Thursday 31 December 2015

ဟိုတယ်ဝန်ဆောင်မှုအတွက် မကာအိုက မြန်မာလုပ်သားစမ်းသပ်ခေါ်ယူမှုများလာ

မကာအိုမြို့တွင်း လူစည်ကားရာဝန်းကျင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - fashionavecpassion.com)
ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းအတွက် မကာအိုက မြန်မာလုပ်သားများစမ်းသပ်ခေါ်ယူမှုမြင့် တက်လာကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းများမှ သိရသည်။

ရာမာဒီမြို့ထဲတွင် အိုင်အက်စ်တို့ ထားခဲ့သည့် မိုင်းထောင်ချောက်များကြောင့် အီရတ်စစ်တပ် အခက်ကြုံနေ

ရာမာဒီမြို့ထဲ ဝင်ရောက်လာသည့် အီရတ် တင့်ကားတစ်စီး
ရာမာဒီမြို့ကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများ လက်ထဲမှ ပြန်လည် သိမ်းယူနိုင်ခဲ့ပြီ ဖြစ်သော်လည်း ၎င်းတို့ ချန်ခဲ့သည့် မိုင်းထောင်ချောက်များက အီရတ် တပ်ဖွဲ့ဝင်များကို ကြီးကြီးမားမား အခက်အခဲများ တွေ့ကြုံနေစေကြောင်း သိရသည်။

မြောက်အမေရိကတွင် ၄၅ ရက်အတွင်း LG V 10 စမတ်ဖုန်း ၄၅၀,၀၀၀ ရောင်းချရ


မြောက်အမေရိကတွင် V10 စမတ်ဖုန်းကို မိတ်ဆက်ပြီးနောက် ၄၅ ရက်အတွင်း အလုံးရေ ၄၅၀,၀၀၀ ရောင်းချခဲ့ရကြောင်း LG ကုမ္ပဏီက ကြေညာသည်။ ယင်းအရေအတွက်မှာ မြောက်အမေရိကတွင် LG ကုမ္ပဏီ၏ V10 စမတ်ဖုန်းများ နေ့စဉ် အလုံးရေ ၁၀,၀၀၀ ရောင်းချနေရသည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။

CNN ၏ မြန်မာ့နိုင်ငံရေး ၂၀၁၅ သုံးသပ်ချက်နှင့် ၂၀၁၆ အတွက် ခန့်မှန်းချက်

နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲနေ့က ဗဟန်းမြို့နယ်ရှိ မဲရုံတစ်ခုသို့ လာရောက်သူများ (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ))
စီအင်န်အင်န် သတင်းထောက် ငါးဦးဖြစ် သည့် နစ်ခ်ပေ တန်ဝဲလ်ရှ်၊ နီမာအယ်လ်ဘာဂီ၊ အိုင်ဗန်ဝပ်ဆန်၊ ကလာရစ်ဆာ ဝါ့ဒ်နှင့် အာဝါဒေမွန်တို့သည် ၂၀၁၅ အတွင်း ကမ္ဘာတစ်လွှား၌ ဖြစ်ပျက်ပြောင်းလဲခဲ့သည့် အခြေ အနေများ၊ ၂၀၁၆ တွင် ကြုံတွေ့ လာနိုင်သည့် အလားအလာများ ကို အမြင်ဖလှယ် ဆွေးနွေးခဲ့ကြ သည်။ ထိုအစီအစဉ်တွင် မြန်မာ နိုင်ငံနှင့် ပတ်သက်၍ ဆွေးနွေးမှု လည်း ပါဝင်ခဲ့ရာ အဆိုပါ အစိတ် အပိုင်းကို ကောက်နုတ်ဖော်ပြ လိုက်ပါသည်။

ကမ္ဘာ့ဈေးအကြီးဆုံး ပစ္စည်းများ

မည်သည့် အရာတွင်မဆို သူ့တန်ဖိုးနှင့်သူ ရှိပြီးသား ဖြစ်သည်။ ထို့ကြောင့် ပစ္စည်းများကို တန်ဖိုးတစ်ခုဖြင့် တွက်ချက်ပြလေ့ ရှိကြသည်။ စိတ်ကြိုက်တွေ့သည့် ပစ္စည်းဖြစ်ပါက တန်ဖိုးကို မကြည့်ဘဲ ၀ယ်ယူခြင်းမှာလည်း လူသားများ၏ အလေ့အထတစ်ခု ဖြစ်သည်။ ပစ္စည်းတိုင်းတွင် တန်ဖိုးအမြင့်ဆုံး သတ်မှတ်ခံရလေ့ ရှိသည်။ သို့ဖြစ်ရာ တန်ဖိုးအမြင့်ဆုံး ပစ္စည်းများ အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။

တောင်ငူမြို့တွင် ရဲတပ်သားတစ်ဦး ရွှေဆံတော်ဘုရား တ၀ဂူစေတီအတွင်း မီးပုံရှို့ကာ ကိုယ့် ကိုယ်ကိုယ် သေကြောင်းကြံမှု ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဒီဇင်ဘာ ၃၀ ရက်က တောင်ငူမြို့အမှတ် ၃ ရဲစခန်းမှ ရဲတပ်သားတစ်ဦး သမိုင်းဝင်ရွှေဆံတော်ဘုရား အရှေ့တောင်ထောင့်ရှိ “တ၀ဂူ” စေတီအတွင်း မီးပုံရှို့ကာ ကိုယ့် ကိုယ်ကိုယ်မီးပုံအတွင်းသို့ ၀င်ရောက်မီးရှို့မှု ဖြစ်ပွားခဲ့ပြီး အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲ ၁ နာရီမိနစ် ၄၀ ခန့်က တောင်ငူမြို့ ၁၃ ရပ်ကွက်၊ သမိုင်းဝင် ရွှေဆံတော်ဘုရားပေါ်သို့ လူတစ်ဦး ရောက်ရှိလာခဲ့ကြောင်း၊ ထို့နောက် ရွှေဆံတော်ဘုရားအရှေ့ တောင်ထောင့်ရှိ တ၀ဂူစေတီ လိုဏ်ဂူအတွင်းသို့ ၀င်ရောက်ကာ ဘုရားရင်ပြင်တော်ပေါ်ရှိ သစ်တိုသစ်စများနှင့် ကျောပိုးအိတ်အား မီးပုံရှို့ပြီး ကိုယ့် ကိုယ်ကိုယ်မီးပုံအတွင်းသို့ ၀င်ရောက်ကာ မီးရှို့မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်က နှစ်သစ်ကူးပွဲကျင်းပမယ့်နေရာများ

နှစ်ကူးအစကို အမြူးကြွဆုံးတွေနဲ့ ကြိုဆိုကြမယ့်နေရာများ ဒီညမှာ ရန်ကုန်က နှစ်သစ်ကူးပွဲကျင်းပမယ့်နေရာတွေကတော့ မင်းဓမ္မ လမ်းက MCC ကွင်းပြင်မှာ ရော့ခ်ကာကြီးဇော်ဝင်းထွဋ်တို့ရဲ့ဂျစ်ပစီည နှစ်သစ်ကူးဂီတပွဲရှိပါတယ်။

နော်ဝေဟာ ကမ္ဘာပေါ်မှာ နိုင်ငံ အကောင်းဆုံး

နော်ဝေဟာ ကမ္ဘာပေါ်မှာ နေလို့ အကောင်းဆုံးနိုင်ငံဟု ကုလသမဂ္ဂက ထုတ်ပြန်သော စာရင်းက ဖော်ပြလိုက်သည်။ သြစတြေးလျနှင့် ဆွစ်ဇာလန်တို့က အစဉ်လိုက် ရပ်တည်သည်။

မြန်မာ-ထိုင်း အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်တွင် သေဒဏ်ကျခံရသော မူးယစ်ဆေးဝါးတရားခံများသာပါဝင်

မြန်မာ-ထိုင်း နှစ်နိုင်ငံအကျဉ်း သားလဲလှယ်ရေး သဘောတူညီချက် တွင် သေဒဏ်ကျခံရသော မူးယစ် ဆေးဝါးတရားခံများသာ ပါဝင်ပြီးမှု ခင်းဆိုင်ရာတရားခံ အကျဉ်းသားလဲ လှယ်ရေး သဘောတူညီချက်မရှိသေး သောကြောင့် လိပ်ကျွန်းအမှုအတွက်နိုင်ငံ့ခေါင်းဆောင်အချင်းချင်း ညှိနှိုင်း ဖို့လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနမှ သိရသည်။
''ထိုင်းနဲ့မြန်မာ အကျဉ်းသားလဲ လှယ်ရေးမှာ မူးယစ်ဆေးဝါးနဲ့ပတ် သက်တဲ့ တရားခံတွေလဲလှယ်ခေါ်ယူဖို့ သဘောတူထားတာရှိတယ်။ မှုခင်းပြစ်မှုတရားခံအတွက် သဘောတူထားတာတော့မရှိသေးဘူး။ မူးယစ်ဆေးဝါးအမှုတွေက သေဒဏ်တွေချည်းပဲ။ တစ်ကျွန်းတို့ ၁ဝနှစ်တို့လဲရှိတယ်။ မူး ယစ်ဆေးဝါးအမှုဆိုရင် ကိုယ့်နိုင်ငံက အကျဉ်းသားကို ပြန်ခေါ်ခွင့်ရှိတယ်။ အခုလိပ်ကျွန်းအမှုက လူသတ်မှုဆို တော့ ခက်ခဲနေတယ်။

Star Wars ကို နှစ်သက်သူများ ကိုယ့် ကိုယ်ကိုယ် အချစ်ပိုသူများဖြစ်

Star Wars ရုပ်ရှင်ကားများကို နှစ်သက်သူများသည် ကိုယ့် ကိုယ်ကိုယ် ချစ်လွန်းသူများ ဖြစ်ကြကြောင်း လေ့လာမှု တစ်ခုက ဖော်ထုတ်လိုက်ပြီ ဖြစ်သည်။

တောင်ကိုရီးယား ဗေဒင်ဆရာများ နှစ်သစ်ကူးနေ့နှင့် ပတ်သက်ပြီး ငြင်းခုံ

တောင်ကိုရီးယား နိုင်ငံတစ်ဝန်း ရှိ ဗေဒင်ဆရာများသည် နှစ်သစ်ကူးနေ့ မည်သည့်နေ့ ဖြစ်သည်နှင့် ပတ်သက်ပြီး ငြင်းခုံမှုများကို ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

ထိုင်းခရီးသွားများလာရောက်မှု ၆၀ရာခိုင်နှုန်းခန့်လျော့ကျ

မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်သည့် ထိုင်း နိုင်ငံသားများကို သတိဖြင့်သွား လာကြရန် ထိုင်းသံရုံးက သတိပေး ချက်ထုတ်ပြန်ထားသည့်အတွက် ပြည်တွင်းသို့လာရောက်လည် ပတ်မှုနှုန်း ပုံမှန်ထက် ၆၀ ရာခိုင် နှုန်းခန့် လျော့ကျသွားကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
‘‘ထိုင်းနိုင်ငံသားတွေ ပြည် တွင်းကို လာပြီးလည်ပတ်မှုက ၆၀ ရာခိုင်နှုန်းလောက်ကျသွား တယ်။ ထိုင်းသံရုံးကလည်း မြန်မာနိုင်ငံကိုသွားလည်တဲ့အခါ သတိထားပြီးတော့ သွားကြဖို့ ထုတ်ပြန်ထားတဲ့အတွက် စိုးရိမ်မှု လွန်ကဲတာကြောင့် တချို့ဆို လာလည်ဖို့ ကြိုတင်စာရင်းပေးပြီးတာကိုတောင် ပြန်ဖျက်သွားကြ တာတွေ ရှိတယ်’’ဟု Nature Dream ခရီးသွားလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင် က ပြောသည်။

ပျောက်ဆုံးမြန်မာ့ကြယ်လိပ် ၁၀၀ ကျော်တွင် သုံးကောင်ကို ထိုင်း၌ပြန်လည်တွေ့ရှိ

ပြီးခဲ့သည့် သုံးလကျော် က မြန်မာနိုင်ငံ မင်းစုံတောင်တွင် ပျောက်ဆုံးသွားသည့် မြန်မာ ကြယ်လိပ်အကောင်ရေ ၁၀၀ ကျော်အနက် သုံးကောင်ကို ထိုင်းနိုင်ငံ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ပြီးခဲ့သည့် သြဂုတ်နှင့် စက်တင်ဘာအတွင်းက မန္တလေးတိုင်း ဒေသကြီး နွားထိုးကြီးမြို့နယ် မင်းစုံတောင်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ရေဒီယိုအာရုံခံ တပ်ဆင်၍ သဘာဝအတိုင်း လွှတ်ထားသည့် ကြယ်လိပ်အကောင် ရေ ၃၀၀ အနက် အကောင်ရေ ၁၈၀ ခန့်ပျောက်ဆုံးခဲ့သည်။
ထိုသို့ နှစ်လအတွင်း အကောင် ရေများစွာ ပျောက်ဆုံးခဲ့သည့်အ တွက် သစ်တောအုပ်ချုပ်ရေးမှူး များနှင့် နယ်မြေခံရဲတို့ ပူးပေါင်း စစ်ဆေးခဲ့ရာ ကြယ်လိပ်များ ခိုးယူခဲ့သူ ခုနစ်ဦးကို ဖမ်းဆီးရမိခဲ့ သော်လည်း ကြယ်လိပ်များ ပြန်လည်မတွေ့ရှိခဲ့ပေ။

မီးပွိုင့်များနီးကပ်စွာတပ်ဆင်ခြင်းကြောင့် မန္တလေးမြို့လမ်းပိတ်ဆို့မှုပိုဖြစ်ဟု ဒုတိယယာဉ်ထိန်းရဲမှူးကြီးဆို

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မြို့တွင်း၌မီးပွိုင့်များတိုးချဲ့တပ်ဆင်လျက်ရှိရာ မီးပွိုင့်များတစ်ခုနှင့်တစ်ခုနီးကပ်စွာတပ်ဆင်ပါက ယာဉ်ကြောပိတ်ဆို့မှုများ ယခုထက်ပိုမိုဖြစ်ပွားလာနိုင်ကြောင်း အမှတ်(၃)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (မန္တလေး) ဒုတိယရဲမှူးကြီးကံသိန်းက ဒီဇင်ဘာလ ၃၀ရက်နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားသည်။
“တချို့နေရာတွေမှာ တကယ်လုပ်သင့်တဲ့နေရာတွေရှိသလို တချို့နေရာတွေကမလိုအပ်ဘဲတပ်လိုက်မယ်ဆိုရင် ပိုမိုရှုပ်ထွေးသွားနိုင်တယ်။ မီးပွိုင့်ဆိုတာ အလှဆင်တာမဟုတ်ဘူး။ မီးပွိုင့်စနစ်အတိုင်းသွားမယ်ဆိုရင်တော့ ပိတ်မှာမဟုတ်ဘူး။ ဒီမီးပွိုင့်ကတစ်မျိုး ဟိုမီးပွိုင့်ကတစ်မျိုးဆိုရင်တော့ ပိတ်သွားမယ့်အနေအထားရှိတယ်”ဟု ၎င်းကထပ်မံဆိုသည်။

လိပ်ကျွန်းလူသတ်မှု ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ သံတမန်ရေးကြိုးပမ်း

ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်နှစ်ဦးကို ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းမှာ သတ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ သေဒဏ်ချမှတ်ခံလိုက်ရတဲ့ မြန်မာအလုပ်သမား ၂ ဦး ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ တရားစီရင်ရေးကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေ့စဉ်ဆက်တိုက် ဖြစ်လာနေချိန်မှာ အခြေအနေကို အေးအေးဆေးဆေး ထိန်းသိမ်းကြဖို့ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။ဒီအမှုကို အခြေခံပြီး အရှိန်မြင့်လာတဲ့ ထိုင်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြောင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို မထိခိုက်စေချင်ဘူးလို့လည်း နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးတွေက ပြောဆိုပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ခြိမ်းခြောက်ငွေ တောင်းယူသွားသော စခန်းမူး အပါအ၀င် ရဲတပ်ဖွဲ့ဝင်များအား အရေးယူခွင့် ရရှိရေးကိုသာ လုပ်ဆောင်မည်

ခြိမ်းခြောက် တောင်းယူသွားသော ငွေသိန်းငါးဆယ်အား လူမှုရေး အရ ပြန်လည် ပေးအပ်မှုများ ရှိနေသော်လည်း လက်ခံမည် မဟုတ်ဘဲ စခန်းမူး အပါအ၀င် ရဲတပ်ဖွဲ့ဝင်များအား အရေးယူခွင့် ရရှိရေးကိုသာ လုပ်ဆောင်မည် ဖြစ်ကြောင်း အဓမ္မ ငွေတောင်းယူခြင်း ခံခဲ့ရသော မိသားစုထံမှ သိရသည်။

မြန်မာလုပ်သားနှစ်ဦးအတွက် မန္တလေးတောင်သူလယ်သမားအရေး ဆောင်ရွက်သူများ ဦးဆောင်ဆန္ဒထုတ်ဖော်

မန္တလေးမြို့တွင် ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ-ညီညီဇော်)
လိပ်ကျွန်းလူသတ်မှု တွင် သေဒဏ်ချမှတ်ခံရသည့် မြန်မာလုပ်သားနှစ်ဦးလွတ်မြောက် ရေးအတွက် မန္တလေးမြို့ရှိ တောင်သူလယ်သမားအရေးဆောင်ရွက် နေသူများ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြည်ပစိတ်ဝင်စားမှုများကြောင့် လာမည့်နှစ် ကော်ဖီဈေးကောင်းနိုင်ကြောင်း လုပ်ငန်းရှင်များခန့်မှန်း

ပြည်တွင်းဝယ်လိုအား မြင့်တက်လာခြင်းနှင့် နိုင်ငံတကာ ဈေးကွက်က ကော်ဖီဝယ်ယူရန် စိတ်ဝင်စားမှု မြင့်တက်လာခြင်း ကြောင့်ယခင်နှစ်မှစ၍ကော်ဖီဈေး စတင်မြင့်တက်လာပြီး၂၀၁၆တွင် ဈေးပိုမိုကောင်းနိုင်ကြောင်းကော်ဖီစိုက်ပျိုးရောင်းချသူများက ခန့် မှန်းနေကြသည်။

လယ်တောသူအလှမယ်ပြိုင်ပွဲတွင် ပထမဆု ကျပ်သိန်းငါးဆယ်ချီးမြှင့်မည်

မြန်မာ့လယ်ယာထွက် ကုန်တန်ဖိုးမြင့် စက်ကိရိယာပြပွဲ (၂၀၁၆)တွင် စတုတ္ထအကြိမ်မြောက် လယ်တောသူအလှမယ် ပြိုင်ပွဲထည့်သွင်းကျင်းပမည်ဖြစ်ပြီး ပထမဆုကျပ်သိန်းငါးဆယ်နှင့် ပြည်ပလေ့လာရေးခရီးစဉ်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။

အလုပ်သမားငှားခမြင့်တက်လာ၍ ရှမ်းပြည်နယ်မြောက်ပိုင်း ကြက်သွန်ဖြူစိုက်တောင်သူများ အခက်တွေ့

ရှမ်းပြည်နယ်တွင် ကြက်သွန်ဖြူစိုက်တောင်သူများကို တွေ့ရစဉ် (ဓာတ်ပုံ - တင်ဦး)
ရှမ်းပြည်နယ်မြောက် ပိုင်းရှိ ကြက်သွန်ဖြူစိုက်တောင် သူများသည် အလုပ်သမားငှားရမ်းခဈေးမြင့်လာ၍ စိုက်ပျိုးမှုခက်ခဲနေကြောင်း ဒေသခံတောင်သူများက ပြောသည်။

လူငယ်များအတွက် အချိန်ပိုင်းအလုပ်အကိုင် အခွင့်အလမ်းနည်းပါးနေ

ပြည်ပနိုင်ငံများနည်းတူ အချိန်ပိုင်းအလုပ်အကိုင်အတွက် တောင်းဆိုမှုများ ပြည်တွင်း၌ များပြားနေသော်လည်း ခေါ်ယူမှုပိုင်း နည်းပါးနေကြောင်း အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် work.com.mm က သတင်းထုတ်ပြန်သည်။

ပျောက်ဆုံးမြန်မာ့ကြယ်လိပ် ၁၀၀ ကျော်တွင် သုံးကောင်ကို ထိုင်း၌ပြန်လည်တွေ့ရှိ

ပြန်လည်တွေ့ရှိခဲ့သော ကြယ်လိပ်များ (ဓာတ်ပုံ - Newsweek)
ပြီးခဲ့သည့် သုံးလကျော် က မြန်မာနိုင်ငံ မင်းစုံတောင်တွင် ပျောက်ဆုံးသွားသည့် မြန်မာ ကြယ်လိပ်အကောင်ရေ ၁၀၀ ကျော်အနက် သုံးကောင်ကို ထိုင်းနိုင်ငံ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းရောက်မြန်မာလုပ်သားများအရေး ညှိနှိုင်းအစည်းအဝေး ဇန်နဝါရီဒုတိယပတ်တွင် ပြုလုပ်မည်

ထိုင်းသင်္ဘောကျင်းတစ်ခုတွင် လုပ်ငန်းခွင်ဝင်နေသော မြန်မာလုပ်သားတစ်ဦး (ဓာတ်ပုံ - အီးပီအေ)
ထိုင်းနိုင်ငံရောက်မြန်မာ လုပ်သားများနှင့်ပတ်သက်၍ စ် နိုင်ငံညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ဒုတိယပတ်တွင် ရန်ကုန်မြို့၌ ပြုလုပ်ရန် လျာထားကြောင်း သတင်းရရှိသည်။

ခရီးသည်တင် ယာဉ်လိုင်းများ ယာဉ်စီးခ ပိုတောင်းမှုကြောင့် အများဆုံး တိုင်ကြားခံရ

၂၀၁၅ အတွင်း ခရီး သည်တင်ယာဉ်လိုင်းများနှင့်ပတ် သက်၍ မထသ (ဗဟို)သို့ တိုင် ကြားမှုများတွင် ယာဉ်စီးခပိုမို တောင်းခြင်းကြောင့် တိုင်ကြားမှု အများဆုံးဖြစ်ကြောင်း သတင်း ရရှိသည်။

ဝန်ကြီးဌာနများ၏အချက်အလက်များ အစိုးရထံ ဒီချုပ်တောင်းခံထား

အစိုးရသစ်လက် ထက်တွင် ဝန်ကြီးဌာနများကို ကိုင်တွယ်ရာ၌ အဆင်ပြေစေရန် ဝန်ကြီးဌာနများ၏ အချက်အလက် များကို အစိုးရအဖွဲ့ထံမှ တောင်း ခံထားကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဗဟိုအလုပ် အမှု ဆောင် ဦးဝင်းထိန်က ပြောသည်။

ထိုင်းခရီးသွားများလာရောက်မှု ၆၀ရာခိုင်နှုန်းခန့်လျော့ကျ


ထိုင်းလူမျိုးအများစုပါဝင်သော ခရီးသွားများ ရွှေတိဂုံစေတီသို့လာရောကဖူးမြော်စဉ်-ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်သည့် ထိုင်း နိုင်ငံသားများကို သတိဖြင့်သွား လာကြရန် ထိုင်းသံရုံးက သတိပေး ချက်ထုတ်ပြန်ထားသည့်အတွက် ပြည်တွင်းသို့လာရောက်လည် ပတ်မှုနှုန်း ပုံမှန်ထက် ၆၀ ရာခိုင် နှုန်းခန့် လျော့ကျသွားကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

အိန္ဒိယအကူအညီဖြင့် မြန်မာနိုင်ငံတွင် တံတား ၆၉ စင်း တည်ဆောက်မည်

ထိုင်း-မြန်မာ-အိန္ဒိယ သုံး နိုင်ငံ ဆက်သွယ်သည့် အာဆီယံ အဝေးပြေးလမ်းတွင် မြန်မာနိုင်ငံ အတွင်း လမ်းပိုင်း၌ တံတား ၆၉ စင်း ကူညီတည်ဆောက်သွားရန် စီမံကိန်းကို အိန္ဒိယအစိုးရက အ တည်ပြုချက်ပေးခဲ့ကြောင်း သ တင်းရရှိသည်။

Wednesday 30 December 2015

သေဒဏ်ကျ မြန်မာနှစ်ဦးအတွက် မဘသ ဆန္ဒထုတ်ဖော်စဉ် ဆန့်ကျင်ပြောသည့် အမျိုးသားတစ်ဦးကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွား

သေဒဏ်ကျခံရသည့် မြန်မာနှစ်ဦး လွတ်မြောက်ရန် မဘသဆရာတော်များ ဦးဆောင်၍ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းတွင် ဆန္ဒထုတ်ဖော်ပွဲပြုလုပ်နေစဉ် ဟောပြောချက်များအပေါ် အမျိုးသား တစ်ဦးကဆန့်ကျင်ဘက်များ ပြောဆိုသဖြင့် ပွဲအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ဆန့်ကျင်ဘက်များ ပြောဆို နေသည့် အမျိုးသားအား လာ ရောက်နားထောင်နေသော အမျိုး သားများက ၀င်တား၊ ၀င်ဆွဲပြု လုပ်သဖြင့် ရုန်းရင်းဆန်ခတ်ဖြစ် ပွားခဲ့ပြီး ရပ်ကွက် တာဝန်ရှိသူ များနှင့် လုံခြုံရေးတာဝန်ယူထား သော ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ သည်။

နှစ်သစ်ကူးတွင် အကြမ်းဖက်တိုက်ခိုက်နိုင်ကြောင်း ယုံကြည်ရသူနှစ်ဦးကို ဘယ်လ်ဂျီယံ ဖမ်းဆီး

နှစ်သစ်ကူးကာလတွင် အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်နေကြောင်း စွပ်စွဲချက်ဖြင့် အမျိုးသားနှစ်ဦးကို ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ဘရပ်ဆဲလ် မြို့တော်တွင် နှစ်သစ်ကူးအကြိုည၌ အကြမ်းဖက်တိုက်ခိုက်ရန် ၎င်းတို့၌ အစီအစဉ်ရှိနေသည်ဟု ယုံကြည်ရကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ထိုသူနှစ်ဦးကို ဖမ်းဆီးရမိချိန်တွင် စစ်ဝတ်စုံများ၊ အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့၏ ဝါဒဖြန့်ပစ္စည်းများကိုပါ သိမ်းဆည်းနိုင်ခဲ့သော်လည်း စစ်လက်နက်နှင့် ဖောက်ခွဲရေးကိရိယာများ တွေ့ရှိခဲ့ခြင်းမူ မရှိချေ။

ယခုနှစ်တွင် ဥရောပသို့ ဝင်ရောက်ခိုလှုံသည့် ဒုက္ခသည်ဦးရေ တစ်သန်းကျော်ရှိခဲ့

ယခုနှစ်အတွင်း ဥရောပသို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်း ဒုက္ခသည် အရေအတွက်သည် သန်းဂဏန်းကို ကျော်လွန်ခဲ့ကြောင်း သိရှိရသည်။ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ထုတ်ပြန်ချက်၌ ဥရောပသို့ ရောက်ရှိလာသည့် ဒုက္ခသည် ၁၀၀၀၅၇၃ ဦး ရှိခဲ့ပြီး ယင်းတို့အနက် ၈၀ ရာခိုင်နှုန်းသည် ဂရိကမ်းခြေမှတစ်ဆင့် ဝင်ရောက်လာခြင်းဟု ဖော်ပြထားသည်။ ဂရိရှိ လက်စ်ဘော့စ်ကျွန်းသည် ဒုက္ခသည် အများစု ခိုဝင်ရာ ပင်မလမ်းကြောင်းလည်း ဖြစ်လာသည်။

ကမ္ဘာစစ်ကာလ လိင်ကျွန်အရေး တောင်ကိုရီးယားအပြင် အခြားနိုင်ငံများကိုပါ ဂျပန်တောင်းပန်ရန် ထိုင်ဝမ်တောင်းဆို

လိင်ကျွန်အရေး သဘောတူညီမှု မရရှိမီက ဂျပန်သံရုံးရှေ့တွင် ဆန္ဒပြနေသည့် တောင်ကိုရီးယား အမျိုးသမီးများ။
တောင်ကိုရီးယားအပြင် အခြားသောနိုင်ငံများမှ လိင်ကျွန်ဘဝရောက်ခဲ့သည့် အမျိုးသမီးများကိုပါ ဂျပန်အနေဖြင့် တောင်းပန်သင့်ကြောင်း ထိုင်ဝမ်အစိုးရက တောင်းဆိုလိုက်သည်။ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်ဖက်ဆစ်စစ်သားများကို ဖျော်ဖြေအလုပ်အကျွေးပြုရန် လိင်ကျွန်အဖြစ် သိမ်းသွင်းခံရသည့် တောင်ကိုရီးယားအမျိုးသမီးများကို တောင်းပန်ရန်နှင့် အဆိုပါကိစ္စအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် ဂျပန်က တောင်ကိုရီးယား အစိုးရနှင့် ညှိနှိုင်းသဘောတူခဲ့သည်။

ယာဉ်မတော်တဆမှုအတွင်း မြောက်ကိုရီးယားအစိုးရ ထိပ်တန်းအရာရှိကြီးတစ်ဦး သေဆုံး

မြောက်ကိုရီးယားအစိုးရ၏ ထိပ်တန်းအရာရှိကြီးတစ်ဦးသည် ယာဉ်မတော်တဆမှုတစ်ခုအတွင်း သေဆုံးသွားကြောင်း အစိုးရပိုင်သတင်းဌာနက ဖော်ပြသွားသည်။အသက် ၇၃ နှစ်ရှိ ကင်မ်ယန်ဂွန်သည် အာဏာရအလုပ်သမားပါတီ၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးပြီး တောင်ကိုရီးယားနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို ကြီးကြပ်ကွပ်ကဲသည့် အရာရှိလည်း ဖြစ်ခဲ့ဖူးသည်။ ၎င်းသည် လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း၏ အဓိက မဟာမိတ်တစ်ဦးလည်း ဖြစ်သည်။

မဲဆွယ် အသုံးစရိတ် တစ်ပတ်လျှင် ဒေါ်လာ ၂ သန်းမျှ အသုံးပြုမည်ဟု ထရမ့်ပ်ပြောကြား

ရွေးကောက်ပွဲကြို မဲဆွယ်မှုများအတွက် တစ်ပတ်လျှင် အနည်းဆုံး ဒေါ်လာ ၂ သန်းမျှထိ အကုန်အကျခံ သုံးစွဲသွားမည်ဟု ဒေါ်နယ်လ် ထရမ့်ပ်က ပြောကြားလိုက်သည်။လာမည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းနေရာအတွက် အထူးရေပန်းစားနေသည့် မီဒီယာလုပ်ငန်းရှင် ဘီလီယံနာသူဌေးကြီးက မဲဆွယ်အသုံးစရိတ်ကို ရက်ရက်ရောရော အသုံးပြုသွားမည်ဟု ဆိုသည်။ဖေဖော်ဝါရီလတွင် စတင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲကြို ပါတီသမ္မတလောင်း ရွေးကောက်ပွဲများ မတိုင်မီထိ တစ်ပတ်လျှင် ဒေါ်လာ ၂ သန်းစီထိ အသုံးပြုပြီး အိုင်အိုဝါ၊ နယူးဟမ့်ရှိုင်းယားနှင့် တောင်ပိုင်း ကာရိုလိုင်းနားတို့တွင် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်သွားရန် ထရမ့်ပ်က စီစဉ်ထားသည်။

အဆိုးဆုံး ရေဘေးကြုံခဲ့သောနှစ်

မြန်မာနိုင်ငံသမိုင်းတစ်လျှောက်တွင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့် မြေပြိုမှုဘေးများ ၂၀၁၅တွင် ကြုံတွေ့ခဲ့ရခြင်းက သမ္မတဦးသိန်းစိန်အစိုးရကို ခေါင်းမီးတောက်စေခဲ့သလို ပြည်သူလူထုမှာလည်း ဆင်းရဲဒုက္ခမျိုးစုံ ရင်ဆိုင်ခဲ့ရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် ရေဘေးအန္တရာယ်ရင်ဆိုင်ခဲ့ရသည်။ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် မိုးလယ်ကာလမှ စတင်ခဲ့သည့် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း၏ အကျိုးဆက်မှာ ကျန်ဒေသများတွင်လည်း ဆက်တိုက်ဆိုသလို သဘာဝဘေးရင်ဆိုင်ခဲ့ရပြီး လူပေါင်းရာချီ သေဆုံးခဲ့ကာ ကျပ်သန်းပေါင်း ၃၀၀ ဘီလီယံခန့်အထိ ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတကာနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့် အစိုးရစစ်တမ်းများက ဖော်ပြသည်။

လိင်အင်္ဂါ ပြောင်းလဲထားတဲ့ စုံတွဲ ထူးဆန်းစွာ ကိုယ်ဝန်ရရှိ

အီကွေဒေါနိုင်ငံမှာ လိင်ပြောင်းလဲထားတဲ့ စုံတွဲနှစ်ယောက် ကလေးမွေးဖွားတယ်လို့ WIAT က သတင်းဖော်ပြခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အထိ အပြင်းထန်ဆုံး အယ်လ်နီညိုရာသီဥတု ဆက်လက်ဖြစ်ပွားနေဦးမည်

၂၀၁၆ ခုနှစ်တွင် မှတ်တမ်း၌ အပြင်းထန်ဆုံး အယ်လ်နီညို ကြောင့် လူဆယ်သန်းခန့် ငတ်မွတ်ခေါင်းပါးမှုနှင့် ရောဂါဝေဒနာများ တိုးမြင့်ခံစားရနိုင်ဖွယ်ရှိကြောင်း အကူအညီပေးရေး အေဂျင်စီများက ပြောသည်။ အစွန်းရောက် ရာသီဥတုဖြစ်စဉ်ကြောင့် အချို့ဒေသများတွင် မိုးခေါင်မှုနှင့် အချို့ဒေသများတွင် ရေကြီးမှုများ မြင့်တက်လာနိုင်စေသည်။

စင်ကာပူသို့ အိမ်အကူပို့ဆောင်မည့် လိုင်စင်မဲ့အေဂျင်စီ ၂၀ ကျော် ကို တားဆီးနိုင်ခဲ့ပြီး အမျိုးသမီး ငယ် ၃၀ ကျော် ကို ယခုနှစ် အတွင်း ကယ်တင်နိုင်ခဲ့

၂၀၁၅ ခုနှစ် အတွင်း စင်ကာပူနိုင်ငံသို့တရားမ ဝင်အိမ်အကူလုပ်သားပို့ဆောင်မည့် လိုင်စင်မဲ့အေဂျင် စီ၂၀ ကျော်ကို တား ဆီးနိုင်ခဲ့ပြီး အမျိုးသမီးငယ် ၃၀ ကျော် ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်လယ်၌ ကိုက် ၅၀၀ နီးပါးရှိ ကျောက် တန်းကြီး ပေါ် ထွက် လာသည့်အတွက် ရေယာဉ်များ အန္တရာယ် မဖြစ်ရန် အမြန်ဖယ် ရှားပေး သင့်ကြောင်း သင်္ဘောဝန်ထမ်းများ ပြောကြား

မြစ်အတွင်းပေါ်ထွန်း လာသည့် ကျောက် တန်းကြီး အား တွေ့ရစဉ် ဓာတ်ပုံ-ကိုကျော်(မင်းဘူး)
မင်းဘူး ခရိုင် မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းနားတွင် ပေါ်ထွန်း လာသော ကိုက် ၅၀၀ နီးပါးရှည် လျားသည့် ကျောက်တန်းကြီးမှာမြစ် တွင်းသွားလာနေသော သင်္ဘောများ အတွက် အန္တရာယ်ရှိနေ၍ဖယ်ရှား ရှင်းလင်း သင့်ကြောင်း မြစ်ကြောင်း အတွင်း သွားလာနေသည့်သင်္ဘော မောင်းသူများထံမှ သိရသည်။

ထိုင်းတွင် ဗီဇာသက်တမ်းကုန် ရွှေ့ပြောင်း အလုပ်သမားများအား ဖမ်းဆီးမှုစတင်

ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်နေကြသော မြန်မာရွေ့ပြောင်းလုပ်သားတချို့ (ဓာတ်ပုံ – ဧရာဝတီ)
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနက် နေထိုင်လုပ်ကိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးသွားသူများအား ထိုင်းအာဏာပိုင်များက စတင်ဖမ်းဆီးနေကြောင်း သိရသည်။

ထိုင်းရောက် မြန်မာများ အန္တရာယ်ကင်းရေး ထိုင်းအစိုးရကို မြန်မာနိုင်ငံခြားရေးဝန်ကြီးပြော

ထိုင်းရောက် မြန်မာများ အန္တရာယ်ကင်းရေး ထိုင်းအစိုးရကို မြန်မာနိုင်ငံခြားရေးဝန်ကြီးပြောလိပ်ကျွန်းလူသတ်မှု သေဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံ သားများပေါ်သို့ ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှု မရှိစေလိုပါကြောင်းနှင့်‌ မြန်မာနိုင်ငံ သားများ ဘေးအန္တရာယ် ကင်းရှင်းရေး ထိုင်းအစိုးရအနေဖြင့် ဦးစားပေးဆောင်ရွက် စေလိုပါကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Mr. Pisanu Suvanajata မနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံရာတွင် ပြောဆိုလိုက်သည်။

တောင်တွင်းကြီးတွင် အာဇာနည်ကြေးရုပ်များနှင့် ရင်ပြင်တည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီး

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ရှိ ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်အပါအ၀င် အာဇာနည် ကိုးဦးတို့၏ ကြေးရုပ် နှင့် အာဇာနည်ရင်ပြင် ပြုလုပ်ရန် တည်ဆောက်မှုအခြေအနေ ၇၀ ရာခိုင်နှုန်းပြီးမြောက်နေပြီဖြစ် ပြီး ဗိုလ်ချုပ်ကြေးရုပ်ကို ၂၀၁၆ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွင့် လှစ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဗုဒ္ဓလမ်းစဉ်အဖွဲ့က လမ်းပျော်စိတ်ဝေဒနာရှင်များအား စိတ်ကျန်းမာရေးဆေးရုံတွင် ကုသနိုင်ရန်ကူညီ

အောင်လံမြို့ရှိ လမ်း ပျော် စိတ်ဝေဒနာရှင်များအား ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံ သို့ ပို့ဆောင်၍ ဆေးဝါးကုသနိုင် ရေးအတွက် ဗုဒ္ဓလမ်းစဉ်အဖွဲ့က ဦးဆောင်ကူညီဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဆီးရီးယားရှိ ပစ်မှတ် ၅၅၆ နေရာကို ထိမှန်အောင် ပစ်ခတ်ခဲ့ဟု ရုရှား ပြော

ဓာတ်ပုံ - ရိုက်တာ
ရုရှားကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ်က ရုရှားလေယာဉ်တွေဟာ ပြီးခဲ့တဲ့ ၃ ရက်အတွင်း ဆီးရီးယားနိုင်ငံထဲက ပစ်မှတ် ၅၅၆ နေရာကို ထိမှန်အောင် ပစ်ခတ်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၈ ရက်က ပြောလိုက်ပါတယ်။

ဘာသာတရား ဆိုတာ လူတိုင်း လိုက်နာကျင့်ကြံ ပွားများ အားထုတ်သင့်တဲ့ အရာပါပဲ Oasix

လူကြီး၊ လူငယ် ဘယ်သူမဆို အချိန်ရရင် ရသလောက် ဘာသာရေး လိုက်စား ကျင့်ကြံပွား များကြမယ်ဆို စိတ်ငြိမ်းချမ်းမှုတွေ ရရှိခံစားရ မှာ ဧကန်ပဲဖြစ်ပါတယ်။

သေဒဏ်ကျ မြန်မာနှစ်ဦးအတွက် မဘသ ဆန္ဒထုတ်ဖော်စဉ် ဆန့်ကျင်ပြောသည့် အမျိုးသားတစ်ဦးကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွား

သေဒဏ်ကျခံရသည့် မြန်မာနှစ်ဦး လွတ်မြောက်ရန် မဘသဆရာတော်များ ဦးဆောင်၍ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန်ကွင်းတွင် ဆန္ဒထုတ်ဖော်ပွဲပြုလုပ်နေစဉ်
ဟောပြောချက်များအပေါ် အမျိုးသား တစ်ဦးကဆန့်ကျင်ဘက်များ ပြောဆိုသဖြင့် ပွဲအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်ဖြူအထူးစီးပွားရေး စက်မှုဇုန်နယ်နိမိတ် ပြည်ထောင်စုလွှတ်တော်အတည်ပြု

မြေဧရိယာလေး ထောင်ကျော် ကျယ်ဝန်းသည့် ရခိုင်ပြည်နယ် ကျောက်ဖြူအထူး စီးပွားရေဇုန်နယ်နိမိတ်သတ်မှတ် ခြင်းကို ဒီဇင်ဘာ ၂၉ ရက်တွင် ပြု လုပ်သော ပြည်ထောင်စုလွှတ် တော်၌ မဲခွဲဆုံးဖြတ်ရာထောက်ခံ သူများသဖြင့် အတည်ပြုခဲ့ ကြောင်း သတင်းရရှိသည်။

နှစ်သစ်ကူးညတွင် တရုတ်က လှူဒါန်းသည့် ရဲကားများဖြင့် အားဖြည့်ကင်းလှည့်မည်

တရုတ်အစိုးရက လှူဒါန်းထားသည့် ရဲကားများ (ဓာတ်ပုံ-ဖိုးတုတ်)
ဒီဇင်ဘာ ၃၁ ရက်တွင် ကျရောက်မည့် နှစ်သစ်ကူးည ၌ တရုတ်နိုင်ငံက လှူဒါန်းထား သည့် လုံခြုံရေးရဲကားအသစ် ၄၅ စီးဖြင့် အင်အားဖြည့်ကာ ကင်း လှည့်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။

မွေးစားမည်အကြောင်းပြပြီး ရောင်းစားမှုများကြောင့် ကလေးသူငယ်ပျောက်ဆုံးမှုများဖြစ်ပေါ်နေ

မွေးစားမည်ဟု အ ကြောင်းပြကာ ရောင်းစားမှုများ ကြောင့် မြန်မာနိုင်ငံတွင် ကလေး ငယ်ပျောက်ဆုံးမှုများဖြစ်ပေါ်နေ ကြောင်း လူကုန်ကူးတားဆီးနှိမ် နင်းရေးတပ်ဖွဲ့ (ရန်ကုန်တိုင်း)မှ ရဲမှူးရဲဝင်းအောင်က ပြောကြား သည်။

လိပ်ကျွန်းလူသတ်မှု သေဒဏ်ကျခံ မြန်မာနှစ်ဦးအတွက် လိုအပ်သည့်အကူအညီပေးမည်ဟု ဦးဇော်ဇော်ပြော

ဦးဇော်ဇော်နှင့် မြန်မာသံရုံးအဖွဲ့တာဝန်ရှိသူများ တွေ့ဆုံနေစဉ် (ဓာတ်ပုံ-ကိုရဲ)
လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ လိုအပ်သည့်အကူအ ညီများပေးအပ်သွားမည်ဖြစ် ကြောင်း မက်စ်ကုမ္ပဏီနှင့် ဧရာဝ တီဘဏ်ပိုင်ရှင် ဦးဇော်ဇော်က ပြောကြားလိုက်ကြောင်း သတင်း ရရှိသည်။

အကယ်ဒမီဆုပေးပွဲ ဧပြီပထမပတ်တွင် ကျင်းပမည်

ယခင်နှစ် အကယ်ဒမီဆုပေးပွဲအခမ်းအနား မြင်ကွင်း ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
၂၀၁၄-၁၅ အတွက် (၂) နှစ်ပေါင်းပြုလုပ်မည့် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲကိုလာမည့် ဧပြီ ပထမပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဒုဥက္ကဋ္ဌဦးအေး ကြူလေးကပြောသည်။

ဖားကန့်အရေး ဖြေရှင်းမည့်အစိုးရ၏ အစီအစဉ်သုံးရပ်ကို ပြန်သုံးသပ်ရန် သမ္မတထံ သူရဦးရွှေမန်းသ၀ဏ်လွှာပို့

ဖားကန့်မြေစာ တောင်ပြိုမှုအပေါ် ဖြေရှင်းရန် လွှတ်တော်က လက်မခံခဲ့သည့် ပြည်ထောင်စုအစိုးရ၏ အစီအ စဉ်သုံးရပ်ကို ဘက်ပေါင်းစုံမှ ပြန် လည်သုံးသပ်ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းက နိုင်ငံတော် သမ္မတဦးသိန်းစိန်ထံသို့ သ၀ဏ် လွှာပေးပို့လိုက်သည်။

ATM စက်များတွင် MPU ကတ်ဖြင့် ငွေထုတ်သည့်အခါ ငွေထွက်မလာသည့် ကိစ္စများကို အမြန်ဆုံး ဖြေရှင်းပေးနေဟု ဆို

ATM စက်များတွင် MPU ကတ်ဖြင့် ငွေထုတ်သည့်အခါ ငွေထွက်မလာသည့် ကိစ္စများကို သုံးရက်မှ ငါးရက်အတွင်း အမြန်ဆုံး ဖြေရှင်းပေးနေကြောင်း သတင်းရရှိသည်။

Tuesday 29 December 2015

မြန်မာနှင့်စင်ကာပူတို့ မတ်လ ၂၃ရက်တွင် စင်ကာပူ၌ခြေစမ်းပွဲကစားမည်

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ကစားနေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် ၂၀၁၆ မတ်လ ၂၃ ရက်တွင် စင်ကာပူလက်ရွေးစင်အသင်းနှင့် စင်ကာပူနိုင်ငံတွင် ခြေစမ်းကစားရန် စီစဉ်ထားသည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

လိပ်ကျွန်းဆန္ဒပြမှု သွေးထိုးသူများကို ရှာဖွေဖော်ထုတ်ရန် ရဲချုပ် အမိန့်ထုတ်

ထိုင်းအမျိုးသားရဲဌာနအကြီးအကဲ ချက်သစ်ချာအီဂျင်ဒါက လိပ်ကျွန်းလူသတ်မှု စီရင်ချက်နှင့် ပတ်သက်ပြီး ဆန္ဒပြမှုများဖြစ်ပွားအောင် နောက်ကွယ်က သွေးထိုးလှုံ့ဆော်သူများကို ရှာဖွေဖော်ထုတ်သွားရန် တစ်နိုင်ငံလုံးက ရဲဌာနများသို့ ဒီဇင်ဘာ ၂၈ ရက်က အမိန့်ထုတ်ပြန်ခဲ့သည်။မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဆန္ဒပြမှုများ နောက်ကွယ်၌ မည်သည့်အုပ်စုမျှ မရှိကြောင်း၊ စွပ်စွဲသကဲ့သို့ ဆန္ဒပြမှုများတွင် နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများရှိသည်ဆိုခြင်းက မည်သည့် အထောက်အထားမှ မရှိကြောင်း ပြောခဲ့သည်။ သို့သော်လည်း ထိုင်းရဲဌာနက ဆန္ဒပြမှုများသည် နိုင်ငံရေးအမြတ်ထုတ်လို၍ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများကြောင့် ပေါ်ပေါက်ခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောဆိုဆဲဖြစ်သည်။

ရခိုင်အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှု နည်းနေသေးဟု ရခိုင်အမျိုးသမီးများအစည်းအရုံးပြော

ရခိုင်အမျိုးသမီးများ အစည်းအရုံး(RWU)မှ ဒီဇင်ဘာလ ၂၀ ရက်က ပြုလုပ်သော ဗဟိုကော်မတီအစည်းအဝေးတွင် ရခိုင်အမျိုးသမီးများ ပါလီမန်ထဲ၌ ပါဝင်နိုင်ရေးနှင့် နိုင်ငံရေးပါတီ၊ လူမှုအဖွဲ့အစည်း အဆင့်ဆင့်၌ ဆုံးဖြတ်ချက်ချသည့် အဆင့်များတွင် ပါဝင်နိုင်ရေးများကို ကြိုးစားသွားမည်ဟု ဒုဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူက ပြောကြားသည်။

မကြာမီ ၂၀၁၅ခုနှစ် ကုန်ဆုံး၍ ၂၀၁၆ခုနှစ် နှစ်သစ်သို့ ရောက်ရှိ ကူးပြောင်းတော့မည်ဖြစ်ရာ နှစ်သစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးစသည်တို့၏ အလားအလာများနှင့်ပတ်သက်ပြီး နက္ခတ်ပညာရှင် ဦးဇေယျာကိုနှင့် ယခုလိုတွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။

နက္ခတ်ပညာရှင်ဦးဇေယျာကိုနှင့် တွေ့ဆုံမေးမြန်းခြင်း
-----------------------------------------------------
မေသက်ဇင်
--------------
မေး - မြန်မာနိုင်ငံရဲ့လာမယ့် ၂၀၁၆ ခုနှစ်နဲ့ပတ်သက်ပြီး ကံကြမ္မာ အနေအထားတွေဘယ်လိုရှိလဲပြောပြပေးပါဦးဆရာ။

လက်ဖက်ရည်ဆိုင် ဝန်ထမ်းများကို အချိန်ပိုကြေးမပေးဘဲ ရှစ်နာရီထက် ပိုခိုင်းပါက ဆိုင်ရှင်ကို အရေးယူမည်

လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်အချို့ရှိ ဝန်ထမ်းများကို ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း တစ်ရက် အလုပ်လုပ်ချိန် ရှစ်နာရီထက် ပိုခိုင်းပါက အချိန်ပိုကြေးပေးရမည် ဖြစ်ပြီး ထိုသို့မပေးဘဲ ခိုင်းစေပါက အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးဇော်ဇော်က ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုတွင် မုန်တိုင်းများ တိုက်ခတ်ပြီးသည့်နောက် ရာသီဥတုအခြေအနေ ဆက်လက် ဆိုးရွားနေ

လေဆင်နှာမောင်းများ နှင့် ရေကြီးမှုများကြောင့် လူဒါဇင်ပေါင်းများစွာကို သေဆုံးစေခဲ့သော ကြမ်းတမ်းသော ရာသီဥတုများသည် အမေရိကန်ပြည်ထောင်စုတွင် ဒီဇင်ဘာ ၂၈ အထိ ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံတစ်ဝန်း နှင်းများထူထပ်စွာ ကျဆင်းခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ ဆက်လက်ဖြစ်ပေါ်လျှက်ရှိသည်။

မြန်မာနိုင်ငံသားနှစ်ဦးအား သေဒဏ်ချမှတ်ခြင်းအပေါ် ကန့်ကွက်ကြောင်း ဦးဆောင်ဆန္ဒပြသူနှစ်ဦး မလေးရှားတွင် ဖမ်းဆီးခံရ

မြန်မာနှစ်ဦးကို သေဒဏ်ချမှတ်ခြင်းအပေါ် ကန့်ကွက် ဆန္ဒထုတ်ဖော်နေသည့် မလေးရှားရောက်မြန်မာများ Photo: မလေးရှားရောက်မြန်မာများ ဖေ့စ်ဘွတ်ခ်
မြန်မာနှစ်ဦး ကို သေဒဏ်ချမှတ်ခြင်းအပေါ် ကန့် ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် မလေးရှားရောက် မြန်မာများဆန္ဒ ထုတ်ဖော်ပွဲတားဆီးခံရပြီး ဦးဆောင် သူ မြန်မာနိုင်ငံသားနှစ်ဦး ဖမ်းဆီး ခံရကြောင်း သိရသည်။

တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရအမြန်ဆုံး တွေ့ဆုံဆွေးနွေးရန် မြန်မာအစိုးရ တောင်းဆို

ထိုင်းနိုင်ငံရှိ တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ထိုင်း-မြန်မာနှစ်နိုင်ငံအစိုးရ တွေ့ ဆုံဆွေးနွေးရန်အမြန်ဆုံးလုပ်ဆောင်ပေးရေးမြန်မာအစိုးရမှ တောင်းဆိုထားကြောင်းသိရသည်။

တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရအမြန်ဆုံး တွေ့ဆုံဆွေးနွေးရန် မြန်မာအစိုးရ တောင်းဆို

ထိုင်းနိုင်ငံရှိ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ် သားများအရေး ထိုင်း-မြန်မာနှစ်နိုင် ငံအစိုးရ တွေ့ဆုံဆွေးနွေးရန်အမြန် ဆုံးလုပ်ဆောင်ပေးရေးမြန်မာအစိုး ရမှ တောင်းဆိုထားကြောင်းသိရသည်။

တင်းပါဆုံ လှပစေမယ့် လေ့ကျင့်ခန်း (၅) ခု

မိန်းကလေးတိုင်းကတော့ ကိုယ့်တင်ပါး ကြည့်ကောင်းပြီး လှပနေစေချင်ကြတာချည်းပါပဲ။ တင်ပါးက တင်းတင်းရင်းရင်းလေးနဲ့ အဆင်ပြေနေချင်တယ်၊ ဒီ့အတွက် အချိန်လည်း သိပ်အကုန်မခံနိုင်ဘူးဆိုရင် အောက်ပါ gym ကစားခြင်းနည်းဖြင့် အဆင်ပြေနိုင်ပါတယ်။ တင်ပါးအတွက်သာ အထိရောက်ဆုံး လေ့ကျင့်ခန်း (၅) မျိုးကို စုစည်းတင်ဆက်ပေးထားပါတယ်။

ဆန္ဒပြမှုနောက်ကွယ်က ကြိုးကိုင်သူကို ရှာဖွေဖို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲအမိန့်ထုတ်

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး ဆန္ဒပြ မြန်မာများ၏ နောက်ကွယ်မှ သွေးထိုးလှုံဆော် ကြိုးကိုင်နေသည့် အုပ်စုကို ရှာဖွေဖို့ ထိုင်းရဲတပ်ဖွဲ့က ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ Chakthip Chaijinda က ပြော လိုက်ပါတယ်။ မြန်မာလူငယ် ၂ဦး သေဒဏ်ချမှုမှာ ဆန္ဒပြပွဲတွေဖြစ်လာစေဖို့ အုပ်စုတစုက နိုင်ငံရေးရည်ရွယ် ချက်နဲ့ မီးထိုးပေးနေတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။

ဖိအားများကြောင့် တရားစီရင်ရေး အလျှော့ပေးမည်မဟုတ်ဘဲ တရားရုံးတွင် အယူခံဝင်နိုင်ဟု ထိုင်းဝန်ကြီးချုပ်ဆို

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သတင်းထောက်များသို့ ပြောကြားနေစဉ် (fahwonmai.tv) 
လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ အများပြည်သူ၏ ဖိအားကို ထိုင်းနိုင်ငံ၏ တရားစီရင်ရေးစနစ်က အလျှော့ပေးမည် မဟုတ်ကြောင်းနှင့် တရားရုံး၌ အယူခံဝင်ခွင့်ရှိကြောင်း ထိုင်း ၀န်ကြီးချုပ်ပရာယွတ်ချန်အိုချာက ဒီဇင်ဘာ ၂၈ ရက်တွင် သတင်း ထောက်များအား ပြောကြားသည်။လိပ်ကျွန်းအမှုနှင့်ပတ်သက် ၍ ဝေဖန်သူများသည် တရားရုံး ဆုံးဖြတ်ချက်ကို လေးစားသင့် ကြောင်း ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ချန်အိုချာက ဆိုသည်။

ရှမ်းပြည်တည်ငြိမ်ရေး တရုတ်သံအမတ်ကြီးနဲ့ SNLDဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Hong Liang က နှစ်နိုင်ငံ နယ်စပ် အေးချမ်းတည်ငြိမ်ရေး ရှေ့ရှုပြီး ရှမ်းတိုင်းရင်းသားပါတီ SNLD -ရုံးချုပ်ကို လာရောက်စဉ်။ (ဒီဇင်ဘာ ၂၇၊ ၂၀၁၅) ဓာတ်ပုံ SNLD
တရုတ်နိုင်ငံအနေနဲ့ အိမ်နီးချင်းမြန်မာနိုင်ငံအတွင်းက နယ်မြေချင်းထိဆက်နေတဲ့ ရှမ်းပြည်နယ်ရဲ့ အေးချမ်းတည်ငြိမ်ရေးကို လိုလားပြီး ရှမ်းပြည်နယ် ဖွံ့ဖြိုးရေး အတွက်လည်း အကူအညီပေးဖို့ စိတ်အားထက်သန်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang (ဟုန်လျန်) က ပြောပါတယ်။ ရွေးကောက်ပွဲ အပြီး ၂ လနီးပါးအကြာမှာ SNLD ဗဟိုရုံးချုပ်ကိုလာရောက်ပြီး ရှမ်းတိုင်းရင်း သား ခေါင်းဆောင်တွေနဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံစဉ် အခုလိုပြောသွားခဲ့တာပါ။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က စုံစမ်းတင်ပြပေး ထားပါတယ်။

အမေရိကန်နိုင်ငံသားတွေအနှစ်သက်ဆုံးပုဂ္ဂိုလ်စာရင်းထဲ ဒေါ်စုပါဝင်

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဌက အမေရိ ကန် လွှတ်တော်ရဲ့ Congressional Gold Medal ဆုကိုချီးမြှင့်ပေးအပ် နေစဉ် (၂၀၁၂ခုနှစ်)
၂၀၁၅ခုနှစ်အတွက် ကမ္ဘာပေါ်မှာ အနှစ်သက်ဆုံးအမျိုးသမီးနဲ့ အမျိုးသားတွေစာရင်း ကို Gallup Poll စစ်တမ်းက ကောက်ခံရာမှာ အမေရိကန်သမ္မတ Barack Obama နဲ့ ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ရွေးချယ်ခံရနိုင်ဖို့ မျှော်လင့်ထားတဲ့ Hillary Clinton တို့ဟာ ထိပ်ဆုံးနေရာတွေမှာ ရှိနေပါတယ်။ အမေရိကန်နိုင်ငံသား ၁၇% က အိုဘားမားကို အနှစ်သက်ဆုံး အမျိုးသားအဖြစ် ရွေးချယ်ခဲ့ကြပြီး ၁၃% က ဟယ်လာရီ ကလင်တန်ကို ရွေးချယ်ခဲ့ကြပါတယ်။ ဟယ်လာရီကလင်တန်ဟာ ထိပ်ဆုံးမှာ အကြိမ်၂၀ မြောက် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး သမ္မတ Obama ကတော့ ခုတကြိမ်ဟာ ၈ ကြိမ်မြောက် အရွေးခံရတာဖြစ်ပါတယ်။ 

မြန်မာလူငယ်နှစ်ဦးအတွက် ကူညီပေးရန် ခရစ်ယာန်ဘာသာရေးခေါင်းဆောင် သုံးဦးထံ ကာဒီနယ်ချားလ်စ်ဘို တောင်းဆို

ကာဒီနယ်ချားလ်စ်ဘို (ဓာတ်ပုံ - Nld Chairperson)
လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ အခြားပိုမိုကောင်း သော ဖြေရှင်းနည်းများ ရှာဖွေရန် တရားရုံး(သို့မဟုတ်) သက်ဆိုင် သူထံ အယူခံဝင်ပေးကြရန်ထိုင်း ကက်သလစ်ဘုန်းတော်ကြီးများ ညီလာခံဥက္ကဋ္ဌ၊ ထိုင်းဆိုင်ရာ ဗာ တီကန်ကိုယ်စားလှယ် ကာဒီနယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပုပ်ရဟန်း မင်းကြီး၏ တမန်တော်သုံးဦးထံ သို့ ကာဒီနယ်ချားလ်စ်ဘိုက တောင်းဆိုစာများပေးပို့ခဲ့သည်။

ဖားကန့်အရေး ဖြေရှင်းရန် အစိုးရ၏ နည်းလမ်းသုံးခုကို လွှတ်တော် လက်မခံ

ဖားကန့်ဒေသတွင် လူ ၁၀၀ ကျော် သေဆုံးခဲ့သော မြေစာပုံပြိုကျမှုဖြစ်ပွားပြီးနောက် မြေစာပုံအောက်ရှိ ရုပ်အလောင်းများ ရှာဖွေနေသည်ကို နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − အီးပီအေ)
လုံးခင်းနှင့် ဖားကန့် ရတ နာနယ်မြေတွင် ကျောက်စိမ်း တူးဖော်မှု လုံးဝပိတ်သိမ်းခြင်း၊ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခြင်းနှင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်း စသော နည်းလမ်းသုံးမျိုးဖြင့် ဆောင် ရွက်ရန် အစိုးရ၏ အစီအစဉ်ကို ပြည် ထောင်စုလွှတ်တော်က လက်မခံဘဲ ပယ်ချလိုက်သည်။

အတည်ပြုပြီးသည့် ရွေးကောက်ပွဲကန့်ကွက်လွှာ ၂၇ခုကို စတင်စစ်ဆေး

တစ်နိုင်ငံလုံးတွင် ၂၀၁၅အထွေထွေရွေးကောက်ပွဲ ကန့်ကွက်လွှာ ၄၀လက်ခံရရှိထား ပြီး ၂၇ခုအတည်ပြုပြီးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သတင်းရရှိသည်။

ဩစတြေးလျတွင် ကုန်တင်ရထား တိမ်းမှောက်မှုကြောင့် အက်ဆစ်ယိုစိမ့်မှုများဖြစ်ပေါ်

ရထားတစ်စီး တိမ်းမှောက်ပြီး အက်ဆစ်များ ယိုစိမ့်နေသည့် အခြေအနေကြောင့် ကွင်းစလန်တွင် အရေးပေါ် သတိပေးချက်တစ်ရပ် ဩစတြေးလျ အာဏာပိုင်များက ထုတ်ပြန်ထားလိုက်သည်။

မြန်မာလူငယ်နှစ်ဦး အသက်ရှင်ခွင့် ကူညီပေးရန် ထိုင်းလူ့အခွင့်အရေးကော်မရှင်ထံ မြန်မာလူ့အခွင့်အရေးကော်မရှင် မေတ္တာရပ်ခံ

ထိုင်းနိုင်ငံ ကော့စမွီ တရားရုံးက သေဒဏ်ချမှတ်ခဲ့သော မြန်မာလူငယ်နှစ်ဦးအတွက်အယူခံဝင်ရာတွင် အသက်ရှင်ခွင့်အ တွက် ပံ့ပိုးကူညီပေးရန် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်ဥက္ကဋ္ဌထံ မြန်မာနိုင်ငံအမျိုး သားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက ဒီဇင်ဘာ ၂၈ ရက်၌ မေတ္တာရပ်ခံစာပေးပို့ခဲ့သည်။

မုံရွာမြို့မသုသာန်တွင် အကျွတ်အလွတ်အမျှဝေပွဲ ပထမဆုံးအကြိမ် ကျင်းပ

မုံရွာမြို့မသုသာန်တွင် ဆရာတော်ကြီးများအား ဆွမ်းသွတ်၍ အကျွတ်အလွှတ် အမျှဝေပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ - မျိုးမင်းဦး)
မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် မြို့မသုသာန်တွင် ပထမအကြိမ် သံဃာတော်များအားပင့်ဖိတ်၍ ဆွမ်းသွတ်တရားနာ၍ အကျွတ် အလွတ် ဒါနပြုအမျှဝေပွဲကို ဒီဇင် ဘာ ၂၈ ရက်က မုံရွာမြို့ မြို့သု သာန်ဇရပ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

သေဒဏ်ချခံရသည့် မြန်မာနှစ်ဦးအမှု ပြန်လည်စစ်ဆေးပေးရန် သီပေါမင်း၏ ဆွေတော်မျိုးတော်များ ထိုင်းဘုရင်ထံ မေတ္တာရပ်ခံစာပေးပို့

ပါတော်မူနေ့အထိမ်းအမှတ်ရေစက်ချပွဲသို့တက်ရောက်လာသော သီပေါမင်း၏ ဆွေတော်မျိုးတော်များ (ဓာတ်ပုံ-ဖြိုးဖြိုးဇော်)
ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် မြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ်ချမှတ်ခဲ့သော် လည်း အမှုမှန်ပေါ်ပေါက်စေရေး ပြန်လည်စစ်ဆေးပေးရန် ထိုင်း ဘုရင်ထံသို့ သီပေါမင်း၏ ဆွေ တော်မျိုးတော်များက မေတ္တာရပ်ခံစာပေးပို့ခဲ့ကြောင်း သတင်း ရရှိသည်။