Friday, 4 January 2013
ရွှေဖြင့် ပြုလုပ်ထားသော အင်္ကျီကို ဝတ်ဆင်၍ နှစ်သစ်ကို ကြိုဆိုခဲ့သည့် အိန္ဒိယနိုင်ငံမှ အမျိုးသား
ရွှေဖြင့် ပြုလုပ်ထားသော အင်္ကျီကို ဝတ်ဆင်၍ နှစ်သစ်ကို ကြိုဆိုခဲ့သည့် အိန္ဒိယနိုင်ငံမှ အမျိုးသား
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် နှစ်သစ်ကို ကြိုဆိုရန် အတွက် တန်ဖိုးကြီးသော အဝတ်အထည်ကို ဝတ်ဆင်လို သဖြင့် ရွှေပန်းထိမ် တစ်ခုသို့ ရွှေဖြင့် ပြုလုပ်သော  အင်္ကျီတစ်ထည် ဖန်တီးပေးရန် အပ်နှံခဲ့ကြောင်း သိရသည်။
အဆိုပါ  အမျိုးသား အတွက် ရွှေအင်္ကျီ တစ်ထည်ကို ပြုလုပ်ရန် ရွှေပန်းထိမ် အဖွဲ့တစ်ဖွဲ့သည် တစ်နေ့လျှင် ၁၈ နာရီ အလုပ်လုပ်ခဲ့ပြီး ၁၅ ရက်ကြာ အချိန်ယူ ခဲ့ရသည်။ အဆိုပါ  အင်္ကျီ     ၏တန်ဖိုးမှာ   အမေရိကန် ဒေါ်လာ ၃၂၂ဝဝဝ တန်ဖိုး ရှိသည်ဟု သိရသည်။
အဆိုပါ အင်္ကျီတွင် Swarovski ခရစ္စတယ် ကြယ်သီး ခြောက်လုံး ပါဝင်ပြီး   ရွှေရောင် ခါးပတ် တစ်ခုကိုလည်း  ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေဖြင့် ပြုလုပ်ထားသော ရှပ်အင်္ကျီ တစ်ထည်ကို ဝတ်ဆင်ရန်မှာ မိမိ၏ စိတ်ကူးယဉ် အိပ်မက် များထဲမှ တစ်ခုဖြစ်ကြောင်း ၄င်းအမျိုးသားက ဆိုသည်။
ထို့ပြင် ၄င်းသည် ရွှေဆွဲကြိုး ၁ဝ ကုံး၊ လက်ကောက် ခြောက်ကွင်း၊ ရွှေလက် ပတ်နာရီ တစ်လုံးနှင့် ရွှေလက်စွပ် ၂၅ ကွင်း အပါအဝင် ရွှေထည် ၁ဝ ကီလို ဂရမ် ပိုင်ဆိုင်ထားကြောင်း သိရသည်။
လူအချို့သည် ကားဝယ်ရန် အိပ်မက် စိတ်ကူးရှိကြပြီး အချို့က ပြင်ပနိုင်ငံများ သို့သွားရောက်ရန် စိတ်ကူး ရှိကြသော်လည်း မိမိ၏ အမြတ်နိုးဆုံး အရာမှာ ရွှေဖြစ်ကြောင်း၊ မိမိအတွက် လုံခြုံမှု ရှိစေရန် လုံခြုံရေး အစောင့်များပင် ထားရှိ ထားကြောင်း ၄င်းက ပြောကြား ခဲ့သည်ဟု သိရသည်။
http://www.myawady.net.mm/allnews/global/item/3575-2013-01-04-09-46-50
အိန္ဒိယနိုင်ငံမွမ်ဘိုင်းမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် နှစ်သစ်ကို ကြိုဆိုရန်အတွက် တန်ဖိုးကြီးသော
စင်ကာပူ နိုင်ငံရှိ AUDI ကားအရောင်း ပြခန်း အဆောက်အအုံ ကမ္ဘာပေါ်တွင် အမြင့်ဆုံးကား အရောင်းပြခန်း ဖြစ်လာ
စင်ကာပူ နိုင်ငံရှိ AUDI ကားအရောင်း ပြခန်း အဆောက်အအုံ ကမ္ဘာပေါ်တွင် အမြင့်ဆုံးကား အရောင်းပြခန်း ဖြစ်လာ
စင်ကာပူ နိုင်ငံရှိ Audi ကားအရောင်း ပြခန်း အဆောက်အအုံသည် ကမ္ဘာပေါ်ရှိ ကားအရောင်း ပြခန်း အဆောက်အအုံ များတွင် အမြင့်ဆုံး အဆောက် အအုံတစ်ခု ဖြစ်လာကြောင်း သိရသည်။
အဆိုပါ Audi ကားအရောင်း ပြခန်းသည် စင်ကာပူ နိုင်ငံအမှတ် (၂၈၁) အလက်ဇန်းဒါး လမ်းမပေါ်တွင် တည်ရှိပြီး မြေအောက် ထပ်သုံးထပ် အပါအဝင် စုစုပေါင်း အထပ်ရှစ်ထပ် ပါရှိသည်။ ၄င်းအဆောက် အအုံကို Premium မော်တော်ကား ကုမ္ပဏီမှ  အမေရိကန် ဒေါ်လာ သန်း  ၇ဝ အကုန် အကျခံ တည်ဆောက်ထားခြင်း ဖြစ်သည်။
၎င်း Audi ကားအရောင်း ပြခန်းသည် ကမ္ဘာပေါ်ရှိ ကားအရောင်း ပြခန်းများတွင် အမြင့်ဆုံး အဆောက်အအုံ ဖြစ်ရုံ သာမက အဆောက်အအုံ မျက်နှာစာကို Audi အမှတ် အသားများ ပုံစံ   အလူမီနီယံ ကွက်များဖြင့် တန်ဆာဆင် ထားသောကြောင့် အဆောက်အအုံ အတွင်းရှိ ကားများ ခင်းကျင်း ပြသထားသည်ကို အပြင်မှ နေ၍ ဖောက်ထွင်း တွေ့မြင်နိုင်သည်။
အဆိုပါ ကားအရောင်း ပြခန်းကို အကျယ်အဝန်း ဧရိယာ ၃၃ဝဝဝ စတုရန်း ပေရှိသော မြေပေါ်တွင် တည်ဆောက်ထား၍ ၄င်းအဆောက်အအုံ အထပ်တစ်ထပ်ရှိ ကားအရောင်း ပြခန်း တစ်ခုတွင် ကားအစီးရေ ၃၅ စီးကျော်ကို ခင်းကျင်း ပြသနိုင်သည်။ ထို့အပြင် အဆောက်အအုံ၌ ကားအသစ်များ ထားရှိရာ နေရာအပြင် ကားများကို လာရောက် ဝယ်ယူ ကြည့်ရှုသူများ အပန်းဖြေ နိုင်စေရန် နားနေဆောင်များ၊ ကားဝပ်ရှော့ (အလုပ်ရုံ)များနှင့် ရုံးခန်း များလည်း ပါဝင်သည်။
အဆောက်အအုံ အထပ်တိုင်းရှိ ကားအရောင်း ပြခန်းများ ဆီသို့ ကားများ အလွယ်တကူ တင်ဆောင် နိုင်ရန် မော်တော်ကားတင် ဓာတ်လှေကား နှစ်စင်းနှင့် လူများ အတက်အဆင်း ပြုလုပ်နိုင်ရန် စက်လှေကား တစ်စင်း တပ်ဆင် ထားသည်။ မြေအောက်ထပ်တွင် ကားဆားဗစ် စင်တာ တစ်ခုနှင့် ကားရပ်ရန် နေရာများ ထားရှိထားသည်။ Audiကား အရောင်းအဝယ် ဈေးကွက်တွင် စင်ကာပူ နိုင်ငံသည် အဓိက ကျသော မဟာဗျူဟာမြောက် ဈေးကွက် တစ်ခုဖြစ်ပြီး premium မော်တော် ကားကုမ္ပဏီသည် Audi အမှတ်တံဆိပ် ကားများကို  တရားဝင် ရောင်းဝယ်ခွင့် ရရှိထားသော ကုမ္ပဏီ တစ်ခု ဖြစ်သည်။
http://www.myawady.net.mm/allnews/global/item/3576-2013-01-04-09-48-24
စင်ကာပူ နိုင်ငံရှိ Audi ကားအရောင်း ပြခန်း အဆောက်အအုံသည် ကမ္ဘာပေါ်ရှိ ကားအရောင်း ပြခန်း
တစ်နေ့တည်း ကလေး မီးဖွားခဲ့သည့် အမြွှာ ညီအစ်မ နှစ်ဦး
တစ်နေ့တည်း ကလေး မီးဖွားခဲ့သည့် အမြွှာ ညီအစ်မ နှစ်ဦး
အမေရိကန် ပြည်ထောင်စု ဆမ်မာ အေခရွန်မြို့ရှိ ဆေးရုံတွင် အမြွှာညီ အစ်မနှစ်ဦးသည်   တစ်နေ့တည်း ကလေး မီးဖွားခဲ့ကြောင်း Beacon သတင်း ဌာနက ဖော်ပြခဲ့သည်။
အသက် ၁၉ နှစ်သာ ရှိသေးသည့် အေမီသည် နှစ်သစ်ကူးနေ့ နေ့လယ်ပိုင်းတွင် ကလေး မီးဖွားခဲ့ပြီး သူ၏ အမြွှာ ညီအစ်မ ဖြစ်သည့် အက်ရှလီနယ်လ်ဆန်သည် ထိုနေ့ မွန်းလွဲပိုင်း ၂ နာရီ ၃ မိနစ် အချိန်၌ ကလေး မီးဖွားခဲ့သည်။
မိမိ၏ အမြွှာ သမီးနှစ်ဦးမှ မွေးဖွား လာသည့် ကလေး နှစ်ဦးသည် ခရစ္စမတ် ရာသီတွင် မွေးဖွား လာခဲ့ခြင်း ဖြစ်ကြောင်း အမြွှာနှစ်ဦး၏ မိခင်ဖြစ်သူ မာဆယ်လာ ဖာဆွန်က ပြောကြား ခဲ့သည်။
အေမီနှင့် အက်ရှလီတို့သည် တစ်နေ့တည်းတွင် ကလေး မီးဖွားရန် အစီအစဉ် မရှိသော်လည်း ယခုကဲ့သို့ တစ်နေ့တည်း ကလေး မီးဖွားခဲ့ကြောင်း၊  တော်တော်များများ ကိစ္စများတွင် ၄င်း တို့နှစ်ဦး၏ ခံစားချက်များသည် တူညီ ကြသော်လည်း ၄င်းတို့သည် သီးခြား ဘဝများတွင်သာ နေထိုင် ခဲ့ကြခြင်းဖြစ်ကြောင်း ဖာဆွန်က ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရသည်။
http://www.myawady.net.mm/allnews/global/item/3579-2013-01-04-10-05-14
အမေရိကန် ပြည်ထောင်စု ဆမ်မာ အေခရွန်မြို့ရှိ ဆေးရုံတွင် အမြွှာညီ အစ်မနှစ်ဦးသည် တစ်နေ့တည်း
အိန္ဒိယ နိုင်ငံ တစ်ဝန်းလုံးသို့ ရိုက်ခတ် စေခဲ့သော လူဆိုး ဂိုဏ်းတစ်ခု၏ ဆိုးရွားစွာ အနိုင်ကျင့်မှု
အိန္ဒိယ နိုင်ငံ တစ်ဝန်းလုံးသို့ ရိုက်ခတ် စေခဲ့သော လူဆိုး ဂိုဏ်းတစ်ခု၏ ဆိုးရွားစွာ အနိုင်ကျင့်မှု
အိန္ဒိယ ဥပဒေပြု အမတ်များ အနေဖြင့် နိုင်ငံ တစ်ဝန်းလုံးသို့ ရိုက်ခတ် စေခဲ့သော လူဆိုး ဂိုဏ်းတစ်ခု၏ ဆိုးရွားစွာ အနိုင်ကျင့်မှု တစ်ခုအား ကြားနာ စစ်ဆေးသွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၂ ရက်နေ့တွင် ပြောကြားခဲ့ပြီး ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့် လူသတ်မှု ကျူးလွန် ခဲ့သူများ၏ ခုခံပိုင်ခွင့်နှင့် ပတ်သက်၍ ငြင်းဆိုသွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။
အဆိုပါ အမှုအား  နယူးဒေလီ တောင်ပိုင်း Saket ခရိုင် တရားရုံး၌ ဇန်နဝါရီလ ၃ ရက်နေ့တွင် စတင်ကြားနာ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။ အဆိုပါ အမှုနှင့် ပတ်သက်၍ ခုခံ ကာကွယ်ရန် အတွက် ရှေ့နေငှားရမ်းခွင့် မပြုရန် မိမိတို့ အနေဖြင့် ဆုံးဖြတ်ခဲ့ကြောင်း ရှေ့နေ တစ်ဦးဖြစ်ပြီး Saket ခရိုင်တရားရုံး အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည့် Sanjay  Kumar က AFP သတင်း ဌာနသို့ ပြောကြားခဲ့ ပါသည်။
http://www.myawady.net.mm/allnews/global/item/3598-2013-01-04-11-21-44
အိန္ဒိယ ဥပဒေပြု အမတ်များအနေဖြင့် နိုင်ငံတစ်ဝန်းလုံးသို့ ရိုက်ခတ်စေခဲ့သော လူဆိုးဂိုဏ်းတစ်ခု၏
လူပြောအများဆုံး ဖြစ်သွားတဲ့ နည်းပြ မန်ချီနီနဲ့ ဘာလော့တယ်လီတို့ရဲ့ ရန်ပွဲ
ဗြိတိန် စံတော်ချိန်၊ ကြာသပတေးနေ့ မနက်ခင်းအစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မန်စီးတီး လေ့ကျင့်ရေးကွင်းမှ ရန်ပွဲဟာ နာရီပိုင်းအတွင်း မီဒီယာတွေမှာ ပြန်သွားတာကြောင့် ၂၀၁၃ ရဲ့ ဘောလုံးလောကမှာ ပထမဦးဆုံး
ဧရာမ ရေပုပ်သင်
ကမ္ဘာ့အကြီးဆုံး ရေပုပ်သင် (ဧရာမ ရေပုပ်သင်) ကို Cryptobranchidae လို့ ခေါ်ဆိုပါတယ်။
Giant salamander လို့လည်း အလွယ်တကူ ခေါ်ပြီး အမေရိကန်၊ တရုတ်၊ ဂျပန်သုံးမျိုးသုံးစား ကွဲပြန်
ဆီးရီးယား နိုင်ငံတွင် ပဋိပက္ခများ ပိုမိုပြင်းထန်၊ ၂၂ လအတွင်း လူပေါင်း ၆ဝဝဝဝ ကျော် သေဆုံး
ဆီးရီးယား နိုင်ငံတွင် ပဋိပက္ခများ ပိုမိုပြင်းထန်၊ ၂၂ လအတွင်း လူပေါင်း ၆ဝဝဝဝ ကျော် သေဆုံး
ဆီးရီးယား နိုင်ငံတစ်ဝန်း ဖြစ်ပွား လျက်ရှိသော စစ်ပွဲများသည် ဇန်နဝါရီ  ၂ ရက်တွင် ပို၍ ပြင်းထန်သော အနေအထားသို့ ရောက်ရှိလျက် ရှိကြောင်း သိရသည်။
နိုင်ငံနေရာ အနှံ့အပြားတွင် ဗုံးဆန်ခွံများ ပြန့်ကျဲလျက် ရှိပြီး နိုင်ငံ မြောက်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ လေဆိပ် တစ်ခု၌ ဖြစ်ပွားသော စစ်ပွဲမှာလည်း လွန်စွာ  ပြင်းထန်ကြောင်း သိရသည်။
၂၂ လကြာမြင့်ပြီ ဖြစ်သော အဆိုပါ စစ်ပွဲ၏ နောက်ဆက်တွဲ အကျိုးဆက် အဖြစ် လူပေါင်း ၆ဝဝဝဝ ကျော် သေဆုံး ခဲ့ပြီး ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြား ထားသည်။
သမ္မတ ဘာရှာအယ်လ် အာဆတ် ဖြုတ်ချရေး အတွက် တိုက်ပွဲ ဝင်လျက် ရှိသော   အတိုက်အခံ တပ်ဖွဲ့များနှင့် အတူ သြစတြေးလျ နိုင်ငံသား တစ်ဦး သည်လည်း နိုင်ငံ အနောက် မြောက်ပိုင်း၌ ဖြစ်ပွားသော တိုက်ခိုက်မှုတွင် သေဆုံး ခဲ့ရသည်ဟု လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ဇန်နဝါရီ ၂ ရက်တွင် ပြောကြားထားသည်။
ဆီးရီးယား နိုင်ငံအတွင်း ဖြစ်ပွားလျက် ရှိသည့် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သြစတြေးလျ အစိုးရသည် အာဆတ် အစိုးရအား  ပြစ်တင် ရှုတ်ချခဲ့ပြီး ဆီးရီးယား သံအမတ်ကိုလည်း  နိုင်ငံ အတွင်းမှ နှင်ထုတ်ခဲ့ကြောင်း သိရသည်။
လက်နက်ကိုင် တပ်ဖွဲ့များသည် ဇန်နဝါရီ ၂ရက် အစောပိုင်းတွင် အီဒလစ် ပြည်နယ် အနောက် မြောက်ပိုင်းရှိ စစ်ဘက်ဆိုင်ရာ လေဆိပ် တစ်ခုအား တိုက်ခိုက် ခဲ့ကြကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို အစိုးရ တပ်ဖွဲ့ဝင် များက ပြန်လည် တွန်းလှန် တိုက်ခိုက် ခဲ့ကြခြင်းဖြစ် ကြောင်း၊ လူပေါင်း များစွာ သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူများလည်း အမြောက် အမြားရှိကြောင်း ဒေသတွင်း ရုပ်သံဌာန တစ်ခုက ပြောကြား ထားသည်။
http://www.myawady.net.mm/allnews/global/item/3571-2013-01-04-09-17-38
ဆီးရီးယား နိုင်ငံတစ်ဝန်း ဖြစ်ပွား လျက်ရှိသော စစ်ပွဲများသည် ဇန်နဝါရီ ၂ ရက်တွင် ပို၍ ပြင်းထန်သော
(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား
(၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် နေပြည်တော်
ရထားလမ်း မိုင်းကွဲ၊ တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲငယ်ဖြစ်
မကြာခဏ မိုင်းကွဲလေ့ ရှိသည့် ကချင်ပြည်နယ် မြစ်ကြီးနား - မန္တလေး လမ်းပိုင်း ပေါ်ရှိ ဟိုပင် ဘူတာနှင့် နန်းခွင် ဘူတာ ကြားတွင် ဒီဇင်ဘာ ၁ ရက်နေ့ ည ၁၁ နာရီ၌ ရထားလမ်း မိုင်းကွဲမှု ဖြစ်ပွား ခဲ့ပြီးနောက်
ရန်ကုန်မြို့တွင်း ဂျာမနီ အမှိုက်ပုံးများ ထားရှိရန် စီစဉ်
ရန်ကုန်မြို့တွင်း ဂျာမနီ အမှိုက်ပုံးများ ထားရှိရန် စီစဉ်
ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆင်ခြေဖုံး (၇)မြို့နယ်မှ လွဲ၍ မြို့တွင်း (၆) မြို့နယ်မှ ဆက်စပ် နေသော မြို့နယ် အတွင်း ဂျာမနီ နည်းပညာများဖြင့် ပြုလုပ်ထားသော အမှိုက်ပုံးများ ထားရှိရန် စီစဉ်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (စီမံရေး ရာဌာန)မှ သတင်း ရရှိသည်။
အဆိုပါ မြို့နယ်များ အတွင်းရှိ ဝါးကပ် အမှိုက်ရုံများ အစား ဂျာမနီ အမှိုက်ပုံးများကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ကာ ပြောင်းလဲ တပ်ဆင် သွားမည်ဖြစ်ပြီး လက်ရှိတွင်  လီတာ ၆၆ဝ ဆံ့ အမှိုက်ပုံးကြီးပုံး ၈ဝဝ နှင့် လီတာ၂၄ဝဆံ့  အမှိုက်ပုံး အသေး  ၁၈၇ဝ ပုံးကို ဝယ်ယူထားကြောင်း အဆိုပါ ဌာနမှ သိရသည်။
''ဒီအမှိုက်ပုံး တွေက အမှိုက်သိမ်းရာ မှာလည်း လွယ်ကူပြီး အချိန်ကုန် သက်သာတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (စီမံရေးရာ ဌာန)မှ တာဝန်ရှိသူ တစ်ဦးက  ပြောသည်။
လက်ရှိတွင် မြို့တွင်း (၆)မြို့နယ်နှင့် ဆက်စပ်နေသော မြို့နယ်များတွင် ဝါးကပ် အမှိုက်ရုံများ အစား ဂျာမနီ အမှိုက် ပုံးများကို ဦးစားပေး အနေဖြင့် အစား ထိုးနိုင်ရန် စီစဉ်လျက် ရှိသည်။
http://www.myawady.net.mm/allnews/localnews/item/3568-2013-01-04-08-59-09
ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆင်ခြေဖုံး (၇)မြို့နယ်မှ လွဲ၍ မြို့တွင်း (၆) မြို့နယ်မှ ဆက်စပ် နေသော မြို့နယ်အတွင်း ဂျာမနီ နည်းပညာများဖြင့် ပြုလုပ်ထားသော အမှိုက်ပုံးများထားရှိရန် စီစဉ်လျက်ရှိကြောင်း
မြန်မာ့လွတ်လပ်ရေးနေ့ ဝန်ကြီးကလင်တန်ကြေညာချက်
မြန်မာနိုင်ငံရဲ့ ၆၅မြောက် လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဒီကနေ့မှာ အမေ ရိကန်ပြည်ထောင်စုက သဝဏ်လွှာ ပေးပို့ ခဲ့ ပါတယ်။ မြန်မာနိုင်ငံ
ဂျပန်က အတိုးနိမ့်ချေးငွေ သန်းရာချီပေး
မြန်မာ အစိုးရက ဂျပန်ကို ဆပ်ဖို့ အချိန်လွန်နေတဲ့ ဒေါ်လာ သန်း ၅၇၅ဝ ကိုဇန်နဝါရီ လကုန်မှာ လျှော်ပစ် ပြီးရင်မတ်လမှာ ဂျပန် က ဒေါ်လာ ၅၇၅ သန်း တန် အတိုးနိမ့် ချေးငွေ ထပ်ပြီး ထုတ်ချေး
သီရိလင်္ကာ ကြည်းတပ်သည် ၂ဝ၁၃ ခုနှစ်အတွင်း တပ်ဖွဲ့ဝင် များအား ပိုမိုတိုးမြှင့် လေ့ကျင့် ပေးသွားမည်ဟုဆို
သီရိလင်္ကာ ကြည်းတပ်သည် ၂ဝ၁၃ ခုနှစ်အတွင်း တပ်ဖွဲ့ဝင် များအား ပိုမိုတိုးမြှင့် လေ့ကျင့် ပေးသွားမည်ဟုဆို
သီရိလင်္ကာ စစ်ဘက်သည် ၂ဝ၁၃ ခုနှစ်တွင် ၎င်း၏ တပ်ဖွဲ့ဝင် များအား ဒေသတွင်းနှင့် နိုင်ငံတကာ အဆင့် လေ့ကျင့်မှုများ တိုးမြှင့် လုပ်ဆောင်နိုင်ရေး အစီအစဉ် တစ်ရပ် ရေးဆွဲထားကြောင်း ဇန်နဝါရီလ ၁ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိ ရပါသည်။
ကြည်းတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Jagath Jayasuriya က နှစ်သစ်ကူး မိန့်ခွန်း ပြောကြားရာတွင် ၂ဝ၁၃ ခုနှစ်အတွင်း တပ်ဖွဲ့ဝင်များ အတွက် ဆောင် ရွက်မည့် အစီအစဉ် များနှင့် ပတ်သက်၍ ထိုကဲ့သို့ ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။ ကြည်းတပ်၏ အဓိက ဦးစားပေး ရည်မှန်းချက် တစ်ရပ်အဖြစ် ဒေသတွင်းနှင့် နိုင်ငံတကာ အဆင့် လေ့ကျင့်မှု များအား ၂ဝ၁၃ ခုနှစ် အတွင်း တိုးမြှင့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း Jagath က ပြောကြား ခဲ့ပါသည်။ အဆိုပါ လေ့ကျင့်မှု များ၌ ဘာသာစကား လေ့ကျင့်မှုများ၊ နိုင်ငံတကာ အပြန်အလှန် လေ့ကျင့်မှုများ၊ ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း များ၊ တပ်ရင်းအဆင့် လေ့ကျင့်မှု များနှင့် တစ်ဦးချင်း ကျွမ်းကျင်အဆင့် လေ့ကျင့်မှုများ ပါဝင်ပါသည်။ အရည်အချင်း မြင့်မားပြီး ကျွမ်းကျင်သည့် ကြည်းတပ်ဖွဲ့ ဖြစ်လာစေရေး အတွက် လိုအပ်လျက် ရှိသည့် လေ့ကျင့်မှု များနှင့် နည်းပညာ အသစ်များကို စတင် လုပ်ဆောင်လျက် ရှိကြောင်း Jagath က မှတ်ချက်ပြု ပြောကြား ခဲ့ပါသည်။
http://www.myawady.net.mm/allnews/global/item/3549-2013-01-03-16-28-09
သီရိလင်္ကာစစ်ဘက်သည် ၂ဝ၁၃ ခုနှစ်တွင် ၎င်း၏တပ်ဖွဲ့ဝင်များအား ဒေသတွင်းနှင့် နိုင်ငံတကာ အဆင့် လေ့ကျင့်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး အစီအစဉ်တစ်ရပ် ရေးဆွဲထားကြောင်း ဇန်နဝါရီလ ၁
ဂျပန်နိုင်ငံ လူဦးရေ ၂ဝ၁၂ ခုနှစ်တွင် စံချိန်တင် ကျဆင်း
ဂျပန်နိုင်ငံ လူဦးရေ ၂ဝ၁၂ ခုနှစ်တွင် စံချိန်တင် ကျဆင်း
ဂျပန်နိုင်ငံ၏ လူဦးရေသည် ၂ဝ၁၂ ခုနှစ်တွင် စံချိန်တင် ကျဆင်း ခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာန၏ ခန့်မှန်း ပြောကြားချက်များကို ဇန်နဝါရီ ၁ ရက်က အင်တာနက် သတင်းများတွင် ဖော်ပြ ထားသည်။
ထို့ပြင် ဂျပန်နိုင်ငံရှိ ပင်စင်စား လူဦးရေ ပမာဏသည် ပိုမို များပြားလာပြီး နိုင်ငံအတွင်း အလုပ်လုပ် နိုင်သော လူဦး ရေသည် ကျဆင်းလာကြောင်း သတင်းများ အရ သိရသည်။
ဂျပန်နိုင်ငံ၏ လူဦးရေသည် ၁၂၆ သန်းခန့်ရှိပြီး ယခင်နှစ်က ကလေး မွေးဖွားမှု ဦးရေသည် ၁ဝ၃၃ဝဝဝ ခန့်ရှိ၍ သေဆုံးသူ ဦးရေသည် ၁၂၄၅ဝဝဝခန့် ရှိသည့် အတွက် တစ်နှစ်အတွင်း လူဦးရေ အသားတင် ကျဆင်းမှု နှုန်းသည် ၂၁၂ဝဝဝ ခန့်ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ စာရင်းဇယားများ အရ သိရသည်။
၂ဝ၁၁ ခုနှစ်က ဆူနာမီ ငလျင်ဒဏ်ကြောင့် ဂျပန်နိုင်ငံရှိ လူဦးရေ ၁၉ဝဝဝခန့် သေဆုံးခဲ့ပြီး  ထိုနှစ်တွင် လူဦးရေ ကျဆင်းမှု ၂ဝဝဝဝဝ ထိမြင့် တက်ခဲ့ကြောင်း၊ နှစ်စဉ် လူဦးရေ ကျဆင်းမှုတွင် ပထမဆုံး အကြိမ် မြင့်တက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ၂ဝ၁၂ ခုနှစ် လူဦးရေကျ ဆင်းမှုသည် ၂ဝ၁၁ ခုနှစ်က ထက်ပို၍ မြင့်တက်ခဲ့ကြောင်း စာရင်း ဇယားများ အရ သိရသည်။
ထို့ပြင် ဂျပန်နိုင်ငံတွင် အသက် ၆၅ နှစ်နှင့် အထက် လူဦးရေသည် ၂ဝ ရာခိုင် နှုန်းကျော် မြင့်တက် လာသောကြောင့် အလုပ်လုပ်နိုင်သော လူဦးရေမှာ ကျဆင်းသွားကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် သက်ကြီး ရွယ်အို အများဆုံး ရှိသော နိုင်ငံများတွင် ဂျပန် နိုင်ငံပါဝင် ကြောင်း သိရသည်။
http://www.myawady.net.mm/allnews/global/item/3570-2013-01-04-09-10-42
ဂျပန်နိုင်ငံ၏ လူဦးရေသည် ၂ဝ၁၂ ခုနှစ်တွင် စံချိန်တင် ကျဆင်း ခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာန၏
မလိရေအားလျှပ်စစ် စက်ရုံနှင့် ချီဖွေငယ် ရေအားလျှပ်စစ် စက်ရုံများ ဖျက်ဆီးခံရ ဒီဇယ်ဓာတ်အားပေး စက်ရုံများဖြင့် လျှပ်စစ်ဓာတ် အမြန်ဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက် လျက်ရှိ
မလိရေအားလျှပ်စစ် စက်ရုံနှင့် ချီဖွေငယ် ရေအားလျှပ်စစ် စက်ရုံများ ဖျက်ဆီးခံရ ဒီဇယ်ဓာတ်အားပေး စက်ရုံများဖြင့် လျှပ်စစ်ဓာတ် အမြန်ဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက် လျက်ရှိ
နိုင်ငံတော် အတွက် လိုအပ်လျက် ရှိသော လျှပ်စစ် ဓာတ်အားကို ပြည့်မီစွာ ဖြန့်ဖြူး ပေးနိုင်ရေး အတွက် ပြည်တွင်း/ ပြည်ပမှ ရင်းနှီး မြှုပ်နှံလိုသူများအား ဖိတ်ခေါ်၍ ကာလတို၊ ကာလရှည် စီမံချက်များ ရေးဆွဲ ကာ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။
လက်ရှိ ကာလတွင် မြစ်ကြီးနားမြို့သို့ လျှပ်စစ်ဓာတ်အား (၁ဝ ဒသမ ၅ မဂ္ဂါဝပ်)ကို   ဖြန့်ဖြူး ပေးလျက်ရှိရာ မလိ ရေအားလျှပ်စစ် စက်ရုံ(၁)ရုံမှ စက်တပ်ဆင်အား (၃ ဒသမ ၅ x ၃ = ၁ဝ ဒသမ ၅ မဂ္ဂါဝပ်)ဖြင့် ဘူးခါး ကုမ္ပဏီက တာဝန်ယူ မောင်းနှင် ထုတ်လုပ်ဖြန့်ဖြူး ပေးလျက်ရှိပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁ဝ နာရီက သောင်းကျန်းသူများ၏ ဖျက်ဆီးမှုကြောင့် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့သို့ ဆက်သွယ်ထားသော ၆၆ကေဗွီ ဓာတ်အားလိုင်း  ပြတ်တောက် ပျက်စီး သွားခဲ့ရာမှ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှု ပြတ်တောက် ခဲ့ရသည်။ ထို့အပြင် သောင်းကျန်းသူ များက ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီ မိနစ် ၂ဝက ချီဖွေငယ် ရေအားလျှပ်စစ် စက်ရုံ (စက်တပ်ဆင်အား ၉၉ မဂ္ဂါဝပ်)မှ ဝါရှောင်- ဝိုင်းမော်သို့ သွယ်တန်းထားသော ၁၃၂ ကေဗွီ ဓာတ်အားလိုင်းအား ဝိုင်းမော်မြို့နယ် မန်ဝိန်း ကျေးရွာအနီး တာဝါတိုင် အမှတ် (၁၇၉)၏ အောက်ခြေအား  မိုင်းသုံး လုံးကပ်၍ ဖောက်ခွဲ ခဲ့ခြင်းကြောင့် တာဝါတိုင်မှာ (၇ဝ ဒီဂရီ)ခန့် ယိုင်နဲ့ ပျက်စီး သွားခဲ့ရာ လုံခြုံရေး အခြေအနေ အပေါ် မူတည်၍ အမြန်ပြင်ဆင် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး စီမံ ဆောင်ရွက်လျက် ရှိသည်။
၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်က ရာနှုန်းပြည့် စက်လည်ပတ် မောင်းနှင်ကာ လျှပ်စစ် ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး ပေးနိုင်မည့် ချီဖွေငယ် ရေအား လျှပ်စစ် စက်ရုံ (စက်တပ်ဆင်အား ၉၉ မဂ္ဂါဝပ်)အား ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၄ ရက်က မသမာသူ အဖျက်သမား တစ်စုက စက်ရုံ၏ စက်အစိတ်အပိုင်း အချို့ကို ဝင်ရောက် နှောင့်ယှက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ 
သို့ဖြစ်၍ မြစ်ကြီးနားမြို့သို့ လက်ရှိကာလတွင် လျှပ်စစ် ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး ပေးနေသော မလိရေအား လျှပ်စစ်စက်ရုံ (ဘူးခါး ကုမ္ပဏီပိုင်) နှင့် မကြာတော့သည့် ကာလ၌ လျှပ်စစ် ဓာတ်အား ထုတ်လုပ် ပေးနိုင်မည့် ချီဖွေ ငယ်စက်ရုံ(CPI ကုမ္ပဏီပိုင်)တို့ အနေဖြင့် သောင်းကျန်းသူ များကြောင့် ဖျက်ဆီး ခံခဲ့ရပြီး ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှ စတင်၍ မြစ်ကြီးနားမြို့၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ် ခဲ့ရသည့် အခြေအနေ အပေါ် မြို့ပေါ်နေ ပြည်သူများ စိတ်အေးချမ်းသာ နေထိုင် နိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား အမြန် ပြန်လည် ရရှိစေရေး အတွက် နိုင်ငံတော် အစိုးရနှင့် ကချင်ပြည်နယ် အစိုးရတို့မှ စက်ရုံများ ပြင်ဆင်နေဆဲ ကာလ အတွင်း၌ ဒီဇယ်ဓာတ်အားပေး စက်ရုံများဖြင့် လျှပ်စစ်ဓာတ်အား အမြန် ဖြန့်ဖြူး ပေးနိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။  
http://www.myawady.net.mm/allnews/localnews/item/3566-2013-01-04-08-55-11
နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို ပြည့်မီစွာ ဖြန့်ဖြူး ပေးနိုင်ရေး အတွက် ပြည် တွင်း/ ပြည်ပမှ ရင်းနှီး မြှုပ်နှံလိုသူများအား ဖိတ်ခေါ်၍ ကာလတို၊ ကာလရှည် စီမံချက်များ ရေးဆွဲ ကာ ဖြန်
မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုအပေါ် အကောင်းမြင်ကြောင်း ကုလပြော
မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုအပေါ် အကောင်းမြင်ကြောင်း ကုလပြော
မြန်မာနိုင်ငံအနေနဲ့ သွားရမယ့် ခရီးဝေးသေးကြောင်း၊ ခြေလှမ်း မှားတွေနဲ့လည်း ကြုံရနိုင်ကြောင်း၊ ဒါပေမဲ့ မိမိအနေနဲ့ အခုထိ ဖြစ်ထွန်းမှုတွေ အပေါ် အကောင်းမြင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambir က ပြောလိုက်ပါတယ်။ ကုလသမဂ္ဂ သတင်းဌာန က တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုခဲ့တာပါ။
ဆက်လက်ပြီး မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရအပေါ် ဖိအားတွေ ပိုပြီးပေးစေချင်ကြပါတယ်၊ အခုတော့အခြေအနေက ပြောင်းသွားပါပြီ၊ မြန်မာပြည်မှာ ကုလသမဂ္ဂအနေနဲ့ ပိုမိုဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍ ရှိလာနေပါပြီ၊ မြန်မာပြည်မှာ ကုလသမဂ္ဂ က ဦးစားပေးဆောင်ရွက်မယ့် ကိစ္စတွေလည်းရှိပါတယ်၊ ၂ဝ၁၄ခုနှစ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးကိစ္စ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိစ္စ၊ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကိစ္စတွေမှာ ကုလသမဂ္ဂရဲ့  ပါဝင်ကူညီနိုင်တဲ့ အခန်းကဏ္ဍ ပိုပြီးကျယ်ပြန့်လာနေပါတယ် လို့ မစ္စတာ Vijay Nambir က ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ သွားရမယ့် ခရီးဝေးသေးကြောင်း၊ ခြေလှမ်း မှားတွေနဲ့လည်း ကြုံရနိုင်ကြောင်း၊ ဒါပေမဲ့ မိမိအနေနဲ့ အခုထိ ဖြစ်ထွန်းမှုတွေ အပေါ် အကောင်းမြင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့သည် နျူကလီးယား စက်ရုံ အဆောက် အဦများ စာရင်းကို အပြန်အလှန် ဖလှယ်ခဲ့ ကြခြင်း
အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့သည် နျူကလီးယား စက်ရုံ အဆောက် အဦများ စာရင်းကို အပြန်အလှန် ဖလှယ်ခဲ့ ကြခြင်း
အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့သည် နှစ်နိုင်ငံ အကြား စစ်မက် ဖြစ်ပွားပါက နျူကလီးယား အဆောက် အဦများအား တိုက်ခိုက် ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ရေး သဘောတူ ညီချက်အရ နှစ်နိုင်ငံ နျူကလီးယား စက်ရုံ အဆောက် အဦများ၏ စာရင်းကို အပြန်အလှန် ဖလှယ် ခဲ့ကြကြောင်း အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနက ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာ ခဲ့သည်ဟု Xinhua သတင်း တစ်ရပ်အရ သိရှိရ ပါသည်။
အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့သည် ဇန်နဝါရီလ ၁ ရက်နေ့တွင် နယူးဒေလီနှင့် အစ္စလာ မာဘတ် မြို့များရှိ သံရုံးများမှ တစ်ဆင့် အဆိုပါ နျူကလီးယား စက်ရုံ အဆောက်အဦများ စာရင်းကို အပြန်အလှန် ဖလှယ်ခဲ့ကြခြင်း ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ဖော် ပြောကြား ခဲ့ပါသည်။ 
၁၉၈၈ ခုနှစ်တွင် နှစ်နိုင်ငံ လက်မှတ်ရေး ထိုးခဲ့သော သဘောတူညီချက် တစ်ရပ်အရ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့ အနေဖြင့် နျူကလီးယား စက်ရုံ အဆောက်အဦများ စာရင်းကို ၁၉၉၂ ခုနှစ် မှစ၍ နှစ်စဉ် အပြန်အလှန် ဖလှယ်ခဲ့ ကြကြောင်း၊ နှစ်နိုင်ငံစလုံးသည် နျူကလီးယား လက်နက် ပိုင်ဆိုင်သော နိုင်ငံများ ဖြစ်ပြီး ၁၉၄၇ ခုနှစ် မှစ၍ စစ်ပွဲ ၃ ကြိမ် ဖြစ်ပွား ခဲ့ဖူးကြောင်း သိရှိရ ပါသည်။
http://www.myawady.net.mm/allnews/global/item/3535-2013-01-03-13-38-59
အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့သည် နှစ်နိုင်ငံ အကြား စစ်မက် ဖြစ်ပွားပါက နျူကလီးယား အဆောက် အဦများအား တိုက်ခိုက် ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ရေး သဘောတူ ညီချက်အရ နှစ်နိုင်ငံ နျူကလီးယား
ရုရှားနိုင်ငံသည် အိန္ဒိယ လေတပ် အတွက် MI-17 V-5 ရဟတ်ယာဉ်များ ပိုမို တည်ဆောက် သွားမည်ဟုဆို
ရုရှားနိုင်ငံသည် အိန္ဒိယ လေတပ် အတွက် MI-17 V-5 ရဟတ်ယာဉ်များ ပိုမို တည်ဆောက် သွားမည်ဟုဆို
ရုရှား နိုင်ငံ၏ Rosoboronexport ကုမ္ပဏီသည် အိန္ဒိယ လေတပ်အတွက် Mi-17V-5 အမျိုးအစား စစ်ဘက် သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ် များအား ၂ဝ၁၅ ခုနှစ်တွင် လွှဲပြောင်း ပေးအပ်ရေး အတွက် အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် သဘောတူ လက်မှတ်ရေး ထိုးခဲ့ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိရ ပါသည်။
၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် နေ့က ရုရှား သမ္မတ ပူတင်၏ အိန္ဒိယ နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ် အတွင်း အဆိုပါ သဘောတူ စာချုပ်ကို လက်မှတ်ရေး ထိုးခဲ့ခြင်း ဖြစ်ပါသည်။ ထို့အပြင် ရုရှားသမ္မတ၏ အိန္ဒိယ အလည်အပတ် ခရီးစဉ် အတွင်း ရဟတ်ယာဉ် ထုတ်လုပ်မှုများ အပါအဝင် နှစ်နိုင်ငံ အကြား စစ်ဘက် နည်းပညာ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူ ညီချက်များ ကိုလည်း လက်မှတ်ရေး ထိုးခဲ့ကြ ပါသည်။ အိန္ဒိယ နိုင်ငံသည် ရုရှားနိုင်ငံမှ လေယာဉ်များအား ပုံမှန်ဝယ်ယူ လျက်ရှိကြောင်းနှင့် လက်ရှိ အိန္ဒိယ နိုင်ငံတွင် ရုရှားနိုင်ငံထုတ် ရဟတ်ယာဉ် ၂၈ဝ စင်း ရှိကြောင်း သိရှိရ ပါသည်။ အိန္ဒိယ လေတပ် အတွက် Mi-17V-5 ရဟတ်ယာဉ် များအား ရုရှား ရဟတ်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ၏ လက်အောက်ခံ ဖြစ်သည့် Kazan Helicopters ကုမ္ပဏီမှ ထုတ်လုပ်မည် ဖြစ်ပါသည်။ Mi-17V-5 ရဟတ်ယာဉ် များသည် အိန္ဒိယနိုင်ငံ လေတပ်ဖွဲ့ အတွက် သာမက ကမ္ဘာ့ ဈေးကွက်ရှိ ခေတ်မီ ဆန်းသစ်သော ရဟတ်ယာဉ် အမျိုးအစား တစ်မျိုး ဖြစ်ပါသည်။
http://www.myawady.net.mm/allnews/global/item/3538-2013-01-03-13-47-58
ရုရှား နိုင်ငံ၏ Rosoboronexport ကုမ္ပဏီသည် အိန္ဒိယ လေတပ်အတွက် Mi-17V-5 အမျိုးအစား စစ်ဘက်သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ် များအား ၂ဝ၁၅ ခုနှစ်တွင် လွှဲပြောင်း ပေးအပ်ရေး အတွက်
အိန္ဒိယ ရေတပ်ဖွဲ့သည် ရရှား နိုင်ငံလုပ် ဖရီးဂိတ် စစ်သင်္ဘောံ INS TARKASH ကို အနောက်ပိုင်း ရေယာဉ်စုတွင် ဖြန့်ကြက် ချထားလျက် ရှိခြင်း
အိန္ဒိယ ရေတပ်ဖွဲ့သည် ရရှား နိုင်ငံလုပ် ဖရီးဂိတ် စစ်သင်္ဘောံ INS TARKASH ကို အနောက်ပိုင်း ရေယာဉ်စုတွင် ဖြန့်ကြက် ချထားလျက် ရှိခြင်း
အိန္ဒိယ ရေတပ်ဖွဲ့သည် ရုရှား နိုင်ငံမှ ရောက်ရှိ လာသော ရေဒါ ရှောင်ကွင်းနိုင်သည့်  INS Tarkash ဖရီးဂိတ် စစ်သင်္ဘောကို အနောက်ပိုင်း ရေယာဉ်စုတွင် ဖြန့်ကြက် ချထားလျက် ရှိကြောင်းနှင့် အဆိုပါ စစ်သင်္ဘော သည် မွမ်ဘိုင်း ကမ်းလွန် ပင်လယ်ပြင်တွင် ရောက်ရှိနေကြောင်း ဇန်နဝါရီလ ၁ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိ ရပါသည်။
ရုရှားနိုင်ငံ ကာလီ နင်ဂရက် မြို့ရှိ Yantar သင်္ဘောကျင်းတွင် တည်ဆောက် ခဲ့သော အဆိုပါ  INS Tarkash ဖရီးဂိတ် စစ်သင်္ဘောကို ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် အနောက်ပိုင်း ရေတပ် ဌာနချုပ်မှူး ရေတပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရှက်ဟာ ဆင်ဟာက တပ်တော်သွင်းခဲ့ ကြောင်း သိရှိ ရပါသည်။ အဆိုပါ Tarkash စစ်သင်္ဘောသည် အိန္ဒိယ အနေဖြင့် ရုရှား နိုင်ငံမှ ဝယ်ယူထား သည့် ဖရီးဂိတ် စစ်သင်္ဘော ၃ စီးအနက် ဒုတိယမြောက် စစ်သင်္ဘော ဖြစ်ကြောင်း၊ ပထမဆုံး စစ်သင်္ဘော ဖြစ်သည့် INS Teg ကို ၂ဝ၁၂ ခုနှစ် ဇွန်လတွင် ရရှိခဲ့ပြီး အနောက်ပိုင်း ရေယာဉ်စုတွင် ဖြန့်ကြက်ချထား ခဲ့ကြောင်းနှင့် တတိယမြောက် ဖရီးဂိတ် စစ်သင်္ဘော Trikand ကို ၂ဝ၁၃ ခုနှစ် နှစ်လယ်ပိုင်းတွင် လွှဲပြောင်း ရရှိနိုင်ဖွယ် ရှိကြောင်း သိရှိ ရပါသည်။ INS Tarkash စစ်သင်္ဘောကို BrahMos ခရုဇ် ဒုံးပျံများ၊ ရေပြင်မှ ဝေဟင်ပစ် ဒုံးပျံများ၊ တော်ပီဒိုများ၊ ရေငုပ် သင်္ဘောဖျက် ဒုံးကျည်များနှင့် အခြား စစ်လက်နက် ပစ္စည်းများ တပ်ဆင်ထားကြောင်း သိရှိ ရပါသည်။
http://www.myawady.net.mm/allnews/global/item/3547-2013-01-03-16-24-28
အိန္ဒိယ ရေတပ်ဖွဲ့သည် ရုရှား နိုင်ငံမှ ရောက်ရှိလာသော ရေဒါ ရှောင်ကွင်းနိုင်သည့် INS Tarkash ဖရီးဂိတ်
ထမင်း စားပြီးလျှင် ရှောင်ကြဉ် သင့်သည့် အချက်များ
ထမင်း စားပြီးလျှင် ရှောင်ကြဉ် သင့်သည့် အချက်များ
မြန်မာ လူမျိုးတို့၏ အဓိက အစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် စားနေကြသည် ဖြစ်ရာ ထမင်းစားပြီး ရှောင်ကြဉ် သင့်သော အချက်(၇)ချက်ကို ကျန်းမာရေး အသိ ရှိစေရန် ဖော်ပြ လိုက်ရ ပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာ သုတေသန ပြုချက်များ အရ ထမင်းစားပြီး စီးကရက် တစ်လိပ် သောက်ခြင်းသည် စီးကရက် ဆယ်လိပ် သောက်ခြင်းနဲ့ ညီမျှပြီး ကင်ဆာ ရောဂါ ဖြစ်ပွားရန် အခွင့်လမ်း အများဆုံး ဖြစ်ကြောင်း သိရှိရသည်။
(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီး သစ်သီးများကို ချက်ချင်း စားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည် ဆိုပါက ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီ အကြာနှင့် ထမင်း မစားမီ တစ်နာရ အလိုတွင်သာ စားသုံးသင့်သည်။
(၃)လက်ဖက်ရည် မသောက်ပါနှင့်။
လက်ဖက် ရွက်တွင် အက်ဆစ် ပါဝင်မှုနှုန်း မြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာအိမ်ရှိ ပရိုတိန်း ဓာတ်များကို မာကျောစေသည့် အတွတ် အစာချေရန် အခက်အခဲ ဖြစ်စေသည်။
(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကို ဖြည်လိုက်ခြင်း (တစ်နည်း အနည်းငယ် လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကို ခေါက်စေသည်။
(၅) ရေမချိုးပါနှင့်။
ထမင်းစားပြီး ရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့ သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ် တစ်ဝိုက်တွင်မှု သွေးပမာဏ လျော့ကျ သွားသည့် အတွက် ကျွန်တော်တို့ အစာအိမ်ရှိ အစာချေ စနစ်ကို အားနည်း သွားစေသည်။
(၆) လမ်းမလျှောက်ပါနှင့်။
လူအများက ပြောနေကြသည်မှာ ထမင်းစားပြီး လမ်းလျှောက် ခြင်းသည် ခြေလမ်းပေါင်း တစ်ရာ လမ်းလျှောက်ခြင်းနှင့် ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက် ရှည်ရှည် နေရ မည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ ပြုလုပ်ခြင်းကြောင့် အစာချေ စနစ်သည် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာအေ ဟာရများကို စုပ်ယူရန် အခက်ခဲ ဖြစ်သွား ပါသည်။ ထို့ကြောင့် ထမင်းစားပြီး လမ်းမလျှောက်ပါနှင့်။
(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်း အိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာများသည် ကောင်းစွာ အစာမကျေ နိုင်တော့ပေ။
မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည် ဖြစ်ရာ ထမင်း စားပြီး ရှောင်
ဝင်လာမစဲ တသဲသဲ အမြဲ ဖြစ်နေဖို့
http://3.bp.blogspot.com/-SqoeMWNPXzA/UKSLdPlLJ8I/AAAAAAAAR9E/xPvy-A30Cv0/s1600/000pop545.jpg
 (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)
လာဘ်အစားဆုံး၊ ဆင်ဆာအဖြတ်ဆုံး စသဖြင့် ဘာအဖြစ်ဆုံး ညာ အဖြစ်ဆုံး နာမည်အပျက်ဆုံး နိုင်ငံများထဲမှာ မြန်မာပြည်က ထိပ်တန်းက
ပိုင်ဆိုင်သမျှ အားလုံးလှူမည့် ဂျက်ကီးချန်းမှ သားအတွက် အမွေ
ပိုင်ဆိုင်သမျှ အားလုံးလှူမည့် ဂျက်ကီးချန်းမှ သားအတွက် အမွေ
//////////////////////////////////////////////////////////////////////
ဂျက်ကီးချန်း အနေနဲ့ မီဒီယာများကို တရားဝင် ဖွင့်ဟပြောဆိုပြီးသွားပြီ ဖြစ် ပါတယ်။ ယင်းကတော့ တစ်ချိန်ကျ သူပိုင်သမျှ စည်းစိမ်အားလုံးကို ပရဟိတ လုပ်ငန်းတွေထဲ အားလုံး ထည့်ဝင် လှူဒါန်း လိုက်ဖို့ ဖြစ်ပါတယ်။
အသက် ၅၈ နှစ်ဝန်းကျင် ရှိပြီ ဖြစ်တဲ့ ဂျက်ကီးချန်းမှာ အသက် ၃၀ အရွယ် ဂျေစီ ချန်း (Jaycee Chan) အမည်ရ သားတစ်ယောက် ရှိပါတယ်။ သူကလည်း လက်ရှိမှာ ဟောင်ကာင်မင်းသား တစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ဖခင် လောက်တော့ နာမည်မရနိုင်သေးပါဘူး။ ပိုင်ဆိုင် သမျှအားလုံးကို လှူဒါန်းမယ် ဆိုတော့ သားအတွက် ဘာကျန်လဲလို့ မီဒီယာက မေးတဲ့ အခါ အောက်ပါ အတိုင်း ဖြေပါတယ်။
"သူ အရွယ်ရောက်ပြီပဲ။ ကိုယ်တိုင် ငွေရှာနိုင်ပါတယ်။ ကျွန်တော်ပေးတဲ့ အမွေနဲ့သာဆိုရင် ငွေဖြုန်းတာကလွဲလို့ ဘာမှ သိတော့မှာ မဟုတ်ဘူးလေ၊ ဘဝကသာ သူ့အတွက် အကောင်းဆုံး အမွေပါဗျာ"
ဒီတော့ ဂျက်ကီးချန်းအနေနဲ့ သားအတွက် ချန်ပေးတာ ဘာမှ မရှိဘူး ဆိုပေမယ့် သားကိုယ်တိုင်ကလည်း ကျေနပ်ပါတယ်။ ငွေကို ကိုယ်တိုင် ရှာသုံးတတ်အောင် ဂျက်ကီးချန်းတစ်ယောက် ကောင်းကောင်း သင်ပေး၊အမွေ ပေးခဲ့တယ်လို့ ယုံကြည်နေပါတယ်။ သူ ယုံကြည်တဲ့ အတိုင်း အမြွေအားလုံးကို အလှူလုပ်မယ်ဆိုတော့ လေးစားအားကျ ထောက်ခံ သူများ ရှိသလို၊ သားအပေါ် ရက်စက်တယ်လို့ ပြောသူလည်း ရှိလာပြန်ပါတယ်။
သို့ပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် ဂျက်ကီချန်းရဲ့  ဆုံးဖြတ်ချက်ကို အများစုက ကောင်းချီထောပနာ ပေးကြောင်း သိရပါတယ်။ 
---
Ref:gossip......YOYARLAY
ဂျက်ကီးချန်း အနေနဲ့ မီဒီယာများကို တရားဝင် ဖွင့်ဟပြောဆိုပြီးသွားပြီ ဖြစ် ပါတယ်။ ယင်းကတော့
ဝေလငါး၏ ရေပန်းမှ မီးပန်းများဖြစ်ပေါ်
အမေရိကန်နိုင်ငံ အလက်စကား ပြည်နယ်မှ အပျော်တမ်း ဓာတ်ပုံဆရာတစ်ဦးသည် ပင်လယ်သမုဒ္ဒရာအတွင်း လှည့်လည်သွားလာနေသော ဝေလငါးသုံးကောင်ကို ဓာတ်ပုံလိုက်လံ ရိုက်ကူးနေစဉ် ဝေလငါးတစ်ကောင် ရေပန်းထုတ်လွှတ်လိုက်စဉ် မီးပန်းများ ထွက်ပေါ်လာသည်ကို တွေ့ရှိရ၍ မှတ်တမ်းတင် ရိုက်ကူးထားခဲ့သည်။ ဝေလငါး၏လေရှူပေါက်မှ ထုတ်လွှတ်လိုက်သော ရေငွေ့သည် စိုစွတ်ခြောက်သွေ့သော ဆည်းဆာနေရောင်ကြောင့် မီးပန်းသဏ္ဌာန် ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု အသက်၅၅နှစ်အရွယ်ရှိ ယင်းဓာတ်ပုံဆရာ မက်တ်တာနာက ခန့်မှန်းပြောကြားခဲ့သည်။
http://www.swesonemedia.org/index.php?q=3245
အမေရိကန်နိုင်ငံ အလက်စကား ပြည်နယ်မှ အပျော်တမ်း ဓာတ်ပုံဆရာတစ်ဦးသည် ပင်လယ် သမုဒ္ဒရာ
အခက်အခဲကြံနေရတဲ့ ထိုင်းရောက် မြန်မာများကို ကူညီမှု