Tuesday 8 January 2013

တရုတ်နှင့်တင်းမာနေစဉ် ဂျပန်ကာကွယ်ရေးအသုံးစားရိတ် တိုးမြှင့်

တရုတ်နှင့်တင်းမာနေစဉ် ဂျပန်ကာကွယ်ရေးအသုံးစားရိတ် တိုးမြှင့်
Tuesday, January 08, 2013

လွန်ခဲ့သော ရက်ပိုင်းက ဂျပန်နှင့်တရုတ်တို့ ပိုင်နက်အငြင်းပွားလျက်ရှိသော ကျွန်းစုများအနီးသို့ တရုတ်ရေယာဉ်များ ဝင်ရောက်လာမှုကြောင့် ဂျပန်ရှိ တရုတ်သံအမတ်ကို ဂျပန်အစိုးရက ခေါ်ယူသတိပေးခဲ့ပြီးနောက် ဂျပန် ကာကွယ်ရေးအသုံးစားရိတ်ကို တိုးမြှင့်မည်ဖြစ်ကြောင်း လက်ရှိ အာဏာရ ပါတီ LDP ပါတီက ပြောကြားသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လက်ထက်တွင် ဆယ်စုနှစ်ကျော်ကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၃ ခုနှစ်အတွက် ဂျပန် ကာကွယ်ရေး အသုံးစားရိတ်ကို တိုးမြှင့်သုံးစွဲခြင်းလည်း ဖြစ်သည်။

ဂျပန်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော LDP ပါတီ၏ ကာကွယ်ရေး ဆိုင်ရာအဖွဲ့က တရုတ်၏ရဲတင်းသောလုပ်ရပ်များကို တုံ့ပြန်ရန် ဂျပန် ကာကွယ်ရေး အသုံးစားရိတ်ကို ဂျပန်ယန်းငွေ ဘီလီယံ ၁၀၀ (အမေရိကန်
ဒေါ်လာ ၁ ဒသမ ၁၅ ဘီလီယံ) ပိုမိုသုံးစွဲရန် ပါလီမန်သို့ တင်ပြ တောင်းခံ မည်ဟု ဆုံးဖြစ်လိုက်ကြောင်း LDP ပါတီ၏ တာဝန်ရှိသူတစ်ဦးက
အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။

ယခုထပ်မံတောင်းခံထားသည့် ထပ်တိုးကာကွယ်ရေး အသုံးစရိတ်ကို
ရေဒါစနစ်နှင့်ပတ်သက်သော သုတေသနအတွက်လည်းကောင်း၊
လောင်စာနှင့် အခြားသော တိုက်လေယာဉ်နှင့်ပတ်သက်သည့် ကြိုတင် သတိပေးချက်စနစ်ကို ပြုပြင်ထိန်းသိမ်းသည့်ကိစ္စများတွင် လည်းကောင်း အသုံးပြုသွားမည်ဟု ၎င်းကပြောကြားသည်။

ဂျပန်နှင့်တရုတ်တို့သည် လွန်ခဲ့သောလပိုင်းက အရှေ့တရုတ်ပင်လယ် အတွင်းရှိ ကျွန်းစုများပိုင်ဆိုင်မှုနှင့်ပတ်၍ တင်းမာမှုများ ရှိခဲ့ပြီး၊ ယခု လတ်တလော တင်းမာမှုအဖြစ် အဆိုပါ ကျွန်းစုအနီးသို့ တရုတ်ရေယာဉ်များ ဝင်ရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ ဂျပန်ရှိတရုတ်သံအမတ်ကို ဂျပန်အစိုးရက
ခေါ်ယူသတိပေးခဲ့သည်အထိ တင်းမာမှုများ ပြန်လည်စတင်လာခဲ့သည်။

လက်ရှိဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ၎င်း၏ရွေးကောက်ပွဲ မဲဆွယ် စဉ်က တရုတ်အပေါ်တင်းမာသော သဘောထားရှိသည့်သဘောကို
ပြသမဲဆွယ်ခဲ့ပြီး၊ ယခုကဲ့သို့ တရုတ်သံအမတ်ကို ခေါ်ယူသတိပေးခြင်းသည် ၎င်း၏အစိုးရလက်ထက်ပထမဆုံးအကြိမ်ဖြစ်သည်။

လာမည့် မတ်လအထိအကျုံးဝင်သော ၂၀၁၂ခုနှစ်အတွက် မူလဂျပန် ကာကွယ်ရေးဘတ်ဂျတ်မှာ ဂျပန်ယန်းငွေ ၄ ဒသမ ၆၅ ထရီလီယံ ရှိသည်။ ၂၀၀၂ ခုနှစ်က အမြင့်ဆုံး ကာကွယ်ရေးအသုံးစားရိတ်အဖြစ် ဂျပန်ယန်းငွေ ၄ ဒသမ ၉၄ ထရီလီယံထိရှိခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်သစ် ရှင်ဇိုအာဘေးသည် ပြိုင်ဘက် DPJ ပါတီ ၂၀၁၀ ခုနှစ်က
ရေးဆွဲခဲ့သော ဂျပန်နိုင်ငံ၏ ရေရှည်ကာကွယ်ရေး အခြေခံ အစီအစဉ်ကို
ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီ အိုနိုဒီရက ပြောကြားသည်။

MTS
Ref: CNA
The Myanma Age
လွန်ခဲ့သော ရက်ပိုင်းက ဂျပန်နှင့်တရုတ်တို့ ပိုင်နက်အငြင်း ပွားလျက် ရှိသော ကျွန်းစုများအနီးသို့ တရုတ်ရေယာဉ်များ ဝင်ရောက် လာမှုကြောင့် ဂျပန်ရှိ တရုတ်သံအမတ်ကို ဂျပန် အစိုးရ က ခေါ်ယူ သတိပေးခဲ့ပြီးနောက် ဂျပန် ကာကွယ်ရေးအသုံးစားရိတ်ကို တိုးမြှင့် မည်ဖြစ်ကြောင်း လက်ရှိ အာဏာရပါတီ LDP ပါတီက ပြောကြားသည်။

ကျပ်တစ်သိန်းဝန်းကျင် မိုဘိုင်းဖုန်းများစတင်ရောင်းချရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇန်န၀ါရီ ၉ ရက်နေ့တွင် ပြုလုပ်မည်

ကျပ်တစ်သိန်းဝန်းကျင် မိုဘိုင်းဖုန်းများစတင်ရောင်းချရေး ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇန်န၀ါရီ ၉ ရက်နေ့တွင် ပြုလုပ်မည်
Tuesday, January 08, 2013

ယခုလအတွင်း ကျပ်တစ်သိန်းဝန်းကျင်ဖြင့် ရောင်းချမည့် မိုဘိုင်းဖုန်းများနှင့်
ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇန်န၀ါရီ ၉ ရက်နေ့တွင်
ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။ 

'' ရောင်းချမယ့်ဈေးနှုန်းနဲ့စတင်ရောင်းချမယ့်ရက်ကို အစည်းအဝေး
လုပ်ပြီးမှသိရပါမယ်'' ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ရောင်းချမည့်ဈေးနှင့်ရောင်းချမည့်ရက် အတိအကျ မသတ်မှတ်
ရသေးသော်လည်း ဇန်န၀ါရီလအတွင်း စတင်ရောင်းချသွားမည်
ဖြစ်ကြောင်း ၄င်းကပြောသည်။

az
Popular Myanmar News Journal ယခုလအတွင်း ကျပ်တစ်သိန်းဝန်းကျင်ဖြင့် ရောင်းချမည့် မိုဘိုင်း ဖုန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဇန်န၀ါရီ ၉ ရက်နေ့တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ တာဝန် ရှိသူတစ်ဦးကပြောသည်။'' ရောင်းချမယ့်ဈေးနှုန်းနဲ့စတင်ရောင်း ချမယ့် ရက်ကို အစည်းအဝေးလုပ်ပြီးမှသိရပါမယ်'' ဟု အထက်ပါ ပုဂ္ဂိုလ် က ပြောသည်။

လေးနိုင်ငံပူးပေါင်း၍ လူကုန်ကူးမှုများအားတိုက်ဖျက်သွားမည်

Photo: လေးနိုင်ငံပူးပေါင်း၍ လူကုန်ကူးမှုများအားတိုက်ဖျက်သွားမည်
Tuesday, January 08, 2013 

မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ် တိုင်းဆိုသလိုဖြစ်ပွားနေသော လူ  ကုန်ကူးခံရမှုများအား ကမ္ဘောဒီးယား၊မလေးရှား၊ထိုင်း၊မြန်မာလေး
နိုင်ငံပူးပေါင်း၍ လူကုန်ကူးခြင်းခံ ရသော လူများအား ကယ်တင်၍ လူကုန်ကူးမှုများတိုက်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။

““ဦးတို့ လူကုန်ကူးမှုတွေကို  တိုက်ဖျက်တဲ့အခါမှာ အဓိကတော့  MOU ထိုးရမယ်။နှစ်နိုင်ငံလူကုန် ကူးမှုတိုက်ဖျက်ပါမယ်လို့ MOU ထိုးနိုင်မှသာ ပူးပေါင်းဆောင်ရွက် နိုင်မှာဖြစ်တယ်။ ဦးတို့နိုင်ငံနဲ့ ပထမဆုံးကမ္ဘောဒီယားက လက် မှတ်ထိုးပြီးသွားပြီးနောက် ထိုင်းနဲ့   မလေးရှားပါဝင်လာတယ်။ အစ တုန်းကတော့မလေးရှားက သူတို့ နိုင်ငံမှာ လူကုန်ကူးခံရတာမရှိဘူး လို့ပြောတယ်။ အခုသူတို့ကလည်း လက်ခံလာပြီးနောက်တစ်ခုပြောချင် တာက ဦးတို့နိုင်ငံမှာဝမ်းသာစရာ Foce Labour အလုပ်သမားမှတ် ပုံတင်နဲ့ပတ်သက်ပြီး ကမ္ဘာက သတ်မှတ်တာ ဦးတို့နိုင်ငံက နံပါတ်   သုံးဖြစ်သွားပြီ””ဟု လူကုန်ကူးမှု တိုက်ဖျက်ရေးမှတာဝန်ရှိသူ ရာလျံမုန်းက ပြောကြားသည်။

လက်ရှိမြန်မာနိုင်ငံတွင်ဖြစ် ပေါ်ခဲ့သော လူကုန်ကူးခြင်းခံရသည်မှာလည်း သူများနှင့်နှိုင်းယှဉ်ကာ ဆင်းရဲသည်ဟု မိမိကိုယ်ကို ထင်သောကြောင့်
ဖြစ်ကြောင်း ILO မှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။
လူကုန်ကူးခြင်းခံရတာလည်း အဓိကတော့ ကိုယ်တိုင် ဆင်းရဲတာ
မဟုတ်ဘဲနဲ့သူများနဲ့နှိုင်းယှဉ်ပြီး ဆင်းရဲတယ်လို့ထင်တာ။ အသင့်တင့်
ရှိပါလျက်နဲ့ပိုချမ်းသာချင်လို့ဖြစ်ရတာ””ဟုပြောကြားခဲ့ သည်။ 

၂၀၁၂ခုနှစ်အတွင်း လူကုန်  ကူးခြင်းခံရသည့် လူဦးရေသည် တရုတ်သို့ ၁၄၆ဦး၊ထိုင်းသို့ ၂၈ဦး ဖြစ်ကြောင်း အထက်ပါပုဂ်္ဂိုလ်များ၏ စာရင်း
ပြုစုထားသည့် အထောက်အထားအရ သိရသည်။

ဖြိုးအောင်
ွှThe Hot News
မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ် တိုင်းဆိုသလိုဖြစ်ပွားနေသော လူကုန် ကူးခံရမှုများအား ကမ္ဘောဒီးယား၊မလေးရှား၊ထိုင်း၊မြန်မာလေး င်ငံပူးပေါင်း၍ လူကုန်ကူးခြင်းခံရသော လူများအား ကယ်တင်၍ လူကုန်ကူးမှုများတိုက်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်တွင် ရခိုင်တဦး ကြိုးဆွဲချ သေဆုံး

Maungdaw-gateရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း ငခူရကျေးရွာတွင် ရခိုင်တဦး ကြိုးဆွဲချ  သေဆုံး သွားသည် ဟု သတင်းရရှိသည်။

အင်းစိန်မြို့နယ် ၌ Sky Net ၀န်ထမ်းအယောင်ဆောင်ကာ လိမ်ညာမှုများရှိနေ

Sky Net ရုပ်သံလိုင်းသည် ရုပ်သံလိုင်းအသစ်များအား  တိုးမြှင့် ထည့်သွင်းပေးလျက်ရှိရာ တွင် အချို့စက်များမှာ

တာချီလိတ်မြို့အနီး ယာဘအလုံးရေ သုံးသိန်းဝန်းကျင် ဖမ်းဆီးမိ

ရှမ်းပြည်အရှေ့ပိုင်းတာချီလိတ်မြို့အနီး ထိုင်းမြန်မာနယ်စပ်၌ မူးယစ် သယ်ဆောင် လာသူများနှင့်ထိုင်းနယ်ခြားစောင့်တပ် တိုက်ပွဲငယ်ဖြစ်ပွား ခဲ့ကြောင်း သိရသည်။  ဇန်န၀ါရီလ(၆)ရက်နေ့ နံနက်ပိုင်းတွင်

ပဲခူးတွင် တောင်းရမ်းစားသောက်သူများကို အရေးယူမည်

 ပဲခူးမြို့အတွင်းရှိ လူစည်းကား ရာနေရာနှင့်နိုင်ငံခြားသားများဝင် ထွက်သွားလာလေ့ရှိသော နေရာ များ ၌တောင်းရမ်း စားသောက်သူ

ပြည်သူတွေအတွက် နိုင်ငံရေးသမားတွေ လိုသည်

တောင်အာဖရိက အကျဉ်းထောင်မှ နယ်လ်ဆင် မင်ဒဲလား လွပ်မြောက်လာသည့်အခါ သူ့ကို တချိန်လုံး ထောင်ဝင် စာတွေ့ နေခဲ့ သော မိန်းမဖြစ်သူနှင့်အိမ်ထောင်ကွဲပြီးပြီ။ သမ္မတဖြစ်တော့ တယောက်တလမ်း နိုင်ငံရေးလျှောက်လှမ်းနေကြ သူများဖြစ်သည် ။

ယောင်္ကျားအရက်မူးသောင်းကျန်းလို့အုပ်ချုပ်ရေးမှုး သွားတိုင်တာအုပ်ချုပ်ရေးမှုးကအဓ္ဓမပြုကျင့်ဖို့လုပ်ဆောင်

ကသာမြို့ရဲတပ်ဖွဲ့စခန်းမှ (ပ)၄၃၃/၂၀၁၂  ဖြင့် တိုင်ချက်ရေး သွင်းပြီးဥပဒေ ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်အရေးယူမှု တစ်ခုပြုလုပ်ခဲ့ ရာ ထိုအမှုဖွင့်လှစ်ခဲ့ရခြင်း မှာ တရားခံဟု စွတ်စွဲခံရသူ နိုင်ဦး၏ 

ရိုဟင်ဂျာ ဆိုသူ များက ဘင်္ဂလာဒေ ခ်ျ့ ငါးဖမ်း သမား ၁၁ ဦးကို သတ်ပြီး ရေထဲ ပစ်ချ

malay.rohingya-boat-sinking
ရိုဟင်ဂျာဆိုသူ အုပ်စု တစ်ခုက ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ငါးဖမ်းသမား ၁၁ ဦးကို အသေသတ်ပြီး ရေထဲ ပစ်ချခဲ့သည်ဟု ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့ ထိပ်တန်း သတင်းစာများက ရေးသားဖေါ်ပြသည်။

ကားဈေးများကျနေပြီး အရှုံးပြသထက်ပြနေသောကားဈေးကွက်

Photo: ကားဈေးများကျနေပြီး အရှုံးပြသထက်ပြနေသောကားဈေးကွက်
Tuesday, January 08, 2013

2013ခုနှစ်အတွက် CIFတန်ဖိုးများ သတ်မှတ်ပြီးနောက် ကားဈေးများ ထပ်မံကျသွားသော်လည်း ၀ယ်သူများဘက်မှ ဈေးချရောင်းသော ကားကိုသာရွေးခြယ်ဝယ်ယူနေသဖြင့် ကားဈေးကွက်အရှုံးပြသထက်
ပြနေကြောင်း ဟံသာဝတီကားဝိုင်းမှ ကားအကျိုးဆောင်များ၏
ပြောကြားချက်အရ သိရသည်။

“ကားဈေးကွက်က ၀ယ်သူတွေကအခုဆိုရင် ကားအမျိုးအစားကိုမကြည့်ဘူး ကားဈေးကိုပဲကြည့်ပြီး ၀ယ်လာတာများတယ်။ ကားဈေးနည်းတဲ့ထဲမှာမှ
ဈေးပိုလျှော့ပေးတဲ့ကားကို ရွေးဝယ်နေကြတော့ ကားရောင်းရတာ အရှုံးဘက်ကိုဦးတည်နေတယ်”ဟု အကျိုးဆောင် ဦးထွန်းထွန်းက
ပြောကြားသည်။

CIFတန်ဖိုးများကို ၂၀၁၃ ဇန်န၀ါရီ ၁ရက်နေ့မှစတင်ပြောင်းလဲ သတ်မှတ်လိုက်ခြင်းကြောင့် ကားဈေးများမှာ ယခင်ကထက်ပို ကျသွားကြောင်း အထူးသဖြင့် ယခုတစ်ခေါက် ထုတ်လိုက်သောCIFတန်ဖိုး သတ်မှတ်ချက်ကြောင့် အင်ဂျင်ပါဝါမြင့်သော ကားအမျိုးအစားများမှာ ယခင်ဈေးထက် ၁၀သိန်းကျော် ဈေးပိုကျသွားကြောင်း သိရသည်။

“အခုရက်ပိုင်းမှာက CIFဈေးတွေနည်းနည်း ငြိမ်သွားတော့ ကားဈေးကွက်
ကတော့ ပြန်ကောင်းလာတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်ကတော့ ကားဈေးကွက်က တော်တော်ဆိုးတယ်။ CIFပြောင်းမယ်ဆိုတော့ ၀ယ်သူတွေက CIFတန်ဖိုးပြောင်းတာ စောင့်နေကြတာပေါ့။
အခုရက်ပိုင်းကျတော့ CIFတန်ဖိုးထွက်ပြီးသွားတော့ ၀ယ်သူတွေကတော့ ၀င်လာတယ် ခက်တာက ကားဈေးတွေက ကျတဲ့အပြင် ၀ယ်သူတွေ
ကလည်း ဈေးများများ လျှော့ပေးတဲ့ကားမှ ၀ယ်ကျတော့ ၀ယ်သူတွေ
ဘက်ကကြည့်ရင်ကောင်းပေမယ့် ရောင်းတဲ့သူတွေ ဘက်ကတော့
တော်တော်ရှုံးနေတယ်”ဟုအကျိုးဆောင် ဦးမောင်မြင့်က ပြောကြားသည်။

ကားဈေးကွက်ပြန် လည်ဦးမော့လာစေရန်မှာ အစိုးရထုတ်ပြန်သည့် အမိန့်နှင့်သာ သတ်ဆိုင်ကြောင်း အစိုးရမှ ကားတင်သွင်းခွင့် ရပ်ဆိုင်းခြင်းသို့ မဟုတ်ကားဟောင်းအပ်နှံ ခြင်းကိုရပ်ဆိုင်းခြင်း ပြုလုပ်မှသာလျှင် ကားဈေးကွက်အတွင်းမှ ကားများဈေးကောင်း ပြန်ရကာဦးမော့ လာနိုင်မည်ဖြစ်ကြောင်း အကျိုးဆောင် ဦးထွန်းထွန်းက သုံးသပ်ပြောကြား
သည်။

ကား Show Room များ ပေါ်လာခြင်းမှာလည်း ဟံသာဝတီကားဝိုင်းကို ထိခိုက်မှုရှိကြောင်းကို “ကားShow Room တွေပေါ်လာတာ ဟံသာဝတီကားဝိုင်းကို မထိခိုက်ဘူးလို့ပြောလို့တော့ မရဘူးပေါ့ဗျာ။ အနည်းအကျဉ်းတော့ ထိခိုက်တာပေါ့။ ဒီမှာကလမ်းဘေးဈေး
ရောင်းသလိုဖြစ်နေတော့ ကားအကြောင်း နားမလည်တဲ့သူတွေက ကားShow Room တွေရဲ့  နာမည်ကို ယုံကြည်မှုတစ်ခုအနေနဲ့ ထားပြီး ဈေးကြီးပိုပေးပြီး ၀ယ်ကျတာပေါ့။ ဟိုမှာကအရစ်ကျလည်း သွင်းလို့ရအောင် လုပ်ပေးနိုင်တော့ တချို့ ကလည်း သဘောကျ
တာပေါ့။”ဟုလည်း အကျိုးဆောင်တစ်ဦးက ပြောကြားသည်။

ဆုဝေ
ဓာတ်ပုံ-အောင်သိုက်
The Myanma Age2013ခုနှစ်အတွက် CIFတန်ဖိုးများ သတ်မှတ်ပြီးနောက် ကားဈေးများ ထပ်မံကျသွားသော်လည်း ၀ယ်သူများဘက်မှ ဈေးချရောင်းသော ကားကိုသာရွေးခြယ် ၀ယ်ယူနေသဖြင့် ကားဈေးကွက်အရှုံးပြသ

မစ်ဆူဘီရှီ ကားအစီး ၁၄၀၀ က သင်္ဘောတိုက်မှုတွင် နှစ်မြှုပ်

Photo: မစ်ဆူဘီရှီ ကားအစီး ၁၄၀၀ က သင်္ဘောတိုက်မှုတွင် နှစ်မြှုပ်
Tuesday, January 08, 2013

Baltic Ace အမည်ရ သင်္ဘော နှစ်မြှုပ်မှုမှာ မစ်ဆူဘီရှီ ကားအစီး ၁၄၀၀ ကျော် ပါဝင်သွားကြောင်း သိရပါတယ်။

အက်ဆီးဒန့်ဖြစ်တဲ့နေရာကတာ့ North Sea က နယ်သာလန် ပိုင်နက် ပင်လယ်ပြင်တစ်နေရာမှာ ဖြစ်ပါတယ်။ ပင်လယ်ကူး သင်္ဘော အသွားအလာ များတဲ့နေရာ ဖြစ်ပြီး သင်္ဘောသား မှားယွင်းမှုကြောင့် ဖြစ်တဲ့ အက်ဆီးဒန့် လို့ ဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ ပါလာတဲ့ လုပ်သားအားလုံးကိုတော့ ကယ်ဆယ်ပြီး ဖြစ် ပါတယ်။ ပါလာတဲ့ ကားများကတော့ ရေကြောင့် ပျက်ဆီးသွားပြီ ဖြစ် ပါတယ်။ ဒီအတွက် နယ်သာလန် အစိုးရနှင့် ရေပိုက်နက် လုံခြုံရေးအဖွဲ့မှ အသေးစိတ် စစ်ဆေးလျက် ရှိပါတယ်။

ကားများကတော့ ထိုင်းနဲ့ ဂျပန်ထုတ် မစ်ဆူဘီရှီများ ဖြစ်ပြီး ဘယ်လ်ဂျီယံ
နိုင်ငံမှ အထွက် ယခုလို ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
--
Ref: autoblog
http://www.colayonline.com.mm/automobile
ColayOnline:AutomobileBaltic Ace အမည်ရ သင်္ဘော နှစ်မြှုပ်မှုမှာ မစ်ဆူဘီရှီ ကားအစီး ၁၄၀၀ ကျော် ပါဝင်သွားကြောင်း သိရပါတယ်။

မြို့ပြနှင့် အိမ်ရာ ကဏ္ဍဖွံဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်

Photo: မြို့ပြနှင့် အိမ်ရာ ကဏ္ဍဖွံဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်။
Tuesday, January 08, 2013

မြို့ပြနှင့် အိမ်ရာ ကဏ္ဍဖွံဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယခုလ 
၂၀ ရက်နေ့နှင့် ၂၁ရက်နေ့ တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

၂၀ရက်နေ့ နေ့လည် ၁နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး အဆိုပါအလုပ်ရုံ
ဆွေးနွေးပွဲတွင် ပြည်တွင်းပြည်ပမှ ပညာရပ်ဆိုင်ရာသုတေသနနှင့်
လေ့လာချက်စာတမ်းများကို ဖတ်ကြားခြင်းအပြင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများ၏ ဆောက်လုပ်ရေးပစ္စည်းများ
တည်ဆောက်မှုနည်းပညာသစ်များနှင့်ဆောက်လုပ်ရေး လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့ပြနှင့် အိမ်ရာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အဆိုပါအလုပ်ရုံဆွေးနွေး ပွဲ၌ စာတမ်း ၅စောင် ဖတ်ကြားမည်ဖြစ်ပြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦး စီးဌာန ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ၊ မြန်မာနိုင်ငံ ဗိသုကာ အသင်းနှင့်မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းတို့မှ စာတမ်းများ ဖတ်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။

WMT
Popular Myanmar News Journal မြို့ပြနှင့် အိမ်ရာ ကဏ္ဍဖွံဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယခုလ ၂၀ ရက်နေ့နှင့် ၂၁ရက်နေ့ တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အိမ်ထောင်သော့ခတ်ကြသူများ

Photo: အိမ်ထောင်သော့ခတ်ကြသူများ
Tuesday, January 08, 2013

ဒါကတော့ ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်က စိန်းမြစ်ကူး တံတားပေါ်က လူသွားလမ်းပါ။

ဘယ်သူက ဘယ်လိုစလိုက်မှန်းတော့ မသိပါဘူး။ လက်ထပ်ခါစ အတွဲတွေဟာ ဒီတံတားပေါ်က အကာအရံမှာ အခုလို သူတို့နာမယ်တွေ ထိုးထားတဲ့ သော့ခလောက်ကို ခတ်၊ ပြီးတော့ သော့ကို စိန်းမြစ်ထဲ ပစ်ချကြပါတယ်တဲ့။ ပြန်ဖွင့်လို့ မရတဲ့ သော့ခလောက်မို့ အိမ်ထောင်မြဲမယ်ဆိုတဲ့ ယူဆချက်တွေလို့ ဆိုပါတယ်။

နောက်တော့ နိုင်ငံတကာက လာရောက်ကြတဲ့ ဟန်းနီးမွန်း အတွဲတွေရော ပြင်သစ်က အတွဲတွေပါ လာပြီး သော့ခတ်ကြသူတွေ အတော့ကို များလာပါတယ်။

အစပိုင်းမှာတော့ မြို့အာဏာပိုင်တွေက သော့တွေကို ဖြုတ်ပြီးရှင်းဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ တချို့သော့တွေကိုလည်း ဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ သော့တွေက များသထက်များလာတဲ့အချိန်မှာတော့ ပဲရစ်မြို့ရဲ့ လူစိတ်ဝင်စားစရာ မြင်ကွင်းတခု ဖြစ်လာပြီး ဒီသော့တွေကို မဖြုတ်တော့ဘဲ အနုပညာလက်ရာတခုအနေနဲ့ လက်ခံလာတယ်လို့ ဆိုပါတယ်။ m

Burma-Newselite
ဓာတ်ပုံ- စီအန်အန် ဒါကတော့ ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်က စိန်းမြစ်ကူး တံတားပေါ်က လူသွားလမ်းပါ။

အကြမ်းဖက်မှုကို ဂီတနဲ့ တုန့်ပြန်လိုက်ပုံက ...

Photo: အကြမ်းဖက်မှုကို ဂီတနဲ့ တုန့်ပြန်လိုက်ပုံက ...
Tuesday, January 08, 2013

အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတဦးကို အုပ်စုဖွဲ့ အဓမ္မကျင့်တဲ့အမှု ပြီးခဲ့တဲ့
အပတ် တုန်းက ဖြစ်ခဲ့လို့ အုတ်အော်သောင်းနင်းဖြစ်သွားတာ ကြားမိမှာပါ။ သားကောင်ဖြစ်ခဲ့ရတဲ့ ဒေလီမြို့က အမျိုးသမီးကို ဂုဏ်ပြုတဲ့အနေနဲ့ အိန္ဒိယ ဒါဂျီလင်မြို့မှာ ဂစ်တာဝါသနာရှင် ၆၀၀ က ဂျွန်လင်နွန်ရဲ့ IMAGINE သီချင်း ကို ပြိုင်တူ တီးခတ်သီဆိုနေကြပုံ ဖြစ်ပါတယ်။

“Imagine” ဆိုတဲ့သီချင်းဟာ အင်္ဂလန်တီးဝိုင်းဖြစ်တဲ့ The Beatles အဖွဲ့က ဂျွန်လင်နွန် သီဆိုခဲ့တဲ့ ကမ္ဘာကျော်သီချင်းဖြစ်ပါတယ်။ ဂျွန်လင်နွန်ကတော့ ကွယ်လွန်ခဲ့ပါပြီ။ ဇနီးဖြစ်သူ ဂျပန်အမျိုးသမီး ယိုကိုးအို့နိုက စစ်ပွဲနဲ့ အကြမ်း ဖက်မှုတွေကို တားမြစ်ပြီး ငြိမ်းချမ်းရေးကို ထိမ်းသိန်းနိုင်ဖို့ ဖန်တီးမှုတွေနဲ့ ပြသရမယ့် အချိန်ပါပဲလို့ ဂစ်တာသမား ၆၀၀ကို ထောက်ခံ ပြောဆို လိုက်ပါတယ်။ 

A
Burma-Newseliteအိန္ဒိယနိုင်ငံမှာ အမျိုးသမီးတဦးကိုအုပ်စုဖွဲ့ အဓမ္မကျင့်တဲ့အမှု ပြီးခဲ့တဲ့ အပတ်တုန်းက ဖြစ်ခဲ့လို့ အုတ်အော်သောင်းနင်းဖြစ်သွားတာ

ကေအိုင်အေ လုပ်ရပ်များနဲ့ ကချင်ပြည်ငြိမ်းချမ်းရေး ဘယ်ကိုဆက်မလဲ

Photo: ကေအိုင်အေ လုပ်ရပ်များနဲ့ ကချင်ပြည်ငြိမ်းချမ်းရေး ဘယ်ကိုဆက်မလဲ
Monday, January 07, 2013

“ကေအိုင်အေက ကလေးစစ်သားက စလို့ အရာရှိ အဆင့်ထိ လစာ၊ ခံစားခွင့် ဘာမှ မရဘူး။ အကြီးပိုင်းေ တွတော့ မပါဘူးပေါ့လေ။ DKBA တို့လိုပဲ ရိက္ခာပဲ ရတာ။ ပိုက်ဆံက ကိုယ်တိုင် ဖန်တီးယူကြတယ်။ ပဒေသ ရဇ် စနစ် မကုန်သေး တာပေါ့။

မိန်းမတွေ၊ ကလေးတွေက ကိုယ့်တောင်ယာကိုယ်လုပ်၊ ကိုယ့်စီးပွား ကိုယ်ရှာရတယ်။ ကိုယ့်သား အရွယ်ေ ရာက်လာပြန်တော့ ကေအိုင်အေထဲ ထည့်လိုက်ပြန်ရော။ အသက်ကြီးလို့၊ တိုက်ပွဲမှာ ဒဏ်ရာရလို့ ဒုက္ခိတ ဖြစ်ပြန်ေ တာ့လည်း ဘာအခွင့်အရေးမှ မရဘူး။ ကေအိုင်အိုက ကလေးတွေအတွက် ကျောင်းထောင်ေ ပး တာ၊ လျှပ်စစ်မီး လုပ်ပေးတာလောက်ကို အကျေနပ်ကြီး ကျေနပ်တယ်။ လိုင်ဇာက ကချင်တွေက ကေအိုင် အို မကောင်းကြောင်း လုံးဝမပြောဘူး။ သူတို့ ကေအိုင်အေ ဖြစ်ရတာ ဂုဏ်ယူတယ် ဆိုတာပဲ ပြောတယ်။

ဒါပေမဲ့ သူတို့ မျက်လုံးတွေကတော့ သူတို့ စကားနဲ့ ဆန့်ကျင်ဘက်ပဲ။
ကေအိုင်အေကြောင့် ဖြစ်ရတယ် ဆိုတာ ထက် အစိုးရကြောင့်၊ ဗမာစစ်တပ်ကြောင့်ဆိုတာ ကလေးကတည်းက ခေါင်းထဲ ရိုက်သွင်း 
ထားတယ်။

ကိုယ်ပိုင် ကွန်စတီကျူးရှင်း ရှိပြီးသားလို့လည်း ပြောတယ်။ ကေအိုင်အို ရပ်တည်ဖို့အတွက် ဆတ်ကြေးနဲ့ ဘိန်းလု ပ်ငန်းေ တွက ရတယ်။ လိုင်ဇာက ကချင်ပြည်နယ်အတွင်းမှာ လမ်းပန်းအကောင်းဆုံး နယ်စပ် ထွက်ပေါက်၊ ဗန်းမော်က ကုန်သည်တွေက လိုင်ဇာကတဆင့် ကုန်ကူးတယ်။အဲဒီကလည်း 
လမ်းဖြတ်ခ၊ ဂိတ်ဖြတ် ခ၊ လုံခြုံရေးခ စသည်ဖြင့် အကြောင်းအမျိုးမျိုးနဲ့
တောင်းတယ်။ ဆိုင်ကယ်နဲ့ ဆီတစ်ပေပါ တင်လာ ရင် လိုင်ဇာက အထွက် တစ်ထောင်၊ လဂျားယန်ဆိုတာ ဟိုနေ့က တိုက်ပွဲ ဖြစ်တဲ့ နေရာက ဂိတ် မှာ တစ်ထောင်၊ လမ်းက ကေအိုင်အေ စခန်းလေးတွေမှာ ငါးရာမျိုး တစ်ထောင်မျိုး တောက်လျှောက် ပေးရ တယ်။ အစိုးရစစ်တပ်
တွေ့ရင်လည်း ပေးရတာပဲ။ အဆုံးသတ်တော့ လူတွေပဲ ဒုက္ခရောက်တာပဲ။ KIA ရဲ့အရင် ဋ္ဌာနချုပ်က လိုင်စင် (ပါဂျောင်) မှာ။ လက်နက်စက်ရုံတွေက အဲ့မှာရှိတယ်။ အီန္ဒိယကသူပုန်တွေကို လက်နက်ရောင်းတယ်။

ဆတ်ကြေးကောက်တာ၊ လမ်းတွေ ဗုံးခွဲဖျက်စီးတာတွေ အားလုံးကို
ကေအိုင်အို လူကြီးတွေက ပြုံးပြုံးပဲ ၀န်ခံ တယ်။ လိုင်ဇာမှာ နိုင်ငံခြား သတင်းထောက် မပြတ်တမ်းရှိတယ်။ အယ်လ်ဂျာဇီးယား၊ ချယ်နယ် နယူးအေးရှားက သတင်းထောက်တွေက ကျောက်ချနေတယ်။ တိုက်ပွဲ ဖြစ်ရင် ဗွီဒီယို လိုက်ရိုက်တယ်။ ဇာတ်နာေ အာင် လုပ်တယ်။
ကေအိုင်အို လူကြီးပိုင်းနဲ့ အလွန် ပနံသင့်တယ်။ ကေအိုင်အိုက မီဒီယာကို ကိုင်တွယ်တာ အရမ်းနှပ်တယ်။ သတင်းထောက် တစ်ယောက် ရွှေလီကို
ဖြတ်လာပြီဆိုတာနဲ့ သူတို့ဆီ သတင်းရောက်တယ်။ ဒီဘက်မှာ ကြိုခိုင်းတယ်။ ဆဖ်ကား တစ်စီး၊ ဒရိုင်ဘာ တစ်ယောက်၊ စစ်ဗိုလ် တစ်ယောက် ပေးထားတယ်။ သွားချင်တာ လိုက်ပို့တယ်။ သွားလို့မရတဲ့
နေရာလုံးဝမရှိဘူး။ ဒါပေမဲ့ ကိုယ့်ဘာကိုယ် သွားလို့ မရဘူး။ သူတို့ လိုက်ပို့မှ ရတယ်။ အင်တာဗျူးဖို့ လူက အစ သူတို့ရှာပေးတယ်။ ရှေ့တန်းရောက်လို့ ရဲဘော်လေးတွေနဲ့ စကားပြောရင်လည်း အနားမှာ အရာရှိ တစ်ယောက်ယောက် အမြဲ ရှိနေတယ်။

အစိုးရစစ်တပ်က ဖမ်းထားတဲ့ ကလေးစစ်သားလေးတွေကို မီဒီယာလာတိုင်း လိုက်ပြတယ်။ အရင်လိုပဲ၊ ထုံးစံအတိုင်းပဲလို့ အင်တာဗျူးမစခင် စစ်ဗိုလ်တွေက ကလေးတွေကို ပြောတတ်တယ်။ သူတို့မှာလည်း ကလေးစစ်သားရှိတယ်။

ကေအိုင်အို ကျောင်းတွေမှာ အစိုးရ သင်ရိုးညွှန်းတမ်း ပဲ သင်တယ်။ ကချင်စာ၊ ကချင် သမိုင်းနဲ့ တရုတ်စာ သင်တယ်။ ဆယ်တန်းကို သူတို့ ဘာသူတို့ စစ်တယ်။ ဆယ်တန်းပြီးရင် တရုတ်ပြည်မှာ တက္ကသိုလ် တက်ခွင့် ရအောင် ကေအိုင်အိုက လုပ်ပေးတယ်။ ယောက်ျားလေး ဆိုရင် လိုင်ဇာ စစ်တက္ကသိုလ် တက်ကြ တယ်။ လိုင်ဇာ စစ်တက္ကသိုလ်က ပြင်ဦးလွင်ထက် မနိမ့်ဘူးလို့ သူတို့က ပြောတယ်။

သိခဲ့ရသလောက်က ကချင်ပြည်နယ်မှာ ခေတ်အဆက်ဆက်၊ ငြိမ်းချမ်းရေး ယူထားစဉ် ကာလတုန်း ကရောပေါ့၊ ခုချိန်ထိ စာသင်ကျောင်းတွေ မရှိဘူး။ မလုံလောက်ဘူး။ မူလတန်းကျောင်းလေးတောင် မရှိ ဘူး။ တချို့ ဒေသတွေမှာ။ အဲဒီတော့ ရပ်၇ွာ လူကြီးတွေ ကောင်းမှုနဲ့ စာသင်ရတယ်၊ ချာ့ကျောင်းတွေမှာ စာသင် ရတယ် နောက်တော့
ကေအိုင်အိုကျောင်းတွေက စာသင်ချင်တဲ့ ကချင်ကလေးတွေအတွက်
မျှော်လင့်ချက်ဖြစ်လာတယ်။

ခု လက်ရှိမှာ ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေ၊ စစ်ရေးအခြေအနေတွေဟာ သက်ဆိုင်ရာ နယ်ပယ် အသီး သီး လူပေါင်းများစွာရဲ့ အသိဥာဏ်ဝမ်းစာ အခြေခံ မပြည့်ဝမှုကြောင့်ဖြစ်တယ်။ ကမ္ဘာသိ သိမြင် အမြင် ကျယ် ကျယ် မရှိကြပဲ ကိုယ့်အိမ်က ရေကန်ကို ပင်လယ်ထင်နေကြတယ်။ စစ် ဖြစ်တယ် စစ်ဖြစ်တယ် ပြော တယ်။ ဥပမာ ကချင်လွတ်မြောက်ရေးတပ်နဲ့ အစိုးရတပ်နဲ့။ ကချင်လွတ်မြောက်ရေးတပ်ဆိုတာ ဘာကို ပြောတာလဲ။

>> ကချင်တွေက လက်ရှိ ပြည်ထောင်စုနိုင်ငံမှာ မလွတ်လပ်တဲ့ သဘောလား?

>> ဒါမှ မဟုတ် ဒီပြည်ထောင်စုက လွတ်လပ်ချင်ပီး တရုတ်ရဲ့ လက်အောင်ကို သွားချင်တာလား? (တရုတ် က ကချင်နယ်ကို ဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာအထိ ထွက်ပေါက်ယူဖို့ ကြံထားတာတွေ တစွန်းတစရှိတယ်)

မြင်သလောက်တော့ ကချင်လူထု(လူမျိုးနွယ်စု)ပေါင်းစုံ ကေအိုင်အေ ကို နှစ်သက်တယ်လို့ မထင်ပါဘူး။ အစိုးရစစ်တပ်ကိုလည်း မနှစ်သက်ကြတဲ့ လူတွေ များပါတယ်။ တချို့လူတွေက ပြောတယ် ၊ အင်အားကြီးတဲ့ သူက အင်အားငယ်တဲ့ သူကို တိုက်တာ မတရားဘူးတဲ့။ အစိုးရစစ်တပ်က အင်အားကြီးတာ မှန်တယ်။ ဒါပေမဲ့ စစ်ရဲ့ သဘောကို မသိတဲ့ လူတွေက လျှောက်ပြောတယ်။ မနေ့တနေ့က ထတိုက်ပြီး ခုမှ အသံကောင်းဟစ်၊ ၁၇ နှစ်လုံးလုံး အပစ်ရပ်ခဲ့တာ၊ လက်နက်၊ လူသူ စုဆောင်းချိန် အများကြီး ယူခဲ့ပြီး အပစ်ရပ်ပြီး ဆွေးနွေးနေတဲ့ တခြား တိုင်းရင်းသားတွေ၊ ရှမ်း၊ ကရင်၊ မွန်၊ ချင်းတွေကပဲ ပျော့ညံ့ သူတွေလိုလို၊ တိုင်းရင်းသား အခွင့်အရေးကို သစ်စာ ဖောက်သွားသူတွေလိုလိုပြောတယ်။ ဟို တိုင်းရင်းသားတွေက တောက်လျှောက် တိုက်လာခဲ့ကြတာ၊ စစ်ပန်းနေပြီ၊ ပိုက်ဆံလည်း မရှိတော့ဘူး။ လူတွေလည်း ပန်းနေကြပြီ။

ကေအိုင်အေတောင်ကုန်းနဲ့ စစ်တပ် တောင်ကုန်းတွေက ကပ်နေတာ။ တိကျ သေချာတဲ့ ဖရွန့်လိုင်းလည်း မရှိဘူး။ ဥပမာ ကြားဖူးတာက SSA ဆိုပါတော့ သူတို့ ၀မ့်ဟိုင်းတ ၀ိုက်မှာ ဖရွန့်လိုင်း လုပ်ထားတယ်။ အဲဒီရဲ့ ဟိုဘက် ဒီဘက် စစ်တပ်နဲ့ ရှမ်းတပ် ပဲ ဆိုတာ ကြားဖူးတယ်။
ကေအိုင်အေကျ တောင်ကုန်းလေးတွေခြားပြီး ကေအိုင်အေကုန်းဖြစ်လိုက် စစ်တပ်ကုန်းဖြစ်လိုက်နဲ့ ရောနေတာ တွေ့ခဲ့တယ်။ ကေအိုင်အေတွေက
ပြောတော့ သူတို့ စစ်တပ်ကုန်းကို ၀ိုင်းထားတာတဲ့။ ရိက္ခာ လာပို့ချိန်ဆိုရင် တိုက်ပွဲ ဖြစ်လေ့ရှိတယ်တဲ့။

လဂျားယန်နားမှာ ဆိုရင် ကေအိုင်အေကုန်းနဲ့ စစ်တပ်ကုန်း ကပ်ရက်ပဲ။ အဲဒိ လဂျားယန် ရဲ့ အနောက် ဘက်ကျ ကျ ( လိုင်ဇာဘက်လည်း မကျဘူး၊ တရုတ်ပြည်ဘက်ကျတယ် ) တောင်ကုန်းတစ်ခုမှာ ကေအိုင်အေ လက် နက်ကြီးတွေရှိတယ်။ လဂျားယန်ကျတာနဲ့ လက်နက်ကြီးနဲ့ ပြန်ထုဖို့ စီစဉ်ထားတယ်လို့ တစွန်းတ စ ကြားခဲံတယ်။ လဂျားယန်မှာ လက်နက်ကြီး မရှိ။ လဂျားယန်နဲ့ အဲဒီ တောင်ကုန်းကြားက မြေပြန့် ဖြစ်နေ တယ်။ သိပ်လည်း မကျယ်ဘူး။ အရင်ကတော့ ဗန်းမော် လိုင်ဇာလမ်းလို့ ပြောတယ်။
တောင်ကုန်းရဲ့ တစ်ဘက် က တရုတ်မြန်မာ နယ်စပ်ချောင်းပဲ ရှိတယ်။

( ၁ ) စစ်ရေးအရ လက်ဦးမှုအသာယူဖို့ ကြိုးစားတယ်

( ၂ ) ဆွေးနွေးပွဲကို အကြောင်းပြုပြီး စစ်ရေးမှာ နယ်မြေစိုးမိုးဖို့ ကြိုးစားတယ်။

( ၃ ) လူမျိုးရေး ခွဲခြားမှု ပြဿနာဖြစ်အောင် တစ်ဖက်ပိတ် ပြောတယ်။

( ၄ ) မိုင်းထောင်၊ မြို့ထဲဝင်ပစ်နဲ့ လက်နက်နဲ့ ပွဲဆူအောင် လုပ်တယ်။

( ၅ ) နိုင်ငံအလံအပါအ၀င် အခြားနည်းတွေနဲ့ ပွဲဆူအောင် လုပ်တယ်။

( ၆ ) စစ်တပ်က လုံခြုံရေးအရ ပြန်ယူဖို့ လုံခြုံရေးထိုးစစ်ဆင်ရင် ငြိမ်းချမ်းရေး ထအော်တယ်။

( ၇ ) ဘာသာရေး ခွဲခြားမှု လုပ်ဖို့ ကြိုးစားတယ်။

( ၈ ) နိုင်ငံရေး ခွဲခြားမှုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်တောင် အပုတ်ချတယ်။

ဟော .... အခု

နံပါတ် ( ၉ ) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အသုံးချပြီး ပွဲဆူအောင် လုပ်ပြန်ပြီ။

အစိုးရတပ်ပဲ အင်အားမကြီးပဲ နေမလား.။ ဒီ ပြည်ထောင်စုထဲက
ကောင်းကောင်း မနေချင်တဲ့ သူတွေကို ထိန်းသိမ်းဖို့ တင်မဟုတ်ဘူး။
ပြည်ပရန်စလာရင် တိုက်ဖို့ထိ စနစ်တကျဖွဲ့ထားတာ။ စစ်တပ် ကောင်းတယ် မကောင်းမပြောဘူး။ အားလုံးဟာ သူ့အလုပ်သူလုပ် နေကြတာ။ တခုပဲ .. ပြောနေကြတဲ့ သူတွေ အားလုံး ထဲက ထူးချွန်သူကိုအစိုးရတပ် သေနာပတိ
တယောက် ၊ ကေအိုင်အေ သေနာပတိ တယောက် လုပ်ခိုင်း မယ်။

ကိုယ်သာဆို ဘာလုပ်ကြမလဲ။ ကေအိုင်အေက ဆိုရင် အလံဖြူပြပီး
အေးအေး နေမလား။ ဘယ်နေမလဲ တရုတ်က မြှောက်ပေးနေတာပဲ။း)

တိုင်းပြည် မငြိမ်မသက်ဖြစ်နေမှ စီးပွားရေး အသာရနေမဲ့ အိမ်နီးချင်း အသိဥာဏ်မြင့်တိုးတက်တဲ့ နိုင်ငံတွေ ရဲ့ လက်ဖျောက်သံတွေကို မကြားပဲ ၊ ကိုယ့်အချင်းချင်း စွတ်အော်ဟစ်ဆဲဆိုနေတော့ ဘယ်မှာသာ တည်ငြိမ် တိုးတက်တော့မလဲ။့  KIA နဲ့ BG ပြောင်းထားတဲ့ အဖွဲ့ စားမာန်ခုတ်တာ
တွေလည်း အများကြီး ပါတယ်.. ကရင်က အစိုးရနဲ့ ဆွေးနွေးတော့ သူတို့ (KIA) က တိုင်းရင်းသား လက်နက်ကိုင်ထဲမှာ အင်အား အကြီး ဆုံး 
(လူသူ လက်နက် စီးပွါး) ဖြစ်ချင်တယ်။

ဒီတော့ ကချင်ပြည်ငြိမ်းချမ်းရေးကတော့ ဘယ်ကိုဆက်မလဲ ???

ကိုးကား - Kyaw Htin ၏ comment များမှ တချို့တဝက် ကိုးကားပါသည်။
မဟာကြောင်
ကေအိုင်အို လူကြီးပိုင်းနဲ့ အလွန် ပနံသင့်တယ်။ ကေအိုင်အိုက မီဒီယာကို ကိုင်တွယ်တာ အရမ်းနှပ်တယ်။ သတင်းထောက် တစ်ယောက် ရွှေလီကို ဖြတ်လာပြီဆိုတာနဲ့ သူတို့ဆီ

လူသတ် ပစ္စည်းယူပြီး ထွက်ပြေးတိမ်းရှောင်နေသူများအား (၂၄)နာရီအတွင်း ဖမ်းဆီးရမိ

၁၆-၁၂-၂၀၁၂ ရက်နေ့ ၀၈၀၀ အချိန် ကရင်ပြည်နယ်၊ ဘုရား သုံးဆူမြို့နယ်ခွဲ၊ အမှတ်(၂)ရပ်ကွက်၊ ဥဒေါင်းကန်ရေလယ်ကျွန်း၌

ပြည်သူ့စစ်စခန်းကို KIA ဝင်ပစ်၊ တဦးဒဏ်ရာရ

ကချင်ပည်နယ်မိုးညှင်းမြို့နယ် နမ့်မွန်းကျးရွာအုပ်စုရှိ ကျေးရွာ ကာကွယ်ရေး  ပြည်သူ့စစ်အဖွဲ့ စခန်းကို ယနေ့နံနက်ပိုင်းတွင် ကချင်လွတ်မြောက်ရေး တပ်မတော်  (KIA) က ၀င်ရောက် ပစ်ခတ်ခဲ့ရာ
လူတဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်နယ်တွင် ဓါးပြ သောင်းကျန်း

မြန်မာအစိုးရ စစ်ဗျူဟာရုံးစိုက်ရာ သျှမ်းပြည်  (မြောက်ပိုင်း) ကွတ်ခိုင်မြို့ နယ်အတွင်း  ဓါးပြများသောင်း ကျန်း နေသဖြင့် ကွတ်ခိုင်နယ်ခံများ  ရပ်ရွာလုံခြုံရေးအတွက် ကိုယ်တိုင်ကင်းစာင့်နေရကြောင်း ၄င်းဒသခံ များအဆိုအရ သိရသည်။