မူလစာမျက်နှာ
ကြားဖြတ်အထူးသတင်းများ
ပြည်တွင်းသတင်းများ
ပြည်ပရေးရာ
နိုင်ငံရေး
နည်းပညာ
ဆောင်းပါးများ
အားကစား
ဆက်သွယ်ရန်
Tuesday, 18 March 2014
ကားဈေးကွက်အတွင်း စလစ်ဈေးနှုန်းမြင့်တက်လာ
ပြည်တွင်း ကားဈေးကွက်အတွင်း စလစ်ဈေးနှုန်း မြင့်တက်လာပြီး ၁၃၀၀ စီစီကားများအရောင်း အ၀ယ်ဖြစ်လာကာ နယ်ဝယ်လက် ဆင်းမှ ပိုမိုရောင်းချ လာရကြောင်း ကား အရောင်း အ၀ယ်လုပ်ကိုင် သူများထံမှသိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
မန္တလေးတွင် စည်းကမ်းမဲ့ပြိုင်ကား မောင်းနှင်သူများကို စီမံချက်ဖြင့် ပြင်းထန်စွာ အရေးယူမည်
မန္တလေးခရိုင်အတွင်း ညအချိန်မတော် မူးယစ်သေစာ သောက်စားပြီး ပြိုင်ကား အပြိုင်အဆိုင် မောင်းနှင်သူများ ရှိလာသဖြင့် အများပြည်သူ အန္တရာယ် ကင်းရှင်းစေရေးနှင့် စိတ်အနှောင့် အယှက် ကင်းစေရန်တို့အတွက် အဆိုပါ စည်းကမ်းမဲ့ ပြိုင်ကား မောင်းနှင်သူများကို မတ်လ တတိယပတ်မှ စတင်ကာ စီမံချက်ဖြင့် ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ဆန်းက ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းမရ၍ အိမ်မီးရှို့
ဟားခါးမြို့တွင် မီးစွဲလောင်နေသောအိမ်ကို မီးငြှိမ်းသတ်ပြီးနောက်တွေ့ရစဉ်
အရက်စွဲနေသောသမီးက မိခင်ထံမှ အရက်ဖိုးတောင်းရာ မရ၍ နေအိမ်ကိုမီးရှို့ခဲ့မှု ဟားခါးမြို့တွ င်ဖြစ် ပွားခဲ့ကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
ပိုလန်မှာ ရှိတဲ့ Kaplica Czaszek အမည်ရှိ Chapel ရှေ့ မှာ ခြေချမိပြီဆိုတာနဲ့ ဒီ့ထက် တမူထူးခြားတာ မရှိတော့ဘူးလို့ တွေးမိပါလိမ့်မယ်။ ဒါပေမဲ့ အတွင်းဘက်ကို ခြေလှမ်း လိုက်ပြီဆိုတာနဲ့ ကြောချမ်းအောင် ခံစားရပါလိမ့်မယ်။ စစ်နဲ့ ရောဂါတွေကြောင့် သေဆုံးခဲ့ကြ ရတဲ့ ထောင်ပေါင်းများစွာသော လူ့အရိုးတွေကို သေခြင်းအနိဋ္ဌာရုံနဲ့ ဆက်စပ်တဲ့ အစီအရီနဲ့ နံရံတွေမှာ ကပ်ထားပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ အတန်ငယ် အားလျော့သွားခဲ့သည့်နောက် အရေးပေါ် အခြေအနေ ကြေညာမှုကို အဆုံးသတ်တော့မည် ဖြစ်သည်။
ဆက်လက်ဖတ်ရှုပါရန် »
ဒုက္ခသည်စခန်းနေ ဒေသခံရွာသားများအား KIA မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်
ကချင်ပြည်နယ် မိုးမောက်မြို့နယ် မံပုံကျေးရွာ ဒုက္ခသည်စခန်းနေ ဒေသခံရွာသားများအား မတ် ၁၆ ရက် ညနေ ၃ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့တစ်ဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ကြောင်း ယင်းဒုက္ခသည်စခန်းမှ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
RCSS/SSA အဖွဲ့မှ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ဒေသခံများအား အတင်းအကြပ် စစ်သင်တန်းတက်ခိုင်း
ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ နေ ထိုင်သော ဒေသခံများအား ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/SSA အဖွဲ့မှ ၂၀၁၃ ခုနှစ် နှစ်ကုန် ပိုင်းမှစ၍ ရှမ်းနှစ်သစ်ကူးပွဲတော်အား အကြောင်းပြကာ လွယ်တိုင်းလျှံသို့ ခေါ်ဆောင်သွားပြီး စစ်သင်တန်းများ ကို အတင်းအကြပ်တက်ခိုင်းနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
အင်းစိန်ထောင်မှ အကျဉ်းသား ခုနစ်ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆို
အင်းစိန် ဗဟိုအကျဉ်းထောင်တွင် ပြစ်မှုအသီးသီးဖြင့် ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသားများ အနက် အသက် ၂၀ အောက် အကျဉ်းသား ခုနစ်ဦးသည် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အဆိုပါ အကျဉ်းထောင်ရှိ အမှတ် ၃ အခြေခံပညာ အလယ်တန်းကျောင်းတွင် ဝင်ရောက် ဖြေဆိုကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင် ထံမှ စုံစမ်း သိရှိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
အမည်မသိလေယာဉ်ဝင်မလာလို့ အာရှ အလယ်ပိုင်း နိုင်ငံတွေ ဆို
လူ ၂၃၉ယောက် တင်ဆောင်ပြီး အစအန ရှာမရ ဖြစ်နေတဲ့ မလေးရှား လေယာဉ် ပျောက်ဆုံး ခဲ့တဲ့ မတ်လ ၉ရက်နေ့မှာ သူတို့ နိုင်ငံ လေကြောင်းပိုင်နက်ထဲကို အမည်မသိ လေယာဉ် တစင်းမှ ဝင်ရောက်လာတာ မရှိခဲ့ဘူးလို့ အာရှ အလယ်ပိုင်းက ကာဇက်စတန်နဲ့ ခါဂစ်စတန် နိုင်ငံတွေက ပြောပါတယ်။
ဆက်လက်ဖတ်ရှုပါရန် »
အင်တာနက်စနစ်ကို ပုဂ္ဂလိကနှင့် ပူးပေါင်းပြီး ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းစီစဉ်
ဝိုင်ဖိုင်အင်တာနက် ၀န်ဆောင်မှုစနစ်ကို အများပြည်သူသို့ ဝန်ဆောင်မှုပေး ရောင်းချနိုင်ရန် အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ဆက်လက်ဖတ်ရှုပါရန် »
Mister & Miss University 2014 ပြိုင်ပွဲဝင် ကျောင်းသား တစ်ဦးဖြစ် သူ မောင်ကျော်ဇောဟိန်း၏ နောက်ဆုံး စစ်ဆေးချက်ထွက်ရှိလာ
မြန်မာပြည်တစ်နံတစ်လျားမှ အများပြည်သူများ စိတ်အဝင်စားဆုံး သတင်းတစ်ပုဒ်ဖြစ်သည့် Mister & Miss University 2014 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းဝင် လေ့ကျင့်နေစဉ် သေဆုံးခဲ့သော ပြိုင်ပွဲဝင် ကျောင်းသားတစ်ဦးဖြစ်သူ မောင်ကျော်ဇောဟိန်း၏ သေဆုံးမှု အမှုမှန်ပေါ်ပေါက်လာရေး အတွက်စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေရာ နောက်ဆုံး စစ်ဆေးချက် များ ထွက်ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်ဖတ်ရှုပါရန် »
မုံရွာ-ပုသိမ် ကားလမ်း အုံတုံပင်ကျေးရွာ ထန်းသမားများနှင့် တောင်သူများ ဆန္ဒထုတ်ဖော်
ယင်းမာပင် မြို့နယ်အတွင်း အိမ်ရာ စီမံကိန်းနှင့် ရဲတပ်ရင်း ဆောက်လုပ်မည့် နေရာများကို မြေညှိပြီး ထန်းပင်များ ဖြိုလှဲခံခဲ့ရကာ လေးလခန့် လုပ်ငန်းခွင် ဝင်ရောက်ခွင့် မရခဲ့ခြင်းကြောင့် စားဝတ်နေရေး ရပ်တည်ရန် ခက်ခဲလာသည့် အတွက် အုံတုံပင် ကျေးရွာမှ ဒေသခံ အချို့သည် မတ်လ ၁၇ ရက်နေ့တွင် မုံရွာ-ပုသိမ် ကားလမ်းမပေါ် ထွက်၍ တောင်းစားသည့် ပုံသဏ္ဌန် ပြုလုပ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းကျေးရွာမှ ဒေသခံများက ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
ကချင်ပြည်နယ်မှ လူသတ် တရားခံပြေး မန္တလေးတွင် သေနတ်တစ်လက်နှင့် ဖမ်းမိ
ကချင်ပြည်နယ် တနိုင်းနှင့် ဖားကန့် ဒေသတို့တွင် ကျောက်တူးရာမှ ခွဲတမ်း မျှတစွာ မရသဖြင့် လူသတ်ပြီး ထွက်ပြေးလာသူ လေးဦးအနက် တစ်ဦးကို ပစ္စတို သေနတ် တစ်လက်ဖြင့် မန္တလေးမြို့တော်တွင် မတ်လ ၁၇ ရက်နေ့ နံနက်၂ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူး စိန်ထွန်းက ပြောကြားသည်။
ဆက်လက်ဖတ်ရှုပါရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)