Tuesday 11 November 2014

အမြန်လမ်းတွင် ခရီးသည်တင်ယာဉ် မှောက်ပြန်

Photo: အမြန်လမ်းတွင် ခရီးသည်တင်ယာဉ် မှောက်ပြန်
Tuesday, November 11, 2014

နေပြည်တော် အမြန်လမ်းတွင် စိန်အိုးစည် ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး လူ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီတွင် မိုင်တိုင် ၁၂၄ ၌ တိမ်းမှောက်ရာ ယာဉ်ပေါ်၌လိုက်ပါလာသည့် ခရီးသည် ၁၁ ဦးနှင့်ယာဉ်အကူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ ဒဏ် ရာရရှိသူများသည် ကျောင်းဆရာမ အများစုဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

‘‘ယာဉ်အကူနဲ့ သူ့သူငယ် ချင်းတစ်ယောက် ဒဏ်ရာရ တယ်။ ကျန်တာက အမျိုးသမီးတွေပဲ။တောင်ဥက္ကလာပက ကျောင်းဆရာမတွေဖြစ်တယ်။ ဒဏ်ရာရရှိသူထဲက အမျိုးသားတစ်ဦးပဲ စိုးရိမ်ရတာပါ။ ကျန်တာက မစိုးရိမ်ရပါဘူး’’ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘စိန်အိုးစည်ကားပိုင်ရှင်က ဒဏ်ရာရတဲ့သူတွေကို ဆေးကုသ မှုတွေပြုလုပ်ပေးနေပါတယ်။ ဒဏ်ရာကလည်း ကြီးကြီးမားမား ရတာသိပ်မရှိပါဘူး။ တချို့သူ တွေလည်း ရန်ကုန်ပြန်ခေါ်လာနေ ပါပြီ’’ဟု ပြည်တွင်းဘုရားဖူးပို့ ဆောင်ရေးနှင့် အပန်းဖြေအသင်း ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

နိုဝင်ဘာ ၉ ရက်ကလည်း အမြန်လမ်း မိုင်တိုင် ၁၂၃ တွင် လိုက်ထရပ်ယာဉ်တစ်စီးတိမ်း မှောက်မှုဖြစ်ပွားရာ ခရီးသည် ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် ယခုနှစ် ၁၀ လကျော်ကာလအတွင်း ယာဉ် တိုက်မှုစုစုပေါင်း ၃၀၀ ကျော်ဖြစ် ပွားခဲ့ပြီး ၁၂၄ ဦး သေဆုံးခဲ့သည်။

အမြန်လမ်းတွင် ယာဉ်တိုက် မှုနှင့် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ် အများစုမှာ အရှိန်ပြင်းစွာမောင်း နှင်ခြင်း၊ ယာဉ်မောင်းအိပ်ငိုက် ခြင်း၊ ပေါ့ဆမှုနှင့် လမ်းလိုအပ် ချက်များကြောင့် အများဆုံးဖြစ် ပွားနေကြောင်း အမြန်လမ်းရဲတပ် ဖွဲ့မှူးရုံးမှ ရဲမှူးကြီးနေဝင်းက ပြောကြားထားသည်။

တိမ်းမှောက်သွားသော စိန်အိုးစည်ဘုရားဖူးယာဉ်
7Day Daily
နေပြည်တော် အမြန်လမ်းတွင် စိန်အိုးစည် ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး လူ ၁၂ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီတွင် မိုင်တိုင် ၁၂၄ ၌ တိမ်းမှောက်ရာယာဉ်ပေါ်၌လိုက်ပါလာသည့် ခရီးသည် ၁၁ ဦးနှင့်ယာဉ်အကူတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ ဒဏ် ရာရရှိသူများသည် ကျောင်းဆရာမ အများစုဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

အဖြေလွှာများ ဖောက်ထွင်းခံရမှု တစ်လကျော်ကြာချိန်အထိ ဖမ်းမိခြင်း မရှိသေး

စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ် နည်းပညာတက္က သိုလ်တွင် စက်တင်ဘာ ၁၈ ရက် နေ့က စာမေးပွဲအဖြေလွှာများ ဖောက်ထွင်းခိုးယူ ဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့ရာ ဖောက်ထွင်းခိုးယူဖျက်ဆီးသူကို အမှုဖြစ်ပွားပြီး တစ်လကျော်ကြာသည်အထိ ဖမ်းဆီးရမိသေးခြင်း မရှိကြောင်း ကလေးမြို့ မှုခင်းတပ်ဖွဲ့ ခွဲမှသတင်းရရှိသည်

ရဲမေများကို ကျန်းမာရေးစစ်ချက်ယူရာတွင် လိင်ပိုင်းဆိုင်ရာ ထိခိုက်သော စစ်ဆေးမှုရှိနေသည်ဆိုသည့်သတင်း စုံစမ်းနေ

ရဲတပ်ဖွဲ့သို့ဝင်ခွင့်ရ သည့် ရဲမေများကို ဓာတုဗေဒဝန် ရုံးမှ ဆရာဝန်က ကျန်းမာရေး ဆေးစစ်ချက်ယူရာတွင် လိင်ပိုင်း ဆိုင်ရာထိခိုက်စေသော စစ်ဆေး မှုများပါဝင်နေကြောင်း သတင်း ထွက်ပေါ်မှုများအပေါ် စုံစမ်းမှု များ စတင်ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ရဲတပ်ဖွဲ့သင်တန်းဝင်ခွင့်ရ အမျိုးသမီးရဲမေများကို ဓာတု ဗေဒဝန်ရုံးမှ ဒုတိယညွှန်ကြားရေး မှူးအဆင့်ရှိ အမျိုးသားဆရာဝန် တစ်ဦးက အဝတ်အစားများချွတ် ၍ စစ်ဆေးခြင်း၊ မဖွယ်မရာအနေ အထားများပြုလုပ်၍ ကျန်းမာရေး ဆေးစစ်ခြင်းပြုလုပ်သဖြင့် လိင် ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်ပေါ် ခဲ့ကြောင်း အွန်လိုင်းတွင် ပျံ့နှံ့ နေသည်။

ဧည့်စာရင်းစစ်ရာတွင် နိုင်ငံခြားသားများက မချေမငံပြောဆိုဆက်ဆံဟုဆို

ယခုရက်ပိုင်းတွင် ဧည့် စာရင်းများလိုက်လံစစ်ဆေးသည့် အခါ၌ နိုင်ငံခြာသားအချို့က စစ်ဆေး သည်ကို ရိုင်းပျစွာဆက် ဆံမှုများရှိပြီး ကိုရီးယားလူမျိုးများ မှာ အဆိုးဆုံးဖြစ်သည်ဟု လှိုင် မြို့နယ်မှမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးဦးမြတ်ယုက ပြော ကြားသည်။

‘‘ကျွန်တော်တို့မြို့နယ်ထဲမှာ တော့ ရွှေဟင်္သာကွန်ဒိုက နိုင်ငံ ခြားသားတွေနေတာအများဆုံးပဲ။ အဲဒီတော့ ဧည့်စာရင်းကိုသေချာ ဂရုစိုက်စစ်ရတယ်။ တခြားလူမျိုး တွေထက် ကိုရီးယားတွေက အဆိုးဆုံးပဲ။ စာရွက်စာတမ်း၊နိုင်ငံကူးလက်မှတ်တောင်းလည်း မပေးဘူး။ ရဲစခန်းခေါ်ပြီးစစ်မှ ထုတ်ပေးတယ်။ ဒါတောင် ကျွန် တော်တို့က စကားပြန်နဲ့စစ်တာ ပါ’’ဟု ၎င်းကပြောသည်။

နိုင်ငံတိုင်းတွင် ဥပဒေများရှိ ပြီး လာရောက်နေထိုင်အလုပ်လုပ် သူများအနေဖြင့် လိုက်နာရကာ မြန်မာနိုင်ငံတွင် လာရောက်နေ ထိုင်သည့်နိုင်ငံခြားသားများအနေ ဖြင့် ဥပဒေချိုးဖောက်လျှင်လည်း တည်ဆဲဥပဒေအတိုင်း အရေးယူ သွားမည်ဟု ဦးမြတ်ယုကပြော ကြားသည်။

အမြန်လမ်းတွင် လုယက်ရန် ကြိုးစားသည့် အဖွဲ့ကို ဖမ်းမိ

အမြန်လမ်းပေါ်တွင် ကားများအား အုပ်စုဖွဲ့လုယက် ရန် ကြိုးစားသည့် အဖွဲ့ကို ဖမ်းမိ ထားပြီး တစ်ဦးမှာ ထွက်ပြေးနေ ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေ၀င်းက ပြောကြားသည်။

နိုဝင်ဘာ ၆ ရက်ညနေက အမြန်လမ်း မိုင်တိုင် ၉၉ အနီးတွင် လူတစ်ယောက်က လမ်းပေါ်၌ ရပ်စောင့်နေကာ အိမ်စီးကား တစ်စီးအား ပေါက်တူးဖြင့် လွှဲရိုက်၍ လုယက်ရန် ကြိုးစားခဲ့ခြင်းဖြစ် သည်။

လမ်းဘေးတွင်လည်း လုယက်ရန် အသင့်စောင့်နေသူ များရှိကြောင်း ကိုယ်တိုင်ရင်ဆိုင် ခဲ့ရသူ ကိုသီဟထွန်းက ပြော သည်။ ကိုသီဟထွန်းက အနီးဆုံး အမြန်လမ်းရဲကင်းတစ်ခုသို့ အ ကြောင်းကြားခဲ့ပြီး နောက်တစ် နေ့တွင် တရားခံနှစ်ဦးကို ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

အိုဘားမား လုံခြုံရေးအတွက် တိုက်လေယာဉ်နှင့် ကျည်ကာကား အပါအဝင် လက်နက်ပစ္စည်းများ နေပြည်တော်သို့ရောက်

အာဆီယံထိပ်သီး အ စည်းအဝေးသို့ တက်ရောက်မည့် အမေရိကန်သမ္မတ အိုဘားမား စီးနင်းမည့် ကားအပါ အ၀င် လုံခြုံရေးအတွက် အသုံးပြုမည့် တိုက်လေယာဉ်နှင့် ကျည်ကာ ကားများ နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန် လေကြောင်း လေယာဉ်တစ်စီးဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး Air Craftတိုက်လေယာဉ် သုံးစီးနှင့် Ford အမျိုးအစား ကျည်ကာကား ၁၂ စီး ပါဝင်ကြောင်း သတင်းရရှိသည်။ ၎င်းတို့ထဲတွင် အိုဘားမားစီးမည့် The Beast ဟု အမည်ပေးထားသည့် ကားလည်း ပါဝင်သည်။

ကွမ်းသီးကို ဖလင်ချွတ်ဆေး၊ ကန့်တို့ဖြင့် ပြုပြင်ထားခြင်းကြောင့် စားသုံးသူများ သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်

ကွမ်းသီးများကို ဓာတု ပစ္စည်းများဖြင့် ပြုပြင်ထားသဖြင့် စားသုံးသူများ အသက်သေဆုံးသည် အထိ အန္တရာယ်ရှိနေကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြား သည်။

အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲမှု ဦးစီးဌာနသည် ရန် ကုန်မြို့ရှိ ဈေးကြီးငါးခု၌ လိုက် လံစစ်ဆေးရာတွင် ကွမ်းသီးအပါ အ၀င် အခြားစားသောက်ကုန် ခြောက်မျိုး၌ စားသုံးရန် အန္တ ရာယ်ရှိသည့် ဓာတုပစ္စည်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ညောင်ပင်လေး ဈေး၊ ပုဇွန်တောင်ဈေး၊ စံပြငမိုး ရိပ်ဈေး၊ သိမ်ကြီးဈေးနှင့် သီရိ မင်္ဂလာဈေးများတွင် စစ်ဆေးခဲ့ ခြင်းဖြစ်ရာ ကွမ်းသီးများ၌ ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိုက် ပါဝင်မှု မြင့်မားနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရဲမေများကို ကျန်းမာရေးစစ်ချက်ယူရာတွင် လိင်ပိုင်းဆိုင်ရာ ထိခိုက်သော စစ်ဆေးမှုရှိနေသည်ဆိုသည့်သတင်း စုံစမ်းနေ

ရဲတပ်ဖွဲ့သို့ဝင်ခွင့်ရ သည့် ရဲမေများကို ဓာတုဗေဒဝန် ရုံးမှ ဆရာဝန်က ကျန်းမာရေး ဆေးစစ်ချက်ယူရာတွင် လိင်ပိုင်း ဆိုင်ရာထိခိုက်စေသော စစ်ဆေး မှုများပါဝင်နေကြောင်း သတင်း ထွက်ပေါ်မှုများအပေါ် စုံစမ်းမှု များ စတင်ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ရဲတပ်ဖွဲ့သင်တန်းဝင်ခွင့်ရ အမျိုးသမီးရဲမေများကို ဓာတု ဗေဒဝန်ရုံးမှ ဒုတိယညွှန်ကြားရေး မှူးအဆင့်ရှိ အမျိုးသားဆရာဝန် တစ်ဦးက အဝတ်အစားများချွတ် ၍ စစ်ဆေးခြင်း၊ မဖွယ်မရာအနေ အထားများပြုလုပ်၍ ကျန်းမာရေး ဆေးစစ်ခြင်းပြုလုပ်သဖြင့် လိင် ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်ပေါ် ခဲ့ကြောင်း အွန်လိုင်းတွင် ပျံ့နှံ့ နေသည်။