Friday 22 January 2016

မုဒိမ်းမှုများ ကျူးလွန်ခဲ့သည့် အမေရိကန်ရဲအရာရှိကို ထောင်ဒဏ် ၂၆၃ နှစ် ပြစ်ဒဏ်ချမှတ်

အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိဟောင်းတစ်ဦးကို မုဒိမ်းမှုနှင့် အခြားသောစွဲချက်များအတွက် ထောင်ဒဏ် ၂၆၃ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

အသက် ၂၉ နှစ်ရှိ ဒန်နီရယ်လ် ဟော့ဇ်ကလောသည် ကင်းလှည့်တာဝန်များ ထမ်းဆောင်နေချိန်တွင် အာဖရိကန်နွယ်ဖွား အမေရိကန်အမျိုးသမီးများကို ပစ်မှတ်ထားရှာဖွေကာ လိင်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သူ ဖြစ်သည်။ ပြီးခဲ့သည့်လက ၎င်းအနေဖြင့် စွဲချက် ၃၆ ခုအနက် ၁၈ ခုတွင် အပြစ်ရှိကြောင်း ဟော့ဇ်ကလောက မျက်ရည်လည်ရွဲဝန်ခံခဲ့ပြီးနောက် ဇန်နဝါရီ ၂၁ ရက်တွင် ဂျူရီအဖွဲ့က အဆိုပါပြစ်ဒဏ်ကို ချမှတ်ခဲ့သည်။

ဟော့ဇ်ကလော အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုသည့် စွဲချက်များတွင် မုဒိမ်းမှု ၄ မှုနှင့် ဓမ္မတာနှင့် မလျော်ညီသည့် အဓမ္မလိင်ဖျော်ဖြေစေမှု ၄ မှုတို့ ပါဝင်သည်။ အစိုးရရှေ့နေများက ဟော့ဇ်ကလောသည် အိုကလာဟိုးမားရှိ ဆင်းရဲနွမ်းပါးပြီး ပြစ်မှုမှတ်တမ်းနောက်ခံရှိသည့် အမျိုးသမီးများကို ပစ်မှတ်ထားလေ့ရှိပြီး ယင်းတို့၏အတိတ်များကို အခွင့်အရေးယူအသုံးချ အမြတ်ထုတ်လေ့ရှိကြောင်း ပြောကြားခဲ့သည်။ ဟော့ဇ်ကလောကို ရုံးတင်စစ်ဆေးချိန်တွင် အမျိုးသမီး ၁၃ ဦးက သူမတို့အပေါ် ၎င်းကျူးလွန်ခဲ့သည့် ကိစ္စများကို ဝန်ခံထွက်ဆိုလာကြသည်။

ဟော့ဇ်ကလော၏ ယုတ်မာမှုခံရသူ အမျိုးသမီးအားလုံးသည် အာဖရိကန်ဖွားလူမည်းများ ဖြစ်နေသောကြောင့် ယခုအမှုသည် လူမျိုးရေးရှုထောင့်မှ ဝေဖန်မှုများပါခံလာရသည်။ အထူးသဖြင့် ဂျူရီလူကြီးအားလုံး လူဖြူများကို ရွေးချယ်ထားခြင်းအပေါ်
ထောက်ပြကန့်ကွက်မှုများ ထွက်ပေါ်လာသည်။ သို့သော်လည်း ဂျူရီအဖွဲ့က အဆုံးသတ်ပြစ်ဒဏ်ကို အပြင်းထန်ဆုံးချမှတ်သွားခဲ့သည်။

ဟော့ဇ်ကလော၏ဖခင်မှာ လူဖြူရဲအရာရှိတစ်ဦးဖြစ်ပြီး မိခင်မှာ ဂျပန်သူတစ်ဦးဖြစ်သည်။ ၎င်းက အနည်းဆုံး အဖွားအိုတစ်ဦးနှင့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအပါအဝင် အနည်းဆုံး အမျိုးသမီး ၈ ဦးအပေါ် အနိုင်အထက် ပြုကျင့်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရှိရသည်။
Ref: Root

အလုံပိတ်တဲများကြောင့် တိုင်းရင်းသားကျေးရွာရှိ အငှားမြေနေရာ ပြန်သိမ်း

ပြည်ထောင်စုတိုင်းရင်း သားကျေးရွာအတွင်းရှိ ပုဂ္ဂလိက သို့ အငှားချထားသည့် မြေ ၁၀ ဧကနေရာတွင် အလုံပိတ်တဲငယ်များ ဖွင့်လှစ်ထားသဖြင့် ပြန်လည်သိမ်းယူလိုက်ပြီး တာဝန်ရှိသူများကို အရေးယူ ဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာရှိ အလုံပိတ်တဲငယ်များ တွင် တက္ကသိုလ်ကျောင်းသားများ နှင့် လူငယ်စုံတွဲများ ၀င်ထွက်မှုရှိ နေသဖြင့် မသင့်လျော်ကြောင်း မီဒီယာများ၌ ဖော်ပြခဲ့သဖြင့် ၀န်ကြီးဌာနက တုံ့ပြန်အရေးယူ ခြင်းဖြစ်သည်။

အိုင်အက်စ်တို့ကို တိုက်ခိုက်ရန် အမေရိကန် နာမည်ကျော် တိုက်လေယာဉ်များ အနားပေးမည့် အစီအစဉ် ရွှေ့ဆိုင်းရဖွယ်ရှိ

 
အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်နေသည့် စစ်ဆင်ရေးကြောင့် အမေရိကန်၏ နာမည်ကျော် A-10 မြေပြင်စစ်ဆင်ရေး ဗုံးကြဲတိုက်လေယာဉ်များကို အနားပေးမည့်ကာလ ရွှေ့ဆိုင်းသွားဖွယ် ရှိနေကြောင်း သိရသည်။

နှစ်ပေါင်း ၁၃၀ နီးပါး ကြာပြီးမှ ဦးခေါင်းနှင့် ခန္ဓာကိုယ် ပြန်လည်ဆက်စပ်နိုင်ခဲ့သည့် နတ်ဘုရားရုပ်တု

နတ်ဘုရားရုပ်တုကို အမွှေးနံ့သာများ ဖြန်းပက်နေသည့် ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ် ဆော့ခ်အန်း။
ကမ္ဘောဒီးယားနိုင်ငံရှိ ဦးခေါင်းနှင့်ခန္ဓာကိုယ် တခြားစီဖြတ်တောက်ခြင်းခံထားရသည့် ဟိန္ဒူနတ်ဘုရားရုပ်တုတစ်ခုကို နှစ်ပေါင်း ၁၃၀ နီးပါးအကြာတွင် ပြန်လည်ပေါင်းစပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ကမ္ဘောဒီးယားကို ပြင်သစ်တို့ ကိုလိုနီအဖြစ် အုပ်စိုးစဉ်က အဆိုပါ နတ်ဘုရားရုပ်တု၏ဦးခေါင်းကို ယူဆောင်သွားပြီး ပါရီရှိ ဂီမတ်ပြတိုက်တွင် နှစ်ပေါင်းများစွာ ပြသထားသည်။ ဂီမတ်သည် အာရှအနုပညာလက်ရာများကို ပြသသည့်ပြင်သစ်အမျိုးသားပြတိုက်လည်း ဖြစ်သည်။

ဘဏ်သို့ ချေးငွေလာသွင်းသည့်တောင်သူထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁၈ ရွက်တွေ့

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ လယ် ယာစိုက်ပျိုးရေးဘဏ်သို့ ချေးငွေ လာရောက်ပေးသွင်းသည့် တောင်သူတစ်ဦးထံမှ ကျပ်တစ်သောင်း တန်ငွေစက္ကူအတု ၁၈ ရွက်တွေ့ ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဒေသအများစုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်

တိုင်းဒေသကြီးနှင့် ပြည်နယ်သုံးခုမှ လွဲ၍ မြန်မာနိုင်ငံဒေသအနှံ့တွင် ဇန်န၀ါရီ ၂၁ ရက်မှ၍တစ်ပတ်အတွင်း အချိန်အခါမဟုတ်မိုး ရွာသွန်းနိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။

နိုင်ကျဉ်းများ လွှတ်ပေးရန် ကန်နိုင်ငံခြားရေးဒုဝန်ကြီး တိုက်တွန်းချက် ထိရောက်မည်ဟု ယုံကြည်ကြောင်း နိုင်ကျဉ်းအဖွဲ့ပြော

နိုင်ငံရေးအကျဉ်းသား များလွှတ်ပေးရန်အမေရိကန် နိုင်ငံခြားရေးဒုဝန်ကြီး၏ တိုက်တွန်းချက် ထိရောက်မှုရှိမည်ဟု ယုံကြည်ကြောင်းနိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)မှ နိုင်ငံရေးအကျဉ်းသားရေးရာကော်မတီအတွင်းရေးမှူး ဦးထွန်းကြည်ကပြောသည်။

လွမ်းမောခဲ့ဖူးသည့် နွေကြိုရက်များ

သည်လိုအချိန်မျိုးရောက်သည်နှင့် ကျောင်းဝင်းများအတွင်း သစ်ရွက်ခြောက်များ ကြွေကျနေလေ့ရှိသည် (ဓာတ်ပုံ-ညီညီဇော်)
သည်နှစ်မန္တလေးဆောင်းတွင်းကတော့ ဆောင်းတာရှည်လွန်းအား ကြီးသည်ဟုပင်ထင်မိသည်။ ဇန်နဝါရီလလယ် ရောက်နေတာတောင် ချမ်းလို့အေးလို့ အားမရသေး။ အချို့နေရာမှာ သစ်ရွက်ခြောက်တွေကြွေစပြုပြီ။ သစ်ပင်တွေလည်း အရိုးပြိုင်းပြိုင်း၊ ခါးကိုင်းကိုင်းဖြစ်စပြုပြီ။ နွေရဲ့အကြို လက်ပံတွေတောင်ဖူးချင်ချင်ဖြစ်နေသည့်အချိန်မှာ ဆောင်းကထွက်ဖို့တောင် တာမစူသေး။ အခုထိကို ခိုက်ခိုက်တုန်အောင် ချမ်းအေးနေဆဲ။

အလုံပိတ်တဲများကြောင့် တိုင်းရင်းသားကျေးရွာရှိ အငှားမြေနေရာ ပြန်သိမ်း

အလုံပိတ်တဲအချို့ကို မဖယ်ရှားရသေးမီနှင့် အလုံပိတ်တဲများကို ဖယ်ရှားနေစဉ် (ဓာတ်ပုံ − Yangon Police)
ပြည်ထောင်စုတိုင်းရင်း သားကျေးရွာအတွင်းရှိ ပုဂ္ဂလိက သို့ အငှားချထားသည့် မြေ ၁၀ ဧကနေရာတွင် အလုံပိတ်တဲငယ်များ ဖွင့်လှစ်ထားသဖြင့် ပြန်လည်သိမ်းယူလိုက်ပြီး တာဝန်ရှိသူများကို အရေးယူ ဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။

ဒေသအများစုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်

တိုင်းဒေသကြီးနှင့် ပြည်နယ်သုံးခုမှ လွဲ၍ မြန်မာနိုင်ငံဒေသအနှံ့တွင် ဇန်န၀ါရီ ၂၁ ရက်မှ၍တစ်ပတ်အတွင်း အချိန်အခါမဟုတ်မိုး ရွာသွန်းနိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။

ဘဏ်သို့ ချေးငွေလာသွင်းသည့်တောင်သူထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁၈ ရွက်တွေ့

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ လယ် ယာစိုက်ပျိုးရေးဘဏ်သို့ ချေးငွေ လာရောက်ပေးသွင်းသည့် တောင်သူတစ်ဦးထံမှ ကျပ်တစ်သောင်း တန်ငွေစက္ကူအတု ၁၈ ရွက်တွေ့ ရှိခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတွင် ကျန်းမာရေးထောက်ခံချက်မရှိဘဲ ရောင်းနေသည့် ရေသန့်လုပ်ငန်း ၁၀ ခု ထပ်မံတွေ့ရှိ

မန္တလေးမြို့လယ်နှင့်နာရီစင်ကိုအပေါ်စီးကတွေ့ရစဉ်-ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
မန္တလေးတွင် သောက် ရေသန့်ထုတ်လုပ်ရောင်းချနေ သည့်လုပ်ငန်းများကို ရှောင်တခင် ၀င်ရောက်စစ်ဆေးရာမှ ကျန်းမာ ရေးထောက်ခံချက်မရှိဘဲ ရောင်း ချနေသည့် သောက်ရေသန့်လုပ် ငန်း ၁၀ခုတွေ့ခဲ့ရကြောင်း မန္တလေး တိုင်း အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ သတင်းရရှိသည်။

ရာသီပြောင်းလဲမှုကြောင့် စိုက်ခင်းများတွင် ထိုင်ဝမ်ဆီးသီး အရွယ်အစား သေးငယ်ပြီး ဈေးကျ

မုံရွာမြို့ အရှေ့ဘက်ကုန်း မြင့်ပိုင်း ဒေသများတွင် စိုက်ပျိုး သော ဆီးသီးစိုက်ခင်းများသည်ရာသီဥတုပြောင်းလဲမှုကြောင့်ဆီးသီးအရွယ်အစားသေးငယ်ပြီး ဈေးကျဆင်းခဲ့ကြောင်း ထိုင်ဝမ် ဆီးသီး စိုက်တောင်သူများက ပြောကြားသည်။

မူဆယ် ဗဟိုစီးပွားရေးဇုန် စီမံကိန်း၏ ပထမအဆင့်ဖြစ်သည့် မင်္ဂလာမူဆယ်လမ်းလျှောက်ဈေး စတင်ဖွင့်လှစ်

မင်္ဂလာမူဆယ် လမ်းလျှောက်ဈေး (ဓာတ်ပုံ − ဇင်မင်းဆွေ)
ရှမ်းပြည်နယ်မြောက် ပိုင်း မူဆယ်မြို့တွင် အကောင် အထည်ဖော် တည်ဆောက်နေ သည့် မူဆယ်ဗဟိုစီးပွားရေးဇုန် စီမံကိန်းပထမအဆင့်ဖြစ်သည့် မင်္ဂလာမူဆယ်လမ်းလျှောက်ဈေး ကို ဇန်န၀ါရီ ၁၉ ရက်က စတင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိ သည်။