Thursday 21 March 2013

မိတ္ထီလာမြို့မှ ပဋိပက္ခများ ထိန်းသိမ်းနိုင်ရန် လုံခြုံရေးအင်အား တိုးမြှင့်ထားဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား



ရန်ကုန်၊ မတ်-၂၁

မိတ္ထီလာမြို့တွင် ဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ထိန်းသိမ်းနိုင်ရန် မတ်လ ၂၀ ရက် ညမှစ၍ မြို့ပေါ်ရှိ ရပ်ကွက် ၁၄ ခုကိုပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး နေပြည်တော်နှင့် မန္တလေးတစ်ဝိုက်မှ ရဲ၊ လုံခြုံရေး တပ်ရင်းနှစ်ရင်းဖြင့် မြို့ပေါ်ရှိ လုံခြုံရေးအင်အား ကို ထပ်မံဖြည့်တင်းလိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားသော ကိစ္စများအတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချယ်လ် ၏ ထုတ်ပြန်ချက်

 



Google အမှုဆောင်ဥက္ကဋ္ဌရဲ့ နေပြည်တော်၊ ရန်ကုန်ခရီး

အိုင်တီလူငယ်ပညာရှင်တွေအားကျရတဲ့ Google ရဲ့ ပူးတွဲတည်ထောင်သူထဲကတစ်ဦး ဖြစ်သူ Eric Schmidt    မြန်မာပြည်ခရီးစဉ်သတင်းကို နိုင်ငံတကာ စာနယ်ဇင်းများမှာ ဖော်ပြနေကြပါတယ်။

မနက်ဖြန်  ရန်ကုန်မြို့ MICT Park မှာ ဒေသခံ အများအပြားနဲ့ တွေ့ဆုံဖို့ ရှိပြီး တိုင်းပြည် တိုးတက်ဖွံ့ ဖြိုးရေး၊ အင်တာနက်ရဲ့ အရေးပါပုံအကြောင်းတွေကို ဆွေးနွေးမယ်လို့ သတင်းရရှိပါတယ်။

အာရှနိုင်ငံတချို့ကို ရောက်လာတဲ့   Google Inc  အမှုဆောင် ဥက္ကဋ္ဌ Eric Schmidt ရဲ့ ခရီးစဉ်မှာ   ဒေသတွင်း လုပ်ဖော်ကိုင်ဖက်၊ စွန့် ဦးတီထွင်သူများနဲ့ တွေ့ ဆုံပြီး ကမ္ဘာ့သတင်းအချက်အလက်တွေကို အွန်လိုင်းကတဆင့် အလွယ်တကူ အကျိုးရှိအောင် အသုံးပြုနိုင်စေရန် ရည်ရွယ်လျက် ရှိကြောင်း  Google ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

နယူးယောက်တိုင်းမ် သတင်းစာမှာတော့ - မြန်မာနိုင်ငံဟာ အာရှရဲ့ စီးပွားရေး စားကျက်သစ်တခု ဖြစ်လာပြီး  ဆက်သွယ်ရေးလုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံဖို့ ကောင်းတဲ့နိုင်ငံဖြစ်လာတယ် လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မိုဘိုင်း နဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ မြန်မြန် တိုးတက်ဖို့  လိုနေတယ်၊ မြန်မာပြည် ဈေးကွက်ထဲ ၀င်ပြီး  Andriod အသုံးပြုထားတဲ့  Google  စမတ်ဖုန်းတွေကနေ အမြတ်ငွေ ကြီးကြီးမားမား ရရှိနိုင်တယ်လို့ ထောက်ပြထားပါတယ်။

လောလောဆယ်မှာ Google ဥက္ကဋ္ဌ အိန္ဒိယ ရောက်နေပြီး စမတ်ဖုန်းအသုံးပြုမှုက အရမ်း တိုးတက်နေ ခေတ်စားနေပြီး မိုဘိုင်းနည်းပညာ အင်မတန် အရေးပါလာပြီ လို့ ပြောလိုက်ပါတယ်။

ဆင်မ်ကတ်တွေ ဈေးချပြီး မိုဘိုင်းဖုန်း အသုံးပြုမှု အလျင်အမြန် တိုးတက်လာမယ့် မြန်မာပြည် ဖုန်းဈေးကွက်ကလည်း 
Google အတွက် မက်မောစရာ ဖြစ်နေပါလိမ့်မယ်။
Eric Schmidt ( ကိုယ်ရေးအကျဉ်း)

Date of Birth - April 27, 1955 (age 57)  Washington, D.C., U.S.
Education - Princeton University (B.S.)
UC Berkeley (M.S./Ph.D.)
Occupation -Software engineer and businessman
နက်ဖြန် မနက် ရန်ကုန်မှာ  အိုင်တီ ပညာရှင်များနဲ့ တွေ့ ဆုံပြီးရင်
Google ဥက္ကဋ္ဌ  နေပြည်တော် သွားပြီး အစိုးရပိုင်းနဲ့ တွေ့မယ်လို့ သိရပါတယ်။

ရန်ကုန်မှာ သူပြောဆိုတာတွေကို လေ့လာလိုသူများ  အောက်ပါလိပ်စာ အတိုင်း သွားရောက်နိုင်ကြောင်း အသိပေးအပ်ပါတယ်။

  • နေ့ရက်- ၂၀၁၃  မတ် ၂၂ (သောကြာနေ့)
  • အချိန်- နံနက် ၉း၀၀ နာရီ (နေရာ စတင်ယူရန်)
  • နေရာ- MICT Park အစည်းအဝေးခန်းမ၊ လှိုင်တက္ကသိုလ်များနယ်မြေ၊ ရန်ကုန်
- See more at: http://blog.irrawaddy.org/2013/03/google.html#sthash.TCauXQVz.dpuf
 

အိုင်တီလူငယ်ပညာရှင်တွေအားကျရတဲ့ Google ရဲ့ ပူးတွဲတည်ထောင်သူထဲကတစ်ဦး ဖြစ်သူ Eric Schmidt    မြန်မာပြည်ခရီးစဉ်သတင်းကို နိုင်ငံတကာ စာနယ်ဇင်းများမှာ ဖော်ပြနေကြပါတယ်။

မုံရွာ - ခင်ဦး လူစီးရတား လမ်းချော်၍ တွဲများတိမ်းစောင်း


 
 သတင်း+ ဓာတ်ပုံ = ကိုတိုး(ချင်းတွင်း)

မုံရွာ၊ မတ်လ ၂၁ ရက်

မုံရွာ - ခင်ဦး နေ့စဉ်ပြေးဆွဲလျက်ရှိသော ခရီးသည်တင် လူစီးရထား အမှတ်(၆၀) အစုန်ရထားကြီး သည် ယနေ့ မနက် ၁၀ နာရီအချိန်ခန့်က မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ပဇ္ဇောတာရုံကျောင်းတိုက်အနီး မိုင်တိုင်အမှတ် ၄၅၈/ ၂၁ - ၂၂ အကြားတွင် လမ်းချော်၍ တွဲများတိမ်းစောင်းခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် သမ္မတကြီးကွယ်လွန်

ဘင်္ဂလာဒေခ်ျ့ သမ္မတ ဇီလူရ် ရာဟာမန် Zillur Rahman ဟာ မတ်လ ၂၀ ရက်နေ့ ညနေ  ဒေသ စံတော် ချိန် ၆ နာရီ ၄၇  မိနစ်မှာ စင်္ကာပူနိုင်ငံ က မောင့် အဲလီဇဘက် ဆေးရုံကြီမှာ ကွယ်လွန်သွားခဲ့ပါတယ်။

President zillur rahman 

ကျန်းမာရေး မကောင်းတဲ့ အတွက် စင်္ကာပူမှာ သွားရောက် ဆေးကုနေစဉ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ်ရှိပြီ ဖြစ်ပါတယ်။

မိတ္ထီလာမြို့ ဖြစ်စဉ်နှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း



မန္တလေး-မတ်၂၁

မိတ္ထီလာမြို့ ဖြစ်စဉ်နှင့်ပတ်သက်သည့်စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဥက္ကဌအဖြစ်မန္တလေးတိုင်းဒေသကြီး အစိုး ရ အဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်စိုး၊ အဖွဲ့ဝင်များအဖြစ် ဒုတိယ ရဲမှူးကြီးထွန်းနိုင်(ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး)၊ ဒုတိယရဲမှူးကြီးမောင်မောင်မြင့် (မိတ္ထီလာ ခရိုင်ရဲ တပ်ဖွဲ့မှူး)၊ ဦးကျော်အေး (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)၊ အတွင်းရေးမှူးအဖြစ် ဦးတင်မောင်စိုး (မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး) တို့ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်လိုက်ကြောင်းသိရသည်။

မိတ္ထီလာ သတင်းများ

မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်

မိတ္ထီလာမြို့တွင် လူစုလူဝေးနှင့် ဆူပူမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရပြီး ယနေ့မွန်းလွဲပိုင်းတွင် ဆူပူသူများက ရန်မျိုးအောင် ရပ်ကွက် တော်ဝင်နန်းအနီရှိနေအိမ်တစ်လုံး အားလည်းကောင်း၊ ကားကြီးကွင်းအနီးမှနေ အိမ်တစ်လုံးကို လည်းကောင်း မီးရှိုဖျက်ဆီးခဲ့ပြီး၊ အောင်ဆန်းမြို့သစ်မှ ကျော် ဓာတ်ဆီဆိုင်ကိုလည်း ဖျက်ဆီးခဲ့သည်ဟု သိရသည်။

တောင်ကိုရီးယား Cyber အတိုက်ခံရသလား



ဆိုးလ်၊မတ်လ ၂၁ ရက်

တောင်ကိုရီးယားနိုင်ငံက အသံလွှင့်ဌာနတွေနဲ့ ဘဏ္ဍာငွေကြေး အဖွဲ့အစည်းတွေရဲ့ ကွန်ပြူတာ ကွန်ရက် စနစ်တွေမှာကျယ်ပြန့်တဲ့ဆိုင်ဘာတိုက်ခိုက်မှုတခုဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေ က ပြောကြား လိုက်ပြီး တဲ့နောက် တောင်ကိုရီးယား စစ်တပ်က အသင့် အနေအထားကို မြှင့်တင်လိုက်ပါတယ်။

Cyber တိုက်ခိုက်မှု မြောက်ကိုရီးယားလက်ချက် မတွေ့ရ


ဆိုးလ်၊ မတ်လ ၂၁ ရက်

တောင်ကိုရီးယားနိုင်ငံတ၀ှမ်း မနေ့တုန်းက ကွန်ပြူတာ အင်တာနက် ကွန်ရက်စနစ်တွေ တိုက်ခိုက်ခံ ရတဲ့ ကိစ္စမှာ မြောက်ကိုရီးယားကို အပြစ်တင်ဖို့ ခိုင်မာတဲ့ အထောက်အထား မတွေ့ရဘူးလို့ တောင် ကိုရီးယား အရာရှိတွေက ပြောလိုက်ပါတယ်။

အမေရိကန်သမ္မတစီးသည့်ကား လောင်စာဆီ မှားထည့်မိသဖြင့် စက်ချွတ်ယွင်း



တဲလ်အဗစ်

အိုဘားမား၏ အစ္စရေးခရီးစဉ်အတွင်း အမေရိကန်သမ္မတ စီးနင်း လိုက်ပါလေ့ရှိသည့် "Beast" ကျည်ကာ ဇိမ်ခံ မော်တော်ကားများအနက်မှ တစ်စီးမှာ လောင်စာဆီ မှားယွင်းထည့်မှုကြောင့် စက်ချွတ် ယွင်းမှုဖြစ် ခဲ့ကြောင်း သိရသည်။

(မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍)



မတ်လ ၂၁ ရက် နံနက် ၈ နာရီ ၄၀ မိနစ်

မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်နှင့် ဝန်ဇင်းရပ်ကွက်ကြားတွင် မတ်လ ၂၁ ရက်နေ့ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်တွင် မီးငြိမ်းသွားပြီ ဖြစ်ကြောင်း မိတ္ထီလာမြို့ အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက်အရသိရသည်။ အဆိုပါမီးလောင်မှုကြောင့် သေဆုံးသူမရှိသော်လည်း ဒဏ်ရာရသူ အချို့ရှိကြောင်း သိရသည်။

မြေငလျင်သတင်း



(မြန်မာစံတော်ချိန် (၁၂၀၀)နာရီအချိန် ထုတ်ပြန်ချက်)

၂၀၁၃ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၁)နာရီ၊ (၃၈)မိနစ်၊ (၁၂)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင် စခန်း မှမြောက်ဘက် မိုင်(၆၂)ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း(သပိတ်ကျင်းမြို့၏ အရှေ့ဘက် (၅) မိုင်ခန့်) ကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး(၄.၀)အဆင့်ရှိ အင်အားအနည်းငယ် ရှိသောမြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

ရုရှားကမ္ဘာစစ်တင့်ကားများ အသုံးဝင်နေဆဲ



ဆိုဗီယက် (ရုရှား)တို့ ၁၉၄၀ ခုနှစ်ကနေ ၁၉၅၈ ခုနှစ်အတွင်း ထုတ်လုပ်ပြီး ဒုတိယကမ္ဘာစစ်မှာ အသုံပြုခဲ့တဲ့ တင့်ကားကတော့ ပုံမှာပြထားတဲ့ T-34 ဖြစ်ပါတယ်။

မိတ္ထီလာ သတင်းများ

ဒီမနက်ပိုင်းမှာတော့ပုံမှန်အတိုင်းသွားလာမှုတွေရှိနေပါပြီ၊အခြေအနေက အေးချမ်းသွားပြီလို့မပြောနိုင်သေးပေ မယ့် ဆိုးဆိုးရွားရွားတော့ မဟုတ်တော့ပါဘူး။မနေ့က ဖြစ်စဉ်မှာတည်းက ပညာရေးမှုးရုံး မီးလောင်သွားပြီး ဒီမနက်မှာ ၁၀ တန်းတွေ စာမေးပွဲဖြေမဖြေကတော့ သေသေချာချာမသိရသေးပါဘူး။

မိတ္ထီလာ သတင်းများ


Wednesday, 20 March 2013

၁၇၅၅ အချိန်တွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောက်ပါ ၆ ဦး(သံဃာ ၁ ပါး၊ ကျား ၅ ဦး)တို့ မိတ်္ထီလာဆေးရုံ သို့ ရောက်ရှိဆေး ကုသမှုခံယူလျက်ရှိပြီး သံဃာ ၁ ပါးမှာ မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် စီစဉ်လျက် ရှိကြောင်း သိရှိရသည်-

(က) သံဃာ ၁ ပါး(ဘွဲ့အမည်စိစစ်ဆဲ)၊ မီးလောင်ဒဏ်ရာ။