မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ သမိုင်းကြောင်းတစ်လျှောက် အရုပ်ဆိုး အကျည်းတန်စေခဲ့သော ၂၀၀၇ သံဃာအရေးအခင်းဖြစ်စဉ် ကာလအတွင်း သာသနာရေးဝန်ကြီးဌာန၌ အကြံပေးအဖြစ် ထမ်းဆောင်ခဲ့သော ဦးအံ့မောင်(၀ဲ-ဒု)ကို အခြားတာဝန်ရှိသူများနှင့် အတူ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်
တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက်ရှိ လက်ရှိသီတင်းသုံးနေသည့် ဆရာတော်များမှာ ၀ိနည်းနှင့် အညီ နေထိုင်ခြင်း မရှိသောကြောင့် စစ်ဆေး အရေးယူရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဇွန် ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် အဆိုပါကျောင်းတိုက်ကိစ္စနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲ၌ နိုင်ငံတော် သမ္မတရုံး အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ဦးအံ့မောင်က ပြောကြား သည်။