Thursday 19 September 2013

Nintendo ဂိမ်းကုမ္ပဏီ ထူထောင်သူ ကွယ်လွန်

Photo: Nintendo ဂိမ်းကုမ္ပဏီ ထူထောင်သူ ကွယ်လွန်
Thursday, September 19, 2013

ကမ္ဘာကျော် နစ်တန်းဒိုး Nintendo ဂိမ်း ကုမ္ပဏီ ထူထောင်သူ ဂျပန် စီးပွားရေး လုပ်ငန်း ရှင်ကြီး ဟီရိုရှီ ယာမာအူချီ ဟာ အသက် ၈၅ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။

သူဟာ ၁၉၄၉ ခုနှစ် ကစလို့ ရာစုနှစ်ဝက်ကျော် နီးပါး ဒီလုပ်ငန်းကို ဦးဆောင်ခဲ့တာဖြစ်ပြီး၊ ကုမ္ပဏီ အသေးစားလေး ကနေ ဒစ်ဂျစ်တယ် နည်းပညာ ခေတ်သစ်မှာ အောင်မြင်တဲ့ ဗီဒီယိုဂိမ်း ကစားနည်းတွေကို တီထွင် ဖန်တီး ပေးခဲ့တဲ့ ကမ္ဘာကျော် အမှတ်တံဆိပ်ဖြစ် လာအောင် ပြောင်း လဲ နိုင်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ယာမာအူချီဟာ နစ်တန်းဒိုး ဂိမ်းစက်ကို ပထမဆုံး တီထွင်ကာ နစ်တန်းဒိုး အမှတ်တံဆိပ်ကို ဗီဒီယိုဂိမ်း လောကမှာ ရှေ့ရောက်အောင် လုပ်ဆောင်ပေးခဲ့တယ်၊ အထူးသဖြင့် Gameboy နဲ့ Nintendo DS ဂိမ်းစက်တွေက အောင်မြင်ခဲ့တယ်လို့ ဝေဖန် သုံးသပ် သူတွေက ပြော ပါတယ်။

BBC
ကမ္ဘာကျော် နစ်တန်းဒိုး Nintendo ဂိမ်း ကုမ္ပဏီ ထူထောင်သူ ဂျပန် စီးပွားရေး လုပ်ငန်း ရှင်ကြီး ဟီရိုရှီ ယာမာအူချီ ဟာ အသက် ၈၅ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။

နေပြည်တော်ရဲနှင့် ၀ဲကြီးရွာသားများ ပဋိပက္ခဖြစ်

နေပြည်တော် ပုဗ္ပသီရိမြို့နယ် ၀ဲကြီးကျေးရွာမှာ စက်တင်ဘာ ၁၈ ရက် ညက ရဲနဲ့ ကျေးရွာသားတွေ ပဋိပက္ခဖြစ်ပွားပြီး ရဲ ၁၀ ယောက်လောက် ဆေးရုံတင်ထားရတယ်လို့ မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်က ပြောပါတယ်။

ရွှေပြည်သာမှာ လယ်သမားတွေ ဆန္ဒပြခွင့် ငြင်းပယ်ခံရ

Photo: ရွှေပြည်သာမှာ လယ်သမားတွေ ဆန္ဒပြခွင့် ငြင်းပယ်ခံရ 
Thursday, September 19, 2013

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် အပိုင်း ၁ နဲ့ ၂ လို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ လုပ်ကိုင်စားသောက်နေကြတဲ့ လယ် သမား ၁၀၀ ကျော်က မြို့နယ်ရဲတပ်ဖွဲ့ရုံးမှာ ဆန္ဒပြခွင့်တောင်းရာမှာ ရဲတပ်ဖွဲ့က လယ်သမားတွေ ဆန္ဒပြလိုတဲ့နေရာကို ခွင့်မပြုဘဲ ငြင်းပယ် လိုက်တယ်လို့ လယ်သမားတွေက ပြောပါတယ်။

စက်မှုဇုန်မဆောက်ခင် လယ်သမားတွေက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဆီကနေ မြေငှားရမ်းပြီးစိုက်ပျိုးရာမှာ အခုရက်ပိုင်း အတွင်း မြေတူးတာနဲ့ ခြံစည်းရိုးခတ်တာတွေကြောင့် စိုက်ခင်းတွေ ပျက်စီးတာကို အကြောင်းပြုပြီး ဆန္ဒပြခွင့်တောင်းခံခဲ့တာလို့ ဆိုပါတယ်။

ရွှေပြည်သာ သာဓုကန် ဘုရားလမ်းကနေ ဘုရင့်နောင်လမ်းမမှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအထိ ဆန္ဒပြခွင့်လျှောက်ထားတာကို ရဲတပ်ဖွဲ့က ခွင့်မပြုဘူးလို့ လယ်သမား ဦးသိန်းလွင်က RFA ကိုပြောပါတယ်။

အဲဒီ သာဓုကန်စက်မှုဇုန် အပိုင်း ၁၊ ၂ မှာရှိတဲ့ လယ်မြေဧက ၁၀၀ ကို လယ်သမားဆယ်ဦးက ၂၀၀၇ ခုနှစ်မှာ ရွှေပြည်သာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီဌာနကနေ ငှားရမ်းလုပ်ကိုင်ခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ လွှတ်တော် လယ်ယာမြေ စုံစမ်း စစ်ဆေးရေးကော်မတီက အဲဒီစက်မှုဇုန် ဆောက်မယ့်နေရာမှာ ငှားရမ်း လုပ်ကိုင်နေတဲ့ လယ်သမားတွေနဲ့ လုပ်ငန်းရှင်တွေ အကြား ပြေလည်မှု ရအောင် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

RFA Burmese
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် အပိုင်း ၁ နဲ့ ၂ လို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ လုပ်ကိုင်စားသောက်နေကြတဲ့ လယ် သမား ၁၀၀ ကျော်က မြို့နယ်ရဲတပ်ဖွဲ့ရုံးမှာ ဆန္ဒပြခွင့်တောင်းရာမှာ ရဲတပ်ဖွဲ့က လယ်သမားတွေ ဆန္ဒပြလိုတဲ့နေရာကို ခွင့်မပြုဘဲ ငြင်းပယ် လိုက်တယ်လို့ လယ်သမားတွေ က ပြောပါတယ်။

အီဂျစ် လုံခြုံရေးနဲ့ သေနတ်သမားတွေ ပစ်ခတ်

Photo: အီဂျစ် လုံခြုံရေးနဲ့ သေနတ်သမားတွေ ပစ်ခတ်
Thursday, September 19, 2013

အီဂျစ် နိုင်ငံ ကိုင်ရိုမြို့ ဆင်ခြေဖုံးက မွတ်ဆလင် ညီနောင်များ အဖွဲ့ ခြေကုပ်ယူရာ အရပ်မှာ အမည်မသိ သေနတ်သမားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

ဒီနေ့ မနက် အစောပိုင်းတုန်းက ကိုင်ရိုမြို့ ဆင်ခြေဖုံး Kerdasa ကာဒါဆာ ဒေသမှာ လုံခြုံရေး တပ်ဖွဲ့ဝင် အလုံးအရင်းဟာ ရဟတ် ယာဉ်တွေနဲ့ တိုက်ခိုက်နေကြပြီး ထိပ်တန်း ရဲ အရာရှိ တစ်ယောက် သေ ဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေဟာ အိမ်တွေကို တစ်အိမ်တက်ဆင်းနဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ခေါင်းဆောင်တွေကို ရှာဖွေနေခဲ့တာဖြစ်ပြီး ဒါဇင်နဲ့ချီတဲ့ လူတွေကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဘီဘီစီ သတင်းထောက် တစ်ယောက်က ပြောပါတယ်။

အာဏာပိုင်တွေဘက်ကတော့ ပြီးခဲ့တဲ့ လတုန်းက ရဲ ၁၁ ယောက်ကို သတ်ဖြတ်သွားသူတွေကို ရှာဖွေနေတာဖြစ်တယ်လို့ ပြောပါတယ်။

BBC
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ဆင်ခြေဖုံးက မွတ်ဆလင်ညီနောင်များအဖွဲ့ ခြေကုပ်ယူရာအရပ်မှာ အမည် မသိ သေ နတ် သမားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

မွန်ဘိုင်း အုပ်စုဖွဲ့ မုဒိမ်းမှု စွဲချက်တင်ပြီ

Photo: မွန်ဘိုင်း အုပ်စုဖွဲ့ မုဒိမ်းမှု စွဲချက်တင်ပြီ
Thursday, September 19, 2013

အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့မှာ ပြီးခဲ့တဲ့ လတုန်းက ဓာတ်ပုံ သတင်းထောက်မလေး တစ်ယောက်ကို အုပ်စုဖွဲ့ပြီး မုဒိမ်းကျင့်ခဲ့သူ ၄ ယောက်ကို တရားရုံးက စွဲချက်တင်လိုက်ပါပြီ။

အသက် ၂၂ အရွယ် ဓာတ်ပုံ သတင်းထောက်မလေး ဟာ မွန်ဘိုင်းမြို့လယ်က စက်ရုံဟောင်းကြီး တစ်ခုကို အလုပ်ကိစ္စနဲ့ ရောက်နေတုန်း အဲဒီလူတွေက တိုက် ခိုက်ပြီး ထပ်တလဲလဲ အဓမ္မ ပြုကျင့်ခဲ့ကြတာလို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ငါးယောက်မြောက် မုဒိမ်းသမားက အသက် ၁၈နှစ်အောက်သာ ရှိသေးတာမို့ သူ့ကိုတော့ ကလေးတရားရုံးမှာ သီးခြား တရားစွဲဆိုဖို့ ရှိကြောင်း သိရပါတယ်။

ဒေလီမြို့က ဘတ်စ်ကားပေါ်မှာ ဆေးကျောင်းသူလေး တစ်ယောက်ကို အလားတူ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ဖြစ်ခဲ့ပြီး လအနည်းငယ် အကြာမှာ ဒီအမှု ဖြစ်ခဲ့တာပါ။

အိန္ဒိယ နိုင်ငံမှာ ခုလို အမှုတွေ ထပ်မံ ဖြစ်ပွားပြီး အမျိုးသမီးတွေ လုံခြုံမှု မရှိတဲ့ အပေါ် လူတွေရဲ့ ဒေါသ တိုးပွားလာခဲ့ပါတယ်။

BBC
အိန္ဒိယရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်သူများရဲ့ ပုံကြမ်း
အိန္ဒိယရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်သူများရဲ့ ပုံကြမ်း

အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့မှာ ပြီးခဲ့တဲ့ လတုန်းက ဓာတ်ပုံ သတင်းထောက်မလေး တစ်ယောက်ကို အုပ်စုဖွဲ့ပြီး မုဒိမ်းကျင့်ခဲ့သူ ၄ ယောက်ကို တရားရုံးက စွဲချက်တင်လိုက်ပါပြီ။

မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် သံတမန်များ၏ လုံခြုံရေးကို မြန်မာ့ရဲတပ်ဖွဲ့က သီးသန့်တာဝန်ယူ

မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများတွင် တာဝန်ထမ်းဆောင်နေကြသော သံအမတ်များ၏ သွားလာရေး ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က သီးသန့်လုံခြုံရေးပေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ တစ်ဦးက ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ထုတ်ဖော် ပြောကြားလိုက်သည်။

မြစ်ကြီးနား စစ်စခန်းများအကြောင်း ရုပ်ရှင်ရိုက်ကူးရန် ဟောလိဝုဒ် ဒါရိုက်တာ နှစ်ဦးရောက်ရှိ

ဒုတိ ယကမ္ဘာစစ်က မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် လေသူရဲတစ်ဦး၏သားဖြစ်သူ ဟော လိဝုဒ်ဒါရိုက်တာ Mr.Geoffrey Charies သည် ကချင်ပြည်နယ် တွင်ရှိသော စစ်စခန်းများနှင့် ပတ်သက် ပြီး ရုပ်ရှင်ရိုက်ကူးရန် အတွက် မြန်မာနိုင်ငံကိုရောက် ရှိနေပြီဖြစ်ကြောင်း သိရသည်။

သာစည်တွင် တောင်းရမ်းနေသူ ဘင်္ဂါလီတစ်ဦးကို မောင်တောသို့ ပြန်ပို့

Photo: သာစည်တွင် တောင်းရမ်းနေသူ ဘင်္ဂါလီတစ်ဦးကို မောင်တောသို့ ပြန်ပို့ 
Thursday, September 19, 2013

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် တောင်းရမ်း စားသောက်သူ တစ်ဦးအား မသင်္ကာသဖြင့် စစ်ဆေးရာ မြန်မာနိုင်ငံသား မဟုတ် ဘဲ မောင်တောမြို့နယ်တွင် နေထိုင်သည့် ဘင်္ဂါလီလူမျိုး တစ်ဦးဖြစ်သဖြင့် တရားစွဲဆိုခြင်း မပြုဘဲ စက်တင်ဘာ ၁၈ ရက်နေ့တွင် ရန်ကုန်မှ တစ်ဆင့် မောင်တောသို့ ပို့ဆောင်မည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ...်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနထံမှ သိရသည်။

“သူ့ကိုစစ်ဆေးတဲ့အခါမှာ မောင်တောကနေ လမ်းလျှောက်လာတာ သာစည် ထိ ရောက်လာတာလို့ သိရတယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါလူမှာ စိတ်ကျန်းမာရေး ချို့ယွင်းနေသူ ဖြစ်နေသဖြင့် တရားစွဲ ဆိုခြင်း မပြုတော့ဘဲ မောင်တောသို့ ပို့ဆောင်ခြင်း ဖြစ်မည် ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ကုသိုလ်တော် ဘုရား တောင်ဘက်မုခ် ရေလယ်ဓမ္မာရုံတွင် တစ်နှစ်ကျော်ကြာ မျှ တောင်းရမ်း စားသောက်နေသော တရုတ်နိုင်ငံသားတစ်ဦးအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ၎င်းကို တရားစွဲဆိုခြင်း မပြုဘဲ စက်တင်ဘာလ ၃၁ ရက်နေ့တွင် ၎င်း၏နေရပ် တရုတ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် တောင်းရမ်း စားသောက်သူ တစ်ဦးအား မသင်္ကာသဖြင့်

လောင်းကစား ဒိုင်ချုပ်များကို အရေးမယူပါက တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူမည်

 Photo: လောင်းကစား ဒိုင်ချုပ်များကို အရေးမယူပါက တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူမည် 
Thursday, September 19, 2013

လောင်းကစား ဒိုင်ချုပ်များကို အရေးယူမှုမပြုဘဲ လက်ခွဲဒိုင်များကိုသာ ဖမ်းဆီးမှုများ ပြုလုပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးတွင် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ပြည်သူလူထု အနေနှင့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သတင်းပေးခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်းကြရန် လိုအပ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် အစိုးရသစ် တက်ပြီးစက လောင်း ကစား မှုများ လျော့နည်း ကျဆင်းခဲ့သော်လည်း လက်ရှိတွင် ပိုမိုများပြားလာကြောင်း မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ် ဦးမိုးနိုင်ကျော်က ယင်းလွှတ်တော်၌ မေးမြန်းရာတွင် ဝန်ကြီးက အထက်ပါ အတိုင်း ပြန်လည် ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်၏ စက်တင်ဘာလ ၁၈ ရက်နေ့ ပြုလုပ်သော သတ္တမ ပုံမှန်အစည်းအဝေးတွင် ဦးမိုးကျော်နိုင်က “ဆင်းရဲနွမ်းပါးမှုများ ဖြစ်ပေါ်လာနိုင်သော လောင်းကစား ပပျောက်ရန် သက်ဆိုင်ရာက မည်သို့ ညွှန်ကြား ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း” မေးခွန်းမေးမြန်းခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် နှစ်လုံး၊ သုံးလုံး၊ ဘောလုံး လောင်း ကစား မှုများကို ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ၃၄၄ မှု၊ တရားခံပေါင်း ၇၄၂ ဦး သိမ်းဆည်းရငွေ ကျပ် ၃၁၄ သိန်းကျော်၊ ၂၀၁၂ ခုနှစ်တွင် ၅၂၂ မှု၊ တရားခံပေါင်း ၁၁၉၇ ဦး၊ သိမ်းဆည်းရငွေ ကျပ်သိန်း ၅၈၀ ကျော်နှင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ၃၄၅ မှု၊ တရာခံပေါင်း ၆၉၇ ဦး၊ သိမ်ဆည်းရငွေ ၃၈၇ သိန်းကျော် ဖမ်းဆီအရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ဆက်လက်ပြောကြားသည်။

The Voice Weekly
လောင်းကစား ဒိုင်ချုပ်များကို အရေးယူမှုမပြုဘဲ လက်ခွဲဒိုင်များကိုသာ ဖမ်းဆီးမှုများ ပြုလုပ်ပါက သက် ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်ကို အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး က ပြောကြားသည်။

မကွေးတိုင်း ရေလယ်ကျွန်းတရွာလုံး ရေနစ်မြုပ်၊ စိုက်ပျိုးမြေများ ပျက်စီး

Photo: မကွေးတိုင်း ရေလယ်ကျွန်းတရွာလုံး ရေနစ်မြုပ်၊ စိုက်ပျိုးမြေများ ပျက်စီး 
Thursday, September 19, 2013

မကွေးတိုင်း သရက်မြို့နယ်နဲ့ အောင်လံမြို့နယ်တွေ မှာ ရေကြီးမှုကြောင့် ကျေးရွာတချို့ ရွာလုံးကျွတ် ရေနစ်မြုပ်ပြီး စိုက်ပျိုးမြေတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း သရက်ခရိုင်အတွင်း အိမ်ခြေ ၄၀၀ လောက်ရှိ တဲ့ ရေလယ်ကျွန်းကျေးရွာမှာ ဧရာဝတီမြစ်ရေတက်မှုကြောင့် အခုလ ၁၇ ရက်နေ့ကတည်းက ကုန်းမြေမပေါ်တော့တဲ့အထိ တရွာလုံး ရေ နစ်မြုပ်နေတယ်လို့ ဒေသခံရွာသား ဦးမြင့်အောင်က ပြောပါတယ်။

“တော်တော်လေး ရေကြီးတယ်။ တနေ့ကို တတောင်လောက် တက်သွားတယ်။ ကုန်းမြေမပေါ်တဲ့အထိ တက်သွားတယ်။ နီးစပ်ရာ ရွာတွေမှာ သွားနေကြရတယ်။ ကူညီကယ်ဆယ်ရေးကတော့ ကျနော်တို့ဆီမှာ မရှိဘူး။”

အလားတူ ရေလယ်ကျွန်းတဖက်ကမ်းမှာရှိတဲ့ အောင်လံမြို့နယ် ကံပေါက်ရွာမှာလည်း ရေကြီးမှု ဖြစ်ပွားနေပြီး သီးနှံစိုက်ပျိုးမြေတွေ နစ်မြုပ်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“အင်းပေါက်ရွာမှာ အိမ်ခြေ ၁၉၀ ကျော်ရှိတဲ့ထဲက ၄၀ ကျော်လောက် ရေမြုပ် တယ်။ အခုလောလောဆယ် ရေဘေး ကူညီကယ်ဆယ်ရေးတွေ လာရောက်တာ မရှိသေးဘူး။ ကျနော်တို့ နီးစပ်ရာ ဆွေးမျိုးတွေဆီမှာ ဒီလိုပဲ ကပ်ပြီး နေကြတယ်။ ဧက ၃၀၀ လောက်တော့ လယ်တွေ နစ်မြုပ်တယ်။ စပါးရယ်၊ ပြောင်းရယ်၊ ၀ါရယ်၊ ပဲသီးရယ်ပေါ့။”

ရေလယ်ကျွန်းတရွာလုံး ရေမမြုပ်ခင် စက်တင်ဘာလဆန်း  ၇ ရက်နေ့လောက် ကတည်းကစပြီး  ရေတက်ပြီး စိုက်ပျိုးမြေ ရေနစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီဒေသတ၀ိုက်မှာ ထွက်ရှိတဲ့ ပြောင်းဖူး၊ မြေပဲနဲ့ ကန်ဇွန်းအစရှိတဲ့ စိုက်ပျိုးသီးနှံတွေကို သရက်၊ အောင်လံစတဲ့ မြို့တွေကို ဖြန်ဖြူးရောင်းချကြတာဖြစ်ပါတယ်။

အခုလိုစိုက်ပျိုးမြေတွေ ရေကြီးပျက်စီးမှုကြောင့် ဒေသခံတွေ စားဝတ်နေရး အခက်ကြုံမယ့် အနေအထားဖြစ်နေတယ်လို့ ပြောပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်  ဧရာဝတီမြစ်ရေမြင့်တက်နေပြီး မကွေးတိုင်း၊ မကွေး၊ မင်းဘူးမြို့နယ်တွေမှာလည်း ရေကြီးရေ လျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီဒေသတွေမှာ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ရေကြီးဖူးပေမယ့် ဒီနှစ်လောက် ရေမကြီးခဲ့ဘူးလို့ ပြောပါတယ်။
ရေကြီးမှုကြောင့် ကျေးရွာဘုန်းကြီးကျောင်းမှာ ဖွင့်ထားတဲ့ စာသင်ကျောင်းလည်း ပိတ်ထားရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၁ ပတ်လောက်ကတည်းက မိုသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်ပြီး မန္တလေးတိုင်းနဲ့ မကွေးတိုင်း၊ ပဲခူးတိုင်းက မြို့နယ်တော်တော်များများမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီနေ့မှာတော့ မြို့နယ်တချို့ ရေကြီးတာ တန့်သွားပေမယ့် ရေလုံးဝကျသွားတာ မရှိသေးဘူးလို့ သိရပါတယ်။

နော်နိုရင်း  (ဒီဗွီဘီ)
မကွေးတိုင်း သရက်မြို့နယ်နဲ့ အောင်လံမြို့နယ်တွေမှာ ရေကြီးမှုကြောင့် ကျေးရွာတချို့ ရွာလုံးကျွတ် ရေ နစ်မြုပ်ပြီး စိုက်ပျိုးမြေတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရုံးခန်းရှေ့တွင် ဆဲဆိုခြိမ်းခြောက်သည်ဟုဆိုကာ တရားသူကြီးက အမှုဖွင့်

တရားသူကြီးက ယင်းအားဆဲဆိုခြိမ်းခြောက်၍ တရားစီရင်ရေးကို ဟန့်တားနှောင့်ယှက်ခြင်း ပြုလုပ်ဟု ဆိုကာ လူနှစ်ဦးကို လှိုင်သာယာရဲစခန်းတွင် စက်တင်ဘာ ၁၇ ရက်က အမှုဖွင့် တိုင်တန်းလိုက်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး က ထုတ်ပြန်ထားသည်။

ဖခင်ဖြစ်သူက သမီးငယ် ဒုက္ခိတဖြစ်မှုအတွက် ဆေးထိုးသော ဆရာဝန်ကို အမှုဖွင့်

Photo: ဖခင်ဖြစ်သူက သမီးငယ် ဒုက္ခိတဖြစ်မှုအတွက် ဆေးထိုးသော ဆရာဝန်ကို အမှုဖွင့် 
Thursday, September 19, 2013

ရွှေပြည်သာမြို့နယ် လိပ်ကုန်း ကျေးရွာတွင် အမျိုးသားတစ်ဦးသည် အဖျားဝေဒနာ ခံစားနေရသော အသက်လေးနှစ်အရွယ် သမီးဖြစ်သူကို ဆေးခန်း၌ ကုသစဉ် ဆရာဝန်က ဆေးထိုးမှားသဖြင့် ဘယ်ဘက်ခြေ ထောက်အောက်ပိုင်းမှာ သိမ်ဝင်သွားကာ လမ်းမလျှောက်နိုင်တော့သည့် ဒုက္ခိတဘဝ ရောက်ခဲ့သည်ဟု ဆိုကာ ဆေးခန်းပိုင်ရှင် ဆရာဝန်ကို စက်တင်ဘာလ ၁၇ ရက်နေ့က အမှုဖွင့် တိုင်တန်းထားကြောင်း လှော်ကားနယ်မြေ ရဲစခန်းတွင် အရာရှိတစ်ဦးက ပြောကြားသည်။

ရွှေပြည်သာမြို့နယ် လိပ်ကုန်း ကျေးရွာတွင် ယခုနစ် ဧပြီလ ၇ ရက်နေ့က လိပ်ကုန်းကျေးရွာနေ အသက်လေးနှစ် အရွယ်ရှိ သမီးဖြစ်သူ မပြည့်စုံသည် ကိုယ်ပူကာ ဖျားနာနေသောကြောင့် ယင်းမြို့နယ် (၁၄) ရပ်ကွက်ရှိ အောင်သစ္စာ ဆေးခန်းသို့ လာရောက် ကုသခဲ့ရာ အသက် ၇၅ နှစ် အရွယ်ရှိ အမျိုးသမီးဆရာဝန် ဒေါက်တာမိုလီဟာမက်က ကလေးငယ်၏ ညာဘက်တင်ပါးတွင် ဆေးတစ်လုံး ထိုးပေးခဲ့ပြီး အိမ်ပြန်အရောက်တွင် ကလေးငယ်မှာ လမ်းလျှောက်၍ မရတော့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းက ပြောကြားသည်။

အဆိုပါ ဆေးခန်းသို့ သုံးရက်ဆက်တိုက် ပြသခဲ့သော်လည်း သက်သာမှု မရှိသဖြင့် ဒေါက်တာ မိုလီဟာမက်က ရန်ကုန် ကလေးဆေးရုံကြီးသို့ သွားရောက် ကုသရန် ပြောကြားခဲ့ရာ ဆေးရုံတွင် ကုသခဲ့သော်လည်း ကလေးငယ်၏ ဘယ်ဘက်ခြေထောက် အောက်ပိုင်းမှာ သိမ်ဝင်သွားကာ လမ်းမလျှောက်နိုင်တော့သည့် ဒုက္ခိတဘဝ ရောက်ခဲ့သောကြောင့် ဖခင်ဖြစ်သူက ၎င်းဆရာဝန်ကို အမှုဖွင့် တိုင်ကြားခြင်း ဖြစ်ကြောင်း ယင်းအုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။

ကလေးက ဆေးခန်းသို့ ရောက်ရှိလာစဉ် အဖျားကျဆေး ၁ စီစီကိုသာ ညာဘက်တင်ပါးသို့ ထိုးပေးခဲ့ပြီး ယခုသိမ်ဝင်ခဲ့သော ခြေထောက်သည် ဘယ်ဘက်သာ ဖြစ်ကြောင်း၊ ကလေးငယ်၏ ဆေးကုသစရိတ် လိုအပ်သောကြောင့် လည်းကောင်း ကလေး၏ မိဘများက ချို့တဲ့သောကြောင့် လည်းကောင်း ငွေကျပ်ကိုးသိန်းကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း၊ ဆေးထိုးမှားသည်ဟု ဆိုသည်မှာ မဟုတ်မှန်ကြောင်း အမှုဖွင့်ခံရသည့် လုပ်သက်နှစ် ၄၀ ကျော်ကြာ ဆေးကုသခဲ့သော အောင်သစ္စာ ဆေးခန်းပိုင်ရှင် အမျိုးသမီးဆရာဝန် ဒေါက်တာမိုလီဟာမက်က ပြောကြားသည်။

ဆေးကုသမှု စရိတ်သည် ငွေကျပ် ကိုးသိန်းမက ကုန်ကျခဲ့သည့်အပြင် သမီးဖြစ်သူသည် ဒုက္ခိတဘဝ ရောက်ခဲ့သောကြောင့် ကလေးငယ်၏ ဖခင်ဖြစ်သူ ဦးမောင်ဇော်က တရားလိုပြုကာ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း လှော်ကားနယ်မြေ ရဲစခန်းထံမှ သိရှိရသည်။

အောင်သစ္စာ ဆေးခန်းသည် ဆေးကုသစရိတ် သက်သာသောကြောင့် (၁၄) ရပ်ကွက်တွင် နေထိုင်သူများနှင့် လိပ်ကုန်းကျေးရွာရှိ နေထိုင် မကောင်းသူများ အားထားကုသလျက်ရှိသော ဆေးခန်း ဖြစ်ကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရှိရသည်။

အဆိုပါ အမှုကို (ပ) ၂၈၂/၁၃၊ ပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly
ရွှေပြည်သာမြို့နယ် လိပ်ကုန်း ကျေးရွာတွင် အမျိုးသားတစ်ဦးသည် အဖျားဝေဒနာ ခံစားနေရသော အသက်လေးနှစ်အရွယ် သမီးဖြစ်သူကို ဆေးခန်း၌ ကုသစဉ် ဆရာဝန်က ဆေးထိုးမှားသဖြင့် ဘယ် ဘက်ခြေ ထောက်အောက်ပိုင်းမှာ သိမ်ဝင်သွားကာ လမ်းမလျှောက်နိုင်တော့သည့် ဒုက္ခိတ ဘဝ ရောက်ခဲ့ သည်ဟု ဆိုကာ ဆေးခန်းပိုင်ရှင် ဆရာဝန်ကို စက်တင်ဘာလ ၁၇ ရက်နေ့က အမှုဖွင့် တိုင်တန်းထားကြောင်း လှော်ကားနယ်မြေ ရဲစခန်းတွင် အရာရှိတစ်ဦးက ပြောကြားသည်။

နယ်စပ်ဒေသ ကလေးများ တိုင်းနှင့်ပြည်နယ် အားလုံးတွင် ပညာသင်ကြားခွင့် မရဟုဆို

Photo: နယ်စပ်ဒေသ ကလေးများ တိုင်းနှင့်ပြည်နယ် အားလုံးတွင် ပညာသင်ကြားခွင့် မရဟုဆို 
Thursday, September 19, 2013

ပညာရေးဝန်ကြီးဌာနက နယ်စပ်ဒေသ ပြင်ပ စာသင်ကျောင်းများမှ ရွှေ့ပြောင်း လုပ်သားကလေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ပညာသင်ကြားခွင့် ပြုထာ...းသော်လည်း ကရင်ပြည်နယ်နှင့် ကယားပြည်နယ်မှလွဲ၍ ကျန်ဒေသများတွင် လက်ခံမှု မရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းလုပ်သား ဆရာ၊ ဆရာမများ အစည်းအရုံး (တာခ့်ခရိုင်) မှ ပညာရေး အလုပ်အဖွဲ့ အတွင်းရေးမှူး ဦးနိုင်နိုင်ထွန်းက The Voice သို့ ပြောကြားသည်။

ဝန်ကြီးဌာနက ယခုနှစ် ဇွန်လတွင် ကြေညာချက် ထုတ်ပြန်ပြီး ဖြစ်သော်လည်း ယခုလပိုင်းအထိ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများကဲ့သို့ ဒေသများတွင် ပညာသင်ကြားခွင့် မရှိသေးကြောင်း၊ နယ်စပ်ဒေသ စာသင်ကျောင်းများ၏ အတန်းအောင် လက်မှတ်များကို အသိအမှတ်ပြုသူ နည်းပါးကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“ကျွန်တော်တို့ဆီက ထုတ်ပေးတဲ့ အောင်လက်မှတ်ကို မသိဘူးဆိုပြီး စစ်ဆေးတဲ့ အဆင့်တောင် မရောက်ဘဲ ကျောင်းအုပ်တွေက ပြက် ရယ်ပြု ငြင်းတာခံရတယ်” ဟု ဦးနိုင်နိုင်ထွန်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ အခြေခံပညာ ကျောင်းများတွင် ရွှေ့ပြောင်း လုပ်သား ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြောင်းလာပါက လက်ခံပေးရန် တရားဝင် အကြောင်းကြားမှု မရှိကြောင်း ပညာရေးဝန်ကြီးဌာန ကျောင်းအုပ်ဆရာတစ်ဦးက The Voice သို့ ပြောကြားသည်။

ရန်ကုန်မြို့ရှိ အခြေခံပညာ ကျောင်းများတွင် ရွှေ့ပြောင်း လုပ်သား ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြောင်းလာပါက လက်ခံပေးရန် တရားဝင် အကြောင်းကြားမှု မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မူလတန်းလွန် ကျောင်းအုပ်တစ်ဦးက The Voice သို့ ပြောကြားသည်။

နယ်စပ်ဒေသများမှ ကလေးသူငယ်များ၏ ပညာရေး ဆက်လက်သင်ယူနိုင်ရန် ပညာရေးဝန်ကြီးဌာနက အခြေခံပညာ ဦးစီးဌာနများကို ညွှန်ကြားချက်များ ပေးပို့ထားကြောင်း၊ ယင်းကြောင့် အဆိုပါ ကလေးငယ်များ အားလုံးကို သင်တန်း တက်ရောက်လိုသည့် အတန်းအလိုက် စာမေးပွဲ စစ်ဆေးကာ အတန်းတက်ခွင့် ပြုထားကြောင်း အမှတ် (၁) အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

“ကလေးတွေ အရည်အချင်းရှိတယ်ဆို လက်ခံပေးတာပဲ။ အခြေခံတွေ သူတို့မသိရင် ဒီမှာစာသင်ဖို့ အခက်အခဲ ရှိလိမ့်မယ်။ ငါးတန်းလောက် ရှိတာကို ရှစ်တန်း တက်ချင်တာတော့ အဆင်မပြေဘူးပေါ့” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ၏ သားသမီးများနှင့် ဒုက္ခသည်စခန်းများရှိ ကလေးငယ်များ ပြည်တွင်းရှိ အခြေခံပညာ ကျောင်းများသို့ တက်ရောက် သင်ယူလိုပါက သင်ယူပြီးမြောက်သည့် အတန်းအလိုက် စစ်ဆေးပြီး အောင်မြင်လျှင် တက်ရောက်ခွင့် ပြုကြောင်း အကြောင်းကြားစာကို ယခုနှစ် ဇွန်လ ၇ ရက်နေ့က တရားဝင် ထုတ်ပြန်ကာ ကျောင်းများသို့ ပေးပို့ထားခဲ့သည်။

ရွှေ့ပြောင်း လုပ်သားကျောင်းများမှ အထက်တန်းပညာ ပြီးဆုံးသူများသည် ထိုင်းနိုင်ငံ တက္ကသိုလ်များ၏ ဝင်ခွင့်စာမေးပွဲများ ဖြေဆိုကာ တက္ကသိုလ်ပညာ ဆက်လက်သင်ကြားခွင့် ရှိသည်။

The Voice Weekly
ပညာရေးဝန်ကြီးဌာနက နယ်စပ်ဒေသ ပြင်ပ စာသင်ကျောင်းများမှ ရွှေ့ပြောင်း လုပ်သားကလေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ပညာသင်ကြားခွင့် ပြုထာ...းသော်လည်း ကရင်ပြည်နယ်နှင့် ကယားပြည်နယ်မှလွဲ၍ ကျန်ဒေသများတွင် လက်ခံမှုမရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်း လုပ်သားဆရာ၊ ဆရာမများအစည်းအရုံး(တာခ့်ခရိုင်)မှ ပညာရေးအလုပ်အဖွဲ့အတွင်းရေးမှူး ဦးနိုင်နိုင်ထွန်း က The Voice သို့ ပြောကြားသည်။

ဆီးရီးယားအရေး ကုလသမဂ္ဂဆုံးဖြတ်ချက်မူကြမ်းနှင့် ပတ်သက်၍ အင်အားကြီးငါးနိုင်ငံမှ ကိုယ်စားလှယ်များ ဆွေးနွေး၊ ပြင်သစ်နှင့် ရုရှအကြား သဘောထားကွဲလွဲမှုရှိ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံငါးနိုင်ငံမှ ကိုယ်စားလှယ်များသည် အနောက်နိုင်ငံ များ ရေးဆွဲထားခဲ့သည့် ဆီးရီးယားမှ ဓာတုလက်နက်များအပြီးတိုင် ရှင်းလင်းဖယ်ရှားရေးကိစ္စနှင့် ပတ်သက်သည့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်း အကြောင်းဆွေးနွေးမှုများကို အင်္ဂါနေ့ကပြန်လည် ကာ စတင်ဆွေးနွေးခဲ့ကြကြောင်း စက်တင်ဘာ ၁၈ ရက်က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းခုနစ်ခု ရိက္ခာခွဲတမ်း ပြောင်းလဲမည်


လူသားချင်းစာနာထောက်ထားမှုအကူအညီရရှိမှု လျော့နည်းလာသောကြောင့် ထိုင်း-မြန်မာ နယ်စပ်ဒေသ ရှိ ဒုက္ခသည် စခန်းခုနစ်ခုတွင် လာမည့် ဒီဇင်ဘာလမှစတင်ကာ လစဉ်ရိက္ခာပံ့ပိုးမှု ပုံစံပြောင်းလဲ မည် ဖြစ်ကြောင်း ယင်းစခန်းများသို့ စားနပ်ရိက္ခာ ပံ့ပိုးကူညီနေသည့် The Border Consortium (TBC) က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ပီဇာက ပေးသော သင်ခန်းစာ

Photo: ပီဇာက ပေးသော သင်ခန်းစာ
Thursday, September 19, 2013

ရောင်းသူ - အကို ပီဇာ ဘယ်နှစ်စိတ်ပိုင်းပေးရမလဲ ။ ၈ စိတ်ပိုင်းလိုက် မယ်နော်။
ဝယ်သူ - အို....။ ၆ စိတ်ပိုင်းပဲ ပိုင်းပါ။ ၈ စိတ်ဆို ကျနော် မကုန်ဘူး။

သင်ခန်းစာ ၁ -
ပီဇာတစ်ခုကို ဘယ်နှစ်စိတ်ပဲ စိတ်စိတ် ပမာဏ ပြောင်းလဲ မသွားပါဘူး။ သို့ပေမယ့် စိတ်ကိုတော့ လှည့်စားတယ်။ ဒီလိုပါပဲ လူတွေက ကိုယ် လုပ်ရမယ့် အလုပ်တစ်ခုကို နေ့ရွှေ့ ညရွှေ့ နဲ့ ပြောင်းနေလိုက် တာ ပေါ့သွားမယ် ထင်ပေမယ့် ပြောင်းလဲမသွားပါဘူး။ သို့ပေမယ့်စိတ်ထဲမှာ ပိုပြိးတော့တောင် ဝန်ပိနေတတ်ပါသေးတယ်။

ပီဇာ ကို ထည့်တဲ့ ဗူးက လေးထောင့်၊ ဖွင့်ကြည့်တော့ ပီဇာက အဝိုင်း၊ စားမယ်လို့ ယူလိုက်တော့ တြိဂိနီးပါးပုံစံ တစ်ခု။

ဒီလိုပါပဲ မိမိ တွေ့ဆုံကြုံတွေ့နေရတဲ့ လူတွေဟာ အမြင်အားဖြင့် ကွဲပြားတယ်။ အသွင်သဏ္ဍန်အားဖြင့် ကွဲပြားတယ်။ ပင်ကိုယ်စရိုက်အားဖြင့် ကွဲပြားပါတယ်။

Ref:quotelvoe
အောင်ခမ်း (ရိုးရာလေး)
ရောင်းသူ - အကို ပီဇာ ဘယ်နှစ်စိတ်ပိုင်းပေးရမလဲ ။ ၈ စိတ်ပိုင်းလိုက် မယ်နော်။ ဝယ်သူ - အို....။ ၆ စိတ် ပိုင်းပဲ ပိုင်း ပါ။ ၈ စိတ်ဆို ကျနော် မကုန်ဘူး။

န.စ.က ဖျက်သိမ်းလိုက်သော်လည်း မောင်တောတွင် လုံခြုံရေး လုံလောက်စွာ ချထားဟုဆို

Photo: န.စ.က ဖျက်သိမ်းလိုက်သော်လည်း မောင်တောတွင် လုံခြုံရေး လုံလောက်စွာ ချထားဟုဆို
Thursday, September 19, 2013

နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (န.စ.က) ကို ဖျက်သိမ်းလိုက်သော်လည်း ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် လုံခြုံရေးအင်အား လုံလောက်စွာ ချထားကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့၏ ၂၀၁၃- ၁၄ ခုနှစ် ဒုတိယ လေးလပတ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ၎င်းက ယင်းသို့ပြောဆိုခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

န.စ.က ဖျက်သိမ်းပြီးနောက် ပြည်သူများ စိုးရိမ်မှု ရှိနေကြောင်း ရခိုင်ပြည်နယ် မောင်တော်ခရိုင် အုပ်ချုပ်ရေးမှူးက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် အဆိုပါ အစည်းအဝေးတွင် တင်ပြမှုအပေါ် ဗိုလ်မှူးကြီး ထိန်လင်းက ယင်းသို့ ပြန်လည် ရှင်းလင်းခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မောင်တောဒေသ၏ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို မျက်ခြည်မပြတ် စောင့်ကြည့်နေပြီး နယ်စပ်မျဉ်းနှင့် ငါးမိုင် အကွာတွင် တပ်မတော် တပ်ရင်းသုံးရင်း ရံထားကြောင်း၊ လုံထိန်းရဲတပ်ရင်း နှစ်ရင်းကိုလည်း ထပ်မံတိုးချဲ့ရန် စီစဉ်ထားပြီး လက်ရှိတွင် လုံထိန်း ရဲတပ်ရင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များကို လုံလောက်သော လက်နက်၊ လူအင်အားဖြင့် တာဝန်ချထားကြောင်း ဗိုလ်မှူးကြီး ထိန်လင်းက ပြောဆိုသည်ဟု အစိုးရအဖွဲ့ထံမှ သိရှိရသည်။

အဆိုပါဒေသတွင် လုံခြုံရေး အစီအမံများကို ဖြန့်ကြက် ဆောင်ရွက် ထားသဖြင့် စိုးရိမ်စရာ မရှိကြောင်း ဗိုလ်မှူးကြီး ထိန်လင်းက အစည်းအဝေးတွင် ပြောဆိုထားသည်။

စစ်တွေမြို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်သည့် ဒေသတွင်း အခြေအနေများနှင့် အစိုးရလက်ကျန် သက်တမ်း လ ၃၀ အတွင်း အကောင်အထည် ဖော်သင့်သည့် အခြေအနေများနှင့် ပတ်သက်၍ ဒေသခံများ၊ ဒေသအာဏာပိုင်များနှင့် နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းတို့ တွေ့ဆုံစဉ်တွင်လည်း န.စ.က ဖျက်သိမ်းပြီးနောက် ပြည်သူလူထု စိုးရိမ်မှု မြင့်တက်နေသဖြင့် လုံခြုံရေး တိုးမြှင့်ပေးရန် မောင်တောမြို့နယ်မှ ဖွံ့ဖြိုးတိုးတက်မှု မြို့နယ်အထောက်အကူပြု ကော်မတီဥက္ကဋ္ဌက တင်ပြခဲ့သည်။

နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (န.စ.က) ကို ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်ကာ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ဖျက်သိမ်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ကြေညာထားသည်။

မောင်တော်မြို့တွင် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ထုတ်ပြန်ထားဆဲ ဖြစ်သည်။

The Voice Weekly
နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (န.စ.က) ကို ဖျက်သိမ်းလိုက်သော်လည်း ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် လုံခြုံရေးအင်အား လုံလောက်စွာ ချထားကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောကြားသည်။

မန်ယူ၏ စတုတ္ထမြောက်ဂိုးအများဆုံးသွင်းသူ ရူနီဖြစ်လာ



Photo: မန်ယူ၏ စတုတ္ထမြောက်ဂိုးအများဆုံးသွင်းသူ ရူနီဖြစ်လာ
Thursday, September 19, 2013

လေဗာ ကူဆင်အသင်းနှင့် ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ရူနီသည် အနိုင်ဂိုး နှစ်ဂိုးကို သွင်းယူနိုင်ခဲ့ သည့်အတွက် မန်ယူအသင်း၏ ဂိုးအများဆုံးသွင်းသူ စာရင်းတွင် စတုတ္ထနေရာသို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။ရူနီသည် အဆိုပါပွဲတွင် နှစ် ဂိုးသွင်းယူနိုင်ခဲ့ရာ မန်ယူအသင်း တွင် ၎င်း၏သွင်းဂိုးမှာ ဂိုး ၂၀၀ အ ထိ ရောက်ရှိလာခဲ့ပြီး အသင်း၏ ဂန္ထဝင်ကစားသမား ဘော်ဘီချာလ် တန်၏ ၂၄၉ ဂိုးစံချိန်ကို ကျော် ဖြတ်နိုင်ရန် ရူနီအနေဖြင့် ဂိုး ၅၀ ထပ်မံသွင်းရန်သာလိုတော့သည်။

ရူနီသည် မန်ယူအတွက် ၄၀၆ ပွဲတွင် ဂိုး ၂၀၀ ပြည့်ခဲ့ခြင်း ဖြစ်ပြီး ဘော်ဘီချာလ်တန်က ၇၅၆ ပွဲတွင် ၂၄၉ ဂိုး သွင်းယူထားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ရူနီမှာ ယခု ရာသီအတွင်း ၁၂ဂိုး ထပ်မံသွင်း ယူနိုင်လျှင် တတိယဂိုးအများဆုံး သွင်းထားသည့် ဂျက်ရိုးလေး စံချိန် ကိုပါ ထပ်မံကျော်ဖြတ်နိုင်မည် ဖြစ်သည်။
ယင်းကဲ့သို့ ဂိုး၂၀၀ ပြည့်ခဲ့ ပြီးနောက် ITV နှင့် အင်တာဗျူး တွင် ရူနီက''အခုလို ဂိုး ၂၀၀ ပြည့် သွားတဲ့အပေါ်သိပ်ဂုဏ်ယူမိတယ်။

အသင်းမှာပြန်ကစားပြီး ဂိုးတွေ သွင်းနိုင်တဲ့အပေါ် ပျော်ရွှင်မိတယ်။ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ဟာ အ လွန်အရေးကြီးတဲ့ပွဲပါ။ နောက် ပြီး ရလဒ်လဲ ကောင်းခဲ့တယ်''ဟုပြောခဲ့သည်။ထို့အပြင် နည်းပြမိုယက်စ် က ရူနီအနေဖြင့် မန်ယူအသင်း ၏ ဂိုးသွင်းအများဆုံး ကစားသ မားဖြစ်ရန် စိန်ခေါ်မှုတစ်ရပ်ပြု လုပ်ခဲ့သည်။ မိုယက်စ်က ''ကစား သမားလေးဦးပဲ ဂိုး၂ဝဝကိုပြည့် မြောက်အောင် သွင်းထားနိုင်ပါ တယ်။ ရူနီက မန်ယူအသင်းရဲ့ ဂိုး အများဆုံးသွင်းသူတစ်ဦးဖြစ်လာ ဖို့ အခွင့်အရေးရှိနေပါတယ်။ သူ့ အနေနဲ့ မန်ယူအသင်းမှာပဲ ဆက် ရှိပြီး ဂိုးတွေသွင်းမယ်ဆိုရင် ဂိုးအ များဆုံး သွင်းသူနေရာကို ရလာ နိုင်မှာပါ''ဟုပြောခဲ့သည်။

Yangon Media Group
လေဗာ ကူဆင်အသင်းနှင့် ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ရူနီသည် အနိုင်ဂိုး နှစ်ဂိုးကို သွင်းယူနိုင်ခဲ့ သည့်အတွက် မန်ယူအသင်း၏ ဂိုးအများဆုံးသွင်းသူ စာရင်းတွင် စတုတ္ထနေရာသို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။ရူနီသည် အဆိုပါပွဲတွင် နှစ် ဂိုးသွင်းယူနိုင်ခဲ့ရာ မန်ယူအသင်း တွင် ၎င်း၏သွင်းဂိုးမှာ ဂိုး ၂၀၀ အ ထိ ရောက်ရှိလာခဲ့ပြီး အသင်း၏ ဂန္ထဝင်ကစားသမား ဘော်ဘီချာလ် တန်၏ ၂၄၉ ဂိုးစံချိန် ကို ကျော် ဖြတ်နိုင်ရန် ရူနီအနေဖြင့် ဂိုး ၅၀ ထပ်မံသွင်းရန်သာလိုတော့သည်။

လူကိုနွေးထွေးစေတဲ့ စကားငါးခွန်း



(၁) တန်ဖိုးထားထိုက်ဆုံးစကားတစ်ခွန်း "နင့်ကိုငါချစ်တယ်"

သီလ၀ါ အထူးစီးပွားရေး ဇုန်အတွက် မြေများသိမ်းဆည်းရန် ကျန်ရှိနေပြီး သိမ်းဆည်းပါက နစ်နာသူများ အတွက် မြေလျော်ကြေးများ ပေးမည်


 
 ရန်ကုန်တောင်ပိုင်း ခရိုင်ရှိ သန်လျင်နှင့် ကျောက်တန်း ဒေသများ၌ အကောင်အထည်ဖော်မည့် အပြည်ပြည်ဆိုင်ရာ သီလ၀ါ အထူးစီးပွားရေး ဇုန်အတွက် လိုအပ်သည့် မြေနေရာများ သိမ်းဆည်းရန် ကျန်ရှိနေပြီး သိမ်းဆည်းပါက နစ်နာသူများအတွက် မြေလျော်ကြေးများပေးရန် စိစစ်ဆောင်ရွက် လျှက် ရှိကြောင်း စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ဆိုသည်။

မလှိုင်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားခုတ်မှုဖြစ်ပွား

မိတ္ထီလာခရိုင် မလှိုင်မြို့နယ် အရပ်သားချင်းစကားများ ခိုက်ရန် ဖြစ်ပွားစဉ် ပါဝင်ပတ်သက်သူ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ဓားဖြင့်ခုတ်မှု တစ်ခု စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားကြောင်း သိရသည်။