ်တွင် အ ငှားယာဉ်တစ်စီးကို အုပ်စုဖွဲ့ ဓား ထောက် လုယက်သူများကို လှည့် ကင်း အဖွဲ့က တွေ့ပြီး ဖမ်းဆီးမိခဲ့ ကြောင်း သတင်းရရှိသည်။
ခရီးသည်အယောင်ဆောင် လူငယ်လေးဦးက အငှားယာဉ် မောင်းထံမှ ငွေတောင်းခံခဲ့ပြီး ယာဉ်မောင်းက ယခုမှကား ထွက်လာသောကြောင့် ငွေမ ရှိကြောင်း၊ ဖုန်းတောင်းသော် လည်း မပါကြောင်း ပြောသဖြင့် ယာဉ်မောင်းကို ကားပေါ်မှမောင်း ချကာပြန်အထွက်တွင် လှည့်ကင်း အဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ် ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြော သည်။

အထက်တန်းကျောင်းသူကိုးဦးကို မဖွယ်မရာ ပြုသည့် ရဟန်းတစ်ပါး ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး မင်္ဂလာရာမဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် အထက် တန်းကျောင်းသူ ကိုးဦးကို မဖွယ် မရာ ပြုလုပ်သူရဟန်းတစ်ပါး ကို လူဝတ်လဲကာ ဖမ်းဆီးအရေး ယူထားကြောင်း သတင်းရရှိသည်။
မင်္ဂလာရာမ ဘုန်းတော်ကြီး ကျောင်းတွင် အနီးရှိကျေးရွာများ မှ လာရောက်ပညာသင်ကြား သော အထက်တန်းကျောင်းသူ ကိုးဦးကို မဖွယ်မရာ ပြုလုပ်သည့် ရဟန်းကို မြို့နယ်ဂိုဏ်းပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေးက လူ ၀တ်လဲကာ စက်တင်ဘာ ၁၉ ရက်၌ ပဲခူးမြို့မအမှတ်(၂)ရဲ စခန်းတွင် အမှုဖွင့်တိုင်ကြားထား ကြောင်း ပဲခူးမြို့၌နေထိုင်သူ ကိုအောင်သစ္စာက ပြောသည်။
‘‘အခုအမှုဖြစ်တဲ့ ဘုန်းကြီး က ဒီကျောင်းတိုက်မှာ ခဏလာ တည်းတဲ့ ဘုန်းကြီးပါ။ သူနေတဲ့ ကျောင်းက ဇောင်းတူဓမ္မရတနာ ကျောင်းတိုက်မှာနေတဲ့ ငယ်ဖြူ ဘုန်းကြီးပါ။ မင်္ဂလာရာမ ကျောင်းမှာ ဒီအနီးအနား ရွာတွေက အ ဆင်မပြေတဲ့ ကလေးတွေကို ကျောင်းမှာကျောင်းအိပ် ကျောင်း စား စာသင်ပေးတယ်။ ဒီအထဲက မှ ဆယ်တန်းကျောင်းသူကို မဖွယ်မရာလုပ်တယ်။ နောက်ဆုံးတစ် ယောက်က ပြောပြမှသိတယ်’’ ဟု ကိုအောင်သစ္စာက ပြောသည်။

အနည်းဆုံး လုပ်ခလစာအတိုင်းမရက အလုပ်သမား ဦးစီးရုံးများသို့ တိုင်ကြားနိုင်

အနည်းဆုံး လုပ်ခလစာ အတိုင်း လုပ်အားခ ပေးချေခြင်း မရှိပါက သက်ဆိုင်ရာ အလုပ် သမားဦးစီးရုံးများထံသို့ ဆက် သွယ်တိုင်ကြားနိုင်ကြောင်း အ လုပ်သမားညွှန်ကြားမှုဦးစီးဌာ နညွှန်ကြားရေးမှူးချုပ် ဦးမျိုး အောင်က ပြောသည်။
နိုင်ငံတစ်ဝန်းရှိ လုပ်သား ၁၅ ဦးအထက် လုပ်ငန်းခွင်များမှ အလုပ်သမားများမှာ စက်တင် ဘာလကုန်မှစ၍ အဆိုပါ သတ် မှတ်နှုန်းထားအတိုင်း ခံစားခွင် စတင်ရရှိမည်ဖြစ်ပြီး ယင်းနှုန်းအ တိုင်း ပေးချေခြင်း မရှိပါက အ လုပ်ရှင်ကို အရေးယူမည် ဖြစ်သည်။

ဒေသခံရွာသားနှစ်ဦးအား မူးယစ်ဆေးဝါးအကြောင်းပြပြီး KIA အဖွဲ့မှ အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်

ကချင်ပြည်နယ် ၊ ၀ိုင်းမော်မြို့၌ နေထိုင်သူနှစ်ဦးအား KIA တပ်ဖွဲ့ဝင်များမှ မူးယစ်ဆေးဝါးအကြောင်းပြကာ အတင်းအကြပ် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
KIA အဖွဲ့တစ်ဖွဲ့သည် စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီချိန်တွင် ချီဖွေမြို့၊ မေခမြစ်တစ်ဖက်ကမ်း ကူးတို့ဆိပ်သို့ ရောက်ရှိလာပြီး မူးယစ်ဆေးဝါးရောင်း/၀ယ်သည်ဟု အကြောင်းပြပြီး ဒေါ်လှဆန်း ၄၀ နှစ် ၊ မောင်အားဆာ ၂၅ နှစ် ၀ိုင်းမော်မြို့နေသူတို့ ၂ ဦးအား အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူ ရွာသားတစ်ဦးထံမှ သိရသည်။

Sunday 20 September 2015

ဟုတ်လို့လား RCSS/SSA ရယ်…..


NCA ကို လက်မှတ်ထိုးမယ်ဆိုပြီး ဇူလိုင် ၁၇ ရက်နေ့တုန်းက KNU, KNU/KNLA – PC, DKBA, RCSS/SSA အဖွဲ့ ၄ ဖွဲ့ပေါင်းပြီး ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီးသားဖြစ်ပါတယ်။ စက်တင်ဘာ ၉ ရက်နေ့တုန်း က နေပြည်တော်မှာ သမ္မတနဲ့ NCA ကိစ္စလာရောက်တွေ့ဆုံဆွေးနွေးတဲ့ ကြီး ၅ ကြီးထဲမှာလည်း RCSS/SSA အဖွဲ့ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် NCA ချုပ်ဆိုဖြစ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ပူးတွဲ ကော်မတီတစ်ရပ်ဖွဲ့မယ်ဆိုပြီး အစိုးရကဖိတ်ခေါ်ထားတဲ့ ရန်ကုန်အစည်းဝေးကို RCSS/SSA အနေနဲ့မတက် တော့ဘူး လို့ ပြောကြားလာပြန်ပါတယ်။ NCA ကိုလက်မှတ်မထိုးတော့ဘူးဆိုတဲ့ သဘောသက်ရောက် နေပါ တယ်။ အပြောင်းအလဲ မြန်လှချည်လား RCSS/SSA ရယ်လို့ပဲ ပြောချင်ပါတယ်။

ရာသီဥတု အရေး မပူးပေါင်းနိုင်လျှင် ဘေးဖယ်နေဟု ပစိဖိတ် ခေါင်းဆောင်များ သတိပေး


သြစတြေးလျ အနေဖြင့် ပစိဖိတ် နိုင်ငံများ၏ ရာသီဥတုရေးရာ ရပ်တည်ချက်ကို သဘောမတူနိုင်ပါက ပစိဖိတ်ကျွန်း နိုင်ငံများ ဖိုရမ် (PIF) သို့ လာမတက်နှင့်ဟု ပစိဖိတ်နိုင်ငံ ခေါင်းဆောင်များက တစ်ညီတည်း ထုတ်ပြန် သတိပေးလိုက်သည်။
PIF အစည်းအဝေးကို ယခုအပတ်တွင် ပါပူဝါ နယူး ဂီနီနိုင်ငံတွင် ကျင်းပမည် ဖြစ်သည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ပစိဖိတ်ကျွန်း နိုင်ငံငယ်များသည် ပင်လယ်ရေဖုံးလွှမ်းကာ ဆက်လက် ရပ်တည်ရေးပါ ခြိမ်းခြောက် ခံလာရသောကြောင့် ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် ပတ်သက်လျှင် ကျွန်းစုနိုင်ငံများသည် လုံးဝအလျှော့ မပေးစတမ်း ကြိုးပမ်းသွားမည်ဟု ကရီဘတီနိုင်ငံ သမ္မတ အန်နိုတီတန် က ပြောသည်။

သူတို့ပြောတဲ့ ကုန်စိမ်းသည် . . .


အစာကြေတယ်၊ ရင်ချောင်တယ်၊ အပူကင်းတယ်၊ ၀မ်းသွားတယ်၊ ငါးဆယ်....ငါးဆယ်၊ တစ်လုံးငါးဆယ်' ဆိုတဲ့ စကားက လူငယ် အသိုင်းအ၀န်းထဲမှာ နောက်ရင်းပြောင်ရင်း ပြောနေကြသည့် စကားတစ်ခု ဖြစ်လာနေသည်။ နောက်တစ်ခုက 'ကုန်စိမ်းသည်' ဆိုသောစကား၊ အသီးတွေ အရွက်တွေ ရောင်းသည် ဆိုသည့် သဘောကို တင်စား ပြောထားခြင်း ဖြစ်ပေလိမ့်မည်။ သူတို့ပြောသည့် 'ကုန်စိမ်းသည်' က မီးဖိုချောင်တွင် ချက်ပြုတ်စားရသော ဟင်းသီးဟင်းရွက် ရောင်းချသူမျိုး မဟုတ်။
ဆေးခြောက်ရွက် (Cannabis) နှင့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ရောင်းချသူများကို ခေါ်ခြင်းသာ ဖြစ်သည်။

အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ သမ္မတဖိတ်ခေါ်ထားတဲ့ ၁၆ဖွဲ့က ဘယ်သူတွေလဲ


အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန် သမ္မတဦးသိန်းစိန်က ၂၀၁၁ခုနှစ် သြဂုတ် ၁၈ရက်တွင် ဖိတ်ခေါ်ခဲ့သည့် အဖွဲ့ ၁၆ဖွဲ့ မှာ
၁။ကရင်အမျိုးသားအစည်းအရုံး။ KNU
၂။ ကရင်အမျိုးသားအစည်းအရုံး/ ကရင်လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ)။ KNU/KNLA(PC)
၃။ ကရင့်အကျိုးပြုဒီမိုကရေစီတပ်မတော်။ DKBA
၎။ ကချင်လွတ်မြောက်ရေးအဖွဲ့။ KIO
၅။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ။ KNPP
၆။ ချင်းအမျိုးသားတပ်ဦး။ CNF
၇။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး။ ABSDF
၈။ မွန်ပြည်သစ်ပါတီ။ NMSP
၉။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့။ PNLO
၁၀။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ။ RCSS/SSA
၁၁။ ရှမ်းပြည်တိုးတက်ရေးပါတီ။ SSPP/SSA
၁၂။အမျိုသားဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်မတော်(မိုင်းလား)။ NDAA-ESS
၁၃။"ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ။ UWSA
၁၄။ ရခိုင်လွတ်မြောက်ရေးပါတီ။ ALP
၁၅။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ။ NSCN-K
၁၆။ တအင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်။ TNLA
တို့ဖြစ်သည်။

ပွင့်ဖြူရေဘေးသင့်ပြည်သူများ ရွေးကောက်ပွဲ မဲပေးရန် စိတ်ဝင်စားမှုနည်းပါး


 ပြီးခဲ့သည့် ဇူလိုင်လကုန် က ရေဘေးသင့်ခဲ့သော မကွေး တိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ဒေသခံများသည် စားဝတ်နေရေးအတွက် ရုန်းကန်နေရသဖြင့် လာ မည့်ရွေးကောက်ပွဲကို စိတ်ဝင်စား မှုနည်းပါးနေကြောင်း သတင်းရရှိ သည်။ဧရာဝတီ မြစ်ကမ်းနဘေးရှိ ကျေးရွာ ၂၀ ခန့်သည် ပြောင်းရွှေ့ နေထိုင်နေရခြင်း၊ ရေဘေးသင့်ခဲ့ ပြီး စားဝတ်နေရေးပြန်လည်ထူ ထောင်နေရခြင်းတို့ကြောင့် ၎င်း တို့ဒေသတွင်းရှိ တောင်သူတို့မှာ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်းပါးနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
‘‘အခုမှ စိုက်ပျိုးရေးကို ပြန် လုပ်နေရတယ်။ ရေဘေးသင့် ထားတာ မကြာသေးတော့ ကျွန် တော်တို့ဒေသကလူတွေ ကိုယ့် စားဝတ်နေရေးကို မနည်းရုန်းကန်နေကြရတယ်။ ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်ဘူး။ မဲစာရင်း တောင်သွားကြည့်တဲ့သူ မရှိ သလောက်ပါပဲ။ အားလုံးနေသား တကျလေး အထိုက်အလျောက် ဖြစ်သွားရင်တော့ စိတ်ဝင်စားနိုင် ပါတယ်။ အခုဟာက တချို့ဆို ကိုယ့်ရွာမှာတောင် မနေနိုင်ကြ သေးဘူးလေ’’ဟု ကျောင်းတော် ရာကျေးရွာမှ ကိုထက်အောင် ကျော်က ပြောသည်။

အားလုံးပါဝင်သော အင်န်စီအေနှင့် သမိုင်းအချိုးအကွေ့


အင်န်စီအေသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ဖြစ်သည့်အား လျော်စွာ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သောစာချုပ်ဖြစ်ရန် ပဓာနကျ သည်။ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များအားလုံး ပါဝင်လက်မှတ်ရေးထိုးသည့် အင်န်စီအေသည်သာ နှစ်ပေါင်း ၆၀ ကျော်လက်နက်ကိုင် ပဋိပက္ခ (သို့မဟုတ်) ပြည် တွင်းစစ်၏ ချုပ်ရာငြိမ်းရာအမှန် လောကနိဗ္ဗာန်ဆီ ဦးတည်နိုင်မည်ဖြစ်သည်။ အား လုံးပါဝင်လက်မှတ်ရေးထိုးသည့် အင်န်စီအေသည်သာသမိုင်းမော်ကွန်းသစ်ရေးထိုးမည့် ပထမခြေလှမ်းဖြစ်နိုင်ပြီး အားလုံးပါဝင်လက်မှတ်ရေးထိုးမှုလျော့ရဲသောအင်န်စီအေသည်သမိုင်းကို အကျည်းတန်စေနိုင်ဖွယ်ရှိနေသည်။

အလုပ်ခန့်ထားမှုဆိုင်ရာ စာချုပ်ချုပ်ရမည့်ကာလ အချိန်ထပ်တိုး


 အလုပ်ရှင်၊ အလုပ်ခန့် ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရမည့် အချိန်ကာလကို အောက်တိုဘာအထိ ထပ်မံခွင့်ပြု ပေးမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ပြီးနောက် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ်ကို အလုပ်ခန့်ထားပြီး ရက်ပေါင်း ၃၀ အတွင်း အပြီးချုပ်ဆိုသွားရန် သတ်မှတ်ထားသော်လည်း    ညှိနှိုင်းမှုများပြုလုပ်ရန် အချိန်လိုအပ် သည့်အတွက် အောက်တိုဘာ တစ်လအချိန်ထပ်ပေးမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောသည်။

တစ်ဗန်း ငါးဆယ်၊ ဈေး တစ်ဆယ်နှင့် ဟိုးလို့ဟောင်းလောင်း ဈေးများအကြောင်း


ရန်ကုန်မြို့တွင်း လမ်းဘေးဈေးရောင်းသူအရေအတွက် လျှော့ချရန် ရည်ရွယ်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်မြို့ရှိဈေး ၁၀ ဈေးတွင် နှစ်ထပ်ဈေးရုံ ၃၃ ရုံ ဆောက်နေသည့် သတင်း ဖတ်ရသည်။ ၇၅ ရာခိုင်နှုန်းပြီးနေပြီ်ဟုလည်း ဆိုသည်။
ဈေးရုံများ၌ ဈေးသည်တစ်ဦး ၅ ပေပတ်လည် အကျယ်ခွင့်ပြုမည်။ ဈေးကောက်ခွန် ကျပ် ၅၀ ကောက်ခံ မည်။ ဈေးဖွင့်ချိန်မှ ဈေးပိတ်ချိန်အတွင်း ဦးရာလူစနစ်နှင့် ရောင်းချခွင့်ပြုမည်။ အဆောက်အအုံ၏ စတုရန်းပေ ၂၅၀ အကျယ်အတွင်း ဈေးသည် ၁၀ ဦးသာ ရောင်းချခွင့်ပြုနိုင်မည် ဖြစ်၏။

၉၀ ရာခိုင်နှုန်း မှားနေတဲ့ မဲဆန္ဒရှင် စာရင်း


စက်တင်ဘာ ဒုတိယပတ်တွင် ထုတ်ပြန်လိုက်သည့် မဲဆန္ဒရှင်စာရင်းတွင် လွဲမှားမှုများစွာ ထပ်မံ ကြုံနေရပြန်သည်။ မဲဆန္ဒရှင် စာရင်းတွင် မှားနေကျ အမှားများသာမကဘဲ မမှားသင့်သည့် အမှားပေါင်း မြောက်မြားစွာ ထပ်မံ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

သာမန်အမှားဆိုသည်မှာ လူနာမည်စာလုံးပေါင်း မှားယွင်းခြင်း၊ မဲဆန္ဒရှင် မွေးနေ့များ လူပေါင်း များစွာနှင့် မွေးနေ့တစ်ခုတည်း ဖြစ်နေခြင်း၊ မှတ်ပုံတင်နံပတ် မပါခြင်း၊ အသက်မပြည့်သေးသူများ ပါ နေခြင်း၊ သေဆုံးသူများ ပါခြင်းတို့ကို ဆိုလိုခြင်း ဖြစ်သည်။

မဲဆန္ဒရှင်စာရင်းကို ပြုစု ထုတ်ပြန်ရာတွင် လမ်းအလိုက် ရပ်ကွက်အလိုက် စာရင်းပြုစုလျက် ထုတ်ပြန်ခြင်းဟု ရွေးကောက်ပွဲကော်မရှင်က ဆိုထားပါသည်။ သို့သော် အမှန်တကယ် မဲဆန္ဒရှင် စာရင်း ထွက်လာသည့်အခါ လမ်းတစ်လမ်း၏ မဲစာရင်းကို ထုတ်ပြန်ခြင်း ဖြစ်သော်လည်း အခြားသူ များ နေထိုင်သည့် လမ်းအမည်၊ ရပ်ကွက်အမည်များ ထည့်သွင်း ဖော်ပြခြင်း ဖြစ်သည်။

ဘတ်စ်ကား ဒရိုင်ဘာ၊ စပယ်ယာတွေ အပြစ်ရှိသလား


အခုရက်ပိုင်းအတွင်း လှုပ်လှုပ်ခတ်ခတ်လည်းဖြစ်၊ ရန်ကုန်နေ အများပြည်သူတွေနဲ့လည်း သက်ဆိုင်တဲ့ သတင်းတစ်ပုဒ်ကတော့ ဘတ်စ်ကားလိုင်းတွေ သပိတ်မှောက်တဲ့ သတင်း ဖြစ်ပါတယ်။ လတ်တလော အကြောင်းရင်းကတော့ ယာဉ်စည်းကမ်း ဖောက်ဖျက်မှုနဲ့ ပတ်သက်ပြီး နဂို ဒဏ်ကြေး ကျပ် ၁,၅၀၀ သတ်မှတ်ထားတာကနေ ကျပ် ၃ သောင်းအထိ တိုးမြှင့်လိုက်တာမို့၊ စည်းကမ်းချိုးဖောက် မိတဲ့ ဒရိုင်ဘာ၊ စပယ်ယာတွေအနေနဲ့ ဒီဒဏ်ကြေးဆောင်ဖို့ မတတ်နိုင်ဘူး၊ ဒါကြောင့် သပိတ်မှောက်ရ တာလို့ ဆိုပါတယ်။ ပြဿနာက အများပြည်သူနဲ့ သက်ဆိုင်တဲ့ကိစ္စ ဖြစ်နေတာမို့ စာနယ်ဇင်း သတင်းမီ ဒီယာတွေမှာရော လူမှုကွန်ရက် စာမျက်နှာတွေမှာပါ ဒီအကြောင်း ပြောဆိုဝေဖန်မှုတွေ လျှံထွက်သွား ခဲ့ပါတယ်။ အားလုံးနီးပါးသော လူတွေက ဘတ်စ်ကား စပယ်ယာတွေ၊ ဒရိုင်ဘာတွေကို အပြစ်တင်ကြ တာပါပဲ။ စည်းကမ်းလိုက်နာပြီး ကား မမောင်းတတ်ကြဘူးလား၊ အခုလို သပိတ်မှောက်တော့ ကျောင်းသားတွေ ပြည်သူတွေ ဒုက္ခရောက်ရတာ မသိဘူးလား ဆိုပြီးတော့ပါ။ ပြောရရင် သပိတ် မှောက် ဘတ်စ်ကားလိုင်းက အလုပ်သမားတွေဟာ ပြည်သူတွေရဲ့ ထောက်ခံမှု မရကြဘူး ဆိုတာပါ။ ဘတ်စ်ကား ဒရိုင်ဘာတွေ၊ စပယ်ယာတွေကပဲ မှားနေသလား၊ ဒီ ပြဿနာ ဘာကြောင့် ဖြစ်ရသလဲ အရင်းခံ အကြောင်းတရားတွေကို မရှာဖွေသင့်ဘူးလား ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

Saturday 19 September 2015

မားစ်ကူးစက်မှုကြောင့် ဟာ့ဂ်ျဝတ်ပြု ခရီးသွား အရေအတွက် ကျဆင်းနိုင်ကြောင်း ဆော်ဒီအစိုးရ ကြေညာ


မားစ်ရောဂါပိုး ခြိမ်းခြောက်မှုကြောင့် ယခုနှစ် ဟာ့ဂ်ျဝတ်ပြုခရီးအတွက် လာရောက်သူ အရေအတွက် လျော့ပါးဖွယ်ရှိကြောင်း ဆော်ဒီအာရေဗျ အစိုးရက ကြေညာခဲ့သည်။
အစ္စလာမ် ဘာသာရေးအရ ဟာ့ဂ်ျကာလတွင် ဆော်ဒီနိုင်ငံရှိ မက္ကာမြို့သို့ ဝတ်ပြုခရီး သွားရောက်ခြင်းသည် အမြင့်ဆုံး လုပ်ဆောင်မှု တစ်ခုဖြစ်ရာ နှစ်စဉ် ကမ္ဘာအရပ်ရပ်မှ မွတ်ဆလင် သန်းပေါင်းများစွာ ဟာ့ဂ်ျခရီးစဉ် လာရောက်လေ့ ရှိသည်။ သို့သော်လည်း ယခုနှစ်တွင်မူ ဆော်ဒီ၏ မားစ်ရောဂါ ပြဿနာက ဟာ့ဂ်ျခရီးသွား အရေအတွက်ကို လျော့ပါးသွားစေနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ခါလက်ဒ် အယ်လ် ဖာလီဟ်က စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ခမာနီများအကြောင်း ရိုက်ကူးမည့် ဂျိုလီ၏ ရုပ်ရှင်ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ထောက်ခံ



ခမာနီတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို ပုံဖော်မည့် အန်ဂျလီနာ ဂျိုလီ၏ ရုပ်ရှင်ကို ထောက်ခံကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ပြောကြားလိုက်သည်။အော်စကာဆုရှင် ဟောလိဝုဒ် မင်းသမီးသည် စက်တင်ဘာ ၁၇ ရက်က ဖနွမ်ပင် မြို့တော်တွင် ဝန်ကြီးချုပ် ဟွန်ဆန်းနှင့် တွေ့ဆုံရာ၌ ဝန်ကြီးချုပ်က ယခုလို ပြောဆိုသွားခြင်း ဖြစ်သည်။ ဂျိုလီသည် တစ်ချိန်က ကမ္ဘောဒီးယားကို အုပ်စိုးခဲ့ပြီး လူပေါင်းများစွာကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ခမာနီ အစိုးရနှင့် ပတ်သက်သော ရုပ်ရှင်တစ်ကားကို ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးလျက် ရှိသည်။
First They Killed My Father: A Daughter of Cambodia Remembers အမည်ရှိ ဇာတ်ကားသည် အစွန်းရောက် ကွန်မြူနစ် ခမာနီတို့ လက်ထက်က ကမ္ဘောဒီးယားမှ လူ့အခွင့်အရေး လှုပ်ရှားသူ လောင်အန်း၏ ဘဝသရုပ်ကို အခြေခံ ပုံဖော်ထားခြင်း ဖြစ်သည်။ ခမာနီတို့ကို ကမ္ဘောဒီးယားကို ၁၉၇၅ မှ ၁၉၇၉ ခုနှစ်ထိ အုပ်စိုးခဲ့ပြီး ကြမ်းကြုတ်စွာ သုတ်သင်မှုများ၊ အစာငတ်မွတ်မှု၊ အလုပ်ဖိစီးမှုများကြောင့် လူ ၂ သန်းမျှ အသက်ဆုံးရှုံးခဲ့ကြောင်း သမိုင်းမှတ်တမ်း ကျန်ရှိနေခဲ့သည်။

ပယ်လ်မိုင်ရာရှိ အိုင်အက်စ်တို့ကို ဆီးရီးယားလေတပ် အပြင်းအထန် တိုက်ခိုက်


စစ်သွေးကြွများ ထိန်းချုပ်ထားသည့် ပယ်လ်မိုင်ရာမြို့ကို အပြင်းထန်ဆုံး ဗုံးကြဲစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ကြောင်း သိရသည်။
ယခုသီတင်းပတ်အတွင်း လေတပ်၏ စစ်ဆင်ရေးတွင် အနည်းဆုံး လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်မျှ ပြုလုပ်ခဲ့ပြီး ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။ ယင်းသေဆုံးသူများတွင် စစ်သွေးကြွ ၁၂ ဦးလည်း ပါဝင်ကြောင်း ၎င်းအဖွဲ့၏ ဖော်ပြချက်တွင် ပါရှိသည်။

ကျေးရွာမီးလင်းရေး ကုန်ကျငွေစာရင်း အတိအကျထုတ်ပြန်ပေးရန် ပြောဆိုသူ ရွာသားနှစ်ဦး အသရေဖျက်မှုဖြင့် တရားစွဲခံရ


 ကျောက်တန်းမြို့နယ်၊ ကုလားတန်းကျေးရွာ လျှပ်စစ်မီးလင်းရေးကော်မတီဝင်က ငွေစရင်းရှင်းတမ်း အတိအကျထုတ်ပြန်ပေးရန် ပြောဆိုသဖြင့် အသရေဖျက်မှုဖြင့် တရားစွဲခံရကြောင်း ကာယကံရှင်များ က မြန်မာနိုင်ငံသတင်းစာဆရာအသင်း ရန်ကုန်ရုံးခန်း၌ သတင်းစာရှင်းပွဲပြုလုပ်ပြောဆိုသည်။

တရားစွဲခံရသူတစ်ဦးဖြစ်သည့် ဒေါ်တင်မာလွင်က ''သြဂုတ်လ ၇ ရက်နေ့ကပြုလုပ်တဲ့ မီးလင်းရေး ကော်မတီအစည်းအဝေးမှာ ကျွန်မနဲ့အတူ ကျေးရွာသား ၄ ဦးက ငွေစာရင်းကိစ္စမေးမြန်းတာ မရှင်းလင်းဘဲ တိုင်ချင်ရာတိုင်လို့ပြောပြီး အစည်းအဝေး ရပ်နားခဲ့တယ်။ နောက်ပြီး ပုဒ်မ ၅၀၀ နဲ့ တရားစွဲခံရတယ်။'' ဟု စက်တင်ဘာ ၁၈ ရက် သတင်းစာရှင်းပွဲတွင်ပြောသည်။

တစ်ညတည်းဆံပင်ပုံစံနှစ်မျိုးပြောင်းခဲ့တဲ့ ကေတီပယ်ရီ


အမေရိကန်ပေါ့ပ် စတားကေတီပယ်ရီသည် တစ်ည တည်းတွင် ဆံပင်ပုံစံနှစ်မျိုးပြောင်း၍ ပွဲတက်ခဲ့သည်ဟုသိရသည်။ကေတီပယ်ရီသည် စက်တင်ဘာ ၁၆ ရက်တွင် နယူး ယောက်မြို့ The Plaza ဟိုတယ်၌ ကျင်းပပြုလုပ်သော Harper's Bazaar Icons ပွဲသို့တက်ရောက်ခဲ့သည်။ ကေတီပယ် ရီသည် တလက်လက်တောက်ပ နေသော ဂါဝန်နှင့်လိုက်ဖက်သည့် နီညိုရောင်ဆံပင်ပုံစံနှင့် အနီ ရောင်ကော်ဇောထက်၌ ပထမ ဦးစွာလျှောက်လှမ်းခဲ့သည်။

ဆန္ဒမဲပေးမှု တပ်မတော်က အမြင်လေးမြင် မူဝါဒဖြင့် ရပ်တည်၊ NCA ထိုးရန် အဆင်သင့်ရှိနေ


 တပ်မတော်အနေဖြင့် ဆန္ဒမဲပေးရွေးချယ်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး စသည့် အမြင်လေးမြင်ရှိ သူနှင့် တပ်မတော်အပေါ် နားလည်မှုရှိသူများကို ဖြစ်စေလိုသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးက စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားလိုက်သည်။
ဆန္ဒမဲပေးမှုနှင့်ပတ်သက်၍ တပ်မတော်၏ ရပ်တည်ချက်မူဝါဒအား ပြောကြားအသိပေးရာတွင် မိမိဒေသအတွက် ကောင်းမွန်စေရန် ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးအား သိရှိ နားလည် စောင့်ထိန်းနိုင်သူများလည်း ဖြစ်စေလိုကြောင်းဆိုသည်။

Friday 18 September 2015

တနင်္သာရီတိုင်းတွင် ဒုတိယအကြိမ်ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်း၌ ခုနစ်သောင်းကျော်တိုးလာ


 တနင်္သာရီတိုင်းဒေသ ကြီးအတွင်း ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းထုတ်ပြန်ရာတွင် ပထမအကြိမ်ထုတ်ပြန်သည့် မဲဆန္ဒရှင် အရေအတွက်ထက် ၇၀,၀၀၀ကျော် ထပ်မံတိုးလာကာ စုစုပေါင်းမဲဆန္ဒရှင် ကိုးသိန်းခန့်ရှိလာပြီး မဲရုံများ ထပ်မံတိုးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တနင်္သာရီ တိုင်းဒေသကြီး ရှိ အခြေခံမဲဆန္ဒရှင်စာရင်းကို ပြီးခဲ့သည့် ဇွန်လအတွင်းက ပထမ အကြိမ်ထုတ်ပြန်ခဲ့ရာ စုစုပေါင်း မဲဆန္ဒရှင် ၈၂၀,၀၀၀ ကျော်ရှိခဲ့ပြီး စက်တင်ဘာ ၁၄ ရက်က ထပ်မံထုတ်ပြန်ခဲ့သည့် မဲဆန္ဒ ရှင်စာရင်း တွင် ၈၉၂,၁၃၈ ဦးအထိ ရှိလာခဲ့ ကြောင်း တိုင်းဒေသကြီး ရွေး ကောက်ပွဲ ကော်မရှင်ထံမှ သိရ သည်။‘‘အခုထုတ်ပြန်ခဲ့တဲ့ မဲစာရင်း မှာ အခြေခံမဲဆန္ဒရှင်စာရင်းမှာ မပါသေးတဲ့ သူတွေက ပုံစံ (၃)နဲ့ လျှောက်ထားတဲ့ သူတွေ၊ ဒေသအတွင်းမှာ ရှိတဲ့ တပ်နဲ့ ရဲတွေရဲ့ စာရင်းလည်း ပါဝင်လာပါတယ်။ ပုံစံ (၃) (က)နဲ့ လျှောက်ထားရ မယ့်သူတွေက မဲရုံအလိုက် ခွဲ ပေးတဲ့ မဲဆန္ဒရှင်စာရင်းမှာ ပါလာ လိမ့်မယ်။ အဲဒီအချိန်ကျရင် လည်း မဲဆန္ဒရှင်စာရင်းထပ်တိုး လာနိုင်သေးတယ်’’ဟု တိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင် အရာရှိက ပြောကြားသည်။ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ၁၀ မြို့နယ်၌ ဘုတ်ပြင်းမြို့နယ်သည် ယခင်ထုတ်ပြန်ခဲ့သည့် အခြေခံမဲဆန္ဒရှင် စာရင်းထက် လျော့နည်းခဲ့ပြီး ကျန်မြို့နယ်များ၌မူ မဲဆန္ဒရှင် အရေအတွက် တိုးလာကြောင်း သိရသည်။

ကျောက်စိမ်း ကျောက်မျက် ရတနာလုပ်ငန်းရှင်များ အသင်းရုံး မုံရွာတွင် ဖွင့်လှစ်မည်


 မုံရွာမြို့နယ် ကျောက်စိမ်း ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းရုံးခန်းကို မုံရွာမြို့ ဆူး လေကုန်းရပ်ကွက် ဈေးလမ်းနှင့် နယားပျံလမ်းထောင့်၌ စက်တင်ဘာ ၁၉ ရက်တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။‘‘မုံရွာမြို့နယ် ကျောက်စိမ်း ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း တရားဝင်ဖွဲ့စည်းခဲ့တယ်။အခု အသင်းရုံးခန်း ဖွင့်ပြီးရင် ကျောက်မျက်ဈေး ဖွင့်လှစ်နိုင် အောင် သက်ဆိုင်ရာကို တင်ပြ သွားမယ်’’ဟု မုံရွာမြို့နယ် ကျောက်စိမ်းကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ရင်က ပြောသည်။
မုံရွာမြို့နယ် ကျောက်စိမ်း နှင့် ကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်းတွင် အသင်းဝင် ၁၃၀ ကျော်ရှိပြီး ယခင်က နေအိမ်များ၊ လက်ဖက်ရည်ဆိုင်များ၌ ကျောက်စိမ်းနှင့် ကျောက်မျက် ရတနာများ အရောင်းအ၀ယ်ပြု လုပ်ခဲ့ကြသည်။ ယခုအခါ မုံရွာမြို့နယ်အတွင်း ကျောက်စိမ်းနှင့် ကျောက်မျက် ပစ္စည်းများ ဈေး ကွက်ပီပြင်လာစေရန်နှင့် ကျောက်မျက်ရတနာဈေးအဖြစ် ဖွင့်လှစ် ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက် နေခြင်း ဖြစ်သည်။

အမတ်လောင်း အတည်ပြုရေး ဆုံးဖြတ်ရန် ၃ဦး ကျန်နေသေး


အမတ်လောင်းအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုဆုံးဖြတ်ပေးရန် ၃ဦးကျန်ရှိ နေသေးသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးဝင်းဦးခိုင်က စက်တင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကိုပြောသည်။
"ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၃ အရ အသနားခံစာတင်လာလို့ စိစစ်ပေးတာ မဟုတ်ဘူး။ မှားယွင်းဆုံးဖြတ်မှုရှိမရှိ ကိုကြည့်ပေးတာ။ မဲလက်မှတ်ရိုက်ရမယ့် ကိစ္စတွေလည်းရှိတဲ့အတွက် ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ဆုံဖြတ်ပေးမှာပါ။" ဟု ၎င်းကဆိုသည်။
ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၃တွင် ကော်မရှင်အဖွဲ့ခွဲ အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက် ဆုံးဖြတ်ချက်များ နှင့် ဆက်လျဉ်း၍ ပြည်ထောင်စုကော်မရှင်သည် မိမိဆန္ဒအလျောက် သက်ဆိုင်ရာအမှုတွဲ၊ စာရွက်စာတမ်းများကို တောင်းယူကြည့်ရှု၍ လိုအပ်သလို အဆုံးအဖြတ်ချမှတ်နိုင်သည်။ ယင်းဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်ဟု ပြဌာန်းထားသည်။

သန်လျင်တံတား လမ်းအသုံးပြုခ ကောက်ခံရေးလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း တစ်သိန်းကျော် သတ်မှတ်


သန်လျင်တံတား ယာဉ် အသုံးပြုခကောက်ခံခြင်းလုပ်ငန်း အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ မည်ဖြစ်ပြီး ကြမ်းခင်းဈေး ကျပ် သိန်းပေါင်း တစ်သိန်းတစ်သောင်း တစ်ထောင် သတ်မှတ်ထား ကြောင်း မြန်မာ့မီးရထားဌာနမှ သတင်းရရှိသည်။
‘‘ကျွန်တော်တို့ ဒီတစ်ခါတင် ဒါခေါ်ယူမှုမှာ သုံးနှစ်သက်တမ်း လုပ်ကိုင်ခွင့်နဲ့ ခေါ်သွားမယ်။ ပြီး ခဲ့တဲ့နှစ်တွေက တစ်နှစ်သက်တမ်း လုပ်ကိုင်ခွင့်နဲ့ပဲ ခေါ်ယူခဲ့ပါတယ်။ တခြားတံတားများနဲ့တူအောင် ဒီ နှစ်မှာ သုံးနှစ်သက်တမ်းတိုးပြီး တင်ဒါခေါ်ယူတာပါ’’ဟု မြန်မာ့မီး ရထားဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးကပြောသည်။

Thursday 17 September 2015

ကျောင်သားဟောင်းအနုပညာရှင်တွေ ဖျော်ဖြေမယ့် တီတီစီရန်ပုံငွေကပွဲ


ကျောင်းသားဟောင်း အနုပညာရှင်များကိုယ်တိုင် ပါဝင် ဖျော်ဖြေမယ့် ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက် တန်းကျောင်း (TTC)၏ သက်ကြီး အာစရိယပူဇော်ပွဲ ရန်ပုံငွေပဒေ သာကပွဲကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါပွဲတွင် တီတီစီ ကျောင်းသားဟောင်းများဖြစ် သော ဇော်ဝင်းထွဋ်၊ မျိုးကျော့မြိုင်၊မျိုးမျိုး၊ သံသာဝင်း၊ အဲလက်စ်၊ မေစံပယ်ညို၊ ဖြူဖြူကျော်သိန်း၊ Examplez၊ ဖိုးသောကြာ၊ အိမ့် ချစ်၊ ရှင်ဖုန်း၊ အရိုး၊ ရည်မွန်၊ အောင်အေးချစ်၊ ကျော်ထွဋ်ဆွေ၊ အာဘွိုင်း၊ ဉာဏ်လင်းအောင် အပါအဝင် တေးသံရှင်များနှင့် အနုပညာရှင်များက တေးသီချင်း များနှင့် ဖျော်ဖြေပေးမည်ဖြစ်ကာ ဟိန်းဝေယံ၊ မိုးယံဇွန်၊ သျှားထွဋ် အိန္ဒြာ၊ ခိုင်သဇင်ငုဝါ၊ ခိုင်သခင် ယုဝါ၊ ဖြိုးဝေနှင့် ရပ်ဆဲလ်တို့က လည်း အကများ၊ တေးသရုပ်ဖော် များဖြင့် ပါဝင်ပေးမည်ဖြစ်သည်။

မြန်မာပိုင်နက်အတွင်း ဝင်ရောက်၍ စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းမရှိကြောင်း အိန္ဒိယတပ်ဖွဲ့ဝင်များပြော


ပြီးခဲ့သည့် ဇွန်လ ၉ ရက်က စစ်ဆင်ရေးတစ်ခုတွင် စစ် သွေးကြွစခန်း နှစ်ခုကို ဝင်ရောက် စီးနင်းခဲ့သည့် အိန္ဒိယတပ်များသည် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခဲ့ ခြင်း မရှိဘဲ အိန္ဒိယပိုင်နက် နာဂ လန်းနှင့် မဏိပူရနယ်အတွင်းသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထိုစစ်ဆင်ရေးများတွင် ပါဝင်ခဲ့ပြီး သူရဲကောင်းဆုများ ရရှိခဲ့သည့်တပ်ဖွဲ့ဝင်များ၏ ပြောစကားများ ကို ကိုးကားကာ အိန္ဒိယပြည်တွင်း  အီကောနောမစ်တိုင်းမ်သတင်း စာက ဖော်ပြသည်။

ထိုစဉ်က အိန္ဒိယသတင်းနှင့် ပြန်ကြားရေးဝန်ကြီး ရာ့ဂျယာဘာ ဒန် ရက်သိုးရ်က ထိုစစ်ဆင်ရေး တွင် အိန္ဒိယတပ်များသည် မြန်မာ နယ်စပ်ထဲသို့ ဖြတ်ကျော်ဝင် ရောက်ပြီး စစ်သွေးကြွစခန်း နှစ်ခု ကို စီးနင်းခဲ့ကြောင်း မှားယွင်း ပြောကြားခဲ့သည်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ မျှော်မှန်းထားကြောင်း ဒီမာရီယာပြော



မယ်လ်မိုအသင်းနှင့် ချန်ပီ ယံလိဂ်ပွဲတွင် ပီအက်စ်ဂျီအတွက် တစ်ဂိုးသွင်းပြီးနောက် အာဂျင်တီးနား တောင်ပံလူ ဒီမာရီယာက ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရန် မျှော်မှန်းနေကြောင်း ထုတ်ဖော်ပြောသည်။

အာဂျင်တီးနားတောင်ပံလူ သည် ထိုပွဲတွင် ပီအက်စ်ဂျီအတွက် အဖွင့်ဂိုးကို လှပစွာသွင်းခဲ့ ပြီး ဒုတိယပိုင်းတွင် ကာဗာနီက တစ်ဂိုးထပ်မံသွင်းကာ ပီအက်စ်ဂျီက မယ်လ်မိုကို ၂-၀ ဂိုးဖြင့်နိုင်သွားခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် နှစ် ၆၀ ကျော်အတွင်း အကောင်းဆုံးအခွင့်အရေး ဆုံးရှုံးနိုင်သော အန္တရာယ်ရှိဟု ICG သတိပေး

မြန်မာနိုင်ငံသည် နှစ် ၆၀ ကျော်ကာလအတွင်း ငြိမ်းချမ်းရေးအတွက် ရရှိမည့် အကောင်းဆုံး အခွင့်အရေးကို ဆုံးရှုံးနိုင်သည့် အန္တရာယ် စွန့်စားရနိုင်ခြေရှိနေ ကြောင်း နိုင်ငံတကာ အကျပ်အ တည်းဆိုင်ရာ အဖွဲ့အစည်းကြီး (ICG )က အောက်တိုဘာ ၁၆ ရက်တွင် သတိပေးချက်ထုတ်ပြန် သည်။အိုင်စီဂျီသည် ကမ္ဘာတစ်ဝန်းပဋိပက္ခများကို တားဆီးဖြေရှင်းရန် ကြိုးစားနေသောအဖွဲ့ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်တွင် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခြေအနေကို ထောက်ပြ သုံးသပ်ခဲ့ခြင်း ဖြစ်သည်။‘‘စေ့စပ်ညှိနှိုင်းတဲ့ နိုင်ငံရေး သဘောတူညီမှုတစ်ခုအတွက် နှစ် ၆၀ ကျော်ကာလမှာ အကောင်းဆုံး အခွင့်အရေးကို ဆုံးရှုံးနိုင်တယ်ဆိုတဲ့ တကယ့်အန္တရာယ် စွန့်စားမှုတစ်ခုရှိပါတယ်’’ဟု အိုင် စီဂျီက ဖော်ပြခဲ့သည်။ယင်းမှာ လက်နက်ကိုင်အ ဖွဲ့ အများအပြားအတွက် နိုင်ငံ ရေး၊ စီးပွားရေး၊ စစ်ရေးမတည် ငြိမ်မှုရှိသော အတိတ်ကာလ ဆယ်စုနှစ်များက နိုင်ငံအနှံ့တော် လှန်ပုန်ကန်မှုဆီသို့ တစ်ကျော့ပြန် ခြင်းကို ဆိုလိုခြင်းမဟုတ်ဟု ဆို သည်။ သို့သော် ဤကာလရှည် ကြီးအတွင်း နက်နက်ရှိုင်းရှိုင်းဖြစ် ပေါ်ခဲ့သော တရားမမျှတမှု၊ မှား ယွင်းမှုများသည် နယ်စပ်ဒေသမလုံခြုံမှုများနှင့် စစ်ပုံသွင်းခြင်း ဆက်လက် ကိုင်စွဲမှုကို မဖော် ထုတ်နိုင်ဘဲ ကျန်ရှိစေမည်ဖြစ်ပြီး နိုင်ငံတော် တည်ဆောက်ရေးစီမံ ကိန်းများ မပြီးစီးဘဲ ကျန်ရစ်မည် ဆိုသည့်စွန့်စားရမှုကို ဆိုလိုခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

Tuesday 15 September 2015

ဆီးရီးယားတွင် ရုရှား လေတပ်စခန်းတစ်ခု တည်ဆောက်နေဟု အမေရိကန်ပြောကြား



ဆီးရီးယားတွင် ရုရှားက ရှေ့တန်းထိုးစစ်အတွက် လေတပ်အခြေစိုက် စခန်းတစ်ခုကို ပြင်ဆင် ဆောက်လုပ်နေကြောင်း အမေရိကန်က ပြောကြားလိုက်သည်။
ပြီးခဲ့သည့် လပိုင်းအတွင်း ရုရှားသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆက်ဒ်နှင့် ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုမြှင့်တင်လာသလို စစ်လက်နက် ထောက်ပံ့မှုများ အရှိန်မြှင့်လာခဲ့သည်။ အမေရိကန်က ဆီးရီးယား ပြည်တွင်းရေးတွင် ရုရှား ဝင်ရောက်စွက်ဖက်မှုအပေါ် စိုးရိမ်ကြောင်း ပြောဆိုထားသော်လည်း ရုရှားကမူ ယခုအခါ ဆီးရီးယားတွင် ပိုမိုကျယ်ပြန့်သည့် စစ်ရေးဖြန့်ကျက်မှုမျိုး ပြုလုပ်ရန် ခြေလှမ်းပြင်လာခဲ့သည်။

ဧရာဝတီမြစ်တွင် တစ်ရက်အတွင်း အမျိုးသားသုံးဦး ရေနစ်သေဆုံး


စက်တင်ဘာ ၁၂ ရက် က မန္တလေးခရိုင်ရှိ ဧရာဝတီမြစ်အတွင်းရေဆင်းချိုးရာမှ တစ်ရက်တည်း အမျိုးသားသုံးဦး ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။အမရပူရမြို့နယ် ဧရာဝတီ မြစ်အတွင်းရှိ ရှမ်းကလေးကျွန်း ကျေးရွာသို့ ၀င်ရောက်သည့် တံ တားအနီးရှိ မြစ်ထဲသို့ ညနေ ၅ နာရီက အမျိုးသားတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်နေသဖြင့် အနီးရှိ အမျိုးသားတစ်ဦးက ဆင်းကယ်ရာ ယင်းအမျိုးသားပါ ရေနစ်သေဆုံးသွားခဲ့ကြောင်း အမရပူရမြို့မရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရသည်။‘‘ရှမ်းကလေးကျွန်းမှာ မိုးရာ သီဆိုရင် ရေတက်တယ်။ နောက် ပြီး လေးယောက်နစ်တယ်လို့ ပြောနေကြတယ်။ နှစ်ယောက်ပဲ ရေ နစ်သေဆုံးသွားတာဖြစ်တယ်’’ဟု စခန်းမှူး ဦးမြင့်လွင်က ပြောသည်။အလားတူ ယင်းနေ့တွင်ပင် မဟာအောင်မြေမြို့နယ် သန်လျက်မှော်  အနောက်ရပ်ကွက်ရှိ ဧရာဝတီမြစ်ဆိပ်ကမ်း   ပေပင် သဲဆိပ် ၌လည်း အမျိုးသားတစ်ဦး သည် ညအချိန်အရက်မူးပြီး  ရေ ဆင်းချိုးရာမှ ရေနစ်သေဆုံးမှု ထပ်မံဖြစ်ပွားခဲ့သည်။အဆိုပါအမျိုးသားရေနစ် သေဆုံးမှုနှင့် ပတ်သက်၍ အမရပူရနှင့် မဟာအောင်မြေမြို့နယ်ရှိ ရဲတပ်ဖွဲ့စခန်းများတွင် သေမှုသေ ခင်းဖြင့် အမှုဖွင့်ခဲ့သည်။
7 day

DUO အမ်တီဗီထွက်ပြီးမှ ကျောင်းပြန်တက်မယ့် ကိကိ


ဘန်နီဖြိုးနှင့် ကိကိတို့ နှစ်ဦးပေါင်း၍ ပုံစံနှစ်မျိုးဖြင့် စီ စဉ်ထားသည့် DUO စီးရီး၏ အမ် တီဗီထွက်ရှိပြီးမှသာ ပြည်ပတွင် ကျောင်းပြန်တက်ရန် စီစဉ်ထား ကြောင်း အဆိုတော်ကိကိကပြော သည်။
‘‘ကျွန်တော်ကျောင်းပြန်သွား တက်ဖို့ကို အစောကြီးကတည်းက စီစဉ်နေတာ။ ဗီဇာအခက်အခဲနဲ့ ကိစ္စလေးနည်းနည်းရှိလို့ နှောင့် နှေးသွားတဲ့အချိန်မှာ ကျွန်တော်နဲ့ ဘန်နီနဲ့ပေါင်းပြီး ဒီအခွေကို ထုတ်ဖြစ်သွားတာပါ။ ဒါကြောင့် VCDထွက်မယ့်အချိန်ထိ ကျွန် တော်ဒီမှာပဲနေပြီး လုပ်သွားချင် လို့ ကျောင်းကို နောက်ဆုတ်လိုက် တာပါ’’ဟု ကိကိကပြောသည်။ကိကိနှင့်ဘန်နီဖြိုးတို့ နှစ် ဦးပေါင်းဖန်တီးထားသော DUO စီးရီးမှာ ပြီးခဲ့သည့်နှစ် အောက် တိုဘာတွင် အော်ဒီယိုစီဒီအဖြစ် ထွက်ရှိထားခဲ့သည်။