Monday 30 July 2012

ရခိုင်ပြည်နယ်အခြေအနေနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ ရှင်းလင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များက အခြားပြင်ပမှ သွေးထိုးလှုံ့ဆော်မှုနှင့် အားထုတ်မှုရှိသည်ကို သက်သေပြနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ရခိုင်ပြည်နယ် အခြေအနေနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအိုများအား ပြည်ထောင်စုအစိုးရက ရန်ကုန်မြို့  ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးဟောင်းတွင် ဇူလိုင်လ ၃၀ ရက်နေ့က ရှင်းလင်းခဲ့သည်။ 


ပေးသင့်ပေးထိုက်သည့်အခွန်အခများ ထမ်းဆောင်သွားရမည် ဟုအိမ်ခြံမြေ၀န်ဆောင်မှုအသင်း ဥက္ကဋ္ဌ ပြော



ရန်ကုန်၊ဇူလိုင်(YPI)

အိမ်ခြံမြေ၀န်ဆောင်မှုများအတွက် ပေးသင့်ပေးထိုက်သည့် အခွန်အခများကို ထမ်းဆောင်သွားရမည် ဖြစ်ကြောင်း
မြန်မာနိုင်ငံအိမ်ခြံမြေ၀န်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ယနေ့ မွန်းလွဲပိုင်းက  မြန်မာနိုင်ငံကုန်သည်ကြီးများအသင်းရုံး တွင်ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ၀န်ဆောင်မှုအသင်း ၀င်ရောက်ရေးဆိုင်ရာဆွေးနွေးပွဲတွင် ပြောကြားသည်။


အင်ဒိုနီးရှား သံအမတ် နှင့် ပြည်ထောင်စု ၀န်ကြီး အမေး အဖြေ



စကားဝါလမ်း၊နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင်ယနေ့ပြုလုပ်သောရခိုင်အရေးနှင့်ပတ်သက်သည့်သတင်းစာရှင်း
လင်းပွဲတွင်မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံအမတ်ကြီး၏မေးခွန်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့
အင်အားဦးစီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်ရီ၏အဖြေကိုဖေါ်ပြလိုက်ပါသည်။


         (ဓာတ်ပုံအညွှန်းစာ- အင်ဒိုနီးရှာသံအမတ်ကြီး၏မေးခွန်းကိုပြန်လည်ဖြေကြားနေသည့်ပြည်ထောင်စုဝန်ကြီးဦးခင်ရီ)
အင်ဒိုနီးရှားသံအမတ်(မေး)။ ။ အခင်းဖြစ်ပွားရာမှာရရှိတဲ့သတင်းက တချို့နေရာတွေမှာလွှဲနေတယ်
 ဖြေရှင်းချက်ပေးနိုင်ရင်ကောင်းမယ် ။ မြန်မာဘက်ကသမ္မတဖြေတဲ့အထဲကတစ်ချက်က ရိုဟင်ဂျာကိုလူမျိုးမဟုတ်ဘူးဆိုပြီးပြောတယ် ။ရိုဟင်ဂျာတွေက လွတ်လပ်ရေးစရပြီးကတည်းက
 မြန်မာပြည်မှာနေထိုင်ခဲ့တယ်လိုသိရတယ် ။ ဒီကိစ္စနဲ့ပတ်သက်ပြီးသိချင်တယ် ။

"ဂျပန် နစ်ဆန်း ကားစက်ရုံ တည်ရန် ပဲခူးတွင် မြေရှာနေ'



ဂျပန်နစ်ဆန်းကား ကုမ္ပဏီ မှ မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ရန်အတွက် ပဲခူးတွင် မြေ ဧက ၁ဝဝရှာဖွေလျက်ရှိကြောင်း စက်မှုကုန်ထုတ်သူများ အသင်း မှ သိရသည်။

မစ္စတာကင်တားနား ရခိုင်ပြည်နယ်သွားမည်



မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားသည် ဇူလိုင်လ ၃၁ ရက်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဟု၎င်းကသတင်းထောက်များသို့ ယနေ့ပြောကြားသည်။

ရခိုင်ပြည်နယ်ခရီးစဉ်တွင် ဘူးသီးတောင်နှင့် မောင်တောမြို့များကိုပါ သွားရောက်လေ့လာမည်ဟု မစ္စတာကင်တားနားက ပြောသည်။

"၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ် "



၂၀၁၄ မြန်မာတစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမှုတွင် ရိုဟင်ဂျာ ပါမည်မဟုတ်ဟု လ၀က ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ က ယနေ့ နိုင် ငံခြားရေး ၀န်ကြီးရုံးဟောင်းတွင် ရခိုင်အရေးနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ အပြင် ဘင်္ဂလားဒေရှ် သံ အမတ်ကြီး၏ “ရိုးဟင်ဂျာများမှာ မြန်မာတိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင်ခြင်းရှိမရှိ “ ဟူသော အမေးကိုလည်း ၄င်းက ရိုဟင်ဂျာများမှာ ပထမအင်္ဂလိပ်ကျူးကျော်စစ်ပြီးနောက်ပိုင်းမှ မြန်မာနိုင်ငံသို့  ရောက်ရှိ  လာခဲ့ခြင်းဖြစ်ပြီး မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း တရားဝင်ငြင်းဆို လိုက်သည်။

 ref:popular

"မြစ်ဆုံစီမံကိန်းသို့ လာရောက်လေ့လာရန် CPI ၏ ဖိတ်ခေါ်ချက်အား ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်"



မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းသို့ လာရောက်လေ့လာ ရန် CPI ကုမ္ပဏီ၏ ဖိတ်ခေါ် ချက်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ငြင်းပယ်လိုက် ကြောင်း CPI ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ 

CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ၏ အကျိုးရလဒ်များအား မြန်မာနိုင်ငံရှိ ပြည်သူများ သဘောကျ နှစ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား၍ ရှင်းလင်း တင်ပြသွားရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဆက်သွယ် အကြောင်းကြားခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ယခု နှစ်အတွင်း ပြည်ပခရီးစဉ်များနှင့် လွှတ်တော်တက်ရန် အစီအစဉ်များ ရှိနေသည့်အတွက် လာရောက်လေ့ လာခြင်း မပြုနိုင်ဟု အကြောင်းပြန် ခဲ့ကြောင်း CPI ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Mr. Wang Quiye ကပြောသည်။

စိတ်ဝင်စားဖွယ် သတင်းတိုလေးများ

၁။ မီးလောင်မှုကို သိရှိနိုင်မည့် CCTV ကင်မရာများအား ယခုနှစ်ကုန်တွင် တပ်ဆင်နိုင်ရန် စီစဉ် 

၂။ အမေရိကန်ရေတပ်သင်္ဘော ကမ္ဘောဒီးယားပြည်သူများကို ဆေးဘက်ဆိုင်ရာအကူအညီများ ပေးသွားမည်

၃။ လပေါ်သို့ ၂ဝ၁ ခုနှစ်တွင် လဆင်းယာဉ်များ ပို့ဆောင်နိုင်ရေး ဥရောပ အာကာသ အေဂျင်စီ စီစဉ်လျက်ရှိ

၎။ ထားဝယ်မြို့ ရေကြီးမှု မှတ်တမ်းမျာ

၅။ ကျိုင်းတုံမြို့ ရေကြီးမှု မှတ်တမ်း ဓါတ်ပုံများ 

၆။ အမေရိကန်တွင် ဖခင်က သားနှစ်ယောက်အား သေနတ်ဖြင့်ပစ်ခတ်

ဦးအောင်သိန်းလင်းကို ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းနိုင်ရေး တောင်ဥက္ကလာမဲဆန္ဒရှင်များ လက်မှတ်စုဆောင်း



ပြည်ခိုင်ဖြိုးပါတီ တောင်ဥက္ကလာပ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏ တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သော စကားများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မနှစ်သက်ကြောင်းတင်ပြရန်
 တောင်ဥက္ကလာပမဲဆန္ဒနယ်မှပြည်သူများ လက်မှတ်စုဆောင်းနေကြကြောင်း ဦးဆောင်ဦးရွက်ပြုသူ ဦးမင်းအောင်က ပြောသည်။


ဆီဆိုင်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ



ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ရဲကင်းမှ ဒုတိယရဲအုပ်ကျော်စိုးနိုင် ဦးစီးတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီက မောင်ဝ(ခ)စိုင်းကျော် ဟန် ၃၂ နှစ်(ဘ)ဦးလုံး ဝိရအောင်သုခရပ်ကွက် ဆိုက်ခေါင်ကျေးရွာ ဆီဆိုင်မြို့နယ်နေသူနှင့် ဇနီးဖြစ်သူ မနန်းအုန်းခင် ၃၁ နှစ်(ဘ)ဦးမိုးစက်တို့ နေထိုင်သည့် နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်ရှိ အုတ်နှင့်သစ်သားကြားတွင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော စိတ်ကြွရူးသွပ်ဆေးပြား အပြား ၃၈ဝဝဝ တန်ဖိုးငွေကျပ် ၁၅၂ဝဝဝဝဝဝ ကို ရှာဖွေသိမ်းဆည်းရမိခဲ့သည်။

အဂတိလိုက်စားမှုများမှာ တရားစီရင်ရေးနယ်ပယ်သာမက အစိုးရဌာနအသီသီးတွင်ပါ ယနေ့အထိအမြစ်တွယ်လွှမ်းမိုးနေဆဲဖြစ်ဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီထုတ်ပြန်



ယနေ့အချိန်အထိ အဂတိလိုက်စားမှုများမှာ တရားစီရင်ရေးနယ်ပယ်သာမက အစိုးရဌာနအသီသီးတွင်ပါ အမြစ်တွယ်လွှမ်းမိုးနေဆဲဖြစ်ဟုပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက ထုတ်ပြန်လိုက်သည်။

“မီဒီယာတွေကလည်းထောက်ပြကြတယ်လေ မဏ္ဍိုင်သုံးခုရှိတဲ့နေရာမှာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးက အပြောင်းအလဲတွေလုပ်နေပေမယ့် အခုအချိန်အထိ တရားစီရင်ရေးနဲ့ အစိုးရဌာနဆိုင်ရာတွေမှာ အဂတိလိုက်စားမှုတွေ ရှိနေတုန်းပဲလို့ထောက်ပြကြတယ်။ ကျွန်တော်တို့လည်းအဲဒီလိုပဲမြင်ပါတယ် “ဟု တရားစီရင်ရေးနှင့်ဥပဒေရေးရာ ကော်မတီဥက္ကဌ သူရဦးအောင်ကိုက ပြောသည်။ယင်းကော်မတီ၏
ထုတ်ပြန်ချက်ထဲတွင် အဂတိလိုက်စားမှုများကိုစုံစမ်း၍ ပြည်သူလူထုအကျိုးစီးပွားကိုကာကွယ်နိုင်အောင်
 ဖော်ထုတ်ရေးသားမှုများပြုလုပ်ရန် သတင်းမီဒီယာများအားတိုက်တွန်းထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄(က) ပါပြဌာန်းချက်များနှင့်အညီ ထုတ်ဖော်ရေးသားသင့်ကြောင်းထည့်သွင်းဖော်ပြထားသည်။
ထို့အပြင် ပြည်ထောင်စုလွှတ်တော်၌လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကိုဖွဲ့စည်း၍ ၀န်ကြီးဌာနများ ၀န်ထမ်းအဖွဲ့အစည်းများအားလုံး အကျူံးဝင်မည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး
ကော်မရှင် ဥပဒေ(မူကြမ်း) ကိုရေးဆွဲတင်ပြထားကြောင်းသိရသည်။

အိန္ဒိယတွင် ရထားမီးလောင်မှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံတွင် ရထားတစ်စင်း မီးလောင်မှု ဖြစ်ပွားရာ လူပေါင်း (၂၅)ဦးထက်မနည်း သေဆုံးသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အန်ဒါဟာရာ ပရာဒက်ရှ် ပြည်နယ်တွင် ခုတ်မောင်းနေသော ရထားသည် မီးလောင်မှု ဖြစ်ပွားကာ အသေအပျောက် ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲများက ဆိုသည်။ တမီလ်နာဒူ ကုမ္ပဏီက ပိုင်ဆိုင်သော အဆိုပါ ရထားသည် ဒေလီမှ ချန်နိုင်သို့ ဦးတည် ခုတ်မောင်းလာစဉ် တနင်္လာနေ့က မီးစွဲလောင်ခဲ့ခြင်း ဖြစ်သည်။ 
 

                                                       (ဇူလိုင် ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရထားမီးလောင်မှုတစ်ခု)

သတင်းစာထုတ်ဝေခွင့်နှင့် သတင်းဆိုင်ရာ ရုပ်သံလိုင်း လုပ်ကိုင်ခွင့်ရရှိရန် EMG တရားဝင် လျှောက်ထားမည်



သတင်းစာထုတ်ဝေခွင့်နှင့် သတင်းဆိုင်ရာ ရုပ်သံလိုင်း လုပ်ကိုင်ခွင့် ရရှိရန်အတွက် Eleven Media Group (EMG)မှ ပြန်ကြားရေးဝန်ကြီးဌာနသို့ တရားဝင်လျှောက်ထားမည်ဖြစ်ကြောင်း သိရှိရပါသည်။

''ရှိပြီးသား ဥပဒေတွေနဲ့ ထုတ်နိုင်အောင်တင်ပြမှာပါ။ ၁၉၆၂ ဥပဒေနဲ့လည်း သတင်းစာထုတ်လို့ ရတာပဲလေ။ဒီမိုကရေစီအစိုးရဖြစ်တာ တစ်နှစ်ကျော်ပြီ။ အခုအခြေအနေက ပုဂ္ဂလိကသတင်းစာ မရှိ၊
 ပုဂ္ဂလိက သတင်းရုပ်သံလိုင်းမရှိနဲ့ ဒီမိုကရေစီနဲ့ လျော်ညီတဲ့ သတင်းမီဒီယာဖွံ့ဖြိုးမှု မရှိသေးဘူး။ ဒါကြောင့် တရားဝင် လုပ်ခွင့်ရအောင် လျှောက်ထားမှာပါ''ဟု Eleven Media Group (EMG) မှ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

"မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး) ညီလာခံ ကျင်းပမည်"



မြန်မာနိုင်ငံ သတင်းစာဆရာအသင်း Myanmar Journalists Association - MJA
(ရန်ကုန်တိုင်းဒေသကြီး) ညီလာခံနှင့် အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကို ၂၀၁၂ခုနှစ်
 သြဂုတ် ၄ ရက် နေ့လယ် ၁နာရီမှ ညနေ ၄နာရီအတွင်း ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်း
 ORCHID ဟိုတယ်ခန်းမတွင် ကျင်းပမည်ဖြစ်ပါသဖြင့် MJA အသင်းဝင် မှတ်ပုံတင်စာရင်း
ပေးသွင်းထားပြီးသူ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူများအားလုံး တက်ရောက်ကြပါရန် MJA
ရန်ကုန်တိုင်းဒေသကြီး ညီလာခံ ကျင်းပရေးကော်မတီက ဖိတ်ကြားထားပါသည်။

စဥ့်ကူးမင်းခေါင်းလောင်းအား ခေါင်းလောင်းထိုးခွင့် မပြုတော့



ရွှေတိဂုံစေတီတော်၊ ရာဟုထောင့်ရှိ နှစ်ပေါင်း ၂၃၄ နှစ်တမ်းရှိသော စဥ့်ကူးမင်း ခေါင်းလောင်း၏ အစိတ်အပိုင်း အချို့မှာ ယိုယွင်းမှုများရှိလာသဖြင့် ခေါင်းလောင်းထိုးခွင့်ပြုတော့မည် မဟုတ်ကြောင်း
 ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူးဦးဝင်းကြိုင်၏ ပြောကြားချက်အရ သိရှိရသည်။


လာမည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားသို့ သွားရောက်မည်



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ လာမည့်နှစ်တွင်
အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်က ဖော်ပြသည်။

နာမကျန်းဖြစ်သည့် ကလေးသူငယ်များအတွက် ငွေလှူဒါန်းရန်တိုက်တွန်းသည့် Facebook virus ကို လုံခြုံရေးပညာရှင်များ ရှာဖွေတွေ့ရှိ

ဆိုက်ဘာဒုစရိုက်သမားများသည် နာမကျန်းဖြစ်နေသည့် ကလေးသူငယ်များအတွက် ငွေလှူဒါန်းရန် တိုက်တွန်းထားသည့် malware အမျိုးအစားတစ်ခုကိုဖန်တီးကာ Facebook တွင်ထည့်သွင်းပြီး လိမ်လည် လှည့်ဖြားလျက်ရှိကြောင်း လုံခြုံရေးပညာရှင်များက သတိပေးပြောကြားခဲ့သည်။ အဆိုပါ ဆိုက်ဘာဒုစရိုက် သမားများ၏ ရည်မှန်းချက်မှာ Facebook အသုံးပြုသူများ၏ ကိုယ်ရေးအချက် အလက်များ (အထူးသဖြင့် အကြွေးဝယ်ကတ်နံပါတ်များ) ကိုရယူရန်အတွက် ဖြစ်ကြောင်းသိရသည်။



Cisco စာမေးပွဲကို ပြည်တွင်း၌ ဖြေဆိုခွင့်ရပ်နားထားသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ အခတ်တွေ့နေ

VUE ကုမ္ပဏီမှ စစ်ဆေးပေးနေသည့် Cisco စာမေးပွဲကို ပြည်တွင်း၌ ဖြေဆိုခွင့်ရပ်နားလိုက်သည့်အတွက် စာမေးပွဲဆိုလိုသော ကျောင်းသား၊ ကျောင်းသူများ အခတ်အခဲကြုံတွေ့နေရပြီး အချို့ သော
ကျောင်းသားများမှာ ပြည်ပနိုင်ငံများသို့ သွားရောက်ဖြေဆိုကြရန် စဉ်းစားလာခဲ့ကြသည်ဟု MST ကွန်ပျူတာသင်တန်းကျောင်းမှ ဦးအောင်ဇော်မြင့်ကပြောသည်။ Cisco စာမေးပွဲများသည် ၂၀၀၈ ခုနှစ်ဧပြီလမှစတင်၍ မြန်မာနိုင်ငံ၌ ဖြေဆိုရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်မေလအတွင်း၌
 ဖြေဆိုခွင့်များပြန်လည်ရုပ်သိမ်းသွားခဲ့သည်။ 

Windows 8 Start Screen တွင် ပျောက်သွားသည့် Internet Explorer (သို့) Metro IE ကို ပြန်လည်အသုံးပြုနိုင်ရန် ပြုလုပ်ခြင်း (How To)



Windows 8 အသုံးပြုသူအများစု လတ်တလောကြုံတွေ့နေရတဲ့ ပြဿနာကတော့ Windows 8 Start Screen ကနေ Internet Explorer tile ပျောက်ကွယ်သွားခြင်းဖြစ်ပါတယ်။ အသုံးပြုသူ အချို့ကတော့ Start Screen မှာရှိတဲ့ IE tile ကိုနှိပ်လိုက်တဲ့အခါမှာ Metro IE ပေါ်မလာတဲ့ ပြဿနာနဲ့ကြုံတွေ့နေကြပါတယ်။

အဆိုပါ ပြဿနာဟာ အခြား web browser များဖြစ်တဲ့ Mozilla Firefox, Google Chrome, Opera စတဲ့ Windows 8 မှာအသုံးပြုတဲ့ browser အသစ်ကို default အနေနဲ့ ထည့်သွင်းအသုံးပြုတဲ့အတွက် Start Screen ကနေ IE ပျောက်ကွယ်သွားခြင်းဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် Intenert Explorer ကို default web browser အဖြစ် ပြုလုပ်ပုံကို ဖော်ပြလိုက်ပါတယ်။

Android ဖုန်းများအတွက် ပထမဦးဆုံးသော မြန်မာစာ SMS ဆော့ဖ်ဝဲလ်ကိုဖြန့်ချီမည်

သြဂုတ်လ ၁၀ ရက်နေ့တွင် တပ်မတော်ခန်းမ၌ ကျင်းပပြုလုပ်မည့် နည်းပညာဆိုင်ရာပြပွဲ၌ Android ဖုန်းများအတွက် ပထမဦးဆုံးသော မြန်မာစာ SMS ဆော့ဖ်ဝဲလ်ကိုဖြန့်ချီသွားမည်ဟု အဆိုပါဆော့ဖ်ဝဲလ်ကို
 ရေးသားခဲ့သူကိုတင်မျိုးဟန်ကပြောသည်။ ““SMS ပို့ချင်သူကတော့ဆော့ဖ်ဝဲလ်ရှိရမယ်။ SMS လက်ခံသူကတော့ ဆော့ဖ်ဝဲလ်မရှိလည်း Zawgyi Font ရှိတာနဲ့လက်ခံပြီးဖက်လို့ရတယ်။

ထူးခြားချက်တစ်ခုအပိုပါတာကတော့ ဆော့ဖ်ဝဲလ်ထည့်ထားရင် ဂျီမေးလ်ကို Offline အနေနဲ့ဖက်လို့ရမယ်။ အဓိကကတော့ ဂျီမေးလ်စနစ်ပူးတွဲပါဝင်လာ ခြင်းမရှိတဲ့ Huawei ဟန်းဆက်တွေအတွက်ပါ””ဟု
ကိုတင်မျိုးဟန် ကဆိုသည်။ အဆိုပါဆော့ဖ်ဝဲလ်ကို SM3 မှ ထုတ်လုပ်ဖြန့်ချိခြင်းဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ၇၅၀၀ ကျပ်သက်မှတ်ထားကြောင်းသိရသည်။ မိုဘိုင်းမြန်မာစာ SMS စနစ်သည် ယခင်က
 Java ဖုန်းများနှင့်Symbian ဖုန်းများတွင်သာအသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး Android အတွက်ယခုမှ
သာထုတ်လုပ်ဖြန့်ချီခြင်းဖြစ်သည်။

ref:IJ

ပုဂံ-ညောင်ဦးမြို့နယ် ပုလင်းရွာနှင့် သူကောင်းတည် ရွာကြားတွင် ထော်လာဂျီ တိမ်းမှောက်



ယနေ့ (ဇူလိုင် ၃၀ ရက်) နံနက် ၇း၃၀ နာရီခန့်တွင် ပုဂံညောင်ဦး မြို့နယ် ပုလင်းကျေးရွာနှင့် သူကောင်းတည်ကျေးရွာကြားတွင် ဘဏ်မှချေးငွေထုတ်ရန်လာသော သူကောင်းတည်ကျေးရွာမှ လေးလုံးထိုး အင်ဂျင်စက်တပ် နောက်တွဲပါ ထော်လာဂျီယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ် တိမ်းမှောက်မှုကြောင့်လူ ၃၀ ကျော် ဒဏ်ရာရရှိပြီး ၄ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများ မှာအောက်ညဥ့်ကျေးရွာမှ အမျိုးသမီး ၃ ဦး၊ သူကောင်းတည် ကျေးရွာမှ အမျိုးသား ၁ ဦး တို့ဖြစ်ကြောင်း သိရှိရသည်။
 
ref:EMG

မြစ်ရေကြီးမှု သတိပေးချက်


ကျနော်တို့ရဲ့ နာရီတလုံး ရပ်တန့်သွားခဲ့ရင်


ငယ်ငယ် ဆယ်တန်းစာမေးပွဲ အောင်ခဲ့တုန်းက ဖေဖေက သူပတ်နေတဲ့ လက်ပတ်နာရီလေးကို ဆုချခဲ့ဖူးပါတယ်၊လခစားဝန်ထမ်းမို့ အသစ်ဝယ်ပေးဖို့ ခက်ခဲလွန်းလို့ ကိုယ်တိုင်ပတ်နေတဲ့နာရီလေး ကျနော့်အတွက် ဖေဖေဆုချတာ နားလည်ခဲ့တာနဲ့အတူ အမြတ်တနိုးဝတ်ဆင်ဖြစ်ပါတယ်၊
ဟောင်းပေမဲ့ စက်အမျိုးအစားကောင်းလို့ အချိန်တော်တော်မှန်တဲ့ နာရီလေးပါ၊
တက္ကသိုလ်ကျောင်းသားဘဝရဲ့နေ့ရက်တွေကို နာရီလေးနဲ့အတူ ဖြတ်သန်းခဲ့တာပေါ့ဗျာ၊

ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင်
 ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီး သွားရေးလာရေး ခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထားဝယ်ခရိုင်အတွင်း၌ ပြီးခဲ့သည့် ဇူလိုင်လ၂၅ရက်နေ့မှစ၍ မိုးများ ဆက်တိုက် သည်းထန်စွာ ရွာသွန်းပြီးနောက် မြစ်ဖျားပိုင်းမှ စီးဆင်းလာသော ရေများကြောင့် ထားဝယ်မြစ်ရေလျံတက်လာခဲ့ပြီး
 မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

                                                      ထားဝယ်-မြိတ် လမ်းပေါ်ရှိ ပေါက်တိုင်းတံတားအနီးတွင် ရေကျော်နေစဉ်

ဒမတ်စကတ် တိုက်ပွဲများတွင် အနိုင်ရရှိနေကြောင်း ဆီးရီးယား အစိုးရကြေငြာ

ဒမတ်စကက်မြို့တော်တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်တော်လှန်သူများနှင့် တိုက်ပွဲများတွင် အစိုးရတပ်ဖွဲ့များက အောင်ပွဲရရှိနေကြောင်း ဆီးရီးယားအစိုးရက ကြေညာလိုက်သည်။

ထိုအတောအတွင်း ဆီးရီးယား၏ အကြီးဆုံးနှင့် စီးပွားရေးအချက်အချာဖြစ်သော အေလက်ပိုမြို့ကိုမူ ထိန်းချုပ်နိုင်ရေးအတွက် ဆီးရီးယားစစ်တပ်မှာ ရုန်းကန်နေရပြီး အဆိုပါမြို့တွင် တိုက်ပွဲများ 
 ပြင်းထန်နေကြောင်း သိရသည်။

                                                                                   

ယီမင်နိုင်ငံမြို့တော် ဆာနားတွင် အီတလီ သံတမန် တစ်ဦးအား လက်နက်ကိုင်များ ဖမ်းဆီးခေါ်ဆောင်သွား

ယီမင်နိုင်ငံမြို့တော် ဆာနားတွင် အီတလီသံတမန်တစ်ဦးအား လက်နက်ကိုင်များက
 ပြန်ပေးဆွဲခေါ်ဆောင်သွားကြောင်း Reuters က ပြောကြားသည်။ အဆိုပါ သံတမန်မှာ ဆာနားမြို့ရှိ အီတလီသံရုံးသို့ လာရောက်စဉ် သံရုံးအနီး၌ ၎င်းအား လက်နက်ကိုင်များက ပြန်ပေးဆွဲသွားခြင်းဖြစ်ပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးချေ။



ref:planet

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်း တင်ပြသည့် အခမ်းအနားကျင်းပ



ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြသည့် အခမ်းအနားအား ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၂၉ရက်နေ့၊ နေ့လည် ၁နာရီက ရန်ကုန်မြို့၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးတွင် ကျင်းပခဲ့ပါသည်။