Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Friday, 19 February 2016

ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရင် ဘာဖြစ်မလဲ အတွေးအမြင် အာဘော်

ပြည်ထောင်စုလွှတ်တော်တွင် အစုအဖွဲ့သုံးခုမှ ဒုတိယသမ္မတလောင်းများ အမည်စာရင်းတင် သွင်းရန် အစည်းအဝေးများ စတင်မည့်ရက်ကို မတ် ၁၇ ဟု သတ်မှတ်ထားပြီးဖြစ်ရာ မတ် ၁၇ ကို သွားရာ ရက်များသည် တစ်ရက်ပြီးတစ်ရက် ရင်ခုန်လှိုက်မောဖွယ်ဖြစ်သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် စင်ကာပူရောက် မြန်မာများသည် လမ်းဘေးအိပ်ပြီးလည်းကောင်း၊ မြန်မာပြည်မှ မဲဆန္ဒရှင် တချို့သည် ညလုံးပေါက် မအိပ်နိုင်ဘဲ ရင်ခုန်စွာနှင့် တစ်အိမ်လုံးထွက် မဲပေးခဲ့မှုများသည် လည်းကောင်း သူတို့ယုံကြည်သည့် လူထုခေါင်းဆောင်ကို မြန်မာနိုင်ငံအား လက်ဝကွက် အပ်နှင်းလို သောကြောင့် ဖြစ်သည်။

နယ်မြေခံတိုင်းရင်းသားမျိုးနွယ်စုများကို ခြိမ်းခြောက်နေသော UWSA “၀” အဖွဲ့ရဲ့ စစ်အင်အား တိုးချဲ့မှု အန္တရာယ် (အပိုင်း-၁)

၁၉၈၉ ခုနှစ်မှာ နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ UWSA “၀” အဖွဲ့နယ်မြေကို အထူးဒေသ(၂)အဖြစ် သတ်မှတ်ပေးခဲ့သလို ပန်ဆန်း-ပန်ယန်းဒေသမှာ လက်နက်မဖြုတ်သိမ်းစေဘဲ နယ်မြေဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။ “၀” အဖွဲ့ရဲ့ အစိုးရနဲ့ လိမ္မာပါးနပ်စွာ ဆက်ဆံနိုင်မှု၊ တရုတ်ရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမှုနဲ့အတူ နယ်နမိတ်ချင်းထိစပ်နေတဲ့အနေအထားတွေအရ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက် လာနိုင်တာ တွေ့ရပါတယ်။ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် “၀” အဖွဲ့ရဲ့ အခွင့်သာမှုဟာ တရုတ်နဲ့ နယ်နိမိတ်ထိစပ်နေမှုကြောင့်လို့ ဆိုနိုင်ပါတယ်။

Monday, 25 January 2016

လေသန့်ဘူးတွေ ဝယ်ရဦးမှာလား

သဘာဝတရားကြီးက တစ် ခုနဲ့တစ်ခု ကွင်းဆက်မိမိ ချိတ်ဆက်နေတဲ့ ယန္တရားကြီးတစ်ခုပဲ ဆိုတာ လူသားတို့ သတိပြုမိချိန်က အလွန်နောက်ကျနေတဲ့အချိန်ပါ။ လူသားတို့အတွက် မရှိမဖြစ် လိုအပ်လှတဲ့လေက သဘာဝအတိုင်းဆိုရင်တော့ သန့်ရှင်းစင်ကြယ်ပြီးသားပေါ့။ ဒါပေမဲ့ လူသားတွေရဲ့ ပယောဂကြောင့် အမှုမဲ့ အမှတ်မဲ့ ဆင်ခြင်ကင်းမဲ့မှုကြောင့် သန့်စင်လှတဲ့လေတွေက ကြေးညှော်တွေ အထပ်ထပ်နဲ့ ညစ်ပတ်ပေရေကုန်ပါပြီ။

Wednesday, 30 December 2015

အဆိုးဆုံး ရေဘေးကြုံခဲ့သောနှစ်

မြန်မာနိုင်ငံသမိုင်းတစ်လျှောက်တွင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့် မြေပြိုမှုဘေးများ ၂၀၁၅တွင် ကြုံတွေ့ခဲ့ရခြင်းက သမ္မတဦးသိန်းစိန်အစိုးရကို ခေါင်းမီးတောက်စေခဲ့သလို ပြည်သူလူထုမှာလည်း ဆင်းရဲဒုက္ခမျိုးစုံ ရင်ဆိုင်ခဲ့ရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် ရေဘေးအန္တရာယ်ရင်ဆိုင်ခဲ့ရသည်။ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် မိုးလယ်ကာလမှ စတင်ခဲ့သည့် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း၏ အကျိုးဆက်မှာ ကျန်ဒေသများတွင်လည်း ဆက်တိုက်ဆိုသလို သဘာဝဘေးရင်ဆိုင်ခဲ့ရပြီး လူပေါင်းရာချီ သေဆုံးခဲ့ကာ ကျပ်သန်းပေါင်း ၃၀၀ ဘီလီယံခန့်အထိ ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတကာနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည့် အစိုးရစစ်တမ်းများက ဖော်ပြသည်။

Monday, 28 December 2015

ငါ မသေဘူး ရေကူးတတ်တယ်

၂၀၁၅ ခုနှစ်ထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး လူတစ်ယောက်ကို ပြပါဆိုရင် ပြည်ထောင်စု လွှတ်တော် နာယက ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကို ပြရမှာပဲ ဖြစ်ပါတယ်။ အခြားသူတွေနဲ့စာရင် သူ့ဘဝဟာ အတက်အကျ အလှုပ်အရမ်း အလွန်များခဲ့လို့ပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကာလတုန်းကလည်း သူ ၀င်ရောက် အရွေးခံတဲ့ ဖြူးမြို့နယ်ဆီကို နိုင်ငံတကာ သတင်းမီဒီယာသမား အတော်များများ သွားရောက် သတင်းယူတာ တွေ့ကြရပါတယ်။ ရွေးကောက်ပွဲမှာ သူနိုင်ရင် ဘာဖြစ်မှာလဲ၊ သူရှုံးရင် ဘာဖြစ်မှာလဲ စသဖြင့် ဝေဖန်ဆွေးနွေးကြတာလဲ အလွန်များပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း စိတ်ဝင်စားဖို့ အကောင်းဆုံး သူရဦးရွှေမန်းအကြောင်း ဒီကနေ့ ဆွေးနွေးကြည့်ကြရအောင်ပါ။

Sunday, 27 December 2015

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမည့် ငွေတောင်ပြည်

ကန္ဒာရဝတီတိုင်း သို့မဟုတ် ကယားပြည်နယ်သည် မြန်မာနိုင်ငံအရှေ့ဘက်တွင်တည်ရှိနေသော အဓိကပြည်နယ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏အလင်းရောင်ခြည်၊ လျှပ်စစ်ဓာတ်အားကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးနေသည့် ပြည်နယ် တစ်ခုလည်းဖြစ်ပါသည်။ တစ်ပြည်နယ်လုံး၏လူဦးရေသည် သုံးသိန်းနီးပါးခန့်သာရှိပြီး ကယားလူမျိုး ကိုးမျိုးနှင့် ရှမ်း၊ ဗမာစသည့် တိုင်းရင်းသားပေါင်းစုံနေထိုင်ရာ ပြည်နယ်တစ်ခုလည်းဖြစ်သည်။ ကယားတိုင်းရင်းသားများသည် တောင်ယာစိုက်ပျိုးမှု လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး အေးချမ်းစွာနေထိုင်ကြသည့် လူမျိုးများဖြစ်ကြသည်။

ရိုးရာမပျက်တဲ့ ပုသိမ်ထီး

မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအရ ခရီးတစ်ခု ထွက်အပြီး နေရပ်အပြန်တွင် အိမ်ပြန်လက်ဆောင်ဆိုသည့် လက်ဆောင် ပစ္စည်းများကို ၀ယ်ယူသွားလေ့ရှိသည်မှာ ဓလေ့တစ်ခု ဖြစ်သည်။ မြန်မာပြည်၏ နေရပ်ဒေသ အသီးသီးတွင် ဒေသထွက် ရိုးရာအစားအစာများ လက်ဆောင် ပစ္စည်းများက နေရာတစ်ခုနှင့်တစ်ခု မတူကွဲပြားစွာ ရှိတတ်ကြသည်။ဧရာဝတီတိုင်း ဒေသကြီး၏ ပုသိမ်မြို့ကို လာရောက် လည်ပတ်သည့် ခရီးသွားတိုင်း အမှတ်တရ အိမ်ပြန်လက်ဆောင်ဟုဆိုသည်နှင့် မလွှဲမသေ မြင်ယောင်ကြသည်မှာ ပုသိမ်ဟာလ၀ါနှင့် ပုသိမ်ထီးသာ ဖြစ်သည်။

Tuesday, 15 December 2015

ပြည်တွင်းငြိမ်းချမ်းရေးအဆုံးသတ်အောင်မြင်မှာကို UNFC သေမလောက် ကြောက်နေပြီ


NCA ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးနောက်ပိုင်း သွေးရူးသွေးတမ်းဖြစ်နေတာ UNFC ပါ။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ UNFC မျက်နှာစုံညီအစည်းအဝေးဆိုပြီး ဒီဇင်ဘာ ၇ ရက်ကနေ ၁၀ ရက်နေ့အထိ လုပ်ခဲ့ တယ်။ ဒီဇင်ဘာ ၈ ရက်နေ့မှာ လွှတ်တော်အတည်ပြုခဲ့တဲ့ NCA ကို မထောက်ခံဘူးလို့ ကြေညာချက်ထုတ်ပြန် တယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာလည်း NCA နဲ့ပတ်သက်ပြီး လက်မခံနိုင်တဲ့အကြောင်း ကြေညာချက်ထုတ်ပြန် တယ်။ UNFC မရိုးသားတာပေါ်လွင်နေပါပြီ။ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကတောင် သဘောတူလို့ NCA ကို လက်မှတ်ထိုးပြီး JMC အစည်းအဝေးတွေသွားနေတာကို UNFC က ပြောခွင့်၊ ဝေဖန်ခွင့်မရှိဘူးလို့ ပြောချင် တယ်။

Wednesday, 25 November 2015

လူနည်းစု အခွင့်အရေး လှုပ်ရှားနေသူ ဝေေ၀နု

မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့ကြသူများဖြစ်သည့် မိခင်ဖခင် အပါအ၀င် မိသားစုဝင်များကို လူမျိုးရေး ခွဲခြား ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို ကိုယ်တိုင်ပါဝင်ခံစားခဲ့ရပြီး ထိုအပြုအမူများက သူမကို ထိုးနှက်မှုတခု ဖြစ်စေခဲ့သည်ဟု မဝေေ၀နုက ပြောသည်။

ဖိနှိပ်မှုတခုကို ထပ်မံပြီး ပြောရမည်ဆိုပါက အလုပ်သမား အခွင့်အရေးများကို တစိုက်မတ်မတ် အားပေးကူညီနေသည့် ဖခင်ရှေ့နေ ဦးကျော်မင်းကို နိုင်ငံသား မှတ်ပုံတင်ကတ် တရားမ၀င် ပြုလုပ်သည်ဆိုကာ ဖခင်ကြီးဦးကျော်မင်း အပါအ၀င် တမိသားစုလုံး ဖမ်းဆီး ထောင်ချခြင်း ခံခဲ့ရသည်။

Wednesday, 18 November 2015

အာဆီယံ၏ မျှော်လင့်ချက်ဖြစ်လာသော မြန်မာ့ဒီမိုကရေစီခရီး

ဒီချုပ်ပါတီ ရွေးကောက်ပွဲတွင် အနိုင်ရရှိ၍ ပျော်ရွှင်အောင်ပွဲခံနေသော ပြည်သူအချို့ ဓာတ်ပုံ−ရဲအောင်သူ/အေအက်ဖ်ပီ
‘‘ဘာကြောင့် မြန်မာပြည်သူတွေက ဒါကို လုပ်နိုင်ပြီး ဗီယက်နမ်ပြည်သူတွေက မလုပ်နိုင်တာ လဲ’’

ဗီယက်နမ်ပြည်သူ သန်း ၉၀ ယခုစဉ်းစားဆင်ခြင်နေကြသည့် မေးခွန်းတစ်ခုဖြစ်သည်။ မြန်မာ့ ရွေးကောက်ပွဲသည် ဒေသတွင်း အိမ်နီးချင်းနိုင်ငံရှိ လူများအပေါ် သို့ စိတ်ဓာတ်ရေးရာ သက်ရောက်မှုကြီး တစ်ခုဖြစ်စေခဲ့ပါပြီ။ အ တိုက်အခံဒီမိုကရေစီခေါင်းဆောင် အနိုင်ရသည့် ရွေးကောက်ပွဲကြီးကို မြန်မာက ကျင်းပကြောင်းကြားသိရသောအခါ ဗီယက်နမ်ရှိ တက်ကြွလှုပ်ရှားသူများမှာ ၀မ်းသာမျက်ရည်များပင် ကျကြ ကြောင်း သတင်းများတွင် တွေ့ရ သည်။

‘‘ဒီမေးခွန်းဟာ ဗီယက်နမ် ပြည်သူတွေကြားမှာ မျိုးချစ်စိတ်နဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်လို စိတ်ကို ကျိန်းသေပေါက် လှုံ့ ဆော်မှာပဲ’’ဟု ဟနွိုင်းမြို့မှ ရှေ့ နေ ငုယင်ဗင်ဒိုင်က အမေရိကန် အခြေစိုက် ဗီယက်နမ်ဘာသာ သတင်းဌာနတစ်ခုအား ငိုသံပါဖြင့် ပြောကြားခဲ့သည်။ သိပ်မဝေး တော့သည့် တစ်နေ့တွင် ဗီယက် နမ်လည်း မြန်မာကဲ့သို့ လွတ်လပ် သော ရွေးကောက်ပွဲတစ်ခုကို ကျင်းပနိုင်လိမ့်မည်ဟု သူယုံကြည်ကြောင်း
မျှော်လင့်ချက်အပြည့်ဖြင့် ပြောသည်။

Sunday, 15 November 2015

ကစားချိန် ပျောက်ဆုံးသွားတဲ့ ကလေးအလုပ်သမားတွေ

အသက် ၁၂နှစ် အရွယ် ရှိပြီဖြစ်တဲ့ မမြတ်နိုးက လက်ဖက်ရည်ဆိုင်က စားပွဲဝိုင်းတွေကြားမှာ သွက်သွက်လက်လက် သွားလာပြီး လက်ဖက်ရည်မှာပေးရင်း စီးကရက်တိုတွေ ကိုလည်း တံမြက်စည်းနဲ့ လှည်းနေပါတယ်။ သူ့လို ကလေး အလုပ်သမား မျိုးတွေ အတွက် တနေ့လုပ်အားခ ကျပ် ၁ ထောင် ဝန်းကျင်လောက်သာ ရတဲ့ မြန်မာနိုင်ငံက ကမ္ဘာပေါ် က ကလေးအလုပ် သမားအများဆုံး နိုင်ငံစာရင်းမှာ ပါဝင်နေတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။

မမြတ်နိုးလိုမျိုး လက်ဖက်ရည်ဆိုင်တွေကနေ စက်ရုံ စက်ရုံတွေ အထိ အလုပ်အမျိုးမျိုး လုပ်ကိုင် နေရတဲ့ ကလေးငယ် သန်းပေါင်းများစွာ ရှိပါတယ်။ (အရင် စစ်အစိုးရလက်ထက်မှာ ကလေးလုပ်သားတွေ အများကြီး ပေါ်လာခဲ့ပါတယ်။) ဒါပေမယ့် ကလေးလုပ်သားများတွေနဲ့ ပတ်သက်လို့ သဘောထားတွေနဲ့ ဥပဒေတွေ ပြောင်းလဲဖို့ ကတော့ ဖိအားတွေ ရှိနေပါသေးတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေး ကောက်ပွဲက ရက်အနည်းငယ်လောက်ပဲ လိုတော့မယ့်အချိန်မှာ တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းများက အားလုံးပါဝင်နိုင်တဲ့ မသင်မနေရနှင့် အခမဲ့ ပညာရေးကို ၅ နှစ်အတွင်း ဖော်ဆောင်ပေးဖို့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို တောင်းဆိုနေ ကြပါတယ်။

မြန်မာကို ဩဇာလွှမ်းရေး အမေရိကန်နှင့် အာရှနိုင်ငံကြီးများ အပြိုင်ကြိုးစား

ရွေးကောက်ပွဲ, အမေရိကန်, တရုတ်, အိန္ဒိယ, ဂျပန်
မြန်မာနိုင်ငံသည် ကြားနေဝါဒသာ ကျင့်သုံးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင် အနိုင်ရခဲ့သည့် ရွေးကောက်ပွဲသည် အရှေ့တောင်အာရှတွင် အချက်အချာကျစွာ တည်ရှိနေသည့် မြန်မာနိုင်ငံအား တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန် တို့ က ဩဇာလွှမ်းမိုးရန် အရူးအမူး ကြိုးစားနေမှုကို ပြန်လည်နေရာချနေရသည်။

ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အောင်မြင်သည့် အတိုက်အခံခေါင်းဆောင် အနည်းငယ်မျှသာ ရှိပါသည်။ ရွေးကောက်ပွဲမကျင်းပမီ လအနည်းငယ်အလိုတွင် တရုတ်သမ္မတ ရှီကျင်ဖျင့်နှင့် အိန္ဒိယ ၀န်ကြီးချုပ် နေရိန်ဒြာမိုဒီက ဖိတ်ခေါ် တွေ့ ဆုံခဲ့သည်။ အနာဂတ်တွင် ဒေါ်အောင်ဆန်းစုကြည် အာဏာရနိုင်သည်ဟု သူတို့ ယူဆခဲ့ကြ၍ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အမေရိကန်သမ္မတ အိုဘားမား ၂ ကြိမ် လာရောက်တွေ့ဆုံခဲ့သည်။

ယခုလာမည့် ပြုပြင်ပြောင်းလဲရေး အတွက် ဒေါ်အောင်ဆန်းစုကြည်က အစိုးရတခုဖွဲ့စည်းရေးနှင့် ရာစုနှစ်ဝက်ကြာ စစ်တပ်၏ ချုပ်ကိုင်မှုကို လျှော့ချရန် ပြင်ဆင်ထားရာ တုန့်ပြန်မှုများကို သတိကြီးစွာဖြင့် ချိန်ညှိလုပ်ဆောင်သွားရန် လိုအပ်သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြသည်။

သူရဦးတင်ဦး (သို့မဟုတ်) NLD ရဲ့ အသင့်တော်ဆုံး သမ္မတ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က သမ္မတအဖြစ် တင်မြှောက်ဖို့ ရေပန်းအစားဆုံးနဲ့ အသင့်တော်ဆုံးက NLD နာယက လည်းဖြစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်းဖြစ်တဲ့ သူရဦးတင်ဦးဖြစ်တယ်လို့ NLD ပါတီ အသိုင်း အ၀ိုင်းထံမှ သိရှိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက စတင်ပြီး ရွေးကောက်ပွဲ ရလဒ် တွေ ကို ကြေညာခဲ့ရာမှာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ပြည်သူ့ လွှတ် တော် ၊ အမျိုးသား လွှတ်တော် အပါအ၀င် ပြည်ထောင်စုလွှတ်တော်မှာ အမတ်နေရာပေါင်း ၃၂၉ နေရာ ရရှိပြီး အစိုးရ ဖွဲ့ခွင့်၊ သမ္မတ တင် မြှောက် ခွင့်ရရှိသွားပါတယ်။

ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ NLD ပါတီက ဘယ်သူ့ကို သမ္မတတင်မလဲဆိုတာ ပြည်တွင်း ပြည်ပ နိုင်ငံရေးအသိုင်းအ၀ိုင်းက စိတ်ဝင်စားဆုံးဖြစ်နေသလို တပ်မတော်နဲ့ သမ္မတဦးသိန်းစိန်အစိုးရ အသိုင်း အ၀ိုင်းကလည်း အင်မတန်ကို စိတ်ဝင်စားနေကြပါတယ်။

Thursday, 12 November 2015

“ ဒေါ်အောင်ဆန်းစုကြည် သမ္မတအထက်မှာ နေလို့ ရနိုင်မလား”

အခုရက်ပိုင်းအတွင်း နိုင်ငံခြားသတင်းဌာနတွေ စိတ်အဝင်စားဆုံး ပြဿနာ တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ နောက်တက်မယ့် သမ္မတနဲ့ သူ့ရဲ့ နေရာယူမှု အပိုင်းပါ။ နိုင်ငံခြား သတင်းဌာနတွေကို တွေ့ဆုံတိုင်း ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူ့အနေနဲ့ သမ္မတ ဖြစ်ခွင့်မရပေ မယ့် အစိုးရအဖွဲ့သစ်ကို သူပဲ ဦးဆောင်မယ်၊ သမ္မတရဲ့ အထက်မှာနေမယ်၊ သမ္မတဆိုတာဟာ ပါတီရဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ ပြုမူလှုပ်ရှားရမှာဖြစ်ပြီး သူ့မှာ ဘာအခွင့်အာဏာမှ မရှိဘူးဆိုတာ ကောင်းကောင်း သဘောပေါက်ရမှာ ဖြစ်တယ်။ စသဖြင့် ပြောဆိုခဲ့လို့ ဖြစ်ပါတယ်။

Monday, 26 October 2015

၂၀၁၅-၂၀၁၆ ခုနှစ် အယ်လ်နီညိုရဲ့ ကျယ်လောင်လာတဲ့ စိန်ခေါ်သံ

ဂေါ်ဇီလာအယ်လ်နီညို

ရာစုနှစ်ရဲ့ အပြင်းထန်ဆုံး သော အယ်လ်နီညိုဖြစ်စဉ်ဟာ ပစိဖိတ် သမုဒ္ဒရာအတွင်းတွင် အရှိန်ယူအစပျိုးနေပြီ ဖြစ်ပါ တယ်။ သေဆုံးသူပေါင်း ၂,၁၀၀ ကျော်နဲ့ အထွေထွေအရပ်ရပ်ပျက် စီးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံကျော်တဲ့အထိ ထိခိုက် ပျက်စီးသေဆုံးမှုမြင့်မားခဲ့သော ၁၉၉၇-၉၈ အယ်လ်နီညိုဖြစ်ပွား ခဲ့ပြီးနောက် ယခု ၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် ဂေါ်ဇီလာ အယ်လ်နီညို (Godzilla El Nino) ကို လူအများက စိုးရိမ်ပူပန်လျက် ရှိနေကြပါတယ်။

ပြိုင်တူတွန်းလျှင် ပြောင်းနိုင်ပါသည်

ယခုနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံတွင် ခေတ်စားလာသည့် စကား လုံးတစ်လုံးရှိသည်။ အပြောင်းအ လဲဆိုသည့် စကားလုံးဖြစ်သည်။ ရွေးကောက်ပွဲဝင်မည့် ပါတီအချို့ သည်ပင်လျှင် အပြောင်းအလဲကို ဖော်ဆောင်မည်၊ ဖော်ဆောင်နေ သည်ဟု ကြွေးကြော်ကာ မဲဆွယ် စည်းရုံးနေကြသည်ကို တွေ့နေရ သည်။ အမှန်တကယ်လည်း မြန်မာနိုင်ငံသည် အပြောင်းအလဲ ကို အရေးတကြီးလိုအပ်နေသည် မဟုတ်ပါလား။
မြန်မာနိုင်ငံ၏ လက်ရှိပစ္စက္ခ အခြေအနေသည် အစစ အရာရာ နိမ့်ကျနေသည်။ နိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အဆင့်အတန်းတို့သည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မကောင်းသည့်ဘက်က စတင်ရေတွက်ပါက ထိပ်ဆုံးတွင်ရှိနေသည်။ ထိုထိပ်ဆုံးနေရာတွေကို ဗိုလ်စွဲကာ ပြိုင်ဘက်မရှိနေရာယူ ထားခဲ့သည်မှာလည်း ဆယ်စုနှစ် ငါးစုစာလောက်ရှိပြီ ဖြစ်သည်။ အ လုံးစုံ နိမ့်ကျသည့်ဒဏ်ကို မြန်မာပြည်သူ၊ ပြည်သားသန်းပေါင်းများစွာ ခါးကော့အောင်ခံခဲ့ကြရပြီးဖြစ်သည်။

Wednesday, 21 October 2015

ထောင်ထားတဲ့ထီးဖြူနဲ့ ဘယ်သူဘုရင်လုပ်မလဲ


(တစ်)
ရွေးကောက်ပွဲနီးသည့်ရက်များအတွင်းမှာမှ ပုဂံသို့ခပ်စိပ် စိပ်ကလေးဆိုသလို ရောက်ဖြစ်ပါသည်။ မြင်းခြံသို့အသွားတွင်လည်း ပုဂံကခရီးတစ်ထောက်၊ ပခုက္ကူသို့အသွားတွင်လည်း ပုဂံကခရီးတစ်ထောက်၊ ချင်းတောင်သို့အသွားတွင်လည်း ပုဂံကခရီး တစ်ထောက်မို့ မူလပထမပုဂံနှင့် အကျွမ်းတဝင်ရှိပြီးသားတွင် လက်ပွန်းတတီးက ထပ်ဆောင်းကာ နွေးနွေးထွေးထွေးရှိလို့မဆုံးသည့်ရက်များပင် ဖြစ်ပါလေသည်။
၂၀၁၅ နိုဝင်ဘာ ၈ ရက်၌ကျင်းပမည့် ရွေးကောက်ပွဲအကြိုရက်များအတွင်း ပုဂံသို့ရောက်သောအခါ ဖျတ်ခနဲအာရုံရောက်သွားမိသည်က ထီးလိုမင်းလိုဘုရားပဲဖြစ်ပါသည်။ ထီးလိုမင်းလိုဘုရင်က ရွေးကောက်တင်မြှောက်သည့် နည်းမျိုးဖြင့် နန်းတက်လာသည် ဟုဆိုကြသည်မဟုတ်လား။
စာအုပ်စင်ပေါ်၌ ဆရာတော်‘‘ရွှေကိုင်းသား’’၏‘‘ပုဂံသွားမှတ်တမ်း’’စာအုပ်ကလေးရှိရာ ထိုစာအုပ်တစ်နေရာတွင် ဆရာတော်က ‘‘ပုဂံရာဇဝင်တွင် ဒီမိုကရေစီနည်းကျဖြင့် မင်းအဖြစ်ကို ရရှိခဲ့သော ထီးလိုမင်းလိုခေါ် ဇေယျသိင်္ခနန်းတောင်းများမင်း’’ ဟုထည့်သွင်းရေးသားထားခဲ့ဖူးသည်ကို အမှတ်ရမိ၍ဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျဖြင့် မင်းအဖြစ်ကိုရရှိတဲ့။

ကာဗွန်များ ပျော်ဝင်နေသည့် ပင်လယ်သမုဒ္ဒရာများ


ကမ္ဘာတစ်ဝန်းရှိ ပင်လယ်သမုဒ္ဒရာများနှင့် ကမ်းရိုးတန်းရေ ပြင်များက စိတ်အနှောင့်အယှက်ဖြစ်ရာ ဇာတ်လမ်းကို စတင်ပြော ကြားနေကြသည်။ ပင်လယ်သမုဒ္ဒ ရာများသည် ရေမြှုပ်တစ်ခုကဲ့သို့ ပင် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်များကို တစ်နေ့တ ခြားပိုမိုစုပ်ယူနေပါသည်။ ကာဗွန် ဒိုင်အောက်ဆိုက်များကို စုပ်ယူ လွန်းအားကြီး၍ ပင်လယ်သမုဒ္ဒရာ နှင့် ကမ်းရိုးတန်းရေပြင်များ၏ ဓာ တုဗေဒမျှခြေညီမျှနေမှုများ ပြောင်းလဲနေပြီး ရေနေသဘာဝဂေဟ စနစ်များကို တိုး၍ ခြိမ်းခြောက်နေ သည်။လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ အတွင်း လူတို့၏ ပယောဂကြောင့် ထွက်ရှိလာသော ကာဗွန်မက်ထရစ်တန်ဘီလီယံ ၁၅၀ ကို ကမ္ဘာ ပေါ်ရှိ ပင်လယ်သမုဒ္ဒရာများက စုပ်ယူထားသည်။ လက်ရှိတွင် လူတစ်ဦး၏ ပျမ်းမျှကာဗွန်ထုတ်လွှတ်မှု မှာ သီတင်းတစ်ပတ်လျှင် ၁၅ ပေါင်ရှိပြီး ယင်းမှာ နှစ်စဉ်အီကွေတာ ကို ၁၃ ပတ်ပတ်နိုင်အောင် ရှည် လျားသော ကျောက်မီးသွေးသုံး ရထားကို စွမ်းအင်ဖြည့်ပေးရန် လုံလောက်ပါသည်။

Tuesday, 13 October 2015

တိုင်းရင်းသားလက်နက်ကိုင်တွေ သိသင့်တဲ့ DDR


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အောက်တိုဘာ ၁၅ ရက်နေ့မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ လက်မှတ်ရေးထိုးကြတော့မှာဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး RCSS/SSA ဥက္ကဋ္ဌ ရွက်ဆစ်က သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၈ ရက်နေ့မှာပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ရွက်ဆစ်ကို DVB ၊ ဧရာဝတီ၊ မဇ္ဈိမ သတင်းဌာနတွေက NCA နဲ့ပတ်သက်ပြီး မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ DDR နဲ့ပတ်သက်ပြီး မေးမြန်းမှု အပေါ် ရွက်ဆစ်က “DDR ဆိုတာ ဖက်ဒရယ်ပြည်ထောင်စုပြည်လည်တည်ထောင်ဖို့ လုပ်မှာလေ၊ တိုင်းရင်းသား အားလုံးရော အစိုးရ၊ တပ်မတော်ရော အားလုံးလက်နက်ဖြုတ်သိမ်းပြီးမှ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ပြန်တည်ဆောက်မှာလေ၊ ဘယ်လိုပြန်ဖွဲ့မယ်၊ ရာခိုင်နှုန်းနဲ့လား ဘာလားဆိုတာတော့ ကျနော်တို့ ပြန်ပြီး ဆွေးနွေးရမယ် ” လို့ ဖြေကြားသွားပါတယ်။

Wednesday, 7 October 2015

ငြိမ်းချမ်းရေးကို စိန်ခေါ်လိုက်ခြင်းလော


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကိုရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးဗဟိုဌာန (MPC) တွင် အောက်တိုဘာလ ၄ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်း အနားကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အစည်း ၈ ဖွဲ့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါတယ်။ NCA လက်မှတ်ရေးထိုး နိုင်ရေးအတွက် တက်ရောက်ခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) အဖွဲ့တို့ဖြစ်ပါတယ်။