Tuesday 9 October 2012

ရာဇသံလည်း အထုတ်ခံရပြီး ငြိမ်းချမ်းရေး အဖွဲ့ရဲ့ ထပ်မံ ဖိအားပေးခြင်း ပါခံရသော SSPP

Tuesday, 9 October 2012

SSPP_02llloopoiutred

ရာဇသံ အမိန့်အတိုင်း ထပ်မံ ဆုတ်ပေးဖို့ ဦးသိန်းဇော်နှင့် ဦးဇော်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သည် ယနေ့ နံက်ပိုင်းတွင် ဗိုလ်မှူး စိုင်းလ ဦးဆောင်သော ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) မှ ကိုယ်စားလှယ် များနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးမြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု SSPP ဗိုလ်မှူးကြီးဟောင်း တဦးက ပြောပါသည်။

ဖားကန့်မြို့နယ်တွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေ

Tuesday, October 9, 2012


ချင်းမိုင်(မဇ္စျိမ)။   ။ တလခန့်ကြာ ငြိမ်သက်နေခဲ့ရာမှ ဖားကန့်မြို့နယ်အတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်နှင့် အစိုးရတပ်များအကြား အင်္ဂါနေ့ နံနက်ပိုင်းက တနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

ရွှေပြည်သာ မြို့နယ်တွင်း အုပ်ချုပ်ရေးမှူးအဖြစ် အမျိုးသမီး ၁၃ ဦး ရွေးချယ်ခံခဲ့ရ

Tuesday, 9 October 2012

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရေးအတွက်  ဆယ် အိမ်စုကိုယ်စားလှယ်ရွေးချယ်  ရာတွင်အမျိုးသမီး(၁၃)ဦး ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။

RFA မြန်မာဋ္ဌာနရဲ့ Facebook စာမျက်နှာ

Tuesday, October 09, 2012
  
ဝါရှင်တန်အခြေစိုက် လွတ်လပ်တဲ့အာရှအသံ (RFA)/ မြန်မာဋ္ဌာနရဲ့ Facebook စာမျက်နှာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အွန်လိုင်းကနေ ပျောက်သွားပါတယ်။

တလှိုင်းပြီးတလှိုင်း တက်လာမယ်ဆိုတဲ့ G Wave

Tuesday, October 09, 2012
 

တချိန်က မြေအောက်လှုပ်ရှားမှုအဖွဲ့အစည်းတခုလို့ ထင်ရှားခဲ့တဲ့ Generation Wave ဟာ အခုချိန် မှာတော့ နိုင်ငံရဲ့လှုပ်ရှားမှုတွေကို ထင်ထင်ပေါ်ပေါ် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅နှစ်ဆိုတဲ့ ခရီးကို နောက်ပြန်ကြည့်လိုက်ရင် ၂၀၀၇ စက်တင်ဘာ ကစပြီး Generation Wave ရဲ့

စစ်တွေ ရဟန်းတော်များ ဆန္ဒပြပွဲ လူပေါင်းသောင်းချီ ပူးပေါင်းပါဝင်

 

စစ်တွေတွင် ယနေ့ ပြုလုပ်သော ရဟန်းတော်များ ဦးဆောင် ဆန္ဒပြပွဲသို့ လူပေါင်းသောင်းချီ ပူးပေါင်း ပါဝင်လာသဖြင့် လူထု လူပ်ရှားမူ ဆန္ဒပြပွဲ တစ်ခု အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဦးဆောင် ဆရာတော် တစ်ပါးက နိရဉ္စရာသို့ မိန့်ကြားသည်။

စူပါကွန်ပျူတာများ ဖန်တီးနိုင်ရေး လမ်းဖွင့်ပေးခဲ့သော ပညာရှင်နှစ်ဦး ရူပဗေဒနိုဗယ်ဆုဆွတ်ခူး

စူပါ ကွန်ပျူတာများ ဖန်တီးနိုင်ရေး လမ်းဖွင့်ပေးခဲ့သော တစ်ချိန်က မဖြစ်နိုင်ဟု ယူဆခဲ့ကြသည့် ခွဲခြား ရန်ခက်ခဲသော ကွမ်တမ်အမှုန်များ ကို မပျက်စီးစေဘဲ တိုင်းတာနိုင်သည့် နည်းလမ်းကို ရှာဖွေပေးနိုင်ခဲ့ သည့် ပြင်သစ်နှင့် အမေရိကန်သိပ္ပံ ပညာရှင်နှစ်ဦးသည် ၂၀၁၂ ခုနှစ် အတွက် ရူပဗေဒနိုဗယ်ဆု ဆွတ်ခူး ခဲ့ကြောင်း အောက်တိုဘာလ ၉ ရက် နေ့တွင် နိုဗယ် ဆုရွေးချယ်ရေးကော် မတီက ထုတ်ပြန်ကြေညာသည်။

မြန်မာကုမ္ပဏီ GRAND ROYAL နှင့် ပရီးမီးယားလိဂ် ချယ်ဆီး အသင်း အကျိုးတူပူးပေါင်းစာချုပ်ချုပ်

 
မြန်မာကုမ္ပဏီ GRAND ROYAL နှင့် ပရီးမီးယားလိဂ် ချယ်ဆီး အသင်းတို့၂နှစ်သက်တမ်းရှိ
အကျိုး တူ ပူးပေါင်းစာချုပ်ချုပ်ဆိုပွဲကို ယနေ့ နေလည်က ချက်ထရီယံဟိုတယ်၌ပြုလုပ်ခဲ့သည်။
GRANDROYALမှာမြန်မာနိင်ငံတွင်ချယ်ဆီးအသင်းအမှတ်တံဆိပ်လိုဂိုကိုတရားဝင်အသုံးပြုခွင်ရရှိပြီဖြစ်ကြောင်း သိရသည်။
 
 

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဂျပန်နိုင်ငံ၊ NEC Corporation ဥက္ကဋ္ဌ Dr. Nobuhiro Endo ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် အောက်တိုဘာ ၉

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့ မွန်းလွဲ ၂ နာရီတွင် ဂျပန်နိုင်ငံ၊ NEC Corporation ဥက္ကဋ္ဌ Dr. Nobuhiro Endo ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ရှင်သန်နိုင်စေရန် အတွက် တရားဥပဒေ စိုးမိုးရေးဟု ခေါ်ဆိုသည့် Rule of Law သည် အခြေခံအကျဆုံး ဖြစ်

 

စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ရှင်သန်နိုင်စေရန် အတွက် တရားဥပဒေ စိုးမိုးရေးဟု ခေါ်ဆိုသည့် Rule of Law သည် အခြေခံအကျဆုံး ဖြစ်သည်ဆိုသည်ကို မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် နားလည် သဘောပေါက် ထားပါကြောင်း၊ တရားဥပဒေ စိုးမိုးမှု ရှိစေရန် တရားရေးမဏ္ဍိုင်ပြုပြင် ပြောင်းလဲရေးကို အချိန်နှင့် တစ်ပြေးညီ ဖော်ဆောင် သွားမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်သမ္မတဦးသိန်းစိန် Myanmar Investment Forum ပြောကြားချက်




မြန်မာနိုင်ငံသည် နိုင်ငံတကာစီးပွားရေး အသိုင်းအဝိုင်းနှင့် ချိတ်ဆက်ပြီး ဈေးကွက် စီးပွားရေးစနစ် ပုံပေါ်အောင် ကြိုးပမ်းနေချိန်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အရေးကြီးသည့် Inclusive Economic Institutions ပေါ်ပေါက်လာပြီး မိမိတို့ရရှိထား သည့် နိုင်ငံရေးဖြစ်ထွန်းတိုးတက်မှုများကို ပံ့ပိုးကူညီနိုင်မည့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု များ၊ နည်းပညာအကူအညီများ လိုအပ်နေချိန်လည်း ဖြစ်ပါကြောင်း။

တရုတ်ဆက်သွယ်ရေး လုပ်ငန်းကြီးများဖြစ်သည့် Huawei နှင့် ZTE သည် အမေရိကန်အတွက် လုံခြုံရေးခြိမ်းခြောက်မှု ဖြစ်ကြောင်း ကွန်ဂရက်အထူးအဖွဲ့ သတိပေး

 

တရုတ်ဆက်သွယ်ရေး လုပ်ငန်းကြီးများဖြစ်သည့် Huawei နှင့် ZTE သည် အမေရိကန်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်နေပြီး ယင်းလုပ်ငန်းကြီးများ အမေရိကန်တို့နှင့် စီးပွားရေးလုပ်ကိုင်ခြင်းကို တားမြစ် သင့်ကြောင်း အမေရိကန် အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီက တစ်နှစ်ကြာ စုံစမ်းလေ့ လာပြီးနောက် ထုတ်ဝေခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ မြန်မာနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်မှုများပြားလာ

 
 
 
ထိုင်းနိုင်ငံတွင် လုပ်အားခနည်းပါးလာမှုနဲ့ လူနေမှုအသုံးစရိတ် မြင့်မားလာခြင်းေ ကြာင့် မြန်မာရွှေ့ပြောင်း အ လုပ်သမားများမှ မိမိနိုင်ငံမှ စက်ရုံများသို့ ပြန်လည်သွားရောက် လုပ်ကိုင်မှု များပြားလာကြောင်း သိရှိရသည်။

ဆိုရှယ်မီဒီယာမှတစ်ဆင့် ဝါဒဖြန့်မှုများကြောင့် ပဋိပက္ခ ပိုကြီးစေသလား

          မြန်မာနိုင်ငံတွင်Facebook, youtube  ကဲ့သို့သော လူမှုကွန်ရက် Website များကို အသုံးပြုမှုမှာ တစ်နှစ် ထက်တစ်နှစ် သိသိသာသာ တိုးတက်လျက်ရှိရာ ယင်း ဆိုရှယ်မီဒီယာများကို အသုံးပြု၍ ရည်ရွယ် ချက်ဖြင့် ဝါဒ ဖြန့်ချိမှုများသည်လည်း ပို၍ များပြားလာသည်ဟု အင် တာနက်အသုံးပြုသူများနှင့် သက်ဆိုင် ရာ နယ်ပယ်အသီး သီးမှ ပုဂ္ဂိုလ်များက သုံးသပ်ပြောကြားသည်။

လုံခြုံမှုအတွက် မျှော်လင့်နေရသည့် အဆောင်သူလေးများ ဘဝ

အပျိုကြီးဖြစ်၍ ဇီဇာကြောင်သည်ဟု  အများက သတ်မှတ်ခြင်းခံရသူ ဒေါ်ကြည် မှာ အ လုပ်ကြောင့် မောက်မာ  သည့်ပုံ  ပေါက်နေသည်။ မတစ်ရာ သမီးတွေကို အုပ်ချုပ်နေရသူဖြစ်ခြင်းကြောင့် ယခုလို မျက်နှာပေါက်တင်းနေရခြင်းဖြစ်ဟန် တူသည်။

သမ္မတ ဦးသိန်းစိန် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်နှင့် တွေ့ဆုံ




 

တောင်ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်သည် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်နှင့် အောက်တိုဘာလ ၉ ရက်နေ့ (ယနေ့) က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ တွင် တွေ့ဆုံရာ ၌ နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ရေးအတွက် နှစ်နိုင်ငံကြား ရင်းနှီးမြုပ်နှံမှု အာမခံစာချုပ်ကို ချုပ်ဆိုရန် တွေ့ဆုံဆွေးနွေးမှုများ စတင်ရန်အတွက် သဘောတူခဲ့ကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု တိုးမြင့်ရေးကိုလည်း သဘောတူခဲ့ကြသည်။

ထိုင်းရောက် မြန်မာများနဲ့ လူကုန်ကူးမှု

ထိုင်းနိုင်ငံ တောင်ပိုင်း ချွန်ဘူရီမြို့နယ် လှေဆိပ်တခုမှာ ရောင်းစားခံရတော့မယ့် မြန်မာနိုင်ငံသား ၉ ယောက်ကို မကြာသေးခင် ရက်ပိုင်းက ကယ်တင်ခဲ့ပါတယ် လို့ http://www.dailynews.co.th/crime/159163  မှာ ရေးထားပါတယ်။  ဒီလ ၅ ရက်နေ့မှာ ကယ်လိုက်တာလို့ ဆိုပါတယ်။

ဒီမိုကရေစီဆိုတာ



၁၉၈၈ ခုနှစ်နောက်ပိုင်း ကျွန်တော်တို့ဆီမှာ “ဒီမိုကရေစီ”ဆိုတဲ့ ဝေါဟာရက အတော်တွင် ကျယ်လာခဲ့ ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး လွှတ်တော်များ ပေါ်ပေါက်လာတော့ ဒီမိုကရေစီ ရပြီလို့ လူအများစု က ထင်မြင်ယူဆနေကြပါတယ်။

ပထမဆုံးအချက်က ဒီမိုကရေစီဟာ ဟင်းရွက်ကန်စွန်းလို ရော့အင့် ဆိုပြီး ပေးလို့ ယူလို့ ရတဲ့ အရာမဟုတ်ပါဘူး။ အဲဒါကို သဘောပေါက်ဖို့ သိပ်ကို အရေးကြီးပါတယ်။ တကယ်တော့ ဒီမိုကရေ စီဆိုတာ နိုင်ငံရေး စနစ်တစ်ခုသာ ဖြစ်ပါတယ်။

ရွေလျားမှုနည်းပါးနေသည့် e Government အခန်းကဏ္ဍအတွက် ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်မည်ဟုဆို

နိုင်ငံ၏ e Government အခန်းကဏ္ဍသည် သွားရောက်ချင်သလောက် လိုက်လံရွေလျားခြင်း မရှိသည့်အ တွက် အဆိုပါ e Government လုပ်ငန်းစဉ်များကို ကိုရီး ယားနှင့်ပူးပေါင်း၍ မာစတာပ လန် ရေးဆွဲဆောင် ရွက်သွားရန်အစီအစဉ် ရှိသည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ထုတ်ပြန်ပြောဆို သည်။

ကွန်ပျူတာ ဂိမ်းများတွင် အသုံးပြုနိုင်မည့် သေနတ်အစစ်နှင့် အလွန်တူသော ခေတ်မီ ဂိမ်းလက်ကိုင် တစ်မျိုးကို လာမည့်နှစ်တွင် ထုတ်လုပ် ရောင်းချသွားမည်

 
 
ကွန်ပျူတာ ဂိမ်းများတွင် အသုံးပြုနိုင်မည့် သေနတ်အစစ်နှင့် အလွန်တူသော ခေတ်မီ ဂိမ်းလက်ကိုင် တစ်မျိုး ကို လာမည့်နှစ်တွင် ထုတ်လုပ် ရောင်းချသွားမည် ဖြစ်သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးရှေ့တွင် ရခိုင်သံဃာတော်များ ဆန္ဒထုတ်ဖော်

ယနေ့နေ့လည် ၁ နာရီအချိန် တွင် စစ်တွေမြို့ အောင်မြေကုန်း ကျောင်း (စစ်တွေဘောလုံးကွင်းရပ်ကွက်) မှ သံဃာတော်များ စုပေါင်း ၍ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့ တွင် အချက် ၅ ချက်ဖြင့် ဆန္ဒဖော် ထုတ်လျက် ရှိကြောင်း သတင်းရရှိ ပါသည်။

ယခု စစ်တွေမြို့ အခြေအနေ


ယနေ့ ၉.၁၀.၂၀၁၂ ရက်နေ့ နေလည် ၁း ၃၀ တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရဟန်သင်္ဃာများမှ ဦးေ ဆာင်ပြီး OIC နှင့် ဘင်္ဂလားဒေံရှ်နိုင်ငံတွင် အကြမ်းဖက်မှုကို ကွန့်ကွက်သည့်အနေဖြင့် ဆန္ဒထုတ်ဖော်ရန် သင်္ဃာတော်များ သည် အောင်မြေကုန်ကျောင်းတိုက်တွင် စုရုံးလျှက်ရှိပါသည်။ 

ရွှေပြည်သာ မြို့နယ်တွင်း အုပ်ချုပ်ရေးမှူးအဖြစ် အမျိုးသမီး ၁၃ ဦး ရွေးချယ်ခံခဲ့ရ

ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးအတွက် ဆယ် အိမ် စု ကိုယ်စား လှယ်ရွေးချယ် ရာတွင်အမျိုးသမီး(၁၃)ဦး ရွေးချယ်ခံခဲ့ရကြောင်း သိရှိရသည်။

"အများထောက်ခံတဲ့ ဆယ်အိမ်စုကိုယ်စားလှယ်တွေထဲကအုပ်ချုပ်ရေးမှူးအတွက်အရွေး ချယ်ခံတဲ့ ကိုယ် စား လှယ်တွေကို မူဝါဒ(၁၁)ချက်နဲ့ သေချာစီစစ်မယ်။ ပြီးရင် ကိုယ်စားလှယ်ကအမျိုးသမီးဖြစ်ဖြစ်အမျိုး သားဖြစ်ဖြစ် ခရိုင်က စီစစ်မယ်၊ ပြီးရင် တိုင်းကရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်သွားမှာဖြစ် တယ်"ဟု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့ဝင် အမှတ်(၄)ဗိုလ်ကြီးဦးလှိုင်မြင့်(ငြိမ်း)က ပြောသည်။

ပြုပြင်ပြောင်းလဲရေးခေတ်သစ်မှ ဒီမိုကရေစီရောင်းရင်းနှစ်ဦး

 


အောက်တိုဘာ၇ရက်ထုတ် The Voice Weekyဂျာနယ်အတွဲ(၈) မှတ်(၄၀)

အခုဖော်ပြပါဆောင်းပါးမှာ နာမည်ကျော် အမေရိကန် သတင်းစာ တစ်စောင်ဖြစ်သော နယူးယောက်တိုင်းမ် ၏ ပင်တိုင်ဆောင်းပါးရှင် Bill Keller အင်တာဗျူး တစ်ပုဒ် အနက်မှ အချို့ကို မှီငြမ်း ကောက်နုတ် ဘာ သာပြန် ဆိုထားခြင်း ဖြစ်ပါ သည်။ Bill Keller သည် သမ္မတ ဦးသိန်းစိန်၏ သမိုင်းဝင် အမေရိ ကန်ပြည်ထောင် စု ခရီးစဉ်တွင် ၎င်းကို သွားရောက်တွေ့ဆုံ၍ မေးခွန်း အတော်များများ မေးမြန်းခဲ့သလို တစ်ချိန်တည်း မှာပင်အဆိုပါ နိုင်ငံသို့ ရောက်ရှိနေခဲ့သည့်ဒေါ်အောင် ဆန်းစုကြည်နှင့် လည်း တွေ့ဆုံခဲ့ သည်။

ရှားခဲအင်းကိစ္စ ဧရာဝတီတိုင်း လွှတ်တော်တွင် အရေးကြီး အဆိုတင်သွင်း

 http://burma.irrawaddy.org/wp-content/uploads/2012/10/Shar-Kae-Inn-follow-up.jpg


ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲအင်း၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လုံခြုံမှု စိုးရိမ်ေ နခြင်းနှင့် ယင်းဒေသတွင် တရားဥပဒေစိုးမိုးမှု မရှိသည့်အပေါ် တိုင်းဒေသကြီးအစိုးရမှ အမြန်ဆုံး ဖြေ ရှင်းဆောင်ရွက်ပေးရန် ကျုံပျော်လွှတ်တော် ကိုယ်စားလှယ်က တိုင်းလွှတ်တော်အစည်း အဝေးတွင် အရေးကြီး အဆိုအဖြစ် ယမန်နေ့က တင်သွင်းခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိ ကိုရီးယားသမ္မတနိုင်ငံ KBS သတင်းဌာနမှ နိုင်ငံရေးနှင့် နိုင်ငံခြားရေးရာသတင်းထောက် Mr. Kim Yong Deok အား လက်ခံတွေ့ဆုံပြီး ရုပ်မြင်သံကြား တွေ့ဆုံမေးမြန်းခန်း အဖြစ် ဆွေးနွေးမေးမြန်းမှု များကို ပြန်လည်ဖြေကြား

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကိုရီးယားသမ္မတ နိုင်ငံသမ္မတ မစ္စတာ အီမြောင်ဘတ်၏ဖိတ်ကြားချက်အရ ကိုရီးယားသမ္မတ နိုင်ငံတွင် ချစ်ကြည်ရေးခရီး လည်ပတ်ရန် အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်မောင် စိုး၊ ဦးအေးမြင့်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဦးရဲမြင့်၊ ဦးဉာဏ်ဝင်း၊ ဒုတိယဝန်ကြီး ဦးဟန်စိန်၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေးနှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် အောက်တိုဘာ ၇ ရက်တွင် မြန်မာနိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် ယနေ့နံနက် ၇ နာရီ ၃၅ မိနစ်တွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။

နိုင်ငံတကာ နိုဘယ်လ် ဆေးသိပ္ပံဆု ဂျပန်နဲ့ ဗြိတိန် သိပ္ပံပညာရှင်တွေ ရရှိ

Nobel Prize for Medicine ဆုကို ဗြိတိန်နဲ့ ဂျပန်ပညာရှင်နှစ်ဦး ဆွတ်ခူးရရှိပါတယ်။

၂၀၁၂ ခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို stem cell နဲ့ပတ်သက်တဲ့ သုတေသန လုပ် ငန်းတွေ  ကို လုပ်ကြတဲ့ ဂျပန်နိုင်ငံသား Shinya Yamanaka နဲ့ ဗြိတိန်နိုင်ငံသား John Gurdon တို့ ဆွတ်ခူးသွားပါတယ်။

ကမာရွတ်မြို့နယ်ရှိ အင်းယားကန်ဘောင်တွင် သတ်မှတ်ချိန်ကျော်သွား၍ ၀န်ထမ်းတစ်ဦးမှ ပြန်ခိုင်းခြင်းကြောင့် မကျေနပ်သည့်လူတစ်စုက ဆိုင်ကယ်များဖြင့်ပြန်လာပြီး မင်းမဲ့စရိုက်ဆန်စွာ အခြားသူများကိုပါ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်မှုဖြစ်ပွားခဲ့


ကမာရွတ်မြို့နယ်ရှိ အင်းယားကန်ဘောင်ဝန်ထမ်းတစ်ဦးမှ ညကိုးနာရီကျော်သွား၍ ပြန်ခိုင်းရာမှစ၍ မကျေ မနပ်ဖြစ်နေသူများက ဆိုင်ကယ်များဖြင့်ပြန်လာပြီး မင်းမဲ့စရိုက်ဆန်စွာဖြင့် အခြားသူများကိုပါ ၀ိုင်းဝန်း ရိုက်နှက် ထိုးကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဒို့ပြည်သာကစားကွင်း တင်ဒါရပ်ဆိုင်းခံရ စားသောက်ဆိုင်များ သုံးရက်အတွင်းပြောင်းရွှေ့ရမည် အပြင် အလုပ်သမား၂၀၀ ခန့် အလုပ်လက်မဲ့ဘေး ရင်ဆိုင်နေရ

သစ်တောရေးရာဝန်ကြီး ဌာနပိုင် ဒို့ပြည်သာကစားကွင်း အား တင်ဒါထပ်မံလျှောက်ထားခွင့် ရပ် ဆိုင်း ထားခြင်း ကြောင့် အလုပ်သ မား ဦးရေ ၂၀၀ ခန့် အလုပ်လက်မဲ့ ဖြစ်မည့်အရေးကို ရင်ဆိုင် ရလျက် ရှိ ကြောင်း ဒို့ပြည်သာကစားကွင်း၏ Indoor Game နှင့်ကစားကွင်းတာ ဝန်ခံ ကိုဇော်ဦးက ရန်ကုန်တိုင်းမ် သို့ ပြောသည်။

မုံရွာတွင်ဆိုင်ကယ်တိုက်မှုတစ်နေ့တခြားပိုများ

စစ်ကိုင်းတိုင်းဒေသကြီးရှိ လူဦးရေ တစ်သိန်းခြောက်သောင်းခန့် နေထိုင် သော အထက်ချင်းတွင်း စီးပွားရေး မြို့တော် မုံရွာတွင် ဆိုင်ကယ်စီးရေ တိုးပွားလာခြင်း နှင့်အတူ ဆိုင်ကယ်တိုက်မှုများ တစ်နေ့တခြား ပိုမို များပြားလာလျှက် ရှိကြောင်း ယာဉ်ထိန်းရဲ အရာရှိ တစ်ဦးက ပြောကြားသည်။

အဓိကမှာ လူသွားလူလာများသော လမ်းများ အလွန် ကျဉ်းမြောင်းခြင်း နှင့် ဆိုင်ကယ်ဦးရေ တိုးပွားလာနေမှု များကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားလျှက် ရှိခြင်းဖြစ်ပြီး ဆိုင်ကယ်တိုက်မှုများ တိုးပွားလာနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

နိုင်ငံခေါင်းဆောင်ဖြစ်ရေးအတွက် လူထုဆန္ဒအပြင်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်လည်းညီညွတ်ရန်လိုကြောင်း ဦးအောင်သိန်းလင်းပြောကြား



နိုင်ငံတော်၏အကြီးအမှူး ခေါင်းဆောင်ရာထူးအတွက် ပြည်သူလူထု၏ဆန္ဒသဘောထား တစ်ခုတည်းဖြင့် မလုံလောက်ဘဲ။ လူထုဆန္ဒအပြင် မြန်မာပြည်သူ ၉၂.၄၈ ရာခိုင်နှုန်းမှ ထောက်ခံ အတည်ပြုထား သည့်ဖွဲ့ စည်းပုံ အခြေခံဥပဒေပါအချက်များနှင့် ညီညွတ်ရန်လိုကြောင်း၊ ယင်းသို့ ညီညွတ်မှ သာလျှင် နိုင်ငံေ ခါင်း ဆောင်ဖြစ်နိုင်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ခေတ်မှီဖွံ့ဖြိုး တိုးတက်ေ ရးနှင့် ပြုပြ င်ပြောင်းလဲမှု စီ စစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ပြောကြား သွားခဲ့ သည်။

RFA မြန်မာဋ္ဌာန ဖေ့စ်ဘွတ်စာမျက်နှာ ပိတ်သိမ်း

 

အမေရိကန်ပြည်ထောင်စု အခြေစိုက် လွတ်လပ်သောအာရှအသံ RFA မြန်မာဋ္ဌာန၏ Facebook စာမျက်နှာ ကို မကြာသေးမီက ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ဗုဒ္ဓဘာသာအကြီးအကဲများနှင့်တွေ့




ဘင်္ဂလားဒေ့ရှ်ဝန်ကြီးးချုပ် Sheikh Hasina ဟာ ပြီးခဲ့တဲ့သီတင်းပါတ်က ထောင်ချီတဲ့ မူဆလင် လူအုပ် စု က ဒါဇင်နဲ့ ချီတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေနဲ့ အိမ်ခြေ ၅၀ လောက်ကို ဖျက်ဆီးမီးရှို့ခဲ့တဲ့ Cox’s Bazar ဒေသကို တနင်္လာနေ့ က သွားရောက်ခဲ့ပါတယ်။ ဗုဒ္ဓဆင်းတုတော်တွေ အပါအ၀င် ပစ္စည်းတွေ လုယက်ဖျက်ဆီးခံခဲ့ရတဲ့ ဒီ ဖြစ်ရပ် ဟာအဆိုးဆုံး ဘာသာရေးအခြေခံတဲ့ တိုက်ခိုက်မှု တခုလို့ ဆိုရမှာ ဖြစ်ပြီး ဗုဒ္ဓဘာသာအသိုင်းအ၀န်းကြား ထိတ်လန့်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဦးသိန်းစိန် ၏ တောင်ကိုရီးယားခရီး စဉ် မှာ တောင်ကိုရီးယား သမ္မတ က နွေးထွေးစွာ ကြိုဆို

 http://freedomnewsgroup.files.wordpress.com/2012/10/2012-10-08t082749z_203085169_gm1e8a819ol01_rtrmadp_3_korea.jpg

တောင်ကိုရီးယား နိုင်ငံ ကို ၃ ရက်ကြာ ခရီးစဉ် လည်ပတ် စဉ် မှာ တောင်ကိုရီးယား သမ္မတ လီ
မြောင်  ဘတ် နဲ့  မြန်မာ သမ္မတ ဦးသိန်းစိန် တွေ့ ဆုံ ဆွေးနွေး ခဲ့ ပြီး  သမ္မတ ဦးသိန်းစိန် ကို
တောင်ကိုရီးယား သမ္မတ က နွေး ထွေး စွာ ခရီး ဦးကြို ပြု ခဲ့ တယ် လို့  သိရ ပါတယ်။

မောင်တောမြို့နယ်အတွင်း ထုတ်ပြန်ထားသည့် ပုဒ်မ(၁၄၄) အတွက် အချိန်လျော့ပေါ့မှု ထပ်မံပြုလုပ်


မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဘက်မှုကြောင့် ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ညနေ ၆ နာရီမှ နံနက် ၆ နာရီ အထိညမထွက်ရအမိန့် အား ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလ (၈) ရက်နေ့ တွင် ည ၁၀ နာရီ မှ နံနက် ၄ နာရီသို့ လျှော့ချလိုက် ကြောင်း သိရှိရသည်။

မောင်တောမြို့နယ်အတွင်း ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့သည်မှာ လေးလတာ ကာလသို့ ရောက်ရှိ လာပြီ ဖြစ်သောကြောင့် ဒေသတွင်း ထုတ်ပြန် ထားသည့် ပုဒ်မ (၁၄၄)ကို လေးနာရီ ထပ်မံလျော့ ချ ပေးလိုက်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှုးရုံးမှ အောက်တိုဘာလ ၈ ရက် နေ့ ညနေ ၆ နာရီအချိန်တွင် ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်ပါသည်။

ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာအနီးတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီး ဥရုချောင်း တစ်ဖက်ကမ်းရှိ ဘုရားကုန်းနှင့် စစ်တပ် ကုန်း တစ်ဝိုက်တွင် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ပြီး တပ်မတော်နှင့် KIA အကြား တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သိရှိရပါသည်။ တိုက်ပွဲ စတင်ဖြစ်ပွားပြီး မိနစ် ၃၀ ကြာချိန်အထိ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားခဲ့ရကြောင်း လုံးခင်းဒေသခံ တစ်ဦးက ပြောပါသည်။

ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိက အာကာသလွန်းပျံယာဉ် လွှတ်တင်


ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိက အာကာသသွား လွန်းပျံယာဉ်ကို SpaceXက တနင်္ဂနွေနေ့ညတွင် လွှတ်တင် လိုက်ကြောင်း သိရှိရသည်။ SpaceXသည် လူလိုက်ပါခြင်း မရှိသော ကုန်တင်Capsuleယာဉ် တစ်စင်းကို အာကာသထဲရှိ နိုင်ငံတကာ အာကာသစခန်း (ISS)သို့ ပေးပို့မည် ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ခန့်အပ်

Tuesday, October 09, 2012 အိမ့်သံစဉ်

Photo: မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ခန့်အပ်

Tuesday, October 09, 2012  အိမ့်သံစဉ်

ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ချက်သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ သံတမန် ဆက်ဆံရေး ပြန် လည် စတင်လိုက်ပါပြီ။ 

ကမ္ဘာကျော် ကတ္တီပါ တော်လှန်ရေး ခေါင်းဆောင်ကြီး ဗားကလပ်ဗ် ဟာဗဲလ် ခေါင်းဆောင်ခဲ့တဲ့ ချက် သမ္မတ နိုင်ငံဟာ မြန်မာ့ ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးကို အားပေးထောက်ခံမှုကြီးမားတဲ့ နိုင်ငံ တနိုင်ငံဖြစ်ပါတယ်။ 

ချက်ကိုစလိုဗက်ကီယား နိုင်ငံဖြစ်စဉ် ၁၉၅၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံရေး ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်း ချက်သမ္မတနိုင်ငံဖြစ်လာပြီး အခုတော့ မြန်မာနဲ့ သံတမန်ဆက်ဆံရေး မျက်နှာစာပြန်ဖွင့်လိုက်တာဖြစ်ပါတယ်။ 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချက်သမ္မတ နိုင်ငံဆိုင်ရာ သံရုံးက သံအမတ်ကြီး ဗစ်တီဇလပ်(ဖ်) ဂရိပဲလ် အား  မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီမှု ကိစ္စကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။ 

လွန်ခဲ့တဲ့ ဇူလိုင်လက ချက်သမ္မတနိုင်ငံ ပထမ လက်ထောက် ၀န်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေး ၀န်ကြီး လည်းဖြစ်တဲ့ Karel Schwarzenberg မြန်မာနိုင်ငံကို အလည်အပတ်လာရောက်ပြီးနောက်ပိုင်း အခုလို သံတမန်အပြန်အလှန် ဆက်ဆံရေး မျက်နှာစာ ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်။

ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ချက်သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ သံတမန် ဆက်ဆံရေး ပြန် လည် စတင်လိုက်ပါပြီ။

မြန်မာ ပရိတ်သတ်ကို ဂျာစီ လက်ဆောင် ပေးမည်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသော ဆူဇူကီး ဖလား ခြေစစ်ပွဲ၏ လက်ကျန်နှစ်ပွဲတွင် အစော ဆုံးလက်မှတ် ဝယ်ယူသည့် ပရိတ်သတ် သုံးထောင်ကို Digicel ကုမ္ပဏီက ဂျာစီ အင်္ကျီများ လက်ဆောင် ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မီဒီယာ အရာရှိ ဦးဇင်မင်းထိုက် က ပြောကြားသည်။