Sunday 2 September 2012

မင်းသား ကင်ဒေါင်ဝတ်ခ် စစ်မှုထမ်းပြီ

တောင်ကိုရီးယား မင်းသားချော ကင်ဒေါင်ဝတ်ခ် သည် သြဂုတ် ၃ဝ ရက်မှစတင်၍ စစ်မှု ထမ်းပြီ ဖြစ်ကြောင်း သိ ရသည်။ ကင်ဒေါင်ဝတ်ခ် သည် Chungnam Nonsan တပ်မတော် လေ့ ကျင့်ရေး ကျောင်း တွင် သီတင်းပတ် လေးပတ်မျှ စစ်ရေးလေ့ ကျင့် ရမည်ဖြစ်ပြီး ဆိုးလ်မြို့ရှိ ပြည်သူ့ ဆက်ဆံရေး ရဲတပ်မ ဌာနတွင် နှစ်နှစ်ကြာ တာဝန် ထမ်းဆောင် ရမည်ဖြစ်ကြောင်း သိရသည်။

မင်းသား ကင်ဒေါင်ဝတ်ခ် စစ်မှုထမ်းပြီ

တောင်ကိုရီးယား မင်းသားချော ကင်ဒေါင်ဝတ်ခ် သည် သြဂုတ် ၃ဝ ရက်မှစတင်၍ စစ်မှု ထမ်းပြီ ဖြစ်ကြောင်း သိ ရသည်။ ကင်ဒေါင်ဝတ်ခ် သည် Chungnam Nonsan တပ်မတော် လေ့ ကျင့်ရေး ကျောင်း တွင် သီတင်းပတ် လေးပတ်မျှ စစ်ရေးလေ့ ကျင့် ရမည်ဖြစ်ပြီး ဆိုးလ်မြို့ရှိ ပြည်သူ့ ဆက်ဆံရေး ရဲတပ်မ ဌာနတွင် နှစ်နှစ်ကြာ တာဝန် ထမ်းဆောင် ရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံးတွင် ခိုးကူးခွေများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်နိုင်ခဲ့

ရန်ကုန်တိုင်း၊ ဗဟန်မြို့နယ်၊ ၀င်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းရုံးခမ်းမကြီးထဲတွင် မြန်မာသီချင်း၊မြန်မာ ဇာတ်ကား၊မြန်မာ အငြိမ့်၊ ပြဇာတ်များကို ခိုးကူးပြီး စည်းမဲ့၊ ကမ်းမဲ့ရောင်း ချဖြန့်ဖြူးနေ တာနဲ့ပတ်သက်တဲ့ သတင်း စာရှင်းလင်းပွဲတစ်ရပ်ကို သြဂုတ် ၂၉ - ရက် နေ့လည် ၁း၀၀ နာရီကနေ ၃း၃၀ ထိ ပြုလုပ်ခဲ့ကြသည်။

""ကုလားဟာ ဘင်္ဂလီ -အမေရိကပြည်ထောင်စုမှာ ပြောပြီ""

ကုလားဟာ ဘင်္ဂလီ- မြန်မာနိုင်ငံမှာရိုဟင်ဂျာလူမျိုးဆိုတာ မရှိ- တိုင်းရင်းသားလဲ မဟုတ်-အမေရိကပြည်ထောင်စု မှာ ပြောပြီအမေရိကြ ပည်ထောင်စုအစိုးရက ( Managing Media and Rupblic ) အစီ အစဉ်အရမြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေကို ဖိတ်ခေါ်ခဲ့ သည် ။ 

သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိနေသည့် ABSDF ဗဟိုဥက္ကဌဟောင်းများ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများပြုလုပ်

      ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး ဝန်ကြီးနှစ်ဦးနှင့် ပြည်ပ မှ ပြန်လည် ရောက်ရှိနေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဗဟိုဥက္ကဌဟောင်းများတို့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး ဆွေးနွေးမှုများကို ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈နာရီ အချိန်က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဦးဝိစာရလမ်းနှင့် ရွှေလီ လမ်းထောင့် ခြံအမှတ် ၁၃ တွင် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ဝန်ကြီးကလင်တန်နဲ့ ပစိဖိတ်ခေါင်းဆောင်များ ကျား-မ တန်းတူညီရေးဆွေးနွေး

ပစိဖိတ်တောင်ပိုင်း ကျွန်းစု နိုင်ငံတွေထဲက Cook Islands ရဲ့ မြို့တော် Rarotonga မှာ ပစိဖိတ်ကျွန်းစု ၁၆ နိုင်ငံရဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပစိဖိတ် ဒေသမှာ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး နယ်ပယ်တွေမှာ ကျားမ မခွဲခြားဘဲ တန်းတူညီမျှ ရှိရေးကို တောင်းဆိုလိုက်ပါတယ်။

မြန်မာအမည်တပ်၍ တရုတ်နိုင်ငံထုတ် တားမြစ်ပျားရည် ပြည်ပတင်ပို့ရန် စီစဉ်


တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့တင်ပို့လျက်ရှိသည့် တားမြစ်ဆေးဝါးများပါရှိသည့် တရုတ်ပျားရည်များ ကို မြန်မာအမည်တပ်၍ အခြားပြည်ပ နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် တရုတ်နိုင်ငံ မှဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ပျားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရသိရသည်။

ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေး အဖွဲ့မှ ပြည်ပနှင့် ပူးပေါင်းကာ သဘာဝ ဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စီစဉ်

အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သဘာဝ ဓာတ်ငွေ့နဲ့ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖို့ အတွက် ကိုရီးယား ကုမ္ပဏီ တစ်ခုနဲ့ MoU နားလည်မှု စာချွန်လွှာ ရေးထိုး ထားတယ်လို့ သိရပါတယ်။

“ဗ” အက္ခရာယာဉ်များ စက်တင်ဘာ ၅ ရက်တွင် စတင်လက်ခံမည်

နိုင်ငံတော် အစိုးရသည် ယာဉ်အို ယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုးတင်သွင်းခြင်း စီမံချက်ကို ၁၁.၉.၂၀၁၁ ရက်နေ့တွင် ပထမအကြိမ်အဖြစ် နိုင်ငံပိုင် သတင်းစာများ၌ သတင်း ထုတ်ပြန် ကြေညာခဲ့ပြီး ဆောင်ရွက်လျက်ရှိပါသည်။

သမ္မတရုံးဝန်ကြီးဌာန ခြောက်ခုအထိတိုးမြှင့်၍ ပြည်ထောင်စုဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်း

အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဆက်တိုက်ပြု လုပ်နေသ ည့် နိုင်ငံတော် သမ္မတကြီး က နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာနကို ခြောက်ခုအထိ တိုးချဲ့ဖွဲ့စည်းလိုက်ပြီး ပြည်ထောင်စု ဝန်ကြီးဌာန များကို ၃၆ ခုအထိ တိုးမြှင့်ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့ထားကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားခဲ့သည်။