Saturday 7 December 2013

ဖင်လန်နိုင်ငံမှ ၀ယ်ယူထားသည့် စက်မဲ့သင်္ဘောပေါ်တွင် အခန်းပေါင်း ၁၀၀ ကျော်ပါဝင်မည့် ရေပေါ်ဟိုတယ် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် လှလှပပ ကုမ္ပဏီအား MIC ခွင့်ပြု

Photo: ဖင်လန်နိုင်ငံမှ ၀ယ်ယူထားသည့် စက်မဲ့သင်္ဘောပေါ်တွင် အခန်းပေါင်း ၁၀၀ ကျော်ပါဝင်မည့် ရေပေါ်ဟိုတယ် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် လှလှပပ ကုမ္ပဏီအား MIC ခွင့်ပြု
Saturday, December 7, 2013

ဖင်လန်နိုင်ငံမှ ၀ယ်ယူထားသည့် စက်မဲ့သင်္ဘောပေါ်တွင် အခန်းပေါင်း ၁၀၀ ကျော် ပါဝင်မည့် ရေပေါ်ဟိုတယ် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် လှလှပပ ကုမ္ပဏီအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ ခွင့် ပြုပေးခဲ့ကြောင်း သိရသည်။

လုပ်ငန်းလုပ်ကိုင်ခွင့်အား ဒီဇင်ဘာ ၄ ရက်တွင် နေပြည်တော် ရုံးအမှတ် ၃၄ တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၃၁/၂၀၁၃ ကြိမ်မြောက်အ စည်းအဝေးတွင် လုပ်ကိုင်ခွင့်ချထားပေးခဲ့ ခြင်းဖြစ်ပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည်ဖြစ်သည်။

လှလှပပ ကုမ္ပဏီသည် အဆိုပါ ရေပေါ်ဟိုတယ် တည်ဆောက်ရေး စီမံကိန်း အကောင်အထည် ဖော်ရန်အတွက် ဖင်လန်နိုင်ငံမှ တန်ချိန်နှစ်ထောင်ကျော်ရှိသည့် စက်မဲ့သင်္ဘောအား ၀ယ်ယူခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင်မြို့နယ် ဗိုလ်တထောင် ဆိပ်ကမ်းဒေသရှိ အမှတ် ၆ အထက်နှင့်ဆောက် ဆိပ်ခံဗောတံတားများတွင် လုပ်ငန်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းအကောင် အထည်ဖော်ရန် ၀ယ်ယူခဲ့သည့် သင်္ဘောမှာ အလျား ၁၀၆ မီတာ၊ အကျယ်အ၀န်း ၁၈ ဒသမ ၄ မီတာ၊ ရေစူး ၂ မီတာရှိပြီး မြန်မာနိုင်ငံသို့ သြဂုတ် ၁၈ ရက်တွင် ရောက်ရှိခဲ့ခြင်းဖြစ်ကာ ယခုအခါ ပြုပြင်မွမ်းမံမှု လုပ်ငန်းများကို ပြုလုပ်နေပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းတွင် စတင်ဖွင့်လှစ် ၀န်ဆောင်မှုပေးရန် စီစဉ်ထားကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၃၁/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် အဆိုပါ လုပ်ငန်းအပြင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ထောက်ချုပ်ရုံးပိုင်၊ ဒဂုံဂေါက်ကွင်းရှိ မြေ ၂၀၈ တွင် BOT စနစ်ဖြင့် နှစ်ရှည်ငှားရမ်း၍ နိုင်ငံတကာ အဆင့်မီဂေါက်ကွင်း Club House & Resort နှင့် ဘန်ဂလို လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် Royal Sky ကုမ္ပဏီကိုလည်းကောင်း ဒဂုံဆိပ်ကမ်း မြို့နယ်တွင် ကွန်ကရစ်တိုင်နှင့် ကွန်ကရစ် ဘလောက်တုံး ထုတ်လုပ်ခြင်း လုပ်ငန်းကို Forever Padauk Trading ကုမ္ပဏီကိုလည်းကောင်း လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း သိရသည်။

Eleven Media Group

ရေပေါ်ဟိုတယ် ပြုလုပ်မည့် သင်္ဘောအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
ရေပေါ်ဟိုတယ် ပြုလုပ်မည့် သင်္ဘောအား တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
ဖင်လန်နိုင်ငံမှ ၀ယ်ယူထားသည့် စက်မဲ့သင်္ဘောပေါ်တွင် အခန်းပေါင်း ၁၀၀ ကျော် ပါဝင်မည့် ရေပေါ် ဟိုတယ် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် လှလှပပ ကုမ္ပဏီအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ ခွင့် ပြုပေးခဲ့ကြောင်း သိရသည်။