Wednesday 14 November 2012

အစ္စရေးလေတပ်က တိုက်ခိုက်မှုတွင် ဟားမတ်စ် စစ်ရေးခေါင်းဆောင် သေဆုံး

ဂါဇာကမ်းမြောက် ဂါဇာစီးတီးတွင် အစ္စရေးလေတပ်က ယနေ့ ပြုလုပ်ခဲ့သော ပစ်မှတ်ထား တိုက်ခိုက်မှုအတွင်း မီးလောင်းပျက်စီးသွားသည့် ဟားမတ်စ် စစ်ရေးခေါင်းဆောင် အာမက် ဂျက်ဘာရီ စီးနင်းလိုက်ပါလာသည့် မော်တော်ကားကို တွေ့ရစဉ်။

ဟားမတ်စ်ပြောက်ကျားအဖွဲ့၏ စစ်ရေးခေါင်းဆောင် အာမက် ဂျက်ဘာရီသည် အစ္စရေး၏ ယနေ့ပြုလုပ်သော လေကြောင်း တိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားကြောင်း ဟားမတ်စ်နှင့် အစ္စရေးအစိုးရက အတည်ပြု ပြောကြားသည်။
Photo: @[262070863837170:274:RT News]
 
 
ဂါဇာကမ်းမြောက် ဂါဇာစီးတီးတွင် အစ္စရေးလေတပ်က ယနေ့ ပြုလုပ်ခဲ့သော ပစ်မှတ်ထား တိုက်ခိုက် မှုအ တွင်း မီးလောင်းပျက်စီးသွားသည့် ဟားမတ်စ် စစ်ရေးခေါင်းဆောင် အာမက် ဂျက်ဘာရီ စီးနင်းလိုက်ပါ လာသည့် မော်တော်ကားကို တွေ့ရစဉ်။

အစ္စရေး၊ ဆီးရီးယား၊ ဂိုလန်ကုန်းမြင့်ဒေသနှင့် တုံ့ပြန်တိုက်ခိုက်မှုများ


အစ္စရေး၊ ဆီးရီးယား၊ ဂိုလန်ကုန်းမြင့်ဒေသနှင့် တုံ့ပြန်တိုက်ခိုက်မှုများ 

(နိုင်ငံတကာ သတင်း သုံးသပ်ချက်)

ဆီးရီးယား နိုင်ငံ အတွင်းမှ ပစ်ခတ် လိုက်သည့် အမြောက်ဆန် များသည် အစ္စရေးတို့ ထိန်းချုပ် ထားသည့် ဂိုလန် ကုန်းမြင့် ဒေသ အတွင်းသို့ ကျရောက် ပေါက်ကွဲ ခဲ့သောကြောင့် အစ္စရေး စစ်တပ်က နိုဝင်ဘာ ၁၂ ရက်တွင် ပြန်လည် ပစ်ခတ်ခဲ့ ပြီးနောက် အစ္စရေး နိုင်ငံ သည် တူရကီ နိုင်ငံ ပြီးလျှင် ဆီးရီးယား စစ်တပ်အားပြန်လည် လက်တုံ့ပြန် ပစ်ခတ် ခဲ့သည့် ဒုတိယမြောက် နိုင်ငံ ဖြစ်လာ သည်ကို တွေ့ ရသည်။

အစ္စရေး စစ်တပ်သည် ၎င်းတို့၏ ပိုင်နက် အတွင်းသို့ လက်နက်များ ကျရောက် ပေါက်ကွဲမှုကြောင့် လွန်ခဲ့သည့် သီတင်းပတ် အကုန်က သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ သို့ရာတွင် အမြောက်ဆန် များသည် ပိုင်နက် အတွင်း ဆက်လက် ပေါက်ကွဲ လျက် ရှိ သောကြောင့် နိုဝင်ဘာ ၁၂ ရက်က အစ္စရေး တင့်ကား တစ်စီးက  တုံ့ပြန် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ ဆီးရီးယား စစ်ကား တစ်စီးကို ထိမှန် ခဲ့သည်။

အစ္စရေး အစိုးရသည် လပေါင်း ၂ဝ နီးပါးကြာ ဖြစ်ပွား လျက်ရှိသည့် ဆီးရီးယား ပြည်တွင်းစစ် အတွင်းသို့ ဆွဲသွင်း မခံရစေရန် အထူး ဂရုစိုက်၍ ရှောင်ရှား ခဲ့သည်။ သို့သော် မကြာမီရက်များ အတွင်းက ဂိုလန် ကုန်းမြင့် ဒေသ အတွင်းသို့ ဆီးရီးယား ဘက်မှ ပစ်ခတ် လိုက်သည့် အမြောက်ဆန်များ ကျရောက် ပေါက်ကွဲ မှုကြောင့် ဒေသခံများ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိသော်လည်း သီးနှံ စိုက်ခင်းများ ပျက်စီးခဲ့ပြီး ထိတ်လန့်မှုများ ဖြစ်ပွား ခဲ့ရသည်။

တစ်ချိန်တည်း မှာပင် အာဆတ် အစိုးရသည် အစ္စရေးနှင့် လက်နက်ကိုင် ပဋိပက္ခ တစ်ရပ် ဖန်တီးပြီး အစ္စရေး တို့အား တိုက်ခိုက်ရန် အတွက် လက်ဘနွန်မှ ဟစ်ဇဘိုလာ ပြောက်ကျားများနှင့် ဂါဇာ ကမ်းမြောင် ဒေသရှိ ဟားမားစ်  စစ်သွေးကြွများ အတွက် လမ်းဖွင့်ပေးရန် ကြိုးပမ်း နိုင်ဖွယ် ရှိသည် ဟူသော စိုးရိမ်မှု များလည်း ဖြစ်ပေါ်လျက် ရှိသည်။ ထို့အပြင် ဆီးရီးယား အစိုးရသည် ၎င်းတို့၏ ဓာတု လက်နက်များကို အစ္စရေး တို့အား တိုက်ခိုက်ရန် အသုံးပြု လာနိုင်ကြောင်း အစ္စရေး အစိုးရက သတိပေး ထားသည်။ အလားတူပင် ပြည်တွင်း စစ်တွင် အတိုက်အခံ များက အနိုင် ရရှိပြီး အာဆတ် အစိုးရ ပြုတ်ကျ ခဲ့ပါက ဆီးရီးယား နိုင်ငံသည်  အစွန်း ရောက်များ သို့မဟုတ် သဘောထား မတူညီသည့် အုပ်စုများ အကြား တိုက်ခိုက်မှုများ အတွင်းသို့ ကျရောက် သွားမည်ကို  အစ္စရေး တို့က စိုးရိမ်လျက် ရှိသည်။

နိုဝင်ဘာလ အစောပိုင်း တွင်လည်း ဆီးရီးယား တင့်ကား သုံးစီးသည် ဂိုလန် ကုန်းမြင့် ဒေသရှိ စစ်မဲ့ဇုန် အတွင်းသို့ ဝင်ရောက်လာ ခဲ့သည်။ ထို့အပြင် အခြား ဖြစ်ရပ် တစ်ခု တွင်လည်း အစ္စရေး ကင်းလှည့်ယာဉ် တစ်စီးအား ဆီးရီးယား နိုင်ငံအတွင်းမှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အဆိုပါ ပစ်ခတ်မှုသည် မတော်တဆမှု အဖြစ်  အစ္စရေးက မှတ်ယူ ခဲ့သည်။

သို့ရာတွင် အစ္စရေး ထိန်းချုပ် နယ်မြေ အတွင်းသို့ ဆီးရီးယားမှ ပစ်ခတ် လိုက်သည့် အမြောက်ဆန်များ ဆက်တိုက် ကျရောက်မှုသည် အစ္စရေးနှင့် ဆီးရီးယား အကြား တင်းမာမှု များကို မြင့်တက် စေပြီး တုံ့ပြန် ပစ်ခတ်မှု များကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း သုံးသပ် ရပါ သည်။  ။

http://www.myawady.com.mm/all-news/international/2012-11-14-02-42-04
ဆီးရီးယား နိုင်ငံ အတွင်းမှ ပစ်ခတ် လိုက်သည့် အမြောက်ဆန် များသည် အစ္စရေးတို့ ထိန်းချုပ် ထားသည့် ဂိုလန် ကုန်းမြင့် ဒေသ အတွင်းသို့ ကျရောက် ပေါက်ကွဲ ခဲ့သောကြောင့် အစ္စရေး စစ်တပ်က နိုဝင်ဘာ ၁၂ ရက် တွင် ပြန်လည် ပစ်ခတ်ခဲ့ ပြီးနောက် အစ္စရေး နိုင်ငံ သည် တူရကီ နိုင်ငံ ပြီးလျှင် ဆီးရီးယား စစ်တပ် အားပြန် လည် လက်တုံ့ပြန် ပစ်ခတ် ခဲ့သည့် ဒုတိယမြောက် နိုင်ငံ ဖြစ်လာ သည်ကို တွေ့ ရသည်။

ဗြိတိန်တွင် သွေးစုပ်ဖုတ်ကောင် အရိုးစု တူးဖော်တွေ့ရှိ

ဗြိတိန်တွင် သွေးစုပ်ဖုတ်ကောင် အရိုးစု တူးဖော်တွေ့ရှိ

14 NOVEMBER 2012  

သွေးစုပ် ဖုတ်ကောင် တကယ်ရှိ၊ မရှိဆိုတဲ့ မေးခွန်းဟာ အခုမှ မဟုတ်ပါဘူး။ ဟိုးယခင် ကတည်းက ပဟေဠိဆန်နေတဲ့ မေးခွန်းတစ်ခုဖြစ် ပါတယ်။ ဒါပေမယ့် သွေးစုပ်ဖုတ် ကောင်တွေ အလယ်ခေတ် (Middle Ages) မှာ တကယ် ရှိခဲ့ကြတယ်ဆိုတာ ကို အခုဗြိတိန်နိုင်ငံမှာ တူးဖော်တွေ့ရှိ ခဲ့တဲ့ အရိုးစု တစ်ခု အရ သက်သေထူ နေပါပြီ။ နော်တင်ဟမ်ရှိုင်းယားပြည် နယ် ဆောက်သ်ဝဲလ်မြို့က ရှေး ဟောင်းခရစ်ယာန်ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာ တူးဖော်တွေ့ရှိခဲ့တဲ့ ဒီအရိုးစုဟာ အေဒီ ၅၅၀-၇၀ဝ ဝန်း ကျင်က အရိုးစုတစ်ခုဖြစ်ပါတယ်။
ထူးခြားတာက ပုခုံးနှစ်ဖက်၊ နှလုံးနဲ့ ခြေကျင်းဝတ်တွေနေရာမှာ သတ္တုစူး တံတွေ ဖောက်ဝင် နေတာကြောင့် ယင်း ခေတ်လူတွေက အန္တရာယ်ရှိ လူသား တစ်ယောက်လို့ သတ်မှတ်ထားခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ဖြစ် မယ်လို့ ယုံကြည်နေကြပါတယ်။
ဒီလို မျိုး အရိုးစုတွေကို ဗြိတိန်မှာ တူးဖော် တွေ့ရှိတာ ပမာဏ အနည်းငယ်မျှ လောက်ပဲ ရှိပါသေးတယ်။ “ဆောက် ဝဲလ်ဒေသက အရိုးစုဖြစ်ပါတယ်။ ဒါ ပေမယ့် ဒီအရိုးစုအကြောင်းကို ကျွန် တော်တို့ များများစားစားမသိသေးပါ ဘူး။ အနီးစပ်ဆုံးခန့်မှန်းရမယ်ဆိုရင် သွေးစုပ်ဖုတ်ကောင်တစ်ကောင်ဖြစ်နိုင် ပါတယ်။
ဘာကြောင့်လဲဆိုတော့ အရိုး စုကို မြေကြီးမှာ သံချောင်း ၄ ချောင်း နဲ့ ထိုးစိုက်ချည်နှောင်ထားလို့ပါ။ လူ တွေအတွက် အန္တရာယ်များတဲ့ အကောင်တစ်ကောင်ဆိုရင်လည်း မမှားနိုင်ဘူးထင်ပါရဲ့”လို့ ရှေး ဟောင်း သုတေသနပညာရှင် မစ္စတာ ဂျွန်လော့ခ် ကပြောကြားခဲ့ပါတယ်။

အေးချမ်းမွန်မှ  FIRST MUSIC NEWS တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : FIRST MUSIC NEWS
 
နိုဝင်ဘာ ၁၄

သွေးစုပ် ဖုတ်ကောင် တကယ်ရှိ၊ မရှိဆိုတဲ့ မေးခွန်းဟာ အခုမှ မဟုတ်ပါဘူး။ ဟိုးယခင် ကတည်းက ပဟေဠိ ဆန်နေတဲ့ မေးခွန်းတစ်ခုဖြစ် ပါတယ်။ ဒါပေမယ့် သွေးစုပ်ဖုတ် ကောင်တွေ အလယ်ခေတ် (Middle Ages) မှာ တကယ် ရှိခဲ့ကြတယ်ဆိုတာ ကို အခုဗြိတိန်နိုင်ငံမှာ တူးဖော်တွေ့ရှိ ခဲ့တဲ့ အရိုးစု တစ်ခု အရ သက်သေထူ နေပါပြီ။ နော်တင်ဟမ်ရှိုင်းယားပြည် နယ် ဆောက်သ် ဝဲလ်မြို့က ရှေး ဟောင်း ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းမှာ တူးဖော်တွေ့ရှိခဲ့တဲ့ ဒီအရိုးစုဟာ အေဒီ ၅၅၀-၇၀ဝ ဝန်း ကျင် က အရိုးစုတစ်ခုဖြစ်ပါတယ်။

အိုဘားမား မြန်မာ ပြည်သူလူထုကို မိန့်ခွန်း ပြောမည်



ရန်ကုန်၊ နိုဝင်ဘာ ၁၄

အမေရိကန် ပြည်ထောင်စု သမ္မတ အဖြစ် ဒုတိယ အကြိမ် ရွေးချယ်ခြင်း ခံရသော သမ္မတ ဘားရက် အို ဘားမား ပထမဆုံး အကြိမ် မြန်မာ နိုင်ငံသို့ လာရောက်မည့် ခရီးစဉ် အတွင်း မြန်မာ ပြည်သူ လူထုအား မိန် ခွန်း ပြောကြားမည် ဟု အမေရိကန် သံရုံး က နိုဝင်ဘာလ ၁၄ရက် နေ့တွင် သတင်း ထုတ်ပြန် လိုက်သည်။
" မိန့်ခွန်း ပြော ကြား မယ့် နေရာ အတိအကျ တော့ မသိသေး ပါဘူး။ နေရာရွေး နေတုန်းပါ။ မီဒီယာ ကို လည်း ဖိတ်ထားတော့ အခု လာမယ့် သောကြာနေ့ ကို သတင်း ထုတ်ပြန် သွားမှာပါ" ဟု အမေရိကန် သံရုံး မှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းကို ကဏ္ဍ ၃ ခုဖြင့် ဖွဲ့စည်း ဆောင်ရွက်မည်


မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းကို ကဏ္ဍ ၃ ခုဖြင့် ဖွဲ့စည်း ဆောင်ရွက်မည်
Wednesday, 14 November 2012

ရန်ကုန်မြို့တော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မဟာ ရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း ရေးဆွဲတဲ့ ဦးဆောင် အဖွဲ့ကို ကဏ္ဍ ၃ ခုနဲ့ ဖွဲ့စည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရပါတယ်။ ဒီလို ကဏ္ဍ ၃ ခုနဲ့ ဖွဲ့စည်း
ဆောင်ရွက် ရာမှာ မြို့ပြ စီမံကိန်း ရေးဆွဲမှု ကဏ္ဍ၊ မြို့ပြ ဆိုင်ရာ အခြေခံ အဆောက်အအုံ ရေးဆွဲမှု ကဏ္ဍနဲ့ အခြေခံ သတင်း အချက်အလက်နဲ့ လူမှုရေး ကဏ္ဍစတဲ့ အချက် တွေနဲ့ ဖွဲ့စည်း ရေးဆွဲ ထားတာ ဖြစ်ပါတယ်။

မြို့ပြ စီမံကိန်း ရေးဆွဲမှု ကဏ္ဍအောက် မှာတော့ မြို့ပြစီမံကိန်း ရေးဆွဲမှု လုပ်ငန်း အဖွဲ့၊ စီးပွားရေး လုပ်ငန်း အဖွဲ့ရဲ့ စွမ်းရည် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့တို့ ပါဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့ပြ ဆိုင်ရာ အခြေခံ အဆောက်
အအုံ ရေးဆွဲမှု ကဏ္ဍ အောက်မှာ မြို့ပြ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း အဖွဲ့နဲ့ မြို့ပြ အခြေခံ အဆောက်အအုံများ၊ လုပ်ငန်း အဖွဲ့များ ပါဝင်ပါတယ်။

အခြေခံ သတင်း အချက်အလက်နဲ့ လူမှုရေး ကဏ္ဍအောက် မှာတော့ အခြေခံ သတင်း အချက်အလက် လူမှု ပတ်ဝန်းကျင် လုပ်ငန်းအဖွဲ့၊ လူမှု လေ့ကျင့်ရေး လုပ်ငန်း အဖွဲ့၊ ပထ၀ီ မြေပုံရေးဆွဲရေး လုပ်ငန်း အဖွဲ့နဲ့ လူမှုရေးနဲ့ ပတ်ဝန်းကျင် ဆိုင်ရာ လုပ်ငန်း အဖွဲ့တို့ကို ဖွဲ့စည်း ပါဝင်တာ
ဖြစ်ပါတယ်။ အဲ့ဒီ မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း မှာတော့ မြို့ပြ လမ်းပန်း ဆက်သွယ် သွားလာမှု ကွန်ရက်၊ မြို့ပြ သောက်သုံးရေ
ဖြန့်ဝေရေး ကဏ္ဍ၊ မြို့ပြ မီးရထား ကွန်ရက် စတာတွေ ပါဝင်မှာ ဖြစ်တယ် လို့လည်း သိရပါတယ်။

MRTV - 4


ရန်ကုန်မြို့တော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မဟာ ရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း ရေးဆွဲတဲ့ ဦးဆောင် အဖွဲ့ကို ကဏ္ဍ ၃ ခုနဲ့ ဖွဲ့စည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင် သာ ယာရေး ကော်မတီမှ သိရပါတယ်။ ဒီလို ကဏ္ဍ ၃ ခုနဲ့ ဖွဲ့စည်း ဆောင်ရွက် ရာမှာ မြို့ပြ စီမံကိန်း ရေးဆွဲမှု ကဏ္ဍ၊ မြို့ပြ ဆိုင်ရာ အခြေခံ အဆောက်အအုံ ရေးဆွဲမှု ကဏ္ဍနဲ့ အခြေခံ သတင်း အချက်အလက်နဲ့ လူမှုရေး ကဏ္ဍစတဲ့ အချက် တွေနဲ့ ဖွဲ့စည်း ရေးဆွဲ ထားတာ ဖြစ်ပါတယ်။

ရေနံခပ်စဉ် ရေနံခွက်သံကိုင်းနှင့် စက်သီးတို့ ရိုက်မိပြီး မီးလောင်မှု ဖြစ်ပွား



၁၄-၁၁-၂၀၁၂ ရက်နေ့ ၀၃း၄၀ အချိန် မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပိတောက် ပင်ရေနံမြေ ကျင်းအမှတ်(၃၈) ကျင်းပိုင်ရှင် ဦးလှဌေး ၏ ရေနံကျင်းအား မင်းသူဟန် (၂၃)နှစ် ဗမာ/ဗုဒ္ဓ ရေနံ ခပ်လုပ်သား၊ ညောင်ကုန်းရွာ ပခုက္ကူမြို့နယ်နေသူမှ ရေနံခပ်စဉ် ရေနံခွက်သံကိုင်းနှင့် စက်သီးတို့ ရိုက်မိပြီး မီးလောင်မှု ဖြစ်ပွားခဲ့ရာ မနရမှူး(သရက်)ဦးစီး တပ်ဖွဲ့ဝင် ၁၂ ဦး၊ မီးသတ်ယာဉ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် 


iPhone အသုံးပြုသူများအတွက် Citizen နာရီ






iPhone အသုံးပြုသူများအတွက် တွဲဖက်သုံးလို့ရမယ့် နာရီမျိုးကို ဂျပန် Citizen နာရီ ကုမ္မဏီက ထုတ် လုပ်ပေး လိုက်ပြီ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄၀၀ ကျော်တဲ့ အတွက် မြန် မာပြည်မှာ လေးသိန်း ဝန်းကျင် ပေါက်ဈေး ရှိနိုင်ပါတယ်။ လေးသိန်းပေးပြီး ဝယ်သင့်မဝယ်သင့် သူ့ရဲ့  အသုံးဝင်မှုကို ဆက်လက် လေ့လာနိုင်ပါတယ်။

မယူမနေရပင်စင်အပေးခံရသော မန္တလေးဆေးတက္ကသိုလ်ဝန်ထမ်းကို လွှတ်တော်တာဝန်ရှိသူများက တွေ့ဆုံမည် -


မယူမနေရပင်စင်အပေးခံရသော မန္တလေးဆေးတက္ကသိုလ်ဝန်ထမ်းကို လွှတ်တော်တာဝန်ရှိသူများက တွေ့ဆုံမည် -

နိုဝင်ဘာ ၁၄ရက်၊ ၂၀၁၂ခုနှစ် ၊ သတင်း - The Hot News Weekly

မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်အပါအ၀င် မော်ကွန်း  ထိန်းနှင့်ငွေစာရင်းအရာရှိတို့၏   ခြစားနေမှုများအား ထောက်ပြ ခဲ့သည်ဆိုသော မန္တလေးဆေး တက္ကသိုလ်ငွေစာရင်းဌာနက စာ ရင်းကိုင် မစန်းလှကို ဆေး တက္ကသိုလ်တာဝန်ရှိသူများက မ ယူမနေရ ပင်စင်ပေးခဲ့ခြင်း၊မစန်း လှမှ ပြည်ထောင်စုအဆင့်ဌာန ဆိုင်ရာများထံ အလုပ်တာဝန်  ပြန်လည်ထမ်းဆောင်ခွင့်ရရေး အတွက် အသနားခံစာများတင်ခဲ့  ခြင်းတို့နှင့်ပတ်သက်၍ နိုဝင်ဘာ   (၁၅)ရက် ကြာသပတေးနေ့  နေ့လယ်(၃)နာရီတွင် လွှတ်တော် လူ့အခွင့်အရေးကော်မတီတာဝန် ရှိသူများ၊ကျန်းမာရေးဝန်ကြီးဌာန   မှတာဝန်ရှိသူများက မစန်းလှနှင့်   တွေ့ဆုံမည်ဖြစ်ကြာင်းသိရသည်။
““မန္တလေးဆေးတက္ကသိုလ်က မစန်းလှကိစ်္စကို လွှတ်တော်တာဝန်  ရှိသူတွေ ပြီးတော့ ကျန်းမာရေး  ၀န်ကြီးဌာနက တာဝန်ရှိသူတွေ   နဲ့ပတ်သက်ပြီး ဘယ်သတင်းမီဒီ ယာကိုမှ မဖိတ်ပါဘူး။ဒီဟာက   ကျွန်တော်တို့ ကော်မတီတွေရဲ့ ကိစ္စဖြစ်တဲ့အတွက် ဒီလိုတွေ့ဆုံ   တဲ့ရလဒ်ကို လွှတ်တော်ဥက္ကဋ္ဌကြီး     ဆီ ဆက်လက်အစီရင်ခံရမှာပါ။  အဲသလိုတွေ့ပြီးတော့မှ မစန်းလှ ကို သူ့ရဲ့ပုဂ်္ဂိုလ်ရေးတွေကို ဆက် သွယ်မေးမြန်းပါ။ကျွန်တော်တို့ လွှတ်တော်ကော်မတီတာဝန်ရှိသူ   တွေအနေနဲ့ကတော့ ထုတ်ပြန်သင့် ရင်ထုတ်ပြန်ပါ့မယ်။တွေ့ဆုံတဲ့နေ ရာကိုတော့ မီဒီယာသမားတွေမ ဖိတ်ပါဘူး””ဟု အမျိုးသားလွှတ် တော် နိုင်ငံသားများ၏ မူလအ ခွင့်အရေးနှင့်ဒီမိုကရေစီရေး ကော်မတီဥက္ကဋ္ဌဒေါက်တာအေး မောင်က Hot News သို့ပြောကြား   သွားခဲ့သည်။
ထိုသို့ (Force to retire) မယူမနေရပင်စင်အပေးခံရသည့်  မန္တလေးဆေးတက္ကသိုလ်မှ စာရင်း ကိုင် မစန်းလှအား နိုဝင်ဘာ(၁၅)  ရက် နေ့လယ် (၃)နာရီအချိန်  ၌ အမျိုးသားလွှတ်တော်နိုင်ငံ သားများ အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ကော်မတီဝင်လွှတ်တော်ကိုယ်စား လှယ်များ၊ တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များမှ ဗိုလ် မှူးချုပ်မြင့်ထွန်း၊ဗိုလ်မှူးချုပ်စံဝင်း တို့ပါဝင်ကာ လွှတ်တော်အဆောက် အအုံ အဆောင်(၁၇)၌ တွေ့ဆုံ  ကြမည်ဖြစ်သည်။

 

ခန့်ခန့်(ဒဿနိက)

နိုဝင်ဘာ ၁၄ရက်၊

မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်အပါအ၀င် မော်ကွန်း ထိန်းနှင့်ငွေစာရင်းအရာရှိတို့၏ ခြစားနေမှုများ အား ထောက်ပြ ခဲ့သည်ဆိုသော မန္တလေးဆေး တက္ကသိုလ်ငွေစာရင်းဌာနက စာ ရင်းကိုင် မစန်းလှကို ဆေး တက္ကသိုလ် တာဝန်ရှိသူများက မ ယူမနေရ ပင်စင်ပေးခဲ့ခြင်း၊မစန်း လှမှ ပြည်ထောင်စုအဆင့်ဌာန ဆိုင်ရာ များ ထံ အလုပ်တာဝန် ပြန်လည်ထမ်းဆောင်ခွင့်ရရေး အတွက် အသနားခံစာများ တင်ခဲ့ ခြင်းတို့နှင့်ပတ် သက်၍ နိုဝင်ဘာ (၁၅)ရက် ကြာသပတေးနေ့ နေ့လယ်(၃)နာရီတွင် လွှတ်တော် လူ့အခွင့်အရေးကော်မ တီတာဝန် ရှိသူများ၊ကျန်းမာရေးဝန်ကြီးဌာန မှတာဝန်ရှိသူများက မစန်းလှနှင့် တွေ့ဆုံ မည်ဖြစ်ကြာင်း သိရ သည်။

Microsoft မှ Windows ဥက္ကဌ Steven Sinofsky နှုတ်ထွက်

Microsoft မှ Windows ဥက္ကဌ Steven Sinofsky နှုတ်ထွက်

Microsoft ကုမ္မဏီမှ Windows နှင့် Windows Live အတွက် ခန့်အပ်ထားသော ဥက္ကဌ Steven Sinofsky မှာ နိုင်ဝင်ဘာလ ၁၂ ရက်နေ့တွင် ရာထူးမှ နှုတ်ထွက်ပြီး ကုမ္မဏီမှ ထွက်ခွာလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

Microsoft နှင့် လမ်းခွဲရသည့် အကြောင်းအရင်းကို ကုမ္မဏီရော စတီဗန်ပါ မပြောကြားခဲ့ချေ။ Windows 8 မိတ်ဆက်ပွဲတွင် စတီဗန်မှ ဦးဆောင်၍ မိတ်ဆက်ပေးခဲ့ပြီး Microsoft အတွက် သမိုင်းသစ် ဖန်တီးပေးခဲ့သည်။ ၁၉၈၉ ခုနှစ် ဇူလိုင်လမှ စ၍ Microsoft တွင် ဆော့ဖ်ဝဲ ဒီဇိုင်းအင်ဂျင်နီယာ အဖြစ် လုပ်ကိုင်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ရာထူးတက်ခဲ့သည်။ ထို့နောက် ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် Windows -Division အတွက် ဥက္ကဌရာထူး အခန့် အပ်ခံခဲ့ရသည်။

Windows 7, Windows Phone 7 OS, Windows 8, Windows Phone 8 OS တို့ကို ဖန်တီးကာ ကမ္ဘာ့အိုင်တီလောက၏ ပြောင်းလဲမှုများတွင် အခန်းကဏ္ဍ ကြီး တစ်ခု အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ " သူဟာ Microsoft အတွက် အတော်အားကိုးရတဲ့ သူတစ်ယောက်ပါ၊ သူ့ရဲ့ လုပ်ဆောင် ချက်များဟာ Microsoft ကုမ္မဏီအတွက် ထူးခြားသော ပြောင်းလဲမှုများ ဖြစ်စေခဲ့ပါတယ်" ဟု Microsoft စီအီးအို Steve Ballmer မှ အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

"Microsoft နဲ့ လက်တွဲလုပ်ကိုင်ရတာ ကျွန်တော့အတွက် ကြီးမားတဲ့ ဆုလဒ် တစ်ခုပဲ ဖြစ်ပါတယ်။ Microsoft ရဲ့ အားပေးထောက်ပံ့မှုသာ မရှိရင်လည်း ကျွန်တော် ဒီအခြေအနေကို ရောက်မလာနိုင်ပါဘူး။ ရာထူးက နှုတ်ထွက်ပေမယ့် Microsoft ဟာ ကျွန်တော့ ဘဝရဲ့ အမှတ်တရ တစ်ခု အဖြစ် ကျန်ရှိနေမှာပါ" ဟု စတီဗန်လည်း အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။

စတီဗန်သည် အသက် ၄၆-၄၇ ဝန်းကျင်သာ ရှိသေးပြီး အရွယ်ကောင်းဆဲ ကာလ ဖြစ်သည်။ ထို့ကြောင်း Microsoft နှင့် လမ်းခွဲပြီးနောက် အနားယူမည်လား၊ အခြား ကုမ္မဏီတစ်ခုနှင့် ပူးပေါင်းမည်လား သို့တည်းမဟုတ် ကိုယ်ပိုင် ကုမ္မဏီတစ်ခု တည်ထောင်ချေ ရှိမရှိကို အများက စိတ်ဝင်တစား ရှိလျက် ရှိကြောင်း သိရသည်။
---
Ref: microsoft.com

TechSpace Journal

Microsoft ကုမ္မဏီမှ Windows နှင့် Windows Live အတွက် ခန့်အပ်ထားသော ဥက္ကဌ Steven Sinofsky မှာ နိုင်ဝင်ဘာလ ၁၂ ရက်နေ့တွင် ရာထူးမှ နှုတ်ထွက်ပြီး ကုမ္မဏီမှ ထွက်ခွာလိုက်ပြီ ဖြစ်ကြောင်း သိရ သည်။

အိုဘားမား မြန်မာခရီးစဉ် တရုတ်ကို မထိခိုက် -



နိုဝင်ဘာ ၁၄

လာမည့် နိုဝင်ဘာ ၁၉ ရက် အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်သည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို မထိခိုက်ကြောင်း ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောလိုက်သည်။

မိုးကုတ်မြို့ မှာ ငလျှင်လှုပ် ပြီးနောက် ဗုဒ္ဓရုပ်ပွားတော် (ငွေ ရုပ်ပွားတော်) ၃- ဆူ ပေါ်ထွန်းခြင်း



နိုဝင်ဘာလ ၁၄ ရက်

၁၃၇၄-ခုနှစ် သီတင်းကျွတ် လဆန်း-၁၂ရက် တနင်္ဂနွေနေ့၊ ငှင်းနေ့ရက်သည် မြန်မာပြည် ရွှေဘိုမြို့ အရှေ့မြောက်ဘက် ၄၅ မိုင်အကွာကို ဗဟိုပြုကာ မဟာပထ၀ီ(မြေငလျှင် တုန်လှုပ်မှုကြီး) ဖြစ်ပေါ် ခဲ့ သည်။ မြေငလျှင်တုန်လှုပ်မှုသည်သက်ရှိလူသားများနှင့်သတ္တ၀ါ အပေါင်းတို့၏ နာဘေး၊ သေဘေး (ဥပစ္စေဒ ကကံ) အသက် အန္တရာယ်များ ဖြစ်ပေါ်စေခဲ့ရာ သက်ရှိ သက်မဲ့ ဖြစ်သောအသက် အိုးအိမ် တိုက်တာ ယာဉ် စသော အသုံးအဆောင် ပစ္စည်းများ ပျက်စီးဆုံးရှုံး စေသည့် သဘာဝ အန္တရာယ်ပင်ဖြစ်သည်။ 

တနင်္သာရီကမ်းရိုးတန်းဒေသများနှင့်မွန်ပြည်နယ်ဒေသအချို့တွင် မိုးသက်လေပြင်းကျရောက်နိုင်


ရန်ကုန်၊ နိုဝင်ဘာ - ၁၄

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်သောမုန်တိုင်းကြောင့် တနင်္သာရီကမ်းရိုးတန်းဒေသများတွင် တစ်နာရီ ၃၅ မိုင်နှုန်းဖြင့် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမတွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမတွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်
Wednesday, 14 November 2012 

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်သော အမေရိကန်သမ္မတ အိုဘားမားသည် ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။
နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်မည့် အိုဘားမား၏သမိုင်းဝင်ခရီးစဉ်
တွင် မိန့်ခွန်းပြောကြားမည့်နေရာကိုအမေရိကန်သံရုံးက လောလောဆယ်
တွင် မထုတ်ပြန်သေးသော်လည်း အဆိုပါအခမ်းအနားသို့ တက်ရောက်
သတင်းရယူရန် ပြည်တွင်း၊ ပြည်ပသတင်းထောက်များကို ဖိတ်ကြားနေပြီ
ဖြစ်သည်။  ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်းခွန်းပြောကြားမည့်နေရာကို ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့နှင်းခန်းမဟုခန့်မှန်းပြောဆိုနေကြသည်။
အမေရိကန်သမ္မတ အိုဘားမားလာရောက်မည့်နေ့တွင်ကျင်းပမည့် ရန်ကုန်တက္ကသိုလ့် (၁၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားအား ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။
မူလက နိုဝင်ဘာ ၁၇ နှင့် ၁၉ ရက်များတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအခါ ဒီဇင်ဘာ ၁ နှင့် ၃ ရက်တို့တွင် ပြောင်းလဲကျင်းပရန် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
"ဘွဲ့နှင်းသဘင်ခန်းမ အကြီးစားပြင်ဆင်နေတယ်"ဟု ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။ သို့သော်၎င်းသတင်းနှင့်ပတ်သက်ပြီး
နှစ်နိုင်ငံလုံးမှတရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါ။

Ref 7Days
 
နိုဝင်ဘာ ၁၄

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်သော အမေရိကန်သမ္မတ အိုဘားမားသည် ရန်ကုန်မြို့တွင် သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။

iPad Mini



Apple ဟာအားလုံးမျှော်လင့်နေခဲ့ကြတဲ့ mini တက်ဘလက်ကိုစတိဂျော့ဗ် မရှိတော့တဲ့   အချိန်မှာ ထုတ် လုပ်ခဲ့ ပါပြီ။ မူရင်းအရသာဖြစ်တဲ့ iPad ရဲ့ ပုံစံကိုမပျက်စေဘဲ မျက်နှာပြင်အရွယ်အစားကိုသာ အဓိက ထားလျော့ချထားတယ်လို့ဆိုနိုင်တဲ့ တက်ဘလက်တစ်လုံးဖြစ်ခဲ့ပါတယ်။ ယခုဆိုရင် ပြည်တွင်းကို လည်း ရောက်ရှိလာပြီဖြစ်လို့စိတ်ဝင်စားသူများ ၀ယ်ယူနိုင်ရန်အတွက်အသေးစိတ်အချက် အလက်တွေ ကို ဖော်ပြပေးလိုက်ပါတယ်။

အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင်အသုံးပြုမည့် ပစ္စည်းများကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များ မြန်မာနိုင်ငံသို့ရောက်ရှိ



အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင်အသုံးပြုမည့် ပစ္စည်းများကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များ မြန်မာနိုင်ငံသို့ရောက်ရှိ  
Wednesday, 14 November 2012 

အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများ ကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များသည် နိုဝင်ဘာလ ၈ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။အဆိုပါလေယာဉ်များမှာ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၃ရက်နေ့အထိ အမေရိကန်လေတပ်မှ C 17  လေယာဉ်ဖြင့် ငါးခေါက်၊ အခြားလေယာဉ်ဖြင့် ၂ခေါက်၊ စုစုပေါင်း ၇ခေါက်အထိ  ရှိခဲ့သည်ဟု သိရသည်။

သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ရန် နိုဝင်ဘာလ ၈ရက်နေ့တွင် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စီး၊ နိုဝင်ဘာလ ၁၁ရက်နေ့တွင် တာဝန်ရှိသူ ၉ဦးနှင့် စက်ပစ္စည်းများ၊ နိုဝင်ဘာလ ၁၂ရက်နေ့တွင် အမေရိကန်လေ တပ်မှ C 17 လေယာဉ် ၂စီးနှင့် နိုဝင်ဘာလ၁၃ရက်နေ့တွင် C17 လေယာဉ် ၃စီးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။

''ခုရောက်လာတဲ့ အမေရိကန်လေတပ်က စစ်လေယာဉ်တွေမှာ သမ္မတအိုဘားမား မြန်မာနိုင်ငံခရီးစဉ်မှာ အသုံးပြုမယ့် ရဟတ်ယာဉ်တို့ မော်တော်ယာဉ်တို့ စတဲ့ အသုံးဆောင်ပစ္စည်းတွေ၊ နောက်လုံခြုံရေး နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေပါလာတာဖြစ်ပါတယ်'' ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။


ထပ်မံ၍ နိုဝင်ဘာလ ၁၅ရက်နေ့နှင့် ၁၇ရက်နေ့များတွင်လည်း  အမေရိကန်လေတပ်မှ စစ်လေယာဉ် များသည် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိမည်ဟုလည်း သတင်းရရှိပါသည်။

အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ရက် နေ့တွင် လာရောက်ပြီး သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ မည်ဖြစ်ကြောင်း သိရသည်။

EMG
နိုဝင်ဘာ ၁၄

အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများ ကြို တင်ပေး ပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များသည် နိုဝင်ဘာလ ၈ရက်နေ့မှ စတင် ကာ မြန် မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သတင်းရရှိပါ သည်။အဆို ပါလေ ယာဉ်များမှာ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၃ရက်နေ့အထိ အမေရိကန်လေတပ်မှ C 17 လေယာဉ်ဖြင့် ငါးခေါက်၊ အခြားလေယာဉ်ဖြင့် ၂ခေါက်၊ စုစုပေါင်း ၇ခေါက်အထိ ရှိခဲ့သည်ဟု သိရသည်။

မြို့တွင်းသို့ ပြေးဆွဲသော ၃၅ မီနီဘတ်စ် တစ်စီးပေါ်တွင်ခရီးသည်တစ်ဦး၏ပိုက်ဆံအိတ်ပျောက်ဆုံး

ယနေ့ နေ့လည် တစ်နာရီဝန်းကျင်ခန့်တွင်သာကေတမှ မြို့တွင်းသို့
ပြေးဆွဲသော ၃၅ မီနီဘတ်စ်တစ်စီးပေါ်တွင် ခရီးသည်တစ်ဦး၏ ပိုက်ဆံအိတ်ပျောက်ဆုံးခဲ့သည့်အတွက် ယာဉ်အား အနီးဆုံးဖြစ်သော လသာရဲစခန်းသို့မောင်းနှင်ကာ စစ်ဆေးမှုပြုလုပ်ခဲ့ရသည်။

“ လမ်းမှာဆင်းတာက အများကြီးပဲလေ။ ဘယ်အချိန်ကပျောက်နေမှန်းလည်းမသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ တာဝန်အရ စခန်းပဲမောင်းရတာပဲ” ဟု ၄င်းကားမှ ယာဉ်နောက်လိုက်က ပြောသည်။ ယခုကဲ့သို့ ဘက်စ်ကားပေါ်တွင် အလစ်
သုတ် ခါးပိုက်နှိုက်မှုများ မကြာခဏ ကြုံတွေ့ ရသဖြင့် သတိပြုရန် သတိပေးစာများကပ်ထားသော်လည်းခရီးသည်များ အနေ
ဖြင့် ဂရုစိုက်မှုအားနည်း ကြောင်း၊ အထူးသဖြင့် လကုန်ရက်များ တွင် ပို၍ အဖြစ်များပြီး ခါးပိုက်နှိုက်များမှလူကျပ်တတ်သည့် ယာဉ်လိုင်းများ
ပေါ်တွင် အများဆုံး ကျင်လည်ကျက်စားတတ်ကြကြောင်းသိရသည်။

သတင်း၊ ဓါတ်ပုံ - AKS
 
ယနေ့ နေ့လည် တစ်နာရီဝန်းကျင်ခန့်တွင်သာကေတမှ မြို့တွင်းသို့ ပြေးဆွဲသော ၃၅ မီနီဘတ်စ် တစ်စီးပေါ် တွင်ခရီးသည်တစ်ဦး၏ပိုက်ဆံအိတ်ပျောက်ဆုံးခဲ့သည့်အတွက်ယာဉ်အား အနီးဆုံးဖြစ်သော လသာရဲစခန်း သို့မောင်းနှင်ကာ စစ်ဆေးမှုပြုလုပ်ခဲ့ရသည်။

"ညနေခင်း အချိန် ဈေးဝယ်ရန် ဟန်ဆောင်၍ ဆိုင်ပေါ်တက် ဓားထောက် လုယက်မှု့ တစ်ခု ကမာရွတ် မြို့ နယ်၌ ဖြစ်ပွား"


ရန်ကုန် နိုဝင်ဘာ ၁၄

ကမာရွတ်မြို့ နယ်(၁၀)ရပ်ကွက် သံလွင်လမ်း၌ ဖွင့်လှစ်ထားသည့် အိတ် အရောင်းဆိုင် တစ်ဆိုင်သို့  အ သက် (၁၉)နှစ် အရွယ် လူငယ်တစ်ဦး ဈေး ၀ယ်ရန် ဟန်ဆောင်ကာ ဈေးရောင်းသူ အမျိုးသမီးငယ်အား ဓားဖြင့်ေ ထာက်ကာ လုယက်မှုတစ်ခု ပြုလုပ်ခဲ့သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူး ရုံး၏ ထုတ်ပြန်မှု အရ သိရသည်။

မြေငလျင်ပညာရှင်များ ကွင်းဆင်းလေ့လာပြီ



ရန်ကုန်၊နိုဝင်ဘာ-၁၄

မြန်မာနိုင်ငံမြေငလျင်ကော်မတီသည်ငလျင်အခြေအနေကိုကွင်းဆင်းလေ့လာရန်ထွက်ခွာသွားပြီ ဟု ကော် မ တီ အတွင်းရေးမှူး ဦးစိုးသူရထွန်းကပြောသည်။

နိုဝင်ဘာ ၁၁ ရက် နံနက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်သင့်ဒေသများသို့ ခန့်မှန်းခြေ တစ် ပတ်ခန့်ကြာေ လ့လာသွားမည်ဖြစ်ပြီး အဖွဲ့ဝင်ဆယ်ဦး

"ငလျင် အန္တရာယ် စိုးရိမ်ဖွယ် မရှိအောင် ရွှေတိဂုံစေတီတော်အား ကြိုတင်ပြင်ဆင်ထား"


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNlQkZc9yBOBf9H6DYHUA_8bzG4hmPIwFjszkHrslTMBfO3iTDICgRmxernKq091mAjfNMsbFlsmVs343yf-1c_fG-718eQ-pMFyQ7JnYy9TgAoyVRXLOPg4D8rGVDp89g4vzXce4GbOI/s1600/404737_199850060113001_100002640245416_346324_234764603_n.jpg
ရွှေတိဂုံ စေတီတော်၏အထက်ပိုင်းနား ကြံ့ခိုင်မှုအတွက်လွန်ခဲ့သည့်နှစ်နှစ်ကတည်းကလုပ်ဆောင် ထားပြီး   ဖြစ်၍ ငလျင်အတွက် စိုးရိမ်စရာ မရှိကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

သေကြောင်းကြံမှု မနှစ်ကထက် ပိုများလာ


ဒုရဲမှူးကြီးသက်လွင်
ဒုရဲမှူးကြီးသက်လွင်
ဒီနှစ်အတွင်း ရန်ကုန်မှာ မှုခင်း ဖြစ်ပွားမှုနှုန်း အခြေအနေက ဘယ်လို ရှိပါသလဲ။
အခု ၂ဝ၁၂ ခုနှစ်ရဲ့ လက်ရှိအခြေအနေအရကို ပြောရရင် ၂ဝ၁၁ ခုနှစ်ထက်ကို ၂၃၅ မှု လျော့နေ ပါသေးပါတယ်။ ဒါကြောင့် မှုခင်းဖြစ်ပွားမှုနှုန်းကို ပြောရင် လျော့ နည်းသွားတယ်လို့ ဆိုနိုင်ပါတယ်။

တနင်္သာရီမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအနီး ဘောလူးချောင်းတွင် ရွှေတုံးရွှေခဲများ တွေ့ရှိသည်ဆိုသောကြောင့် ရွှေရှာသူများပြားလာ၊ ကချင်ပြည်နယ်မှ ရွှေရှာသူနှင့် ဒေသခံရွှေရှာသူ ဦးရေ တစ်သောင်းကျော်အထိရှိ

 
နိုဝင်ဘာ ၁၄

တနင်္သာရီတိုင်း ဒေသကြီး၊တနင်္သာရီမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအနီး တင်္သာရီမြစ်  ၏ ချောင်းလက် တက်တစ်ခုဖြစ်သော ဘောလူးချောင်းတစ်လျှောက်တွင် ရွှေရှာနေသူ များတွင် ရွှေတုံး၊ ရွှေခဲများေ
တွ့ရှိနေ ရကြောင်း သိရသည်။

ယခုလက်ရှိ ဘောလူးချောင်း၌ ရွှေလာရောက်ရှာသူများတွင် မြန်မာပြည်မြောက်ပိုင်းရှိ ကချင်ပြည် နယ် မှ ရွှေ ရှာသူ အများဆုံးလာရောက်လုပ်ကိုင်နေကြပြီး ဒေသခံရွှေရှာသူများဖြင့်ဆိုလျှင် လူဦးရေ တစ်ေ သာင်းေ ကျာ် အထိ ရှိနေကြောင်း၊ ရွှေရှာသည့် ရွှေအဆိုင်း ၄၀ ကျော်ရှိပြီး တစ်ဆိုင်းလျှင် လူ ၂၀ ခန့် ၀င်ရောက် လုပ်ကိုင်ကြ ကြောင်း၊ ဘောလူးချောင်းမှာ တနင်္သာရီမြစ်လက်တက်တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ နယ်စပ်ဘက်သို့ သွယ်တန်းနေ ကြောင်း၊ အဆိုပါနေရာမှာ သင်္ဘောဦး ကျေးရွာအုပ်စုအတွင်း ပါဝင်ကာ တ နင်္သာရီမြို့နယ်မှ ရေလမ်းခရီး ၁၂ နာရီ သွားရကြောင်း သိရသည်။

ငလျင်ကြောင့် လဲပြိုနေအိမ်များကို တိုင်းဒေသကြီးအစိုးရ ပြန်ဆောက်ပေးမည်



မန္တလေး၊နိုဝင်ဘာ-၁

မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ခံခဲ့ရသည့် ဒေသများရှိ ပျက်စီးသွားသော နေအိမ်များအား အမြန် ဆုံး ပြန်လည်တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဘဏ္ဍာေ ရးနှင့်အခွန်ဝန်ကြီးဌာန၀န်ကြီး ဦးဖုန်းဇော်ဟန်ကပြောသည်။

အမေရိကန်၏ ထိပ်တန်းကုမ္ပဏီကြီး ၅၀၀ မှ အများစု မြန်မာနိုင်ငံသို့ ထပ်မံဝင်ရောက်မြှုပ်နှံမည်၊ လက်ရှိတွင် GE, Master Card, Coca-Cola ကုမ္ပဏီများ အပါအ၀င် ကုမ္ပဏီငါးခု ၀င်ရောက်ပြီးဖြစ်

အမေရိကန်၏ ထိပ်တန်းကုမ္ပဏီကြီး ၅၀၀ မှ အများစု မြန်မာနိုင်ငံသို့ ထပ်မံဝင်ရောက်မြှုပ်နှံမည်၊ လက်ရှိတွင် GE, Master Card, Coca-Cola ကုမ္ပဏီများ အပါအ၀င် ကုမ္ပဏီငါးခု ၀င်ရောက်ပြီးဖြစ်  
Wednesday, 14 November 2012 

အမေရိကန်၏ ထိပ်တန်းကုမ္ပဏီ ၅၀၀ စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီ
များမှာ မြန်မာနိုင်ငံသို့ထပ်မံဝင်ရောက်မြှုပ်နှံရန် ပြင်ဆင်လျက်ရှိကြောင်း
 နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ အမေရိကန်ထိပ်တန်း ကုမ္ပဏီများစာရင်းဝင် General Electric, Master Card, Coca-Cola နှင့် Pepsi ကုမ္ပဏီတို့ လာရောက်မြှုပ်နှံ လုပ်ကိုင်လျက် ရှိပါသည်။

ဆက်လက်၍လည်း ထိပ်တန်း ကုမ္ပဏီစာရင်းတွင် ပါဝင်သည့် ကုမ္ပဏီ
များမှာ ထပ်မံဝင်ရောက်ရန် စီစဉ်နေကြောင်း၊ ယခုလတ်တလောတွင် အမေရိကန်ရှိ ကြော်ငြာကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Omnicom Group မှ ၀င်ရောက်လုပ်ကိုင်ရန် ပြင်ဆင်နေပြီး မြန်မာနိုင်ငံ၌ ရေရှည်မြှုပ်နှံပါက အကျိုးစီးပွား ဖြစ်ထွန်းနိုင်ကြောင်း သုံးသပ်ထားသည်။

အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလကုန်
အထိ အမေရိကန်ဒေါ်လာ ၂၄၃ ဒသမ ၅၆၅ သန်းသာ ရင်းနှီးမြှုပ်နှံထားပြီး
 မြန်မာနိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၁ ရာခိုင်နှုန်းပင် မပြည့်ကြောင်း၊ မြန်မာ-အမေရိကန် ကုန်သွယ်မှု ပမာဏမှာလည်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ ပင် မပြည့်သေးကြောင်း သိရသည်။

သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံ
တွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန်ကုမ္ပဏီများ၏ ပြင်ဆင်နေမှုအရ မကြာမီ နှစ်ပိုင်းအတွင်း၌ပင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုပမာဏမှာ ထိုးတက်လာဖွယ်ရှိကြောင်းလည်း ပြည်တွင်းလုပ်ငန်းရှင်များက သုံးသပ်နေသည်။

မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း နိုင်ငံအချို့ထက် လူဦးရေ ပိုမိုများပြားပြီး စွမ်းအင်နှင့် သဘာဝရင်းမြစ်များ ပေါများသည့် အခြေအနေကြောင့် အကျိုးဖြစ်ထွန်းနိုင်ကြောင်းနှင့် အနောက်နိုင်ငံမှ ကုမ္ပဏီအများစုမှာ
 မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ အခြေခံအဆောက်အဦများ တည်ဆောက်သည့် ကဏ္ဍများကို စိတ်ဝင်စားလျက်ရှိနေကြောင်းလည်း The Wall Street Journal တွင် ဖော်ပြထားသည်။

အမေရိကန်ကုမ္ပဏီများအပြင် ဂျပန်၊ ထိုင်းအပါအ၀င် အခြားအာရှနိုင်ငံများ
အနေဖြင့်လည်း မြန်မာနိုင်ငံတွင် ၀င်ရောက်မြှုပ်နှံရန်အတွက် ပြင်ဆင်နေကြ
သည်ဟု သိရပါသည်။


eleven media group
 
နိုဝင်ဘာ ၁၄

အမေရိကန်၏ ထိပ်တန်းကုမ္ပဏီ ၅၀၀ စာရင်းတွင် ပါဝင်သည့် ကုမ္ပဏီ များမှာ မြန်မာနိုင်ငံ သို့ထပ်မံ ၀င်ေ ရာက်မြှုပ်နှံရန် ပြင်ဆင်လျက်ရှိကြောင်းနိုင်ငံတကာ သတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။

"ငလျင်စိန်ခေါ်သံကြား မျက်ခုံး လှုပ်နေရသည့် ရန်ကုန်"


ယခုထက် ပိုပြင်းသော ငလျင် မျိုး လှုပ်နိုင်သည်ဟု ရွှေဘိုငလျင် လှုပ်ပြီးနောက်တစ်နေ့တွင် ငလျင် ပညာ ရှင် ဦးစိုးသူရထွန်းက ပြောသည်။

ရွှေဘိုငလျင်က ငလျင်ကြော ပေါ် ဖင်ခုထိုင်ထားသော မြန်မာနိုင်ငံဟု သက်သေပြ ခဲ့ပြီ။ ရွှေဘိုငလျင် သည် စစ် ကိုင်းပြတ်ရွေ့၏ အစိတ် အပိုင်း တစ်ခု။ စစ်ကိုင်းပြတ်ရွေ့ ဆို သည်မှာ ဟိမဝန္တာတောင်တန်းမှ တစ် ဆင့် မြန် မာနိုင်ငံမြောက်ပိုင်းမှ ဧရာဝတီမြစ်နှင့် အပြိုင် ဆူမားတြား ငလျင်ကြောအထိ ဆက်စပ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုနှင့် မြန်မာဘက်မှ နယ်စပ်လုံခြုံရေးအဖွဲ့တို့ တစ်ပတ်အတွင်း ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွား

14mt2
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကို မြန်မာဘက်ခြမ်းမှ တွေ့ရစဉ်


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ် ခုနှင့်   မြန်မာဘက်မှ နယ်စပ်လုံခြုံရေးအဖွဲ့တို့ တစ်ပတ်အတွင်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပထမအကြိမ် ပစ်ခတ်မှုဖြစ်ပွားရာ နေရာသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်ဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ က အမည်မသိ လက်နက်ကိုင်များမှ ပစ်ခတ်သဖြင့် နယ်စပ်အထူးဆောက်လုပ်ရေးအဖွဲ့မှ ဘက် ဖိုး  စက်မောင်းသေဆုံးခဲ့ပြီး သုံးဦးပျောက်ဆုံးခဲ့ကြောင်းလည်း သိရသည်။

သပိတ်ကျင်းတွင် နျူကလီယား ဓါတ်ပေါင်းဖို မရှိ၍ စိုးရိမ်စရာမရှိဟု သမ္မရုံးပြော



ရန်ကုန်၊ နိုဝင်ဘာ ၁၄

မန္ထလေးတိုင်း ဒေသကြီးရှိ ငလျင်ဒဏ် ခံရသော သပိတ်ကျင်း မြို့တွင် နျူကလီယား ဓါတ်ပေါင်းဖို တည် ဆောက်ထားခြင်း လုံးဝ မရှိ၍ စိုးရိမ်စရာ မရှိကြောင်း နိင်ငံတော်သမ္မတ ရုံးညွန်ကြားရေးမှု ဦးေ ဇ်ာဌေး မှ The Voice Weekly ပြောကြားသည်။ မိုးကုတ်နှင့် ထီချိုင့်၊ မှ ဒေသခံ တစ်ချို့ က တပ်မေ တ်ာအစိုးရ လက်ထက်တွင် သပိတ်ကျင်းတွင် နျူကလီယား စက်ရုံ တည်ဆောက်ထားသည်ဟု သတင်း များ ထွက်ပေါ်ဖူးကြောင်း ယခုလည်း အင်တာနက် လူမှုရေး စာမျက်နှာ တစ်ချို့တွင် နျူကလီယား စက်ရုံ ရှိ သည်ဆိုပြီးဖ်ာပြမှုရှိနေ၍စိုးရိမ်မှုများထွက်ပေါ်နေကြောင်းပြောဆိုနေမှုများပတ်သက်ပြီးအတည်ပြု  မေးမြန်း စဉ် သမ္မတရုံး ညွန်ကြားရေးမှူးက အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။

ရွှေဘိုငလျင် နမူနာယူ၍ ကြိုတင်ကာကွယ်ရန် ပညာရှင်များ တိုက်တွန်း



ရန်ကုန်၊နိုဝင်ဘာ-၁

ငလျင်အင်အားနှင့် နှိုင်းယှဉ်လျှင် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုတို့မှာ နည်းပါးပြီး၊ ကံကောင်းခဲ့ခြင်းသာဖြစ်ကြောင်း မြေငလျင်ပညာရှင်များက သုံးသပ်ပြောကြားသည်။ ရွှေဘိုငလျင်ကဲ့သို့ အင် အားပြင်းငလျင်မျိုး စစ်ကိုင်းနှင့် မန္တလေးအနီးဖြစ်စေ၊ ပဲခူးအနီးဖြစ်စေ လှုပ်ခတ်ခဲ့ပါက ပျက်စီးဆုံးရှုံး မှုမှာ ယခုထက် အဆပေါင်းများစွာ များနိုင်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားသည်။

တစ်ဖန်နိုးထလာသော စစ်ကိုင်းငလျင်ကြော



ရေးသားသူ- သတင်းအဖွဲ့

နုန်းတင်သောင်ပြင်တွင် မြေပဲစိုက်ကာ အသက်မွေးသော ၂၆နှစ်အရွယ် မဂျမ်းစိန်သည် သူမ၏ တစ်နှစ်ခွဲ အရွယ် သမီးငယ်ကို ခါးထစ်ခွင်ချီ၊ ခုနစ်နှစ်သမီးနှင့်သုံးနှစ်သားငယ်ကို တစ်ဖက်စီဆွဲကာ နိုဝင်ဘာ၁၁ ရက် နံနက်စောစောက လုပ်ငန်းခွင်ဝင်ရန် သောင်ပြင်သို့ ထွက်လာခဲ့သည်။မြေပဲခင်းအတွင်း ရောက်ပြီး သိပ် မကြာ လှ၊ ကိုယ်ခန္ဓာအား ဆွဲကိုင်လှုပ်ရမ်းလိုက်သလို ခံစားလိုက်ရပြီး သူမရှေ့ခပ်လှမ်းလှမ်းရှိ ဧရာ ၀ တီမြစ်ပြင်က လှိုင်းလုံးများ ရုတ်ခြည်း မြင့်တက်လာသည်ကို မြင်လိုက်ရသည်။

မြန်မာစာသင်ယူသော နိုင်ငံခြားသားများလာ



  နိုဝင်ဘာ - ၁
 
အစိုးရသစ်တက်လာပြီးနောက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် ပြည်တွင်း၌ မြန်မာဘာသာစကား     လာေ ရာက် သင်ယူသော နိုင်ငံတကာကျောင်းသားဦးရေ မြင့်တက်လာနေကြောင်း ရန်ကုန်နှင့် မန္တလေးမြို့ တို့ရှိ နိုင်ငံခြားဘာသာတက္ကသိုလ်များမှ သတင်းရရှိသည်။

တပ်မိသားစုဝင်များ အဖမ်းခံရသဖြင့် ဒီကေဘီအေ နယ်စပ်ဂိတ်ပိတ် -


တပ်မိသားစုဝင်များ အဖမ်းခံရသဖြင့် ဒီကေဘီအေ နယ်စပ်ဂိတ်ပိတ် -

နိုဝင်ဘာ ၁၃ ရက် ၂၀၁၂ခုနှစ် ၊ သတင်း - သစ်ထူးလွင်

ဒီကေဘီအေ (ကလိုထူးဘော) တပ်ရဲ့ မိသားစုဝင်တချို့ကို ထိုင်း အာဏာပိုင် တွေက တရားမ၀င် နိုင်ငံထဲ ၀င်ရောက်လာမှုနဲ့ ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဒီကေဘီအေ ဘက်ကလည်း နယ်စပ် ဖြတ်ကျော်ဂိတ်တွေ ယာယီပိတ်ထားခဲ့ပါတယ်။

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်စောလားဘွယ်ရဲ့ ယောက္ခမ၊ အဒေါ်နဲ့ တူမ ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့အတွက် ဒီကေဘီအေဘက်ကလည်း ပြန်တုံ့ပြန်တဲ့အနေနဲ့ သူတို့ထိန်းချုပ်နယ်မြေထဲက ထိုင်း-မြန်မာနယ်စပ်ဂိတ်တွေကို  ၁ ရက်ကျော် ပိတ်ထားခဲ့တယ်လို့ ဒီကေဘီအေ ပြောခွင့်ရ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။

“အမျိုးသမီး ၄-၅ ယောက်သွားတာကို ဖမ်းတယ်ဆိုရင် ဂိတ်ကိုပိတ်မယ်၊ အိမ်နီးချင်းနိုင်ငံ၊ အဖွဲ့အစည်းတွေက မဖြစ်သင့်ဘူး။ ၂၈ နာရီလောက်ပိတ်တဲ့သဘောပါ။ အခု ဖွင့်ပါပြီ။ ကျနော်တို့လူတွေလည်း ပြန်ရောက်ပြီဆိုတော့။ အဓိက ကားတစီးနဲ့လူ ပြန်လွှတ်ပေးဖို့ အခက်အခဲရှိတယ်။ ကုမ္ပဏီမှာဝယ်တဲ့ စာရွက်စာတမ်းတွေမို့လို့ပါ။”

ဖမ်းဆီးခံရသူ အမျိုးသမီးတွေ ဆုံဆည်းမြိုင်ကို ပြန်ရောက်လာပြီဖြစ်တဲ့အတွက် ဒီကေဘီအေဘက်က နယ်စပ်ဂိတ်တွေလည်း ဒီနေ့မနက် ၉ နာရီလောက်က ပြန်ဖွင့်ပေးခဲ့ပြီလို့ ဗိုလ်မှူးစန်းအောင်က ပြောပါတယ်။

နယ်စပ်ဧရိယာ နှစ်ဘက်ကြားမှာ သူတို့မိသားစုဝင်တွေအနေနဲ့ ကျန်းမာရေး၊ လူမှုရေးကိစ္စနဲ့ တခါတရံ အသွားအလာလုပ်ရတာ မျိုးရှိပြီး အရင်က နားလည်မှုနဲ့ သွားလာခဲ့ကြတယ်လို့ ဆိုပါတယ်။

နောက်နောင် အခုလို ဖမ်းဆီးတာမျိုးတွေ မရှိရအောင် အ၀င်အထွက် လက်မှတ်တခုခု လုပ်ပေးသင့်ကြောင်း ထိုင်းရဲဝန်ထမ်းကို ပြောခဲ့တယ်လို့ ဗိုလ်မှူး စန်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က တာ့ခ်ခရိုင် မဲဆောက် – အုန်းဖျန်သွားလမ်းပေါ်မှာ  ထိုင်းအထူးစစ်ဆေးရေး ရဲတပ်ဖွဲ့အမှတ် ၆ က  ယဉ်အသွားအလာ စစ်ဆေးရင်း  မဟာဝမ်းရပ်ကွက်နားမှာ ဒီကေဘီအေ မိသားစုဝင်တွေ ပါဝင်တဲ့ကားကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ဗိုလ်ချုပ်စောလားဘွယ်ကို ထိုင်းအစိုးရက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဆုငွေ ဘတ် ၁ သန်းနဲ့ ဖမ်းမိန့်ထုတ်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ဒီကေဘီအေက နယ်စပ်ဂိတ်တွေကို ပိတ်ခဲ့ပါသေးတယ်။

by နန်းမြနဒီ  (ဒီဗွီဘီ)
http://www.thithtoolwin.com/2012/11/blog-post_5638.html

နိုဝင်ဘာ ၁၄
ဒီကေဘီအေ (ကလိုထူးဘော) တပ်ရဲ့ မိသားစုဝင်တချို့ကို ထိုင်း အာဏာပိုင် တွေက တရားမ၀င် နိုင်ငံထဲ ၀င်ရောက်လာမှုနဲ့ ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဒီကေဘီအေ ဘက်ကလည်း နယ်စပ် ဖြတ်ကျော်ဂိတ်တွေ ယာယီ ပိတ် ထား ခဲ့ပါတယ်။

အာရှ-ပစိဖိတ်ဒေသ အမေရိကန်ဆက်ဦးဆောင်ဖို့ ကြိုးစား

အာရှ-ပစိဖိတ်ဒေသ အမေရိကန်ဆက်ဦးဆောင်ဖို့ ကြိုးစား
Wednesday, November 14, 2012
    
လာမယ့်သီတင်းပတ်ထဲ အမေရိကန်သမ္မတ Barack Obama ရဲ့
 မြန်မာခရီးစဉ်မစခင်မှာ အာရှပစိဖိတ်ဒေသထဲမှာ အမေရိကန်ပြည်ထောင်စု
အနေနဲ့ အဓိကကျတဲ့ အခန်းကဆက်ပြီး ပါဝင်သွားမယ်လို့ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး Clinton ကပြောဆိုလိုက်ပါတယ်။

အင်္ဂါနေ့က Australia နိုင်ငံ Perth မြို့မှာ ၀န်ကြီးချုပ် Julia Gillard နဲ့ ဒေသတွင်း အကြောင်းအရာတွေ ကို ဆွေးနွေးကြစဉ်မှာ ခုလိုပြော
ဆိုခဲ့တာ ဖြစ်ပါတယ်။  အာရှ-ပစိဖိတ်ရေပြင်ဟာ ကမ္ဘာ့စီးပွားရေးရဲ့ အဓိက ဗဟိုအချက်အခြာဖြစ်လာပြီး ဒီဒေသအတွက် အမေရိကန်ရဲ့ ထိတွေ့
ဆက်ဆံမှုတွေ တိုးချဲ့ရာမှာ အဓိကကျတဲ့ အချက်လည်း ဖြစ်တယ်လို့ ၀န်ကြီး Clinton ကပြောဆိုလိုက်ပါတယ်။

အာရှပစိဖိတ် ဒေသအတွက် အမေရိကန် စစ်တပ်ရဲ့ စိတ်ပိုင်းဖြတ်ထားမှု
ကိုလည်း သူကပြောဆိုခဲ့ ပါတယ်။  အာရှတိုက်မှာ စစ်ရေးချိန်ခွင်လျှာ
ညီမျှဖို့ အမေရိကန်စစ်တပ်က ဆောင်ရွက်မယ်လို့ ပြီးခဲ့တဲ့နှစ်က ပြောဆို
ထားခဲ့ပြီးနောက် အခု ထိပ်သီးတွေ့ဆုံမှုဟာ ပထမအကြိမ်ဖြစ်ပြီး ဒီအစီ
အစဉ်အရ အမေရိကန် မရိမ်းတပ်ဖွဲ့ဝင် ၂,၅၀၀ သြစတြေးလျနိုင်ငံ
မြောက်ပိုင်းမှာ အခြေစိုက်ဖို့ ရှိပါတယ်။


VOA

နိုဝင်ဘာ ၁၄

လာမယ့်သီတင်းပတ်ထဲအမေရိကန်သမ္မတ Barack Obama ရဲ့ မြန်မာခရီးစဉ်မစခင်မှာအာရှပစိ ဖိတ်ဒေ သ ထဲမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အဓိကကျတဲ့ အခန်းကဆက်ပြီး ပါဝင်သွားမယ်လို့ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး Clinton ကပြောဆိုလိုက်ပါတယ်။

မြေမြှုပ်မိုင်းအန္တရာယ် မြန်မာနိုင်ငံမှာ ကြီးမားဆဲ


 
 နိုဝင်ဘာ ၁၄


မြန်မာနိုင်ငံအတွင်းက စုစုပေါင်း ဒေသ ၄၈ ခုလာက်မှာ မြေမြှုပ်မိုင်းအန္တရာယ်ရှိနေတယ်  လို့ ကမ္ဘာ တ ဝန်း မြေမြှုပ်  မိုင်းနဲ့ ဆင့်ကဲဗုံးပပျောက်ရေး ဆောင်ရွက်နေတဲ့ Switzerland     အခြေစိုက် မြေမြှုပ် မိုင်း တား ဆီးရေး နိုင်ငံတကာအဖွဲ့ ICBL က ပြောလိုက်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်ကျင်းပ

တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်ကျင်းပ
Wednesday, November 14, 2012  

တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်ကို နိုဝင်ဘာ ၈ ရက် မှ နိုဝင်ဘာ ၁၄ ရက်နေ့ထိ ကျင်းပလျက်ရှိသည်။ အဆိုပါကွန်ဂရက်မှ ဗဟိုကော်မတီဝင် ၃၇၁ ဦးကို နိုဝင်ဘာ ၁၃ ရက်နေ့တွင် ရွေးချယ်ပြီး ဖြစ်ကြောင်း သိရသည်။ 

ထိုသို့ ရွေးချယ်သည့် ပုဂ်္ဂိုလ်များတွင် နိုင်ငံတော်၏ အဓိကတာဝန်ဝတ္တရား
များကို ထမ်းဆောင်ကြမည့် နိုင်ငံတော် သမ္မတ၊ ၀န်ကြီးချုပ်၊ လွှတ်တော်
နာယကနှစ်ဦး၊ ဒုတိယသမ္မတတစ်ဦး နှင့် ဒုတိယ၀န်ကြီးချုပ် ၂ ဦးတို့လည်း ပါဝင်မည်ဖြစ်သည်။ ၎င်းင်းတို့ အထဲတွင် နိုင်ငံတော်သမ္မတအဖြစ် လက်ရှိဒုတိယသမ္မတ ရှီကျင့်ဖျင် (၅၉)နှစ်အား လက်ရှိနိုင်ငံတော်သမ္မတ ဟူကျင်တောင် (၆၉)နှစ် နေရာတွင်လည်းကောင်း၊ လက်ရှိပထမ
ဒုတိယ၀န်ကြီးချုပ် လီကီကျင့် (၅၇) နှစ်အား ၀န်ကြီးချုပ် ၀မ်ကျားပေါင်
(၇၀)နှစ်၏ နေရာတွင်လည်းကောင်း အစားထိုးခန့်အပ်ရန် ရေပန်းစား
လျက်ရှိပြီး ကျန်ရှိသည့် ပေါလစ်ဗျူရို (နိုင်ငံရေးဦးသျှောင်အဖွဲ့)၊ ဗဟိုကော်မတီဝင်များ၊ ပေါလစ်ဗျူရိုအမြဲ တမ်းအဖွဲ့ဝင်များစာရင်းကို မနက်ဖြန် နိုဝင်ဘာ ၁၄ ရက်တွင်  အတည် ပြုထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။ 

ယခင်ဝါရင့်သမ္မတကြီး ကျန်ဇီမင်းမှာ စစ်ကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူသွား မည်ဟု သိရသည်။

Hot News

 နိုဝင်ဘာ ၁၄ ၊၂၀၁၂

တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်ကို နိုဝင်ဘာ ၈ ရက် မှ နိုဝင်ဘာ ၁၄ ရက်နေ့ထိ ကျင်းပ လျက်ရှိသည်။ အဆိုပါကွန်ဂရက်မှ ဗဟိုကော်မတီဝင် ၃၇၁ ဦးကို နိုဝင်ဘာ ၁၃ ရက်နေ့ တွင် ရွေး ချယ်ပြီး ဖြစ်ကြောင်း သိရသည်။