Friday 29 June 2012

လိပ်ဥတူးမိတဲ့ အမတ်မင်း


နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စန္ဒာမင်းကို ဇူလိုင်လ ၄ ရက်နေ့မှာကျင်းပမယ့် လွှတ်တော်အစည်းအဝေး မတက်တော့ဘူးလို့ သတင်းတွေထွက်နေပါတယ်။
ဘာလို့လဲဆိုတော့ သူ့ရဲ့ဂုဏ်သိက္ခာနဲ့၊ သူ့ရဲ့လုပ်ရပ်တွေအတွက် ဒေသခံတွေကို ရင်မဆိုင်ရဲ တာရယ်၊ သူ့ကိုယ်သူ တာဝန်ယူရမှာတွေကြောင့်လို့ ပြောကြပါတယ်။ ဖြစ်ကြောင်းရယ်ကုန်စင်ကတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ပုဂံမှာဘုရားဖူးသွားရင်း လိပ်ဥတူးမိပြီး ၈၈ ကျောင်းသားဟောင်း ဌေးကြွယ်နဲ့ ပုဂံဟိုတယ်မှာ နှစ်ယောက်တစ်ခန်းထဲ အတူတူအိပ်ခဲ့ကြတယ်ဆိုတဲ့သတင်းကို ပါတီတွင်း၊ ပါတီပြင်ပက လူတွေ တော်တော်များများက သိသွားတဲ့အတွက်ဖြစ်ပါတယ်။ စန္ဒာမင်းကိုယ်တိုင်က အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးပါ၊ သူ့ယောက်ျားက ဗိုလ်ကြီးဟောင်းမောင်မောင်ဖြစ်ပြီး သားတစ်ယောက်ရှိတယ်လို့လဲ သိရပါတယ်။ အဲဒီတုန်းက စန္ဒာမင်းကိုယ်တိုင်က လွှတ်တော်အမတ်လောင်းလည်းဖြစ်၊ ဌေးကြွယ်ကလည်း ၈၈ ကျောင်းသားဟောင်းဆိုတော့ သူတို့နှစ်ယောက်ဖောက်ပြန်တာက နိုင်ငံကျော်သွားတာပါ။ ဒီလိုမျိုးကိစ္စဆိုတာ ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ ဘယ်လူ့အဖွဲ့အစည်း၊ ဘယ်လူ့ပတ်ဝန်း ကျင်ကမှ လက်မခံနိုင်ပါဘူး။ လူမှုရေး ဖောက်ပြန်မှုဆိုတာကလည်း သူကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းနဲ့ အများကြီးဆိုင်ပါတယ်။ မျိုးရိုးနဲ့လည်း တခါတရံ ဆိုင်တတ်ပါတယ်။ ဒါကိုလည်း NLD ပါတီကလူတွေ အားလုံး အချင်းချင်းသိနေကြပါပြီ။
စန္ဒာမင်း ဝင်ပြီးအရွေးခံတာက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ကပါ။ မြို့နယ်အကြောင်းလည်း ဘာမှမသိ၊ ဒေသခံတွေအကြောင်းလည်းဘာမှမသိ၊ လွှတ်တော်ထဲမှာ ဘာတွေပြောဆိုဆွေးနွေးရမယ် ဆို တာလဲဘာမှမသိပါဘူး။ နိုင်ငံရေးအတွေ့အကြုံဆိုလို့(သူတို့ပြောနေကျစကားပါ) မြောင်းမြထောင်မှာ ထောင်ကျဖူးတာပဲရှိတာ။ ထောင်တွင်းအတွေ့အကြုံတော့ရှိမှာပေါ့။ အဲဒီအတွေ့အကြုံကလည်း ပြည်သူတွေ အတွက် ဘာလုပ်လို့ရမှာလဲ။ ထောင်ကျခါနီးလူတွေ ကို ပဲ ထောင်ထဲမှာဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်လိုစားသောက်ရတယ်ဆိုတာကိုပဲ ပြောနိုင်မှာပေါ့။ အဲဒီေ ရွးကောက်ပွဲကာလတုန်းက ဒေသခံတွေက သူ့အကြောင်းဘာမှမသိတော့ စစ်တပ်ကမဟုတ်ရင်ပြီးရော ဆိုပြီး မဲထည့်ခဲ့ကြတာတဲ့။ စန္ဒာမင်းအကြောင်း ဘာမှမသိရပါဘူး။ သူပြောတာပဲနားထောင်ပြီး ဒေါ်စုကြည် ပါတီဆို လို့ အားလုံးက မဲထည့်ခဲ့ကြတာပါ။ အခုတော့ အဲဒီဒေသခံတွေအားလုံးက လူမှုရေးဖောက်ြ ပန်တတ်တဲ့ မိန်းမတစ်ယောက်ဆိုတာ သိသွားကြပါပြီ။ ကျေးလက်နေလူထုက သူတို့မြို့နယ်ကိုယ်စားပြု ကိုယ်စားလှယ်လို့ အပြောခံရမှာကို ရှက်နေကြပါတယ်။ နောက်တစ်ကြိမ်သာ ထပ်ပြီးမဲပေးေ ရွးချယ်ခွင့်ေ ပး မယ်ဆိုရင် သူတို့မြို့နယ်ထဲ ခြေတောင်မချရဲစေရဘူးလို့လည်း ပြောနေကြပါတယ်။
          အခုဆိုရင် ဇူလိုင် ၄ ရက်နေ့မှာ လွှတ်တော်စတော့မှာဆိုတော့ လွှတ်တော်ကိုယ်စားလှယ် အသီးသီးက လွှတ်တော်ထဲမှာ ဘာတွေဆွေးနွေးမယ်၊ တင်ပြမယ်ဆိုတာတွေကို ကိုယ့်နယ်ကလူတွေနဲ့ တိုင်ပင်ဆွေးနွေးနေကြပါပြီ။ ဒါပေမယ့် ဇမ္ဗူသီရိမြို့နယ်က သူတို့ရဲ့ကိုယ်စားလှယ်ကြီး စန္ဒာမင်းကိုတော့ အခုချိန်ထိ မတွေ့ရ၊မမြင်ရသေးပါဘူးလို့ ပြောပြပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ ပြည်သူကို ကိုယ်စားပြုရပါတယ်။ အကျင့်စာရိတ္တလည်း ကောင်းရပါတယ်။ စန္ဒာမင်းလို အကျင့်ပျက်တစ်ယောက်သာ လွှတ်တော်ထဲရောက်လာရင် လွှတ်တော်ရဲ့ဂုဏ်သရေလည်း ညှိုးနွမ်းမယ်၊ ဒေါ်စုကြည်မျက်နှာ တစ်ခုတည်းနဲ့ သူ့ကိုရွေးလိုက်မိတဲ့ ပြည်သူလူထုလည်း အရှက်ရကြမယ်။ ဒါကြောင့် သူ့ကိုယ်သူရှက်ပြီး လွှတ်တော် မတက်တော့ဘူးလို့လည်း NLD ပါတီ အသိုင်းအဝိုင်းမှာ ပြောနေကြကြောင်း သိရှိရပါတယ်။