Monday 3 November 2014

တာချီလိတ်ခရိုင်ရှိ မြို့နှစ်မြို့တွင် အမျိုးသားနှစ်ဦး ကြိုးဆွဲချသေဆုံး

တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက် မြန်မာရွာခေါ် အကွက်(၉)တွင် အသက်(၂၇)နှစ်ရှိ အမျိုးသားတစ်ဦးသည် မိမိကိုယ်ကိုယ် ကြိုးဆွဲချ၍ သတ်သေသည့် ဖြစ်စဉ်တစ်ခု ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၃)ရက် (၁၁)နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟောင်ကောင်တွင် တိုက်ခန်းတစ်ခု၌ အမျိုးသမီးနှစ်ဦးအား သတ်ခဲ့သူကို ဖမ်းဆီးရမိ

Photo: ဟောင်ကောင်တွင် တိုက်ခန်းတစ်ခု၌ အမျိုးသမီးနှစ်ဦးအား သတ်ခဲ့သူကို ဖမ်းဆီးရမိ
Monday, November 3, 2014

(ဝမ်ချိုင်း)၏ တိုက်ခန်း တစ်ခု အတွင်းမှာ သေဆုံး နေသည့် အမျိုးသမီး နှစ်ဦးကို သတ်ခဲ့သူ အသက်(၂၉)နှစ်အရွယ် အမေရိက(မာရေး-လိုင်းန်) ဘဏ်၏ အလုပ်သမား ဖြစ်သူ ဗြိတိန်လူမျိုး တစ်ဦးအား ဟောင် ကောင်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါသည်။

အမျိုးသမီးနှစ်ဦးထဲမှ တစ်ဦး၏ ရုပ်အလောင်းကိုတော့ တိုက်ခန်း၏ ဝရံတာရှိ လက်ဆွဲသေတ္တာထဲမှာ ဝှက်ထားတာကို တွေ့ခဲ့ရပြီး အသက်(၂၅)နှင့်(၃၀)ကြား နောက်ထပ် အမျိုးသမီး တစ်ဦးကိုတော့ ၄င်း၏လည်ပင်းနှင့် တင်ပါးများမှာ ဒဏ်ရာများနှင့် တိုက်ခန်းအတွင်းမှာ လဲနေတာကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။

အမျိုးသမီးများ၏ ဒဏ်ရာများအား အနီးကပ် ရိုက်ယူခြင်း အပါအဝင် သေဆုံးပြီးနောက် ဗီဒီယိုများနှင့် ဓာတ်ပုံပေါင်း (နှစ်ထောင်ခန့်)ကို ရိုက်ယူခဲ့ကြောင်း ဟောင်ကောင်၏ အက်ပဲလ်နေ့စဉ်ထုတ် သတင်းစာက ပြောကြားခဲ့ပါသည်။

ယခုလို ပြင်းထန်သည့် ဖြစ်ရပ်မျိုးသည် ဟောင်ကောင်မှာ ဖြစ်တောင့်ဖြစ်ခဲ့ဖြစ်ပြီး မြို့၏ လူသတ်မှုနှုန်းသည် ကမ္ဘာမှာ အနည်းဆုံး စာရင်းဝင်ကြောင်း သိရှိရပါသည်။

MRTV
(ဝမ်ချိုင်း)၏ တိုက်ခန်း တစ်ခု အတွင်းမှာ သေဆုံး နေသည့် အမျိုးသမီး နှစ်ဦးကို သတ်ခဲ့သူ အသက်(၂၉)နှစ်အရွယ် အမေရိက(မာရေး-လိုင်းန်) ဘဏ်၏ အလုပ်သမား ဖြစ်သူ ဗြိတိန်လူမျိုး တစ်ဦးအား ဟောင် ကောင်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါသည်။

ကော်တောင်ကျွန်း လူသတ်မှု DSI ကိုယ်တွယ်ဖို့ စာတင်

ထိုင်း တောင်ပိုင်း ကော်တောင်ကျွန်းမှာ ဗြိတိန် နိုင်ငံသား ၂ ဦး စက်တင်ဘာ လလယ်က သတ်ဖြတ် ခံရမှုနဲ့ စွပ်စွဲခံထားရသူ မြန်မာနိုင်ငံသား ၂ ဦး အမှုကို ထိုင်း အထူး မှုခင်း ဌာန DSI က ကိုယ်တွယ်ဖို့ စာတင် လိုက်ပါတယ်။

ဧည့်မထ စပါးတင်း ၁ဝဝ ကို ကျပ်သုံးသိန်းခွဲနဲ့ ၀ယ်ယူမည်

ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ သက်ငယ်စပါးဈေးတွေ ကျဆင်းနေတဲ့အတွက် တောင်သူတွေအရှုံး မပေါ်စေဖို့ ဒီလကစပြီး ဧည့်မထစပါး တင်း ၁ဝဝ ကို ကျပ်သုံးသိန်းခွဲနဲ့ ၀ယ်ယူသွားမယ်လို့ မြန်မာနိုင်ငံ တောင်သူ လယ်သမားအသင်းက ကြေညာလိုက်ပါတယ်။

အိုဘားမားနှင့် ဒေါ်စုတွေ့မည့်ရက် အခြေခံဥပဒေ ဆွေးနွေးမည့်ရက်နှင့် တိုက်ဆိုင်နေ

Photo: အိုဘားမားနှင့် ဒေါ်စုတွေ့မည့်ရက် အခြေခံဥပဒေ ဆွေးနွေးမည့်ရက်နှင့် တိုက်ဆိုင်နေ
Monday, November 3, 2014

 နေပြည်တော်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေး လာရောက် တက် မည့် အမေရိကန်သမ္မတ အိုဘားမားသည် အတိုက်အခံ နိုင်ငံရေးခေါင်းေ ဆာင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် နိုဝင်ဘာ ၁၃ ရက်သည် အခြေခံဥပဒေအစီရင်ခံစာ ဆွေးနွေးမည့်ရက်နှင့် တိုက်ဆိုင်နေသည်။

သမ္မတအိုဘားမားက ယခုနိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်တွင် နေပြည်တော် ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ(၁)တွင် ကျင်းပမည့် အာဆီယံထိပ် သီး အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး နိုဝင်ဘာ ၁၃ က်တွင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံမည်ဟု အင်န်အယ်လ်ဒီ အသိုင်းအ၀ိုင်းက ပြောသည်။

တွေ့ဆုံမည့်ရက်မှာ နိုဝင်ဘာ ၁၃ ရက်ဖြစ်သော်လည်း မည်သည့်နေရာတွင် တွေ့ဆုံမည်ကိုမူ မသိရှိသေးကြောင်းလည်း ယင်းအသိုင်းအ၀ိုင်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် အောက်တိုဘာလ ၂၂ ရက်က တင်သွင်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာကို နိုဝင်ဘာလ ၁၃ ရက်မှ ၂၁ ရက်အတွင်း မူသဘောဆွေးနွေးရန် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းကညွန်ကြားထားသည်။

အမေရိကန်သမ္မတအိုဘားမားသည့် ၎င်း၏ နိုဝင်ဘာခရီးစဉ်အတွင်း တရုတ်၊ သြစတြေးလျနှင့် မြန်မာနိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ယခုတစ်ကြိမ် လာရောက်ခြင်းသည် ဒုတိယအကြိမ်ဖြစ်သည်။ အိုဘားမားက ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခဲ့ဖူးသည်။

အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပချိန်နှင့် အခြေခံဥပဒေ ဆွေးနွေးပွဲများ ကျင်းပချိန် တိုက်ဆိုင်နေခြင်းသည် မြန်မာအစိုးရ အနေဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်နေသည်ဟု နိုင်ငံတကာအား ပြသလိုသည့်သဘောဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်ကလည်း မြန်မာသမ္မတ ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံ ခေါင်းဆောင်များ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ငါးပွင့်ဆိုင်တွေ့ဆုံခဲ့သေးသည်။

Mizzima - News in Burmese 

၂၀၁၂ နိုဝင်ဘာလက သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက် စဉ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့aဆုံပြီး သတင်းစာရှင်း လင်းပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ- အီးပီအေ)
၂၀၁၂ နိုဝင်ဘာလက သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက် စဉ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့aဆုံပြီး သတင်းစာရှင်း လင်းပွဲ ပြုလုပ်စဉ်။ (ဓာတ်ပုံ- အီးပီအေ)
 နေပြည်တော်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေး လာရောက် တက် မည့် အမေရိကန် သမ္မတ အိုဘားမားသည် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် နိုဝင်ဘာ ၁၃ ရက်သည် အခြေခံဥပဒေအစီရင်ခံစာ ဆွေးနွေးမည့်ရက်နှင့် တိုက်ဆိုင်နေသည်။

ဖားကန့် ကျောက်စိမ်းမှော် မြေစာပုံကြားမှ အပိုင်းပိုင်းပြတ်နေသော လူသေအလောင်းတွေ့ရှိ

Photo: ဖားကန့် ကျောက်စိမ်းမှော် မြေစာပုံကြားမှ အပိုင်းပိုင်းပြတ်နေသော လူသေအလောင်းတွေ့ရှိ
Monday, November 3, 2014

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသ ကျောက်စိမ်းမှော်မှာ နိုဝင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက မြေစာပုံကြားကနေ ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်နေတဲ့ လူသေအလောင်း တွေ့ရှိခဲ့ပါတယ်။

လုံးခင်းကျေးရွာအုပ်စု ဆန်ခါမဆွတ်ယန်ရွာက တောက်ပကြယ်ကုမ္ပဏီပိုင် မြေစာသယ်ကား ၁ စီးဟာ အဲဒီနေ့က မြေစာတွေ လာသွန်ချတဲ့ အခါမှာ လူရွယ်တဦးရဲ့ အလောင်းကို တွေ့ ရှိကြောင်း ဒေသခံတွေက ပါတီကို အကြောင်းကြားခဲ့တယ်လို့ ဖားကန့်မြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် နာယက ဦးဒါရှီလာဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။

ဦးဒါရှီလာဆိုင်းက “မနေ့က တောက်ပကြယ် ဆိုတဲ့ ကုမ္ပဏီက မြေစာစွန့်ပစ်တဲ့ အချိန်မှာ ရေမဆေးကျောက်ရှာတဲ့ လူတွေက အပိုင်းပိုင်းပြတ်နေတဲ့ လူသေအလောင်းကို တွေ့တာပေါ့နော်။ လူငယ်က အသက် ၂၀ ကျော် ခန္ဓာကိုယ် ၃ ပိုင်းပြတ်သွားတာ၊ ကုမ္ပဏီဝင်းထဲမှာဘဲ သူတို့က ကျောက်သွားတူးတာ ခြေထောက်တခြား၊ လက်တခြာ၊ ကိုယ်တခြား ခေါင်းကတော့ ညနေပိုင်းမှဘဲ တွေ့တယ်။” လို့ ပြောပါတယ်။

သေဆုံးသူဟာ မဆွတ်ယန်ရွာသာား လမုန်းဂွန်ဂျားအောင် ဆိုသူဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်နေ့ညပိုင်းက ပျောက်ဆုံးခဲ့ကြောင်းနဲ့ ဇနီးသည်နဲ့ ကလေးတဦးကျန်ရစ်ကြောင်းသူက ဖြည့်စွက်ပြောပါတယ်။

အဲဒီလူရွယ် ဒေီကနေ့ထိတော့ ဘာကြောင့် သေဆုံးပြီး မြေစာကားနဲ့ ပါလာလဲဆိုတာကိုတော့ မသိနိုင်သေးဘဲ ရဲက သေမှုသေခင်းဖွင့်လှစ် ကိုင်တွယ်နေတယ်လို့ ဆိုပါတယ်။

လူရွယ်ရဲ့ အလောင်းကိုတော့ မနေ့ညနေကဘဲ မီးသင်္ဂြိုဟ်လိုက်ကြောင်း၊ အခင်းဖြစ်ရာကို ရဲတပ်ဖွဲ့တွေက လာရောက်ဓာတ်ပုံရိုက်မှတ်တမ်းတင်ကြပေ မယ့် အရေး တယူ မေးမြန်း စုံစမ်း စစ်ဆေးတာတွေ မတွေ့ရလို့ ဒေသခံတွေ အားမလိုအားမရ ဖြစ်နေတယ်လို့ သူက ဆက်ပြော ပါတယ်။

သူတို့ ပါတီအနေနဲ့တော့ ဖြစ်ပွားပုံကို ဆက်လက်မေးမြန်းပြီး မိသားစုဝင်တွေရဲ့ ဆန္ဒအတိုင်း တာဝန်ရှိသူတွေကို ဆက်လက်တိုင်ကြားပေးမယ်လို့ ဆိုပါတယ်။

ဖားကန့်ဒေသမှာ အရင်းအနှီးမဲ့သူ လူများစုက ရေမဆေးကျောက်တူးခြင်းကိုဘဲ အဓိကထား လုပ်ကိုင်နေရပြီး ရဲနဲ့ စစ်တပ်ရဲ့ ရှောင်တခင် ၀င်ရောက်စစ်ဆေးဖမ်းဆီးခြင်း၊ တွင်းပြိုကျခြင်း၊ မြေစာပုံပြိုကျခြင်း စတဲ့ အန္တရာယ်တွေလည်း မကြာခဏ ရင်ဆိုင်နေရတယ်လို့ ဦးဒါရှီလာဆိုင်း က ပြောသွားပါတယ်။

DVB 

ရေမဆေးကျောက် ရှာဖွေနေကြသူများ

ရေမဆေးကျောက် ရှာဖွေနေကြသူများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသ ကျောက်စိမ်းမှော်မှာ နိုဝင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက မြေစာပုံကြားကနေ ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်နေတဲ့ လူသေအလောင်း တွေ့ရှိခဲ့ပါတယ်။

လစ်ဗျားအစိုးရလိုလားသော တပ်ဖွဲ့များက ဘင်ဂါဇီမြို့ အစိတ် အပိုင်းအချို့ကို ပြန်လည်သိမ်းပိုက်

Photo: လစ်ဗျားအစိုးရလိုလားသော တပ်ဖွဲ့များက ဘင်ဂါဇီမြို့ အစိတ် အပိုင်းအချို့ကို ပြန်လည်သိမ်းပိုက်
Monday, November 3, 2014

စစ်တပ်က တပ်စွဲထားသည့် နေရာများအပါ အဝင် ပြည်သူ့စစ်များက သိမ်းပိုက် ထားသည့် ဘင်ဂါဇီ၏ နယ်မြေအစိတ်အပိုင်းအချို့ကို အစိုးရ လိုလားသော လစ်ဗျားတပ်ဖွဲ့များက နိုဝင်ဘာ ၁ ရက်၌ ပြန်လည်သိမ်းပိုက်ကြောင်း စစ်ဘက် သတင်းများက ဆိုသည်။ ပြန်လည်သိမ်းပိုက်ရေး တိုက်ပွဲတွင် လူဒါဇင်နှင့်ချီ၍ သေဆုံးသည်ဟု ဆရာဝန်များက ဆိုသည်။

အစိုးရကျောထောက်နောက်ခံပြုပေးထား သည့် ရက်သတ္တနှစ်ပတ်ကြာ ထိုးစစ်တွင် ၂၅၄ ဦး သေဆုံးခဲ့ပြီးဖြစ်သည်ဟု ဆေးဘက်သတင်း များက ဆိုသည်။ အောက်တိုဘာ ၃၁ ရက်နှင့် နိုဝင်ဘာ ၁ရက်တို့၌ဖြစ်သည့် တိုက်ပွဲများတွင် လူ၃၆ဦးထက်မနည်းသေဆုံးသည်။ ဘင်ဂါဇီအရှေ့ ပိုင်းနှင့် တောင်ပိုင်းတို့တွင် ပြည်သူ့စစ်များကို ပုံမှန်အစိုးရစစ်တပ်နှင့် ဗိုလ်ချုပ်ကြီး ဟောင်း ခါလီဖာဟက်ဖ်တာကိုသစ္စာခံသူများက တိုက်ခိုက် စဉ် ၃၆ ဦး ထက်မနည်းသေဆုံးခြင်း ဖြစ်သည်။

အခြေခံဝါဒီိအန်ဆာအယ်လ်- ရှာရီယာ အုပ်စုအပါအဝင်ပြည်သူ့စစ်များက ဇူလိုင်လထဲ၌ သိမ်းပိုက်ခဲ့သည့် စစ်တပ်တပ်စွဲရာနေရာများကို အစိုးရ လိုလားသော တပ်များက ပြန်သိမ်းကြောင်း၊ ထို့ပြင်အစိုးရကို လိုလားသော တပ်များသည် ဘင်ဂါဇီတောင်ပိုင်းသို့ ချီတက်နေကြောင်း သိရ သည်။

ဘင်ဂါဇီ၏ အရှေ့တောင်ပိုင်း ဘိုအတ်နီ ဒေသရှိ ဘင်ဂါဇီလေဆိပ်သို့သွားရာ လမ်းပေါ် ရှိ စစ်တပ်၏ စခန်းများကို အစိုးရတပ်ဖွဲ့က ပြန်သိမ်း လိုက်သည်ဟု လစ်ဗျားအထူးတပ်ဖွဲ့က ဆိုသည်။

Ref: AFP
Yangon Media Group
စစ်တပ်က တပ်စွဲထားသည့် နေရာများအပါအဝင် ပြည်သူ့စစ်များက သိမ်းပိုက်ထားသည့် ဘင်ဂါဇီ၏ နယ်မြေအစိတ်အပိုင်းအချို့ကို အစိုးရလိုလားသော လစ်ဗျားတပ်ဖွဲ့များက နိုဝင်ဘာ ၁ ရက်၌ ပြန်လည် သိမ်းပိုက်ကြောင်း စစ်ဘက် သတင်းများက ဆိုသည်။ ပြန်လည်သိမ်းပိုက်ရေး တိုက်ပွဲတွင် လူဒါဇင်နှင့်ချီ၍ သေဆုံးသည်ဟု ဆရာဝန်များက ဆိုသည်။

စပါးဈေး ကျပ် သုံးသိန်းငါးသောင်းဖြင့် ဝယ်ယူပေးမည်ဖြစ်ပြီး ၎င်းဈေးထက် လျှော့မရောင်းရန် အသိပေး

Photo: စပါးဈေး ကျပ် သုံးသိန်းငါးသောင်းဖြင့် ဝယ်ယူပေးမည်ဖြစ်ပြီး ၎င်းဈေးထက် လျှော့မရောင်းရန် အသိပေး
Monday, November 3, 2014

ဧည့်မထ စပါး တင်း ၁၀၀ (တစ်တင်း ၄၆ ပေါင်) ကို ကျပ် ၃၅၀,၀၀၀ ဈေးနှုန်းဖြင့် ဝယ်ယူပေးမည်ဟု မြန်မာနိုင်ငံ
တောင်သူလယ်သမား အသင်းက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည်။

တောင်သူလယ်သမားများသည် စိုထိုင်း ဆ ၁၈ ရာခိုင်နှုန်းရှိသော စပါး တင်း ၁၀၀ လျှင် ကျပ် ၃၅၀,၀၀၀ ဈေးအောက်သို့ ရောင်းချခြင်းမပြုရန် သတိပေးထားပြီး ၎င်းဈေးနှုန်း မရရှိပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပိုရေးရှင်းနှင့် မြန်မာနိုင်ငံ
တောင်သူလယ်သမား အသင်းတို့ထံ ဆက်သွယ်ရောင်းချရန် အသိပေးထုတ်ပြန်ထားသည်။

ယခုနှစ် မိုးစပါးဈေး ကျဆင်းမည့်အခြေ အနေကို ကြိုတင်ကာကွယ်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော် အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီမှလည်း နိုင်ငံတော်အရန် ဆန်များကို တောင်သူများထံမှဝယ်ယူပေး မည်ဖြစ်သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာ့လယ်ယာစီးပွား အများပိုင် ကော်ပို ရေးရှင်း တို့က နယ်ကိုယ်စား လှယ်များထားရှိကာ စပါး ဝယ်ယူ ပေးမည်ဖြစ်ပြီး မြန်မာ့ရှေ့ဆောင်ဘဏ်မှလည်း သီးနှံအာမခံစနစ်ဖြင့် တောင်သူများ၊ စက်ပိုင် များ နှင့် ဆန်ကုန် သည်များကို ငွေထုတ်ချေးပေးသွားရန် စီစဉ်ထားခြင်းဖြစ် သည်။

မိုးစပါး ဧက ၁၆ သန်းမှ စပါးများရိတ် သိမ်းမည်ဖြစ်ရာ မိုးစပါးဈေးကျဆင်းမည် ကို တောင်သူများက စိုးရိမ် နေပြီး စပါးဈေးမှာ ထုတ်လုပ်မှု ကုန်ကျစရိတ်အောက် သို့ ရောက်ရှိသွားပါက တောင်သူများ၏ လူမှုစီးပွား ရေးကို များစွာထိခိုက်နိုင်သည့်အတွက် စပါးဈေး မကျဆင်းစေရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

သို့ဖြစ်ရာ တောင်သူများသည် မိုးစပါးများကို အချိန်မီ စနစ်တကျ ရိတ်သိမ်းပြီး အမိုးအကာအောက် သိုလှောင်ရုံသို့ လုံခြုံစွာရောက် ရှိအောင် ဆောင်ရွက်ထားရန် မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းက အကြံ ပြုထားသည်။

ပြီးခဲ့သည့်နှစ် မိုးစပါးပေါ်ချိန်၌ ဧည့်မထ စပါးဈေး တင်း ၁၀၀ ပေါက်ဈေးမှာ အနည်းဆုံး ကျပ်လေးသိန်းရှိ သော်လည်း လက်ရှိအချိန်၌ စပါးဈေးမှာ ကျပ်သုံးသိန်းခွဲဝန်း ကျင်ဈေးရှိနေပြီး အချို့ဒေသများတွင် စပါး ဈေးမှာ ကျပ်သုံးသိန်းခွဲအောက်သို့ စတင်ကျဆင်းလျက် ရှိနေသည်ဟု ဆန်စပါးလုပ်ငန်းအသိုင်းအ၀ိုင်းက ဆိုသည်။

ယခုနှစ်ကုန်ပိုင်းနှင့် လာမည့်နှစ်ဆန်းပိုင်းတို့တွင် ဧည့်မထဆန် တန်ချိန်နှစ်သိန်းကို တရုတ်နိုင်ငံသို့ တရားဝင် စတင်တင်ပို့ ရောင်းချနိုင် မည်ဖြစ်ရာ တောင်သူများအနေဖြင့် ရိတ်သိမ်းပြီးစပါးများကို အလျင်စလို ဈေးနှိမ်ခံရောင်းရန် မလိုအပ်ဘဲ ဈေးကောင်းရနိုင်ချေရှိသည့်အထိ စနစ်တကျပြင်ဆင်ပြီးမှ ရောင်းချသင့် သည်ဟု ဆန်စပါးလုပ်ငန်းရှင်များက အကြုံပြု ဆွေးနွေးထားသည်။

Mizzima - News in Burmese 

နေပြည်တော်ရှိ လယ်ယာတစ်ခုမှ ထွက်ရှိလာသော စပါးများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) မိုးစပါး ဧက ၁၆ သန်းမှ စပါးများ ရိတ်သိမ်းတော့မည် ဖြစ်သည်။
နေပြည်တော်ရှိ လယ်ယာတစ်ခုမှ ထွက်ရှိလာသော စပါးများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) မိုးစပါး ဧက ၁၆ သန်းမှ စပါးများ ရိတ်သိမ်းတော့မည် ဖြစ်သည်။
ဧည့်မထ စပါး တင်း ၁၀၀ (တစ်တင်း ၄၆ ပေါင်) ကို ကျပ် ၃၅၀,၀၀၀ ဈေးနှုန်းဖြင့် ဝယ်ယူပေးမည်ဟု မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည်။

အကြွေစေ့ ဂိမ်းဆိုင်များတွင် လောင်းကစားမှုရှိ

Photo: အကြွေစေ့ ဂိမ်းဆိုင်များတွင် လောင်းကစားမှုရှိ
Monday, November 3, 2014

အကြွေစေ့ဖြင့် ကစားရသော တီဗီဂိမ်းဆိုင်များကို ငွေကြေးဖြင့် လောင်းကြေးထပ် ကစားခွင့် မပြုထားသော်လည်း မန္တလေးခရိုင်အတွင်း ဖွင့်လှစ်ထားသည့် ဂိမ်းဆိုင်အချို့တွင် လောင်းကြေးထပ်ကစားခြင်းများ ရှိကြောင်း မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာက ပြောသည်။

“တချို့ဂိမ်းဆိုင်တွေဆို လောင်းကြေးက ငါးသိန်းအထက်လောက်ရှိတယ်လို့ လေ့လာသိရှိရပါတယ်။ အများအားဖြင့် ဂိမ်းဆိုင်ဆိုတော့ လူငယ်တွေပဲ လာတာများသလို ဒီလိုလောင်းကြေးထပ်ကစား ခွင့်ပြုထားတာဟာ အကျင့်စာရိတ္တကိုပါ ပျက်စီးစေပါတယ်” ဟု ၎င်းက ပြောသည်။

အကြွေစေ့ဖြင့် ကစားရသည့် ပန်းသီးဂိမ်း၊ ငါးပစ်ဂိမ်းအစရှိသည့် တီဗီဂိမ်းဆိုင်များတွင် လူငယ်များသာမက လူကြီးများလည်း လာရောက် ကစားကြပြီး အချို့မှာ အဖွဲ့လိုက်လောင်းကြေးထပ်ခြင်း၊ ငွေကြေး သာမက ဆိုင်ကယ်၊ အခြားလက်ဝတ် လက်စားပစ္စည်းများကိုအား အပေါင်ထား၍ ကစားခြင်းများလည်း ရှိသည်ဟု စုံစမ်းသိရသည်။

မန်းစည်ပင်နယ်နိမိတ်အတွင်း အဆိုပါဂိမ်းဆိုင်များ ဖွင့်လှစ်ရန် လုပ်ငန်းလိုင် စင်ထုတ်ပေးလျက်ရှိသည့် သန့်ရှင်းရေးဌာနက တီဗီဂိမ်းဆိုင်များတွင် အနိုင်အရှုံး လဲလှယ်သည့်အခါ အကြွေစေ့များကို ငွေကြေးဖြင့် လဲလှယ်ခွင့်မပြုဘဲ အရုပ်များဖြင့်သာ လဲလှယ်ခွင့်ပေးထားပြီး ငွေကြေးဖြင့် လောင်းကြေးထပ် ခွင့်မပြုထားကြောင်း အဆိုပါဌာန၏ ဌာနမှူး ဦးနေဝင်းမြင့်က ပြောသည်။

ချမ်းမြသာစည်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် တီဗီဂိမ်းဆိုင်တွင် လူငယ်များ ညစဉ်လာရောက် ဆော့ကစားမှုများသည်ဟု ဆိုသည်။

“အဲဒီဂိမ်းဆိုင်က ညပိုင်းမှ ဖွင့်တာ။ ဒါတောင် ဆိုင်တံခါးကို တစ်ချပ်ပဲဖွင့်ထားပေမယ့် ဆိုင်ရှေ့မှာတော့ ဆိုင်ကယ်တွေကို အများကြီးပဲ” ဟု ၎င်းမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

ငွေကြေးပစ္စည်းများဖြင့် လောင်းကြေး ထပ်ကစားခွင့်ပြုလျက်ရှိသည့် ဂိမ်းဆိုင် များကို တွေ့ရှိပါက အသိပေး တိုင်ကြားနိုင်ပြီး သက်ဆိုင်ရာက ဆိုင်ရှင်နှင့် လောင်းကစား ပြုလုပ်သူကို ဥပဒေအရ အရေးယူခြင်း၊ ဆိုင်ရှိပစ္စည်းများကို သိမ်းဆည်းခြင်းမည်ဖြစ်ကြောင်း မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူး ကြီး အောင်ကျော်မိုးက ပြောသည်။

Mizzima - News in Burmese
အကြွေစေ့ဖြင့် ကစားရသော တီဗီဂိမ်းဆိုင်များကို ငွေကြေးဖြင့် လောင်းကြေးထပ် ကစားခွင့် မပြုထား သော်လည်း မန္တလေးခရိုင်အတွင်း ဖွင့်လှစ်ထားသည့် ဂိမ်းဆိုင်အချို့တွင် လောင်းကြေးထပ်ကစားခြင်းများ ရှိကြောင်း မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်မာက ပြောသည်။

စင်ကာပူသုံး အဆင့်မြင့် စက်သုံးဆီ တင်သွင်းရန် စီစဉ်

Photo: စင်ကာပူသုံး အဆင့်မြင့် စက်သုံးဆီ တင်သွင်းရန် စီစဉ်
Monday, November 3, 2014

စင်ကာပူနိုင်ငံသုံး အဆင့်မြင့် စက်သုံးဆီများ သုံးစွဲနိုင်ရန်နှင့် စက်သုံးဆီ တင်သွင်းခြင်းနှင့် အရည်အသွေး ကန့်သတ်ချက်များကိုလည်း ပြင်ဆင်နိုင်ရန် စွမ်းအင်ဝန်ကြီးဌာနသို့ တင်ပြထားသည်ဟု မြန်မာနိုင်ငံ စက်သုံးဆီအသင်း အတွင်းရေးမှူးက ပြောသည်။

ဒေါက်တာဝင်းမြင့်က “တစ်ဂါလန် ၂၀ ကျပ်လောက် အရင်က လျော့သွားတာကနေ အခု ၂၀ ကျပ်လောက် တိုးသွားမှာပေါ့” ဟု မဇ္ဈိမကို ဖြေကြားသည်။

လက်ရှိမြန်မာနိုင်ငံတွင် သုံးစွဲလျက်ရှိသော ဓာတ်ဆီ၊ ဒီဇယ်များ အရည်အသွေး ညံ့ဖျင်းမှုကြောင့် ယာဉ်ပိုင် ရှင်များသည် ယာဉ်၏စက်ပိုင်းဆိုင်ရာ ပျက်စီးမှုများ ကြုံတွေ့နေရရာ ကုန်သွယ်ခြင်း အခက်အခဲနှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ ပိုမိုကျခံနေရခြင်းအတွက် ဖြေရှင်းနိုင်ရန် အဆင့်မြင့် စက်သုံးဆီများတင်သွင်း ရောင်းချရန် စီစဉ်နေသည်ဟု ဆိုသည်။

ထို့အပြင် ယခင်က မြန်မာနိုင်ငံသို့ တင်သွင်းသည့် စက်သုံးဆီအရည် အသွေးကန့်သတ်ချက်များသည် နှစ်ပေါင်းကြာခဲ့ပြီဖြစ်၍ စည်းကမ်းချက်များ ထပ်တိုးပြင်ဆင်သတ်မှတ်ရန်လည်း စွမ်းအင်ဝန်ကြီးဌာနသို့ တင်ပြ ထား ကြောင်းသိရသည်။ ယင်းသည် စင်ကာပူနိုင်ငံကဲ့သို့ အဆင့်မြင့်စက်သုံးဆီ သုံးစွဲနိုင်ရန် ရည်ရွယ်သည် ဟု ဒေါက်တာ ဝင်းမြင့် က ပြောသည်။

Mizzima - News in Burmese

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းတွင် ဖွင့်လှစ်ထားသည့် စက်သုံးဆီအရောင်း ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းတွင် ဖွင့်လှစ်ထားသည့် စက်သုံးဆီအရောင်း ဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
စင်ကာပူနိုင်ငံသုံး အဆင့်မြင့် စက်သုံးဆီများ သုံးစွဲနိုင်ရန်နှင့် စက်သုံးဆီ တင်သွင်းခြင်းနှင့် အရည်အသွေး ကန့်သတ်ချက်များကိုလည်း ပြင်ဆင်နိုင်ရန် စွမ်းအင်ဝန်ကြီးဌာနသို့ တင်ပြထားသည်ဟု မြန်မာနိုင်ငံ စက်သုံးဆီ အသင်း အတွင်းရေးမှူးက ပြောသည်။

မင်းပြားမြို့နယ် ဒေသအချို့တွင် ဆားငံရေ၀င်၍ လယ်ဧက ထောင်ချီ ပျက်စီး

Photo: မင်းပြားမြို့နယ် ဒေသအချို့တွင် ဆားငံရေ၀င်၍ လယ်ဧက ထောင်ချီ ပျက်စီး
Monday, November 3, 2014

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ကျေးရွာအုပ်စု (၃) ခုဖြစ်သော ကျွဲတက်၊ မညင်းပြင်နှင့် အိုင်ဝမ်း တို့တွင် ရာသီဥတု ဖေါက်ပြန်ပြီး ဒီရေများ ၀င်ရောက်ရာမှ စပါးမသီးဘဲ လယ်ဧက ထောင်နှင့် ချီပြီး ပျက်စီးသွားခဲ့သည်ဟု သိရသည်။

“ ကျွန်တော်တို့ ကျွဲတက်အုပ်စုမှာ စိုက်ပျိုးဧက ၈၉၈ ဧကရှိပါတယ်။ အဲဒီ အထဲက လယ်သမား ၃၀ ကျော်ပိုင်ဆိုင်တဲ့ လယ်ဧက ၃၅၉ ဧက ပျက်စီးသွားပါ တယ်။ စပါးလုံးဝ မရပါဘူး ခင်ဗျား” ဟု ကျွဲတက် ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ကျွဲတက်အုပ်စု အပြင် အနီးအနားမှ အိုင်ဝမ်းနှင့် မညင်းပြင် ကျေးရွာ အုပ်စု တို့နှင့် ပေါင်းလျှင် ပျက်စီးနေသော လယ်ဧကမှာ တစ်ထောင်ကျော်ခန့်ရှိ ကြောင်း၊ ယခုအခါ စာရင်း ပြုစုပြီး မြို့နယ်သို့ တင်ပြထားကြောင်း သူက ပြောဆိုသည်။

ယခုကဲ့သို့ လယ်များ ပျက်စီးရခြင်း အဓိက အကြောင်းအရင်းမှာ တာတမံများ ကို နိုင်အောင် မဆည်ဖို့ရာမှ ဆားငံရေများ ဒီရေနှင့် အတူ ၀င်ရောက်လာ၍ ဖြစ်ကြောင်း သိရသည်။

“ တာတမံတွေကို ဆည်ဖို့တဲ့ နေရာမှာ အပိုင်းလိုက် ဆည်တဲ့ နေရာက ဆည် တယ်။ မဆည်ဘဲထားတဲ့ တာတမံ တွေဘက်က ပင်လယ် ဆားငံရေတွေ ၀င်လာ တော့ လယ်တွေ အကုန်လုံးပျက်စီးသွားတယ်” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုသည်။

သို့သော် ဆားငံရေ ၀င်ရောက်သော အပိုင်းများကို ယခုနှစ် စက်တင်ဘာလမှ စတင်ပြီး ပြန်လည် စတင် ဆည်ဖို့နေသည်ဟု ပြောသည်။

ယခုနှစ်တွင် ရာသီ ဥတု ဖေါက်ပြန်ပြီး မိုးနှောင်းပိုင်းတွင် မိုးလည် မရွာရာမှ ဆားငံရေ ၀င်သောလယ်များမှာ လုံးဝ ပျက်စီး သွားခဲ့ရကြောင်း ကျွဲတက် ကျေးရွာ မှ လယ်သမားကြီး တစ်ဦးဖြစ်သူ ဦးရွှေသာမောင် က ပြောသည်။

“ ဒီနှစ်က မုန်တိုင်းတွေ ဖြစ်ပေါ်ခဲ့တဲ့ အတွက် ဒီရေတွေတက်တာကို ဘကြီးတို့ ဒေသမှာ ကြုံခဲ့ရတယ်။ ရာသီဥတုလည်း ဖေါက်ပြန်တဲ့ သဘောရှိတယ်။ မိုးနှောင်းပိုင်း မိုးကလုံးဝ မရွာတော့ လယ်တွေမှာ ၀င်နေခဲ့တဲ့ ဆားငံရေတွေက ဒီအတိုင်း ကျန်နေခဲ့တော့ လယ်တွေအကုန်လုံး အက်ကွဲပြီး စပါးလုံးဝ မသီး ဖြစ်သွားတော့တာပါဘဲ” ဟု ဆိုသည်။

လယ်ယာစိုက်ပျိုးရေးကိုသာ အဓိက အားကိုးနေကြရသော မိသားစုများ အနေဖြင့် စပါးစိုက်ခင်းများ ပျက်စီးသွားသဖြင့် အနာဂတ်အတွက် စားဝတ် နေရေးကိုသာမက ကလေးငယ်များ၏ ပညာရေးအတွက်ကိုပါ စိုးရိမ်ပူပန်မူများ ရှိနေကြောင်း ဦးရွှေသာမောင်ကဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသာကျော်အား ဆက်သွယ်မေးမြန်းရာ သူက ယခုလို ပြောဆိုသည်။

“ ဒီကိစ္စ ကျနော်ကိုယ်တိုင်ဆင်းပြီး လေ့လာကြည့်ရှု့ စစ်ဆေးခဲ့တယ်။ လယ်တွေ က ပျက်စီးသွားတာ အများကြီးဘဲ။ ဧက ထောင်ချီရှိတယ်။ တာတမံတွေ မဆည်ဘဲ ထားတဲ့အပြင် အဓိက ပုဇွန်မွေးတဲ့သူတွေကြောင့်လည်း ပါတယ်။ သူတို့က ဆားငံရေတွေကို သွင်းပြီး ပုဇွန်မွေးတော့ လယ်တွေက ပျက်စီးတယ်။ အခုလာမယ့် လွှတ်တော် အစည်းအဝေးမှာ ကျနော် ဒီကိစ္စကို တင်ပြဖို့ စီစဉ်ထားတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် အတွင်း စပါးစိုက်ပျိုး၍ အရှုံးပေါ်သဖြင့် အချို့ လယ်သမားများ မှာ စပါးစိုက်ပျိုးရေးကို စိတ်မ၀င်စားတော့ဘဲ လယ်မြေများကို ဆားငံရေများ သွင်း ကာ ပုဇွန်မွေးမြူလာကြသည်ဟု သိရသည်။ သို့အတွက် ပင်လယ်၊မြစ်ေ ချာင်း များနှင့် နီးစပ်သော အပိုင်းများတွင် စိုက်ပျိုးလယ်များ ပျက်စီးမူ ပိုများ သည်ဟု သိရသည်။

နိရဉ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ကျေးရွာအုပ်စု (၃) ခုဖြစ်သော ကျွဲတက်၊ မညင်းပြင်နှင့် အိုင်ဝမ်း တို့တွင် ရာသီဥတု ဖေါက်ပြန်ပြီး ဒီရေများ ၀င်ရောက်ရာမှ စပါးမသီးဘဲ လယ်ဧက ထောင်နှင့် ချီပြီး ပျက်စီးသွားခဲ့ သည်ဟု သိရသည်။

CR 7 အတွင်းခံ တစ်နှစ်ပြည့် အောင်ပွဲခံခဲ့တဲ့ ခရစ္စတီယာနို

Photo: CR 7 အတွင်းခံ တစ်နှစ်ပြည့် အောင်ပွဲခံခဲ့တဲ့ ခရစ္စတီယာနို
Monday, November 3, 2014

စပိန်၊ စက်တင်ဘာ ၃။ ဘောလုံးကွင်း ထဲမှာ ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူပြီး အောင်မြင်မှုတွေ ရရှိ နေတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကွင်းပြင်ပ မှာလည်း စီး ပွားရေး အရ အောင်မြင်မှုတွေ စိုက်ထူ ထားနိုင် ပါတယ်။

CR 7 အမှတ်တံဆိပ်နဲ့ ထုတ်ဝေ ခဲ့တဲ့ စီရော်နယ်ဒိုရဲ့ အတွင်းခံ ကုမ္ပဏီဟာ အခုဆိုရင် တစ်နှစ်ပြည့် အောင်ပွဲ ခံနိုင်ခဲ့ပြီ   ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင် ထုတ်ဝေခဲ့တဲ့ CR 7 အတွင်းခံ တွေဟာ ကမ္ဘာ တစ်ဝှမ်းမှာ အောင်မြင်မှု ရရှိနေ တာပါ။ စတင် ထုတ်ဝေ ကတည်းက လန်ဒန်၊ ပဲရစ်၊ ရှန်ဟိုင်း၊ မက်ဒရစ်၊ မီလန်၊ အယ်လ်အေ စတဲ့ ကမ္ဘာ့ နာမည် ကြီး မြို့ကြီး တွေမှာ တစ်ပြိုင်နက် ထုတ်ဝေ ခဲ့ပြီး အောင်မြင်မှု ရခဲ့တာ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ ဟောလိုး ၀င်းနေ့ ကလည်း   ဟောလိုးဝင်း အထူးထုတ် ဆိုပြီး အတွင်းခံတွေ ထုတ်ဝေခဲ့ ပါသေးတယ်။

စီရော်နယ်ဒိုဟာ CR 7 အတွင်းခံ ဘောင်းဘီပုံစံ ကိတ်မုန့်ကို ကိုယ်တိုင်လှီးပြီး ကိုယ်တိုင်စားကာသူ့ကုမ္ပဏီတစ်နှစ်ပြည့် အတွက် အောင်ပွဲခံ ခဲ့ပါတယ်။ဘော လုံးကွင်း ပြင်ပမှာ ကျေနပ် ပျော်ရွှင်နေတဲ့ စီရော်နယ်ဒိုရဲ့ ပုံစံကို တွေ့မြင်ခဲ့ရ ပါ တယ်။

စီရော်နယ်ဒိုဟာ ဒီရာသီမှာ ရီးယဲလ် အတွက် အထူး ခြေစွမ်းပြ ကစားပြီး ပြိုင်ပွဲ ပေါင်းစုံမှာ ၂၃ ဂိုး အထိ သွင်းယူထား ပါတယ်။ လာလီဂါရဲ့ အကောင်းဆုံးတိုက် စစ်မှူး ဆုကို ရရှိခဲ့တဲ့ စီရော်နယ်ဒို တစ်ယောက် ကမ္ဘာ့ အကောင်းဆုံး ဘော လုံးသမား ဆုကိုလည်း ရရှိဖို့ ရေပန်းစား နေပါတယ်။

Mizzima - News in Burmese
စပိန်၊ စက်တင်ဘာ ၃။ ဘောလုံးကွင်းထဲမှာ ဂိုးတွေတဒိုင်းဒိုင်း သွင်းယူပြီးအောင်မြင်မှုတွေရရှိနေတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကွင်းပြင်ပမှာလည်း စီးပွားရေးအရ အောင်မြင်မှုတွေ စိုက်ထူထားနိုင်ပါတယ်။

ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်ရှိ တံတားတစ်စင်းကျိုး၊ ငါးမိုင်ခန့်အထိ လမ်းများပိတ်ဆို့၊ လမ်းလွှဲတစ်ခု အမြန်လုပ်ကာ လမ်းရှင်းပေးနေရ

Photo: ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်ရှိ တံတားတစ်စင်းကျိုး၊ ငါးမိုင်ခန့်အထိ လမ်းများပိတ်ဆို့၊ လမ်းလွှဲတစ်ခု အမြန်လုပ်ကာ လမ်းရှင်းပေးနေရ
Monday, November 3, 2014

ရန်ကုန်-ပုသိမ်လမ်းမကြီးတွင် တံတားတစ်စင်း ကျိုးပျက်မှုကြောင့် ငါးမိုင်ခန့်အထိ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေသဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးသို့သွားသည့် ကားများ ပုံမှန်ပြေးဆွဲသည်ထက် ထက်ဝက်ခန့် လျှော့ချခဲ့ရပြီး လမ်းလွှဲကိုပြုလုပ်ကာ သွားလာနေကြရကြောင်း သိရသည်။

အဆိုပါတံတားသည် ရန်ကုန် -ပုသိမ်လမ်းမကြီး၊ ပန်တိုင်ကျေးရွာ အနီးရှိ မိုင်တိုင်အမှတ် ၁၆ မိုင်၇ ဖာလုံတွင် တည်ရှိပြီး ကြံ့ခိုင်မှုအား နည်းခြင်းကြောင့် အောက်တိုဘာ ၁ရက်ည ၈နာရီခန့်တွင် တံတား အောက်ခြေယိုင်နဲ့မှုဖြစ်ပေါ်ကာ တံ တားမျက်နှာပြင်များ အက်ကွဲမှုဖြစ် ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတံတားပျက်စီးမှုကြောင့် ကားများမှာ စက်တင်ဘာ ၁ရက် ည ၈နာရီလောက်မှ စတင်ကာ သွားလာနိုင်ခြင်းမရှိတော့ ဘဲ နံနက် ၁ဝနာရီကျော်လောက်မှသာ လမ်း လွှဲ တစ်ခုပြုလုပ်ပြီးသွားလာကြရ ခြင်းဖြစ်ကြောင်း သိရသည်။

ကားလမ်းကြောင်း ပိတ်ဆို့မှုများ ကို ဖြေးရှင်းပေးနေသော ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိကြီး တစ်ဦးက''တံတားကမကောင်းတော့ ယာဉ်လိုင်းတွေက လမ်းတစ်လျှောက် လုံးပိတ်နေတာ။ ကျွန်တော်တို့ညက တည်းကရောက်ပြီး ဖြေရှင်းနေပါ တယ်။ တံတားကသွားလို့မရတော့ ဘေးကနေ လမ်းလွှဲလုပ်ပြီးဖြေရှင်း နေရတယ်။ နံနက်၁ဝနာရီလောက် ကစပြီး ကားတွေလွှတ်နေပါတယ်။ အများကြီးလွှတ်လို့တော့ မရသေးဘူး။ တစ်ဖက်ကိုဆယ်စီးစီ အလှည့်ကျ နဲ့လွှတ်နေရပါတယ်''ဟု ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ခရီးသွား များကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ရပြီး များစွာဒုက္ခရောက်ခဲ့ကြရကြောင်း ခရီးသွားများက ဆိုသည်။

မြောင်းမြမှရန်ကုန်သို့လာရောက် သည့်ခရီးသည်တစ်ဦးက''အညာကို သွားဖို့လက်မှတ်တွေဖြတ်ခိုင်းထား တာပါ။ အချိန်တွေအများကြီးကွာ ချိန်းထားတာပါ။ အခုတော့ကားလမ်း ကြောင်း ပိတ်ဆို့မှုဖြစ်တာနဲ့ပုံမှန် ထွက်တဲ့လေး နာရီကားချိန်က မမီ တော့ပါဘူး။ အဲ့ဒါကြောင့် အခြားအချိန် ကိုမနည်းတောင်းပန်ပြီး ချိန်းခိုင်းရပါ တယ်။ တခြားသူတွေကတော့ ယာဉ်ကြောပိတ်တာကို မစောင့်နိုင် ကြလို့ ဆိုင်ကယ် Taxi တွေငှားသွား ရတော့ ပိုက်ဆံတွေလဲ ပိုကုန်တာပေါ့'' ဟုပြောသည်။

ယင်းသို့လမ်းပိတ်ဆို့မှုကြောင့် ခရီးသည်တင်ယာဉ်အချို့သည် ရန် ကုန်-မအူပင်လမ်းခွဲမှတစ်ဆင့် ထွက် ခွာမှုများပြုလုပ်နေကြကြောင်း သိရ သည်။

ရန်ကုန်မှမြောင်းမြသို့ပြေးဆွဲ သည့်ကားသမားတစ်ဦးက''မြောင်း မြကနေ ရန်ကုန်ကို ပုံမှန်ကားကြာချိန် က ည ၉နာရီထွက်လျှင် နံနက် ငါးနာရီလောက်မှာ ရန်ကုန်ကားကွင်း ကိုရောက်ပေမယ့်အခုက ညနေ ၃ နာရီလောက်မှ ရောက်တယ်။ ကျွန် တော်တို့က အခြားယာဉ်လိုင်းတွေ လိုကားကရှိတာမဟုတ်ဘူး။ အခု ကျွန်တော်တို့ ကားရန်ကုန်ပြန်မရောက် တော့ လက်မှတ်တွေရောင်းထား ပြီးကမောက်ကမဖြစ်ကုန်ပြီ''ဟုပြော သည်။

ဒဂုံဧရာအဝေးပြေးရှိ မော်တော် ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်း ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး က''ဒီကနေ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးကို နေ့စဉ်ပြေးဆွဲနေတာ ကားအစီး ၁၈ဝလောက်ရှိပါတယ်။ အခုတော့ ၈ဝလောက်ပဲ ရှိပါတယ်။ သူတို့က မပြေးဆွဲတော့ဘဲ ဟိုဘက်က ကားကို ဟိုဘက်မှာထားပြီး ဒီဘက် ကကားနဲ့ခရီးသည်ကို အပြောင်းအ ရွှေ့ပြုလုပ်ခဲ့ရပါတယ်''ဟုပြောသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ဧရာ ဝတီတိုင်းဒေသကြီးသို့ပြေးဆွဲနေသော ယာဉ်လိုင်းပေါင်း ၈ဝ ကျော်ရှိ ကြောင်း သိရသသည်။

AA
Yangon Media Group
ရန်ကုန်-ပုသိမ်လမ်းမကြီးတွင် တံတားတစ်စင်း ကျိုးပျက်မှုကြောင့် ငါးမိုင်ခန့်အထိ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေသဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးသို့သွားသည့် ကားများ ပုံမှန်ပြေးဆွဲ သည် ထက် ထက်ဝက်ခန့် လျှော့ချခဲ့ရပြီး လမ်းလွှဲကိုပြုလုပ်ကာ သွားလာနေကြရကြောင်း သိရသည်။

CDMA 800 MHz ၇၃ ဖုန်းများ ပြန်သိမ်းဖွယ်ရှိနေ ပြန်သိမ်းပါက နစ်နာမှုမရှိစေရန် ဆောင်ရွက်မည်ဟုဆို

Photo: CDMA 800 MHz ၇၃ ဖုန်းများ ပြန်သိမ်းဖွယ်ရှိနေ ပြန်သိမ်းပါက နစ်နာမှုမရှိစေရန် ဆောင်ရွက်မည်ဟုဆို
Monday, November 3, 2014

ပြောင်းလဲ လာသော နည်းပညာအပြောင်းအ လဲအရ ၇၃ ဖြင့်စသည့် စီဒီအမ်အေ မိုဘိုင်းဖုန်းများကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက ပြန်လည်သိမ်းဆည်း သွားဖွယ်ရှိနေကြောင်း ဆက်သွယ်ရေး နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

ဆက်သွယ်ရေးနက်ဝပ်ခ်ပိုင်း နှင့်ပတ်သက်၍ ကျွမ်းကျင်သည့် အင်ဂျင်နီယာတစ်ဦးက''နည်းပညာ ပိုင်းအရဆိုရင် ၇၃ ဖုန်းတွေက Upgrade လုပ်ဖို့ သိပ်အဆင်မပြေ တာမျိုးရှိတယ်၊ နောက်ပိုင်းနည်း ပညာမြင့်လာတာနဲ့အမျှ စနစ်တွေ က အားလုံးပြောင်းလဲသွားမှာပဲ၊ နိုင်ငံတကာသုံးနေတဲ့ ဂျီအက်စ်အမ် စနစ်ကိုပဲ သွားမှာဖြစ်တယ်'' ဟုပြော သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ကျပ် ငါးသိန်းဖြင့် ရောင်းချခဲ့သည့် CDMA 800 MHz ဖုန်းများ လတ်တလောသိမ်းရန် အစီအစဉ် မရှိသေးဘဲ နည်းပညာတိုးမြှင့်မှုအရ ပြန်သိမ်းမည်ဆိုပါက ဝန်ကြီးဌာန အနေဖြင့် သုံးစွဲသူများနစ်နာမှု မရှိရန် ဆောင်ရွက်ပေးသွားမည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြော သည်။

'Technology ပေါ်မူတည်ပြီး အော်ပရေတာက ရွေးချယ်သွားမှာ ပါ၊ လက်ရှိ ရှိတဲ့ဖုန်းကို ဒီနည်းပညာ မသုံးတော့ဘူးဆိုပြီး လုပ်လို့တော့မ ရဘူး၊ အဲဒီ့ဟာအတွက် ပြန်အစား ထိုးဖို့အတွက် လိုအပ်တယ်၊ မိုဘိုင်း ဖုန်းနည်းပညာတွေအရ ဥပမာ- 2G ကစကြတယ်၊ လူတွေလဲကြိုက် ကြတယ်၊ 3G ကိုစကြတယ်၊ 2G ကို ရုပ်သိမ်းမယ်ဆိုရင် အစားထိုးပေးရ မယ်'' ဟု ဒုတိယဝန်ကြီးဦးသောင်း တင်က ပြောသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ယင်းစီဒီအမ်အေ ဖုန်းများကို အင်တာနက်လျှောက် ထား၍ အသုံးပြုခွင့်ပေးထားခဲ့သော် လည်း နောက်ပိုင်းရောင်းချသည့် မို ဘိုင်းဖုန်းများကိုမူ အင်တာနက်လျှောက် ထားမှုရပ်ဆိုင်းထားခဲ့ကြောင်း သိရ သည်။

''၇၃ စီဒီအမ်အေဖုန်းတွေ သိမ်းမယ်ဆိုရင် Customer တွေ ကို အကြောင်းကြားရမယ်၊ မနစ်နာ အောင်ဆောင်ရွက်ပေးမှာပါ၊ တကယ် လို့နစ်နာခဲ့မယ်ဆိုရင် regulator က နေ ပြန်ကိုင်ပေးရမှာပေါ့''ဟု ဒုတိယ ဝန်ကြီးက ဆက်လက်ပြောသည်။

အဆိုပါ CDMA 800 MHz ဖုန်းများကို၂ဝ၁ဝ ပြည့်နှစ်နောက် ပိုင်းမှစတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး အလုံးရေ သောင်းဂဏန်းဝန်းကျင် ဖြန့်ဖြူးထားကြောင်း သိရသည်။

မိုဘိုင်းနှင့်ပတ်သက်၍ နည်းပညာ အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့ သည့်အတွက် ၉၉ ဖြင့်စသည့်ဆယ် လူလာဖုန်းများ၊ ၈ဝ ဖြင့်စသည့် စီဒီ အမ်အေဖုန်းများကို အစားထိုးလဲ လှယ်ပေးခဲ့သည်။

PPT
Yangon Media Group
ပြောင်းလဲ လာသော နည်းပညာအပြောင်းအ လဲအရ ၇၃ ဖြင့်စသည့် စီဒီအမ်အေ မိုဘိုင်းဖုန်းများကို မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းက ပြန်လည်သိမ်းဆည်း သွားဖွယ်ရှိနေကြောင်း ဆက်သွယ်ရေး နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

အာရှ နားမကြားလူငယ်ဖိုရိမ် မြန်မာကိုယ်စားလှယ်များ တက်ရောက်

Photo: အာရှ နားမကြားလူငယ်ဖိုရိမ် မြန်မာကိုယ်စားလှယ်များ တက်ရောက်
Monday, November 3, 2014

ကမ္ဘာ့ နားမကြားအဖွဲချုပ်ရဲ့ ၇ ကြိမ်မြောက် အာရှ နားမကြား လူငယ်ဖိုရမ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အမိုရာဟိုတယ်မှာ ကျင်းပပြုလုပ်နေပါတယ်။

Mg Luu Ngeမြန်မာနိုင်ငံက ကိုယ်စားလှယ် ၃ ဦးအပါအ၀င် အာရှဒေသ ၁၆ နိုင်ငံက ကိုယ်စားလှယ် ၇၀ ကျော် တက်ရောက်ပါတယ်။ အဲဒီ အစည်းအဝေးကို နိုဝင်ဘာ ၂ ကနေ ၇ ရက်နေအထိ ပြုလုပ်မှာ ဖြစ်ပြီး အာရှ နားမကြားလူငယ်တွေရဲ့ အခွင့်အရေး၊ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲ စိန်ခေါ်ချက်တွေကို ဆွေးနွေးသွားမှာပါ။

“နားမကြား လူငယ်တွေကြားမှာ ဘာသာစကား ဆက်သွယ်မှု အခက်အခဲ ရှိနေပြီး မိသားစုတွင်းမှာ Sign Languae သုံးတာကို သဘောမကျဘဲ Spoken Language သုံးဖို့ ဖိအားပေး ခံနေရတယ်။

နားမကြားလူငယ် မိန်းကလေးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ ရှိနေတာကို စုစည်းဖြေရှင်း ပေးရမယ်လို့ ဖိုရိမ်ကို တက်ရောက်နေတဲ့ နားမကြားလူငယ်တဦး ဖြစ်တဲ့ မောင်လူငယ်က ပြောပါတယ်။

ဒီဗွီဘီ
ကမ္ဘာ့နားမကြားအဖွဲချုပ်ရဲ့ ၇ ကြိမ်မြောက် အာရှနားမကြားလူငယ်ဖိုရမ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အမိုရာ ဟိုတယ် မှာ ကျင်းပပြုလုပ်နေပါတယ်။

ရုပ်ရှင် အစည်းအရုံး ရွေးကောက် ပွဲတွင် ပါဝင် ရွေးချယ် ခံလို သူများ နိုဝင်ဘာ ၄ ရက်မှ စတင် လျှောက်ထား နိုင်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်သစ် ရွေးကောက်ပွဲကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည်ဖြစ်ရာအမှု ဆောင်အသစ်အဖြစ် ပါဝင်ရွေးချယ်လိုသူများ နိုဝင်ဘာ ၄ ရက်မှ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး သို့ လျှောက်ထား နိုင် ကြောင်းသိရသည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်အသစ် ရွေးချယ်ပွဲကို နှစ်နှစ်တစ်ကြိမ် ကျင်းပမည်ဖြစ် သော်လည်း မူလက ကျင်းပရမည့် ဧပြီလတွင် ကျင်းပနိုင်ခြင်းမရှိဘဲ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ မှသာ ပြောင်းရွှေ့ ကျင်းပနိုင် ခဲ့ခြင်းဖြစ်သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၂ဝ၁၉ ခုနှစ်တွင် အပြီး တည်ဆောက်ရန် လျာထားသော်လည်း ၂ဝ၂ဝ ပြည့်နှစ် မှသာ ပြီးစီးနိုင်မည်

Photo: ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၂ဝ၁၉ ခုနှစ်တွင် အပြီး တည်ဆောက်ရန် လျာထားသော်လည်း ၂ဝ၂ဝ ပြည့်နှစ် မှသာ ပြီးစီးနိုင်မည်
Monday, November 3, 2014

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းကို ၂ဝ၁၉ ခုနှစ်တွင် အပြီး တည်ဆောက်ရန် လျာထား ခဲ့သော်လည်း ၂ဝ၂ဝ ပြည့်နှစ် ရောက်မှသာ ပြီးစီးနိုင်မည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းကို ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကျောက်တိုင်ကန် ကျေးရွာအနီး လေယာဉ်ကွင်းဟောင်း၌ မြေဧက ၉၆၉ဝ ပေါ်တွင် တည်ဆောက်မည် ဖြစ်သည်။ ယင်းစီမံကိန်းကို ၁၉၉၄ ခုနှစ် ကတည်းက စတင်ခဲ့ခြင်း ဖြစ်ပြီး ၂ဝဝဝ ပြည့်နှစ်တွင် တည်ဆောက်ရန် Incheon Airport Consortium ကုမ္ပဏီအား ရွေးချယ်ခဲ့သော်လည်း ကုမ္ပဏီမှ တည်ဆောက်ရန် ငွေကြေး လုံလောက်ခြင်း မရှိသောကြောင့် ၂ဝ၁၃ ခုနှစ်တွင် စီမံကိန်း ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။ ယခုအခါ ယင်းစီမံကိန်းကို ပြန်လည် ဆောင်ရွက် နိုင်ရန် ဂျပန်နိုင်ငံ အတိုင်ပင်ခံ Nippon Koei ကုမ္ပဏီကို ငှားရမ်းပြီး လက်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ထပ်မံတိုးချဲ့ တည်ဆောက်ရန် မြေနေရာ အခက်အခဲ ရှိသည့်အတွက် ခရီးသည် ၁၂ သန်းဆံ့ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ်ကို တည်ဆောက်ရခြင်း ဖြစ်ကြောင်း သိရသည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မဆင်းသက်နိုင်သော Air Bus 380 လေယာဉ်ကြီးများပါ ယင်း လေဆိပ်တွင် ဆင်းသက် ဆိုက်ရောက်နိုင်ကြောင်း၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက် နေသည့် ကာလအတွင်း လေဆိပ်ဆိုင်ရာ သင်တန်းပေးပြီး ဒေသတွင်း အလုပ်အကိုင်များ ရရှိအောင် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံခြားသား ပညာရှင်များအား စီမံခန့်ခွဲမှု အပိုင်း များတွင် ခန့်အပ်သွားမည်ဖြစ်ပြီး ကျန် ရာထူးများတွင် မြန်မာနိုင်ငံသားများ ကိုသာ ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ခရီးသည် ခြောက်သန်း ဝင်ဆံ့ နိုင်ရန် တိုးချဲ့လျက်ရှိပြီး ဟံသာဝတီ လေဆိပ် မဖွင့်လှစ်သေးမီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်တွင်းပြည်ပ ခရီးစဉ်များကို ပြေးဆွဲမည်ဖြစ်ကာ ဟံသာဝတီလေဆိပ် စတင် အသုံးပြုချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ အားလုံးကို အဆိုပါလေဆိပ်သို့ ပြောင်းရွှေ့မည် ဖြစ်သည်။ သို့သော်လည်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို နိုင်ငံတကာ လေဆိပ်အဖြစ် ဆက်လက် ထားရှိမည်ဖြစ်ပြီး ပြည်တွင်း ခရီးစဉ်များ အပြင် စင်းလုံးငှား လေယာဉ်၊ အထူးလေယာဉ်၊ အရေးပေါ် လူနာတင် ယာဉ် စသည့် နိုင်ငံခြား ခရီးစဉ်အချို့ကိုပါ ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းအတွက် အဆိုပြုလွှာ တင်ထားသည့် ကုမ္ပဏီများထဲမှ စင်ကာပူ-ဂျပန် ဖက်စပ်ကုမ္ပဏီ Yongnam-CAPE-JGC Consortium (Singapore) ကို အောက်တိုဘာ လကုန်တွင် ရွေးချယ်ခဲ့ပြီး စီမံကိန်းကာလ သုံးနှစ်ခွဲမှ လေးနှစ်အထိ သတ်မှတ်ထားကြောင်း သိရသည်။ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အမေရိကန် ဒေါ်လာ ၁၄၄၅ သန်း ကုန်ကျခံ တည်ဆောက်မည် ဖြစ်ပြီး ကုမ္ပဏီပိုင် ရင်းနှီးမြှုပ်နှံငွေ အမေရိကန် ဒေါ်လာ၂၂၂ သန်း အပြင် ODA ချေးငွေ အမေရိကန် ဒေါ်လာ ၇ဝ၆ သန်းကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ထံမှ ချေးငွေ ရယူ၍ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး
မြ၀တီ
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းကို ၂ဝ၁၉ ခုနှစ်တွင် အပြီး တည်ဆောက်ရန် လျာထား ခဲ့သော်လည်း ၂ဝ၂ဝ ပြည့်နှစ် ရောက်မှသာ ပြီးစီးနိုင်မည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း၏ ပြောကြားချက် အရ သိရသည်။

ယူ-၂၀ ကမ္ဘာ့ ဖ လား ၀င် ခွင့် ရ မြန်မာ ယူ-၁၉ ဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင် ဗိုဗီနမ် အသင်းတို့အား ဂုဏ်ပြုပွဲ ကျင်းပ

Photo: ယူ-၂၀ ကမ္ဘာ့ ဖ လား ၀င် ခွင့် ရ မြန်မာ ယူ-၁၉ ဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင် ဗိုဗီနမ် အသင်းတို့အား ဂုဏ်ပြုပွဲ ကျင်းပ
Monday, November 3, 2014

၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့သော တတိယအကြိမ် မြောက် အရှေ့တောင်အာရှ ဗိုဗီနမ်ချန်ပီယံ ပြိုင်ပွဲတွင် အောင်မြင်မှု ဆုတံဆိပ်များ ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ဗိုဗီနမ် အသင်းနှင့် ၂ဝ၁၅ ခုနှစ် ဖီဖာ ယူ -၂ဝ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အတွက် ခြေစစ်ပွဲ အောင်မြင်ခဲ့သော မြန်မာ ယူ-၁၉လက်ရွေးစင်ဘော လုံးအသင်းတို့အား ဂုဏ်ပြုပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားဝန်ကြီး ဌာန ပြည်ထောင် စု ဝန်ကြီး ဦးတင့်ဆန်း တက်ရောက် ဂုဏ်ပြုခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ ညနေ ၆ နာရီက Summit Partview Hotel (အင်းဝ)ခန်းမ၌ ကျင်းပသော တတိယ အကြိမ်မြောက် အရှေ့တောင် အာရှ ဗိုဗီနမ် ချန်ပီယံ ပြိုင်ပွဲတွင် ရွှေတံဆိပ် ၇ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁ဝခုဖြင့် အောင်ပွဲ ဆင်နိုင်ခဲ့သော မြန်မာ့လက်ရွေးစင် ဗိုဗီနမ် အသင်းအား ဂုဏ်ပြုပွဲ အခမ်းအနား သို့တက်ရောက်၍ ဂုဏ်ပြု အမှာစကား ပြောကြားရာတွင် မြန်မာ့ ဗိုဗီနမ် အသင်းရဲ့ အောင်မြင်မှုရရှိအောင် စွမ်းစွမ်း တမံ ဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင် ပေးနိုင်တာဟာ လေးကြိမ်ရှိပြီး လေးကြိမ်စလုံးတွင် အောင်မြင်မှု ဆုတံဆိပ်များ ရယူပေးနိုင် ခဲ့ပါကြောင်း၊ နိုင်ငံတော်အတွက် အခုလို ဆုတံဆိပ်တွေ ဆွတ်ခူး ပေးနိုင်ခဲ့တာဟာ အင်မတန်မှ ချီးကျူး ဂုဏ်ပြုရမှာ ဖြစ်ပါကြောင်း၊ ဒီလို အောင်မြင်မှုအတွက် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ရဲ့ စေတနာထား စီမံ ဆောင်ရွက်ပေးနိုင်မှုနဲ့ အားကစားသမား တစ်ဦးချင်းစီရဲ့ ကြိုးစား အားထုတ်မှုကိုလည်း အားကစား ဝန်ကြီးဌာန ကိုယ်စား အထူး ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသွားသည်။

ဆက်လက်ပြီး ဂုဏ်ပြုပွဲကို ဆက်လက် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း က အမျိုးသမီး တစ်ကိုယ်တော် လက်သိုင်းအပြ ပြိုင်ပွဲတွင် ရွှေ ၁ ခုနှင့် တစ်ကိုယ်တော် ဓါးတို နှစ်လက် အပြပြိုင်ပွဲတွင် ရွှေ ၁ခုရရှိခဲ့သော မခိုင်ဝါဖူးအား လည်းကောင်း၊ ကျား /မ နှစ်ယောက်တွဲ အပြပြိုင်ပွဲ၌ ရွှေတံဆိပ် ၁ခု ရရှိခဲ့သော ခိုင်ဇင်ဝင်းနှင့် စုလဲ့ဖြိုး အတွဲအားလည်းကောင်း ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့သည်။

ဆက်လက်ပြီး အမျိုးသမီး နှစ်ယောက်တွဲ လက်နက်မဲ့အတိုက် အလှပြိုင်ပွဲ၌ ရွှေတံဆိပ် ၁ ခု ရရှိခဲ့သော ပပဝင်းနှင့် မခြူးသဉ္ဇာစိုး အတွဲအားလည်းကောင်း၊ အမျိုးသားတစ် ကိုယ်တော်လက်သိုင်း အပြပြိုင်ပွဲ၌ ရွှေတံဆိပ် ၁ ခုရရှိခဲ့သော ကောင်းဘိုဘိုမင်းအား လည်းကောင်း၊ အမျိုးသား လေးယောက်တွဲ လက်နက်စုံ အတိုက် အလှပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ခု၊ အမျိုးသား ၅၁ကီလိုတန်း အတိုက်ပြိုင်ပွဲ၌ ရွှေတံဆိပ် ၁ခု ရရှိခဲ့သော စောအောင်မျိုးမြင့်အား လည်းကောင်း၊ ငွေတံဆိပ်ဆု ရရှိခဲ့ ကြသော အမျိုးသမီး ၆ဝ ကီလိုတန်း ပြိုင်ပွဲ၌ ခင်မိုးစန်း၊ အမျိုးသမီး တစ်ကိုယ်တော် ဓါးမောက် စွမ်းရည်ပြပြိုင်ပွဲ၌ ဇာဇာအောင်နှင့် အမျိုးသား လေးယောက်တွဲ ခြေညှပ် စွမ်းရည် ပြပြိုင်ပွဲတို့အား လည်းကောင်း၊ အတန်းအသီး သီး၌ ကြေးတံဆိပ် ၁ဝခုရရှိသော အားကစားသမားများအား လည်းကောင်း ဂုဏ်ပြု ဆုငွေများကို အားကစား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသောင်းထိုက်၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံ ဗိုဗီနမ် အဖွဲ့ချုပ် ဥက္ကဌ ဦးရဲမြင့်၊ ဒုတိယ ဥက္ကဌများနှင့် အမှုဆောင် များက ချီးမြှင့် ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းသည် ညနေ ၆နာရီခွဲတွင် ရန်ကုန်မြို့ ဆူးလေ ချန်ဂရီလာ ဟိုတယ်၌ ကျင်းပသော နိုင်ငံတော်ရဲ့ အမျိုးသား အားကစားနည်းလို့ သတ်မှတ်ထားတဲ့ ဘောလုံး အားကစားနည်းမှာ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိအောင် ဇွဲ၊ စိတ်ဓါတ် အပြည့်ပေးဆပ်မှု အပြည်နဲ့ အံ့သြလောက်အောင် စွမ်းဆောင်ပြခဲ့ပြီး အစွမ်းကုန်ကြိုးစား အားထုတ်ခဲ့တဲ့ မြန်မာ့ ဂုဏ်ဆောင် မြန်မာ ယူ-၁၉ အသင်းအား ချီးကျူး ဂုဏ်ပြုပွဲ အခမ်းအနားကို တက်ရောက်ခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာ ယူ-၁၉ အသင်း ယခုလို သမိုင်း ဝင် အောင်မြင်မှုကြီး ရရှိခဲ့ တာဟာ လွယ်လွယ် ကူကူနဲ့ ရရှိခဲ့တာတော့ မဟုတ်ပါကြောင်း၊ မြန်မာ ယူ-၁၉ အသင်းရဲ့ သမိုင်းဝင် အောင်မြင်မှု အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌနှင့် ဘောလုံး လောကမှ တာဝန်ရှိသူများ အားလုံးကို လည်းကောင်း၊ တခဲနက် အားပေးခဲ့ကြတဲ့ ဘောလုံးပရိသတ်များ အားလုံးနဲ့ ပြိုင်ပွဲ ကြီးအောင်မြင်စွာ ကျင်းပနိုင် အောင် ကူညီပေး ခဲ့ကြသူများ အပါအဝင် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြတဲ့ အလှူရှင်များ၊ စပွန်ဆာများ အားလုံးကိုလည်း ကျေးဇူး အထူးတင် ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ အမျိုးသား အားကစား ကော်မတီ ဥက္ကဌ၊ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဥက္ကဌ၊ အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက ဂုဏ်ပြု အမှာစကား ပြောကြားရာ၌ မြန်မာ ယူ- ၁၉ လက်ရွေးစင် အသင်းဟာ ပြီးခဲ့တဲ့ အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲကြီးမှာ အစစ အရာရာသာတဲ့ အာရှထိပ်တန်း အသင်းတွေကို ကျော်ဖြတ်ပြီး ကွာတာဖိုင်နယ် ပွဲစဉ်နှင့် ဆီမီးဖိုင်နယ် ပွဲစဉ် တွေမှာ ပြိုင်ဖက်အသင်းသားတွေ အံ့သြတုန်လှုပ် သွားစေနိုင်တဲ့အထိ ခြေစွမ်းပြ နိုင်ခဲ့ကြရုံသာမက နောက်ဆုံးစက္ကန့် အထိ အနိုင်ရချင်စိတ်နဲ့ ရေကုန်ရေခမ်း ကြိုးစား ကစားပြနိုင်ခဲ့တာကြောင့် ပြည်သူ တစ်ရပ်လုံးရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်တဲ့ အတွက် ဒီနေ့ ဂုဏ်ပြုပွဲဟာ မြန်မာ ယူ-၁၉ အသင်းသားတွေ အားလုံးနဲ့ ထိုက်တန်ပါကြောင်း၊ လာမယ့်နှစ်မှာ ကျင်းပမယ့် ၂ဝ၁၅ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ရင်ဆိုင်ယှဉ်ပြိုင်ရမယ့် အသင်းတွေဟာ ကမ္ဘာ့အဆင့် အသင်းကြီးတွေဖြစ်လို့ ဒီအသင်းတွေကို သူတင်ကိုယ်တင် ယှဉ်ပြိုင် ကစားနိုင်ဖို့ဆိုရင် အခုထက် အဆပေါင်းများစွာ ပိုမိုအားထုတ် ကြိုးစားကြရမှာ ဖြစ်လို့ မိမိတို့ရဲ့ ကိုယ်ပိုင် အချိန်မှာလည်း ကြံ့ခိုင်မှုနဲ့ ခြေစွမ်းပိုင်းကို အစဉ် တိုးတက် နေစေအောင် ကြိုးစား လေ့ကျင့်နေဖို့ လိုပါကြောင်း၊ ဘောလုံးအဖွဲ့ချုပ် အနေနဲ့လည်း မြန်မာလူငယ် အသင်းအတွက် ပိုမိုကောင်းမွန်တဲ့ လေ့ကျင့်မှု အစီအစဉ်တွေကို ထပ်မံစီစဉ် ပေးသွားမယ် ဆိုတာ သိရတဲ့အတွက်လည်း အားတက် မိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ပြိုင်ပွဲတွင်ကြီးကြပ် ဆောင်ရွက်ပေးခဲ့သော ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့အား ဂုဏ်ပြု မှတ်တမ်း လွှာ ပေးအပ်ပြီးနောက် ယူ-၁၉ ဘောလုံးအသင်းနှင့် မှတ်တမ်း ဓါတ်ပုံ ရိုက်ကူးကြသည်။

ဆက်လက်ပြီး မြန်မာ ယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်းအား ဂုဏ်ပြုဆုငွေများ ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က အလှူငွေကျပ်သိန်း ၂ဝဝ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်က အလှူငွေကျပ် သိန်း ၅ဝ ၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကိုကို ကိုယ်စား ရန်ကုန်တိုင်း ရဲမှူးကြီး ဝင်းနိုင်က အလှူငွေ ကျပ်သိန်း ၁ဝ ၊ ဇွဲကပင် FC က အလှူငွေ ကျပ်သိန်း ၅ဝ ၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်းက အလှူငွေကျပ် သိန်း ၅ဝဝ၊ ဧရာဝတီဘဏ် လီမိတက် ဥက္ကဌ ဦးဇော်ဇော် နှင့်ဇနီး ဒေါ်ဌေးဌေးခိုင်တို့က အလှူငွေ ကျပ်သိန်း ၅ဝဝ၊ ရန်ကုန် ယူနိုက်တက် FC နာယက ဦးတေဇက အလှူငွေကျပ် သိန်း ၅ဝဝ၊ လွယ်ဟိန်း ကုမ္ပဏီမှ ဒေါက်တာ စိုင်းဆမ်ထွန်း နှင့်ဇနီး တို့က အလှူငွေကျပ် သိန်း ၃ဝ၀၊ ဇေယျာ

ရွှေမြေ FC က အလှူငွေကျပ်သိန်း ၃ဝဝ ၊ IBTC မှ ဦးအောင်မိုးကျော်က အလှူငွေကျပ် သိန်း ၂ဝဝ၊ MNL ဘောလုံးအသင်း ပိုင်ရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင် သရုပ်ဆောင် များနှင့် ဘောလုံးအားကစားနည်းကို ချစ်မြတ်နိုးသော အလှူရှင်များက ဂုဏ်ပြုအလှူငွေများ စုစုပေါင်းငွေကျပ် သိန်းပေါင်း ၄ဝ၈၈ကို ပေးအပ် လှူဒါန်းကြရာ အားကစားဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ အားကစား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသောင်းထိုက်၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ
၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံတွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့သော တတိယအကြိမ် မြောက် အရှေ့ တောင် အာရှ ဗိုဗီနမ်ချန်ပီယံ ပြိုင်ပွဲတွင် အောင်မြင်မှု ဆုတံဆိပ်များ ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ဗိုဗီနမ် အသင်းနှင့် ၂ဝ၁၅ ခုနှစ် ဖီဖာ ယူ -၂ဝ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အတွက် ခြေစစ်ပွဲ အောင်မြင်ခဲ့သော မြန်မာ ယူ-၁၉လက်ရွေးစင်ဘော လုံးအသင်းတို့အား ဂုဏ်ပြုပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားဝန်ကြီး ဌာန ပြည်ထောင် စု ဝန်ကြီး ဦးတင့်ဆန်း တက်ရောက် ဂုဏ်ပြုခဲ့သည်။

လူနာများလာ၍ ပင်လုံဆေးရုံတွင် ဓာတ်ကင်စက် ထပ်တိုး

Photo: လူနာများလာ၍ ပင်လုံဆေးရုံတွင် ဓာတ်ကင်စက် ထပ်တိုး
Monday, November 3, 2014

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဆေးရုံများအနက် ပထမဆုံး ကင်ဆာဓာတ်ကင်စက် တပ်ဆင်ထားသော ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ပင်လုံဆေးရုံကြီးတွင် ကင်ဆာလူနာဦးရေ များလာသောကြောင့် ဓာတ်ကင်စက်တစ်လုံးနှင့် အခြားကင်ဆာရောဂါကု ဆေးပစ္စည်းတို့ကို နိုဝင်ဘာလ ၁ ရက်က စတင် ထပ်တိုးတပ်ဆင်ထားကြောင်း ယင်းဆေးရုံမှ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ ဒေါက်တာဦးဝင်းမောင်က ပြောကြားသည်။

ပင်လုံဆေးရုံကြီးတွင် နေ့စဉ် ဓာတ်ကင်ပေးရသော ကင်ဆာလူနာ အယောက် ၅၀ နီးပါး ရှိပြီး အဆိုပါ စက်ကိရိယာများ တပ်ဆင်ပြီးပါက တစ်ရက်လျှင် ၇၀ ဦးထိ ဓာတ်ကင်ပေးနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဓာတ်ကင်စက် တပ်ဆင်ပြီး တစ်နှစ်နီးပါးအတွင်း လာရောက်ကုသသူ တစ်ထောင်ခန့်ရှိပြီ ဖြစ်ကြောင်း၊ အများဆုံး ဓာတ်ကင်သော ကင်ဆာရောဂါများမှာ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ လည်ချောင်းကင်ဆာနှင့် နား၊ နှာခေါင်း ကင်ဆာတို့ ဖြစ်ကြောင်း ပင်လုံဆေးရုံရှိ ကင်ဆာအထူးကု ဆရာဝန်ကြီး ဒေါက်တာမင်းဒင်ထံမှ သိရှိရသည်။

“ကင်ဆာရောဂါ ပြန့်ပွားနေတဲ့ နေရာသိနိုင်တဲ့စက် (PET-CT) ကို ဒီနှစ်ကုန်မှာ ထပ်တပ်ဆင်ပြီး ကုသပေးဖို့ ရှိတယ်။ ကင်ဆာဖြစ်တဲ့အခါမှာ ဘယ်နေရာမှာ ပြန့်ပွားနေလဲ ဆိုတာလည်းသိဖို့ လိုတယ်လေ” ဟု ဒေါက်တာဦးဝင်းမောင်က ဆိုသည်။

ပင်လုံဆေးရုံတွင် ထပ်တိုးတပ်ဆင်မည့် စက်ပစ္စည်းများမှာ ဓာတ်ရောင်ခြည် ကုသစက် (Linear Acceleration)၊ သားအိမ်ခေါင်းကင်ဆာနှင့် ဆီးကျိတ်ကင်ဆာ ဓာတ်ရောင်ခြည်သွင်း ကုသစက် (Brachytherapy) တို့ဖြစ်ကြောင်း ပင်လုံဆေးရုံထံမှ သိရှိရသည်။

မြန်မာနိုင်ငံတွင် ကင်ဆာဝေဒနာရှင်များ အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးနှင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတို့တွင် ဓာတ်ရောင်ခြည်ကုသစက်များ တပ်ဆင်ထားသည်။

The Voice Weekly
မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဆေးရုံများအနက် ပထမဆုံး ကင်ဆာဓာတ်ကင်စက် တပ်ဆင်ထားသော ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ပင်လုံဆေးရုံကြီးတွင် ကင်ဆာလူနာဦးရေ များလာသောကြောင့် ဓာတ်ကင်စက် တစ်လုံး နှင့် အခြားကင်ဆာရောဂါကု ဆေးပစ္စည်းတို့ကို နိုဝင်ဘာလ ၁ ရက်က စတင် ထပ်တိုးတပ်ဆင် ထားကြောင်း ယင်းဆေးရုံမှ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ ဒေါက်တာဦးဝင်းမောင်က ပြောကြားသည်။

တောင်ယာလုပ်နေသော ဒေသခံ ၁၃ ဦးအား KIA အဖွဲ့မှ ဖမ်းဆီး ချုပ်နှောင်

Photo: တောင်ယာလုပ်နေသော ဒေသခံ ၁၃ ဦးအား KIA အဖွဲ့မှ ဖမ်းဆီး ချုပ်နှောင်
Monday, November 3, 2014

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ရပ်ကွက်(၁)၌ နေထိုင်သော ဒေသခံ ၁၃ ဦးသည် အောက်တိုဘာ ၂၈ ရက်နေ့၌ တောင်ယာလုပ်ကိုင်နေစဉ် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်း ဒေသခံများထံမှ သတင်းရရှိသည်။

“ သူတို့ တပ်ရင်းဌာနချုပ်မှာ ဖမ်းချုပ်ထားတယ်လို့ သိရတယ်၊ မိသားစုဝင်တွေလည်း စိတ်ပူနေကြတာပေါ့၊ ရပ်မိရပ်ဖ တွေသွားပြီး တောင်းပန်ဖို့တော့ လုပ်နေတယ် ” ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

KIA အဖွဲ့မှ ဖမ်းဆီးသွားသော ဒေသခံ ၁၃ ဦးမှာ မောင်ဖောင်ယော၊ မောင်ဆွမ်ခေါ၊ မမဒိန်၊ ဒေါ်မန်ရှန်ကော့၊ ဦးလတ်မော့၊ မောင်လနောင်၊ မောင်လဒီး၊ မောင်ရှမ်းလေး၊ ဦးလဒွန်၊ ဦးဂွန်ဂျာ၊ မောင်အီဆတ်၊ မောင်ဇော်လဘွမ်၊ ဦးဂွမ်နော်တို့ ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်က သားရော သမီးရော နှစ်ယောက်လုံးပါသွားတာ၊ အရမ်းစိတ်ပူတယ်ဗျာ၊ မရှိလို့ တောင်ယာလုပ်စား တာကို အခုလို ဖမ်းပြီး ငွေတောင်းတာတွေ လုပ်လာရင် ဒုက္ခရောက်ပြီ၊ ဘယ်သူ့ကိုမှလည်း အကူအညီ မတောင်းရဲဘူး ဖြစ်နေတယ် ” ဟု ဦးဆွတ်လွတ်နော်က ပြောသည်။

KIA အဖွဲ့၊ တပ်ရင်း ၃ ဌာနချုပ်သို့ နိုဝင်ဘာ ၁ ရက်နေ့တွင် ရပ်ကွက်(၁)နေ ရပ်မိရပ်ဖများဖြစ်ကြသော ဦးဒါရှီကူးနှင့် ဦးဂွမ်ယော်တို့ သွားရောက် တောင်းပန်ခဲ့ကြောင်းသိရသည်။

“ ဗဟိုဌာနချုပ်က ညွှန်ကြားချက်အတိုင်း ဆောင်ရွက်တာလို့ ပြောပြီး ပြန်မလွှတ်ပေးဘူး၊ ကလေးတွေကို ချုပ်နှောင် ထားတာ၊ မြင်ခဲ့ရတာ တကယ်စိတ်မကောင်းဘူး၊ မရှိဆင်းရဲသားဒေသခံပြည်သူတွေကို ဖိနှိပ်နေတဲ့ KIA အဖွဲ့ ရဲ့ လုပ်ရပ်တွေကို တားဆီးပေးမယ့် အဖွဲ့အစည်းမရှိတော့ဘူးလား မသိပါဘူး၊ တကယ်ဆိုရင် ဒီဒေသမှာ အဲဒီ KIA အဖွဲ့ ရှိကိုမရှိသင့်တာပါ ” ဟု သွားရောက်တောင်းပန်ခဲ့သူ တစ်ဦးက ပြောကြားသွားသည်။

ဇော်မိုင်
From : KDN
ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ရပ်ကွက်(၁)၌ နေထိုင်သော ဒေသခံ ၁၃ ဦးသည် အောက်တိုဘာ ၂၈ ရက် နေ့၌ တောင်ယာလုပ်ကိုင်နေစဉ် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ယင်း ဒေသခံများထံမှ သတင်းရရှိသည်။

လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦး မိဘများနှင့် ထိုင်းရဲတပ်ဖွဲ့ ယနေ့ တွေ့ဆုံမည်

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုတွင် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာ နှစ်ဦး၏ မိဘအုပ်ထိန်းသူများနှင့် ထိုင်းရဲတပ်ဖွဲ့တို့ နိုဝင်ဘာလ ၃ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့ဝင် ဦးမင်းဦးက ပြောကြားသည်။

ထိပ်သီး အစည်းအဝေးအတွက် လုံခြုံရေးအဖွဲ့များကို စခန်းသွင်း လေ့ကျင့်နေ

Photo: ထိပ်သီး အစည်းအဝေးအတွက် လုံခြုံရေးအဖွဲ့များကို စခန်းသွင်း လေ့ကျင့်နေ
Monday, November 3, 2014

အမေရိကန် သမ္မတ အိုဘားမား အပါအဝင် နိုင်ငံခေါင်းဆောင်များ တက်ရောက်မည့် ထိပ်သီး အစည်းအဝေး မတိုင်မီ နေပြည်တော် လုံခြုံရေးနှင့် ကြိုဆိုရေးပိုင်း ကိစ္စများကို စတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော်မှု ခင်းဌာန၊ ဌာနကြီးမှူး ရဲမှူးချုပ် စိုးမြိုင် က ပြောသည်။

သို့သော် ၎င်းက အသေးစိတ် အချက်အလက်များကိုမူ ပြောကြားရန် ငြင်းဆို သည်။ ၎င်းကထိပ်သီး အစည်းအဝေးအတွက် ရဲတပ်ဖွဲ့ဝင် အင်အား သောင်းချီ အသုံးပြုမည်ဖြစ်ပြီး အင်တာပို(နိုင်ငံတကာ ရဲတပ်ဖွဲ့)၊ အာဆီယံ ရဲတပ်ဖွဲ့များ ကပါ ကူညီကြ မည်ဖြစ်ကာ လေကြောင်း၊ ရေကြောင်း၊ ကုန်း လမ်းဝင်ပေါက် များကိုပါ လုံခြုံရေးချထားသည်ဟု ဆိုသည်။

ယခုလ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပမည့် အဆိုပါထိပ်သီးအစည်း အဝေးပွဲအတွက် ယာဉ်တန်းတပ်ဖွဲ့များအား စခန်းသွင်းလေ့ကျင့်ခြင်း၊
နိုင်ငံအနှံ့အပြားမှ ရာနှင့်ချီသော ရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့များအား ခေါ်ယူခြင်း၊ ရဲတပ်ဖွဲ့ဝင်များကို စခန်းသွင်း လေ့ကျင့်ပေးခြင်း များ ဆောင်ရွက်လျက်ရှိသည်ဟု အမည်မဖော်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။

“ယာဉ်ထိန်း တပ်ဖွဲ့က တပ်ဖွဲ့ဝင် ၂၂၀ ကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ စခန်းသွင်းနေပါတယ်။ အရေးကြီး ယာဉ်တန်းကြိုဆိုရေး၊ လမ်းရှင်းရေး ကိစ္စ အဓိကပါ” ဟု ပြောသည်။

မူလက နေပြည်တော်ရှိ လမ်းပိုင်းအချို့ကို ထိပ်သီး အစည်းအဝေး ကာလအတွင်း ခေတ္တပိတ်ရန် ကြေညာခဲ့သော်လည်း ပြန်လည်ပယ်ဖျက်ပြီး တစ်မြို့နယ်လျှင် လေးဖွဲ့နှုန်းဖြင့် ညပိုင်းလုံခြုံ ရေးဆောင်ရွက်နေသည်ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

Mizzima - News in Burmese 

၂၀၁၂ ခုနှစ်၊ အမေရိကန် သမ္မတ ခရီးစဉ်အတွင်း လုံခြုံရေးပူးပေါင်းဆောင်ရွက် နေသည့် နှစ်နိုင်ငံရဲတပ်ဖွဲ့ဝင်များကို ရန်ကုန်လေဆိပ်၌ တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

၂၀၁၂ ခုနှစ်၊ အမေရိကန် သမ္မတ ခရီးစဉ်အတွင်း လုံခြုံရေးပူးပေါင်းဆောင်ရွက် နေသည့် နှစ်နိုင်ငံ ရဲတပ်ဖွဲ့ဝင် များကို ရန်ကုန်လေဆိပ်၌ တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

အမေရိကန် သမ္မတ အိုဘားမား အပါအဝင် နိုင်ငံခေါင်းဆောင်များ တက်ရောက်မည့် ထိပ်သီး အစည်း အဝေးမတိုင်မီ နေပြည်တော် လုံခြုံရေးနှင့် ကြိုဆိုရေးပိုင်း ကိစ္စများကို စတင်ပြင်ဆင်မှုများ ပြုလုပ်နေသည် ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော်မှု ခင်းဌာန၊ ဌာနကြီးမှူး ရဲမှူးချုပ် စိုးမြိုင် က ပြောသည်။

ဖြစ်လာနိုင်သည့် ရွေးကောက်ပွဲ စနစ်သစ်အတွက် အသင့်ပြင်ထားဟု ရွေးကောက်ပွဲကော်မရှင်ပြော

Photo: ဖြစ်လာနိုင်သည့် ရွေးကောက်ပွဲ စနစ်သစ်အတွက် အသင့်ပြင်ထားဟု ရွေးကောက်ပွဲကော်မရှင်ပြော
Monday, November 3, 2014

လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူက လွှတ်တော် ၌ မည်သည့်စနစ်ကျင့်သုံး သည်ဖြစ်စေ နည်းဥပဒေများဆွဲရန်၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ထားသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသင့်ပြင်ထားသည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

၎င်းက “ကော်မရှင်အနေနဲ့ ပြဋ္ဌာန်းမယ့် ဥပဒေအပေါ် ဘယ်လိုပြဋ္ဌာန်းမလဲ၊ ပြဋ္ဌာန်းမယ့်အပေါ်မှာတော့ ပြင်ဆင်ထားပြီးသား။ ကျွန်တော်တို့က နည်းဥပဒေဆွဲရမယ်။ မြန်မြန်ဆွဲပြီး လုပ်ရမယ်။ လုပ်ထုံးလုပ်နည်း တွေ ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။

ယခုကျင်းပနေသည့် ပထမအကြိမ်၊ ပြည်သူ့လွှတ်တော်၊ (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးနေသည့် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ရွေးချယ်ရေးနှင့် ပတ်သက်၍ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲစနစ် ရွေးချယ်ရေးကော်မရှင်က ရွေးကောက်ပွဲ စနစ်ရှစ်မျိုးကို တင်ပြထားပြီး ပြည်ခိုင်ဖြိုးပါတီဝင် ရေဖြူမဲဆန္ဒနယ်မှ ဦးဝင်းဦးက ရွေးကောက်ပွဲစနစ် တစ်မျိုး ကို ထပ်မံတင်ပြထားပြီး လွှတ်တော်တွင် ဆွေးနွေးနေသည်။

ဦးမြင့်နိုင်က လွှတ်တော်တွင် ဆွေးနွေးနေသည့် စနစ်ရှစ်မျိုးစလုံးကို လေ့လာကာ ပြင်ဆင်နေသည်ဟု ပြောသည်။ ၎င်းက “လွှတ်တော်ကိုယ်စားလှယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတာကို ကျွန်တော်တို့ က လေ့လာမှတ်သားထားတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲစနစ် ပြောင်းလဲရာတွင် လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရသူ အနိုင်ရသည့်စနစ်မှ အချိုး ကျ ကိုယ်စားပြုစနစ်ပြောင်းလဲပါက တည်ဆဲ အခြေခံဥပဒေနှင့် မကိုက်ညီသည့်အပြင် ပြည်သူ့ဆန္ဒခံယူ ပွဲလုပ်ရန် အတိုက်အခံတို့က တောင်းဆိုထားသည်။

၎င်းက “ဒါကတော့ လွှတ်တော်ကနေ ဆုံးဖြတ်မှာပေါ့။ ကျွန်တော် သိသလောက်ကတော့ ပြည်သူ့လွှတ် တော် ပြည်ထောင်စု လွှတ်တော်ကြီးကလည်း ရှိနေသေးတယ်။ ဘာတွေ ဆုံးဖြတ်မလဲ။ဆုံးဖြတ်တဲ့ အတိုင်းပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ်ရွေးချယ်ရန် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ပုဇွန်တောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က အဆိုတင်သွင်းခဲ့ပြီး ကော်မရှင် ဖွဲ့ကာ စနစ်ရှစ်မျိုးကို လွှတ်တော်သို့ တင်သွင်းထားကာ လက်ရှိတွင် ဆွေးနွေးလျက်ရှိသည်။

Mizzima - News in Burmese 

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရေတွက်နေသည့် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် မဲရုံတစ်ရုံကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရေတွက်နေသည့် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် မဲရုံတစ်ရုံကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)
လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူကလွှတ်တော်၌ မည်သည့်စနစ် ကျင့်သုံး သည်ဖြစ်စေ နည်းဥပဒေများဆွဲရန်၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်ထားသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသင့်ပြင်ထားသည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ယူကေ၏ အဓိကမြိုကြီးများတွင် အခမဲ့ဝိုင်ဖိုင်နေရာပေါင်း တစ်ထောင်ကျော်ကို ၂၀၁၅ အမီ တည်ဆောက်မည်

Photo: ယူကေ၏ အဓိကမြိုကြီးများတွင် အခမဲ့ဝိုင်ဖိုင်နေရာပေါင်း တစ်ထောင်ကျော်ကို ၂၀၁၅ အမီ တည်ဆောက်မည်
Monday, November 3, 2014

ဗြိတိန်အစိုးရရဲ့ ကြေညာချက်များအရ ယူကေနှင့်အခြားမြို့ကြီးများတွင် အများပြည်သူနှင့်သက်ဆိုင်ရာ နေရာပေါင်း တစ်ထောင်ကျော်တွင် အခမဲ့ အသုံးပြုနိုင်မည့် ၀ိုင်ဖိုင်ဇုန်များကို တည်ဆောက်နေပြီးဖြစ်ပြီး အဆိုပါအနီးနားဝန်းကျင်တွင် ၀ိုင်ဖိုင်အခမဲ့ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

အဓိကအားဖြင့် စာကြည့်တိုက်များ ၊ ပြတိုက်များ ၊ မြို့ပြစင်တာများ ၊ သယ်ယူပို့ဆောင်ရေးနေရာများ ၊ အားကစားခန်းမများနှင့် အခြားသော နေရာတွေမှာ တပ်ဆင်သွားမှာဖြစ်ပြီး အဆိုပါ ပရောဂျက်အတွက် ဗြိတိန်ပေါင် သန်း ၁၅၀ ကျော်ကုန်ကျမှာဖြစ်ပါတယ်။ အဆိုပါအစိအစဉ်များအရ ယူကေနှင့် အခြားမြို့ကြီးများကို အလည်အပတ်ဖြင့်လာရောက်ကြမည့်သူများအတွက် လွှမ်းခြုံမိစေမှာဖြစ်ပြီး ဒီဂျစ်တယ်မြို့များအဖြစ် ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အဆိုပါ ၀ိုင်ဖိုင်အခမဲ့ဇုန်ပေါင်း တစ်ထောင်ကျော်ကို ၂၀၁၅ ခုနှစ် မတ်လအမှီ အပြီးသတ်တည်ဆောက်နိုင်ရန်မျှော်မှန်းထားပါတယ်။ " စီးပွားရေးအတွက် ဖြစ်စေ ၊ အလှည်အပတ်အတွက် ဖြစ်စေ ယူကေနှင့်အခြားမြို့များတွင် အံ့သြသင့်စရာကောင်းလောက်တောင် တိုးတက်လာစေရန်နှင့် အစိုးရ၏ နှစ်ရှည်စီးပွားရေး အစီအမံများရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ကြောင်း " ၀န်ကြီး အီဗိုက်ဇေ က ပြောကြားခဲပါတယ်။

ref : pocket-lint
Yangon Media Group
ဗြိတိန်အစိုးရရဲ့ ကြေညာချက်များအရ ယူကေနှင့်အခြားမြို့ကြီးများတွင် အများပြည်သူနှင့်သက်ဆိုင်ရာ နေရာပေါင်း တစ်ထောင်ကျော်တွင် အခမဲ့ အသုံးပြုနိုင်မည့် ၀ိုင်ဖိုင်ဇုန်များကို တည်ဆောက်နေပြီးဖြစ်ပြီး အဆိုပါအနီးနားဝန်းကျင်တွင် ၀ိုင်ဖိုင်အခမဲ့ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

ကုလဝန်ထမ်းနောက်တဦး အီဘိုလာ ကူးစက်ခံရ

ဆီယာလီယွန်းနိုင်ငံမှာ တာဝန်ထမ်း ဆောင်နေတဲ့ ကုလသမဂ္ဂ ဝန်ထမ်းတဦးဟာ အီဘိုလာရောဂါ ကူးစက်ခံရတာမို့ သူ့ကို ဆေးကုသဖို့ ပြင်သစ်နိုင်ငံကို လေယာဉ်နဲ့ ပို့ဆောင်ခဲ့တယ်လို့ ပြင်သစ်အစိုးရက ပြောပါတယ်။

အဝလွန်သူကို အခမဲ့ ခွဲစိတ်ပေးဖို့ ဆရာဝန်တွေ တောင်းဆို

Photo: အဝလွန်သူကို အခမဲ့ ခွဲစိတ်ပေးဖို့ ဆရာဝန်တွေ တောင်းဆို
Monday, November 3, 2014

သြစတြေးလျနိုင်ငံက နာမည်ကြီး ခွဲစိတ်ရေး ဆရာဝန်နှစ်ဦးက အဝလွန်သူတွေ ပိန်သွားအောင် ခွဲစိတ်ကုသတဲ့ စရိတ်ကို အစိုးရက ကျခံပေးသင့်တယ်လို့ ပြောလိုက်ပါတယ်။

ပါမောက္ခ Michael Edye နဲ့ ဒေါက်တာ Michael Talbot တို့က အဝလွန်နေသူ တွေကို ခွဲစိတ်ပေးလိုက်တာက ရေရှည်မှာ အစိုးရအတွက် ပိုအကုန်အကျ သက်သာစေတယ်လို့ ဂျာနယ်တစ်ခုမှာ ရေးသား ဖော်ပြထားပါတယ်။

အဝလွန်သူတွေဟာ အဝလွန်ရောဂါသာမက ဝခြင်းနဲ့ ဆက်စပ်တဲ့ တခြားရောဂါ တွေပါ ခံစားရလေ့ရှိတဲ့အတွက် ရေရှည်မှာ အစိုးရအတွက် အကုန်အကျ များ တယ်လို့ ထောက်ပြပါတယ်။

ဒါကြောင့် အဝလွန်သူတွေကို ပိန်သွားအောင် ခွဲစိတ်လိုက်မယ်ဆိုရင် ခွဲစိတ် စရိတ်သာ ကုန်ပြီး ရေရှည်မှာတော့ အစိုးရအတွက် ကုန်ကျစရိတ် သက်သာ စေနိုင်တယ်လို့ ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ ရောဂါမှန်သမျှအတွက် ဆေးဝါးကုသခွင့် မခမဲ့ ပြုလုပ်ထားပေးပေမယ့် အဝလွန်သူတွေ ခွဲစိတ်ကုသမှု ခံယူတာတွေနဲ့ သွားပြုပြင်ရေးတွေကိုတော့ အလှအပအတွက်လို့ မြင်တဲ့အတွက် သွားနဲ့ အဝလွန်ခွဲစိတ်မှုတွေကိုတော့ အခမဲ့ လုပ်ဆောင်ပေးခြင်း မရှိပါဘူး။

ABC Radio Australia
သြစတြေးလျနိုင်ငံက ​နာမည်ကြီး ​ခွဲစိတ်ရေး ​ဆရာဝန်နှစ်ဦးက ​အဝလွန်သူတွေ ​ပိန်သွားအောင် ​ခွဲစိတ် ကုသတဲ့စရိတ်ကို ​အစိုးရက ​ကျခံပေးသင့်တယ်လို့ ​ပြောလိုက်ပါတယ်။

အိန္ဒိယ ပါကစ္စတန်နယ်စပ် ဗုံးခွဲမှု ၅၀ ကျော်သေဆုံး

Photo: အိန္ဒိယ ပါကစ္စတန်နယ်စပ် ဗုံးခွဲမှု ၅၀ ကျော်သေဆုံး
Monday, November 3, 2014

ပါကစ္စတန်နိုင်ငံ၊ လာဟိုးက ဗုံးခွဲတိုက်ခိုက်မှု တခုအတွင်း အနည်းဆုံး ၅၅ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိ ခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံနဲ့ နယ်စပ် Wagah နယ်စပ်ဂိတ်အနီး ညနေခင်း အလံချ အခမ်းအနား ကျင်းပရာမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

အခမ်းအနားကိုတော့ နေမ၀င်ခင်မှာ စတင်ခဲ့ပြီး အခမ်းအနားကို ကြည့်ရှုဖို့ နိုင်ငံခြားသား ခရီးသွားတွေ အပါအ၀င် ရာပေါင်းများစွာသောသူတွေဟာ နှစ်နိုင်ငံနယ်စပ် တဘက်တချက်မှာ စုဝေးလေ့ရှိကြပါတယ်။

ဂျမတ် အယ်လ် အာရား ('Jamaat ul Ahrar') လို့ခေါ်တဲ့ ပါကစ္စတန် စစ်သွေးကြွအဖွဲ့တဖွဲ့ကတော့ အီးမေလ်ကနေတဆင့် သတင်းမီဒီယာဆီ ပေးပို့တဲ့ ကြေညာချက်ထဲမှာ အသေခံဗုံးခွဲ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။ မြောက်ပိုင်း ၀ါဇီရစ်စတန် လူမျိုးစုဒေသမှာ သူပုန်တွေ အပေါ် အစိုးရရဲ့ တန်ပြန်စစ်ဆင်ရေးအတွင်း ပါကစ္စတန်စစ်တပ်ရဲ့ လက်ချက်ကြောင့် သေဆုံးမှုတွေအတွက် လက်စားချေတာဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ပန်ဂျပ်ပြည်နယ် ရဲမှူးချုပ် မူစတတ် စူကီရာ ကတော့ - အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်လိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ တနင်္ဂနွေနေ့က အကြမ်းဖက်တိုက်ခိုက်မှုဟာဆိုရင် ၁၉၅၉ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ အလံချအခမ်းအနားအနီးမှာ ပထမဆုံး အကြိမ် ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ပါကစ္စတန်မှာ ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသွားသူတွေ ကျန်ရစ်သူ မိသားစု ဝင်တွေက ကွယ်လွန်သူတွေကို အတည်ပြုဖို့ လာရောက်စုရုံးကြည့်ရှုစဉ်

ပါကစ္စတန်မှာ ဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသွားသူတွေ ကျန်ရစ်သူ မိသားစု ဝင်တွေက ကွယ်လွန်သူတွေ ကို အတည်ပြုဖို့ လာရောက်စုရုံးကြည့်ရှုစဉ်

ပါကစ္စတန်နိုင်ငံ၊ လာဟိုးက ဗုံးခွဲတိုက်ခိုက်မှု တခုအတွင်း အနည်းဆုံး ၅၅ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံနဲ့ နယ်စပ် Wagah နယ်စပ်ဂိတ်အနီး ညနေခင်း အလံချ အခမ်းအနား ကျင်းပရာမှာ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

ဘာလီဘောပွဲကြည့်လို့ အီရန်အမျိုးသမီး ထောင်ကျခံရ

Photo: ဘာလီဘောပွဲကြည့်လို့ အီရန်အမျိုးသမီး ထောင်ကျခံရ
Monday, November 3, 2014

အမျိုးသားတွေ ယှဉ်ပြိုင်တဲ့ ဘောလီဘောပြိုင်ပွဲကို ကြည့်ရှုတဲ့ အတွက် အီရန်အမျိုးသမီး တစ်ဦး ထောင်ဒဏ် တစ်နှစ်ချမှတ် ခံလိုက်ရပါတယ်။

အီရန်လူမျိုး ဗြိတိန်နိုင်ငံသူ Ghoncheh Ghavami ဟာ အီရန် အမျိုးသား ဘောလီဘော အသင်းနဲ့ အီတလီနိုင်ငံတို့ ယှဉ်ပြိုင်တဲ့ပွဲကို ကြည့်တဲ့ အတွက် အပြစ်ပေး ခံရတာဖြစ်ပြီး ဒါကို အာဏာပိုင်တွေက အစိုးရကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေ လုပ်တယ်ဆိုပြီး ပြစ်ဒဏ် ချမှတ်လိုက်တာလို့ သူမရဲ့ ရှေ့နေက ပြောပါတယ်။

ပြစ်ဒဏ်ပေးခံရသူရဲ့ အစ်ကို ဖြစ်သူကတော့ အာဏာပိုင်တွေက သူ့ညီမရဲ့ ပြစ်ဒဏ်ကို တရားဝင် ပြောဆိုတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ မိဘတွေကတော့ ယူကျုံးမရ ဖြစ်နေကြပြီး၊ ဒီလို စီရင်လိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့် ထားဘူးလို့ သူက ပြောပါတယ်။

သူ့ညီမအနေနဲ့ အခက်အခဲ ပေါင်းများစွာ ကြုံခဲ့ရပြီး အခုအခါမှာ ထောင်ဒဏ် တစ်နှစ်ထပ်ကျ ခံရနိုင်တာကြောင့် သူ့မိဘတွေကတော့ ဟိုရုံးပြေး၊ ဒီရုံးပြေး လုပ်ပြီး လျှော့ပေါ့ပေးဖို့ အသနားခံတာတွေ ဒါမှမဟုတ် အယူခံဝင်ခွင့်ရဖို့ လုပ်ဆောင်နေကြတယ်လို့ အစ်ကို ဖြစ်သူက ပြောပါတယ်။

အသက် ၂၅ နှစ်အရွယ် Ghoncheh Ghavami ဟာ လန်ဒန်မြို့မှာ ကျောင်းပြီး ခဲ့သူလည်း ဖြစ်ပါတယ်။

အီရန်အာဏာပိုင်တွေကတော့ သူမကို ဘောလုံးပွဲကြည့်လို့ ဖမ်းဆီးတာ မဟုတ်ပဲ လုံခြုံရေးအရ ဖမ်းဆီးတာလို့ ပြောပါတယ်။

အီရန်နိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစပြီး အမျိုးသားတွေပြိုင်တဲ့ ဘောလီဘောပွဲမှာ အမျိုးသမီးတွေ မသွားရဘူးဆိုတဲ့ ဥပဒေကို ထုတ်ပြန်လိုက်ပြီး ဒီလိုလုပ်ဆောင်တာဟာ တဏှာရာဂ ကြီးတဲ့ အမျိုးသားတွေရဲ့ အပြုအမူ မခံရအောင် ဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။

ဒါ့အပြင် ဘောလုံးပြိုင်ပွဲတွေကိုလည်း အမျိုးသမီးတွေ ကြည့်ရှုခွင့်မရှိပါဘူး။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-11-03/1385703

ဗြိတိန် - အီရန်နိုင်ငံသူ Ghoncheh Ghavami (Credit: Audience submitted)
ဗြိတိန် - အီရန်နိုင်ငံသူ Ghoncheh Ghavami (Credit: Audience submitted)
အမျိုးသားတွေ ​ယှဉ်ပြိုင်တဲ့ ​ဘောလီဘောပြိုင်ပွဲကို ​ကြည့်ရှုတဲ့အတွက် ​အီရန်အမျိုးသမီးတစ်ဦး ​ထောင် ဒဏ် ​တစ်နှစ်ချမှတ် ခံလိုက်ရပါတယ်။

ဘူးသီးတောင်မြို့ ဗုံးကွဲမှု မသင်္ကာသူ ၃ ဦးကို ရဲ စစ်ဆေး

Photo: ဘူးသီးတောင်မြို့ ဗုံးကွဲမှု မသင်္ကာသူ ၃ ဦးကို ရဲ စစ်ဆေး
Monday, November 3, 2014

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တာနဲ့ ဆက်နွယ်ပြီး မြို့ခံ အမျိုးသား ၃ ဦးကို ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့နေရာမှာ တွေ့ရှိခဲ့တဲ့ သက်သေခံပစ္စည်းတွေနဲ့ ပုံစံတူပစ္စည်း တချို့ကို စစ်ဆေးတွေ့ရှိတာကြောင့် ကွန်ပျူတာဆိုင်ရှင်တစ်ဦးနဲ့ စက်ဘီးဆိုင်က လူနှစ်ဦးကို ခေါ်ယူစစ်ဆေးနေတာဖြစ်တယ်လို့ ဘူးသီးတောင် မြို့နယ် ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ညက ဘူးသီးတောင်မြို့ ကုန်သွယ်မှုမြှင့် တင်ရေး ဦးစီးဌာနရုံးရှေ့အနီးက အေးမြင့်မိုရ် ဆောက်လုပ်ရေး ကုမ္ပဏီပိုင် ဘိလပ်မြေဖျော်စက်အောက်မှာ လက်လုပ်ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုအပြီးမှာ သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူတွေက သွားရောက် စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံး ဆင်းကဒ်ထည့်ထားတဲ့ နိုကီယာ ဟန်းဆက်တစ်လုံးအပြင် မီးလောင်ကျွမ်းနေတဲ့ ဝါယာကြိုးအပိုင်းအစတစ်ခု၊ သံနို့ဆီဗူးအပိုင်းအစတွေ၊ အက်ဆစ်ရည်တွေနဲ့ စက်ဘီးဘောစေ့တွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အခုအခါမှာ ဘူးသီးတောင်မြို့အတွင်း လုံခြုံရေးအင်အား တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။

RFA Burmese
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ညပိုင်းက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တာနဲ့ ဆက်နွယ် ပြီး မြို့ခံအမျိုးသား ၃ ဦးကို ဘူးသီးတောင်မြို့နယ် ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

ပုသိမ်-ရန်ကုန် ကားလမ်းမပေါ်ရှိ ပန်တိုင်တံတား မြေသားကျွံကျမှုကြောင့် ယာယီလမ်းလွှဲ အသစ်ဖောက်လုပ်ခဲ့ရပြီး ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှုများ ယာယီရပ်တန့်ခဲ့ရ

Photo: ပုသိမ်-ရန်ကုန် ကားလမ်းမပေါ်ရှိ ပန်တိုင်တံတား မြေသားကျွံကျမှုကြောင့် ယာယီလမ်းလွှဲ အသစ်ဖောက်လုပ်ခဲ့ရပြီး ကုန်စည်စီးဆင်းမှုနှင့် ခရီးသွားလာမှုများ ယာယီရပ်တန့်ခဲ့ရ
Monday, November 3, 2014

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ ပန်တိုင်ကျေးရွာအနီး မိုင်တိုင် ၁၆/၁၇ အကြားရှိ အေးရှားဝေါလ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ပန်တိုင်တံတား မြေသားကျွံကျမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့ကြီးအများစုတွင် ခရီးသွားလာမှုများ ကုန်စည်စီးဆင်းမှုများ ယာယီရပ်တန့်ခဲ့ရပြီး၊ တံတားပြင်ဆင်နေချိန်အတွင်း ခရီးသည်များ သွားလာနိုင်ရန်အတွက် ယာယီလမ်းလွှဲတစ်ခုကို ဖောက်လုပ်ခဲ့ရကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁ ရက် ည ၈ နာရီဝန်းကျင်မှစတင်ကာ တံတားပျက်စီးခဲ့မှုကြောင့် ခရီးသည်ယာဉ်များ ကုန်တင်ကားများမှာ ယင်းတံတားနေရာတွင် ပိတ်ဆို့မှုများဖြစ်ပွားခဲ့ပြီး အချို့မှာ နေရပ်များသို့ လှည့်ပြန်ခဲ့ရခြင်းများပါ ကြုံတွေ့ခဲ့ရကြောင်း၊ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခြင်း မရှိသောကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ပို့ဆောင်မည့် ကုန်စိမ်းများနှင့် ကုန်စည်များ ၀င်ရောက်လာမှုများ မရှိသောကြောင့် ဈေးကြီးများတွင် ဆိုင်ခန်းများပိတ်သည်အထိ ရပ်နားလိုက်ရခြင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်တိုင်းသို့ ပို့ဆောင်မည့် ပုဇွန်၊ ငါးနှင့် ဂဏန်းကုန်စည်အချို့ ပျက်စီးခြင်းများပါ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

“အခုအချိန်က ဟင်္သာတနယ်ဘက်က မတ်ပဲနဲ့ ပြောင်းဆန်တင်ပို့တဲ့ အချိန်ပါ။ ဆန်လည်း ပေါ်ကာစဆိုတော့ စတင်နေပြီပေါ့။ ရာသီချိန်လောက်တော့ မများဘူး။ ပန်တိုင်တံတား မြေသားကျွံကျမှုဖြစ်ခဲ့တော့ ကုန်ကားတွေ ကြန့်ကြာကုန်တယ်။ ကုန်ရောက်ပြီးမှ ငွေထုတ်လို့ရတော့ ငွေကြေးကြန့်ကြာမှုလည်း ဖြစ်သွားတယ်။ မနေ့က ကားတွေ ဒီနေ့မှ ရောက်လာတယ်။ ဒီနေ့ ပြန်ပြီးကားမထွက်နိုင်ဘူး။ ရန်ကုန်က လာတဲ့ကုန်တွေ ဈေးထဲပြန်ရောင်းရတာဆိုတော့ ကြန့်ကြာမှု၊ ပြတ်တောက်မှုတချို့ ဖြစ်ခဲ့တယ်။ ဧရာဝတီတိုင်းတွင်း မြို့နယ်တွေနဲ့ ရခိုင်ပြည်နယ်၊ ဂွဘက်သွားမယ့် အ၀င်အထွက်ကားတွေ ကြန့်ကြာမှုဖြစ်ခဲ့တယ်” ဟု ဟင်္သာတကုန်စည်ဒိုင် အတွင်းရေးမှူး ဦးဆန်းထွန်းဦးက ပြောကြားသည်။

“ကျွန်တော်တို့ ဂဏန်းဖာတွေ တင်လိုက်တယ်၊ ကားကလမ်းပိတ်နေတယ်ဆိုတော့ ပြဿနာတက်တာပဲ၊ ကုန်တွေပျက်ကုန်လား မပျက်ကုန်လားတော့ အခုထိ ဖုန်းမရသေးဘူး၊ ကားကတော့ ဆက်ထွက်လို့ရသွားပြီပြောတယ်။ ပျက်စီးကုန်ရင်တော့ သိန်းဂဏန်းအကျော်မှာပဲ” ဟု လပွတ္တာမြို့နယ်ရှိ ရေထွက်ကုန်တင်ပို့သူ ကုန်သည်တစ်ဦးက ဆိုသည်။

ခရီးသည်တင်ယာဉ်လိုင်းများမှာ ပုံမှန်ထွက်ရှိချိန်များအတိုင်း ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ “နံနက် ၈ နာရီ ရန်ကုန်ကထွက်လာတဲ့ကားက ညနေ ၃ နာရီကျော်မှ ရောက်လာတယ်၊ ကားတွေကတော့ ပုံမှန်အတိုင်းဆက်ထွက်မှာပါ၊ တန်ချိန်ကိုတော့ တန် ၂၀ အောက်လို့ သတ်မှတ်လိုက်တယ်” ဟု ရွှေဥက္ကာ ရန်ကုန်-မြောင်းမြ ခရီးသည်တင်ပို့ဆောင်ရေးမှ ဂိတ်မှူးက ပြောကြားသည်။

ယင်းတံတားပျက်စီးသွားသည့် နေရာတွင် ယာယီလမ်းလွှဲတစ်ခုကို အေးရှားဝေါကုမ္ပဏီမှ ဖောက်လုပ်ပေးပြီးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။ “ယာယီတစ်လမ်းမောင်း လမ်းလွှဲကို ဒီနံနက် ၁၀ နာရီလောက်မှာ ဖောက်လို့ပြီးတယ်။ ညပိုင်းထဲက ကားတွေပိတ်နေတယ်ဆိုလို့ ရဲတပ်ဖွဲ့က လုံခြုံရေးသွားယူပေးခဲ့ပါတယ်၊ တံတားပြုပြင်ဖို့ကတော့ ငါးရက်လောက်ကြာမယ်လို့ပြောတယ်။ ရန်ကုန်တိုင်း အပိုင်ထဲကဆိုတော့ အသေချာမသိရဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။

“ဖြစ်တဲ့နေရာက ရန်ကုန်တိုင်းမှာဆိုတော့ ရန်ကုန်တိုင်းကပဲ လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ သိပ်မသိရဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်း ဦးစီးဌာနမှ ဦးမြင့်ကြည်က ဆိုသည်။

ယင်း ပန်တိုင်တံတားမှာ ဧရာဝတီတိုင်းဒေသကြီးသို့ အ၀င်တံတားတစ်ခုဖြစ်ပြီး တိုင်းဒေသကြီးအတွင်း မိုးရာသီအတွင်း လမ်းပိုင်းများ မပျက်စီးစေရန်ဟုဆိုကာ ယာဉ်+ကုန်တန်ချိန်များ လျှော့ချကန့်သတ်ထားခဲ့မှုကို ပြန်လည်ခွင့်ပြုပေးခဲ့သည့်နေ့အပြီး နောက်တစ်ရက်တွင် တံတားပျက်စီးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်-ပုသိမ် ကားလမ်းမပေါ်ရှိ ပန်တိုင်တံတား မြေသားကျွံကျမှုကြောင့် ယာဉ်အသွားအလာများ ရပ်ဆိုင်းခဲ့ပြီး လက်ရှိတွင် တံတားဘေးယာယီ ကျောက်ခင်းလမ်းမှ ယာဉ်များတန်းစီကာ အလှည့်ကျဖြင့် ပြန်လည်သွားလာလျက်ရှိကြောင်း နိုဝင်ဘာ ၂ ရက်တွင် သတင်းရရှိသည်။

“အခု ယာယီကျောက်ခင်းလမ်းက တစ်ဖက်ခင်းပြီးသွားပြီ။ ဧရာဝတီဘက်သွားတဲ့ ကျန်တစ်ဖက်ကိုလည်း ဆက်ခင်းသွားပါမယ်။ ရှောင်လမ်းအဆင်ပြေအောင် လုပ်ပေးပြီမှ အလယ်ကကျိုးနေတဲ့တံတားကို ပြန်ဖျက်ပြီး တံတားအသစ် ပြန်လုပ်သွားပါမယ်။ ဖြိုပြီးအသစ်ပြန်လုပ်မှာဖြစ်လို့ ပုံမှန်သွားနိုင်ဖို့ တစ်လကျော်နီးပါးလောက်တော့ ကြာပါမယ်” ဟု အေးရှားဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက Weekly eleven သို့ ပြောကြားသည်။ 

Eleven Media Group 

ကျွံကျနေသည့် တံတားပေါ်တွင် လူနှင့်ဆိုင်ကယ်များ ဖြတ်သန်းရန် ပျဉ်ချပ်များခင်းထားသည်ကို နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ်

ကျွံကျနေသည့် တံတားပေါ်တွင် လူနှင့်ဆိုင်ကယ်များ ဖြတ်သန်းရန် ပျဉ်ချပ်များခင်းထားသည်ကို နိုဝင်ဘာ ၂ ရက်က တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ ပန်တိုင်ကျေးရွာအနီး မိုင်တိုင် ၁၆/၁၇ အကြားရှိ အေးရှား ဝေါလ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ပန်တိုင်တံတား မြေသားကျွံကျမှုကြောင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့ကြီးအများစုတွင် ခရီးသွားလာမှုများ ကုန်စည်စီးဆင်းမှုများ ယာယီရပ်တန့်ခဲ့ရပြီး၊ တံတားပြင်ဆင်နေချိန်အတွင်း ခရီးသည်များ သွားလာနိုင်ရန်အတွက် ယာယီလမ်းလွှဲတစ်ခုကို ဖောက်လုပ် ခဲ့ရကြောင်း သတင်းရရှိသည်။

ပြည်ပမော်တော်ယာဉ်တင်သွင်းမှု အပါအ၀င် ဒေါ်လာကိုးဘီလျံကျော်တန်ဖိုးရှိ သွင်းကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး ယခင်နှစ်တင်သွင်းမှုထက် ဒေါ်လာနှစ်ဘီလျံကျော် မြင့်တက်နေ

Photo: ပြည်ပမော်တော်ယာဉ်တင်သွင်းမှု အပါအ၀င် ဒေါ်လာကိုးဘီလျံကျော်တန်ဖိုးရှိ သွင်းကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး ယခင်နှစ်တင်သွင်းမှုထက် ဒေါ်လာနှစ်ဘီလျံကျော် မြင့်တက်နေ
Monday, November 3, 2014

ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှု အပါအ၀င် ဒေါ်လာကိုးဘီလျံကျော် တန်ဖိုးရှိ သွင်းကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတင်သွင်းမှုထက် ဒေါ်လာနှစ်ဘီလျံကျော် မြင့်တက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ မော်တော်ယာဉ်တင်သွင်းမှု အပါအ၀င် သွင်းကုန်ပစ္စည်းတင်သွင်းမှု တန်ဖိုးမှာ ဒေါ်လာ ၉၂၉၅ ဒသမ ၆၈၁ သန်းရှိခဲ့ကြောင်း သိရသည်။

ယခင်ဘဏ္ဍာနှစ် အလားတူကာလတွင်မူ ပြည်ပမှ သွင်းကုန်ပစ္စည်း တင်သွင်းမှုတန်ဖိုးမှာ ဒေါ်လာ ၇၀၈၅ ဒသမ ၃၆၂ သန်းရှိခဲ့သဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း သွင်းကုန်တင်သွင်းမှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၂၂၁၀ ဒသမ ၃၁၉ သန်း ပိုမိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများကို နှစ်စဉ်တင်သွင်းနေရကြောင်း သိရသည်။

အဆိုပါ သွင်းကုန်အမျိုးအစား သုံးမျိုးအနက် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများမှာ တင်သွင်းမှုများပြားခဲ့ကြောင်း သိရသည်။

လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း တင်သွင်းမှုတွင် ဂျုံစေ့၊ ဂျုံမှုန့်၊ ရေနံထွက်ပစ္စည်း၊ လုပ်ငန်းသုံးသီးနှံဆီများ၊ ဓာတုဗေဒပစ္စည်းများ၊ ဓာတ်ဆေးဆိုးဆေးများ၊ သုတ်ဆေးပေါလစ်များ၊ ဓာတ်မြေသြဇာများ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ သားရေ၊ ရော်ဘာကုန်ကြမ်းပစ္စည်းများ၊ သတင်းစာစက္ကူများ၊ ပုံနှိပ်စက္ကူများ၊ ကုန်ထုတ်စက္ကူများ၊ စီးကရက်စက္ကူများ၊ အခြားစက္ကူများ၊ ဓာတုဗေဒချည်ခင်များ၊ အခြားချည်ခင်များ၊ သံနှင့်သံမဏိပစ္စည်းများ၊ သတ္တုကုန်ကြမ်းပစ္စည်းများ၊ သွပ်ပြား၊ တာယာနှင့် ကျွတ်များပါဝင်ကြောင်း သိရသည်။

အဆိုပါ ကာလအတွင်း ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ ငါးဖမ်းပိုက်ကွန်များ၊ မီးရထားနှင့် မီးရထားပစ္စည်းများ၊ လေယာဉ်နှင့် လေယာဉ်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ သင်္ဘောနှင့် သင်္ဘောပစ္စည်းများ၊ လယ်ထွန်စက်များ၊ လယ်ယာသုံးနောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းကိရိယာများ၊ ရုပ်မြင်သံကြားစက်များ၊ ကွန်ပျူတာ၊ ကွန်ပျူတာနှင့် သက်ဆိုင်သောပစ္စည်း၊ လေအေးစက်များ၊ အင်ဂျင်များ၊ စက်နှင့်စက်ပစ္စည်းများ၊ သတ္တုကုန်ချော ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းခဲ့ခြင်းဖြစ်ကြာင်းလည်း သိရသည်။

Eleven Media Group 

ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များအား သီလ၀ါဆိပ်ကမ်း၌ တွေ့ရစဉ်
ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များအား သီလ၀ါဆိပ်ကမ်း၌ တွေ့ရစဉ်
ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှု အပါအ၀င် ဒေါ်လာကိုးဘီလျံကျော်တန်ဖိုးရှိ သွင်းကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတင်သွင်းမှုထက် ဒေါ်လာနှစ်ဘီလျံကျော် မြင့်တက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

နေပြည်တော်လေဆိပ် အရှုံးပေါ်မှုကြောင့် နိုင်ငံတော်မှ ပြန်လည်လွှဲပြောင်း ယူပေးရန် အေးရှားဝေါလ်ကုမ္ပဏီမှ တောင်းဆိုထားခြင်းအပေါ် နိုင်ငံတော်မှ တာဝန်ယူသွားရန်ရှိဟု ဆို

Photo: နေပြည်တော်လေဆိပ် အရှုံးပေါ်မှုကြောင့် နိုင်ငံတော်မှ ပြန်လည်လွှဲပြောင်း ယူပေးရန် အေးရှားဝေါလ်ကုမ္ပဏီမှ တောင်းဆိုထားခြင်းအပေါ် နိုင်ငံတော်မှ တာဝန်ယူသွားရန်ရှိဟု ဆို
Monday, November 3, 2014

အေးရှားဝေါလ်ကုမ္ပဏီမှ နေပြည်တော်လေဆိပ်ကို အရှုံးပေါ်မှုကြောင့် နိုင်ငံတော်မှ ပြန်လည်လွှဲပြောင်းယူပေးရန် တောင်းဆိုထားခြင်းအပေါ် နိုင်ငံတော်အစိုးရမှ တာဝန်ယူသွားရန်ရှိကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားခဲ့သည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်အား ပြည်တွင်းပြည်ပ လေကြောင်း လိုင်း များ ဆင်းသက်မှုနည်းပါးခြင်းကြောင့် နိုင်ငံတော်မှ ပြန်လည်လွှဲပြောင်းယူပေးရန် အေးရှားဝေါလ်ကုမ္ပဏီမှ တောင်းဆိုထားခြင်းဖြစ်သည်။

နေပြည်တော်လေဆိပ်အား ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည့် အေးရှားဝေါလ် ကုမ္ပဏီမှ BOT စနစ်ဖြင့် ရယူလုပ်ကိုင်နေသည်မှာ မှန်သော်လည်း နေပြည်တော် သည် အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သည့်အတွက် အပြည်ပြည် ဆိုင်ရာ လေဆိပ်တစ်ခု ရှိနေရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် နေပြည်တော် လေဆိပ် မှာ ဝင်ငွေနှင့်ထွက်ငွေ မမျှတဖြစ်နေသည်မှာ အမှန်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်အတိုင်း တည်ရှိနေရန် နိုင်ငံတော်ဘက်မှ တာဝန်ယူသွားရန်ရှိကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

“နေပြည်တော်လေဆိပ်က ဝင်ငွေထွက်ငွေ မမျှတဖြစ်နေတယ်ဆိုတာ အမှန်ပါ။ ပုဂ္ဂလိကကုမ္ပဏီက လုပ်ကိုင်နေတာ မှန်ပေမယ့် အစိုးရရုံးစိုက်ရာမြို့တော်မှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခု ရှိကိုရှိနေရမှာဖြစ်လို့ ဒီလေဆိပ်တည်ရှိနေဖို့ မပျက်စီးဖို့ နိုင်ငံတော်ဘက်က တာဝန်ယူဖို့ရှိပါတယ်” ဟု ၎င်းကပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သည့် နေပြည်တော်တွင် အပြည်ပြည် ဆိုင်ရာ လေဆိပ်သစ်ကြီးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Buyers Credit (ဝယ်သူချေးငွေစနစ်) ဖြင့် မြန်မာအစိုးရနှင့် Export Import Bank of China တို့မှ Loan Agreement ကို လက်မှတ်ရေးထိုးပြီး စီမံကိန်းလုပ်ငန်းအဆင့် ၁ အား အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အေးရှားဝေါလ်ကုမ္ပဏီသည် လေဆိပ်တည်ဆောက်ရေးလုပ်ငန်း စီမံကိန်း အဆင့် ၁ အား တည်ဆောက်ခဲ့ပြီး ထပ်မံတည်ဆောက်ရမည့် လေဆိပ် တည်ဆောက် ရေး လုပ်ငန်းများနှင့် လက်ရှိကိုင်တွယ် ဆောင်ရွက်နေသည့် လေဆိပ်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန်မှာ နိုင်တံတကာ လေကြောင်းလိုင်းများ ဆင်းသက်မှုမရှိပါက ဆက်လက်အရှုံးပေါ်မည် ဖြစ်သဖြင့် ယခုကဲ့သို့ နိုင်ငံပိုင်အဖြစ် ပြန်လည်လွှဲပြောင်းရယူပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

နေပြည်တော်လေဆိပ်အဆောက်အုံ (ပြေးလမ်းတန်ဖိုးမပါ) အား ဒေါ်လာ ၂၃၅.၁၈၁ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ပြီး၊ ၂ဝ၁၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Eleven Media Group 

နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် တစ်နေရာအား တွေ့ရစဉ်
နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် တစ်နေရာအား တွေ့ရစဉ်
အေးရှားဝေါလ်ကုမ္ပဏီမှ နေပြည်တော်လေဆိပ်ကို အရှုံးပေါ်မှုကြောင့် နိုင်ငံတော်မှ ပြန်လည်လွှဲပြောင်း ယူပေးရန် တောင်းဆိုထားခြင်းအပေါ် နိုင်ငံတော်အစိုးရမှ တာဝန်ယူသွားရန်ရှိကြောင်း လေကြောင်းပို့ ဆောင်ရေး နှင့် ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားခဲ့သည်။

ဝိုင်းစုခိုင်သိန်းရဲ့ အာဘွား Music Video ပရိသတ်တွေ ဘာမျှော်လင့်လဲ

Photo: ဝိုင်းစုခိုင်သိန်းရဲ့ အာဘွား Music Video ပရိသတ်တွေ ဘာမျှော်လင့်လဲ
Monday, November 3, 2014

လူငယ်ပရိသတ်တွေကြားထဲ လူကြိုက်များ ထင်ရှားတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းက သူ့ရဲ့ အာဘွား သီချင်းအယ်လ်ဘမ်ရဲ့ Music Video ကို နိုဝင်ဘာ ၁ရက်နေ့က ဒဂုံစင်တာ ၂မှာ ဖြန့်ချိတဲ့ပွဲမှာ ပရိသတ်ကို ကိုယ်တိုင်ကိုယ်ကျ လက်မှတ်ထိုး ရောင်းချခဲ့ပါတယ်။

ဝိုင်းစုခိုင်သိန်းရဲ့ပထမဆုံး သီချင်းအယ်လ်ဘမ်ကတည်းက စတင်အားပေးခဲ့တဲ့ ပရိသတ် ကိုဝေယံက ဝိုင်းစုခိုင်သိန်းရဲ့အသံသေးသေးလေးကို သဘောကျသလို အခုထွက်တဲ့ Music Video မှာလည်း အသစ်အဆန်းတွေ တွေ့ရဖို့မျှော်လင့်ထား တယ်လို့ ပြောပါတယ်။

ကိုဝေယံလိုပဲ ဒီ Music Videoထဲမှာ အသစ်အဆန်းတွေကို မျှော်လင့်ထားသူက ရွှေပြည်သာကနေ တကူးတက လာအားပေးတဲ့ မချိုချိုလွင်ပါ။ အခုနောက်ပိုင်း မြန်မာဂီတလောကမှာ Music Video တွေ ဆန်းဆန်းလေးတွေ ရိုက်လာလို့ ဝိုင်းစုဆီက မျှော်လင့်စောင့်စားတာပါလို့ ဆိုပါတယ်။

အာဘွား သီချင်းအယ်လ်ဘမ်ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်
စကားပြောခဲ့ပြီး အားပေးသလောက် သူကြိုးစားသွားမယ်လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။ အခု Music Video ကို ဝယ်သူတွေကို One Lady Show လက်မှတ် အတွက် ကံစမ်းမဲတွေဖောက်ထားပေးပြီး မလာဖြစ်တဲ့သူတွေအတွက်လည်း စီးတီးမတ်ဆိုင်တွေမှာ ကံစမ်းနိုင်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ Show ကို လူတိုင်းကြည့်နိုင်အောင် ဈေးနှုန်းချိုသာဖို့ ကြိုးစားထားတယ်လို့ ဆိုပါတယ်။

လှိုင်မြို့နယ်ကနေ ဝိုင်းစုခိုင်သိန်းကို နေပူထဲ လာအားပေးတဲ့ စိုးလှိုင်ထွန်းက အဆိုတော်ရဲ့ အသံက ချိုချိုအေးအေးနဲ့ ကရုဏာသံပေါက်တဲ့အပြင် လူကလည်း ချစ်စရာကောင်းလို့ ကြိုက်တယ်လို့ ပြောပါတယ်။ နောက်တစ်ယောက် စုစုလှိုင်ကလည်း Music Video ထဲ ဘာတွေပါမလဲ ဦးဦးဖျားဖျားသိချင်လို့ လာအားပေးတယ်လို့ ဆိုပြန်ပါတယ်။

Kamayut Media
လူငယ်ပရိသတ်တွေကြားထဲ လူကြိုက်များ ထင်ရှားတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းက သူ့ရဲ့ အာဘွား သီချင်းအယ်လ်ဘမ်ရဲ့ Music Video ကို နိုဝင်ဘာ ၁ရက်နေ့က ဒဂုံစင်တာ ၂မှာ ဖြန့်ချိတဲ့ပွဲမှာ ပရိသတ်ကို ကိုယ်တိုင်ကိုယ်ကျ လက်မှတ်ထိုး ရောင်းချခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး လွှတ်တော်တွင်း ဆွေးနွေးမှုများအား နိုဝင်ဘာ ၂၁ ရက် နောက်ဆုံးထား အပြီးသတ်ဆောင်ရွက်ရန် သူရဦးရွှေမန်း ညွှန်ကြား

Photo: ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး လွှတ်တော်တွင်း ဆွေးနွေးမှုများအား နိုဝင်ဘာ ၂၁ ရက် နောက်ဆုံးထား အပြီးသတ်ဆောင်ရွက်ရန် သူရဦးရွှေမန်း ညွှန်ကြား
Monday, November 3, 2014

ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီမှ တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာနှင့်ပတ်သက်၍ လွှတ်တော်၌ ဆွေးနွေးမှုကို နိုဝင်ဘာ ၂၁ ရက် နောက်ဆုံးထား အပြီးသတ်ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ညွှန်ကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် လွှတ်တော်တွင်းဆွေးနွေးခြင်းကို နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၁ ရက်အတွင်း အပြီးသတ်ဆွေးနွေးရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာ၌ ပြင်ဆင်ရန်စဉ်းစားသင့်ကြောင်း အကြံပြုသည့်ပုဒ်မများ ခေါင်းစဉ်အောက်တွင် ပုဒ်မ ၅၉ (စ) အား ထည့်သွင်းထားသည်။ ထို့ပြင် အစီရင်ခံစာပါ ပါတီအလိုက် အကြံပြုချက်များတွင် ပုဒ်မ ၅၉(စ) အား ပယ်ဖျက်ရန် NLD ပါတီက အကြံပြုထားသည်။ ပြည်ထောင်စုကြံခိုင်ရေးပါတီမှ အခြေအနေ အချိန်အခါအရ စဉ်းစားဆောင်ရွက်သင့်သည့် ပုဒ်မဖြစ်ကြောင်း အကြံပြုသည်။ ရခိုင်အမျိုးသားပါတီက “နိုင်ငံခြားသားအိမ်ထောင်ဖက် သက်ရှိထင်ရှားရှိနေလျှင်” ဟု အစားထိုးသင့်ကြောင်း အကြံပြုသည်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက “မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီး (သို့မဟုတ်) ခင်ပွန်းသော် လည်းကောင်း” ဟူသော စာသားဖြုတ်ပယ်ရန် အကြံပြုထားသည်။ သူရဦးအောင်ကိုက ဤပုဒ်မခွဲကို စဉ်းစားရန် အကြံပြုသည်။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီက “မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း လက်ရှိအချိန်တွင် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ” ဟု ပြင်ဆင်ရန် အကြံပြုထားသည်။

ထို့ပြင် ပြည်သူများ စိတ်ဝင်စားနေသည့် ပုဒ်မ ၄၃၆ (က) နှင့် ၄၃၆ (ခ) ကိုလည်း ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း ကော်မတီမှ အကြံပြုထားသည်။ ထို့ပြင် အစီရင်ခံစာပါ ပါတီအလိုက် အကြံပြုချက်များတွင် ပုဒ်မ ၄၃၆ (က) အား NLD ပါတီမှ ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်တင်မြောက်ခြင်းခံရသော ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံက ပြင်ဆင်ရန် (သို့) ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော်ကပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အထမြောက်ပါက ဆန္ဒမဲပေးသူဦးရေ၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်သင့်ပါသည်” ဟု အကြံပြုထားသည်။

ပုဒ်မ ၄၃၆ (က) နှင့်ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အကြံပြုရာတွင် “နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက် ဦးတည်ဆောင်ရွက်လျက်ရှိရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းနှင့် စပ်လျဉ်း၍ ပြည်သူများနှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ အရေးပါမှု အခန်းကဏ္ဍကို အခြေအနေ အချိန်အခါနှင့် လိုက်လျောညီစွာ တိုးမြှင့်ပေးရမည်ဖြစ်သည်” ဟု သုံးသပ်ထားသည်။ သို့သော် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ပုဒ်မ ၄၃၆(က)အား မပြင်ဆင်လိုကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

ပုဒ်မ ၄၃၆(ခ)နှင့်ပတ်သက်၍ NLD ပါတီက အကြံပြုရာတွင် “ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခြင်းခံရသော ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံ(သို့)ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်ရန်” တင်ပြထားပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက မပြင်ဆင်လိုကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းအစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် အများအပြားရှိနေပြီး ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးပြီးနောက် အစီရင်ခံစာအပေါ် အခြေခံကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း ဆက်လက်ရေးဆွဲရမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်
ပြည်ထောင်စုလွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီမှ တင်ပြထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အစီရင်ခံစာနှင့်ပတ်သက်၍ လွှတ်တော်၌ ဆွေးနွေးမှုကို နိုဝင်ဘာ ၂၁ ရက် နောက်ဆုံးထား အပြီးသတ်ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ညွှန်ကြားခဲ့သည်။

မြန်မာယူ-၁၉ အသင်း ပြင်ဆင်ကုန်ကျငွေ ကန်ဒေါ်လာ သုံးသန်းခွဲရှိ

ကမ္ဘာ့ဖလားယူ-၂၀ ပြိုင်ပွဲဝင်ခွင့်ရ မြန်မာယူ-၁၉ အ သင်းအတွက် ပြင်ဆင်ခဲ့သည့် ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ သုံးသန်း ခွဲခန့်ရှိကြောင်း မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။ 

MyKyat အမည်ဖြင့် မိုဘိုင်းဖုန်းနှင့် ငွေကြေးဝန်ဆောင်မှု စတင်မည်

မိုဘိုင်းဖုန်းနှင့် ငွေကြေးဝန်ဆောင်မှုများ၊ လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် MyKyat Mobile Money ၀န်ဆောင်မှုကို ပထမပုဂ္ဂလိကဘဏ်နှင့်ပူးပေါင်း၍ ၂၀၁၅ ဇန်န၀ါရီအတွင်း ပေးသွားမည်ဖြစ်ကြောင်း Frontier Technology Partners ကုမ္ပဏီမှ သတင်းရရှိသည်။

သီလ၀ါအများပိုင်ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာအဖြစ် ဦးသိန်းဟန်အား ခန့်အပ်

Photo: သီလ၀ါအများပိုင်ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာအဖြစ် ဦးသိန်းဟန်အား ခန့်အပ်
Monday, November 3, 2014

သီလ၀ါစက်မှုဇုန်တည်ဆောက်ရေးလုပ်ငန်းခွင်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
သီလ၀ါအများပိုင်ကုမ္ပ ဏီလီမိတက်(MTSH)အုပ်ချုပ်မှု ဒါရိုက်တာ(MD)ရာထူးကို   ဦး သိန်းဟန်အား ခန့်အပ်တာဝန်ပေး လိုက်ပြီဖြစ်ကြောင်း သီလ၀ါအ များပိုင်ကုမ္ပဏီ  ဒါရိုက်တာအဖွဲ့ဝင့်   ဦးအေးဝင်းက   ပြောကြားသည်။

‘‘ဦးသိန်းဟန်က ကျွန်တော် တို့ MTSHနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဂျပန်ဘက်က (MJTT)ဘက်ကိုတာဝန်ယူနေတဲ့    ဒါရိုက်တာ လေးဦးထဲက တစ်ဦးဖြစ်တဲ့အပြင် ကုမ္ပဏီအကြောင်းလည်း ထဲထဲ ၀င်ဝင်နားလည်တဲ့အတွက် သူ့ကို ခန့်လိုက်တာပါ’’ဟု ဦးအေးဝင်း ကပြောသည်။

နိုဝင်ဘာ ၁ရက်တွင် ပြုလုပ် သော သီလ၀ါအများပိုင်ကုမ္ပဏီ နှစ်ပတ်လည်အစည်းအဝေး၌ ဒါရိုက်တာအဖွဲ့ဝင်များက   ဦးသိန်းဟန်အား ရွေးချယ်ခဲ့ခြင်းဖြစ် သည်။

သီလ၀ါအများပိုင်စတင်ဖွဲ့ စည်းစဉ် ဦးသိမ်းဝေက ဒုဥက္ကဋ္ဌ နှင့်အုပ်ချုပ်မှုဒါရိုက်တာရာထူး တို့ကို   ပူးတွဲတာဝန်ယူခဲ့သော် လည်း ဦးသိမ်းဝေက အုပ်ချုပ်မှုဒါ  ရိုက်တာရာထူးမှ   နုတ်ထွက်ရန်တင်ပြခဲ့သဖြင့် ယင်းရာထူးကို ပြန် လည်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ဦးသိန်းဟန်သည် မြန်မာနိုင် ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌဖြစ်ပြီး သီလ၀ါ အများပိုင်ကုမ္ပဏီတွင်ပါဝင်သော Myanmar Edible Oil Industrial Public Corporation Limited ဥက္ကဋ္ဌလည်းဖြစ်သည်။

သီလ၀ါအများပိုင်ကုမ္ပဏီ လီမိတက်ကို  အများပိုင်ကုမ္ပဏီ (၉)ခုမှ တာဝန်ရှိသူများက ဒါရိုက် တာအဖွဲ့အဖြစ်တာဝန်ယူထားပြီး ဥက္ကဋ္ဌအဖြစ်ဦးဝင်းအောင်၊ ဒုဥက္ကဋ္ဌအဖြစ် ဦးသိမ်းဝေ၊ ဒါရိုက် တာများအဖြစ် ဦးညီခင်၊ ဦးထွန်း လွင်၊ ဒေါက်တာဉာဏ်သစ်လှိုင်၊ ဦးခင်မောင်အေး၊ ဦးအောင်စိုး သာနှင့် ဦးတင်မောင်လှိုင်တို့က တာဝန်ယူထားသည်။

7Day DAILY
သီလ၀ါစက်မှုဇုန်တည်ဆောက်ရေးလုပ်ငန်းခွင်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
သီလ၀ါအများပိုင်ကုမ္ပ ဏီလီမိတက်(MTSH)အုပ်ချုပ်မှု ဒါရိုက်တာ(MD)ရာထူးကို   ဦးသိန်းဟန်အား ခန့် အပ်တာဝန်ပေးလိုက်ပြီဖြစ်ကြောင်း သီလ၀ါအများပိုင်ကုမ္ပဏီ  ဒါရိုက်တာအဖွဲ့ဝင့်ဦးအေးဝင်းက   ပြော ကြားသည်။

ပြည်တွင်းမှ ဖန်တီးသည့် ဂိမ်းများ ငွေပေးချေမှု အခက်အခဲကြောင့် ဈေးကွက်ရရှိရန် ခက်ခဲ

 ပြည်တွင်းမှ ရိုးရာဇာတ် ကောင်များပါဝင်သည့် ဂိမ်းအမျိုးအစားများမှာ ဈေးကွက်အခိုင် အမာရှိသော်လည်း အွန်လိုင်းတွင် ရောင်းချရန် ငွေပေးချေနိုင်သည့် စနစ်အခိုင်အမာ မရှိသေး၍ ဖန်တီးသူများ အခက်အခဲ ရှိနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ထားဝယ် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲအကြောင်း ရုပ်ရှင် ရိုက်ကူး

ထားဝယ်ရိုးရာနှစ်စဉ် ကျင်းပမြဲဖြစ်သော တန်ဆောင် တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့် ပွဲတော်ကို နောက်ခံ ထား၍ ဗြဟ္မစိုရ်အမည်ဖြင့် ရိုက်ကူးမည့် ရုပ် ရှင်ဇာတ်ကားကန်တော့ပွဲပေးပွဲ ကို နိုဝင်ဘာ ၂ ရက်က ထားဝယ် မြို့ မြစိမ်းခန်းမတွင် ကျင်းပခဲ့ ကြောင်း သတင်းရရှိသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းဈေးကွက် အရောင်းအ၀ယ် ကျဆင်းနေပြီး လုပ်ငန်းငယ်များ ရပ်တည်ရန်ခက်ခဲလာ


Photo: ဖားကန့်ဒေသတွင် ကျောက်စိမ်းဈေးကွက် အရောင်းအ၀ယ် ကျဆင်းနေပြီး လုပ်ငန်းငယ်များ ရပ်တည်ရန်ခက်ခဲလာ
Monday, November 3, 2014

မြန်မာနိုင်ငံ၏ အဓိကကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် ကျောက်စိမ်းဈေးကွက် အရောင်းအ၀ယ် ကျဆင်းနေပြီး လုပ်ငန်းငယ်များ ရပ်တည်ရန်ခက်ခဲလာကြောင်း ကျောက်တူးဖော်လုပ်ငန်း လုပ်ကိုင်သူများ၊ ကျောက်စိမ်းရောင်းဝယ်သူများက ပြောကြားသည်။

အရည်အသွေးကောင်းမွန်သည့် အရည်ကျောက်နှင့် အဆင့်မြင့်ကျောက်သားများသာ ကျဆင်းနေသော ဈေးနှုန်းဖြင့် အရောင်းအ၀ယ် ဖြစ်ထွန်းနေပြီး ကျန်ကျောက်စိမ်းအမျိုးအစားများမှာ ၀ယ်သူမရှိသလောက်ဖြစ်နေကြောင်း သိရသည်။

ကျောက်စိမ်းအရည်အသွေး အကောင်းဆုံးထွက်ရှိရာ လုံးခင်းဒေသ မှော်ဆီဇာကျေးရွာမှ ကျောက်ရောင်းဝယ်သူ ကိုအောင်အောင်က “လွန်ခဲ့တဲ့နှစ်တွေက တိုက်ပွဲသာဖြစ်တာ ကျောက်ဈေးကွက်ရှိတယ်။ ဒီနှစ်တော့ သိန်း ၅၀ တန်တဲ့ကျောက်က သိန်း ၃၀ မကျော်ချင်ဘူး။ ရှိတဲ့ဗင်ကားလေးဆွဲပြီး ထမင်းဖိုးဟင်းဖိုး ရှာစားနေတာ။ ကျောက်လုပ်ငန်းလုပ်တဲ့သူ တော်တော်များများ အောက်ပြည်အောက်ရွာက ကိုယ့်အိမ်ကိုငွေမှာပြီး ရပ်တည်နေရာတာ။ ရေမဆေးမွေးတဲ့ လုပ်ငန်းငယ်တွေ လုပ်ငန်းမလည်ပတ်နိုင်လို့ ပြုတ်တာအတော်များနေပြီ” ဟုဆိုသည်။

ကျောက်စိမ်းအရောင်းအ၀ယ် နှေးရသည့် အကြောင်းအရင်းမှာ တရုတ်နိုင်ငံမှ ကျောက်စိမ်းဝယ်ယူမှု နည်းခြင်း၊ ပြည်တွင်းမှတရုတ်သို့ မှောင်ခိုထုတ်သည့်လမ်းကြောင်းများ စစ်ဆေးမှုများလာခြင်း၊ အဖမ်းအဆီး များလာခြင်းကြောင့်ဖြစ်ကြောင်း တရုတ်နိုင်ငံသို့ ကျောက်စိမ်းတင်ပို့နေသည့် ကုန်သည်များက ဆိုသည်။

လွန်ခဲ့တဲ့နှစ်က အလုပ်သမား ၇၀ ကျော်ထားတယ်။ အခု ၁၀ ယောက်ကျော်ကို မနည်းထိန်းထားရတယ်။ စားသောက်ကုန်ဈေးကြီး၊ ကျောက်က အရောင်းအ၀ယ်နှေးဖြစ်နေတာ။ ထောင်ဂဏန်း၊ သောင်းဂဏန်း ကျောက်က ဈေးကွက်ကို မရှိသလို ဖြစ်သွားတာ။ အရင်နှစ်က ကျောက်ကောင်းရင် အမြတ်၊ ကျောက်အရည်အသွေး မကောင်းတာက ထမင်းစားကျောက်လုပ်ပြီး လည်ပတ်နေတာကိုး” ဟု ညည်းတွား . . . . .
“တရုတ်နိုင်ငံထဲမှာကို အရောင်းအ၀ယ်မဖြစ်တာ။ ကျောက်တစ်လုံး ဖားကန့်မှာရောင်းရင် ငါးသိန်းရမယ်။ ဟိုရောက်လို့ ခုနစ်သိန်းလောက်ရရင် ကယ်ရီသယ်ခ သုံးသိန်းလောက်ဆိုတော့ မကျန်ဘူး။ မှောင်ခိုလမ်းကြောင်းကလည်း ကျပ်နေတာကြာပြီ။ စောင့်ပြီး အမြင်ကောင်းတဲ့ကျောက်ပဲ ၀ယ်နေတယ်” ဟု ကျောက်ကုန်သည်တစ်ဦးက ဆိုသည်။

ကျောက်စိမ်းအရောင်းအ၀ယ် ကျဆင်းနေမှုမှာ နှစ်ဝက်နီးပါး ကြာမြင့်နေပြီး တစ်နိုင်တစ်ပိုင် ကျောက်တူးသူများ၊ ရေမဆေးလုပ်သားမွေးသူများလည်း လုပ်သားများ လျော့ကျပြီး လုပ်ငန်းများဆက်လုပ်နိုင်ရန် ခက်ခဲလာကြောင်း သိရသည်။

အမှိုက်ပုံကျေးရွာမှ တစ်နိုင်တစ်ပိုင် ကျောက်တူးနေသူ ဦးထွန်းထွန်းဝင်းက “တဖြည်းဖြည်း အရောင်းအ၀ယ်အေးလာတာ။ လွန်ခဲ့တဲ့နှစ်က အလုပ်သမား ၇၀ ကျော်ထားတယ်။ အခု ၁၀ ယောက်ကျော်ကို မနည်းထိန်းထားရတယ်။ စားသောက်ကုန်ဈေးကြီး၊ ကျောက်က အရောင်းအ၀ယ်နှေးဖြစ်နေတာ။ ထောင်ဂဏန်း၊ သောင်းဂဏန်း ကျောက်က ဈေးကွက်ကို မရှိသလို ဖြစ်သွားတာ။ အရင်နှစ်က ကျောက်ကောင်းရင် အမြတ်၊ ကျောက်အရည်အသွေး မကောင်းတာက ထမင်းစားကျောက်လုပ်ပြီး လည်ပတ်နေတာကိုး” ဟု ညည်းတွားသည်။

ဖားကန့်ဒေသတွင် တစ်နိုင်တစ်ပိုင် ကျောက်တူးသူ သုံးသိန်းဝန်းကျင်ရှိနေပြီး အများစုမှာ နိုင်ငံဒေသ အနှံအပြားမှ ရောက်ရှိလာသည့် ရွေ့ပြောင်းလုပ်သားများဖြစ်သည်။

၂၀၁၂ ခုနှစ်မှစတင်ပြီး တပ်မတော်နှင့် ကေအိုင်အေတို့၏တိုက်ပွဲများ ဖားကန့်ဒေသအထိ ဖြစ်ပွားလာခဲ့ရာ ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်းများကို နှစ်နှစ်ကျော်ပိတ်ထားခဲ့ရသည်။ ပြီးခဲ့သော ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှစတင်ပြီး ဖားကန့်ဒေသ၌ ကျောက်စိမ်းလုပ်ကွက်များ ပြန်လည်လုပ်ကိုင်ခွင့်ကို နိုင်ငံတော်မှ ပြန်လည်ခွင့်ပြုပေးခဲ့သည်။ အောက်တိုဘာ ၃၀ ရက်အထိ ဖားကန့်ဒေသတွင် ပုဂ္ဂလိကကုမ္ပဏီ ၈၀၈ ခု တစ်ဧကလုပ်ကွက်ပေါင်း ၁၅၆၃၈ ကွက်၊ အကျိုးတူကုမ္ပဏီ ၂၂၂ ခု လုပ်ကွက်ပေါင်း ၃၀၂ ကွက်ရှိပြီး ယခုအချိန်တွင် ငွေအင်အားကြီးမားသည့် ကုမ္ပဏီ ၃၆ ခုသာ လုပ်ငန်းလုပ်ကိုင်ရန် ပြင်ဆင်နေကြောင်း ကချင်ပြည်နယ် သတ္တုတွင်းဝန်ကြီးဌာနမှ သိရသည်။

Eleven Media Group

ဖားကန့်ဒေသအတွင်းရှိ မှော်တစ်ခုတွင် ကျောက်စိမ်းတူးဖော်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)

ဖားကန့်ဒေသအတွင်းရှိ မှော်တစ်ခုတွင် ကျောက်စိမ်းတူးဖော်နေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ ထွန်းလင်းအောင်)

မြန်မာနိုင်ငံ၏ အဓိကကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် ကျောက်စိမ်းဈေးကွက် အရောင်းအ၀ယ် ကျဆင်းနေပြီး လုပ်ငန်းငယ်များ ရပ်တည်ရန်ခက်ခဲလာကြောင်း ကျောက်တူးဖော်လုပ်ငန်း လုပ်ကိုင်သူများ၊ ကျောက်စိမ်းရောင်းဝယ်သူများက ပြောကြားသည်။

မန္တလေးစက်မှုဇုန်တွင် မြေကွက်ရယူထားသူများ လုပ်ငန်းမဖြစ်မနေလုပ်ကိုင်ရန် အစိုးရအဖွဲ့အသိပေး

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များတွင် မြေကွက်ရယူထားသော လုပ်ငန်းရှင်များအနေဖြင့် စက်မှုလုပ်ငန်း မဖြစ်မနေလုပ်ကိုင်ရမည်ဖြစ်ပြီး ရယူထားသည့် စက်မှုဇုန်မြေနေရာ အား မည်သို့စီမံခန့်ခွဲ အသုံးပြုမည် ဆိုသည့် အစီအစဉ်အသေးစိတ် ကို အစိုးရဌာနဆိုင်ရာများသို့ အသိပေးရမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးကျော်မြင့်ကပြောသည်။

အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်အမတ် တစ်ရာကျော် ၀င်ရောက်ဆွေးနွေးမည်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်တွင် ဆွေးနွေးကြသည့်အခါ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်များအပါအ၀င် နိုင်ငံရေးပါ တီအသီးသီးမှ လွှတ်တော်ကိုယ် စားလှယ် စုစုပေါင်း တစ်ရာကျော် ၀င်ရောက်ဆွေးနွေးကြမည်ဖြစ် ကြောင်း သတင်းရရှိသည်။

မြန်မာ-ထိုင်းချစ်ကြည်ရေး တန်ဆောင်တိုင်ပွဲတွင် မီးဘေးကင်းရေး ရပ်ကွက်အဖွဲ့များဖြင့် ဆောင်ရွက်မည်

Photo: မြန်မာ-ထိုင်းချစ်ကြည်ရေး တန်ဆောင်တိုင်ပွဲတွင် မီးဘေးကင်းရေး ရပ်ကွက် အဖွဲ့များဖြင့် ဆောင်ရွက်မည်
Monday, November 3, 2014

ပထမအကြိမ် မြန်မာ -ထိုင်း ချစ်ကြည်ရေး ထားဝယ် တန်ဆောင်တိုင်ပွဲတော် ကျင်းပ သည့်နေ့တွင် တာဝန်ယူရန် မီး ဘေးစောင့်ကြည့်ရေးအဖွဲ့များကို ရပ်ကွက်များတွင် ဖွဲ့စည်းဆောင် ရွက်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

သံဃာအပါး သုံးထောင်အား ဆွမ်းလောင်လှူခြင်း၊ သံဃာ အပါးတစ်ထောင် မြို့တွင်းလှည့် လည် ပူဇော်ခံခြင်း၊ ဆီမီးတစ် သောင်းပူဇော်ခြင်းနှင့် မီးပုံးအလုံး   ငါးထောင် လွှတ်တင်ခြင်းများဖြင့် အပိုင်းသုံးခုခွဲကာ မြန်မာ-ထိုင်း ချစ်ကြည်ရေးတန်ဆောင်တိုင်ပွဲ တော်ကျင်းပမည့် နိုဝင်ဘာ ၆ရက် (တန်ဆောင်မုန်းလပြည့်နေ့)တွင်  ထားဝယ်မြို့ပေါ်ရပ်ကွက်များ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်သုံးဦးနှင့်ရပ်ကွက်အတွင်း တာဝန်ရှိသူ အနည်းဆုံးသုံးဦးပါဝင်သော မီးဘေးစောင့်ကြည့်ရေးအဖွဲ့များကို ဖွဲ့စည်းပြီး တာဝန်ယူဆောင်ရွက်ရန်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ညွှန်ကြားထားကြောင်း သိရသည်။

ချစ်ကြည်ရေးတန်ဆောင် တိုင်အခမ်းအနားမှာ မီးပုံးအလုံးငါးထောင်ကို ညဘက်တွင်ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားရင်ပြင်၌ တစ်ပြိုင်နက်လွှတ်တင် မည်ဖြစ်ပြီး ယင်းနေရာသည်မြို့ ၏ အရှေ့မြောက်လေကြောင်းအတွင်း ကျရောက်နေသောကြောင့်  ကျန်ရှိနေသောရပ်ကွက်များ မီး ဘေးအန္တရာယ်ကင်းစင်စေရန် သီး သန့်ဆောင်ရွက်ခြင်းဖြစ်သည်။

‘‘အစည်းအဝေးမှာ အနည်း ဆုံးခြောက်ဦးသတ်မှတ်ပေးလိုက် ပေမယ့် ကျွန်တော်တို့ ရပ်ကွက်က ဧရိယာလည်းကျယ်တယ်။ လူနေ အိမ်ခြေလည်း စိပ်တယ်။ ပြီးတော့ ဓနိမိုးတွေလည်းရှိတော့ အနည်း ဆုံး ၁၀ဦးလောက် ချထားဖို့ စီစဉ် ထားတယ်’’ဟု ကြက်စားပြင်ရပ် ကွက်အုပ်ချုပ်ရေးမှူးကပြော သည်။ ‘‘အဆိုပါ မီးဘေးစောင့် ကြည့်ရေးအဖွဲ့သည် နိုဝင်ဘာ ၆ ရက်မတိုင်မီ အပြီးဖွဲ့စည်းရမည် ဖြစ်ပြီး ယင်းည ၁၂  နာရီအထိတာ ၀န်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။

ထားဝယ်မြို့တွင် ရပ်ကွက် (၁၅) ခုရှိကာမြို့နယ်မီးသတ်စခန်း ၌ မီးသတ်ယာဉ် ကိုးစီးရှိပြီး  လုံခြုံရေးကင်မရာဖြင့် ၂၄ နာရီစောင့်ကြည့်နေကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှသိရသည်။

နိုဝင်ဘာ ၁ရက်က တောင် ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ခွန်တန်မီးအမည်ရ မီးပုံးပျံပွဲခင်း အတွင်းသို့  ပြုတ်ကျခဲ့ခြင်းကြောင့် ပရိသတ် ၁၅ ဦးဒဏ်ရာရရှိခဲ့ရာ လေးဦးမှာ ပြင်းထန်ကြောင်းသိရှိ ရသည်။

အခမ်းအနားတွင် လွှတ်တင် မည့် မီးပုံးအရေအတွက်  များပြား ပြီးထားဝယ်တွင် မီးပုံးပျံပြုတ်ကျ မှုကြောင့် မီးလောင်မှုများဖြစ်ပေါ် ဖူးသဖြင့် မီးဘေးစောင့်ကြည့်ရေး အဖွဲ့များအပြင် ဒေသခံများပါ သတိထား၍ စောင့်ကြည့်သင့်ကြောင်း မီးသတ်ဝန်ထမ်းတစ်ဦး ကပြောသည်။

7Day DAILY 

မြန်မာ - ထိုင်း ချစ်ကြည်ရေး ထားဝယ် တန်ဆောင်တိုင် ပွဲတော် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ − စိုးမိုးအောင်)
မြန်မာ - ထိုင်း ချစ်ကြည်ရေး ထားဝယ် တန်ဆောင်တိုင် ပွဲတော် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ − စိုးမိုးအောင်)
ပထမအကြိမ် မြန်မာ -ထိုင်း ချစ်ကြည်ရေး ထားဝယ် တန်ဆောင်တိုင်ပွဲတော် ကျင်းပ သည့်နေ့တွင် တာဝန် ယူရန် မီး ဘေးစောင့်ကြည့်ရေးအဖွဲ့များကို ရပ်ကွက်များတွင် ဖွဲ့စည်းဆောင် ရွက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

လွှတ်တော်ချန်နယ်လိုင်း ပြင်ဆင်ထုတ်လွှင့်ရန် စီစဉ်နေဟုဆို

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ယူထုတ်လွှင့်နေသော လွှတ်တော်ချန်နယ်လိုင်းကို အများပြည်သူ ပိုမိုစိတ်ဝင်စား စေမည့် ရုပ်သံလိုင်းအဖြစ် ပြင်ဆင်ထုတ်လွှင့်ရန် စီစဉ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကပြောသည်။

လင်မယားချင်း ရန်ဖြစ်ပြီး အ၀တ်များမီးရှို့ရာမှ မီးလောင်မှုဖြစ်

မုံရွာမြို့ရှိ ခရိုင်မြေစာရင်း ဦးစီးဌာနတွင်း နေထိုင်သောမြေ စာရင်း ဦးစီးအရာရှိလင်မယားချင်း စကားများ ရန်ဖြစ်ပြီး အ၀တ်အ စားများကို မီးရှို့ရာမှတစ်ဆင့်မီး လောင်မှုဖြစ်ပွားခဲ့သဖြင့် အမှုဖွင့် အရေးယူထား ကြောင်း သတင်းရရှိသည်။‘‘ဇနီးဖြစ်သူနဲ့စကားများ ရန်ဖြစ်ပြီး အ၀တ်စားတွေကို မီးရှို့ ခဲ့တာဖြစ်ပါတယ်။