Wednesday 18 February 2015

လောက်ကိုင်မှရသော တပ်မတော်အတွက် သင်ခန်းစာ

မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွဲ့ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အစိုးရဘက်မှ ထုတ်ပြန်သော ထုတ်ပြန်ချက်ကြောင့် အားလုံးအံ့အားသင့်ခဲ့ရသည်။
စတင်တိုက်ပွဲဖြစ်ပွားသော ဖေဖော်ဝါရီ ၉ ရက်မှ ၁၁ ရက်ထိ တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ အရာရှိ ၅ ဦး၊ စစ်သည် ၄၂ ဦး စုစုပေါင်း ၄၇ ဦး ကျဆုံးခဲ့ပြီး အရာရှိ ၁၁ ဦး၊ စစ်သည် ၆၂ ဦး စုစုပေါင်း ၇၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် မော်တော်ယာဉ် ၅ စီး ပျက်စီးဆုံးရှုံးခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် ကိုးကန့်တိမ်းရှောင်အဖွဲ့ထံမှ လက်နက်အချို့ သိမ်းဆည်းရမိခဲ့ပြီး ကျဆုံး၊ ထိခိုက်ဒဏ်ရာရမှု အချို့ရှိခဲ့ကြောင်းသာ ဖော်ပြပါရှိသည်။