Tuesday, 24 July 2012
ဂျပန် Daiwa နည်းပညာ ကုမ္ပဏီ ဒေါ်လာ သန်း ၃၈၀ ရင်းနှီးမြှုပ်နှံမည်
ဂျပန်နိုင်ငံ နည်းပညာ ကုမ္ပဏီတခုဖြစ်သည့် Daiwa သည် မြန်မာနိုင်ငံတွင် ကွန်ပျူတာ နည်းပညာဆိုင်ရာ ကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၈၀ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း တာဝန်ရှိသူက ပြောသည်။
“Daiwa ရင်းနှီးမြှုပ်နှံမှု အစီအစဉ်မှာ မြန်မာအစိုးရ ရဲ့ အစိုးရပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ၊ ကွန်ပျူတာ နည်းပညာဆိုင်ရာ လုံခြုံရေးဆောင်ရွက်ဖို့နဲ့ ပုဂ္ဂလိက နည်းပညာ ကုမ္ပဏီတွေနဲ့ ကွန်ပျူတာနည်းပညာ၊ ဆော့ဖ်ဝဲနဲ့ ပစ္စည်းကိရိယာ ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်မှာ ဖြစ်တယ်” ဟု အသင်း၏ အလုပ်အမှုဆောင် ဦးသောင်းတင် က ပြောသည်။

ဘဏ္ဍာရေးဝန်ကြီးဟောင်း မူခါဂျီ အိန္ဒိယသမ္မတအဖြစ် ရွေးကောက်ခံရ
ဘဏ္ဍာရေးဝန်ကြီးဟောင်း ပရာနပ်မူခါဂျီကို အိန္ဒိယသမ္မတအဖြစ် ပြည်ထောင်စုနှင့်
ပြည်နယ်လွှတ်တော်အမတ်များက ရွေးကောက်တင်မြှောက်ခဲ့ကြောင်း မဲရေတွက်မှုများပြီးစီးသည့်
ဇူလိုင်လ ၂၂ ရက်နေ့တွင် အိန္ဒိယ သတင်းအေဂျင်စီ ပီတီအိုင်က ထုတ်ပြန်ကြေညာခဲ့သည်။
အာဏာရ ကွန်ဂရက်ပါတီမှ ၀ါရင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ မူခါဂျီသည် စေ့စပ်ညှိနှိုင်းရေးတွင် ထူးချွန်သောကြောင့် ထင်ရှားသူဖြစ်ပြီး အိန္ဒိယနိုင်ငံ ရင်ဆိုင်နေရသော ပါလီမန်တွင်း လိပ်ခဲတည်းလည်းဖြစ်မှုများကို ယခင်သမ္မတများ ထက်ပြေလည်စွာ နောက်ကွယ်မှ
ဖြေရှင်းနိုင်မည့်သူဟု လေ့လာသူအချို့က သုံးသပ်ထားသည်။

(NDI) National Democratic Institute မှ Mr. Scott Hubli (Global Director – American) ဦးဆောင်သည့်အဖွဲ့ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးအား လာရောက်တွေ့ဆုံ
ယနေ့ နံနက် ၈ နာရီအချိန်တွင် (NDI) National Democratic Institute မှ Mr. Scott Hubli (Global Director – American) ဦးဆောင်သည့်အဖွဲ့သည် ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးအား နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ နိုင်ငံတကာဆက်ဆံရေး ကော်မတီရုံးတွင် လာရောက်တွေ့ဆုံသည်။ အဆိုပါ တွေ့ဆုံမှုတွင် ကော်မတီအတွင်းရေးမှူး များ ဖြစ်သောလွှတ်တော်အခွင့်အရေး ကော်မတီအတွင်းရေးမှူး ဒေါက်တာစိုးရင်နိုင်ငံတကာဆက်ဆံရေးကော်မတီအတွင်းရေးမှူး ဦးကိုကိုထွန်း တို့ပါ တက်ရောက်ပြီး NDI မှ Ms. Stephanie Lynn (Country Director- Canadian) Mr. Franklin Dc Vricze (Governance Expert – Belgian)
Ma Sao Siri Rupa (Senior Programme Assistant- Myanmar) တို့ပါ တက်ရောက်ကြပြီး လွှတ်တော်ရေးရာ ကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။
လွှတ်တော် သတင်းများ
ယနေ့ (ဇူလိုင်လ ၂၄ရက်နေ့) တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က "Good Government (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Government (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်းတင်ထားရန်" အဆိုတင်သွင်းခြင်းနှင့် လက်ခံ ဆွေးနွေးရန် သင့်၊ မသင့် အဆုံးအဖြတ် ရယူခြင်း၊ ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် မသင့်ကြောင်း အဆိုကို တင်သွင်းမည်ဟု သိရသည်။ ယင်းအဆိုသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တင်သွင်းသည့် ပထမဆုံး အဆိုဖြစ်ပါသည်။
အထက်တန်းတွင် စိတ်ကြိုက်မြန်မာစာဘာသာရပ် သင်ယူသူမရှိ
၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊ အထက်တန်းအဆင့်ကျောင်းသားများသည် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ကိုေ ရွးချယ်သင်ယူသူလုံးဝမရှိကြောင်း၊ ပထ၀ီဝင်နှင့်သမိုင်းဘာသာကိုရွေးချယ်သင်ယူသူ အလွန် နည်းပါး နေကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အခြေခံပညာ ကဏ္ဍအစီရင်ခံစာ တွင် ဖော်ပြထားသော အချက်အလက်များအရသိရသည်။
အထက်တန်းအဆင့် ကျောင်းသားများအား ၂၀၀၁-၂၀၀၂ ပညာသင်နှစ်မှ စတင်၍ ဘာသာတွဲ (၈)ခုမှ နှစ်သက်ရာဘာသာတွဲတစ်ခုအား ရွေးချယ်သင်ယူစေခဲ့ရာ ကျောင်းသားများက သိပ္ပံဘာသာရပ်များ ပါဝင်သည့်ဘာသာတွဲများကိုသာရွေးချယ်သင်ယူနေကြခြင်းဖြစ်သည်။သိပ္ပံဘာသာရပ် နှစ်ခု(သို့မဟုတ်)

သုံးခုပါဝင်သည့် ဘာသာတွဲများကို ရွေးချယ်သင်ယူသော ပမာဏမှာန၀မတန်းတွင် ၉၅ ဒသမ ၃၇ ရာခိုင်နှုန်း၊ ဒသမတန်းတွင် ၉၄ ဒသမ ၂၄ ရာခိုင်နှုန်းရှိပြီး ၀ိဇ္ဇာဘာသာတွဲသက်သက် ရွေးချယ်သင်ယူသော ပမာဏမှာ န၀မတန်းတွင် ၄ ဒသမ ၆ ရာခိုင်နှုန်း၊ ဒသမတန်းတွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတအား ထိုင်း ၀န်ကြီးချုပ်မှ ညစာစားပွဲဖြင့် ဧည့်ခံ
နိုင်ငံတော်သမ္မတဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ထိုင်းဝန်ကြီးချုပ်က အစိုးရအိမ်တော်တွင် ယနေ့(ဇူလိုင်လ၂၃) ရက်နေ့ ည ၆း၃၀ ခန့်တွင် ဂုဏ်ပြုညစာ စားပွဲဖြင့် ဧည့်ခံခဲ့သည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ထို့အတူ ထိုင်းဝန်ကြီးချုပ်နှင့်အတူ သက်ဆိုင်ရာဝန်ကြီးများ ထိုင်းနိုင်ငံရှိ နိုင်ငံတကာသံရုံး တာဝန်ရှိသူများ၊ CPF, PTT, SCG အစရှိသည့် စီးပွားရေးလုပ်ကြီးများမှ President & CEO များ တက်ရောက်ခဲ့ကြသည်။
ရိုဟင်ဂျာ များဖန်တီးနေသော ပြဿနာများ
လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပတိပက္ခ အတွင်း လူပေါင်း ၁၈ ဦးသေဆုံး ပြီးနောက် ဝေးကွာလွန်းတဲ့ အာသံပြည်နယ် အတွင်းက ထောင်ပေါင်း မြောက်များစွာသော လူတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဒီကနေ့ အေပီ သတင်း တစ်ပုဒ်မှာ ဖေါ်ပြ ထားပါတယ်။
အခုအချိန်ထိ ပျောက်ဆုံးနေသူ ၁၀ ဦးရှိကြောင်းနဲ့ တိုက်ခိုက်မူတွေဟာ မြေယာပိုင်ဆိုင်မူ အငြင်းပွားရာကနေ ဌာနေ တိုင်းရင်းသား ဘိုရို လူမျိုးတွေနဲ့ ဘင်္ဂလီ မွတ်ဆလင် အခြေချ နေထိုင်သူတွေ အကြားမှာ ဖြစ်ပွားတာ ဖြစ်တယ်လို့ အိန္ဒိယ အာသံပြည်နယ် ပုလိပ်မင်းကြီး J.N. Choudhury ကို ကိုးကားပြီး သတင်းက ဆိုပါတယ်။

Subscribe to:
Posts (Atom)