Saturday 31 May 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား

မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကို ခံခဲ့ရပြီး ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စွပ်စွဲထားသော ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး အရေးနှင့် ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် သောကြာနေ့ ညနေပိုင်းက ပစ်ခတ် မှုများ ဖြစ်ပွား ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများနှင့် အေအက်ဖ်ပီ သတင်းဌာနတို့၏ ဖော်ပြချက်အရ သိရသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ဒီမိုကရေစီလမ်းကြောင်းပေါ် အမှန်တကယ် လျှောက်နေခြင်း ဟုတ် မဟုတ် ပေါ်လွင်စေမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် အစိုးရပြောဆိုနေသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်ေ နြ ခင်း ဟုတ်၊ မဟုတ် ပေါ်လွင်စေမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မေ ၃၀ ရက်က လွှတ်တော်အစည်းအဝေး ရပ်နားစဉ် သတင်းထောက်များနှင့် တွေ့ ဆုံကာ ပြောကြား သည်။

နိုင်ငံသားအမည်ခံ နိုင်ငံခြားသားလုပ်ငန်းများ ယခုအစိုးရ လက်ထက်တွင် ပိုမိုများပြားလာခြင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာ၏ ပါဝင်ပတ်သက်မှုများကို ဖော်ထုတ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူမည်

နိုင်ငံသားအမည်ခံနိုင်ငံခြားသားလုပ်ငန်းများ ယခုအစိုးရ လက်ထက်တွင် ပိုမျိုားပြားလာခြင်းနှင့် ပတ်သက် ၍ ဌာနဆိုင်ရာပိုင်းမှ ပါဝင်ပတ်သက်မှုများ ဖော်ထုတ်တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူမည်ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဝင်းရှိန်က ပြောကြားသည်။

Friday 30 May 2014

ရုရှား၊ ဘယ်လာရုစ်နှင့် ကာဇက်စတန် နိုင်ငံတို့ ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘောတူ လက်မှတ်ရေးထိုး

Photo: ရုရှား၊ ဘယ်လာရုစ်နှင့် ကာဇက်စတန် နိုင်ငံတို့ ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘောတူ လက်မှတ်ရေးထိုး
Friday, May 30, 2014

ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ဘယ်လာရုစ်သမ္မတ Alexander Lukashenko နှင့် ကာဇက်စတန် သမ္မတ Nursultan Nazarbayev တို့သည် မေ၂၉ ရက်တွင် ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘော တူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ကာဇက်စတန်မြို့တော် Astana တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က အဆိုပါ သဘော တူညီချက်သည် ကဏ္ဍသစ် ပူးပေါင်း ဆောင်ရွက်မှု တစ်ရပ်ဖြစ်ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆွဲဆောင်မှုရှိသော ဗဟိုချက်တစ်ခု ဖြစ်လိမ့်မည် ဖြစ်ကြောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်အတွင်းရှိ ၎င်းတို့၏ တည်ရှိမှုကို ပိုမိုခိုင်မာစေပြီး စီးပွားရေး အလားအလာ ကောင်းများအပေါ် အပြည့်အဝ အသုံးချခွင့်ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကဏ္ဍသစ် ပူးပေါင်း ဆောင်ရွက်မှုသည် အကောက်ခွန် သမဂ္ဂ၏ ဖွံ့ဖြိုး တိုးတက်မှု ဖြစ်ကြောင်း၊ ၎င်းတို့၏ အလုပ်သမား ဈေးကွက်နှင့် သယ်ယူ ပို့ဆောင်ရေး စနစ်များနှင့်အညီ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း မူဝါဒများနှင့် အဖွဲ့ဝင် နိုင်ငံများ၏ ဘဏ္ဍာရေး စနစ်များကို ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီ
ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ဘယ်လာရုစ်သမ္မတ Alexander Lukashenko နှင့် ကာဇက်စတန် သမ္မတ Nursultan Nazarbayev တို့သည် မေ၂၉ ရက်တွင် ယူရေးရှား စီးပွားရေး သမဂ္ဂ ထူထောင်ရေး သဘော တူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

သင် စိတ်ဖိစီးမှုဖြစ်နေတယ်ဆိုတာ ပေါ်လွင်စေတဲ့ လက္ခဏာများ

Photo: သင် စိတ်ဖိစီးမှုဖြစ်နေတယ်ဆိုတာ ပေါ်လွင်စေတဲ့ လက္ခဏာများ
Friday, May 30, 2014

စိတ်ဖိစီးတယ်ဆိုတာ လူတိုင်းဖြစ်နေတဲ့အရာပါ။ သိပ်တော့ ကိစ္စမရှိပါဘူး။ အလုပ်ကြောင့် စိတ်ဖိစီးတာ၊ မိသားစုကိစ္စကြောင့် စိတ်ဖိစီးတာ၊ အချစ်ရေးကြောင့် စိတ်ပင်ပန်းနေရတာမျိုးတွေဟာ လူတိုင်းနီးပါး တစ်မျိုးမဟုတ်တစ်မျိုး ခံစားနေရတာမျိုးဆိုတော့ ကိုယ်တစ်ယောက်တည်းတော့  မဟုတ်ပါဘူး။ ဒါပေမယ့် သိပ်ပြီး ခံစားတတ်လွန်းရင်၊ စိတ်ဖိစီးတတ်လွန်းနေတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးနေမှန်း မသိရင်တောင် သင့်ခန္ဓာကိုယ်ရဲ့ပြောင်းလဲလာတဲ့ တစ်ချို့သောအရာတွေကြောင့် သင့်စိတ်ဖိစီးမှုတွေ ဖြစ်နေပြီဆိုတာ သိသွားစေပါတယ်။ ဘယ်လိုအရာမျိုးတွေက သင်စိတ်ဖိစီးနေတယ်ဆိုတာ ပြောပြပေးနိုင်ပါသလဲ။

၁။ဗိုက်တွေအောင့်တာ

အလုပ်မှာ စိတ်ဖိစီးမှုများတဲ့သူတွေဟာ မကြာခဏဗိုက်အောင့်လေ့ရှိကြပါတယ်။ အစာမစားလို့ အောင့်တာမျိုး မဟုတ်ပဲ စိတ်ကြောင့်ဖြစ်ရတဲ့ ရောဂါပါပဲ။ ဒီလိုတွေဖြစ်နေပြီဆိုရင် သင်ဟာ စိတ်ဖိစီးမှုဒဏ်ကို စတင်ခံစားနေရပါပြီ။

၂။ဆံပင်တွေ ကျွတ်တာ

ရည်းစားနဲ့ လမ်းခွဲလိုက်ရလို့၊ အလုပ်မှာ ဘယ်လိုမှ အဆင်မပြေလို့ ခေါင်းဖြီးတဲ့အခါ အရင်ထက် ဆံပင်တွေ ကျွတ်တာမျိုး၊ ခေါင်းလျှော်ရည် ပြောင်းသုံးထားလို့ မဟုတ်ပဲ ဆံပင်တွေ သိသိသာသာ ကျွတ်တာမျိုးဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ငါစိတ်ဖိစီးမှုတွေ အရမ်းများနေပါလားလို့ တွေးပြီး အတတ်နိုင်ဆုံး ဒါတွေ ဖြေလျှော့နိုင်အောင် ကြိုးစားပါ။

၃။ဝက်ခြံပေါက်တာ

ဦးရေပြားလိုပဲ အသားအရေကလည်း စိတ်ဖိစီးမှုနဲ့ သက်ဆိုင်နေပါတယ်။ ၀က်ခြံတွေ ထွက်နေကျမဟုတ်ဘဲ မျက်နှာမှာ နှစ်ဖု သုံးဖု ထွက်လာပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရမယ့် အခြေအနေရောက်နေပြီပေါ့။

၎။ကျောရိုးတွေအောင့်တာ

အထိုင်များလို့ ခါးနာတာမျိုး မဟုတ်ဘဲ ကျောရိုးတွေအောင့်တာ၊ ခါးနားသလိုလိုဖြစ်နေပြီဆိုရင် ဒါဟာလည်း စိတ်ဖိစီးမှုဖြစ်နေပြီဆိုတဲ့ သင်္ကေတပါပဲ။

၅။အသားအရေပေါ်မှာ အနီစက်တွေ ပေါ်လာတာ

Allergic ဖြစ်တာမျိုး မဟုတ်ပဲ အသားအရေပေါ်မှာ အကွက်လေးတွ ၊ အနီစက်လေးတွေ ပေါ်လာပြီဆိုရင်တော့ ဒါဟာ သင့်ရဲ့စိတ်ဖိစီးမှုအတိုင်းအတာတစ်ခုကြောင့်ပါ။ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့် တိုင်ပင်ပါ။

Ref:womenshealthmag.com
Trend Myanmar
စိတ်ဖိစီးတယ်ဆိုတာ လူတိုင်းဖြစ်နေတဲ့အရာပါ။ သိပ်တော့ ကိစ္စမရှိပါဘူး။ အလုပ်ကြောင့် စိတ်ဖိစီးတာ၊ မိသားစုကိစ္စကြောင့် စိတ်ဖိစီးတာ၊ အချစ်ရေးကြောင့် စိတ်ပင်ပန်းနေရတာမျိုးတွေဟာ လူတိုင်းနီးပါး တစ်မျိုးမဟုတ်တစ်မျိုး ခံစားနေရတာမျိုးဆိုတော့ ကိုယ်တစ်ယောက်တည်းတော့  မဟုတ်ပါဘူး။ ဒါပေ မယ့် သိပ်ပြီး ခံစားတတ်လွန်းရင်၊ စိတ်ဖိစီးတတ်လွန်းနေတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးနေ မှန်း မသိရင်တောင် သင့်ခန္ဓာကိုယ်ရဲ့ပြောင်းလဲလာတဲ့ တစ်ချို့သောအရာတွေကြောင့် သင့်စိတ်ဖိစီးမှုတွေ ဖြစ်နေပြီဆိုတာ သိသွားစေပါတယ်။ ဘယ်လိုအရာမျိုးတွေက သင်စိတ်ဖိစီးနေတယ်ဆိုတာ ပြောပြပေးနိုင်ပါသလဲ။

လူသို့ ကူးစက်နိုင်သော ကြက်ငှက်တုပ်ကွေးရောဂါ မြန်မာနိုင်ငံသို့ ကူးစက်နိုင်ကြောင်း သတိပေး

Photo: လူသို့ ကူးစက်နိုင်သော ကြက်ငှက်တုပ်ကွေးရောဂါ မြန်မာနိုင်ငံသို့ ကူးစက်နိုင်ကြောင်း သတိပေး
Friday, May 30, 2014

တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသည့် လူနှင့်ကြက်အပြန်အ လှန်ကူးနိုင်သော ကြက်ငှက်တုပ်ကွေးရောဂါပိုး မြန်မာနိုင်ငံသို့ကူး စက်နိုင်ခြေရှိသည်ဟု FAOအဖွဲ့က မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သတိပေးလိုက်ကြောင်း သတင်းရရှိသည်။

ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုး(H7N9) သည် တရုတ်နိုင်ငံ အတွင်း တဖြည်းဖြည်းကူးစက်ပျံ့နှံ့လာပြီး လတ်တလောတွင် ကချင်ပြည်နယ်နှင့်နယ်နိမိတ်ချင်း နီးကပ်နေသော ကွမ်းဇီးပြည်နယ်သို့ ပျံ့နှံ့ရောက်ရှိလာပြီဖြစ်သည်။ H7N9 သည် မြန်မာနိုင်ငံ အပါအ၀င်အရှေ့တောင်အာရှနိုင်ငံများသို့ ရောက်ရှိရန်အလွန် နီးစပ်နေကြောင်း ဘန်ကောက်အခြေစိုက် FAO တိရစ္ဆာန်ကျန်းမာရေးအစီ အစဉ်မှ ဒေါက်တာတိုနီဝီယံကဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည်  H7N9 အတွက် ကြိုတင်ပြင်ဆင် ရန် ဦးစားပေးနိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAOက သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ မေလ ၂၆ရက်ထုတ် အသားကဏ္ဍသတင်းလွှာတွင် ထပ်မံဖော်ပြထားသည်။

‘‘ဗိုင်းရပ်စ်ပိုးရှာဖွေဖော်ထုတ်ခြင်းနှင့်ပတ်သက်ပြီးမွေးကု ဦးစီးဌာနဓာတ်ခွဲခန်းများအနေနဲ့ အပြည့်အ၀လုပ်ဆောင်နိုင်ဖို့ FAO အဖွဲ့အနေနဲ့ တတ်စွမ်းသမျှဦးစားပေးပံ့ပိုးသွားမယ်လို့သိရပါတယ် ’’ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

လူနှင့်တိရစ္ဆာန်အပြန်အလှန်ကူးစက်နိုင်သော H7N9 ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်မှုများအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် မြန်မာနိုင်ငံFAOကိုယ်စားလှယ်ရုံး၊ အမေရိကန်အကူအညီပေးရေးအဖွဲ့(USAID)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)နှင့်ရောဂါကာကွယ်ရေးစီမံကိန်း(Prevent Project) အဖွဲ့များမှ တာဝန်ရှိသူများကလည်း မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ သတိပေးခဲ့ကြောင်းသိရှိရသည်။ ထိုသို့ သတိပေးစကားပြောကြားနိုင်ရန်အထက်ပါအဖွဲ့အစည်းများမှတာဝန်ရှိသူများသည် ရန်ကုန်၊ နေပြည်တော်နှင့်မန္တလေးမြို့များရှိ ကြက်၊ ဘဲဈေးများနှင့်မွေးမြူရေးဇုန်များ၏ ကုန်ထုတ်လုပ်မှုပုံစံများကို ကွင်းဆင်းလေ့လာခဲ့ကြကြောင်းသတင်းရရှိသည်။

‘‘ကြက်ငှက်တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးများကျရောက်မယ့် အန္တရာယ်လျော့ပါးရေးအစီအမံတွေကို အားဖြည့်ဆောင်ရွက်သွား မယ်လို့ ဆွေးနွေးသွားမယ်။ ကြက်၊ ဘဲဈေးနဲ့ မွေးမြူရေးဇုန်တွေမှာ ဆောင်ရွက်မယ့် အစီအမံတွေနဲ့ပတ်သက်ပြီး မွေးမြူရေးအဖွဲ့ချုပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အထူးမျှော်လင့်တယ်လို့လည်းဆွေး နွေးခဲ့ကြတယ်’’ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ လူသို့မကူးစက်နိုင်ရန် အသားတိုးကြက်ထုတ်လုပ် မွေးမြူရောင်းချသူများအဖွဲ့က ခေတ်မီကြက်သတ်စက်ဖြင့် ကြက်သားထုတ်လုပ်သည့်စနစ်သို့ ကူးပြောင်းနိုင်မည့် နည်းဗျူဟာတစ်ရပ်ရေးဆွဲရန် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်ဟု သတင်းရရှိသည်။

7Day Daily

တရုတ်နိုင်ငံတွင်ဖြစ်ပွားနေသည့် လူနှင့်ကြက်အပြန်အ လှန်ကူးနိုင်သော ကြက်ငှက်တုပ်ကွေးရောဂါပိုး မြန်မာနိုင်ငံသို့ကူး စက်နိုင်ခြေရှိသည်ဟု FAOအဖွဲ့က မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သတိပေးလိုက်ကြောင်း သတင်းရရှိသည်။

တရားရုံးရှေ့ ခဲနဲ့ပေါက်သတ်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး

အခုရက်ပိုင်း ကမ္ဘာ့မီဒီယာပေါ် ဟိုးလေးတကြော်ဖြစ်နေတာကတော့ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ အသက် ၂၅ နှစ် အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးကို သူ့မိသားစုဆွေမျိုးတွေက သူတို့ သဘောမကျတဲ့ အမျိုးသားနဲ့ အိမ်ထောင်ပြုလို့ဆိုပြီး လာဟိုးမြို့ တရားရုံးရဲ့ ရှေ့မှာ ခဲနဲ့ ပစ်ပေါက်သတ်ခဲ့တဲ့သတင်းပါဘဲ
အင်္ဂါနေ့ နေ့လယ်ပိုင်းက လာဟိုးဗဟို တရားရုံးရှေ့မှာ သေဆုံးသွားသူနဲ့ သူ့ ခင်ပွန်းတို့က စောင့်ဆိုင်းနေ စဉ် သေဆုံးသူရဲ့ မိဘ၊ ညီအကို ဆွေမျိုး စုစုပေါင်း ၂ဝ လောက်က တုတ်တွေ၊ အုပ်ခဲတွေနဲ့ စတင်တိုက် ခိုက်ခဲ့ကြတာပါ။ 
ခဲနဲ့ ပေါက်သတ်ခံခဲ့ရတဲ့ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးရဲ့ ရုပ်အလောင်းနဲ့ မြင်ကွင်း၊ ဓာတ်ပုံ- ရိုက်တာ
သမီးဖြစ်သူ သေသွားပြီးနောက် ခဲနဲ့ ပစ်ပေါက် သတ်ခဲ့တဲ့ သူ့ဖခင်က လွဲလို့ ကျန်တဲ့ ဆွေမျိုး ညီအကို
မောင်နှမတွေက ထွက်ပြေးသွားကြတယ်လို့ ရဲက ပြောပါတယ်။

Thursday 29 May 2014

တိုင်ချင်ရာတိုင်ဆိုတဲ့ ရပ်ကွက်ထဲက ကော်စက်ရုံကို ဖယ်ရှားပေးပါ

Photo: တိုင်ချင်ရာတိုင်ဆိုတဲ့ ရပ်ကွက်ထဲက ကော်စက်ရုံကို ဖယ်ရှားပေးပါ
Thursday, May 29, 2014

ရန်ကုန်တိုင်း  ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်(ည)ရပ် ကွက် ခေမာသီ လမ်းမပေါ်ရှိ ပုဂ္ဂလိက ကော်စက်ရုံမှညှော်နံ့များ ကြောင့် ပတ်ဝန်းကျင်ရှိကလေး သူငယ်များနှင့် လူကြီးများအသက် ရှူလမ်းကြောင်းဆိုင်ရာဝေဒနာ ခံစားရခြင်းများရှိနေကြောင်း ရပ် ကွက်နေသူတို့က ပြောသည်။ 

ယင်းကော်စက်ရုံသည် ကော် ပုံများထုတ်လုပ်လျက်ရှိပြီး စက်ရုံ မှ အသံများကြောင့် ညစဉ်အိပ် ရေးပျက်ခြင်းကိုလည်းကြုံတွေ့နေရ ကြောင်း ဒေသခံများက ပြော သည်။ အဆိုပါစက်ရုံကို စက်မှုဇုံ တစ်ခုခု၌ တည်ဆောက်သင့်ပြီး လူနေရပ်ကွက်၌  ဆောက်ထား သဖြင့် ရပ်ကွက်နေပြည်သူများက ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ ပြောင်းရွှေ့ဖယ်ရှားပေးရန်လက်မှတ် ထိုးတိုင်ကြားထားကြောင်း သိရ သည်။
“ဒီစက်ရုံက ကျွန်မတို့အိမ်ရဲ့ နောက်ဘက်မှာဆိုတော့ ညှော်နံ့ တွေကိုအမြဲရှူနေရတယ်။ လူကြီး တွေလည်း ခေါင်းကိုက်တယ်။ ကျွန်မသားလေးခဏခဏတရှောင် ရှောင်ဖျားနေတော့ ဆေးခန်းပြပြီး ဆေးစစ်ကြည့်လိုက်တော့ အဆုတ် ရောဂါဖြစ်နေတယ်လို့သိရတယ်။ ကျွန်မသားလေးကိုဆေးတိုက်တာ (၆)လရှိသွားတော့ ဆေးကိုတော့ ရပ်လိုက်ပြီ”ဟုမိခင်ဖြစ်သူဒေါ်အေး မွန်စိုးက ပြောသည်။
ယခုကာလတွင်  ကလေး တချို့တွင်အဆုတ်ရောဂါများခံစား နေရကြောင်းနှင့် အဆုတ်ရောဂါ ပျောက်ဆေးများကိုသောက်နေရ ကြောင်း သိရသည်။
“လူကြီးတွေလည်းအသက်ရှူ ကျပ်လို့ ဆေးခန်းကိုပြနေရတယ်။ ကျွန်မတို့အနေနဲ့ ဒီစက်ရုံကိုပြောင်း ရွှေ့တာကိုပဲလိုချင်တယ်။ သူတို့က စီးပွားရေးလုပ်ပေမဲ့ပတ်ဝန်းကျင်ကို ထိခိုက်တာတော့မကောင်းဘူး။ ကျွန်မတို့ လူနေရပ်ကွက်ဖြစ်နေတဲ့ အတွက် ဒီစက်ရုံတွေကိုမဆောက် သင့်ဘူး။စက်မှုဇုန်ထဲမှာပဲဆောက် သင့်ပါတယ်”ဟု ၎င်းက ထပ်မံ ပြောသည်။
 ရပ်ကွက် ပြည်သူများက လက်မှတ်ထိုးတိုင်ကြားထားသည့် အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး က စက်ရုံပိုင်ရှင်ကိုခေါ်ယူတွေ့ဆုံ ခဲ့ကြောင်း သိရသည်။ 

“ကျွန်တော်စက်ရုံပိုင်ရှင်တွေ ကိုခေါ်ပြီးတော့ပြောပြထားပါတယ်။ သူတို့လုပ်နေတဲ့နောက်ကျောမှာ ရှိတဲ့ ဘုမ်္မာ ၁၂ လမ်း၊ ၁၃ လမ်း မှာရှိတဲ့လူတွေနဲ့ နောက်ဖေးချင်း ပေါက်နေတယ်။ တိုင်သူတွေရှိ တော့ စက်ရုံပိုင်ရှင်ကို ခေါ်ပြီး သဘောထားကို မေးမြန်းတယ်။ ကျွန်တော်တို့ကစက်ရုံကိုဆက်မလုပ် ဖို့ပြောတဲ့အခါကျတော့ ညှော်နံ့ တွေကင်းအောင်လေစုပ်ပန်ကာ တွေ၊ ခေါင်းတိုင်တွေကိုခပ်မြင့်မြင့် ကိုတပ်ပေးမယ်လို့ပြောတယ်။ ဒီလို ဆောင်ရွက်ပေးလို့မှမရရင်လည်း တိုင်ချင်ရာ တိုင်ကြပါလို့ ပြောပါ တယ်”ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုမျိုးဆွေက ပြောသည်။ 

ရပ်ကွက်နေပြည်သူများနှင့် ၎င်းင်းစက်ရုံဖယ်ရှားပြောင်းရွှေ့ရေး အတွက် သက်ဆိုင်ရာဌာနဆိုင်ရာ များသို့ ဆက်လက်တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးနယ်နိမိတ်အတွင်း၌ အသံဆိုး၊ အနံ့ဆိုးထွက်သော လုပ်ငန်းများကိုတားမြစ်ကာရွှေ့ ပြောင်းခြင်းများပြုလုပ်လျက်ရှိ သော်လည်း လူနေရပ်ကွက်များ တွင် အသံဆိုး၊ အနံ့ဆိုးထွက် သောလုပ်ငန်းအချို့ဆက်လက်ရှိ နေဆဲဖြစ်ကြောင်း ရန်ကုန်မြို့ခံ တို့က ဆိုသည်။     

Hot News Weekly
ရန်ကုန်တိုင်း  ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်(ည)ရပ် ကွက် ခေမာသီ လမ်းမပေါ်ရှိ ပုဂ္ဂလိက ကော်စက်ရုံမှညှော်နံ့များ ကြောင့် ပတ်ဝန်းကျင်ရှိကလေး သူငယ်များနှင့် လူကြီးများအသက် ရှူလမ်းကြောင်းဆိုင်ရာဝေဒနာ ခံစားရခြင်းများရှိနေကြောင်း ရပ် ကွက်နေသူတို့က ပြောသည်။ 

မန်ချက်စတာယူနိုက်တက် အသင်းပိုင်ရှင် ကွယ်လွန်

Photo: တရားစီရင်ရေးမဏ္ဍိုင်အား မကျေနပ်သဖြင့် တရားလွှတ်တော်ရှေ့နေတဦး ပြင်ဦးလွင်မှာ တကိုယ်တော် ဆန္ဒထုတ်ဖော်
Thursday, May 29, 2014

တရားစီရင်မှုတွေမှာ မမှန်မကန်လုပ်နေတဲ့ တရားသူကြီးများနဲ့ တရားရေး ၀န်ထမ်းများကို ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့အနေနဲ့ တရားလွှတ်တော် ရှေ့နေ ဦးဇော်ဝင်းက မေလ ၂၉ ရက်နေ့ ပြင်ဦးလွင်မြို့မှာ ပြင်ဦးလွင်ခရိုင် တရားရုံးကနေ မြို့နယ်တရားရုံးထိ တကိုယ်တော် လမ်းလျှောက် ဆန္ဒဖော်ထုတ်။

သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ
DVB TV News
အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းကို အငြင်းပွားဖွယ် ရယူခဲ့တဲ့ ဘီလီယံနာ မာလ်ကွန် ဂလေဇာဟာ အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

အပူချိန်မြင့်တက်မှုကြောင့် ငါးအသေများ၍ ငါးဈေးတက်

မေလအတွင်း အပူချိန် မြင့်တက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ငါးမွေးမြူရေး ကန်အချို့တွင် ကန်ရေများ ခန်းခြောက်ပြီး ငါးများ သေဆုံး၍ ငါးတစ်ပိဿာလျှင် ဈေးနှုန်းကျပ်သုံးရာ ဝန်းကျင် မြင့်တက် လာကြောင်း ငါးလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။ 

ပြည်ပခရီးလိုင်စင်အတွက် စပေါ်ငွေပမာဏ ခရီးသွား လုပ်ငန်းရှင်အများစု လက်ခံနိုင်ခြင်းမရှိ

တရားဝင်လိုင်စင် မရှိဘဲ လုပ်ကိုင်နေရသည့် မြန်မာနိုင်ငံမှ ပြည်ပခရီးစဉ် (Outbound Tour) စီစဉ်သည့် ခရီးသွား ကုမ္ပဏီများကို တရားဝင်လိုင်စင် ချထားပေးရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက ရေးဆွဲသည့် Outbound Tour ဆိုင်ရာ စည်းမျဉ်းစည်းကမ်း မူကြမ်းတွင်ပါသည့် စပေါ်ငွေ Deposit တင်ရမည့် ငွေကြေး ပမာဏအပေါ် လုပ်ငန်းရှင်အများစု လက်ခံနိုင်ခြင်း မရှိကြောင်း ပြည်ပခရီးစဉ် လုပ်ကိုင်နေသည့် ခရီးသွား ကုမ္ပဏီများထံမှ စုံစမ်းသိရသည်။

အခြေခံပညာကျောင်းများရှိ စားသုံးရန်မသင့်သည့် မုန့်များကို အမြန်ဆုံး ဖျက်ဆီးရန် တိုင်းအစိုးရ ညွှန်ကြား

ဧရာဝတီတိုင်း ဒေသကြီးအတွင်း အခြေခံပညာ ကျောင်းများရှိ မုန့်ဈေးတန်းများတွင် စားသုံးရန် မသင့်သည့် အသင့်စားမုန့်များ တွေ့ရှိခဲ့သောကြောင့် အမြန်ဆုံး ဖျက်ဆီးပစ်ရန် ညွှန်ကြားထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မော်လမြိုင် နည်းပညာတက္ကသိုလ်အတွင်း မူးယစ်ဆေး ရောင်း၊ ဝယ်နေဟု ကျောင်းသားများဆို

မော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းပရိဝုဏ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သုံးစွဲမှုများ ကျောင်းသား များကြားတွင်ရှိနေကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများနှင့် ကျောင်းသားများသမဂ္ဂဝင်များက ပြောကြားသည်။

“ပုဒ်မ ၄၃၆ ပြင်ရေးမှာ ရိုးသားမှုမရှိဟု တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ပြောကြား”

Photo: “ပုဒ်မ ၄၃၆ ပြင်ရေးမှာ ရိုးသားမှုမရှိဟု တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ပြောကြား”
Thursday, May 29, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဧ။် အဓိက သော့ချက်ဖြစ်သည့် 
ပုဒ်မ ၄၃၆ အားပြင်ဆင်လိုခြင်းမှာ ရိုးသားမှုမရှိဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းက The Street View သို့ ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဧ။် လူထုဟောပြောပွဲများတွင် တပ်မတော်ကို ပါဝင်ရန်ဖိတ်ခေါ်နေသည့်အပေါ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းအား သဘောထားမှတ်ချက်ကို မေးမြန်းကြည့်ရာတွင် ၄င်းက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

“ဖွဲ့စည်းပြင်ဆင်ရေး ၁၀၉ ဦးကော်မတီထဲမှာလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေပါပါတယ် ကိုယ်တို့ဘက်ကလည်း တင်နေတာတွေရှိတယ်။ ၄၃၆ ပြင်ရေးနဲ့ပတ်သက်ပြီးပြောရရင် ၄၃၆ ပြင်ရေးက သဘောက အဲ့ဒါမရိုးသားတာပဲ ၄၃၆က ပြင်မယ်ဆိုရင် ပုဒ်မ ၁ ကနေပြီးသွားရမှာ ပြင်မယ်မပြင်ဘူးဆိုတာကို” ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းက ပြောသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးကမှု ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်သင့်ပြင်ထိုက်သည်များကိုပြင်ဆင်ရမည်ဟု ပြောဆိုခဲ့သည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးဧ။် အဓိက အတားအဆီးဖြစ်သည့် ပုဒ်မ ၄၃၆ သည်ပြင်သင့်ပြင်ထိုက်သည့် ပုဒ်မ ဟုတ်ခြင်း မဟုတ်ခြင်းကိုမှု ၄င်းအနေဖြင့် မှတ်ချက်ပြုမပြောနိုင်ကြောင်းပြောဆိုခဲ့ပြီး တစ်ဦးနှင့်တစ်ဦး သဘောထားတူညီနိုင်မည်မဟုတ်ကြောင်း နမိတ်ပြပြောဆိုခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၀င်တစ်ဦးဖြစ်သူ ဦးဝင်းသန်းက မှု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၄၃၆ တင်မကဘဲ ပြင်ဆင်ရမည့်အရာများ များစွာ ရှိနေကြောင်း ပြောသည်။

“ပုဒ်မ ၄၃၆ တင်မကပါဘူး ပြင်ရမယ့် အရာတွေအများကြီးတွေ့လာတယ် လုပ်ရင်းကိုင်ရင် အဆင်မပြေတော့တာတွေလည်းရှိလာတယ်” ဟု ဦးဝင်းသန်းက ပြောသည်။ 

လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါ ပုဒ်မ ၄၃၆ အားပြင်ဆင်ရေး လူထုလက်မှတ်ထိုးတောင်းဆိုမှုများကို NLD နှင့် ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ဦးဆောင် လှုပ်ရှားလျှက်ရှိနေသည်။ 

ပုဒ်မ ၄၃၆ သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ရခက်စေရန် ထည့်သွင်းထားခြင်းဖြစ်သည်ဟု ဝေဖန်ပြောဆိုလျှက်ရှိကြသည်။

The Street View
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဧ။် အဓိက သော့ချက်ဖြစ်သည့် ပုဒ်မ ၄၃၆ အားပြင်ဆင်လိုခြင်းမှာ ရိုးသားမှုမရှိဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းက The Street View သို့ ပြောသည်။

ယခင်ရန်ငြိုးများမေ့ပစ်လိုက်ပါဟု မအူပင် ကရင်လူထုကို KNU ဆို

မအူပင်၊ လက်ရှိနိုင်ငံတော်အစိုးရနှင့် စစ် မှန်သည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ကရင်တိုင်းရင်းသားနှင့် ယခင်အစိုးရအ ကြားဖြစ်တည်ခဲ့သည့် အာဃာတများ၊ ရန်ငြိုးများကို မေ့ပျောက်ထားရန်လိုအပ် သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU မှ ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်း ငြိမ်းမောင်က ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး မအူပင် မြို့နယ် မြို့တော်ခန်းမ၌ မေ ၂၇ရက်က ကျင်းပခဲ့သည့် လက်ရှိနိုင်ငံတော်အစိုးရ နှင့် စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးရ ရှိရေးအကြိုထောက်ခံပွဲ၌ ¤င်းကအထက် ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
''ပြည်တွင်းစစ်ကြောင့် ကရင်တစ် မျိုးသားလုံးရော မြန်မာတစ်မျိုးသားလုံး ပါ ပျက်စီးခဲ့တယ်။ နိုင်ငံတကာမှာ နောက် ကောက်ကျခဲ့ရတယ်။ ဒီလို အတိတ်က သင်ခန်းစာကို နောင်မျိုးဆက်တွေ လေး လေးနက်နက် လေ့လာနိုင်ဖို့သာဖြစ်ပါ တယ်''ဟု KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံ ရေး ရေခံမြေခံကောင်းသောဒေသဖြစ် ကြောင်း၊ ကရင်အမျိုးသားများ၏ ပြဿ နာ၊ ကရင်အမျိုးသားများရဲ့အခွင့်အရေး များအား နိုင်ငံရေးနည်းအရ စကားဝိုင်း ၌ အေးအေးချမ်းချမ်း ဖြေရှင်းရန် အခွင့် အရေးမရခဲ့သည့်အတွက် မငြိမ်းချမ်းမှု များနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်ဟု ¤င်း ကဆိုသည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု သည် ပြည်တွင်းငြိမ်းချမ်းရေးသာဖြစ် ကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ ကရင် ရေးရာဝန်ကြီးက အဆိုပါအခမ်းအနား တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတော်အစိုးရနှင့် ကရင် အမျိုးသားအစည်းအရုံး (KNU)တို့အ ကြား ထာဝရငြိမ်းချမ်းရေးရရှိရန် အကြို ထောက်ခံပွဲအခမ်းအနားများအား ဧရာ ဝတီတိုင်းဒေသကြီးအတွင်း ၂ဝ၁၃ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ပန်းတနော် မြို့၌တစ်ကြိမ်၊ ၂ဝ၁၃ ခုနှစ် မေ၁၈ရက် တွင် မြောင်းမြမြို့၌တစ်ကြိမ် ကျင်းပခဲ့ သည်ဟု ပွဲစီစဉ်သူထံမှ သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကရင်ပြည်သူ ပေါင်း ၁၅ဝဝကျော် တက်ရောက်ခဲ့သည်။

ကောင်းမြတ်(မြစ်မခ-ဟင်္သာတ)၊ Yangon Times Journal အတွဲ(၁၀) အမှတ်(၂၀)

Yangon Media Group

ခွင့်ပြုချက် မရရှိဘဲ လှိုင်သာယာတွင် ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုကာ ဒေါ်စုစုနွေးကို ပုဒ်မ ၁၈ ဖြင့် အရေးယူ

လှိုင်သာယာမြို့နယ် အမှတ် (၆) ရပ်ကွက် သစ္စာလမ်းပေါ်တွင် မေလ ၁၁ ရက်နေ့က ခွင့်ပြုချက်မရှိဘဲ လူစုလူဝေးဖြင့် ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးဆိုင်ရာများ ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု ဆိုကာ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ အဖွဲ့အစည်း ကော်မတီ တာဝန်ခံ ဒေါ်စုစုနွေးကို မေလ ၂၇ ရက်နေ့က လှိုင်သာယာမြို့မ ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။
ဒေါ်စုစုနွေးက ငြိမ်းချမ်းစွာ စုဝေးခွင့်ကို တရားဝင် တင်ပြတောင်းခံခြင်း မပြုဘဲ အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲ စာတမ်း ရေးထိုးထားသည့် ဗီနိုင်းစကို နောက်ခံထားပြီး စင်မြင့်မှ ဒီမိုကရေစီအရေးနှင့် လူအခွင့်အရေးဆိုင်ရာများကို အသံချဲ့စက်ဖြင့် လူအင်အား ၆၀ ခန့်ကို ဦးဆောင် ဟောပြောခဲ့ကြောင်း၊ ယင်းကြောင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရာဇ၀င်ထဲမှာ မြန်မာအသင်း ကို ထားရစ်ခဲ့

၂၀၁၄ AFC Challenge Cup ပြိုင်ပွဲ ဟာ ဒီဆောင်းပါး ရေးချိန်မှာ ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ပြီးဆုံးလို့ ဗိုလ် လုပွဲအဆင့် ကို ပါလက်စတိုင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ နှစ်သင်း ထဲ က တစ်သင်း ဟာ ၂၀၁၅ ခုနှစ် သြစတြေးလျ နိုင်ငံမှာ ကျင်းပမဲ့ အာရှဖလား ( Asia Cup) ပြိုင်ပွဲ ကို ၀င်ရောက်ကစားခွင့် ရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ အာရှဖလား ကို ၁၉၆၈ ခုနှစ် က နောက်ဆုံးကစားခဲ့တဲ့ မြန်မာ အသင်း ကတော့ ပြိုင်ပွဲမှာ အုပ်စု အဆင့် နဲ့တင် အိမ်ပြန်ခဲ့ရပြီး နှစ်ပေါင်း ၄၆ အတွင်း အာရှဘောလုံး စင်မြင့် ကို ပြန်လည်တက်လှမ်း နိုင်မယ့် အခွင့်အရေး ကောင်းတစ်ခု ကို လက်လွတ်ခဲ့ရပြီ ဖြစ်ပါတယ်။
Photo: ရာဇ၀င်ထဲမှာ မြန်မာအသင်း ကို ထားရစ်ခဲ့ 
Thursday, May 29, 2014

၂၀၁၄ AFC Challenge Cup ပြိုင်ပွဲ ဟာ ဒီဆောင်းပါး ရေးချိန်မှာ ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ပြီးဆုံးလို့ ဗိုလ် လုပွဲအဆင့် ကို ပါလက်စတိုင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ နှစ်သင်း ထဲ က တစ်သင်း ဟာ ၂၀၁၅ ခုနှစ် သြစတြေးလျ နိုင်ငံမှာ ကျင်းပမဲ့ အာရှဖလား ( Asia Cup) ပြိုင်ပွဲ ကို ၀င်ရောက်ကစားခွင့် ရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ အာရှဖလား ကို ၁၉၆၈ ခုနှစ် က နောက်ဆုံးကစားခဲ့တဲ့ မြန်မာ အသင်း ကတော့ ပြိုင်ပွဲမှာ အုပ်စု အဆင့် နဲ့တင် အိမ်ပြန်ခဲ့ရပြီး နှစ်ပေါင်း ၄၆ အတွင်း အာရှဘောလုံး စင်မြင့် ကို ပြန်လည်တက်လှမ်း နိုင်မယ့် အခွင့်အရေး ကောင်းတစ်ခု ကို လက်လွတ်ခဲ့ရပြီ ဖြစ်ပါတယ်။

မြန်မာ အသင်း ဟာ Challenge Cup ပြိုင်ပွဲမှာ အုပ်စု ( က) အတွင်း ပါဝင်ခဲ့ပြီး အုပ်စုသုံးပွဲ ကစားခဲ့ရာမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ရဂိုး ( ၂ ) ဂိုး၊ ပေးဂိုး (၅) ဂိုး ရမှတ် သုံးမှတ်သာ ရရှိခဲ့ပြီး တတိယ အကြိမ်မြောက်
ကစားတဲ့ယခုအကြိမ်မှာ အခုလို အုပ်စု ကနေ ပထမ ဆုံးထွက်ခဲ့ရတဲ့ မှတ်တမ်းဝင်ခဲ့ ပါတယ်။၂၀၀၈ ခုနှစ် နဲ့ ၂၀၁၀ ပြည့်နှစ် တွေ မှာ နှစ်ကြိမ်စလုံး အုပ်စု ဖြတ်ကျော်နိုင်ခဲ့ပြီး နှစ်ကြိမ်စလုံး စတုတ္ထ နေရာ ရပ်တည် နိုင်ခဲ့မှု နဲနှိုင်းယှဉ်ရင် ၂၀၁၄ Challenge Cup ပြိုင်ပွဲ ကျရှုံးမှု ဟာ မြန်မာဘောလုံး ပရိသတ်တွေ အတွက် စိတ်ပျက်ဖွယ်ရာ ရလဒ်တစ်ခု လို့ ဆိုရမှာပါ။
ပြိုင်ပွဲမှာ မြန်မာ အသင်း ဟာ အတွေ့အကြုံပိုင်း အရ အားသာချက် ရှိနေသလို၊ ရှေ့နှစ်ကြိမ်မှာ စတုတ္ထနေရာ ရခဲ့ဖူးတဲ့ အနေအထား က လည်း ကျန်အသင်းတွေ ထက် အစဉ်အလာ ပိုင်း အားသာ ချက်ပါ ရှိနေပါတယ်။ ဒါပေမဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အသင်းတွေ ထဲမှာ မြန်မာ အသင်းလောက် အစဉ်အလာသမိုင်းကြောင်း မရှိခဲ့တဲ့ ပါလက်စတိုင်း နဲ့ ဒေသတွင်း က နောက်ပေါက် ဖိလစ်ပိုင် လို အသင်းမျိုးတွေ နောက်ဆုံး ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ချိန်မှာ မြန်မာ အသင်း ရဲ့ အုပ်စု အဆင့် ဆိုတဲ့ ရပ်တည်မှု ဟာ လက်သင့်ခံဖို့ ခက်ခဲလှပါတယ်။ဒါကြောင့် မြန်မာ အသင်းရဲ့ ကျရှုံးမှု မှာ ဘယ်နေရာတွေ ၊ ဘယ်အပိုင်း တွေ မှာ မှားယွင်းခဲ့သလဲ ဆိုတာ အဖြေရှာရတော့ မယ့် အချိန်ရောက်လာခဲ့ပြီ လို့ ဆိုရတော့ မှာပါ။

ပြင်ဆင်ချိန်အားနည်းခဲ့
မြန်မာ့လက်ရွေးစင် အသင်း ဟာ ၂၀၁၄ Challenge Cup ပြိုင်ပွဲအတွက် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် မတ်လ အတွင်း က အိမ်ကွင်းမှာ ခြေစစ်ပွဲ ကစားခဲ့ပြီး အုပ်စုပထမ နေရာ က ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ဒါကြောင့် ၂၀၁၄ Challenge Cup နောက်ဆုံး အဆင့် ပြိုင်ပွဲ ကိုဝင်ရောက် ကစားဖို့ သေချာခဲ့ပြီး ပြိုင်ပွဲ အတွက် စိတ်တိုင်း ကျ ပြင်ဆင်ချိန် ရခဲ့ပါတယ်။ ဒါပြင် ရှေ့နှစ်ကြိမ်စလုံးမှာ မြောက်ကိုရီးယား အသင်း ကို မကျော်နိုင်ခဲ့တဲ့ အတွက် စတုတ္ထနေရာ သာ ရခဲ့ခြင်း လို့ ဖြေတွေး တွေးနိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ မြောက်ကိုရီးယား မပါတာဟာ မြန်မာအသင်းအတွက် အခွင့်အရေးကောင်းတစ်ခု လို့ ပြောမယ် ဆို ပြောနိုင်ပါတယ်။အဲဒီ အခြေအနေ ဟာ မြန်မာ အသင်း အတွက် Challenge Cup ပြိုင်ပွဲကို အားထည့်ပြင်ဆင်ဖို့ တွန်းအားပေးတဲ့ အခြေအနေ တစ်ခုလို့ ပြောရမှာပါ။ 

ဒါပေမဲ့ အဲဒီ ခြေစစ်ပွဲ အပြီးနောက်ပိုင်း လက်ရွေးစင်အသင်း ဟာ အသင်း ရယ် လို့ ပီပီပြင်ပြင် မစုဖွဲ့နိုင်ဘဲ ဆီးဂိမ်းပြင်ဆင်နေတဲ့ ယူ ၂၃ အသင်းနဲ့ရောထွေးနေခဲ့ပါတယ်။အထူး သဖြင့် ၂၀၁၃ ခုနှစ် မတ်လနောက်ပိုင်း မှာ ယူ ၂၃ အသင်း နဲ့ ခြေစမ်းပွဲ တစ်ပွဲ ၊အောက်တိုဘာ လ ထဲမှာ ဟောင်ကောင် အသင်းနဲ့ ခြေစမ်းပွဲတစ်ပွဲ စုစုပေါင်း ခြေစမ်းပွဲ နှစ်ပွဲ သာ ကစားနိုင်ခဲ့ပါတယ်။ အဲဒီတုန်း ကတည်း က သာ အသင်း ကို စုဖွဲ့နိုင်ခဲ့နိုင်မယ် ဆိုရင် ပြိုင်ပွဲမှာ ရလဒ် အပြောင်းအလဲ ဖြစ်ကောင်း ဖြစ်လာနိုင် ပါတယ်။ ဒါပေမဲ့ မြန်မာဘောလုံး တာဝန်ရှိသူတွေ ဟာ ဆီးဂိမ်း ယူ ၂၃ အသင်းအပေါ် အာရုံစိုက်နေခဲ့ပြီး အာရှဖလား အတွက် အခွင့်အရေး ရှိနေတဲ့ လက်ရွေးစင်အသင်း ကို လှည့်မကြည့်နိုင်အားခဲ့ပါဘူး။

အဲဒီနောက် ၂၀၁၄ ဖေဖော်ဝါရီ လလယ် ပိုင်းမှာ ဆားဘီးယား သား အေဗရာမိုဗစ် ကို နည်းပြ အဖြစ် ခန့်အပ် ခဲ့ပြီး ချိန်မှသာ လက်ရွေးစင် အသင်း အတွက် အနည်းငယ် လှုပ်ရှားသက်ဝင်လာခဲ့ပါတယ်။ ဒါတောင် လက်ရွေးစင် အသင်း စုဖွဲ့မှု ကို ချက်ချင်း မစတင်နိုင်သေးဘဲ မတ်လ ကုန်ပိုင်းရောက်မှ သာ ပမာဏ လူစာရင်း ကို ထုတ်ပြန်နိုင်ခဲ့တာပါ။အဲဒီ နောက် သင်္ကြန်ကာလ ကို ဖြတ်သန်းခဲ့ပြီး ဧပြီ လကုန်ပိုင်းမှာ စင်္ကာ ပူ S league ကလပ် Singapore Lions 12 အသင်း ၊ ထိုင်း နိုင်ငံလေ့ကျင့် ခြေစမ်း ခရီးစဉ်မှာ မြောင်ထောင်ယူနိုက်တက် ၊ ထိုင်းလက်ရွေးစင် အသင်း တွေ နဲ့ပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲ သုံးပွဲသာ ကစားနိုင်ခဲ့ပါတယ်။ဒါကြောင့် မြန်မာ အသင်း ဟာ၂၀၁၃ ခုနှစ် မတ်လ နောက်ပိုင်း ခြေစမ်း ပွဲ ( ၅ ) ပွဲ ကို ထုံ့ပိုင်း ထုံ့ပိုင်း ကစားခဲ့ပြီး သင်္ကြန်ကာလ နဲ့ AFC Cup အတွက် ကစားသမား ပြန်လည်စေလွှတ် ရမှု ကို ဖယ်လိုက်ရင် ပြင်ဆင်ချိန်က တစ်လ စွန်းစွန်းသာ ရှိပါတယ်။
တကယ်တော့ ပြင်ဆင်ချိန် တစ်လ ဆိုတာ လက်ရွေးစင် အသင်း တစ်သင်းအတွက် လုံလောက်တဲ့ အချိန် တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် မြန်မာ အသင်း အတွက် မလုံလောက်ဖူးဆိုတာ ပြိုင်ပွဲမှာ ရပ်တည်နိုင် တဲ့ အနေအထား က သက်သေပါဘဲ။အထူးသဖြင့် ၂၀၁၅ အာရှဖလား ပြိုင်ပွဲ ၀င်ခွင့်မျှော်လင့်ချက် ရှိနေတဲ့ အတွက် ဒီပြိုင်ပွဲမှာ အသင်း တိုင်း ဟာ ပြင်ဆင်မှုကောင်းကောင်းနဲ့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ဖို့ ကြိုးစား လာကြမှာ သေချာတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ဒီလို အနေအထားမှာ မြန်မာ အသင်းရဲ့ ပြိုင်ပွဲအကြို ပြင်ဆင်မှု က လျော့ရဲခဲတာကြောင့်အခုလို အုပ်စုအဆင့် နဲ့ ကျေနပ်ခဲ့ရခြင်း လည်း ဖြစ်ပါတယ်။

ကစားသမားရွေးချယ်မှု နဲ့ နည်းစနည်ပိုင်းမှားယွင်းမှု
ပြိုင်ပွဲအုပ်စုတွင်းမှာ မြန်မာအသင်း ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေ ဟာ မြန်မာ ထက် အဆင့်ရပ်တည်မှု မြင့်တာ မှန်ပေမဲ့ ပြိုင်ပွဲ အတွေ့အကြုံနဲ့ အစဉ်အလာ ပိုင်းမှာ မြန်မာ ကို မှီတဲ့ အသင်း မရှိပါဘူး။ဒါပေမဲ့ မြန်မာ အသင်း ဟာ အတွေ့အကြုံကောင်းကို အသုံးမချနိုင်ခဲ့ဘဲ ပြိုင်ဘက်တွေ ရဲ့ အလဲထိုးခြင်း ကို ခံခဲ့ရပါတယ်။ ဒါဟာ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်နေတဲ့ ကစားသမားတွေ ရဲ့ ရုပ်ပိုင်း စိတ်ပိုင်း အားနည်းမှုကြောင့် ဆိုရင် မှားမယ် မထင်ပါဘူး။ အထူးသဖြင့် ရန်ပိုင် ၊ ခင်မောင်လွင်၊မင်းမင်းသူ၊သီဟစည်သူ ၊ ရန်အောင်ကျော် တို့ဟာ အသက်အရွယ်အရ အကောင်းဆုံး အချိန်ကို ကျော်လွန်ခဲ့၊ ကျော်လွန်နေတဲ့ ကစားသမားတွေ ဖြစ်ပြီး မင်းမင်းသူ ဆိုရင်ပြီးခဲ့တဲ့ တစ်ရာသီလုံး ဒဏ်ရာပြဿနာ ကြောင့် အချိန်အတော်ကြာ အနားယူနေခဲ့ရတဲ့ ကစားသမား ဖြစ်ပါတယ်။
အလားတူ သိန်းဇော်၊ ငြိမ်းချမ်းအောင်၊အောင်ဇော် တို့ ဟာ အာရှအဆင့် ပြိုင်ပွဲတစ်ခု အတွက် အဆင့် သင့် မဖြစ်သေးတာ ကိုတွေ့ရပြီး တကယ်တမ်း ဒေါင်ဒေါင်မြည် ကစားနိုင်တာ ကျော်ကိုကို ၊ ဒေးဗစ်ထန်း၊ ဇော်မင်းထွန်း တို့လောက်သာ ရှိပါတယ်။ 

ဒါတောင် ဒေးဗစ်ထန်း ဟာ ဒဏ်ရာ ပြဿနာကြောင့် ပွဲထွက် ခွင့် အကန့်အသတ် ရှိနေပါတယ်။ဒါတွေ အားလုံးခြုံကြည့်လိုက်ရင် အီမ်ရှင်မော်လဒိုက်ဗ် ကိုတစ်ယောက်လျှော့ အနေအထား ကနေ ( ၂း၃) ဂိုး အနိုင်ရတာက လွဲရင် ထူးထူးခြားခြား လုပ်မပြနိုင်ခဲ့တာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ဒါပြင် မြန်မာ အသင်း အသုံးပြုတဲ့ ( ၄.၃.၂.၁ ) ကစားကွက် ဟာ တိုက်စစ်ဆင်ချိန်မှာ ( ၄.၃. ၃ ) ပုံ စံ ကို အလွယ်တကူ ကူးပြောင်းနိုင်သလို၊ ခံစစ်ပြောင်းကစားရင်လည်း ခံစစ်နှစ်ထပ် ဗျူဟာကို အသုံးပြုနိုင်တဲ့ နည်းစနစ်ပါ။ ဒီ ကစားကွက် ကို ထင်ရှုးပင် ကစားကွက် ဆိုပြီး လက်ရှိ ရီးရဲမက်ဒရစ် အသင်း နည်းပြ ဖြစ်နေတဲ့ အန်ဆယ်လော့တီ အေစီမီလန် အသင်း ကိုတာဝန်ယူစဉ်က ပုံသေသုံးစွဲ ခဲ့ပြီး နာမည်ကြိးခဲ့တဲ့ ကစားကွက် ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ အသင်းရဲ့ နည်းစနစ်မှာတော့ ရှေ့က ဂိုးတွေ မသွင်းနိုင်သလို၊ နောက်ကလည်း အိတ်ပေါက်နဲ့ ဖားကောက်ဆိုတဲ့အတိုင်းအုပ်စု ပွဲစဉ်တိုင်း ဂိုးပေးခဲ့ရပါတယ်။အရင် နည်းပြ ပတ်ဆောင်ဟွာ လက်ထက် နဲ့ နှိုင်းယှဉ်ရင် အသင်းလိုက် ရွေ့လျားမှု တွေ ကောင်းလာပေမယ့် ကစားသမား တစ်ယောက် နဲ့ တစ်ယောက်ကြား အလှမ်းကွာဟ မှုကပြိုင်ဖက် တွေ အတွက် နေရာလွတ်တွေ များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အထူး သဖြင့် ဂိုး ရဖို့ တိုက်စစ်မှာ ကျော်ကိုကို တစ်ဦးတည်း ကို သာ အားကိုးနေရပြိး ပြိုင်ဖက် ကစားသမားတွေ လူကပ်ကစားလာချိန်မှာ မြန်မာ အသင်းရဲ့ တိုက်စစ်က ဆွံ့အ သွားပါတော့တယ်။ဒါကြောင့် (၃)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ( ၅ ) ဂိုးပြန်ပေးရတဲ့ အသင်းရဲ့စွမ်းဆောင်ရည်က ဆီးမီးဖိုင်နယ် တက်ရောက်နိုင်ဖို့ ခွင့်မပြုခဲ့ဘူးလို့ ဆိုရမှာပါ။

နိုင်ငံတကာ လက်ရွေးစင်အသင်းတွေမှာမရှိ
နောက်တစ်ခု က အသင်းမှာ ရွေးချယ်ထားတဲ့ ကစားသမားတွေရဲ လူမှန်နေရာမှန်မဖြစ်ခဲ့မှု ပါ။ နိုင်ငံတကာ လက်ရွေးစင်အသင်းတွေမှာတော့ လက်ရွေးစင် ရွေးချယ်မှု စံနှုန်း က ကလပ်အသင်းမှာ ပွဲ ထွက်ခွင့် ရမရ ဆိုတဲ့ အပေါ်မှာမှုတည်ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ စွမ်းဆောင်ရည် ကောင်း ကို ပြသနိုင်ရင် သူရဲ့မိခင် ကလပ်အသင်း အနေအထား ကို လျော့ပေါ့စဉ်းစားပေးလေ့ရှိပါတယ်။ဒါပေမဲ့ ကလပ်အသင်း ဟာ လိဂ်မှာ ရုန်းကန်နေရမယ် ဒါမှမဟုတ် အသင်း လိုက် စွမ်းဆောင်ရည်ပိုင်း ကျဆင်းနေတယ် ဆိုရင်တော့ အဲဒီ ကစားသမားတွေ အတွက် လက်ရွေးစင် အခွင့် အလမ်း က နည်းပါးသွားတတ်ပါတယ်။ အခုလည်း ကမ္ဘောဇ အသင်း က ကစားသမားတွေ ကို အဲဒီ အ ကြောင်းပြချက်နဲ့ လက်ရွေးစင်လူစာရင်းမှာ ချန်လှပ်ခဲ့ပြီး AFC Cup ပြိုင်ပွဲမှာ ဂိုးပြတ်မရှုမလှ ရှုံးနိမ့်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက် အသင်း က ကစားသမား ( ၉ ) ယောက် ကို ရွေးချယ်ခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက် ဟာ နေရှင်နယ်လိဂ်မှာ အဆင့် ၅ နေရာ ရပ်တည်ပေမယ့်ကမ္ဘောဇ ဟာ အဆင့် ၄ မှာ ရပ်တည်နေပါတယ်။ ဒါပြင် ပေးဂိုး က တစ်ပွဲတစ်ဂိုးနှုန်း ရှိနေပြီး AFC Cup ပြိုင်ပွဲ စုစုပေါင်း ၇ ပွဲ ကစားခဲ့ရာမှာလည်း တစ်ပွဲသာ ပေးဂိုးမဲ့ ခဲ့ကာ ကျန် ၆ ပွဲစလုံးဂိုးပေးခဲ့ရပါတယ်။ ဒါပြင် ရန်ကုန်အသင်း ရဲ့ အဓိက တိုက်စစ်မှုးတွေဖြစ်တဲ့ ကျော်ကိုကို ၊ အီမာဆင်၊ ဆီဇာ တို့ သာ ဂိုးတွေ သွင်းယူထားနိုင်ပေမယ့် ကျန်ပြည်တွင်း ကစားသမားတွေ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါဟာ လက်ရွေးစင် ကစားသမားရွေးချယ်မှု နောက်ကွယ် က အပေါ်ယံ အ ချက်အလက်တွေ ဖြစ်ပြီး ကျန်ရှိနေတဲ့ အချက် အလက်တွေ ရေးရင် ဆောင်းပါး ရည်ရွယ်ချက် လွဲနိုင်ပါတယ်။ဒါကြောင့် နည်းပြ အေဗရာမိုဗစ် ရဲ့လက်ရှိ လိဂ် စွမ်းဆောင်ရည်ကို အခြေခံပြီး ရွေးချယ်တာပါဆိုတဲ့ စကား က စဉ်းစားစရာကောင်းလှပါတယ်။
ကျဆင်းသွားပြီ ဖြစ်တဲ့ မြန်မာ့ဘောလုံးအဆင့်အတန်း
မြန်မာ့လက်ရွေးစင်အသင်းရဲ့ Challenge Cup ပြိုင်ပွဲ ကျရှုံးမှု နောက်ဆက်တွဲ အဖြစ် လစဉ်ထုတ်ပြန်ပေးနေတဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ( FIFA World Ranking) မှာ ကျိန်းသေပေါက် အဆင့် ထပ်မံကျဆင်းဖွယ်ရှိပြီး ၂၀၁၆ Challenge Cup ပြိုင်ပွဲ အတွက် ခြေစစ်ပွဲစဉ်တွေမှာလည်း ခက်ခဲတဲ့ အုပ်စုတွင်း မှာ ပါဝင်ကစားရဖွယ်ရှိနေပါတယ်။အဲဒါထက် ဆိုးရွားတဲ့ အနေအထား က နှစ်ပေါင်း ၄၆ နှစ်ကြာမှ ပြည်လည်ရရှိတဲ့ အာရှဖလား ကစားခွင့်ကို အလွယ်တကူလက်လွတ်ဆုံးရှုးံခဲ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။အကယ်၍ မြန်မာ အသင်း သာ အာရှဖလား ပြိုင်ပွဲကြိးမှာ သာ ၀င်ကစားနိုင်ခဲ့မယ် ဆိုရင် အာဆီယံဒေသတွင်းမှာ တစ်သင်းတည်းသော အသင်းအဖြစ် ဂုဏ်ယူရမှာ ဖြစ်သလို၊ ပြိုင်ပွဲ မှာ အုပ်စု အဆင့် က ထွက်ခဲ့ရရင်တောင် အတိုင်းအတာတစ်ခု အထိ မြန်မာဘောလုံးလောကအပေါ် သက်ရောက်လာမှာ ဖြစ်လို့ ကျဆင်းနေတဲ့ ဘောလုံးအဆင့်အတန်း ကို တစ်နည်းတစ်ဖုံ မြှင့်တင်ပေးနိုင်ဖွယ်ရှိပါတယ်။

ဒါပေမဲ့ မြန်မာအသင်း ဟာ ဟန်သာရှိ အဆန်မရှိတဲ့ သင်္ကြန် အမြှောက်လို ဖြစ်နေခဲ့ပြီး ဒေသတွင်း က ဖိလစ်ပိုင် လို အသင်း မျိုး ရဲ့ ကျော်တက်မှု ခံလိုက်ရပြီ ဖြစ်တဲ့ မြန်မာဘောလုံးလောက အတွက် နိုင်ငံတကာ ပြိုင်ပွဲတွေ မှာ အဆင့်အတန်းမြင့်မြင့် ကစားနိုင်ဖို့တောင် အချိန်အတော်ကြာ ယူရဦးမဲ့ သဘောရှိပါတယ်။တကယ်တော့ ဒါဟာ မျိုးစေ့မမှန်လို့ ပင်မသန်ရတဲ့ အဖြစ်မျိုးလို့ဆိုနိုင်ပြီး အာဆီယံဒေသတွင်းမှာ တောင် တစ်က ပြန်စရမဲ့ အနေအထား ကို ရောက်သွားခဲ့ပါပြီ။ဒါကြောင့် ဘူတာ ကို ဘယ်အချိန်ဆိုက်ရောက်လာမယ် မှန်း မသိ နိုင်တဲ့ မြန်မာ့မီးရထားလိုဘဲ ဘယ်အချိန်မှာအောင်မြင်မှု ရမယ်မှန်း မသိနိုင်တဲ့ မြန်မာ့ဘောလုံး အောင်မြင်မှု ကို ပရိသတ်တွေ အ နေနဲ့ စိတ်ရှည်လက်ရှည်စောင့်ရုံမှ တစ်ပါး အခြားမရှိတော့ပါကြောင်း။။။

ဟိန်းထက်အောင်
Mizzima Sport News

ထိုင်းအာဏာသိမ်းမှုမှ ရနိုင်တဲ့ သင်ခန်းစာ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာသုံးသပ်ချက် အစီအစဉ်မှာ ထိုင်းနိုင်ငံရဲ့  လက်ရှိအခြေအနေက မြန်မာပြည်သူတွေ ဘယ်လိုသင်ခန်းစာတွေ ရယူနိုင်ပါသလဲ။ ပါမောက္ခ စတိုင်ဘတ် (Steinberg) ကတော့ မြန်မာနိုင်ငံမှာ အစိုးရကောင်းတရပ်ရှိပြီး၊ တိုင်းရင်းသားပြဿနာကို ညှိညှိနှိုင်းနှိုင်း ဖြေရှင်းနိုင်ရင် ထိုင်းနိုင်ငံကို ကျော်တက်နိုင်မယ့်အလားအလာရှိတယ်လို့ သုံးသပ်ပြောဆိုပါတယ်။ ပါမောက္ခ David Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ Professor Steinberg အခုအချိန်မှာ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပါတယ်။ စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ပြန်ဆုတ်သွားတယ်လို့ ယေဘုယျအားဖြင့် လူတိုင်းလက်ခံကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလို စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ အခုအချိန်အထိတော့ မရှိသေးဘူးပေါ့။ ဆိုတော့ လောလောဆယ်မှာ နှစ်နိုင်ငံ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီဖြစ်ထွန်းရေး အလားအလာက ထိုင်းထက် အခြေအနေကောင်းတယ်လို့ပြောရင် မှန်ပါသလား။

“အန်တီက ဘယ်တုန်းက ဥပဒေကို ချိုးဖောက်ခဲ့ဖူးလို့လဲ” ဟု ရွေးကောက်ပွဲကော်မရှင်သို့ ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်ပြောဆို

တပ်မတော်ကို ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံရန် လူသိရှင်ကြားတိုက်တွန်းပြောဆိုနေသည့် ဒေါ်အောင် ဆန်းစုကြည်၏ ဟောပြောမှုများသည် အခြေခံဥပဒေကို ကျော်လွန်နေသည်ဟူ၍ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က သတိပေးလာခေင်းအပေါ် မိမိသည် မည်သည့်အခါကမျှ ဥပဒေကို ချိုးဖောက်သူမ ဟုတ်ဟု ကာယကံ ရှင်က မေ ၂၈ ရက်တွင် တုံ့ပြန်လိုက်သည်။
“အန်တီက ဘယ်တုန်းက ဥပဒေကို ချိုးဖောက်ခဲ့ဖူးလို့လဲ” ဟု ဒေါ်အောင်ဆန်း စုကြည်က ယနေ့စတင် သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဒသမပုံမှန်အစည်း အဝေးမစတင်မီ မဇ္ဈိမ၏ မေးမြန်းမှုကို ယင်း သို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
တပ်မတော်သည် အာဏာမက်မောသော အဖွဲ့အစည်းမဟုတ်သည်ကို ဖွဲ့စည်း ပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင် ရေးကို ထောက်ခံခြင်းဖြင့် သက်သေထူကြပါဟု မေ ၁၈ ရက် မန္တလေးမြို့ အောင်ပင်လယ်အားကစားကွင်း တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆို ချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေး ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာန တာဝန်မဲ့စကား ပြောသည်ဆိုကာ ဆရာ၊ဆရာမများ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၏ ကျောင်းပြောင်းရွှေ့မှု ကြန့်ကြာနေရခြင်းမှာ ဌာနအတွက် တာဝန်ယူမည့် ၀န်ကြီးမရှိခြင်းကြောင့်ဟုဆိုသည့် တာဝန်မဲ့သည့် လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ကြောင်း မေလ ၂၈ ရက်က ဒဂုံတက္ကသိုလ်ဆရာများသမဂ္ဂအဖွဲ့ အတွင်းရေးမှူး ဦးဇော်မျိုးနိုင်က မီဒီယာများကို ရှင်းလင်းပြောကြားလိုက်သည်။
နိုင်ငံခြားဘာသာ တက္ကသိုလ်မှ အင်္ဂလိပ်စာဌာန ကထိကဒေါ်တင်နွဲ့ရီက “မေလ ၂၂ ရက်မှာ တရားဝင် ထွက်ရှိမယ်လို့ ၀န်ကြီးကကတိပေးခဲ့ပါတယ်။ ကတိပေးပြီး လုပ်မပေးတာတွေ၊ ၀န်ထမ်းတွေရဲ့ဘ၀ကို ကိုယ်ချင်းစာစိတ်မဲ့ပြုလုပ်နေတဲ့ ၀န်ကြီးဌာနကို အလိုမရှိပါဘူး” ဟု ပြောသည်။
ဆရာ၊ ဆရာမ ကျောင်းပြောင်းရွှေ့မိန့်ကို ရက်ပိုင်းအတွင်း မထုတ်ပြန်ပါက ဆရာ၊ ဆရာမ သမဂ္ဂ ခုနစ်ဖွဲ့ က ဆန္ဓထုတ်ဖော်သွားမည်ဖြစ်သည်ဟု ထိုနေ့သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် ဆရာ၊ဆရာမ များက ဆိုကြသည်။
ကျောင်းပြောင်းရွှေ့ခြင်းဆိုင်ရာ အမိန့် ညွှန်ကြားချက်များကို ယခင်နှစ်များတွင် တက္ကသိုလ်များ ပိတ်ချိန် အောက်တိုဘာ၌ ထုတ်ပြန်ပေးလေ့ရှိသော်လည်း ယခု မေလ ရောက်သည်အထိ ထုတ်ပြန်ပေးခြင်းမရှိ သေးကြောင်း၊ ရန်ကုန်တိုင်းအတွင်း တာဝန်ကျသည့် ဆရာ၊ ဆရာမများ ကျောင်းပြောင်းလျှောက်ထားပါက သုံးနှစ် စောင့်ဆိုင်းရကြောင်း၊ နယ်ကျောင်းပြောင်း ဆရာ၊ ဆရာမများမှာ နှစ်နှစ်စောင့်ဆိုင်း ရကြောင်း၊ ဝေးလံခေါင်ဖျားသည့် ဒေသများသို့ ပြောင်းရွှေ့ခွင့်လျှောက်ထားပါက တစ်နှစ်စောင့်ဆိုင်းရကြောင်း ဆရာ၊ ဆရာမများထံမှ သိရသည်။

၄၃၆ ပြင်ရေး ဘာဆက်ဖြစ်လာနိုင်သလဲ

ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီနဲ့ ၈၈ ပွင့်လင်းအဖွဲ့ ပူးပေါင်း အကောင်အထည်ဖော်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ပြင်ရေး လှုပ်ရှားမှုအရှိန်ရစပြုနေပါပြီ။ မေလ ၂၇ ရက်ကဆို ၄၃၆ ပြင်ရေး လက်မှတ်ရေးထိုးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ခေါင်းဆောင်တွေနဲ့ တိုင်းသိပြည်သိ အနုပညာရှင်တွေ ပါဝင်လက်မှတ်ထိုးရင်း အစပြုပေးလိုက်ပါတယ်။ တစ်ပြိုင်နက်တည်း တစ်တိုင်းပြည်လုံးမှာရှိတဲ့ အင်န်အယ်လ်ဒီ ရုံးတွေနဲ့ ၈၈ ပွင်းလင်းအဖွဲ့ ရုံးတွေမှာလည်း လက်မှတ်ထိုးနိုင်အောင် ပြင်ဆင် ပေးထားကြပါပြီ။ အခြားတစ်ဖက်မှာတော့ ၄၃၆ မပြင်ရေး ကျိုးတိုးကျဲတဲ ဆန္ဒပြပွဲတချို့ နေပြည်တော်မှာ ပေါ်လာသလို နိုင်ငံရေးပါတီတွေရဲ့ ပြိုင်ပွဲကို ဒိုင်လူကြီးလုပ်ပေးမယ်ဆိုတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ဘောင်ကို ကျော်နေတယ်ဆိုပြီး သတိပေးမှုတွေ လုပ်လာနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄၃၆ ပြင်ရေးလှုပ်ရှားမှု အောင်မြင်နိုင်ပါ့မလား၊ ဘာအခက်အခဲတွေတွေ့နိုင်မလဲ၊ ဘာတွေဆုံးရှုံးနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

တောင်ကိုရီးယား သက်ကြီးရွယ်အို ဆေးရုံ မီးလောင်၊ ၂၁ ဦး သေဆုံး

Photo: တောင်ကိုရီးယား သက်ကြီးရွယ်အို ဆေးရုံ မီးလောင်၊ ၂၁ ဦး သေဆုံး
Thursday, May 29, 2014

ယခုလပိုင်းအတွင်း မတော်တဆမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက် ရှိသော တောင်ကိုရီးယားနိုင်ငံတွင် ဗုဒ္ဓဟူးနေ့ အစောပိုင်းက သက်ကြီးရွယ်အို ဆေးရုံတစ်ခု၌ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၂၁ ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါ မီးလောင်မှုမှာ တောင်ကိုရီးယားနိုင်ငံ၏ မြို့တော် ဆိုးလ်မြို့၏ တောင်ဘက် မိုင် ၁၉၀ ခန့် အကွာတွင် တည်ရှိသော ဂျန်ဆောင်းကောင်တီရှိ သက်ကြီးရွယ်အို ဆေးရုံ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“မီးလောင်မှုကြောင့် ၂၁ ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာ ရရှိထားသူတွေထဲက တချို့က အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်” ဟူ ဂျန်ဆောင်းကောင်တီ မီးသတ်ဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

မီးကို မိနစ် ၃၀ အတွင်း ငြှိမ်းသတ်နိုင်ခဲ့သော်လည်း ဒုတိယထပ်ရှိ သက်ကြီးရွယ်အို အများစုမှာ ရောဂါဖြင့် အိပ်ရာထဲ လဲနေသူများ ဖြစ်သဖြင့် အချိန်မီ ထွက်ပြေးနိုင်ခဲ့ခြင်း မရှိဟုလည်း အဆိုပါ အရာရှိက ပြောကြားသည်။

မီးလောင်မှု ဖြစ်ပွားသည့် အချိန်တွင် ဆေးရုံ၌ လေဖြတ်ထားသော ရောဂါသည်များနှင့် အယ်လ်ဇိုင်းမား ရောဂါသည်များ အပါအဝင် သက်ကြီးရွယ်အို ၇၀ ခန့် ရှိနေခဲ့ပြီး ထိုလူနာများကို စောင့်ရှောက်ရန်အတွက် သူနာပြု တစ်ယောက်သာ ရှိနေခဲ့ကာ အဆိုပါ သူနာပြုမှာလည်း မီးလောင်မှု အတွင်းတွင် သေဆုံးသွားခဲ့သည်။

မေလ ၂၆ ရက်နေ့ကလည်း တောင်ကိုရီးယားနိုင်ငံတွင် ဘက်စ်ကားဝင်း တစ်ခု၌ မီးလောင်မှု ဖြစ်ပွားပြီး ခုနစ်ဦး သေဆုံးခဲ့သေးသဖြင့် ယခု မီးလောင်မှုမှာ တောင်ကိုရီးယားနိုင်ငံတွင် အများပြည်သူဆိုင်ရာ နေရာ၌ နှစ်ရက်အတွင်း ဒုတိယ အကြိမ်မြောက် ဖြစ်ပွားသည့် မီးလောင်မှု ဖြစ်လာခဲ့သည်။

ထို့ပြင် တောင်ကိုရီးယားနိုင်ငံတွင် ဧပြီလအတွင်းက ကူးတို့သင်္ဘောတစ်စင်း နစ်မြုပ်ပြီး လူ ၃၀၀ ကျော် သေဆုံးခဲ့သလို ယခုလ အစောပိုင်းကလည်း မြေအောက် ရထားနှစ်စင်း တိုက်မိကာ လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့သေးသဖြင့် တောင်ကိုရီးယားအစိုးရ၏ အများပြည်သူ ဘေးကင်းလုံခြုံရေး အစီအမံများအပေါ် ဝေဖန်မှုများ ပေါ်ပေါက်လျက် ရှိသည်။

တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟေးသည် ကူးတို့သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သတ်ပြီး ပြီးခဲ့သော ရက်သတ္တတစ်ပတ် အတွင်းက တိုင်းပြည်ကို မိန့်ခွန်း ပြောကြားရာ၌ ကူးတို့သင်္ဘော နစ်မြုပ်မှုအတွက် အစိုးရအဖွဲ့တွင် တာဝန်ရှိကြောင်း ဝန်ခံခဲ့ပြီး အများပြည်သူ လုံးခြုံရေး အစီအမံများကို မြှင့်တင်သွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။

ထို့ပြင် အများပြည်သူ အသက်ဆုံးရှုံးရသော မတော်တဆမှုများ ဖြစ်ပွားခဲ့ပါက ထိုမတော်တဆမှုအတွက် တာဝန်ရှိသူများကို စုံစမ်းဖော်ထုတ်ပြီး ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်သွားမည်ဟုလည်း သမ္မတပက်ဂွမ်ဟီးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် သက်ကြီးရွယ်အို ဆေးရုံ မီးလောင်ရသည့် အကြောင်းအရင်းကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်သည်။

The Voice Weekly
ယခုလပိုင်းအတွင်း မတော်တဆမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက် ရှိသော တောင်ကိုရီးယားနိုင်ငံ တွင် ဗုဒ္ဓဟူးနေ့ အစောပိုင်းက သက်ကြီးရွယ်အို ဆေးရုံတစ်ခု၌ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၂၁ ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာပြည်ဟာ အမေရိကန်ရဲ့ မိတ်ဆွေသစ် ဖြစ်လာနိုင်တယ်လို့ အိုဘားမားပြောကြား

အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက မြန်မာပြည်ရဲ့ လက်ရှိဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ မိတ်ဆွေသစ်ဖြစ်လာပါလိမ့်မယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

မြန်မာ- ဂျပန် နှစ် နိုင် ငံ အ စိုး ရ အ ချင်း ချင်း သာမက တပ်မတော် နှစ်ရပ် အကြား ပိုမိုပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး

Photo: မြန်မာ- ဂျပန် နှစ် နိုင် ငံ အ စိုး ရ အ ချင်း ချင်း သာမက တပ်မတော် နှစ်ရပ် အကြား ပိုမိုပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး
Thursday, May 29, 2014

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့၏ စစ်ဦးစီးချုပ် General Shigeru IWASAKI ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၉နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ- ဂျပန် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု အတွက် သာမက ပူးပေါင်း ဆောင်ရွက်မှု အတွက် ဂျပန်နိုင်ငံက နည်းပညာများ၊ ထောက်ပံ့ငွေနှင့် ချေးငွေများ ကူညီ ပံ့ပိုး ပေးနေမှုများ၊ နှစ်နိုင်ငံ အစိုးရ အချင်းချင်း သာမက တပ်မတော် နှစ်ရပ်အကြား ပိုမိုပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော် သမ္မတ နှင့်အတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်မင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဂျပန် စစ်ဦးစီးချုပ် ဦးဆောင်သော အဖွဲ့နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် နိုင်ငံသံ အမတ်ကြီး H.E. Mr. Tateshi HIGUCHI လည်း တက်ရောက်သည်။

မြ၀တီ
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့၏ စစ်ဦးစီးချုပ် General Shigeru IWASAKI ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၉နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အငြင်းပွားဖွယ်များကြောင့် လယ်/ဆည် ဝန်ကြီးဌာန၏ ပြည်ပချေးငွေ ကန်ဒေါ်လာ ၁၃၆ သန်း လွှတ်တော် အတည်မပြု

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံ ငွေအဖွဲ့ (IFAD) တို့ထံမှ စိုက်ပျိုးရေး စီမံကိန်းများတွင် အသုံးပြုရန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၆ သန်း ချေးယူရန် အဆိုပြုမှုကို ပြည်ထောင်စု လွှတ်တော်က အတည်မပြုကြောင်း လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

မော်လမြိုင် နည်းပညာတက္ကသိုလ်အတွင်း မူးယစ်ဆေး ရောင်း၊ ဝယ်နေဟု ကျောင်းသားများဆို

မော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းပရိဝုဏ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သုံးစွဲမှုများ ကျောင်းသားများကြားတွင် ရှိနေကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများနှင့် ကျောင်းသားများ သမဂ္ဂဝင် များက ပြောကြားသည်။

အီဂျစ်သမ္မတရွေးကောက်ပွဲ စစ်ခေါင်းဆောင်ဟောင်း el-Sissi အပြတ်အသတ်နိုင်

Photo: အီဂျစ်သမ္မတရွေးကောက်ပွဲ စစ်ခေါင်းဆောင်ဟောင်း el-Sissi အပြတ် အသတ် နိုင်
Thursday, May 29, 2014 

အီဂျစ်နိုင်ငံမှာ ပြုလုပ်နေတဲ့ သမ္မတရွေးကောက်ပွဲရဲ့ အစောပိုင်းထွက်လာတဲ့ ရလဒ်တွေအရ အရင်ကာကွယ်ရေးဦးစီးချုပ်ဟောင်း Abdel-Fattah el-Sissi က မဲအပြတ်အသတ်နဲ့ ဦးဆောင်နေပါတယ်။
 
ပထမအကြိမ်ထွက်လာတဲ့ ရလဒ်တွေအရ Sissi က မဲအရေအတွက် ၉၃ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး တဦးတည်းသော သူ့ရဲ့ ပြိုင်ဖက်ဖြစ်တဲ့ လက်ဝဲ၀ါဒီ Hamdeen Sabahi ကတော့ ၃ ရာခိုင်နှုန်းလောက် ရရှိထားတယ်လို့ ဆိုပါတယ်။
 
မဲပေးသူတွေ မဲပေးနိုင်အောင် ဗုဒ္ဓဟူးနေ့တရက် ထပ်တိုးပေးထားတဲ့ကြားကပဲ မဲပေးသူ အရေအတွက်ဟာ ၄၄ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲ နောက်ဆုံး ရလဒ်တွေကိုတော့ ရှေ့သီတင်းပတ်အတွင်း ကြေညာပေးမှာ ဖြစ်ပါတယ်။
 
ဒီရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ မူဆလင်ညီအကိုတော်များအဖွဲ့က တိုက်တွန်းထားပါတယ်။ Sissi နဲ့ သူ့မဟာမိတ်တွေဟာ မဲမသမာမှုတွေနဲ့ လိမ်လည် လှည့်ဖျားမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မူဆလင်ညီအကိုတော်များအဖွဲ့က စွပ်စွဲ ပြောဆိုထားတာပါ။ Sissi သမ္မတ ဖြစ်မယ့်အစီအစဉ်ဟာ အစ္စလာမ်ဝါဒီ မိုဟာမက် မော်စီကို ရာထူးက ဖြုတ်ချပြီး စစ်တပ်က မနှစ်က အာဏာသိမ်းလိုက်တာရဲ့ နောက်ဆက်တွဲ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။
 
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ သေဆုံးခဲ့မှုအတွက် မိုဟာမက် မော်စီနဲ့ မူဆလင်ညီအကိုတော်များအဖွဲ့ကို ထောက်ခံသူ အတော်များများဟာ တရားရုံးမှာ အမှု ရင်ဆိုင်နေကြရတာပါ။ မူဆလင် ညီအကိုတော်များအဖွဲ့အနေနဲ့ အီဂျစ်မှာ အနာဂတ် မရှိဘူးလို့ ဗိုလ်ချုပ်ကြီး Sissi က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အီဂျစ်နိုင်ငံမှာ ပြုလုပ်နေတဲ့ သမ္မတရွေးကောက်ပွဲရဲ့ အစောပိုင်းထွက်လာတဲ့ ရလဒ်တွေအရ အရင် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း Abdel-Fattah el-Sissi က မဲအပြတ်အသတ်နဲ့ ဦးဆောင်နေပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုးဆန္ဒဖော်ထုတ်ပွဲနှင့် ဟောပြောပွဲ ဘားအံမြို့တွင် ပြုလုပ်

Photo: ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုးဆန္ဒဖော်ထုတ်ပွဲနှင့် ဟောပြောပွဲ ဘားအံမြို့တွင် ပြုလုပ်
Thursday, May 29, 2014 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ပွဲနှင့် လူထုဟောပြောပွဲကို မေ ၂၈ ရက်က ကရင်ပြည်နယ် ဘားအံမြို့ရှိ ကန်သာဦးခန်းမတွင် ပြုလုပ်ခဲ့သည်။ 

အဆိုပါ လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ပွဲနှင့် လူထုဟောပြောပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းမှ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အား ပြင်ဆင်နိုင်ရန် ဥပဒေနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်မှ ပုဒ် ၄၃၆ ပြင်ဆင်နိုင်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူလူထုထံသို့ ဟောပြောခဲ့သည်။

“နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးပြီးရင် ပြည်နယ်တွေမှာဆို အန်တီတို့ ကရင်ပြည်နယ်မှာ အရင်လုပ်ဖြစ်တာပါ။ ဒီနေ့ ပွဲလုပ်မယ့်ရက်က အရမ်းကပ်သွားတော့ စာတင်ရမှာနဲ့ ကွင်းတောင်းရမှာနဲ့ အဆင်မပြေမှာ စိုးရိမ်ပြီး ဒီခန်းမမှာ လုပ်လိုက်တာပါ။ ဒီမှာလုပ်ပြီးရင် အဆင်ပြေတဲ့ မြို့နယ်တွေမှာ လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်မှုတွေ လုပ်သွားမှာပါ”ဟု ကရင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်နန်းခင်ထွေးမြင့်က Daily Eleven သို့ ပြောကြားခဲ့သည်။ 

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေး ပြည်သူလူထုလက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ပွဲနှင့် ဟောပြောပွဲသို့ ကရင်ပြည်နယ်မှ ဒေသခံပြည်သူ ၁၂ဝဝ ကျော် တက်ရောက်ခဲ့ပြီး လက်မှတ်ပေါင်း ၉ဝဝ ကျော် စုဆောင်းရရှိခဲ့ကြောင်း၊ ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်မှလည်း ဆန္ဒပြုလက်မှတ်ရေးထိုးခဲ့သည်။
၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးနေကြသူများကို တွေ့ရစဉ် 

Eleven Media Group
၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးနေကြသူများကို တွေ့ရစဉ် 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း ကျင်းပပြု လုပ်သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ပွဲနှင့် လူထုဟောပြောပွဲကို မေ ၂၈ ရက်က ကရင်ပြည်နယ် ဘားအံမြို့ရှိ ကန်သာဦးခန်းမတွင် ပြုလုပ်ခဲ့သည်။ 

တရုတ်နိုင်ငံသားပိုင် ကံကောင်းခြင်းရတနာစက်ရုံ အနေဖြင့် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် မချုပ်ဘဲ အလုပ်သမားများကို Black Labour အဖြစ် ခိုင်းစေခဲ့ခြင်းအား ရှင်းလင်း

စဥ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာရှိ တရုတ်နိုင်ငံသားပိုင် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အနေဖြင့် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် မချုပ်ဘဲ အလုပ်သမားများကို Black Labour အဖြစ် ခိုင်းစေခဲ့ကြောင်း  သတင်းစာရှင်းလင်းပွဲကို မေ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ ကျောက်မြောင်းမြို့နယ်ရှိ တိုက်အမှတ် ၁၁ ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အနေဖြင့် အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ် ချုပ်ဆိုရန် ပျက်ကွက်ခဲ့ပြီး အလုပ်သမားများကို Black Labour အဖြစ် ခိုင်းစေခဲ့ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တာရာယ် ကင်းရှင်းရေး အချက်များကိုလည်း ချိုးဖောက်ခဲ့သည်ကို တွေ့ရကြောင်း သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌဦးအောင်လင်းက ပြောကြားသည်။

အာရှအားကစားပြိုင်ပွဲကို မြန်မာအမျိုးသားနှင့် အမျိုးသမီးဘောလုံး အသင်းများ ယှဉ်ပြိုင်မည်

Photo: အာရှအားကစားပြိုင်ပွဲကို မြန်မာအမျိုးသားနှင့် အမျိုးသမီးဘောလုံး အသင်းများ ယှဉ်ပြိုင်မည်
Thursday, May 29, 2014

တောင်ကိုရီးယားနိုင်ငံ အင်ချွမ်မြို့တွင် ကျင်းပမည့် (၁၇) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို မြန်မာအမျိုးသားနှင့် အမျိုးသမီးဘောလုံးအသင်း တို့ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ 
 
 မြန်မာဘောလုံးအသင်းများမှာ အာရှအားကစားပြိုင်ပွဲကို နှစ်ကာလကြာမြင့်စွာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ရာမှ ယခုနှစ်တွင် ပြန်လည်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။

အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲကို ယူ-၂၃ ပြိုင်ပွဲအဖြစ် ကျင်းပလျက်ရှိပြီး မြန်မာအသင်းမှာ အသင်းဖွဲ့စည်း၍မကြာမီ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာအမျိုးသားအသင်းမှာ အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှု အစဉ်အလာကြီးမားသည့် အသင်းတစ်သင်းဖြစ်ပြီး ၁၉၆၆ ပြိုင်ပွဲနှင့် ၁၉၇ဝ ပြိုင်ပွဲတို့တွင် ရွှေတံဆိပ်များ ရယူနိုင်ခဲ့ကြောင်း သိရသည်။ ၁၉၉၄ ခုနှစ်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် ကျင်းပခဲ့သော အာရှအားကစားပြိုင်ပွဲတွင် နောက်ဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုအဆင့်မှ ထွက်ခဲ့ရကြောင်း သိရသည်။ အမျိုးသမီးအသင်းမှာမူ အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်းဖြင့် ယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် အာရှအားကစားပြိုင်ပွဲနှင့် အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်ရန် လာမည့် ဇွန်လဆန်းပိုင်းတွင် လေ့ကျင့်မှုများ စတင်ပြုလုပ်မည်ဖြစ်ပြီး နည်းပြချုပ်အဖြစ် ကူမာဒါကပင် ဆက်လက် ကိုင်တွယ်သွားမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့မှာ ယခုနှစ်အတွင်း ယှဉ်ပြိုင်ထားသည့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှု မရရှိခဲ့ကြောင်း သိရသည်။

Eleven Media Group
တောင်ကိုရီးယားနိုင်ငံ အင်ချွမ်မြို့တွင် ကျင်းပမည့် (၁၇) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို မြန်မာအမျိုး သားနှင့် အမျိုးသမီးဘောလုံးအသင်း တို့ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ 

လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မေးခွန်းများကို အတိုချုံးမေးမြန်းရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မေးခွန်းများကို အတိုချုံးမေးမြန်းရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မေ ၂၈ ရက်ကကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

RSO ဟု ယူဆရသည့် တစ်ဖက်နိုင်ငံအခြေစိုက် သောင်းကျန်းသူများ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ထပ်မံဝင်ရောက်လာသဖြင့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့နှင့် ထပ်မံတိုက်ပွဲဖြစ်ပွား

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှတ်တိုင် ၅၂ အနီးတွင် မေ ၂၈ ရက် နံနက်က RSO ဟုယူဆရသည့် တစ် ဖက်နိုင်ငံ အခြေစိုက် သောင်းကျန်းသူများ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ထပ်မံဝင်ရောက်လာသဖြင့် မြန်မာ့လုံခြုံရေး တပ်ဖွဲ့နှင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဒေါ်စု၏ တဖက် သက် စွပ်စွဲ ပြောဆို မှုများ အား အမျိုး သမီး စစ်သည်တစ်ဦးမှ ကန့်ကွက်

Photo: ဒေါ်စု၏ တဖက် သက် စွပ်စွဲ ပြောဆို မှုများ အား အမျိုး သမီး စစ်သည် တစ်ဦး မှ ကန့်ကွက်
Thursday, May 29, 2014

အန်တီစုရဲ့ မိန့်ခွန်းတိုင်းလိုလိုကို လေးလေးစာစားနဲ့ စိတ်ဝင်တစာနာထောင် လေ့ရှိပါတယ်။

နိုင်ငံရေးကို စိတ်မဝင်စားပေမယ့် နိုင်ငံရေးက ကိုယ့်ကို စိတ်ဝင်စားနေတယ် ဆိုတဲ့ အန်တီစု စကား ကိုလည်း အလေးအနက်ထားတာကြောင့်ရယ် အန်တီစုကို ပုဂ္ဂိုလ်ရေးအရ လေးစားတာကြောင့်ရယ်ပါ..

အခုနောက်ပိုင်း အန်တီစု မိန့်ခွန်းတွေဟာ တဖြည်းဖြည်းနဲ့ ရန်လိုမှုတွေပါလာတာကို သတိထားမိပါတယ်…

ဒီကနေ့ ရန်ကုန်မှာ အန်တီစုပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ကျွန်မတို့ တပ်မတော်သား တွေကို အဓိပ္ပါယ်မဲ့ တိုက်ခိုက်မှုတွေ အများကြီးပါနေပါတယ်…

“အခုဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကျွန်မတို့ သာမန်ပြည်သူများနဲ့ တပ်မတော်သားများကြားမှာ ခွဲခြားထားတဲ့ တန်းတူညီမျှမှုမရှိတဲ့ ဥပဒေဖြစ်ပါတယ်။ ဒီလိုခွဲခြားထားတာက နိုင်ငံတော်ကိုလည် အကျိုးမပြုပါဘူး၊ တပ်မတော်ကိုလည်း အကျိုးမပြုပါဘူး”

လို့ အန်တီစုက ပြောပါတယ်။ တပ်မတော်အတွက် အကျိုးမပြုဘူး…. တပ်မတော်သားတွေက ကိုယ့်ကျိုးအတွက် လုပ်နေတာ မဟုတ်ဘူး… ဆိုတာ အန်တီစု သိပြီသားဖြစ်နေမှတော့ ဘာအတွက် တပ်မတော်သားတွေကို ပြဿနာရှာနေစရာလိုနေသေးလို့လဲ…. ပြီတော့ ၂၀၀၈ အခြေခံဥပဒေက တပ်မတော်နဲ့ ပြည်သူကို တန်းတူမရှိအောင် ခွဲခြားထာတယ် ပြောရအောင် ဥပဒေ ထဲမှာ တပ်မတော်သားတွေကို ပြည်သူတွေထက် ဘာတွေ ပိုပေးရမယ်၊ ဘာအခွင့်အရေးတွေ ရရမယ်လို့များ ပါနေလို့လဲ… အမှန်တကယ် တပ်မတော်နဲ့ ပြည်သူကို ခွဲနေတာက အန်တီစုကိုယ်တိုင်ပါ.. လွှတ်တော်ထဲမှာ တပ်မတော်သားတွေနဲ့ ပြည်သူတွေ တန်းတူညီတူ ထိုင်နေတာကို မထိုင်ရဘူးအော်နေတာ အန်တီစုပဲမဟုတ်ပါလား… သေချာလည် စဉ်းစားစေချင်ပါတယ်…

“ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်တာဟာ ပြည်သူက တပ်မတော်မယုံဘူး၊ တပ်မတော်ကလည်း ပြည်သူကို မယုံဘူး”

လို့ အန်တီစုကပြောခဲ့တယ်။ ကျွန်မတို့ တပ်မတော်သား အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်အားလုံးဟာ ပြည်သူကို ယုံကြည်ပြီးသားဖြစ်ပါတယ်… ကြိုက်တဲ့ တပ်မတော်သားကို မေးကြည့်လို့ရပါတယ်… အန်တီစုကို ဘယ်တပ်မတော်သား တစ်ဦးဦးကများ ပြည်သူကို မယုံဘူးလို့ ပြောခဲ့ဖူးတာရှိပါသလဲ…. မရှိပဲနဲ့ စွပ်စွဲပြောဆိုတာဆိုရင်တော့ အန်တီစုဖက်က သိက္ခာရှိရှိ ပြန်တောင်းပန်သင့်ပါတယ်…. ကျွန်မတို့ကိုယ်တိုင်ကလည် ပြည်သူထဲက ပေါက်ဖွာလာတဲ့ လူသားတွေဖြစ်ပါတယ်.. မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး… ကျွန်မတို့ နယ်လှည့်ဆေးကုချိန်မှာ ပြည်သူတွေက ကျွန်မတို့ကို ယုံကြည်မှုရှိရုံတင်မကပါဘူး.. ယုံလည်ယုံကြည်ပါတယ်.. အားလည်းအာကိုးပါတယ်… အမှန်ကတော့ ပြည်သူနဲ့ တပ်မတော်ကို မယုံတာက အန်တီစု ကိုယ်တိုင်ပါ…. အန်တီစုကလည်း ပြည်သူနဲ့ တပ်မတော်ကို ယုံတယ်ဆိုရင်.. အန်တီစုကိုလည်း ပြည်သူနဲ့ တပ်မတော်က ယုံတယ်ဆိုရင် အန်တီစု အခုလို အာပေါက်အောင်နယ်တကာလှည့် လိုက်ပြောနေစရာမလိုပါဘူး… အိမ်မှာ ပြန်ထိုင်နေလိုက်ပါ… ၂၀၁၅ မှာ အန်တီစု သမ္မတဖြစ်ပါလိမ့်မယ်… အန်တီစုကိုယ်တိုင်က ပြည်သူနဲ့ တပ်မတော်တင် မကပဲ ကိုယ့်ကိုယ်ကိုတောင် မယုံလို့သာ အခုလို လိုက်အော်နေရတာပါ…

“ကျွန်မတို့နိုင်ငံမှာ အစိုးရနဲ့ အာဏာရှိသူများကို မဝေဖန်ရဲကြဘူး…”
တဲ့..

အန်တီ့ စကားက ရီစရာ အရမ်းကောင်းပါတယ်… အန်တီ ဂျာနယ်မဖတ်လို့လား… Facebook မသုံလို့လား… ဒါမှမဟုတ် မြင်ချင်တာပဲ မြင်ပြီ မမြင်ချင်တာကို ကျော်သွားလို့လား… တစ်ခုခုပါပဲ… အဆင့်တန်းရှိရှိ ဝေဖန်တတ်ဖို့ကတော့ အန်တီနဲ့ နီးစပ်သူတွေနဲ့ အန်တီတို့ ပါတီဝင်တွေကို အရင်သင်ကြားပေးစေချင်ပါတယ်….

“၄၃၆ ဟာ တပ်မတော်သားတွေကို အထူးအခွင့်အရေးပေးထာတဲ့ ဥပဒေဖြစ်တယ်… တပ်မတော်သားတွေကို မေတ္တာရပ်ခံချင်ပါတယ်။ အခြားပြည်သူများထက် ပိုပြီးတော့ အခွင့်အရေး ရနေတာဟာ တကယ်ပဲ ဝမ်းသာစရာဟုတ်ရဲ့လား.. ကိုယ့်ဘေးလူတွေထက် ကိုယ်က လက်နက်အာဏာကြောင့် အထူအခွင့်အရေးရနေတာဟာ သိက္ခာရှိရဲ့လား.. ကိုယ့်အတွက်ကောင်းရဲ့လား”

လို့ အန်တီက ပြောပါတယ်။ ကျွန်မတို့ ဘာတွေများ အထူးအခွင့်အရေးရနေတာရှိလို့လဲ… ကျွန်မတို့ စားနေတဲ့ အစားအသောက် တွေကို အန်တီစားနိုင်ပါ့မလား… အန်တီအခု ရန်ကုန်ကနေ မန္တလေးကို လေယာဉ်နဲ့ သွားနေချိန်မှာ ကျွန်မတို့ တပ်မတော်သာတွေ ရထားတောင် အနိုင်နိုင်ပါ… နေရတဲ့ အိမ်တွေ၊ လိုင်းခန်းတွေလည် လာကြည့်ပါအုံး.. အခု အန်တီစီးနေတဲ့ ကားမျိုး မစီးရရင်နေပါစေ.. တွန်းပြီး စက်မနှိုးရတဲ့ FAW ကားလောက် ဆိုရင်ကျွန်မတို့ ဝမ်းသာလှပါပြီ… အဲဒါ အထူးအခွင့်အရေတဲ့လား… ကိုယ့်ဘေးက လူတွေထက် ကိုယ်က အထူအခွင့်အရေး ရသတဲ့လား… ကျွန်မ သူငယ်ချင် ၉၀% က ကျွန်မထက် ချမ်းသာနေကြပါတယ်… ၅၀% က နိုင်ငံခြားမှာပါ.. တစ်ခါတစ်ရံ ကျွန်မတို့ သူငယ်ချင်းတွေ ဆုံလို့ရှိရင် ကျွန်မမှ အဝတ်အစားကောင်းကောင်း မဝတ်နိုင်လို့ သူငယ်ချင်တွေက သနားပြီး အလုပ်ထွက်လာဖို့နဲ့ သူတို့ဆီလာဖို့ အမြဲအခေါ်ခံရပါတယ်… အဲဒါ အန်တီပြောတဲ့ ကိုယ့်ဘေးကလူထက် ပိုပြီးရနေတဲ့ အခွင့်အရေးတဲ့လား….

အန်တီကပြောတယ်

“ဖေဖေက တပ်မတော်ထဲမှာနေရတာ ပိုမြတ်နိုးတယ်… သူ့သဘာဝနဲ့ ကိုက်တယ်… စည်းကမ်းရှိတယ်..၊ ပင်ပင်ပန်းပန်းနေရတယ်..၊ ဆင်းဆင်းရဲရဲနေတတ်တယ်…၊ စွန့်လွတ်ချင်တယ်….”

တဲ့.. တပ်မတော်သားတွေက ပင်ပင်ပန်းပန် ဆင်းဆင်းရဲရဲနေရတာ.. စည်းကမ်းနဲ့နေရတာ… မိသားစုတွေ.. သံယောဇင်တွေ.. စွန့်လွှတ်ရတာ အန်တီ သိသားနဲ့ ဘာကြောင့် အန်တီ့စကားတွေ က ရှေ့နောက် မညီဖြစ်နေရတာလဲ….

“ကျွန်မ တစိုက်မက်မက်ပြောခဲ့တယ် တပ်မတော်အပေါ် မေတ္တာထားတယ်”
“ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်မို့…”

တဲ့…. ဘယ်လိုမေတ္တာတွေများထားတာလဲ… အန်တီစုရဲ့ ဖခင်က ဗိုလ်ချုပ်အောင်ဆန်းပါ… တပ်မတော်ရဲ့ ဖခင်ကလည်း ဗိုလ်ချုပ်အောင်ဆန်းပါ… အန်တီစုနဲ့ တပ်မတော်က မောင်နှမတွေပါ.. ဒါပေမယ့် အန်တီစုက မောင်နှမလိုလည်း သဘောမထားတာ တစ်ခါမှမတွေ့ခဲ့ဖူးဘူး… တစ်ခုတော့ ရှိတာပေါ့ မောင်နှမ အရင်း ဦအောင်ဆန်းဦး နဲ့တောင် ရန်သူလိုသဘောထားနေတာဆိုတော့ တပ်မတော်ကိုလည် ရန်သူလို သဘောထာတာလည်း မဆန်ပါဘူး….

“သိက္ခာရှိစေချင်တယ်၊ ပြည်သူတွေချစ်တဲ့ တပ်မတော်ဖြစ်စေချင်တယ်..”
“အဆင့်တန်းရှိတဲ့ နိုင်ငံဖြစ်စေချင်တယ်..”

တဲ့…. နိုင်ငံကလည်း အဆင့်အတန်းရှိပြီးသားပါ… တပ်မတော်သားတွေနဲ့ ပြည်သူတွေကလည်း ချစ်ပြီးသားပါ… ကျွန်မတို့ နယ်လှည့်ဆေးကုချိန်တိုင်းမှာ ပြည်သူတွေက ကျွန်မတို့ ပြန်တိုင်း တားကြပါတယ်… မျက်ရည်ကျကြပါတယ်… နောက်နှစ်တွေ ထပ်လာဖို့ပြောကြပါတယ်.. ရှိစုမဲ့စုလေးတွေနဲ့ ကန်တော့ကြပါတယ်… အဲဒီမြင်ကွင်းမျိုးတွေကို အန်တီစုမြင်စေချင်တယ်.. ဒါပေမယ့် အန်တီစု လိုက်ကြည့်နိုင်မယ် မထင်ပါဘူး… ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ သွားနေတဲ့ ရွာတွေက အန်တီစုရဲ့ ကားအကောင်စားကြီးတွေ မောင်းလို့ရမှာမဟုတ်ဘူးလေ…..

နောက်ဆုံး အန်တီစု ပြောခဲ့တယ်…

“ဖေဖေကပြောတယ် သူများနိုင်ငံ လမ်းလျှောက်ချိန်မှ ကိုယ်တွေက ပြေးမှ တော်ကာကျမယ်”

တဲ့… အဲဒီစကာကို သမ္မတကြီး ဦသိန်းစိန်လည် ပြောတာကြားဖူပါတယ်.. ဟုတ်ပါပြီ.. ကျွန်မတို့နိုင်ငံဟာ သူများနိုင်ငံတွေထက် စီးပွားရေး၊ ဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး စတာတွေအာလုံး နောက်ကျနေပါတယ်… အဲဒါတွေ တိုးတက်အောင် မပြေးပဲ အန်တီစု ဘာကြောင့် ဘေးထိုင်ဘုပြော လုပ်နေရတာလဲ… စီပွားရေးဖွင့်ဖို့ ဘာကြောင့်မပြောရတာလဲ… အခု အန်တီစု လွတ်လပ်စွာ လှုပ်ရှားနေတာ ၂ နှစ်ရှိပါပြီ… ဗိုလ်ချုပ်အောင်ဆန်းပြောတာယုံပြီး ကျွန်မတို့ ဘယ်လောက်ပြေးပြေး အန်တီစု အဲလိုလုပ်နေလို့ကတော့ ဘာမှထူးခြားမှာမဟုတ်ပါဘူး… ဒါကြောင့် အန်တီစုအနေနဲ့ အပြောလေတွေလျှော့ပြီး အလုပ်လေးတွေနဲ့ သက်သေပြဖို့ တိုက်တွန်းလိုက်ရပါတယ်…

စစ်သမီးတစ်ဦး
https://www.facebook.com/femalesoldiers
အန်တီစုရဲ့ မိန့်ခွန်းတိုင်းလိုလိုကို လေးလေးစာစားနဲ့ စိတ်ဝင်တစာနာထောင်လေ့ရှိပါတယ်။

စနိုးဒန်းကို ဂျွန်ကယ်ရီ ဝေဖန်

Photo: စနိုးဒန်းကို ဂျွန်ကယ်ရီ ဝေဖန်
Thursday, May 29, 2014

အမေရိကန် ထောက်လှမ်းရေး ဝရမ်းပြေး အက်ဒွပ် စနိုးဒန်း ဟာ သစ္စာဖောက် သူရဲဘောကြောင်သူ ဖြစ်ပြီး အမေရိကန် တရားစီရင်ရေး ကို မရင်ဆိုင် ရဲတဲ့သူ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောကြား လိုက်ပါတယ်။

ကိုယ့်နိုင်ငံကို သစ္စာဖောက်ပြီး ရုရှလို အာဏာရှင် နိုင်ငံမှာ ခိုလှုံ နေတဲ့ စနိုးဒန်း အနေနဲ့ ယောကျာ်း ပီပီ နဲ့ အမေရိက ပြန်လာသင့်တယ် လို့လဲ မစ္စတာ ကယ်ရီ က ဆိုပါတယ်။

မစ္စတာ စနိုးဒန်း က သူ့ နိုင်ငံကူး လက်မှတ်ကို ပြန်ရုပ်သိမ်း ခဲ့တဲ့ အမေရိကန် အစိုးရကြောင့် ရုရှမှာ ခိုလှုံခွင့် ယူခဲ့ရတာကို ပြစ်တင် ပြောကြား ခဲ့ပြီးနောက် ဂျွန်ကယ်ရီ က ဒီလို တုံ့ပြန် ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

သူ့မူလ ရည်ရွယ်ချက်က တောင်အမေရိက ကို သွားဖို့ ဖြစ်တယ်လို့ အမေရိကန် ရုပ်သံ တခုနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံ မေးမြန်းခန်းမှာ မစ္စတာ စနိုးဒန်း က ပြောဆို ခဲ့ပါတယ်။

အမေရိကန် အမျိုးသား ထောက်လှမ်းရေး ရဲ့ လျှို့ဝှက် ထောက်လှမ်းရေး မှတ်တမ်း တွေကို မစ္စတာ စနိုးဒန်း က သတင်းစာတွေမှာ မနှစ်က ဖွင့်ချ ခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အမေရိကန် ထောက်လှမ်းရေး ဝရမ်းပြေး အက်ဒွပ် စနိုးဒန်း ဟာ သစ္စာဖောက် သူရဲဘောကြောင်သူ ဖြစ်ပြီး အမေရိကန် တရားစီရင်ရေး ကို မရင်ဆိုင် ရဲတဲ့သူ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောကြား လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးပေါ်လစီ အိုဘားမား ကာကွယ်ပြောဆို

Photo: အမေရိကန် နိုင်ငံခြားရေးပေါ်လစီ အိုဘားမား ကာကွယ်ပြောဆို
Thursday, May 29, 2014

အမေရိကန်တွေအနေနဲ့ မိမိဖာသာ ထီးထီးကြီး ရပ်တည်တာမျိုးဟာ နည်းလမ်းမဟုတ်သလိုဘဲ၊ ပြဿနာတိုင်းကိုလည်း စစ်ရေးနည်းနဲ့ အဖြေရှာဖို့ မလိုဘူးလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ပြောလိုက်ပါတယ်။
 
အမေရိကန် West Point စစ်တက္ကသိုလ်မှာ သမ္မတအိုဘားမားဟာ သူ့ရဲ့သမ္မတတာဝန်ယူမှု နောက်ဆုံးနှစ်ဆိုင်ရာ နိုင်ငံခြားရေးမူဝါဒတွေနဲ့ ပတ်သက်လို့ မနေ့တုန်းက မိန့်ခွန်းပြောဆိုခဲ့တာပါ။ အကြမ်းဖက်မှုဟာ အမေရိကန်တွေရဲ့ လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်နေဆဲရှိပြီး၊ အကြမ်းဖက်ကွန်ယက်တွေ ခြေချဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ လိုတယ်လို့ ပြောပါတယ်။
 
အမေရိကန်ပြည်သူတွေနဲ့ အမေရိကန်နိုင်ငံကို ကာကွယ်ဖို့ရာဆိုရင် ဘယ်သူ့ဆီကမှ ခွင့်ပြုချက် တောင်းစရာမလိုဘူးလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။ ဒါပေမဲ့ တကမ္ဘာလုံးက စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်၊ အမေရိကန် ပြည်ထောင်စုကိုတော့ တိုက်ရိုက် ခြိမ်းခြောက်တာမျိုး မရှိဘူးဆိုရင် စစ်ရေးအရ ဆောင်ရွက်ရမယ့်အဆင့်ကို ပိုပြီး စဉ်းစားချင့်ချိန်ရပါမယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။
 
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ကတော့ မြန်မာနိုင်ငံ လက်ရှိ အပြောင်းအလဲဟာ အမေရိကန် သံတမန်ရေး ကြိုးပမ်းမှုရဲ့ ရလဒ် အောင်မြင်မှုဖြစ်တယ်လို့ သမ္မတ အိုဘားမားက ဥပမာပေး ပြောခဲ့ပါတယ်။ တကယ်လို့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး အောင်မြင်မှုရမယ်ဆိုရင် အမေရိကန် ခေါင်းဆောင်မှုအနေနဲ့ သေနတ်မဖောက်ရဘဲ မဟာမိတ်နိုင်ငံသစ် ရလိုက်တာဖြစ်လိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။
 
မြန်မာနိုင်ငံက အပြောင်းအလဲအတွက် ဖြောင့်ဖျပြောဆိုတာရော လူသိရှင်ကြား ဝေဖန်တာရောသုံးပြီး အရင်းအနှီးတွေ အထောက်အပံ့တွေနဲ့ အကူအညီ ပေးသွားမယ်လို့လည်း သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
အမေရိကန်တွေအနေနဲ့ မိမိဖာသာ ထီးထီးကြီး ရပ်တည်တာမျိုးဟာ နည်းလမ်းမဟုတ်သလိုဘဲ၊ ပြဿနာ တိုင်းကိုလည်း စစ်ရေးနည်းနဲ့ အဖြေရှာဖို့ မလိုဘူးလို့ အမေရိကန် သမ္မတဘရက်ခ်အိုဘားမားက ပြောလိုက် ပါ တယ်။

အာဏာသိမ်းထိုင်းစစ်ခေါင်းဆောင်အား နိုင်ငံတော်သူရဲကောင်းအဖြစ် အဆိုတော်အက်ခရားပေါင်း သီချင်းသီဆိုဂုဏ်ပြု

Photo: အာဏာသိမ်းထိုင်းစစ်ခေါင်းဆောင်အား နိုင်ငံတော်သူရဲကောင်းအဖြစ် အဆိုတော် အက်ခရားပေါင်း သီချင်းသီဆိုဂုဏ်ပြု
Wednesday, May 28, 2014

ထိုင်းနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းပြီး ၅ ရက်အကြာ အာဏာသိမ်း စစ်ခေါင်းဆောင်ကြီးအား နိုင်ငံ တော်သူရဲကောင်းအဖြစ်ဂုဏ်ပြုသည့် တေးသီချင်းတပုဒ်ကို ထိုင်းနာမည်ကြီးအဆိုတော် အက်ခရား ပေါင်းက ဂုဏ်ပြုရေးသားသီဆိုခဲ့ပါသည်။ 

တေးသီချင်းနာမည်အား အရည်အချင်း အမြော်အမြင် ဖြင့် ပြည့်စုံသော နိုင်ငံတော်သူရဲကောင်း ဟုအဓိပ္ပါယ်ရသည့် နားဝါးရတ်ထာ့ပုရုဒ် ဟု မှည့်ထားပါသည်။ 

ထိုင်းနိုင်ငံအား နိုင်ငံရေးအရှုပ်အထွေးကြားမှ ဆွဲထုတ်ပေးသူ ထိုင်း ဘုရင့်ကြည်းတပ်မတော်မှ စစ်ဦးစီး ချုပ်၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး ပရယုဒ် ဂျန်အိုးချားအတွက်ရည် ရွယ်၍ အဆိုပါသီချင်းအားဂုဏ်ပြု ရေးသားသီဆို ခဲ့ပြီး ဗိုလ်ချုပ်ကြီးအား လက်ဆောင်အဖြစ်ပေးအပ် ကြောင်း အဆိုတော် အက်ခရားပေါင်းက မေလ ၂၆ ရက်က ပြောဆိုပြီး ၎င်း၏သီချင်းကို ယူကျု ပေါ် တင် ဖြန့်ဝေခဲ့သည်။ 

သီချင်းစာသားတွင် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတော် အကြီးအကဲ (ဗိုလ်ချုပ်ကြီး ပရယုဒ်ဂျန်အိုးချား ) အပေါ်သာတည်မှီကြောင်း၊ ထိုင်းလူမျိုးများအား စစ်မှန်သောဒီမိုကရေစီ အကြောင်း သိရှိအောင်၊ ယခုကဲ့ နိုင်ငံရေးသမားများ၏ အသုံးပြုခံ ကျေးကျွန်အဖြစ် မကျရောက်အောင် ဒီမိုကရေစီစိတ်ဓါတ်ကို အမျိုးဘာသာယဉ်ကျေးမှုနှင့်တွဲဖက်ကာ သင်ကြားပေးသင့်ကြောင်းနှင့် ဒီမိုကရေစီပိုင်းဆိုင်ရာ ဝန်ကြီးဌာနလည်း ထပ်မံထားရှိသင့်ကြောင်း တိုက်တွန်းထားသည့် အဓိပ္ပါယ်များလည်းပါရှိပါသည်။

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ထောက်ခံသော ရှပ်နီအုပ်စုနှင့် ၎င်းအားဆန့် ကျင်သော အုပ်စုတို့ ပြိုင်ဆိုင်အာဏာလုမှုကြောင့် ပုံမှန်သွားလာလုပ်ကိုင်သည့် ထိုင်းလူထုအကြား အနှောင့်အယှက်ဖြစ်ခြင်း၊ နှစ်ဖွဲ့ကြား ယှဉ်ပြိုင်ဆန္ဒပြ မှုကြောင့် ထိုင်းလူထု သေကြေဆုံးရှုံးမှုရှိခြင်း၊ စေ့စပ်ညှိနှိုင်းပေးမှုအပေါ် ပြေလည်မှုမရှိခြင်းတို့ကြောင့် မေလ ၂၂ ရက်က ဗိုလ်ချုပ်ကြီး ပရယုဒ် ဂျန်အိုးချား ဦးဆောင်သည့် ထိုင်းတပ်မတော်က အာဏာသိမ်းလိုက်ခြင်းဖြစ်ပါသည်။ 

သျှမ်းသံတော်ဆင့်

ဗိုလ်ချုပ်ကြီး ပရယုဒ် ဂျန်အိုးချားနှင့် ထိုင်းနာမည်ကြီးအဆိုတော် အက်ခရားပေါင်း (ဓါတ်ပုံ- www.manager.co.th)
ဗိုလ်ချုပ်ကြီး ပရယုဒ် ဂျန်အိုးချားနှင့် ထိုင်းနာမည်ကြီးအဆိုတော် အက်ခရားပေါင်း (ဓါတ်ပုံ- www.manager.co.th)
ထိုင်းနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းပြီး ၅ ရက်အကြာ အာဏာသိမ်း စစ်ခေါင်းဆောင်ကြီးအား နိုင်ငံတာ် သူရဲကောင်းအဖြစ်ဂုဏ်ပြုသည့် တေးသီချင်းတပုဒ်ကို ထိုင်းနာမည်ကြီးအဆိုတော် အက်ခရား ပေါင်းက ဂုဏ်ပြုရေးသားသီဆိုခဲ့ပါသည်။ 

Wednesday 28 May 2014

အမေရိကန်သံတမန်ရေး အောင်မြင်မှုအဖြစ် မြန်မာကို သမ္မတအိုဘားမား နမူနာပြ


အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဆက်ဆံရေးမူဝါဒတွေဟာ မှန်ကန်တဲ့ လမ်းကြောင်းမှာ ရှိနေတာကို မြန်မာနိုင်ငံကို နမူနာအဖြစ်နဲ့ ကြည့်နိုင်တဲ့အကြောင်း သမ္မတ ဘရက်ခ် အိုဘားမား က ပြောလိုက်ပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက စစ်အာဏာရှင် စနစ်အောက်မှာ ရှိနေခဲ့ပြီး အမေရိကန်ကိုလည်း ရန်လိုတဲ့ သဘောထားရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ လူထုရဲ့ သတ္တိရှိရှိ ပြုပြင်ပြောင်းလဲလိုစိတ်တွေနဲ့ အမေရိကန်ရဲ့ သံတမန်ရေးရာ ချဉ်းကပ်မှုတွေကြောင့် သေနတ်တချက် မဖောက်ရဘဲ ပြောင်းလဲလာခဲ့တဲ့ အကြောင်း အမေရိကန်ရဲ့ နိုင်ငံခြားရေးရာ မူဝါဒနဲ့ ပတ်သက်လို့ အမေရိကန် စစ်တက္ကသိုလ် West Point မှာ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုသွားတာပါ။

လွှတ်တော်ထဲမှ တပ်မတော်သား ၂၅ ရာခိုင်နှုန်းနှင့် အာဏာသိမ်းမည့်အရေး

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေတွေ၊ ဒေါ်စုရဲ့ “ နိုင်ငံရေးလုပ်ချင်ရင် တပ်ထဲကထွက် ၊ အခွင့်ထူးခံတွေ၊ လက်နက်အာဏာကြောင့် အထူးအခွင့်အရေး ရနေတာဟာ ဝမ်းသာစရာလား… သိက္ခာရှိရဲ့လား… စစ်တပ်ကို ကျမ စိန်ခေါ်ပါတယ်” ဆိုတဲ့ အောင်ပင်လယ်ကွင်းထဲမှာ ဟောပြောမှုတွေနဲ့ပတ်သတ်ပြီး ထိုင်းနိုင်ငံလို တပ်မတော်က အာဏာသိမ်း တော့မှာလားဆိုတဲ့ ဝေဖန်မှုတွေနဲ့ စိုးရိမ်မှုတွေဖြစ်ပေါ်နေပါတယ်။ တကယ်တည်းတော့ တပ်မတော်ဟာ မူလရည်ရွယ်ချက် အတိုင်း နိုင်ငံတော်ကာကွယ်ရန်၊ လေ့ကျင့်ရန်နှင့် ပြည်သူအကျိုးပြုလုပ်ငန်းလုပ်ရန်ဆိုတဲ့ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်ရင်း နိင်ငံတော်၏အချုပ်ခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့်၊ နိင်ငံတော်၏ ရေထု၊ လေထုနဲ့ မြေထုကို အသက်ပေးကာကွယ်နေကြတာပါ။ အဲ့ဒါကိုမှ စစ်တပ်ရှိနေလို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မရဖြစ်နေတယ်ဆိုတာတွေ၊ ဖွဲ့စည်းပုံပြင်မရလို့ လူထုလှုပ်ရှားမှု၊ ဆူပူမှုများ ဖြစ်လာရင်တော့ ၈၈ တုန်းကလို စစ်တပ်က အာဏာပြန်သိမ်းတော့မယ်ဆိုပြီး ပြောဆိုနေမှုတွေကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ် သွားနိုင်ပါတယ်။ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်တာပါ။ ပြင်လို့မရအောင် တားဆီးနေတာ မဟုတ်ပါဘူး။
Photo: လွှတ်တော်ထဲမှ တပ်မတော်သား ၂၅ ရာခိုင်နှုန်းနှင့် အာဏာသိမ်းမည့်အရေး

မေလ ၂၈ ရက် ၂၀၁၄ ခုနှစ်

 မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေတွေ၊ ဒေါ်စုရဲ့ “ နိုင်ငံရေးလုပ်ချင်ရင် တပ်ထဲကထွက် ၊ အခွင့်ထူးခံတွေ၊ လက်နက်အာဏာကြောင့် အထူးအခွင့်အရေး ရနေတာဟာ ဝမ်းသာစရာလား… သိက္ခာရှိရဲ့လား… စစ်တပ်ကို ကျမ စိန်ခေါ်ပါတယ်” ဆိုတဲ့ အောင်ပင်လယ်ကွင်းထဲမှာ ဟောပြောမှုတွေနဲ့ပတ်သတ်ပြီး ထိုင်းနိုင်ငံလို တပ်မတော်က အာဏာသိမ်း တော့မှာလားဆိုတဲ့  ဝေဖန်မှုတွေနဲ့ စိုးရိမ်မှုတွေဖြစ်ပေါ်နေပါတယ်။ တကယ်တည်းတော့ တပ်မတော်ဟာ မူလရည်ရွယ်ချက် အတိုင်း နိုင်ငံတော်ကာကွယ်ရန်၊ လေ့ကျင့်ရန်နှင့် ပြည်သူအကျိုးပြုလုပ်ငန်းလုပ်ရန်ဆိုတဲ့ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်ရင်း နိင်ငံတော်၏အချုပ်ခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့်၊ နိင်ငံတော်၏ ရေထု၊ လေထုနဲ့ မြေထုကို အသက်ပေးကာကွယ်နေကြတာပါ။ အဲ့ဒါကိုမှ စစ်တပ်ရှိနေလို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မရဖြစ်နေတယ်ဆိုတာတွေ၊  ဖွဲ့စည်းပုံပြင်မရလို့ လူထုလှုပ်ရှားမှု၊ ဆူပူမှုများ ဖြစ်လာရင်တော့ ၈၈ တုန်းကလို စစ်တပ်က အာဏာပြန်သိမ်းတော့မယ်ဆိုပြီး ပြောဆိုနေမှုတွေကြောင့် တိုင်းပြည်မငြိမ်မသက်ဖြစ် သွားနိုင်ပါတယ်။ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်တာပါ။ ပြင်လို့မရအောင် တားဆီးနေတာ မဟုတ်ပါဘူး။
  တပ်မတော်ဟာ နိုင်ငံ့အာဏာရလို့  အကျိုးခံစားခွင့်တွေ ပိုမလာပါဘူး။ တပ်တော်သားတွေ ပိုပင်ပန်းမယ်၊ အလုပ်များမယ်၊ ဒီထက်ဆိုးရင် ပြည်သူတွေရဲ့ အထင်အမြင်လွဲမှုတွေ ခံရနိုင်ပါတယ်။ ဒါအပြင့် အနာဂတ် မြန်မာနိုင်ငံတော်ကို စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်နဲ့ နိုင်ငံဖြစ်အောင် ထူထောင်ရာမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကိုလည်း (၂၀၀၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၇) မှာအခုလို ပြဌာန်းထားခဲ့ပါတယ်။ “တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာလျင် တပ်မတော်က ကူညီဆောင်ရွက်မည် လို့ပါရှိပါတယ်။ ပြောရမယ်ဆိုရင် အနာဂတ်မှာ တပ်မတော်ရဲ့ အဓိကအကျဆုံးတာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေးတာဝန်” ဖြစ်ပါတယ်။ တပ်မတော်ရဲ့ အဓိကတာဝန်ဟာ ကာကွယ်ရေးတာဝန် ဖြစ်ပေမယ့် နိုင်ငံတော်နဲ့နိုင်ငံသား ပြည်သူတွေရဲ့ ဘေးအန္တရာယ်မှန်သမျှကိုလည်း အကာအကွယ်ပေးရမယ်၊ အကူအညီပေးရမယ် ဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်ဟာ ပြည်သူနဲ့လဲ မကင်းကွာဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တပ်မတော်သားဆိုတာကလည်း ပြည်သူထဲက မွေးဖွားလာပြီး အငြိမ်းစားယူတဲ့အခါကျတော့လည်း ပြည်သူတစ်ယောက် ပြန်ဖြစ်သွားပြန်တာပဲ။ ဒီတော့ ပြည်သူနဲ့တပ်မတော်၊ တပ်မတော်နဲ့ ပြည်သူဆိုတာ တစ်သွေးတည်းတစ်သားတည်းပါပဲ။ ပြီးတော့ တပ်မတော်သား တစ်ယောက်တိုင်း၊ တစ်ယောက်တိုင်းမှာ မိဘဆိုတဲ့ ပြည်သူရှိပါတယ်။ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းဆိုတဲ့ ပြည်သူတွေလဲရှိကြပါတယ်။ 
 နောက်ပြီး လွှတ်တော်မှာလဲ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းကိုလဲ မရှိသင့်ဘူး၊ ဖြုတ်ပစ်ရမယ်စသည်ဖြင့် အမျိုးမျိုးဝေဖန်ပုတ်ခတ် ပြောဆိုမှုများလဲရှိနေပါသည်။ ကျွန်တော် ပြောချင်တာက လွှတ်တော်မှာရှိတဲ့ တပ်မတော်သားတွေဆိုတာ တပ်မတော်က ပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်နေတာပါ။ တပ်မတော်က ပေးအပ်တဲ့တာဝန်ကလဲ နိုင်ငံတာဝန်ဖြစ်ပါတယ်။ တပ်မတော်ဟာ နိုင်ငံအတွက်ဖွဲ့စည်းထားတာပါ၊ ဘယ်လူမျိုး၊ ဘယ်တိုင်းရင်းသား၊ ဘယ်ပုဂ္ဂိုလ်ဆိုသူအတွက်ဆိုပြီး ဖွဲ့စည်းထား မဟုတ်ပါဘူး။ အဲ့တော့ လွှတ်တော်မှာရှိတဲ့ တပ်မတော်သားတွေဟာ နိုင်ငံရေးလုပ်နေတာထက် နိုင်ငံအတွက်လုပ်နေတာဆိုရင် ပိုမှန်ပါလိမ့်မယ်။ ပြီးတော့ လက်ရှိသွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းမှာ ထိန်းသိမ်းပေးဖို့ပဲ လုပ်ဆောင်နေကြတာပါ။ လွှတ်တော်မှာ လည်း နိုင်ငံရေးအရ စွက်ဖက်တာမျိုးမရှိသလို နိုင်ငံရေးပါတီအချင်းချင်း၊ အဖွဲ့အစည်း အချင်းအချင်းကို သွေးခွဲနေခြင်းလဲ မရှိပါဘူး။ ထို့အပြင် လွှတ်တော်တွင်းမှာ တပ်မတော်သားများရှိနေတဲ့အတွက် ပြည်သူများရဲ့ဘဝ၊ တိုင်းပြည်အခြေအနေ၊ နိုင်ငံရေး အခြေအနေများကို တပ်မတော် အကြီးအကဲများနှင့် တပ်မတော်သားများ အသေးစိတ် ပြန်လည်သိရှိနိုင်ပါတယ်။ ဒါ့ပြင် လွှတ်တော် ထဲဆွေးနွေးတာ၊ သဘောထားပေးဖို့ ဆုံးဖြတ်ချက်ချရာမှာ မည်သို့ လိုက်နာဆောင်ရွက်ရမဲ့ဆိုတဲ့ တင်းတင်းကျပ်ကျပ် ညွှန်ကြား ထားချက်မျိုး မရှိပါဘူး။ အဲ့ဒါကိုလဲ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေအပါအ၀င် အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် အဆိုကို ထောက်ခံဆွေးနွေးတဲ့အခါမှာ စောင့်ကြည့်လေ့လာသူတွေ ပိုမိုသိသာထင်ရှားစွာ မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုမျိုး အခြေ အနေတွေကို ကြည့်ချင်းအားဖြင့် လွှတ်တော်ထဲမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ရှိနေသည့်အတွက် တိုင်းပြည် ဟာဆူပူအုံကြွ အကြမ်းဖက်မှုတွေရှိနေရင်တောင်မှ အာဏာသိမ်းမည့်အရေးမှာ မည်သို့မှ ဖြစ်နိုင်ခြေမရှိနိုင်ဘူးလို့ ပြောချင်ပါတယ်။ 

ဝင်းကိုလှိုင်

၂ဝ၁၅နှင့်လူငယ်များ စည်းရုံးချီတက်ရေး

ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လူငယ် စည်းရုံးရေးလုပ်ငန်းနှင့် ၂ဝ၁၅ ရွေး ကောက်ပွဲ အနိုင်ရရှိရေးလုပ်ငန်းများ ကို အစီအစဉ်ချမှတ်၍ ဆောင်ရွက် လျက်ရှိနေပါသည်။
နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော် ခန့်ရှိသော လူငယ်လူရွယ်များသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် ကြီးမားသောစွမ်းအားတစ်ရပ်ဖြစ်သည့် အပြင် ယနေ့လူငယ်များသည် အနာဂတ် ကာလအတွက် နိုင်ငံတော်၏အရေး အရာ တာဝန်အဖြာဖြာကို ဆက်ခံထမ်း ရွက်ကြမည့်သူများဖြစ်ကြပေရာ ပါတီ သည် လူငယ်များအပေါ် မျှော်လင့်အား ထားလျက်ရှိပေသည်။ ပါတီသည် လူငယ်များ၏ တက်ကြွထက်မြက်၍ တီထွင်ဖန်တီးလိုသော စိတ်ဓာတ်၊နုပျို သစ်လွင်၍ ခွန်အားစိုက်ထုတ်နိုင်သော စွမ်းအားများဖြင့် နိုင်ငံတော်တည်ဆောက် ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် လူငယ်များပါဝင် တာဝန်ယူလာကြစေရန် စည်းရုံးဦးဆောင် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံ၏ သမိုင်းဖြစ်စဉ် တစ်လျှောက်တွင် လူငယ်များသည် တစ်နိုင်ငံ၊ တစ်မျိုးသားလုံး နှင့်စပ်ဆိုင် သည့် အရေးကိစ္စဟူသမျှတွင် တက်ြ<ွက ထက်မြက်စွာ ပါဝင်လှုပ်ရှားခဲ့ကြသည့် အစဉ်အလာကောင်းရှိပါသည်။
နယ်ချဲ့လက်အောက်တွင် ရှိစဉ်က လူငယ်များသည် မိမိတို့နိုင်ငံကို ချစ်မြတ် နိုးခြင်းနှင့်အတူ သူတစ်ပါး၏ မတရား ကျွန်ပြုဖိနှိပ်မှုကို စက်ဆုပ်ရွံရှာခဲ့ကြ သည်။ နိုင်ငံတော်၏ လွတ်လပ်ရေးကို လိုလားတောင့်တသည့် ဆန္ဒပြင်းထန်ခဲ့ သည်။ ထို့ကြောင့်ပင် ကိုလိုနီဆန့်ကျင် ရေးနှင့် အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများတွင် လူငယ်များသည် မိဘ ပြည်သူများနှင့်အတူ ရှေ့တန်းမှပါဝင် တိုက်ပွဲဝင်ခဲ့ကြပေသည်။

မန္တလေးခရိုင်အတွင်း အမည်စာရင်း မပေါက်သည့် ကျူးကျော် ဘုန်းကြီးကျောင်းပေါင်း ၂၀၀ ကျော်ရှိဟုဆို

Photo: မန္တလေးခရိုင်အတွင်း အမည်စာရင်း မပေါက်သည့် ကျူးကျော် ဘုန်းကြီးကျောင်းပေါင်း ၂၀၀ ကျော်ရှိဟုဆို
Wednesday, May 28, 2014

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း သာသနာရေး ဝန်ကြီးဌာနတွင် အမည်စာရင်း မပေါက်သည့် ကျူးကျော် ဘုန်းတော်ကြီးကျောင်းပေါင်း ၂၀၀ ကျော်ခန့် တွေ့ရှိရကြောင်း ပုသိမ်ကြီးမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးဇဋိလက The Voice သို့ မိန့်ကြားသည်။

ပုသိမ်ကြီးမြို့နယ် နှမ်းကြဲ ကျေးရွာအုပ်စု၊ ရေထွက် ကျေးရွာအုပ်စု၊ ရှင်တော် ကုန်းကျေးရွာအုပ်စု၊ ရေကြည် ကျေးရွာအုပ်စု လေးခုသည် မန္တလေးမြို့ နှင့် အလှမ်းဝေးသော ရန်ကင်းတောင် အနီးတွင် တည်ရှိပြီး တောင်တန်းများ ရှိသဖြင့် အသက်ကြီးမှ ရဟန်းပြုလာကြသော အချို့သော ရဟန်းတော်များသည် ဖြစ်သလို တဲများထိုး၍ သာသနာ့ အလံထောင်ကာ ကျောင်းများ တည်ဆောက်ကြကာ သာသနာရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက် မရရှိဘဲ နေထိုင်သီတင်းသုံးကြခြင်း ဖြစ်ကြောင်း ဆရာတော် ဦးဇဋိလက ထပ်မံမိန့်ဆိုသည်။

အဆိုပါ ကျူးကျော် ဘုန်းကြီးကျောင်းများတွင် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာမည် ဆိုပါက အပြီးအပိုင် ဖျက်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆရာတော်က ထပ်လောင်း မိန့်ကြားသည်။

“၂၀၀၆ ခုနှစ်တုန်းကလည်း သောက်စား မူးယစ်နေပြီး အချင်းချင်း ခုတ်ကြထစ်ကြလို့ ကျူးကျော် ဘုန်းကြီးကျောင်း ၂၉ ကျောင်းကို သံဃနာယက အဖွဲ့က ရှင်းလင်းခဲ့ရဖူးတယ်။ အခုလည်း ပြဿနာ ပေါ်လာရင် အဲဒီ့ကျူးကျော် ဘုန်းကြီးကျောင်းတွေကို သံဃာ့ အဖွဲ့အစည်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖယ်ရှင်းသွားမယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

သာသနာရေး ဝန်ကြီးဌာနတွင် အမည်ပေါက် မဟုတ်သော ကျူးကျော် ဘုန်းကြီးကျောင်းများကို မြို့နယ် သံဃနာယက အဖွဲ့အနေနှင့် တိုင်းဒေသကြီး သံဃနာယကအဖွဲ့သို့ တင်ပြပြီး ဖျက်သိမ်းနိုင်ကာ တရားမဝင် ဘုန်းကြီးကျောင်းများကို ဖျက်သိမ်းခွင့် အာဏာသည် မြို့နယ် သံဃနာယကအဖွဲ့၏ လုပ်ပိုင်ခွင့် ဖြစ်ပြီး သာသနာရေး ဝန်ကြီးဌာနသည် မြို့နယ် သံဃနာယကအဖွဲ့က တင်ပြလာသော ကျောင်းများကို စိစစ်၍ ကျောင်းအဖြစ် ခွင့်ပြု မပြုကို ဆုံးဖြတ်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး သာသနာရေးမှူး ဦးနိုင်အောင်မိုးက The Voice သို့ ပြောကြားသည်။

“ကျောင်းအမည်စာရင်း ဖောက်တဲ့အခါမှာ မိမိရဲ့ ပညာအရည်အချင်း၊ မိမိကို ရဟန်းပြုပေးခဲ့တဲ့ ဥပဇ္ဈာယ်ဆရာရဲ့ ထောက်ခံစာ၊ ရပ်ကွက်ကျေးရွာအုပ်စု သံဃနာယကအဖွဲ့ရဲ့ ထောက်ခံစာ စတာတွေနဲ့ တင်ပြရင် မြို့နယ်သံဃနာယက အဖွဲ့ကလည်း ကျောင်းအဖြစ် ခွင့်ပြုပါတယ်။ သာသနာရေးကလည်း အသိအမှတ် ပြုပါတယ်၊ အခုဒီမှာ ရှိနေတာတွေက မနေ့က ရဟန်းဖြစ်တယ်။ ဒီနေ့ ကျောင်းလာထောင်တယ်။ လူလိုနေ လူလိုပြော လူလို အလှူခံနေတဲ့လူတွေ ဖြစ်နေတော့ ကျောင်းအမည်ပေါက် မရတာပါ။ ကျောင်းသာ ထိုင်ချင်နေတာ။ ငါးပါးသီလတောင် မပေးတတ်ဘူး။ ဒီလိုလူတွေကို ကျောင်းထောင်ခွင့်ပေးရင် ဘယ်လိုလုပ်ပြီး အဆင်ပြေမလဲ။ ဘုန်းကြီးတောင် ကျောင်းအမည် လျှောက်ထားဆဲပါ။ ဒီလို ပုဂ္ဂိုလ်တွေကို အမြန်ရှင်းလင်းသင့်တယ်” ဟု ကျောင်းအမည် လျှောက်ထားဆဲ နှမ်းကြဲကျေးရွာအုပ်စုမှ အသောက ကျောင်းတိုက် ဆရာတော် အရှင်ဝိမလက ဆိုသည်။

ကျောင်းထိုင် ရဟန်းတို့တွင် အင်္ဂါ ၅ ပါးနှင့် ပြည့်စုံမှသာလျှင် ကျောင်းထိုင် ဆရာတော်အဖြစ် သာသနာတွင် သတ်မှတ်ကာ အနည်းဆုံး ၁၀ ဝါ ပြည့်ရမည် ဖြစ်ပြီး ဘိက္ခုဝိဘင်း ဘိက္ခုနီဝိဘင်း တည်းဟူသော ဝိနည်းကံတို့ကို နားလည်ထားရမည် ဖြစ်ပြီး ဒကာ ဒကာမတို့ကို ရုပ်၊ နာမ်ဓမ္မတို့နှင့် ဆက်စပ်သော တရားဓမ္မတို့ကို ဟောပြောပြသနိုင်မှသာ သာသနာတော် ထုံးတမ်းများအရ ကျောင်းထိုင် ဆရာတော်အဖြစ် သတ်မှတ်ကြောင်း မိမိသဘောနှင့်မိမိ ရဟန်းပြုပြီး၊ ဥပဇ္ဈာယ် ဆရာနှင့် ကင်းကွာနေထိုင်ပြီး ကျောင်းထိုင် ဆရာတော်အဖြစ် နေထိုင်နေခြင်းသည် ဝိနည်းကံများ လုပ်ထုံးလုပ်နည်းများနှင့် မညီသကဲ့သို့ သာသနာတော်၏ ထုံးထမ်းစဉ်လာ ဓမ္မတာမဟုတ်ဘဲ၊ အလဇ္ဇီ ဒုဿီလတို့၏ အပြုအမူသာ ဖြစ်ကြောင်း မန္တလေးမြို့ မြဝတီမင်းကြီး ကျောင်းတိုက်၏ ပဓာန နာယက ဆရာတော် ဦးအရိယာဝံသာ ဘဝံသ (-စ-အ ဓမ္မာစရိယ ဝဋံသကာ ) က မိန့်ဆိုသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း သာသနာရေး ဝန်ကြီးဌာနတွင် အမည်စာရင်း မပေါက်သည့် ကျူးကျော် ဘုန်းတော်ကြီးကျောင်းပေါင်း ၂၀၀ ကျော်ခန့် တွေ့ရှိရကြောင်း ပုသိမ်ကြီးမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးဇဋိလက The Voice သို့ မိန့်ကြားသည်။

“ ဒီဘဝမှာတော့ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့ ကျွန်တော်မမြင်ဘူး ” ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် မေးမြန်းခြင်း

Photo: “ ဒီဘဝမှာတော့ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့ ကျွန်တော်မမြင်ဘူး ”
ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် မေးမြန်းခြင်း
Wednesday, May 28, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုနေချိန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲများ ပြုလုပ်လာခဲ့သဖြင့် ယင်းဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေနှင့် မေးမြန်းခဲ့သည်များအနက် အချို့ကို ကော်နုတ်ဖော်ပြပါသည်။
မေး- ဖွဲ့စည်းပုံပြင်ရေးနဲ့ပတ်သက်ပြီး NLD ဦးဆောင်လှုပ်ရှားမှုများလာတယ်။ အဲဒီတော့ NLD ပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လူထုကိုဆွဲခေါ်လာတဲ့အပေါ်မှာ သဘောထား အမြင်လေး သိချင်ပါတယ်။
ဖြေ- ကျွန်တော်ပြောချင်တာက NLD ကလေ မရောင်ရာဆီလူး၊ သူတို့လုပ်မှ ပြင်ရတဲ့ပုံစံ။ အဲဒီအကွက်ကိုဆင်တာ။ ဒါပေမဲ့ အဲဒီအကွက်က ရိုးနေပြီဗျ။ 

ဘာဖြစ်လို့လဲဆိုတော့ ၄၃၆ ကို ပြင်ပေးမယ်ဆိုတာ တိုက်ရိုက်ကြီးမပြောပေမယ့်လို့ ကာချုပ်ကရော၊ ဦးသိန်းစိန်ကရော၊ ဦးရွှေမန်းကရော၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်လို့ဆိုတာပြောတယ်။ ပြင်မယ်ဆိုတာ ဥပမာဗျာ ကာချုပ်က ဘယ်လို့ပြောလဲဆိုတော့ ဥပဒေဘောင်အတွင်းက ပြင်မယ်။ နောက်ဆုံး စကားလုံးက ပြင်မယ်ပြောတယ်။ ဒါနံပါတ်တစ်။ ဦးသိန်းစိန်ကလည်း ဖွဲ့စည်းပုံကို ပြင်မယ်။ သို့သော်လည်း မလောပါနဲ့ပြောတယ်။ ဦးသိန်းစိန်ကလည်း ပြင်မယ်လို့ပဲ ပြောတာပဲ။ ဦးရွှေမန်း ကလည်း ပြင်မယ်ဆိုလို့ပြောပြီးတော့ ကော်မတီတောင်ဖွဲ့ပြီးတော့မှ လုပ်နေပြီဗျ။ ၄၃၆ နဲ့ ပတ်သက်ပြီးတော့ ပြင်မယ်လို့ပြောတာနဲ့ပဲ ၄၃၆ ဂိတ်ကြီးက ဖွင့်သွားပြီ။ ၄၃၆ ဂိတ်ကြီးက ပွင့်သွားပြီဆိုမှတော့ အထဲမှာရှိတဲ့ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ စတဲ့ဟာတွေပြင်ရမှာလေ။ ၄၃၆ ပြင်မယ် လို့ပြောပြီးကတည်းက တပ်မတော်သားတွေကလည်း အကုန်လုံးကာချုပ်ရဲ့ ဆန္ဒ အတိုင်း ပြင်မှာပဲ။ ပြင်ဖို့မဲထည့်မှာပဲ။ အဲဒီတော့ ၄၃၆ ကြီးကနေ ဝင်လာမယ်။ ပုဒ်မ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ အဲဒါတွေပြင်ဖို့ကတော့ အသေးစိတ်ပြင်မယ်။ ဒါကတော့ လွယ်မှာမဟုတ်ဘူး။ နည်းနည်း ခက်မယ်။ အဲဒါပဲ အရေးကြီးတယ်။ အဲဒါ ကျွန်တော်ပြောတာက သူတို့ NLD ၄၃၆ ပြင်မယ်လို့ ပြောတာသည် မရောင်ရာဆီလူး ပြောတာလို့ ကျွန်တော်ထင်တယ်။ အဲဒီတော့ အခု NLD က လူထုကိုဆွဲခေါ်တယ်။ ဘာညာဆိုပေမယ့်လို့ သန်း ၆၀ မပါဘူး။ သူတို့ကွက်ကွက်ကလေးပဲ ပါတယ်။ ကျန်တဲ့လူတွေက ကိုယ့်အလုပ်နဲ့ကိုယ် စိတ်မဝင်စားဘူး။

မေး- ဒါတွေကတစ်ခုပေါ့။ ပြီးခဲ့တဲ့ မေ ၁၇၊ ၁၈ ရက်နေ့တွေမှာ ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟောပြောပွဲမှာ တပ်မတော်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတာ ရှိတယ်။ အဲဒီအပေါ်မှာ သုံးသပ်ပေးပါဦး။
ဖြေ- အဲဒါနဲ့ပတ်သက်ပြီးတော့ တပ်မတော်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတာတွေကို တပ်မတော်က သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို တုံ့ပြန်မှာလည်း မဟုတ်ဘူး။ တပ်မတော် ကလည်း အရေးတယူလုပ်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ သူပြော တာ ဆင်ပါးစပ်နှမ်းပက်တာဖြစ်လိမ့်မယ်လို့ ကျွန်တော်မြင်တယ်ဗျ။
မေး- ဘယ်လိုကြောင့်ပါလဲ။
ဖြေ- သိပ်ပြီးတော့ အရေးမပါဘူး။ သူတပ်မတော်ကို ပုတ်ခတ်နေတာက ပေါ်ပြူလာဖြစ်အောင် ဟောပြောရတာနဲ့တူတယ်။
မေး- အခု တပ်မတော်အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်တာတွေက မတ်လမှာ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးတဲ့နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အစိုးရကိုရော၊ တပ်မတော်ကိုရော ပြင်းပြင်းထန်ထန်ဝေဖန်လာတာတွေ့ရတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင် ပါသလဲ။

ဖြေ- ဒါဆိုရင် သမ္မတကြီးနဲ့ ညှိမရလို့နေမှာပေါ့။ သမ္မတကြီးကလည်း လူထုအမှန်တကယ် လိုချင်တဲ့ ဆန္ဒအတိုင်းလုပ်မှာဗျ။ သန်း ၆၀ လူအများစုက ဒီမိုကရေစီပုံစံအတိုင်း ဆောင်ရွက် မယ့် ဘက်မှာပါဗျ။ NLD က လိုချင်တာက လူအများစုလိုချင်တာ ဟုတ်ချင်မှ ဟုတ်မယ်။ NLDကို လူအများစု ကြိုက်တယ်လို့ မပြောနိုင်သေးဘူး။
မေး- အခု NLD က ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး လူထုဟောပြောပွဲတွေလုပ်တာရှိတယ်။ ပြည်ခိုင်ဖြိုး ပါတီကရော ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လူထုဟောပြောပွဲတွေလုပ်ဖို့ ရှိသလား။
ဖြေ- ကျွန်တော်တစ်ယောက်တည်း ကျွန်တော်နယ်မြေဆင်းတယ်။ အခြေခံဥပဒေထဲက ဘယ်ဟာ ပြင်သင့်တယ် ဘယ်ဟာ မပြင်သင့်ဘူး။ ကျွန်တော့်မဲဆန္ဒနယ်တွေမှာ ပြောတယ်။ ကျွန်တော့်လိုပဲ လွှတ်တော်ကိုယ်စားလှယ်အများစုက ပြောကြတယ်လို့သိရတယ်။ ဒါပေမယ့် ကျွန်တော်တို့က အုံနဲ့ကျင်းနဲ့ အဲဒီလိုမျိုးတော့ မလုပ်ဘူး။ ကိုယ့်မဲဆန္ဒနယ်အလိုက်လုပ်တာ။

မေး- အဲဒီလိုပြင်ဆင်ရေးပြောကြတယ်ဆိုတော့ ဘယ်အချက်ကို အဓိကထားပြင်ဖို့ ပြောကြလဲ။ ဘယ်အချက်ကိုတော့ ဆက်လက်တည်ရှိစေချင်တယ်လို့ ပြောတာရှိလဲ။
ဖြေ- အဲဒါကတော့ ပြောပြီးသားပဲလေ။ ဗဟိုကော်မတီအစည်းအဝေး ပြီးကတည်းက ပြောရမှာတွေ ပြင်ရမှာတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ ပြင်ရမှာတွေက NLD ထက် တောင် များသေးတယ်။
မေး- အရပ်ဘက်အဖွဲ့အစည်းတွေကရော ပြင်ဖို့ပြောနေကြပြီ။ အဲဒီအပေါ်မှာရော ဘယ်လို သဘောထားမှတ်ချက် ပေးချင်သလဲ။
ဖြေ- အရပ်ဘက်အဖွဲ့အစည်းကရော၊ NLD ရောမှာ အရပ်ဘက်တချို့အဖွဲ့အစည်းက NLD ဘက်ကပါတယ်။ တချို့အဖွဲ့အစည်းဟာ ကြံ့ခိုင်ရေးဘက်ကပါတယ်။ တချို့အဖွဲ့အစည်းက ကြားနေ။ ကျွန်တော်မြင်တာက ကြားနေများတယ်။ ပြင်ဖို့၊ မပြင်ဖို့ မသိဘူးဆိုတဲ့ အဖွဲ့က များနေတယ်။

မေး- မပြင်ရေးနဲ့ပတ်သက်ပြီး မေ ၃ ရက်နဲ့ မေ ၁၅ ရက်နေ့မှာ ဧရာဝတီတိုင်းက လေးမျက်နှာနဲ့ ဇလွန်မှာ ပုဒ်မ ၅၉ (စ) ထောက်ခံပွဲတွေတွေ့ရတယ်။ ပြည်ခိုင်ဖြိးပါတီဝင်တွေ ဦးဆောင် လုပ်တာလို့ သတင်း ဖော်ပြတာတွေ တွေ့ရတယ် အဲဒီတော့ ၅၉ (စ) မပြင်ရေးက ပြည်ခိုင်ဖြိုးရဲ့သဘောထားလို့ ပြောနိုင်ပါသလား။
ဖြေ- ၅၉(စ) ကို လိုအပ်ရင်ပြင်မယ်။ အခြေအနေ အချိန်အခါပေါ်မူတည်ပြီးတော့ လူထုဆန္ဒ သဘောထားလိုအပ်ရင် ချက်ချင်းပြင်မယ်ဆိုပြီး ပြည်ခိုင်ဖြိုး ဗဟိုကော်မတီက ဆုံးဖြတ်ချက် ချထားတယ်။ ကျွန်တော်ထင်ပါတယ်။ ၅၉(စ)က ဒီလောက်ဖြစ်နေတယ်လို့ မထင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က သမ္မတဖြစ်ချင်တဲ့ စိတ်ဆန္ဒရှိတယ်လို့ သူကိုယ်တိုင်လည်း ထုတ်ဖော်ပြောဆိုထားတဲ့အခါကျတော့ ကျွန်တော်ပြောချင်တာက အခုခါမှ သမ္မတဖြစ်ချင် တယ် ဆိုတာခက်ခဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ဆိုတာ သူ့ဘဝသူလေ။ သမ္မတဖြစ်ဖို့ တစ်ချိန်မှာ နိုင်ငံခြားသားကို မယူတာကောင်းမယ်ဆိုပြီးတော့ ကျန်စစ်သားမင်း လိုပေါ့ဗျာ။ ငါတို့သမိုင်းမရိုင်းရအောင် ပဋိက္ခရားမင်းသားကို သူ့သမီးနဲ့ မပေးစားဘူး။ ဦးသိန်းစိန် သမ္မတဖြစ်တယ်ပေါ့ဗျာ။ သူကတြိဂံတိုင်းမှာ တိုင်းမှူးလုပ်ခဲ့ပေမယ့် လာဘ်မစားဘူး ပေါ့။ တြိဂံတိုင်းမှာ လာဘ်စားပြီး ပြုတ်သွားတဲ့လူနှစ်ယောက်ရှိတယ်။ ဒါမျိုးတွေ မလုပ်ဘူးဗျာ။ သူ့သားသမီးတွေက ဘတ်စ်ကားနဲ့ ကျောင်းတက်တယ်။ ဘတ်စ်ကားနဲ့ ရုံးတက်တယ်။ ကုမ္ပဏီ ထောင်တာတွေမလုပ်ဘူး။ သာမန်လိုနေတယ်။ အဲဒါကြောင့် သမ္မတကြီးဖြစ်လာတာလေ။ သူ့ကိုယ်သူ တည်ဆောက်လာတာပေါ့။ အဲဒါမျိုး ဒေါ်အောင်ဆန်းစုကြည်က တည်ဆောက် ရမယ်။ မိုးသီးဇွန် ပြောသလိုပေါ့။ အရေးအခင်း ကာလက ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် ကြိုးမဲ့လေတံခွန်၊ ကြိုးပြတ်ပြီးရောက်လာတဲ့ အနေအထားမှာ ဒိုင်းဆို သမ္မတ ဖြစ်ချင်တယ် ဆိုရင် သူအစကတည်းက ဗိုင်းကောင်း ကျောက်ဖိ နေခဲ့ဖို့ သင့်တယ်လို့ ကျွန်တော် မြင်တယ်။

မေး။ ဒါဆို လက်ရှိအနေအထားမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ လုံးဝ မရှိနိုင် တော့ဘူးပေါ့။
ဖြေ။ ဒီဘဝမှာတော့ မလွယ်ဘူး။ ဒီဘဝမှာတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ ကျွန်တော် မမြင်ဘူး။ သို့သော် ဆိုနီယာ ဂန္ဒီလို သူလုပ်လို့ရတယ်။ Speaker လုပ်လို့ ရတယ်။ ဟီလာရီကလင်တန်ဆို သမ္မတဝင်ပြီး ပြိုင်တာလည်း ရှုံးတဲ့အခါကျတော့ အိုဘားမားက ကမ်းလှမ်းတဲ့အခါမှာ တိုင်းပြည်ကောင်းအောင် ကြိုးစားတဲ့အခါမှာ နိုင်ငံခြားရေးဝန်ကြီး လုပ်တယ်။ သူတို့ NLD ပါတီထဲမှာလည်း သမ္မတလုပ်ဖို့ အရည်အချင်း ပြည့်မီတဲ့သူတွေ အများကြီး ရှိပါတယ်။ အခုကတည်းက ရွေးချယ်သင့်တယ်။ သူက Speaker တို့၊ နိုင်ငံခြားရေး ဝန်ကြီးတို့ စသည်ဖြင့်ပေါ့။ ဟီလာရီကလင်တန်တို့လို ဆိုနီရာဂန္ဒီ တို့လို ဖြစ်ဖို့ မြင်တယ်။ သူက လုပ်ချင်ပါတယ်ဆိုပြီး ဖြစ်တဲ့အခါကျတော့ နည်းနည်းတော့ ခက်တာပေါ့။ ကျွန်တော်က ပြောမယ်လေ။ သူ့သား နှစ်ယောက်ကို နိုင်ငံသား ခံယူလိုက်ပါ။ ဒါဆို အကျုံးဝင် သွားတာ ပဲလေ။ အဲဒါလေးတောင်မှ ကျွန်တော်ပြောတဲ့အခါမှ ဦးဝင်းတင်က အသက် ၁၈ နှစ် ပြည့်ပြီးတဲ့လူကို မြန်မာနိုင်ငံသား ခံယူဖို့ ပြောပိုင်ခွင့် မရှိဘူးလို့ ပြောတယ်။ ဒါဆို သန်း ၆၀ ကို ဘယ်လိုပြောမလဲဆိုတော့ ပြောမရဘူး။
မေး။ အခု မြန်မာနိုင်ငံမှာက ဖွဲ့စည်းပုံ ပြင်ဆင်ရေး လှုပ်ရှားမှုက များလာတယ်။ မေ ၁၅ ရက်နေ့ မန္တလေးမှာ သမ္မတကြီးက ပြင်ဆင်ရေးမဲဆွယ် စည်းရုံးလှုပ်ရှားမှုတွေ ဆူဆူပူပူ ဖြစ်နိုင်တယ်လို့ ပြောထားတယ်။

ဖြေ။ ကျွန်တော့်အမြင်တော့ သမ္မတကြီးက စိုးရိမ်တယ်။ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာ ပဲလေ။ ၈၈ နဲ့ NLD က လမ်းပေါ်ထွက်ရေးပဲ သိတာကိုးဗျ။ အဲဒါကို သမ္မတက ထိန်းတဲ့ သဘောလို့ ယူဆရတယ်။ တကယ်လို့များ တစ်တိုင်းပြည်လုံး ဆူပူမှု ဖြစ်လိမ့်မယ်လို့ ကျွန်တော် မမြင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လူထုက ၈၈ ကလို မအတော့ဘူး။ မြှောက်ပေး ရင် မလုပ်တော့ဘူး။ မှန်ကန်တဲ့ လမ်းကြောင်းကိုပဲ သွားမှာ။ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း ကိုပဲ သွားတော့မှာ။ အဲဒီလိုဖြစ်ရင် မြန်မာပြည်က ဘယ်တော့မှ နာလန်ထူမှာ မဟုတ်တော့ ဘူး။ လူထုကလည်း အဲဒီလို မြင်နေပြီ။ မြှောက်ပေးတိုင်း လုပ်တာက ခဏတဖြုတ်ပဲ ပါချင်ပါမယ်။ ရေရှည်မှာ မပါနိုင်ဘူး။
မေး။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးက လုပ်နေကြတာ အမျိုးမျိုးပဲ ဆိုတော့ ၂၀၁၅ မတိုင်ခင် ပြင်ဆင်ရေးက ဖြစ်လာနိုင်ပါ့မလား။
ဖြေ။ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အနိုင်ရပါတီဖြစ်တဲ့ ကျွန်တော်တို့ ကြံ့ခိုင်ရေးပါတီက ပြင်မယ် ဆိုတဲ့ ဟာကြီးက အောင်မြင်မယ်။ တိုင်းဒေသကြီးတို့ အာဏာခွဲပေးတာတို့ ပေါ့ဗျာ။
မေး။ ဒါဆိုရင်တော့ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျပ်အတည်း တစ်ခုပေါ့။ အဲဒီ အပေါ်မှာ သုံးသပ်ချက်လေး သိချင်ပါတယ်။
ဖြေ။ ကျွန်တော်အမြင်က အကျပ်အတည်း တစ်ခုတော့ မဟုတ်ဘူး။ ကျွန်တော်မြင်တယ်။ Political Crisis မဟုတ်ဘူး။

လူထုပုံရိပ်- Vol(2) No(33)
ပြည်သူ့အာဏာ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုနေချိန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲများ ပြုလုပ်လာခဲ့သဖြင့် ယင်းဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေနှင့် မေးမြန်းခဲ့သည်များအနက် အချို့ကို ကော်နုတ်ဖော်ပြပါသည်။

စည်ပင်အမှိုက်ကား ထော်လာဂျီကို ၀င်တိုက်၊ လူနှစ်ဦးသေဆုံး

ယာဉ်မောင်းလိုင်စင်မရှိသည့် စည်ပင်ဝန်ထမ်းတစ်ဦး မောင်းနှင်လာသည့် အမှိုက်ကားတစ်စီးသည် ရပ်ထား သောထော်လာဂျီကို ၀င်တိုက်မိပြီး လူနှစ်ဦး သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု မေလ ၂၆ ရက်၊ ညနေ ၄ နာရီ ၀န်းကျင်ခန့်က သင်္ဃန်းကျွန်းမြို့နယ် အတွင်းဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန် သည်။

ဘော်ဆိုင်းသတ္တုတွင်းရှိ တရုတ်နိုင်ငံသား၁၃ ဦးကို ဗီဇာစည်းကမ်းဖောက် ဖျက်မှုဖြင့် ဖမ်းဆီးအမှုဖွင့်

ရှမ်းပြည်နယ်၊ ကလောမြို့နယ်ရှိ ဘော်ဆိုင်းသတ္တု တူးဖော်ရေးလုပ်ငန်းခွင်ရှိ တရုတ်နိုင်ငံသား ၁၃ ဦးကို ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် ဖမ်းဆီးအရေးယူ ထားကြောင်း တောင်ကြီးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ လက်ထောက်ညွှန်မှူး ဦးရဲနောင်က မေလ၂၇ ရက်တွက် မဇ္ဈိမကို အတည်ပြုပြောဆိုသည်။

မလေးရှားတွင် မြန်မာများနေသော တိုက်ခန်းသို့ ရဲများဝင်ရှာရာမှ အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

Photo: မလေးရှားတွင် မြန်မာများနေသော တိုက်ခန်းသို့ ရဲများဝင်ရှာရာမှ အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံး
Wednesday, May 28, 2014

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကပ်ပုန်းမြို့နယ်ရှိ မြန်မာများ နေထိုင်သော
တိုက်ခန်းများတွင် တရားမ၀င်နေထိုင်သူများကိုမလေးရှားရဲတပ်ဖွဲ့များ ၀င်ရောက်ဖမ်းဆီးရာ ရခိုင်အမျိုးသားတစ်ဦး  သုံးထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း  သတင်းရရှိသည်။

  မေလ ၂၅ ရက် ညတွင် မလေးရှားရဲ ၁၅ ဦးခန့်က ရခိုင် အမျိုးသား ကိုအောင်စိုးလင်း၏ တိုက်ခန်းသို့ လာရောက်ပြီး တရားဝင်နေထိုင်ခြင်းရှိ၊ မရှိလာ ရောက်စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် ကိုအောင်စိုးလင်းမှာ ကြောက်လန့်၍ ၎င်း၏ တိုက်ခန်းရှိ   ရေပိုက်လုံးမှတစ်ဆင့်အောက်သို့ ဆင်းရာ ရေပိုက်လုံး ပြုတ်ကျကာ ဒဏ်ရာများရရှိ၍ ဆေးရုံးသို့ ပို့ဆောင်ခဲ့သော်လည်းမေလ ၂၆ရက်တွင် ဆေးရုံ၌ သေဆုံးသွားခြင်းဖြစ်သည်။

   ကိုအောင်စိုးလင်းသည် ကပ်ပုန်းမြို့ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် လုပ်ကိုင်နေသူဖြစ် ပြီးတရားမ၀င်နေထိုင်ခြင်းကြောင့်ဖမ်းဆီးခံရမည်ကို ကြောက်လန့်၍ ထွက်ပြေးခုန်ချခြင်းဖြစ်ကြောင်းကပ်ပုန်းမြို့တွင် နေထိုင်သော ကိုအောင်ကျော်စိုးက ပြောသည်။

 ‘‘သူကတရားမ၀င်နေထိုင် တာ။ လာဖမ်းတာကို ကြောက်ပြီး ထွက်ပြေးတာ။ ရေပိုက်လုံးကနေ ပြုတ်ကျပြီး ဖြစ်သွားတာ။ ဆေးရုံ ရောက်မှ ဆုံးသွားတာပါ’’ ဟု ကိုအောင်ကျော်စိုးက ပြောသည်။

 မလေးရှားနိုင်ငံရှိ ရဲတပ်ဖွဲ့ ၀င်များသည် ၎င်းတို့နိုင်ငံတွင် လာရောက်နေထိုင်သော မြန်မာ နိုင်ငံသားများအား တရားဝင်နေ ထိုင်ခြင်းရှိ၊ မရှိ ဖမ်းဆီးစစ်ဆေး ခြင်းများ ပြုလုပ်နေပြီး တရားမ၀င် ဖြစ်ပါက ဖမ်းဆီးအရေးယူဒဏ် ငွေရိုက်ခြင်းများ ပြုလုပ်ကာ တရားဝင်ဖြစ်ပါက ငွေတောင်းခံခြင်း များပြုလုပ်နေကြောင်း မလေးရှားရောက် မြန်မာများက ပြောသည်။ ထိုသို့ပြုလုပ်နေသော်လည်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံးအနေဖြင့် အကာအကွယ်ပေးမှုတစ်စုံတစ်ရာ   ပြုလုပ်ပေးခြင်းမရှိကြောင်းမလေးရှားရောက် မြန်မာများကပြောသည်။

‘‘မလေးရဲတွေက ပတ်စ်ပို့ရှိ လည်း အကြောင်းအမျိုးမျိုးရှာပြီး ငွေတောင်းတာပဲ။   အမှန်က မြန်မာသံရုံးက တာဝန်ယူဖြေရှင်းပေးရမှာ စာအုပ်ရှိလည်း ဖမ်း၊ မရှိလည်းဖမ်း  ဘာမှ မထူးဘူး။ မြန်မာအစိုးရက  အလုပ်သမားတွေကို  ကာကွယ်ပေးဖို့  မလုပ်မချင်း မလေးက မြန်မာတွေခံနေရမှာပဲ’’ဟု ကွာလာလမ်ပူမြို့တွင် နေထိုင်သော ကိုမျိုးညွန့်က ပြောသည်။

7 day news Daily
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကပ်ပုန်းမြို့နယ်ရှိ မြန်မာများ နေထိုင်သော

တိုက်ခန်းများတွင် တရားမ၀င်နေထိုင်သူများကိုမလေးရှားရဲတပ်ဖွဲ့များ ၀င်ရောက်ဖမ်းဆီးရာ ရခိုင်အမျိုးသားတစ်ဦး သုံးထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း သတင်းရရှိသည်။

နှစ်နိုင်ငံတပ်မတော်အကြား ပူးပေါင်းဆောင်ရွက်ရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ်တို့ ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ် General ရှင်ဂျီယုအီဝါဆာကီတို့သည် မေ ၂၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းထုတ်လွှင့်ချက်အရ သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် ယခုနှစ်သည် ၁၉၅၄ ခုနှစ်မှစတင်ခဲ့သော မြန်မာ-ဂျပန် သံတမန်ဆက်ဆံရေး နှစ်(၆၀)ပြည့်သည့် နှစ်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို မြန်မာ၊ တရုတ်၊ အိန္ဒိယသုံးနိုင်ငံ သဘောတူလက်မှတ်ရေးထိုးခဲ့သည့် နှစ် (၆၀) ပြည့်လည်းဖြစ်၍ ထူးခြားကြောင်း၊ မြန်မာတပ်မတော်နှင့် ဂျပန်တပ်မတော်တို့သည် သမိုင်းအရ ဆက်စပ်မှုများ ရှိခဲ့ကြောင်း၊ ဂျပန်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များတွင် အပြန်အလှန် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးမြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစသည်ဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။အလားတူ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ စစ်ဦးစီးချုပ်ကလည်း ဂျပန်-မြန်မာဆက်ဆံရေးသမိုင်းသည် ရှည်လျားစွာရှိခဲ့ကြောင်း၊ လက်ရှိမြန်မာနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေချိန်တွင် အာဆီယံတပ်မတော်ပိုင်းဆိုင်ရာ အစည်းအဝေးများ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်သည်ကိုလည်း ဂုဏ်ယူပါကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များအပါအ၀င် နည်းလမ်းပေါင်းစုံဖြင့် ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

Eleven Media Group

မုံရွာမြို့ သီဟရာဇာမြတ်စွာဘုရား ရုပ်ပွားတော်မျက် လုံးတော်တစ်ဖက်ပွင့် လာရောက်ဖူးမြော်သူများပြား

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ လယ်တီရပ်ကွက် လယ်တီ စာသင်တိုက်ဝင်းအတွင်းရှိ သီဟရာဇာမြတ်စွာ ဘုရားရုပ်ပွားတော်၏ ယာဘက်မျက်စိတစ်ဖက်ပွင့်သဖြင့် အဆိုပါဘုရားသို့ ပြည်သူများမှ လာရောက်ဖူးမြော် သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဘာသာ ကူးပြောင်းခြင်း ဥပဒေကြမ်း

Photo: ဘာသာ ကူးပြောင်းခြင်း ဥပဒေကြမ်း
Wednesday, May 28, 2014

မေလ ၂၇ ရက် နေ့မှာ ထုတ်ပြန်လိုက်တဲ့ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ မူကြမ်း အရ ဘာသာ ကူးပြောင်းလိုသူ ဘယ်သူ မဆို နိုင်ငံတော်ရဲ့ ခွင့်ပြုချက်ကို အရင် ရယူမှာ ဖြစ်ပါတယ်။

မြန်မာ ဘာသာနဲ့ ရေးသားတဲ့ သတင်းစာတွေထဲမှာ မူကြမ်းကို ဖော်ပြထားပြီး အကြံပြုချက် တွေပေးကြဖို့ ကိုလည်း ဖိတ်ခေါ်လိုက် ပါတယ်။

ဒီဥပဒေ မူကြမ်းဟာ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ် ယုံကြည်နိုင်ခွင့် ရှိစေဖို့၊ ဘာသာ ကူးပြောင်းရာမှာ ကိုယ်ဆန္ဒကို ဆန့်ကျင်ပြီး သွေးဆောင် ခြိမ်းခြောက် ကူးပြောင်းခိုင်းခြင်း မခံရစေဖို့ စတဲ့ ရည်ရွယ်ချက် တွေနဲ့ ရေးဆွဲတာလို့ ဆိုပေမဲ့ မူကြမ်းပါ အချက်တွေက ရည်ရွယ်ချက် တွေနဲ့ကိုက်ညီမှု မရှိဘူးလို့ တရား လွှတ်တော် ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

မူကြမ်းထဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးမှသာ ဘာသာ ကူးပြောင်းခွင့် လျှောက်ထားနိုင်ပြီး အစိုးရက ဖွဲ့ပေးထားတဲ့ မှတ်ပုံတင် အဖွဲ့က စိတ်ကြိုက် စိစစ်ပြီးမှသာ ကူးပြောင်းနိုင်ခွင့် ရမှာ ဖြစ်ပါတယ်။

မိဘများရဲ့ သဘောတူ ခွင့်ပြုချက် အရ အသက် ၁၈ နှစ် မပြည့်ခင် ထိမ်းမြား နိုင်ခွင့် ရှိတဲ့ ဘာသာကြီး တွေလည်း ရှိနေတော့ သူတို့ အပေါ် ဘာယ်လို သတ်မှတ်မလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။

ဒါကြောင့် ဒီမူကြမ်းဟာ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ ခွဲခြား ဆက်ဆံမှု ရှိတဲ့ အရိပ် အယောင် တွေ့ရတယ် လို့လည်း သူက သုံးသပ် ပါတယ်။

ဘာသာ ကူးပြောင်းခွင့် ရဖို့ အချိန် ကာလ ၃ လ သတ်မှတ် ထားပါသေးတယ်။

နိုင်ငံတော် သမ္မတရဲ့ အမိန့်အရ သာသနာရေး ဝန်ကြီးဌာန က ရေးဆွဲခဲ့တဲ့ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေမှာ အခန်း ၇ ခန်း ပါရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
မေလ ၂၇ ရက် နေ့မှာ ထုတ်ပြန်လိုက်တဲ့ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ မူကြမ်း အရ ဘာသာ ကူးပြောင်းလိုသူ ဘယ်သူ မဆို နိုင်ငံတော်ရဲ့ ခွင့်ပြုချက်ကို အရင် ရယူမှာ ဖြစ်ပါတယ်။

ရေခဲစက် အမိုးနီးယား ဓာတ်ငွေ့အိုး ယိုစိမ့်ပေါက်ကွဲရာမှ ငါးဦးဆေးရုံရောက်

Photo: ရေခဲစက် အမိုးနီးယား ဓာတ်ငွေ့အိုး ယိုစိမ့်ပေါက်ကွဲရာမှ ငါးဦးဆေးရုံရောက်
Wednesday, May 28, 2014

ရန်ကုန်မြို့ လှိုင်မြို့နယ် ရှိ ရေခဲစက်တစ်ခုတွင် အမိုးနီး ယားဓာတ်ငွေ့အိုး ယိုစိမ့်ကာ ပေါက်ကွဲမှုဖြစ်ပွားသောကြောင့် ကလေးငယ်နှစ်ဦး အပါအ၀င် လူငါးဦး အသက်ရှူကျပ်၍ ဆေးရုံ သို့တင်ထားရကြောင်း သတင်း ရရှိသည်။

မေလ ၂၇ ရက် နံနက် အ စောပိုင်း (မေလ ၂၆ ရက် သန်း ခေါင်ယံအကျော်) အချိန်က လှိုင် မြို့နယ်၊ အမှတ် ၇ ရပ်ကွက်ရှိ ပုဂ္ဂလိကပိုင် ရေခဲစက်တွင် အပို ထားသော အမိုးနီးယားဓာတ်ငွေ့ အိုးမှ ဓာတ်ငွေ့များယိုစိမ့်ကာ ပေါက်ကွဲမှု ဖြစ်ခဲ့သောကြောင့် စက်ရုံခေါင်မိုးသွပ်ပွင့်ထွက်သွား ကြောင်း သတင်းရရှိသည်။

အဆိုပါ ဓာတ်ငွေ့အိုးပေါက် ကွဲမှုကြောင့် အသက် ခြောက်နှစ် နှင့် လေးနှစ် အရွယ် ယောက်ျားလေးနှစ်ဦး အပါအ၀င် ရေခဲစက်အလုပ်သမား မိသားစု တစ်စုနှင့် ရေခဲစက်အလုပ်သမား အမျိုးသားတစ်ဦး စုစုပေါင်းငါးဦးသည် ဓာတ်ငွေ့များ ရှူရှိုက်မိကာ အသက်ရှူမွန်းကျပ်၍ မူးမေ့သွား ခဲ့ကြသည်။

‘‘ကလေးနှစ်ယောက်ကအလုပ်သမားတွေရဲ့သားတွေပါ။ သူတို့မိသားစု တစ်စုလုံး ဆေးရုံတင်ခဲ့ရပြီး ဖခင်ကတော့ စိုးရိမ်ရတယ်လို့ သိရတယ်’’ ဟု လှိုင်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက မေလ ၂၇ ရက်တွင် ပြောသည်။

အလုပ်သမားတစ်ဦးသည် ပေါက်ကွဲသည့် အရှိန်ကြောင့် မျက်နှာနှင့် ခါးတို့၌ ဒဏ်ရာရရှိခဲ့ သည်။ ဒဏ်ရာရသူအားလုံးကို ရန်ကုန်ဆေးရုံကြီးတွင် ဆေးကု သပေးနေပြီး အမျိုးသားကြီးတစ် ဦးမှာ စိုးရိမ်ရသည့်အခြေအနေရှိ ကာ ကျန်လေးဦးမှာ စိုးရိမ်ဖွယ်ရာ မရှိတော့ကြောင်း သတင်းရရှိ သည်။

ယင်းသို့ ဖြစ်ပွားခဲ့သည့်အ တွက် ရေခဲစက်တာဝန်ခံကို လှိုင်မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ပုဒ်မ-၂၈၆/၃၃ ဖြင့် အမှုဖွင့်အ ရေးယူဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

အလားတူဖြစ်ရပ်မျိုး ၂၀၁၁ ခုနှစ်က လှိုင်မြို့နယ်၊ အင်းစိန်- လှည်းတန်း လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ပြီး အသက်ရှူကျပ်ခဲ့သည့် အအေးခန်းစက်ရုံမှ ၀န်ထမ်းများ ဆေးဝါး ကုသမှု ခံယူခဲ့ရသည်။

http://www.7daydaily.com/
ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ ရေခဲစက်တစ်ခုတွင် အမိုးနီးယားဓာတ်ငွေ့အိုးယိုစိမ့်ကာ ပေါက်ကွဲမှုဖြစ် ပွားသော ကြောင့် ကလေးငယ်နှစ်ဦး အပါအ၀င် လူငါးဦး အသက်ရှူကျပ်၍ ဆေးရုံ သို့တင်ထားရကြောင်း သတင်း ရရှိသည်။

စစ်တွေရှိ ဘင်္ဂါလီကျေးရွာတစ်ရွာတွင် လူသတ်မှုဖြစ်ပွား

စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ဘင်္ဂါလီကျေးရွာတွင် မေလ ၂၅ ရက်နံနက်က လူသတ်မှုတစ် ခုဖြစ်ပွားခဲ့ပြီး ပြစ်မှု ကျူးလွန်သည့်အမျိုးသားကို ဒေသခံရွာသားများ က ၀ိုင်းဝန်းရိုက်နှက်ရန် ကြိုးစား သောကြောင့် လုံထိန်းရဲတပ်ဖွဲ့မှ အဆိုပါအမျိုးသားအား ဖမ်းဆီးကာ စစ်တွေမြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်း ရရှိသည်။

ပဋိပက္ခဖြစ်ပွားရာဒေသများ အပါအ၀င် တိုင်းဒေသကြီးအချို့တွင် အိတ်ခ်ျအိုင်ဗွီတိုက်ဖျက်ရေး လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်မည်

Photo: ပဋိပက္ခဖြစ်ပွားရာဒေသများ အပါအ၀င် တိုင်းဒေသကြီးအချို့တွင် အိတ်ခ်ျအိုင်ဗွီတိုက်ဖျက်ရေး လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်မည်
Wednesday, May 28, 2014

ပဋိပက္ခဖြစ်ပွားရာဒေသများ အပါအ၀င် မြို့ကြီးသုံးမြို့ရှိ မြို့နယ်ပေါင်း ၂၄ မြို့တွင် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ အမျိုးသားခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်နျင့်အတူ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေတို့ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ကချင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မန္တလေးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်၂၄ မြို့နယ်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေမှ ရောဂါကြီးသုံးမျိုး တိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၉၁ သန်းကိုလာမည့် ၂၀၁၆ ခုနှစ်အထိ ထပ်မံထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် ရောဂါကြီးသုံးမျိုးအနက် အိတ်ခ်ျအိုင်ဗွီတိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၇ ဒသမ၄ သန်း၊ တီဘီရောဂါအတွက် အမေရိကန်ဒေါ်လာ ၂၁ သန်းနှင့် ငှက်ဖျားရောဂါအတွက် အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၆ သန်းကို ခွဲဝေချထားပေးမည်ဖြစ်ကြောင်း သိရသည်။

ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေ (Three Millennium Development Goals Fund) မှာ ရောဂါသုံးမျိုး ရန်ပုံငွေအဖွဲ့ (Three Diseases Fund) မှ အမည်ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ရောဂါသုံးမျိုး  ရန်ပုံငွေအဖွဲ့ အနေဖြင့် ၂၀၀၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံ အနှံ့အပြားတွင် ရောဂါသုံးမျိုးစီမံချက် ၆၀ ကျော်အတွက် အမေရိကန်ဒေါ်လာ ၁၁၅ သန်းကို မိတ်ဖက်အဖွဲ့အစည်း ၃၅ ဖွဲ့အား ပံ့ပိုးပေးခဲ့သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်းနှင့် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံရှိ အိတ်ခ်ျအိုင်ဗွီ၊ တီဘီနှင့် ငှက်ဖျားရောဂါများအတွက် အများဆုံး ပါဝင်ပံ့ပိုးပေးခဲ့သည့် ရန်ပုံငွေအဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။  

ထို့ပြင် Three Millennium Development Goals Fund (3MDG Fund) နှင့် Global Alliance for Vaccine and Immunization (GAVI) အဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ် ၄၂ မြို့နယ်တွင် မိခင်မွေးကင်းစနှင့် ကလေးငယ်များ၏ ကျန်းမာရေးအတွက် စစ်တမ်းပြုလုပ်သွားမည် ဖြစ်သည်။

ထို့ပြင် မြို့နယ် ၁၀၂ မြို့နယ်တွင်လည်း Service Accessibility and Readiness Assessment (SARA WHO-2013) ကိုလည်း ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းများ လုပ်ဆောင်ရန် ပူးပေါင်းဆောင်ရွက်မည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

3MDG Fund အနေဖြင့် မြန်မာနိုင်ငံတွင် ပံ့ပိုးကူညီမှုများပေးရန် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ထောက်ပံ့သွားမည်ဖြစ်ပြီး မိခင်၊ မွေးကင်းစနှင့် ကလေးငယ်များ၏ ကျန်းမာရေးလုပ်ငန်းများအတွက် စုစုပေါင်း ရန်ပုံငွေများအနက်မှ ၇၄ ရာခိုင်နှုန်း၊ အိတ်ခ်ျအိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအတွက် ၁၅ ရာခိုင်နှုန်း၊ ကျန်းမာရေးစနစ် တိုးတက်စေရေးအတွက် ၁၁ ရာခိုင်နှုန်းကို အသုံးပြုသွားရန် သတ်မှတ်ထားကြောင်း သိရသည်။

Eleven Media Group  

မကွေးတိုင်းဒေသကြီးအတွင်း အိတ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ် ဝေဒနာရှင်များအား ကူညီစောင့်ရှောက်ပေးနေသည့် နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
မကွေးတိုင်းဒေသကြီးအတွင်း အိတ်ခ်ျအိုင်ဗွီအေအိုင်ဒီအက်စ် ဝေဒနာရှင်များအား ကူညီစောင့်ရှောက်ပေးနေသည့် နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
ပဋိပက္ခဖြစ်ပွားရာဒေသများ အပါအ၀င် မြို့ကြီးသုံးမြို့ရှိ မြို့နယ်ပေါင်း ၂၄ မြို့တွင် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီ အက်စ် တိုက်ဖျက်ရေး လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။