Thursday 23 August 2012

ပလက်ဝ မြို့နယ်အတွင်း အစိုးရစစ်တပ် အင်အားတိုးချဲ့

ယခုလအတွင်း ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင် အစိုးရတပ်စခန်းများ တိုးချဲ့လာနေကြောင်း သတင်း ရရှိသည်။
ဒိုးချောင်းဝ နှင့် ခမောက်ဝရွာတွင် ခမရ ၅၆၃၊ ခ၀ဲနှင့် ကွမ်းချောင်းဝရွာ တွင် ခမရ ၃၄၄ နှင့် နောက်ထပ် ရင်းနှစ်ခု ထပ်တိုးချဲ့မှာဖြစ်ကြောင်း သိရသည်။

မလေးရှားရောက် မြန်မာ နှင့် ချင်း ဒုက္ခသည်များအကြား ကလဲ့စားလူသတ် မှုဖြစ်ပွား

သြဂုတ်လ ၂၄ ရက်နေ့က မလေးရှားရောက် မြန်မာလူမျိုးများနှင့် ချင်းလူမျိုးဒုက္ခသည် အချင်းချင်း အကြား ကလဲ့စား လူသတ်မှုဖြစ်ပွားသည်ဟု သိရသည်။

အံသြဖွယ်ရာ သခွားသီး အစွမ်းများ


 
၁။ သခွားသီးဟာ နေ့တိုင်း လိုအပ်နေတဲ့ ဗိတာမင်တွေ အားလုံးကို ပေးစွမ်း နိုင်ပါတယ်။ သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင် ပါတယ်။

သမဂ္ဂအဆောက်အအုံပေါ်ပေါက်ရေး ၆ ကြိမ်မြောက် ဆွေးနွေး

ကျောင်းသားသမဂ္ဂ အရေး လှုပ်ရှားခဲ့ကြတဲ့ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်တို့က ရန်ကုန်တက္ကသိုလ် အတွင်း ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်နိုင်ရေးအတွက် စီစဉ်နေကြပါတယ်။
ဖောက်ခွဲဖြိုချခံခဲ့ရတဲ့ နေရာဟောင်းမှာ ပြန်ဆောက်ရေးအတွက် စီစဉ်ညှိနှိုင်းနေကြတာပါ။
အထက်ပါပုံကတော့ မနေ့က ပြုလုပ်တဲ့ ၆ ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲ မြင်ကွင်းပါ။
ရန်ကုန်မြို့ တောင်ဥက္ကလာ၊ မြင်သာ စိတ်တိုင်းကျလက်ဖက်ရည်ဆိုင်မှာ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

ရေထဲက NLD ရုံး နဲ့ သာပေါင်း

~
သာပေါင်းမြို့ NLD ရုံးရှေ့မြင်ကွင်း (ဓာတ်ပုံများ - ဖြိုးဝေသာ/ဧရာဝတီ)

မြန်မာပြည်မှာ ဒီနှစ် ရေဘေးဒဏ်ကို အဆိုးဆုံးခံရတဲ့ ဒေသတခုဖြစ်တဲ့ ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်မှာ သွားရောက် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးယဉ်ကျေးမှုကို ဘယ်လို တည်ဆောက်နေကြသလဲ


ပညာရေး သုတေသီ မောက္ခ ပညာရေး မဂ္ဂဇင်း အယ်ဒီတာ ဦးသိန်းနိုင်၊ ဓာတ်ပုံ- မောက္ခမဂ္ဂဇင်း

( ၈၈ ကျောင်းသား၊ ပညာရေးသုတေသီ၊ မောက္ခပညာရေးမဂ္ဂဇင်းအယ်ဒီတာ ဦးသိန်းနိုင် ပြည်ဝင်ခွင့်ဗီဇာ ရရှိ)၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကာလတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရကသ)၊ စည်းရုံးရေးမှူး တစ်ဦးဖြစ်ခဲ့သူ၊ မောက္ခပညာရေးမဂ္ဂဇင်း အယ်ဒီတာ ဆရာဦးသိန်းနိုင် ပြည်ဝင် ခွင့်ဗီဇာ ရရှိ ပြီဖြစ်ကြောင်း သတင်း ရရှိပါသည်။

သတင်းလည်းယူ၊ ဆန္ဒလည်း ဖော်ထုတ်

~

(ဓာတ်ပုံများ - ဧရာဝတီ)

တရားရုံးမှာ သွားရောက် သတင်းယူတဲ့ ရန်ကုန်အခြေစိုက် စာနယ်ဇင်းသမားများ ဖြစ်ပါတယ်။
အများအပြားက မီဒီယာဖိနှိပ်မှုရပ် ဆိုတဲ့ စာတန်းပါ တီရှပ် ၀တ်ဆင်ထားကြပါတယ်။

"သိမ်ငယ်စိတ်ဝင်လာအောင် တွန်းပို့ခံရရင်"

~

(လဝကသွား တောလား ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတဲ့ ကျော်မိုးအောင်ရဲ့ ဆောင်းပါးကို ကူးယူ ဖော်ပြထားတာ ဖြစ်ပါတယ်)

ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေအကြောင်း ကျယ်ကျယ်လောင်လောင် ပြောဆိုဝေဖန် နေကြ သူများရဲ့ (အဆဲအဆိုမပါတဲ့) ဆွေးနွေးချက်တွေဆို သေသေချာချာ အချိန်ပေးပြီးတော့ ဂရုတစိုက် ဖတ်ကြည့်ဖြစ်ပါတယ်။ ကိုယ့်ဘက်သူ့ဘက် နှစ်ဖက်အမြင်ကို မျှမျှတတ သိချင်လို့ပါ။ အဲဒီထဲမှာ အများစု ဝေဖန်လေကန် ထောက်ပြကြတဲ့ အချက်တစ်ချက်က မှတ်ပုံတင် (နိုင်ငံသား စီစစ်ရေး ကဒ်ပြား) ထုတ်ပေးမှုနဲ့လည်း ဆက်စပ်တာ တွေ့ရပါတယ်။

ကချင်ပြည်နယ်၊ မန်စီမြို့ပေါ်ရှိ ၀န်ထမ်းများအား KIA မှ ခြိမ်းခြောက်




ကချင်ပြည်နယ်၊ မန်စီမြို့အနီးမှာရှိတဲ့ KIA အဖွဲ့ဝင်တွေဟာ မန်စီမြို့ပေါ်မှာရှိတဲ့ နယ်ဘက်ရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ စိုးရ၀န်ထမ်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ၎င်းတို့ရဲ့ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးဖို့အတွက် ခြိမ်းခြောက်စာတွေ ပို့ထားတယ်လို့ အစိုးရဌာနဆိုင်ရာ ၀န်ထမ်း တစ်ဦး က ပြောကြားခဲ့ ပါတယ်။

“ဟောင်ကောင်ကို တစ်ပတ်ကြာ အလည်သွားမယ့် ချစ်သုဝေ ဘန်ကောက်မှာ ဆေးသွားစစ်ဦးမယ်”

ချစ်သုဝေက ဒါရိုက်တာ မလိခစိုးထိုက်အောင် ရိုက်ကူးတဲ့ “ချစ်သူတို့ရဲ့ တိုက်ပွဲ” ဇာတ်ကား ကို စိုင်းစိုင်းခမ်းလှိုင်၊ လင်းလက်ဟိန်းတို့နဲ့ သရုပ်ဆောင် နေပါတယ်။ ဒီ ဇာတ်လမ်းက လွန်ခဲ့တဲ့ ၁ နှစ်ကတည်းက ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး မပြီးသေးတဲ့ အတွက် လက်ကျန် ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးနေတာဖြစ်ပါတယ်။

ကချင်ပြည်နယ် အစွန်အဖျားရှိ တာဝန်ကျ ဆရာ၊ ဆရာမများအား စစ်ရဟတ်ယာဉ်နှင့် ပို့ပေးနေဟု အစိုးရ အဖွဲ့ဆို

ကချင်ပြည်နယ် အစွန်အဖျား ဒေသအချို့ရှိ ကျောင်းများတွင် တာဝန်ကျ ဆရာ၊ ဆရာမများကို စစ်ရဟတ်ယာဉ်များဖြင့် ကချင်ပြည်နယ် အစိုးရအဖွဲ့က ပို့ဆောင်ပေးသည်ဟု သိရသည်။

ကျွန်းပိုင်ဆိုင်မှုအရေး ဂျပန်နှင့် တောင်ကိုရီးယားတို့ကြား ဆက်ဆံရေးတင်းမာ

ကျွန်းပိုင်ဆိုင်မှုအရေး ဂျပန်နှင့် တောင်ကိုရီးယားတို့ကြား ဆက်ဆံရေးတင်းမာ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းနှင့်ပတ်သက်ပြီး ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ကြား ဆက်ဆံရေးသည် ဆက်လက် တင်မားနေဆဲဟု သိရှိရသည်။ ဂျပန်သည် တောင်ကိုရီးယားနိုင်ငံ ဆိုင်ရာ သံအမတ်ကို ပြန်လည် ခေါ်ယူခဲ့သော်လည်း ယခုအခါတွင်မူ ဆိုးလ်သို့ ပြန်လည် ပို့ဆောင်ထားပြီဟု သိရှိရသည်။ မည်သို့ ပင်ဖြစ်စေ နှစ်နိုင်ငံ ဆက်ဆံရေးသည် လက်ရှိအချိန်ထိ နွေးထွေး မှု ပြန်လည် မရရှိသေးချေ။

ကာရိုးလ်အား ဈေးနှုန်းသက်သာစွာဖြင့် ရနိုင်မည်မဟုတ်ကြောင်း လီဗာပူးလ်မန်နေဂျာဆို

အန်ဒီကာရိုးလ်ကို ပြန်လည် ဝယ်ယူရာတွင် လျှော့လျှော့ပေါ့ပေါ့ ဈေးနှုန်းမျိုးဖြင့် ရနိုင်မည် မဟုတ်ဟု နယူးကာဆယ်လ် ယူနိုက်တက်အား ရည်ရွယ်ပြီး လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက သတိပေးခဲ့သည်။ ပြီးခဲ့သည့်နှစ်၊ ဇန်နဝါရီလက ကာရိုးလ်သည် နယူးကာဆယ်လ်မှ ပေါင်စတာလင် (၃၅)သန်းဖြင့် လီဗာပူးလ်သို့ ရောက်ရှိလာခဲ့သည်။

အောင်မြင်ခြင်းနည်းလမ်းကို နာကာတာ မျှဝေ

အောင်မြင်ခြင်းနည်းလမ်းကို နာကာတာ မျှဝေ
ကိုယ်တိုင်ကြိုးစားအားထုတ်မှုနှင့် လေ့လာမှုမရှိပါက ကမ္ဘာကျော်နည်းပြ များ လာရောက်သင်ကြားပြသသော်လည်း တိုးတက်လာမည်မဟုတ်ေ ကြာင်း ကမ္ဘာကျော် ဂျပန်လက်ရွေးစင် ဘောလုံးသမားဟောင်း နာကာတာက မြန်မာယူ-၁၉ အသင်း ကစားသမားများနှင့်တွေ့ဆုံ စဉ် ပြောကြားသွားသည်။

Twilight အထူးပွဲပြသရာသို့ ပက်တင်ဆန်နှင့် ခရစ္စတန်တို့ အတူတက်ရောက်မည်

ရောဘတ်ပက်တင်ဆန် အနေဖြင့် Twilight ဇာတ်ကား နောက်ဆုံးအပိုင်းကို အထူးပွဲ ပြသရာတွင် ခရစ္စတီယန် စတီးဝပ်နှင့်အတူတွဲ၍ တက်ရောက်မည်ဟု သိရှိရသည်။ ချစ်သူနှစ်ဦးအဖြစ် ကာလရှည်ကြာ တွဲခဲ့သော်လည်း ခရစ္စတန်က ရုပ်ရှင်ဒါရိုက်တာ တစ်ဦးနှင့် ဇာတ်လမ်းရှုပ်ခဲ့သဖြင် အသည်းကွဲခဲ့သော မင်းသားသည် ပြဿနာများနောက်ပိုင်း ပထမဆုံးအကြိမ် ခရစ္စတန်နှင့် မျက်နှာချင်း ပြန်ဆိုင်မည် ဖြစ်သည်။

"တယ်လီဖုန်းကိုင်ပါဦး" ကို တမူထူးခြားအောင် ရိုက်ထားတယ်ဆိုတဲ့ ဘန်နီဖြိုး


"ချစ်တယ်ဟုတ်" VCD ရိုက်ကူးရာတွင် 'တယ်လီဖုန်းကိုင်ပါဦး' သီချင်းကို တမူထူးခြားအောင် ရိုက်ကူးထားပြီး မည်သို့ရိုက်ကူးထားသည်ကို အခွေထွက်လာတဲ့အထိ စောင့်ကြည့်ပေးပါဟု ဘန်နီဖြိုးကပြောသည်။

လူပျိုဘဝနေအိမ်ကို ဂျက်စတင် တင်းဘားလိတ်ခ် ရောင်းချရန်



ဂျက်စတင် တင်းဘားလိတ်ခ် အနေဖြင့် အိမ်ထောင်ပြုရန် ဆုံးဖြတ်ပြီးသည့်နောက် လူပျိုဆောင်ကို ရောင်းချတော့မည်ဟု သိရှိရသည်။ ဂျက်စတင်သည် ချစ်သူ ဂျက်ဆီကာဘေးလ်နှင့် စေ့စပ်ခဲ့ပြီးနောက် နယူးယော့ခ်ရှိ ၎င်းသီးသန့် နေထိုင်ခဲ့ ရာ လူပျိုဆောင်အား အရောင်းစာရင်း တင်ထားလိုက်ပြီ ဖြစ်သည်။

iPad နှင့်တွဲဖက်အသုံးပြုနိုင်မည့် iTypewriter လက်နှိပ်စက်



တစ်ခေတ်တစ်ခါက ရုံးသုံး၊ အိမ်သုံး စာစီစာရိုက် စနစ်တွင် အလွန်ခေတ် စားခဲ့သော လက်နှိပ်စက်များကို တမ်းတ လွမ်းမောနေသူများအတွက် iTypewriterကို တီထွင်လိုက်ပြီ ဖြစ်သည်။

တရုတ်ကျေးလက်နေပြည်သူများ၏ ဝင်ငွေမညီမျှမှု အန္တရာယ်အဆင့်နီးပါးသိုရောက်ရှိ

ကမ္ဘာ့ စီးပွားရေး ဒုတိယ အကြီးဆုံး နိုင်ငံဖြစ်လာသည့် တရုတ်နိုင်ငံ တွင် ကျေးလက် နေ ပြည်သူ များ၏ ဝင်ငွေ မညီမျှမှုမှာ အန္တရာယ် ရှိသောအဆင့် နီး ပါးသို့ ရောက်ရှိ လာကြောင်း CNA သတင်း တွင် ဖော်ပြ ထားသည်။တရုတ် ကျေး လက် ဒေသ တွင် နေထိုင်သူ လူသန်းပေါင်း များစွာသည် လယ်ယာ လုပ်ငန်း ကို စွန့်လွှတ်ပြီး ဝင်ငွေ ပိုရသော မြို့ပြသို့ တက်ရောက်၍ အလုပ်လုပ်ကိုင် လျက်ရှိ ရာ ကျေးလက် နေ လယ်ယာ လုပ်သူနှင့် မြို့တက် အလုပ်လုပ်သူ တို့၏ ဝင်ငွေမှာ အလွန် ကွာခြားလျက် ရှိသည်ဟု တရုတ် ကျေး လက်  လေ့လာရေး စင်တာက ပြောကြားသည်။

အေးအေး လေးလေး အိမ်၊ ခြံ၊ မြေ

အေးအေး လေးလေး အိမ်၊ ခြံ၊ မြေ

 အမေရိကန်ပြည်ထောင်စု ဟောလိဝုဒ် ထက်သော်လည်း ကောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် ထက်သော် လည်းကောင်း နှစ်ဆခန့် ဈေးကြီး မြင့်နေသော်လည်း ထိုနှစ်နိုင်ငံ၏ ဖွံ့ဖြိုးမှု နောက်တွင် အဆများစွာ နောက် ကျနေဆဲ မြန်မာနိုင်ငံ၏ ရန်ကုန်၊ မန္တလေး အိမ်၊ ခြံ၊ မြေဈေးကွက်သည် ၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၂ ခုနှစ် အတွင်းတွင်မူ ခပ်အေးအေး။

မဟုတ်မမှန်ဝါဒဖြန့်နေမှုများကြောင့် ကချင်ပြည်နယ်ငြိမ်းချမ်းရေးအလှမ်းဝေးနေ

မြန်မာအစိုးရတပ်ရင်း()ရင်းက ကချင်ပြ ည်နယ်အရှေ့ မြောက် ပိုင်းရှိ ချီဖွေမြို့နယ် ပန်းဝါဒေသ၊ တရုတ်နိုင်ငံ တန်ချွန်း နယ်စပ်ဒေသမှာရှိတဲ့ ကချင်လွတ်မြောက်ရေးတပ် မတော် (KIA)ရဲ့ တပ်မဟာ ()စခန်းတ စ်ခုကို ယနေ့ မနက်ပိုင်း၌ စခန်းသိမ်းရန် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ တယ်လို့ KIA ပြောရေးဆိုခွင့် ရှိသူ ဆလန်ကဘာလ နန်း ကပြော ခဲ့ပါတယ် အစချီပြီး သြဂုတ်လ ၂၀ ရက်နေ့က အင်တာန က်စာမျက်နှာမှာ သတင်း တစ်ပုဒ်ဖတ် လိုက်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲများ ကျင်းပရန် အမေရိကန်ပြည်ထောင်စုတွင် ပြင်ဆင်နေ

စက်တင်ဘာလအတွင်းအမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲများ ကျင်းပရန် အမေရိကန်ပြည်ထောင်စုရှိ ဆန်ဖရန်စစ္စကို၊ လော့စ် အိန်ဂျလိစ်နဲ့ နယူးယောက်မြို့များ တွင် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရှိရပါတယ်။

Burmese Shadows’ စာအုပ် မိတ်ဆက်ပွဲ ဘန်ကောက်တွင် လုပ်မည်

မဇ္ဈိမသတင်းဌာန ။       ။ ဝါရင့် သတင်းစာဆရာ Thierry Falise ရေးသားထားသော Burmese Shadows ဟု အမည်ရသည့် မြန်မာပြည်အကြောင်း စာအုပ် မိတ်ဆက်ပွဲအား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက် များ ကလပ်၌ စက်တင်္ဘာလ ၆ ရက်နေတွင် ကျင်းပမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် LA ရောက် မြန်မာပြည်ဖွား မိသားစုများနှင့် တွေ့ဆုံပွဲ ၀င်ကြေးအခမဲ့ ဖြစ်ကြောင်း ကြေညာခြင်း

ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာပြည်ဖွား မိသားစုများနှင့် တွေ့ဆုံပွဲ ၀င်ကြေးအခမဲ့ ဖြစ်ကြောင်း ကြေညာခြင်း
အခမ်းအနားဖြစ်မြောက်ရေးကော်မီတီ (Los Angeles)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ ခရီးစဉ်အတွင်း ကာလီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့သို့ လာရောက်ရာတွင် ဒေသခံ မြန်မာပြည်ဖွား မိသားစုများနှင့် တွေ့ဆုံပွဲ ပြုလုပ်ရန် စီစဉ်ထားပါသည်။ထိုပွဲမှာ ၀င်ကြေးအခမဲ့ ဖြစ်ပြီး လက်မှတ်များကို ပွဲစီစဉ်သူများထံသော်၎င်း၊ မိမိတို့ နီးစပ်ရာ လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသား အဖွဲ့များ၊ ပညာရပ်ဆိုင်ရာ အသင်းအဖွဲ့များမှ တဆင့် သော်၎င်း ကြိုတင် မှာကြားထားနိုင်ပါသည်။ပွဲအစ အဆုံး မြန်မာ ဘာသာ ဖြင့်သာ ပြောကြားပါမည်။ အင်္ဂလိပ် ဘာသာ မပြောပါ။ မြန်မာလို နားမလည်သူများ ကြိုတင် သိစေရန် အသိပေးအပ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် အဆင့် ၁၉


ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း Forbes က ဒီနှစ်အတွင်း သြဇာအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းကို မနေ့က ထုတ်လိုက်ပါပြီ။ အဲဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည် (အဆင့် ၁၉)လည်း ပါပါတယ်။

သြဇာအရှိဆုံးကတော့ ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာခဲ (အဆင့် ၁) နဲ့ အမေရိကန်က ဟီလာရီကလင်တန် (အဆင့် ၂)တို့ ဖြစ်ပါတယ်။

“ကလေးလုပ်သား မတင်နီလာအေးအမှု ယခုလ(၂၉)ရက်နေ့ ရုံးပြန်ချိန်း”

ကလေးလုပ်သား မတင်နီလာအေးအမှုကို ယနေ့-၂၂-၈-၂၀၁၂-ရက်နေ့ မနက်(၁၀)နာရီမှာ မဟာအောင်မြေမြို့နယ်၊ ခုံအမှတ်(တွဲ-၂)အထူးအာဏာတရားရုံးမှာ ဆက်လက်စစ်ဆေးပါတယ်။ အမှုကို စိတ်ဝင်စားသူများလို့ မဟာအောင်မြေတရားရုံးမှာ အထူးစည်ကားလို့နေပါတယ်။ ၈၈-ကျောင်းသားအဖွဲ့မှ ကိုကျော်ဇေယျနှင့် အဖွဲ့၊ စာနယ်ဇင်းများအဖွဲ့နှင့် ဓမ္မဘက်တော်သားရဟန်းရှင်လူ ပရိသတ်များ တက်ရောက်ကြပါတယ်။

ကဝ မြို့နယ်၏ သုံးပုံတပုံ တလခန့် ရေလွှမ်းနေဆဲ

စံခလပူရီ (မဇ္ဈိမ) ။      ။ မိုးများ ဆက်တိုက် ရွာသွန်းနေခြင်းနှင့် စစ်တောင်း မြစ်ရေ လျှံခြင်းကြောင့် ပဲခူးတိုင်း၊ ကဝမြို့နယ် သုံးပုံတပုံမှာ တလခန့် ရေလွှမ်းမိုးမှု ခံနေရဆဲ ဖြစ်ကြောင်း ရေဘေးဒုက္ခသည်များကို အကူအညီပေးနေသူ များနှင့် ဒေသခံများက ပြောသည်။

ရေဘေးကြောင့် ဆန်ဈေး တက်ရိပ်ပြ

ပဲခူးတိုင်း က၀မြို့နယ်အတွင်း ရေကြီးနေစဉ် (ဓာတ်ပုံ – သီဟ)

စပါးစိုက်ပျိုးသည့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း အရှေ့ခြမ်းဒေသများတွင် ရေကြီးမှုများကြောင့် စပါး အထွက် နောက်ကျနိုင် သည့်အတွက် ဆန်ဈေးကွက်တွင် ၀ယ်ယူသိုလှောင်မှု များပြားလာပြီး ဈေးနှုန်း များလည်း မြင့်တက်လာသည်။

စစ်တွေရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် မုဒိမ်းမှုများ ဒလကြမ်း ဖြစ်ပွားနေ


သာထွန်းဦး၊ သြဂုတ်(၁၈)၊ ၂၀၁၂ ။ စစ်တွေ။ စစ်တွေမြို့နယ် အတွင်းရှိ ဘင်္ဂါလီဒုကွသည်စခန်းများတွင် အမျိုးသမီးများ အား အကြမ်းဖက်မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့သော အရေအတွက် မှာ ပြီးခဲ့သည့်ဇွန်လအတွင်း ဒုက္ခသည်စခန်းများ သို့ ပြောင်းရွေ့ချိန်မှစ၍ ယခုအထိ မုဒိမ်းမှုပေါင်း အနည်းဆုံး သုံးဆယ်ကျော် ဖြစ်ခဲ့ပြီးပြီဟု ရခိုင်ပြည်နယ် လုံခြုံရေး ၀န်ကြီးဌာန နှင့် နီးစပ်သူတစ်ဦးက Coral Arakan ကို ပြော ကြားသည်။ သို့သော် ပြည်သူ့ရဲတပ်ဖွဲ့၏ အတည်ပြုချက်ကိုမူ မရရှိသေးပေ။

အိဒ်ပွဲတော်အတွင်း ဘင်္ဂလားဒေ့ခ်ျတွင် လူ ၄၂ဦးသေ၊ ၁၈၀ ဒဏ်ရာရ


ရာမန်ဒန် ဥပုသ်လ အပြီး အိဒ် ပွဲတော်အတွင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ယာဉ်တိုက်မူကြောင့် လူပေါင်း ၄၂ ဦး သေဆုံးပြီး ၁၈၀ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ကန့်ကွက်မူများ ပေါ်ပေါက်ပြီးနောက် မဇ္ဈိမ သတင်း အမှန်ပြင်ရေး

သဂတ်စ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်း ရှင်စောပုလမ်းတွင် ပြုလုပ်ခဲ့သော ရခိုင်အမျိုးသားများ ဆန္ဒဖေါ်ထုတ်ပွဲနှင့် ပတ်သက်ပြီး မှားယွင်းစွာ ရေးသားဖေါ်ပြခဲ့သော မဇ္ဈိမ သတင်းဌာန အနေဖြင့် ယခုအခါ အဆိုပါ သတင်းကို အမှန်ပြင်ရေး လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

The Voice Weekly စွဲချက်တင်မှု ဆုံးဖြတ်ရန် ရက်ရွှေ့

The Voice Weekly ဂျာနယ်နှင့် သတ္တုတွင်း ဝန်ကြီးဌာနအမှုကို သတင်းယူနေကြစဉ် (ဓာတ်ပုံ – ဧရာဝတီ)

The Voice Weekly ဂျာနယ်အပေါ် သတ္တုတွင်းဝန်ကြီးဌာနက အသရေဖျက်မှုဖြင့် တရားစွဲမှုကို စွဲချက် တင်သင့်၊ မတင်သင့် ဒဂုံမြို့နယ်တရားရုံးက ဆုံးဖြတ်မည့်ကိစ္စအား စက်တင်ဘာလ ၆ ရက်နေ့သို့ ရွှေ့ဆိုင်း လိုက်သည်။

ပဲခူးတိုင်း လယ်ဧက ၁ သိန်းကျော် ရေလွှမ်း


သြဂုတ်လဆန်းပိုင်းက တွေ့ရသော ပဲခူးတိုင်းအတွင်း ရေနစ်မြုပ်နေသည့် လယ်မြေများ(ဓာတ်ပုံ – မေစစ်ပိုင် / ဧရာဝတီ)

ပဲခူးတိုင်းဒေသကြီး၌ သြဂုတ်လအတွင်း မိုးအဆက်မပြတ် ရွာသွန်း၍ ရေကြီးရေလျှံဖြစ်သောကြောင့် လယ်မြေဧက ၁ သိန်းကျော် ရေလွှမ်းမိုးခံရပြီး ဧက ၁၁၀၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“လုံးဝ ပြန်စိုက်လို့မရနိုင်လောက်အောင် ပျက်စီးသွားတာက ဧက ၈၆၀၀ လောက် ရှိနေပါတယ်”ဟု ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဉာဏ်ဝင်းက ပြောသည်။

အလုပ်သမား အသင်းအဖွဲ့များ ပေါ်ပေါက်ရေး လွတ်လပ်စွာ လုပ်ဆောင်နိုင်

ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား ဆန္ဒပြပွဲ တခု (ဓာတ်ပုံ – ဧရာဝတီ)

“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၅၄ အရ ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဌာန်းထားတဲ့ ဥပဒေများနှင့် မဆန့်ကျင်ရင် မိမိယုံကြည်ချက် ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်၊ လက်နက်မပါဘဲ စီတန်းလှည့်လှယ်ခွင့်နှင့် အသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်ခွင့် ရှိတယ်လို့ အတိအလင်း ပြဌာန်းထားပါတယ်” ဟု ဦးသက်နိုင်ဦးက ယခုလ၂၀ ရက်နေ့တွင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချူပ်ရုံး၌ ပြုလုပ်ခဲ့သည့် အလုပ်သမား၊ အလုပ်ရှင် အသင်းအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားသည်။

လွှတ်တော်ဥက္ကဋ္ဌများ လွှတ်တော်အစည်းအဝေးဖျက်၍ သမ္မတနှင့်တွေ့

ရန်ကုန် (မဇ္ဈိမ) ။        ။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ ကြာသပတေးနေ့တွင် ဆွေးနွေး ရန် အစီအစဉ်များ ချမှတ်ထားပြီးဖြစ်သော်လည်း လွှတ်တော်အစည်းအဝေးများ ဖျက်သိမ်း၍ လွှတ်တော် ဥက္ကဋ္ဌနှစ်ဦးနှင့် သမ္မတဦးသိန်းစိန်တို့ သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေးနွေးလျက်ရှိသည် ဟု နေပြည်တော် သတင်းရပ်ကွက်ကပြောသည်။

လွှတ်တော်နဲ့ ခုံရုံးအငြင်းပွားနေတာက ပြည်သူတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်မလဲ

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေနဲ့သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုတဲ့သတင်းကြားရတော့
 တော်တော်လေးစိတ်ဝင်စားမိပါတယ်။

တရားရုံးတွေနဲ့ ခုံးရုံးတွေဆိုတာ သာမန်အားဖြင့်တော့ သတင်းစာရှင်းလင်းပွဲလုပ်လေ့မရှိသလို၊ မီဒီယာတွေနဲ့လည်း တွေ့ဆုံလေ့မရှိပါဘူး။ ဒါပေမဲ့ ခုလို သတင်းစာရှင်း လင်းပွဲ လုပ်ပြီး တွေ့ဆုံမယ်ဆိုတာက စိတ်ဝင်စားစရာပါပဲ။ ကျမ အနေနဲ့ သတင်းယူမယ်ဆိုတာကို တကယ်ပဲ စိတ်ပါလက်ပါ ပြောမိပါတယ်။

မန္တလေး ကျူးကျော်နေထိုင်မှု ရဲက အကြမ်းဖက်နှိမ်နင်း

ရဲက ဝင်မဖမ်းမီ ကျူးကျော်နေထိုင် သူများကို တွေ့ရစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက် အတွင်းရှိ ကျူးကျော်နေထိုင်သူများကို အမှတ်၁၁ရဲစခန်းမှ ၀င်ရောက်စီးနင်းရာ ကျူးကျော်နေထိုင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ အပြန်လှန် ရိုက်ခတ်မှု ဖြစ်ပွားခဲ့အပြီး သုံးရက်အကြာ ကျူးကျော်နေထိုင်မှုကို ခေါင်းဆောင်သူ ကိုဝင်းမြင့်ထွန်း ယနေ့နံနက် ၁၀နာရီခွဲ၌ ကိုယ်တိုင် ရဲစခန်းသို့ သွားရောက်အဖမ်းခံလိုက်ပြီ ဖြစ်သည်။

စွမ်းရည်မြှင့်သင်တန်းကို ရေနံချောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ပိတ်ပင်

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မကွေးတိုင်း မဲဆွယ်ခရီးစဉ်အတွင်း တွေ့ရသော ရုပ်ရှင် သရုပ်ဆောင် ရဲတိုက် (ဓာတ်ပုံ – နတ်ဆိုး)

မကွေးတိုင်း ရေနံချောင်းမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များ ပြုလုပ်နေသည့် စွမ်းရည်မြှင့်တင်ရေး သင်တန်းကို ဆက်လက် မဖွင့်လှစ်ရန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်ကြောင်း သတင်းရရှိသည်။

တောင်ကိုရီးယားကို ဂျပန် သံအမတ် ပြန်ပို့

နယ်မြေပိုင်နက် အငြင်းပွားမှုတွေ ကြီးထွားလာရာ က ပြန်လည်ခေါ် ယူထားတဲ့ သံအမတ်ကြီးကို သီတင်းတပတ်ကျော် ကြာလာတဲ့ အချိန်မှာတော့ ဂျပန်နိုင်ငံ ကတောင်ကိုရီးယားကြို ပည် လည်  စေလွှတ် လိုက်ပါတယ်။ ဂျပန်နိုင်ငံက Takeshima လို့ ခေါ် ပြီး တောင်ကိုရီးယားက Dokdo လို့ခေါ်တဲ့ ကျွန်းစုကို ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စကို ဖြေရှင်းနိုင်ဖို့အတွက် သံအမတ်ကြီး Masatoshi Muto ကို ပြန်လည်စေလွှတ်မှာ ဖြစ်တဲ့အကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba က ဒီကနေ့ ပဲ ပြောလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို မြန်မာဘက်က လုံခြုံရေး တိုးချထား

ဘင်္ဂါလီ ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ၀င်မလာစေရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့မှ စောင့်ကြည့်နေစဉ် (ဓာတ်ပုံ – Reuters)

ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို မြန်မာဘက်က လုံခြုံရေး တိုးမြှင့်ချထားကြောင်း နယ်စပ်မှလာသော သတင်းများအရ သိရသည်။

စီးကရက်ဘူးများတွင် ကုမ္ပဏီနာမည်နှင့် တံဆိပ်များ ဖော်ပြခွင့် မပြုရေး ဥပဒေ သြစတြေးလျ တရားရုံးချုပ် အတည်ပြု


စီးကရက်ဘူးများတွင် ကုမ္ပဏီနာမည်နှင့်တံဆိပ်များဖော်ပြခွင့်မပေးဘဲ ကျန်းမာရေးသတိပေးချက်များသာ ထည့်သွင်းဖော်ပြထားရေးဥပဒေကို သြစတြေးလျတရားရုံးချုပ်က ထောက်ခံအတည်ပြုပေးလိုက်ကြောင်း BBC သတင်း တွင် ဖော်ပြထားသည်။