Sunday 31 May 2015

ဘင်္ဂါလီအရေးနှင့် နာဇီတို့၏ ဂျူးလူမျိုးများ မျိုးတုံးသတ်ဖြတ်မှုကို ခိုင်းနှိုင်းဝေဖန်မှုများ မြန်မာကန့်ကွက်


ဘင်္ဂါလီအရေးသည် နာ ဇီခေတ် ဂျူးများကို လူမျိုးတုံး သတ်ဖြတ်မှုနှင့်တူညီနေကြောင်း ခိုင်းနှိုင်းဝေဖန်မှုများ ပါဝင်ခဲ့သည့် နော်ဝေးညီလာခံ တစ်ခုမှ ပြော ကြားချက်များကို မြန်မာနိုင်ငံခြား ရေးဝန်ကြီးဌာနက ကန့်ကွက်ပယ် ချခဲ့ကြောင်း ကြေညာချက်ကို မေလ ၃၀ ရက်တွင် ထုတ်ပြန်သည်။
မေလ ၂၆ ရက်တွင်နော်ဝေးနိုင်ငံ အော်စလိုမြို့၌ ရိုဟင်ဂျာများ အား မြန်မာနိုင်ငံ၏ နှိပ်ကွပ်ညှဉ်း ပန်းမှုများ အဆုံးသတ်ရေးအော် စလို ညီလာခံခေါင်းစဉ်ဖြင့် ဆွေး နွေးပွဲပြုလုပ်ခဲ့သည်။ ယင်းဆွေး နွေးပွဲတွင် မစ္စတာဂျော့ခ်ျဆိုးရော့စ်၊ ဒေါက်တာ မဟာသီယာမိုဟာ မက်၊ ဒေါက်တာ ဆာအဒ်ဟာ မစ်ဒ်အယ်လ်ဘာနှင့် တောင်အာ ဖရိက အငြိမ်းစားခရစ်ယာန်ဂိုဏ်း ချုပ်ဆရာတော် ဒက်စ်မွန်တူးတူး တို့၏ ပြောကြားချက်များကို ကန့် ကွက်ကြောင်း မြန်မာက တုံ့ပြန် လိုက်ခြင်းဖြစ်သည်။

မြ၀တီ-ကော့ကရိတ်လမ်းပိုင်းတွင် ကရင်လက်နက်ကိုင်အဖွဲ့များ စုပေါင်း၍ ဂိတ်ကြေးကောက်မည်


အာရှလမ်းမကြီး မြ၀တီ -ကော့ကရိတ်လမ်းပိုင်းအသုံးပြုသည့်ယာဉ်များကိုကရင်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များက တစ်ဖွဲ့ချင်းငွေကြေးမကောက်ခံတော့ဘဲ စုပေါင်းဂိတ်ဖွင့်၍စတင်ကောက်ခံမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၇) ဌာနချုပ် (လှိုင်းဘွဲ့ မြို့နယ်)တွင် မေလ ၂၈ နှင့် ၂၉ ရက်၌ ပြုလုပ်ခဲ့သည့် ကရင့် လက်နက်ကိုင်များညီညွတ်ရေး ကော်မတီ အရေးပေါ်အစည်း အ ဝေးတွင် အထက်ပါအတိုင်း ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြ၀တီမြို့ နယ် ကေအင်န်ယူ ဆက်ဆံရေးရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ ယူ-၂၀ အသင်းကို အမေရိကန်နည်းပြ ချီးကျူး

နယူးဇီလန်− မြန်မာယူ-၂၀ အသင်းသည် အလွန်စိတ်ဓာတ်တက်ကြွပြီး မိမိတို့အသင်း၏ ကစားကွက် ဆိုးရွားသွားအောင် ကစားနိုင်ခဲ့ကြောင်း အမေရိကန် အသင်းနည်းပြက ချီးကျူးပြော ကြားသည်။
နယူးဇီလန်တွင် ကျင်းပနေ သည့် ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ မေလ ၃၀ ရက်တွင် မြန်မာယူ-၂၀ အသင်းကို အမေရိကန် ယူ-၂၀ အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ပွဲအပြီး၌ အမေရိကန်နည်းပြ တက်ဘ်ရာမို့စ်က ‘‘ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း မကစားနိုင်ခဲ့ပါ ဘူး။ ဒါကတော့သေချာပါတယ်။ ကျွန်တော်တို့ အရှေ့မှာ အလွန် စိတ်ဓာတ်တက်ကြွနေတဲ့ အသင်း တစ်သင်းနဲ့ ကစားနေရတာကို တွေ့ခဲ့တယ်။ ကမ္ဘာ့ဖလားကို ၀င် လာတဲ့ မျက်နှာသစ်အသင်း တစ် သင်းပေါ့။ သူတို့အပြင်းအထန် ကြိုးစားခဲ့ကြတယ်။ သူတို့က ကျွန်တော်တို့ကို ပုံပျက်ပန်းပျက် ကစားရစေအောင်၊ ခက်ခဲအောင် လုပ်ခဲ့တယ်။ ကျွန်တော်တို့အ တွက် ခက်ခဲခဲ့ပါတယ်’’ ဟု ပြောသည်။အမေရိကန် လူငယ်အသင်းသည် ယခုပြိုင်ပွဲသို့ (၁၃) ကြိမ် မြောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး မြန်မာလူငယ် အသင်းပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ရေသောက်နေစဉ် ဂိုးသွင်းခံလိုက်ရတဲ့ ဂိုးသမား ၈ဝ၆၄ဒေါ်လာ ဒဏ်ရိုက်ခံရ

တရုတ်နိုင်ငံမှာ ရေသောက်လို့ တစ်ဂိုးပေးလိုက်ရတဲ့ဂိုးသမားက သူ့ရဲ့အသင်း ကို ပြန်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဂိုးသမားကတော့ Sui Weijie လို့ အမည်ရပြီး Chongqing Lifan အသင်း မှာ ကစားနေတာဖြစ်ပါတယ်။

ဒေသခံရှမ်းတိုင်းရင်းသားတို့၏ လူနေမှုဘ၀ကို ခြိမ်းခြောက်လာသော KIA ရဲ့ မြေမြှုပ်မိုင်းအန္တရာယ်


ကချင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားတွေဟာ မြေမြှုပ်မိုင်းအန္တရာယ်ကို ထိတ်လန့် တုန်လှုပ် ကြောက်လန့်နေကြပါတယ်။ မိုင်းနင်းမိမှုကြောင့် သေကြေ၊ဒဏ်ရာရသူတွေဟာ နေ့စဉ်လိုလို ဖြစ်နေတာကြောင့် သွေးပျက် နေကြတာ အမှန်ပါပဲ။ အထူးသဖြင့် KIA စခန်းနဲ့နီးတဲ့ ကျေးရွာတွေ၊ KIA တပ်ဖွဲ့ဝင်တွေ လှုပ်ရှားသွားလာတဲ့ နယ်မြေထဲက ကျေးရွာတွေဟာ မြေမြှုပ်မိုင်းဒဏ်ကို ပိုပြီးခံစားကြရပါတယ်။ 

ပအို့ဝ်တိုင်းရင်းသားကျေးရွာများအား RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းမှုကြောင့် PNO အဖွဲ့ မကျေနပ်


ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ ပိန်းဆည်ကျေးရွာအုပ်စု၊ နောင်ဗိုကျေးရွာသို့ မေလ ၁၉ ရက်နေ့တွင် RCSS/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး လူသစ်စုဆောင်းမှုများပြုလုပ်သွားခဲ့ကြောင်း ယင်းဒေသခံ ရွာသားများ ထံမှ သိရသည်။

Saturday 30 May 2015

လှေစီးဒုက္ခသည်အရေး ဖြေရှင်းရန် အထူးစုံ စမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ထူထောင်မည်


ဘန်ကောက်မြို့တွင် လှေစီးဒုက္ခသည်အရေး မြန်မာအပါအ၀င် နိုင်ငံ ၁၇ နိုင်ငံက တက်ရောက်ဆွေးနွေးခဲ့သည် (EPA)
ပင်လယ်တွင်မျောပါနေ သည့် လှေစီးဒုက္ခသည်များ ကယ် ဆယ်ရေး ချက်ချင်းဆောင်ရွက် ရန် နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထား သည့် ရာဇ၀တ်ဂိုဏ်းများအားဖိနှိပ် ရေးအတွက် အဓိကသက်ရောက် သော နိုင်ငံများအကြား အထူးစုံ စမ်းစစ်ဆေးရေးလုပ်ငန်းအဖွဲ့ ထူ ထောင်ရေး အပါအ၀င်အဓိက ဆောင်ရွက်ရမည့် ကဏ္ဍသုံးရပ် ကို မေလ ၂၉ ရက်တွင် ထိုင်းနိုင်ငံ၌ပြုလုပ်ခဲ့သည့် ‘‘အိန္ဒိယသမုဒ္ဒရာ ၌ ပုံမှန်မဟုတ်သော ရွှေ့ပြောင်း မှုဆိုင်ရာ အထူးအစည်းအဝေး’’ အပြီးတွင် ထုတ်ပြန်ကြေညာခဲ့ သည်။

မြိတ်ကျွန်းစုတွင် ဟိုတယ်ဆောက်ရန် ထိုင်းလုပ်ငန်းရှင်အချို့ ကမ်းလှမ်းထားဟုဆို

ထိုင်းလုပ်ငန်းရှင်အချို့ က မြိတ်ကျွန်းစုတွင် ဟိုတယ် တည်ဆောက်ရန် ကျွန်းတစ်ကျွန်း ကို တောင်းဆိုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။
မြိတ်ကျွန်းစုရှိ ကျွန်းတစ် ကျွန်းကို အစိုးရထံမှ နှစ် ၅၀ ငှားရမ်းမည်ဖြစ်ပြီး လက်ရှိတွင် တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း နေသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာ စိုင်းကျော်အုန်းက ပြောသည်။

‘‘ဟိုတယ်ကြီးပဲ အလုံးလေး ဆယ်ကျော်လောက် ဆောက်မယ် လို့ ပြောတယ်။ စီမံကိန်းက နှစ် ပိုင်းပါတယ်။ လေယာဉ်ကွင်းပါ ပါမယ်လို့ ပြောတယ်။ မြေငှားဖို့ ကျတော့ ဒေသဆိုင်ရာ အစိုးရနဲ့ ပဲဆိုင်တော့ အရင်ညှိနှိုင်းခိုင်းထား တာပါ’’ဟု ဒေါက်တာစိုင်းကျော် အုန်းက ပြောသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ရပါက ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့တင်ပြရန် ထောက်ခံပေးမည်ဖြစ် ကြောင်း မြိတ်ကျွန်းစုသည် ခရီးသွားလုပ်ငန်းအတွက် နေရာသစ်ဖြစ်ပြီး မတို့မထိရသေးသော သဘာဝပတ်ဝန်းကျင် နေရာများ ရှိပြီး Ecotourism (ဂေဟစနစ် ခရီးသွားလာရေး) နှင့် ရေကူးသမားများအတွက် အဓိကနေရာဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိ မြိတ်ကျွန်းစုဘက် တွင် ပြည်တွင်းလုပ်ငန်းရှင် ဟို တယ်သာ အများစုဖြစ်ပြီး နိုင်ငံ ခြားပိုင် ဟိုတယ်နည်းပါးကာ နိုင်ငံခြားသားများကို ခွင့်ပြုလုပ်ကိုင် ပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်သည်ဟု မြိတ်မြို့မှ ကိုစိုးရန်အောင်က ပြော သည်။ ‘‘ထိုင်းသူဌေးတွေက ဒီဘက် က ကျွန်းတွေကို အကြောင်းပြုပြီး စီးပွားရှာနေတာ ရှိတယ်။ တကယ်လို့ အခုလို အလုပ်ကြီးသာ ခွင့်ပြု မယ်ဆိုရင် ဒီဘက်ကလူတွေ ထိုင်းဘက်ကို အလုပ်သွားလုပ်စရာ မလိုဘဲ အလုပ်အကိုင်တွေ ရလာ နိုင်တယ်’’ဟု ၎င်းက ပြောသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့် ကျွန်း များတွင် မှီခိုနေထိုင်သည့် သက်ရှိ များပျက်စီးမှာ စိုးရိမ်မိကြောင်း ကော့သောင်းမြို့မှ ကိုအောင်ပြည့်ဖြိုးက ပြောသည်။

မြိတ်ကျွန်းစုတွင် ကျွန်းစု ၈၀၀ ကျော်ရှိပြီး နိုင်ငံခြားသား ၀င်ရောက်ခွင့်ကို ၁၉၉၆ ၌ ခွင့် ပြုခဲ့ပြီး ၂၀၁၄ တွင် နိုင်ငံခြား သား ၂,၅၀၀ ဦးကျော် ၀င်ရောက်ခဲ့ သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
7 day
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာနိုင်သည့် မြိတ်ကျွန်းစု (hotels-aroundtheglobe.info)

တောင်တရုတ်ပင်လယ်အတွင်း တရုတ် လက်နက်ကြီးများ အထိုင်ချ ဆောက်လုပ်ထားဟု အမေရိကန်စွပ်စွဲ

တောင်တရုတ် ပင်လယ်အတွင်းရှိ ပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်နေရာ ကျွန်းများပေါ်တွင် တရုတ်က လက်နက်ကြီးများ အထိုင်ချ ဆောက်လုပ်ထားကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက်သည်။
သဘာဝ သယံဇာတ ပေါကြွယ်ဝသည့် တောင်တရုတ်ပင်လယ်ပြင် ဧရိယာ တစ်ခုလုံးကို တရုတ်က ၎င်းတို့၏ ပိုင်နက်အဖြစ် သိမ်းသွင်းရန် ကြိုးစားနေရာ ဒေသတွင်း နိုင်ငံများက ကန့်ကွက်နေသည်။ တရုတ်သည် တောင်တရုတ် ပင်လယ်အတွင်းရှိ ကျွန်းများပေါ်တွင် စစ်အခြေစိုက် စခန်းများ ဆောက်လုပ်ထားသလို ကျွန်းတုများကိုပါ တည်ဆောက်ပြီး ယင်းဒေသကို ထိန်းချုပ်ရန် ကြိုးပမ်းလျက် ရှိသည်။

ပါကစ္စတန်တွင် သေနတ်သမားများက ဘတ်စ်ကားစီး ခရီးသည်များကို ပစ်သတ်

ပါကစ္စတန်နိုင်ငံတွင် လက်နက်ကိုင် အကြမ်းဖက်သမားများက ဘတ်စ်ကားစီး ခရီးသည်များကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး ပစ်သတ်ခဲ့ရာ လူ ၁၉ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ပါကစ္စတန် အနောက်ပိုင်း ကွီတာမြို့မှ တောင်ဘက်ကမ်းခြေ ကရာချိသို့ ဦးတည် မောင်းနှင်နေသော ဘတ်စ်ကားများကို သေနတ်သမားများက အဓမ္မ တားဆီးပြီး ခရီးသည်များကို ဖမ်းဆီးခဲ့ခြင်းဟု ဘာလူချီစတန် ဒေသ အုပ်ချုပ်ရေးဌာနက ပြောကြားခဲ့သည်။

ပါတီစည်းကမ်းလိုက်နာမည်ဆိုပါက တပ်ချုပ်ကို လက်ခံမည်ဟု ပြည်ခိုင်ဖြိုးအတွင်းရေးမှူးပြော


တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်သည် တပ်မ တော်မှ အငြိမ်းစားယူကာ နိုင်ငံ ရေးသမားအဖြစ်ခံယူပြီး ပါတီ၏ စည်းကမ်းများကို လိုက်နာနိုင်မည် ဆိုပါက ပါတီက လက်ခံမည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးသိန်းဆွေက သတင်းစာရှင်း လင်းပွဲ၌ သတင်းမီဒီယာများအား ပြောကြားလိုက်သည်။

ကျောက်ခေတ်ဦးလက်ရာများ ဖြစ်နိုင်ဖွယ်ရှိသည့် နံရံဆေးရေးပန်းချီများတွေ့ရှိ

ရှမ်းပြည်နယ်တောင် ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့နယ်တွင် ကျောက် ခေတ်လက်ရာ နံရံဆေးရေးပန်းချီများရှိသည့်နေရာများ ရှာဖွေတွေ့ရှိခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ သတင်းရရှိသည်။

အကြမ်းဖက်မှု ကိုအားပေးထောက်ခံ သည့်နိုင်ငံစာရင်းမှ ကျူးဘားကို အမေရိကန်ပယ်ဖျက်


ဆယ်စုနှစ်ငါးနှစ်ကြာ ရပ်နားထားသော သံတမန်ဆက်ဆံရေးပြန်လည်ပြုလုပ်ရန် နှစ်နိုင်ငံစလုံးက ကြိုးပမ်းလျက်ရှိစဉ် အမေရိကန်ကို ကျူးဘားကို အကြမ်းဖက်မှုအားပေးထောက်ခံသည့် နိုင်ငံစာရင်းမှ သောကြာနေ့က ပယ်ဖျက်လိုက်ရာ ကြီးမားသည့် အတားအဆီးကြီးတစ်ခုကို ဖယ်ရှားခဲ့သည်။
အမေရိကန်က ကျူးဘားကို ၁၉၈၂ခုနှစ်က အမည်ပျက်စာရင်းသွင်းခဲ့မှုကြောင့် ကျူးဘားသည် ကမ္ဘာ့ဈေးကွက်သို့ ၀င်ရောက်ရေးအဟန့်အတားဖြစ် ခဲ့သည့် အပြင် နိုင်ငံတကာ၏ အပယ်ခံလိုဖြစ်လာခဲ့သည်။

အမေရိကန်၏ ဆုံးဖြတ်ချက်က်ု ပယ်ဖျက်ရန် ကျူးဘားက တောင်းဆိုနေခဲ့သည်။ ကျူးဘားကို အကြမ်းဖက်မှုအားပေးသည့် နိုင်ငံအဖြစ်မှ ပယ်ဖျက်ပေးရေး ဧပြီလက သမ္မတအိုဘားမားက ကွန်ဂရက်သို့ အချိန် ၄၅ ရက်ပေးပြီးနောက် ယင်းသို့ဆုံးဖြတ်ချက်ချရန်ဖြစ်လာခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အတည်ပြု ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်မှုကို အားပေးထောက်ခံသည့် နိုင်ငံများစာရင်းတွင် အီရန်၊ ဆူဒန်နှင့် ဆီးရီးယားတို့သာ ကျန်တော့သည်။
mizzima

လှေစီးရွှေ့ပြောင်းသူများအား အကူအညီပေးရေးနှင့် ကာကွယ်ရေးဆောင်ရွက်မည်


ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရွှေ့ပြောင်းသွားလာသူများအတွက် လူသားချင်းစာနာသည့် အကူအညီ များအား နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ IOM မှတဆင့် ၾသစေၾထးလ် က ၾသစေၾထးလ် ဒေါ်လာ ၆ သန်းနှင့် အမေရိကန်က ယူအက်စ် ဒေါ်လာ ၃ သန်းပေးမည်ဟု သိရသည်။
ယင်းအကူအညီများအနက် သြစထြေးလျက သူ၏ ဒေါ်လာ တစ်သန်းကို အိန္ဒိယသမုဒ္ဒရာအတွင်းမှ ကယ်တင်ခဲ့သူများ အတွက်နှင့် ၅ သန်းကို ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ကော့ဇ်ဘဇားရှိ ဒုက္ခသည်များအတွက် ကူညီမည်ဖြစ်သည်။

ဖိလစ်ပိုင်တွင် ဗလီတစ်ခုကို ဖောက်ခွဲတိုက်ခိုက်၍ လူ ၁၅ ဦးထိခိုက်ဒဏ်ရာရ

ဖိလစ်ပိုင်တောင်ပိုင်းစွန်းတွင် ဗလီတစ်ခုကို ပစ်မှတ်ထားပြီး ဖောက်ခွဲမှုနှစ်ရပ် ပြုလုပ်၍ ကလေးငယ်များအပါအဝင် လူ ၁၅ ဦးဒဏ်ရာရခဲ့ကြောင်း ရဲတာဝန်ရှိသူများ ကပြောသည်။
နင်ဒန်နာအိုတောင်ပိုင်းနယ်မြေ ဂျိုလိုမြို့က ဗလီကို ဗုံးနှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ရဲဌာနကပြောသည်။
ပထမဖောက်ခွဲတိုက်ခိုက်မှုတွင် ကလေးသုံးဦးအပါအဝင် လူငါးဦးဒဏ်ရာခဲ့ပြီးနောက် ၁၀ မိနစ်ခန့်အကြာတွင် နောက်ထပ်ပေါက်ကွဲမှုထပ်ဖြစ်ပြီး ရဲ ၁၀ ဦးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

Miss Golden Land Myanmar 2015 ပြိုင်ပွဲ၏ Myanmar's Choice Award အတွက် အွန်လိုင်း မဲပေးနိုင်ပြီ

Miss Golden Land Myanmar 2015 ပြိုင်ပွဲတွင် ချီးမြှင့်မည့် Myanmar's Choice Award အတွက် အွန်လိုင်း မဲပေးမှုကို မေလ ၂၉ရက်တွင် စတင်လိုက်ပြီဖြစ်ရာ ပြိုင်ပွဲဝင် ဆန်ကာတင် အလှမယ် ၃၁ဦးကို စတင် မဲပေးနိုင်ပြီ ဖြစ်သည်။
Miss Golden Land အလှမယ် များကို အွန်လိုင်း မဲပေးလိုလျှင် ပထမဆုံး Miss Golden Land Myanmar (Official Facebook Page) ကို ၀င်ရောက်ပြီး Page ကို Like ပေးရမည် ဖြစ်သည်။ Official Page ကို Like မလုပ်ထားသော Facebook User များ၏ Vote များကို ထည့်သွင်း ရေတွက်မည် မဟုတ်ပေ။

အမျိုးသား လုံခြုံရေးအေဂျင်စီ၏ ထောက်လှမ်းရေး အစီအစဉ်ကို အသစ်ရေးရန် ကွန်ဂရက်ကို အိုဘားမားတိုက်တွန်း


အမေရိကန်သမ္မတအိုဘားမားက အမျိုးသားလုံခြုံရေးအေဂျင်စီ NSA၏ အငြင်းပွားဖွယ် ဖုန်းမှတ်တမ်းများဖမ်းယူခြင်းကို ခွင့်ပြုပေးမည့် ဥပဒေပြဌာန်းချက်သစ်ကို ကွန်ဂရက်က ရေးဆွဲပြဌာန်းရန်တိုက်တွန်းလိုက်သည်။
”ဒါကို သူတို့လုပ်ဆောင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ မြန်မြန်ဆန်ဆန်လုပ်ရမှာဖြစ်ပါတယ်။”အိုဘားမားကပြောခဲ့သည်။ တိုင်းချစ်ပြည်ချစ် ဥပဒေစီမံချက်များ ကိုကျယ်ပြန့်အောင် မလုပ်ဆောင်ပါက NSA ၏ တန်ပြန်အကြမ်းဖက်နှိမ်နင်းရေးကြိုးစားမှုများကို ခက်ခဲအကျပ်ရိုက်စေမည်ဖြစ်ကြောင်း အိုဘားမားက သတိပေး သည်။
တိုင်းချစ်ပြည်ချစ်ဥပဒေ ပုဒ်မ ၂၁၅ တွင် NSA ကို တယ်လီဖုန်းနှင့် စီးပွားရေးမှတ်တမ်းများကို အကြမ်းဖက်နှိမ်နင်းရေးစုံစမ်းမှုအရ ဖမ်းယူစုဆောင်းခွင့်ပြုထားသည်။
မေ ၃၁ ရက် ညသန်းခေါင်တွင် သက်တမ်းကုန်ဆုံးမည့် ယင်းပုဒ်မကို ဆီနိတ်လွှတ်တော်က မေ ၂၃ ရက်တွင် ပယ်ချခဲ့ခြင်းဖြစ်သည်။
”ကျွန်တော်တို့တွေအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့လုပ်ထားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဆီးနိတ်မှာ ဒီဥပဒေကို အတည်ပြု လုပ်ဆောင်ခြင်း မရှိလို့ ကျွန်တော်တို့က NSA ရဲ့ တန်ပြန်အကြမ်းဖက်နှိမ်နင်းရေးတွေကို ရိုးရှင်းလွယ်ကူစွာ မလုပ်နိုင်ဘဲဖြစ်ရမှာပါ။” အိုဘားမားက ပြောခဲ့သည်။
Ref: Press TV

လှေစီးဒုက္ခသည် ခေါ်ယူမည့်အရေး ဘင်္ဂလားဒေ့ရှ် အကြောင်းမပြန်

မြန်မာနိုင်ငံမှ ကယ်ဆယ်ထားသဖြင့် မောင်တောခရိုင် တောင်ပြိုဝဲမြို့သို့ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီးဒုက္ခသည် အယောက် ၂၀၀ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည် ခေါ်ယူရန် အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

Friday 29 May 2015

ယူတူး ဂီတအဖွဲ့၏ ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ် မန်နေဂျာ ဒန်းနစ်(စ်)ရှီးဟန် ကွယ်လွန်

အိုင်းရစ် ဂီတအဖွဲ့ ယူတူးသည် ၎င်းတို့အဖွဲ့၏ လှည့်လည်ဖျော်ဖြေရေး ခရီးစဉ် မန်နေဂျာ ဒန်းနစ်(စ်)ရှီးဟန် ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ဒန်းနစ်(စ်)ရှီးဟန် သည် ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပြီး နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ယူဆရသည်။

ကယ်လီဖိုးနီးယား တက္ကသိုလ်က ပျံသန်းနိုင်သည့် စက်ရုပ်ငှက်ကို မိတ်ဆက်

ကယ်လီဖိုးနီးယား တက္ကသိုလ် သုတေသနဌာနက ပျံသန်းနိုင်သည့် စက်ရုပ်ငှက်ကို စတင်မိတ်ဆက် ခဲ့သည်ဟု CNET သတင်းက ဖော်ပြထားသည်။

ကွယ်လွန်သူ ဘလူး(စ်) ဂီတဘုရင် ဘီဘီကင်းအား ဂုဏ်ပြုသည့် အနေဖြင့် တန်နက်ဆီရှိ လမ်းပေါ်တွင် လူများ စီတန်းလှည့်လည်ခဲ့

ဘလူး(စ်)ဂီတဘုရင်ဘီဘီကင်း ယခုလအတွင်းတွင် ကွယ်လွန်သွားခဲ့ရာ ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ် အဖြစ် ဗုဒ္ဓဟူးနေ့က တန်နက်ဆီရှိ လမ်းများပေါ်တွင် လူများ စီတန်းလှည့်လည်ခဲ့ကြသည်။

လွှတ်တော်မီဒီယာခန်း ပိတ်မှုကို ဝေဖန်၍ ဦးလှဆွေကို ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ခေါ်ယူသတိပေး

ပြည်ထောင်စုလွှတ်တော်တွင် မီဒီယာများ သတင်းယူရန် သတ်မှတ်ထားသော အခန်းကိုပိတ်၍ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူး၍မရသော နေရာသို့ ရွှေ့ပြောင်းလိုက်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ခဲ့သော အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာက ခေါ်ယူတွေ့ဆုံကာ သတိပေးခဲ့ကြောင်း ဦးလှဆွေက ပြောကြားသည်။

The Lady ရုပ်ရှင်ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ထားသူ မီရှဲယို မြန်မာနိုင်ငံသို့ ယနေ့ရောက်မည်

ရန်ကုန်၊ မေ ၂၈- ဟောင်ကောင်မင်းသမီး မီရှဲယို မြန်မာနိုင်ငံသို့ ယနေ့ လာရောက်မည်ဖြစ်ကာ နှစ်ရက် ကြာ နေထိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ မင်းသမီးမီရှဲယိုသည် မြန်မာနိုင်ငံတွင်ပြုလုပ်မည့် ''Memory International Film Heritage Festival 2015'' ရုပ်ရှင်ပွဲတော်သို့ အထူးဧည့်သည်တော် အဖြစ် အခမ်း အနားဖွင့်လှစ်ပေးရန်နှင့် ကော့မှူးခရီးစဉ်သွား ရောက်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်းသိရသည်။

ဒေသစရိတ်ခံစားခွင့်ရ မြို့နယ်များရှိ စည်ပင်သာယာ ဝန်ထမ်းလစာကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ထုတ်ပေးမည်

ရွှေပေါက်ကံ ၂၀ ရပ်ကွက်နှင့် ၂၁ ရပ်ကွက် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေ၍ စည်ပင်ဝန်ထမ်းများက ရေထုတ်ပြွန်အသစ်များ တပ်ဆင်ရန် လုပ်ဆောင်နေသည်ကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
ဒေသစရိတ် ခံစားခွင့်ရှိသော မြို့နယ်များတွင် နေထိုင်လျက်ရှိသည့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်း များသည် အခြားအစိုးရအဖွဲ့ ဝန်ထမ်းများကဲ့သို့ လစာနှစ်ဆ ခံစားခွင့်ရရှိနိုင်ရန် လိုအပ်သည့် တစ်လစာကို ၎င်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ နှစ်စဉ် ကောက်ခံရရှိသော အခွန်ငွေများထဲမှ ခွဲဝေ ပေးနေ ရခြင်းတို့အတွက် စည်ပင်သာယာရေး အဖွဲ့၏ လိုအပ်ငွေကို ၂၀၁၅-၁၆ ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေမှ ကျခံပေးမည်ဟု ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့ဝင်က ဖြေကြားခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ဗမာစကား ကောင်းမွန်စွာ ပြောတတ်သည့် ကိုယ်စားလှယ်လောင်းကို ဦးစားပေးမည်ဟု မွန်အမျိုးသားပါတီဆို

မွန်အမျိုးသားပါတီက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဝင်မည့်  လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ရွေး ချယ်နေဆဲဖြစ်ပြီး ရွေးချယ်ရာတွင် ဗမာစကား ကောင်းမွန်စွာ ပြောဆိုတတ်သူကို ဦးစားပေး ရွေးချယ်မည် ဟု မွန် အမျိုးသားပါတီ ဗဟိုအဖွဲ့ဝင် နိုင်သောင်းရှိန်က ပြောသည်။

လိမ်လည်မှုများဖြင့် တရားရင်ဆိုင်နေရသည့် ဖားသားလင်းန် ကုမ္ပဏီ တိုက်ခန်း ၀ယ်ယူထားမှု အချို့ကို ရှင်းပေးနေဟုဆို

လိမ်လည်မှုဖြင့် အရေးယူပေးပါရန် တိုင်တန်းခြင်းခံရပြီး အမှုရင်ဆိုင်နေရသည့် Father Land ဆောက် လုပ်ရေးကုမ္ပဏီက လက်ရှိအချိန်တွင် တိုက်ခန်းဝယ်ယူထားမှုအချို့ကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေ သည်ဟု အဆိုပါ ဆောက်လုပ်ရေး ကုမ္ပဏီ၏ ဈေးကွက် ဒါရိုက်တာ ဦးဘိုဘိုဦးက မေ ၂၈ ရက်တွင် ပြောသည်။

အသက် ၁၅ နှစ်အရွယ် ယောက်ျားလေး တစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံး

ကန်စွန်းရွက်ခူးရန် ထွက်လာသည့် အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦး မိုးကြိုးပစ်ခံရပြီး သေ ဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု မေ ၂၇ ရက်၊ ညနေ ၃ နာရီခန့်က တွံတေးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်း ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားသော တိုက်ပွဲများနှင့် ဆက်စပ်၍ မြို တိုင်းရင်းသား များကို ဖမ်းဆီးထားမှု အမြန်ဆုံး လွှတ်ပေးရန် တောင်းဆို

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ရပ်များနှင့် ဆက်စပ်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် ကျောက်တော်မြို့နယ်၊ စပါးဆိပ်အုပ်စုမှ မြိုအမျိုးသား ရှစ်ဦး အပါအဝင် ဒေသခံ တိုင်းရင်းသားများကို အမြန်ဆုံးလွှတ်ပေးရန် မြိုနိုင်ငံရေးပါတီများက တောင်းဆိုလိုက်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း ဝန်ထမ်းများကို အငြိမ်စားပေးပြီး ကုမ္ပဏီလစာနှုန်းထား သတ်မှတ်ပေးမည်

ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာအမျိုးသားလေကြောင်း ဝန်ထမ်းများအား မြန်မာလေကြောင်း နည်းဥပဒေထွက်ရှိလာလျှင် ပင်စင်များပေးသွားမည်ဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းလစာဖြင့် ပြောင်းလဲ သတ်မှတ် ပေးသွားမည်ဟု မေ ၂၉ရက်က သတင်းစာရှင်းလင်းပွဲအပြီးတွင် စီမံခန့်ခွဲရေး ဘုတ်အဖွဲ့မှ ကပ္ပတိန် ဦးထင်လင်းက ပြောသည်။

သံတွဲချောင်းတွင် ဘင်္ဂါလီ ဆယ့်တစ်ဦး ဖမ်းမိ

ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့နယ်ခွဲအနီးတွင် စက်လှေများဖြင့် မိသားစုလိုက်ရွှေ့ပြောင်းလာကြ သော ဘင်္ဂါလီ ၁၁ဦးကို ဖမ်းဆီးမိခဲ့သည်ဟု သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူး ခင်ဇော်က ပြောသည်။

ယူကရိန်းနှင့် နယူးဇီလန်ပွဲများတွင် မြန်မာအသင်း အမှတ်ရနိုင်ကြောင်း နည်းပြချုပ် ပြောကြား

မြန်မာအသင်းသည် မကြာမီ ကျင်းပတော့မည့် ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုကျွတ်ရေး ကြိုးစားနေ သည်နှင့်အညီ ယူကရိန်း၊ နယူးဇီလန်တို့နှင့် ယှဉ်ပြိုင်ရမည့်ပွဲများမှ အမှတ်ရအောင် ယူနိုင်မည်ဟု ခန့်မှန်း ထားကြောင်း နည်းပြချုပ်ဂတ်စ်ဇီက The Voice သို့ ပြောကြားသည်။

မူလတန်းပြဆရာမနှင့် ဖခင်ဖြစ်သူကို သတ်ဖြတ်ခဲ့သူများ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး သ နပ်ပင်မြို့နယ်တွင် မူလတန်းပြ ဆရာမနှင့် ၎င်း၏ ဖခင်တို့ကို သတ်ပြီး ထွက်ပြေး သွားသည့် တရားခံများအား ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် တရားခံများကို လိုက်လံဖမ်းဆီးနေကြောင်း သ တင်းရရှိ သည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား ငါးနှစ်အတွင်း တည်ဆောက်ရန် လွှတ်တော် အတည်ပြု

အမေရိကန်ဒေါ်လာ ၁၆၈ သန်းခန့် အကုန်အကျခံ တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတားကို ငါးနှစ်အတွင်း တည်ဆောက်ရန် ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

ငါးလုပ်ငန်းဖွံ့ဖြိုးရန် ဦးသိန်းစိန်အစိုးရ ပံ့ပိုးကူညီမှု မရှိခဲ့ဟုဆို

ငါးမွေးမြူရေးကန်တွင် လုပ်ငန်းဖော်ဆောင်နေသူများ (ဓာတ်ပုံ − ကျော်ဇင်သန်း)
ဦးသိန်းစိန်အစိုးရလက် ထက်တွင် မြန်မာနိုင်ငံ၏ ငါးလုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်သော ပံ့ပိုးကူညီမှုမရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် အထွေထွေအတွင်းရေး မှူး ဦးဝင်းကြိုင်က ပြောကြား သည်။

အစိုးရထံမှ မြေနှင့်စက်ရုံငှားသူများ ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ရမည်

အစိုးရထံမှ မြေနှင့်စက်ရုံငှားသူများ ကုန်သွယ်လုပ်ငန်းခွန် စတင်ပေးဆောင်ရမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ကြောင်း သတင်းရရှိသည်။ ယခင်က အစိုးရပိုင်မြေများနှင့် ဌာနဆိုင်ရာ ပိုင်မြေများ ငှားရမ်းရာတွင် ၀င်ငွေခွန်သာကောက်ခံခဲ့ပြီး ယခု ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းထပ်တိုး ကောက်ခံ မည်ဟု ပြည်တွင်း အခွန်များဦးစီး ဌာနမှ သိရသည်။

UPWC နှင့် NCCT ထိုင်းနိုင်ငံတွင် အလွတ်သဘော တွေ့ဆုံ

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC)ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့သည်မေလ ၂၈ ရက်က ထိုင်းနိုင်ငံ တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ် ရွာငံဒေသတွင် ကျောက်ချောနံရံပန်းချီများတွေ့ ရှိ

ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ရှိ အမြင့်ပေ ၂၀၀၀ခန့် တောင်ပေါ် တောနက် အတွင်း ကျောက်ခေတ်နံရံပန်းချီဟု ယူဆနိုင်သော ပန်းချီပုံများ ဒေသခံများနှင့် ရှေးဟောင်း သုတေသန ၀ါသနာရှင်များက တွေ့ရှိခဲ့သည်အတွက် ဧရာဝတီသတင်းဌာနအပါအ၀င် တခြားသော သတင်း ဌာနများမှ သွားရောက်လေ့လာ မှတ်တမ်းတင်ခဲ့ပါသည်။

ချေးငွေ ဒေါ်လာ ၁၃၇ သန်းကျော်ဖြင့် ပေ ၆၁၀၀ ကျော်ရှည်မည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား(ဒလ)တည်ဆောက်ရန် ပြည်ထောင်စု လွှတ်တော်အတည်ပြု

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးတင့်က လွှတ်တော်၌ လာရောက်ရှင်းလင်းဖြေကြားစဉ် 
ချေးငွေအမေရိကန်ဒေါ်လာ ၁၃၇ သန်းကျော်ဖြင့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားတည် ဆောက် ရန် ပြည်ထောင်စုလွှတ်တော်က မေ ၂၈ ရက်တွင် အတည်ပြုခဲ့သည်။

မူဆယ်ရှိပုဂ္ဂလိကဘဏ်များ ငွေအများဆုံး လွှဲနိုင်သော ပမာဏကို ကန့်သတ်

မန္တလေး-မူဆယ်လမ်း လုံခြုံရေးအခြေအနေကြောင့် ငွေ များ သယ်ယူရေးအခက်အခဲရှိသဖြင့် မူဆယ်မြို့ရှိ ပုဂ္ဂလိကဘဏ် များသို့ ငွေလွှဲရာတွင် မေလကုန်ပိုင်းမှစတင်၍ တစ်ဦးလျှင် အများဆုံး ကျပ်ငွေငါးသိန်းသာ ခွင့်ပြုကြောင်း သတင်းရရှိသည်။

အသည်းအစားထိုး ကုသရန် လိုအပ်နေသူအတွက် အလှူရှင် ပေါ်ပေါက်

မကွေးမြို့ ပါရမီသွေး သွေးအလှူရှင်အသင်းမှ အဖွဲ့ဝင်တစ်ဦးက အသည်းအစားထိုးကုသရန် လိုအပ်နေသူ တစ်ဦးအား ပထမဆုံးအကြိမ် အသည်းလှူဒါန်းတော့မည်ဖြစ်ကြောင်း  မကွေးပါရမီ သွေးအသင်းမှ သတင်း ရရှိသည်။

ရင်ကျပ်၊ ချွဲကျပ်ပျောက်ချင်လား ကြက်ဟင်းခါးသီးစား

ခါးသက်သက်အရသာရှိပြီး ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါးသီးကို အာရှနိုင်ငံတွေမှာဆိုရင် ဆီးချို ရောဂါ ပျောက်ကင်းဖို့အတွက်နဲ့ သဘာဝဆေးဝါးအဖြစ် စားသုံးမှု များပြားပါတယ်။ ဒါကြောင့်မို့ ကြက်ဟင်းခါးသီးက ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲဆိုတာသိထားရအောင်လို့ မျှဝေပေးလိုက်ပါတယ်။

ငှက်ပျောရွက်နဲ့ ထမင်းစားတာ ဘာတွေကောင်းသလဲ

အိန္ဒိယနိုင်ငံမှာဆိုရင် ငှက်ပျောရွက်နဲ့ ထမင်းစားတာဟာ ရိုးရာအလေ့အထတစ်ခုဖြစ်ပြီး ဧည့်သည်တွေကို ငှက်ပျောရွက် ထိပ်ဘက်ပိုင်းနဲ့ဧည့်ခံပြီး အိမ်ရှင်တွေကတော့ ငှက်ပျောရွက်အောက်ဘက်ပိုင်းနဲ့ စားလေ့ ရှိကြပါတယ်။ နောက်အားလုံးတူတူစုထိုင်ပြီး ထမင်း၊ အသား၊ အသီးအရွက်၊ ဟင်း စတာတွေကို ငှက်ပျောရွက်ပေါ်ပုံပြီး လက်နဲ့စားသောက်ကြတဲ့အလေ့အထဟာ နှစ်ထောင် ပေါင်းများစွာကတည်းက ရှိခဲ့ပြီး ယနေ့တိုင်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးရေး၊ ရေအားလျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးရေးတွင် ဒေါ်လာ ရှစ်ဘီလျံ သုံးစွဲရန် တရုတ်-မြန်မာ နားလည်မှုစာချွန်လွှာ ရေးထိုး

လယ်ယာစိုက်ပျိုးရေး၊ ရေအားလျှပ်စစ်နှင့်စွမ်းအင် စသည့်ကဏ္ဍများ ဖွံ့ဖြိုးရေးတွင် ဒေါ်လာရှစ်ဘီလျံ သုံးစွဲ ရန် တရုတ်-မြန်မာအစိုးရကြား နားလည်မှုစာချွန်လွှာ ရေးထိုးထားကြောင်း ကုန်သည်စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ပြောကြားသည်။

ဂျပန်နှင့် အမေရိကန် သတင်းထောက်တို့ လည်လှီးအသတ်ခံရပြီးနောက် မြန်မာသတင်းထောက်များ လည်ပင်းလှီးဖို့ ကျန်နေသေးကြောင်း ဦးနေမျိုးဝေ ခြိမ်းခြောက် ပြောကြား

ဦးနေမျိုးဝေအား မေ ၂၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့်ဆန္ဒပြပွဲတွင် တွေ့ရစဉ် 
ဂျပန်နှင့် အမေရိကန်သတင်းထောက်တို့ လည်ပင်းလှီး အသတ်ခံရပြီးနောက် မြန်မာသတင်းထောက်များ လည်ပင်းလှီးဖို့ ကျန်နေသေးကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေက မေ ၂၇ ရက်တွင် ခြိမ်းခြောက်ပြောဆိုခဲ့သည်။   

အစိုးရအသုံးစရိတ် လိုငွေပြနေချိန်၌ လုံခြုံရေး အဆင့်အတန်းနှင့် အရည် အသွေး မြှင့်တင်ထားသော ကျပ် ၁၀၀၀၀ တန် ငွေစက္ကူများကို ဇူလိုင် ၁ ရက်တွင် စတင်ထုတ်ဝေမည်ဟု ဗဟိုဘဏ် ကြေညာ

ဇူလိုင် ၁ ရက်တွင်စတင်ထုတ်ဝေမည့် ကျပ် ၁၀၀၀၀ တန် ငွေစက္ကူပုံစံ (ဓာတ်ပုံ-MOI)
ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း အစိုးရအသုံးစရိတ်လိုငွေ ဆက်တိုက်ပြနေပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်၌  လိုငွေစံချိန်တင် ရောက်ရှိလာချိန်တွင် လုံခြုံရေးအဆင့်အတန်းနှင့် အရည်အသွေး မြှင့်တင် ထားသော ကျပ် ၁၀၀၀၀ တန် ငွေစက္ကူများကို ဇူလိုင် ၁ ရက်တွင် စတင်ထုတ်ဝေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့သည်။

Thursday 28 May 2015

အိုဘားမားရဲ့ သမီးကို နွားတွေ၊ ဆိတ်တွေနဲ့ တင်တောင်းမယ့် ရှေ့နေ

ကင်ညာနိုင်ငံသား ရှေ့နေတစ်ဦးက အမေရိကန်သမ္မတအိုဘားမားရဲ့ သမီးနှစ်ဦးထဲက အသက် ၁၆ နှစ် အရွယ် သမီးကြီး မာလီယာကို သူပိုင်ဆိုင်တဲ့ သိုးတွေ၊ နွားတွေနဲ့ တင်တောင်ဖို့ ဆန္ဒရှိကြောင်း ပြောလိုက် ပါတယ်။ ဖိလစ်ကစ်ပရိုနိုလို့ အမည်ရတဲ့ အဲဒီအမျိုးသားက နွားအကောင်ငါးဆယ်၊ သိုးအကောင်း ၇၀ ၊ ဆိတ်အကောင် ၃၀ နဲ့အတူ အိုဘားမားရဲ့သမီးကို လက်ထပ်ခွင့်ရဖို့ တင်တောင်းချင်တာ ဖြစ်ပါတယ်။

TNLA မတက်ရောက်နိုင်ရန် ဖိအားပေးမှုကြောင့် ပလောင်ညီလာခံ ရွှေ့ဆိုင်း

TNLA, ပလောင် (တအာင်း) , ရှမ်းပြည်နယ် , နမ့်ဆန်း , တိုင်းရင်းသား TNLA တပ်သားများ ကင်းလှည့် နေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်းမြို့တွင် မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပထမဆုံးအကြိမ် ကျင်းပရန် စီစဉ်ထား သော ပလောင် (တအာင်း) တိုင်းရင်းသားများ ညီလာခံတွင် ပလောင်အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) ကို တက်ရောက်ခွင့်မပြုရန် အစိုးရက ဖိအားပေးသည့်အတွက် ညီလာခံကို ရွှေ့ဆိုင်း လိုက်ရကြောင်း သတင်းရရှိသည်။

မီးဖွားပြီးလို့ ဘယ်လောက်ကြာမှ ချစ်တင်းနှီးနှောမှုပြန်လုပ်သင့်တယ်ဆိုတာ

ကလေးမွေးပြီးတဲ့အချိန် အမျိုးသမီးတွေရဲ့ဆီးလမ်းကြောင်းဟာ သူ့ခံနိုင်အား အဆုံးစွန်ထိ ဆန့်ထုတ်ဆွဲငင် တွန်းထုတ်ခံခဲ့ရတာဖြစ်ပြီး မတော်ရင် ပြဲထွက် ဒါမှမဟုတ် ကွဲတောင်ကွဲနေနိုင်ပါသေးတယ်။

အစိမ်းရောင် ပါတဲ့ အာလူး မစားသင့်

အာလူးပါတဲ့ အစားအစာ ဆိုတာ ကျနော်တို့ စားပွဲ တော်တော်များများမှာ ပါရှိတက်တဲ့ အမယ် တစ်မျိုးလို့ လည်း ပြောလို့ ရပါတယ်။

မျက်လုံးထဲကနေ သွေးတွေ စီးကျနေတဲ့ အမျိုးသမီး

အမေရိကန် ပြည်ထောင်စု၊ ဟာဝိုင်ယီရှိ ၀ိုင်ကီလီ အရပ်ဒေသမှာ နေထိုင်တဲ့ အမျိုးသမီး တစ်ဦးဟာ ထူးဆန်းတဲ့ ရောဂ ဝေဒနာ တစ်မျိုးရရှိ နေပြီး မျက်လုံး ထဲကနေ သွေးတွေစီးကျနေ တာကြောင့် ဆရာဝန် အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

ယာဉ်မတော်တဆ ဖြစ်ရပ် အတွက် ယာဉ်မောင်းကို သေဒဏ်ချမှတ်

ယာဉ်မတော်တဆ ဖြစ်ရပ် အတွက် ယာဉ်မောင်းဖြစ်သူကို သေဒဏ် အဖြစ် ချမှတ်ခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်သွားခဲ့ ပါတယ်။ တရုတ်နိုင်ငံ၊ ဟူဘီအရပ် ဒေသ ယီချန်းမြို့မှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွား ခဲ့တဲ့ ယာဉ်မတော်တဆ ဖြစ်ရပ် အတွက် တရားရုံးတော်က သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

ချစ်သူ လိုချင်နေတဲ့ အရပ် (၈)ပေကျော် အိန်္ဒိယနိုင်ငံသား

အရပ် (၈)ပေ ၊ (၁) လက်မရှိတဲ့ အိန်္ဒိယနိုင်ငံသားတစ်ဦးဟာ ချစ်သူရည်းစား လိုချင်နေပေမယ့်  ရှည်လျားတဲ့ အရပ်ကြောင့် ချစ်ကြိုက်မယ့် သူမရှိတာကြောင့် အခက်တွေ့နေရပါတယ်။ ယူတာပါရာဒက်ရှ် ပြည်နယ်မှာနေထိုင်တဲ့ ဒီဟာမန်ဒရာဆင်း ဟာ ကမ္ဘာ့ အရပ်အမြင့်ဆုံး သူထက် (၂) လက်မသာ ပိုနိမ့်သူလည်း ဖြစ်ပါတယ်။ ဒီဟာမန်ဒရာဆင်းဟာ ချစ်သူ မရှိသလို အလုပ်လုပ်ရာ မှာလည်း ရှည်လျားတဲ့ အရပ်ကြောင့် ခိုင်းမယ့်သူ မရှိပါဘူး။

ပျားအကောင် တစ်သန်းကျော်ကို ကိုယ်ခန္ဓာမှာ နားစေပြီး အပြုံးမပျက်ဘဲ ဆေးလိပ် သောက်ပြခဲ့

ပျားအကောင် တစ်သန်းကျော်ကို ကိုယ်ခန္ဓာမှာ နားစေပြီး စံချိန်သစ်တင်ဖို့ ကြိုးစားခဲ့သူက တရုတ်နိုင်ငံ၊ တိုင်ရှန်မြို့မှာ နေထိုင်တဲ့ အသက် (၅၅)နှစ်အရွယ် ဂါအိုပဲ ဖြစ်ပါတယ်။ ဂါအိုဟာ ပျားမွေးမြူရေး လုပ် ငန်းလုပ်ကိုင်သူဖြစ်ပြီး ပျားတွေနဲ့ လက်ပွန်း တတီးနေထိုင်လာတာ (၃၅)နှစ်ကျော်ရှိ သွားခဲ့ပြီဖြစ်ပါတယ်။

ယူကေတွင် ကမ္ဘာ့အကြီးဆုံးဇိမ်ခံသင်္ဘောကြီးတည်ဆောက်နေ

ယူကေတွင် ကမ္ဘာ့အကြီး ဆုံး ဇိမ်ခံသင်္ဘောကြီး တစ်စင်း ကို တည် ဆောက်နေသည်။ ထိုသင်္ဘောကြီး ကို ဒီဇိုင်းပုံစံရေးဆွဲ သူမှာ ထင်ရှား သော ခရစ္စတိုဖာဆီမာဖြစ်သည်။

လူမှောင်ခိုမှုနဲ့ ဆက်နွယ်သံသယရှိသူ ရဲ ၁၂ ဦး မလေးရှားထိန်းသိမ်း


လူကုန်ကူးမှုနဲ့ ဆက်နွယ်မှု ရှိတယ်ဆိုတဲ့ သံသယနဲ့ မလေးရှား ရဲတပ်ဖွဲ့ဝင် ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်း လိုက်တယ်လို့ မလေးရှားအစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ ရုပ်အလောင်းတွေ မြှုပ်နှံထားရာ နေရာ ၁၄၀ လောက်ရှိရာ လူမှောင်ခိုကူး စခန်းတွေနဲ့ ပတ်သတ်မှု ရှိတယ်ဆိုပြီး မလေးရှား ရဲတပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းခဲ့တာပါ။

မေ ၂၉ တွင် နေပြည်တော်၌ သန်းကောင်စာရင်း ပင်မ အစီရင်ခံစာ ထုတ်ပြန်မည်

နေပြည်တော် Myanmar International Convention Centre II ၌ မေလ ၂၉ ရက်တွင် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဆောင်ရွက်ခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းကောင်စာရင်း ပင်မအစီရင်ခံစာ တရားဝင်ထုတ်ပြန်ခြင်း အခမ်းအနားကို သမ္မတဦးသိန်းစိန် တက်ရောက် ဖွင့်လှစ်ပေးမည် ဖြစ်သည်။

လူနှစ်ဦးကို လက်ပြန်ကြိုးတုပ်သတ်ပြီး အင်းတကော်တွင် လာရောက် စွန့်ပစ်သွားသည့် အဖွဲ့မှ နှစ်ဦးကို တရားခံပြေး ကြေညာမည်

ညီအစ်ကို နှစ်ဦးကို လက်ပြန်ကြိုးတုပ် သတ်ပြီး ကားဖြင့် လာရောက်စွန့်ပစ်ခဲ့သည့် အဖွဲ့မှ ပူးပေါင်းပါဝင်သူ နှစ်ဦးကို ဖမ်းဆီးမိရန် ကျန်ရှိနေပြီး ၎င်းတို့ကို တရားခံပြေးများအဖြစ် ကြေညာရန် ဆောင်ရွက်နေကြောင်း ပဲခူးခရိုင် ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး လှဦးက မေ ၂၇ ရက်တွင် ပြောသည်။

အမေရိကန်၏ စုံစမ်းစစ်ဆေးမှုကို ဖီဖာ ဥက္ကဋ္ဌ ဘလတ္တာ ကြိုဆို

ငွေကြေး အလွဲသုံးစားမှုများ၊ လာဘ်စားမှုများ ရှိနေသည်ဆိုသည့် မသင်္ကာမှုဖြင့် ဖီဖာအဖွဲ့ဝင်များကို အက်ဖ်ဘီအိုင်နှင့် ဆွစ်ဇာလန် အစိုးရ အာဏာပိုင်တို့က ဖမ်းဆီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းကို ကြိုဆိုကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ၏ ဥက္ကဋ္ဌ ဆပ်ဘလတ္တာက ကြေညာချက်တစ်ရပ် ထုတ်ပြန် ခဲ့သည်။

တပ်သားသစ် စုဆောင်းနေ၍ နမ့်စန်ရှိ ရွာသားများ တိမ်းရှောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ သိန်းဆယ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ရှမ်းလက် နက်ကိုင် တပ်ဖွဲ့မှ တပ်သားသစ် စုဆောင်းမှုများ ပြုလုပ်နေသဖြင့် ရွာသားများ ထွက်ပြေးနေရကြောင်း သိရသည်။

စင်ကာပူ လေကြောင်းပိုင်လေယာဉ် ပျံသန်းနေစဉ် အင်ဂျင်နှစ်လုံးစလုံး ယာယီရပ်သွားခဲ့

စင်ကာပူ လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးသည် ပျံသန်းနေစဉ် မုန်တိုင်းမိပြီး အင်ဂျင် နှစ်လုံးစလုံး ယာယီရပ်သွားသည့် အခြေအနေတစ်ရပ် ကြုံခဲ့ကြောင်း သိရှိရသည်။

၈၈မျိုးဆက်(ငြိမ်း/ပွင့်)ပါတီ မတည်ထောင်ဟုဆို၊ တစ်ဦးချင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက NLD ပါတီနှင့် ညှိနှိုင်းဆောင်ရွက်မည့် အနေအထားရှိကြောင်း ၈၈ ကျောင်းသားခေါင်းဆောင်များပြောကြား

၈၈မျိုးဆက် (ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အနေဖြင့် နိုင်ငံရေးပါတီအဖြစ်တည် ထောင်ကာ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်မဟုတ်ဘဲ တစ်ဦးချင်း အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဆို ပါက NLD နှင့် ညှိနှိုင်းဆောင်ရွက် သွားမည့်အနေအထားရှိကြောင်း ၈၈ ကျောင်းသားခေါင်းဆောင်များက ထုတ်ဖော် ပြောကြားလိုက်သည်။

နမ့်စန်မြို့နယ်မှာ တပ်သားသစ်စုဆောင်းတာကြောင့် ထွက်ပြေးသူတွေ များလာနေ

ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA အဖွဲ့က ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်နဲ့ နမ့်စန်မြို့နယ် တွေ ကကျေးရွာတွေမှာ တပ်သားသစ် အတင်းအဓမ္မစုဆောင်းနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ လူငယ်တွေဟာ နမ့်စန်မြို့မှာ ခိုလှုံနေကြပြီး ဒီကနေ့အထိ တစ်ထောင် နီးပါးလောက်ရှိမယ်လို့ ထွက်ပြေး လာကြသူ လူငယ်တွေက ပြောပါတယ်။

မလေးရှားတွင် လူမှောင်ခိုမှုနှင့် ပတ်သက်သည့် လူသေမြုပ်နှံထားရာ နေရာ များ များစွာတွေ့ခဲ့ရမှုတွင် ရဲ ၁၂ ဦးကို သံသယဖြစ်ကာ စစ်ဆေးနေ

မလေးရှားနိုင်ငံ မြောက်ဖက်အစွန်းဖျား နယ်မြေတွင် လူမှောင်ခိုမှုနှင့် ပတ်သက်သည့် လူသေမြုပ်နှံထား သည့် နေရာပေါင်းများစွာကို တွေ့ရှိမှုတွင် ရဲ ၁၂ ဦးကို သံသယဖြစ်ကာ စုံစမ်းစစ်ဆေးလျက်ရှိသည်။

၁၉၉၀ ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်ယူခြင်း မရှိသောကြောင့် တပ်မတော်အစိုးရ အဖွဲ့ဝင်ဟောင်းများကို တရားစွဲမည်ဟုဆို

၁၉၉၀ အထွေထွေရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်ယူခြင်း မရှိသောကြောင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်ဟောင်းများကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

မဟုတ်တာလုပ်ပြီး ကြောက်နေတဲ့ KIA

မီဒီယာခေတ်မှာ တိုက်ပွဲသတင်းတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ မြင်တွေ့ကြားသိခွင့်ရနေပါတယ်။ ဓါတ်ပုံ တွေ၊ သတင်းတွေနဲ့ အွန်လိုင်းပေါ်မှာ သူ့ထက်ငါအပြိုင်တင်နေကြတဲ့အတွက် ဘယ်နေရာမှာ ဘာဖြစ်နေပြီ ဆိုတာအစ သိနေရပါတယ်။ သာဓကအနေနဲ့ လောက်ကိုင်တိုက်ပွဲတွေဖြစ်တုန်းက အွန်လိုင်းပေါ်မှာ ကြည့်ရုံနဲ့ ဘယ်နေရာမှာတိုက်ပွဲဖြစ်နေပြီလဲဆိုတာ သိရတဲ့အခွင့်အရေးပါ။ အစိုးရတပ်က ဘယ်တောင်ကုန်းကို သိမ်း လိုက်ပြီ၊ MNDAA ဘက်က ဘယ်လောက်ကျပြီ၊ ဘယ်လိုဆုတ်ခွာသွားပြီစသဖြင့် သိခဲ့ရပါတယ်။ သတင်းဌာန တွေက ရေးသားဖော်ပြကြသလို တချို့ Personal Account တွေကလည်း Status အနေနဲ့ ရေးသားလာကြပါ တယ်။ အဲဒီလို တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း ရေးသား လာတာတွေ့ရပါတယ်။

ဝန်ကြီးချုပ်ယာဉ်တန်းကိုပင် လက်နက်အပြည့်အစုံဖြင့်ခြိမ်းခြောက်လာခြင်းက ငြိမ်းချမ်းရေးအတွက်စိုးရိမ်စရာ ဖြစ်လာပြီလား

၂၀၁၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနဲ့ သံဃနာယကဆရာတော်များပါဝင်တဲ့ ယာဉ်တန်းကို DKBA (KKO) အဖွဲ့က ကော့ကရိတ်-မြ၀တီ (အာရှလမ်းသစ်) ပေါ်မှာ အာပီဂျီအပါအ၀င် လက်နက်ကြီး တွေကို အသင့်အနေအထားပြင်ဆင်ပြီး ခြိမ်းခြောက်မှုတစ်ခုပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းဟာ Social Media တွေကနေ တစ်ဆင့် ပျံ့နှံ့လာခဲ့ပြီးတဲ့နောက် အဲဒီလုပ်ရပ်နဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ်မှာ ပြည်သူ တွေရဲ့ ဝေဖန်ရှုတ်ချမှုတွေမြင့်တက်ခဲ့တာကို တွေ့မြင်လာရပါတယ်။

လားရှိုးတွင် မိခင်ဖြစ်သူက မွေးကင်းစ ရင်သွေးငယ်ကို ဗိုက်ဖောက်သတ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ (၁၂)ရပ်ကွက်တွင် မွေးကင်းစကလေးငယ်ကို မိခင်ဖြစ်သူက ဘလိတ်ဓားဖြင့် ဝမ်းဗိုက် ဖောက်ပြီး အူထုတ်သတ်ကာ အမှိုက်ပုံးထဲစွန့် ပစ်ခဲ့သဖြင့် ဖမ်းဆီးအရေးယူထားကြောင်း လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မေ ၂၅ ရက် ည ၈ နာရီက လားရှိုးမြို့ ရပ်ကွက်(၁၂)ရှိ ဘော်ဒါဆောင် တစ်ခုရှိ အိမ်သာထဲတွင် အမျိုးသမီးတစ်ဦး က ကလေးကိုမွေးခဲ့ပြီး ကလေးငယ်ကို ဘလိတ် ဓားဖြင့် ဝမ်းဗိုက်ဖောက်ပြီး အူကိုဆွဲထုတ်၊ လည် ပင်းညစ်ကာ ဓားနှင့်လှီးထားသောကြောင့် ဖမ်း ဆီးအရေးယူလိုက်ခြင်း ဖြစ်သည်။
''ကလေးရဲ့ ဝဲဘက်ရင်အုံကိုလဲ ထိုးသွင်း ဒဏ်ရာတွေ ပြုလုပ်ခဲ့တဲ့ အမျိုးသမီးကို ညက ဖမ်းဆီးပြီး ဆေးရုံအချုပ်မှာ ဖမ်းထားတယ်။ ပြည်နယ် ပြည်သူ့ဆေးရုံကြီးတွင် အချုပ်ကျနေ တယ်ဆိုတာက အဲဒီကောင်မလေးကိုယ်တိုင် သွေးသွန်နေလို့ ဆေးကုသမှုခံနေရလို့ပါ''ဟု ဆေးရုံရှိ အချုပ်လူနာဆောင် တာဝန်ကျ ရဲတပ် ကြပ်ကြီး ခင်မိုးမြင့်က ပြောသည်။

သူရဦးရွှေမန်း ရွေးကောက်ပွဲဝင်ရန် သေချာသော်လည်း သမ္မတဦးသိန်းစိန် ပြန်အရွေးခံရန်မှာ မသေချာသေးဟုဆို

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၂ဝ၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် သေချာနေ သော်လည်း နိုင်ငံတော်သမ္မတဦးသိန်း စိန် ရွေးကောက်ပွဲဝင်ရန် မသေချာ ဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင်တစ်ဦးက ရန်ကုန်တိုင်းမ်ဂျာ နယ်သို့ ပြောသည်။
အဆိုပါသတင်းများ ထွက်ပေါ် နေမှုကို ရန်ကုန်တိုင်းမ်ဂျာနယ်မှ တောင် ဥက္ကလာပ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးအောင်သိန်းလင်းအား မေးမြန်းခဲ့ရာ ယင်းက ''သမ္မတကြီးက ဘယ်ကနေ ပြိုင်မယ်ဆိုတာကတော့ ကျွန်တော်တို့ မသိသေးဘူး။ ကျွန်တော် တို့ဥက္ကဋ္ဌကြီးကတော့ ပြိုင်မှာသေချာ တယ်''ဟု ပြောသည်။

မြန်မာ ယူ-၂၀ ၏ အုပ်စုပြိုင်ဘက်များကို လေ့လာခြင်း

အုပ်စုဗိုလ်ဖြစ်ရန် ရေပန်းစားနေသော အမေရိကန်

မကြာခင် ရက်ပိုင်းမှာ မြန်မာဘောလုံးပရိသတ် အားလုံး တောင့်တစောင့်မျှော်နေတဲ့ ယူ၂၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး စတင်တော့မှာ ဖြစ်ပါတယ်။ သက်တမ်းအလိုက် မြန်မာ့လက် ရွေးစင် အသင်းတစ်သင်း အနေ နဲ့ ပထမဆုံးအကြိမ် ကမ္ဘာ့အဆင့် ပြိုင်ပွဲကြီး တစ်ရပ်မှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့နောက် ပရိသတ်တွေ အားလုံးက  မြန်မာအသင်းအပေါ် အကြီးအကျယ် မျှော်လင့် ချက်ထား အားပေးနေကြပါ တယ်။