Thursday 1 September 2011

ချစ်ကြည်စည်းလုံးသော ဒီမိုကေ၇စီနိုင်ငံတော်ဆီသို့


       
       ယခုကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် လွှတ်တော်များနှင့်ဖွဲ့စည်းထားပြီး ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုး၇ကို ဖွဲ့စည်းပြီး ဒီမိုကေ၇စီ ဖော်ဆောင်ေ၇း လမ်းစဉ်များကို ဆောင်၇ွက်နေပြီ  ဖြစ်ပါတယ်။ ထို့အတူ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်မှ မတ်လ ၃၀ ရက်အထိ ပြုလုပ်သော လွှတ်တော်များ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ ယခုတဖန် သြဂုတ် ၂၂ ရက်နေ့မှ စတင်ကျင်းပသော ပထမအကြိမ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ဆောင်၇ွက်နေပြီလည်း ဖြစ်ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့၌ တင်သွင်းသော အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းများ ၊ ထိုနေ့မှာပင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီမြင့်က စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲသော ဥပဒေများမှ ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်းသင့်သော
(က) မြန်မာနိုင်ငံကုန်အမှတ်အသားဥပဒေ၊
(ခ) လယ် ယာထွက်ကုန် ဈေးကွက်များ အက်ဥပဒေ၊
(ဂ) ၁၉၄၇ခုနှစ် အရေးကြီးသော ကုန်ပစ္စည်းများနှင့် ဆောင်ရွက်မှုများဆိုင်ရာ အက်ဥပဒေ၊
(ဃ) တင်းတောင်း ဆန်ပမဏ အက်ဥပဒေတို့ကို ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ စီမံခန့်ခွဲသော ဥပဒေများမှ ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းသင့်သော
(က) The Myanmar Telegraph Act (1885)၊
(ခ) The Myanmar Post Office (1989)၊
(ဂ) The Myanmar Wireless Telegraphy (1933) တို့ကိုတင်သွင်းအဆိုပြုခဲ့ပါတယ်။