Friday 7 December 2012
မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ်ရောဂါကြောင့် တစ်နာရီတွင် လူ၂ ဦးနှုန်းသေဆုံး
မြန်မာနိုင်ငံတွင် အေအိုင်ဒီအက်စ်ရောဂါကြောင့် တစ်နာရီတွင်
လူ၂ဦး နုန်း သေဆုံးပြီး၊ တစ်ရက်တွင် အယောက် ၅၀ ၀န်းကျင်ခန့်
 သေဆုံးသောအခြေအနေမှသုညအခြေအနေသို့ကျဆင်းအောင်ပြုလုပ် မည်ဖြစ်ကြောင်း လူထုအခြေပြုကွန်ရက်(၇)ခုမှ ဦးဆောင်ကျင်းပသော ကမ္ဘာ့အေအိုင်ဒီအက်နေ့အထိမ်းအမှတ် အခမ်း အနား တွင် မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင်ဗွီ ပိုးရှိသူများကွန်ရက်မှ
အာဏာပိုင်တို့ အကြမ်းဖက်ပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သော ဥူးတိက္ခဥာဏမှာ ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှု ခံယူမည်
လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရမှုတွင် ထိခိုက်
ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သောဆရာတော် ဥူးတိက္ခဥာဏမှာ
ထိုင်းနိုင်ငံ သို့ သွားရောက်ဆေးကုသမှု ခံယူရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ ဆရာတော် ဥူးတိက္ခဥာဏမှာ ဒဏ်ရာရရှိခဲ့သည့် သံဃာအပါး ၁၀၀ ခန့်တွင် ဒဏ်ရာ အပြင်းထန်ဆုံးဖြစ်ပြီး ယခုကဲ့သို့ ပြည်ပသို့ သွားရောက်ဆေး ကုသမှု ခံယူရန် စီစဉ် ရခြင်းဖြစ်
မန္တလေးတက္ကသိုလ် အရှေ့ဘက်၆၉လမ်းရှိ ရေမြောင်းအတွင်းမှ မီးရထားဝန်ထမ်းတစ်ဦး ဒဏ်ရာများဖြင့် သေဆုံး
ယနေ့ နေ့လည် ၁၂ နာရီ ၀န်းကျင်တွင် မန္တလေးတက္ကသိုလ် 
အရှေ့ဘက် ၆၉ လမ်းရှိ ရေမြောင်းအတွင်းမှ မီးရထားဝန်ထမ်းတစ်ဦး
 ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရသည်။  အဆိုပါ သေဆုံး
""အယ်လ်ဂျာဇီးရားကို မြန်မာအစိုးရ ပြင်းထန်စွာကန့်ကွက် "
မြန်မာအစိုးရ နိုင်ငံခြားရေး 
ဝန်ကြီးဌာနက ကာတာနိုင်ငံ 
အခြေစိုက် အယ်လ်ဂျာဇီးရား 
ရုပ်မြင်သံကြား သတင်းဌာနက 
ရခိုင်ပြည်နယ် ပဋိပက္ခကိစ္စမှာ
"ဒေါ်မာမာအေး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီ"
အဆိုတော်မာမာအေးသည်ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်
တွင် မြန်မာနိုင်ငံသို့ပြန်ရောက်လာသည်။ အဆိုတော် မာမာအေး
က သူမအား လာရောက်ကြိုဆိုသူ မိသားစုဝင်များ၊ မိတ်ဆွေများ၊ ဂီတလောကသားအချို့နှင့် ပရိသတ်များကို "မာမာအေးကို သီချင်း
Eleven Media Group အသိပေးကြေညာချက်
Photo: Eleven Media Group အသိပေးကြေညာချက်
Friday, December 07, 2012
Eleven Media Group ၏ www.news-eleven.com အား KCA (Kachin Cyber Army) ဟု သုံးနှုန်းထားသော Hacker အဖွဲ့တစ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပါသည်။
ထို့ကြောင့် လက်တလောတွင် Eleven Media Group ၏ www.news-eleven.com အား ၀င်ရောက်ကြည့်ရှုနိုင်မည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
ယခု တိုက်ခိုက်သည့် အဖွဲ့သည် ကချင်အဖွဲ့ အမည်ကိုအသုံးပြုထားပြီး တရုတ်နိုင်ငံဘက်မှ IP များဖြင့် အသုံးပြုတိုက်ခိုက်ထားကြောင်း သိရှိရပါသည်။
မိမိတို့ website အား အမြန်ဆုံးပြန်လည်ကြည့်ရှုနိုင်ရန် ပြုပြင်လျက်ရှိပြီး ကချင်အဖွဲ့ အမှန်တကယ်ဟုတ်မဟုတ်နှင့် မည်သူတို့က လုပ်ဆောင်သည်
ကို သိရှိနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိကြောင်း အသိပေးအပ်ပါသည်။
Eleven Media Group ၏ www.news-eleven.com အားပြန်လည်
ပြင်ဆင်နေစဉ်ကာလအတွင်း Eleven Media Group Facebook နှင့် Eleven Myanmar (www.elevenmyanmar.com) တို့မှ တဆင့် သတင်းများကို အချိန်နှင့်တပြေးညီ ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း အသိပေး
အပ်ပါသည်။
Eleven Media Group Eleven Media Group ၏ www.news-eleven.com အား KCA (Kachin Cyber Army) ဟု သုံးနှုန်းထားသော Hacker အဖွဲ့တစ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပါသည်။ထို့ကြောင့် လက်တလောတွင် Eleven Media Group ၏ w.news-eleven.comwwအား ၀င်ရောက်ကြည့်ရှုနိုင်မည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
ယခု တိုက်ခိုက်သည့် အဖွဲ့သည် ကချင်အဖွဲ့ အမည်ကိုအသုံးပြုထားပြီး
ကမ္ဘာကြီးပူနွေးလာမှု ချမ်းသာနိုင်ငံများချည်း မဟန့်တားနိုင်
Photo: ကမ္ဘာကြီးပူနွေးလာမှု ချမ်းသာနိုင်ငံများချည်း မဟန့်တားနိုင်
Friday, December 07, 2012
ဒိုဟာ - ဖွံ့ဖြိုးပြီးနိုင်ငံများသည် ကမ္ဘာ့ရာသီဥတု ဆိုးရွားစွာပြောင်းလဲ နေမှုကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ ဟန့်တား နိုင်တော့မည်မဟုတ်၍ ဆင်းရဲသော
နိုင်ငံများက မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးကို မြန်မြန်
ထက်ထက် ဆောင်ရွက်ကြရတော့မည်ဟု ဒီဇင်ဘာ လ ၄ရက်နေ့ထုတ် 
အစီရင်ခံစာတစ်ခု တွင် သတိပေးထားသည်။
ကမ္ဘာ့ဘဏ်ဦးဆောင် စီးပွားရေး ပညာရှင်ဟောင်း နီကိုးလပ်စတန်း ပူးတွဲပြုစုသည့် ယင်းအစီရင်ခံစာအရ စက်မှုလုပ်ငန်း ခေတ်ကတည်းက မှန်လုံ အိမ်ဓာတ်ငွေ့ကို ချမ်းသာသည့်နိုင်ငံများက ထုတ်လွှတ်ခဲ့ကြ
သော်လည်း ယင်း၏ဆိုးကျိုးကို ကမ္ဘာ့နိုင်ငံများက မရှင်းလင်းနိုင်ခဲ့
ကြပေ။
ယင်းဓာတ်ငွေ့ လျှော့ချထုတ်လွှတ် ရေးကြိုးပမ်းဆောင်ရွက်ရာတွင် ချမ်းသာ ဆင်းရဲနိုင်ငံအားလုံးသည် စိတ်ပျက် ဖွယ်ကောင်းလောက်အောင်
နှေးကွေး နေခဲ့ကြသည်ဟုကာတာနိုင်ငံ၊ ဒိုဟာ မြို့တွင်ကျင်းပသည့်
ကုလသမဂ္ဂ ရာသီ ဥတုပြောင်းလဲမှုဖြစ်စဉ်ဆိုင်ရာဆွေးနွေး ပွဲပြင်ပ၌
ထုတ်ပြန်သည့် ယင်းအစီရင် ခံစာက ထောက်ပြထားသည်။
ချမ်းသာသည့်နိုင်ငံများသည် ကာဗွန် ဓာတ်ငွေ့ကို အလျှံအပယ် ထုတ်လွှတ်လျက် ပိုမိုကြွယ်ဝလာကြပြီး ဆင်းရဲသော နိုင်ငံများမှာ
အထူးသဖြင့် ရာသီဥတု ပြောင်းလဲမှုဒဏ်ကိုခံစားကြရခြင်း သည်
ကြီးမားသော မမျှတမှုတစ်ရပ် ဖြစ်နေကြောင်း၊ နိုင်ငံတကာ ပူးပေါင်း
ဆောင်ရွက်ရေးတွင် ယင်းမမျှတမှုကို ထိရောက်စွာ ထည့်သွင်းစဉ်းစား
ရမည် ဖြစ်သော်လည်းယင်းသို့ ထည့်သွင်း စဉ်းစားခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဟန့်အတားမဖြစ်စေရ။ အဟန့်အတား
ဖြစ်လာပါက ရလဒ်အားလုံးတွင်အကြီးမားဆုံးမမျှတမှု ဖြစ်လာမည်
ဖြစ်ကြောင်း အစီရင်ခံစာ၌ သတိပေးထားသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် မြေ ကမ္ဘာတစ်ခုလုံး ကြုံတွေ့နေရဆဲ
ဘေးဆိုးများအပေါ်ယခုဆွေးနွေးပွဲတွင် အရှိန်ဖြင့် တပ်လှန့်သတိပေး
ထားသော် လည်း မှန်လုံအိမ်ဓာတ်ငွေ့လျှော့ချ ထုတ်လွှတ်ရေးဆိုင်ရာ
ငွေရေးကြေးရေး နှင့် ဝေဖန်ချက်များကို ငြင်းခုံဆွေးနွေးခဲ့ကြပြန်သည်။
အနောက်နိုင်ငံများအနေဖြင့် မှန်လုံ အိမ်ဓာတ်ငွေ့ လျှော့ချထုတ်လွှတ်မှုကို ပိုမို အလေးအနက်ထား ပိုမိုမြန်ဆန်စွာ ဆောင်ရွက်ကြရန်နှင့်
ဆင်းရဲသောနိုင်ငံ များပိုမိုပြင်းထန်လာသည့် မိုးခေါင်မှု၊ ရေလွှမ်းမိုးမှု၊
မုန်တိုင်းများနှင့် ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာမှု
တို့ကို ရင်ဆိုင်နိုင်ရေးအတွက် အနောက်နိုင်ငံ များက ၂၀၁၃ ခုနှစ်မှစ၍ ထောက်ပံ့ ငွေများကူညီရန် ဆင်းရဲသောနိုင်ငံ များက
တောင်းဆိုသည်။
ကုလသမဂ္ဂ၏ ရည်မှန်းချက်မှာ တိုးလာမည့် ကမ္ဘာ့အပူချိန်ကို နှစ်ဒီဂရီ စင်တီဂရိတ်(ဖာရင်ဟိုက် ၃ ဒသမ ၆ ဒီဂရီ) ထိ ထိန်းထားရန်ဖြစ်သည်။ လူသားများသည် အပူချိန်ဤအဆင့် တွင် ရာသီဥတုပြောင်းလဲမှု၏ အပြင်း ထန်ဆုံး အခြေအနေများကို ခံနိုင်ဖွယ်ရှိဦးမည်ဟုဆိုသည်။
နှစ်ဒီဂရီ စင်တီဂရိတ်သို့ ရောက်ရှိ ရန်အတွက် ယနေ့ နှစ်စဉ်ထုတ်လွှတ်
နေသော မှန်လုံအိမ်ဓာတ်ငွေ့တန်ချိန် ဘီလျံ ၅၀ ခန့်နှုန်းကို၂၀၃၀
ပြည့်နှစ် တွင် တန်ချိန် ၃၅ ဘီလျံခန့်သို့လျှော့ချ ရမည်ဖြစ်သည်။
လက်ရှိထုတ်လွှတ်မှုနှုန်းအရ ၂၀၃၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများက တန်ချိန် ၃၅ ဘီလျံထိထုတ်လွှတ်လာ ကြပြီး ချမ်းသာသောနိုင်ငံများ
ကလည်းတန်ချိန် ၁၁ ဘီလျံမှ ၁၄ ဘီလျံခန့်ထိထုတ်လွှတ်လာကြဖွယ်
ရှိနေသည်။ ယင်းသည် ကမ္ဘာတစ်ဝန်း ထုတ်လွှတ်မှု ၏ သုံးပုံနှစ်ပုံ
ခန့်ဖြစ်နေသည်။
တရုတ်နိုင်ငံသည် ၁၉၉၀ ပြည့်နှစ်မှ စ၍ ကမ္ဘာ့ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့အများဆုံးထုတ်လွှတ်သည့် နိုင်ငံဖြစ်နေပြီး အိန္ဒိယနိုင်ငံမှာ
၂၀၁၁ ခုနှစ်တွင် ရုရှားထက် ပိုမိုထုတ်လွှတ်ရာမှ ကမ္ဘာ့စတုတ္ထအများဆုံး
ထုတ်လွှတ် သည့် နိုင်ငံဖြစ်လာခဲ့သည်ဟု နိုင်ငံတကာ စွမ်းအင်အဖွဲ့ 
(IEA) ကဆိုသည်။
စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအစီအစဉ် များ ချမှတ်ဆောင်ရွက်နေကြသော ဖွံ့ဖြိုးဆဲနိုင်ငံများအားချမ်းသာသော နိုင်ငံများက နည်းပညာအကူအညီနှင့်
ငွေကြေးထောက်ပံ့မှုများပေးရန် အစီရင်ခံစာကတိုက်တွန်းထားသည်။
(အေအက်ဖ်ပီ)
အောင်သာလင်း
- ဖွံ့ဖြိုးပြီးနိုင်ငံများသည် ကမ္ဘာ့ရာသီဥတု ဆိုးရွားစွာပြောင်းလဲ နေမှုကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ ဟန့်တား နိုင်တော့မည်မဟုတ်၍ ဆင်း ရဲသော နိုင်ငံများက မှန်လုံအိမ် ဓာတ်ငွေ့ထုတ် လွှတ်မှု လျှော့ ချရေး ကို မြန်မြန် ထက်ထက် ဆောင်ရွက်ကြရတော့မည်ဟု ဒီဇင်ဘာ လ ၄ ရက်နေ့ ထုတ် အစီရင် ခံစာ တစ်ခု တွင် သတိပေးထားသည်။
ကမ္ဘာ့ဘဏ်ဦးဆောင် စီးပွားရေး ပညာရှင်ဟောင်း နီကိုးလပ်စတန်း ပူးတွဲပြုစုသည့် ယင်းအစီရင်ခံစာအရ စက်မှုလုပ်ငန်း ခေတ်ကတည်းက မှန်လုံ အိမ်ဓာတ်ငွေ့ကို
ရှမ်းတိုင်းရင်းသားပါတီများ ပူးပေါင်းရန် ရှမ်းပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော် လိုလား
ရှမ်းတိုင်းရင်းသားများ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ၏ သဘောထားကောက်ယူမှု စစ်တမ်းများအရ ရှမ်းတိုင်းရင်းသားပါတီများ ပူးပေါင်းသွားရန် ရှမ်းပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော်က လိုလားကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။
စစ်တမ်းကောက် ယူမှုကို ရှမ်းပြည်နယ်ရှိ မြို့နယ် ၄၀ ခန့်မှ ပါတီဝင်မဟုတ်သူများနှင့် စစ်တပ်နှင့် မဆိုင်သော လူဦးရေ
မာစီဒီး Silver Arrow ကားသစ်ဒီဇိုင်း
မာစီဒီး Silver Arrow ကားသစ်ဒီဇိုင်း
Silver Arrow လို့အမည်ပေးထားတဲ့အတွက် မြားတစ်စင်းရဲ့  အလျင်အတိုင်း ခပ်မြန်မြန် ပြေးနိုင်မယ့်ကား ဖြစ်ပါတယ်။ 
ကားကိုယ်ထည်တစ်ခုလုံး ငွေသတ္တုနဲ့လုပ်မယ်ဆိုတော့ အပူလွန်ရင် အရည်ပျော်မယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီတော့ ငွေနဲ့လည်း ကိုယ်ထည် လုပ်မယ် အရည်လည်း မပျော်အောင် ဘယ်လိုလုပ်မလဲဆိုတာ ဂျာမနီ Mercedes က ကြိုတင် တွက်ချက်ထားပြီးသား ဖြစ်ပါတယ်။ အခြား အဆင့်မြင့် သတ္တုတစ်မျိုးနဲ့ရောလိုက်ရင် ရရှိလာတဲ့ အလွိုင်းက မရည်မပျော် တဲ့အပြင် ကမ္ဘာ့အကြမ်းခံဆုံး သတ္တုတောင် ဖြစ်လာနိုင်တယ်လို့ ဆိုထားပါ တယ်။ 
ကားအတွက် လိုအပ်တဲ့ စွမ်းအင် ဘယ်ကယူမလဲလို့လည်း ဒီဇိုင်းအကဲ ခတ်သူတို့က မေးခွန်းထုတ်ပါတယ်။ အလွယ်ဆုံး စဉ်းစားရရင် အပြင် ငွေ သားသတ္တုကနေ အပူဒဏ်ဆုပ်ယူပြီး လျှပ်စစ်ဓာတ်အား အဖြစ် ပြောင်း လဲစေဖို့ ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲပေးလိုက်တဲ့ လျှပ်စစ်ဓာတ် အား မြင်းကောင်ရေအား ၁၅၀၀ မကတဲ့ စွမ်းအင်မျိုးကိုပေးနိုင် ပါ့မလား ဆိုတာကတော့ အကြီးမားဆုံး အခက်အခဲ ဖြစ်ပါတယ်။ အနာဂတ်မှာ ဆီဆို တာ မသုံးတော့ပါဘူး။ Fossil Fuel (ရုပ်ကြွင်းဓာတ်လောင်စာ) ဆိုတာ အနာဂတ်မှာ ပျောက်ကွယ်တော့ မှာ ဖြစ်ပါတယ်။ ဒီတော့ လျှပ်စစ်ဓာတ်အား လည်း သုံးချင်တယ်၊ အမြန်မောင်း ပြိုင်ကား လည်း ဖြစ်ချင်သေး တယ်ဆိုတော့ Mercedes ရဲ့  Silver Arrow က ဘယ်လိုလာမလဲဆိုတာ လူတိုင်း စိတ်ဝင်စားနေပါတယ်။ 
ပုံစံကတော့ တကယ့် ခေတ်လွန်အက်ရှင်ကားတွေထဲကလို စက်ရုပ်ကား ပဲ ဖြစ်ပါတယ်။ နှစ်ယောက်စီးဖြစ်ပြီး ဘီးတွေရဲ့ တည်ဆောက်ပုံ က လည်း တော်တော်ကြီးကွဲပြားနေပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ တည်ဆောက်မှာမို့ လော့အိမ်ဂျလစ် မော်တော်ယာဉ်ပြပွဲ- အနာဂတ် ကားဒီဇိုင်းပြိုင်ပွဲမှာမာစီဒီးရဲ့  Silver Arrow ကားဒီဇိုင်းကို ဝင်ရောက်ပြသ ခဲ့ပါတယ်။ လူကြိုက်များ ရေပန်းစား ကားထဲမှာလည်း ပါဝင်တဲ့ Silver Arrow ရဲ့  ခပ်မိုက်မိုက်ပုံစံကို ယခုလို မြင်တွေ့ ရပါတယ်။ 
--
Ref: autoblog
Aung Kham (TSJ team)
http://blog.techspace.com.mm/2012/12/silver-arrow.html
--- Silver Arrow လို့အမည်ပေးထားတဲ့အတွက် မြားတစ်စင်းရဲ့  အလျင်အတိုင်း ခပ်မြန်မြန် ပြေးနိုင်မယ့်ကား ဖြစ်ပါတယ်။  ကားကိုယ်ထည် တစ်ခုလုံး ငွေသတ္တုနဲ့ လုပ်မယ်ဆိုတော့ အပူလွန်ရင် အရည်ပျော်မယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒီတော့ ငွေနဲ့လည်း ကိုယ်ထည် လုပ်မယ် အရည်လည်း မပျော်အောင် ဘယ်လို လုပ်မလဲ ဆိုတာ ဂျာမနီ Mercedes က ကြိုတင် တွက်ချက်ထားပြီးသား ဖြစ်ပါတယ်။ အခြား အဆင့်မြင့် သတ္တုတစ်မျိုးနဲ့ရောလိုက်ရင် ရရှိလာတဲ့ အလွိုင်းက မရည်မပျော် တဲ့အပြင် ကမ္ဘာ့အကြမ်းခံဆုံး
ဟွန်ဒါ IH ကားဒီဇိုင်းသစ်
ဟွန်ဒါ IH ကားဒီဇိုင်းသစ်
Friday, December 07, 2012
သဲကန္တာရလို ဖုန်ထူထူပတ်ဝန်းကျင်၊ ပူပူအိုက်အိုက်ဒေသ၊ စွမ်းအင်နဲ့ သဘာဝ အရင်းအမြစ် ရှားပါးတဲ့ နယ်မြေ၊ အလင်းရောင်ဆိုတာကိုနေ့ မှာ မြင်ရပေမယ့် ၂၄ နာရီပတ်လုံး သဲမုန်တိုင်း တိုက်ခတ်မယ့်အခြေအနေ တစ်ခု။
တစ်နေ့ ကမ္ဘာဆိုတာ ဒီလိုဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှမပြောရဲပါဘူး။ သစ်တောပြုန်းတီးမှုက အလွယ်ကူဆုံး အကြောင်းပြချက်အဖြစ် တောင် ကတုံး အရေအတွက်များလာရင် သဲကန္တာရ ဆိုတာ လက်ညိုးထိုးမလွဲတော့ မဲ့ပတ်ဝန်းကျင် ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ လူသားတွေ ဘယ်လို အသက်ရှင်နေထိုင်မလဲ။ ဘယ်လို ရုန်းကန်ကြမှာလေ။ အရင်းအမြစ်ရှားပါး လာမှုနဲ့အတူ ရိုင်းစိုင်းခတ်ထန်လာတဲ့ သက်ရှိကမ္ဘာမှာ ဘယ်လို အသက်မွေးဝမ်းကျောင်း ပြုရမလဲ။ အစရှိတဲ့ မေးခွန်းပေါင်း များစွာတဲ့ အနာဂတ်ဆိုတာ ကြောက်စရာ အိပ်မက်တစ်ခုလို ဖြစ်နေပါတယ်။
ဒီလို သံယံဇာတ ရှားပါးတဲ့ ခေတ်ကာလ ကမ္ဘာကြီးမှာ အသက်ရှင်ဖို့ အတွက်၊ နေထိုင်လှုပ်ရှားဖို့အတွက် ကားတစ်မျိုးကို ဂျပန် Honda က ဖန်တီးလိုက်ပါတယ်။ Honda Intelligent Horse လို့ အမည်ပေးပြီး
ကောင်းဘွိုင်တစ်ယောက်အတွက် အကောင်းဆုံး ကိုယ်ရံတော် မြင်း
ဖြစ်ပါတယ်။
ဘီးကလည်း ဓားစက်ပမာ အသွားများ ပါရှိတဲ့အတွက် သေချာတာ ကတော့ မြေပြင်မှာ ဖုန်တော်တော်ထမယ့်ကား ဖြစ်ပါတယ်။ အနိမ့်အမြင့် မှန်သမျှကို ရှောင်တိမ်း ဖို့အတွက် မြေပေါ် အင်ဂျင်နဲ့တင် မလုံလောက်ပါဘူး။ လိုအပ်ရင် မိုးပေါ်တောင် ပျံနိုင်ရမယ်ဆိုတာ ဒီခေတ် ကားကုမ္မဏီတိုင်းမှာ ရှိတဲ့ ခံယူချက် ဖြစ်ပါတယ်။ တောင်ကုန်းတွေကို ကျော်လွှားပျံသန်းမယ်။ သံမုန်တိုင်း ကြားမှာ အရှိန်လျော့စရာ မလိုပဲ ခပ်ကြမ်းကြမ်းမောင်းနှင်မယ်။
သဘာဝဘေးအန္တရာယ်မှန်သမျှကို ခုခံပေးမယ့် လက်နက်ပါ လိုအပ်ရင် တပ်ဆင်ထားပေးနိုင်မယ့် ကားမျိုး ဖြစ်ပါတယ်။ ဆီမလို၊ရေမလို။ သဘာဝ ပတ်ဝန်းကျင်ကနေ လေထုနဲ့အပူကို ကားအတွက်လောင်စာအဖြစ်အလို အလျောက် ပြောင်းလဲပေးစေပါမယ်။ ဒီလိုပြီးပြည့်စုံတဲ့ ကားတစ်စီး တည်ဆောက်ဖို့အတွက် ဟွန်ဒါရဲ့  စိတ်ကူးအိပ်မက်က နောက် အနှစ် ၃၀ မတိုင်ခင် စတင်မှာ ဖြစ်ပါတယ်။ တကယ်ပဲ အနာဂတ်မှာ Honda HI သာပေါ်လာမယ်ဆိုရင် မြင်းစီးတဲ့ ကောင်းဘွိုင်ခေတ်လည်း ကုန်မလား လို့တောင်သံသယ ဖြစ်ကြပါတယ်။
လော့အိမ်ဂျလစ်မော်တော်ယာဉ်ပြပွဲမှ အနာဂတ်ကားဒီဇိုင်းပြိုင်ပွဲမှာတော့ Honda ရဲ့  HI မြင်းကားကတော့ လူကြိုက်များ ဒီဇိုင်း တစ်ခု ဖြစ်ခဲ့ပါတယ်။
--
Ref: autoblog
Photo courtesy of autoblog. All Rights Reserved.
TechSpace Journalသဲကန္တာရလို ဖုန်ထူထူပတ်ဝန်းကျင်၊ ပူပူအိုက်အိုက်ဒေသ၊ စွမ်းအင်နဲ့ သဘာဝ အရင်းအမြစ် ရှားပါးတဲ့ နယ်မြေ၊ အလင်းရောင်ဆိုတာကိုနေ့ မှာ မြင်ရပေမယ့် ၂၄ နာရီပတ်လုံး သဲမုန်တိုင်း တိုက်ခတ်မယ့်အခြေအနေ တစ်ခု။
တစ်နေ့ ကမ္ဘာဆိုတာ ဒီလိုဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှမပြောရဲပါဘူး။ သစ်တောပြုန်းတီးမှုက အလွယ်ကူဆုံး အကြောင်းပြချက်အဖြစ် တောင် ကတုံး အရေ အတွက် များလာရင် သဲကန္တာရ ဆိုတာ လက်ညိုးထိုးမလွဲတော့မဲ့ ပတ်ဝန်းကျင် ဖြစ်ပါ တယ်။ ဒီလိုအခြေအနေမှာ လူသားတွေ ဘယ်လို အသက်ရှင်နေထိုင်မလဲ။ ဘယ်လို
အမျိုးသားတစ်ဦး သစ်လုံးတင် ၁၂ ဘီးကား တိုက်ခံရ၍ သေဆုံး
အမျိုးသားတစ်ဦး သစ်လုံးတင် ၁၂ ဘီးကား တိုက်ခံရ၍ သေဆုံး
ဒီဇင်ဘာ ၇ရက်နေ့ နံနက် ၅နာရီခွဲခန့် အချိန်တွင် အလုံမြို့နယ်ရှိ ဆင်းမင်းဈေး ကားမှတ်တိုင်းအနီး ဓမ္မိကာရာမ ကျောင်းတိုက်ရှေ့တွင် သစ်လုံးတင် ၁၂ ဘီး Nissan Diesel ကားသည် သီရီမင်္ဂလာဈေးဟောင်း ဘက် ဆင်းမင်းဈေးဘက်သို့ မောင်းလာစဉ် အဆိုပါသစ်လုံးတင်ယာဉ်က အသက် ၃၀ ၀န်းကျင်ခန့်ရှိသော အမျိုးသားတစ်ဦးအား တိုက်မိသော ကြောင့် လည်ပင်းပြတ် ဦးခေါင်းကြေပြီး သေဆုံး သွားခဲ့ကြောင်း သတင်းရရှိပါသည်။ဒီဇင်ဘာ ၇ရက်နေ့ နံနက် ၅နာရီခွဲခန့် အချိန်တွင် အလုံမြို့နယ်ရှိ ဆင်းမင်းဈေး
ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်မြန်နှုန်း ၂၀၁၃တွင် နိုင်ငံတကာ စံနှုန်းအတိုင်း မြှင့်မည်ဟုဆို
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ခေါ်ဆိုမှုနှင့် အင်တာနက် မြန်နှုန်းများကို ၂၀၁၃ ခုနှစ် ဧပြီလတွင် နိုင်ငံတကာ စံချိန်စံညွန်း များနှင့် ကိုက်ညီအောင် လုပ်ဆောင် သွားမည်ဟု သိရကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး
"မိဘမဲ့ကလေးများအတွက် ရန်ပုံငွေပွဲ"
မြန်မာပြည်တွင်းရှိ မိဘမဲ့ကလေးများအတွက် ရန်ပုံငွေပွဲကို နူးယောက်ခ်မြို့၌ ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်၊ စနေနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ် ပါကြောင်း ရပ်နီးရပ်ဝေးနေ အသိမိတ်ဆွေများအား အသိပေးအကြောင်းကြားအပ်ပါသည်။
ကျင်းပမည့်နေရာ -
ရုရှားတွင် ၀မ်းတစ်ထွာအတွက် လူသားစားလေသလား
Photo: ရုရှားတွင် ၀မ်းတစ်ထွာအတွက် လူသားစားလေသလား 
Thursday, 06 December 2012
မော်စကို - လူသူအရောက်အပေါက် နည်းသော တောနက်ကြီးတစ်ခုထဲ၌ သုံးလတာမျှလမ်းပျောက်ခဲ့ပြီးနောက် ပြန်လည် ကယ်ဆယ်ခြင်းခံခဲ့ရသူ လူ နှစ်ဦးသည် အသက်ဆက်ရှင်ရေး အတွက် အခြားအဖော်တစ်ဦးကို သတ်ဖြတ်၍ လူသားကို စားသောက်ခဲ့ ပုံရသဖြင့်ရုရှားစုံစမ်းစစ်ဆေးရေး
များက လူသတ်မှုတစ်ခုအဖြစ် အမှုဖွင့် စုံစမ်းသွားမည်ဖြစ်ကြောင်း
အရာရှိ များက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြောသည်။
အသက် ၃၇ နှစ်နှင့် ၃၅ နှစ်အရွယ် အသီးသီးရှိကြသည့် အဆိုပါအမျိုး သားနှစ်ဦးသည်လွန်ခဲ့သည့်ဩဂုတ်လ က ကမ္ဘာ့လူအရောက်
အပေါက်အနည်း ဆုံးဒေသများအနက် တစ်ခုဖြစ်သော ရုရှားနိုင်ငံ
အရှေ့စူးစူးရှိ ကျယ်ပြန့် သည့် ယာကူတီယာဒေသသို့ အပျော်
မြစ်ကြောင်း ငါးဖမ်းထွက်ခဲ့ရာမှ ပျောက် ဆုံးသွားခဲ့ကြခြင်းဖြစ်သည်။
အဆုံး၌ ကယ်ဆယ်ရေးသမားများ သည် ယင်းလူနှစ်ဦးကို ယာကူတီယာ
တောင်ပိုင်းအနီးဆုံးနေယွန်ဂရီမြို့ အနီးမှ ၁၅၅ မိုင်အကွာရှိဆူတမ်မြစ်
အနီးတွင် ယခုလအတွင်းတွေ့ရှိခဲ့ကြသည်။
အဆိုပါလူနှစ်ဦးက ၎င်းတို့အဖွဲ့ ကွဲသွားကြောင်းနှင့် အခြားသူများမှာ အသက်ရှင်ဆဲဖြစ်နိုင်ကြောင်းဆိုသည်။ သို့ရာတွင် ၎င်းတို့နှစ်ဦးအား
ရှာတွေ့ ခဲ့ရာနေရာအနီး၌စုံထောက်များက လူရုပ်အလောင်းတစ်ခု၏
အစိတ်အ ပိုင်းများတွေ့ရှိခဲ့သဖြင့် လူသတ်မှုဖွင့်ခဲ့ ကြသည်။
"စုံထောက်တွေက သက်ဆိုင်ရာ ဒေသတွေမှာ စုံစမ်းစစ်ဆေးမှုတွေ
လုပ်ခဲ့ကြတယ်။အကြမ်းဖက်ခံရပြီးသေဆုံးခဲ့ ရတဲ့လက္ခဏာရှိတဲ့ လူအလောင်းတစ်ခု ကိုတွေ့ခဲ့ရပြီးလူသတ်မှုသံသယဖြစ်ခဲ့ ရတယ်" ဟု
ရုရှားစုံစမ်းရေးကော်မတီ ၏ ယာကူတီယာရုံးခွဲကဆိုခဲ့သည်။
ရုရှားနိုင်ငံတွင် လူသားစားခြင်း အ တွက် ရာဇ၀တ်မှုဥပဒေတွင် မည်သည့် ပုဒ်မမျှမရှိသော်လည်း အဆိုပါလူနှစ်ဦး သည် အဖော်တစ်ဦးကိုစားခဲ့ကြသည် ဟု ကနဦးထင်မြင်ချက်များတွင်ဖော်ပြ ထားကြောင်း နိုင်ငံပိုင်ရုပ်သံသတင်း တွင်ဖော်ပြပြောဆိုသွားသည်။
စတုတ္ထ မြောက် လူမှာမူ မည်သို့ဖြစ်ကြောင်းရှင်း လင်းစွာမသိရသေးပေ။ ကယ်ဆယ်ခံရသည့် လူနှစ်ဦးကမူ အပြစ်မရှိကြောင်း ငြင်းဆိုထားကြပြီး ရာသီအေးသည့်အတွက်တဲတစ်လုံး အတွင်းနေထိုင်ကာ တောရိုင်းအစား အစာများ စားသောက်လျက် အသက်ရှင်သန်ခဲ့ရသည်ဟု ဆိုခဲ့ကြသည်။
သို့ရာတွင် ဆိုးရွားစွာနှင်းကိုက်ခံရသည့် ဒဏ်ရာများအတွက် ဆေးရုံတင် ကုသခံထားရသည့် ယင်းအမျိုးသား နှစ်ဦးသည် ဆေးရုံမှထွက်ပြေး သွားကြကာ ရဲများ၏လက်မှထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ကြောင်း အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယာကူတီယာ စုံထောက်များကလည်း လျင်မြန်စွာအမှုမှန်ပေါ်ပေါက်ရေး
အတွက်ဒီအင်န်အေနှင့် သေမှုသေခင်း စစ်ဆေးမှုများကို စမ်းသပ်
စစ်ဆေးလျက် ရှိသည်ဟုဆိုကြသည်။
(အေအက်ဖ်ပီ)
ဇော်ဝင်း
Myanmar Timesမော်စကို - လူသူအရောက်အပေါက် နည်းသော တောနက်ကြီး တစ်ခု ထဲ၌ သုံးလတာ မျှလမ်းပျောက် ခဲ့ပြီးနောက် ပြန်လည် ကယ်ဆယ်ခြင်း ခံခဲ့ရသူ လူ နှစ်ဦးသည် အသက်ဆက်ရှင်ရေး အတွက် အခြားအဖော်တစ်ဦးကိုသတ်ဖြတ်၍ လူသားကို စားသောက်ခဲ့ ပုံရသဖြင့်ရုရှားစုံစမ်းစစ်ဆေးရေးများက လူသတ်မှုတစ်ခုအဖြစ် အမှုဖွင့်
>>> ဒီဇင်ဘာ ၇ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း >>>
ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference
`လက်ရှိရင်ဆိုင်နေရသော ပြသနာများနှင့် စိန်ခေါ်မှုများအတွက် နိုင်ငံတ၀ှမ်းလုံးရှိ လူငယ်တိုင်းရင်းသားပေါင်းစုံပါဝင်သော မြန်မာနိုင်ငံလုံးဆိုင်ရာလူငယ်တွေ့ဆုံဆွေးနွေးပွဲကျင်းပမည်´
မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် (၁၄) ခုတို့မှ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော မြန်မာနိုင်ငံ လုံးဆိုင်ရာလူငယ်တွေ့ဆုံဆွေးနွေးပွဲကြီးကီုအထိမှော်ဘီမြို့နယ် ၊ ဓမ္မဒူတ ကျောင်းတိုက်တွင်သုံးရက် တိုင်တိုင် ဒီဇင်ဘာလ (၁၀) ရက်နေ့မှ (၁၂) ရက်နေ့ထိ နံနက် (၉) နာရီမှ ညနေ (၅) နာရကျင်းပပြု လုပ် မည် ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံအရပ်ရပ်မှ လူငယ်ကိုယ်စားလှယ်ပေါင်း (၂၀၀) ကျော်တက်ရောက်ကြမည့် အဆိုပါပွဲကြီးတွင်
နေ့စဉ် ဟက်ဟက်ပက်ပက် ရယ်မောလျှင် ကျန်းမာမည်
Photo: နေ့စဉ် ဟက်ဟက်ပက်ပက် ရယ်မောလျှင် ကျန်းမာမည် 
Friday, December 07, 2012
နယူးဒေလီ- ဟက်ဟက်ပက်ပက် ရယ်မောခြင်းဖြင့် ကျန်းမာရေး
လိုက်စားသူ ထောင်ပေါင်းများစွာကို နည်းပေး နိုင်ခဲ့သော အိန္ဒိယနိုင်ငံမှ 
အရယ်အမော ဆရာကြီး မာဒန်ကက်တာရီယားက သူ့ထံမှာ 
အလွန်ကောင်းသည့် ဟာသ ဉာဏ်မရှိပါဟု ၀န်ခံပြောဆိုသွားသည်။
အိုပရာဝင်းဖရေး၊ ဂိုလ်ဒိုင်ဟွန်း အပါအ၀င် ကမ္ဘာသိပုဂ္ဂိုလ်များပါဝင်
ပြုလုပ်လာကြသည့်ရယ်မောမှုယောဂ (Laughter Yoga) လေ့ကျင့်ခန်းကို
စတင် တီထွင်သူ ကက်တာရီယားက"လူတွေ ကို အမိန့်ပေးပြီး ရယ်ခိုင်းလို
့မရပါဘူး" ဟုလည်း အားရပါးရ ရယ်လျက်ဆို ပြန်သည်။
ယခုအခါ အိပ်ခ်ျပီ (ဟျူးလက်- ပက်ကပ်)ကဲ့သို့သော ကွန်ပျူတာကုမ္ပဏီ များမှသည်ဗော်လ်ဗိုကဲ့သို့သော ကား ကုမ္ပဏီများထိ ကမ္ဘာ့လုပ်ငန်း
ကုမ္ပဏီ များကပင် ကက်တာရီယားအား ငှားရမ်း ၍ သူ၏အကြောင်းမဲ့ 
ရယ်မောနည်းကို သင်ယူလေ့ကျင့်နေကြရသည်။
သူကိုယ်တိုင်လည်း နာမည်မဖော် ပြလိုသော သူဌေးပေးလှူသည့် ဒေါ်လာ ၂၅၀,၀၀၀ နှင့်အိန္ဒိယနိုင်ငံ တောင်ပိုင်း မြို့ ဘန်ဂလိုရှိ အဆောက်အအုံ 
ကန်ထရိုက်တာတစ်ဦး လှူဒန်းသည့်မြေပေါ်တွင် ရယ်မောသံ တက္ကသိုလ် (Laughter University) ကို ထူထောင်ဖွင့်လှစ်တော့မည် ဖြစ်သည်။
၂၀၁၃ ခုနှစ်ကုန်တွင် ဖွင့်လှစ်မည့် ယင်းတက္ကသိုလ်သည် ရယ်မောမှု ယောဂ ပညာဖြန့်ဖြူးရာဗဟိုဌာနတစ်ခုပင်ဖြစ် သည်။ ယင်းတက္ကသိုလ်တွင် ရယ်မောမှု သင်တန်းများပို့ချပြီး ရယ်မောခြင်း ကြောင့်ရရှိမည့်
ကောင်းကျိုးများဆိုင်ရာ ကျန်းမာရေး ဆေးပညာပေးဌာနတစ်ခုကိုပါ 
ဖွင့်လှစ်ရန် စိတ်ကူးထားသည်။
ရယ်မောသောအခါ စိတ်ကျေနပ် နှစ်သိမ့်မှုနှင့် ဆက်နွှယ်နေသည့် အင်ဒေါ်ဖင်း (endorphins)ခေါ် ဦးနှောက်ဓာတ် ပစ္စည်းများ ထွက်လာကြောင်း လေ့လာ တွေ့ရှိထားပြီးဖြစ်သည်။
"ရယ်မောခြင်းဟာ လူတွေလုပ်နိုင်တဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး ဆေးတစ်လက်ပါပဲ"ဟု အရပ်မြင့်မြင့် ထိပ်ပြောင်ပြောင်
 အသက် ၅၈ နှစ်အရွယ် မာဒန်ကက်တာရီယားက ဆိုသည်။
သူ့ကြိုးပမ်းမှုကြောင့် အိန္ဒိယနိုင်ငံနှင့် ဘေရွတ်၊ အိုင်ယာလန် စသည့် ကမ္ဘာ့ နိုင်ငံများတွင်ရယ်မောသူများအသင်း (Laughter Club) ပေါင်း
ထောင်ချီ၍ ရှိနေကြပြီဖြစ်သည်။
ကက်တာရီယားသည် စာသင် ကျောင်း၊ အကျဉ်းထောင်၊ ဆေးရုံနှင့် ဘိုးဘွားရိပ်သာများတွင်လည်း ရယ်မော သည့် လေ့ကျင့်ခန်းများကို
သင်ပြပေးသည်။
ယခင်နှစ်အနည်းငယ်က အမေ ရိကန် အထက်လွှတ်တော် ကော်မတီ တစ်ခုတွင် ယောဂနည်းဖြင့် ရယ်မောပုံ ကိုပြသပြီးနိုင်ငံ၏ ကျန်းမာရေး
စာင့် ရှောက်မှု ကုန်ကျစရိတ်ကို ယောဂနည်း ရယ်မောမှုဖြင့်
လျှော့ချပေးနိုင်သည်ဟု ပြောကြားခဲ့သည်။
ကက်တာရီယားသည် ဆရာဝန် ဖြစ်သည့်အလျောက် စိတ်ဖိစီးမှုနှင့် အခြား ရောဂါများအားရယ်မောခြင်းဖြင့် ကုသနိုင်သည့်သဘောကို
ဆေးစာအုပ် များထဲတွင် တွေ့ရှိသွားရာမှ ရယ်မောသူများအသင်းများကို
စတင်မဖွင့်လှစ်မီ သူ၏တွေ့ရှိချက်များကို ကွင်းဆင်း သုတေသနပြုရန်
၁၉၉၅ ခုနှစ်တွင် ဆုံးဖြတ်လိုက်သည်။
မွမ်ဘိုင်းမြို့ ပန်းခြံထဲတွင် လူစိမ်း လေးယောက်အကူအညီဖြင့် သူ့ သုတေသနကို စတင်ပြုလုပ်ခဲ့သည်။ လူလေးယောက်ကို စက်ဝိုင်းသဏ္ဌာန်
မတ်တတ်ရပ်စေပြီး တောခွေးအသံမျိုးဖြင့် ရယ်စေရာ မကြာမီ 
လူ ၅၀ ၀န်းကျင်ထိ ပါဝင်ရယ်မောလာကြကြောင်း တွေ့ရသည်။
ရယ်စရာများကို ပြန်လည်တွေး တောစေခဲ့သော်လည်း ခွက်ထိုး ခွက်လန် ဟားတိုက်ရယ်မောခြင်းများ မပြုလုပ်ကြ တော့ပေ။ ဤတွင်ဟန်ဆောင်
ရယ်ခြင်း နှင့် အမှန်တကယ်ရယ်ခြင်းတွင် စိတ် ပျော်ကျန်းမာစေသည့် ဓာတုပစ္စည်းများ ထွက်လာသော်လည်း ယင်းနှစ်မျိုးကိုလူ့ကိုယ်ခန္ဓာက
ခွဲခြားမသိနိုင်ကြောင်း ကက်တာရီယား တွေ့ရှိသွားသည်။
"တမင်တကာ လုပ်ရယ်ရာက မိနစ် ပိုင်းအတွင်းမှာ တကယ်ရယ်တဲ့အဖြစ် ကို ရောက်သွားတာပါပဲ။ စမ်းပြီးရယ် ကြည့်ကြစမ်းပါ" ဟု သူကပြောသည်။
သူ့လူများကိုသူနှင့်အတူ တစ်မိနစ်ခန့် အကြောင်းမဲ့ ရယ်မောရန် ပြောသည်။ ယင်းသို့တမင်တကာ ရယ်မောခြင်း သည် ဆယ်မိနစ်ခန့်ကြာသောအခါ အဆင့်ဆင့် ကူးစက်သွားပြီးယောဂနည်း ရယ်မောသည့် အဆင့်သို့
ရောက်သွား တော့သည်။
ပုံမှန်ရယ်မောခြင်းဖြင့် ကိုယ်ခံအား ပိုကောင်းလာခြင်း၊ စိတ်ဖိစီးမှုနည်းခြင်း၊ လူမှုဆက်ဆံရေးပိုမိုကောင်းမွန်ခြင်း မှသည် အစာကြေလွယ်ခြင်းအထိ
ကောင်းကျိုးများ ရရှိနိုင်ကြောင်းအမေရိကန်နိုင်ငံ Mayo ဆေးရုံမှ ဒေါက်တာ
အေမစ်ဆွတ်ကပြောသည်။
အမြတ်အစွန်း ပဓာနမထားသော Laughter Yoga Institute ဖွင့်လှစ် ထားသောကက်တာရီယားက နေ့စဉ် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ရယ်မောပါက တကယ့် အကျိုးတရားကိုခံစားရမည် ဟုပင် ပြောသည်။
နယူးဒေလီမြို့မှ နေ့စဉ်ရယ်မောနေသော လီဆာဆင်း (၃၉ နှစ်) ကလည်း "ရယ်လို့ ကျွန်တော်အပန်းပြေသွား တယ်။ မနက်ပိုင်မှာရယ်လိုက်ရင်
အဲဒီ တစ်နေ့လုံး ကျွန်တော်အဆင်ချောနေတာပါပဲ"ဟုဆိုသည်။
ဟာသဇာတ်ကားတွေမှာ စက္ကန့်ပိုင်းလောက်ပဲ ရယ်ရရုံနဲ့ မလုံလောက်
သေးပါဘူး။ ကောင်းကျိုးရဖို့ဆိုရင် ဆက်တိုက် ရယ်မောရမယ့်
အချိန်တစ်ခုတော့ရှိဖို့ လိုအပ်ပါတယ်။
"ရယ်မောခြင်းဟာ သမ်းဝေခြင်းလိုပဲ ကူးစက်တတ်တယ်။ အလွန်ခဲယဉ်း နိုင်တဲ့ လူမှုဘ၀ဆက်ဆံရေးမှာ ချောမွေ့ ဖို့အတွက်
ကျွန်တော်တို့ ရယ်မောကြဖို့ လိုအပ်ပါတယ်"ဟုကက်တာရီယားက
ဆိုသည်။
(အေအက်ဖ်ပီ)
Myanmar Timesနယူးဒေလီ- ဟက်ဟက်ပက်ပက် ရယ်မောခြင်းဖြင့် ကျန်းမာရေး
လိုက်စားသူ ထောင်ပေါင်းများစွာကို နည်းပေး နိုင်ခဲ့သော အိန္ဒိယနိုင်ငံမှ
အရယ်အမော ဆရာကြီး မာဒန်ကက်တာရီယားက သူ့ထံမှာ
အလွန်ကောင်းသည့် ဟာသ ဉာဏ်မရှိပါဟု ၀န်ခံပြောဆိုသွားသည်။
အိုပရာဝင်းဖရေး၊ ဂိုလ်ဒိုင်ဟွန်း အပါအ၀င် ကမ္ဘာသိပုဂ္ဂိုလ်များပါဝင်
ပြုလုပ်လာကြသည့်ရယ်မောမှုယောဂ (LaughterYoga)  လေ့ကျင့်ခန်း ကိုစတင် တီထွင်သူ ကက်တာရီယားက"လူတွေ ကို အမိန့်ပေးပြီး ရယ်ခိုင်းလိုမရပါဘူး" ဟုလည်း အားရပါးရ ရယ်လျက်ဆို ပြန်သည်။
ယခုအခါ အိပ်ခ်ျပီ (ဟျူးလက်- ပက်ကပ်)ကဲ့သို့သော ကွန်ပျူတာကုမ္ပဏီ များမှသည်ဗော်လ်ဗိုကဲ့သို့သော
အငြင်းပွားဒေသ ရေနံမရှာဖို့ တရုတ်သတိပေး
Photo: အငြင်းပွားဒေသ ရေနံမရှာဖို့ တရုတ်သတိပေး 
Friday, December 07, 2012
တောင်တရုတ်ပင်လယ်ပြင်မှာတဘက်သတ်ဆန်ဆန် ရေနံနဲ့သဘာဝ
ဓာတ်ငွေ့ ရှာဖွေမှုကို ရပ်တန့်ဖို့ တရုတ်နိုင်ငံက ဗီယက်နမ်ကို သတိပေး လိုက်ပါတယ်။ ဒီဒေသအတွင်း တရုတ်-ဗီယက်နမ် နှစ်နိုင်ငံကြား ကာလရှည်ကြာ ရေပိုင်နက် အငြင်းပွားနေခဲ့ပြီး ပိုပြီးတင်းမာလာနေတာ
ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဗီယက်နမ်နိုင်ငံပိုင် ရေနံနဲ့သဘာဝဓာတ်ငွေ့ ကုမ္ပဏီရဲ့သင်္ဘောတွေထဲက တစင်းရဲ့  ဆက်သွယ်ရေးကြိုးတွေကို တရုတ်သင်္ဘောတွေက ဖြတ်တောက်ခဲ့တယ်လို့ ဗီယက်နမ်က စွပ်စွဲပြောဆိုခဲ့ပြီးတဲ့နောက် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဟွန်းလီက ကြာသာပတေးနေ့မှာ အခုလိုပြောလိုက်တာပါ။ အဲဒီလိုလုပ်ရပ်ဟာ ဗီယက်နမ်ရဲ့ အချုပ်အခြာ အာဏာကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက
ပြောထားပါတယ်။
မစ္စတာဟွန်းလီက - ဗီယက်နမ်တွေရဲ့ စွပ်စွဲချက်တွေဟာ ကြောင်းကျိုး
ဆက်စပ်မှုမရှိဘူး လို့ ငြင်းဆိုလိုက်ပြီး - တရုတ်သင်္ဘောတွေဟာ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်အတွင်း ဟိုင်နန်ပြည်နယ်နားမှာ ငါးဖမ်းနေတာဟာ တရားဥပဒေနဲ့လုံးဝ ညီညွတ်တယ်လို့ ပြောခဲ့တာပါ။
ဒေသတွင်း ရေပိုင်နက်ပြဿနာကြောင့် အခြေအနေ တင်းမာမှု
မြင့်မားလာနေတဲ့ -တရုတ်ရေပိုင်နက်လို့ သတ်မှတ်ထားတဲ့ ဧရိယာအတွင်းကို ဝင်လာတဲ့ -ဘယ် သဘောင်္ကိုမဆို ဖမ်းဆီးဖို့ အတွက် ဟိုင်နန်ပြည်နယ်ရဲ့ ရဲတပ်ဖွဲ့ကိုလည်း မကြာခင်ကပဲ လုပ်ပိုင်ခွင့်အာဏာတွေ တိုးပေးထားပါတယ်။ 
ဗွီအိုအေ တောင်တရုတ်ပင်လယ်ပြင်မှာတဘက်သတ်ဆန်ဆန် ရေနံနဲ့သဘာဝ
ဓာတ်ငွေ့ ရှာဖွေမှုကို ရပ်တန့်ဖို့ တရုတ်နိုင်ငံက ဗီယက်နမ်ကို သတိပေး လိုက်ပါတယ်။ ဒီဒေသအတွင်း တရုတ်-ဗီယက်နမ် နှစ်နိုင်ငံကြား ကာလ
ရှည်ကြာ ရေပိုင်နက် အငြင်းပွားနေခဲ့ပြီး ပိုပြီးတင်းမာလာနေတာဖြစ်ပါ တယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဗီယက်နမ်နိုင်ငံ ပိုင် ရေနံနဲ့သဘာဝ ဓာတ်ငွေ့ ကုမ္ပဏီရဲ့သင်္ဘောတွေထဲက တစင်းရဲ့ ဆက်သွယ်ရေး ကြိုးတွေကို တရုတ်သင်္ဘောတွေက ဖြတ်တောက်ခဲ့တယ်လို့ ဗီယက်နမ်
ရွှေတိဂုံ စေတီတော် စုပေါင်း သွေးလှူဒါန်းပွဲ လာရောက် လှူဒါန်းနိုင်
Photo: ရွှေတိဂုံ စေတီတော် စုပေါင်း သွေးလှူဒါန်းပွဲ လာရောက် လှူဒါန်းနိုင်
Friday, December 07, 2012
ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ ကြီးမှူး ကျင်းပမည့် (၁၆)ကြိမ်မြောက် ဒါနဥပ ပါရမီ စုပေါင်း သွေးလှူဒါန်း ပွဲကို ဒီဇင်ဘာ ၂၃ ရက်တွင် စေတီတော် ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သွေးလှူဒါန်း ပွဲတွင် ရွှေတိဂုံ စေတီတော် ပေါ်၌ မိမိ၏ သွေးကို လှူဒါန်း ရခြင်းသည် မွန်မြတ် လှသည်ဟု ယူဆကာ လှူဒါန်း ကြသူများ ရှိသလို လေးလတစ်ကြိမ် လှူနေကြ ဖြစ်၍ လှူဒါန်း သူများလည်း ရှိကြောင်း၊ အချို့မှာ ဘုရားဖူး လာရင်း လှူဒါန်း သွားသူများလည်း ရှိကြောင်း၊ ကိုယ်တိုင် သွေးမလှူ နိုင်သော်လည်း သွေးလှူသည့် ပုဂ္ဂိုလ်များ ကျန်းမာစေရန် ရည်ရွယ်၍ အားဆေးများ၊ နွားနို့၊ ကြက်ဥ၊ ငှက်ပျောသီး များနှင့် အအေးများ စသည့် အာဟာရ ဒါနများ လာရောက် လှူဒါန်း သူများလည်း ရှိကြောင်း သိရသည်။ 
အဆိုပါ သွေးလှူဒါန်းပွဲ တစ်ကြိမ်လျှင် သွေးလှူရှင် ၆ဝဝ မှ ၈ဝဝ အထိ လာရောက် လှူဒါန်းလေ့ ရှိကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ တာဝန်ရှိသူ ထံမှ သတင်း ရရှိသည်။
မြ၀တီ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့မှ ကြီးမှူး ကျင်းပမည့် (၁၆) ကြိမ်မြောက် ဒါနဥပ ပါရမီ စုပေါင်း သွေးလှူဒါန်း ပွဲကို ဒီဇင်ဘာ ၂၃ ရက်တွင် စေတီတော် ရာဟုထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်း ပမည် ဖြစ်ကြောင်း သိရသည်။အဆိုပါ သွေးလှူဒါန်းပွဲတွင်  ရွှေတိဂုံ စေ တီတော် ပေါ် ၌ မိမိ၏ သွေးကို လှူဒါန်း ရခြင်းသည် မွန်မြတ် လှ သည်ဟု ယူဆကာ လှူဒါန်း ကြသူများ ရှိသလို လေးလတစ်ကြိမ် လှူနေ ကြ ဖြစ်၍ လှူဒါန်း သူများလည်း ရှိကြောင်း၊ အချို့မှာ ဘုရားဖူး လာရင်း လှူဒါန်း သွားသူများလည်း ရှိကြောင်း၊ ကိုယ်တိုင် သွေး
ခရီးသွားလုပ်ငန်းဆိုင်ရာဘွဲ့ ၂၆၁ ဦး ခေါ်ယူ
Photo: ခရီးသွားလုပ်ငန်းဆိုင်ရာဘွဲ့ ၂၆၁ ဦး ခေါ်ယူ
Friday, December 07, 2012
ပထမဆုံးအကြိမ်အဖြစ် အမျိုးသားစီမံ ခန့်ခွဲမှုပညာကောလိပ်တွင် ဖွင့်လှစ်မည့် ခရီးသွားလုပ်ငန်းဆိုင်ရာဘွဲ့ B.A (Tourism) အတွက် ကျောင်းသားဦးရေ ၂၆၁ ဦးကို ရွေးချယ်ဝင်ခွင့်ပြုထား
ကြောင်း အဆိုပါကျောင်းမှ သိရသည်။
"ဘွဲ့သင်တန်းက ဒီနှစ်မှ စတာပါ။ ပထမအကြိမ်ပေါ့။ ရန်ကုန်နဲ့ မန္တလေးမှာ ဖွင့်မယ်။ ရန်ကုန်မှာ ၁၃၁ ယောက်၊ မန္တလေးမှာ ၁၃၀ ၀င်ခွင့်ရတယ်။ ၀င်ခွင့် အနိမ့်ဆုံးရမှတ်က ရန်ကုန်မှာ၄၆၄ မှတ်၊ မန္တလေးမှာ ၄၅၂ မှတ်ပါ"ဟု ရန်ကုန် အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်မှကျောင်းအုပ်ကြီး ပါမောက္ခ ဒေါက်တာ သန်းဝင်းက  ပြောသည်။
အဆိုပါဘွဲ့သင်တန်းမှာ လေးနှစ်သင် တန်းဖြစ်ပြီး  သက်ဆိုင်ရာနယ်ပယ် အလိုက် ကမ္ဘာလှည့်ခရီးသွား စီမံခန့်ခွဲ ရေးလုပ်ငန်းဆိုင်ရာ အကြောင်းအရာ များကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး
ဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတို့မှလာရောက် ဆွေးနွေး
သင်ကြားကြမည်ဖြစ်သည်။
"သင်ကြားမယ့် ဆရာတွေကတော့ ဆရာတို့ဆီမှာ အရင်က DTSM ဘွဲ့ရ ဆရာတွေရှိပြီးသားလေ၊ ပြီးတော့ သက်ဆိုင်ရာဘာသာရပ်နယ်ပယ်မှာ မာစတာတွေ၊ ပီအိပ်ခ်ျဒီတွေရပြီးသား ဆရာတွေ လာသင်မယ်။ သူတို့က ဟိုတယ်/ခရီးကဖိတ်တဲ့ ခရီးသွား လုပ်ငန်းဆိုင်ရာဆွေးနွေးပွဲတွေ တက် ထားကြပြီးသားတွေ၊အဲလို အတွေ့ အကြုံ တွေရှိတဲ့ ဆရာ၊ ဆရာမေ
တွသင်မယ်။ ဟိုတယ်/ခရီးက ဦးစီးအရာရှိတွေ၊ပညာ ရှင်တွေ လာသင်မယ်"ဟု ဒေါက်တာသန်းဝင်းက ပြောကြားသည်။
အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ် တွင် ဘွဲ့လွန်ခရီးသွားလုပ်ငန်းပညာနှင့် စီမံခန့်ခွဲမှုဆိုင်ရာဒီပလိုမာသင်တန်းကို ၂၀၀၅-၀၆ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ စတုတ္ထအကြိမ်အထိဒီပလိုမာရရှိပြီး
သူပေါင်း ၁၃၀ ရှိပြီဖြစ် ကြောင်း သိရသည်။
အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်ကို ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီးသင်ကြားပို့ချနေသော ဘာသာရပ်များမှာ
စီးပွားရေးနှင့် စီမံခန့်ခွဲမှုဘာသာရပ်၊ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ၊ သတင်းအတတ်ပညာ ဘာသာရပ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာ
ရပ်တို့ဖြစ်ကာ အသိအမှတ်ပြုဘွဲ့ အပ်နှင်းသည့် တက္ကသိုလ်များမှာ ရန်ကုန်တက္ကသိုလ်နှင့်ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့ ဖြစ်ကြသည်။
မြတ်နိုးအောင်
Myanmar Timesပထမဆုံးအကြိမ်အဖြစ် အမျိုးသားစီမံ ခန့်ခွဲမှုပညာကောလိပ်တွင် ဖွင့်လှစ်မည့် ခရီးသွားလုပ်ငန်းဆိုင်ရာဘွဲ့ B.A (Tourism) အတွက် ကျောင်းသား ဦးရေ ၂၆၁ ဦးကို ရွေးချယ်ဝင်ခွင့်ပြုထားကြောင်း အဆို ပါကျောင်းမှ သိရသည်။
"ဘွဲ့သင်တန်းက ဒီနှစ်မှ စတာပါ။ ပထမအကြိမ်ပေါ့။ ရန်ကုန်နဲ့ မန္တလေး မှာ ဖွင့် မယ်။ ရန်ကုန်မှာ ၁၃၁ ယောက်၊ မန္တလေးမှာ ၁၃၀ ၀င်ခွင့်ရ တယ်။ ၀င်ခွင့် အနိမ့်ဆုံးရမှတ်က ရန်ကုန်မှာ၄၆၄ မှတ်၊ မန္တလေးမှာ ၄၅၂ မှတ်ပါ"ဟု ရန်ကုန် အမျိုးသားစီမံခန့်ခွဲမှု ပညာကောလိပ်
ရခိုင်ပြည်နယ် ပဋိပက္ခကိစ္စကို မဟုတ်မမှန်လုပ်ကြံ၍ ပုံကြီးချဲ့ကာ သတင်းမှတ်တမ်းအဖြစ် ထုတ်လွှင့်ပြသရန် အယ်လ်ဂျာဇီးရား သတင်းဌာန၏ လုပ်ဆောင်ချက်များကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်းနိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန် ကြေညာချက်
မီးပုံးပျံခရီးစဉ်ကို ဆွစ်ဇာလန်က ဦးဆောင် ပျံသန်းမည်
မီးပုံးပျံခရီးစဉ်ကို ဆွစ်ဇာလန်က ဦးဆောင် ပျံသန်းမည်
Friday, December 07, 2012
ဆွစ်ဇာလန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်ဦးဆောင်၍ မြန်မာနိုင်ငံတွင်းရှိ ခရီးသွားဒေသများတွင်ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ဇန်န၀ါရီလ ၈ ရက်နေ့
အထိ မီးပုံးပျံခရီးစဉ် လာရောက်ပျံသန်းမည်ဖြစ်သည်။
မီးပုံးပျံခရီးစဉ်မှာ ၁၅ ကြိမ်မြောက်ပျံသန်းခြင်းဖြစ်ပြီး ယခုအကြိမ်တွင် မီးပုံးပျံခုနစ်လုံးဖြင့်အင်းလေး၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဟဲဟိုး၊ မန္တလေးသို့ သွားရောက်ပျံသန်းမည်ဖြစ်သည်ဟုအဆိုပါခရီးစဉ်ကို တာဝန်ယူ
ဆောင်ရွက်ပေးသောGolden  Express ခရီးသွားလုပ်ငန်းမှ
မန်နေဂျင်းဒါရိုက်တာဦးတင့်နောင်က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
အဖွဲ့တွင် ဆွစ်ဇာလန်မှ ၂၅ ဦး၊ ယူကေမှ တစ်ဦး၊ ဩစတြေးလျမှ တစ်ဦး နှင့် ဂျာမနီမှ နှစ်ဦးစုစုပေါင်း ၂၉ ဦး လိုက်ပါစီးနင်းသွားမည် ဖြစ်သည်။
"စတင်ပျံသန်းတာက ၁၉၉၉ ခုနှစ်မှာပါ။ အဲဒီနှစ်ကနေစပြီး နှစ်စဉ်နှစ်တိုင်း တစ်ကြိမ်စီ ပျံသန်းခဲ့တယ်။ အဓိကက မီးပုံးပျံပေါ်ကနေ မြန်မာနိုင်ငံရဲ့ ရှုခင်းတွေ ကို Sight Seeing လိုက်ကြည့်ကြတာ ပါ" ဟု ဦးတင့်နောင်က
ပြောသည်။
ပျံသန်းမည့် မီးပုံးပျံများမှာ ဒီဇင်ဘာ လ ၂၀ ရက်မတိုင်ခင် ရောက်ရှိမည်ဖြစ်ပြီး
ခရီးစဉ်အစအဆုံး ၀န်ဆောင်မှုကိုGolden  Express ခရီးသွားလုပ်ငန်းက
တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
"ဒီမီးပုံးပျံခရီးစဉ်က တာဝန်အရမ်း ကြီးတယ်။ လူအင်အားတွေ အများကြီး သုံးရတယ်။ မီးပုံးပျံသွားတဲ့ လမ်းတစ်လျောက်ကို အောက်ကနေ 
ကားတွေနဲ့လိုက်ပြီး ပြန်ကျမယ့်နေရာမှာစောင့်နေရပါတယ်။ လေကြောင်း
အခြေအနေအရ ဘယ်နေရာမှာ မီးပုံးပျံပြန်ဆင်းနိုင်မယ်ဆိုတာကို
အတိအကျမပြောနိုင်ဘူး" ဟု ဦးတင့်နောင်က ပြောသည်။
အဆိုပါ မီးပုံးပျံပထမခရီးစဉ်ကို ၁၉၉၉ ခုနှစ်တွင် ၎င်းခရီးသွားလုပ်ငန်းနှင့် ဆွစ်ဇာလန်နိုင်ငံစီးပွားရေးလုပ်ငန်းရှင် Peter Blaser က ရန်ကုန်မြို့
လှိုင်သာယာ ဘောလုံးကွင်းမှ စတင်ပျံသန်းခဲ့သည်။
"သုံးကြိမ်လောက် ကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ်ပါ ပျံဖူးတယ်။ ပျံသန်း လေ့ရှိတဲ့ခရီးစဉ်တွေက ပုဂံ၊ မန္တလေး၊ အင်းလေးကတော့ ပါတယ်။ တစ်ကြိမ် ပျံသန်းရင် ၂၅ ယောက်နဲ့ အယောက် ၃၀ ကြား ပါတယ်" ဟု ဦးတင့်နောင်က ပြော ကြားသည်။
မီးပုံးပျံများ အပျော်တမ်းပျံသန်း စီးနင်းခြင်းများကို လေကြောင်းအခြေအနေ
အရ နှစ်တစ်နှစ်၏ ဒီဇင်ဘာလမှ ဇန်န၀ါရီလအတွင်းသာ ပျံသန်းလေ့
ရှိသည်။
ယုယုမော် 
Myanmar Times ဆွစ်ဇာလန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်ဦးဆောင်၍ မြန်မာနိုင်ငံတွင်းရှိ ခရီးသွားဒေသ များတွင်ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ဇန်န၀ါရီလ ၈ ရက်နေ့အထိ မီးပုံးပျံ ခရီးစဉ် လာရောက်ပျံသန်းမည်ဖြစ်သည်။
မီးပုံးပျံခရီးစဉ်မှာ ၁၅ ကြိမ်မြောက်ပျံသန်းခြင်းဖြစ်ပြီး ယခုအကြိမ်တွင် မီးပုံးပျံ ခုနစ် လုံးဖြင့် အင်းလေး၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဟဲဟိုး၊ မန္တလေးသို့ သွားရောက် ပျံသန်းမည်ဖြစ် သည်ဟုအဆိုပါခရီးစဉ်ကို တာဝန်ယူဆောင်ရွက်ပေးသောGolden Express ခရီးသွား လုပ်ငန်းမှမန်နေဂျင်းဒါရိုက်တာဦးတင့်နောင်က မြန်မာတိုင်း (မ်)ကို ပြော ကြားသည်။ အဖွဲ့တွင် ဆွစ်ဇာလန်မှ ၂၅ ဦး၊ ယူကေမှ တစ်ဦး၊ ဩစတြေးလျမှ တစ်ဦး နှင့် ဂျာမနီမှ နှစ်ဦးစုစုပေါင်း ၂၉ ဦး လိုက်ပါစီးနင်း
နိုင်ငံတော်မှ ပန်ဆန်းဒေသ ဖွံ့ဖြိုးရေး အတွက် စာချုပ်ပါ အချက်များကို အကောင် အထည်ဖော် ထိန်းသိမ်း စောင့်ရှောက် သွားမည်
နေပြည်တော် ဒီဇင်ဘာ ၆ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသည့် သမ္မတရုံး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့ လွှတ်တော် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ
အပေါ်ကား အောက်ကားနှင့် စလစ်ဈေးနှုန်းများ သိသာစွာကျဆင်း
Photo: အပေါ်ကား အောက်ကားနှင့် စလစ်ဈေးနှုန်းများ သိသာစွာကျဆင်း 
Friday, December 07, 2012
အရောင်းပြခန်းများတွင် ပြည်ပမှကားမှာယူတင်သွင်းမှုများရှိနေသော်လည်း
ပြင်ပကားဈေးကွက်တွင်မူ အရောင်းအ၀ယ်ငြိမ်သက်၍ အောက် ကားဈေးနှင့် စလစ်ဈေးနှုန်းများလည်းကျဆင်းလျက်ရှိကြောင်း ကားဝယ် ရောင်း
လုပ်ကိုင်သူများက ပြောသည်။
"ကားဈေးကွက်ကတော့ခါတိုင်းလိုခပ်အေးအေးပါဘဲ။ ပြင်ပကားဈေးကွက်
တင် မဟုတ်ပါဘူး။အရောင်းပြခန်းတွေ ရောဘဲ။ မိုင်ဒါကွင်းမှာ
လုပ်တဲ့ ကားပြပွဲ ကတော့ ထုံးစံအတိုင်း ကြည့်သူဝယ်သူ နဲ့ သူအုပ်စု
အလိုက် သွားနေကြတာပါဘဲ။ စလစ်ဈေးကတော့ ကျလာပြီ"ဟု ကားဝယ်
ရောင်းလုပ်ကိုင်သူ ကိုဦးက ပြောသည်။
ကားဈေးကွက်အတွင်း ၀ယ်လက် နည်းသော်လည်း ရောင်းချသူများလာ ပြီး အောက်ကားဈေးနှင့် စလစ်ဈေးနှုန်းများမှာလည်း ကျပ် ၁၀ သိန်းမှ
သိန်း ၂၀ ၀န်းကျင်ခန့်အထိဈေးကျဆင်းလာကြောင်းဝယ်ရောင်းများက
ပြောသည်။
"အခုဆိုရင် ဈေးကွက်က ပြောင်းပြန် ဖြစ်သွားပြီ။ အရင်က ကားဝယ်ချင်တဲ့
သူက ကားကောင်းတစ်စီးရဖို့ အတော့် လေးကို ရှာရတယ်။ အခုတော့
ရောင်းချင်တဲ့သူက ပေါနေတာတောင်ဝယ်မယ့် သူက မရှိတဲ့အခြေအနေပါ။
ပြင်ပကား ဈေးကွက်ထဲမှာလည်း အရောင်းအ၀ယ် ကတော်တော်လေး
အေးနေတဲ့အတွက် ကြောင့် အလုပ်ပါးနေတဲ့ အခြေအနေမှာ အိမ်ခြံမြေ
ဘက်ကို အလုပ်အကိုင်ပြောင်း လုပ်တဲ့ သူတွေရှိသလို နှစ်ခုလုံးတွဲပြီး အရောင်းအ၀ယ်လုပ်တဲ့ သူတွေလည်း ရှိလာပြီ။ အရင်လို
ကားတစ်မျိုးတည်းကို သီးခြားလုပ်ကိုင်ပြီး လုပ်လို့ရတဲ့စီးပွားရေး
မဟုတ်တော့တဲ့အတွက်ကြောင့်၊ အိမ်ခြံမြေအကျိုးဆောင်ပါတွဲ လုပ်နေရ ပြီ"ဟုကားဝယ်ရောင်းလုပ်ကိုင်သူ ကိုကျော်စိုးက ပြောသည်။
ကားအရောင်းပြခန်းများမှ ကားတင် သွင်းမှုများလာခြင်းကြောင့် အရောင်း
ပြခန်းများတွင်ယခင်က ရောင်းချသည့် နှုန်းထားများအောက် များစွာလျော့ချ ကာရောင်းချလာသဖြင့်ပြင်ပကား ဈေးကွက်နှင့် နှိုင်းယှဉ်ပါက အချို့ကား များသည်ပင်လျှင် ဈေးနှုန်းများစွာ လျော့၍ရောင်းချနေကြောင်းလည်း
လုပ်ငန်းရှင်များက ပြောသည်။
"ဈေးကွက်ထဲမှာ ရောင်းတဲ့သူရှိပြီး ၀ယ်တဲ့သူမရှိပဲ ဖြစ်နေတယ်။ ၀ယ်သူ တွေက အခွန်နဲ့ဆိပ်ကမ်းရောက်တန်ဖိုး တွေ လျော့မယ်
ဆိုတဲ့သတင်းတွေ ကြောင့် အခွန်လျော့နိုးနိုးနဲ့စောင့်နေကြတာ။ 
သက်ဆိုင်ရာက ထုတ်ပြန်လိုက် တဲ့ ကြေငြာချက်အသစ်တစ်ခုပေါ်လာရင်
အရောင်းအ၀ယ် အရင်လို ဖြစ်သွားမယ်။ အဓိကက အခွန်နဲ့ ဆိပ်ကမ်းရောက် တန်ဖိုးလျော့မယ်၊ မလျှော့ဘူးဆိုတဲ့ ကြေငြာချက်နဲ့ 
ဆိုင်မယ်ထင်ပါတယ်" ဟု ကားဝယ်ရောင်းဦးကြည်ညွန့်က 
သုံးသပ်သည်။
ဈေးကွက်အတွင်း အမြင့်ကားများမှာ ကျပ်သိန်း ၂၀ မှ ၂၅ သိန်းခန့်
ဈေးနှုန်း ကျဆင်းခဲ့ပြီးအနိမ့်ကားများမှာမူ ကျပ် ၁၀ သိန်းဝန်းကျင်သို့
ဈေးလျော့ကျလျက် ရှိသည်။
"အမြင့်ကားဈေးတွေ ဈေးကျတာ ၀ယ်လိုအားနည်းတဲ့အတွက်ကြောင့်ဖြစ်ပြီး အနိမ့်ကားဈေးကျတာက အပ်ကားတွေ များတဲ့အတွက်ကြောင့်လို့ ထင်ပါတယ်။ လ၊အ၊ ဘ၊ ဗ အစရှိတဲ့ အက္ခရာကားတွေ က အခုဆိုရင် ကျပ်သိန်း ၇၀ နဲ့ ၈၀ ၀န်း ကျင်လောက်ဘဲဈေးပေါက်တော့တယ်။ စလစ်ဈေးကလည်း ကျပ်သိန်း ၈၀ အထက်လောက်ဘဲ ရှိတယ်။
နိုဝင်ဘာ လ ဒုတိယပတ် လောက်ကမှ ကျပ်သိန်း ၉၀ ကျော်ဖြစ်ပြီးတော့ တရိပ်ရိပ်နဲထိုးကျလာတာ"ဟု ကားဝယ်ရောင်း ဦးဝင်းကိုက ပြောသည်။
ကားဈေးကွက်တွင် ကားဟောင်း အပ်နှံသူများမှ ရရှိသည့် စလစ်များကို ကာလပေါက်ဈေးနှုန်းအတိုင်း ရောင်းချ ကာ လက်ရှိဈေးကွက်အတွင်း အသုံးပြု နေသည့် အက္ခရာအနိမ့် ကားသန့်များကို ရှာဖွေဝယ်ယူကြပြီး စလစ်ဈေးများမှာ လည်း ယခင်ဈေးနှုန်း ကျပ် ၉၃ သိန်း မှ သိန်း
၈၀ သို့ ကျဆင်းခဲ့ကာ စလစ်ဈေး ကျဆင်းမှုကြောင့် စလစ်အရောင်းအ ၀ယ် လုပ်ကိုင်သူများမူလ၀ယ်ယူထား သည့် အရင်းဈေးနှုန်းထက် ကျဆင်းမှု မရှိမီ ပြန်လည်ရောင်းချလာကြောင်းလည်း ၀ယ်ရောင်း လုပ်ငန်းရှင်များက
ပြောသည်။
တိုးဝေအောင်
Myanmar Times
အရောင်းပြခန်းများတွင် ပြည်ပမှကားမှာယူတင်သွင်းမှုများရှိနေသော်လည်းပြင်ပကားဈေးကွက်တွင်မူ အရောင်း အ၀ယ်ငြိမ်သက်၍ အောက် ကားဈေးနှင့် စလစ်ဈေးနှုန်းများလည်းကျဆင်းလျက်ရှိကြောင်း
မြေငလျင်များလှုပ်ရှား
ဒီဇင်ဘာ ၆ ရက်နေ့မွန်းလွဲ ၂ နာရီ ၅၇ မိနစ် အချိန်တွင် မန္တလေးမြေငလျင် စခန်းမှ မြောက်-အနောက် မြောက်ဘက် ၅၅ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့၏ တောင်ဘက် ၇ မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၎
တောင်ကြီးမြို့တွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရန် ဆန္ဒဖေါ်ထုတ်သည့်သံဃာတော်များ အကြမ်းဖက်ဖြိုခွင်း သည့်ကိစ္စအပေါ် ရှုပ်ချဆန့်ကျင်သည့်လမ်းလျှောက်ဆန္ဒပြပွဲ တရပ်ယနေ့ တောင်ကြီးမြို့ မှာ ပြုလုပ်ခဲ့ ပါတယ်။
တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်ရှိ လောကမာန်အောင်ကျောင်းတိုက် ဆရာတော် ဦးခေမာနန္ဒ
စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း ကျောင်းဆင်းပွဲ အခမ်းအနားကို skynet တွင် တိုက်ရိုက်ထုတ်လွှင့်ပြသလျက်ရှိ
Photo: စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း ကျောင်းဆင်းပွဲ အခမ်းအနားကို skynet တွင် တိုက်ရိုက်ထုတ်လွှင့်ပြသလျက်ရှိ
Friday, December 07, 2012 
ပြင်ဦးလွင်မြို့ တွင် ယနေ့ကျင်းပသော စစ်တက္ကသိုလ် အမှတ်စဉ် (၅၅) 
ဗိုလ်လောင်းသင်တန်းကျောင်းဆင်းပွဲ အခမ်းအနားကို skynet 
up to date တွင် တိုက်ရိုက်ထုတ်လွှင့်ပြသလျက်ရှိပါသည်။
ပြင်ဦးလွင်မြို့ တွင် ယနေ့ကျင်းပသော စစ်တက္ကသိုလ် အမှတ်စဉ် (၅၅) ဗိုလ်လောင်း သင်တန်းကျောင်း
မုံရွာကြေးနီစီမံကိန်း စစ်တမ်း
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းကြေးနီတူးဖော်ရေး စီမံကိန်းကို လုံးဝရပ်ဆိုင်း ဖို့ ဒေသခံ အများ အပြားက တောင်းဆိုနေကြပါတယ်။
အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ ဒီစီမံကိန်း ဘယ်လို ဖြစ်သင့်တယ် ဆိုတာကို ဧရာဝတီဘလော့မှာ ၃ ရက်ကြာ
အညတရ သူရဲကောင်းဆု ဒီနှစ် ဘယ်သူတွေရလဲ
 တတိယ အကြိမ်မြောက် အညတရ သူရကောင်းဆုပေးပွဲမြင်ကွင်း၊ ဓာတ်ပုံ- ကိုထွန်းဝေ/ဂျပန်
ဂျပန်နိုင်ငံရောက် မြန်မာများက ကော်မတီတရပ်ဖွဲ့ပြီး  မြန်မာ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးတို့ အတွက် တိုက်ပွဲဝင်ရင်း အထူးသဖြင့် အကျဉ်းကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို " အညတရ
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားရိုက်ကူးရေး ဟုဆိုကာ အလှူခံထားသော သိန်းထောင်ချီရံပုံငွေကြီး အံသြဖွယ်ပျောက်ဆုံးမှူကြီး
သို့ /
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးကော်မတီမှနာရကဒေါ်စု/ဇာဂနာနှင့်ရုပ်ရှင်အစည်းအရုံးမှတာဝန်ရှိသူများခင်ဗျား.......
တလောက(ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်)ရိုက်ကူးရန်အတွက်ရုံးခန်းတွေဆောက်/လူတွေရွေး
လုပ်ငန်းလိုင်စင်ပြန်ရတဲ့ ရိုးမဘဏ်
 ၉ နှစ်ကြာ အကန့်အသတ်ခံခဲ့ရတဲ့ ရိုးမဘဏ်က မကြာခင် လုပ်ငန်း အပြည့်အ၀ ပြန်ပြီး လည်ပတ်နိုင်တော့မယ် တဲ့။ ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေက နိုဝင်ဘာ၂၆ ရက်နေ့ မှာ  ပြုလုပ်ခဲ့တဲ့ သတင်းစာ