Thursday 21 August 2014

အဆင့်မြင့်အရာရှိ ၁၅ ဦး ပါဝင်မည့် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ပြန်ဖွဲ့

Photo: အဆင့်မြင့်အရာရှိ ၁၅ ဦး ပါဝင်မည့် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဗဟို အဖွဲ့ ပြန်ဖွဲ့
Thursday, August 21, 2014

ပြည်ထဲရေးဝန်ကြီး ဦး ဆောင်သည့် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ ကို အ သစ်ပြန်လည်ဖွဲ့စည်းလိုက်ပြီဖြစ် ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာန ချုပ်မှ သတင်းရရှိသည်။

၂၀၀၂ ခုနှစ်က ဖွဲ့စည်းခဲ့ သည့် တရားမ၀င်နည်းလမ်းဖြင့် ရရှိသော ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေးဗဟိုအဖွဲ့ကို ပယ်ဖျက်၍ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့အဖြစ် အသစ်ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ယင်းအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌနေရာနှင့်ရဲချုပ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူကာ အဆင့်မြင့်အရာရှိ ၁၅ ဦး ဦးဆောင်မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှရဲအရာရှိတစ်ဦးက ပြောသည်။

‘‘အခု အသစ်ထွက်တဲ့ ဥပဒေနဲ့ကိုက်ညီတဲ့ အဖွဲ့ဖွဲ့လိုက် တာ။ ဒါမှလည်း လုပ်ငန်းတွေကို ပိုပြီး အရှိန်အဟုန်မြှင့်ပြီး လုပ်နိုင် မှာ။ စီမံချက်တွေကတော့ အများ ကြီး လာတော့မယ်’’ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

ငွေကြေးခ၀ါချမှုနှင့် သက် ဆိုင်သော ဥပဒေသစ်ကို ယခုနှစ် မတ်လ ၁၄ ရက်က အတည်ပြုခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်မှုနှင့် လူကုန်ကူးမှုတို့ အပါအ၀င် ပြစ်မှု ၂၅ မျိုးနှင့်သက်ဆိုင်သော ငွေကြေးကိစ္စ များကို ငွေကြေးခ၀ါချမှုအဖြစ် ဥပဒေတွင် သတ်မှတ်ထားသည်။

အသစ်ဖွဲ့စည်းလိုက်သည့် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့တွင် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ စိစစ်ရေးအဖွဲ့၊ စုံစမ်းစစ် ဆေးရေး အဖွဲ့နှင့် သတင်းပို့အဖွဲ့တို့အား ဖွဲ့စည်းတာဝန်ပေးထားပြီး ငွေကြေးခ၀ါချမှုများနှင့် အကြမ်းဖက်မှုများတွင် ငွေကြေးထောက်ပံ့သူ တို့ကို စုံစမ်းဖော်ထုတ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံသည် အာရှ-ပစိဖိတ် ငွေကြေးခ၀ါချမှု တိုက် ဖျက်ရေးအဖွဲ့ (APG)အဖွဲ့ဝင် နိုင်ငံအဖြစ် ၂၀၀၆ ခုနှစ်က ၀င် ရောက်ခဲ့ပြီး ငွေကြေးဆိုင်ရာ စောင့်ကြည့်အရေးယူမှုအဖွဲ့ (The Financial Action Tack Force) ၏ ငွေကြေးခ၀ါချမှု စောင့်ကြည့်ရမည့် နိုင်ငံများစာရင်းတွင် အရှေ့တောင်အာရှ ဒေသတွင်းမှ အင်ဒိုနီးရှားနိုင်ငံနှင့်အတူ မြန်မာနိုင်ငံကို ထည့်သွင်း ထားဆဲဖြစ်သည်။

7Day News Journal

မြန်မာကျပ်ငွေများရေတွက်နေစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
မြန်မာကျပ်ငွေများရေတွက်နေစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ပြည်ထဲရေးဝန်ကြီး ဦး ဆောင်သည့် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ကို အ သစ်ပြန်လည်ဖွဲ့စည်း လိုက်ပြီဖြစ် ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာန ချုပ်မှ သတင်းရရှိသည်။

ဖားကန့်ကျောက်စိမ်းမှော်တွင် ကျောက်မျက်ကုမ္ပဏီများအား KIA အဖွဲ့ ဆက်ကြေးကောက်

Photo: ဖားကန့်ကျောက်စိမ်းမှော်တွင် ကျောက်မျက်ကုမ္ပဏီများအား KIA အဖွဲ့ ဆက်ကြေးကောက်
Thursday, August 21, 2014

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ကျောက်တူးဖော်မှု လုပ်ငန်းများကို စက်တင်ဘာ ၁ ရက်နေ့မှစ၍ နိုင်ငံတော်အစိုးရမှ တူးဖော်ခွင့်ပြုလိုက်ပြီဖြစ်ရာ ကျောက်မျက်ကုမ္ပဏီများအား ကချင်လွတ်လပ် ရေးတပ်မတော်(KIA)အဖွဲ့မှ ဆက်ကြေးကောက်ခံနေကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆိပ်မူကျေးရွာအုပ်စု၊ ဟောင်းပါးကျေးရွာ အုပ်စု၊ ဝှေခါကျေးရွာများရှိ မှော်လုပ်ကွက်များအတွင်း ကျောက်စိမ်းတူးဖော်မည့် ကုမ္ပဏီလုပ်ငန်းရှင်များအား KIA အဖွဲ့မှ ဆင့်ခေါ်စာဖြင့် ခေါ်ယူတွေ့ ဆုံခြင်းဖြစ်ကြောင်း သိရသည်။

``ကုမ္ပဏီလောပန်းတွေကတော့ မသွားဘူး၊ ကုမ္ပဏီကိုယ်စားလှယ်တွေတစ်ချို့သွားတာ မြင်တယ်၊ ကြားရတာ ကတော့ KIA အဖွဲ့က ဆင့်ခေါ်လို့ အောင်ဘာလေရွာကို သွားကြတာလို့ ပြောကြတာပဲ´´ ဟု ကျောက်မျက် ကုမ္ပဏီတစ်ခုမှ လုပ်သားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ သတ်မှတ်ထားသော တစ်နှစ်စာ ဆက်ကြေးငွေမှာ ကုမ္ပဏီလုပ်ကွက် ပေ ၂၀၀ ပတ်လည်အကျယ် တစ်ကျင်းလျှင် ကျပ်သိန်း(၅၀)၊ ဘက်ဟိုးယာဉ်တစ်စီးလျှင် ကျပ်သိန်း(၂၀)၊ မြေသယ်ယာဉ်တစ်စီးလျှင် ကျပ် (၁၅)သိန်း၊ ၀န်ထမ်းတစ်ဦးလျှင် ကျပ်နှစ်သောင်းဖြစ်ကြောင်း သိရသည်။

``အစိုးရကတော့ စက်တင်ဘာ ၁ ရက်နေ့ကစပြီး လုပ်ကွက်တွေ လုပ်ခွင့်ပြုလိုက်ပါပြီ၊ ဒါပေမယ့် KIA အဖွဲ့ ကတော့ လုပ်ငန်းမစခင် ဆက်ကြေးကောက်နေပြီ၊ တောင်းတဲ့ဆက်ကြေးတွေက ခေါင်းစဉ်အမျိုးမျိုးနဲ့ဆိုတော့ များလွန်းတယ်၊ ပြန်လုပ်မယ့် ကုမ္ပဏီတွေလည်း စဉ်းစားနေကြတယ်´´ ဟု ကုမ္ပဏီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် လုပ်ငန်းခွင်များ စက်တင်ဘာ ၁ ရက်နေ့မှစကာ ပြန်လည်လုပ်ကိုင်မည် ဖြစ်သော်လည်း KIA အဖွဲ့၏ ဆက်ကြေးကောက်ခံမှုများ၊ မကြာမီရက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် နယ်မြေဒေသလုံခြုံရေးမှာ စိတ်ချရမှုမရှိသေးသဖြင့် ကုမ္ပဏီလုပ်ကွက်များ စတင်ရန် အခက်အခဲရှိနေ ကြောင်း လည်း ကျောက်မျက်လုပ်ငန်းရှင် ဦးတင်အောင်က ပြောကြားသွားသည်။

ထွန်းနေအောင်(ဖားကန့်)
Kachin Daily News
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ကျောက်တူးဖော်မှု လုပ်ငန်းများကို စက်တင်ဘာ ၁ ရက်နေ့မှစ၍ နိုင်ငံတော်အစိုးရမှ တူးဖော်ခွင့်ပြုလိုက်ပြီဖြစ်ရာ ကျောက်မျက်ကုမ္ပဏီများအား ကချင် လွတ် လပ် ရေးတပ်မတော်(KIA)အဖွဲ့မှ ဆက်ကြေးကောက်ခံနေကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။

မလေးရှားသို့ ပင့်ဆောင်ကိုးကွယ်သည့် ဘုရားတစ်ဆူမှ မျက်လုံးတော်ပွင့်

Photo: မလေးရှားသို့ ပင့်ဆောင်ကိုးကွယ်သည့် ဘုရားတစ်ဆူမှ မျက်လုံးတော်ပွင့်
Thursday, August 21, 2014

မလေးရှား နိုင်ငံရှိ မြန်မာလူမျိုးအိမ်တွင် ကိုး ကွယ်ထားသည့် ပန်းပေါင်းစုံဘုရား ဆင်းတုတော်မှ ယာဘက် မျက်လုံး တော်ပွင့်လာကြောင်း သိရသည်။

အဆိုပါဆင်းတုတော်မှ မျက် လုံးတော်ပွင့်နေခြင်းကို သြဂုတ်လ ၁၇ရက်တွင် စတင်ဖူးမြော်ရခြင်းဖြစ် ပြီး ကိုးကွယ်သူ မြန်မာနိုင်ငံသား ဦးကျော်ကျော်တိုးမှာ ဃမပျအွေျှူသမွှိုမလေနျူ ရွှသကမ ကုမ္ပဏီဖွင့်လှစ် ထားပြီး ယင်းကဲ့သို့ မျက်လုံးတော်ပွင့် နေသည်ကို မိသားစုဝင်တစ်ဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးကျော် ကျော်တိုးက ရှင်းပြပြောဆိုသည်။

”ကျွန်တော်တို့အိမ်မှာ အတူနေ တဲ့ညီလေးကစတွေ့တာ ညနေအလုပ် ကပြန်လာတော့ ဘုရားဆီမီးရေချမ်း ကပ်မယ်ဆိုတော့ တွေ့တာ။ ပျော်လဲ ပျော်တယ်။ ကိုယ့်အိမ်မှာ ထူးထူး ခြားခြားဖြစ်တယ်ဆိုတော့ စီးပွားရေး သမားတစ်ယောက်အနေနဲ့ အလုပ် အကိုင်တွေ အဆင်ပြေမယ်လို့ မျှော် လင့်တယ်” ဟု ဦးကျော်ကျော်တိုးက ပြောသည်။

ယခုလက်ရှိတွင် ဘုရားဆင်းတု တော်ကို ယင်းတို့ကိုးကွယ်သည့် ဆရာ တော်မှပဋ္ဌာန်းရွတ်ခြင်း၊ ဘုရားအနေ ကဇာတင်ခြင်းများကိုပြုလုပ်ထားပြီး မလေးရှားနိုင်ငံရှိ မြန်မာလူမျိုးများ ဖူးမြော်နိုင်ရန် ဆောင်ရွက်ပေးထား ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ တွင် ဘုရားဆင်းတုတော်အချို့မှ မျက်လုံးတော်ပွင့်ခြင်း ဖြစ်ရပ်များမှာ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး မြန်မာ လူမျိုး ဗုဒ္ဓဘာသာများအနေဖြင့် အကျိုးထူးပေးတတ်သည်ဟုလည်း ယုံကြည်ကြကြောင်း သိရသည်။

”နယ်ဘက်တွေမှာတော့ မျက်လုံး တော်ပွင့်တာတို့၊ မွေးညင်းထွက် တာတို့က မကြာခဏဖြစ်ပေါ်တတ် တယ်။ ဒီလိုဖြစ်ရပ်တွေက ဘာပဲဖြစ် ဖြစ်ထူးခြားပြီး အမြဲတမ်းကောင်း တာတွေပဲ ဖြစ်တတ်ပါတယ်” ဟု အသက် ၅ဝကျော်အရွယ်ရှိ အဘဥာဏ်က ပြောသည်။

ယင်းဆင်းတုတော်ကို မြန်မာ နိုင်ငံမှ မလေးရှားသို့ ပင့်ဆောင်ကာ ကိုးကွယ်ထားခြင်းဖြစ်ပြီး ဥာဏ်တော် တစ်ပေခန့်ရှိကာ ၂ဝဝ၂ခုနှစ်မှစတင် ကိုးကွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Yangon media group
မလေးရှား နိုင်ငံရှိ မြန်မာလူမျိုးအိမ်တွင် ကိုး ကွယ်ထားသည့် ပန်းပေါင်းစုံဘုရား ဆင်းတုတော်မှ ယာဘက် မျက်လုံး တော်ပွင့်လာကြောင်း သိရသည်။

မြေနီကုန်းခုံးကျော် ရှစ်လအပြီးဆောက်မည် ဟုဆို

Photo: မြေနီကုန်းခုံးကျော် ရှစ်လအပြီးဆောက်မည် ဟုဆို
Thursday, August 21, 2014

မြေနီကုန်းခုံးကျော်တံတားကို ရှစ်လအတွင်း အပြီးတည်ဆောက်သွားရန် လျာထားကြောင်း အဆိုပါတံတားကို တာဝန်ယူ တည်ဆောက်မည့် Capital Development ကုမ္ပဏီ၏ အချက်အလက်များကို ကိုးကား၍ မ.ထ.သ ဥက္ကဋ္ဌ ဦလှအောင်က ပြောကြားသည်။

Capital Development ကုမ္ပဏီသည် တံတားတည်ဆောက်မှုကို သြဂုတ်လ ၁၃ ရက်မှစ၍ မြေစမ်းသပ်မှုများ စတင်ပြုလုပ်ခဲ့ပြီး လာမည့် ၂၀၁၅ ခုနှစ် မေလ ၃၁ ရက်နောက်ဆုံးထား ပြီးစီးရန် တည်ဆောက်သွားမည် ဖြစ်သည်။

မြေနီကုန်း ခုံးကျော်တံတားသည် ယာဉ်သွားလမ်း လေးလမ်းပါဝင်ပြီး ၂၃၇၆ ပေ ရှည်လျားသော အဆိုပါ တံတားတည်ဆောက်ရာတွင် အပိုင်းသုံးခု ခွဲထားပြီး အပိုင်း ၁ ကို မဟာမြိုင်မှ ဗားဂရာလမ်းအထိ၊ အပိုင်း ၂ ကို ဗားဂရာ လမ်းမှ ရှင်စောပုလမ်းအထိ၊ အပိုင်း ၃ကို ရှင်စောပုလမ်းမှ ပြည်သူ့ရင်ပြင် ဝင်ပေါက်ရှေ့အထိ သတ်မှတ်ထားကြောင်း အဆိုပါ ကုမ္ပဏီ အချက်အလက်များအရ သိရ သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတား၊ လှည်းတန်း ခုံးကျော်တံတား၊ ရွှေဂုံတိုင် ခုံးကျော်တံတားများ တည်ဆောက်ခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုကို အထိုက်အလျောက်သာ ဖြေရှင်းနိုင်ခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။

လှည်းတန်းခုံးကျော်တံတား ဖွင့်လှစ်လိုက်သည့် အချိန်မှစ၍ အဆိုပါ ခုံးတံတားမှ ဖြတ်သန်းလာသော ယာဉ်များသည် ဗားဂရာလမ်း၊ ရှင်စောပုလမ်းမှ လာသောယာဉ်များနှင့် ယာဉ်ကြောပိတ်ဆို့မှု များ ဖြစ်ပေါ်နေသောကြောင့် မြေနီကုန်း ခုံးကျော်တံတားကို တည်ဆောက်ရန် လျာထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့တွင် ပုံမှန်အားဖြင့် တစ်လလျှင် မော်တော်ယာဉ် အစီးရေ တစ်ရာကျော်ကို လိုင်စင် ထုတ်ပေးနေကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(က.ည.န)က ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် မော်တော်ယာဉ်တင်သွင်းခွင့် ပြောင်းလဲလိုက်သည့် အချိန်မှစ၍ ရန်ကုန်တွင် မော်တော်ယာဉ်အစီးရေ တိုးတက်များ ပြားလာပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာခဲ့သည်။

မြေနီကုန်း ခုံးကျော်တံတားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် Capital Development ကတာဝန်ယူတည် ဆောက်သွားမည် ဖြစ်သည်။

ဇေယျာမင်း
The Voice Weekly
မြေနီကုန်းခုံးကျော်တံတားကို ရှစ်လအတွင်း အပြီးတည်ဆောက်သွားရန် လျာထားကြောင်း အဆိုပါတံတား ကို တာဝန်ယူ တည်ဆောက်မည့် Capital Development ကုမ္ပဏီ၏ အချက်အလက်များကို ကိုးကား၍ မ.ထ.သ ဥက္ကဋ္ဌ ဦလှအောင်က ပြောကြားသည်။

ညစ်ညမ်းပုံများ အင်တာနက်တင်သည့် စုံတွဲကို အီလက်ထရောနစ် ဥပဒေပုဒ်မများဖြင့် ထပ်မံအမှုဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့မှ မိမိတို့နေထိုင်ခဲ့သည့် မဖွယ်မရာ ညစ်ညမ်းပုံများကို အင်တာနက် စာမျက်နှာများသို့ ဖြန်ဝေခဲ့သူ သမီးရည်းစား နှစ်ဦးအား တရားရုံးမှ ထောင်ဒါဏ်များချမှတ်ပြီးနောက် သက်ဆိုင်ရာရဲစခန်းမှ ထပ်မံ၍ အီလက်ထရောနစ် ဥပဒေပုဒ်မများဖြင့် အမှုဖွင့်လိုက်ကြောင်း သတင်း ရရှိသည်။

ဦးဆန်းဆင့်အမှုနှင့်ပတ်သက်၍ သာသနာရေးဒုတိယ၀န်ကြီးကို စစ်ဆေး

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား တရားစွဲဆိုထားသည့် ပုဒ်မနှစ်ခုနှင့် ပတ်သက်၍ လက်ရှိတွင် သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမောင်မောင်ဌေးကို သြဂုတ်လ (၁၉)ရက်တွင် ဒက္ခိဏခရိုင် တရားရုံး၌ ဒုတိယအကြိမ် စစ်ဆေးခဲ့သည်။

သြဂုတ်လ ၂၂ ရက်နေ့ မိုးလေ၀သ အခြေအနေ – ဒေါက်တာထွန်းလွင်

Photo: သြဂုတ်လ ၂၂ ရက်နေ့ မိုးလေ၀သ အခြေအနေ – ဒေါက်တာထွန်းလွင်
Thursday, August 21, 2014

သြဂုတ်လ ၂၁ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံမှာဆိုရင် ကပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ တိမ်ထူထပ်နေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော် တိမ်အသင့်အတင့် ဖြစ်ထွန်းနေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်း၊ တောင်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်ထူထပ်နေပါတယ်။ ကျန်ဒေသတွေမှာ တိမ်အသင့်အတင့်ဖြစ် ထွန်းနေပါတယ်။

သြဂုတ်လ ၂၂ ရက်နေ့

မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာရှိနိုင် ပါတယ်။ လှိုင်းအမြင့် ၂ ပေကနေ ၃ ပေလောက်မြင့်တက်နိုင်ပါတယ်။

Slide9ခရမ်းလွန်ရောင်ခြည်မြင့်တက်နိုင်မှုအနေနဲ့ကတော့ လွန်ကဲအဆင့်ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၁၁ အောက်ကျရောက်နိုင်တာ ကတော့ မကွေးမြို့ပဲဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အနိမ့်ဆုံးကျရောက်နိုင်တာကတော့ မှာ အညွှန်းကိန်းတန်ဖိုးကတော့ ၁၀.၁ သာရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ အညွှန်းကိန်း တန်ဖိုး ၁၁ ကနေ ၁၃ ကျော်မြင့်တက်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံး ကျရောက်နိုင်တာကတော့ ပုသိမ်မြို့ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၁၃.၇ ကျရောက်နိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၂၅ ရာခိုင်နှုန်း ကနေ ၄၅ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်း လောက် သေချာမှုရှိနိုင်ပါတယ်။

မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့သေချာမှု ၄၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ နေရာကွက်ကြားမိုးရွာနိုင်ပြီး မိုးရွာဖို့သေချာမှု အနေနဲ့ ၇၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာကနေ ၅၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။

နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၀ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ် လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

ရန်ကုန်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၁ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၄ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးရွာဖွယ်ရှိနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၄၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

ဒီဗွီဘီ
သြဂုတ်လ ၂၁ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံမှာဆိုရင် ကပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ တိမ်ထူထပ်နေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော် တိမ်အသင့်အတင့် ဖြစ်ထွန်းနေတာကို တွေ့ရ ပါတယ်။ မြန်မာနိုင်ငံပေါ်မှာ ကတော့ မြောက်ပိုင်း၊ တောင်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်ထူထပ်နေပါတယ်။ ကျန်ဒေသတွေမှာ တိမ်အသင့်အတင့်ဖြစ် ထွန်းနေပါတယ်။

သမ္မတဦးသိန်းစိန်၏ ၄ လပတ် မိန့်ခွန်းအပေါ် သုံးသပ်ချက်များ

သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ ၄ လပတ် အစည်းအဝေးတခုကို သြဂုတ် ၂၀ ရက်နေ့က နေပြည်တော်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတက အဖွင့်မိန့်ခွန်း ပြောခဲ့ပါတယ်။

သမ္မတ၏ လ ၂၀ အတွင်း အကောင်အထည်ဖော်မည့် eGovernment အစီအစဉ် မဖြစ်နိုင်ဟု ပညာရှင်များသုံးသပ်

Photo: သမ္မတ၏ လ ၂၀ အတွင်း အကောင်အထည်ဖော်မည့် eGovernment အစီအစဉ် မဖြစ်နိုင်ဟု ပညာရှင်များသုံးသပ်
Thursday, August 21, 2014

မတ်လအတွင်းက MICT Park တွင် ပြုလုပ်ခဲ့သည့် ICT 4M FORUM ပညာရှင်များက eGovernment လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြစဉ်။ ဓာတ်ပုံ- MCIA

နိုင်ငံတော်သမ္မတက၏ လ ၂၀ အတွင်း  eGovernment လုပ်ငန်းစဉ်များ တွင်ကျယ်စွာ အသုံးပြုနိုင်သည့် အခြေအနေအထိ အကောင်အထည်ဖော်ရန် မဖြစ်နီုင်ဟု Yangon Heartz Media ၏ အမှုဆောင် အရာရှိချုပ် ကိုဇော်ဇော်မျိုးလွင်က သုံးသပ်သည်။

ကိုဇော်ဇော်မျိုးလွင်က “လ ၂၀ ဆိုတာ ၀န်ကြီးဌာနတစ်ခုတည်းသာမက အစိုးရဌာနက လူတွေအားလုံးလည်း အပြောင်းအလဲလုပ်ရပါမယ်။ လ၂၀ အတွင်းမှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အောင်မြင်ဖို့ လိုဦးမယ်။ ပေါ်လစီနဲ့ပတ်သက်ပြီး အခက်အခဲတွေ ရှိနိုင်ပါတယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို “အသေးစားနဲ့ အလတ်စားလုပ်ငန်းစဉ်တွေကို ပြီးအောင်လုပ်နေပါတယ်။ လ ၂၀ အတွင်း ဘာတွေ ပြီးအောင်လုပ်နိုင်မလဲပေါ့။ ပြီးအောင်လုပ်နိုင်မယ့် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပါတယ်”ဟု ဖြေကြားသည်။

ဆက်လက်ပြီး ၎င်းက“လ ၂၀ အတွင်း eGovernment ကြီး အောင်အောင်မြင်မြင် ဖြစ်လာမယ်ဆိုတာမျိုးတော့ မဟုတ်ဘူးပေါ့။ eGovernment အဆိုတာလည်း အခြားစီမံကိန်းတွေလို မဟုတ်ဘူး။ အမြဲတမ်းလုပ်နေရမယ့်ဟာမျိုးပါ။ လ ၂၀ အတွင်းမှာ အားလုံးပြီးပြည့်စုံသွားမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး”ဟု eGovernment ပုံဖော် ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ရှင်းပြသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေဖြင့် အစိုးရအဖွဲ့များနှင့် လေးကြိမ်တိုင် တွေ့ဆုံခဲ့ပြီး eGovernment လုပ်ငန်းစဉ်များအတွက် ခန့်မှန်းဘတ်ဂျက်ကို တွက်ချက်တင်ပြပြီး လုပ်ဆောင်ရန်ရှိသည်များကို အကြံပြုပေးခဲ့သည်ဟု ဦးဇော်မင်းဦးက ဆိုသည်။

eGovernment ပုံဖော်ဆောင်ရွက်ရန် အတွက် နည်းပညာအပြင် ၀န်ကြီးဌာန အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုများ၊ မူဝါဒများ အသေအချာ ချမှတ်ထားရှိရန် လိုအပ်သည်ဟုလည်း ကိုဇော်ဇော်မျိုးလွင်က ထောက်ပြခဲ့သည်။

ယင်းကဲ့သို့ ထောက်ပြမှုအပေါ် ဦးဇော်မင်းဦးက “မူဝါဒက ပြည့်စုံပါတယ်။ သမ္မတ ကိုယ်တိုင်ရော ၀န်ကြီးဌာနတွေပါ ပူးပေါင်း လုပ်ဆောင်ချင်တဲ့စိတ်ရှိပါတယ်။ လက်တွေ့လုပ်ဆောင်ရမယ့် အပိုင်းကိုရောက်ရင်တော့ အားနည်းတယ်။ Solution Provider သူက တွေရော အားလုံးမှာ လက်တွေ့လုပ်ဆောင်တဲ့အပိုင်း အားနည်းတာမျိုး ရှိပါတယ်”ဟု ၎င်း၏အမြင်ကို ပြောသည်။

အစိုးရအဖွဲ့ကSolution Provider Solution Provider Solution Provider Solution Provider Solution Provider Solution Provider Solution Provider အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် မဟာဗျူဟာ စီမံကိန်း (Master Plan) များရေးဆွဲရန် နိုင်ငံတကာအကြံပေး အဖွဲ့များ ဖိတ်ခေါ်ပြီး ရေးဆွဲလျက်ရှိသည်ဟုလည်း ဦးဇော်မင်းဦးက ပြောသည်။

eGovernment လုပ်ငန်းများ အောင်မြင်နေသည့် နိုင်ငံများသည် နှစ်ပေါင်း ၃၀ ခန့် အချိန်ယူဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး လ ၂၀ အတွင်းတွင် ပြည့်စုံသည့် လုပ်ငန်းဆောင်ရွက်မှုများ ပြီးစီးနိုင်မည်မဟုတ်သော်လည်း eService လုပ်ငန်းများ အကောင်အထည်ပေါ်လာလိမ့်မည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးမင်းဦးက ပြောသည်။

eGovernment လုပ်ငန်းစဉ်များကို လ ၂၀ အတွင်း ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ဘတ်ဂျက်ပမာဏကို လွှတ်တော်တွင်း တင်သွင်းပါက လွှတ်တော်က မလျှော့ချရန် လိုအပ်သည်ဟု ဦးမင်းဦးက ၎င်း၏အမြင်ကို သုံးသပ်သည်။

ဦးမင်းဦးက“ဘတ်ဂျက်ကိုလွှတ်တော် တင်တဲ့နေရာမှာ လွှတ်တော်က လျှော့ချတာမျိုး မလုပ်ဖို့လိုတယ်။ eGovernment လုပ်ငန်းတွေက စတင်လုပ်တဲ့နေရာမှာ အကုန်အကျများတယ်။ ဒါပေမဲ့ ရေရှည်မှာ သက်သာတဲ့နည်းလမ်းပါ။ ဒါကို သေသေချာချာ တင်သွင်းဖို့ လိုတယ်”ဟု ဆိုသည်။

ဝန်ကြီးဌာနများတွင် eGovernment လုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ကျမှုများအတွက် စာရင်းစစ်ဆေးမှုများတွင် အကောင်အထည်ပြရန် မဖြစ်နိုင်သည့် လုပ်ငန်းစဉ်များဖြစ်သဖြင့် ကျော်ဖြတ်ရန် လိုအပ်သည့် အချက်တစ်ခုကိုလည်း ထည့်သွင်းစဉ်းစားရမည်ဟု ဦးမင်းဦးက ဆိုသည်။

၎င်းက “လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ကွန်ပျူတာတစ်လုံး ၀ယ်တယ်ဆိုရင် ဘယ်လောက်ကုန်ကျတယ်ဆိုတာ အတိအကျ ပြောလို့ရတယ်။ Solution တစ်ခုကို ဘယ်လောက်ကျတယ်ဆိုတာကျတော့ ပြဖို့ အခက်အခဲဖြစ်နေတယ်။ ဒါကကျော်ဖြတ် ဖို့လိုတဲ့ အဆင့်တစ်ခုဖြစ်လာမယ်ထင်ပါတယ်”ဟု ၀န်ကြီးဌာနများ ချိတ်ဆက် ဆောင်ရွက်ရာတွင် ကြုံတွေ့ရမည့်အခက် အခဲကို ရှင်းပြခဲ့သည်။

နိုင်ငံတော်သမ္မတက၏ လ ၂၀ အတွင်း eGovernment လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဇူလိုင်လအတွင်းက လမ်းညွှန်ပြောကြားထားခဲ့သည်။

Mizzima - News in Burmese
မတ်လအတွင်းက MICT Park တွင် ပြုလုပ်ခဲ့သည့် ICT 4M FORUM ပညာရှင်များက eGovernment လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြစဉ်။ ဓာတ်ပုံ- MCIA
နိုင်ငံတော်သမ္မတက၏ လ ၂၀ အတွင်း  eGovernment လုပ်ငန်းစဉ်များ တွင်ကျယ်စွာ အသုံးပြုနိုင်သည့် အခြေအနေအထိ အကောင်အထည်ဖော်ရန် မဖြစ်နီုင်ဟု Yangon Heartz Media ၏ အမှုဆောင် အရာရှိချုပ် ကိုဇော်ဇော်မျိုးလွင်က သုံးသပ်သည်။

အိန္ဒိယ ကလေးငယ်တစ်ဦး ၏လက်များအဆမ တန်ကြီးထွားနေ


အသက်ရှစ်နှစ်အရွယ် အိန္ဒိယကလေးငယ် တစ်ဦး၏ လက်နှစ်ဖက်သည် အတိုင်းထက်အလွန် ကြီးမားနေ ပြီး အရွယ်အစား အလေးချိန်အားဖြင့် နှစ်စတုန် (တစ် စတုန်လျင် ၁၄ ပေါင်ခန့်) ရှိသောကြောင့် ဆရာဝန် များကို အံ့အားသင့်စေခဲ့သည်ဟု သြဂုတ်လ ၂၀ ရက် ဒေလီးမေးလ် သတင်းတွင် ဖော်ပြထားသည်။

ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် အိမ်ရာများ ၂၀၁၅ နှစ်ဆန်းတွင် အခန်းအပ်မည်

 Photo: ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် အိမ်ရာများ ၂၀၁၅ နှစ်ဆန်းတွင် အခန်းအပ်မည်
Thursday, August 21, 2014

ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်အိမ်ရာ စီမံကိန်းတွင် မဲပေါက်၍ အခန်းဝယ်ယူခွင့် ရရှိသူများအား ၂၀၁၅ နှစ်ဆန်း၌ အခန်းအပ်နှံမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ သတင်းရရှိသည်။

မြောက်ဒဂုံ ၄၂ ရပ်ကွက် ဗိုလ်မင်းရောင်လမ်းရှိ မြေ ၁၁ ဧကတွင် အခန်းပေါင်း ၈၀၀ ကျော် ပါဝင်သည့် ဗိုလ်မင်းရောင်အိမ်ရာ စီမံကိန်းမှာ ၂၀၁၃ ခုနှစ် ဇူလိုင်လမှ စတင်ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်တွင် ပြီးစီးမည်ဖြစ်ရာ ၂၀၁၅ ဇူလိုင်တွင် ပိုင်ရှင်များထံ အခန်း အပ်နှံနိုင်မည်ဖြစ်သည်။

ထို့အတူ အခန်းပေါင်း ၄၀၀ ကျော် ပါဝင်သည့် ဗိုလ်ဗထူး အိမ်ရာစီမံကိန်းမှလည်း စီမံကိန်းကာလကို ၂၀၁၃ ခုနှစ် မေလမှစတင် ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာတွင် ပြီးစီးမည်ဖြစ်ရာ ၂၀၁၅ နှစ်ဆန်းမှသာ အခန်းပိုင်ရှင်များအား  အပ်နှံနိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ရောင်းချ သည့် အဆိုပါ အိမ်ရာစီမံကိန်း နှစ်ခုလုံးကို လျှောက်ထားသူများ ပြားပြီး မေလဆန်းက တိုင်းဒေသကြီး အစိုးရအဖွဲ့က မဲဖောက်စနစ် ဖြင့် ရောင်းချခဲ့သည်။

အခန်းငယ်ဝယ်ယူခွင့်ရရှိသူသည် လအလိုက် အရစ်ကျငွေ ပေးချေမှုစနစ်ကို စတင်ပေးချေ နေရပြီဖြစ်သည်။

ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်းကို အောင်မြင်တိုးတက်ရေး ဆောက်လုပ်ရေး ကုမ္ပဏီက ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီနှင့် အကျိုးတူပူးပေါင်း တည်ဆောက်ထားခြင်းဖြစ်ပြီး ဗိုလ်ဗထူးအိမ်ရာစီမံကိန်းကို မူ Myanmar V-pile ကုမ္ပဏီလီမိတက်က ပူးပေါင်းတည်ဆောက်နေခြင်းဖြစ်သည်။

လက်ရှိတွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက လှိုင်သာယာမြို့နယ်တွင် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ဖော်ဆောင်နေပြီး လျှောက်ထားသူများအား မဲဖောက်စနစ်ဖြင့် ရောင်းချမည်ဖြစ်၍ နှစ်ရှည် အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချမည်ဖြစ်သည်။

7Day DAILY 

ဗိုလ်ဗထူးအိမ်ရာဆောက်လုပ်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))
ဗိုလ်ဗထူးအိမ်ရာဆောက်လုပ်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်အိမ်ရာ စီမံကိန်းတွင် မဲပေါက်၍ အခန်းဝယ်ယူခွင့် ရရှိသူများအား ၂၀၁၅ နှစ် ဆန်း၌ အခန်းအပ်နှံမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာနှင့် အဆောက် အအုံဌာနမှ သတင်းရရှိသည်။

တနင်္သာရီ-မောင်တော လမ်းအသုံးပြုခ ကောက်ခံမှု မြိတ်အများပိုင် ကုမ္ပဏီ ရရှိ

 မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်က လမ်းအသုံးပြုခ  ကောက်ခံခြင်းလုပ်ငန်းကိုမြန်မာ  နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အနေဖြင့် မြိတ်အများပိုင်ကော်ပို ရေးရှင်း ကုမ္ပဏီသို့ ချထားပေး လိုက်ကြောင်း အဆိုပါကော်မရှင် မှ သတင်းရရှိသည်။

မုံရွာမြို့ပေါ်လမ်းမကြီးတွင် ရေတင်သည်အထိ မိုးသည်းထန်စွာရွာသွန်း

Photo: မုံရွာမြို့ပေါ်လမ်းမကြီးတွင် ရေတင်သည်အထိ မိုးသည်းထန်စွာရွာသွန်း
Thursday, August 21, 2014

ဩဂုတ် ၂၀ ရက်က မုံရွာမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ သဖြင့် မြို့ပေါ်လမ်းမကြီး အချို့ နေရာများ၌ မိုးရေတင်သည် အထိ ရွာသွန်းခဲ့ကြောင်း သတင်းရရှိသည်။

‘‘ဒီနေ့ (ဩဂုတ် ၂၀ ရက် နံနက် ၉ နာရီအထိ တိုင်းတာချက်များအရ မိုးရေချိန်လက်မ ၀ ဒသမ ၅၉ လက်မဖြစ်ပါတယ်။ နောက်ထပ်လည်း မိုးကဆက် တိုက်ရွာသွန်းနေပါတယ်။ ချင်း တွင်းမြစ်ရေအနေနဲ့ လက်ရှိရေ အမှတ်က ၉၂၇ စင်တီမီတာကို ရောက်နေပါပြီ။ နောက်ထပ် အနည်းငယ်မြင့်တက်နိုင်ပါတယ်။ မိုးဆက်မရွာရင်တော့ မုံရွာမြို့ရဲ့ စိုးရိမ်ရေအမှတ်ကိုကျော်လွန်နိုင်မှာမဟုတ်ဘူးလို့ ခန့်မှန်းရပါတယ်’’ဟု မုံရွာမြို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုးရေများ လမ်းမပေါ်တင် ကျန်ခဲ့ရသည့် အကြောင်းရင်းမှာ မိုးသည်းထန်စွာရွာသွန်းခြင်းအပြင်ရေစီးရေလာကောင်းမွန်သော ရေမြောင်းစနစ်များမရှိ၍ ဖြစ်ကြောင်းမုံရွာဒေသခံများက ပြောသည်။

မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်တွင် ရေမြောင်း စနစ်များထားရှိသော်လည်း ရေစီးရေလာမကောင်းသည့်နေရာ အချို့၌ မိုးရေများတင်ကျန် နေသဖြင့် သန့်ရှင်းရေးဝန်ထမ်းများဖြင့် ရှင်း လင်းရေးလုပ်ငန်းများဆောင်ရွက် နေရကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများက ပြောသည်။

 မုံရွာမြို့နယ် စည်ပင်သာ ယာရေးကော်မတီကလည်း ယခု ဘဏ္ဍာနှစ်အတွင်း မုံရွာမြို့ပေါ်ရှိ ပြည်ထောင်စုလမ်းနှင့် ကျောက္ကာ လမ်းမကြီးတစ်လျှောက်တွင် ရေစီးရေလာ ကောင်းမွန်သော ရေမြောင်းစနစ်များ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မုံရွာမြို့နယ် စည်ပင်သာ ယာရေးအဖွဲ့ အင်ဂျင်နီယာဌာနမှ သိရသည်။

7Day DAILY 

မုံရွာမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
မုံရွာမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
ဩဂုတ် ၂၀ ရက်က မုံရွာမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ သဖြင့် မြို့ပေါ်လမ်းမကြီး အချို့ နေရာများ၌ မိုးရေတင်သည် အထိ ရွာသွန်းခဲ့ကြောင်း သတင်းရရှိသည်။

အလုပ်မပြနိုင်သည့် သင်္ဘောသား ကုမ္ပဏီသုံးခု လုပ်ငန်းလိုင်စင် ပြန်အပ်

သင်္ဘောသားကိုယ်စား လှယ်လုပ်ငန်းလိုင်စင် (SRPS) ယာယီ ထုတ်ပေးထားသည့် ကုမ္ပဏီများအနက် သင်္ဘောသား ပို့ဆောင်ပေးနိုင်ခြင်း မရှိသည့် ကုမ္ပဏီ ၃ ခု လုပ်ငန်းလိုင်စင်ပြန်အပ်ခဲ့ကြောင်း ရေကြော င်းညွှန်ကြားမှူး ဦးစီးဌာနမှ သတင်းရရှိသည်။

ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီးကို ၀န်ကြီးချုပ်အဖြစ် လွှတ်တော်က ခန့်အပ်

Photo: ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီးကို ၀န်ကြီးချုပ်အဖြစ် လွှတ်တော်က ခန့်အပ်
Thursday, August 21, 2014

ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို ၀န်ကြီးချုပ်အဖြစ် စစ်တပ် လွှမ်းမိုးတဲ့ လွှတ်တော်က သြဂုတ်လ ၂၁ ရက်နေ့က ကန့်ကွက်သူ မရှိ ခန့်အပ်လိုက်ပါတယ်။

ထိုင်းနိုင်ငံအတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် ရက် ၁၀၀ မပြည့်မီ အာဏာသိမ်းခေါင်းဆောင်ကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ပရာယွတ်ကတော့ ရဲတွေနဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသမားတွေကြား ရုန်းရင်းဆန်ခတ်မှုတွေကြောင့် သေဆုံးဒဏ်ရာရမှုတွေဖြစ်အပြီးမှာ အာဏာသိမ်းမယ်၊ မသိမ်းဘူးဆိုတာကို အပြတ်မပြောခဲ့ပါဘူး။

ပဋိပက္ခမှာ စစ်တပ်က ဘက်မလိုက် နေခဲ့ပေမယ့် ဆန္ဒပြခေါင်းဆောင်နဲ့ ဒုဝန်ကြီးချုပ်ဟောင်း ဆူသက် သောင်ဆုဘန်က ကြားဝင်ပေးဖို့ စစ်တပ်ကို တောင်းဆိုခဲ့ပါတယ်။

ဒါကြောင့် စစ်အုပ်ချုပ်ရေး ကြေညာပေမယ့် အာဏာမသိမ်းဘဲ နိုင်ငံရေးပြိုင်ဘက်တွေကြား မတိုးသာ မဆုတ်သာ ဖြစ်နေတာကို ဖြေရှင်းဆွေးနွေးကြဖို့ ဆော်သြခဲ့တာပါ။

ပြိုင်ဘက်နိုင်ငံရေးအုပ်စုခေါင်းဆောင်တွေကို ဆင့်ခေါ်ပြီး နိုင်ငံရေးအဖြေရှာဖို့ အစည်းအဝေးကျင်းပခဲ့ပါတယ်။

အဖြေမထွက်ခဲ့တဲ့ နောက်မှာတော့ ကြည်း၊ ရေ၊ လေတပ်နဲ့ ရဲတပ်ဖွဲ့တွေပါတဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီက စီမံအုပ်ချုပ်ရေးသြဇာကို ထိန်းသိမ်းခဲ့ရတယ်လို့ အာဏာသိမ်း ဗိုလ်ချုပ်ကြီးက ပြောပါတယ်။

နိုင်ငံစီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်လာတဲ့ လမ်းပေါ် လနဲ့ချီ ပိတ်ဆို့ ဆန္ဒပြမှုတွေကြောင့် နိုင်ငံရေးအဖြေထုတ်ဖို့ ပြိုင်ဘက်နိုင်ငံရေးခေါင်းဆောင်တွေ ညှိနှိုင်းလို့ မရတဲ့အဆုံး စစ်အာဏာသိမ်းကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီနောက် အာဏာသိမ်းခေါင်းဆောင်ဟာ နိုင်ငံခြားကုန်သည်ကြီးများအသင်း ၀င်တွေနဲ့ တွေ့ဆုံပြီး ထိုင်းနိုင်ငံ အခြေအနေကို စိတ်ချဖို့ အာမခံ ပြောဆိုပြီးနောက် ထိုင်းနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ရှိဆဲပဲလို့ ပြောခဲ့ပါတယ်။

ထိုင်းစစ်တပ်ဟာ အနှစ် ၈၀ အတွင်း ၁၈ ကြိမ်မြောက်အဖြစ် အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ဖယ်ရှား အာဏာသိမ်းခဲ့ပြီးနောက် ၈ နှစ်အကြာ နိုင်ငံရေးအကျပ်အတည်း နောက်ဆုံးအချိန်မှာ အရေးပါတဲ့အခန်းကဏ္ဍကို ထပ်ပြီး တာဝန်ထမ်းဆောင်မယ့်ပုံ ရှိတယ်လို့ မီဒီယာတွေက သုံးသပ်နေကြပါတယ်။

DVB
ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို ၀န်ကြီးချုပ်အဖြစ် စစ်တပ် လွှမ်းမိုးတဲ့ လွှတ်တော်က သြဂုတ်လ ၂၁ ရက်နေ့က ကန့်ကွက်သူ မရှိ ခန့်အပ်လိုက်ပါတယ်။

အပစ်ရပ်မူကြမ်း အပြီးသတ်နိုင်ရန် အစိုးရနှင့် တပ်မတော်ညှိနှိုင်းရန်သာ ကျန်ရှိတော့

 Photo: အပစ်ရပ်မူကြမ်း အပြီးသတ်နိုင်ရန် အစိုးရနှင့် တပ်မတော်ညှိနှိုင်းရန်သာ ကျန်ရှိတော့
Thursday, August 21, 2014

နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးမူကြမ်းတွင် ကျန်ရှိနေသည့် အချက်များမှာ အစိုးရနှင့် တပ်မတော်အကြား ညှိနှိုင်းရန်သာ ကျန်ရှိနေခြင်းဖြစ်သည်ဟု တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCTမှ ဗိုလ်မှူးကြီးခွန်ဥက္ကာက သြဂုတ် ၂၀ ရက်တွင် ပြောသည်။

အပစ်ရပ်ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရာတွင် ပါဝင်ဆွေးနွေးမည့် အစုအဖွဲ့နေရာ၌ NCCT မှ သုံးပွင့်ဆိုင် (အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီ) နှင့် အစိုးရဘက်မှ ငါးပွင့်ဆိုင် (အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီ) ဟူ၍ သဘောထားကွဲပြားနေခြင်း ဖြစ်သည်။

ထိုကွဲပြားမှုမှာ အပစ်ရပ်မူကြမ်း အချောသတ်ရန် ကျန်ရှိနေသည့် အချက်အချို့မှ တစ်ချက်ဖြစ်သည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “တိုင်းရင်းသားတွေဘက်က မပြေလည်တာ မရှိတော့ဘူး။ လိုင်ဇာကတည်းက အကုန်ညှိပြီးသား။ အခုက အစိုးရနဲ့ တပ်မတော်အကြား ဘယ်လောက်ဖြေလျှော့မလဲ၊ ဘယ်လောက်နားလည်မလဲ ဆိုတာပဲ ကျန်တယ်” ဟု ပြောသည်။

NCCT သည် သုံးပွင့်ဆိုင်နေရာတွင် နိုင်ငံတော်အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟု စကားလုံးသုံးနှုန်းကာ ထိုထဲတွင် လက်ရှိ အစိုးရအဖွဲ့၊ တပ်မတော်နှင့် လွှတ်တော်ဟု ထည့်သွင်းထားသည်။ ထိုအချက်နှင့်ပတ်သက်၍ တပ်မတော်ဘက်က သီးခြားအစုအနေဖြင့် ပါဝင်လိုခြင်းဖြစ်သဖြင့် အစိုးရနှင့် တပ်မတော်အကြား ညှိနှိုင်းရမည့်ကိစ္စရပ်သာဖြစ်သည်ဟု ခွန်ဥက္ကာက ပြောသည်။

အစိုးရနှင့် တပ်မတော်က ယင်းအစုအဖွဲ့ သတ်မှတ်ရေးအချက်နှင့် ပတ်သက်၍ အလျှော့မပေးလိုသည့် ပုံရှိပြီး၊ တပ်မတော်ကမူ သီးသန့်ရပ်တည်လိုသည့် အနေအထားကို ဖော်ပြပြောဆိုနေသည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက သြဂုတ် ၁၇ ရက်တွင် မဇိ္ဈမကို ပြောဆိုထားသည်။

ကျန်ရှိသည့်အချက်များမှာ အပစ်ရပ်ပြီးနောက်နှင့် နိုင်ငံရေးဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များမချမီ ကြားကာလတွင် တပ်နေရာချထားရေး ကိစ္စများ၊ ပြန်လည် မပစ်ခတ်စေရန် စည်းကမ်းချမှတ်ခြင်းများနှင့် စောင့်ကြည့် ကော်မတီဖွဲ့စည်းခြင်း ကိစ္စရပ်များ၊ အပစ်ရပ်ရေး သဘောတူညီမှုတွင် မည်သူတို့ပါဝင်မည်ကို သတ်မှတ်ရေးနှင့် အပစ်ရပ်ပြီးနောက် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်မည့် အစုအဖွဲ့ သတ်မှတ်ရေးတို့ဖြစ်သည်။

အပစ်ရပ်မူကြမ်းမှာ အချောသတ်နိုင်ရန် ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။ ညှိနှိုင်းရန် ကျန်ရှိနေသည့် အချက်များကို စက်တင်ဘာတွင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

Mizzima - News in Burmese

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) ဩဂုတ်လ ၁၅ ရက် တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းမှ ဆွေးနွေးစဉ်။ ဓာတ်ပုံ-ဘိုဘို
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ (NCCT)တို့ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ဩဂုတ်လ ၁၅ ရက် တွေ့ ဆုံဆွေးနွေး ပွဲ တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းမှ ဆွေးနွေးစဉ်။ ဓာတ်ပုံ-ဘိုဘို
နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးမူကြမ်းတွင် ကျန်ရှိနေသည့် အချက်များမှာ အစိုးရနှင့် တပ်မတော်အကြား ညှိနှိုင်းရန်သာ ကျန်ရှိနေခြင်းဖြစ်သည်ဟု တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCTမှ ဗိုလ်မှူးကြီးခွန်ဥက္ကာက သြဂုတ် ၂၀ ရက်တွင် ပြောသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး ဒစ်ဂျစ်တယ် သတင်းစာ

Photo: မြန်မာနိုင်ငံ၏ ပထမဆုံး ဒစ်ဂျစ်တယ် သတင်းစာ

♦ Eleven Media Group မှ ထုတ်ဝေလျက်ရှိသော သတင်းစာနှင့် ဂျာနယ်များကို ဒစ်ဂျစ်တယ်သတင်းစာပုံစံဖြင့် store.news-eleven.com တွင် နေ့စဉ် ဖတ်ရှုနိုင်ပြီ ဖြစ်ပါသည်။ Register ပြုလုပ်ရုံဖြင့် သြဂုတ် ၂၁ ရက် ၂၀၁၄ မှ သြဂုတ် ၃၁ ရက် ၂၀၁၄ အထိ အခမဲ့ အသုံးပြုခွင့် ရရှိမည်ဖြစ်ပါသည်။ စက်တင်ဘာ ၁ ရက်မှ စတင်ပြီး ဒစ်ဂျစ်တယ် သတင်းစာနှင့် ဂျာနယ်များကို ဖတ်ရှုလိုသူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ Package များကို တစ်လ၊သုံးလ၊ခြောက်လ၊ ရွေးချယ် ၀ယ်ယူနိုင်ပါသည်။

♦ ငွေပေးချေမှုအတွက် ပြည်တွင်းပြည်ပဘဏ်များတွင် ပြုလုပ်ထားသည့် Master ၊ Visa ပါဝင်သည့် Debit နှင့် Credit ကတ် နှစ်မျိုးစလုံး အသုံးပြုနိုင်ပါသည်။ ပြည်တွင်းမှ ဘဏ်ဝန်ဆောင်မှု မရောက်ရှိနိုင်သည့် နေရာများတွင်လည်း နှစ်လအတွင်း ခဲခြစ် ငွေဖြည့်ကတ်ဖြင့် ပေးချေ၍ ၀ယ်ယူဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

♦ ကွန်ပျူတာ ၊ Android နှင့် iOS စနစ်များတွင် ပါဝင်သည့် အင်တာနက် Browser ဖြင့် store.news-eleven.com တွင် ဖတ်ရှုနိုင်ပါသည်။ Android Application ကို store.news-eleven.com မှ Download ပြုလုပ်၍ အသုံးပြုနိုင်ပါသည်။ 
Apple iOS တွင်လည်း မကြာမီ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိပါသည်။
Eleven Media Group မှ ထုတ်ဝေလျက်ရှိသော သတင်းစာနှင့် ဂျာနယ်များကို ဒစ်ဂျစ်တယ် သတင်းစာ ပုံစံဖြင့် store.news-eleven.com တွင် နေ့စဉ် ဖတ်ရှုနိုင်ပြီ ဖြစ်ပါသည်။ Register ပြုလုပ်ရုံဖြင့် သြဂုတ် ၂၁ ရက် ၂၀၁၄ မှ သြဂုတ် ၃၁ ရက် ၂၀၁၄ အထိ အခမဲ့ အသုံးပြုခွင့် ရရှိမည်ဖြစ်ပါသည်။ စက်တင်ဘာ ၁ ရက်မှ စတင်ပြီး ဒစ်ဂျစ်တယ် သတင်းစာနှင့် ဂျာနယ်များကို ဖတ်ရှုလိုသူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ Package များကို တစ်လ၊သုံးလ၊ခြောက်လ၊ ရွေးချယ် ၀ယ်ယူနိုင်ပါသည်။

ရန်ကုန်မြို့လယ်ခေါင်တွင် ညဈေးဖွင့်ရန် ပြင်ဆင်

Photo: ရန်ကုန်မြို့လယ်ခေါင်တွင် ညဈေးဖွင့်ရန် ပြင်ဆင်
Thursday, August 21, 2014 

ရန်ကုန်မြို့လယ်မှာ ညဈေးတန်းတခု ဖွင့်ဖို့ ပြင်ဆင်နေပြီး ဒီနှစ်ကုန်ပိုင်းလောက် ဖွင့်နိုင်ဖို့ ကြိုးပမ်း လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

Mahar BanDuHla Park2ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံဘေးက မဟာဗန္ဓုလ လမ်းပေါ်မှာ ညဈေးတခုဖွင့်ဖို့ တိုင်းအစိုးရနဲ့ မူအရ သဘောတူထားပြီဆိုပြီး ညဈေးဖွင့်ဖို့ စီစဉ်နေပုံနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးကျော်မြတ်မိုးက ဒီဗွီဘီကို ခုလိုရှင်းပြပါတယ်။

“အဓိကတော့ ကျနော်တို့ စိတ်ကူးက လမ်းဘေးစားသောက်ဆိုင်လေးတွေကို ပံ့ပိုးကူညီပေးနေတဲ့ အစီအစဉ် လုပ်နေတယ်။ အဲဒီကနေပြီးတော့ စည်းကမ်းတကျနဲ့ ရောင်းချတဲ့ စားသောက်ဆိုင်တွေကို ညဈေးမှာ နေရာချထားပေးဖို့ ရည်ရွယ်ထားတယ်။ နောက်တခုက ညနေဈေးမှာ ကောင်းမွန်တဲ့ ရေမြောင်းစနစ်တွေ ရှိစေချင်တယ်။ ဈေးသည်လေးတွေဘက်ကလည်း ညဈေးမှာ ရောင်းပြီးလို့ရှိရင် ဒီမှာ အိပ်လို့မရဘူး။ ပြီးတဲ့အခါမှာ သူတို့အားလုံး သိမ်းဆည်းသွားရမယ်။ သန့်ရှင်းရေးတွေ လုပ်သွားရမယ်။ မနက်ဆိုရင် သန့်သန့်ရှင်းရှင်း ဖြစ်နေရမယ်။ အဓိကတော့ ရောင်းချမယ့် စားသောက်ဆိုင် ပိုင်ရှင်လေးတွေ အသိပညာပေါ့၊ ပထမဆုံး သူတို့ရဲ့ စိတ်ဓာတ်တွေကို မြှင့်တင်ပေးဖို့ သင်တန်းတွေ တွေ့ဆုံဆွေးနွေးပွဲတွေ တောက်လျှောက်လုပ်နေပါတယ်။”

ဖွင့်လှစ်ဖို့ ရှိနေတဲ့ ညဈေးမှာ ဆိုင်ခန်းပေါင်း ၁၅၀ လောက်ဖွင့်ဖို့ လျာထားပြီး စားသောက်ဆိုင် အထိမ်းအမှတ်လက်ဆောင် ပစ္စည်းဆိုင် စသဖြင့် ပစ္စည်းမျိုးစုံ ရောင်းချသွားဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ဗေဒင်ဟောခန်းနဲ့ ရိုးရာအနှိပ်ခန်းတွေလည်း ညဈေးမှာ ထားရှိဖို့ ရှိနေပါတယ်။

ညဈေးကို ညနေ ၄ နာရီကနေ ည ၁၁ နာရီထိ ဖွင့်ဖို့ တိုင်းဒေသကြီးအစိုးရထံ အဆိုပြု တင်ပြထားပြီး နောင် အဆင်ပြေရင် ဈေးဖွင့်ချိန် ထပ်တိုးသွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက အမှုဆောင်တဦးဖြစ်တဲ့ ဦးအေးကျော်က ညဈေးဖွင့်ရင် ကမ္ဘာ့လှည့်ခရီးသည်တွေအတွက် လမ်းလျှောက်စရာတနေရာ တိုးလို့ ကောင်းပေမယ့် သန့်ရှင်းရေးက အရေးကြီးမယ်လို့ ပြောပါတယ်။

“ဒီမှာ လုပ်လို့ရှိရင် နိုင်ငံခြားသားတွေအတွက် လာလည်စရာနေရာနဲ့ စားစရာနေရာတခု ရသွားမှာပေါ့။ ဒါပေမယ့် ဒီနေရာမှာ သန့်ရှင်းအောင် ပြန်လုပ်ဖို့ ၀တ္တရားဟာ စားသောက်ဆိုင် လာဖွင့်တဲ့ သူတွေမှာ ရှိတယ်။ ဘယ်လောက်အထိ သန့်သန့်ရှင်းရှင်းနဲ့ ပြန်ဖြစ်အောင် အမှိုက်တွေ သိမ်းဖို့လိုတယ်။ စည်ပင်သာယာကတော့ ဒီနေရာမှာ ဆိုင်လာဖွင့်ရ အခွန်ကောက်မှာပဲ။ အခွန်ကောက်ရုံတင် ကောက်ပြီး သန့်ရှင်းရေး မလုပ်လို့ မရဘူး။ တရုတ်ပြည်မှာ ညဘက် မီးသတ်ပိုက်တွေနဲ့ ဆေးတာ၊ မနက်ကျရင် ရှင်းလင်းနေတာပဲ။”

မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းအနေနဲ့ ရန်ကုန်မြို့မှာ ရှိတဲ့ စားသောက်ဆိုင်တွေကို စဉ်ဆက်မပြတ် စစ်ဆေး အကဲဖြတ်ပြီး သန့်ရှင်းသပ်ရပ် ကောင်းမွန်တဲ့ စားသောက်ဆိုင်တွေကိုပဲ ညဈေးမှာ ရောင်းချဖို့ ရွေးချယ်သွားမှာလည်း ဖြစ်ပါတယ်။

မြန်မာအိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ မြို့တော် ဘန်ကောက်နဲ့ ချင်းမိုင်မြို့တွေမှာ ညဈေးတွေ ဖွင့်လှစ် ရောင်းချပေးနေပြီး ကမ္ဘာ့လှည့်ခရီးသွားတွေ အလာများတဲ့နေရာဖြစ်သလို ဒေသခံတွေအတွက်လည်း အလုပ်အကိုင်နဲ့ စီးပွားရှာကောင်းတဲ့ အဓိကနေရာတွေလို ဖြစ်နေကြောင်းပါ။

ဒီဗွီဘီ
ရန်ကုန်မြို့လယ်မှာ ညဈေးတန်းတခု ဖွင့်ဖို့ ပြင်ဆင်နေပြီး ဒီနှစ်ကုန်ပိုင်းလောက် ဖွင့်နိုင်ဖို့ ကြိုးပမ်း လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

အီဘိုလာဗိုင်းရပ်စ် သံသယလူနာတွင် ငှက်ဖျားပိုးတွေ့

Photo: အီဘိုလာဗိုင်းရပ်စ် သံသယလူနာတွင် ငှက်ဖျားပိုးတွေ့
Thursday, August 21, 2014 

ရန်ကုန်- ဝေဘာဂီဆေးရုံတွင် စစ်ဆေးကုသမှုခံယူနေသော အီဘိုလာရောဂါ သံသယရှိလူနာသည် ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်း အဖြေအရ ငှက်ဖျားရောဂါပိုး နှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီယမ်ဖယ်စီပရမ်နှင့် ပလတ်စမိုဒီရမ်ဗိုင်းဘက် ရောဂါပိုးနှစ်မျိုး ကူးစက်ခံနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

သြဂုတ် ၂၀ ရက် ညနေတွင်ရရှိသော ဓာတ်ခွဲအဖြေအရ ထုတ်ပြန်ခြင်းဖြစ်ပြီး အီဘိုလာရောဂါ သံသယရှိသူ အသက်(၂၂)နှစ်အရွယ် လူနာသည်လည်း သြဂုတ် ၂၁ ရက်တွင် ကျန်းမာရေးတိုးတက်ကောင်းမွန်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

၎င်းနှင့်အတူ စစ်ဆေးကုသနေသော အခြားလေးဦးမှာ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနတွင် စစ်ဆေးသည့် ဓာတ်ခွဲအဖြေအရ မည်သည့်ရောဂါပိုးမျှ မတွေ့ရှိရကြောင်း သတင်းများကို နိုင်ငံပိုင်ရုပ်သံလိုင်းက ကြေညာသွားသည်။

ကူးစက်မြန် အီဘိုလာရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း အစီအစဉ်အရ အီဘိုလာရောဂါနှင့် ပတ်သက်သော ဓာတ်ခွဲစစ်ဆေးမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ သတ်မှတ်ချက်အရ အိန္ဒိယနိုင်ငံ ပူနေးမြို့ရှိ ဗိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့ထားပြီဖြစ်သည်။

ထို့ကြောင့် အီဘိုလာဗိုင်းရပ်စ် ဟုတ်၊ မဟုတ် သိရှိရန် ဓာတ်ခွဲခန်း အဖြေကို စောင့်ကြည့်ရဦးမည်ဖြစ်သည်။

7Day DAILY  

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပမှရောက်ရှိလာသူများအား ကျန်းမာရေးဝန်ထမ်းများက စောင့်ကြည့်စစ်ဆေးနေသည်ကို သြဂုတ် ၂၀ ရက်က တွေ့ရစဉ် [(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)]
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပမှရောက်ရှိလာသူများအား ကျန်းမာရေးဝန်ထမ်းများ က စော င့် ကြည့် စစ်ဆေးနေသည်ကို သြဂုတ် ၂၀ ရက်က တွေ့ရစဉ် [(ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)]
ရန်ကုန်- ဝေဘာဂီဆေးရုံတွင် စစ်ဆေးကုသမှုခံယူနေသော အီဘိုလာရောဂါ သံသယရှိလူနာသည် ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်း အဖြေအရ ငှက်ဖျားရောဂါပိုး နှစ်မျိုးဖြစ်သည့် ပလတ်စမိုဒီ ယမ်ဖယ် စီပရမ်နှင့် ပလတ်စမိုဒီရမ်ဗိုင်းဘက် ရောဂါပိုးနှစ်မျိုး ကူးစက်ခံနေရကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။

ညောင်ဝန်းတွင် နေအိမ်အတွင်း ဝင်ရောက်ဖျက်ဆီးခဲ့သည် ဆိုသည့် ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို အိမ်ရှင်အမှုဖွင့်

Photo: ညောင်ဝန်းတွင် နေအိမ်အတွင်း ဝင်ရောက်ဖျက်ဆီးခဲ့သည် ဆိုသည့် ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို အိမ်ရှင်အမှုဖွင့်
Thursday, August 21, 2014 

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာရှိ နေအိမ် တစ်လုံးအတွင်း ဝင်ရောက်၍ ပစ္စည်းများ ဖျက်ဆီးမှုနှင့် ပတ်သက်၍ သြဂုတ်လ ၁၉ ရက်နေ့တွင် အိမ်ရှင်ဖြစ်သူ ဒေါ်နွဲ့ရီက ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

ရဲမေတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃၉ ဦးတို့သည် လက်နက်ကိုယ်စီဖြင့် ၎င်းနေအိမ်အတွင်း ဝင်ရောက်ကာ ပြတင်းပေါက် တံခါးများကို ရိုက်ခွဲပြီး နေအိမ်အတွင်းမှ ရွာတွင်းရှိ ရွာသူ၊ ရွာသားများကို သေနတ်များဖြင့် ပစ်ခတ်နေသည်ကို အိမ်ရှင်ဒေါ်နွဲ့ရီသည် သြဂုတ်လ ၁၄ ရက်နေ့က ဈေးမှပြန်လာစဉ် တွေ့မြင်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် ဘောလုံးကွင်းအနီးရှိ ဒေါ်စန်းကြင်နု၏ ခြေထောက်ကို သေနတ်ထိမှန်ခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းတွင် ဖော်ပြထားသည်။

“ရွာသားတွေ ဝိုင်းလာတဲ့အတွက် နီးစပ်ရာ လုံခြုံမယ့် နေအိမ်ထဲကို ဝင်ရောက် ပုန်းရှောင်ရတာ။ အမှုမှန်ဖြစ်စေဖို့ ရဲမှူးချုပ်ကိုယ်တိုင် လာရောက် စစ်ဆေးနေတယ်။ ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အရာရှိတွေကို စစ်ဆေးနေပါပြီ။ ရွာသားတွေဘက်က အဖြစ်မှန်ကို ပြောဆိုခြင်း မရှိသေးတဲ့အတွက် အမှုမှန် ပေါ်ပေါက်ဖို့ အားနည်းနေသေးတယ်” ဟု ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးလျက် ရှိသည့် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းကျေးရွာရှိ ဒေါ်စန်းကြင်နု၏ ခြေထောက်ကို သေနတ်ကျည် ထိမှန်ခဲ့သည့်အတွက် ရွာသူ၊ ရွာသားများက ဒေါ်နွဲ့ရီ၏ နေအိမ်ကို ဝိုင်းရံခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ အပြင်ထွက်ပေးရန် ပြောကြားခဲ့ကြောင်း၊ ယင်းနောက် နေအိမ်အတွင်း ဝင်ရောက်ကြည့်ရှုရာ ကျည်ဆန်ခွံ ၁၃ ခုနှင့် ကျည်နှစ်တောင့်၊ စကားပြောစက် တစ်လုံး၊ ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် နံပတ်တုတ် နှစ်ချောင်း၊ ကုံးသီးနှစ်လုံးတို့ ကျန်ရှိခဲ့ပြီး၂၁ လက်မတီဗီ တစ်လုံး၊ အောက်စက်တစ်လုံးတို့ ကွဲအက်ပျက်စီးခဲ့သည့် အပြင် ပြတင်းပေါက်မှန်များနှင့် တံခါးရွက်များ ပျက်စီးခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို အရေးယူပေးရန် ဒေါ်နွဲ့ရီက လက်ပန်လှ ရဲတပ်ဖွဲ့စခန်းတွင် တိုင်ကြားခဲ့ကြောင်း၊ ယင်းကြောင့် (ပ) ၁၆၆/၂၀၁၄ ပြစ်မှုပုဒ် မ ၄၅၁/ ၄၂၇ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရှိရသည်။

စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာတွင် သြဂုတ်လ ၁၄ ရက်နေ့က တပ်သိမ်း လယ်မြေများပေါ်တွင် ဒေသခံတောင်သူများက ထွန်တုံးတိုက်ပွဲများ ပြုလုပ်ခဲ့သောကြောင့် ကျေးရွာအရှေ့ပိုင်း လူနေအိမ်များသို့ ရဲတပ်ဖွဲ့ လုံခြုံရေးအင်အား ၅၀ ဦးခန့်က သေနတ်ပစ်ဖောက်မှုများနှင့် ပတ်သက်ပြီး ဖြစ်စဉ်အမှန် ပေါ်ပေါက်စေရန် ရဲမှူးချုပ်ကိုယ်တိုင် ဦးဆောင်၍ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေနတ်ပစ်ခတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် ဖော်ထုတ်နိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် (နေပြည်တော်) မှ ရထားရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်၊ ရဲမှူးကြီးတစ်ဦးနှင့် ဒုရဲမှူးကြီး တစ်ဦးတို့ ဦးဆောင်၍ စုံစမ်းစစ်ဆေးလျက် ရှိသည်။

ညောင်ဝန်းကျေးရွာတွင် သေနတ်ပစ်ခတ်သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းရေးအဖွဲ့က သြဂုတ်လ ၂၁ ရက်နေ့တွင် ဒေသခံအချို့ကို ခေါ်ယူစစ်မေးမည် ဖြစ်ကြောင်း ညောင်ဝန်းကျေးရွာရှိ ဦးမောင်အောင်က ပြောကြားသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မေးမြန်းခံရန် အသင့်ရှိကြောင်း ၎င်းကဆိုသည်။

The Voice Weekly 

“သေနတ်ပစ်ဖောက် ခံရသည့် ဦးမောင်အောင် ဒေါ်နွဲ့ရီတို့၏ နေအိမ် ကို တွေ့မြင်ရစဉ်”
“သေနတ်ပစ်ဖောက် ခံရသည့် ဦးမောင်အောင် ဒေါ်နွဲ့ရီတို့၏ နေအိမ် ကို တွေ့မြင်ရစဉ်”
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာရှိ နေအိမ် တစ်လုံးအတွင်း ဝင်ရောက်၍ ပစ္စည်း များ ဖျက်ဆီးမှုနှင့် ပတ်သက်၍ သြဂုတ်လ ၁၉ ရက်နေ့တွင် အိမ်ရှင်ဖြစ်သူ ဒေါ်နွဲ့ရီက ရဲတပ်ဖွဲ့ဝင် ၃၉ ဦးကို အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

မိုးခြိမ်းသံကြောင့် နှလုံးသွေးရပ်ကာ ထွေအုပ်ဒု-ဦးစီးမှူး သေဆုံး

မိုးခြိမ်းသံကြောင့် နှလုံးသွေးရပ်တန့်ကာ တိုင်းထွေအုပ်ဌာန ဒု-ဦးစီးမှူး တစ်ယောက် သေဆုံးသွား ခဲ့သည့် ဖြစ် စဉ် တစ်ခု မုံရွာမြို့၊ မြို့သစ်ရပ်ကွက်၊ စိန်ပန်းပြာလမ်းတွင် သြဂုတ် ၂၀ ရက်၊ နံနက် ၉ နာရီ အချိန် ၀န်းကျင်ခန့်က ဖြစ်ခဲ့သည်ဟု မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်းက ဆိုသည်။

တောင်ကြီးမြို့လယ်ခေါင်တွင် ဓားထိုးမှုဖြစ်

တရားဝင်ကွာရှင်းထားသည့် ဇနီးဟောင်းကို ယောကျာ်းက ဓားဖြင့်ထိုးသတ်ခဲ့သည့် ဖြစ်စဉ်တစ် ခု တောင်ကြီးမြို့ တွင် သြဂုတ် ၂၀ရက်၊ နံနက်ပိုင်း ၈ နာရီခန့် က ဖြစ်ပွားခဲ့သည်ဟု တောင်ကြီး မြို့မ ရဲစခန်း က ထုတ်ပြန် ထားသည်။

လိုက်ဘေးရီယား၌ အီဘိုလာထိန်းချုပ်ရန် ညမထွက်ရအမိန့်ထုတ် မြို့လယ်ဝင်ထွက်သွားလာမှုကို ပိတ်ဆို့ကန့်သတ်ထားမည်

Photo: လိုက်ဘေးရီယား၌ အီဘိုလာထိန်းချုပ်ရန် ညမထွက်ရအမိန့်ထုတ် မြို့လယ်ဝင်ထွက်သွားလာမှုကို ပိတ်ဆို့ကန့်သတ်ထားမည်
Thursday, August 21, 2014

လိုက်ဘေးရီးယားနိုင်ငံတွင် အသေအပျောက်များသည့် အီဘိုလာရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ညမထွက်ရအမိန့်ကို ထုတ်ပြန်လိုက်ပြီး မြို့တော်မွန်ရိုဗီးယားဒေသကို သီးသန့်ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်သည်။

အဆိုပါ ညမထွက်ရအမိန့်သည် ည ၉ နာရီမှ နံနက် ၆ နာရီအထိဖြစ်ကြောင်း သမ္မတအယ်လင်ဂျွန်ဆင် ဆာလိဖ်ကပြောသည်။ လှုပ်ရှားမှုအားလုံး ဝက်စ်ပွိုင့်နေအတွင်း အဝင်အထွက်ပိတ်ဆို့ထားဖွယ်ရှိကြောင်း ၎င်းကပြောသည်။

ထိုအတောအတွင်း လွန်ခဲ့သောသီတင်းပတ်က အီဘိုလာနှင့်အတူ စတင်စမ်းသပ်မှုပြုလုပ်ခဲ့သော ဆရာဝန်သုံးဦး၏ စမ်းသပ်မှု တိုးတက်မှုရှိကြောင်း လိုက်ဘေးရီးယားဝန်ကြီး တစ်ဦးကပြောသည်။

အဆိုပါ ဆေးဝါးဖြင့် နိုင်ဂျီးရီး ယားတစ်ဦးနှင့် ရောဂါကူးစက်ခံနေရသော လိုက်ဘေးရီးယားဆရာဝန်နှစ်ဦးအား စမ်းသပ်ကုသခဲ့ကြောင်း၊ အဆိုပါရောဂါဗိုင်းရပ်စ် ကူးစက်ခံနေရသည့် အခြားသူများကိုလည်း ကာကွယ်ပေးနိုင်ကြောင်း ပြန်ကြားရေးဝန် ကြီးလူးဝစ်ဘရောင်းကပြောသည်။

လိုက်ဘေးရီးယားနိုင်ငံတွင် ယခု လ အစောပိုင်းက အဆိုပါရောဂါ ထိန်းချုပ်နိုင်ရေး အရေးပေါ်အခြေ အနေကြေညာခဲ့ရသည်။ သို့သော် လည်း သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်ခဲ့သည်။

စနေနေ့က ဝက်စ်ပွိုင့်ဗဟိုကျန်း မာရေးဌာနတိုက်ခိုက်ခံရပြီး အီဘိုလာသံသယရှိသူ ၁၇ ဦးပျောက်ဆုံးသွား ခဲ့သည်။ အီဘိုလာရောဂါသည် ကုသနိုင်ခြင်းမရှိသည့် ရောဂါဖြစ်သည်။

သို့သော်လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) က မစမ်းသပ်ရသေးသော ဆေးဝါးများကို အနောက်အာဖရိက၌ ဖြစ်ပွားနေသော အဆိုပါရောဂါထိန်းချုပ်ရန် အသုံးပြုနိုင်ဖွယ်ရှိကြောင်း ပြောကြားလိုက်သည်။ ယခု နှစ်ရောဂါစတင်ဖြစ်ပွားပြီးကတည်းက ယင်းရောဂါဖြင့် သေဆုံးသူ ၁၂၂၉ ဦး ရှိသွားပြီဖြစ်သည်။

(ဘီဘီစီ)
Myanmaalinn
လိုက်ဘေးရီးယားနိုင်ငံတွင် အသေအပျောက်များသည့် အီဘိုလာရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ညမ ထွက်ရအမိန့်ကိုထုတ်ပြန်လိုက်ပြီး မြို့တော်မွန်ရိုဗီးယားဒေသကို သီးသန့်ကန့်သတ်နယ်မြေအဖြစ် သတ် မှတ် လိုက်သည်။

အစပ်ချောင်းစားမိသည့် ကလေးငယ်များ ပါးစပ်နှင့် လျှာတို့တွင် အနာများဖြစ်

Photo: အစပ်ချောင်းစားမိသည့် ကလေးငယ်များ ပါးစပ်နှင့် လျှာတို့တွင် အနာများဖြစ်
Thursday, August 21, 2014

မိတ္ထီလာမြို့တွင် ကျောင်းဈေး ဆိုင်များနှင့် ကလေး သရေစာ ဈေးကွက်တွင် တရုတ်နိုင်ငံ ဘက်မှ ဝင်ရောက် နေသည့် တရုတ်စာ ရေးထားကာ အမှတ်တံဆိပ် အမျိုးမျိုး တပ်ထားသည့် ''အစပ်ချောင်း'' များကို စားမိသည့် ကလေးတိုင်း၏ နှုတ်ခမ်းနှင့်လျှာတို့တွင် အနာများဖြစ်ပေါ်နေ၍ ဆေးကုသ နေရကြောင်း သိရသည်။

အစပ်ချောင်း စားမိသည့် ကလေးများတွင် မျက်နှာပေါ်၌ အနီရောင် အဖုအပိမ့်နှင့် အကွက်များထလာခြင်း၊ နှုတ်ခမ်းများရောင်ရမ်းလာခြင်း၊ နှုတ်ခမ်းတွင် အနာများပေါ်လာခြင်း၊ လျှာတွင်အနာများဖြစ်ပေါ်လာခြင်း၊ စားသုံးမှုပမာဏများပါကလျှာပေါ်တွင် ပြည်တည်ခြင်းနှင့် ဝမ်းလျှောခြင်းများပါ ဖြစ်ပေါ်တတ်ကြောင်း၊ လွန်ခဲ့သည့် နှစ်လခန့်ကစတင်ကာ အစပ်ချောင်းနှင့် မတည့်သည့် ကလေးအရေအတွက်များလာကြောင်း ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာမြတ်မင်းက ပြောကြားသည်။

အစပ်ချောင်းစားမိသော ကလေးများတွင် တုပ်ကွေးရောဂါနှင့်အလားတူ ရောဂါလက္ခဏာအချို့နှင့် အစာအိမ်ရောင်ရမ်းခြင်းများတွေ့ရတတ်သည်။ တုပ်ကွေးရောဂါလက္ခဏာရှိ သော်လည်း အဖျားမရှိဟုသိရသည်။ အစပ်ချောင်း စားသုံးမှုကိုရပ်တန့်၍ ဆေးဝါးကုသမှုခံယူပါက နှစ်ရက်သုံးရက်အကြာတွင် ရောဂါလက္ခဏာများ သက်သာပျောက်ကင်းကြောင်း သိရသည်။

မိတ္ထီလာမြို့မဈေးကြီးအတွင်းရှိ ကလေးမုန့်ဖြန့်ဖြူးရေးဆိုင်ကြီးများ၊ ရပ်ကွက်ကျေးရွာတွင်းရှိ အိမ်ဆိုင်များ၊ ကျောင်းဈေးဆိုင်များတွင် အစပ်ချောင်းတစ်ထုပ်ကို ငွေကျပ် ၁ဝဝ ဖြင့် အလွယ်တကူရရှိနေသည်။ အစပ်ချောင်းကို ကလေးများသာမက လူကြီးများလည်း စားသုံးကြသည်။ တရုတ်နိုင်ငံမှ ဝင်လာသော ကလေးသရေစာအစပ်ချောင်းကို ကျန်းမာရေးနှင့် ညီမညီ စစ်ဆေးပေး ရန် ပြည်သူများက လိုလားနေကြသည်။

Myanmaalinn
မိတ္ထီလာမြို့တွင် ကျောင်းဈေးဆိုင်များနှင့် ကလေးသရေစာ ဈေးကွက်တွင် တရုတ်နိုင်ငံဘက်မှ ဝင်ရော က် နေသည့် တရုတ်စာ ရေးထားကာ အမှတ်တံဆိပ်အမျိုးမျိုးတပ်ထားသည့် ''အစပ်ချောင်း'' များကို စားမိ သည့် ကလေးတိုင်း၏ နှုတ်ခမ်းနှင့်လျှာတို့တွင် အနာများဖြစ်ပေါ်နေ၍ ဆေးကုသ နေရကြောင်းသိရသည်။

အချုပ်သားသုံးဦး အောင်ပင်လယ်အချုပ်ခန်းမှ ထွက်ပြေး၊ တစ်ဦး ပြန်လည်ဖမ်းဆီးရမိဟု ဆို

မဟာအောင်မြေမြို့နယ်၊ အောင်ပင်လယ်ရဲစခန်း အချုပ်ခန်းအတွင်းမှ တာဝန်ကျ ရဲများ၏ ပေါ့လျော့မှုကြောင့် အချုပ်သား သုံးဦးထွက်ပြေးခဲ့ရာမှ တစ်ဦး ပြန်လည် ဖမ်းဆီး ရမိခဲ့သည်ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးမြို့ ၆၂ လမ်း တစ်လျှောက် ဆက်တိုက် ယာဉ်တိုက်မှုများ ဖြစ် ပွား၍ လေးဦး သေဆုံး

မန္တလေးမြို့ ၆၂ လမ်းတစ်လျှောက် ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ဆက်တိုက် ယာဉ်တိုက်မှုများ ဩဂုတ် ၁၉ ရက် ညနေ ၆ နာရီခွဲခန့်က နေရာများ အလိုက် ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

အီဘိုလာသံသယလူနာတွေ့၊ လူထုကြားစိုးရိမ်မှုမြင့်


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပမှရောက်ရှိလာသူများအား ကျန်းမာရေးဝန်ထမ်းများက စော င့် ကြ ည့် စစ်ဆေးနေသည်ကို သြဂုတ် ၂၀ ရက်က တွေ့ရစဉ်(ဓာတ်ပုံ− ဂျေမောင်မောင် (အမရပူရ))
ဝေဘာဂီကူးစက်ဆေးရုံ တွင် အီဘိုလာသံသယရှိလူနာ ရောက်ရှိလာ ပြီးနောက် မြန်မာ ပြည်တွင်းသို့ အီဘိုလာ ရောဂါပိုး ရောက်ရှိလာ ပြီဟုဆိုကာ ပြည်သူ များအကြား စိုးရိမ်မှု များ မြင့်တက်နေ ကြောင်း သတင်း ရရှိသည်။

တောင်ကိုရီးယားတွင် အရပ်ဖက် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်

Photo: တောင်ကိုရီးယားတွင် အရပ်ဖက် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်
Thursday, August 21, 2014

တောင်ကိုရီးယား တနိုင်ငံလုံးမှာ အရပ်ဖက် ကာကွယ်ရေး စစ်ရေးလေ့ကျင့် မှုတွေကို အရေးပေါ် အခြေအနေ ဖြစ်နိုင်ချေတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ သြဂုတ်လ ၂၀ ရက်နေ့က လေ့ကျင့်ခဲ့ပါ တယ်။

မြောက်ကိုရီးယားဆီက ဖြစ်နိုင်ချေရှိတဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ အဆင်သင့်ဖြစ်မှုကို စမ်းသပ်ဖို့ ရည်ရွယ်တာပါ။ လေ့ကျင့်မှု စကြောင်း အချက်ပြဖို့ တနိုင်ငံလုံး အချိန်တခုမှာ သတိပေး ဥသြသံကို ထုတ်လွှင့်ပါတယ်။

ဆိုးလ်မြို့မှာတော့ ကားမောင်းသူတွေက ကားတွေကို လမ်းပေါ် ရပ်ခဲ့ကြပြီး လမ်းသွား လမ်းလာတွေက မြေအောက်ဘူတာတွေဆီ ခိုလှုံဖို့ သွားခဲ့ကြပါတယ်။

ရာနဲ့ချီတဲ့ အစိုးရအရာရှိတွေကလည်း မြို့တော်ခန်းမထဲက ထွက်လာခဲ့ကြပြီး မြေအောက်ခန်း ထဲက ခိုလှုံနေရာဆီ သွားခဲ့ကြတာပါ။

ဆိုးလ်မြို့အစိုးရအဖွဲ့ အရပ်ဘက်ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး ကင်မ်ကိနမ်ကတော့ အရပ်ဖက် ကာကွယ်ရေးအပေါ် ပြည်သူတွေ သတိထားမိမှု မြင့်လာအောင် ရည်ရွယ် လုပ်ဆောင်တယ်လို့ ပြောပါတယ်။ မြို့တော်ခန်းမနားက မြေအောက်ဘူတာရုံမှာတော့ လက်နက်တွေ လက်နက်ထောက်ပံ့ရေး ပစ္စည်းတွေကို ခင်းကျင်းထားတဲ့ လုံခြုံရေးပြပွဲတခု ပြသထားပါတယ်။ 

ဆိုးလ်မြို့တလွှား ဒီလေ့ကျင့်မှုကို ရဲ၊ စစ်တပ်၊ မီးသတ်နဲ့ ဒေသခံအစိုးရ ၀န်ထမ်း ၃၉၀၀ ကျော် ပါဝင်လေ့ကျင့်ခဲ့တယ်လို့ ဆိုးလ်မြို့တော် အစိုးရက ပြောပါတယ်။

ဒီဗွီဘီ 

ဓာတ်ပုံ – ရိုက်တာ
ဓာတ်ပုံ – ရိုက်တာ
တောင်ကိုရီးယား တနိုင်ငံလုံးမှာ အရပ်ဖက် ကာကွယ်ရေး စစ်ရေးလေ့ကျင့် မှုတွေကို အရေးပေါ် အခြေ အနေ ဖြစ်နိုင်ချေတွေအတွက် ကြိုတင်ပြင်ဆင်ဖို့ သြဂုတ်လ ၂၀ ရက်နေ့က လေ့ကျင့်ခဲ့ပါ တယ်။

ပျားပုံးများတင်ဆောင် မောင်းနှင်လာသော မော်တော်ယာဉ် အရှိန်မထိန်းနိုင် တိမ်းမှောက်၍ လူတစ်ဦးသေဆုံး

 
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ မုံရွာ-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၆၇/၅ အနီးတွင် ဩဂုတ်(၁၈)ရက် နံနက်(၇)နာရီ အချိန်က ပျားမွေးမြူရေး လုပ်ငန်းမှ ပျားပုံးများ တင်ဆောင် မောင်းနှင် လာသော မော်တော်ယာဉ် တစ်စီးသည် အရှိန်မထိန်း နိုင်ခြင်းကြောင့် တိမ်းမှောက်ခဲ့ပြီး လူတစ်ဦး သေ ဆုံးကြောင်း သိရသည်။

ပြည်သူလိုလားက ဖွဲ့စည်းပုံပြင်ရန် တရုတ်ထောက်ခံ

Photo: ပြည်သူလိုလားက ဖွဲ့စည်းပုံပြင်ရန် တရုတ်ထောက်ခံ
Thursday, August 21, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာပြည်သူများ ပြင်ဆင်ရန် ဆန္ဒရှိပါက တရုတ်နိုင်ငံက ထောက်ခံသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟူလန်က Mizzima Business Weekly နှင့် သီးသန့်အင်တာဗျူးတွင် ပြောဆိုလိုက်သည်။

“ပြည်သူတွေက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ချင်တယ်ဆိုရင် ကျွန်တော်တို့ကလည်း ထောက်ခံသွားမှာပါ”ဟု ယန်ဟူလန်က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ပါတီအဖွဲ့အစည်းများကြား သဘောထားကွဲလွဲမှုရှိနေသော်လည်း တရုတ်နိုင်ငံက မြန်မာပြည်သူများ၏ ရွေးချယ်မှုကို အသိအမှတ်ပြု လေးစားသွားမည်ဟု သံအမတ်ကြီးက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီသည် လာမည့် လွှတ်တော်အစည်းအဝေးကာလအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း တင်သွင်းတော့မည်ဟု နာယက သူရဦးရွှေမန်းက ပြောဆိုထားပြီးဖြစ်သည်။

အမည်မဖော်လိုသူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ဥပဒေကြမ်းတင်သွင်းလာပါက ပြည်ထောင်စုလွှတ်တော်တွင် အကြိတ်အနယ် ဆွေးနွေးခြင်းများ ဖြစ်လာနိုင်သည်ဟု သုံးသပ်ထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဟု မျှော်မှန်းထားသော အထွေထွေရွေးကောက်ပွဲ မတိုင်မီ ခြောက်လခန့်အလို အပြီးလုပ်ဆောင်ရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ညွှန်ကြားထားပြီးဖြစ်သည်။

လူဦးရေ သန်းခြောက်ဆယ်ရှိသည်ဟု ခန့်မှန်းပြောဆိုထားကြသည့် မြန်မာနိုင်ငံအတွင်း ပြည်သူ ငါးသန်းနီးပါးက ဖွဲ့စည်းပုံ ပြင်ဆင်ရေးနည်းလမ်းများ ဖော်ပြထားသည့် ပုဒ်မ ၄၃၆ ကိုပြင်ရန် ထောက်ခံထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်းက ထုတ်ပြန်သည်။

၎င်းတို့ ပူးပေါင်း၍ ဇူလိုင် ၁၉ရက်၊ အာဇာနည်နေ့ မတိုင်မီအထိ ၅၄ ရက်ကြာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများ၊
ထောက်ခံလက်မှတ်များ နိုင်ငံအနှံ့ ကောက်ခံကြခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှု မလိုအပ်ဟု သုံးသပ်သည့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းများ အောင်မြင်ရန် ဖွဲ့စည်းပုံကို ပြင်ကိုပြင်မည်သာ ဖြစ်သည်ဟု ဗွီအိုအေကို ပြောထားသည်။

Mizzima - News in Burmese 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟူလန် ဓာတ်ပုံ - လွင်မောင်မောင်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟူလန် ဓာတ်ပုံ - လွင်မောင်မောင်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မြန်မာပြည်သူများ ပြင်ဆင်ရန် ဆန္ဒရှိပါက တရုတ်နိုင်ငံက ထောက်ခံ သွား မည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟူလန်က Mizzima Business Weekly နှင့် သီးသန့် အင်တာဗျူးတွင် ပြောဆိုလိုက်သည်။

၁၃ နှစ်အောက် ကလေးလုပ်သားစစ်တမ်း အောက်တိုဘာလ တွင် ကောက် ယူမည်

Photo: ၁၃ နှစ်အောက် ကလေးလုပ်သားစစ်တမ်း အောက်တိုဘာလ တွင် ကောက် ယူမည်
Thursday, August 21, 2014

ကလေးလုပ်သား လုံးဝပပျောက်ရေး လုပ်ငန်းစီမံချက်အရ ၁၃ နှစ်အောက် ကလေးလုပ်သားစာရင်းကို အောက်တိုဘာလမှစ၍ သုံးလစီမံချက်ဖြင့် ကောက်ယူမည်ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က မဇ္ဈိမကို ပြောသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံရှိ အဓမ္မစေခိုင်းမှု လုံးဝပပျောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ အရွယ်မရောက်သေးသူများ အဆိုးရွားဆုံး အဓမ္မစေခိုင်းမှုဆိုင်ရာ ပြဋ္ဌာန်းချက် အမှတ် ၁၈၂ အတိုင်း ကလေးလုပ်သားစာရင်း တိတိကျကျရရန် စီမံချက်ဖြင့် ကောက်ယူမည်ဖြစ်သည်။

ဦးဝင်းရှိန်က “ရလဒ်အပေါ်မူတည်ပြီး ကလေးလုပ်သားနဲ့ ပတ်သက်တဲ့ အမျိုးသားအဆင့်စီမံချက်တွေ ပူးပေါင်း အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) နှင့် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ ကလေးလုပ်သားပပျောက်ရေး အမျိုးသားအဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး ကောက်ယူမည်ဖြစ်သည်။

ILO ပြဋ္ဌာန်းချက်အရ အသက် ၁၃ နှစ်ပြည့်ပြီးသူများသာ ဆရာဝန်၏ ဆေးစာထောက်ခံချက်ဖြင့် တစ်နေ့လျှင် လေးနာရီသာ အလုပ်လုပ်ရန်ဖြစ်ပြီး ၁၃ နှစ်ကျော်ပါက ကလေးလုပ်သားစာရင်းဝင်မည်ဖြစ်ကြောင်း၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် စက်ရုံအလုပ်ရုံများတွင် သတ်မှတ်ချိန်ထက် ကျော်လွန် အလုပ်လုပ်နေကြရသည့် ကလေးငယ်လုပ်သားခိုင်းစေမှု အချက်အလက်များကို ကောက်ယူမည်ဟု ဦးဝင်းရှိန်က ဆိုသည်။

ပြီးစီးပါက ကလေးငယ်များအား အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ထိုက်သင့်သော လုပ်အားခမပေးခြင်း၊ အစားအသောက် အနေအထိုင်၊ အိပ်ချိန်၊ အလုပ်ပိတ်ချိန်အပေါ် ခေါင်းပုံဖြတ်ခြင်း၊ လုပ်အားခ ဖြတ်တောက်ခြင်း၊ ကလေးလုပ်သားအား အခြားအလုပ်ရှင်ထံ လွှဲပြောင်း ရောင်းချခြင်းတို့ကို အခြေအနေပေါ်မူတည်၍ အလုပ်ရှင်အား အရေးယူခြင်းမျိုး စဉ်းစားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် စီမံကိန်းမန်နေဂျာ ဒေါက်တာအာကာစိုးနောင်က “ကလေးလုပ်သားဖြစ်ရတာ မိသားစုစားဝတ်နေရေးကြောင့် ဖြစ်ကြရတယ်။ ပပျောက်အောင် လုပ်တာထက် သူတို့ကို ဘယ်လိုထောက်ပံ့မလဲဆိုတဲ့ စီမံကိန်းချမှတ်နိုင်ဖို့လည်း လိုပါတယ်”ဟု ပြောသည်။

ကလေးလုပ်သားများမှာ ကျောင်းပြင်ပရောက်ရှိနေပြီး ပညာသင်ကြားကြရမည့် ကလေးငယ်များ လုပ်ငန်းခွင်များတွင် ၀င်ရောက်လုပ်ကိုင်နေခြင်းသည် ဥပဒေအားနည်းချက် သို့မဟုတ် ဥပဒေလိုက်နာမှုမရှိခြင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်တို့က အရေးယူမှု အားနည်းခြင်းများကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကလေးလုပ်သားစာရင်း ကောက်ယူနိုင်ရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် ILO တို့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်တွင် နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးခဲ့သည်။ စာချွန်လွှာအရ ကလေးအလုပ်သမားများ စာရင်းစစ်တမ်း၊ အလုပ်ဌာနများ၏ စစ်တမ်းအလုပ်အခကြေးငွေဆိုင်ရာ စစ်တမ်း၊ ကျောင်းပြီးလုပ်ငန်းခွင်ဆိုင်ရာ ၀င်ရောက်မှုများ ဆန်းစစ်ခြင်းစစ်တမ်းဖြစ်သည့် School-to-work Transition Surveys ကောက်ယူခြင်းလုပ်ငန်းစဉ်များ ပါဝင်သည်။

ကလေးလုပ်သား လုံးဝပပျောက်ရေးကို သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံတွင် လေးနှစ်စီမံချက်ဖြစ်သော (၂၀၁၅ မှ ၂၀၁၈ ခုနှစ် အထိ) အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

Mizzima - News in Burmese 

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း အခကြေးငွေဖြင့် ကျောက်စရစ်များ အတင်အချပြုလုပ်နေသည့် ကလေးလုပ်သားတစ်ဦးကို ဩဂုတ် ၂၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ငြိမ်သစ်ညီ
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း အခကြေးငွေဖြင့် ကျောက်စရစ်များ အတင်အချပြုလုပ်နေ သည့် ကလေးလုပ်သားတစ်ဦးကို ဩဂုတ် ၂၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ငြိမ်သစ်ညီ
ကလေးလုပ်သား လုံးဝပပျောက်ရေး လုပ်ငန်းစီမံချက်အရ ၁၃ နှစ်အောက် ကလေးလုပ်သားစာရင်း ကို အောက်တိုဘာလမှစ၍ သုံးလစီမံချက်ဖြင့် ကောက်ယူမည်ဖြစ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က မဇ္ဈိမကို ပြောသည်။

အီဘိုလာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေသော အနောက်အာဖရိကမှပြန်လာပြီး ဖျားနာနေသူအပါအ၀င် လူနာနှင့်အတူ လိုက်ပါလာသူလေးဦးအား အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ရှိ မရှိ စောင့်ကြည့်စစ်ဆေးနေ

သြဂုတ် ၂၀ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အီဘိုလာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စောင့် ကြည့် စစ်ဆေးနေသော ကျန်းမာရေးတာဝန်ရှိသူများက ဆိုက်ရောက်ခရီးသည် တစ်ဦးအား ကျန်းမာရေး ဆိုင်ရာ စစ်ဆေးမှုပြုလုပ်နေစဉ်
အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားလျက်ရှိသော အနောက်အာဖရိကမှပြန်လာပြီး ဖျားနာနေသူကို အီဘိုလာဗိုင်းရပ်စ်ပိုးကူးစက်မှု ရှိ မရှိ ဝေဘာဂီဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် စောင့်ကြပ် ကြည့်ရှုကုသ လျက်ရှိပြီး ဖျားနာနေသူအပါအ၀င် လူနာနှင့်အတူ လိုက်ပါလာသူလေးဦးတွင် အီဘိုလာ ဗိုင်းရပ်စ်ကူးစက်မှု ရှိ မရှိ အတည်ပြုနိုင်ရန် ၎င်းတို့၏ သွေးနမူနာများကို အိန္ဒိယသို့ ပေးပို့စစ်ဆေး ထားကြောင်း အထူးကုဆေးရုံ(ဝေဘာဂီ)မှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းသန်းဌေး၏ ပြောကြားချက်အရ သိရသည်။

လူစည်ကားရာ နေရာသုံးခုတွင် လူကူးခုံးကျော်တံတားသုံးစင်း ဆောက်လုပ်မည်

ရန်ကုန်မြို့ရှိ လူစည် ကားသည့်နေရာသုံးခု၌ လူကူးခုံး ကျော်တံတား သုံးစင်း ယခုနှစ်အတွင်း အပြီး တည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ပြန်ပေးဆွဲခံခဲ့ရသည့် နိုင်ဂျီးယားမိန်းကလေး ၂၀၀ ကျော်အား ကူညီရှာဖွေရန် ဗြိတိန်က တိုနေဒိုး လေယာဉ်များ စေလွှတ်မည်

ဘိုကိုဟာရမ်သူပုန်များက ပြန်ပေးဆွဲသွားပြီး ပျောက်ဆုံးနေဆဲဖြစ်သည့် နိုင်ဂျီးရီးယားအမျိုးသမီး ၂၀၀ ကျော်အား ကူညီရှာဖွေပေးရန် ဗြိတိန်က တိုနေဒိုးထောက်လှမ်းရေး ဂျက်တိုက်လေယာဉ်များ စေလွှတ်ပေး သွားမည်ဟု သိရသည်။

နေပြည်တော်-မန္တလေး အမြန်လမ်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် ၂၉ ဦးဒဏ်ရာရ

 သြဂုတ် ၂၀ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် နေပြည်တော်-မန္တလေး လမ်းပိုင်း၌ ဂျေဂျေ ခရီးသည် တင်ကား တိမ်းမှောက်မှုကြောင့် ခရီးသည် ၂၈ ဦးနှင့် ယာဉ်မောင်းတစ်ဦး ဒဏ်ရာရရှိကာ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ တင်ပို့ထားကြောင်း သတင်းရရှိသည်။

အီဘိုလာရောဂါကို ZMapp ဆေးဖြင့် ကုသမှု ကောင်းမွန်သက်သာ

Photo: အီဘိုလာရောဂါကို ZMapp ဆေးဖြင့် ကုသမှု ကောင်းမွန်သက်သာ
Thursday, August 21, 2014

လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ခံခဲ့ရတဲ့ ဆရာဝန် ၃ ဦးကို အီဘိုလာ စမ်းသပ်ဆေး ZMapp နဲ့ ကုသမှုဟာ ထူးထူးခြားခြား ကောင်းမွန် သက်သာ လာတယ်လို့ လိုင်ဘေးရီးယား အစိုးရ၀န်ကြီး တဦးက ပြောဆို ပါတယ်။

ဒီလဆန်းပိုင်းကလည်း ရောဂါကူးစက်ခံရတဲ့ အမေရိကန်နိုင်ငံသားနှစ်ဦးကို ဒီ ZMapp ဆေးနဲ့ပဲ ပထမဆုံး စမ်းသပ်ကုသခဲ့တာမှာလည်း ပြန်လည်ကောင်းမွန် လာခဲ့ပါတယ်။

အီဘိုလာရောဂါ ကာကွယ်ကုသဆေး ခုချိန်ထိမရှိသေးပေးမယ့် အနောက် အာဖရိကနိုင်ငံတွေမှာ အီဘိုလာရောဂါကို အရေးပေါ်ကုသဖို့ WHO အဖွဲ့ကြီးက အရေးပေါ်ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ်အတွင်း အီဘိုလာရောဂါနဲ့ သေဆုံးသူ စုစုပေါင်း ၁၂၂၉ ဦးရှိသွားပါပြီ။

၁၉၇၀ နှစ်တွေက ဂီနီနိုင်ငံမှာ အီဘိုလာရောဂါပိုးကို ပထမဆုံးတွေ့ရှိခဲ့ တာဖြစ်ပါတယ်။ အဲ့ဒီနောက် အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ လိုင်ဘေးရီးယား၊ စီရာလီယွန် နဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေကို ဆက်ပြီး ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

အသက် ၇၅ နှစ်အရွယ် စပိန်ဘုန်းတော်ကြီးတပါးကတော့ ZMapp ဆေးနဲ့ ကုသခဲ့ပေမယ့် ပြန်နလန်မထူတော့ပဲ ပြီးခဲ့တဲ့အပတ်က စပိန်နိုင်ငံမှာ သေဆုံးခဲ့ပါတယ်။

 By ဒီဗွီဘီ

ဓာတ်ပုံ – ရိုက်တာ
ဓာတ်ပုံ – ရိုက်တာ
လိုင်ဘေးရီးယားနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်ခံခဲ့ရတဲ့ ဆရာဝန် ၃ ဦးကို အီဘိုလာ စမ်းသပ်ဆေး ZMapp နဲ့ ကုသမှုဟာ ထူးထူးခြားခြား ကောင်းမွန် သက်သာ လာတယ်လို့ လိုင်ဘေးရီးယား အစိုးရ၀န်ကြီး တဦးက ပြောဆို ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား ပြန်လည်စတင်ရန် ထိုင်းစစ်အစိုးရ သဘောတူ

Photo: ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအား ပြန်လည်စတင်ရန် ထိုင်းစစ်အစိုးရ သဘောတူ
Thursday, August 21, 2014

ထားဝယ်အထူးစီးပွားရေးဇုန်သည် ထိုင်းနှင့်မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုလုပ်များကို ပိုမို ကောင်းမွန်လာစေနိုင်သောကြောင့် အဆို ပါစီမံကိန်းအား ဆက်လက်လုပ်ဆောင်ရန် ထိုင်းစစ်အစိုးရ၏ ငြိမ်းချမ်းရေးနှင့်ဥပဒေစိုးမိုးရေးဆိုင်ရာ အမျိုးသားကောင်စီ (NCPO) က အတည်ပြုပေးလိုက်ကြောင်း ဘန်ကေက်ပို့စ်သတင်းစာတွင် သြဂုတ် ၂၁ ရက်က ဖော်ပြခဲ့သည်။

အဆိုပါ စီမံကိန်းအား သတ်မှတ်ထားသည့် ကာလအတိုင်း ဆက်လက်လုပ်ဆောင်ရန် NCPO က အတည်ပြုထောက်ခံပေးလိုက်ကြောင်း “အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖေရးအေဂျင်စီ ဒုတိယဥက္ကဌ၊ ထားဝယ်အထူးစီးပွားရေးဇုန် ပူးပေါင်းဆောင်ရွက် ရေး အေဂျင်စီညွှန်ကြားရေးမှူးနှင့် ဓားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးအဖွဲ့ (DSEZ) ညွှန်ကြားရေးမှူး ဖြစ်သူ ပါရာမက်စ်ဗွတ်ဒီသွန်နီတီရက်က ပြောကြားသည်။

DSEZ သည် မြန်မာနိုင်ငံတွင် ထားဝယ်အထူးစီးပွားရေးဇုန် ထူထောင်ရန် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းက သဘောတူညီချက်ရရှိခဲ့သည့် အီတာလျံထိုင်း ကုမ္ပဏီ၏ နေရာတွင် အစားထိုး ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန် တစ်ခု၊ ရေနက်ဆိပ်ကမ်းတစ်ခုတို့ကို ၇၅ နှစ် လုပ်ကိုင်ရန် သဘောတူညီချက် ရရှိထားကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထား သည်။

“ဂျပန်နဲ့ မြန်မာ ပူးပေါင်းလုပ်ကိုင်နေတဲ့ သီလ၀ါအထူးစီးပွားရေးဇုန်က အလျင်အမြန်တိုးတက်နေပါပြီ” ဟု ပါရာမက်စ်ဗွတ်ဒီ သွန်နီတီရက် က ပြောကြားသည်။

ထားဝယ်စီမံကိန်း၏ ပထမအဆင့်တွင် ပါဝင်မည့် လုပ်ဆောင်ရန် အဆင့်များကို စက်တင်ဘာလ လအတွင်း မူကြမ်းရေးဆွဲသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတွင် ပါဝင်မည့်သူများကို အောက်တိုဘာလအ တွင်း ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းပထမအဆင့်တွင် ထားဝယ်စီမံကိန်းဧရိယာ၏ အကျယ်အ၀န်း ငါးပုံတစ်ပုံတွင် ပါဝင်မည့် လမ်းများ၊ ဆိပ်ကမ်းတစ်ခုနှင့် စက်မှုဇုန်တစ်ခု တို့ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Ref:Bangkok Post
Mizzima - News in Burmese
ထားဝယ်အထူးစီးပွားရေးဇုန်သည် ထိုင်းနှင့်မြန်မာနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုလုပ်များကို ပိုမို ကောင်းမွန် လာစေနိုင်သောကြောင့် အဆို ပါစီမံကိန်းအား ဆက်လက်လုပ်ဆောင်ရန် ထိုင်းစစ်အစိုးရ၏ ငြိမ်း ချမ်းရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အမျိုးသားကောင်စီ (NCPO) က အတည်ပြုပေးလိုက်ကြောင်း ဘန်ကေက်ပို့စ် သတင်းစာတွင် သြဂုတ် ၂၁ ရက်က ဖော်ပြခဲ့သည်။