
“ကျွန်မဟာ လုပ်ငန်းခွင်မှာအောင်မြင်မှုတွေကို ကျွန်မရဲ့ ချစ်သူကောင်လေးထက် ပိုမိုရရှိနေပါတယ်။ နောက်ပြီး ဝင်ငွေကိုလည်း ကျွန်မရဲ့ ချစ်သူကောင်လေးထက် ပိုပြီးရှာဖွေနိုင်ပါတယ်။ ဒါတွေကသူ့ ရဲ့  အတ္တမာနကို ထိခိုက်စေမှန်းသိပါတယ်။ ဒီတော့ ကျွန်မချစ်သူကောင်လေးရဲ့  မာနကိုမထိခိုက်အောင် ဘယ်လိုပုံစံမျိုး နေရမလဲ။” ဆိုတဲ့ အခြေအနေမျိုးတွေ အပြင်လောကမှာ အများကြီးပါ။ ဒီလို အခြေအနေမျိုး ကြုံလာပြီဆိုရင် ချစ်သူရည်းစားတွေကြား အထင်အမြင်တွေ၊ နားလည်မှုတွေ လွဲမှားလာတတ်ကြတာကြောင့် ဒီပြဿနာကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး အကြံပေးချင်ပါတယ်။