ဆိုဗီယက် ပြည်ထောင်စုမှာ သမ္မတချာနင်ကို ကွယ်လွန်ပြီးနောက်
၁၉၈၅ ခုနှစ်တွင် မီးခေးဂေါ်ဘာချော့ဗ် သမ္မတ ဖြစ်လာခဲ့ပြီး ပွင့်လင်းတက်ကြွစွာ အနောက်အုပ်စုနှင့်
နွေးထွေးသော ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှစတင်ပြီး ပွင့်လင်းမှု၊
ပြုပြင်တည်ဆောက်မှုနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုစတဲ့ လှုပ်ရှားမှုသုံးရပ်စလုံးမှာ
ဆိုဗီယက် လူမှုနိုင်ငံရေး အခြေအနေကို ပြောင်းလဲရန်အတွက် ပေါ်ပေါက်ခဲ့သော အခြေခံမူများ
ဖြစ်သော်လည်း ပဲရက်စထရိုက်ကာ ခေါ် ''ပြုပြင် တည်ဆောက်မှု''မှာစီးပွားရေးနှင့်သက်ဆိုင်သောကိစ္စရပ်များဖြစ်တဲ့အတွက်ဆိုဗီယက်ရဲ့ပြုပြင်ပြောင်းလဲရေး
တွင်အဓိကကျသော အချက်တစ်ချက်ဖြစ်လာခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုများ အောင်မြင်ရန်အတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှု အောင်မြင်ရေးနှင့်အမျိုးသားစည်းလုံးညီညွတ်ရေးရရှိရေးသည်
အရေးကြီးသော အချက်နှစ်ချက် ဖြစ်လာခဲ့တာ ကို တွေ့ရှိခဲ့ရပါတယ်။
ဂိုဘာချော့ဗ်ဟာ ပဲရက်စထရိုက်ကာ လမ်းစဉ်ကို ချမှတ်ကာ ဆိုဗီယက်စီးပွားရေးတစ်ခုလုံးအား
ပြုပြင်ပြောင်းလဲမှုလုပ်ခဲ့ရာ ကမ္ဘာ့နိုင်ငံအသီးသီးက အထူးစောင့်ကြည့် စိတ်ဝင်စားခဲ့ပါတယ်။
ဘရက်ဇညက် သမ္မတလက်ထက်ကတည်းက စီးပွားရေးဆုတ်ယုတ်ခဲ့တဲ့အတွက် ဂိုဘာချော့ဗ်ရဲ့ ပဲရက်စထရိုက်ကာ ပြောင်းလဲရေး
အကောင်အထည်ဖော် ဆောင်ရွက်မှုတွေမှာ အမေရိကန်အပါအဝင် အနောက်နိုင်ငံများမှ ထောက်ပံ့မှုများ၊
ချေးငွေများပေးခဲ့ပါတယ်။ စီးပွားရေးလမ်းစဉ်ကိုပြောင်းလဲခဲ့ရုံသာမက အုပ်ချုပ်ရေးလမ်းစဉ်
ကိုလည်း ကွန်မြူနစ်စနစ်မှ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲခဲ့ပါတယ်။