Sunday 7 October 2012

စစ်တွေမြို့ မီးလောင်မှုဖြစ်ပွားပြီး လူစုရုံး

Sunday, October 07, 2012


ယနေ့ မွန်းလွဲ ၁နာရီခွဲဝန်းကျင် က စစ်တွေမြို့ ယဉ်ကျေးမှု ပြတိုက်အနီးရှိ မြို့မ ဗလီတွင် မီးခိုးများထွက်ရှိလာပြီးနောက်မကြာမီတွင်ပင် လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်နိ
ုင်ခဲ့သည်ဟု သိရသည်။ ယင်းအဖြစ် အပျက်ဖြစ်ပွားပြီးနောက် ယင်းနေရာတ၀ိုက် လူစုဝေးရောက်ရှိခဲ့ပြီး ညနေ ၃ နာရီခွဲ ၀န်းကျင်ထိ စုရုံးခဲ့ကြကြောင်း စစ်တွေမြို့ခံတဦးက YPI သို့ပြောသည်။

ဓာတုပစ္စည်းများက ကျန်းမာရေးကို ထိခိုက်စေသလား

Sunday, October 07, 2012

ဒိုင်အောက်ဇင် လို့ခေါ်တဲ့ စက်မှုနဲ့ စိုက်ပျိုးရေးသုံး အဆိပ်ဖြစ်စေလောက် တဲ့ ဓာတုပစ္စည်းတွေဟာ အခုအချိန်မှာတော့ လူတွေရဲ့ အနီးအနားမှာ ပုံမှန် လိုလိုရှိနေတဲ့ ပစ္စည်းတွေ ဖြစ်လာခဲ့ပ
ါပြီ။ ဒါကြောင့် ဒီ ပစ္စည်းတွေဟာ လူသားတွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိစေတယ်ဆိုတာနဲ့ ပတ်သက်ပြီး သိလိုသူတွေလည်း များပြားလာခဲ့ပါတယ်။

နိုင်ငံခေါင်းဆောင်ဖြစ်ရေးအတွက် လူထုဆန္ဒအပြင်ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်လည်းညီညွတ်ရန်လိုကြောင်း ဦးအောင်သိန်းလင်းပြောကြား

Sunday, October 7, 2012


နိုင်ငံတော်၏အကြီးအမှူး ခေါင်းဆောင်ရာထူးအတွက် ပြည်သူလူထု၏ဆန္ဒသဘောထား  တစ်ခုတည်းဖြင့် မလုံလောက်ဘဲ။  လူထုဆန္ဒအပြင် မြန်မာပြည်သူ ၉၂.၄၈ ရာခိုင်နှုန်းမှ ထောက်ခံအတည်ပြုထားသည့်ဖွဲ့ စည်းပုံ အခြေခံဥပဒေပါအချက်များနှင့် ညီညွတ်ရန်လိုကြောင်း၊ ယင်းသို့ ညီညွတ်မှသာလျှင် နိုင်ငံေ ခါင်း ဆောင်ဖြစ်နိုင်မည်ဖြစ်ကြောင်း  ပြည်သူ့လွှတ်တော်ခေတ်မှီဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲမှု  စီစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ပြောကြား သွားခဲ့သည်။

ရန်ုကုန်မြို့ရှိ ကမ္ဘောဇ ဘဏ်များ၌ တစ်ရက်အတွင်း ကျပ်သန်းကိုးထောင် ခန့် ထုတ်ယူ

Sunday, 7 October 2012

ယခု ရက်ပိုင်း အတွင်း ထွက်ပေါ်နေသော ကောလဟာလ သတင်းများကြောင့် ရန်ကုန်မြို့တွင်းရှိ ကမ္ဘောဇ ဘဏ်များ၌ တစ်ရက်အတွင်းကျပ်သန်း ကိုးထောင်ခန့် (ရှစ်ဘီလီယံ၊ ကိုးဘီလီယံ) နီးပါး ငွေ လာရောက် ထုတ်ယူမှုများဖြစ်ပေါ်ခဲ့ကြောင်း ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်မှ မြန်မာနိုင်ငံ ဘဏ်များ အသင်း၌ ပြုလုပ်သော ဘဏ်လုပ်ငန်း ဆိုင်ရာ ရှင်းလင်းပွဲ အခမ်း အနား၌ ပြောကြား ခဲ့သည်။

ရိုဟင်ဂျာအရေး ဆောင်ရွက်မပေးနိုင်ကြောင်း ဦးသိန်းညွှန့် ပြော

Sunday, 7 October 2012

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOfKaAlWWCWrS_MjZaXTAhCKZyiCemDuwMGIMA3no-5zpIYkfIp8lAWGe_9vnGPWJTA-g_MO8KaslMykcrZGbDKm27P_vCKNmlkyHlaFBohr7JIUS8vBIVjDTeU09f9ZY5osGm_vtdthE/s1600/d.PNG


ရခိုင်ပြည်နယ်မှာ မွေးဖွားကြီးပြင်းသော  မည်သူ့ကိုမဆို နိုင်ငံသားအဖြစ် လက်ခံ  အသိမှတ်ပြုသော်လည်း ‘ရိုဟင်ဂျာ’ ဟူသည် မြန်မာနိုင်ငံ သမိုင်းကော်မရှင်က အသိမှတ်ပြုထားသော လူမျိုးများထဲတွင်မပါဝင်၍ ရိုဟင်ဂျာအရေးကို ဆောင်ရွက်ပေးမည် မဟုတ်ကြောင်းအမျိုးသားဒီမိုကရေစီပါတီသစ်NNDP  ခေါင်းေ ဆာင် ဦးသိန်းညွှန့်  က ပြောဆိုလိုက်သည်။

KNU အရေး ရန်ကုန်မှာ ဆွေးနွေး

Sunday, October 07, 2012 



ကရင်တိုင်းရင်းသားအများစု ခိုလှုံနေသည့် မယ်လ ဒုက္ခသည်စခန်းမှ မြင်ကွင်းတခု  (ဓာတ်ပုံ - ဧရာဝတီ) 

 မနေ့က ရန်ကုန်မှာ ငြိမ်းချမ်းရေးဖော်ဆောင်မှု ၀န်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးခင်ရီတို့က KNU နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတခု အရေးပေါ် ပြုလုပ်ခဲ့ပါတယ်။

၁၉၆၁ ခုနှစ်က နောက်ဆုံး နောက်ဆုံး ယှဉ်ပြိုင်ခဲ့ သည် မယ် နိုင်ငံ တကာ ကို မြန်မာ တကျော့ပြန် ယှဉ်ပြိုင်

Sunday, 07 October 2012
http://freedomnewsgroup.files.wordpress.com/2012/10/247346_3348993143790_231868941_n.jpg

ဂျပန် နိုင်ငံ  အိုကီနာဝါ ကျွန်း ဘူဒိုကန် အားကစား ခန်းမ ဉ် အောက်တိုဘာ လ ၁ ရက်နေ့ မှ အောက်တို ဘာလ ၂၁ ရက်နေ့  အထိ ကျင်းပ နေသည့် မယ် နိုင်ငံ တကာ (Miss International) ကို မြန်မာ နိုင်ငံ ကိုယ်စား ပြု ကာ ရှမ်းပြည်နယ် တောင်ကြီး မြို့ မှ မနန်းခင်ဇေယျာ သည် ၀င်ရောက် ယှဉ် ပြိုင် နေသည် ဟု ၅၂ကြိမ်မြောက်မယ် နိုင်ငံတကာ(MissInternational)ကျင်းပရေး က်ာမတီ သတင်း နှင့် ပြန်ကြား ရေးဌာန မှ သတင်း ထုတ်ပြန်ထားသည်။

ဘုန်းကြီးကျောင်း တိုက်ခိုက်သူများကို အသယ်အပြောင်း လုပ်သည့်ကား ဖမ်းမိ၊ သဲလွန်စ ကို ရဲက ဖော်ထုတ်နေ

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း များ၊ ဗုဒ္ဓဆင်းထုတော်များနှင့် နေအိမ်များကိုအကြမ်းဖက် မီးရှို့ ဖျက်ဆီးရာတွင် ပါဝင်သူများကို သယ်ယူ ပို့ဆောင်ပေးခဲ့သည့် ထရပ်ကားတစ်စီးကို စစ်တကောင်းခရိုင်အတွင်း အာဏာပိုင်များက ဖမ်းဆီး လိုက် သည်။

ဒီမိုကရေစီစနစ်ထွန်းကားရေးနဲ့ ပြည်ထောင်စုစနစ် တည်တံ့ရေး

ဒီမိုကရေစီစနစ်နဲ့ ပြည်ထောင်စုစနစ်ကို ကျင့်သုံးဖို့ အာဏာရပါတီ နဲ့အဓိကအတိုက် အခံပါတီ တို့နှစ်ဖက် စလုံးကကတိပေးလာတယ့်အခါမှာမြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဘယ်လိုထွန်းကားနိုင်မယ်၊ ပြည်ထောင် စုကြီး ဘယ်လိုပုံဖော်နိုင်မယ် စသည်စသည် စဉ်းစားဖြစ်ပါတယ်။

စစ်အစိုးရကို အတူတိုက်ကြတုန်းက ဒီမိုသမားနဲ့ ဖက်ဒရယ်သမားတွေက အတူသွားလို့ ရပါတယ်။ ဒါပေ မယ့် နိုင်ငံ တစ်ခုမှာ ဒီမိုရောင်ခြည်သန်းလာပြီဆိုယင် ဒီနှစ်ခုဟာ မတူဘူးဆိုတာ သိလာကြမှာပါ။ မတူပေ မယ့် အာဏာရှင်ဝါဒ မဟုတ်ယင် ဒီမိုကရေစီစနစ်ကို ညှိုယူလို့ ရသလို တပြည်ထောင်ဝါဒ မဟုတ်ယင် လည်း ပြည်ထောင်စုစနစ်ကို ဆွေးနွေးယူလို့ ရတယ်။ ဒီမိုကရေစီစနစ်နဲ့ ပြည်ထောင်စုစနစ်တို့ကိုလည်း အခြေခံအုတ်မြစ် ချပေးလို့ရတယ်။