Saturday 10 January 2015

ရခိုင်ပြည်နယ်ရှိ ဆားတောင်သူများကို ချေးငွေများထုတ်ပေးနိုင်ရန် စီဘီဘဏ်နှင့် ဆွေးနွေးမှုများ ဆောင်ရွက်နေဟုဆို

Photo: ရခိုင်ပြည်နယ်ရှိ ဆားတောင်သူများကို ချေးငွေများထုတ်ပေးနိုင်ရန်
စီဘီဘဏ်နှင့် ဆွေးနွေးမှုများ ဆောင်ရွက်နေဟုဆို
Saturday, January 10, 2015

ရန်ကုန်၊ ဇန်နဝါရီ ၉-ရခိုင်ပြည်နယ်အတွင်းရှိ ဆားတောင်သူများကို ချေးငွေများ ထုတ်ပေးနိုင်ရန်အတွက် စီဘီဘဏ်နှင့်ဆွေးနွေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း ရခိုင် ပြည်နယ် မြန်မာ့ဆားလုပ်ငန်းမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း လုပ်ငန်း လုပ်ကိုင်ရန်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသော ဆားတောင် သူများကို အရည်အသွေးမြင့်ဆားများထုတ် လုပ်နိုင်ရန်အတွက် နည်း ပညာအကူအညီများပေးအပ်လျက် ရှိသော်လည်း အရင်းအနှီးအခက် အခဲကြောင့် မဆောင်ရွက်နိုင်သည့် ဆားတောင်သူများ အတွက် ချေးငွေ ရရှိစေရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်၏ ချေးငွေပံ့ပိုးပေးနိုင်ရန် ညွှန် ကြားချက်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆားလုပ်ငန်း ရခိုင်ပြည်နယ်မန်နေဂျာဦးအောင်ကြီးက''ပြည် နယ်ဝန်ကြီးချုပ်က ချေးငွေစီစဉ်ပေးဖို့ပြောထားတဲ့အတွက် ချေးငွေပံ့ ပိုး ပေးနိုင်အောင် စီဘီဘဏ်နဲ့ချိတ်ဆက်ပြီး ဆွေးနွေးမှုတွေ ဆောင်ရွက်နေပါ တယ်''ဟု ဆိုသည်။

ယင်းသို့ဘဏ်မှချေးငွေထုတ် ပေးရန်အတွက် ဆားတောင်သူများ ထံမှ တောင်းဆိုသည့်မြေပိုင်ဆိုင်မှု (လန-၃၉) တင်ပြနိုင်ခြင်းမရှိသဖြင့် ဆားတောင်သူများ လက်ဝယ်ရှိ ပုံစံ- ၁၀၅၊ ပုံစံ-၁၀၆ဖြင့် ချေးငွေရရှိနိုင် ရန် အသေးစိတ်ဆွေးနွေးညှိနှိုင်း မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ ဆားတောင် သူတစ်ဦးက''အခုပြည်တွင်းဆားက အရည် အသွေးမကောင်းလို့ ဈေး ကောင်းမရဘူး။ အဲဒီအတွက် ပလတ်စတစ်ကို အသုံးပြုပြီး နေလှန်းတဲ့စနစ် နဲ့ဆားထုတ်မယ်ဆိုရင် အရည်အသွေးကောင်းလာ မှာဖြစ်တဲ့အတွက် ဈေးကောင်းရနိုင်တယ်။ ဒါပေမဲ့ အရင်းအနှီးမတတ်နိုင် ဘူးဖြစ်နေတယ်။ အဲဒီနည်းလမ်းက ပုံမှန်ဆားလှန်းတာ ထက်တစ်ဧကကို ပလတ်စတစ်ဖိုး ၆၀၀၀ဝလောက်ပိုကုန်တယ်၊ အထွက်နှုန်းကတော့ နှစ် ဆလောက် မြင့်လာ နိုင်တယ်''ဟု ဆိုသည်။

ပြည်တွင်းမှ ထုတ်လုပ်သည့် ဆားများ၏အရည်အသွေးမကောင်းသည့် ဆားကုန်သည်များအနေဖြင့် ပြည်ပမှ တိုက်ရိုက်တင်သွင်းမှုများ ဆောင် ရွက်နေသဖြင့် ပြည်တွင်းမှ အရည်အသွေးကောင်းမွန်သော ပလတ် စတစ်နေလှန်းဆားထုတ်လုပ် နိုင်ရန်အတွက် အရင်းအနှီးလိုအပ် ချက်များရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးသန်းဝင်းက ''ဆားတောင်သူတွေအတွက် လန-၃၉မပြောနဲ့ပုံစံ-၁၀၅တောင် လုပ်ဖို့က မလွယ်ဘူး။ ဆားလုပ်ငန်း တိုးတက်ဖို့အတွက်က ချေးငွေတစ်ခု တည်းနဲ့တော့မဖြစ်ဘူး။ ပေါ်လစီလဲ ပြောင်းပေးဖို့လိုတယ်။ အခုပြည်ပ ကဝင်နေတဲ့ ဆားတွေက တိုင်းပြည် အတွက်အခွန်လဲမရသလို တိုင်းရင်း သားတွေကိုလဲ အလုပ်လက်မဲ့ဖြစ် စေတယ်''ဟု ဆိုသည်။

AK
Democracytoday
ရခိုင်ပြည်နယ်အတွင်းရှိ ဆားတောင်သူများကို ချေးငွေများ ထုတ်ပေးနိုင်ရန်အတွက် စီဘီဘဏ်နှင့်ဆွေးနွေး မှုများ ဆောင်ရွက်လျက် ရှိကြောင်း ရခိုင် ပြည်နယ် မြန်မာ့ဆားလုပ်ငန်းမှ သိရသည်။

အကယ်ဒမီပွဲနှင့်ပတ်သက်၍ သိင်္ဂီထွန်း၏ သတင်းစာရှင်းလင်းပွဲမှ ကောက်နုတ်ချက် အချို့

Photo: အကယ်ဒမီပွဲနှင့်ပတ်သက်၍ သိင်္ဂီထွန်း၏ သတင်းစာရှင်းလင်းပွဲမှ ကောက်နုတ်ချက် အချို့
Saturday, January 10, 2015 

ဇန်န၀ါရီ (၁၀)ရက်နေ့၊ နေ့လည် (၃)နာရီက Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲကို သရုပ်ဆောင် သိင်္ဂီထွန်းက ပြုလုပ်ခဲ့ပါသည်။

ပန်းမြိုင်လယ်က ဥယျာဉ်မှူးကားနဲ့စပြီး (၂၅)နှစ်ကျော်ပြီး နာမည်ပျက်မရှိခဲ့တဲ့ မသိင်္ဂီထွန်းဟာ သရုပ်ဆောင်ရတဲ့ ပညာလေးကို အရမ်း နှစ်သက်ရလို့ ဘက်စုံတော်တဲ့ သရုပ်ဆောင်တယောက်ဖြစ်ချင်ခဲ့ပြီး အနုပညာကို ငွေထက် တန်ဖိုးထားပါတယ်လို့ ဆိုပါတယ်။

မသိင်္ဂီထွန်းက “ ‘စုန်းပြူး’ ဆိုတဲ့ ကားမှာတော့ ကျွန်မ ဒီလိုမျိုးဇာတ်ပို့တယောက်ရဲ့ ရပိုင်ရခဲ့တဲ့ ဇာတ်လမ်းမျိုး ဆိုတာ အကုန်လုံးလည်း သိကြပါတယ်။ ခဲရင်းပါတယ်။ ဒီလိုဇာတ်လမ်းလေးမှာ လုပ်ဆောင်ချက် ကောင်းအောင် ဇာတ်ကွက်ရတဲ့အခါ ဇာတ်ကွက်ကို ထိထိမိမိ လုပ်နိုင်အောင် အားသာတဲ့ နေရာလေးတခုရဖို့ဆိုတာ ဇာတ်ပို့ တယောက်အနေနဲ့ ခံပြင်းပါတယ်။ ဒီလိုဇာတ်လမ်းလေးမှာ လုပ်ဆောင်ချက် ကောင်းအောင် ဇာတ်ကွက်ရတဲ့အခါ ဇာတ်ကွက်ကို ထိထိမိမိ လုပ်နိုင်အောင် အားသာတဲ့ နေရာလေးတခုရဖို့ ဆိုတာ ဇာတ်ပို့တယောက် အနေနဲ့ ခဲရင်းပါတယ်။ ခံစားမှုလေးတခု ရှိသွားပါတယ်။ သူများရတာ မနာလိုလို့လည်း မဟုတ်ပါဘူး။ ပုဂ်္ဂိုလ်ရေးကို ဖယ်ပါ။ ပညာပိုင်းကို ဦးစား ပေးပါ။ ကျွန်မရဲ့ Wall ပေါ်မှာ အနုပညာ ခင်မင်ရာခင်မင်ကြောင်း၊ ပတ်သက်ရာ ပတ်သက်ကြောင်း Status တင်ပေးတဲ့အခါ ကျွန်မကို ပုတ် ခတ်လာပါတယ်။ သူ မရလို့ မနာလိုလို့ အခုမှ ဖော်ထုတ်ချင်ရတာလဲ။ အရင်ကလုပ်တုန်းက မဖော်ထုတ်ဘဲ အခုမှ ဖော်ထုတ်တယ်လို့ ပြောလာ ပါတယ်။ ဟုတ်ပါတယ်။ အရင်က အာဏာပိုင်အဖွဲ့အစည်းတုန်းက ကြောက်တယ် မပြောရဲဘူး။ အခုက ကိုယ့်မိသားစု အသိုင်းအ၀ိုင်းတွေ အုပ်ချုပ်နေတာဆိုတော့ ဒါကြောင့် ကျွန်မ ပြောတာပါ။ ကျွန်မ နောက်ကြောင်း ပြန်လှည့်ချင်တဲ့ ဆန္ဒ မရှိပါဘူး။ အလွဲချော်တွေဖြစ်တဲ့အတွက် နိုင်ငံတော် က ပေးတဲ့ဆုကမှ တန်ကာ ကျပါဦးမယ်လို့ ပြောခြင်းဖြစ်ပါတယ်။ အစိုးရကပေးတဲ့ ဆုလောက် မမှန်ကန်ပါဘူး။ အကယ်ဒမီပေးပွဲသည် ကျွန်မ မရလို့ဆိုတာထက် ကျွန်မ ဖွင့်ပြောလိုက်ခြင်းအားဖြင့် ကိုယ့်အလွှာတွေရဲ့ အကျိုး နဲ့ သက်ဆိုင်ပါတယ်။ အမှုဆောင်တွေကလည်း ဒါကို သိပြီပဲ၊ ထောက်ပြမယ့် လူရှိပြီပဲ၊ ဘာတွေ ပြင်ဆင်သင့်လဲ၊ ပြင်ဆင်သင့်သလားဆိုတာ သူ့ဟာသူ ဖြစ်လာမယ်လေ။”ဟု ပြောခဲ့ပါသည်။

“နောက်နှစ်အကယ်ဒမီ ပွဲတက်ဖို့ကိုလည်း တော်တော်လေး စဉ်းစား ရဦးမယ်။ အခုနှစ်နဲ့ မတူဘဲ အားလုံးပြောင်းလဲမယ်ဆိုရင်တော့ တက်ဖြစ်မယ်။ လူပုဂ်္ဂိုလ်နဲ့ မဆိုင်ဘူးဆိုတဲ့ အကြောင်းကို စာနယ်ဇင်း ရှင်းပွဲလုပ်တာပါ”ဟု ပြောခဲ့ပါသည်။

အိမ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ဇန်န၀ါရီ (၁၀)ရက်နေ့၊ နေ့လည် (၃)နာရီက Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲကို သရုပ်ဆောင် သိင်္ဂီထွန်းက ပြုလုပ်ခဲ့ပါသည်။

Myanmar Girls Band ဆိုတာ ခေါ်ရလွယ်အောင် ပြောင်းလိုက်တာပါ


Photo: Myanmar Girls Band ဆိုတာ ခေါ်ရလွယ်အောင် ပြောင်းလိုက်တာပါ
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ ခုနှစ် 

Me&Ma Girls Band ကနေ Myanmar Girls Band အဖြစ် နာမည် ပြောင်းခြင်းနဲ့ ပတ်သက်လို့ အဖွဲ့ဝင်တစ် ဦးဖြစ်တဲ့ ထိုက်ထိုက်က ''Me&Ma Girls အဖွဲ့က အသံထွက်ရတာ ထောက်တယ် ဆိုတာနဲ့စဉ်းစားကြည့်လိုက်တော့ ကိုယ် တွေကလဲ မြန်မာမိန်းကလေးတွေဖြစ်ကြ တော့ အနီးစပ်ဆုံး Myanmar Girls Band လို့ နာမည်ပြောင်းဖြစ်ခဲ့တာ။ အစကတော့ စာနယ်ဇင်းပွဲ လုပ်ဦးမလို့ပဲ။

ဒါပေမဲ့လဲ ဒီ အကြောင်းအရာတစ်ခုတည်းနဲ့တော့ မလုပ် ချင်တာနဲ့ နာမည်ကို ဒီအတိုင်းပဲပြောင်းဖြစ် ခဲ့တယ်။ အခုရှိုးပွဲတွေမှာလဲ အခုနာမည်နဲ့ ဆိုဖြစ်နေတယ်''လို့ ထိုက်ထိုက်ကဆိုပါတယ်။ ဂီတလှုပ်ရှားမှုနည်းတဲ့ ထိုက်ထိုက်က သူမရဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုအနေနဲ့ တစ်ကိုယ် တော်အယ်လ်ဘမ်ကိုပြင်ဆင်နေပြီဖြစ်ကာ ယခု နှစ်အတွင်းထွက်ရှိနိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

''ဗွီစီဒီရော၊ စီဒီပါ တစ် ခါတည်း ထွက်ဖြစ်မယ်။ ထိုက်က တစ်ကိုယ်တော် လှုပ်ရှားမှုနည်းတော့ သီချင်းချည်းပဲမထွက်ချင်ဘူး။ အခုဗွီစီဒီကိုပါထွက်နိုင်အောင် လုပ်နေတယ်။ တစ် ကိုယ်တော်ဖြစ်တဲ့အတွက် အရမ်းတာဝန်ကြီးတယ်။ ပိုပြီးကြိုးစားနေရတယ်။ ထိုက်ကိုယ်တိုင်လဲ ယုံကြည် မှုအများကြီး ထားထားပါတယ်''လို့ဆိုပါတယ်။

ဝတ် စားဆင်ယင်မှုပိုင်းနဲ့ပတ်သက်တဲ့ အမြင်ကို တစ်လော ကဝေဖန်ခြင်းခံခဲ့ရတဲ့ Myanmar Girls Band လို အဖွဲ့ဝင်ဟောင်း အမွန်းကိစ္စနဲ့ပတ်သက်လို့ သူမရဲ့ အမြင်ကိုမေးမြန်းဖြစ်ခဲ့ရာ

''အမွန်းကိုတော့ ထိုက်ဘာ မှမပြောချင်ပါဘူး။ ထိုက်ထိုက်တို့ သူငယ်ချင်းလဲ ဖြစ် ခဲ့တာဆိုတော့လေ။ ခုအချိန်မှာ သူနဲ့စိတ်မတူလို့ အ လုပ်မလုပ်ကြတော့ပေမယ့် သူ့ကိုတော့ ထိုက်ဘာမှ မဝေဖန်ချင်ပါဘူး။ အခုပြောချင်တာကတော့ ဒါတွေ က သာဓကတွေပဲပေါ့နော်။ ပြောရရင်တော့ ဖက်ရှင်ကျ အောင်ကတော့ ဘယ်လိုပဲ ဝတ်ဝတ်ပါ။ ဝတ်လို့ရနေ တာပဲ။ လုံခြုံမှုရှိပြီး ဖက်ရှင်ကျအောင်ဝတ်ဖို့ကတော့ နိုင်ငံခြားမှာရော၊ ဒီမှာရော လိုအပ်တယ်။ ဒီမှာကတော့ ပိုလိုတာပေါ့။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်နေလို့ နိုင်ငံခြားမှာ တောင်ရှိတယ်လေ။ သူတို့အချင်းချင်း လက်မခံနိုင်တဲ့ဖက် ရှင်ရှိနေတယ်လေ။ ထိုက်ကိုယ်တိုင်လဲ ဖက်ရှင်နဲ့ပတ်သက် လို့ ဖော်ချွတ်ပြီးဝတ်နေတာတွေကို လက်မခံနိုင်သေးဘူး''လို့ ထိုက်ထိုက်ကဆိုပါတယ်။

TheYangonTimes
Me&Ma Girls Band ကနေ Myanmar Girls Band အဖြစ် နာမည် ပြောင်းခြင်းနဲ့ ပတ်သက်လို့ အဖွဲ့ဝင်တစ် ဦးဖြစ်တဲ့ ထိုက်ထိုက်က ''Me&Ma Girls အဖွဲ့က အသံထွက်ရတာ ထောက်တယ် ဆိုတာနဲ့စဉ်းစားကြည့်လိုက်တော့ ကိုယ်တွေကလဲ မြန်မာမိန်းကလေးတွေဖြစ်ကြတော့ အနီးစပ်ဆုံး Myanmar Girls Band လို့ နာမည်ပြောင်းဖြစ်ခဲ့တာ။ အစကတော့ စာနယ်ဇင်းပွဲ လုပ်ဦးမလို့ပဲ။

နှစ်ရက်အတွင်း ဘိုကိုဟာရမ်အဖွဲ့က လူပေါင်း ၂၀၀၀ ကို သတ်ဖြတ်


နိုင်ဂျီးရီးယားမှ အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့ ဘိုကိုဟာရမ်သည် ပြီးခဲ့သည့်စနေနေ့နှင့် အင်္ဂါနေ့များ ဘာဂါ မြို့ကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ထိုနှစ်ရက်တာအတွင်း စုစုပေါင်း လူ ၂၀၀၀ ခန့် သတ်ဖြတ်ခံခဲ့ရသည်။

လေကြောင်း ကင်းထောက်မှုအရ ဖမ်းဆီးရမိခဲ့သည့် တရားမဝင်သစ်ထုတ်လုပ် ရာတွင်အသုံးပြုသော ယာဉ်များနှင့် သစ်တင်ယာဉ် စုစုပေါင်း ၄၈၃ စီးအား တပ်မတော်မှ ရွှေ့ပြောင်းခြင်းများစတင်ဆောင်ရွက်

Photo: လေကြောင်း ကင်းထောက်မှုအရ ဖမ်းဆီးရမိခဲ့သည့် တရားမဝင်သစ်ထုတ်လုပ် ရာတွင်အသုံးပြုသော ယာဉ်များနှင့် သစ်တင်ယာဉ် စုစုပေါင်း ၄၈၃ စီးအား တပ်မတော်မှ ရွှေ့ပြောင်းခြင်းများစတင်ဆောင်ရွက်
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ ခုနှစ်  

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန် ယန်၊ ဆဒုံးဒေသအတွင်း နိုင်ငံတော်၏ သယံဇာတများဖြစ်သည့် အဖိုးတန်သစ်များအား တရားမဝင်ခုတ်ယူပြီး ရောင်းချရန် သစ်တင် ယာဉ်များ စုစည်းပြင်ဆင်ထားရှိမှုအား လေကြောင်း ကင်းထောက်မှုအရ သိရှိရသဖြင့် တပ်မတော် စစ်ကြောင်းများက ဇန်နဝါရီ ၂ ရက်မှ ၅ ရက်အထိ နယ်မြေရှင်းလင်းဆောင်ရွက်ချိန်တွင် ဖမ်းဆီးရမိခဲ့ သည့် လုပ်ဒါ/ ဘက်ဟိုးယာဉ် ၅ စီး၊ ပါဂျဲရိုး ၄ စီး၊ ပီကင်းဂျစ် ၄ စီး၊ ဝန်ဆွဲယာဉ် ၄ စီး၊ နှစ်ခန်းတွဲယာဉ် ၂ စီး၊ သစ်တင်ယာဉ်(အမျိုးအစားမျိုးစုံ) ၄၅၅ စီး၊ တုန်ဖုန်း/ဒေါင်ဖန်း ယာဉ် ၄ စီး၊ ကရိန်း ၅ စီး စုစုပေါင်းယာဉ် ၄၈၃ စီးတို့အား ရွှေ့ပြောင်းရန်အတွက် တပ်မတော် လေယာဉ်ဖြင့် တပ်မတော်မှယာဉ်မောင်းများ၊ ယန္တရား မောင်းများနှင့် စက်ပြင်စစ်သည် စုစုပေါင်း ၄၃၅ ဦးအား ဇန်နဝါရီ ၇ ရက်တွင် မြစ်ကြီးနားသို့ပို့ ဆောင်ပေးခဲ့ပြီး ယာဉ်မောင်းများနှင့် စက်ပြင်စစ်သည်များအား ဖမ်းဆီးရမိသော ယာဉ်များနေရာသို့ မော်တော် ယာဉ်များဖြင့် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်တွင် ဆက်လက် ပို့ဆောင်ခဲ့ကာ စစ်မြေပြင်အင်ဂျင်နီယာတပ်များကလည်း ယာဉ်များသယ်ယူ ပို့ဆောင်ရာတွင် အဆင်ပြေ ချောမွေ့စွာ ပို့ဆောင်နိုင်ရေးအတွက် တစ်ချိန်တည်း တစ်ပြိုင် တည်း လမ်းများပြုပြင် ဖေါက်လုပ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ဖမ်းဆီးရမိခဲ့သည့် တရားမဝင် သစ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ယာဉ်များနှင့် သစ်တင်ယာဉ် စုစုပေါင်း ၄၈၃ စီးအား တပ်မတော် ယာဉ်မောင်းများ၊ ယန္တယားမောင်း များနှင့် စက်ပြင်စစ်သည်များက ရွှေ့ပြောင်းခြင်း အား ဇန်နဝါရီ ၇ ရက်မှ ယနေ့အထိ ဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့သို့ ၁၀ ဘီးယာဉ် ၁၁၀ စီးနှင့် ၆ ဘီးယာဉ် ၁ စီး၊ စုစုပေါင်း ၁၁၁ စီးအား ရွှေ့ပြောင်းခြင်း များဆောင်ရွက်နိုင်ခဲ့ပြီး ရွှေ့ပြောင်းရန် ကျန်ရှိ နေသော ဖမ်းဆီး ရမိယာဉ်များအား ဆက်လက်ရွှေ့ပြောင်းနိုင်ရေး တပ်မတော်မှ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။ 

MOI Webportal Myanmar
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန် ယန်၊ ဆဒုံးဒေသအတွင်း နိုင်ငံတော်၏ သယံဇာတများဖြစ်သည့် အဖိုးတန်သစ်များအား တရားမဝင်ခုတ်ယူပြီး ရောင်းချရန် သစ်တင် ယာဉ်များ စုစည်းပြင်ဆင်ထားရှိမှုအား လေကြောင်းကင်းထောက်မှုအရသိရှိရသဖြင့် တပ်မတော် စစ်ကြောင်းများက ဇန်နဝါရီ ၂ ရက်မှ ၅ ရက်အထိ နယ်မြေရှင်းလင်းဆောင်ရွက်ချိန်တွင် ဖမ်းဆီးရမိခဲ့ သည့် လုပ်ဒါ/ ဘက်ဟိုးယာဉ် ၅ စီး၊ ပါဂျဲရိုး ၄ စီး၊ ပီကင်းဂျစ် ၄ စီး၊ ဝန်ဆွဲယာဉ် ၄ စီး၊ နှစ်ခန်းတွဲယာဉ် ၂ စီး၊ သစ်တင်ယာဉ်(အမျိုးအစားမျိုးစုံ) ၄၅၅ စီး၊ တုန်ဖုန်း/ဒေါင်ဖန်း ယာဉ် ၄ စီး၊ ကရိန်း ၅ စီး စုစုပေါင်းယာဉ် ၄၈၃ စီးတို့အား ရွှေ့ပြောင်းရန်အတွက် တပ်မတော် လေယာဉ်ဖြင့် တပ်မတော်မှယာဉ်မောင်းများ၊ ယန္တရား မောင်းများနှင့် စက်ပြင်စစ်သည် စုစုပေါင်း ၄၃၅ ဦးအား ဇန်နဝါရီ ၇ ရက်တွင် မြစ်ကြီးနားသို့ပို့ ဆောင် ပေးခဲ့ပြီး ယာဉ်မောင်းများနှင့် စက်ပြင်စစ်သည်များအား ဖမ်းဆီးရမိသော ယာဉ်များနေရာသို့ မော်တော် ယာဉ်များဖြင့် ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်တွင် ဆက်လက် ပို့ဆောင်ခဲ့ကာ စစ်မြေပြင်အင်ဂျင်နီယာ တပ်များ ကလည်း ယာဉ်များသယ်ယူ ပို့ဆောင်ရာတွင် အဆင်ပြေ ချောမွေ့စွာ ပို့ဆောင်နိုင်ရေးအတွက် တစ်ချိန်တည်း တစ်ပြိုင် တည်း လမ်းများပြုပြင် ဖေါက်လုပ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ကောလိပ်ပညာရေး အခမဲ့သင်ခွင့်ပြုရေး အဆိုပြုချက် အိုဘားမား ကြေညာ

Photo: ကောလိပ်ပညာရေး အခမဲ့သင်ခွင့်ပြုရေး အဆိုပြုချက် အိုဘားမား ကြေညာ
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ ခုနှစ် 

အမေရိကန်နိုင်ငံတွင်း ၂ နှစ်သင် ကောလိပ်ပညာရေးအတွက် အခမဲ့ သင်ခွင့် ပြုဖို့ အဆိုပြုချက်ကို သမ္မတ ဘားရတ်အိုဘားမားက  ကြေညာလိုက်ပါတယ်။

နိုဝင်ဘာရွေးကောက်ပွဲမှာ အထက်လွှတ်တော်ကို ရီပတ်ဘလစ်ကင် ပါတီ ဝင်တွေက အနိုင်ရအပြီး အောက်လွှတ်တော်မှာ ပထမဆုံး ပြောမယ့် မိန့်ခွန်းမတိုင်ခင် ပြင်ဆင်မှုလည်း ဖြစ်ပါတယ်။

“လိုအပ်တဲ့ ပညာရေးနဲ့ ကျွမ်းကျင်မှုတွေကို အမေရိကန်နိုင်ငံသားအားလုံး လူငယ်တွေရော၊ နှလုံးသားမှာ ငယ်ရွယ်နုပျိုသူတွေပါ သင်ကြားနိုင်စွမ်း ရှိသင့်တယ်။ ဒါကြောင့် ဒီနေ့ ရည်မှန်းချက်ကြီးတဲ့ စီမံကိန်းသစ်ကို ကြေညာတယ်။ ပညာရေးအသုံးစရိတ်ကို အခမဲ့ဖြစ်စေချင်တယ်” လို့ အိုဘားမားက ပြောပါတယ်။

ကျောင်းသားတွေက အမှတ်မြင့်ဖို့ သူတို့အပိုင်းကို လုပ်ရမှာဖြစ်ပြီး ကောလိပ်တွေကတော့ အရည်အသွေးမြင့် ပညာရေးကို ကမ်းလှမ်းဖို့ သူတို့အပိုင်းကို လုပ်သင့်တယ်။ အစိုးရကလည်း သူတို့အပိုင်းကို လုပ်သင့်တယ်။ အခမဲ့ဆိုတာ အလကားမဟုတ်ဘူး” လို့ အိုဘားမားက ပြောပါတယ်။

အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ တန် စီမံကိန်းဟာ တွစ်တာလူမှုကွန်ရက် ပေါ်မှာ ပွဲဆူတဲ့ ခေါင်းစဉ်ဖြစ်လာနေပြီး ရီပတ်ဘလစ်ကင် ပါတီဝင်တွေကတော့ အခမဲ့အစီအစဉ်ကြောင့် အိမ်ဖြူတော်ကို ပယ်ပယ်နယ်နယ် ရှုတ်ချခဲ့ကြပါတယ်။

ဒီဗွီဘီ
အမေရိကန်နိုင်ငံတွင်း ၂ နှစ်သင် ကောလိပ်ပညာရေးအတွက် အခမဲ့ သင်ခွင့် ပြုဖို့ အဆိုပြုချက်ကို သမ္မတ ဘားရတ်အိုဘားမားက  ကြေညာလိုက်ပါတယ်။

စမ်းသပ်ဆဲ အီဘိုလာဆေး နောက်ဆုံးအဆင့်ရောက်၊ စတင်ဖြန်ချိတော့မည်


ဓာတ်ခွဲစမ်းသပ်ဆဲ အီဘိုလာကာကွယ်ဆေးဟာ နောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်လို့ အီဘိုလာ ဗိုင်းရပ်စ် အဆိုးရွားဆုံး ပျံ့နှံ့ကူးစက်ခဲ့တဲ့ အနောက်အာဖရိက နိုင်ငံ ၃ နိုင်ငံမှာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ စတင်ဖြန့်ချီတော့မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က မနေ့က ကြေညာပါတယ်။

မန္တလေးမြို့တွင် အမှိုက် အမျိုးအစားခွဲခြားစွန့်ပစ်သည့်စနစ်ကို ပထမဦးဆုံး ပြောင်းလဲ ကျင့်သုံးရန် စီစဉ်လျက်ရှိ

မန္တလေး မြို့နယ်ခြောက်မြို့နယ်၌ စွန့်ပစ်အမှိုက် မျိုးစုံထွက်ရှိမှု လျော့နည်း စေရန်အတွက် ရည်ရွယ်ကာ အမှိုက်အမျိုးအစား ငါးမျိုးခွဲခြားစွန့်ပစ်သည့်စနစ်ကို ပထမဦးဆုံးစတင်ကျင့်သုံးသွားရန် စီစဉ်လျက် ရှိ ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ရွေးကောက်ပွဲအနိုင်ရ သီရိလင်္ကာသမ္မတ ကျမ်းသစ္စာကျိန်ဆို


သီရိလင်္ကာသမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အတိုက်အခံကိုယ်စားလှယ် မိုင်သရီပါလာ စီရိစေနာဟာ မနေ့က သီရိလင်္ကာရဲ့ ၆ ဆက်မြောက် သမ္မတအဖြစ် သီရိလင်္ကာမြို့တော် ကိုလံဘိုက လွတ်လပ်ရေး ရင်ပြင်မှာ ကျမ်းသစ္စာကျိန်ဆို ပါတယ်။

Air Asia ပျက်ကျ လေယာဉ် ၏ အမြီးပိုင်းအား ပင်လယ်ကြမ်းပြင်မှ ဆယ်ယူ


ဒီဇင်ဘာလ ၂၇ နေ့တွင် Java ပင်လယ် အတွင်းသို့ ပျက်ကျခဲ့သော AirAsia လေကြောင်းလိုင်းပိုင် QZ8501 လေယာဉ်၏ အမြီးပိုင်းအား စနေနေ့ (ယနေ့)၁၀-၀၁-၂၀၁၅ တွင် ပင်လယ်အတွင်းမှ ဆယ်ယူ နိုင်ခဲ့ကြောင်း ကို AFP သတင်းဌာန မှပြောကြားခဲ့သည်။

အစ်ကိုဖြစ်သူအား သေနတ်နဲ့ ပစ်သတ်ခဲ့ခြင်းကြောင့် လူသတ်မှုစွဲချက် ရင်ဆိုင်နေတဲ့ ညီအစ်မနှစ်ဦး


Misty Ariel နဲ့ Nicole Kornegay တို့ ညီအစ်မဦးဟာ သူတို့ရဲ့အစ်ကိုဖြစ်သူ Damien အား ကြိုတင် စီစဉ်ပြီး သတ်ဖြတ်တယ်ဆိုတဲ့ ပစ်မှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူတို့ အစ်ကိုဖြစ်သူ Damien ကို သေနတ်ဒဏ်ရာနဲ့ အိမ်ထဲတွင် သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။

ရပ်တန့်ထားသောယာဉ်မှ နောက်ပြန်လိမ့်ကာ မောင်းနှင်လာသောယာဉ်နှင့် ဆိုင်းဘုတ်တို့အားတိုက်မိခဲ့၍ (၂)ဦးဒဏ်ရာရ

၉.၁.၂၀၁၅ ရက်နေ့ ၁၁၀၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း၊ ကျိုက္ကလို့ ကားမှတ်တိုင်အနီးတွင် ယာဉ် မောင်း (စုံစမ်းဆဲ)မောင်းနှင်သည့် ၇ခ/---- နစ်ဆန်း ဘတ်စ် အငှားယာဉ်သည် မင်္ဂလာဒုံဘက်မှ  ထောက်ကြန့်ဘက်သို့ဦးတည်၍ ရပ်တန့်ထားစဉ် နောက်ပြန်လိမ့်ပြီး မင်္ဂလာဒုံဘက်မှ ထောက်ကြန့်ဘက်သို့
မောင်းနှင်လာသော 7H ---- ALPHARD ကိုယ်ပိုင်ယာဉ်အား ၀င်ရောက် တိုက်မိခဲ့ကာ အထူးကု ဆေးခန်း ဆိုင်းဘုတ်အား ဆက်လက်တိုက်မိခဲ့ပါသည်။

ခလေးငယ်အား မုဒိန်းကျင့်သည့်အပြင် လူမမယ် ၂ ဦး သတ်ဖြတ်သူကို ဖမ်းဆီးထား


အသက် ၉ နှစ်အရွယ် မိန်းကလေး ငယ်တစ်ဦးကို သားမယား ပြုကျင့်ပြီး၊ ထိုမိန်းကလေး နှင့်တကွ အတူပါ အသက် ၈ နှစ်အရွယ် ယောကျာ်းလေးတို့အား ရိုက်နှက် သေဆုံးစေသူကို ရေးမြို့မ ရဲစခန်းတွင် ချုပ်နှောင်ဖမ်းဆီး ထားကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မိုးသီးများကြောင့် ဆေးရွက်ကြီး စိုက်ခင်းများ ထိခိုက်ပျက်စီး

Photo: မိုးသီးများကြောင့် ဆေးရွက်ကြီး စိုက်ခင်းများ ထိခိုက်ပျက်စီး
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ ခုနှစ် 

သျှမ်း/မြောက် ရွှေလီမြစ်ဝှမ်း ထုန့်မောဝ်ဒေသ နမ့်ခမ်းမြို့နှင့် မူစယ်မြို့များ၌ မိုးသီးများကျ ရောက်ရာ ဗာဂျီးနီးယားခေါ် ဆေးရွက်ကြီး စိုက်ခင်းများ ထိခိုက်ပျက်စီးကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါသည်။

ယမန်နေ့ ဂျန္နဝါရီလ ၈ ရက် ည ၉းဝဝ နာရီက နမ့်ခမ်းမြို့၌ ၁၀ မိနစ်ခန့် မိုးသီးများ ကျခဲ့ပြီး ယနေ့ ဂျန္နဝါရီလ ၉ ရက် မနက်ပိုင်း ၇ နာရီခန့်ကလည်း မူစယ်မြို့တွင် ၁၅ မိနစ်ခန့်မိုးသီးများ ကျရောက်ခဲ့ သည်ဟု နမ့်ခမ်းဒေသခံ စိုင်းထွန်း ကဆိုသည်။

“နမ့်ခမ်းမှာ မိုးသီးကြီးကျတယ် ဒီနေ့။ ရွှေလီမြစ်ကမ်းဘေးတလျှောက်က ဗာဂျီးနီးယားဆေး စိုက်ခင်း တွေ ပျက်ကုန်တယ်။ ထိခိုက်ပျက်ဆီးမှု အများ ဆုံးကတော့ မန့်ဟောင်း၊ နောင်မ၊ နောင်ကောင်၊ ကွန်လုံ၊ မန့်ကွန်၊ ကွန်ဟိုင်း ရွာတွေပေါ့” ဟု ၄င်းကပြောသည်။

နောင်မနှင့် နောင်ကောင်ကျေးရွာရှိ ဆေးရွက်ကြီးစိုက်ခင်းများမှာ တစ်ရွာလျင် ဧက (၈၀)ထက်မနဲ ပျက်စီးပြီး ၊မန့်ဟောင်း ကျေးရွာတွင် (၁၀) ဧကထက်မနဲပျက်စီးကြောင်း၊ တစ်ဧက ကာလတန်ဖိုး ကျပ် (၄၁၆၀၀၀) ခန့် ရှိ ကြောင်း မန့်ဟောင်းကျေးရွာအုပ်စုအတွင်းနေ စိုင်းအိုက် က ပြောသည်။

မူစယ်မြို့နှင့် နမ့်ခမ်းမြို့ တွင် ကော်လီလုံးအရွယ် မိုးသီးများကျရောက်သောကြောင့် သီးနှံစိုက်ခင်းများ၊ ဆေးရွက်ကြီးစိုက်ခင်းများပျက်စီးသည့်အပြင် လူနေအိမ်တစ်ချို့၏ အိမ်ခေါင်မိုးများ ပေါက်ပြဲကုန် ကြောင်း၊ ဒေသတစ်ခုလုံး၏ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း (၁၀၀၀) ထက်မနဲရှိကြောင်း ဒေသတွင်း သျှမ်းပါတီအကြီးအကဲတစ်ဦး က သျှမ်းသံတော်ဆင့်အား ပြောသည်။

မိုးသီးများကြောင့် ခြံထွက်သီး နှံစိုက်ခင်းများ ပျက်စီးခဲ့ရသည့်ကိစ္စ နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှုးရုံးထံ ယနေ့ ၉.၁.၂၀၁၅ ရက်စွဲဖြင့်စာတင်ထားကြောင်း မန့်ဟောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စိုင်းထွန်းလိုင်း ကပြောပါသည်။

သျှမ်းသံတော်ဆင့်၊ စိုင်းလုံ
သျှမ်း/မြောက် ရွှေလီမြစ်ဝှမ်း ထုန့်မောဝ်ဒေသ နမ့်ခမ်းမြို့နှင့် မူစယ်မြို့များ၌ မိုးသီးများကျ ရောက်ရာ ဗာဂျီးနီးယားခေါ် ဆေးရွက်ကြီး စိုက်ခင်းများ ထိခိုက်ပျက်စီးကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါသည်။

ကြည့်မြင်တိုင်မြို့နယ်၊ လေဟာပြင်ညဈေးရှိ ဆိုင်ခန်းအတွင်း ဆေးလိပ်မီး မငြှိမ်းဘဲ ပေါ့ဆစွာ ထားခဲ့ရာမှ မီးလောင်မှုဖြစ်

Photo: ကြည့်မြင်တိုင်မြို့နယ်၊ လေဟာပြင်ညဈေးရှိ ဆိုင်ခန်းအတွင်း ဆေးလိပ်မီး မငြှိမ်းဘဲ ပေါ့ဆစွာ ထားခဲ့ရာမှ မီးလောင်မှုဖြစ်
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ ခုနှစ်

၁၀.၁.၂၀၁၅ ရက်နေ့ ၀၅၃၀ အချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်းတောင်/ အရှေ့ရပ်ကွက်၊ ရွှေလှိုင်လမ်း၊ လေဟာပြင်ညဈေးရှိ (ဈ)ရုံတွင် ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ အဆိုပါ ဈေးရုံရှိ ဆိုင်ခန်းအမှတ် (၂၀၃) ဓါတ်ဗူးဆိုင်၌ ဆိုင်ရှင်ဖြစ်သူ ဦးမွန်မြှားမှ ၉.၁.၂၀၁၅ ရက်နေ့ ၂၁၀၀ အချိန်ခန့်တွင် ဆေးလိပ်သောက်ခဲ့ပြီး ဆေးလိပ်မီးအား မငြှိမ်းသတ်ဘဲ ဆိုင်ကြမ်းပြင်တွင်ထားခဲ့ရာမှ မီးစွဲကာ ၎င်း၏ ဈေးဆိုင်အပါအ၀င် ဘေးဝဲ/ယာနှင့် ကျောချင်းကပ်ဆိုင်ခန်း စုစုပေါင်း (၇)ခန်းအား ကူးစက်လောင်းကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ရှိ ပြည်သူများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများရောက်ရှိငြှိမ်းသတ်ခဲ့၍ ၀၆၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရှိရပါသည်။

ယင်းသို့ ဆေးလိပ်မီးအား မငြှိမ်းသတ်ဘဲ ပေါ့ဆစွာထားခဲ့၍ မီးလောင်မှုဖြစ်ပွား ခဲ့သဖြင့် ဦးမွန်မြှား၊ (၇၅)နှစ်အား ကြည့်မြင်တိုင်မြို့မရဲစခန်း(ပ)၂၆/၂၀၁၅၊ ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
၁၀.၁.၂၀၁၅ ရက်နေ့ ၀၅၃၀ အချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊ မကျီးတန်းတောင်/ အရှေ့ရပ်ကွက်၊ ရွှေ လှိုင်လမ်း၊ လေဟာပြင်ညဈေးရှိ (ဈ)ရုံတွင် ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်။

ရန်ကုန်စတော့ အိတ်ချိန်းတွင် ၀န်ဆောင်မှုပေးမည့် ကုမ္ပဏီများစတင်ခေါ်

Photo: ရန်ကုန်စတော့ အိတ်ချိန်းတွင် ၀န်ဆောင်မှုပေးမည့် ကုမ္ပဏီများစတင်ခေါ်
Saturday, January 10, 2015  

ရန်ကုန်စတော့ အိတ်ချိန်းအတွက် ရှယ်ယာ ရောင်းဝယ်မှုများ လုပ်ရာတွင် ကြားခံ ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်လိုသည့် ကုမ္ပဏီများကို ဇန်န၀ါရီ ၁၉ ရက်နေ့မှ စတင်ကာ လျှောက်လွှာများ ရောင်းချသွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်လေးက ပြောသည်။

ဇန်န၀ါရီလ ၁၀ ရက်နေ့က မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြုလုပ်သည့် ရန်ကုန် စတော့အိတ်ချိန်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများအကြောင်း ဟောပြောပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက “၀န်ဆောင်မှု ပံ့ပိုးပေးရမယ့် ကုမဏီ အမျိုးအစား ၄ မျိုးအတွက် လိုင်စင် စတင်ခေါ်ယူသွားပါမယ်” ဟု ပြောသည်။

စတော့အိတ်ချိန်း စတင်လျှင် စတင်လုပ်ကိုင်နိုင်မည် ဖြစ်သော အဆိုပါ ၀န်ဆောင်မှုလုပ်ငန်း အမျိုးအစား ၄ မျိုးအတွက် လျှောက်လွှာကို ဇန်န၀ါရီ ၁၉  ရက်နေ့တွင် စတင်ရောင်းချ ခေါ်ယူပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် လျှောက်လွှာများ ပိတ်မည်ဖြစ်သည်။

အဆိုပါ ၀န်ဆောင်မှုလုပ်ငန်း ၄ မျိုးမှာ Underwriter  ဟုခေါ်သည့် စတော့အိတ်ချိန်းတွင် ပါဝင်သော အများပိုင် ကုမ္ပဏီကြီးများ၏  ရောင်းချလိုသော အစုရှယ်ယာပမာဏကို တာဝန်ယူဖြန့်ပေးသည့် ကုမဏီများ၊ Dealer ဟုခေါ်သည့် ၀ယ်ရောင်း ၂ ခု စလုံးလုပ်ကိုင်သည့် ကုမ္ပဏီများ၊ Broker ဟုခေါ်သည့် ပွဲစား ကုမ္ပဏီများနှင့် Consultant အကြံပေးကုမ္ပဏီများတို့ ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းကို ယခုနှစ် အောက်တိုဘာလ မတိုင်ခင် ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး စတော့အိတ်ချိန်း စတင်သည်နှင့် ၎င်းကုမ္ပဏီများလည်း လုပ်ငန်းများ စတင် လုပ်ကိုင်နိုင်ကြမည် ဖြစ်သည်။

ယင်းကုမ္ပဏီ အမျိုးအစား ၄ မျိုးအတွက် လျှောက်လွှာ ခေါ်ယူရာတွင် အနည်းဆုံး ရင်းနှီးမတည်ငွေ သတ်မှတ်ထားပြီး Underwriter ကုမ္ပဏီအဖြစ် လျှောက်ပါက မတည်ငွေကျပ် ၁၅ ဘီလီယံ၊ Dealer ကုမ္ပဏီဆိုပါက ၁၀ ဘီလီယံကျပ်၊ Broker ကုမ္ပဏီဆိုပါက ၇ ဘီလီယံကျပ်နှင့် အကြံပေးကုမ္ပဏီများအတွက် ကျပ်သန်း ၃၀ သတ်မှတ်ထားကြောင်း သိရသည်။

ကုမ္ပဏီလုပ်လိုသူများအတွက် လျှောက်လွှာဖောင်ကို စီဒီပြားဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ကုမ္ပဏီအသစ် မှတ်ပုံတင်ပြီးမှသာ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း၊ ယခင် ကုမ္ပဏီအဟောင်း အမည်များဖြင့် လျှောက်ထား၍ ရမည် မဟုတ်ကြောင်း ဒေါက်တာ မောင်မောင်လေးက ပြောသည်။

၎င်းက “လျှောက်မယ့် ကုမ္ပဏီဟာ အရင်ကုမ္ပဏီ ရှိပြီးသား ကုမ္ပဏီနဲ့ လျှောက်လို့မရဘူး။ Security exchange ဆိုတဲ့နာမည်နဲ့ ကုမ္ပဏီတွေ သတ်သတ်ထောင်ရမယ်။ DICA (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန) မှာ မှတ်ပုံတင်၊ ဒါကို ကျနော်တို့က သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုမှ လိုင်စင်ချပေးမှာ” ဟု ပြောသည်။

လျှောက်ထားသော ကုမ္ပဏီများအတွက် လိုင်စင်ကို ဧပြီလအတွင်း ချပေးသွားရန် လျာထားကြောင်း သိရသည်။

ယင်းလုပ်ငန်းများကို လုပ်ကိုင်ကြမည့် ကုမ္ပဏီများအတွက် နိုင်ငံခြား ဖက်စပ်လုပ်ပိုင်ခွင့်ပါ ပေးသွားမည် ဖြစ်သော်လည်း မြန်မာဘက်မှ ရှယ်ယာအများဆုံး ပိုင်ဆိုင်မှု ဖြစ်ရမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်းမှာ ပထမဆုံး စတင်ပေါ်ပေါက်မည် ဖြစ်သည့်အတွက် ၀န်ဆောင်မှု လုပ်မည့် ကုမ္ပဏီများမှာ အတွေ့အကြုံ လိုအပ်ချက်ရှိနေပြီး နိုင်ငံခြားနှင့် ဖက်စပ်လုပ်ကိုင်မှု လိုအပ်ဦးမည်ဖြစ်ကြောင်း Thura Swiss ကုမဏီအမှုဆောင် အရာရှိချုပ် ဒေါက်တာ အောင်သူရက ပြောသည်။

၎င်းက “မြန်မာပြည်မှာက အဲဒီလို Business ကို ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေက အရမ်းနည်းနေတော့ ဖက်စပ်လုပ်ဖို့က လိုအပ်လိပ်မယ် ထင်တယ်။ JV ဖက်စပ် မဟုတ်ရင်တောင် မြန်မာကုမ္ဗဏီက ထောင်ပြီးတော့ နိုင်ငံခြားအကြံပေးတွေ ခေါ်တာပဲ ဖြစ်ဖြစ် လိုပါလိပ်မယ်။ လက်ရှိအချိန်မှာတော့ မြန်မာကုမ္ပဏီတွေက အတွေ့အကြုံ မရှိသေးဘူးလို့ ပြောလို့ရတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မည့် ကုမ္ပဏီများ ခေါ်ယူမှုအပြီးတွင် နောက်တဆင့်အဖြစ် Listed ကုမ္ပဏီဟုခေါ်သော စတော့အိတ်ချိန်းတွင် စာရင်းဝင်၍ ရှယ်ယာများ ရောင်းချနိုင်မည့် အများပိုင်ကုမ္ပဏီများအတွက် လိုအပ်မည့် စံနှုန်းသတ်မှတ်ချက်များ ထုတ်ပြန်သွားမည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါ စတော့အိတ်ချိန်း စာရင်းဝင်မည့် အလားအလာရှိသော အများပိုင်ကုမ္ပဏီ အရေအတွက်မှာ ၁၀ ခု ၀န်းကျင်သာရှိပြီး အဆိုပါ ကုမ္ပဏီများအတွင်းမှ ထပ်မံ ရွေးချယ်သွားမည်ဖြစ်သည်ဟု ဒေါက်တာ မောင်မောင်လေးက ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းကို မြန်မာ-ဂျပန် ဖက်စပ်တည်ထောင်ထားပြီး မြန်မာ့စီးပွားရေးဘဏ်မှ ၅၁ ရာခိုင်နှုန်း၊ ဂျပန် ဒိုင်ဝါ သုတေသနအဖွဲ့မှ ၃၀ ဒသမ ၂၅ ရာခိုင်နှုန်းနှင့် တိုကျိုစတော့အိတ်ချိန်းမှ ၁၈ ဒသမ ၇၅ ရာခိုင်နှုန်း ထည့်ဝင်ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်သည်။

ဧရာဝတီ 

ရန်ကုန်ရှိ Myanmar Securities Exchange Centre (MSEC) တွင် ဈေးနှုန်းများကို ဝန်ထမ်းတဦးက လက်ဖြင့် ရေးသွင်းနေသည်ကို ၂၀၁၁ စက်တင်ဘာလက မြင်ရစဉ် (ဓာတ်ပုံ – Reuters)
ရန်ကုန်ရှိ Myanmar Securities Exchange Centre (MSEC) တွင် ဈေးနှုန်းများကို ဝန်ထမ်းတဦးက လက်ဖြင့် ရေးသွင်းနေသည်ကို ၂၀၁၁ စက်တင်ဘာလက မြင်ရစဉ် (ဓာတ်ပုံ – Reuters)
ရန်ကုန်စတော့ အိတ်ချိန်းအတွက် ရှယ်ယာ ရောင်းဝယ်မှုများ လုပ်ရာတွင် ကြားခံ ၀န်ဆောင်မှု လုပ်ငန်း များ လုပ်ကိုင်လိုသည့် ကုမ္ပဏီများကို ဇန်န၀ါရီ ၁၉ ရက်နေ့မှ စတင်ကာ လျှောက်လွှာများ ရောင်းချသွား မည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်လေးက ပြောသည်။

ယင်းလပ်ရှင်နာဝပ်အပေါ် စွဲချက်တင်ထားသည့် အမှုများကို ထိုင်းအမျိုးသား ညီလာခံ စတင်စစ်ဆေး

Photo: ယင်းလပ်ရှင်နာဝပ်အပေါ် စွဲချက်တင်ထားသည့် အမှုများကို ထိုင်းအမျိုးသား ညီလာခံ စတင်စစ်ဆေး
Saturday, January 10, 2015 

အာဏာအလွဲသုံးစားပြုမှုဖြင့် ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသူ ထိုင်းဝန်ကြီး ချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ်ကို စွဲချက်တင်ထားသော ပြစ်မှု အား သောကြာနေ့ တွင် ကျင်းပသည့် ထိုင်းအမျိုးသားညီလာခံ၌ စတင်ကြားနာစစ်ဆေးရာ ၎င်းကိုယ် တိုင် ကြားနာမှုသို့ လာရောက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက ရေး သားဖော်ပြသည်။

ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ညီမဖြစ်သူ ယင်းလပ်ရှင်နာဝပ် သည် ဝန်ကြီးချုပ်ရာထူး ရယူထားစဉ် အငြင်းပွားဖွယ် ဆန်စပါးစရိတ် ကျခံပေးရေး အစီအစဉ်နှင့် ပတ်သက်၍ အလွဲသုံးစား ပြုခဲ့သည်ဟူသော စွဲချက်များနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ဒေါ်လာဘီလီယံနှင့်ချီ၍ ကုန်ကျသော အဆိုပါ ဆန်စပါးစရိတ် စိုက်ထုတ်ပေးရေး အစီအစဉ်နှင့် ပတ်သက်သော စွဲချက်များတွင် အပြစ်ရှိကြောင်း ထင်ရှားမည် ဆိုပါက မစ္စယင်းလပ်ရှင်နာဝပ် အနေနှင့် နိုင်ငံရေးလှုပ်ရှားမှုများမှ ငါးနှစ်တိတိ ပိတ်ပင်တားမြစ်ခြင်း ခံရမည်ဖြစ်သည်။

ယင်းလပ်ရှင်နာဝပ်ကို ထောက်ခံသူများကမူ အဆိုပါ စွဲချက်များသည် ၎င်းအားရာထူးမှ ဖြုတ်ချရန် အကွက်ဆင်မှု တစ်ရပ်သာ ဖြစ်သည် ဟု ဝေဖန်ကြသည်။

မစ္စယင်းလပ်ရှင်နာဝပ်၏ အမှုကို ကြားနာစစ်ဆေးနေသည့် အချိန်ကာလအတွင်း ၎င်းကို ထောက်ခံသူများ လမ်းမပေါ်ထွက်ကာ ဆန္ဒပြကြမည်ကိုလည်း လက်ရှိ ထိုင်းအစိုးရက စိုးရိမ်လျက်ရှိသည်။

ထိုင်းစစ်အစိုးရ၏ ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝမ်စူဝမ်က ယင်းလပ်ရှင်နာဝပ်ကို ထောက်ခံသူများ အနေနှင့် လမ်းမပေါ်ထွက်ကာ ဆန္ဒမပြကြဘဲ အိမ်တွင်း၌သာ နေထိုင်ကြရန် တိုက်တွန်းသည်။

“တကယ်လို့ မစ္စယင်းလပ်ကို ခင်ဗျားတို့အနေနဲ့ အားပေးချင်တယ် ဆိုရင် အိမ်မှာနေပြီး လုပ်လို့ရတယ်၊ ဒါမှမဟုတ် တယ်လီဖုန်းကနေ ဆက်ပြောလို့ ရပါတယ်” ဟု ၎င်း၏ ပြောကြားချက်ကို Reuters သတင်းဌာန ကိုးကားဖော်ပြသည်။

ဘန်ကောက်မြို့တော် အခြေစိုက် BBC သတင်းထောက် ဂျိုနက်သန်ဟိဒ်၏ အဆိုအရ ယခုအမှုသည် ထိုင်းစစ်တပ်က အာဏာသိမ်းယူလိုက်ပြီး နောက်ပိုင်း နိုင်ငံရေးအရ အကဲဆတ်သော ပထမဆုံး ဖြစ်ရပ်ပင် ဖြစ်ကြောင်း သိရသည်။

ယမန်နှစ်အတွင်း ရာထူးမှ ဖယ်ရှားခံခဲ့ရသူ မစ္စယင်းလပ်ရှင်နာဝပ်သည် ထိုင်းနိုင်ငံ ကျေးလက်ဒေသများတွင် လွန်စွာ နာမည်ကျော်ကြားကာ ထောက်ခံမှု အပြည့်အဝ ရရှိထားသော နိုင်ငံရေးသမားတစ်ဦး ဖြစ်သော်လည်း ဘန်ကောက်ကဲ့သို့ မြို့ကြီးများရှိ လူလတ်တန်းစားများနှင့် အီလစ်အလွှာများက ၎င်းကို မနှစ်မြို့ကြပေ။

ဘန်ကောက် အီလစ်အလွှာများက ယင်းလပ်ရှင်နာဝပ်သည် အဂတိလိုက်စားသလို အာဏာ အလွဲသုံးစားမှုများလည်း ကျူးလွန်ခဲ့သူ ဖြစ်သည်ဟု စွပ်စွဲပြောဆိုကြသည်။

ယခု မစ္စယင်းလပ်၏ အမှုကို ကြားနာစစ်ဆေးသည့် အမျိုးသားဥပဒေပြုရေး ညီလာခံကို ထိုင်းစစ်တပ်က ရွေးချယ်ခန့်ထားသော ခေါင်းဆောင်များ ဦးဆောင်ပြီး အမှုအတွက် အမိန့်ချမှတ်မှုကို ဇန်နဝါရီလကုန်ပိုင်းတွင် ထုတ်ပြန်မည်ဟု ဆိုသည်။

The Voice Weekly
အာဏာအလွဲသုံးစားပြုမှုဖြင့် ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရသူ ထိုင်းဝန်ကြီး ချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ကို စွဲချက်တင်ထားသော ပြစ်မှု အား သောကြာနေ့ တွင် ကျင်းပသည့် ထိုင်းအမျိုးသားညီလာခံ၌ စတင်ကြားနာစစ်ဆေးရာ ၎င်းကိုယ် တိုင် ကြားနာမှုသို့ လာရောက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများက ရေး သားဖော်ပြသည်။

ကချင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အလွန်နည်းပါးနေ

Photo: ကချင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အလွန်နည်းပါးနေ
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ ခုနှစ်

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက KIA နဲ့အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ် ရာနယ်မြေက စစ်ပြေး ဒုက္ခသည်တွေ အတွက် စားနပ် ရိက္ခာအတော့်ကို နည်းနေပြီး၊ ဒေသခံ လူမှုရေး အဖွဲ့တွေ အနေနဲ့ ဖေဖေါ်ဝါရီလအထိပဲ ကူညီနိုင်မယ့်အခြေ အနေမှာ ဖြစ်နေတယ်လို့  သိရပါတယ်။

ဒါ့အပြင်အခုရက်ပိုင်းမှာ ဒုက္ခသည်တွေဟာ ဆိုးဝါးတဲ့ ရာသီဥတုဒဏ်ခံနေရသလို၊ သူတို့အတွက် အရေးပေါ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေလည်းမရှိ သလောက် နည်းနေတယ်လို့  စစ်ပြေးဒုက္ခသည်တွေကို ကူညီနေတဲ့ WPN ခေါ် ဝမ်ပေါင်နိန်းတွဲ အဖွဲ့ခေါင်းဆောင် ဒေါ်မေရီတွမ်က RFA ကိုပြော ပါတယ်။

"ကျမတို့ ဒီကူညီတဲ့ ၉ ဖွဲ့ထဲမှာဆိုရင်လည်း အခုချိန် ထိဆိုရင် အခြေခံအစားအသောက်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ တောင်ကျမတို့မှာ ဖေဖော်ဝါရီလ အထိပဲ ရှိတယ်ပေါ့နော်၊ ဟိုဘက်ဆိုရင် ကျမတို့ ရေရှည်အဲ့လိုမျိုးမရှိဘူးပေါ့နော်၊ အားလုံးကအချိန်တို အတွက်ပဲ ရှိတဲ့အခါကျတော့ ကျမတို့ ကူညီနေတဲ့သူတွေတော့ တော်တော်စိတ်ပင်ပန်းတာမျိုးရှိတယ် ၊ နောက်အရေးပေါ်ဖြစ်လာဖြစ်လာရင် ကျမတို့ ကူညီဖို့လည်းခက်တယ်၊ နောက်တစ်ချက်က ကျန်းမာရေးနဲ့ပတ်သက်ပြီးမှလည်း ရန်ပုံငွေကအနည်းဆုံးပဲ၊ အဲ့ဒါလည်း အရမ်းအရေးကြီးနေပါတယ်"

လက်နက်ကိုင်တိုင်းရင်းသားတွေ ထိန်းချုပ်ရာဒေသက စစ်ပြေးဒုက္ခသည်စခန်းတွေဆီကို ကုလသမဂ္ဂ နဲ့နိုင်ငံတကာကူညီရေးအဖွဲ့တွေကို အစိုးရကသွားခွင့်မပြုတာ ကြာပြီဖြစ်တဲ့အတွက် သူတို့အနေနဲ့လည်း ကူညီခွင့်မရဘူးလို့လည်း ကုလသမဂ္ဂက မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။

ဒေသတွင်းမှာတော့ အရပ်သားပြည်သူတွေဖွဲ့ထားတဲ့ လူမှုကူညီရေးအဖွဲ့ ၉ ဖွဲ့လောက်က ပြည်တွင်း အလှူရှင်တွေနဲ့ ဆက်သွယ်ပြီး ကူညီနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေအတွက် လုံလောက်အောင်နဲ့ ရေရှည်ကူညီနိုင်ဖို့ အတွက် အခက်အခဲတော်တော်များများ ရှိနေတယ်လို့သိရပါတယ်။

RFA Burmese
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက KIA နဲ့အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်း ချုပ် ရာနယ်မြေက စစ်ပြေး ဒုက္ခသည်တွေ အတွက် စားနပ် ရိက္ခာအတော့်ကို နည်းနေပြီး၊ ဒေသခံ လူမှုရေး အဖွဲ့တွေ အနေနဲ့ ဖေဖေါ်ဝါရီလအထိပဲ ကူညီနိုင်မယ့်အခြေ အနေမှာ ဖြစ်နေတယ်လို့  သိရပါတယ်။

Hacker များက လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အတွက် အကြမ်းဖက် သမားများကို စစ်ကြေငြာ


ပြင်သစ် သရော်စာ မဂ္ဂဇင်း Charlies Herdo ကို အကြမ်းဖက် တိုက်ခိုက်မှုဟာ လူသားတိုင်းရဲ့ အခြေခံ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ထိပါးလာခြင်း အပေါ် ဟက်ကာတွေက အစ္စလာမစ် အစွန်းရောက် အကြမ်းဖက် သမားများကို သောကြာနေ့က စစ်ကြေငြာ လိုက်ပါတယ်။

ပြည်မြို့တွင် တောင်ပြိုကျမှုကြောင့် ၁ ဦး သေဆုံး

Photo: ပြည်မြို့တွင် တောင်ပြိုကျမှုကြောင့် ၁ ဦး သေဆုံး
ဇန်န၀ါရီလ ၁၀ ရက်၊ ၂၀၁၅ ခုနှစ်

သတင်းဓာတ်ပုံ – မင်းညို
ပဲခူးတိုင်း၊ ပြည်မြို့က မြေကြီး သယ်ယူ နေမှုတွေ ပြုလုပ်တဲ့ နေရာမှာ တောင်ပြိုပြီး မြေပိမိတဲ့ အတွက် စက်မောင်း သမားတဦး သေဆုံးခဲ့ပါတယ်။

ဇန်န၀ါရီ ၁၀ ရက်နေ့ မနက် ၁၁ နာရီလောက်က၊ ပြည်မြို့ စင်္ကြန်တောင် တောရဖုန်းတော်ကြီး စာသင်ကျောင်းဘေးက တောင်ကို ဖြိုရင်း ရုတ်တရက် တောင်ပြို ကျခဲ့တာပါ။

တောင်ပြိုကျမှုကြောင့် မြေဖြိုနေတဲ့ စက်မောင်းသမား ကိုဆန်းနိုင်ဦးအပါအဝင် မြေသယ်ယူမယ့် ထော်လာဂျီစက်တစီးလည်း မြေကြီးပိမိခဲ့တယ်လို့ ရတနာမာန်အောင်ရပ်ကွက် ရာအိမ်မှူး ဦးဖိုးထူးက ပြောပါတယ်။

ကိုဆန်းနိုင်ဦးဟာ အသက် ၄၂ နှစ်အရွယ်ရှိပြီး စည်တော်မင်္ဂလာရပ်ကွက်မှာ နေထိုင်သူဖြစ်ပါတယ်။

မြေတူးနေတုန်း ရုတ်တရက် မြေပိပြီး တောင်အောက်မှာ ပျောက်သွားလို့ ပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်တွေ ဒေသခံ ပရဟိတ အဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ရောက်လာပြီး မြေကြီးတွေကို ဝိုင်းဝန်းဖယ်ရှားခဲ့ကြပါတယ်။

၁ နာရီကျော်လောက်အကြာမှာ မြေအောက်ပိနေတဲ့ ကိုဆန်းနိုင်ဦးကို အသက်ရှင်ကယ်ထုပ်နိုင်ခဲ့ပေမယ့် ပြည်ဆေးရုံကြီးကို ပိုဆောင်စဉ် လမ်းခရီးမှာ သေဆုံးသွားပါတယ်။

ဒီဗွီဘီ
သတင်းဓာတ်ပုံ – မင်းညို
ပဲခူးတိုင်း၊ ပြည်မြို့က မြေကြီး သယ်ယူ နေမှုတွေ ပြုလုပ်တဲ့ နေရာမှာ တောင်ပြိုပြီး မြေပိမိတဲ့ အတွက် စက်မောင်း သမားတဦး သေဆုံးခဲ့ပါတယ်။