Tuesday 11 February 2014

အစာအဆိပ်သင့်မှုကြောင့် ဟုမ္မလင်းတွင် လူငါးဦးဆေးရုံရောက်

စစ်ကိုင်းတိုင်း၊ ခန်္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ယက်ဖကျေးရွာတွင် ဖေဖော်ဝါရီ ၉ က အစာအဆိပ်သင့်မှု ကြောင့် ထမံသီတိုက်နယ်ပြည်သူ့ဆေးရုံတွင် လူငါးဦး အရေးပေါ်တင်ကုသထားရကြောင်း ထမံသီနယ် မြေရဲစခန်းရှိ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကိုတိုင်းရင်းသားများမျှော်လင့်

Photo: ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကိုတိုင်းရင်းသားများမျှော်လင့်
Tuesday, February 11, 014

၂၀၀၈ဖွဲ့စည်းပုံပါ ၅၉(စ)နှင့် ၅၉(ဃ)တို့ကို ပြင်ဆင်လိုသူများနှင့် မပြင်ဆင်သင့် ကြောင်းကို ကန့်ကွက် ပြောဆိုမှုများ ရှိနေရာတွင် ပြင်ဆင် လိုသည့်ဘက်က ပြင်ဆင်သင့် ကြောင်းကို ဆန္ဒဖော်ထုတ်မှုများ ရှိနေ၍ မပြင်သင့်ကြောင်းကို ထောက်ခံသည့် ဘက်ကလည်း ဟောပြောပွဲများ ပြုလုပ်လျက်ရှိ သည်။

၅၉(စ)နှင့် ၅၉(ဃ)တို့နှင့် ပတ်သက်၍ ရှမ်းပြည်လူမျိုး ပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့အပါ ၀င်(၃)ဖွဲ့၏ ကိုယ်စားလှယ်စိုင်းထွန်း အေးက ““ဒီပုဒ်မတွေက လူတစ်ဦး တစ်ယောက်ကိုကန့်သတ်တဲ့ သဘောပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုကန့် သတ်တဲ့ သဘောပါတယ်။ လူမျိုး စုတွေအနေနဲ့ ဒီအချိန်မှာ သမ္မတ ဖြစ်ဖို့ မလွယ်ဘူး။ ရှမ်း၊ ကချင်၊ ရခိုင်တွေရောအားလုံးကမဖြစ်နိုင် ဘူး။ အများစုဖြစ်တဲ့ ဗမာတွေဖြစ် တယ်ဆိုတာထုံးစံပဲ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုသမ္မတ ဖြစ်မယ်ဆိုရင် ပိုပြီးတော့ဆွေးနွေး လို့ကောင်းမယ်ဆိုတာကိုသိတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ကို လူမျိုးစုတိုင်းရင်း သားလက်နက်ကိုင်တွေကလိုလား ကြတယ်။ နှစ်ပေါင်း(၆၀)ကျော် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြီးက ဒေါ်အောင်ဆန်းစုကြည်သမ်္မတ ဖြစ်ခဲ့ရင်ပိုပြီး ဆွေးနွေးလို့ကောင်း မယ်။ ဗမာ၊ ဗမာချင်းတူရင်တောင် ဒေါ်အောင်ဆန်းစုကြည်လိုပုဂိ္ဂုလ် မျိုးနဲ့ဆွေးနွေးမယ်ဆိုရင် အခြား သမ်္မတကြီးတို့၊ ဗိုလ်ချုပ်တွေနဲ့ စာရင်ပိုပြီးတော့နားလည်တတ်တဲ့ သူလို့မြင်ပါတယ်””ဟု ဆိုသည်။

““ဒေါ်အောင်ဆန်းစုကြည်လို သမ်္မတမျိုးရလိုက်ရင် ၂၀၁၅ ကနေ ၂၀၂၀အတွင်း ပြည်တွင်းစစ်ရပ်စဲ ပြီးတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ပေါ်လာနိုင်မယ်လို့ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ရေးကိုတိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအင်အားစုတွေက သဘောတူတယ်။ ထောက်ခံတယ်။ သမ္မတဖြစ်ရေးကိုအားလုံးက မျှော်လင့်ကြတယ်။ ဒါကြောင့် လူတစ်ဦးတစ်ယောက်ကိုဦးတည် ချက်နဲ့ကန့်သတ်ထားတဲ့ ၅၉(စ)နဲ့ ၅၉(ဃ)ကမရှိသင့်ပါဘူး။ အင်မတန် အငြိုးတရားတွေနဲ့ပိတ်ပင်ထား တယ်လို့ယူဆလို့ရတယ်။ ဒီပုဒ်မ တွေက ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ထဲကိုပိတ်ပင်ထားရုံတင် မဟုတ်ဘဲအမျိုးသားရင်ကြားစေ့ရေး တွေကိုပါအနှောင့်ယှက်ဖြစ်နေ တယ်””ဟု ၎င်းကထပ်မံပြောသည်။

၅၉(စ)နှင့် ၅၉(ဃ)တို့ကို ပြင်ဆင်သင့်ကြောင်းကိုနိုင်ငံတကာ အသိုင်းအ၀ိုင်းမှဝေဖန်ထောက်ပြ မှုများရှိနေပြီး ပြည်တွင်းရှိအတိုက် အခံအင်အားစုများကလည်း ပြင် ဆင်ရန်ကြိုးပမ်းနေကြသကဲ့သို့ အဆိုပါပုဒ်မများကိုပြင်ဆင်မှု မလုပ်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံလေ့လာသုံးသပ်ရေးကော် မတီသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှလက်မှတ် တစ်သိန်းကျော်ကိုရန်ကုန်တိုင်း ဒေသကြီးအတွင်းကောက်ခံ၍ ပေးပို့ထားကြောင်းသိရသည်။

မျိုးကျော်
Hot News Journal
၂၀၀၈ဖွဲ့စည်းပုံပါ ၅၉(စ)နှင့် ၅၉(ဃ)တို့ကို ပြင်ဆင်လိုသူများနှင့် မပြင်ဆင်သင့် ကြောင်းကို ကန့်ကွက် ပြောဆိုမှုများ ရှိနေရာတွင် ပြင်ဆင် လိုသည့်ဘက်က ပြင်ဆင်သင့် ကြောင်းကို ဆန္ဒဖော်ထုတ်မှုများ ရှိနေ၍ မပြင်သင့်ကြောင်းကို ထောက်ခံသည့် ဘက်ကလည်း ဟောပြောပွဲများ ပြုလုပ်လျက်ရှိ သည်။

ရှောင်လွှဲမရမှ ဥက္ကဋ္ဌ ရာထူး ပြန်လက်ခံမယ်လို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

Photo: ရှောင်လွှဲမရမှ ဥက္ကဋ္ဌ ရာထူး ပြန်လက်ခံမယ်လို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော
Tuesday, February 11, 014

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) ရဲ့ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲကို ဝင်ရောက် ရွေးချယ်ခံမှာ မဟုတ်ဘူးလို့ တရားဝင် ထုတ်ဖော်ပြောဆိုထားပေမယ့် ရှောင်လွှဲလို့ မရတဲ့ အခြေအနေတွေနဲ့ ကြုံလာရင်တော့ ဥက္ကဋ္ဌ ရာထူးကို ဆက်ပြီး တာဝန်ယူ ပေးသွားမှာ ဖြစ်တယ်လို့ ဧရာဝတီနဲ့ သီးသန့်တွေ့ဆုံရာမှာ လက်ရှိ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။

RCSS/SSA ခေါင်းဆောင်နေရာမှာ နောက်လူတွေ ပါဝင်လုပ်ကိုင်လာနိုင်ဖို့ သူ့အနေနဲ့ ပါဝင်ရွေးချယ်ခံတော့မှာ မဟုတ်ဘူးလို့ ပြီးခဲ့ တဲ့ ဇန်နဝါရီလမှာ ပြုလုပ်တဲ့ ၂၀၁၃ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးမှာ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် က တရားဝင် ထုတ်ဖော် ပြော ဆို ခဲ့ပြီး ဖြစ်ပါတယ်။

“ဒီအဖွဲ့အစည်းထဲမှာ ဒီမိုကရေစီ လမ်းစဉ်အတိုင်းပဲ ကျင့်သုံးပါတယ်၊ လေးနှစ် တစ်ကြိမ် ရွေးကောက်ရမယ့် ထုံးတန်းတွေရှိခဲ့တယ်။ ဒီနှစ်တော့ လူသစ်တွေပါဝင်လာနိုင်အောင် အရာရှိတွေအချင်းချင်းကြားထဲကနေ ရွေးချယ်ကြဖို့ လမ်းဖွင့်ပေးထားတယ်။ တကယ် လို့ ရွေးလို့မရဘူး၊ ရှိကိုမရှိဘူးဆိုပြီး တာဝန်ကို ပြန်အပ်လာတယ်ဆိုရင်တော့ မတတ်နိုင်ဘူး လက်ခံရမှာဘဲ”လို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ဧရာဝတီကို ပြောပါတယ်။

RCSS/SSA ဥက္ကဋ္ဌ ရွေးကောက်ပွဲကို ဗဟိုဌာနချုပ် လွယ်တိုင်းလျန်းမှာ အခုလ ၁၃ ရက်၊ ၁၄ ရက်မှာ ကျင်းပမှာ ဖြစ်ပြီး ရှမ်းပြည် နယ် အတွင်း မြို့နယ် အသီးသီးက ကိုယ်စားလှယ်တွေနဲ့ တပ်ဖက်ဆိုင်ရာ ခေါင်းဆောင်တွေလည်း ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

ခေါင်းဆောင်သစ် နေရာအတွက် တခြားထိပ်ပိုင်း အရာရှိတချို့ရွေးချယ် ခံကြလိမ့်မယ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း ခေါင်း ဆောင် ရွေးကောက်ပွဲအတွက် လွယ်တိုင်းလျန်း ဌာနချုပ်မှာ ရောက်ရှိနေကြတဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတချို့ရဲ့ ပြောဆိုချက်အရ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ကိုသာ ဆက်လက် တာဝန်ပေးဖြစ်ကြလိမ့်မယ်လို့ ဆိုပါတယ်။

“သူက ဆက်တိုက် တာဝန်ယူခဲ့လို့ တခြားလူတွေကို နေရာပေးချင်တယ် ဆိုပေမယ့် သူနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးတွေ လုပ်ဆောင် ထားတဲ့ အခြေအနေရယ်၊ လက်ရှိ နိုင်ငံရေး အခြေအနေတွေရယ်၊ RCSS/SSA အပေါ်မှာရှိတဲ့ သူ့ရဲ့ သြဇာရယ်ကြောင့် သူ့ကိုပဲ တာဝန်ပြန်ပေးကြဖို့ များနေကြတဲ့ သဘောရှိတယ်”လို့ ဗဟိုဌာနချုပ် လွယ်တိုင်းလျန်းမှာ တွေ့တဲ့ တပ်မှူးတဦးက ဧရာဝတီကို ပြော ပါတယ်။

RCSS/SSA ဥက္ကဋ္ဌသစ် ရွေးချယ်ဖို့ရာမှာ တက်ရောက်လာတဲ့ ပြည်သူတွေ၊ ကိုယ်စားလှယ်တွေနဲ့ စစ်တပ်ပိုင်း တာဝန်ရှိသူတွေရဲ့ ဆန္ဒမဲ အပေါ်မှာသာ မူတည်ပြီး လက်ရှိလုပ်ဆောင်နေကြတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာ လည်း နောက်တက်လာမယ့် ဥက္ကဋ္ဌ အသစ်ပေါ်မှာသာ မူတည်တယ်လို့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။

“ခန့်မှန်းလို့ အတိအကျပြောလို့တော့ မရဘူးပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့၊ တကယ်လို့သာ ဥက္ကဋ္ဌ အသစ်ရှိလာရင် ဆုံးဖြတ်ချက် က အဲဒီ ဥက္ကဋ္ဌ အသစ်ပေါ်မှာ မူတည်တယ်”လို့လည်း သူက ပြောဆိုပါတယ်။

ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်မှုအောက်မှာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ RCSS/SSA တို့အကြား ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့် တွေမှာ လက်မှတ်ရေးထိုးထားပြီး ရှေ့ဆက်လုပ်ဆောင်ဖို့ သဘောတူညီချက်တွေလည်း ရှိထားကြပါတယ်။

RCSS/SSA ဖွဲ့စည်းလိုက်ပြီးနောက် ဥက္ကဋ္ဌ ရာထူးကို လေးနှစ် တကြိမ် ရွေးကောက်တင်မြှောက်ခဲ့ကြရာမှာ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ၃ ကြိမ်၊ ၁၂ နှစ် ဆက်တိုက် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။

ရှမ်းပြည်တပ်မတော်(SSA) ကို ၁၉၉၆ ခုနှစ်မှာ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် က ဦးဆောင်ပြီး အရင် မိုးဟိန်း ဦးဆောင်တဲ့ ရှမ်းပြည်ညီညွှတ်ရေးနဲ့ တော်လှန်ရေးတပ်(SURA) တို့ပူးပေါင်းဖွဲ့စည်းထားတဲ့ မော်ထိုင်း တပ်မတော်(MTA)အဖွဲ့ဝင်ဟောင်း တချို့နဲ့ ပြန်လည်ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။

ဦးခွန်ဆာရဲ့ MTA တပ်ဖွဲ့ဟာ ၁၉၉၅ အစိုးရဆီမှာ လက်နက်မချမီက ထိုင်း-မြန်မာနယ်စပ်တလျှောက် အင်အားကြီး လက်နက်ကိုင် အဖွဲ့တွေအနက် ထင်ရှားတဲ့ အဖွဲ့တဖွဲ့ ဖြစ်ခဲ့ပါတယ်။ တချို့ကတော့ ရှမ်းပြည်နယ်အတွင်းမှာ မိုင်းပန် ပြည်သူ့စစ်တပ်ဖွဲ့ အဖြစ်နဲ့ အစိုးရ စစ်တပ်အောက်မှာ တာဝန် ထမ်းဆောင်နေကြ ပါသေးတယ်။

ဧရာဝတီ

လွယ်တိုင်းလျန်း ဗဟိုဌာနချုပ်မှာ တွေ့ရတဲ့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
လွယ်တိုင်းလျန်း ဗဟိုဌာနချုပ်မှာ တွေ့ရတဲ့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်
 (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း(RCSS/SSA) ရဲ့ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲကို ဝင်ရောက် ရွေးချယ်ခံမှာ မဟုတ်ဘူးလို့ တရားဝင် ထုတ်ဖော်ပြောဆိုထားပေမယ့် ရှောင်လွှဲလို့ မရတဲ့ အခြေအနေတွေနဲ့ ကြုံလာရင်တော့ ဥက္ကဋ္ဌ ရာထူးကို ဆက်ပြီး တာဝန်ယူ ပေးသွားမှာ ဖြစ်တယ်လို့ ဧရာဝတီနဲ့ သီးသန့်တွေ့ဆုံရာမှာ လက်ရှိ ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောပါတယ်။

ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား အချိန်ကြာမြင့်စွာပြတ်တောင်ခြင်းလျော့နည်းစေရန်

Photo: ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား အချိန်ကြာမြင့်စွာပြတ်တောင်ခြင်းလျော့နည်းစေရန်
Tuesday, February 11, 014

လက်ရှိရန်ကုန်မြို့တွင် ဖြစ်နေသော လျှပ်စစ်ဓာတ်အား အချိန်ကြာမြင့်စွာ ပြတ်တောက်နေခြင်း လျော့နည်း စေရန် နှင့် ဓာတ်အားပြတ်တောက် ဧရိယာ လျော့နည်းစေရန်အတွက် ဂျပန်-မြန်မာ နည်းပညာပူး ပေါင်း ဆောင်ရွှက်မှု၏ စမ်းသပ်မှုတစ်ခုအဖြစ် ဓာတ်အား လိုင်း အပြစ်အလိုလျောက် Section ပိုင်းဖြတ်စနစ်အား ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် သာကေတမြို့နယ်တွင် စတင်တက်ဆင်ခဲ့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ သိရသည်။

ယခင်က ရန်ကုန်မြို့တော်တွင် ဓာတ်အားလိုင်းအပြစ်ကြောင့် ဓာတ်အားပြတ်တောက်ရာတွင် ဖြစ်ပွားရာနေရာ ကိုမသိရှိခဲ့သောကြောင့် ဓာတ်အား အချိန်ကြာမြင့်စွာ ပြတ်တောက်နေခဲ့ပြီး ယခုတွင် ဓာတ်အား လိုင်းအဖြစ် အလိုလျောက် Section ပိုင်းဖြတ်စနစ် တက်ဆင်လိုက်ခြင်းကြောင့် အချိန်ကြာမြင့်စွာ ပျက်တော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ ဒုတိယအင်ဂျင်နေယာချုပ် ဦးသန့်ဇင်က ပြောသည်။

“အခုတော့စမ်းသပ်ကာလ အဖြစ်နဲ့ သာကေတမြို့နယ်မှာ တပ်ဆင်ထားတယ် ဘာလို့ သာကေတမြို့နယ်ကို တက်ဆင်ရလည်းဆိုတော့ ဒီမြို့နယ်ဟာ ဓာတ်အား ပြတ်တောက်မှုအဖြစ်များတဲ့ နေရာမို့ လိုပါ ” ဟု ဦးသန့်ဇင် ကဆိုသည်။

အဆိုပါ စက်တစ်လုံး၏ တန်ဖိုးငွေသည် ဂျပန်ယန်းငွေ ၅ သန်းခန့်ရှိပြီး ယင်းစက်၏လုပ်ဆောင်ချက်သည် တက်အားပြတ်တောက်သည့် နေရာအတိအကျ သိရှိနိုင်ပြီး ဓါတ်အားပြတ်တောက်သည့် နေရာမှအပ အခြားနေရာများအား ၅ မိနစ်ဖြင့် မီးပြန်လည်ပေးနိုင်ကြောင်းကိုလည်း Japan International Co-Operation Agency (JICA) မှနည်းပညာကျွမ်းကျင်သူတစ်ဦး၏ပြောပြချက်အရ သိရသည်။

“စမ်းသပ်ကာလ အဖြစ်နဲ့ကတော့ ဂျပန်က အလကားပေးထားတာပါ ဒါပေမယ့် နောက်ပိုင်းသုံးကြည့်လို့ အဆင်ပြေတဲ့အခါ ကျရင် ရလာတဲ့ ကျွန်တော်တို့ ဌာန ရဲ့ငွေကြေးအပေါ်မူတည်ပြီး ရန်ကုန်မြို့ရဲ့မြို့နယ်အကုန်လုံးမှာတက်ဆင် သွားမှာပါ” ဟု ဦးသန့်ဇင်က ဆိုသည်။

လက်ရှိတွင် ဓာတ်အား လိုင်း အပြစ်အလိုလျောက် Section ပိုင်းဖြတ်စနစ် စက်သုံးလုံးအား တက်ဆင်ထားပြီး တက်ဆင်ထားသည့် နေရာများသည် ဒဂုံဆိပ်ကမ်းမြို့နယ် ဧရာဝဏ်လမ်းနှင့် ချင်းတွင်းလမ်းထောင့်၊ သာကေတမြို့နယ် ရှုခင်းသာ လမ်းမအပေါ်တွင် တက်ဆင်ထားခြင်းဖြစ်သည်။

နှင်းနွယ်
မြန်မာ့ခေတ်
လက်ရှိရန်ကုန်မြို့တွင် ဖြစ်နေသော လျှပ်စစ်ဓာတ်အား အချိန်ကြာမြင့်စွာ ပြတ်တောက်နေခြင်း လျော့နည်း စေရန် နှင့် ဓာတ်အားပြတ်တောက် ဧရိယာ လျော့နည်းစေရန်အတွက် ဂျပန်-မြန်မာ နည်းပညာပူး ပေါင်း ဆောင်ရွှက်မှု၏ စမ်းသပ်မှုတစ်ခုအဖြစ် ဓာတ်အား လိုင်း အပြစ်အလိုလျောက် Section ပိုင်းဖြတ်စနစ်အား ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် သာကေတမြို့နယ်တွင် စတင်တက်ဆင်ခဲ့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့မှ သိရသည်။

ပွင့်ဖြူမြို့ နယ်တွင် ဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်ကာ မီးလောင်မှုဖြစ်

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ဗောဓိကုန်းကျေးရွာ အရှေ့တောင်ဘက်တစ် မိုင်ခန့်အကွာရှိ မြန်မာ့သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းသည် ဖေဖော်ဝါရီ ၉ ရက် နေ့လည်ပိုင်းက ပိုက်လိုင်းယိုစိမ့်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ သည်ဟု ဒေသခံများကပြောသည်။

ကိုဇေသီဟနှင့်နန္ဒာလှိုင်တို့၏ တတိယမြောက်မွေးဖွားမယ့်ရင်သွေး ကို ဇေရတုလှိုင်ဟု ကြိုတင်အမည်ပေးထား

Photo: ကိုဇေသီဟနှင့်နန္ဒာလှိုင်တို့၏ တတိယမြောက်မွေးဖွားမယ့်ရင်သွေး ကို ဇေရတုလှိုင်ဟု ကြိုတင်အမည်ပေးထား
Tuesday, February 11, 014

ဇန်နဝါရီလ ၈ ရက်နေ့က Sedona Hotel မှာပြုလုပ်တဲ့ ကိုသာကောင်း နဲ့မယ်လိုဒီတို့ မင်္ဂလာဧည့်ခံပွဲကို ကိုဇေသီဟ နဲ့နန္ဒာလှိုင်တို့တက်ရောက် ခဲ့ကြပါတယ်။ ဒီပွဲကို နန္ဒာ လှိုင် က ကိုယ်ဝန် ၂လလွယ်ထားရတယ်လို့လည်း သိရပါတယ်။နာမည်ပေးဖို့စဉ်းစားထားတယ်လို့ ပြောပြတဲ့ နန္ဒာလှိုင် ရဲ့မောင်ဖြစ်သူ မောင်ကလည်း..

”မနန္ဒာကတတိယကိုယ်ဝန်ရနေပြီ။ ဇေရတုလှိုင် လို့ နာမည်ပေးမယ်လို့ စဉ်းစားထားကြတာ။လိုချင်တာက တော့ ယောက်ျားလေးပေါ့။ ပြောလို့တော့မရသေးပါဘူး။ ကျွန်တော်လည်း တအားပျော်ပါတယ်” လို့ပြောပြပါတယ်။ ကိုဇေသီဟနဲ့ နန္ဒာလှိုင်တို့ရဲ့သမီးများဖြစ်တဲ့ ဇေဝတီလှိုင် နဲ့ဇေရတီလှိုင်တို့ သမီး ၂ ယောက်နဲ့ အေးချမ်းပျော်ရွှင် စွာ နေထိုင်လျက်ရှိ ပြီးအခု ကိုယ်ဝန်ကတော့ တတိယမြောက် ရင်သွေးလေးဖြစ်ပါတယ်။

မေမွန်မောင်
Popular Journal
ဇန်နဝါရီလ ၈ ရက်နေ့က Sedona Hotel မှာပြုလုပ်တဲ့ ကိုသာကောင်း နဲ့မယ်လိုဒီတို့ မင်္ဂလာဧည့်ခံပွဲကို ကိုဇေသီဟ နဲ့နန္ဒာလှိုင်တို့တက်ရောက် ခဲ့ကြပါတယ်။ ဒီပွဲကို နန္ဒာ လှိုင် က ကိုယ်ဝန် ၂လလွယ်ထားရတယ်လို့လည်း သိရပါတယ်။နာမည်ပေးဖို့စဉ်းစားထားတယ်လို့ ပြောပြတဲ့ နန္ဒာလှိုင် ရဲ့မောင်ဖြစ်သူ မောင်ကလည်း..

နေအိမ်ကနေ မဖယ်ရရေး အစိုးရဆီ စာတင်

Photo: နေအိမ်ကနေ မဖယ်ရရေး အစိုးရဆီ စာတင်
Tuesday, February 11, 2014

ရန်ကုန်တိုင်း ယုဇနဥယျာဉ်မြို့တော်အနီးက နေထိုင်ကြသူတွေက သူတို့ လက်ရှိနေအိမ် တွေကနေ  မဖယ်ရရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရဆီ သွားရောက်စာတင်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်အနီးက ၉၃ တိုးချဲ့ရပ်ကွက်မှာ ရှိတဲ့ အိမ်ခြေ ၁၄၀၀ ကျော်ကို လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်ပေးဖို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူးက ဖေဖော်ဝါရီ ၇ ရက်နေ့က စာပေးပို့ ထားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ၉၃ တိုးချဲရပ်ကွက်မှာ နေထိုင်သူတွေက  ဒီမြေကနေ မပြောင်းရရေး အပါအ၀င် အချက် ၃ ချက်ကို တိုင်းဒေသကြီး ၀န်ကြီးအဖွဲ့ဆီကို ဒီကနေ့ သွားရောက်တင်ပြခဲ့ တယ်လို့ ဒေသခံ ဦးသိန်းအောင်က ပြောပါတယ်။

“ကျနော်တို့ အဓိက တောင်းဆိုထားတာကတော့ ဒီမြေကြီးသည် အစိုးရပိုင် ပလပ် မြေကြီး ဖြစ်တဲ့အတွက် အစိုးရရဲ့ သတ်မှတ်သောငွေကြွေးများဖြင့် ပေးသွင်းပြီး ၀ယ်လိုတယ်၊ ကာလတခုဟာ ဖေဖော်ဝါရီ ၁၂ ရက်ဆိုတာ ဘယ်လိုမှ မဖြစ်သင့်ဘူး။ ပညာသင်နေတဲ့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းပညာရေးမှာ သင်ကြားနေတဲ့ သားနဲ့သမီးငယ်တွေရဲ့ စာမေးပွဲ ကာလလည်း ဖြစ်တဲ့အတွက် အထက်တန်းစာမေးပွဲပြီးဆုံးတဲ့ကာလအထိ အပြန်အလှန်ညှိနှိုင်း၊ နောက်တခုကတော့ တကယ်လို့ ဒီမြေကြီးသည် ပလပ်မြေကြီး အမျိုးအစားဖြစ်သော်လည်း ကြီးမားသော အကျိုးအမြတ်ရှိနိုင်တဲ့ စီမံကိန်းတွေရှိမယ်ဆိုခဲ့ရင် ကျနော်တို့ နေရမယ့် မြေနေရာ ကျနော်တို့ ပြန်လည်တောင်းဆိုပါတယ်။ ပြောင်းရွှေ့ရမယ့် နစ်နာမှုကို ကျနော်တို့ ပြန်လည်တောင်းဆိုပါတယ်။ ”

သွားရောက်တင်ပြတဲ့အခါမှာ မနက်ဖြန်မှာ ပြန်လည်ချိန်းဆိုပြီး ဒီကိစ္စပေါ် မစိုးရိမ်ဖို့ လည်း ပြောဆိုခဲ့တယ်လို့ ဦးသိန်းအောင်က ပြောပါတယ်။

၁၉၉၄ ခုနှစ်က သင်္ဃန်ကျွန်းမြို့နယ် ဘူတာရုံအနီးမှာ နေထိုင်ကြတဲ့ မိသားစုတွေကို အစိုးရက ရွှေ့ပြောင်းတဲ့အခါမှာ ယုဇနမြို့တော်အနီး ၉၃ ရပ်ကွက်မှာ နေထိုင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိနေတဲ့ မြေနေရာတွေဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မတိုင်ခင်က ခြုံထူထပ်တဲ့ မြေနေရာ တွေဖြစ်ပြီး ဒေသခံတွေက ခုတ်ထွင်ရှင်းလင်းပြီး နေထိုင်လာခဲ့တာလို့  ဦးသိန်းအောင်က ပြောပါ တယ်။

“ဒီလိုနေထိုင်ခွင့်ပြုတဲ့နေရာမှာ သင်္ဃန်းကျွန်းမြို့နယ် ဘူတာရုံအနီးက မိသားစုတွေရော ရန်ကုန် ၁ ရပ်ကွက်က မိသားစုတွေရော အခုလို ပြောင်းရွှေ့နေထိုင်တဲ့အခါမှာ ဒီမြေလေးက ပိုလျံမြေကြီးပေါ့၊ ၉၄ ခုကနေ အခုချိန်ထိဆိုတော့ တောကြီး ဖြစ်တာပေါ့။ တောကြီးဖြစ်ရာ ကနေ ၂၀၁၁ မှာတော့ အရပ်သားအစိုးရလည်း ပေါ်ပေါက်လာပြီဖြစ်လို့ ဒါဟာ နိုင်ငံတော်ရဲ့ ပလပ် မြေဆိုတာလည်း ဒေသခံပြည်သူတွေက သိထားတော့ နေစရာ အခက်အခဲရှိကြတဲ့ ပုဂ္ဂိုလ်တွေ တန်ဖိုကြီးကြီး ၀ယ်မယူနိုင်တဲ့ မိသားစုတွေက ခုတ်ထွင်ရှင်းလင်းပြီးတော့ နေထိုင်ခဲ့ကြတာ။ ၂၀၁၁ ခု နေထိုင်ချိန်ကာလကနေပြီ အခုစာထွက်တဲ့အထိလည်း ဘယ်ဌာနဆိုင်ရာကမှ တားဆီးဟန့်တား နှောင့်ယှက်ခြင်း ပယ်ဖျက်ခိုင်းချင်း မရှိခဲ့ဘူး။ အဲဒီအတွက် ကျနော်တို့က နိုင်ငံတော်ရဲ့ မြေပေါ်မှာ ဘယ်လိုဖြစ်ဖြစ် တချိန်တခါမှာတော့ တရားဝင်နေထိုင်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်ချက်နဲ့ နေခဲ့ကြတာဖြစ်ပါတယ်။”

၉၃ တိုးချဲရပ်ကွက်နည်းတူ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၆၀၊ ၆၁ နဲ့ ၆၇ ရပ်ကွက်မှာ နေ ထိုင်သူတွေကိုလည်း ဖေဖော်ဝါရီ ၁၂ နေ့ နောက်ဆုံးထား ဖယ်ရှားခိုင်းထားပြီး အဲဒီရပ်ကွက် ၄ ခုမှာ လူဦးရေ ၈ သောင်းလောက် နေထိုင်ကြတယ်လို့  ပြောပါတယ်။

DVB

ပြောင်းရွှေ့ခံရသည့် ၆၇/၆၁ ရပ်ကွက်သားများ ဆန္ဒပြခဲ့ကြစဉ်က
ပြောင်းရွှေ့ခံရသည့် ၆၇/၆၁ ရပ်ကွက်သားများ ဆန္ဒပြခဲ့ကြစဉ်က
ရန်ကုန်တိုင်း ယုဇနဥယျာဉ်မြို့တော်အနီးက နေထိုင်ကြသူတွေက သူတို့ လက်ရှိနေအိမ် တွေကနေ မဖယ်ရရေး ရန်ကုန် တိုင်းဒေသကြီးအစိုးရဆီ သွားရောက်စာတင်ခဲ့ပါတယ်။

" ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စု နှလုံးသား "

Photo: " ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စု နှလုံးသား "
Tuesday, February 11, 2014

တစ်မျိုးသားလုံး အစွမ်းကုန်ညီညွတ်ကြပါ

" တစ်တိုင်းပြည်လုံးကြီးပွားစေလိုရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်၊အားတိုက် လုပ်နိုင်မှအကျိုးခံစား ခွင့်ရှိကြမှာပဲ၊ဗမာကတစ်မျိုး၊ကရင်ကတစ်ဖုံ၊ရှမ်း၊ကချင်၊ချင်းက တခြားအကွဲကွဲ အပြားပြားလုပ်နေကြရင် အကျိုး ရှိမှာ မဟုတ်ဘူး၊စုပေါင်းမှသာအကျိုးရှိနိုင်တယ်။" 

ဗိုလ်ချုပ်အောင်ဆန်း 
(ပင်လုံစော်ဘွား ညစာစားပွဲမိန့်ခွန်းမှ 
၁၉၄၇.၂.၁၁)

မြန်မာပြည်တွင် နေထိုင် ကြသော ပြည်ထောင်စုဖွား တိုင်း ရင်းသား လူမျိုးများသည် ငြိမ်းချမ်းအေးမြစွာ အတူတကွ နေထိုင်လျက်ရှိကြသည်။ ငြိမ်းချမ်းအေးမြစွာ အတူတကွ ရှင်သန်နေထိုင်ကြပြီး ကူညီရိုင်း ပင်းကြသည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုး များ၏ နှလုံးသားတို့ လှပလျက်ရှိ ကြသည်။ 
စည်းလုံးညီညွတ်မှု အင်အားသည် ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးတို့၏ သန့်စင်သော နှလုံးသား ၊ လက်ထဲတွင် ရှိသည်။

" ၂၁ရာစု ပင်လုံလို့ ကျွန်မတို့ပြောတာ ဘာရည်ရွယ်ချက် နဲ့ပြောတာလဲ သိပ်ပြီးတော့ သဘောပေါက်ပုံမရဘူး။ အဓိက ရည်ရွယ်ချက်ကတော့ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ် တစ်ခုကို မွေးမြူဖို့ဖြစ်ပါတယ်။ စစ်မှန်တဲ့ ပြည်ထောင်စု စိတ် ဓာတ်ဆိုတာ အခြေခံအားဖြင့် ဘာလဲဆိုတော့ ကျမတို့ ကြားထဲမှာ မတူညီတဲ့ဟာတွေဘာပဲ ရှိရှိ ဒီမတူညီမှုတွေ အပေါ်မှာ အခြေခံပြီး ညီညွတ်မှုရအောင် လုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကို ပင်လုံ စိတ်ဓာတ်လို့ ကျွန်မပြောချင်တယ်" 

ဒေါ်အောင်ဆန်းစုကြည်
(Aung San Suu Kyi)
(ဖို့ဝိန်း၊အမေရိကန် ပြည်ထောင်စု)
(၂၅-၉-၂ဝ၁၂)

ပြည်ထောင်စု စိတ်ဓာတ် မွေးမြူကြဖို့ လိုအပ်ပါသည်။ ပင်လုံစိတ်ဓာတ်ရှိဖို့ လိုအပ်ပါသည်။အားလုံး စည်းလုံး ညီညွတ်မှ ပြည်ထောင်စုကြီး အဓွန့် ရှည်ကြာ တည်တံ့ခိုင်မြဲမည် ဖြစ်ပါသည်။

ဖက်ဒရယ်ဆိုသည်မှာ သဘောတူညီသည့် စာချု့ပ်ဟု အဓိပ္ပါယ်ရပါတယ်။ ဖက်ဒရယ်စနစ်မှာ လက်တင်ဘာသာစကား ‘foedus’ မှဆင်းသက်လာပြီး သဘောတူညီမှု “covenant” ဟု အဓိပ္ပာယ် ထွက်ပါသည်။ နှစ်ဦး နှစ်ဖက်သဘောတူညီမှုဖြင့် အပြန်အလှန် လေးစား အသိ အမှတ်ပြုမှုကို အခြေခံ၍ နိုင်ငံတစ်ခုကို အတူတကွ ပူးပေါင်း 
တည်ဆောက်ကြခြင်းပဲ ဖြစ် သည်။ ဖက်ဒရယ် ပြည်ထောင်စု စနစ်မှာ တစ်ဦးတစ်ဖွဲ့ချင်း အသိအမှတ်ပြုခြင်းနှင့် ခွဲခြားမရဘဲ တစည်းတလုံးတည်းတန်းတူရည်တူ ဖြစ်မှုဟာ တပြိုင်နက်တည်း တည်ရှိနေပါ သည်။ (Individual indentity and Integrity) အတူတကွ ပူးပေါင်းပါဝင်တည်ဆောက် နေကြသူအားလုံးက ငါတို့အတူ တကွ 
ပူးပေါင်းနေထိုင်ကြပါစို့ ဟု မိမိတို့၏ ဆန္ဒသဘောထားကိုအလို အလျှောက် ဖော်ထုတ်ကြသည်။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာ မှာ ကောင်းမြတ်မှန်ကန်တဲ့ စိတ်ဆန္ဒ (good will) ကို အလိုအလျှောက်ကိုယ့်သဘောနှင့်ကိုယ် (voluntarily) ပါဝင်ဆောင်ရွက်ရန် သဘောတူညီ ကြရပါသည်။ 

" ဖက်ဒရယ် ကိစ္စနှင့်ပတ်သက်၍ အချို့က ခွဲထွက် ခွင့်ရှိသည်ဟုဆိုခြင်းကို ဖက်ဒရယ်ဟု ယူဆနေကြကြောင်း၊ အချို့ကလည်း ဖက်ဒရယ်ဟု ဆိုလျှင် ခွဲထွက်မည်ဟု ထင်နေ ကြကြောင်း၊ဖက်ဒရယ် ဆိုသည် မှာ ခွဲထွက်ရန် မဟုတ်ပါ ကြောင်း၊ ပေါင်းစည်းနေထိုင်၍ အာဏာ ကို ခွဲဝေသုံးစွဲရန် ဖြစ်ပါ ကြောင်း၊ အမေရိကန်ပြည်ထောင်စု ပင်လျှင် 
တစ်ခုတည်းသော အမေရိကန် တပ်မတော်သာ ရှိပါကြောင်း၊ စုစည်းပေါင်းစု နေထိုင်ကာ အာဏာဖြန့်ဝေ သုံးစွဲ၍ ကျင့်သုံးဆောင်ရွက်နေ သည်ကို တွေ့ရှိရပါကြောင်း၊ 

ဒီမိုကရေစီဆိုသည်မှာ ကျင့်စဉ် ဖြစ်ပြီး မိမိတို့နိုင်ငံဖွံ့ဖြိုးတိုး တက်ပြီး တည်ငြိမ်အေးချမ်းရန် အတွက် အားလုံးပါဝင် ဆောင်ရွက်နိုင်ရေးသည် အရေးကြီး ပါကြောင်း" ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြော ကြားခဲ့သည်။

" လွတ်လပ်ရေးရပြီးနောက် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲတွေကြောင့် ပြည်ထောင်စုဖွား တိုင်း ရင်းသားအချင်းချင်း သွေးကွဲခဲ့ ကြပါသည်။ ပြည်တွင်း၌ တည်ငြိမ် အေးချမ်းမှု မရရှိခဲ့သည့်အတွက် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး ခဲ့ရပါသည်။ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ် သို့ ရောက်ရှိအောင် တိုင်းရင်း သားညီအစ်ကို မောင်နှမ အားလုံး က လက်တွဲပါဝင် ဆောင်ရွက် သင့်သည်ကို အထူးသတိပြုသင့်ပေသည်။ ပြည်တွင်း ပြည်ပ 
အဖျက်သမားတို့၏ အန္တရာယ် ကိုလည်း တိုင်းရင်းသား အားလုံးက ပြည်ထောင်စုစိတ် ဓာတ်ဖြင့် ပူးပေါင်းကာကွယ် တားဆီးဖို့ လိုအပ်လှပေသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေ အနေတွင် ဒီမိုကရေစီစနစ် ဆက်လက်ရှင် သန်ဖွံ့ဖြိုးရန် အတွက် နိုင်ငံရေး တည်ငြိမ် မှုနှင့် လက်နက်ကိုင် ပဋိပက္ခ များချုပ်ငြိမ်းပြီး ထာဝရ ငြိမ်း ချမ်းရေးရရှိရန်မှာ အဓိက လိုအပ်ချက် ဖြစ်ပေသည်။ နိုင်ငံ တော်သမ္မတ ဦးသိန်းစိန် (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာမှ)

မြန်မာနိုင်ငံကြီးကို တိုင်း ရင်းသား ညီအစ်ကို အချင်းချင်း သွေးစည်းညီညွတ်စွာဖြင့် ခေတ် မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော် သစ်ကြီးအဖြစ် ဒီမိုကရေစီ နည်းလမ်းကျစွာ 
တည်ဆောက်သင့်ပါသည်။ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်စေရန် သာတူညီမျှ လွတ် လပ်ပွင့်လင်း မြင်သာမှုများဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာ၍ ပြုပြင်တည်ဆောက်သင့်ပါသည်။ 

သော်ဏီကို
ရည်ညွှန်း
၁။ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ
၂။ အင်တာနက် စာမျက်နှာများ

Popular Journal
တစ်မျိုးသားလုံး အစွမ်းကုန်ညီညွတ်ကြပါ
" တစ်တိုင်းပြည်လုံးကြီးပွားစေလိုရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်၊အားတိုက် လုပ်နိုင်မှအကျိုးခံစား ခွင့်ရှိကြမှာပဲ၊ဗမာကတစ်မျိုး၊ကရင်ကတစ်ဖုံ၊ရှမ်း၊ကချင်၊ချင်းက တခြားအကွဲကွဲ အပြားပြားလုပ်နေကြရင် အကျိုး ရှိမှာ မဟုတ်ဘူး၊စုပေါင်းမှသာအကျိုးရှိနိုင်တယ်။" 

ပုံနှိပ်စာအုပ်များကို E book အသွင်ဖြင့်အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန်ဆောင်ရွက်

Photo: ပုံနှိပ်စာအုပ်များကို E book အသွင်ဖြင့်အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန်ဆောင်ရွက်
Tuesday, February 11, 2014

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်းအလုပ်အမှုဆောင်များနှင့်JAS Phone ( intrenet Wallet Co,Ltd) တို့၏ ပုံနှိပ်စာအုပ်များကိုE book အသွင်ဖြစ်အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

၂၁ ရာစု၏တိုးတတ်ပြောင်းလဲလာသော နည်းပညာလွှမ်းမိုးမှုကြောင့်ထုတ်ဝေရေးလောကပုံစံအမျိုးမျိုးပြောင်းလဲလာပီး စာအုပ်များဈေးကြီးကာစာဖတ်အားကျလာကြောင်း ထုတ်ဝေဖြန့်ချီမှုအားနည်းသည့်အတွက် စာအုပ်ရောင်းအားများ ကျလာပီး ပရင့်ကော်ပီများကိုရောင်းချနေသည်ကိုအားလုံးအသိဖြစ်ကြောင်း မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချီသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာသာထွန်းဦးကပြောသည်။

“ယနေ့မြန်မာလူငယ်တွေလည်းပြောင်းလဲလာတဲ့ အခြေနေပေါ်မူတည်ပီးတော့ စာဖတ်ပုံစံတွေပြောင်းလဲလာဖို့ ရှိပါတယ်။ ဒီလိုရှိလာတဲ့အခြေနေမျိုးမှာ internet wallet ကုမ္မဏီ ကဒီအစီစဉ်လေးကိုလုပ်တာ ကျေးဇူးတင်ပါတယ်။
မြန်မာနိုင်ငံထုတ်ဝေသူနှင့် ဖြန့်ချီသူများအသင်းအနေနဲ့ ဒီအစီစဉ်ကိုကြိုဆိုပြီး ပါဝင်ခြင်း အဓိကရည်ရွယ်ချက်ကလည်း
ထုတ်ဝေထားတဲ့ စာအုပ်အများစုက အွန်လိုင်းပေါ်မှာ အလွယ်တကူ ကူးယူလို့ရနေတာဖြစ်နေတဲ့ ကိစ္စကို ကျတော်တို့ တနည်းတဖုံအားဖြင့် ဟန့်တားချင်ပါတယ်။ စာရေးသူတွေအတွက် အရေးပါတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကစမ်းလုပ်ခြင်း ဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် အခက်ခဲတွေ ရှိနိုင်ပါတယ်”ဟု မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချီသူများအသင်း ဥက္ကဋ္ဌဒေါက်တာ သာထွန်းဦး က ပြောသည်။

အဆိုပါအစီစဉ်ဖြစ်မြောက်ရန်အတွက် မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်းက ဦးဆောင် ဆွေးနွေးခဲ့ပြီး နည်းပညာအထောက်အကူပေးနိုင်သူမှန်သမျှနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ အကြိမ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ကြောင်း
ပရင့်တစ်ခုထဲတွင် ရေရှည်ရပ်တည်နိုင်မည် မဟုတ်ကြောင်းနှင့် အွန်လိုင်းကို သွားရမည်ဖြစ်ကြောင်း ထုတ်ဝေသူများနှင့် စာရေးသူများ ခံစားနေရသော ဒုက္ခများရှိပါကြောင်း မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချီသူများအသင်း ဒု- ဥက္ကဋ္ဌ (၁) ဦးမျိုးအောင်က ပြောသည်။

“စာအုပ်တစ်အုပ်ဖြစ်ဖို့ဆိုတာ ကျွန်တော်တို့ အရင်းအနှီးတွေ အချိန်တွေ ကာယ ဥာဏ စွမ်းအားတွေ စိုက်ထုတ်ပီးတော့မှ စာအုပ်တစ်အုပ်ဖြစ်လာတာပါ။ ဒါပေမယ့် အဲဒီ့စာအုပ်တစ်အုပ် ဒီနေ့မွန်းလွဲပိုင်းလောက် ဈေးကွက်ထဲဖြန့်လိုက်ပြီဆိုရင် ညနေစောင်းမှာ အင်တာနက်ပေါ်မှာ ဖရီးရှဲလ် ( free share ) လုပ်လို့ ရတယ်။ ဘယ်သူတင်ထားလည်း မသိပါဘူး။ ကျွန်တော်တို့ ထုတ်ဝေသူနဲ့ စာရေးသူကိုယ်တိုင်တင်တာ မဟုတ်တာတော့ သေချာပါတယ်။ အဲလို ပြဿနာတွေ အများကြီးကို ရင်ဆိုင်နေရပါတယ်။ နည်းပညာပေးတဲ့ အကူညီကိုယူပြီးတော့ ကျွန်တော်တို့လည်း အွန်လိုင်းသွားမှဖြစ်မယ် ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့မှာ စာဖတ်ပရိတ်သတ်နှစ်မျိုးနှစ်စား ရှိလာတယ်။ တစ်ခုက ပရင့်လို့ခေါ်တဲ့ စာအုပ်ကိုဝယ်ပြီးမှ ဖတ်ပီးစာအုပ်စင်ပေါ်မှာ သိမ်းထားတဲ့ ပရိတ်သတ်ရှိသလို ခေတ်မှီနည်းစနစ်တွေနောက်ကို
တရှိုက်မက်မက် လိုက်ပြီးတော့ အင်တာနက်ပေါ် ကနေ ၀ယ်ယူဖတ်ရှိတဲ့ စာဖတ်ပရိတ်သတ်ကလည်း သီးခြားရှိလာပါပြီ” ဟု မြန်မာနိုင်ငံထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်း ဒု-ဥက္ကဋ္ဌ (၁) ဦးမျိုးအောင်က ပြောသည်။

JAS မြန်မာဖုန်းကို မိတ်ဆက်သော  Internet wallet ကုမ္မဏီသည် ပုံနှိပ်စာအုပ်များကို E book  အသွင်ဖြင့် အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန် နည်းပညာပိုင်းဆိုင်ရာကို ကူညီပံ့ပိုးပေးထားပြီး မည်သည့် andriod ဖုန်းအမျိုးစားတွင်မဆို www.JAS.com.mm ကိုဝင်ရောက်ပြီး မြန်မာစာအုပ်ဆိုင်ဆိုသော application
ကိုအခမဲ့ဒေါင်းလော့လုပ်ယူနိုင်ကြောင်း ယင်း application ရှိနေမှသာ စာအုပ်များကို ၀ယ်ယူဖတ်ရှုနိုင်မည်ဖြစ်ကြောင်း ယခု လောလောဆယ်တွင် မြန်မာနိုင်ငံထုတ်ဝေသူနှင့်ဖြန့်ချီသူများ အသင်းမှ အမှုဆောင်တွေ၏ စာအုပ်များနှင့် စတင်မည်ဖြစ်ပြီး သဘောတူသော ထုတ်ဝေသူများ၏ စာအုပ်များကို ဆက်လက်ပီး တင်ပေးသွားမည်ဖြစ်ကြောင်း
စာအုပ်များဒါင်းလော့လုပ်သော နေရာတွင် အချိန်တိုတွင်း ၁ မိနစ် ၂ မိနစ်ထက်မပိုသည့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများပြုလုပ်ထားကြောင်း  JAS မြန်မာဖုန်းက တီထွင်ထားသော ipay card နှင့်သော်လည်းကောင်း ။
ဖုန်းခကနေသော်လည်းကောင်း  နိုင်ငံခြားမှ ၀ယ်ယူလိုသူများအတွက် credit card နှင့် သုံးပြီးဝယ်ယူနိုင်ရန် စီမံထားကြောင်း မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချီသူများ အသင်းမှ သိရသည်။
“အသင်းက ထုတ်ဝေသူပါ ကုမဏီက ဖြန့်ချီသူပါ ။ ထုတ်ဝေသူက စာအုပ်တစ်အုပ်ရောင်းချတဲ့အပေါ်မှာ ၈၀ ရာခိုင်နှုန်း ရရှိမှာဖြစ်ပါတယ်။
ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ က ၂၀ ရာခိုင်နှုန်း ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း ၈၀လုံးရတာ မဟုတ်ပါဘူး ထုတ်ဝေသူနဲ့ စာရေးဆရာနဲ့ကို ပြန်လည် ဝေမျှရမှာ ဖြစ်ပါတယ်။ စာအုပ်ကို ပုံနှိပ်စာအုပ်ထုတ်တယ် အခုတော့ အွန်လိုင်းစနစ်နဲ့ သွားပြီဆိုတော့ စာအုပ်အသစ် တစ်အုပ်ဖြန့်ချီခါနီးမှာ တပြိုင်နက်ဖြန့်ချီနိုင်အောင် စီစဉ်ထားပါတယ်။ သတင်းစာတွေ ဂျာနယ်တွေမှာ ကြေညာထည့်ပါ့မယ်။ စာအုပ်ထုတ်ဝေတဲ့နေ့မှာပဲ တပြိုင်နက် ဖုန်းပေါ်မှာ
ဝယ်လို့ရနိုင်အောင် စီစဉ်တာက အစ ဆောင်ရွက်သွားမှာပါ”ဟု မြန်မာနိုင်ငံထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်း ဒု -ဥက္ကဋ္ဌ
ဦးမျိုးအောင်က ပြောသည်။

ယင်းသို့ ပုံနှိပ်စာအုပ်များကို E book အသွင်ဖြင့်အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းနှင့် ပက်သက်ပီး စာရေးဆရာတစ်ဦးဖြစ်သူ ဆရာမခင်မြဇင်က “အန်တီ့အနေနဲ့ဆိုရင်တော့ စာအုပ်ကိုသာ အွန်လိုင်းတင်မယ် ဆိုရင်တော့ ဖြေးဖြေးမှ စဉ်းစားမိမှာပါ။ နောက်လည်း ဒီလိုမီဒီယာတွေ မြန်မာပြည်ကို ရောက်လာကြဦးမယ်ထင်ပါတယ်။
အဲဒီ့အခါကျရင် ထိုက်သင့်တဲ့ အခွင့်အရေး ထိုက်သင့်တာရမှသာ အန်တီတို့အနေနဲ့ အွန်လိုင်းမှာ တင်ခွင့်ပြုနိုင်မှာပါ။
ဘာကြောင့်လည်းဆိုရင် လောလောဆယ်မှာ စာဖတ်သူရှားပါးနေတဲ့အချိန်မှာ လူငယ်တွေ အတွက်တော့ အခမဲ့ကပိုပြီးတော့ အဆင်ပြေမယ်လို့ ထင်တယ်။ အခမဲ့ကြည့်တဲ့သူတောင် အတော်ရှားသွားပြီ။ အန်တီ့အနေနဲ့ အဲဒါက အခွင့်အရေး ဆုံးရှုံးမှုလို့မမြင်ပါဘူး ။ ဒီလိုမျိုးတစ်ခုခုကို ရောင်းလိုက်လို့ အဲဒီ့ လိုင်းတွေပိတ်မယ် ဘာညာဆိုရင် တကယ်စာချစ်တဲ့ စေတနာနဲ့ အများဖတ်နိုင်အောင် အင်တာနက်ပေါ် ဖရီးရှဲ လုပ်လို့ရအောင်
တင်ကြတဲ့ လူငယ်တွေကိုများ ထိခိုက်မလားလို့ စဉ်းစားမိပါတယ် ”ဟု ပြောကြားခဲ့သည်။

ရွှေထွဋ်

မြန်မာ့ခေတ်
မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်းအလုပ်အမှုဆောင်များနှင့်JAS Phone ( intrenet Wallet Co,Ltd) တို့၏ ပုံနှိပ်စာအုပ်များကိုE book အသွင်ဖြစ်အင်တာနက်ပေါ်တွင် ၀ယ်ယူဖတ်ရှုနိုင်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်ကို ထိုင်းရွေးကောက်ပွဲကော်မရှင် ဖိတ်ခေါ်ဆွေးနွေးမည်

ထိုင်းနိုင်ငံ မဲဆန္ဒနယ် ၂၈ နယ်တွင် မဲပေးရန် မှတ်ပုံတင်ထားသူ တစ်စုံတစ်ဦးမျှ မရှိသည့်ကိစ္စကို တွေ့ဆုံ ဖြေရှင်းသွားရန်အတွက် ၀န်ကြီးချုပ်ယင်လပ်အား ဖိတ်ခေါ်ဆွေးနွေးသွားမည်ဟု ရွေးကောက်ပွဲကော်မရှင် (EC) က ပြောကြားလိုက်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်က ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။

ယူကရိန်းနိုင်ငံတွင် အကြမ်းဖက်မှုများ ပေါ်ပေါက်လာနိုင်သည့်အတွက် တပ်လှန့်ထား

ယူကရိန်းနိုင်ငံ၏ အရေးပါသော နေရာများဖြစ်ကြသည့် လေဆိပ်များ၊ ဘူတာရုံများ၊ ပိုက်လိုင်းများနှင့် နျူကလီးယား စက်ရုံများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများ တစ်နေ့တခြား တိုးပွားလာနေသဖြင့် အကြမ်းဖက်တိုက်ခိုက်မှု နှိမ်နင်းရေးအဖွဲ့များကို တပ်လှန့်ထားကြောင်း ယူကရိန်းနိုင်ငံ လုံခြုံရေးဌာနက တနင်္ဂနွေနေ့က ကြေညာလိုက်သည်ဟု ဖေဖော်ဝါရီ ၁၀ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော် ပြထားသည်။

အမေရိကန်ဒေါ်လာသန်း ၃၀၀ တန်ဖိုးရှိ ထောက်ပံ့ရေးအကူညီများ အာဖဂန်သို့ ပေးသွားမည်ဟု အမေရိကန်ကြေညာ

စစ်စီးပွားရေးတစ်စတစ်စ လျှော့ချခြင်းများနှင့် ကမ္ဘာလုံးဆိုင်ရာတပ်ဖွဲ့များ ရုပ်သိမ်းမှုများ ပြုလုပ်နေစဉ် တွင် အာဖဂန် နစ္စတန်နိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိ အကူညီပေးရေး အစီစဉ် သစ်တစ်ရပ်ကို အမေရိကန် ပြည်ထောင်စုက ထုတ်ဖော် ကြေညာသွားမည် ဖြစ်ကြောင်း အမေရိကန် အရာရှိတစ်ဦးက ပြောကြားသည်ဟု ဖေဖော်ဂါရီ ၁၀ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။

မြန်မာလုပ်သားများ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် တောင်ကိုရီးယား အစိုးရ ကူညီမည်

မြန်မာနိုင်ငံရှိ လုပ်ငန်းခွင် အသီးသီးတွင် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် တောင်ကိုရီးယား အစိုးရက အကူအညီများ ပေးအပ်သွားမည်ဟု ဖေဖော်ဝါရီလ ၉ ရက်နေ့က မြန်မာအစိုးရနှင့် သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြောင်း တောင်ကိုရီးယား အစိုးရ လက်အောက်ရှိ အလုပ်အကိုင်၊ လုံခြုံရေးနှင့် ကျန်းမာရေး အေဂျင်စီ (KOSHA) က ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သတင်း ထုတ်ပြန်လိုက်သည်။

နိုင်ငံတကာ အဖွဲ့အစည်းများ သတင်းမှား ထုတ်ပြန်မှု ပြန်ရုပ်သိမ်းရန် မောင်တောတွင် ဆန္ဒပြ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်မှာ မှားယွင်းနေသဖြင့် ပြန်ရုပ်သိမ်းရန် အဆိုပါ မြို့နယ်တွင် မြို့ခံ ၅၀၀ ကျော် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဆန္ဒပြခဲ့ကြောင်း အဆိုပါ ဆန္ဒပြမှုတွင် ပါဝင်သူ ဦးခင်မောင်သန်းက ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ်များ နံနက်ပိုင်း အစည်းအဝေး တက်ရောက်ရန် ပြည်ထောင်စု လွှတ်တော်နာယက တိုက်တွန်း

Photo: လွှတ်တော် ကိုယ်စားလှယ်များ နံနက်ပိုင်း အစည်းအဝေး တက်ရောက်ရန် ပြည်ထောင်စု လွှတ်တော်နာယက တိုက်တွန်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀

လွှတ်တော် ကိုယ်စားလှယ်များအား ပြည်ထောင်စု လွှတ်တော် နံနက်ပိုင်း အစည်းအဝေး တက်ရောက်ရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပ ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တိုက်တွန်း ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ်အချို့သည် လွှတ်တော် ကော်မတီ အသီးသီးမှ အစည်းအဝေးများကြောင့် နံနက်ပိုင်း လွှတ်တော် အစီအစဉ်များကို တက်ရောက်ခြင်း မရှိသောကြောင့် ယင်းသို့ သတိပေး တိုက်တွန်းရခြင်း ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆိုသည်။ 

လွှတ်တော် ကော်မတီ အသီးသီးမှ အစည်းအဝေးများ ရှိသောကြောင့် ပြည်ထောင်စုလွှတ်တော် နေ့လယ်ပိုင်း အစီအစဉ်များတွင် ကော်မတီဝင် လွှတ်တော် ကိုယ်စားလှယ်များ မတက်ရောက် နိုင်သော်လည်း နံနက်ပိုင်း အစီအစဉ်များကို တက်ရောက်ပေးရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက ပြောဆိုသည်။
“ကော်မတီ လုပ်ငန်းတွေ လုပ်တဲ့အခါမှာ အစည်းအဝေး ခန်းမမှာ လူအတော် နည်းပါးသွားတာကို ဝေဖန် ထောက်ပြမှုတွေလည်း ရှိနေပါတယ်၊ အထူးအရေးကြီး ကိစ္စများမှလွဲပြီး ခန်းမအတွင်းမှာ ရှိပေးဖို့ လိုပါတယ်” ဟု ၎င်းက ပြောကြားသည်။ 

ပြည်ထောင်စု လွှတ်တော်အတွင်း ဖွဲ့စည်းထားသော ကော်မတီပေါင်း ၂၄ ခုရှိပြီး ကော်မတီလုပ်ငန်း အစည်းအဝေးများရှိလျှင် လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော် ခန်းမအတွင်း တက်ရောက်နိုင်ခြင်း မရှိကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင် ဦးစောလှထွန်းက ပြောကြားသည်။

“အရေးကြီးတဲ့ အချိန်ဆိုရင် လုပ်ငန်း အစည်းအဝေးတွေ ခဏခဏ လုပ်လေ့ရှိတော့ လွှတ်တော် ခန်းမထဲ ရောက်ပြီးမှ ပြန်ထွက်ရတာတွေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင်ယခု (ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်) အစည်းအဝေးများတွင် လွှတ်တော် ကိုယ်စားလှယ်  ၆၄၂ ဦး ရှိသည့်အနက် အစည်းအဝေး မတက်ရောက် နိုင်သောကြောင့် ခွင့်တိုင်ကြားသူပေါင်း ၁၅၀ ဦးကျော်ထိ ရှိလာကြောင်း ပြည်ထောင်စု လွှတ်တော်ရုံးထံမှ သိရသည်။
လွှတ်တော် ကိုယ်စားလှယ်များအား ပြည်ထောင်စု လွှတ်တော် နံနက်ပိုင်း အစည်းအဝေး တက်ရောက်ရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပ ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တိုက်တွန်း ပြောကြားသည်။

အ၀တ်အစားမပါ ကိုယ်နေဟန် ပန်းချီကားများ ပါဝင်သည့် အနုပညာရသများ ပန်းချီဆရာသုံးဦး ပြသမည်

အကြောင်းအရာကွဲပြားပြီး အနုပညာရသများကိုသာ ပြသချင်သည့် ပန်းချီဆရာသုံးဦး၏ ရေဆေးသီးသန့် ပန်းချီပြပွဲ Water Colour 2014 ကို ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်မည်ဖြစ်သည်။ ယင်းပြပွဲကို ဒဂုံမြို့ နယ်၊ ယောမင်းကြီးလမ်းရှိ Gallery 65 တွင် ကျင်းပမည်ဖြစ်ကြောင်း ပန်းချီဆရာ ခင်မောင်ဇော်က မဇ္ဈိမသို့ ပြောသည်။

ဆက်သွယ်ရေးနည်းဥပဒေထွက်ပြီးပါက အင်တာနက် လုပ်ငန်းလိုင်စင်လျှောက်ထားရန် Redlink ပြင်ဆင်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ဆက်သွယ်ရေးနည်းဥပဒေကို လာ မည့် မတ်လအတွင်း အတည်ပြုပေးသွားရန်ရှိနေပြီး အဆိုပါ ဥပဒေအတည်ပြုပြဋ္ဌာန်းပြီးပါက အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားသွားရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်ဟု Redlink Communication ၏ ဒုတိယဥက္ကဋ္ဌဦးသိန်းသန်းတိုးက မဇ္ဈိမကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောသည်။

ဝိုင်းစုခိုင်သိန်းနှင့် ဥက္ကာမြင့်ကြူတို့၏ မင်္ဂလာဦးဆွမ်းကျွေး ကျင်းပ

ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ၀ိုင်းစုခိုင်သိန်းနှင့် ဥက္ကာမြင့်ကြူတို့၏ မင်္ဂလာဦးဆွမ်းကျွေး ဧည့်ခံပွဲကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၁၀ နာရီက တက္ကသိုလ်ရိပ်သာလမ်းရှိ အင်းယားကန်ဖျား ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

စမ်းချောင်းလမ်းရှိ အလှပြင်ဆိုင် အမည်ခံ အနှိပ်ခန်း ရဲဝင်ဖမ်း

စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းအတွင်းမှ အလှပြင်ဆိုင်အမည်ခံထားသည့် တရားမ၀င်အနှိပ်ခန်းတစ်ခု ကို ဖေဖော်ဝါရီ ၉ ရက်တွင် မြို့နယ်ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးလိုက်သည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်မည်

ပြည်တွင်းကုန်သွယ်မှု မြင့်မားလာရန်အတွက် ၂၀၁၅ တွင် နယ်စပ်ကုန်သွယ်ရေးစခန်းများ ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

နာဂဒေသဖွံ့ဖြိုးရေးအတွက် အိန်္ဒိယအစိုးရက ဒေါ်လာ ၂၅ သန်းကူညီမည်

အိန်္ဒိယနိုင်ငံက မြန်မာနိုင်ငံ နာဂဒေသဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းကူညီမည်ဖြစ် ကြောင်း သိရသည်။

ကမ္ဘာ့အကြီးဆုံး ဒုက္ကရစရိယာရုပ်ပွားတော် တည်ထားပြီးစီး

မန္တလေးမြို့၊ ၆၂ လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ မက္ခရာကျောင်းတိုက်အတွင်း ကမ္ဘာ့အကြီးဆုံး ဒုက္ကရစရိ ယာဗုဒ္ဓရုပ်ပွားတော်ကြီး တည်ထားမှုမှာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလဆန်းတွင် အချောသတ်ပြီးစီးသဖြင့် ပြည်တွင်းဘုရားဖူးများသာမက နိုင်ငံခြားသား ဘုရားဖူးများနှင့် လေ့လာသူများပါ လာရောက် ဖူးမြော် လျက်ရှိသည်။

သင်္ဃန်းကျွန်းဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ပြီ

သင်္ဃန်ကျွန်းမြို့နယ် ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေသိန်းတစ်ထောင်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ စတင် အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က မဇ္ဈိမသို့ ပြောသည်။

ပုဂ္ဂလိကသို့ပေးမည့် ပြည်တွင်းလေဆိပ်လုပ်ငန်းများအတွက် ဧပြီလခန့်တွင် တင်ဒါခေါ်မည်

ပုဂ္ဂလိကလုပ်ငန်းရှင်များမှ လုပ်ကိုင်ရန် စိတ်ဝင်စားမှုများပြားသည့် ပြည်တွင်းလေဆိပ်များအား လာမည့် ဧပြီလတွင် တင်ဒါခေါ်ယူရန်လျာထားသည်ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှဖုန်းမော်က မဇိ္ဈမသို့ ပြောသည်။

သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲဝင်မည်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ကျောက်စရစ်မြောက်ကျေးရွာအုပ်စုနှင့် ရေနံ့သာကျေးရွာ အုပ်စုကြားရှိ ကွင်းအမှတ် ၁၄၃-၁၄၄-၁၄၉ အတွင်းမှ ရေနံ့သာအဆင့်မြင့်စိုက်ပျိုးကုန်ထုတ် သမအသင်း လီမိတက်က သိမ်းယူထားသော လယ်ယာမြေဧက ၆၀၀ ကို ပြန်လည်ရယူလိုသဖြင့် မူလပိုင်ရှင် ၁၀၀ဦး က မိုးကြိုစပါးစိုက်ပျိုးနိုင်ရန် မတ်လ ၁ ရက်တွင် ထွန်တုံးတိုက်ပွဲ ဆင်နွှဲသွားမည်ဟု ဦးဆောင်သူကိုရဲရင့် အောင်က မဇ္ဈိမကို ပြောသည်။

လူမျိုးရေးပဋိပက္ခများကို မဟာဗျူဟာကျကျ ဖြေရှင်းရန် ရခိုင်အမျိုးသားထုကို တိုက်တွန်း

ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခများကို ရခိုင်အမျိုးသားများက တိကျသော မဟာဗျူဟာချမှတ် ပြီး အချိန်ယူ ဖြေရှင်းရန် လိုအပ်နေသည်ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သုံးရက်ကြာကျင်းပခဲ့သည့် ရခိုင် ခေါင်းဆောင်များ၏ ဆွေးနွေးညှိနှိုင်းပွဲအပြီး ဖေဖော်ဝါရီ ၁၀ ရက်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက် ရေးပါတီ(RNDP) အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ပြောကြားလိုက်သည်။

အစိုးရနှင့် တိုင်းရင်းသားများ၏ အပစ်ရပ်ရေးမူကြမ်းများ ဖေဖော်ဝါရီတွင် တိုက်ဆိုင်စစ်ဆေးမည်

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆာင်ရွက်ရေးအဖွဲ့ NCCT နှင့် အစိုးရတို့ တစ်နိုင်ငံလုံးအတိုင်း အတာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးနိုင်ရန်အတွက် နှစ်ဖက်စလုံးက ရေးဆွဲထားသော မူကြမ်းများကို လာမည့်ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ရန်ကုန်မြို့၌ တိုက် ဆိုင် ဆွေးနွေးသွားမည်ဟု NCCT အဖွဲ့ခေါင်းဆောင်(၁) ဖဒိုစောကွယ်ထူးဝင်းက ဖေဖော်ဝါရီ ၁၀ တွင် မဇ္ဈိမကို ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဂျာမနီသမ္မတ အလေး ထားစောင့်ကြည့်နေ

မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို စိတ်ဝင်စားစွာ အလေးထား စောင့်ကြည့် နေသည်ဟု ဖေဖော်ဝါရီ ၉ ရက်က မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသည့် ဂျာမနီသမ္မတ မစ္စတာ ယိုအာခင်ဂေါက်ခ်က ဖေဖော်ဝါရီလ ၁၀ ရက်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။

လူဝကြီးများအတွက်ခုံတန်းများ ကမ္ဘာ့ဖလား ဘောလုံးကွင်းများတွင် တပ်ဆင်

Photo
ကိုယ်အလေးချိန် (၂၅)စတုံအထက် လူဝကြီးများ အနေဖြင့် သာမန် ခုံတန်းများပေါ်တွင် ထိုင်ကြည့်ရန် အဆင်မပြေ ဖြစ်လေ့ရှိသည့်နောက် ဆောက်လုပ်ရေး ကုမ္ပဏီများက ယင်းကဲ့သို့ လူဝခုံတန်းများကို တီထွင် တပ်ဆင် ရန် ဆုံးဖြတ်လိုက်ပါတယ်။

ကနေဒါ၊ နယ်သာလန် ရွှေတံဆိပ် အများဆုံးနဲ့ အိုလံပစ်မှာဦးဆောင်

Photo: ကနေဒါ၊ နယ်သာလန် ရွှေတံဆိပ် အများဆုံးနဲ့ အိုလံပစ်မှာဦးဆောင်
Tuesday, February 11, 2014

ရုရှားနိုင်ငံ၊ ဆိုချီမြို့က ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် တတိယနေ့ အဖြစ် တနင်္လာနေ့ ပွဲစဉ်တွေထဲက မီတာ ၅၀၀ အမျိုးသား စကိတ်အမြန်စီး ပြိုင်ပွဲမှာတော့ နယ်သာလန် နိုင်ငံက ရွှေ၊ ငွေ၊ ကြေးဆုတွေ အားလုံး ရရှိသွားပါတယ်။

Michel Mulder က ရွှေတံဆိပ်၊ အမွှာညီအကို Ronald Mulder က ကြေးတံဆိပ်နဲ့ တသင်းတည်း အားကစားသမား Jan Smeekens က ငွေတံဆိပ် အသီးသီး ရရှိခဲ့ကြတာပါ။ တနင်္လာနေ့က နောက်ဆုံး ဆုရရှိမှု စုစုပေါင်းမှာတော့ ကနေဒါက ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁ ခုနဲ့ နယ်သာလန်က ရွှေတံဆိပ် ၃ ခု ငွေ ၂ ခုနဲ့ ကြေး ၂ ခု၊ နော်ဝေကတော့ ရွှေ ၂ ဆု၊ ငွေ ၁ ဆု၊ ကြေး ၄ ခုနဲ့ စုစုပေါင်း ၇ ဆုစီ အသီးသီး ရရှိထားကြပါတယ်။

အမေရိကန်ကတော့ ရွှေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၂ ခု၊ စုစုပေါင်း ၅ ဆုနဲ့ စတုတ္ထနေရာမှာ ရှိနေတာပါ။

ကနေဒါနိုင်ငံက Charles Hamelin ကတော့ မီတာ ၁,၅၀၀ စကိတ်ပြိုင်ပွဲမှာ ပထမ ရရှိပြီး အိုလံပစ် ရွှေတံဆိပ် တတိယအကြိမ် ဆွတ်ခူးသွားပါတယ်။ Alpine ရေခဲပြင်လျှောစီး အမျိုးသမီး ပြိုင်ပွဲမှာတော့ ဂျာမဏီနိုင်ငံက Maria Hoefl-Riesch က ပထမရခဲ့တာပါ။ ၂ မိနစ် ၃၄.၆၂ စက္ကန့်နဲ့ ပန်းဝင်ခဲ့ပြီး နောက်မှာတော့ သြစတြီးယားက Nicole Hosp နဲ့ လမ်းတ၀က်မှာ အမှားနဲ့ကြုံခဲ့ရတဲ့ အမေရိကန် အားကစားမယ် Julia Mancuso တို့လည်း အသီးသီး ပန်းဝင်ခဲ့ကြပါတယ်။

တနင်္လာနေ့မှာပဲ နော်ဝေ Ski အားကစားသမား Ole Einar Bjoerndalen ကတော့ ၁၂ ကီလိုမီတာခွဲ biathalon ပြိုင်ပွဲမှာ အနိုင်ရပြီး ဆောင်းရာသီ အိုလံပစ်ပွဲတော်တွေရဲ့ ရွှေတံဆိပ် ၁၃ ဆုရှင်အဖြစ် စံချိန်ချိုးခဲ့တာပါ။ စနေနေ့ တုန်းကလည်း ၁၀ ကီလိုမီတာ Sprint ပြိုင်ပွဲမှာ ပထမရပြီး အသက် ၄၀ အရွယ် နော်ဝေချန်ပီယံဟာ အသက်အကြီးဆုံး ဆောင်းရာသီ အိုလံပစ် ရွှေတံဆိပ်ဆုရှင် ဖြစ်ခဲ့ပါတယ်။

VOA

နယ်သာလန်က ရွှေတံဆိပ်ဆုရှင်၊၊ Michel Mulder of Netherlands (လယ်) အမေရိကန်က Shani Davis of the United States (ဝဲ) နဲ့ တတိယဆုရှင် သြစတြေးလျက Greig တို့ အောင်ပွဲခံစဉ်
နယ်သာလန်က ရွှေတံဆိပ်ဆုရှင်၊၊ Michel Mulder of Netherlands (လယ်) အမေရိကန်က Shani Davis of the United States (ဝဲ) နဲ့ တတိယဆုရှင် သြစတြေးလျက Greig တို့ အောင်ပွဲခံစဉ်
ရုရှားနိုင်ငံ၊ ဆိုချီမြို့က ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် တတိယနေ့ အဖြစ် တနင်္လာနေ့ ပွဲ စဉ်တွေထဲက မီတာ ၅၀၀ အမျိုးသား စကိတ်အမြန်စီး ပြိုင်ပွဲမှာတော့ နယ်သာလန် နိုင်ငံက ရွှေ၊ ငွေ၊ ကြေး ဆုတွေ အားလုံး ရရှိသွားပါတယ်။

ဂျာမဏီသမ္မတနဲ့ဒေါ်စု မြန်မာ့အရေးဆွးနွေး

Photo: ဂျာမဏီသမ္မတနဲ့ဒေါ်စု မြန်မာ့အရေးဆွးနွေး
Tuesday, February 11, 2014

ဂျာမဏီသမ္မတ Joachim Gauck ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တနင်္လာနေ့က တွေ့ဆုံခဲ့ပြီးတော့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့စဉ်အတွင်း မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီးတော့လည်း အဓိကဆွေးနွေးခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ အေပီသတင်းတပုဒ်ကို အခြေခံပြီး ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ဂျာမဏီသမ္မတ Joachim Gauck ဟာ သူ့ရဲ့မြန်မာနိုင်ငံခရီးစဉ် ဒုတိယနေ့ဖြစ်တဲ့ တနင်္လာနေ့ကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဂျာမဏီသမ္မတဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ်နဲ့ တနင်္ဂနွေနေ့က စတင်ရောက်ရှိနေတာဖြစ်ပါတယ်။

တနင်္လာနေ့အစောပိုင်းတုန်းကတော့ ဂျာမဏီသမ္မတဟာ မြန်မာသမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီးတဲ့နောက် ပူးတွဲပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ အစိုးရတာဝန်ရှိသူတွေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံက ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေပြီး ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေ တိုးတက်မှုရှိတယ်ဆိုတာကို အသိအမှတ်ပြု လေးစားတယ်ဆိုတာကို ပြသဖို့အတွက် ဖြစ်ပါတယ်ဆိုပြီးတော့ သူက ဂျာမန်ဘာသာနဲ့ ပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တာတွေအနက် အဓိကဆွေးနွေးဖြစ်တဲ့ကိစ္စကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စဖြစ်တယ်လို့ သူက ပြောပါတယ်။

“မြန်မာအစိုးရနဲ့ သမ္မတတို့ရဲ့အမြင်တွေကို နားထောင်ဖို့တင်မကပါဘူး၊ အတိုက်အခံနဲ့ လူထုအခြေပြု၊ လူမှုအဖွဲ့အစည်းတွေရဲ့အမြင်သဘောထားတွေကို နားထောင်ဖို့ကလည်း အင်မတန်ကို အရေးကြီးပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖွဲ့စည်းပုံပါ အချက်အလက် အသေးစိတ်နဲ့ပတ်သက်တဲ့ ပြဿနာတွေကိုလည်း အသေးစိတ်ကို အသေအချာ လေးလေးနက်နက် ဆွေးနွေးတာတွေ လုပ်ခဲ့ပါတယ်။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ တရားစွဲဆိုမှုတွေ၊ ပြဿနာတွေအမြောက်အများကို အောင်မြင်ကျော်လွှားနိုင်ခဲ့တဲ့ ဂျာမဏီနိုင်ငံရဲ့ခေါင်းဆောင်ကို တွေ့ဆုံခွင့်ရတာဟာ ဝမ်းမြောက်အားတက်စရာဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့-

“ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ သိပ်မြန်လွန်းတယ်လို့ ပြောနိုင်မှာ မဟုတ်ပါဘူး။ တကယ်တန်းက နှေးလွန်းရင်သာ အန္တရာယ်ရှိပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ မှန်ကန်တဲ့နည်းလမ်းနဲ့ လမ်းကြောင်းပေါ်မှာ သွားနေသမျှ ကျမတို့အတွက်တော့ သိပ်ကိုစောပြီး မြန်လွန်းတယ်လို့ ပြောနိုင်မှာ မဟုတ်ပါဘူးရှင့်။”

ဂျာမဏီသမ္မတဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ပြည်ထောင်စုလွှတ်တော်ကိုလည်းသွားရောက်ခဲ့ပြီးတော့ လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဂျာမဏီသမ္မတ Joachim Gauck ဟာ မြန်မာနိုင်ငံကနေ မထွက်ခွာခင် ဒီကနေ့ အင်္ဂါနေ့မှာတော့ ရန်ကုန်တက္ကသိုလ်မှာ သွားရောက် မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။

VOA

မြန်မာပြည်ကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ ဂျာမဏီသမ္မတ Joachim Gauck (ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄)
မြန်မာပြည်ကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ ဂျာမဏီသမ္မတ Joachim Gauck
 (ဖေဖော်ဝါရီ ၁၀၊ ၂၀၁၄)
ဂျာမဏီသမ္မတ Joachim Gauck ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တနင်္လာနေ့က တွေ့ဆုံခဲ့ပြီးတော့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကျော်လွှားရမှာတွေ များပြားကြောင်း Telenor ပြော

Photo: မြန်မာနိုင်ငံမှာ ကျော်လွှားရမှာတွေ များပြားကြောင်း Telenor ပြော
Tuesday, February 11, 2014

မြန်မာနိုင်ငံမှာ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းအတွက် လုပ်ကိုင် ခွင့်ရရှိခဲ့တဲ့ နော်ဝေးနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီအနေနဲ့ ရင်ဆိုင်ကျော်လွှားရမယ့် ပြဿနာတွေ အများအပြားရှိနေတယ်လို့ ကုမ္ပဏီ အရာရှိတစ်ဦးက ပြောပါတယ်။

ဒီနှစ် ဇန်န၀ါရီလကုန်ပိုင်းက လုပ်ကိုင်ခွင့်လိုင်စင် တရားဝင်ရရှိခဲ့တဲ့ Telenor ကုမ္ပဏီဟာ လာမယ့် ၈ လအတွင်း 2G နဲ့ 3G တယ်လီဖုန်းဝန်ဆောင်မှု စတင်နိုင်ဖို့ဆောင်ရွက်ရမှာပါ။ ဒါ့ပြင် ငါးနှစ်အတွင်း မြန်မာနိုင်ငံလူဦးရေရဲ့ ၉၀ ရာနှုန်း တယ်လီဖုန်း သုံးစွဲနိုင်ရေးအတွက် နိုင်ငံတလွှားမှာ ဆက်သွယ်ရေးအခြေစိုက် စခန်းပေါင်း ၈ ထောင် တည်ဆောက်ပြီး ဆက်သွယ်ရေးကွန်ရက် ထူထောင်တည်ဆောက်ရမှာဖြစ်ပါတယ်။ ဒီအတွက် Telenor က ဒေါ်လာ သန်းငါးရာ သုံးစွဲမှာဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးတိုးတက်ဖို့အတွက် အခြေခံအဆောက် အအုံတွေဖြစ်တဲ့ လမ်း ၊တံတား၊ လျှပ်စစ်ဓါတ်အား စတာတွေ ချို့တဲ့နေတဲ့အတွက်၊ အတော်အားစိုက်ဆောင်ရွက် ရမှာဖြစ်တယ်လို့ Telenor ကုမ္ပဏီ အမှုဆောင်အရာရှိ Petter Furberg က ပြောပါတယ်။

တိုင်းပြည်လူဦးရေ ၂၅ ၇ာနှုန်းသာ လျှပ်စစ်ဓါတ်အား ရရှိတာဖြစ်လို့ Telenor အနေနဲ့ အခြေစိုက်စခန်းတွေမှာ ဒီဇယ်ဆီသုံး မီးစက်တွေ၊ နေရောင်ခြည် စွမ်းအင်သုံး ဓါတ်အားပေးစနစ်တွေကို အရန်ထားအသုံးပြုရမှာဖြစ်ပါတယ်။ ဒါ့ပြင် အခြေစိုက်စခန်းတွေ တည်ဆောက်ရမယ့် နေရာတွေကိုရောက်ရှိဖို့ လမ်းပန်းခရီးကလည်း အချိန်မရွေးသွားလာလို့ မလွယ်ကူကြောင်း၊ အခုလို မိုးရာသီမှာ ပိုဆိုးကြောင်း၊ အပစ်အခတ်တွေ ရှိနေတဲ့ဒေသတွေကို သွားရောက်ဖို့လည်း မလွယ်သေးကြောင်း ကုမ္ပဏီအမှုဆောင် အရာရှိက ပြောပါတယ်။

အလားတူ လာဘ်ပေး လာဘ်ယူကိစ္စနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ ပြဿ နာတွေ နဲ့လည်း ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။အဲဒီထဲမှာ အကြီးမား ဆုံးအခက်အခဲက နိုင်ငံတလွှားမှာ ဆက်သွယ်ရေး အခြေစိုက်စခန်းတွေ တည်ဆောက်ခွင့်ရဖို့ စောင့်ဆိုင်းရမယ့်အချိန်ဖြစ်တယ်လို့ Telenor ကုမ္ပဏီ အမှုဆောင်အရာရှိ က ပြောပါတယ်။

RFA
မြန်မာနိုင်ငံမှာ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းအတွက် လုပ်ကိုင် ခွင့်ရရှိခဲ့တဲ့ နော်ဝေးနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီအနေနဲ့ ရင်ဆိုင်ကျော်လွှားရမယ့် ပြဿနာတွေ အများအပြားရှိနေတယ်လို့ ကုမ္ပဏီ အရာရှိ တစ်ဦးက ပြောပါတယ်။

ပိန်ချင်ရင် သရက်သီးအခွံစားပါ

Photo: ပိန်ချင်ရင် သရက်သီးအခွံစားပါ
Tuesday, February 11, 2014

အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသီများ တွေ့ရှိ ခဲ့ကြတာ ကတော့ သရက်သီး အခွံထဲမှာ ပါဝင်သည့် ဓာတုပစ္စည်း အချို့သည် အဆီ ကလာပ်စည်း ဖြစ်ပေါ်ခြင်းကို ကာကွယ် တားဆီးနိုင်တယ် လို့ပဲ ဖြစ်ပါတယ်။

သရက်သီး အခွံထဲမှာပါတဲ့ ဓာတု ပစ္စည်းများဟာ ခန္ဓာကိုယ်အတွင်း အဆီကလာပ်စည်း ဖြစ်ပေါ်နေသော လုပ်ငန်းစဉ် ဖြစ်သည့် Adipogenesis ကို နှိမ်နင်း ပေးတယ်လို့ ဆိုပါတယ်။

အပူပိုင်း သစ်သီးများ ထဲက တစ်မျိုးဖြစ်တဲ့ သရက်သီး များထဲမှာ အမျိုးမျိုးကွဲ ပြားခြားနားသော အပင်ထွက် ဓာတု ပစ္စည်း Phytochemicals များ ရောနှော ပါဝင်လျက်ရှိရာ အချို့တွင် ဖော်ပြပါ အာနိသင်များ ပါဝင်လျက်ရှိ ပါတယ်။ သရက်သီးထဲမှာ အပင်ထွက် ဓာတု ပစ္စည်းတွေ များပြားစွာ ပါဝင်ပြီး ဖွံ့ဖြိုး ဆဲရော၊ ဖွံ့ဖြိုးပြီး နိုင်ငံများမှာပါ ရေပန်းစားတဲ့ အသီး တစ်မျိုးဖြစ်ပါတယ်။

သရက်သီး အခွံစားခြင်းကြောင့် ဖြစ်နိုင်တဲ့ ဘေးထွက် ဆိုးကျိုးတစ်ခု ကတော့ အဆီ ကလာပ်စည်းများ ဖြစ်ပေါ် အဆီ ကလာပ်စည်းများက ပို၍ကြီးလာပြီး အဲဒီလို ကလာပ်စည်း မျိုးဟာ အမျိုးအစား(၂) ဆီးချိုသွေးချို ရောဂါ(၂) ဖြစ်စေ နိုင်တယ်လို့ ဆိုပါတယ်။ ဓာတ်ခွဲခန်း အတွင်း စမ်းသပ် ချက်များအရ အဝလွန်ခြင်းကို ကူညီ နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

မြ၀တီ
အရသာ မကောင်း ပေမယ့်လည်း ပိန်ချင်သော သူများ အနေဖြင့် သရက်သီး စားတဲ့ အခါ အခွံပါ စားသော နည်းသစ်တစ်ရပ်ကို အသုံးပြုသင့်ပါ တယ်တဲ့။ ဩစတြေးလျ သုတေသီများ တွေ့ရှိ ခဲ့ကြတာ ကတော့ သရက်သီး အခွံထဲမှာ ပါဝင်သည့် ဓာတုပစ္စည်း အချို့သည် အဆီ ကလာပ်စည်း ဖြစ်ပေါ်ခြင်းကို ကာကွယ် တားဆီးနိုင်တယ် လို့ပဲ ဖြစ်ပါတယ်။

စိတ်ဖောက်ပြန်သူကိုကြောက်၍ အိမ်ကထွက်ပြေးရာမှ ပြန်လာကြည့်သောအခါ ကြိုးဆွဲချသေဆုံးနေသည့် စိတ်ဖောက်ပြန်သူကိုတွေ့ရှိ

မင်္ဂလာဒုံမြို့နယ်တွင် စိတ်ဖောက်ပြန်ပြီး သောင်းကျန်းနေသည့်သူကို အိမ်တွင်ထားခဲ့ရာမှ ကြိုးဆွဲချသေ ဆုံးသွားသည်ဆိုသည့်အမှုကို မင်္ဂလာဒုံရဲစခန်းက ဖေဖော်ဝါရီ ၄ ရက်တွင် ဓမ္မတာသေဆုံးခဲ့ခြင်း ဟုတ် မဟုတ်ကို အမှုဖွင့်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှူး ရုံးက သတင်းထုတ်ပြန်ထားသည်။

ရခိုင်ခေါင်းဆောင်အဖွဲ့ကို ပစ်ခတ်သူ စုံစမ်း

Photo: ရခိုင်ခေါင်းဆောင်အဖွဲ့ကို ပစ်ခတ်သူ စုံစမ်း
Tuesday, February 11, 2014

ရခိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးအေးသာအောင်နဲ့ ဒေါက်တာ အေးမောင်တို့ ပြီးခဲ့တဲ့ အပတ် က မလေးရှား နိုင်ငံ ခရီးစဉ် အတွင်း ကွာလာ လမ်ပူမှာ ကားနဲ့ သွားလာစဉ်၊ ဆိုင်ကယ် တစီး ပေါ်ကနေ သေနတ် နဲ့ ပစ်ခတ်ခံရပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီးမလေးရှား ရဲ က လုံခြုံရေး ကင်မရာ စီစီတီဗီ မှတ်တမ်းတွေ အရ သံသယ ရှိသူတွေ ကို ရှာဖွေ နေပါပြီ။

ဒီအမှု ကို ကိုင်တွယ် ဆောင်ရွက်နေတဲ့ ရဲအရာရှိ ဘားဆွတ် က အမှု ကို စုံစမ်းနေဆဲ ဖြစ်လို့ သံသယ ရှိသူ နှစ်ယောက် နဲ့ ပတ်သက်ပြီး မှတ်ချက်မပြုလို သေးကြောင်း၊ မြန်မာသံရုံး ရဲ့ ပန်ကြားချက်လည်း ရရှိထား ကြောင်း၊ မြန်မာ အစိုးရ ဘက်ကနေ ရဲတပ်ဖွဲ့ချင်း ပူးပေါင်း ဆောင်ရွက်ဖို့ ကမ်းလှမ်းလာ ပါက၊ ကြိုဆိုဖို့ ရှိသလို နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ် နဲ့ ပူးပေါင်း ဆောင်ရွက်မယ့် အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

သေနတ်နဲ့ အပစ်ခံရတဲ့ အထဲက ရခိုင်အမျိုးသား တိုးတက်ရေး ပါတီ မှ ခေါင်းဆောင် ဒေါက်တာအေးမောင် ကလည်း ဒီအမှု ကို ဆက်လက် အရေးယူနိုင်ရေး အတွက် သူ့ပါတီက တာဝန်ရှိသူတွေ က တဆင့် မြန်မာနိုင်ငံ ရဲချုပ် နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်မယ့် အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဖေဖေါ်ဝါရီ ၁၂ ရက် ဗုဒ္ဓဟူး နေ့မှာတော့ အမှုသွား အမှုလာ နဲ့ ပတ်သက်ပြီး၊ မလေးရှား နိုင်ငံမှာ အထူးသတင်း ထောက်လှမ်းရေး တပ်ဖွဲ့နဲ့ ရာဇဝတ်မှုခင်း ဌာနတို့ ပူးတွဲပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ့် အကြောင်း၊ ဒေါက်တာအေးမောင် က ဘီဘီစီ ကို ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

မလေးရှားမှ ရဲတပ်ဖွဲ့ဝင်များ
မလေးရှားမှ ရဲတပ်ဖွဲ့ဝင်များ
ရခိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးအေးသာအောင်နဲ့ ဒေါက်တာ အေးမောင်တို့ ပြီးခဲ့တဲ့ အပတ် က မလေးရှား နိုင်ငံ ခရီးစဉ် အတွင်း ကွာလာ လမ်ပူမှာ ကားနဲ့ သွားလာစဉ်၊ ဆိုင်ကယ် တစီး ပေါ်ကနေ သေနတ် နဲ့ ပစ်ခတ်ခံရပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီးမလေးရှား ရဲ က လုံခြုံရေး ကင်မရာ စီစီတီဗီ မှတ်တမ်းတွေ အရ သံသယ ရှိသူတွေ ကို ရှာဖွေ နေပါပြီ။

ယူအန်နှင့် အိုင်အန်ဂျီအိုများ ထွက်သွားရန် မောင်တော ဒေသခံများ တောင်းဆို ဆန္ဒပြ

PhotoPhoto
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများက မောင်တောမြို့ အခြေစိုက် UN နှင့် INGO များ ဒေသအတွင်းမှ ထွက်ခွာသွားရန် ယနေ့ နေ့လည်ပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆို ခဲ့ကြ သည်။

အိမ်နီးချင်း နိုင်ငံတွေ နည်းတူ မြန်မာနိုင်ငံမှာ အနိမ့်ဆုံး လစာ သတ်မှတ်မည်

Photo: အိမ်နီးချင်း နိုင်ငံတွေ နည်းတူ မြန်မာနိုင်ငံမှာ အနိမ့်ဆုံး လစာ သတ်မှတ်မည်
Tuesday, February 11, 2014

အာရှဒေသအတွင်း အိမ်နီးချင်း နိုင်ငံတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာ အတိုင်း မြန်မာနိုင်ငံမှာလည်း အခြေခံ အလုပ်သမားတွေ အတွက် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ဖို့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသား ကော်မီတီက လုပ်ဆောင် နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း လုပ်ငန်းအမျိုးအစား၊ နေရာဒေသအပေါ် မူတည်ပြီး လုပ်ခ လစာ စံနှုန်းသတ်မှတ်မှုလုပ်ဆောင်ဖို့ ပြင်ဆင်နေကြပြီး မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း အမျိုးသားအဆင့် အလုပ်သမားကိုယ်စားလှယ်တွေက ပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

အရပ်သားအစိုးရလက်ထက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖက်ဖက်မှာ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်ဆောင်လာသလို ပြည်တွင်း ကုန်ထုတ်စက်မှုလုပ်ငန်းတွေလည်း ပိုတိုးချဲ့လုပ်ဆောင်လာနေတဲ့ အနေအထားမှာ မြန်မာနိုင်ငံတွင်းက အလုပ်သမားတွေအတွက် နိုင်ငံတကာစံနှုန်းနဲ့အညီ အနိမ့်ဆုံး အခြေခံလုပ်ခလစာ သတ်မှတ်နိုင်ရေးက အဓိကလုပ်ဆောင်ရမယ့် အချက်ဖြစ်လာနေတာပါ။ ဒါကြောင့် အနိမ့်ဆုံးအဆင့် အခြေခံ လုပ်အားလစာ တရားဝင်နှုန်းထား သတ်မှတ်နိုင်ရေး အတွက် အစိုးရတာဝန်ရှိသူတွေက အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နဲ့ အလုပ်သမားရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံတကာအလုပ်သမားအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်နေကြတာလည်းဖြစ်ပါတယ်။

အခြေခံလုပ်အားခ နည်းပါးပြီး အလုပ်ချိန်နဲ့လုပ်အား မမျှတလို့ အလုပ်သမားအခွင့်အရေး ဆုံးရှုံး နစ်နာရသူတွေအတွက် အခြေခံလုပ်အားခ လစာသတ်မှတ်တဲ့နေရာမှာ နိုင်ငံတကာ အလုပ်သမား ဥပဒေတွေရဲ့ စံချိန်စံနှုန်းနဲ့ အညီ ရေးဆွဲနိုင်ဖို့အတွက် အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသားကော်မီတီက ကြိုးစားနေတယ်လို့ အမျိုးသားအဆင့်အလုပ်သမားကိုယ်စားလှယ် ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“နိုင်ငံတကာရဲ့ အနိမ့်ဆုံးလုပ်ခကြေးငွေသတ်မှတ်မှုအရတော့ ၂ မျိုးရှိတာကိုး၊ တမျိုးက အလုပ်တွေကို အမျိုးအစားအလိုက် အနှေးယာဉ် လုပ်သားဆို၊ အနှေးယာဉ်လုပ်သား တရက် ဘယ်လောက်ဖြစ်မလဲပေါ့။ သဘောပေါ့-တရာဆို တရက် ဘယ်လောက်ဖြစ်မလဲပေါ့။ ကျောင်းဆရာဆို တစ်ရက်ဘယ်လောက်ဖြစ်မလဲပေါ့။ အလုပ်ရဲ့အမျိုးအစားအလိုက် အနိမ့်ဆုံးအခကြေးငွေတွေ သတ်မှတ်လိုက်တာ။ ဥပမာ အိန္ဒိယလိုနိုင်ငံမျိုးပေါ့။ အဲဒီလို သတ်မှတ်လိုက်တဲ့အတွက်ကြောင့် အနည်းဆုံးအခကြေးငွေဟာ အများကြီးဖြစ်လာတာပေါ့။ ဥပမာ ထောင်ဂဏန်းတွေ ဘာတွေ ဖြစ်လာတာပေါ့။ ဒါက တမျိုးပေါ့။ သူက လုပ်ရတာလည်း နည်းနည်းပိုရှုတ်ထွေးတယ်ပေါ့။ နောက် တစ်မျိုး ကတော့ universal wage floor ခေါ်တာပေါ့။ အားလုံးတပြေးညီပုံစံမျိုးနဲ့ တနိုင်ငံလုံးကိုသတ်မှတ်လိုက်တာပေါ့။ အလုပ်အကိုင်၊ အမျိုးအစား၊ နေရာဒေသမခွဲဘဲနဲ့ လုပ်တာပေါ့။ ဒါပေမယ့် တချို့နေရာတွေကျတော့ ဖွံ့ဖြိုးတဲ့ဒေသနဲ့ မဖွံ့ဖြိုးတဲ့ဒေသဆိုပြီး အဲဒီမှာ စံနှုန်း နှစ်ခုလောက် သတ်မှတ်လိုက်တာပေါ့လေ။ အဲလို လုပ်တာတော့ ရှိတယ်။”

အနိမ့်ဆုံးလုပ်အားခလစာသတ်မှတ်နိုင်ရေး မြန်မာနိုင်ငံတွင်း ပြည်နယ်၊ တိုင်းဒေသအသီးသီးမှာ လုပ်ငန်းခွင်အနေအထား၊ အလုပ်သမား ဦးရေ၊ လက်ရှိရရှိတဲ့ လုပ်အားခ လစာနှုန်းထားတွေကို စာရင်းလိုက်လံ ကောက်ခံယူနိုင်ဖို့ အလုပ်သမားသမဂ္ဂတွေနဲ့ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အတူ အမျိုးသားအဆင့် ကော်မတီအနေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

“အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်ကနေပြီးတော့မှ ကောက်ထားတဲ့စစ်တမ်းတွေအရကတော့ အလုပ်သမားတွေရဲ့အသံတွေ ကြားတာကတော့ သူတို့က ဒေသအလိုက် လုပ်ခလစာ သတ်မှတ်ရေးကို ပိုပြီး ဦးစားပေးမယ့်သဘောရှိပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့က ဘာမြင်လဲဆိုတော့ အဓိက ကတော့ သတင်းအချက်အလက်စုဆောင်းဖို့က အရေးကြီးပါတယ်။ ဥပမာ ချင်းပြည်နယ်လို ဒေသမျိုးက အလုပ်သမားတစ်ယောက်ဟာ တစ်နေ့ သူ့ရဲ့လူနေထိုင်မှုစရိတ်စကတွေဟာ ဘယ်လောက်ရှိနိုင်မလဲ၊ သူအပါအဝင် သူ့မိသားစု တစ်ယောက်ဖြစ်ဖြစ်၊ နှစ်ယောက်ဖြစ်ဖြစ်ပေါ့နော်။ အဲဒါကတော့ နောက်ညှိနှိုင်းရမယ့် အနေအထားပေါ့။ အဓိက-ကတော့ ကောက်လို့ရရှိလာမယ့် သတင်းအချက်အလက်တွေပေါ်မှာ အများကြီးမူတည်ပါလိမ့်မယ်။”

မြန်မာနိုင်ငံတွင်း စက်ရုံတချို့မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အလုပ်သမားဆန္ဒပြမှုတွေမှာလည်း အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုနဲ့ အခြေခံလုပ်အားခလစာ နည်းပါးမှုကြောင့် ဖြစ်တာမို့ အလုပ်ရှင်-အလုပ်သမားကြား တင်းမာမှုတွေ လျော့ပါးအောင် အလုပ်သမားတွေ လုပ်ငန်းခွင်အတွင်း အဆင်ပြေချောမွေ့အောင် လုပ်ကိုင်နိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက အခြေခံလုပ်အားခလစာ အမြန်ဆုံးသတ်မှတ်နိုင်ဖို့အရေး အရှိန်အဟုန်မြင့် လုပ်ဆောင်နေကြတယ်လို့လည်း ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။

အခြေခံလုပ်အားခလစာ ဥပဒေပြဌာန်းလာနိုင်တဲ့အခါမှာတော့ လုပ်အားခ လစာ ခေါင်းပုံဖြတ်ခံနေရတဲ့ နစ်နာဆုံးရှုံးမှုနေရတဲ့ အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်တွေ အတွက် မျှော်လင့်ချက်ရှိစရာ ရှိလာနိုင်ပေမဲ့လို့ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေ အတွက်ကတော့ သမဂ္ဂတွေမှာ စိန်ခေါ်မှုတွေ ရှိနေတုန်းပဲလို့လည်း အလုပ်သမားရေးလှုပ်ရှားသူတွေကပြောပါတယ်။

မဆုမွန် (VOA)
အာရှဒေသအတွင်း အိမ်နီးချင်း နိုင်ငံတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာ အတိုင်း မြန်မာနိုင်ငံမှာလည်း အခြေခံ အလုပ်သမားတွေ အတွက် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ဖို့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေး အမျိုးသား ကော်မီတီက လုပ်ဆောင် နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း လုပ်ငန်းအမျိုးအစား၊ နေရာဒေသအပေါ် မူတည်ပြီး လုပ်ခ လစာ စံနှုန်းသတ်မှတ်မှုလုပ်ဆောင်ဖို့ ပြင်ဆင်နေကြပြီး မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်နဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်း အမျိုးသားအဆင့် အလုပ်သမားကိုယ်စားလှယ်တွေက ပြောပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

မတ်လ ၂၉ ရက်နေ့ သန်းခေါင်စာရင်း စကောက်မယ်

Photo: မတ်လ ၂၉ ရက်နေ့ သန်းခေါင်စာရင်း စကောက်မယ်
Tuesday, February 11, 2014

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကောက်ခံမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူဖို့ ရက်ပေါင်း ၄၀ကျော် ဘဲ ကျန်ပါတော့တယ်။

တစ်နိုင်ငံလုံးအနှံ့ အကွတ်ပေါင်း တစ်သိန်းကျော် သတ်မှတ်ပြီး လာမဲ့ မတ်လ ၂၉ရက် နေ့ ညသန်းခေါင်ယံ အချိန် က စပြီး ၁၂ ရက် ကြာ ကောက်ခံမှာ ဖြစ်ပါတယ်။

ဒီကောက်ခံမှုကို အစိုးရအနေနဲ့ သတ်မှတ်ထားတဲ့ စနစ်တွေ အတိုင်း ကောက်ခံ သွားမယ်လို့ အစိုးရဖက်က ရန်ကုန်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကာ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံ အနှံ့ တိုင်းနဲ ပြည်နယ် ၁၅ ခု မြို့ နယ် ပေါင်း ၃၃၀ နဲ ကျေးရွာပေါင်း ၆ သောင်း ကျော်မှာ လာမယ့် မတ်လ၂၉ ရက် နေ့ ည သန်းခေါင်ယံအချိန်မှာ စတင် ကောက်ခံမှာ ဖြစ်ပါတယ်။

လူဝင်မှု ကြီးကြပ်ရေး နဲ ပြည်သူ့ အင်အား ဝန်ကြီးဌာနက ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ က ဒီသန်းခေါင်စာရင်းကို ဘယ်လိုကောက်ခံမယ် ဒီကောက်ခံမှုဟာ တိုင်းပြည် အတွက် အရေးပါတယ် အခု သန်ခေါင်း စာရင်း ကောက်ယူတဲ့ ပုံစံဟာ တကမ္ဘာလုံးမှာ သုံးတဲ နည်းပညာသာ ဖြစ်ပြီး စံချိန်စံညွန်း တွေနဲ့ ညီတယ် ဆိုတာကို သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

တိုင်းရင်းသားတွေဖက် ကတော့ ဒီ သန်းခေါင်စာရင်း ကောက်ယူမှုနဲ့ ပတ်သတ်လို့ ကန့်ကွက်တာတွေ ရှိနေသလို သီးခြား code နံပါတ် ပေးဖို့ တောင်းဆိုတာတွေအပေါ် အစိုးရဖက်က ညိနှိုင်းဖို့ရှိတယ်လို့ ပြောပေမဲ့ ဒီလို ယူ ဆတာ တွေဟာ လွဲမှား နေတယ်လို့ ဝန်ကြီး ဦး ခင်ရီ က ပြောပါတယ်။

အစိုးရဘက် ကတော့ ဒီလို ကောက်ခံမှုတွေနဲ့ ပတ်သတ်လို့ တိုင်းရင်းသားတွေ ဘက်က နားလည်အောင် ရှင်းပြဖို့ရှိတယ်လို့ ဝန်ကြီး ဦးခင်ရီက ပြောသွားခဲ့ပါတယ်။

ဒီ သန်းခေါင်စာရင်း ကောက်ယူမှု အတွက်လည်း အစိုးရက နိုင်ငံ အနှံ့မှာ ကောက်ယူမယ့် သင်တန်းသား တစ်သိန်းကျော်ကို သင်တန်းတွေ ပေးဖို့ ပြင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် အစိုးရဘက်က ဒီနေ့ ရှင်းတာကို ကြည့်ရင် တိုင်းရင်းသားတွေ ဖက်က တောင်းဆိုတဲ့ ရက်ရွှေ့ဆိုင်းဖို့နဲ ပြင်ဆင်ဖို့တွေ မရှိဘဲ မူလအစီစဉ်အတိုင်း သန်းခေါင်စာရင်း ကောက်ယူ သွားဖို့ ရှိတာ ပေါ်လွင်နေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကောက်ခံမယ့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူဖို့ ရက်ပေါင်း ၄၀ကျော် ဘဲ ကျန်ပါတော့တယ်။

နို့ဖိုးဒုက္ခသည်စခန်းတွင် ကျန်းမာရေးဝန်ထမ်းများ အလုပ်မဆင်းဘဲ ဆန္ဒပြ

ထိုင်းနိုင်ငံ တာ့ခရိုင် အုန်းဖျန်ခရိုင်ထဲက နို့ဖိုး ကရင်ဒုက္ခသည်စခန်းမှာ ကျန်း မာရေးဝန်ထမ်း ၁၀၀ ကျော် လုပ်ခ လစာ တိုးမြှင့်ရေးအတွက် အလုပ်မဆင်းဘဲ ဆန္ဒပြနေကြပါတယ်။

နားရွက်ကိုက်ဖြတ်ခံရသဖြင့် အမျိုးသမီးတစ်ဦး အမှုဖွင့်


လှိုင်သာယာမြို့နယ်တွင် အမျိုးသမီး၂ ဦး စကားများရန်ဖြစ်စဉ် ဝင်ရောက်ဖြန်ဖြေသည့် အမျိုးသမီး တစ်ဦး နားရွက်ကိုက်ဖြတ်ခံရ သဖြင့် ဖေဖောဝါရီ ၉ ရက်တွင် အမှုဖွင့် တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာနိုင်ငံသို့ရောက်ရှိ

လာဘ်စားမှုဖြင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ပြီးခဲ့သည့် ရက်သတ္တ တစ်ပတ်အတွင်းက မိသားစုနှင့်အတူ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖေဖော်ဝါရီလ (၁ဝ)ရက် ရက်စွဲဖြင့် ရေးသားဖော်ပြသည်။

ကေအင်ယူ ရဲတပ်ဖွဲ့ သင်တန်းပေး

Photo: ကေအင်ယူ ရဲတပ်ဖွဲ့ သင်တန်းပေး
Tuesday, February 11, 2014

KNU ကရင်အမျိုးသား အစည်းအရုံးက ရဲတပ်ဖွဲ့ကို လော်ခီးလာ စခန်းမှာ ပထမဆုံး အကြိမ် ဖွဲ့စည်း လိုက်ပါတယ်။

လော်ခီးလာ သင်တန်းခန်းမမှာ ပို့ချတဲ့ ကရင် အမျိုးသား ရဲတပ်ဖွဲ့ ပထမဆုံး အကြိမ် သင်တန်းမှာ ကေအင်ယူ ခရိုင် ၇ ခုက သင်တန်းသား ၇ဝ ကျော် တက်ပါတယ်။

၁၉၉၅ က KNU ဌာချုပ် မာနာပလော ကျပြီး အနှစ် ၂ဝ နီးပါး အကြာမှာ အရင် ရှိပြီးသား ကေအင်ယူ ရဲတပ်ဖွဲ့ဝင် ဟောင်း တချို့နဲ့ အသစ်တွေကို ပေါင်းပြီး ရဲလုပ်ငန်း တွေ လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ အစိုးရ ရဲတပ်ဖွဲ့ ရှိပေမယ့် ကေအင်ယူ ဒေသမှာလည်း ကရင် ရဲတပ်ဖွဲ့ ရှိဖို့ လိုကြောင်း၊ ထိုင်း - မြန်မာ နယ်စပ်က မူးယစ် ဆေး နဲ့ တခြား မှုခင်း တွေကို ရဲတပ်ဖွဲ့ နှစ်ခု ပူးပေါင်း ဆောင်ရွက် ကြမယ် လို့ ကေအင်ယူ ပြည်ထဲရေး နဲ့သာသနာရေး တာဝန်ခံ ဗဒိုအားတိုးက ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေး နောက်ပိုင်း ကေအင်ယူ ထိန်းချုပ် နယ်မြေ ပြန်တည်ငြိမ် လာချိန်မှာ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ဖို့ ကေအင်ယူ ခရိုင် ၇ ခုမှာ စုဆောင်း ထားတဲ့ ရဲတပ်ဖွဲ့ဝင် ၇ဝဝ ကနေ တထောင်ကျော် အထိကို လေ့ကျင့် ပေးသွားမှာပါ။

အမျိုးသမီး တွေနဲ့ ပတ်သက်တဲ့ မှုခင်းတွေ အတွက် ဒီသင်တန်းကို ကရင် အမျိုးသမီး တွေ တက်ရောက်ကြတာ တွေ့ရပါတယ် ။

အခု ၁၀ ရက် သင်တန်းမှာ ဥပဒေ၊တရားရေးနဲ့ ရဲလုပ်ငန်းတွေကို ကေအင်ယူနဲ့ မဟာမိတ် အဖွဲ့တွေက ပညာရှင် တွေက ပို့ချ ပြီးတော့ မှုခင်းပိုင်း ဆိုင်ရာ ကိုတော့ စကော့တလန် ယာဒ် ကနေ လာပြီး ပို့ချပေးမယ်လို့ သိရ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
KNU ကရင်အမျိုးသားအစည်းအရုံးက ရဲတပ်ဖွဲ့ကို လော်ခီးလာစခန်းမှာ ပထမဆုံးအကြိမ် ဖွဲ့စည်းလိုက် ပါတယ်။

နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ဝင် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင် KMA ကုမ္ပဏီက ဒဂုံဆိပ်ကမ်းရှိ လယ်မြေများကို အင်အားသုံးခြံခတ် သည့်အပြင် ကုမ္ပဏီအလုပ်သမားများ၏ ကိုယ်ထိလက်ရောက် ကျူးလွန် မှုကြောင့် တောင်သူများ ထိခိုက်ဒဏ်ရာ ရရှိမှုအပေါ် အမှုဖွင့်မည်

Photo: င်ငံတော်သမ္မတ အကြံပေးအဖွဲ့ဝင် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင် KMA ကုမ္ပဏီက ဒဂုံဆိပ်ကမ်းရှိ လယ်မြေများကို အင်အားသုံးခြံခတ် သည့်အပြင် ကုမ္ပဏီအလုပ်သမားများ၏ ကိုယ်ထိလက်ရောက် ကျူးလွန် မှုကြောင့် တောင်သူများ ထိခိုက်ဒဏ်ရာ ရရှိမှုအပေါ် အမှုဖွင့်မည်
Tuesday, February 11, 2014

နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပေးထား သော အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီအဖွဲ့ဝင်၊ စီဘီဘဏ်ဥက္က| ဦးခင်မောင်အေး ပိုင် KMA Group of Companies (ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီလီမိတက်) မှ ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းရှိ မြေဧက ၅ဝ ကျော်ရှိ လယ်မြေများတွင် အင်အားသုံး ခြံခတ်သည့်အပြင် ကုမ္ပဏီ အလုပ်သမားများက တောင်သူများအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုကြောင့် တောင်သူများ ထိခိုက်ဒဏ်ရာ ရမှုအပေါ် ကောင်းမြန်မာအောင် ကုမ္ပဏီကို တောင်သူများက အမှုဖွင့် အရေးယူရန် ပြင်ဆင်လျက်ရှိကြောင်း တောင်သူများက The Daily Eleven သတင်းစာသို့ ဖေဖော်ဝါရီ ၁ဝ ရက်က ပြောကြားသည်။

“မနေ့ (ဖေဖော်ဝါရီ ၉ ရက်) က နံနက် ၈ နာရီလောက်မှာ ကောင်းမြန်မာအောင် ကုမ္ပဏီက ခြံစည်းရိုး အဓမ္မ အတင်းခတ်တယ်။ သူတို့ကတော့ ဧက ၅ဝ ကျော် အကုန်ခတ်မှာ။ အခုစဖြစ်တာက ဦးချစ်လှိုင်ရဲ့ ၁၃ ဒသမ ၄ဝ ဧကနေရာမှာ။ အဲဒီမှာ ဦးချစ်လှိုင်က မခတ်ဖို့တားတယ်။ မရဘူး။ အဲဒီမှာ စဖြစ်ကြတာ။ သူတို့လာတော့ ကုမ္ပဏီက ခေါ်လာတဲ့သူက အနည်းဆုံး ၅ဝ အောက်တော့ မဆင်းဘူးပေါ့။ လူတွေကားနှစ်စီးတိုက် ခေါ်လာတာ။ ကျွန်တော်တို့ကို မနေ့က ရိုက်တဲ့သူတွေပေါ့။ ပြီးတော့ ရဲအင်အားက ၅၂ ယောက်၊ နောက်ရောက်လာတဲ့ရဲ မပါသေးဘူး။ ၉၃၊ ၉၄ ရပ်ကွက်က ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေပါတယ်”ဟု ဦးချစ်လှိုင်၏ သမက်ဖြစ်သူ ကိုအေးထွန်းက ပြောကြားသည်။

ယင်းသို့ ကုမ္ပဏီမှ ခေါ်ဆောင်လာသူများက တောင်သူများကို လေးခွဖြင့်ပစ်ခြင်း၊ အုတ်ခဲကျိုးဖြင့် ထုခြင်းတို့ကြောင့်  တောင်သူ ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ ဦးချစ်လှိုင် ၏ သမီးဖြစ်သူမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ကြောင့် လက်ရှိတွင် သင်္ဃန်းကျွန်းစံပြ ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ကိုအေးထွန်းက ဆက်လက် ပြောကြားသည်။

ယင်းကဲ့သို့ ကောင်းမြန်မာအောင် ကုမ္ပဏီမှ ၎င်းတို့ခေါ်ဆောင်လာသူများက တောင်သူများအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ အင်အားသုံးကာ အငြင်းပွား မြေပေါ်တွင် ခြံစည်းရိုးခတ်ခြင်းများအပေါ် တောင်သူများက ကောင်းမြန်မာအောင် ကုမ္ပဏီကို အမှုဖွင့်အရေးယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

“ဒီလို အငြင်းပွားနေဆဲ မြေပေါ်မှာ သူတို့လက်နက် အပြည့်အစုံနဲ့လာပြီး အင်အားသုံးပြီး ခြံစည်းရိုးခတ်တယ်။ ကျွန်တော်တို့က တားတော့ သူတို့မှာ အသင့်ပါလာတဲ့ လက်နက်တွေနဲ့ ကျွန်တော်တို့ကို ကိုယ်ထိလက်ရောက် ကျူးလွန်လို့ ကျွန်တော်တို့က ကောင်းမြန်မာအောင် ကုမ္ပဏီကို ပုဒ်မတပ်ပြီး ဒဂုံဆိပ်ကမ်း ရဲစခန်းမှာ ဒီနေ့အမှုဖွင့်ဖို့ ပြင်ဆင်နေပါတယ်”ဟု ကိုအေးထွန်းက ပြောကြားသည်။

အဆိုပါ မြေများကို ၁၉၉၄ ခုနှစ်တွင် နိုင်ငံတော်က သိမ်းယူခဲ့ပြီး ပြေစာကဲ့သို့ အထောက်အထားရှိသည့် မူလတောင်သူများကို သီးစားပြန်လည် ချထားခဲ့ကြောင်း၊ ယင်းနောက် အဆိုပါမြေများကို တောင်သူများအား ဆက်လက်လုပ်ကိုင်စေခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မြေတိုင်း၊ ရပ်ကွက်အမှတ် ၇၄၊ ၇၅၊ မြေကွက်အမှတ် ၁၊၂၊ ၂၂၈/၅၊ ၂၂၈/၇ နှင့် ၂၂၈/၈ တို့ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီ လီမိတက်သို့ ၂ဝ၁၃ ခုနှစ်၊ မေလ ၂ဝ ရက်နေ့တွင် နှစ် ၆ဝ အငှားစာချုပ်ဖြင့် ချထားပေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ နှစ်ပေါင်း ၆ဝ မြေငှားစာချုပ် ကာလအပိုင်းအခြားတွင်  ၂ဝ၂၈ ခုနှစ် မေ  ၁၉ ရက်တွင် ကုန်ဆုံးသည့် ပထမ ၁၅ နှစ် အတွင်း သုံးလပတ်အတွင်း မြေငှားရမ်းခငွေ ကျပ် ၅၄၅၅ဝကျပ် (ငါးသောင်း လေးထောင် ငါးရာလေးဆယ်) ကိုသာ ပေးဆောင်ရမည်ဖြစ်ပြီး ဇန်နဝါရီ၊ ဧပြီ၊ ဇူလိုင်လနှင့် အောက်တိုဘာလများ၏ လဆန်း ၁ ရက်နေ့ များတွင် ကြိုတင်ပေးဆောင် ရမည်ဖြစ်ကြောင်း ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီ လီမိတက်၏ ကုန်သေတ္တာလွင်ပြင် စီမံကိန်းဆိုသော အငြင်းပွားမြေကွက်ပေါ်တွင် စိုက်ထူထားသည့် ဆိုင်းဘုတ်၌ ဖော်ပြထားချက်အရ သိရသည်။

ထို့ပြင် အဆိုပါနှစ် ၆ဝ ကာလအပိုင်း အခြား၏ ဒုတိယ၊ တတိယနှင့် စတုတ္ထ ၁၅ နှစ်စီ အတွက်လည်း အထက်ပါ မြေငှားခအတိုင်း ပေးဆောင်ရမည် ဖြစ်ကြောင်းလည်း ယင်းဆိုင်းဘုတ်တွင် ဆက်လက် ဖော်ပြထားသည်။

Eleven Media Group

ဖေဖော်ဝါရီ ၉ ရက်က အငြင်းပွားမြေနေရာပေါ်တွင် ကုမ္ပဏီက ခြံလာခတ် မှုကြောင့် အလုပ်သမားများနှင့် တောင်သူများ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်
ဖေဖော်ဝါရီ ၉ ရက်က အငြင်းပွားမြေနေရာပေါ်တွင် ကုမ္ပဏီက ခြံလာခတ် မှုကြောင့် အလုပ်သမားများနှင့် တောင်သူများ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်
နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပေးထား သော အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီအဖွဲ့ ဝင်၊ စီဘီဘဏ်ဥက္က| ဦးခင်မောင်အေး ပိုင် KMA Group of Companies (ကောင်းမြန်မာအောင် သင်္ဘော ကုမ္ပဏီလီမိတက်) မှ ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းရှိ မြေဧက ၅ဝ ကျော်ရှိ လယ်မြေများတွင် အင်အားသုံး ခြံခတ်သည့်အပြင် ကုမ္ပဏီ အလုပ်သမားများက တောင်သူများအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန် မှုကြောင့် တောင်သူများ ထိခိုက်ဒဏ်ရာ ရမှုအပေါ် ကောင်းမြန်မာအောင် ကုမ္ပဏီကို တောင်သူများက အမှုဖွင့် အရေးယူရန် ပြင်ဆင်လျက်ရှိကြောင်း တောင်သူများက The Daily Eleven သတင်းစာသို့ ဖေဖော်ဝါရီ ၁ဝ ရက်က ပြောကြားသည်။

ဂျာမနီသမ္မတနှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံထံမှ ရရန်ရှိသည့် အကြွေးများ၏ ထက်ဝက်ကို ဂျာမနီနိုင်ငံက လျှော်ပေး

ဂျာမနီသမ္မတနှင့် သမ္မတဦးသိန်းစိန်တို့ နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် တွေ့ဆုံစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)
ဂျာမနီသမ္မတ ဂျိုဝါချက်ဂေါက်ခ်သည် ဖေဖော်ဝါရီ ၁ဝ ရက်က နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံထံမှ ရရန်ရှိသည့် အကြွေး ယူရို ၁ဝ၈၄ သန်းကျော်ထဲမှ ရာခိုင်နှုန်း ၅ဝ ဖြစ်သည့် ယူရို ၅၄၂ သန်းကို ဂျာမနီနိုင်ငံဘက်က လျှော်ပေးခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံသတင်း ထုတ်လွှင့်မှုအရ သိရသည်။

ဈေးသက်သာ ဟန်းဆက် အသုံးပြုသူများ သိထားရန်

Photo: ဈေးသက်သာ ဟန်းဆက် အသုံးပြုသူများ သိထားရန် 
Tuesday, February 11, 2014

ဈေးသက်သာ ဟန်းဆက်များကို အသုံးပြုခြင်းဖြင့် လိုင်းစွဲအား ကောင်းတာ ကိုပဲ သိထားကြပြီး အများစုက သူ့ဆီက ပါလာမယ့် ဆိုးကျိုးအကျိုးဆက်ကို သိမထားပါဘူး။ အဲ့ဒီအကျိုးဆက်များထဲကနေ ကျန်းမာရေးကို ထိခိုက်စေ တာက အဆိုးဆုံးပဲ ဖြစ်ပါတယ်။ SAR လို့ခေါ်တဲ့ အချက် တစ်ခုပါ။ 

Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက် ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက် ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။

တရုတ်ပြည်က လာတဲ့ ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့ ကုန်ကြမ်းများက SAR Rating နဲ့ ပက်သက်လို့ သေချာ ဖန်တီး၊ဆောင်ရွက်မှု မရှိပါဘူး။ အားလုံးကို မဆိုလိုပါ။ ဈေးနှုန်းနိမ့် ဖုန်းများ၊ ကလုန်းများ ဖြစ်ပါတယ်။ ကုန်ကြမ်း ပေါပေါ သီသီ ရှိတော့ Apple က iPhone 6 စတင်မိတ် ဆက်ပြီး နောက် ၁ ရက်ဆို တရုတ် တရုတ်တို့က ဆင်တူနီးပါး အတုကို ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် အတွင်းက ပစ္စည်းများအတွက် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အာမခံချက် သိပ်မရှိပါဘူး။

SAR Rating မြင့်တော့ ဘာဖြစ်လဲလို့ အချို့ ကမေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ သူက ဦးနှောက်ကင်ဆာဖြစ်စေ ပါတယ်။ ဘော်ဒီတစ်ရှူး များကို ရေဒီယို လှိုင်း များ တိုက်ရိုက်ထိတွေ့မှုကြောင့် တစ်ရှူးများ သေစေပါတယ်။ ဒီတော့ ဆိုးကျိုးက ခဏသုံးလို့ ဘာမှ မဖြစ်ပေမယ့် ရေရှည်ကျရင် စကားပြောလာ ပါလိမ့်မယ်။ ဖုန်းတစ်လုံးကို တစ်နှစ်သုံးတယ်ပဲထား။ ယင်း ဖုန်းကို တစ်နှစ်လုံး အိပ်ထဲထည့်၊ သွားလေရာသယ်၊ အိပ်ယာဘေးထား အိပ်၊ နေ့မအား၊ ညမနား ပြော၊ ဖြစ်လာမယ့် ဆိုးကျိုးက မတွေးရဲစရာပါပဲ။

SAR နဲ့ Connectivity က တိုက်ရိုက်အချိုးကျပါတယ်။ လိုင်းဆွဲ အား ကောင်းလေလေ SAR များလေလေ၊ လိုင်းဆွဲအား နည်းလေလေ SAR နည်းလေလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် နောက် ဆုံး ပေါ် စမတ်ဖုန်းများက မော်ဒယ်နိမ့် ကီးပတ်ပါ စမတ်ဖုန်းများလောက် အများ အားဖြင့် လှိုင်းဆွဲအား မကောင်းခြင်း ဖြစ်ပါ တယ်။

ဥပမာ Samsung Galaxy Note 2 ဆိုရင် သုည ဒသမ နောက်မှာပဲ ရှိပါ တယ်။ ခေါင်း ကို 0.17, ဘော်ဒီကို 0.95 W/Kg ပဲ ရှိပါတယ်။ ဖုန်းကို လက်က ကိုင်ပြောပေမယ့် ခေါင်းနဲ့ ကိုယ်ကို ဝင်တဲ့ SAR တွက်ချက်ပုံ ကလည်း မတူသေးပါဘူး။ effect ကလည်း ကွဲပြားနေလို့ ဖြစ်ပါတယ်။

ဒီတော့ ဖုန်းဝယ်ရင် ယုံကြည်စိတ်ချရတဲ့ ကမ္ဘာသုံး Brand များကို သာ ရွေးချယ်လို့ ဝယ်သင့်ပါတယ်။ ဈေးမသက် သာရင်တောင် ဈေးမကြီးတဲ့ ဖုန်းတွေ အများကြီး ရှိပါတယ်။ ဥပမာ နိုကီယာ၊ ZTE အပြင် အခြားသော Brand အချို့လည်း ဈေးနည်းဖုန်း ဈေးကွက် အတွက် ဖုန်းများထုတ်ပါသေး တယ်။ 

ဒီလောက်ဆိုရင် SAR အကြောင်းကို သိလို့ စာဖတ်သူတို့ ဆင်ခြင် နိုင်မယ် လို့ မျှော်လင့်ပါတယ်။

အောင်ခမ်း (ရိုးရာလေး) 

http://yoyarlay.com/science-tech/mobile/39988-cheap-handset-s-sar
ဈေးသက်သာ ဟန်းဆက်များကို အသုံးပြုခြင်းဖြင့် လိုင်းစွဲအား ကောင်းတာ ကိုပဲ သိထားကြပြီး အများစုက သူ့ဆီက ပါလာမယ့် ဆိုးကျိုးအကျိုးဆက်ကို သိမထားပါဘူး။ အဲ့ဒီအကျိုးဆက်များထဲကနေ ကျန်းမာရေးကို ထိခိုက်စေ တာက အဆိုးဆုံးပဲ ဖြစ်ပါတယ်။ SAR လို့ခေါ်တဲ့ အချက် တစ်ခုပါ။