Monday 1 April 2013

မန်ယူသည် အကောင်းဆုံးအသင်းဟု ဂျွန်အိုရှေး မှတ်ချက်ပြု


Photo: မန်ယူသည် အကောင်းဆုံးအသင်းဟု ဂျွန်အိုရှေး မှတ်ချက်ပြု
Monday, April 1, 2013

မန်ယူတွင် ပွဲပေါင်း(၂၅၀)ကျော် ကစားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ (၅)ကြိမ် ရရှိခဲ့ဖူးသည့် အိုရှေးက မိမိအိုးလ်ထရက်ဖို့ဒ်တွင် ဖြတ်သန်း ကျင်လည်ခဲ့ဖူးစဉ် အသင်းများထက် လက်ရှိ မန်ယူက ပိုမို တောင့်တင်း
ကြောင်း သုံးသပ်ခဲ့သည်။ 

လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းသည် မိမိ သိရှိဖူးသမျှ အကောင်းဆုံးသော အသင်းတစ်ခုဖြစ်ကြောင်း ဆန်းဒါးလန်း နောက်
ခံလူ ဂျွန်အိုရှေးက မှတ်ချက်ပြု ပြောကြားလိုက်သည်။ 

မန်ယူသည် ဆန်းဒါးလန်း၏ အိမ်ကွင်းဖြစ်သော စတေဒီယမ်အော့ဖ်လိုက်
တွင် (၁-၀)ဖြင့် အနိုင် ကစားခဲ့သည့်နောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်ရန် တစ်စထက်တစ်စ နီးစပ်လာပြီ ဖြစ်သည်။ 

အဆိုပါပွဲ အနိုင်ရလဒ်ကြောင့် မန်ယူသည် ပရီးမီးယားလိဂ် ရာသီသိမ်းရန် (၈)ပွဲအလိုတွင် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးကို (၁၅)မှတ်ဖြတ် ဦးဆောင်နေဆဲ ဖြစ်သည်။ 

မန်ယူတွင် ပွဲပေါင်း(၂၅၀)ကျော် ကစားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ (၅)ကြိမ် ရရှိခဲ့ဖူးသည့် အိုရှေးက မိမိအိုးလ်ထရက်ဖို့ဒ်တွင် ဖြတ်သန်း ကျင်လည်ခဲ့ဖူးစဉ် အသင်းများထက် လက်ရှိ မန်ယူက ပိုမို တောင့်
တင်းကြောင်း သုံးသပ်ခဲ့သည်။

(၂၀၁၁)ခုနှစ်၊ နွေရာသီက ဆန်းဒါးလန်းသို့ ရောက်ရှိခဲ့သည့် အိုင်ယာလန် ကစားသမားက "မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် အနေနဲ့ ကံကောင်းပါ
တယ်။ သူဟာ အကောင်းဆုံး အသင်းတစ်ခုကို စုဖွဲ့နိုင်ခဲ့သလို စိတ်ကြိုက် ကစားသမားတွေကိုလည်း ရွေးချယ် သုံးစွဲနိုင်တယ်လေ။ 

လက်ရှိ အသင်းစုဖွဲ့မှုဟာ အကောင်းဆုံး ဖြစ်နေတယ် ဆိုတာ သံသယ မရှိပါဘူး။ သူတို့ဟာ FAဖလား ပွဲစဉ်အဖြစ် အဝေးကွင်းမှာ ချယ်လ်ဆီးကို ပွဲကျပ် ကစားရပါမယ်။ ဒါပေမဲ့ လက်ရှိ အင်အားစုအရ သူတို့ဟာ ဘယ်လို အခက်အခဲကိုမဆို ဖြတ်ကျော်နိုင်စွမ်း ရှိမှာပါ"ဟု ပြောကြားခဲ့သည်။

ဖာဂူဆန်က ဆန်းဒါးလန်းကို စောစောစီးစီး ဂိုးသွင်းနိုင်ခဲ့ခြင်းက အသင်းအတွက် ပွဲပန်းမှုကို လျှော့ချနိုင်ခဲ့ကြောင်း သုံးသပ်ခဲ့သည်။ "ကျွန်တော်တို့ ကံကောင်းခဲ့ပါတယ်။ မိနစ်(၂၀)ကျော်လောက်မှာ ဦးဆောင်ခွင့် ရလိုက်တော့ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်ရ လွယ်
သွားတယ်။ 

အသင်းမှာ ပွဲပန်းမှုတချို့ ရှိနေပေမယ့် ပထမပိုင်းမှာ ကျွန်တော်တို
့ ဘောလုံးပိုင်ဆိုင်မှုကို အပြတ်အသတ် အသာစီး ယူထားနိုင်ခဲ့ပါ
တယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ အသာရမှု ဆုံးရှုံးလာတာက 
ကစားသမားတွေ နွမ်းနယ်ထားတာကြောင့်လို့ ထင်ပါတယ်"ဟု ဖာဂူဆန်က ပြောဆိုသွားခဲ့သည်။

Source: DailyMail
Planet Myanmar Network

မန်ယူတွင် ပွဲပေါင်း(၂၅၀)ကျော် ကစားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ (၅)ကြိမ်ရရှိခဲ့ဖူးသည့် အိုရှေးက မိမိအိုးလ်ထရက်ဖို့ဒ်တွင် ဖြတ်သန်း ကျင်လည်ခဲ့ဖူးစဉ် အသင်းများထက် လက်ရှိမန်ယူက ပိုမို တောင့် တင်းကြောင်း သုံးသပ်ခဲ့သည်။

စင်ကာပူ သမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီ တန်ကင်ယမ်း၏ ကိုယ်ရေး အကျဉ်း



စင်ကာပူ သမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်း၏ ကိုယ်ရေး အကျဉ်း
၁။ ဒေါက်တာ တိုနီတန်ကင်ယမ်းကို ၁၉၄ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စင်ကာပူ နိုင်ငံ၌ မွေးဖွား ခဲ့သည်။ သူသည် ငယ်စဉ်က စိန့်ပီတာပတ်ခ် ကျောင်းနှင့် စိန့်ဂျိုးဇက် တက္ကသိုလ်တို့တွင် ပညာသင်ကြား

ခဲ့သည်။ ဒေါက်တာတန်သည် ၁၉၆၂ ခုနှစ်တွင် စင်ကာပူတက္ကသိုလ်မှ ရူပဗေဒဂုဏ်ထူးဘွဲ့ ရရှိခဲ့ပြီး Massachusetts နည်းပညာ တက္ကသိုလ်တွင် ဆက်လက်ပညာသင်ယူခဲ့ရာ မဟာသိပ္ပံဘွဲ့ ရရှိခဲ့သည်။ ထို့နောက် ၄င်းသည် Adelaide တက္ကသိုလ်မှ သင်္ချာဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့သည်။


မြန်မာပုဂ္ဂလိက သတင်းစာများ စတင်ထုတ်ဝေ
===========================
 
31.03.2013
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံး ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာတွေကို ဒီကနေ့ စတင်ထုတ်ဝေပါတယ်။ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ရထားတဲ့ထဲက The Voice Daily၊  စံတော်ချိန်၊ ရွှေနိုင်ငံသစ်နဲ့ ပြည်ထောင်စု စတဲ့ သတင်းစာ ၄ စောင်
 ဒီကနေ့ ဧပြီလ ၁ ရက်နေ့မှာ စတင် ထုတ်ဝေတာဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင်နေ့စဉ်သတင်းစာတွေ ထုတ်ခွင့်ပေးမယ် လို့ ပြန်ကြားရေးဝန်ကြီးဌာနက ၂၀၁၂ နှစ်ကုန်ပိုင်းက
 ကြေညာခဲ့ပြီးနောက် သတင်းစာ ထုတ်ဝေခွင့် လျှောက်ထားခဲ့ကြတဲ့ထဲမှာ လောလောဆယ် 
သတင်းစာ ၁၆ စောင်ကို ထုတ်ဝေခွင့်ပေးထားပါတယ်။

နေ့စဉ်သတင်းစာထုတ်ဝေဖို့ ပြင်ဆင်နေကြတဲ့ထဲမှာ လက်ရှိအပတ်စဉ်ဂျာနယ်ထုတ်ဝေနေတဲ့ ဂျာနယ်တိုက်တချို့
ပါဝင်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ သတင်းလွတ်လပ်ခွင့်ကို တဖြည်းဖြည်း လျှော့ပေါ့ပေးလာပြီး ခုလို နေ့စဉ် ပုဂ္ဂလိက
သတင်းစာတွေ ထုတ်ဝေခွင့်ပေးခဲ့ တာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံမှာ နေ့စဉ်ထုတ် သတင်းစာတွေကို အစိုးရကပဲ ထိန်းချုပ်ခဲ့ရာက ခုလို ပုဂ္ဂလိကပိုင် လုပ်ခွင့်ရတာတဲ့အတွက် သတင်းအရည်အသွေးပိုင်းမှာ စိန်ခေါ်မှုတွေ အများကြီးရှိနိုင်တယ်လို့ ဝါရင့်သတင်းစာဆရာတွေက ပြောပါတယ်။
 
မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက်မှာ ပုဂ္ဂလိကပိုင်နေ့စဉ်သတင်းစာတွေ ကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ 
အိန္ဒိယ ဘာသာတွေနဲ့ ထုတ်ဝေခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဦးနေဝင်း အစိုးရတက်လာခဲ့ပြီး နောက်မှာတော့ နေ့စဉ်ထုတ်သတင်းစာ
 တော်တော်များများကို အစိုးရက ထိန်းချုပ်ခဲ့ပါတယ်။ ၁၉၇၃ ခုနှစ်ဖွဲ့စည်းပုံကို အတည်ပြုခဲ့ပြီးနောက်မှာတော့ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ်သတင်းစာတွေ အားလုံး ရပ်ဆိုင်းသွားခဲ့တာဖြစ်ပါတယ်။
VOA မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံး ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာတွေကို ဒီကနေ့ စတင်ထုတ်ဝေပါတယ်။ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ရထားတဲ့ထဲက The Voice Daily၊ စံတော်ချိန် ၊ ရွှေနိုင်ငံသစ်နဲ့ ပြည်ထောင်စုစတဲ့ သတင်းစာ ၄ စောင် ဒီကနေ့ ဧပြီလ ၁ ရက်နေ့  မှာ စတင်ထုတ်ဝေတာဖြစ်ပါတယ်။

သင်္ကြန်ကာလအတွင်း ခရမ်းလွန်ရောင်ခြည် အန္တရာယ် ပိုများကြောင်း ဦးထွန်လွင် ပြောကြား



သင်္ကြန်ကာလအတွင်း ခရမ်းလွန်ရောင်ခြည် အန္တရာယ် ပိုများကြောင်း ဦးထွန်လွင် ပြောကြား
2013-03-31

မြန်မာတနိုင်ငံလုံးမှာ Ultraviolet Ray လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုနှုန်း မြင့်တက်နေတဲ့ အတွက် အထူးသတိထား သွားလာကြဖို့၊ အထူးသဖြင့် သင်္ကြန်တွင်းမှာ အဝတ်အစား လုံလုံခြုံခြုံ ဝတ်ဆင်ကြဖို့ မြန်မာ့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။

ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းဟာ (၁၁) ထက်ကျော်နေတဲ့အတွက် သတ်မှတ်စိုးရိမ် ညွှန်းကိန်း အထက်မှာ ရောက်နေတယ်လို့ ပြောပါတယ်။

သင်္ကြန်ကာလ ဧပြီလအတွင်း ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းပိုများမယ်လို့ ယူဆရပြီး အန္တရာယ် ပိုများဖွယ်ရှိတယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။

" မြန်မာပြည်မှာ သင်္ကြန်ကာလမဟုတ်တဲ့ ရိုးရိုးချိန်မှာတောင် ကားတွေကသိပ်ကျပ်တယ် တစ်နေရာရောက်ရင် တော်တော်နဲ့ကို မထွက်နိုင်ဘူး၊ သင်္ကြန်ကာလဆို မဏ္ဍပ်တွေဘာတွေသွားမယ်ဆိုရင်တော့ အနည်းဆုံး ၄ နာရီ ၅ နာရီလောက်က ကားစီးပြီး နေပူထဲမှာ နေရမယ့် သဘောရှိနေတယ်၊ အန္တရာယ် ပိုကြီးတယ်ပေါ့ဗျာ၊ ဒီရေတို့ဘာတို့နဲ့ နီးနီးကပ်ကပ်ရှိတယ် ရေက အငွေ့ပျံတဲ့သဘာဝရှိတော့ ခရမ်းလွန်ရောင်ခြည်က ရေပေါ်မှာကျလို့ အလင်းပျံရင် လူကိုပိုထိခိုက်တယ်၊ အဲ့တော့ သင်္ကြန်မှာ ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်က ပိုရှိတယ်"

ကမ္ဘာ့လေထုအထက်မှာရှိတဲ့ အိုဇုန်လွှာပါးတဲ့အတွက် ကမ္ဘာမြေပေါ် ခရမ်းလွန် ရောင်ခြည် ကျရောက်တာဖြစ်ပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။

ခရမ်းလွန်ရောင်ခြည်ဒဏ်ကာကွယ်နိင်အောင် ဗျက်ကျယ်တဲ့ ဦးထုပ်ဆောင်းဖို့၊ နေရောင်ခြည်ကာ မျက်မှန်တပ်ဖို့နဲ့ အဝတ်အထည်ကို လုံလုံခြုံခြုံ ဝတ်ဆင်ကြဖို့ ဦးထွန်းလွင်က အကြံပေးပါတယ်။


Re-Post By ACM 1-4-2013
အေးချမ်းမွန် Credit & Copy From >>  RFA Burmese<< Thank မြန်မာတနိုင်ငံလုံးမှာ Ultraviolet Ray လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုနှုန်း မြင့်တက်နေတဲ့အတွက် အထူးသတိထားသွား လာကြ ဖို့၊ အထူးသဖြင့် သင်္ကြန်တွင်းမှာ အဝတ်အစား လုံလုံခြုံခြုံ ဝတ်ဆင် ကြဖို့ မြန်မာ့မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေး လိုက်ပါ တယ်။ ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းဟာ (၁၁) ထက်ကျော်နေ တဲ့ အတွက် သတ်မှတ်စိုးရိမ်ညွှန်းကိန်း အထက်မှာ ရောက်နေတယ် လို့ ပြောပါတယ်။

ကမ္ဘာကျော် တေးဂီတအဖွဲ့၏ ဒုတိယမြောက် ဖျော်ဖြေပွဲဖြစ်ပြီး အမြင့်ဆုံး လက်မှတ်ဈေးနှုန်း ကျပ် တစ်သိန်းဝန်းကျင် နေရာများတွင် ပရိသတ်နည်းပါးခဲ့


ကမ္ဘာကျော် တေးဂီတအဖွဲ့၏ ဒုတိယမြောက် ဖျော်ဖြေပွဲဖြစ်ပြီး အမြင့်ဆုံး လက်မှတ်ဈေးနှုန်း ကျပ် တစ်သိန်းဝန်းကျင် နေရာများတွင် ပရိသတ်နည်းပါးခဲ့
Monday, April 1, 2013

ဂျေဆင်မရက်ဇ်၏ MTV Exit ဖျော်ဖြေပွဲအပြီး ကမ္ဘာကျော် အဆိုတော်အဖွဲ့ ဒုတိယမြောက် လာရောက်မှုအဖြစ် Michael Learns to Rock အဖွဲ့၏
ဖျော်ဖြေပွဲကို မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်း
ပခဲ့သည်။ တရားဝင် လက်မှတ်ဈေးနှုန်းမှာ ကျပ်တစ်သိန်း ၀န်းကျင်ထိ ရှိ
ခဲ့ပြီး ပရိသတ် သုံးထောင်ဝန်းကျင်ခန့် လာရောက်ကြည့်ရှု ခဲ့သည်ဟု သိရှိရသည်။

ဖျော်ဖြေပွဲ လက်မှတ်များကို VIP တစ်စောင်လျှင် ကျပ် ၉၉၀၀၀၊ Gold Circle တစ်စောင်လျှင် ကျပ် ၃၄၉၀၀ နှင့် Silver Circle တစ်စောင်လျှင် ကျပ် ၁၉၉၀၀ တို့ဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ရောင်းချခဲ့ခြင်း ဖြစ်သည်။

Michael Learns to Rock အဖွဲ့၏ ဖျော်ဖြေပွဲကို ည ၇ နာရီ ၀န်းကျင်တွင် စတင်ခဲ့ပြီး Lazy Club တီးဝိုင်းက နိုင်ငံတော်သီချင်းတီးလုံး တီးခတ်မှုဖြင့် စတင်ခဲ့ပြီး ဖြူဖြူကျော်သိန်းက ကိုယ်ပိုင်သံစဉ် တေးသီချင်းငါးပုဒ် သီဆို
ဖျော်ဖြေခဲ့သည်။ ထို့နောက် Emperor တီးဝိုင်းနှင့်အတူ ဇော်ဝင်းထွဋ်
က ဖျော်ဖြေခဲ့သည်။

Michael Learns to Rock အဖွဲ့က ၈ နာရီခွဲ ၀န်းကျင်တွင် “မင်္ဂ လာပါမြန်မာ” ဟု နှုတ်ခွန်းဆက် ပြောကြားပြီး စတင်ဖျော်ဖြေခဲ့သည်။

၎င်းတို့အဖွဲ့၏ ထင်ရှားသည့် တေးသီချင်းများဖြစ်သော Sleeping Child၊ 25 minutes၊ Blue Night၊ You Took My Heart၊ Breaking My Heart၊ Some Day၊ That's Way၊ Breaking My Heart၊ Paint My Love စသည့် မြန်မာ
ပရိသတ် များအကြား ထင်ရှားသည့် တေးသီချင်းများ အပါအ၀င် သီချင်း 
၂၃ ပုဒ်သီဆို ဖျော်ဖြေခဲ့သည်။

ဖျော်ဖြေပွဲအတွက် လက်မှတ်ဈေးနှုန်း ကြေညာရောင်းချခြင်း မရှိသည့် VVIP လက်မှတ်အတွက် ခုံ ၁၀၀၀ နီးပါးနှင့် ကျပ်တစ်သိန်း ၀န်းကျင်ဖြင့်ရောင်းချခဲ့
သည့် VIP လက်မှတ် များအတွက် ထိုင်ခုံ ၁၅၀၀ ၀န်းကျင်ခန့ှ်ိခဲ့သည်။

ဈေးနှုန်းအသီးသီး အလိုက် ထိုင်ခုံနေရာများတွင် ပရိသတ်များ လာရောက်
ကြည့်ရှု ခဲ့သော်လည်း ထိုင်ခုံများ ပြည့်လျှံခြင်း မရှိသည်ကို တွေ့ခဲ့ရသည်။
ယခုဖျော်ဖြေပွဲအား ဧပြီလ ၁ ရက်နေ့ ညနေ ၇ နာရီတွင် 5 Plus ရုပ်သံ
လိုင်း၌ ပြန်လည်ပြသမည် ဖြစ်သည်။

“ဒီပွဲကို မြန်မာနိုင်ငံရဲ့ဖျော်ဖြေရေးကဏ္ဍမှာ စာမျက်မှာသစ် တစ်ခုအနေနဲ့ စီစဉ်ခဲ့တာပါ။ အခုလို ကျင်းပနိုင်ခဲ့တဲ့အတွက် အများကြီး ဂုဏ်ယူရသ
လို ရှေ့ဆက်မယ့် ခြေလှမ်းတွေ အတွက်လည်း အားရှိပါတယ်။

နောက်ပိုင်းမှာလည်း မြန်မာတွေကြိုက်တဲ့ ကမ္ဘာကျော်တွေနဲ့ နိုင်ငံတကာက အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲ ထပ်လုပ်ဖို့ အစီအစဉ်ရှိပါတယ်။ မြန်မာနိုင်ငံ
က ပရိသတ်တွေအတွက် နိုင်ငံတကာမှာ ကျင်းပနေကျ ဖျော်ဖြေပွဲ တစ်ခုလိုပဲ ကျင်းပသွားမှာပါ။ ဒီပွဲမှာ အများဆုံးရောင်းတဲ့ လက်မှတ်တွေက Gold Circle နဲ့ Silver Circle အမျိုးအစားကို အများဆုံး ရောင်းချပေးခဲ့တာပါ။

ပြည်သူတွေအတွက် အဓိကထားပြီး အများကြည့်နိုင်မယ့် ဈေးနဲ့ လက်
မှတ်တွေကို အများဆုံး ရောင်းပေးတာပါ။ VVIP နဲ့ VIP လက်မှတ်တွေက စုစုပေါင်း လက်မှတ်တွေရဲ့ ခုနှစ်ရာခိုင်နှုန်းလောက်ပဲ စီစဉ်ထားတာပါ” 
ဟု ပွဲစီစဉ်သည့် Friendship Entertainment မှ ဒေါက်တာ ရဲသူဖေက ဆိုပါသည်။

ဖျော်ဖြေပွဲသို့ လာရောက်ကြည့်ရှုသူ အသက် ၂၀ ၀န်းကျင်ရှိသည့် မောင်
ခိုင်ကျော်က “ငယ်ငယ်ကတည်းက Michael Learns အဖွဲ့ရဲ့ သီချင်းတွေ
ကို ကြိုက်လို့ လာကြည့်တာပါ။ ကမ္ဘာကျော်တွေရဲ့ ပွဲက ကြည့်ရခဲတယ်
လေ။ ဒီလိုနိုင်ငံတကာ ပွဲတွေရှိလာတာ အရမ်းကောင်းပါတယ်။ ကြိုက်
လည်း ကြိုက်တယ်။ နောက်ထပ်လည်း ရှိလာဖို့ မျှော်လင့်ပါတယ်” ဟု ပြောပြခဲ့ပါသည်။

ယခုဖျော်ဖြေပွဲကို ပါကစ္စတန် အခြေစိုက် Pastel Communation ၏ ပူးပေါင်းကူညီမှုဖြင့် မြန်မာနိုင်ငံမှ Friendship Entertainment မှ ငွေကြေးအကုန်ကျခံ စိုက်ထုတ်ကာ ကျင်းပခြင်းဖြစ်သည်။

Michael Learns to Rock အဖွဲ့၏ ဖျော်ဖြေပွဲသို့ အနုပညာရှင်များ
ဖြစ်ကြသည့် သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လွင်မိုး၊ စည်
သူလွင်၊ သားစိုး၊ အနဂ္ဂ၊ သံသာဝင်း၊ ဒါရိုက်တာညိုမင်းလွင်၊ ဒါရိုက်
တာ ၀င်းထွန်းထွန်း၊ နီနီခင်ဇော်၊ ယုန်လေး၊ ဒီဂျေဝိုင်တို့လည်း လာရောက်ကြည့်ရှုအားပေးခဲ့သည်။

Michael Learns to Rock အဖွဲ့၏ တေးသီချင်းများကို မြန်မာ အဆိုတော် အများအပြားက ကော်ပီ တေးသီချင်းအဖြစ် ပြန်လည်သီဆို ခဲ့ကြပြီး ၎င်း၏ တေးသီချင်းများ ပြန်လည်သီဆိုခဲ့ကြရာ၌ ထင်ရှားသည့် အဆိုတော် တချို့မှာ စည်သူလွင်၊ ထွဏ်းထွဏ်း၊ ဘိုဘို၊ မျိုးကြီး စသူတို့ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာကျော် အဆိုတော်တစ်ဦး၏ ပထမဆုံး ဖျော်ဖြေပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဂျေဆင်မရက်ဇ်၏ MTV Exit လူကုန်ကူးမှု တိုက်ဖျက်ရေး ရန်ပုံငွေဖျော်ဖြေပွဲအဖြစ် ပြည်သူ့ ရင်ပြင်၌ပင် ကျင်းပခဲ့ပါသည်။ 

အဆိုပါ ဖျော်ဖြေပွဲမှာမူ အခမဲ့ဖျော်ဖြေပွဲ တစ်ခုအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်
သည်။ MLTR အဖွဲ့သည် မြန်မာနိုင်ငံတွင် ကမ္ဘာကျော် အနုပညာရှင်များ လာရောက် ဖျော်ဖြေရာတွင် ဒုတိယမြောက် လာရောက်ခဲ့သည့် အဖွဲ့
တစ်ဖွဲ့ဖြစ်ပြီး လက်မှတ်ဈေးနှုန်း သတ်မှတ်ကာ ကြည့်ရှုစေခဲ့သည့် ကမ္ဘာကျော်အဖွဲ့၏ ဖျော်ဖြေပွဲလည်း ဖြစ်ပါသည်။

Michael Learns to Rock Fact-box

-  ဒိန်းမတ် Pop/Soft rock ဂီတအဖွဲ့ဖြစ်သော Michael Learns to Rock ကို Jascha Richter၊ Mikkel Lentz၊ Kare Wanscher၊ Soren Madsen တို့နှင့် ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့။

-  Soren Madsen သည် ၂၀၀၀ ပြည့်နှစ်တွင် အဖွဲ့မှ နုတ်ထွက်ခဲ့။
-  MLTR ဟုလည်းခေါ်ဆိုသည့် Michael Learns to Rock အဖွဲ့သည် ကမ္ဘာတစ်ဝန်းတွင် ဓာတ်ပြား ၁၁ သန်းကျော်ရောင်းခဲ့ပြီး အများစုမှာ အာရှတွင် ရောင်းချခဲ့ခြင်းဖြစ်။

-  MLTR အဖွဲ့၏ Take Me To Your Heart သီချင်းသည် ၂၀၀၆ ခုနှစ်တွင် download လုပ်ယူမှု အများဆုံး သီချင်းအဖြစ်ဆုချီးမြှင့်ခံခဲ့ရ။

-  စတီရီယိုအယ်လ်ဘမ်ရှစ်ခု အပါအ၀င် ဖျော်ဖြေပွဲနှင့် လူကြိုက်များသည့် သီချင်းများ စုစည်းထားသည့် အယ်လ်ဘမ် များလည်း ထွက်ရှိခဲ့။

-  MLTR အဖွဲ့သည် ၎င်းတို့၏ အယ်လ်ဘမ်များ ရောင်းချမှုအတွက် ရွှေနှင့် ပလက်တီနမ်အဆင့်ရရှိခဲ့။

Michael Learns To Rock အဖွဲ့၏ ဖျော်ဖြေမှုကိုတွေ့ရစဉ်
Eleven Media Group

ဂျေဆင်မရက်ဇ်၏ MTV Exit ဖျော်ဖြေပွဲအပြီး ကမ္ဘာကျော် အဆိုတော အဖွဲ့ ဒုတိယမြောက် လာရောက်မှုအဖြစ် Michael Learns to Rock အဖွဲ့၏ဖျော်ဖြေပွဲကို မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန် မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့သည်။ တရားဝင် လက်မှတ်ဈေးနှုန်း မှာ ကျပ်တစ်သိန်း ၀န်းကျင်ထိ ရှိခဲ့ပြီး ပရိသတ် သုံးထောင်ဝန်းကျင်ခန့် လာရောက်ကြည့်ရှု ခဲ့သည်ဟု သိရှိရသည်။