Tuesday 15 October 2013

သံတွဲ ပဋိပက္ခ ပါဝင်မှုမရှိသူ အများစု ဖမ်းဆီးခံထားရဟုဆို

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ဖမ်းဆီးခံထားရသူများတွင် ယင်းအကြမ်းဖက်မှုနှင့် မသက်ဆိုင်သူ အများစု ပါဝင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

ရခို်င်ပြည်နုယ်တွင်ပဋိပက္ခ ဖြစ်ပွါးပြီးနောက်ပိုင်း ကလေးများ အတွက် လူသားချင်းစာနာထောက်ထားမှုအရ ထောက်ပံ့ ရန် အမေရိကန်ဒေါ်လာ (၂၈) သန်းလိုအပ်နေသေး

ရခို်င်ပြည်နုယ်တွင်ပဋိပက္ခ ဖြစ်ပွါးပြီးနောက်ပိုင်း ကလေးများ အတွက်
လူသားချင်းစာနာထောက်ထားမှုအရ ထောက်ပံ့ ရန် အမေရိကန်ဒေါ်လာ (၂၈) သန်းလိုအပ်နေသေး


ရခို်င်ပြည်နုယ်တွင်ပဋိပက္ခ ဖြစ်ပွါးပြီးနောက်ပိုင်း ကလေးများ စာသင်ကြားရန် နှင့် ကာကွယ်ဆေးများ ရရှိရန်၊ ရေသန့် ရရှိမှု အပါအ၀င် လူသားချင်းစာနာထောက်ထားမှုအရ ထောက်ပံ့ ရန် အမေရိကန်ဒေါ်လာ (၂၈) သန်းလိုအပ်နေသေးသည် ဟု ယူနီဆက် မြန်မာဌာနေကိုယ်စားလှယ် မစ္စတာဘာထရန် ဘိန်းဗဲလ် ကပြောသည်။

ရခိုင်ပြည်နယ်ရှိ အသက် (၁၈) နှစ်အောက်ကလေးငယ် (၈၆၀၀၀) ကျော်သည် ပဋိပက္ခ၏ အကျိုးသက်ရောက်မှုကို ခံစားနေရကြောင်း၊  ယာယီဒုက္ခသည်စခန်းများရှိ ကလေးများသည် ပုံမှန်ကျောင်း မသွားနိုင်သည့် အတွက် ယာယီစာသင်ကျောင်းကဲ့သို့သော နေရာများတွင် သင်ကြားနေရခြင်း ကြောင့် သင် ထောက်ကူ ပစ္စည်းများက အစ များစွာလိုအပ်နေသေးကြောင်း၊ ယာယီစာသင်ကျောင်း အပြည့်အ၀ ဆောက်လုပ် ပေးရန် ယူနီဆက် အနေဖြင့် ရန်ပုံငွေ လုံလောက်စွာမရှိ သဖြင့် အလှူရှင်များဖြစ်သော EU၊ AUSAID ၊ USAID ကဲ့သို့သော အလှူငွေများစွာပေးနိုင့်မည့် နိုင်ငံတကာ အလှူရှင်များ လိုအပ်နေသေးသည် ဟုဆိုသည်။

အသက်ငါးနှစ်အောက်ကလေးများကာကွယ်ဆေးထိုးရာတွင်လည်း ယူနီဆက် အနေဖြင့် ယခင်ကတည်းက လုပ်ဆောင်ခဲ့သော်လည်း (၂၀၁၂ ) ခုနှစ် ပဋိပက္ခဖြစ်ပွါးပြီးနောက်ပိုင်း ရပ်ဆိုင်းခဲ့ ရသဖြင့် ယခုအခါကျန်းမာရေး ၀န်ကြီး ဌာနနှင့် ယူနီဆက်တို့ ပူးပေါင်းကာ ပြန်လည် စတင်ရန် လုပ်ဆောင်နေပြီဖြစ် ကြောင်း၊ ယင်းကာကွယ်ဆေးထိုးလုပ်ငန်းမှာလည်း ပတ်ဝန်းကျင်လုံခြုံရေး အခက်အခဲကြောင့် နေရာတိုင်းတွင် အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဟုဆိုသည်။

ပန်မိုးဝါ(ရိုးရာလေး)
ရခို်င်ပြည်နုယ်တွင်ပဋိပက္ခ ဖြစ်ပွါးပြီးနောက်ပိုင်း ကလေးများ စာသင်ကြားရန် နှင့် ကာကွယ်ဆေးများ ရရှိရန်၊ ရေသန့် ရရှိမှု အပါအ၀င် လူသားချင်းစာနာထောက်ထားမှုအရ ထောက်ပံ့ ရန် အမေရိကန်ဒေါ်လာ (၂၈) သန်းလိုအပ်နေသေးသည် ဟု ယူနီဆက် မြန်မာဌာနေကိုယ်စားလှယ် မစ္စတာဘာထရန် ဘိန်းဗဲလ် ကပြောသည်။

သဲစုပ်ယူမှုကြောင့် စက်စဲကမ်းခြေအလှ ပျက်စီးစပြုလာ


Photo: သဲစုပ်ယူမှုကြောင့် စက်စဲကမ်းခြေအလှ ပျက်စီးစပြုလာ
Tuesday, October 15, 2013 

မွန်ပြည်နယ်အတွင်းရှိ တစ်ခုတည်းသော အပန်းဖြေကမ်းခြေနေရာဖြစ်သည့် စက်စဲကမ်းခြေ၌ မြေနေရာမြင့်တက်စေရန် သဲများ စုပ်ယူမှုကြောင့် သဘာဝကမ်းခြေအလှအပများ စတင်ပျက်စီးစပြုလာသည်ဟု ဒေသခံတို့ထံမှ သိရှိရသည်။

လူအများလာရောက်အပန်းဖြေရာကမ်းခြေတစ်ခုဖြစ်သော စက်စဲကမ်းခြေတွင် အနီးအပါးကမ်းရိုးတမ်းများတွင် သဲစုပ်မှုများ ပြုလုပ်ခဲ့သောကြောင့် သဘာဝသောင်ခုံပျက်စီးမှုများ စတင်ဖြစ်ပေါ်လာနေပြီဖြစ်ကြောင်း၊ ကမ်းခြေ တစ်ဖြည်းဖြည်းလျော့ကျ ပြိုဆင်းသွားသော အနေအထားများဖြစ်ပေါ်လာနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

 “ကျွန်တော်တို့ အရင်ကဆို ကမ်းခြေမှာ လာပြီးဆော့ကစားကြတဲ့လူတွေပြောတာကတော့ သဲသောင်က ရေတက်လာပြီး ပြန်ကျသွားလည်း သဲတွေက သောင်ခုံပေါ်မှာပဲ ကျန်နေခဲ့တယ်။ ရေချည်းပဲ ပြန်ဆင်းသွား တယ်ပေါ့။ အခုကတော့ ကျွန်တော်တို့ ဆင်းကြည့်တာ ရုတ်တရက် ရေတက်ပြီး ပြန်ဆင်းသွားတဲ့ အချိန်ကြရင် သဲတွေပါ အကုန်လုံးသယ်ပြီး ပြန်ဆင်းသွားသလို ဖြစ်နေတယ်။ အရင်က ကမ်းခြေမှာရှိတဲ့ အပင်တွေ အမြစ် မပေါ်ဘူး။ အခုတော့ အမြစ်တွေပေါ်လာပြီ။ သောင်က တဖြည်းဖြည်း ပါးသွားပြီး အောက်ကနှုန်းမြေတွေပဲ ကျန်တော့မယ့်အနေအထားဖြစ်နေပါတယ်။”ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုဥာဏ်စိုးက ပြောသည်။

ထိုကဲ့သို့ကမ်းခြေပျက်စီးလာခြင်းမှာ ရာဇာမင်းကုမ္ပဏီမှ စက်စဲကမ်းခြေ အစွန်းပိုင်းတွင် မြေယာများ ၀ယ်ယူ ထားခဲ့ပြီးနောက် ၎င်းတို့၏ မြေနေရာကိုမြင့်တက်စေရန် သဲများ စုပ်ယူပြီး ဖြည့်ခဲ့သောကြောင့် ဖြစ်လာရကြောင်း သဲစုပ်သည့် ပမာဏမှာလည်း ၎င်းတို့ဝယ်ယူထားသည် ၂၅ ဧက မြေအကျယ်အ၀န်းကိုဖြည့်ရန်အတွက် သဲများစုပ်ယူခြင်းဖြစ်ကာ စုပ်ယူသည့် သဲပမာဏမှာ လည်း ကျင်းပေါင်း တစ်သောင်းကျော်ခန့်ရှိခဲ့သောကြောင့် များပြားလွန်းသည့်ပမာဏဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် ထိုသို့ သဲစုပ်သည်ကို ခွင့်ပြုချက်ပေးခဲ့ခြင်းမရှိပဲ ယခုအခါ စက်စဲကျေးရွာမှ ဒေသခံများထံမှ ကန့်ကွက်စာများတက်လာခဲ့သောကြောင့် အဆိုပါသဲစုပ်ခြင်းကိုလုံးဝရပ်ဆိုင်းထားခဲ့ပြီ ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုံးဝခွင့်ပြုချက်မပေးခဲ့ဘူး။ သဲစုပ်တယ်ဆိုတာခွင့်ပြုချက်လိုပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အလုပ်မျိုးကို အစိုးရအဖွဲ့အနေနဲ့ လုံးဝခွင့်မပြုခဲ့ဘူး။ သောင်ခုံရဲ့ အစွန်းဘက်မှာ သဲတွေကျင်းပေါင်း တစ်သောင်း လောက်စုပ်တော့ ဒီဘက်ကသဲတွေက ဆင်းပြီး ဟိုဘက်ကို ပြန်ဖြည့်ရသလိုဖြစ်နေတာပေါ့။ အခုတော့ လုံးဝရပ်ဆိုင်းထား ခိုင်းလိုက်ပါပြီ။”မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးဒေါက်တာမင်းနွယ်စိုးက ပြောသည်။

စက်စဲကမ်းခြေသည် မွန်ပြည်နယ်၏ တစ်ခုတည်းသောအပန်းဖြေကမ်းခြေတစ်ခုဖြစ်သကဲ့သို့ နိုင်ငံခြားခရီးသွားများကို ဆွဲဆောင် နိုင်မည့် ရိုးရာဓလေ့များဖြင့် ပြည့်နှက်နေသောနေရာတစ်ခုဖြစ်ကြောင်း လက်ရှိအချိန်တွင် ကမ်းခြေကို အဆင့်မြှင့် တင်ရန်ပြုလုပ် နေချိန်ဖြစ်ပြီး ထိုကဲ့သို့သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများကို အထူးအလေးထားသင့်ကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။ 

Myit Ma Kha Media Group

http://www.myanmaronlinenews.net/2013/10/blog-post_6421.html

မွန်ပြည်နယ်အတွင်းရှိ တစ်ခုတည်းသော အပန်းဖြေကမ်းခြေနေရာဖြစ်သည့် စက်စဲ ကမ်းခြေ၌ မြေနေ ရာမြင့်တက်စေရန် သဲများ စုပ်ယူမှုကြောင့် သဘာဝကမ်းခြေအလှအပများ စတင်ပျက်စီး စပြုလာ သည်ဟု ဒေသခံတို့ထံမှ သိရှိရသည်။

ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး တစ်နေ့တည်းတွေ့ရှိ

Photo: ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး တစ်နေ့တည်းတွေ့ရှိ
Tuesday, October 15, 2013 

ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၁၄ ရက်က ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၁ ရက် ညပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ဧည့်ရိပ်သာ တစ်ခုတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီးနောက် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်နှင့် သာကေတ မြို့နယ်တို့တွင်လည်း ၁၈ နာရီအတွင်း ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်များအပြီး ရန်ကုန်နှင့် မန္တလေးမြို့များ၌ တစ်နေ့တည်း မပေါက်ကွဲသေးသော ဗုံးနှစ်လုံးအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင် အနောက်ရပ်ကွက်ရှိ WESTERN PARK RUBY စားသောက်ဆိုင် အတွင်းရှိ စားပွဲခုံနံပါတ် (၁၉) အောက်တွင် စားပွဲထိုး တာဝန်ကျ သန့်ရှင်းရေး လုပ်နေသော ကျော်ဇေယျာမင်း (၁၈) နှစ်မှ ကြွပ်ကြွပ်အိတ် အမည်းရောင်ဖြင့် အထုပ်တစ်ထုပ်အား တွေ့ရှိခဲ့ပြီး ဆိုင်တာဝန် ရှိသူများအား ပြောပြခဲ့ကြောင်း သိရသည်။

ထို့နောက် ဆိုင်တာဝန် ရှိသူများက အဆိုပါ အမည်းရောင် ကြွပ်ကြွပ်အိတ်ထုပ်အား ဆိုင်၏ အနောက်ဘက်သို့ ယူဆောင်ပြီး ဖွင့်ကြည့်စဉ် ၀ိုင်ယာကြိုးနှစ်ကြိုး၊ ခလုတ်နှစ်ခုနှင့် ဒိုင်ခွက်ပါ အရာတစ်ခုအား တွေ့ရှိရာ ဓာတ်ပုံရိုက်၍ အလုံမြို့မ ရဲစခန်းသို့ သွားရောက်ပြသ တိုင်ကြားခဲ့ကြောင်း သိရသည်။

အလုံမြို့မ ရဲစခန်းမှ စခန်းမှူး အပါအ၀င် တာဝန်ရှိသူများ အဆိုပါ စားသောက်ဆိုင်သို့ ရောက်ရှိလာပြီး ယင်းအထုပ်အား စစ်ဆေးကြည့်ရာ ဗုံး (သို့မဟုတ်) ချိန်ကိုက်ဗုံးဟု ယူဆရသော အလျားလေးလက်မ၊ အနံနှစ်လက်မ၊ အ၀ါရောင်နှင့် အဖြူရောင် ၀ိုင်ယာကြိုး ဆက်သွယ်ထားသော ဒိုင်ခွက်ပါ အရာတစ်ခုကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

''အဲဒီဆိုင်မှာ CCTV တပ်ဆင်ထားတာ မရှိပါဘူး။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ စစ်ဆေးကြည့်လိုက်တော့ အဲဒီအရာက ချိန်ကိုက်ဗုံးလို့ ယူဆရတယ်။ အဲဒီနောက်မှာ ဘေးပတ်ဝန်းကျင်တွေကို အန္တရာယ် မဖြစ်အောင် အဲဒီအရာကို ကားတာယာ သုံးကွင်းနဲ့ ထပ်စွပ်လိုက်တယ်။ ပြီးတော့ လူတွေကို အဲဒီနေရာနဲ့ အဝေးကို ရွှေ့တယ်။ ပြီးတော့ အဲဒီခြံဝင်းထဲမှာရှိတဲ့ ကားအစီး ၂၀ လောက်ကို ရွှေ့တယ်။ အဲဒီနောက်မှာ တိုင်းခရိုင် တာဝန်ရှိသူတွေ၊ ပြီးတော့ စစ်မြေပြင် အင်ဂျင်နီယာ အဖွဲ့ကို ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ကိုတော့ တိုင်းရဲတပ်ဖွဲ့ကပဲ တာဝန်ယူ စစ်ဆေးသွားမယ်လို့ သိရပါတယ်'' ဟု အလုံမြို့မ ရဲစခန်းက စခန်းမှူး ဒုရဲမှူးဝင်းနိုင်က အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ပြောသည်။

ထို့နောက် တာဝန်ရှိသူများ ရောက်ရှိလာပြီး မွန်းတည့် ၁၂ နာရီခန့်တွင် အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများ ထပ်မံရောက်ရှိလာကာ ဗုံး (သို့မဟုတ်) ချိန်ကိုက်ဗုံးဟု ယူဆရသော အရာများကို ထပ်မံ စစ်ဆေးခဲ့ပြီး ''မိုင်း'' ဟု အတည်ပြုခဲ့ကာ ထပ်မံစစ်ဆေးရန်အတွက် ယူဆောင် သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးတွေ့ရှိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ၎င်းစားသောက်ဆိုင်မှ လက်ထောက် အထွေထွေ မန်နေဂျာ ကိုဝင်းဗိုလ်က ''မနေ့က ညပိုင်းမှာ အဲဒီစားပွဲဝိုင်းမှာ မိသားစု သုံးယောက်တစ်ဖွဲ့ အရင်ထိုင်တယ်။ အဲဒီမိသားစုက တစ်နာရီခွဲ ၀န်းကျင်လောက်ကြာအောင် စားသောက်ပြီး ပြန်သွားကြတယ်။ ပြီးတော့ အဲဒီစားပွဲဝိုင်းကို သန့်ရှင်းရေးလုပ်ပြီးတဲ့ နောက်ပိုင်းမှာ လာစားတဲ့ လူသုံးယောက်က အကုန်လုံး အသက် ၃၀ ၀န်းကျင်ပဲ ရှိတယ်။ ဘာစားသောက် ဖွယ်ရာမှ မမှာဘဲ ဘီယာနှစ်လုံး မှာပြီးတော့ မိနစ် ၂၀ လောက်ပဲ စားသောက်ပြီး ပြန်သွားကြတယ်။ ဘာမှ မှာမစားတဲ့အတွက် အဲဒီစားပွဲဝိုင်းကိုထပ်ပြီး သန့်ရှင်းရေး မလုပ်လိုက်မိပါဘူး။ မနက် ခုံအောက်ပိုင်းတွေ ကြမ်းပြင်တွေကို သန့်ရှင်းတွေလုပ်တဲ့ စားပွဲထိုး ကောင်လေးက တွေ့တာပါ'' ဟု ပြောကြားသည်။

အလားတူ မန္တလေးမြို့၊ အောင်မြေသာ စံမြို့နယ်၊ ကျုံးအနောက်ဘက် လမ်း ၈၀၊ ၁၆ လမ်းထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင်တွင် အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က အမေရိကန်နိုင်ငံလုပ် M 67 အမျိုးအစား ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ပစ်ဗုံးအား အေအေဓာတ်ခဲ ခြောက်လုံးနှင့် စားပွဲတင်နာရီတွဲကာ ချိန်ကိုက်ဗုံးအဖြစ် ပြုလုပ်ထားခြင်းဖြစ်ပြီး ယင်းဆိုင်ဝန်ထမ်းမှ တွေ့ရှိရာ ၁၆ လမ်း ၊ ၈၀ နှင့် ၈၁ လမ်းကြားတွင် ပြောင်းရွှေ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။

ထို့နောက် တပ်မတော် ဖောက်ခွဲရေးတပ်၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့၊ စည်ပင်ဝန်ထမ်းများမှ မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါဗုံးမှာ ပေါက်ကွဲမှုဖြစ်ပါက အန္တရာယ် များသောကြောင့် ကားတာယာနှင့် သဲအိတ်များ ကာရံ၍ ညနေ ၃ နာရီတွင် ဖောက်ခွဲပစ်ခဲ့ရသည်။

ယင်းနောက် ရွှေဘဲစားသောက်ဆိုင် အတွင်း ဆက်လက် ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ဗုံးရှင်းလင်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ''ရွှေဘဲစားသောက်ဆိုင် ခုံနံပါတ် ၁၄ မှာ ထိုင်စားသွားတဲ့ ဧည့်သည်နှစ်ဦးက ခုံအောက်မှာ ထားသွားတာကို ၀ိတ်တာက တွေ့တာ။ စီစီတီဗွီမှာလည်း တွေ့ရပါတယ်။ အမေရိကန် နိုင်ငံလုပ် လက်ပစ်ဗုံးပါ'' ဟု ဆိုသည်။

ထိုသို့ ဗုံးတွေ့ရှိမှုကြောင့် ရွှေဘဲစားသောက်ဆိုင်အတွင်း ရှာဖွေမှုများ ပြုလုပ်နေစဉ် ချမ်းအေးသာစံမြို့နယ် ၆၂ လမ်း၊ ၂၉-၃၀ လမ်းကြားရှိ ဝေပုလ္လာရာမ ကျောင်းတိုက်ရှေ့တွင်လည်း ဗုံးဟုယူဆရသော မသင်္ကာဖွယ် ကျောပိုးအိတ်ကို လာရောက် ပစ်သွားကြောင်း စည်ပင်ဝန်ထမ်းတစ်ဦးမှ သတင်းပေးရာ အဆိုပါ နေရာ၌လည်း စစ်ဆေး ဆောင်ရွက်မှုများ နှစ်နာရီကျော်ကြာ ပြုလုပ်ခဲ့သော်လည်း ယင်းအထုပ်တွင်း၌ အ၀တ်စများနှင့် ဂျာနယ် စက္ကူများသာ ပါရှိကြောင်း သိရသည်။

Eleven Media Group

WESTERN PARK RUBY စားသောက်ဆိုင်အတွင်း ချိန်ကိုက်ဗုံး တွေ့ရှိခဲ့ရသည့် စားပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)

ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွား ခဲ့ပြီးနောက် အောက်တိုဘာ ၁၄ ရက်က ရန်ကုန်နှင့် မန္တလေးမြို့များတွင် မပေါက်ကွဲသေးသော ဗုံးနှစ်လုံး ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်း တွင် ဗုံး ၂ လုံးကွဲ

စစ်ကိုင်းမြို့ ရွှေပြည့်စုံ ဟိုတယ် စားသောက်ခန်းမ မှာ ယနေ့နံနက် ၃နာရီခွဲ၊ ဆွမ်းဦးပုညရှင် မုဒ်ဦးစောင်း တန်းမှာ နံနက် ၅နာရီ ၄၅ မိနစ်တို့မှာ ဗုံးအသီးသီးပေါက်ကွဲ ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိဘူးလို့ စစ်ကိုင်း တိုင်း ဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က ပြောပါတယ်။

သံတွဲပဋိပက္ခ ဖြစ်စဉ်တွင် သံသယရှိ၍ စစ်ဆေးနေသူ ၇၈ ဦးအနက် လူသတ်မှုနှင့် ဖြောင့်ချက်ပေးသူ ခြောက်ဦးရှိပြီး မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦးရှိဟု ပြည်ထဲရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်တွင် မီးရှို့ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သံသယရှိသဖြင့် ခေါ်ယူထိန်းသိမ်း စစ်ဆေးမေးမြန်း လျက်ရှိသူ ၇၈ ဦးအနက် လူသတ်မှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေးသူ ခြောက်ဦးရှိပြီး မီးရှို့ကြောင်း စစ်ဆေးပေါ်ပေါက်သူ ၂၈ ဦး ရှိသည်ဟု အောက်တိုဘာ ၁၄ ရက် ညပိုင်းက မြန်မာ့ ရုပ်မြင်သံကြား၏ သတင်းဖော်ပြချက်အရ သိရသည်။ ထို့ပြင် မီးရှို့ခြင်း၊ လူသတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သံသယ ရှိသဖြင့် ခေါ်ယူထိန်းသိမ်း စစ်ဆေးမေးမြန်း လျက်ရှိသူ ၇၈ ဦးအနက် ငါးဦးမှာ စစ်ဆေးပေါ်ပေါက်မှု မရှိသဖြင့် အောက်တိုဘာ ၁၄ ရက်တွင် ပြန်လွှတ်ပေး လိုက်သည်ဟု သတင်းတွင် ဖော်ပြထားသည်။