Saturday 25 October 2014

ရွာသားများကန့်ကွက်သည့်ကြားမှ ရွာအမည်ပြောင်းခဲ့သော အုပ်ချုပ်ရေးမှူးအား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

Photo: ရွာသားများကန့်ကွက်သည့်ကြားမှ ရွာအမည်ပြောင်းခဲ့သော အုပ်ချုပ်ရေးမှူးအား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်
Saturday, October 25, 2014

ကလေးမြို့နယ်ရှိ တောင်အူကျေးရွာအုပ်ချုပ်ရေး မှူးအား အလိုမရှိကြောင်း ကျေးရွာသူ၊ ကျေးရွာသားများက အောက်တိုဘာ ၂၄ ရက်တွင် ကလေးမြို့ သို့ လာရောက်ဆန္ဒဖော်ထုတ်ခဲ့ ကြောင်း သတင်းရရှိသည်။

ကလေးမြို့နယ် တောင်အူ ကျေးရွာအုပ်ချုပ်ရေးမှူးသည် တောင်အူကျေးရွာတွင် ၎င်းတာ ဝန် ယူပြီးသည့်နောက်ပိုင်း ကျေး ရွာအမည်ကို ကျေးရွာသားများ လက်မခံသည့်ကြားမှ တောင်ဦး ကျေးရွာအဖြစ် ပြောင်းလဲသတ် မှတ်ရန် လုပ်ဆောင်ခဲ့ကြောင်း ရွာသားများက ပြောကြားသည်။

တောင်အူကျေးရွာအမည် ကို တောင်ဦးကျေးရွာအဖြစ် အမည်ပြောင်းလဲသတ်မှတ်ကြောင်း ကလေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ စက်တင်ဘာ ၂၃ ရက်တွင် တင်ပြခဲ့ပြီးနောက် အောက်တိုဘာ ၁၅ ရက်တွင် ကျေးရွာအမည် ပြောင်းလဲခြင်းမှာ တရားဝင်ဖြစ်လာခဲ့ကြောင်း ရွာသားများက ပြောသည်။

ကျေးရွာသားများ လက်မခံ သည့်ကြားမှ ရွာအမည်ပြောင်းလဲ ရေးဆောင်ရွက်ခဲ့သော ကျေးရွာ အုပ်ချုပ်ရေးမှူးအား အလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

‘‘ကျေးရွာသူ၊ ကျေးရွာသား တွေ လက်မခံတဲ့ကြားက အခုလိုလုပ်တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးကို အလိုမရှိပါဘူး။ သက်ဆိုင်ရာအာဏာပိုင်များအနေနဲ့လည်း လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးပါလို့ အကူအညီတောင်းခံပါတယ်’’ဟု ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သည့် တောင်အူကျေးရွာမှ ကိုမောင်ထွေးက ပြောသည်။ ဆန္ဒပြရာတွင် တောင်အူ ကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာ သား ၂၅၀ ဦးဖြင့် ဆန္ဒပြခဲ့ပြီး တောင်အူကျေးရွာအမည်ပြန် လည်ရရှိရေး၊ တောင်အူကျေးရွာ နှစ်ခြမ်းကွဲစေခဲ့သော အုပ်ချုပ် ရေးမှူးအား အလိုမရှိ၊ တောင်အူ ကျေးရွာပြန်လည်ပေါင်းစည်းရေး အောင်ရမည်ဟူသော ကြွေး ကြော်သံများဖြင့် ကလေးမြို့ ရွှေ ဘုံသာဘုရားကြီးလမ်းမှ နတ် ချောင်းလမ်း၊ ထိုမှ ဗိုလ်ချုပ်လမ်း ယင်းမှတစ်ဆင့် စတင်ချီတက်ခဲ့ သောနေရာအထိ ဆိုင်းဘုတ်များ ကိုင်ကာ လမ်းလျှောက်ဆန္ဒထုတ် ဖော်ခဲ့ကြခြင်းဖြစ်သည်။

7Day DAILY 

ရွာအုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေသည့် ကျေးရွာသားများ(ဓာတ်ပုံ − ကိုစိုင်း)
ရွာအုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေသည့် ကျေးရွာသားများ(ဓာတ်ပုံ − ကိုစိုင်း)
ကလေးမြို့နယ်ရှိ တောင်အူကျေးရွာအုပ်ချုပ်ရေး မှူးအား အလိုမရှိကြောင်း ကျေးရွာသူ၊ ကျေးရွာသား များက အောက်တိုဘာ ၂၄ ရက်တွင် ကလေးမြို့ သို့ လာရောက်ဆန္ဒဖော်ထုတ်ခဲ့ ကြောင်း သတင်းရရှိ သည်။

ရန်ကုန်မြို့တွင် တန်ဆောင်တိုင် ပွဲတော်ကြီး နှင့်အတူ မြန်မာ့ ရိုးရာ မီးပုံး ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ….

Photo: ရန်ကုန်မြို့တွင် တန်ဆောင်တိုင် ပွဲတော်ကြီး နှင့်အတူ မြန်မာ့ ရိုးရာ မီးပုံး ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ….
Saturday, October 25, 2014

မြန်မာလူမျိုး တို့၏ ရိုးရာလက်မှု အတတ်ပညာများကို မတိမ်ကော မပျောက်ကွယ် သွားစေရန် ရည်ရွယ်ချက်ဖြင့် ယခုနှစ် တန်ဆောင်တိုင် ပွဲတော်ကြီး နှင့်အတူ မြန်မာ့ရိုးရာ မီးပုံးပွဲတော် ၂ဝ၁၄ကို ရန်ကုန်မြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရ သည်။

ထိုမီးပုံးပွဲတော်တွင် မြန်မာ့ရိုးရာ မီးပုံး ကျွမ်းကျင် ပညာရှင်များ၏ မီးပုံး ဒီဇိုင်းပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း၊ ဆန်ခါတင် ရွေးချယ်ခံရသော မီးပုံးဒီဇိုင်း ပြိုင်ပွဲဝင်များ၏ အနု ပညာ ဖန်တီးမှု လက်ရာများ ပြသခြင်း၊ လာရောက်ကြည့်ရှု သူများက မိမိတို့ ကြိုက်နှစ်သက်သော မီးပုံးများကို မဲပေးခြင်း၊ လူမှု အကျိုးပြု ပရဟိတ လုပ်ငန်းများသို့ လှူဒါန်းရန် မီးပုံးပြိုင်ပွဲတွင် ဆုရရှိသွားသော မီးပုံးများကို လေလံတင် ရောင်းချခြင်း အစရှိသော အစီအစဉ်များ နှင့်အတူ ကလေးငယ်များ အတွက် မီးပုံး ဆေးရောင် ခြယ်ပြိုင်ပွဲ၊ အိမ်ပြန် လက်ဆောင်အဖြစ် ယူဆောင်သွားရန် အတွက် မီးပုံးများကို ကိုယ်တိုင်ဖန်တီး ပြုလုပ်ခြင်း စသည်တို့ကိုလည်း သက်ဆိုင်ရာမှနေ၍ စီစဉ် ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

ထို့အပြင် ဈေးရောင်းပွဲတော်၊ မြန်မာ့ရိုးရာ အစားအစာ ပွဲဈေးတန်းများ၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်သောPhoto Booth များ၊ ကလေးငယ်များအတွက် ပျော်စရာ Games အစီအစဉ်များနှင့် အခြားသော ပျော်ပွဲရွှင်ပွဲ အစီအစဉ် များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့ရိုးရာ မီးပုံးပွဲတော်ကို လာမည့် နိုင်ဝင်ဘာ ၅ရက်နှင့် ၆ရက်တို့တွင် ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် အရှေ့မြင်းပြိုင် ကွင်းလမ်းရှိ ရွှေထွဋ်တင် ကွင်း၌ ညနေ ၄နာရီမှ ည ၁ဝနာရီအထိ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး ဝင်ကြေး ကိုမူ ငွေကျပ်၁ဝဝဝ ကောက်ခံသွားမည်ဟု သိရသည်။

မြ၀တီ
မြန်မာလူမျိုးတို့၏ ရိုးရာလက်မှု အတတ်ပညာများကို မတိမ်ကောမပျောက်ကွယ် သွားစေရန် ရည်ရွယ် ချက်ဖြင့် ယခုနှစ် တန်ဆောင်တိုင် ပွဲတော်ကြီး နှင့်အတူ မြန်မာ့ရိုးရာ မီးပုံးပွဲတော် ၂ဝ၁၄ကို ရန်ကုန်မြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရ သည်။

ဆင်းရဲနွမ်းပါးပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသော အမျိုးသမီးများအား ယာဉ်မောင်း အခမဲ့သင်ကြားပေးပြီး အလုပ်ရရန် ဆောင်ရွက်ပေးမည်

Photo: ဆင်းရဲနွမ်းပါးပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသော အမျိုးသမီးများအား ယာဉ်မောင်း အခမဲ့သင်ကြားပေးပြီး အလုပ်ရရန် ဆောင်ရွက်ပေးမည်
Saturday, October 25, 2014

ဆင်း ရဲနွမ်းပါးပြီးအလုပ်အကိုင်အခွင့်အ လမ်းနည်းပါးသော အမျိုးသမီးများ အား ယာဉ်မောင်းတတ်ကျွမ်းမှုရှိစေ ရန် အခမဲ့သင်ကြားပေးပြီး အလုပ် အကိုင် တစ်ပါတည်းရရှိနိုင်ရန် ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

အမျိုးသမီးများအတွက်အသက် မွေးဝမ်းကျောင်းပြုနိုင်မည့် လုပ်ငန်း အခွင့်အလမ်းသစ်တစ်ခု ပေါ်ပေါက် လာစေရန်ရည်ရွယ်၍ ယာဉ်မောင်း တတ်ကျွမ်းစေရန်နှင့်လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းနားလည်ပြီးတတ်ကျွမ်း သည်အထိ သင်ကြားပေးကာကုမ္ပဏီ၊ ကျောင်း၊ အိမ်အစရှိသည့်ယာဉ်မောင်း ရမည့်လုပ်ငန်းတို့ဖြင့် ချိတ်ဆက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်သည့် မြန်မာ အမျိုးသမီးများ လုပ်ငန်းအခွင့်အလမ်းဖွံ့ဖြိုး တိုးတက်ရေး အသင်း (ယာယီ)မှ ဥက္ကဋ္ဌ ဖြစ်သူဒေါ်ကေခိုင်အောင်ခင်က ''ဆင်း ရဲနွမ်းပါးတဲ့အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ ရှိလာအောင် လုပ်ပေးမှာပါ။ ပညာ အရည်အချင်းတွေဘာတွေက အစ စာရေးတတ်၊ ဖတ်တတ်ဖို့လောက်ပဲ လိုတယ်။ နောက်ပြီးဒီနိုင်ငံသား ဖြစ် တာနဲ့ဘယ်ဘာသာဝင်မဆိုလျှောက် ထားနိုင်ပါတယ်''ဟု ပြောသည်။

ယင်းကဲ့သို့ ယာဉ်မောင်းသင်ကြား ပေးမှုများကို ဒီဇင်ဘာလတွင်စတင် သွားမည်ဖြစ်ပြီး သင်တန်းကာလကို တစ်လသတ်မှတ်ထားကာ လာမည့်လ များတွင်လည်း တစ်လလျှင်အပတ် စဉ်တစ်ခုအဖြစ်သင်ကြားပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်၍ဒေါ်ကေခိုင် အောင်ခင်က''အသက်အပိုင်းအခြား ကတော့ ၁၈နှစ်ကနေ၄ဝနှစ်အတွင်းလို့ သတ်မှတ်ထားတယ်။ ယာဉ်မောင်း အလုပ်အကိုင်ကတစ်သိန်းထက်မနည်း တဲ့ဝင်ငွေရှိလာမှာပါ။ အလုပ်အကိုင် ရှာဖွေပေးတဲ့အခါမှာလဲ အမျိုးသမီး တွေလုံခြုံမှုရှိဖို့စည်းကမ်းချက်တွေချ ထားပေးတာမျိုးရှိမယ်'' ဟုပြောသည်။

အဆိုပါ သင်တန်းကို မြန်မာ အမျိုးသမီးများလုပ်ငန်းအခွင့်အလမ်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း (ယာယီ)နှင့် Jade Express Service (JES Driver Academy) တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းပြီးဆုံးပါကယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းနားလည်တတ် ကျွမ်းစေရန် နေ့စားဝန်ထမ်းအဖြစ် တာဝန်ပေးခြင်းကို ယာဉ်မောင်းလိုင် စင်ရသည်အထိလက်ခံဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါယာဉ်မောင်းသင်တန်း သို့ တက်ရောက်လိုသူများအနေဖြင့် ရပ်ကွက်ထောက်ခံစာနှင့်သန်းခေါင် စာရင်း၊ မှတ်ပုံတင်မိတ္တူ၊ ကိုယ်ရေး အချက်အလက်အပြည့်အစုံနှင့်ဓာတ် ပုံသုံးပုံဖြင့်လျှောက်ထားနိုင်ကြောင်း သိရသည်။

Yangon Media Group
ဆင်း ရဲနွမ်းပါးပြီးအလုပ်အကိုင်အခွင့်အ လမ်းနည်းပါးသော အမျိုးသမီးများ အား ယာဉ်မောင်းတတ်ကျွမ်းမှု ရှိစေရန် အခမဲ့သင်ကြားပေးပြီး အလုပ်အကိုင် တစ်ပါတည်းရရှိနိုင်ရန် ဆောင် ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရ သည်။

စစ်ဆင်ရေးအတွက် တစ်နှစ်လုံး ကျပ်သန်း ၃၀၀ အသုံးပြုမည်

စစ်ဆင်ရေးလုပ် ငန်းများဆောင်ရွက်ရန် တစ်နှစ် လုံး အသုံးစရိတ်အဖြစ် ကျပ်သန်းသုံးရာ သုံးစွဲမည်ဖြစ် ကြောင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ကာကွယ်ရေးဝန်ကြီးဌာန၏ ဖြည့် စွက်ခွင့်ပြုငွေတွင်ပါရှိသည်။

မန္တလေး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းမှ တရားမဝင်ကုန်စည် နေ့စဉ် ကျပ်သိန်းခုနှစ်ထောင်ကျော်ဖိုး ဖမ်းမိ

Photo: မန္တလေး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းမှ တရားမဝင်ကုန်စည် နေ့စဉ် ကျပ်သိန်းခုနှစ်ထောင်ကျော်ဖိုး ဖမ်းမိ
Saturday, October 25, 2014 

နယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှုများ အဆက်မပြတ် စီးဆင်းလျက်ရှိရာ မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းမှ တရားမဝင် ကုန်ပစ္စည်း ကျပ်သိန်းခုနစ်ထောင်ကျော်ဖိုး နေ့စဉ် ဖမ်းဆီးရမိနေကြောင်း မန္တလေးတိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးသိန်းဝင်းက ပြောကြားသည်။

မန္တလေးမြို့တော် ရတနာပုံစူပါ စင်တာရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ရုံးခန်းတွင် အောက်တိုဘာလ ၂၄ ရက်နေ့က ကျင်းပသည့် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ဆောင်ရွက်နေသည့် လုပ်ငန်းအစီအမံများ ရှင်းလင်းပြောကြားသည့် အခမ်းအနားတွင် တက်ရောက်လာသော လုပ်ငန်းရှင်များ၏ မေးမြန်းချက်ကို ၎င်းက ယင်းသို့ ဖြေကြားသွားခြင်း ဖြစ်သည်။

Mobile Team အဖွဲ့များ အနေနှင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ မြဝတီ-ရန်ကုန် ကုန်သွယ်ရေးလမ်းကြောင်း၊ မူဆယ်-မန္တလေး လမ်းကြောင်း ၁၆ မိုင်တို့တွင် နေ့စဉ် ဖမ်းဆီးရရှိမှုများ ရှိနေပြီး ကားများကို တန်ချိန်ခိုး၍ တင်ဆောင်ခြင်း၊ ဂျုတီစာရင်းပါ ကုန်ပစ္စည်းများ မဟုတ်ဘဲ အခြားကုန်ပစ္စည်းများ တင်ဆောင်ခြင်းတို့ကို အဓိကတွေ့ရှိရပြီး နေ့စဉ် ကျပ်သိန်းခုနစ်ထောင်မှ ရှစ်ထောင်ထိ တရားမဝင် ကုန်စည်စီးဆင်းမှုများ ရှိနေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ပျောက်ကွယ်သွားအောင် လုပ်ဖို့ကတော့ အင်အားနဲ့အချိန် လိုအပ်ပါတယ်။ လက်ရှိအနေအထားနဲ့ အရေးယူနေတာဟာ တရားမဝင် ကုန်စည်စီးဆင်းမှု လျော့ကျသွားအောင်သာ လုပ်ဆောင်နိုင်ပါသေးတယ်” ဟု ဦးသိန်းဝင်းက ဆိုသည်။

မန္တလေး ဈေးကွက်အတွင်းသို့ ရောက်ရှိလာသော လူသုံးကုန်၊ စားသောက်ကုန် ပစ္စည်းများသည် အခွန်ရာနှုန်းပြည့်ဆောင်ပြီး ဝင်ရောက်လာခြင်း ရှိသကဲ့သို့ အခွန်တစ်ဝက်ဖြင့် ရောက်ရှိလာသော ကုန်ပစ္စည်းများ ရှိနေကာ ချင်းရွှေဟော်ဘက်မှ ဝင်ရောက်လာသော ကုန်ပစ္စည်းများသည် အများအားဖြင့် အခွန်တစ်ဝက်သာ ဆောင်လာကြသဖြင့် ဈေးကွက်အတွင်း အခွန်အပြည့် ဆောင်ထားသည့် လုပ်ငန်းရှင်များက ဈေးနှုန်း ယှဉ်မရောင်းနိုင်ကြောင်း လူသုံးကုန်၊ ဆေးဝါးနှင့် အလှကုန် ထုတ်လုပ်ရောင်းဝယ်သူများ အသင်း ဥက္ကဋ္ဌ ဦးနေလင်းက သုံးသပ်ပြောကြားသည်။

“ဖမ်းနေရုံ စစ်ဆေးနေရုံနဲ့ မပြီးဘူး။ လုပ်ငန်းရှင်တွေကို ဂျူတီဆောင်ချင်အောင် ဂျူတီဆောင်ထားတဲ့ လူတွေကို ကာကွယ်ဖို့ကို ဆောင်ရွက်ဖို့လိုတယ်” ဟု ၎င်းကဆိုသည်။

တရားမဝင် ကုန်စည်စီးဆင်းမှု ထိန်းချုပ်တားဆီးရေးနှင့် တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်ရှိစေရေးအတွက် ကုန်စည်တရားမဝင် ဝင်ရောက်မှုကို ၂၀၁၂ခုနှစ်မှ စတင်ကာ နယ်စပ်လမ်းကြောင်းများတွင် စစ်ဆေးခဲ့ပြီး မန္တလေးမြို့တော်ရှိ လေကြောင်းနှင့် ရေကြောင်းတို့တွင် ယင်းသို့ စစ်ဆေးရန် ၂၀၁၃ ခုနှစ်ကတည်းက အစီအစဉ် ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ် အောက်တိုဘာလမှသာ စတင် ဆောင်ရွက်နိုင်ခဲ့သည်။

The Voice Weekly
နယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှုများ အဆက်မပြတ် စီးဆင်းလျက်ရှိရာ မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းမှ တရားမဝင် ကုန်ပစ္စည်း ကျပ်သိန်းခုနစ်ထောင်ကျော်ဖိုး နေ့စဉ် ဖမ်းဆီးရမိနေကြောင်း မန္တလေးတိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးသိန်းဝင်းက ပြောကြားသည်။

အိမ်စာတွေအများကြီးပေးခြင်းသည် ကလေးများ၏ကျန်းမာရေးထိခိုက်နိုင်

Photo: အိမ်စာတွေအများကြီးပေးခြင်းသည် ကလေးများ၏ကျန်းမာရေးထိခိုက်နိုင်
Saturday, October 25, 2014

တစ်ညလျှင် အိမ်စာ ၃ နာရီ ကျော်၍ လုပ်ရပါက ကလေးများ၏ ကျန်းမာရေးကို ထိခိုက် နိုင်သည်ဟူ၍ Stanford Graduate School of Education က ပြုလုပ်သော လေ့လာချက် အရ ကယ်လီဖိုးနီးယား ရပ်ကွက်များရှိ အစိုးရနှင့်

ပုဂ္ဂလိက အထက်တန်းကျောင်း ၁ဝ ကျောင်းမှ ကျောင်းသား ၄၃ဝဝ ကျော်ကို စစ်တမ်း ကောက်ယူ ရာတွင် တွေ့ရှိ ရသည်ဟု သိရသည်။

ကျောင်းသား များ၏ စိတ်ဖိစီးမှုနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်သော ခေါင်းတစ်ခြမ်း ကိုက်ခြင်း၊ အစာအိမ် အနာ ဖြစ်ခြင်းနှင့် အခြားဝမ်းဗိုက် ပြဿနာများ၊ အိပ်ချိန် လျော့နည်းခြင်း နှင့် အားအင် ကုန်ခန်းခြင်းနှင့် ကိုယ်အလေးချိန် ကျဆင်းခြင်း အကြား ဆက်စပ် နေခြင်းကို ရှင်းလင်းစွာ တွေ့ရှိ ရပြီ ဖြစ်ကြောင်း လေ့လာချက် စာတမ်းကို ပူးတွဲ ရေးသား ပြုစုသူ Denise Pope က CNN သတင်း ဌာနကို ပြောပြသည်။

တစ်ညလျှင် အိမ်စာ ၃ နာရီ လုပ်ရသည်မှာ ကျောင်းသားတိုင်းပင် ဖြစ်ကြောင်း၊ အချို့ ကလေးတွေ ဆိုလျှင် ထိုထက်ပင် ကျော်လွန်၍ တစ်ညလျှင် အိမ်စာ ၅ နာရီ လုပ်ရသူများ ပင် ရှိကြောင်း သိရသည်။

ကျောင်းသား များ၏ ၅၆ ရာခိုင်နှုန်းသည် ၎င်းတို့၏ဘဝတွင် အိမ်စာသည် အဓိကပေး နေသော စိတ်ဖိစီးမှု ဖြစ်ကြောင်း ဆိုကြသည်။ ၁၉၈၄ ခုနှစ်ကတည်းက အမေရိကန်ပြည် ထောင်စုတွင် ကျောင်းသား အများစု၏ အိမ်စာသည် အတော်ကလေး တည်ငြိမ် သွားခဲ့သည်ဟု Brooking Institute ၏ အမေရိကန် ပညာရေးနှင့် ပတ်သက်၍ ၂ဝ၁၄ ခုနှစ် Brown Center အစီရင် ခံစာ အရ ဖော်ပြ ထားသည်။

စံပြ ကျောင်းများတွင် ပို၍ပင် ကျောင်းသားများ အကြား ပြိုင်ဆိုင် မှုမှာ ကြောက်စရာ ကောင်းလောက်သည် ဖြစ်ရာ ပညာရေး လုပ်ဆောင်ချက်က ဖိအားတွေ ကြီးမား လာသည်နှင့် အမျှ ကျောင်းသား၏ ဘဝကို ကျောင်းစာ၊ အိမ်စာတွေက စိုးမိုးထား ကြောင်းသိရသည်။ မိဘတွေ အတော်များများ ကလည်း စိတ်ပူနေကြသည်။ ဘာကြောင့် လဲဆိုလျှင် သူတို့ ကလေးတွေကို စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက် များတွင် အိမ်စာများနှင့် နပန်းလုံး နေကြရ၍ သားသမီးများ မျက်နှာကိုပင် မမြင်တော့ပေ။

''ကျွန်မတို့ ကလေးတွေကို အိမ်စာများ လျှော့ပေးရန် လိုအပ်နေပြီး အိမ်စာ တွေဟာ အထက်တန်းမှ မဟုတ်ပါဘူး၊ သူတို့ထက် ငယ်တဲ့ အတန်း တွေမှာလည်း ဒီလိုပါပဲ''ဟု ကျောင်းသား မိဘ တစ်ဦး ဖြစ်သူ Ms.Pope က ပြောသည်။

ဆင်းရဲစွာ ကြီးပြင်း လာရသော ကလေးများသည် မူးယစ် ဆေးဝါးများနှင့် အရက်စွဲခြင်း၊ စိတ်ဓာတ် ကျခြင်းနှင့် စိုးရိမ်သောကများ အပါအဝင် အနှောင့် အယှက်များ ရှိနေကြောင်း သုတေသန ပြုချက် အရ သိရသည်။

Ms.Pope က''အိမ်စာ ဆိုတာ အထက်တန်း အတွက် တစ်ည ၂ နာရီထက် ကျော် ပေးစရာ မလိုကြောင်း အလယ်တန်း ကျောင်းသားအတွက် ဆိုရင် ၁ နာရီခွဲကျော် ပေးစရာ မလိုပါဘူး'' ဟု ပြောပြသည်။

သို့ဖြစ်ရာ ကျွန်တော်တို့ နိုင်ငံမှာသာ မက ကမ္ဘာ့ ထိပ်တန်း နိုင်ငံကြီး ဖြစ်သော အမေရိကန် ပြည်ထောင်စုတွင် ပင်လျှင် ကလေးများ အိမ်စာ လုပ်ရသည့် အချိန် ကြာလွန်း နေခြင်းကို ဗဟုသုတ ဖြစ်ဖွယ်ရာ ရေးသား လိုက်ရ ပါသည်။ ။

သိပ္ပဟန်
မြ၀တီ
တစ်ညလျှင် အိမ်စာ ၃ နာရီ ကျော်၍ လုပ်ရပါက ကလေးများ၏ ကျန်းမာရေးကို ထိခိုက် နိုင်သည်ဟူ၍ Stanford Graduate School of Education က ပြုလုပ်သော လေ့လာချက် အရ ကယ်လီဖိုးနီးယား ရပ်ကွက်များရှိ အစိုးရနှင့် ပုဂ္ဂလိက အထက်တန်းကျောင်း ၁ဝ ကျောင်းမှ ကျောင်းသား ၄၃ဝဝ ကျော်ကို စစ်တမ်း ကောက်ယူ ရာတွင် တွေ့ရှိ ရသည်ဟု သိရသည်။

အရွယ်မရောက်သေးသော ကလေးများကို စစ်မှုထမ်းခိုင်းသော KIA အား အရေးယူပေးရန် UNICEF သို့ တိုင်ကြားမည်

Photo: အရွယ်မရောက်သေးသော ကလေးများကို စစ်မှုထမ်းခိုင်းသော KIA အား အရေးယူပေးရန် UNICEF သို့ တိုင်ကြားမည်
Saturday, October 25, 2014

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များ ၌ နေထိုင်သောဒေသခံ ကချင်လူ ငယ်များအား အောက်တိုဘာ ဒုတိယ အပတ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့မှ ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းခြင်းအပေါ် အရေးယူပေးရန် ကမ္ဘာ့ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ထံသို့တိုင်ကြား ရန် စီစဉ်နေကြောင်း အကျိုးတော်ဆောင် တစ်ဦးထံမှ သိရသည်။ 

“ ကျောင်းတက်နေတဲ့ကလေးကို ဖမ်းပြီး စစ်သားလုပ်ခိုင်းတဲ့အတွက် ပါ၊ နောက်ထပ်ကလေးသုံးယောက် ကိုလည်း လူမြင်ကွင်းကြီးမှာကို ဖမ်းခေါ်သွားတာ၊ ဒီအတိုင်းကြည့်နေရင် သူတို့ဗိုလ်ကျချင်တိုင်းကျနေမှာ စိုးတဲ့ အတွက် UNICEF ကိုတိုင်မှာပါ ” ဟု ကူညီဆောင်ရွက်ပေးနေသော မြို့ခံတစ်ဦးက ဆိုသည်။

အဆိုပါမြို့နယ်၊ နမ္မတီးကျေးရွာ၊ ရွှေလီရပ်ကွက်နေ မောင်ဘရန်လီ(၁၆)နှစ်၊ ၈ တန်းကျောင်းသားလေးအား အောက်တိုဘာ ၉ ရက်နေ့တွင် KIA အဖွဲ့မှ ဖမ်းဆီးသွားခဲ့ရာ ပြန်လွှတ်ပေးရေးအတွက် မိဘများကိုယ်တိုင် အောက်တိုဘာ ၂၂ ရက်နေ့တွင် KIA တပ်ရင်း(၁၁)တည်ရှိရာ ပန်ဆောင်ယန်သို့ ဆက်သွယ်တောင်းပန်သော် လည်း ယနေ့အချိန်အထိ ပြန်လည်စေ လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း အဆိုပါမြို့နယ်၊ မရမ်းကျေးရွာ၊ ရပ်ကွက်(၇)တွင် နေထိုင်သော မောင်မုန်ထွယ်အောင် (၁၆)နှစ် ၊ မောင်ဘောက်ဒူး(၁၇)နှစ်၊ မောင်ဂျန်မော်ဆိုင်းအောင်(၁၆)နှစ်တို့ ၃ ဦးအား KIA အဖွဲ့မှ မြစ်ကြီးနား-ရွှေဘိုကားလမ်းမပေါ်တွင် ဖမ်းဆီးကာ ပန်ဆောင်ယန် သို့ ခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေရွာသားများရှိသည်ဟု သိရသည်။
“အခုကလေးတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေယူနေပါတယ်၊ ကလေးမိဘတွေရဲ့လက်မှတ်နဲ့ အသနား ခံစာတွေလည်းလုပ်ထားတယ်၊ ဖမ်းသွားတဲ့အဖွဲ့၊ ဖမ်းသွားတဲ့အချိန်၊ ဖမ်းထားတဲ့နေရာတွေကိုလည်း မျက်မြင် သက်သေတွေနဲ့ အတိအကျလုပ်ထားပါတယ်၊ ကိုယ့်ကချင်တိုင်းရင်းသား အချင်းချင်းတောင် ညှာတာမှုမရှိတော့ တဲ့KIA ကို UNICEFလိုအဖွဲ့ က ဖြေရှင်းပေးမှသာအောင်မြင်မှာပါ၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ အစိုးရတပ် တွေအနေနဲ့ကလည်း နယ်မြေဒေသလုံခြုံရေးအခြေအနေကြောင့် မဖြေရှင်းပေးနိုင်သလို KIA ကလည်းလက် နက်ကိုင်ထားတော့ ဒီအတိုင်းရှင်းမှာမဟုတ်ဘူး၊ ဒါကြောင့် UNICEF ကိုတိုင်ဖို့လုပ်ရတာပါ၊ ကချင်လူငယ်တွေရဲ့ အနာဂတ်အတွက်ပေါ့” ဟု အမည်မဖော်လိုသော အကျိုးတော်ဆောင် တာဝန်ရှိသူတစ်ဦးကပြောကြားသွား သည်။ 

ဇော်မိုင်
Kachin Daily News
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များ၌ နေထိုင်သောဒေသခံ ကချင် လူငယ်များအား အောက်တိုဘာ ဒုတိယ အပတ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့မှ ဖမ်းဆီးကာ စစ်မှုထမ်းခိုင်းခြင်းအပေါ် အရေးယူပေးရန် ကမ္ဘာ့ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ထံသို့တိုင်ကြား ရန် စီစဉ်နေကြောင်း အကျိုးတော်ဆောင် တစ်ဦးထံမှ သိရသည်။ 

အကြမ်းဖက် တိုက်ခိုက်မည်ဆိုသော သတင်းကြောင့် ပြည်တွင်းရှိလေဆိပ် များတွင် လုံခြုံရေး တိုးမြှင့်ထားသည့်အပြင် လေကြောင်းခရီးစဉ်များ အားလုံး၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးလိုက်ပါ ဆောင်ရွက်မည်

Photo: အကြမ်းဖက် တိုက်ခိုက်မည်ဆိုသော သတင်းကြောင့် ပြည်တွင်းရှိလေဆိပ် များတွင် လုံခြုံရေး တိုးမြှင့်ထားသည့်အပြင် လေကြောင်းခရီးစဉ်များ အားလုံး၌ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးလိုက်ပါ ဆောင်ရွက်မည်

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်

အစ္စလာမ္မစ်ဂျီဟတ် IS အကြမ်းဖက်အဖွဲ့မှ မြန်မာနိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မည်ဟု တရားဝင်ကြေညာလာသည့် သတင်းများကြောင့် ပြည်တွင်းရှိ လေဆိပ်များအားလုံးတွင် လုံခြုံရေး တိုးမြှင့်ချထားသည့်အပြင် လေကြောင်းခရီးစဉ်များ အားလုံး၌လည်း ရဲတပ်ဖွဲ့ဝင်များ လိုက်ပါကာ လုံခြုံရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် လေကြောင်းရဲတပ်ဖွဲ့မှ အောက်တိုဘာ ၂၄ ရက်က သိရှိရသည်။

ထို့အပြင် လေဆိပ်အဝင်အထွက်များကို လုံခြုံရေးစစ်ဆေးရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ခေတ်မီနည်းပညာများဖြင့် ပြုလုပ်ထားသည့် စက်ကိရိယာများကိုလည်း တိုးချဲ့တပ်ဆင်ရန် စီစဉ်နေကြောင်း သိရှိရသည်။

“ပြည်တွင်းမှာရှိတဲ့ လေဆိပ်တွေအကုန်လုံးမှာ လုံခြုံရေး ဆောင်ရွက်ချက်တွေကို အမြင့်ဆုံးအဖြစ် ဆောင်ရွက်နေတယ်။ ဒါ့အပြင် ပြည်တွင်းပြည်ပ လေကြောင်းခရီးစဉ်တွေ အကုန်လုံးမှာလည်း လေကြောင်းရဲတပ်ဖွဲ့ဝင်နှစ်ဦးစီ လိုက်ပါပြီးတော့ လုံခြုံရေးကိစ္စတွေကို ဆောင်ရွက်နေပါတယ်။ အခုရက်ပိုင်းမှာတော့ လေယာဉ်ပေါ်မှာ အရက်မူးနေတဲ့ နိုင်ငံခြားသား ခရီးသည်အချို့က အခြားခရီးသည်တွေ အနှောင့်အယှက်ဖြစ်အောင် ပြုမူတာတွေကိုလည်း အရေးယူနေရပါတယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ အဆင့်မြင့် ရဲအရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်

ထို့အပြင် ပြည်တွင်းရှိ လေဆိပ်များအားလုံးတွင် လုံခြုံရေးအရ သတိဖြင့် မိုင်းရှာဖွေ စစ်ဆေးမှုများကို တစ်နေ့လျှင် သုံးကြိမ်ပြုလုပ်ရန် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။                 

IS အကြမ်းဖက်အဖွဲ့မှ မြန်မာနိုင်ငံအား အကြမ်းဖက်တိုက်ခိုက်ရန် တရားဝင်ကြေညာထားသည့် နောက်ပိုင်းမှစတင်ကာ ပြည်တွင်းလုံခြုံရေး ဆောင်ရွက်ချက်ကို နိုင်ငံတော်အဆင့်အထိ တိုးမြှင့်ဆောင်ရွက် ထားကြောင်းနှင့် အသက်ဝင်နေပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ပြည်တွင်းရှိ လေဆိပ်များအနက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးနှင့် နေပြည်တော်လေဆိပ်တို့တွင် လုံခြုံရေးကို အထူးဂရုပြုပိုမို ဆောင်ရွက်နေကြောင်း သိရသည်။        

Eleven Media Group 

အောက်တိုဘာ ၂၀ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း မိုင်းရှာနေမှု ပြုလုပ်နေစဉ်
အောက်တိုဘာ ၂၀ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း မိုင်းရှာနေမှု ပြုလုပ်နေစဉ်
အစ္စလာမ္မစ်ဂျီဟတ် IS အကြမ်းဖက်အဖွဲ့မှ မြန်မာနိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မည်ဟု တရားဝင် ကြေညာ လာသည့် သတင်းများကြောင့် ပြည်တွင်းရှိ လေဆိပ်များအားလုံးတွင် လုံခြုံရေး တိုးမြှင့် ချထားသည့် အပြင် လေကြောင်းခရီးစဉ်များ အားလုံး၌လည်း ရဲတပ်ဖွဲ့ဝင်များ လိုက်ပါကာ လုံခြုံရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် လေကြောင်းရဲတပ်ဖွဲ့မှ အောက်တိုဘာ ၂၄ ရက်က သိရှိရသည်။

ဒေသအချို့တွင် နေ့အပူချိန်များ ပုံမှန်ထက်ပိုမြင့်နေ

Photo: ဒေသအချို့တွင် နေ့အပူချိန်များ ပုံမှန်ထက်ပိုမြင့်နေ
Saturday, October 25, 2014

ရန်ကုန် အပါအဝင် ဒေသအချို့၌ ပုံမှန်ရာသီဥတု အခြေအနေမဟုတ်ဘဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အန္တရာယ်ရှိအဆင့် သတိပေးထားသည့် နေ့အပူချိန်ထက် မြင့်တက်နေသောကြောင့် အပူဒဏ်နှင့်ဆိုင်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို သတိထားသင့်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

‘‘အခုက မိုးအလွန်ဆောင်း အကူးကာလ။ ဒီလို ကာလတွေက အဲဒီပြဿနာရှိတယ်။ ရာသီ အထိုင်မကျတာပေါ့။ မိုးလည်း မပီပြင်ဘူး။ ဆောင်းလည်း မပီ ပြင်ဘူး။ ဒါကြောင့် အပူချိန်တွေ မြင့်နေတယ်။ သတိပေးအဆင့် ထက်ပိုတဲ့ အန္တရာယ်ရှိ အဆင့် ဖြစ်နေတာ။ သတိထားဖို့ လို တယ်’’ ဟု မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြော ကြားသည်။

အောက်တိုဘာ ၂၃ ရက်နှင့် ၂၄ ရက် တိုင်းတာချက်များအရ ရန်ကုန်၊ မန္တလေးနှင့် နေပြည် တော်တို့တွင် ပုံမှန်ထက် နေ့အပူချိန်များ သိသိသာသာ မြင့် တက်နေပြီး အခြားဒေသများတွင် လည်း အပူချိန်မြင့်နေနိုင်ကြောင်း ၎င်းက ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က နေ့အပူချိန် ၁၀၅ ဒီဂရီ ဖာရင်ဟိုက်မှ ၁၃၀ ဒီဂရီဖာရင် ဟိုက်ကြားကို အန္တရာယ်ရှိအဆင့် သတ်မှတ်ထားပြီး အဆိုပါ ဒေသများတွင် ပျမ်းမျှအပူချိန် ၁၂၀ ဒီဂရီဖာရင် ဟိုက်အထိ မြင့်နေကြောင်း သိရ သည်။

နေ့အပူချိန်များ ၁၀၅ ဒီဂရီ ဖာရင်ဟိုက်အထက် ရှိနေပါက မျက်စိနှင့် အရေပြားဆိုင်ရာ ရောဂါများ ခံစားရတတ်သည့်အပြင် ပိုပြင်းထန်ပါက heat stroke ကဲ့သို့ အပူဒဏ်ကြောင့် ရုတ်တရက်သေဆုံးမှုမျိုးအထိ ဖြစ်တတ်ကြောင်း အရေပြားရောဂါအထူးကုဆရာဝန်ဒေါက် တာမျိုးဆွေက ပြောသည်။

အထူးသဖြင့် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများကို ဂရုစိုက်သင့်ကြောင်း ၎င်းက အကြံပြုသည်။ နောက်ဆက်တွဲ ရာသီဥတု သတင်းတစ်ခုအနေဖြင့် ယခုလာ မည့် ဆောင်းရာသီသည် လက်ရှိ အခြေအနေများအရ ပုံမှန်ထက် အအေးလျော့နိုင်ကြောင်း ဒေါက် တာ ထွန်းလွင်က ခန့်မှန်းထား သည်။

7Day DAILY 

ရန်ကုန်မြို့တွင်း သွားလာနေကြသူများ (ဓာတ်ပုံ− နစ်ကီ)
ရန်ကုန်မြို့တွင်း သွားလာနေကြသူများ (ဓာတ်ပုံ− နစ်ကီ)
ရန်ကုန် အပါအဝင် ဒေသအချို့၌ ပုံမှန်ရာသီဥတု အခြေအနေမဟုတ်ဘဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အန္တရာယ်ရှိအဆင့် သတိပေးထားသည့် နေ့အပူချိန်ထက် မြင့်တက်နေသောကြောင့် အပူဒဏ်နှင့်ဆိုင်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို သတိထားသင့်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

အစိုးရ၏ နောက်ပြန်ဆုတ်သော လုပ်ဆောင်ချက်ကြောင့် နိုင်ငံရေး ဆွေးနွေးပွဲများ မတိုးတက်ဟု UNFC ထုတ်ပြန်

အစိုးရ၏ နောက်ပြန် ဆုတ်သော လုပ်ဆောင်ချက်များကြောင့် နိုင်ငံရေးဆွေးနွေးပွဲများ တိုးတက်မှု မရရှိခြင်းဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ ထုတ်ပြန် ကြေညာ သည်။

အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ဘိုကိုဟာရမ်အဖွဲ့၏ ပြန်ပေးဆွဲမှုများ ဆက်လက်ဖြစ်ပွား

အဘူဂျာ− ဘိုကိုဟာရမ် အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့က ပြန်ပေး ဆွဲသွားသည့် ကျောင်းသူ ၂၀၀ ကျော် ကို ပြန်လွှတ်ပေးမည့် အစီအစဉ် ပါဝင်သည်ဆိုသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိ ထားကြောင်း အစိုးရက ကြေညာခဲ့သော်လည်း ယင်းအဖွဲ့ မှ စစ်သွေးကြွများက နိုင်ဂျီးရီးယားနိုင်ငံ အရှေ့ မြောက်ပိုင်းရှိ ခရစ်ယာန် ကျေးရွာများမှ အမျိုးသမီးငယ် အနည်းဆုံး ၆၀ ဦးကို ဖမ်း ဆီးခေါ်ဆောင် သွားကြောင်း ဒေ သခံများက ပြောသည်။

စစ်ဆင်ရေးအတွက် တစ်နှစ်လုံး ကျပ်သန်း ၃၀၀ အသုံးပြုမည်

 စစ်ဆင်ရေးလုပ် ငန်းများဆောင်ရွက်ရန် တစ်နှစ် လုံး အသုံးစရိတ်အဖြစ် ကျပ်သန်းသုံးရာ သုံးစွဲ မည်ဖြစ် ကြောင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ကာကွယ်ရေးဝန်ကြီးဌာန၏ ဖြည့် စွက်ခွင့်ပြုငွေတွင်ပါရှိသည်။

ထိုင်းရဲက ခြိမ်းခြောက်၍ ပြစ်မှုမကျူးလွန်ခဲ့ဘဲ ကျူးလွန်ဟု ထွက်ဆိုခဲ့ရကြောင်း လုပ်သားနှစ်ဦးက မိဘများအား ထုတ်ပြော

Photo: ထိုင်းရဲက ခြိမ်းခြောက်၍ ပြစ်မှုမကျူးလွန်ခဲ့ဘဲ ကျူးလွန်ဟု ထွက်ဆိုခဲ့ရကြောင်း လုပ်သားနှစ်ဦးက မိဘများအား ထုတ်ပြော
Saturday, October 25, 2014

ကော့စမွီ - ဖမ်းဆီးခံ မြန်မာ လုပ်သားနှစ်ဦးသည် ဗြိတိန်စုံတွဲ အား ၎င်းတို့သတ်ဖြတ်ခြင်းမဟုတ် ကြောင်း ၎င်းတို့၏ မိဘများနှင့် တွေ့ဆုံစဉ်ပြောကြားလိုက်ပြီး အဆိုပါ ပြောကြားချက်ကို မြန်မာ သံရုံးအထူးအဖွဲ့က အောက်တို ဘာ ၂၈ ရက်တွင် အစိုးရရှေ့နေ များရုံးချုပ်သို့ တင်ပြစာပေးပို့သွား မည်ဖြစ်သည်။

အောက်တိုဘာ ၂၄ ရက်က ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦး၏ မိဘများနှင့် မြန်မာသံရုံးအထူး အဖွဲ့၊ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီမှ ရှေ့နေများက ကော့ စမွီထောင်သို့သွားရောက်၍ ဖမ်း ဆီးခံ မြန်မာလုပ်သားနှစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ဖမ်းဆီးခံလုပ် သားနှစ်ဦးသည် ၎င်းတို့၏ မိဘ များနှင့် တွေ့ဆုံသည့်အခါ ဗြိတိန် စုံတွဲကို ၎င်းတို့သတ်ခြင်းမဟုတ် ကြောင်း ၎င်းတို့၏ မိဘများအား ပြောကြားလိုက်ခြင်း ဖြစ်သည်။ ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး ပြောကြားသည့် စကားများကို မြန်မာသံရုံးအဖွဲ့နှင့် ၎င်းတို့ ၏ မိဘများက အစိုးရခရိုင်ရှေ့နေ ရုံးသို့ ချက်ချင်းသွားရောက်၍ စာပို့တင်ပြခဲ့သည်။ အစိုးရခရိုင် ရှေ့နေရုံးမှ အရာရှိကလည်း တင် ပြမှုစာကို လက်ခံလိုက်ပြီး အမှုမှန်အတိုင်းဖြစ်စေရမည်ဟု ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦး၏ မိဘများ အား ကတိပေးခဲ့သည်။

ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦးသည် ထိုင်းရဲတပ်ဖွဲ့က ၎င်း တို့သတ်ပါသည်ဟု ၀န်ခံခိုင်းသောကြောင့် ၀န်ခံလိုက်ခြင်းဖြစ်ပြီး ၀န် ခံခြင်းမရှိပါက လက်ဖြတ်မည်၊ တာယာကွင်းဖြင့် မီးရှို့သတ်မည် ဟု ခြိမ်းခြောက်ခြင်းကြောင့် ၀န်ခံ လိုက်ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးက ၎င်းတို့ ၏ မိဘများအားပြောသည်။

‘‘ကျွန်တော်နဲ့တွေ့တဲ့အချိန် မှာ ကျွန်တော့်သားက အမှန်အ တိုင်းပြောပါတယ်။ ဒီဖြစ်စဉ်ကို သူတို့မသိဘူး။ ၀န်ခံခိုင်းလို့ ၀န်ခံလိုက်တာပါလို့ ပြောတယ်။ နောက်ပြီး ၀န်မခံဘူးဆိုရင် လက် ဖြတ်မယ်၊ သတ်ပြီးပင်လယ်ထဲ မျှောပစ်မယ်လို့ပြောတယ်တဲ့။ နောက်တာယာကွင်းနဲ့ မီးရှို့ပစ် မယ်လို့ ခြိမ်းခြောက်လို့ဝန်ခံလိုက် တာပါတဲ့။ တရားရုံးတင်ရင်လည်း အမှန်အတိုင်း ဖြေဆိုပါမယ်လို့ ပြောတယ်။ ကျွန်တော့်သားပြော စကားကို ကျွန်တော်ယုံတယ်’’ဟု ၎င်း၏သားနှင့် တွေ့ဆုံပြီး အပြန် တွင် ဦးထွန်းထွန်းထိုက်က အားရ ၀မ်းသာဖြင့်ပြောသည်။

မြန်မာလုပ်သားနှစ်ဦးအား ဖမ်းဆီးစစ်ဆေးချိန်တွင် ထိုင်းရဲ တပ်ဖွဲ့၏ စကားပြန်နှစ်ဦးမှာ မြန် မာနိုင်ငံသားများဖြစ်သည်။ တစ် ဦးမှာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ ရုံး၏ ၀န်ထမ်းအဖြစ် ကတ်ပြား ရရှိထားသော ကိုရဲဖြစ်သည်။ ကိုရဲရရှိထားသော သံရုံးကတ်ပြားသည် ယခုတာဝန်ထမ်းဆောင်နေသော သံအမတ်ကြီး ဦးဝင်းမောင်မရောက်ရှိမီကာလ ၂၀၁၃ ခုနှစ်တွင် ရရှိထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါကိုရဲသည် စူရတ် ဌာနီရဲစခန်းတွင် ဖမ်းဆီးခံ မြန်မာ လုပ်သားနှစ်ဦးအတွက် စကား ပြန်အဖြစ် လုပ်ပေးသူဖြစ်သည်။ နောက်ထပ် စကားပြန် တစ်ဦး က လိပ်ကျွန်း၌ မြန်မာလုပ်သား နှစ်ဦးက သရုပ်ပြမှုဖြစ်စဉ်တွင် ထိုင်းရဲတပ်ဖွဲ့အား စကားပြန် လုပ်ပေးသူ ကိုမာဖြစ်သည်။ ၎င်း တို့သည် အတင်းအဓမ္မ၀န်ခံခိုင်းသူများဖြစ်သည်ဟုဆိုသည်။ ကိုမာသည် ယခု လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၌ ပျောက်ဆုံးနေသည်။

ကိုရဲနှင့် ကိုမာတို့၏ ပတ်စ် ပို့စာအုပ်များကို ဖျက်သိမ်း၍ အ ရေးယူဆောင်ရွက်သွားရန် မြန်မာသံရုံးအထူးအဖွဲ့က အောက်တို ဘာ ၂၄ ရက်တွင် သံအမတ်ကြီး ထံ တောင်းဆိုထားသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးသည် အောက်တိုဘာ ၆ ရက်က ၎င်းတို့အား လာရောက် စစ်ဆေးသော မြန်မာသံရုံးအထူး အဖွဲ့ကို ‘‘မူး၍ လုပ်လိုက်မိသည်’’ ဟု ပြောကြားခဲ့သည်။ နောက် တစ်ကြိမ် သွားရောက်မေးမြန်း သောအခါ ၎င်းတို့သတ်ခြင်း မဟုတ်ဟု ပြောကြားထားသည်။

အောက်တိုဘာ ၂၁ ရက်က ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ အဖွဲ့သွားရောက်မေးမြန်းရာတွင် လည်း ထိုင်းရဲတပ်ဖွဲ့က ရိုက်နှက် ခြိမ်းခြောက်၍ ပြောဆိုခိုင်းသော ကြောင့် ၀န်ခံလိုက်ခြင်း ဖြစ် ကြောင်းပြောဆိုသည်။

‘‘ကလေးတွေက အရင်က မပြောရဲဘဲ ဖြစ်နေတာ။ အခု တော့ သူတို့လည်း ယုံကြည်မှုရ သွားပြီး အမှန်အတိုင်းပြောလိုက် တာပါ။ ကျွန်တော်တို့နဲ့ ဒီမနက် မှာတွေ့တဲ့အဆိုအရဆို ဒီကလေး နှစ်ယောက်က တရားခံမဖြစ်နိုင် ပါဘူး။သူတို့က ခြိမ်းခြောက်တာ ကို ကြောက်လို့ ၀န်ခံလိုက်တာပါ။ လာမယ့်အပတ်မှာလည်း ထိုင်း အစိုးရရှေ့နေများရုံးမှာ တင်ပြ စာပေးသွားမယ်။ အဓိကကတော့ ကလေးတွေက သူတို့သတ်တာ မဟုတ်ဘူးလို့ပြောလိုက်တော့ အားရတယ်။ သံအမတ်ကြီးက လည်း ဒီအမှုကို ရှေ့နေများကောင်စီကို တရားဝင်အပ်ဖို့ရှိတယ်။ အဲဒါလည်း လာမယ့်အပတ်မှာ လုပ်သွားမယ်’’ ဟု မြန်မာသံရုံး အထူးအဖွဲ့မှ ဦးထူးချစ်က ပြော သည်။

‘‘ဘာသာပြန်တဲ့ နေရာမှာ လွဲမှားပြီး ရဲလူယုံအဖြစ် ကိုရဲကို ဘာသာပြန်ခိုင်းတာ မှားတာပဲ။ မင်းတို့ဝန်ခံရင် သုံးလေးနှစ်ပဲကျမယ်။ ငါတို့ကူညီပေးလို့ရတယ်လို့ ပြောပြီး ခိုင်းတာလို့ ကလေးတွေ က ပြောတယ်။ သံရုံးကိုယ်စား လှယ်ဆိုပြီး ကလေးတွေကို ၀န်ခံ ခိုင်းတာပါ။ ကိုရဲက ထိုင်းစကား တတ်လို့ဆိုပြီး ထိုင်းရဲတွေက သူ့ ကိုခိုင်းနေတာပါ’’ဟု မြန်မာသံရုံး အထူးအဖွဲ့မှ ဦးမိုးဝေက ပြော သည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးအား ပြစ်ဒဏ်မှ လွတ် မြောက်ရန်အတွက် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ အဖွဲ့နှင့် ထိုင်းနိုင်ငံ လူ့အခွင့်အရေးကောင်စီအဖွဲ့တို့က ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦး၏ မိဘများသည် ၎င်းတို့ သားနှင့် တွေ့ဆုံရန် အောက်တိုဘာ ၂၂ ရက်က ဘန်ကောက်မြို့သို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးထားရှိသော နေရာသည် ကော့စမွီကျွန်းရှိ ထောင်တွင်ထားရှိခြင်းဖြစ်သည်။ ကော့စမွီကျွန်းသည် ဘန်ကောက်မြို့မှ ကားဖြင့် သွားလျှင် နာရီ ၂၀ နီးပါးကြာသွားရသည်။

7Day DAILY

မြန်မာလုပ်သားနှစ်ဦးကို ဖမ်းဆီးထားသော ကော့စမွီထောင်ရှေ့သို့ ၎င်းတို့၏ မိဘများရောက်လာရာ စောင့်ဆိုင်းသတင်းယူနေသည့်သတင်းထောက်များကို အောက်တိုဘာ၂၄ရက်ကတွေ့ရစဉ် (ဓာတ်ပုံ−ငြိမ်းချမ်း)
မြန်မာလုပ်သားနှစ်ဦးကို ဖမ်းဆီးထားသော ကော့စမွီထောင်ရှေ့သို့ ၎င်းတို့၏ မိဘများရောက်လာရာ စောင့်ဆိုင်းသတင်းယူနေသည့်သတင်းထောက်များကို အောက်တိုဘာ၂၄ရက်ကတွေ့ရစဉ် (ဓာတ်ပုံ−ငြိမ်းချမ်း)
ကော့စမွီ - ဖမ်းဆီးခံ မြန်မာ လုပ်သားနှစ်ဦးသည် ဗြိတိန်စုံတွဲ အား ၎င်းတို့သတ်ဖြတ်ခြင်းမဟုတ် ကြောင်း ၎င်းတို့၏ မိဘများနှင့် တွေ့ဆုံစဉ်ပြောကြားလိုက်ပြီး အဆိုပါ ပြောကြားချက်ကို မြန်မာ သံရုံးအထူးအဖွဲ့က အောက်တို ဘာ ၂၈ ရက်တွင် အစိုးရရှေ့နေ များရုံးချုပ်သို့ တင်ပြစာပေးပို့သွား မည်ဖြစ်သည်။

အိုင်အက်စ်များအပေါ် ကန်လေယာဉ်များ ဗုံးအလုံး ၁,၇၀၀ ကျော် ကြဲချခဲ့

ဝါရှင်တန်− အမေရိကန်နှင့် မဟာ မိတ် လေယာဉ်များသည် အစ္စ လာမ်မစ်နိုင်ငံတော် (အိုင်အက်စ်)အဖွဲ့ ချေမှုန်းရေး လေကြောင်း ထိုးစစ်တွင် ပျံသန်းမှုစုစုပေါင်း ၆,၆၀၀ ခန့် ပြုလုပ်ခဲ့ပြီး ဗုံးအလုံး ၁,၇၀၀ ကျော် ကြဲခဲ့ကြောင်း အ မေရိကန်စစ်တပ်က အောက်တို ဘာ ၂၃ ရက်တွင် ပြောသည်။

လင်မယားချင်း စကားများရာမှ အိမ်ထဲသို့ဗုံးပစ်သွင်း၍သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရ

ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်တွင် လင်မယားနှစ်ဦးရန်ဖြစ်ရာမှ နေအိမ်အတွင်း ဗုံးကွဲ၍ ၎င်းတို့ နှစ်ဦးစလုံး ဒဏ်ရာရပြီး ဧည့်သည်သုံးဦး သေဆုံးခဲ့သည်။

မေရီလန်း လေဆိပ်တွင် ရဟတ်ယာဉ်နှင့် လေယာဉ်ငယ်တစ်စီး တိုက်မိပြီး လူသုံးဦး သေဆုံး

Photo: မေရီလန်း လေဆိပ်တွင် ရဟတ်ယာဉ်နှင့် လေယာဉ်ငယ်တစ်စီး တိုက်မိပြီး လူသုံးဦး သေဆုံး
Saturday, October 25, 2014

ဖရက်ဒရစ်− အမေရိကန်နိုင်ငံ မေ ရီလန်းပြည်နယ် ဖရက်ဒရစ်မြို့ရှိ မြို့တော်လေဆိပ်တွင် အောက်တိုဘာ ၂၃ ရက် နေ့လယ်က လေယာဉ်ငယ်တစ်စီးနှင့် ရဟတ်ယာဉ်တစ်စီး တိုက်မိပြီး လူသုံးဦးသေဆုံးကာ အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖရက်ဒရစ်ဒေသ မီးသတ်ဌာန အကြီးအကဲ ဒန်းနစ်ပိုဂတ်က ပြောကြားသည်။

ယင်းဖြစ်ရပ်မှာ ပျံသန်းနေ စဉ် တိုက်မိခြင်းဖြစ်ပုံပေါ်သည်ဟု မေရီလန်းပြည်နယ် ရဲတပ်ဖွဲ့က စီ အင်န်အင်န်သတင်းဌာနအား ပြောသည်။လေယာဉ်ငယ်ပေါ်တွင် လိုက်ပါလာသည့် ဒဏ်ရာရရှိသူနှစ်ဦး ကို ဆေးရုံသို့ ပို့ဆောင်ထားသည်။

ရဟတ်ယာဉ်ပျက်ရှိနေသောနေရာမှာ လေယာဉ်ငယ်ရှိနေ သော နေရာနှင့် တစ်မိုင်ပုံ ၁၀ ပုံ ခန့် ကွာဝေးပြီး လူသုံးဦး သေဆုံး နေသည်ကို တွေ့ရကြောင်းနှင့် ယင်းသေဆုံးသူသုံးဦးလုံးမှာ ရ ဟတ်ယာဉ်နှင့် လိုက်ပါလာသူများလား ဆိုသည်ကို မသိရဟု မေရီ လန်းပြည်နယ် ရဲတပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိပုဂ္ဂိုလ် ဂရက်ရှက်ဖလေ က ပြောသည်။

ဆေးရုံသို့ ပို့ဆောင်လိုက် သော အသက်ရှင်ကျန်သူ ၁၂ ဦး မှာ နောက်ပိုင်းတွင် ဆေးရုံမှဆင်း သွားကြပြီဖြစ်ကြောင်း ဆေးရုံမှ ပြောရေးဆိုခွင့်ရှိအမျိုးသမီး ဂျိုလီ ဘတ်လာက ပြောသည်။

ဖက်ဒရယ်လေကြောင်း ပျံ သန်းမှု စီမံခန့်ခွဲရေးဌာန (FAA)၏ ကနဦး သတင်းထုတ်ပြန်မှုအရ Cirrus SR 22 အမျိုးအစား လေ ယာဉ်တစ်စီးနှင့် R44 ရဟတ် ယာဉ်တို့သည် ဖရက်ဒရစ်မြို့တော် လေဆိပ်၏ အနောက်တောင်ဘက်တွင် နေ့လယ် ၃ နာရီ ၄၀ မိနစ်၌ တိုက်မိခဲ့သည်။

SR22 လေယာဉ်မှာ ယင်း လေဆိပ်မှ လေယာဉ်ဖြစ်ပြီး ရဟတ်ယာဉ်မှာ တိုက်မိသည့်အ ချိန်က လေ့ကျင့်ပျံသန်းနေခြင်း ဖြစ်ကြောင်း FAA ကပြောသည်။

လေကြောင်းပျံသန်းမှု ထိန်း ချုပ်ရေးဌာနက အသံဖမ်းထား ချက်အရ လေယာဉ်မတိုက်မိခင် စက္ကန့်ပိုင်းအလိုတွင် ယင်းလေ ယာဉ်ငယ် ဆင်းသက်ရန် အန္တ ရာယ်ကင်းကြောင်း အချက်ပြခဲ့ သည်ဟု သိရသည်။

Ref: CNN

မေရီလန်းပြည်နယ် ဖရက်ဒရစ်လေဆိပ်တွင် လေယာဉ်ငယ်နှင့် ရဟတ်ယာဉ် တိုက်မိ ပျက်ကျပြီးနောက် သုံးဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိခဲ့သည် (cbsnews)
မေရီလန်းပြည်နယ် ဖရက်ဒရစ်လေဆိပ်တွင် လေယာဉ်ငယ်နှင့် ရဟတ်ယာဉ်တိုက်မိ ပျက်ကျပြီးနောက် သုံးဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိခဲ့သည် (cbsnews)
ဖရက်ဒရစ်− အမေရိကန်နိုင်ငံ မေ ရီလန်းပြည်နယ် ဖရက်ဒရစ်မြို့ရှိ မြို့တော်လေဆိပ်တွင် အောက်တိုဘာ ၂၃ ရက် နေ့လယ်က လေယာဉ်ငယ်တစ်စီးနှင့် ရဟတ်ယာဉ်တစ်စီး တိုက်မိပြီး လူသုံးဦးသေဆုံးကာ အခြား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖရက်ဒရစ်ဒေသ မီးသတ်ဌာန အကြီးအကဲ ဒန်းနစ်ပိုဂတ်က ပြောကြားသည်။

နာမည်ကြီးသူဌေးများ အခွန်ထမ်းအများဆုံးစာရင်းတွင် ပါဝင်လာဟု တာဝန်ရှိသူပြော

မြန်မာနိုင်ငံ၏ နာမည်ကြီးသူဌေးကြီးများသည် ၂၀၁၃- ၁၄ ဘဏ္ဍာနှစ် တွင်နိုင်ငံတော်သို့ အခွန်အများဆုံး ထမ်းဆောင်သည့်စာရင်း၌ ပါဝင်လာကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် က ပြောကြား သည်။

အီဘိုလာရောဂါ တိုက်ဖျက်ရေး သြစတြေးလျထံမှ အိုဘားမား အကူအညီတောင်း

ဆစ်ဒနီ− သြစတြေးလျနိုင်ငံအနေ ဖြင့် အနောက်အာဖရိကဒေသ၌ အီဘိုလာရောဂါ ပျံ့နှံ့နေမှု ထိန်း ချုပ်ရေးတွင် ပိုမိုပါဝင်လုပ်ကိုင် ရန် အမေရိကန်နှင့် ဗြိတိန်အစိုးရ တို့က အကူအညီတောင်းခဲ့သည် ဟု သြစတြေးလျဝန်ကြီးချုပ် တိုနီ အက်ဘော့က ပြောသည်။

ဗဟိုစံပြငါးဈေးတွင် လမ်းပေါ်တက်ပြီး ငါးရောင်းချသူများကို စီမံချက်ဖြင့် စတင်ဖယ်ရှား

Photo: ဗဟိုစံပြငါးဈေးတွင် လမ်းပေါ်တက်ပြီး ငါးရောင်းချသူများကို စီမံချက်ဖြင့် စတင်ဖယ်ရှား
Saturday, October 25, 2014

 ဗဟိုစံပြငါးဈေးတွင်ပင် လယ်ငါးများအား ကားလမ်းမပေါ် တွင် တက်ရောက်ရောင်းချနေ သည့်အတွက် စီမံချက်ချကာရှင်း လင်းဖယ်ရှားနေပြီဖြစ်ကြောင်းဈေးသာယာရေးကော်မတီမှ သတင်းရရှိသည်။

အောက်တိုဘာ ၂၃ရက် ည ၁၀နာရီတွင် စည်ပင်သာယာဝန် ထမ်းများနှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူအင်အားသုံးရာကျော်ဖြင့်ဈေး အတွင်းရှိ နေရာများတွင်အင်အား သုံးဖယ်ရှားရန် ၀င်ရောက်နေရာယူ ထားသည့်အတွက် ဈေးသည်အ များစုမှာ ဈေးရောင်းချမှုများကိုမ ပြုလုပ်ခဲ့ကြောင်းသိရသည်။

‘‘ရေချိုငါးရောင်းတဲ့သူတွေ ကိုတော့ ဖယ်ရှားတာမလုပ်ပါ ဘူး။ ပင်လယ်ငါးရောင်းတဲ့သူတွေ ကို ဖယ်ဖို့လုပ်တာပါ။ လမ်းမကြီး တွေပေါ် ငါးတက်ခြစ်တာပါ။ဒီအ တွက် လမ်းသွားတဲ့သူတွေ၊ကား သမားတွေအတွက် သွားလာရ တာအခက်အခဲတွေရှိနေတဲ့အ တွက် ကြောင့်ပါ’’ဟု စံပြငါးဈေးရှိ ဈေးသာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြမောင်ကပြောသည်။

ရေချိုးငါးရောင်းချသူများမှာ သီးသန့်ဆိုင်ခန်းများနှင့် ရောင်းချနေသော်လည်း ပင်လယ်ငါး ရောင်းချနေသူအများစုမှာ ကား လမ်းမပေါ်တွင် တက်ရောက် ရောင်းချနေသဖြင့် ကားလမ်းပိတ် ဆို့နေခြင်း ဖြစ်သည်။ ယင်းသို့ ရောင်းချနေခြင်းမှာတစ်ယောက် စ နှစ်ယောက်စမှစ၍ ဦးရေတိုး လာခြင်းကြောင့် စီမံချက်ဖြင့် ဖယ် ရှားရန်အတွက် စီစဉ်ကြခြင်းသာ ဖြစ်သည်ဟုဆိုသည်။

‘‘တစ်ဦးက စလိုက်တာ။ လမ်းပေါ်ကို ဈေးသည်ရာကျော် တက်ရောင်းလာကြတာ။ ပြော တော့လည်း လက်မခံဘူး။ ဦးရေ ကများလာတော့ ကျွန်တော်တို့ ပြောတာနဲ့ မလုံလောက်တော့ဘူး။ ပြောလို့ရမယ့်သူတွေကလာ ပြောမှ အဆင်ပြေတော့မှာ’’ ဟု ဈေးဖွံ့ဖြိုးမှုအထောက်အကူပြုအ ဖွဲ့ဝင်ဦးကျော်ဆွေကပြောသည်။

စံပြငါးဈေးအစား သီရိမင်္ဂ လာဈေးအနီးတွင် ရွှေပိတောက် ငါးဈေးသစ်ကို ဖွင့်လှစ်ပေးထား သော်လည်း ဈေးသည်များမှာ ပြောင်းရွှေ့မှုမရှိကြဘဲ ယခင်းဈေး တွင်ဆက်လက်ရောင်းချနေကြ သည်။ ဈေးသစ်တွင် ငါးသို လှောင်ရန်ကြာရှည်အထားမခံ ခြင်း၊ ဆိပ်ကမ်းနှင့် အနည်းငယ် ဝေးနေခြင်းများကြောင့်ဈေးသည် များပြောင်းရွှေ့ခြင်းမရှိခဲ့ကြခြင်း ဖြစ်သည်။

‘‘ဟိုဘက်ကိုပြောင်းလိုက် တာနဲ့ လက်လုပ်လက်စားတွေအ လုပ်လက်မဲ့ဖြစ်မယ်။ ဒီမှာက ကမ်းနဲ့နီးတာတောင် လုံခြုံရေး စိတ်မချရဘူး။ဟိုဘက်ဈေးသစ် က ပိုဆိုးတာပေါ့ဗျာ။ ဒီလိုလိုအပ် ချက်တွေရှိနေတဲ့နေရာကိုလည်း ဘယ်သူကပြောင်းချင်မှာလဲ’’ဟု ဈေးဖွံ့ဖြိုးရေးအထောက်အကူပြု အဖွဲ့ဝင်ဦးစိုးမြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီ ၂၉ရက်ကစ တင်ဖွင့်လှစ်ခဲ့သော လက်ကားငါး ဈေးသစ်ကြီး၌ ဆိုင်ခန်းပေါင်း ၄၃၂ခန်းရှိရာ ငါးဒိုင်ပိုင်ရှင် ၁၇၀ ဦးဝယ်ယူခဲ့ကြသော်လည်း ၁၀ဦး ခန့်လာရောင်းချနေရာမှ လက်ရှိ တွင် ရောင်းချမှုမရှိတော့ဟု ဆို သည်။

‘‘အင်အားသုံးဖယ်ရှားမယ် ဆိုတာက သူတို့တွေ မေတ္တာမရှိ လို့ပဲ ပြောချင်ပါတယ်။ တကယ် လို့ရောင်းချနေရင်းဖယ်မယ်ဆို ရင်လည်း ဘာမှမတတ်နိုင်ဘူး’’ဟု စည်ပင်ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူများက ဖယ်ရှားရန် နေရာယူထားခြင်းအပေါ် ဈေးသည်ဒေါ်ခင်လှက ပြောသည်။

ယခု ဈေးရောင်းဝယ်စည် ကားနေသော ကြည့်မြင်တိုင်ရှိ ဗဟိုစံပြငါးဈေးသစ်ကြီးကို ၁၉၉၀ ပြည့်နှစ်တွင်စတင်တည်ဆောက် ခဲ့ပြီး ၂ ဒသမ ၄၈၇ ဧကကျော်  ကျယ်ဝန်းကာ ဈေးရုံ(၇)ရုံ အ တွင်း ၁၅ပေပတ်လည်ကျယ်သော ဆိုင်ခန်းပေါင်း ၁၄၄ခန်းရှိသည်။

သို့ရာတွင် သန့်ရှင်းမှုမရှိခြင်း နှင့် လမ်းပေါ်တွင် ပိတ်ဆို့ကာ ရောင်းနေသော ဆိုင်ခန်းသုံးရာ ကျော်ရှိနေသဖြင့် ဈေးသစ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

7Day DAILY

ဗဟိုစံပြငါးဈေးတွင် လမ်းပေါ်တက် ငါးမရောင်းရန် ရဲတပ်ဖွဲ့ဝင်များ လာရောက် ရှင်းလင်းနေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
ဗဟိုစံပြငါးဈေးတွင် လမ်းပေါ်တက် ငါးမရောင်းရန် ရဲတပ်ဖွဲ့ဝင်များ လာရောက် ရှင်းလင်းနေစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 ဗဟိုစံပြငါးဈေးတွင်ပင် လယ်ငါးများအား ကားလမ်းမပေါ်တွင် တက်ရောက်ရောင်းချနေ သည့်အတွက် စီမံချက်ချကာရှင်း လင်းဖယ်ရှားနေပြီဖြစ်ကြောင်းဈေးသာယာရေးကော်မတီမှ သတင်းရရှိသည်။

နိုင်ငံတကာ အိမ်ခြံမြေရာဖြတ်ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတစ်ရာကျော် ချိတ်ဆက်ဆောင်ရွက်နေဟုဆို

ကမ္ဘာ့နိုင်ငံများ၌ အိမ်ခြံ မြေ ၀န်ဆောင်မှု လုပ်ငန်းနှင့် အတိုင်ပင်ခံလုပ်ငန်း လုပ်ကိုင်နေ သော SaVills ကုမ္ပဏီတွင် မြန်မာ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၀၀ ကျော် ချိတ်ဆက် လုပ်ကိုင်နေသော် လည်း ဈေးနှုန်း သတ်မှတ်မှုပိုင်း တွင် အခက်အခဲများရှိနေသည်ဟု SaVills ကုမ္ပဏီမှ သတင်းရရှိ သည်။

မြန်မာလုပ်သား သုံးထောင်ထံမှ ဘတ်ငွေ သန်းဆယ်ချီလိမ်လည်သည့် ထိုင်းကုမ္ပဏီကို ၀င်ရောက်ဖမ်းဆီး

ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမား သုံးထောင်ထံမှ ဘတ်ငွေ သန်းဆယ်ချီကာ လိမ် လည်ခဲ့သော ကုမ္ပဏီ တစ်ခုကို ထိုင်းစစ်တပ်၊ အထူးရဲတပ်ဖွဲ့အ ကူအညီဖြင့် ၀င်ရောက်စီးနင်းခဲ့ ပြီး ကုမ္ပဏီပိုင်ရှင်၏သားနှင့်   ကုမ္ပဏီဝန်ထမ်းမြန်မာနိုင်ငံသား ၁၆ ဦးကို ထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။

ခရမ်းချဉ်သီးဖျော်ရည်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

Photo: ခရမ်းချဉ်သီးဖျော်ရည်၏ ကျန်းမာရေး အကျိုးကျေးဇူးများ
Saturday, October 25, 2014

ခရမ်းချဉ်သီးတွင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်သဖြင့် ခရမ်းချဉ်သီး ဖျော်ရည်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါသည်။

ခရမ်းချဉ်သီးဖျော်ရည်တွင် ဗီတာမင် A, K, B1, B2, B3, B5 နှင့် B6 တို့အပြင် သံဓာတ်၊ မဂ္ဂနီဆီယမ်နှင့် ဖော့စပရပ်စ်ဓာတ်တို့ကဲ့သို့ သတ္တုဓာတ်များလည်း ပါဝင်သည်။ ယင်းသတ္တုဓာတ်များနှင့် ဗီတာမင်တို့မှာ ကျန်းမာရေးအတွက်သာ အထူးကောင်းမွန်သည်မဟုတ်ဘဲ အသားအရေနှင့် ဆံကေသာအတွက်လည်း ကောင်းမွန်သည်။

ခရမ်းချဉ်သီးဖျော်ရည် သောက်မည်ဆိုပါက လတ်ဆတ်သော ခရမ်းချဉ်သီးများဖြင့် စီမံပြုလုပ်ရန် အရေးကြီးသည်။ ခရမ်းချဉ်သီးများနှင့် အနီရောင်ရှိသော အသီးများတွင် ပါဝင်သည့် ကင်ဆာရောဂါကာကွယ် ပေးသော ဓာတ်ပစ္စည်းတစ်မျိုးဖြစ်သည့် Lycopene ပါဝင်မှုကြောင့် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချပေးနိုင်သည်။

ဝမ်းချုပ်ခြင်း၊ ၀မ်းလျှောခြင်းတို့ကဲ့သို့ အစာချေဖျက်မှုဆိုင်ရာ ပြဿနာများကိုလည်း ခရမ်းချဉ်သီးဖျော်ရည်သောက်ခြင်းဖြင့် သက်သာစေနိုင်ကြောင်း သိရသည်။ ခရမ်းချဉ်သီးဖျော်ရည်သောက်ပေးခြင်းဖြင့် သွေးထဲ၌ ကိုလက်စထရောပါဝင်မှုကို လျှော့ချရာတွင် အစွမ်းထက်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ခရမ်းချဉ်သီးတွင် ပါဝင်သော အမျှင်ဓာတ်ကြောင့် LDL ကိုလက်စထရောများကို လျှော့ချပေးနိုင်ပြီး ကိုလက်စထရောပါဝင်မှု မြင့်မားခြင်းကို တိုက်ဖျက်နိုင်သော ဗီတာမင်ဘီဒြပ်ပေါင်းများလည်း ခရမ်းချဉ်သီးတွင် ပါဝင်သည်။

ခရမ်းချဉ်သီးဖျော်ရည်တွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ဆီးချိုရောဂါ၊ ပန်းနာရင်ကျပ်ရောဂါနှင့် နှလုံးရောဂါတို့ကဲ့သို့ ခန္ဓာကိုယ်ရောင်ရမ်းမှုကို ဖြစ်စေသော ရောဂါများကို တိုက်ဖျက်ရာတွင် အထောက်အကူပြုစေမည် ဖြစ်သည်။

7Day DAILY
ခရမ်းချဉ်သီးတွင် ဗီတာမင်နှင့် သတ္တုဓာတ်များစွာ ပါဝင်သဖြင့် ခရမ်းချဉ်သီး ဖျော်ရည်သောက်ခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါသည်။

ရွှေပိတောက်ငါးဈေး ဒုတိယအကြိမ်ဖွင့်လှစ်ပြီးနောက် ပိုမိုအောင်မြင်

ရွှေပိတောက် ငါးဈေး ကို ဒုတိယအကြိမ် ပြန်လည်ဖွင့်လှစ်ပြီးနောက် လာရောက်ရောင်းချသော ဆိုင်ခန်း များနှင့် ရောင်းရသည့် ကုန်တန်ချိန်များ သိသာစွာ တိုးလာကြောင်း သတင်းရရှိသည်။

အိန္ဒိယ-ပါကစ္စတန် နယ်စပ် ပစ်ခတ်မှုများကြောင့် ဒေသခံများ ဒုက္ခရောက်

အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့အကြား ပြီးခဲ့သည့် သီတင်းပတ်များက နယ်စပ်တွင် အပြန်အလှန် ပတ်ခတ်ခဲ့မှု များနှင့် ပတ်သက်၍ တစ်ဘက်နှင့်တစ်ဘက် ပြစ်တင်မှုများ ပြုလုပ်လျက် ရှိသည်။

လွှတ်တော်မှ ခွင့်ပြုချက်မရသေးသည့် သမ၀ါယမ ၀န်ကြီးဌာန၏ တရုတ်နိုင်ငံ China Exim Bank ချေးငွေအား ထပ်တိုးဘတ်ဂျက် စာရင်းတွင် ထည့်သွင်း တောင်းခံ လာခြင်းကို ပယ်ဖျက်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

လွှတ်တော်မှ ခွင့်ပြုချက်မရသေးသည့် သမဝါယမဝန်ကြီးဌာန၏ တရုတ်နိုင်ငံ China Exim Bank ချေးငွေအား ထပ်တိုးဘတ်ဂျက်စာရင်းတွင် ထည့်သွင်းတောင်းခံလာခြင်းကို ပယ်ဖျက်ပေးရန် ပြည်ထောင်စု လွှတ်တော် ကိုယ်စား လှယ်များက ဆွေးနွေးသည်။