Monday 6 August 2012
ဆီးရီးယားနိုင်ငံ ၀န်ကြီးချုပ် တော်လှန်ရေး အုပ်စုများဘက်သို့ ဘက်ပြောင်း ခိုလှုံ
ဆီးရီးယားနိုင်ငံဝန်ကြီးချုပ် Riad Hijab သည် သမ္မတအာဆတ်၏ အစိုးရအဖွဲ့ဘက်မှ  တော်လှန်ရေးအုပ်စုများ ဘက်သိုဘက်ပြောင်းလိုက်ပြီးဖြစ်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ 
မုန်တိုင်းအန္တရာယ် ယခုနှစ် အောက် တိုဘာ တွင်ကြုံတွေ့ နိုင်ကြောင်း ဒေါက်တာ ဦးထွန်းလွင် သတိပေး ပြောကြား
အင်အားပြင်း မုန်တိုင်းအန္တ ရာယ် ယခုနှစ်အောက်တိုဘာ တွင်ကြုံတွေ့ နိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် ကသတိပေး ပြောကြားသည်။
မုန်တိုင်းအန္တရာယ်နှင့်အတူအ ချိန်အခါမဟုတ်မိုးရွာ သွန်းခြင်းနှင့်ရေကြီး ခြင်းအန္တရာယ် တို့ကိုပါကြုံတွေ့နိုင်သည် ဟု ဆိုသည်။ နှစ်စဉ်မြန်မာ နိုင်ငံ သို့မုန်တိုင်း များဝင်ရောက်လေ့ရှိပြီး
၂၀၁ဝခုနှစ်နှင့်၂၀၁၁ ခုနှစ်အောက်တိုဘာလ တွင်အင်အားပြင်း မုန်တိုင်းများဝင်ရောက်ခဲ့ရာ ယခုနှစ်တွင် လည်းမုန်တိုင်း ဝင်ရောက်နိုင်သဖြင့် သတိ ပေးပြောကြားခြင်း ဖြစ်ကြောင်းသိရသည်။
စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ မြန်မာ့နိုင်ငံရေး (ICG စာတမ်း)
၁။ နိဒါန်း
၂၀၀၁ မတ်လ သမ္မတကြီးဦးသိန်းစိန် ဦးဆောင်တဲ့ ဆီမီးအရပ်သား အစိုးရသစ် တက်လာပြီးကတည်းက မြန်မာနိုင်ငံမှာ အထီးကျန်ဖြစ်မှု အဆုံးသတ်ရေးနဲ့ မြန်မာ့စီးပွားရေး ဂလိုဘယ်စနစ်ထဲ ပူးပေါင်းနိုင်ရေးတို့အတွက် အောက်ခြေသိမ်း ပြုပြင်ပြောင်းလဲမှုများကို ရည်မှန်း ချက် အစီအစဉ်တွေချပြီး စတင်လုပ်ဆောင်လာပါတယ်။
ရထား ၊ ကုန်းလမ်းပို့ဆောင်းရေးနှင့် ဂျပန် ကားကုပ္မဏီ ပူးပေါင်းပြီးကားတင်သွင်းမည်
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ကုန်းလမ်းပို့ဆောင်ရေးဌာနနှင့် ဂျပန်နိုင်ငံ၊တိုကျိုမြို့အခြေစိုက် ဂျပန်ကား ကုမ္ပဏီတို့အကျိုးတူပူးပေါင်းပြီး အဝေးပြေးယာဉ်များနှင့် အများပြည်သူသုံးမော်တော်ယာဉ်(City Bus)အစီးရေ ၃,၀၀၀ တင်သွင်းသွားမည်ဖြစ်ကြောင်း ၎င်းကုမဏီဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးတင်အောင်မြင့်က ပြောသည်။ 
အင်တာနက်ဝက်ဘ်ဆိုက်များပေါ်မှ ငွေပေးချေခြင်း၊ လက်ခံခြင်းများပြုလုပ်နိုင်မည့် online payment Gateway စနစ် စတင်ရန်စီစဉ်
အင်တာနက်ဝက်ဘ်ဆိုက်များပေါ်မှ ငွေပေးချေနိုင်သော၊ ငွေလက် ခံနိုင်သောစနစ်ဖြစ်သည့် -Y Pay ကို စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ရတနာပုံကုမ္ပဏီလီမိတက် စီမံကိန်းများတည်ဆောက်ရေးဌာန၏ ဌာနမှူး ဦးအောင်စံမြတ်ကပြောသည်။ အဆိုပါစနစ်မှာ အွန်လိုင်းမှဖုန်း ဘီလ်ဆောင်သောစနစ်၊ အွန်လိုင်းမှ လျှပ်စစ်မီတာပေးဆောင်သောစနစ်များကဲ့သို့ ငွေပေးချေခြင်းကို အွန်လိုင်းပေါ်မှ ဆောင်ရွက်နိုင်မည်ဖြစ်
ေ ကြာင်းသိရသည်။
မြစ်ရေကြီးခြင်းသတိပေးချက်
ရွှေကျင်မြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် ၁၂နာရီခွဲအချိန်တိုင်းထွာချက်များအရ ရွှေကျင်မြို့တွင် ၇၅၂ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ပြီးစိုးရိမ်ရေအမှတ် ၅၂ စင်တီမီတာ ( ၁.၇) ပေခန့်ကျော်လွန်နေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၃ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေအမှတ် ၇၀၀ စင်တီမီတာအထက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။
ရန်ကုန်ကူးတို့ခရီးစဉ်ငါးခု၏ လက်မှတ်ခမပြောင်းတော့
ရန်ကုန်မြို့ရှိ ကူးတို့ခရီးစဉ်ငါးခု၏ လက်မှတ်ခနှုန်းထားများကို တိုးမြှင့်လိုက်ပြီဟု   ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေးက သြဂုတ် ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ သော်လည်း ပို့ဆောင်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက အခြေခံလူတန်းစားများ စီးနင်း သည့်လိုင်းများဖြစ်သည့်အတွက် နှုန်းထားမတိုးမြှင့်တော့ဘဲ ယခင် နှုန်းအတိုင်းသာ ပြေးဆွဲမည်ဟု သြဂုတ် ၅ ရက်က ကျင်းပသည့် အခမ်းအနားတွင်သတင်းထောက် များကိုပြောကြားလိုက်သည်။ 
Envoy ဂျာနယ် နှင့်အတူ the Voice ဂျာနယ်ပါ ထုတ်ဝေခွင့် ပြန်လည်ရရှိ
စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ထုတ်ဝေခွင့်အား ယာယီရပ်ဆိုင်းခဲ့သော Envoy ဂျာနယ်အား ထုတ်ဝေခွင့် ပြန်လည် ပေးလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဂျာနယ်၏ အယ်ဒီတာ တစ်ဦးက အတည်ပြု   ပြောကြားသည်။  “၂ပတ်ပိတ်ပြီး ပြန်ထုတ်ဝေခွင့် ပေးမယ်လို့ပြောပါတယ်။ မနက်ဖြန်ကြရင် စာနဲ့အကြောင်း ကြားမှာပါလို့ ပြောပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
 နောက်ထပ်ကြားသိရသော သတင်းများအရ the Voice ဂျာနယ်ကိုပါ ပြန်လည်ထုတ်ဝေခွင့်   ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ 
အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်နှင့် Call Center တို့ပူးပေါင်းကာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအား ဖုန်းဖြင့်ဖြေကြားပေးမည်
အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ် (AGD Bank) နှင့် Call Center တို့ပူးပေါင်းကာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများအား ဖုန်းဖြင့်ဖြေကြားပေးမည့် အစီအစဉ်တစ်ရပ် ဆောင်ရွက်မည်ဖြစ်ကြောင်း အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးရဲမင်းဦးကပြောသည်။ အဆိုပါဆောင်ရွက်ချက်ကို လက်ရှိကာလတွင် hot line ဖုန်းနံပါတ်အချို့ဖြင့် စတင်ဆောင်ရွက်ပေးနေပြီးသီးခြားဖုန်းနံပါတ်ကို မကြာမီထုတ်ပြန်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။ “AGD ဘဏ်နဲ့ဆိုင်တဲ့ ဘဏ်လုပ်ငန်းမှန်သမျှ ဘာပဲဖြစ်ဖြစ်   မေးလို့ရမှာဖြစ်ပါတယ်။ အဲဒီလိုမေးရာမှာ ဖြေကြားနိုင်ဖို့အတွက် ဒီက Tarining ပေးထားတာပါ။ စတင်ဖြေပေးနေပါပြီ” ဟု ဦးရဲမင်းဦးကပြောသည်။
KBZ Bank နှင့် AGD Bank ငွေလွှဲခ လျှော့ချမှုကို မကျေနပ်သောကြောင့် အခြားဘဏ်များမှ ဗဟိုဘဏ်ကို တိုင်တန်း
KBZ Bank နှင့် AGD Bank တို့၏ ပြည်တွင်း ငွေလွှဲခ နှုန်းထား လျှော့ချမှုကြောင့် အခြားဘဏ်များမှ ဗဟိုဘဏ်သို့ တိုင်းတန်းမှုများ ပြုလုပ်ခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်သော အစည်းအဝေး တစ်ရပ်ကို ဗဟိုဘဏ်တွင် ယနေ့ပြုလုပ်ခဲ့ကြောင်း CJMyanmar မှ သတင်းရရှိပါသည်။ 
ကျောက်တော်တွင် နေအိမ် ၁၆၀ကျော် မီးရှို့  ခံရ
မြန်မာနိုင်ငံကို ဝေဖန်သူများက လက်ညိုးထိုး ပြစ်တင်စရာရေပန်းစား ခေါင်းစဉ်တစ်ခု ဖြစ်လာနေသည့်   နိုင်ငံ၏ အနောက်ဖက် ကျောက်တော်မြို့နယ်တွင် သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပူအကြမ်းဖက်မှု ထပ်မံဖြစ်ပွါးခဲ့ကြောင်း၊ နေအိမ်ပေါင်း ၁၆၀ကျော် မီးရှို့ခံရပြီး လူသေဆုံးမှုများ လည်းရှိကြောင်း အဆိုပါ မြို့နယ်ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ဒေသခံများထံမှ သိရှိရသည်။
ကျောက်တော်မြို့နယ်တွင် မီးရှို့မူများ ပေါ်ပေါက်နေ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တွင် ရခိုင်နှင့် မွတ်ဆလင်များ အကြားး တဘက်နှင့် တစ်ဘက် အပြန်အလှန် မီးရှို့မူများ ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။ထိုကဲ့သို့ မီးရှို့မူများ ဖြစ်နေသော   ကျေးရွာများးမှာ ဂုတ်ပီထောင့်၊ အပေါက်ဝ၊ ရွှေလိုင်နှင့် တောင်ပေါက်ရွာ တို့တွင် ဖြစ်ကြောင်း သိရသည်။
ရခိုင်အရေးအခင်းတွင် ကုလ၀န်ထမ်းများ ပတ်သက်သည်ဟူသော အချက်အပေါ် ကုလနှင့် မြန်မာ အစိုးရ အမြင်မတူ
ရခိုင်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်ရပ်များဖြစ်ပွားခြင်းနှင့်ဆက် နွယ်သည်ဟုဆိုကာအထိန်းသိမ်းထံခံ ထားရသော ကုလနှင့်နိုင်ငံတတကာ အန်ဂျီအိုဝန်ထမ်းများအပေါ်တင်ထား သည့်စွဲချက်များသည် အခြေ အမြစ်မရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်ရေး အထူးကိုယ်စားလှယ်ကွင်တားနားက ပြောကြား လိုက်သည်။          
ပဲခူးမြို့တွင် ပဲခူးမြစ်ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး စိုးရိမ်ရေမှတ်သို့ ရောက်ရှိလုနီးပါး အခြေအနေတွင်ရှိ
ပဲခူးမြို့တွင် ပဲခူးမြစ်ရေသည် ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ မြစ်ရေ ကြီးမှုများ ဖြစ်ပေါ်နေခဲ့ပြီး သြဂုတ်လ ၅ ရက်နေ့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလုနီးပါးအခြေနေတွင်ရှိနေသဖြင့် ပဲခူးမြို့၊ ခေါင်းဆေးကျွန်းတွင် ရန်ကုန်-မန္တလေး အဝေးပြေး ကား လမ်းမကြီးအား ရေကျော်လုဆဲ အခြေအနေတွင် ရှိနေသည်။
ကျောက်တော်မြို့နယ်၊ တောက်ပေါက်ရွာအနီးရှိ လက်ဆောက်ကောက်ကျေးရွာ(ကုလားရွာ)တွင်တည်ရှိသော ရခိုင်အမျိုးသား ဦးအောင်လှဇံ ပိုင်ဆိုင်သော ဆန်စက်အား ရွာခံကုလားများမှ သိမ်းပိုက်ပြီးမီးရှို့
ကျောက်တော်မြို့နယ်၊ တောက်ပေါက်ရွာအနီးရှိ လက်ဆောက်ကောက်ကျေးရွာ(ကုလားရွာ)တွင် တည်ရှိ
သော ရခိုင်အမျိုးသား ဦးအောင်လှဇံ ပိုင်ဆိုင်သောဆန်စက်အား ရွာခံ ကုလားများ မှ သိမ်းပိုက်ပြီးမီးရှို့လိုက်
သည်ဟု သိရသည်။
(၆.၈.၂၀၁၂) ရက်နေ့ နေ့လည်ပိုင်းသတင်းတိုများ
သတင်းလွတ်လပ်ခွင့် လှုပ်ရှားမှု စတင်  Click
ကျောက်ဖြူတွင် မီးရှို့  ရန်ကြံစည်မှု စွဲချက်ဖြင့် လူတစ်ဦးဖမ်းဆီးခံရ Click 
ကလေးစစ်သားအသုံးမပြုရေး ဂျီနီဗာ သဘောတူညီချက် မွန် နှင့် ကရင်နီအဖွဲ့လက်မှတ်ရေးထိုး Click
ပြည်ထောင်စု အဆင့်တက်နိုင်ရန် အပစ်ရပ် ခိုင်မာဖို့လို ဟု KNU ပြော Click
ကချင် ဒုက္ခသည်ကလေးများ ၀မ်းရောဂါဖြစ်ပွား Click
ကချင်ပြည်နယ်အတွင်း စစ်တပ်လှုပ်ရှားမှု ရှိနေဆဲ Click
သတင်း မီဒီယာ လွတ်လပ်ခွင့်အတွက် မန်းသတင်းထောက်များ တောင်းဆို Click
မျက်နှာဖုံးမည်းသုံးပြီး ဂျာနယ်များ သတင်းလွတ်လပ်ခွင့်တောင်းဆို Click
လုပ်ငန်း ဆောင်ရွက်ချက် မပေးပို့သည့် ကုမ္ပဏီများအား ခွင့်ပြုလုပ်ငန်း စာရင်းမှ ပယ်ဖျက် သွားမည်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန် ထားတဲ့ သတင်းများ အရ ၁၉၉၄ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကခွင့်ပြုမိန့် ထုတ်ပေးထားတဲ့ မြန်မာနိုင်ငံသားများ     
ရင်းနှီးမြှုပ်နှံ ထားတဲ့ ကုမ္ပဏီများ အနေနဲ့ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ များကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ၆ လလျှင် တစ်ကြိမ် ပုံမှန် သတင်းပေးပို့ ရမှာ ဖြစ်ပေမယ့် အချို့ ကုမ္ပဏီတွေမှာ အစီရင်ခံစာ ပေးပို့ခြင်း မရှိဘဲ ပျက်ကွက် နေတယ်လို့ သိရပါတယ်။
ကူတောင် လူသတ်မှုနှင့်ပတ်သက်သည့်သူ ၁၇၀ဦးကို ဖမ်းဆီးစစ်ဆေးနေ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကူတောင် ကျေးရွာရှိရွာသား၉ယောက် အသတ်ခံရမှုနှင့် ပက်သက်ပြီး လူမျိုးခြား ၁၇ဝ ခန့်ကိုဖမ်းဆီး စစ်ဆေးနေ ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ မှတာဝန် ရှိသူ တစ်ဦး ကပြော သည်။
မုံရွာမြို့ပေါ်မှ သတင်းမီဒီယာသမားများ မီဒီယာ ဖိနှိပ်မှုအား ကန့်ကွက်ကြောင်း စုပေါင်း လက်မှတ်ထိုး
အထက် ချင်းတွင်းမြို့တော် ဖြစ်သော မုံရွာမြို့ မီဒီယာ သမားများမှအခြားမြို့ ကြီးများမှ မီဒီယာ
သမားများ နည်းတူ မီဒီယာ ဖိနှိပ်မှုအား ကန့်ကွက်ကြောင်း စုပေါင်း လက်မှတ် ရေးထိုးမှုအား ယနေ့ 
 နံနက်၁၀နာရီ အချိန်ခန့်တွင်ပြုလုပ်ခဲ့ကြောင်းမုံရွာမြို့ခံ မီဒီယာသမား တစ်ဦးက ပြောကြားသည်။
ကင်တင်နား၏ ရခိုင်အရေးကိစ္စ သုံးသပ်ပြောဆိုချက်များ ကို ရန်ကုန်တိုင်းမ် အယ်ဒီတာ မှ လုံးဝလက်မခံ ဟု ဆို
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်စ် အိုဂျီယာ ကင်တင်နားသည် မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာမျှ လာရောက်ပြီးနောက် သြဂုတ်၎ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံမှမထွက်ခွာမီ ရန်ကုန်နိုင်ငံတကာလေဆိပ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းထုတ်ပြန်ချက်တစ်ရပ် ဖတ်ကြားခဲ့သည်။
မြစ်ငါးစင်း ရေကြီးမည်ဖြစ်၍ ထိုမြစ်ကြောင်းတစ်လျှောက် မြို့၊ ရွာများ သတိထားရန်လို
မြစ်ငါးစင်းမှာ စိုးရိမ်ရေမှတ်ထက်ကျော်၍ မြစ်ရေကြီးမည်ဖြစ်သောကြောင့် ထိုမြစ်တစ်လျှောက်ရှိ မြို့ နှင့်   ကျေးရွာများတွင် မြစ်ရေကြီး ရေတက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၆)ရက် နံနက်(၆း၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေခဲ့သော လေဖိအားနည်းရပ်ဝန်းသည် အားပျော့ပျက်ပြယ်သွားပြီး ဖြစ်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။
"နိုင်ငံမဲ့ရိုဟင်ဂျာများအရေးနှင့် သမ္မတကြီး၏သဘောထားအပေါ် ဒုတိယဗိုလ်ချုပ်ကြီးချစ်ဆွေ၏ အမြင်"
နိုင်ငံမဲ့ ရိုဟင်ဂျာများအရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ရိုဟင်ဂျာများအား တတိယနိုင်ငံသို့ ပို့မည်။ လာခေါ်မည့်သူမရှိပါက ခြံခတ်ထားမည်ဟုဆိုကာ မြန်မာနိုင်ငံအတွင်းနေ တိုင်းရင်းသားများ၌ လုံးဝပတ်သက် ခြင်းမရှိသော ရိုဟင်ဂျာများနှင့်ပတ်သက် မိမိ၏ သဘောထားအား အတိအလင်း ထုတ်ပြန်ခဲ့ပြီးနောက် သမ္မတကြီး၏ ရပ်တည်ချက်အပေါ် ပြည်သူများမှ လွန်စွာ အားရဖြစ်လျက်ရှိပြီး အချို့သောဒေသ များ၌မူ သမ္မတကြီး၏ သဘောထား ထုတ်ပြန်မှုအပေါ် ထောက်ခံကြိုဆိုသော အားဖြင့် နိုင်ငံတော် အလံများပါလွှင့်ထူခဲ့ကြသည်။
ခန္ဓာကိုယ်တွင်း အာရုံခံကိရိယာဖြင့် ထောက်လှမ်းနိုင်မည်
အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ FDA က အခုအခါမှာ မျိုချလို့ရတဲ့ Digita ဒစ်ဂျစ်တယ် အာရုံခံကိရိယာ တစ်ခုကိုအတည်ပြု ထောက်ခံပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဒစ်ဂျစ်တယ် အာရုံခံကိရိယာဟာ ဆေးလုံးအရွယ်အစား ပမာဏရှိပြီးတော့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကျန်းမာရေး အချက်အလက်တွေကို စုံစမ်းထောက်လှမ်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အချက်အလက်တွေဟာ လူနာကိုယ်တိုင် သာမကဘဲ ပြုစုစောင့်ရှောက်သူတွေနဲ့ ဆရာဝန်တွေအတွက်ပါ အသုံးဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။
၈.၈.၈.၈
၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်ကလည်း နီးလာပြီဆိုတော့ ၈.၈.၈.၈ ဆိုလို့ တိတျတယောက် ၈ လေးလုံးအကြောင်း လူတတ်လုပ်ပြီး ရေးတော့မယ် မထင်လိုက်ပါနဲ့အုံး။
၂၀၁၄ ခုနှစ် အာဆီယံဥက္ကဌတာဝန်ထမ်းဆောင်ရာတွင် ဂျပန်က အပြည့်အ၀ ကူညီမည်
၂၀၁၄ ခုနှစ် အာဆီယံဥက္ကဌတာဝန်ထမ်းဆောင်ရာတွင်မြန်မာအစိုးရကို ဂျပန်နိုင်ငံက အပြည့်အ၀ ကူညီမည်
ဖြစ်ကြောင်း မြန်မာတိုင်းရင်းသား လူမျိုးများဆိုင်ရာ စေတနာရှင် ဂျပန်သံအမတ်ကြီးက ပြောကြားသည်။
အပြည့်အစုံ
ရိုဟင်ဂျာ အရေး အမြန်ဆုံး အကောင်အထည်ဖော်ရန် သမ္မတထံ ရခိုင်ကိုယ်စားလှယ် အကြံပြု
ရခိုင်ပြည်အတွင်း ၀င်ရောက်နေထိုင်နေကြသော ရိုဟင်ဂျာ အမည်ခံ လူမျိုးများ အရေးနှင့် ပတ်သတ်၍ နိုင်ငံတော် သမ္မတကြီး၏ ရဲရင့်ပြတ်သားစွာဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်ကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် အကြံ ပြုခံကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သိရှိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီ KNU နဲ့ အကြို ဆွေးနွေး
ကရင်အမျိုးသား အစည်းအရုံးက ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာအစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင် စု ၀န်ကြီး ဦးအောင်မင်းတို့ အဖွဲဟာ မကြာခင်လုပ်မယ့် အစည်းအဝေး အတွင်း နှစ်ဘက် တပ်မတော် က လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်စည်းကမ်းတွေနဲ့ ပတ်သက် လို့ ဆွေးနွေးကြဖို့ အတွ
က် မြ၀တီမြို့ မှာ ဒီကနေ့ အကြို ညှိနှိုင်းခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ၏ အခမဲ့ Wi Fi စနစ်
ဓာတ်ပုံ- ယင်လတ်ရှင်နာဝတ်၏ ဖေ့စ်ဘုတ်စာမျက်နှာ
ဘန်ကောက်မြို့မှာတော့ ICT Expo 2012 ပြပွဲကို ထိုင်းဝန်ကြီးချုပ် ဒေါ်ယင်လတ်က အခမ်းအနားနဲ့ ဖွင့် လှစ်ပေးခဲ့ပြီး အဲဒီအထဲမှာ ဘန်ကောက်မြို့အနီးဝန်းကျင် Muang Thong Thani. အတွက် အခမဲ့ Wi Fi စနစ်ကို တိုးချဲ့မှု ပါဝင်ကြောင်း သိရပါတယ်။
Tablet နှင့်သုံးနိုင်မည့် mouse နှင့် keyboard များကို Microsoft မိတ်ဆက်
Windows 8 နှင့် Windows 8 RT အသုံးပြု မိုဘိုင်းထုတ်ကုန်များနှင့် တွဲဖက်အသုံးပြုနိုင်မည့် mouse နှင့် keyboard များကို Microsoft ကုမ္ပဏီက မိတ်ဆက်ပြသခဲ့သည်။ အဆိုပါ mouse နှင့် keyboard များကို Windows 8 tablet များနှင့် laptop များတွင် ချိတ်ဆက်အသုံးပြုနိုင်ရန် ရည်ရွယ်ထားသော်လည်း iOS နှင့် Android tablet များနှင့်လည်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း Microsoft မှပြောကြားခဲ့သည်။
Broadband အင်တာနက်ချိတ်ဆက်မှုများထက် အဆ ၁၀၀ ပိုမြန်သည့် အင်တာနက်ကွန်ရက်ကို Google မိတ်ဆက်
နည်းပညာကုမ္ပဏီကြီးဖြစ်သည့် Google က broadband အင်တာနက်ချိတ်ဆက်မှုများထက် အဆ ၁၀၀ ပိုမို လျင်မြန်သည့် အင်တာနက်ကွန်ရက်သစ်ကို အမေရိကန်နိုင်ငံရှိ Kansas နှင့် Missouri ပြည်နယ်နှစ်ခုအတွက် မိတ်ဆက်ပေးခဲ့ ကြောင်း သိရသည်။ Google Fiber ဟုခေါ်သည့် အလွန်လျင်မြန်သော အဆိုပါ gigabit အင်တာနက်ဝန်ဆောင်မှုကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၇၀ ဖြင့်လည်းကောင်း အင်တာနက်နှင့် တီဗွီဝန်ဆောင်မှုအတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၂၀ ဖြင့်လည်းကောင်း ဝယ်ယူအသုံးပြု နိုင်မည်ဖြစ်သည်။ တီဗွီဝန်ဆောင်မှုတွင် အဝေးထိန်း ခလုတ်ပါဝင်သည့် Nexus 7 tablet တစ်လုံးပါဝင် ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည် အား ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦးက ဝေဖန် ပြောဆို
ကာတာ နိုင်ငံ အခြေစိုက် အယ်(လ)ဂျာဇီးယား ရုပ်သံ နဲ့  အင်္ဂလန် နိုင်ငံ လန်ဒန် အခြေစိုက် မြန်မာ ရိုဟင်ဂျာ အစည်း အရုံး (ယူကေ) နဲ့  တွေ့ ဆုံ မှု မှာ BROUK က ထွန်းခင် က မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဗြိတိသျှ ပါလီမန် မှာ စကား ပြော ခဲ့ ပေမယ့် ရိုဟင်ဂျာ
အကြောင်း ထည့် သွင်း ပြောကြား ခဲ့ တာ မရှိ ဘူး ၊ ဘီဘီစီ မြန်မာ ပိုင်း ဘာသာ အစီအစဉ် မှာ ရို
ဟင်ဂျာ ဘာသာ စကား အစီအစဉ် ပါ ရှိပေမယ့် သူက ရိုဟင်ဂျာ ဆို တာ ကျွန်မ မသိဘူး လို့  ပြော
သွား ခဲ့ တယ် လို့  သူက ဝေဖန် ပြောကြားခဲ့ ပါတယ်။
Chrome browsing အချက်အလက်များကို အလိုအလျောက် ဖျက်ခြင်း
နာမည်ကျော် Web browser တွေထဲက တစ်ခုဖြစ်တဲ့ Chrome ကို စွမ်းဆောင်ရည်ကောင်းမွန်စွာနဲ့ အသုံးပြုနိုင်ပေမယ့် browsing အချက်အလက်များအပါအဝင် download history, cache, cookies တို့ကို အလိုအလျောက် ဖျက်တဲ့အခါမှာ သိမ်းဆည်းထားတဲ့ အချက်အလက်တွေပါ ပျောက်ဆုံးသွားတတ်ပါတယ်။ ဒါကြောင့် Chrome extension ဖြစ်တဲ့ Click&Clean ကိုအသုံးပြုပြီး လုပ်ဆောင်ချက်များကို အလိုအလျောက် ပြုလုပ်နိုင်စေမယ့် နည်းလမ်းကို ဖော်ပြလိုက်ပါတယ်။
ယနေ့ (သြဂုတ်လ ၆ ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးမည့် မေးခွန်းများ
ယနေ့ (သြဂုတ်လ ၆ ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌
(၁) တစ်ဦးချင်း ကုန်သွယ်ကတ် ထုတ်ပေးရေး ကန့်သတ်ထားသော ပစ္စည်းများ တင်သွင်းခွင့်ကို   ဖြေလျော့ပေးရေး ကုန်ပစ္စည်းကို ကန့်သတ်မည့်အစား တင်သွင်းခွင့် ပေးပြီး အခွန်စနစ်ဖြင့် ထိန်းချုပ်ရေး အများပြည်သူ စားသုံးရန် မသင့်သော ကုန်ပစ္စည်းများကို နယ်စပ်နေ ပြည်သူများ သိရှိလိုက်နာရန် စစ်ဆေးထုတ်ပြန်ရေးနှင့် စပ်လျဉ်းသည့် မေးခွန်း
AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်) ငွေဈေးနှုန်း
6th August (9:30 am) Exchange Rate
FEC >> Buy 867 ~ Sell 874
USD >> Buy 867 ~ Sell 874
SGD >> Buy 696 ~ Sell 706
EURO >> Buy 1076 ~ Sell 1086
လွှတ်တော် ကိုယ်စားလှယ်တော် ကြီးများ၏ လုံခြုံရေး တိုးမြှင့်စစ်ဆေးနေ
မီဒီယာ မွှေးတဲ့ မီး
“ရိုဟင်ဂျာ” ရေးဟာ ပါးနပ်စွာနဲ့ ကိုင်တွယ်ရမယ့် အရေးပဲ ဖြစ်ပါတယ်။
ရိုဟင်ဂျာ တွေဟာ အရမ်းကို ပါးနပ်လွန်းတယ်။ ပြီးတော့ ကောက်ကျစ်လွန်းတယ်။
ကျနော့်ကို တိုက်ခိုက်တဲ့ “စိုင်းလတ်”ဟာ တချိန်တည်းမှာ ကျနော့်ကို “မျှတစွာ ရပ်တည်တယ်” လို့ တဖက်လှည့်နဲ့ စည်းရုံးတယ်။ တချိန်တည်းမှာ နိုင်ငံတကာ ကို ကျနော့်ကို အစွန်းရောက်လူမျိုးရေး
ကျဉ်းမြောင်းသူ အနေနဲ့မဟုတ်တမ်းတရား ၀ါဒဖြန့်တယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဆူဆီလို ယူဒိုယူနို က ရခိုင်အရေးအပေါ် မြန်မာအစိုးရ ကိုင်တွယ်မှုအား ထောက်ခံ
ကမ္ဘာမှာ မူစလင်ဘာသာဝင်အများဆုံးရှိရာ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတ ဆူဆီလို ယူဒိုယူနို က ရခိုင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခ နဲ့ပတ်သက်လို့  မြန်မာနိုင်ငံ အစိုးရဟာ အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနေကြောင်း ပြောကြားလိုက်ပါတယ်။
ကုန်းပိုင်းလုပ်ကွက်များတွင် နိုင်ငံခြားကုမ္ပဏီများနှင့် ပူးပေါင်းရန် ပြည်တွင်းကုမ္ပဏီ ၆၀ ကျော်ကမ်းလှမ်း
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၏ ကျန်ရှိနေသေးသော ကုန်းပိုင်းလုပ်ကွက် ၃၀ ၀န်းကျင်တွင် နိုင်ငံခြား ကုမ္ပဏီများနှင့် အကျိုးတူပူး ပေါင်းဆောင်ရွက်နိုင်ရန် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီ ၆၀ ကျော် လာရောက်ကမ်း လှမ်းထားကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ရွှေပြည်သာမြို့နယ် ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်
မိုးတွင်းကာလ မြစ်ရေ၊ ချောင်းရေ ကြီးမြင့်ခြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းဒေသ ကြီး ရွှေပြည်သာမြို့နယ် လိပ်ပုတ်ချောင်း နှင့်ဆက်စပ်လျက်ရှိသော အမှတ် (၁၆) ရပ်ကွက်နှင့် အမှတ်(၁၇)ရပ်ကွက်အတွင်းရှိ လူနေအိမ်အချို့နှင့် တာလမ်းမ ရေနစ်မြုပ်ခြင်း၊ ရေလွှမ်းမိုးခြင်းများ သြဂုတ် ၃ ရက် နံနက်ပိုင်းက စတင်ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
(၆.၈.၂၀၁၂) ရက်နေ့ သတင်းတိုများ
မောင်တောမြို့နယ်ရှိ ဒုက္ခသည်များကို အကူအညီပေးရန် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းပြော click
ကျောက်တော်တွင် ဘင်္ဂလီမူဆလင်များ ထပ်မံအကြမ်းဖက်  click   
လယ်သမားအရေး ဆောင်ရွက်သူများအား အုပ်ချုပ်ရေးအာဏာပိုင် ဖိအားပေး click
ထိုင်းမြန်မာ အလုပ်သမား MOU စနစ်ပြောင်းပြီ click
မိုးများလွန်း၍ ပန်းတနော်မှ ကွမ်းခြံစိုက်တောင်သူများ အခက်ကြုံ click
ကရင်ပြည်နယ်၌ အဖမ်းခံရသူ သြစီနိုင်ငံသားအား ထိုင်းလက်သို့ပြန်လွဲအပ်ခဲ့ပြီး click
ကျောက်တော်မြို့ အပေါက်ဝကျေးရွာတွင် ဒုတိယအကြိမ် မီးရှို့မှု ဖြစ်ပွား
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် ယနေ့ မွန်းလွဲ ၃နာရီက မီးရှို့မှု ဒုတိယအကြိမ်ဖြစ်ပွားကာ ၂ လတာအတွင်း ဒုတိယအကြိမ် မီးရှို့မှုဖြစ်၍ အိမ်ခြေ ၃၀ ကျော် မီးလောင်ကျွမ်းခဲ့ရသည်ဟု အမည်မဖေါ်လိုသူ ကျေးရွာသားတဦးက YPI သို့ပြောသည်။
ဂျပန်၏ အကြီးဆုံး ပို့ဆောင်ရေး လုပ်ငန်းစုကြီးဖြစ်သည့် NYK Group က ယခုနှစ်အကုန်တွင် မြန်မာနိုင်ငံနှင့် တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်နိုင်ရန် ရုံးခန်းဖွင့်မည်
ဂျပန်နိုင်ငံ၏ အကြီးဆုံး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းစုကြီးဖြစ်သည့် NYK (Nippon Yusen Kaisha) Group က မြန်မာနိုင်ငံနှင့် တိုက်ရိုက်ဆက်သွယ်ကာ လုပ်ငန်းများဆောင်ရွက်ရန် ယခုနှစ်အကုန်တွင် မြန်မာနိုင်ငံ၌ ရုံးခန်း လာရောက်ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီအဖွဲ့မှ အုပ်ချုပ်မှု အဖွဲ့ဝင်အချို့က   ပြောကြားခဲ့သည်။
မရင်းချောင်းတစ်လျှောက်ရှိ ဆည်များနှင့် အင်းများ၏ အတားအဆီးများကြောင့် ရေလျံမှုများ နှစ်စဉ်ဖြစ်ပေါ်ပြီး လယ်ဧကများ ရေနစ်မြှုပ်မှုဖြစ်ပေါ်
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၌ မိုးတွင်းတွင် မရင်းချောင်းတစ်လျှောက်ရှိ ဆည်များနှင့် အင်းများ၏ အတားအဆီးများကြောင့် မရင်းချောင်းရေလျှံမှုများ နှစ်စဉ်ဖြစ်ပေါ်ပြီး လယ်ဧကများ   ရေနစ်မြှုပ်မှုနှင့် ဒေသခံများ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။
''အရင်တုန်းကဆို မိုးအရမ်းများမှ သုံးနှစ်လေးနှစ်ကြာ တစ်ကြိမ်ပဲ ချောင်းရေလျံတာတွေ ဖြစ်ပါတယ်။၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ ချောင်းတစ်လျှောက် ဆည်တွေနဲ့အင်းတွေရဲ့ အတားအဆီးတွေကြောင့်   နှစ်စဉ်ချောင်းရေကျော်တဲ့အတွက် ဒေသခံ တွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တချို့နှစ်တွေမှာ   ချောင်းရေကျော်တာကြောင့် လူသေဆုံးခဲ့ရတာတွေတောင် ရှိပါတယ်။
မရင်းချောင်းတံတားရေကျော်တဲ့အတွက် သွားလာရေး အခက်အခဲတွေ၊ ချောင်းရေကျော်ပြီး လယ်တွေနစ်မြှုပ်တဲ့အ တွက် လယ်သမားတွေ ပြန်စိုက်ရတဲ့အခါ ဆုံးရှုံးမှုတွေ ရှိပါတယ်။ မရင်းချောင်းဝန်းကျင်မှာ ကျေးရွာအုပ်စု လေးအုပ်စုရှိပြီး လယ်အပြင် ဥယျာဉ်ခြံထွက်သီးနှံတွေပါ စိုက်ပျိုးပါတယ်''ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုဂုဏ်ရည်စိုးက ပြောကြားခဲ့သည်။
''မရင်းချောင်း ရေကျော်တဲ့အတွက် အများအပြား ထိခိုက်တာကတော့ လယ်ဧကတွေပါ။ မရင်းချောင်းဝန်းကျင်မှာ လယ်ဧကရာကျော် ရှိပါတယ်။ မနှစ်ကဆိုရင် ရေနစ်မြှုပ်တဲ့အတွက် သုံးကြိမ်တောင် ပြန်စိုက်ရတဲ့အခါ လယ်သမားတွေ ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ဒီဒေသမှာက တခြားဥယျာဉ်ခြံထွက်သီးနှံတွေပါ စိုက်တဲ့အတွက် ဥယျာဉ်စိုက်ပျိုးမှုတွေကိုလည်း ထိခိုက်မှုရှိပါတယ်။ ထိခိုက်မှုက အနည်းနဲ့အများပဲ ကွာခြားပါတယ်။ ရေကတစ်ခါကျော်ရင် လနဲ့ချီပြီး ကြာတဲ့အတွက်   ဒေသခံကျောင်းသား၊ ကျောင်းသူတွေ၊ ဒေသခံတွေ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ ပို့ဆောင်ဆက်သွယ်ရေးအတွက် ကားတွေလည်း ထွက်လို့မရတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးကုန်ပါတယ်။ မိုးတွင်းမှာ ကုန်ဈေးနှုန်းကလည်း နှစ်တိုင်းတက်ပါတယ်''ဟု   ဒေသခံတစ်ဦးဖြစ်သူ ကိုဝင်းခိုင်စိုး၏ ပြောကြားချက်အရ သိရပါသည်။
ref:EMG
ပဲခူးမြို့တွင် ပဲခူးမြစ်ရေကြီးမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး စိုးရိမ်ရေမှတ်သို့ ရောက်ရှိလုနီးပါး အခြေအနေတွင်ရှိ
ပဲခူးမြို့တွင် ပဲခူးမြစ်ရေသည် ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ မြစ်ရေ ကြီးမှုများ ဖြစ်ပေါ်နေခဲ့ပြီး သြဂုတ်လ ၅ ရက်နေ့တွင် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလုနီးပါးအခြေနေတွင်ရှိနေသဖြင့် ပဲခူးမြို့၊ ခေါင်းဆေးကျွန်းတွင် ရန်ကုန်-မန္တလေး အဝေးပြေး ကား လမ်းမကြီးအား ရေကျော်လုဆဲ အခြေအနေတွင် ရှိနေသည်။
ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် မြစ်ရေကြီးမှု စတင်ဖြစ်ပေါ်ချိန်မှ စတင်၍ မြစ်ရေကြီးအမှတ်ဖြစ်သည့်(၈၆၀) စင်တီမီတာအထက်တွင်သာ တည်ငြိမ်နေခဲ့သည်။ မြစ်ရေသည် စိုးရိမ်ရေအမှတ်ဖြစ်သည့်  ၉၁၀ စင် တီမီတာသို့ ရောက်ရှိခြင်းမရှိသော်လည်း ပြန်လည်ကျဆင်းခြင်းမရှိဘဲ ရေကြီးမှု ရက်ရှည်ဖြစ်ပေါ်နေသည်။