Thursday 17 January 2013

“အမေရိကန်စစ်သားများ သေကြောင်းကြံစည်မှု စံချိန်တင်မြင့်တက်”

“အမေရိကန်စစ်သားများ သေကြောင်းကြံစည်မှု စံချိန်တင်မြင့်တက်”

အမေရိကန်စစ်တပ်အတွင်း မိမိကိုယ်ကို မိမိသေကြောင်းကြံစည်မှု ပိုမိုများပြားလာပြီး ယမန်နှစ်အတွင်း ၃၄၉ ကြိမ်အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း AP က ဖော်ပြသည်။

ထိုပမာဏမှာ ၂၀၁၂ ခုနှစ်အတွင်း အာဖဂန်နစ္စတန် စစ်မြေပြင်တွင် သေဆုံးခဲ့သည့် တပ်ဖွဲ့ဝင် အရေအတွက် ၂၉၅ ဦးထက် ပိုမိုများပြားပြီး ၂၀၁၁ ခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေမှု ၃၀၁ ကြိမ်ထက်လည်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

အချို့သော ကျွမ်းကျင်သူများကမူ ယခုနှစ်အတွင်းတွင်လည်း အမေရိကန်စစ်တပ်အတွင်း သေကြောင်းကြံစည်မှုများ ပိုမိုဖြစ်ပွားလာနိုင်ကြောင်း ခန့်မှန်းပြောကြားသည်

အေးချမ်းမွန်မှ   Planet Myanmar Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အမေရိကန်စစ်တပ်အတွင်း မိမိကိုယ်ကို မိမိသေကြောင်းကြံစည်မှု ပိုမို များပြားလာပြီး ယမန်နှစ်အတွင်း ၃၄၉ ကြိမ်အထိ စံချိန်တင်မြင့်တက် ခဲ့ကြောင်း AP က ဖော်ပြသည်။
ထိုပမာဏမှာ ၂၀၁၂ ခုနှစ်အတွင်း အာဖဂန်နစ္စတန် စစ်မြေပြင် တွင် သေဆုံးခဲ့သည့် တပ်ဖွဲ့ဝင်အရေအတွက် ၂၉၅ ဦးထက် ပိုမိုများပြားပြီး ၂၀၁၁ ခုနှစ်အတွင်း ကိုယ့် ကိုယ်ကိုယ်သတ်သေမှု ၃၀၁ ကြိမ်ထက်လည်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ဒုံးကျည် စမ်းသပ်မှု အတွက် မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ အမေရိကန် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်


ဒုံးကျည် စမ်းသပ်မှု အတွက် မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ အမေရိကန် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်

ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခဲ့မှု အတွက် မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ် သွားရန် အမေရိကန် အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်မှု များသည် မကြာမီ ရက်ပိုင်းအတွင်း တိုးတက်မှုများ ရှိလာမည် ဖြစ်ကြောင်း အရှေ့အာရှ ဆိုင်ရာ အမေရိကန် အထူးသံတမန် ကတ်ကမ်းဘဲလ်က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။

အမေရိကန် ပြည်ထောင်စု အနေဖြင့် တရုတ်နှင့် ရုရှား အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် အင်အားကြီး နိုင်ငံများနှင့် မြောက်ကိုရီးယား အစိုးရအား အရေးယူ နိုင်မည့် အစီအစဉ် များကို ဆွေးနွေး ပြောဆိုလျက် ရှိကြောင်း ဆိုးလ်မြို့၌ သတင်းထောက် များကို ပြောကြား ခဲ့ပါသည်။ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ပြီးခဲ့သည့် လအတွင်းက တာဝေးပစ် ဒုံးပျံကို အသုံးပြု၍ ဂြိုလ်တုတစ်စင်းကို ပစ်လွှတ် ခဲ့ပါသည်။ 

အမေရိကန် နိုင်ငံနှင့် ၎င်း၏ ရင်းနှီးသော မဟာမိတ် နိုင်ငံများကမူ အဆိုပါ လွှတ်တင် မှုသည် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုသာ ဖြစ်သည်ဟု သံသယ ရှိကြောင်း သိရှိ ရပါသည်။

http://www.myawady.net.mm/allnews/global/item/4661-2013-01-17-15-24-41#.UPgMAe72ur0

ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခဲ့မှုအတွက် မြောက်ကိုရီးယား နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်သွားရန် အမေရိကန်အစိုးရ၏ ကြိုး ပမ်း ဆောင်ရွက်မှုများသည် မကြာမီ ရက်ပိုင်းအတွင်း တိုးတက်မှုများ ရှိလာမည် ဖြစ်ကြောင်း အရှေ့အာရှ ဆိုင်ရာ အမေရိကန် အထူးသံ တမန်ကတ်ကမ်းဘဲလ်က ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ပါ သည်။

မြန်မာ့ရွှေ နိုင်ငံတကာ ဈေးကွက် ၀င်ရန် ပြင်ဆင်

Photo: မြန်မာ့ရွှေ နိုင်ငံတကာ ဈေးကွက် ၀င်ရန် ပြင်ဆင်
Thursday, January 17, 2013

မြန်မာနိုင်ငံထွက် ရွှေများကို နိုင်ငံတကာဈေးကွက်သို့ တရားဝင် တင်ပို့ရောင်းချနိုင်ရန် စီစဉ်နေကြောင်း သတ္တုတွင်း ၀န်ကြီးဌာန သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန် က ပြောဆိုလိုက်သည်။

နေပြည်တော်တွင် အင်္ဂါနေ့က ပြုလုပ်သည့် မြန်မာနိုင်ငံ သတ္တုတွင်း လုပ်ငန်းရှင်များ အသင်းချုပ် ဖွဲ့စည်းတည်ထောင်ခြင်း နှင့် ရွေးချယ်
တင်မြှောက်ခြင်း အခမ်းအနား၌ ပြောကြားခြင်း ဖြစ်သည်။

“သတ္တုတွင်း ဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်ကို တင်ထားတယ်။ ဥပဒေကြမ်း ထုတ်ပြီး ကမ္ဘာကို ရောင်းဖို့ လုပ်မယ်။ သတ္တုတွင်းချည်းပဲ မဟုတ်ဘဲ ပုဂ္ဂလိက ရွှေလုပ်ငန်းရှင်များပါ ပြည်ပ ဈေးကွက်မှာ ရောင်းချ နိုင်အောင် လုပ်သွားမှာပါ”ဟု ဦးဝင်းထိန်က ဆို သည်။

နိုင်ငံတကာ ရွှေဈေးကွက်သို့ ပုဂ္ဂလိက ရွှေလုပ်ငန်းရှင်များပါ ဆက်သွယ်ရောင်းချခွင့်ပြုရန် လွှတ်တော်တွင် တင်ပြထားပြီး ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ရောင်းချသွားရန် လိုအပ်သဖြင့် ရွှေလုပ်ငန်းရှင်များ အတွက် အလုပ်ရုံ ဆွေးနွေးပွဲများ လုပ်ပေးသွားရန်ရှိကြောင်း၊ ဥပဒေကြမ်းပေါ် မူတည်၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ စစ်ကိုင်း တိုင်းဒေသအတွင်း ရွှေတူးဖော်နေသည့် လုပ်ငန်းရှင် တဦးကလည်း“ကျနော်တို့ ပုဂ္ဂလိက ရွှေတူးဖော်နေတဲ့ သူ တွေလည်း
မြန်မာရွှေတွေကို နိုင်ငံတကာကို ရောင်းချချင်ကြသလို၊ တရားဝင်
ဈေးကွက်နဲ့ တရားဝင် လုပ်ကွက်ဖြစ်လာဖို့ အတွက် လည်း မျှော်လင့် ပါတယ်။ အဲဒါမှ ရွှေလုပ်ငန်း လုပ်ကိုင်သူတွေ အတွက် အဆင်ပြေမှာပါ”
ဟု ပြောဆိုသည်။

မြန်မာနိုင်ငံရှိ ရွှေလုပ်ငန်း လုပ်ကိုင်နေသူများအတွက် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်လွှားနိုင်ရန် သတ္တု၊ သယံဇာတ ရင်းမြစ် လုပ်ငန်း ဆိုင်ရာ ဗဟုသုတ ၊ သတင်း အချက်အလက်များ၊ သတ္တုလုပ်ငန်း နည်းပညာ၊ အဆင့်မြင့် စက်ကိရိယာ၊ သက်ဆိုင်ရာ ဓာတုပစ္စည်းများ အသုံးပြုခြင်း၊ ဥပဒေ၊ နည်းဥပဒေ၊ အမိန့် ညွန်ကြားချက်များ အပါအ၀င် အသိပညာများ တိုးတက်ဖွံ့ဖြိုးရေး ဆိုင်ရာ နည်းလမ်းရှာ၍ ကြိုးစား ရမည်ဖြစ်သည်ဟု ဦးဝင်းထိန်က ပြောသည်။

အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတရေးရာ ကော်မတီ ဥက္ကဌ ဦးနေ၀င်းထွန်းကလည်း မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ် အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် အာဆီယံ သတ္တုလုပ်ငန်း အသင်းချုပ် (AFMA) အဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်သွားရန်
မျှော်လင့်ထားကြောင်း အထက်ပါ အခမ်းအနားတွင် ပြောကြားသည်။

“ကျနော်တို့တွေ စက်ကိရိယာတွေ အခြေအနေအရ မသုံးစွဲနိုင်သေးတဲ့
အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတာတွေ ရှိတယ်။ တချို့ ခွင့်ပြုမိန့်မရဘဲ တရားမ၀င် လုပ်နေတာတွေ တွေ့မြင်နေရတယ်။ နောက်ပြီး ခွင့်ပြုမိန့် သက်တမ်းကို ၃ နှစ်မဟုတ်ဘဲ ၅ နှစ်တိုးမြှင့် ပေးဖို့လိုအပ်
ပါတယ်”ဟုလည်း ဦးနေ၀င်းထွန်းက ဆက်ပြောသည်။

နိုင်ငံတကာသို့ မြန်မာ့ရွှေကို ရောင်းချခွင့် ပြုမည်ဆိုပါက အကြမ်းထည်ရွှေ နှင့် အချောထည် ရွှေနှစ်မျိုးကို တင်ပို့ ရောင်းချသွားရန် စီစဉ်ထားကြောင်းနှင့် လက်ရှိတွင် ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်နေသည့် အကြီးစား ရွှေတူးဖော်ရေး ကုမ္ပဏီ ၁၀ ခု ၊ အသေးစား ကုမ္ပဏီ ၄၀၀ ရှိကြောင်း သိရသည်။

ယခင်က ပြည်ပထွက်ခွာမည်ဆိုလျှင် မြန်မာနိုင်ငံသားများသည် ရွှေ တကျပ်သား သာ ၀တ်ဆင်ယူဆောင်ခွင့် ရှိပြီး မည်သည့် ကျောက်မျက်
များကိုမှ ယူဆောင်ခွင့် မပြုခဲ့ကြောင်း၊ အကယ်၍ စစ်ဆေးတွေ့ရှိပါက
နိုင်ငံခြားငွေ လဲလှယ်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၉ (၂) အရ အရေးယူ ခံရမည့်အပြင် ကျောက်မျက် ရတနာ ဥပဒေ ပုဒ်မ ၃၉ ဖြင့်လည်း အရေးယူသွားမည်ဟု အကောက်ခွန် ဦးစီး ဌာနမှ ကြေညာချက် ထုတ်ထားကြောင်း သိရသည်။

ဧရာဝတီ မြန်မာနိုင်ငံထွက် ရွှေများကို နိုင်ငံတကာဈေးကွက်သို့ တရားဝင် တင်ပို့ရောင်းချနိုင်ရန် စီစဉ်နေကြောင်း သတ္တုတွင်း ၀န်ကြီးဌာန သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန် က ပြောဆိုလိုက်သည်။

ဆီးဂိမ်းလာဧည့်များအတွက် ဟိုတယ်အခန်းခ တစ်ည ဒေါ်လာ၅ဝသာ ယူရန် သတ်မှတ်

Photo: ဆီးဂိမ်းလာဧည့်များအတွက် ဟိုတယ်အခန်းခ တစ်ည ဒေါ်လာ၅ဝသာ 
ယူရန် သတ်မှတ်
Thursday, January 17, 2013

ယခုနှစ်အတွင်းပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်း လာရောက်မည့် ဧည့်သည်များအတွက် ဟိုတယ်အခန်းခများကို တစ်ညဒေါ်လာ ၅ဝ သာ
ယူရန် သတ်မှတ် လိုက်ကြောင်း ရန်ကုန်ဟိုတယ်ဇုန်မှ သိရသည်။

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဧည့်သည်များ တည်းခိုရန် ရန်ကုန်ရှိ ဟိုတယ်များကို ရွေးချယ်ကာ အခန်းများတောင်းယူ
ထားကြောင်း၊ အဆိုပါ အခန်းများအတွက် အခန်းခများကို တစ်ည ဒေါ်လာ ၅ဝ ယူရန် ဝန်ကြီးဌာနမှ သတ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ ရန်ကုန် ဟိုတယ်ဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”ရန်ကုန်မှာတော့ ဒီဇင်ဘာ ၁၁ ရက်ကနေ ၂၅ ရက်အထိပေါ့၊ ဆီးဂိမ်း အတွက်ဆိုရင် ဒေါ်လာ ၅ဝ ပဲ၊ တစ်နိုင်ငံလုံး ဒီနှုန်းပဲ”ဟု ၄င်းက ပြောသည်။
ရန်ကုန်ရှိ ဆီဒိုးနား၊ ချက်ထရီယမ်၊ ပါ့ခ်ရွိုင်ရယ်၊ အိုလံပစ်၊ အေးရှပလာဇာ၊ ဟိုတယ်ရန်ကုန်အပါအဝင် ဟိုတယ်များမှအခန်း ၇ဝဝ ကျော်ကို ဆီးဂိမ်း
အတွက် တောင်းယူထားကြောင်း သိရသည်။

”ကျန်ဟိုတယ်တွေကိုလည်း အဲဒီရက်မှာ အခန်း ၃ဝ ရာခိုင်နှုန်း ချန်ထားပေးဖို့
ညွှန်ကြားထားပါ တယ်။ လိုအပ်ရင် သုံးဖို့ညွှန်ကြား ထားတာ”ဟု ၄င်းက
ပြောသည်။

နေပြည်တော်၊ မန္တလေး၊ ငွေဆောင် စသည်တို့တွင်လည်း ဆီးဂိမ်းအတွက် အရန်ဟိုတယ်များ ထားရှိကြောင်း၊ ဆီးဂိမ်းလာရောက် အားပေးသူများ
ဈေးသက်သာစွာ ဖြင့် တည်းခိုနိုင်ရန် ရည်ရွယ်ကြောင်း ဟိုတယ်/ခရီးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ဆီးဂိမ်းအတွက် ရည်ရွယ်ကာရှိပြီးသားဟိုတယ်များအပြင် နေပြည်တော်
တွင် ဟိုတယ်အလုံး ၄ဝ၊ ရန်ကုန်တွင် ၁ဝ လုံး၊ မန္တလေးတွင် ၄ လုံးနှင့်
ငွေဆောင်တွင် ၃ လုံး အရန်ထားရှိမည်ဟု သိရသည်။

လက်ရှိတွင် ဟိုတယ်များ၏ အခန်းခနှုန်းထားများကို တစ်ညလျှင် ဒေါ်လာ ၁၅ဝ ထက်ပိုမယူရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်
ထားသည်။

Popular Myanmar News Journal
ယခုနှစ်အတွင်းပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်း လာရောက် မည့် ဧည့်သည်များအတွက် ဟိုတယ်အခန်းခများကို တစ်ညဒေါ်လာ ၅ဝ သာယူရန် သတ်မှတ် လိုက်ကြောင်း ရန်ကုန်ဟိုတယ်ဇုန်မှ သိရသည်။

ဆီးဂိမ်းတွင် မြန်မာ့မြင်းဖြင့်သာ ပြိုင်ပွဲဝင်ရမည်

ဆီးဂိမ်းမြင်းစီး ပြိုင်ပွဲတွင် မြန်မာမြင်းများသာ အသုံးပြုရမည်ဖြစ်ကြောင်း မြင်းစီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးငြိမ်းကျော် က ပြောသည်။ ”ဆီးဂိမ်းမှာ သူတို့နိုင်ငံက မြင်းတွေကို မယူလာခိုင်းဘဲ၊ ဒီနိုင်ငံက မြင်းတွေနဲ့ပဲ ပြိုင်သွားမှာပါ”ဟု ၄င်းက ပြောသည်။

ကြံ့များရှေ့ အမှတ်တရဓာတ်ပုံရိုက်သည့် အမျိုးသမီး ကြံ့ဝှေ့ခံရ

Photo: ကြံ့များရှေ့ အမှတ်တရဓာတ်ပုံရိုက်သည့် အမျိုးသမီး ကြံ့ဝှေ့ခံရ
Thursday, January 17, 2013

ကြံ့ကြီးများ ရှေ့တွင် အမှတ်တရ ဓာတ်ပုံ အရိုက်ခံခဲ့သူ အမျိုးသမီး 
တစ်ဦး ကြံ့က ဝင်ဝှေ့သဖြင့် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ကြောင်း သိရှိရသည်။ တောင်အာဖရိက နိုင်ငံတွင် သဘာဝ သားရိုင်း ဥယျာဉ် တစ်ခုသို့ သွားရောက်ခဲ့သည့် ချန်တယ်လ် ဘေယာသည် ဒေသခံ သားရိုင်း တိရစ္ဆာန် စောင့်ရှောက်သူ၏ အကြံပြုချက်အတိုင်း ကြံ့ကြီးများနှင့် နီးနီးကပ်ကပ် သွားရောက်ပြီး ဓာတ်ပုံ အရိုက်ခံခဲ့သည်။

သူမသည် ဆာဖာရီ ဥယျာဉ်အတွင်း လှည့်လည် မောင်းနှင်သည့် ယာဉ်အတွင်းမှ အပြင်ထွက်ကာ ဓာတ်ပုံ အရိုက်ခံခဲ့သည့်နောက် 
အဆိုပါ အမှတ်တရ ဓာတ်ပုံကို ကောင်းမွန်စွာ ရရှိခဲ့သော်လည်း
နောက်ဆက်တွဲ ဖြစ်ရပ်ကြောင့် ဆေးရုံပါ ရောက်သွားရရှာခြင်း ဖြစ်သည်။ Bull Rhino အမျိုးအစား ကြံ့နက်ကြီးသည် အဆိုပါ ဓာတ်ပုံကို ရိုက်ကူးပြီး စက္ကန့်ပိုင်းအတွင်း ချန်တယ်လ်ကို အရှိန်နှင့် ဝှေ့ပစ်လိုက်ခြင်း ဖြစ်သည်။

Planet Myanmar Networkကြံ့ကြီးများ ရှေ့တွင် အမှတ်တရ ဓာတ်ပုံ အရိုက်ခံခဲ့သူ အမျိုးသမီးတစ်ဦး ကြံ့က ဝင်ဝှေ့သဖြင့် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ကြောင်း သိရှိရ သည်။ တောင်အာဖရိက နိုင်ငံတွင် သဘာဝသားရိုင်းဥယျာဉ်တစ်ခုသို့ သွားရောက်ခဲ့သည့် ချန်တယ်လ် ဘေယာသည် ဒေသခံသားရိုင်း

KIA အဖွဲ့မှအူဗျစ်ကျေးရွာမှ ရွာသူရွာသား ၄၅ ဦးအား ဖမ်းဆီးခေါ်ဆောင် ၀ိုင်းမော်-ကန်ပိုက်တီလမ်းကြောင်းပေါ်ရှိ ယာဉ်များအား ဆက်ကြေးများကောက်ခံ



နိုင်ငံတကာ အာကာသစခန်း အတွက် လေဖြည့်သွင်းနိုင်သော အာကာသယာဉ် နာဆာ ဝယ်ယူ

Photo: နိုင်ငံတကာ အာကာသစခန်း အတွက် လေဖြည့်သွင်းနိုင်သော အာကာသယာဉ် နာဆာ ဝယ်ယူ

အမေရိကန် အာကာသ အေဂျင်စီ (NASA) အဖွဲ့သည် နိုင်ငံတကာ အာကာသ စခန်း (ISS) တွင် တပ်ဆင် အသုံးပြုရန် အတွက် လေဖြည့်သွင်းနိုင်သော အာကာသယာဉ်ကို ဝယ်ယူရန် အတွက် အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၈ သန်းရှိ စာချုပ် တစ်ရပ်ကို လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။
နာဆာ အဖွဲ့သည် နီဗာဒါ အခြေစိုက် Bigelow Aerospace ပုဂ္ဂလိက အာကာသယာဉ် ကုမ္ပဏီသို့ ငွေကြေး များ ပေးချေ သွားမည် ဖြစ်ပြီး နည်းပညာ ဆိုင်ရာ သရုပ်ပြမှု တစ်ရပ်အဖြစ် အဆိုပါ ကုမ္ပဏီ၏ လေဖြည့် သွင်းနိုင်သည့် အာကာသယာဉ် (BEAM) ကို ကမ္ဘာပတ်လမ်း အတွင်းရှိ ဓာတ်ခွဲခန်းတွင် တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။ အမေရိကန် အာကာသယာဉ် တီထွင်မှုတွင် အရေးပါသော တိုးတက်မှု ရရှိရန်၊ လူသားများ အာကာသ အတွင်း ဘေးအန္တရာယ် ကင်းစွာနှင့် အဖိုးနှုန်း သက်သာစွာ နေထိုင် သွားလာနိုင်ရန် အတွက် အဆင့်မြင့် နည်းပညာကို ကျယ်ကျယ် ပြန့်ပြန့် အသုံးချရန် အဆိုပါ သဘော တူညီချက်ကို လက်မှတ် ရေးထိုး ခဲ့ခြင်း ဖြစ်ကြောင်း နာဆာ အဖွဲ့ ဒုတိယ အကြီးအကဲ လိုရီဂါဗာက ပြောကြားခဲ့သည်။

နာဆာအဖွဲ့ကို တည်ထောင်သူ ဂါဗာနှင့် ဘီဂီလို၊ အဖွဲ့ဥက္ကဋ္ဌ ရိုဘက် ဘီဂီလိုတို့သည် BEAM အစီအစဉ်နှင့် စပ်လျဉ်း၍ ဇန်နဝါရီ ၁၆ ရက်တွင် မီဒီယာ တစ်ခု၌ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း နာဆာ အဖွဲ့က ပြောကြားသည်။

BEAM ကို ကမ္ဘာပတ် လမ်းကြောင်းအတွင်း နှစ်နှစ်ခန့် ထားရှိသွားမည် ဖြစ်ပြီး အဆိုပါ အာကာသ ယာဉ်ကို နာဆာ အဖွဲ့၏ ကုန်တင် အာကာသ ယာဉ်များ အနက် အာကာသယာဉ် တစ်စင်းဖြင့် လွှတ်တင် သွားနိုင် ဖွယ် ရှိကြောင်း နာဆာ အဖွဲ့က ပြောကြားသည်။

http://www.myawady.com.mm/allnews/global/item/4572-2013-01-17-08-59-32#.UPd_f50seJ8

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အမေရိကန် အာကာသ အေဂျင်စီ (NASA) အဖွဲ့သည် နိုင်ငံတကာ အာကာသ စခန်း (ISS) တွင် တပ်ဆင် အသုံးပြုရန် အတွက် လေဖြည့် သွင်းနိုင်သော အာကာသယာဉ်ကို ဝယ်ယူရန်အတွက် အမေရိ ကန် ဒေါ်လာ ၁၇ ဒသမ ၈ သန်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။

ပြန်တွင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေး လိုလားသူလူငယ်တစ်စု လမ်းလျှောက်မည်


ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရပ်ဆဲရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင် လာစေဖို့ ရည်ရွယ်ချက်နဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ လူငယ်တစ်စုက ရန်ကုန်မြို့ကနေ ကချင်ပြည်နယ်ကို လမ်းလျှောက်ချီတက်သွားမယ်လို့ ဒီကနေ့ညနေပိုင်းက ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်ပါတယ်။

အစိုးရ၀န်ထမ်းများကို လစာတိုးပေးရေး မလိုအပ်သောအသုံးစရိတ်များ လျှော့ချရန် ကြိုးပမ်းမည်ဟု လွှတ်တော်အမတ်များဆို




လာမည့်ဘဏ္ဍာနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏လစာများ တိုးမြှင့်ပေးနိုင်ရန်အတွက် မလိုအပ်သော စီမံကိန်း များ၏ကုန်ကျငွေများကို ဖြတ်တောက်ရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောသည်။

လျှပ် စစ်ကား Fisker Karma ကို Destino အဖြစ်ပြောင်း

Photo: လျှပ်စစ်ကား Fisker Karma ကို Destino အဖြစ်ပြောင်း
Thursday, January 17, 2013

အမေရိကန် VL Automotive Destino ကုမ္မဏီမှ တည်ဆောက်တဲ့ ကား ဖြစ် ပါတယ်။ ကိုယ်ပိုင် ဒီဇိုင်းတော့ မဟုတ်ပါဘူး။ Fisker Karma က ထုတ်တဲ့ လျှပ်စစ်ပြိုင်ကားကို ပြန်လည် ပြောင်းလဲ ထားခြင်းမျှသာ ဖြစ်ပါ တယ်။

လျှပ်စစ်ကား အင်ဂျင်ကို တာဘိုချာဂျာသုံး မြင်းကောင်ရေအား ၆၃၈ ရှိတဲ့ V8 အင်ဂျင်ကို အသုံးပြုလိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ယခင် လျှပ်စစ် ပြိုင် ကား ထက် စွမ်းဆောင်ရေပိုမြင့်တာ မှန်ပေမယ့် ဆီသုံးကား အဖြစ် သို့ ရောက်မှာ ဖြစ်ပါတယ်။

ဒီဇိုင်းကလည်း ထူးထူးထွေထွေမပြောင်းလဲပါဘူး။ Fisker နဲ့ သဘောတူညီမှု ရရှိလို့ ပုံစံတူကိုပဲ ထုတ်လုပ်တာ ဖြစ်ပါတယ်။ သို့ပေမယ့် ကြည့်လိုက်တာနဲ့ Fisker ရဲ့  လျှပ်စစ်ကား မဟုတ်မှန်း သိအောင်တော့ နည်းနည်း
ပြောင်းလဲမှာ ဖြစ်ပါတယ်။ ဈေးနှုန်း အနေနဲ့ ကတော့ အမေရိကန် ဒေါ်လာ ၁၈၀၀၀၀ ဝန်းကျင်နဲ့ ရောင်းချမှာ ဖြစ်ကြောင်း သိရ ပါတယ်။
--
Ref: autoblog
http://www.colayonline.com.mm/automobile
ColayOnline:Automobile
အမေရိကန် VL Automotive Destino ကုမ္မဏီမှ တည်ဆောက်တဲ့ ကား ဖြစ်ပါတယ်။ ကိုယ်ပိုင်ဒီဇိုင်းတော့မဟုတ်ပါဘူး။ Fisker Karma က ထုတ်တဲ့ လျှပ်စစ်ပြိုင်ကားကို ပြန်လည် ပြောင်းလဲ ထားခြင်းမျှသာ ဖြစ်ပါ တယ်။

ကိုရီးယားဆမ်ဆောင်းစက်ရုံ မှော်ဘီတွင် တည်တော့မည်

ကိုရီးယားဆမ်ဆောင်းစက်ရုံ မှော်ဘီတွင် တည်တော့မည်

မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်ကွင်း၌ ဆမ်ဆောင်းကုမ္ပဏီ စက်ရုံလာရောက် တည်ထောင်တော့မည်ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။

အမျိုးသားညီလာခံ ကျင်းပရာ အဆိုပါနေရာရှိ မူလအဆောက်အအုံ နေရာ များ၌ စက်ရုံတည်ဆောက်မည် မဟုတ်ဘဲ သီးခြားနေရာတွင် ဆောက်လုပ် မည်ဟု ကော်မရှင်ဥက္ကဋ္ဌက ပြောသည်။

”ရင်းနှီးမြှုပ်နှံမှု ပမာဏလည်း ကြီးတယ်။ ဒါ့ကြောင့်လူ ၅ သောင်း အလုပ် ရသွားမယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

စက်ရုံ တည်ဆောက်ခြင်းကို ယခုနှစ်လအတွင်း စတင်အကောင်အထည်ဖော် မည်ဖြစ်ပြီး ပြည်တွင်း၌ အဓိကရောင်းချရန်မဟုတ်ဘဲ တောင်ကိုရီးယားမှ တစ်ဆင့် ပြန်လည်ဖြန့်ဖြူး ရန် စက်ရုံလာတည်ခြင်း ဖြစ်သည်ဟု ကော်မရှင်မှ သိရသည်။

ယခုကဲ့သို့သော ဆမ်ဆောင်း စက်ရုံကို ဗီယက်နမ်နိုင်ငံတွင် တည်ထောင် ထားခဲ့ပြီးဖြစ်သည်ဟု သိရ သည်။အစိုးရသစ် တက်ပြီးနောက် ကမ္ဘာကျော် အမှတ်တံဆိပ်များ ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန် ပက်(ပ်)စီကုမ္ပဏီပြီးလျှင် ယခု တောင်ကိုရီးယားဆမ်ဆောင်းမှာ ဒုတိယ
မြောက် ဖြစ်သည်။

PN-051၊ရန်နိုင်
Ref & Credit to Popular Myanmar News Journal

မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်ကွင်း၌ ဆမ်ဆောင်းကုမ္ပဏီ စက်ရုံ လာရောက် တည်ထောင်တော့မည်ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံ မှုကော် မရှင်မှ သတင်းရရှိသည်။

 မြန်မာတစ်နိုင်ငံလုံး၌ ဇန်န၀ါရီလ ၁၆ ရက်နေ့မှစ၍ ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်သို့ ပြန်လည်ရောက်ရှိ

မြန်မာတစ်နိုင်ငံလုံး၌ ဇန်န၀ါရီလ ၁၆ရက်နေ့မှ စတင်ကာ ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်သို့ ပြန် လည်ရောက် ရှိပြီဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော် က ပြောကြားခဲ့သည်။

အယ်လ်ဂျီးရီးယားသူပုန်အုပ်စုက နိုင်ငံခြားသားများကို ဓားစားခံအဖြစ် ဖမ်းဆီးထား

အယ်လ်ဂျီးရီးယားသူပုန်အုပ်စုက နိုင်ငံခြားသားများကို ဓားစားခံအဖြစ် ဖမ်းဆီးထား
Thursday, January 17, 2013

အယ်လ်ဂျီးရီးယားနိုင်ငံတွင် အစ္စလာမ်မစ်သူပုန်များက ဓာတ်ငွေ့စက်ရုံ
တစ်ရုံအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗြိတိန်တစ်ဦး အပါအဝင်
နိုင်ငံခြားသားနှစ်ဦး သေဆုံးပြီး အများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သိရှိရသည်။

အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နှင့် ဂျပန်နိုင်ငံသားများ ပါဝင်သော ဓားစာခံ ၄၁ ဦးကို ဖမ်းဆီးထားကြောင်း အယ်လ်ဂျီးရီးယားသူပုန်အဖွဲ့က ပြောကြားသည်။
မာလီတွင် အစ္စလာမ်မစ်သူပုန်များအား တိုက်ခိုက်မှု၌ ပြင်သစ်နိုင်ငံ၏ စစ်ရေးပါဝင်ဆောင်ရွက်မှုကို လက်စားချေသည့်အနေဖြင့် ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

Planet Myanmar Network
အယ်လ်ဂျီးရီးယားနိုင်ငံတွင် အစ္စလာမ်မစ်သူပုန်များက ဓာတ်ငွေ့စက်ရုံ
တစ်ရုံအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗြိတိန်တစ်ဦး အပါ အဝင် နိုင်ငံခြားသားနှစ်ဦး သေဆုံးပြီး အများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သိရှိရသည်။

KIA သို့ ထိုးစစ်ဆင်မှုတွင် အပြစ်မဲ့အရပ်သားများ သေဆုံးခဲ့ရခြင်း အပေါ် EU မှ ရှုတ်ချ



တပ်မတော်မှ KIA သို့ ထိုးစစ်ဆင်မှုတွင် အပြစ်မဲ့ အရပ်သားများသေဆုံးခဲ့ရခြင်းအပေါ် ဇန်န၀ါရီလ ၁၅ ရက်နေ့တွင်ကြေညာချက်ထုတ်ပြန်ပြီး ပြစ်တင်ရှုတ်ချလိုက်ပါသည်။

ဂျပန် နိုင်ငံ အိုကီနာဝါ စီရင်စုရှိ အမေရိကန် လေတပ် အခြေစိုက် စခန်းတွင် စတဲ့သ် နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့် ချထား


ဂျပန် နိုင်ငံ အိုကီနာဝါ စီရင်စုရှိ အမေရိကန် လေတပ် အခြေစိုက် စခန်းတွင် စတဲ့သ် နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့် ချထား

ဂျပန် နိုင်ငံ အိုကီနာဝါ စီရင်စုရှိ အမေရိကန် နိုင်ငံ၏ Kadena လေတပ် အခြေစိုက် စခန်းတွင် အမေရိကန် နိုင်ငံ၏ စတဲ့သ် နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့် ချထားကြောင်း ဂျပန် နိုင်ငံ၏ ကျိုဒို သတင်း ဌာနက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရောက်ရှိ လာခဲ့သော အဆိုပါ တိုက်လေယာဉ် များသည် အမေရိကန် နိုင်ငံ ဗာဂျီးနီးယား ပြည်နယ်ရှိ Langley-Eustis ပူးတွဲ လေတပ် အခြေစိုက် စခန်းတွင် မူလက တပ်ဖြန့် ချထားခဲ့ကြောင်း ၎င်းသတင်း ဌာနက ထုတ်ပြန် ခဲ့ပါ သည်။ ဂျပန် ကာကွယ်ရေး တပ်ဖွဲ့နှင့် အမေရိကန် လေတပ်တို့သည် Miyazaki  စီရင်စုရှိ လေတပ် အခြေစိုက် စခန်းတွင် ၅ ရက်ကြာ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းအား ပြုလုပ် ခဲ့ပါသည်။ ဂျပန် ကာကွယ်ရေး တပ်ဖွဲ့သည် အိုကီနာဝါ စီရင်စုရှိ ကျွန်းတစ်ကျွန်းတွင် အမေရိကန် နိုင်ငံနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း တစ်ရပ် ပြုလုပ်ရန် စီစဉ် ထားခဲ့သော်လည်း ဒေသခံ များ၏ အပြင်းအထန် ကန့်ကွက်မှုကြောင့် ဖျက်သိမ်းခဲ့ ကြောင်း သိရှိ ရပါသည်။

http://www.myawady.com.mm/allnews/global/item/4550-2013-01-16-16-25-39#.UPdZr-72ur0
ဂျပန် နိုင်ငံ အိုကီနာဝါစီရင်စုရှိ အမေရိကန် နိုင်ငံ၏ Kadena လေတပ် အခြေစိုက်စခန်းတွင် အမေရိကန် နိုင်ငံ၏ စတဲ့သ်နည်းပညာသုံး F-22 တိုက်လေယာဉ် ၉ စီးအား တပ်ဖြန့်ချထားကြောင်း ဂျပန် နိုင်ငံ၏ ကျိုဒို သတင်း ဌာနက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရောက်ရှိ လာခဲ့သော အဆိုပါ တိုက်လေ ယာဉ်များသည် အမေရိကန် နိုင်ငံဗာဂျီးနီးယား ပြည်နယ်ရှိ Langley-