
တာဖာဆောင်တံတားအနီးမှာ သေနတ်သံများ တိတ်လန့်တုန်လှုပ်ဖွယ်ကြားနေရသည်။ ယမ်းခိုးယမ်းငွေ့ များ ကြားမှာပြေးလွှားတိုက်ခိုက်နေသော အစိုးရတပ်မှ စစ်သည်များ၊ SSA(၀မ်ဟိုင်း)အဖွဲ့မှ တပ်သားများ ကို မြင် နေ ရသည်။ စစ်ပွဲတစ်ပွဲဖြစ်လျှင် နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိတာ ဓမ္မတာပင်ဖြစ်ပါသည်။ ထို အနိဋ္ဌာရုံများကို မမြင် မတွေ့ချင်ပါလျက် ဒေသခံတို့ မြင်တွေ့ကြားသိနေရခြင်း သည် စိတ်မကောင်းစရာ ပင်ဖြစ်ပါသည်။